YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

&AUDITION - The Howling - Episode5.720p.CM.mp4

825.55 MB N/A video/mp4 53 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Pocket Dial Murder
5.5

ဖုန်းတွေကိုအိတ်ထဲထည့်ထားရင်းမထင်မှတ်ဘဲတခြားသူကိုဖုန်းခေါ်မိသွားတာမျိုးကြုံဖူးကြမှာပါ အဲဒါကို pocket-dial ဖြစ်တယ်လို့ပြောကြပါတယ် စတေစီဆိုတဲ့အမျိုးသမီးတစ်ယောက်ကတော့ သူ့ယောက်ျားဆီကနေ pocket-dial ဖြစ်ပြီးခေါ်လာတဲ့ဖုန်းကိုကိုင်မိပြီးမထင်မှတ်ဘဲလူသတ်မှုတစ်ခုကိုကြားလိုက်ရပါတယ် အဲဒီလူသတ်မှုကသူ့ယောက်ျားနဲ့ဘယ်လိုတွေပတ်သက်နေမလဲ သူတို့အမှန်တရားကိုဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကိုကြည့်ရှုရမှာပါ IMDb - 5.7/10 ရထားတဲ့ mystery & thriller ကားကောင်းတစ်ကားလည်းဖြစ်တာမို့လက်မလွှတ်သင့်ပါဘူး။ File size…(1.3 GB)/(670 MB)/(380 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama, Tv movie, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

Comedy • Crime
5.5 2023 90 mins
Pocket Dial Murder
On a Wing and a Prayer
6.4

ယုံကြည်မှုနဲ့ပတ်သက်တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒက်တို့မိသားစုမှာ ဒက်အကိုရယ် ဒက်ဇနီးရယ် သမီးလေး၂ယောက်ရယ်ရှိပြီး ဘ၀ကို ကောင်းကောင်းမွန်မွန် ပျော်ရွှင်စွာနေထိုင်ခဲ့ကြတာပါ။ သူတို့က ခရစ်ယာန်ဘာသာ၀င်တွေဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ပါတယ်။ ဒက်က သူ့ဝါသနာတွေထဲကတစ်ခုဖြစ်တဲ့ လေယာဉ်ပျံမောင်းတာကို သူ့မိတ်ဆွေရယ် အကိုရယ်နဲ့အတူစီးပြီး လေ့ကျင့်ခဲ့ပေမယ့် သိပ်အဆင်မပြေခဲ့တဲ့အတွက် လက်လျှော့ခဲ့ပါတယ်။ တစ်ရက်မှာတော့ ဒက်ရဲ့အကိုက ရုတ်တရက်နှလုံးဖောက်ပြီး သေဆုံးသွားခဲ့ပါတယ်။ ဒက်အတွက်တော့ တစ်ဦိးတည်းသောအကိုဆုံးသွားတဲ့အတွက် ယူကြုံးမရဖြစ်ခဲ့ပြီး ဘုရားသခင်ကို မယုံကြည်တော့ဘဲ သံသယ၀င်လာပါတယ်။ နာရေးအခမ်းအနားပြီးလို့ မွေးရပ်ကနေ အိမ်ပြန်ဖို့ကို ဒက်ရဲ့မိတ်ဆွေ ပိုင်းလော့ဂျိုးက သီးသန့်လေယာဉ်ငယ်နဲ့ လိုက်ပို့ပေးဖို့စီစဉ်ထားတာပါ။ ကံဆိုးစွာနဲ့ လေယာဉ်ထွက်ခွာလာပြီး သိပ်မကြာခင်မှာပဲ သူ့မိတ်‌ဆွေ ဂျိုးက ရုတ်တရက် လေယာဉ်မောင်းနေရင်း သေဆုံးသွားပါတယ်။ ဒါကြောင့် ဒက်ကရွေးစရာမရှိဘဲ ဇနီးဖြစ်သူနဲ့အတူ လေယာဉ်မှူးခန်းမှာထိုင်ပြီး လေယာဉ်ကို ထိန်းချုပ်ဖို့ဖြစ်လာပါတယ်။ လေယာဉ်ကို ဘေးကင်းကင်းဆင်းသက်နိုင်ဖို့ လေဆိပ်တာ၀န်ရှိသူတွေနဲ့ ဆက်သွယ်ပြီး ကြိုးစားရပါတော့တယ်။ တာ၀န်ရှိသူတွေက ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စဉ်းစားပြီး အခန့်မသင့်ရင် လေယာဉ်ကို သမုဒ္ဒရာထဲ ပျက်ကျနိုင်အောင် ညွှန်ကြားထားကြပါတယ်။ ဒက်ကတော့ သူ့မိသားစုကို ကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားမောင်းနှင်ပါတယ်။ ဒက်တို့မိသားစု မြေ‌ပြင်ကို ဘေးကင်းကင်း ဆင်းနိုင်ပါ့မလား၊ ကြားထဲမှာ ဘယ်လို ဒုက္ခတွေကြုံရဦးမလဲ၊ ဘယ်သူတွေက ကူညီပေးမှာလဲ၊ ဘုရားသခင်ကရော နောက်ဆုံးမှာ ကယ်တင်‌ စောင်မပါ့မလားဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာပါ။ ဇာတ်ကားတစ်ကားလုံးနီးပါးက လေယာဉ်ကိုမြေပေါ် ဆင်းဖို့ တာ၀န်ရှိသူတွေနဲ့ကြိုးစားနေတာကို ရိုက်ထားတာဖြစ်တဲ့အတွက် လေယာဉ်နဲ့ပတ်သက်တာကို ကြိုက်နှစ်သက်တဲ့လူတွေ ကြည့်ရှုသင့်တဲ့ကားတစ်ကားဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai Kay Khaing မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 805MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 42Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai Kay Khaing Encoded by Y

Drama
6.4 2023 102 mins
On a Wing and a Prayer
Pinkfong Sing-Along Movie 2: Wonderstar Concert
2

အားလုံး​စောင့်​​မျှော်​နေကြတဲ့ Sing 2 က​တော့ ​စောင့်ရကျိုးနပ်​အောင် Soundtrackအမိုက်စား​တွေ၊ လှပတဲ့ Animation​ ရိုက်ချက်တွေနဲ့အတူ ထွက်ရှိလာပါပြီ ပါဝင်တဲ့ Cast​တွေကလည်း Matthew McConaughey, Bono, Scarlet Johansson, Letitia Wright, Halsey,Pharrell Williams တို့လို ထိပ်သီးCast​​တွေ artist​တွေက အသံသရုပ်​ဆောင်​ပေးထားလို့ Sing 1တုန်းက သ​ဘောကျခဲ့ရတဲ့ soundtrack တွေလို Sing 2မှာ ထပ်မံခံစားရဦးမှာပါ၊ - IMDbအ​နေနဲ့ 7.6 - RottenTomatoesမှာ 70%ရရှိထားပါတယ် Sign 1အပြီး ကဇာတ်ရုံကြီး ပြန်ဖွင့်ခွင့်ရ​သွားတဲ့ Buster Moonနဲ့ သူ့ရဲ့ ​တေးသရုပ်​ဖော်အဖွဲ့ဟာ ဒီတစ်​ခေါက်မှာ​​ ကမ္ဘာ့​ဖျော်​ဖြေ​ရေးမြို့​တော်ကြီးဖြစ်တဲ့ Redshore Cityအထိ တက်​ပြီး ကမ္ဘာနဲ့ချီ​အောင် အောင်မြင်တဲ့ ​တေးသရုပ်​ဖော်အဖွဲ့ဖြစ်ဖို့ ကြိုးစားကြပါတယ်၊ ဒါ​ပေမဲ့ သူတို့ရဲ့​ဖျော်​ဖြေပွဲကြီး ​အောင်မြင်ဖို့ လိုအပ်​​နေတာက​တော့ ဇနီးသည် သေဆုံးပြီးကတည်းက ၁၅နှစ်ကြာ အများမြင်ကွင်းက​ပျောက်​နေတဲ့ ကမ္ဘာ​ကျော် Rock Starကြီး Clay Callowayကို သူတို့​ဖျော်​ဖြေပွဲမှာ ပါဝင်လာ​အောင် ​ခေါ်ရမှာပါ၊ အသည်းကွဲ​ရော့ခ်ဘုရင်ကြီး Clayကို Buster Moonတို့တစ်သိုက် ရ​အောင်ခေါ်နိုင်မှာလား၊ သူတို့ရဲ့ရှိုးပွဲက တစ်ကမ္ဘာလုံးက နားဆင်သူ​တွေရဲ့ ရင်ကိုဖမ်းစားနိုင်ပြီး ​​အောင်မြင်တဲ့​တေးသရုပ်​ဖော်အဖွဲ့ကြီး ဖြစ်သွားမလားဆိုတာကို သီချင်းအမိုက်စား အလျှံအပယ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ် အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Team ပဲ ဖြစ်ပါတယ် Genre.....Animation, Adventure, Comedy Quality….2160p 4K HEVC, WEBrip 1080p and 720p and 360p File size…4.7GB, 1.8 GB , 905 MB, 300 MB Format…mp4 Duration….1h 50min Subtitle….Myanmar Subtitle (Hardsub) Translator ..... CM Team Encoder ..... August

Drama • Thriller
2 2022 75 mins
Pinkfong Sing-Along Movie 2: Wonderstar Concert
Lunana: A Yak in the Classroom
7.4

ဟိမ၀န္တာတောင်တန်းအရှေ့ဘက်က တရုတ်နဲ့ အိန္ဒိယကြားမှာရှိတဲ့ တနင်္သာရီတိုင်း ထက်၀က်လောက်ပဲကျယ်တဲ့ ဘူတန်နိုင်ငံလေးရဲ့ အော်စကာ International Feature ဆု ဆန်ခါတင်၀င်ထားတဲ့ ရုပ်ရှင်ပါ။ ၂၀၁၉ကားကို ၂၀၂၂ အော်စကာမှာ ဆန်ခါတင်၀င်သွားတာပါ။ ဘူတန်က ဒီကားကိုပဲ မနှစ်ကရော ဒီနှစ်ရော Entry အဖြစ်ရွေးခဲ့ပေမဲ့ မနှစ်ကတော့ ဆန်ခါတင်မှာကျသွားပြီး ဒီနှစ်ဆန်ခါတင်မှာမှ ပါလာတာပါ။ လူ 660 ကျော်လောက်ပဲ Vote ထားတဲ့ IMDb 7.5 ကိုတော့ အဖက်လုပ်စရာမလိုပေမဲ့ ဝေဖန်သမားတွေချည်းပေးတဲ့ Rotten Tomatoes မှာလည်း ၁၀၀အတိရထားပါတယ်။ သူနဲ့အပြိုင်တွေက Flee(99%), The Worst Person in the world (99%), Drive My Car(98%), The Hand Of God (83%) တို့ပါပဲ။ ဆုရနိုင်ချေအနည်းဆုံးကားပေမဲ့ ခရမ်းချဉ်သီးအမြင့်ဆုံး ကားလည်းဖြစ်နေပါတယ်။ ဇာတ်ကောင်က ကျွန်တော်တို့တွေလိုပဲ သာမန်လူငယ်တစ်ယောက်ပါပဲ။ သူက ဩဇီဗီဇာလျှောက်ပြီး ဩဇီမှာ အဆိုတော်ဖြစ်အောင်လုပ်ချင်နေတဲ့သူပေါ့။ သူ့မှာ ဖြစ်ချင်တဲ့ အိပ်မက်က သက်သက်ရှိပေမဲ့ မလွဲရှောင်သာ တခြားအလုပ် ခဏလုပ်နေရတယ်။ သူက ကျောင်းဆရာပေမဲ့ စာကို သေချာမသင်လို့ ခေါ်ကြိမ်းခံရတဲ့ သူမျိုးပါပဲ။ စာချုပ်အရ တစ်နှစ်ပဲကျန်တော့တဲ့ သူ့ကို ဘူတန်ရဲ့ အခေါင်ဆုံး ကမ္ဘာ့အခေါင်ဆုံးနေရာမှာရှိတဲ့ လူနားနားဆိုတဲ့အရပ်က ကျောင်းကို ပို့လိုက်တယ်။ ‌မသွားချင်ပေမဲ့ ဆောင်းဆို အရမ်းအေးတာကြောင့် ကျောင်းပိတ်ရတဲ့ နေရာဖြစ်တဲ့အတွက် ခဏပဲကြာမှာဆိုပြီး သွားလိုက်တယ်။ ပြန်လာရင် ဩဇီသွားလို့ရပြီ‌ပေါ့။ သူက ဒီနေ့ခေတ်သာမန်လူငယ်ပဲဆိုတော့ လူနားနားလိုနေရာမှာ သူ့အတွက် တော်တော်အသားမကျဘူး။ ရောက်ရောက်ချင်းပြန်ဖို့လုပ်ပေမဲ့ စာအရမ်းသင်ချင်နေတဲ့ ကလေးတွေကြောင့်ရော ဆရာဆိုတာ အနာဂတ်ကို ပုံသွင်းပေးတဲ့သူဆိုပြီး သူ့ကိုလေးစားကြတဲ့ ရွာသူရွာသားတွေကြောင့်ရော သူနေဖြစ်ခဲ့တယ်။ သိပ်မထူးခြားလှဘူးမလား။ ဒီလိုဇာတ်တွေ အာရှကားတွေမှာသာမက ဗမာစာအုပ်တွေမှာပါ ပါနေကျပါပဲ။ ဒါပေမဲ့ ဒါရိုက်တာက ဒီဇာတ်ကိုတော့ Realityကျကျပဲ ချည်းကပ်သွားခဲ့တာပါ။ ဇာတ်ကောင်ဟာ သာမန်စိတ်နဲ့ သာမန်လူပဲဖြစ်နေတာ ဘာညာပေါ့။ မထူးတဲ့ဇာတ်ကို နည်းနည်းလေးထပ်ဆန်းပေးလိုက်တာပါပဲ။ ရိုးရိုးလေးနဲ့ ဆန်းအောင် သာမန်ဒိုင်တွေသုံးပြီး ကစားသွားတာလေးတွေရဲ့ လှကွက်တွေလည်း ဆန်းပါတယ်။ ရွာသားတွေရဲ့ ဆရာအပေါ်လေးစားတဲ့စိတ်တွေ၊ အရိုးခံစိတ်တွေ၊ သူတို့ကလေးတွေအပေါ်ထားတဲ့ မေတ္တာတွေကို အပိုတွေအများကြီးမပြောဘဲ စကားတစ်လုံးလောက်နဲ့ အပြနဲ့ရောစပ် ဖော်ကျူးသွားတာတွေ၊ ရိုးရာသီချင်းကိုထည့်သုံးသွားတာတွေလည်း လှပါတယ်။ ဇာတ်လမ်းကတော့ မထူးခြားနား အာရှကားတွေမှာ မြင်နေကျဇာတ်ကိုပဲ မတူတဲ့ပုံစံလေးနဲ့ ခင်းကျင်းပြသထားတာပါပဲ။ ဒီနေ့ခေတ်ပုံစံနဲ့ Reality ကျကျ ပြသွားတာလေးတော့ သဘောကျစရာကောင်းပါတယ်။ စီနီမာကလည်း ဟိမ၀န္တာတောင်ပေါ် အလည်ရောက်သွားတဲ့ ခံစားမှုမျိုးပေးပါလိမ့်မယ်။ သူတို့ ဘူတန်တောင်ပေါ်သားတွေရဲ့ ရိုးရာတွေ ဓလေ့တွေကိုလည်း မြင်ရမှာဖြစ်သလို ဘူတန်ရဲ့တောင်ပေါ်နေဘ၀ကို ဒိုကူမန်ထရီ ကြည့်နေရသလိုလည်း ခံစားရပါစေလိမ့်မယ်။ သူတို့ရဲ့ ယုံကြည်မှုအငွေ့၊ သူတို့နွားတွေနဲ့ သူတို့ရဲ့ သံယောဇဉ်အငွေ့သန်းနေတာကိုလည်း ကောင်းကောင်းကြီး ခံစားရပါလိမ့်မယ်။ ဒီရုပ်ရှင်ဟာ လက်တွေ့ကျကျနဲ့ကို လောကကြီးဟာ ကျွန်တော်တို့ ထင်သလောက်လည်း အကျည်းတန်မနေတာကို ခံစားမိစေမယ့် လူသားဆန်တဲ့ ရုပ်ရှင်ပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.12GB, 558MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 50Min Genre - Drama, Family Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
7.4 2019 109 mins
Lunana: A Yak in the Classroom
Somewhere in Time
7.5

Somewhere in Time (1980) ~ IMDb rating - 7.2/10 ~ အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 1980 ရဲ့ Old but Gold ကားကောင်းတစ်ကားဖြစ်ပြီး Time Travel, Romance အမျိုးအစားဖြစ်ပါတယ်။ ဟိုးတုန်းက Original Superman မင်းသား Christopher Reeve ပါဝင်သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့... 1972 မှာ ရစ်ချတ်ကော်လီယာဆိုတဲ့ဘဲဟာ ပြဇာတ်တစ်ခုကို စီစဉ်ကပြနေတုန်း ထူးထူးဆန်းဆန်း အဖွားကြီးတယောက်ရောက်လာပြီး ခေတ်ဟောင်းနာရီတလုံး ပေးသွားတယ်။ ပြီးတော့ သူ့ဆီပြန်လာခဲ့ပါဆိုပြီး ရစ်ချတ်ကို ပြောသွားတယ်။ ၈နှစ်လောက်ကြာပြီး တစ်ရက်မှာ ရစ်ချတ်က Grand Hotel ကို ရောက်လာရင်းနဲ့ ဟိုးတုန်းက မင်းသမီးတယောက်ရဲ့ပုံကိုတွေ့ပြီး စွဲလမ်းသွားတယ်။ မင်းသမီးရဲ့အကြောင်းကို လိုက်ရှာရင်းနဲ့ အသက်ကြီးသွားတဲ့ပုံကိုတွေ့တော့ အဲဒီမင်းသမီးက သူ့ကိုနာရီလာပေးသွားတဲ့အဖွားကြီးဖြစ်မှန်းသိလိုက်ရတယ်။ တစ်နည်းနည်းနဲ့ မင်းသမီးကို သွားပြန်တွေ့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ရစ်ချတ်ဟာ အိပ်မွေ့ချတဲ့နည်းနဲ့ 1912 ကို အချိန်နောက်ပြန်သွားလိုက်ပါတယ်။ အဲဒီမှာ မင်းသမီး အဲလိစ်နဲ့တွေ့ပြီး နှစ်ယောက်သား ချစ်မိသွားတယ်ဆိုပေမဲ့ အဲလိစ်ရဲ့မန်နေဂျာက မကျေနပ်ပဲ ကန့်ကွက်ပါတယ်။ မန်နေဂျာရဲ့ သဘောမတူတဲ့ကြားက သူတို့နှစ်ယောက်ရဲ့ အချစ်ရေးက ခိုင်မြဲပါ့မလား... ရစ်ချတ်ကရော 1912 မှာ ဆက်ရှိနေနိုင်မှာလား... နှစ်​ယောက်သားရဲ့အချစ်ရေးက ဘယ်လိုအဆုံးသတ်နဲ့ကြုံရမလဲဆိုတာကတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.95GB, 795MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 1H 43Min Genre - Drama, Fantasy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

Action & Adventure • Sci-Fi & Fantasy
7.5 1980 103 mins
Somewhere in Time
Rampage
6.2

Rampage (2009) ============== IMDb Rating 6.2/10 လူကြီးမင်း ရေတစ်ခွက်သောက်လိုက်တာ လူကြီးမင်းအတွက် မထူးဆန်းပေမဲ့ ကမ္ဘာပေါ်က လူတစ်ယောက်အတွက် ရေတစ်ခွက်စာ လျှော့သွားတယ်တဲ့။ အ လားတူပါပဲ။ ထမင်းတစ်ပန်းကန် စားလိုက်မယ်၊ ငါးတစ်ကောင် စားလိုက်မယ်၊ ကားထဲကို ဓာတ်ဆီ တစ်ဂါလံထည့်လိုက်မယ်၊ မြေအောက်ရေကို ရေကူးကန်ထဲ စုပ်တင်လိုက်မယ်။ ကဲ လူကြီးမင်း။ ကမ္ဘာပေါ်က လူတစ်ယောက်ကတော့ ခံစား သွားရမှာအမှန်ပဲ။ ကမ္ဘာ့လူဦးရေက တစ်နှစ်ကို သန်း ၇၀ နှုန်းနဲ့ တိုးပွားလာသတဲ့။ သမုဒ္ဒရာ ဝမ်းတစ် ထွာဆိုရင် သမုဒ္ဒရာ သန်း ၇၀ ထဲကို စီးဝင်ပြီး ပြန်ထွက်မလာတော့တဲ့ သဘာဝရင်း မြစ်တွေအကြောင်းတွေးကြည့်လိုက်။ ကဲ ဘာလုပ်ကြမလဲ။ ကျွန်တော်တို့ ရှင်သန် ကျန်ရစ်ချင်ရင် ဘာလုပ်ရမလဲ။ ကမ္ဘာ့တစ်နေရာက လူတစ်ယောက် အပျင်းပြေစား လိုက်တဲ့ ပေါင်မုန့်တစ်လုံးကြောင့် လူကြီးမင်းမှာ ညစာရှိမလာတော့ရင် လူကြီးမင်း ဘာလုပ်မလဲ။ ဒီပြဿနာတွေကို အဖြေရှာချင်တဲ့ လူငယ်တစ်ဦးရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဖြေရှင်းနည်း ကတော့ ကဗျာဆန်လွန်းပါတယ်။ လူဦးရေများရင် ပြဿနာရှိတယ်။ လူဦးရေနည်းရင် ပြဿနာမရှိတော့ဘူး။ ဒါပဲ။ လူဦးရေနည်းအောင် ဘယ်လိုလုပ်ရမလဲ။ လွယ်ပါတယ်။ သတ်ပစ်လိုက်ရုံပေါ့။ ဒီဇာတ်ကားဟာ စိတ်အနေအထား ပုံမှန်မဟုတ်တဲ့ လူငယ်တစ်ယောက်က တစ်မြို့လုံးကို လှည့်စားပြီး လူဆယ်ဂဏန်းကျော်ကို သွေးအေးအေး ခပ်ကြမ်းကြမ်း သတ်သွားတဲ့ ကား ပါပဲ။ ရူးသာရူးတာ အရူးပါး ဆိုသလို သူ့ဘက်ကို အမှုပတ်လာမယ့် အရာအားလုံးရှင်းထုတ် ပြီးသား။ ကြားထဲက အာဇာနည်လုပ်ပေးမယ့် ဓားစာခံရှိနေပြီးသား။ ဇာတ်လမ်းအကျဉ်းရယ်လို့ မရှိပါဘူးနော်။ သံချပ်ကာတွေဝတ်၊ စက်သေနတ်နှစ်လက်နဲ့ မြို့ ပတ်ပြီး လူလိုက်သတ်နေတဲ့ဇာတ်ကားပါ။ Brendan Fletcher သရုပ်ဆောင်ထားတာဖြစ်ပြီး ကောင်းမွန်တဲ့ဝေဖန်ချက်တွေလည်း ရရှိထားပါတယ်။ ဒီဇာတ်ကားရဲ့ လူကြိုက်များမှုကြောင့် Rampage: Capital Punishment (2014) နဲ့ Rampage: President Down (2016) ဆိုပြီး အဆက် နှစ်ကား ထပ်ထွက်ခဲ့ပါသေးတယ်။ ဇာတ်ကားက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တွေကို စိတ်မချမ်းမြေ့ဖွယ် ရိုက်ကူးထားတာဖြစ်လို့ စိတ်အဆင်မပြေသူတွေ၊ ကလေးငယ်တွေ မကြည့်သင့်ပါဘူး။ ဒါပေမဲ့ လူသတ်တာဆိုပေမဲ့ အလုပ်ကို အလုပ်နဲ့တူအောင် စနစ်တကျ ဦး နှောက်ကောင်းကောင်းနဲ့ လုပ်သွားပုံကတော့ အံ့မခန်းဖြစ်လို့ ကြည့်ရှုထိုက်တဲ့ ဇာတ်ကားလေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size……….(1.54 GB) / (643 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Crime, Thriller Translator……Arr Khun Winchester Encoder……….SWM

6.2 2009
Rampage
Blindness
6.5

IMDB – 6.5 ဒီဇာတ်လမ်းကတော့ တစ်မူထူးခြားပါတယ်။ဘာကြောင့်လဲဆိုတော့ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်အကုန်လုံးကိုအမည်နာမသတ်မှတ်မထားသလို ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ နောက်ကြောင်းရာဇဝင်ကိုဖော်ပြထားခြင်းမရှိပါဘူး။ ကျွန်တော့်အမြင်တော့ဒါရိုက်တာက ဒီဇာတ်လမ်းရဲ့ဇာတ်ကောင်တစ်နေရာက ခံစားကြည့်ရှုစေချင်တာဖြစ်မယ်။ ဇာတ်လမ်းအကျဉ်းလေးပြောပြပါမယ် အစမှာ ဂျပန်အမျိုးသားတစ်ယောက်ဟာ လမ်းပေါ်မှာကားမောင်းနေရင်းနဲ့ အမြင်အာရုံ ရုတ်တရက်ပျောက်ဆုံးသွားပါတယ်။ အမြင်အာရုံပျောက်ဆုံးတယ်ဆိုပေမယ့် မျက်စိ ကန်းနေတဲ့သူလိုအမည်းရောင်ပဲမြင်ရတာမဟုတ်ဘဲ အဖြူပြင်ကြီးပဲမြင်နေရတာပါ။ လမ်းပေါ်ကလူညစ်တစ်ယောက်ရဲ့အကူအညီနဲ့ ဂျပန်အမျိုးသား ဟာအိမ်ကိုပြန်ရောက် ခဲ့တယ်ဆိုပေမယ့် သူ့ကားတော့အခိုးခံလိုက်ရတယ်။ သူ့မိန်းမအိမ်ပြန်လာကိုစောင့်ပြီး လင်မယားနှစ်ယောက်မျက်စိအထူးကုဆရာဝန်ဆီကိုသွားပြကြပါတယ်။ ဆရာဝန်စစ်ဆေးကြည့်တဲ့အခါမျက်လုံးမှာ ထူးထူးခြားခြားဘာမှမဖြစ်တဲ့အတွက် မစိုးရိမ်ဖို့ပြောပြီး ကျန်တာစစ်ဆေးဖို့အတွက်ဆေးရုံကိုလွှတ်လိုက်ပါတယ်။ ကြည့်စရာလူနာတွေကုန်သွားတော့ မျက်စိဆရာဝန်ဟာ အိမ်ကိုပြန်လာပြီး ကြုံတွေ့ခဲ့တာတွေကိုမိန်းမဖြစ်သူကိုပြောပြတယ်။နောက်နေ့မှာ အဲ့ဆရာဝန်လည်း မျက်စိမမြင်ရတော့ပါဘူး။ ဒါဟာကူးစက်ရောဂါတစ်မျိုးပဲသိသွားတယ်။ အခြား တစ်ဖက်မှာလည်းမြို့အတွင်းမှာ တစ်ယောက်စ နှစ်ယောက်စ စဖြစ်လာတဲ့အတွက် အစိုးရကရောဂါကူးစက်‌သူတွေကို စိတ်ကျန်းမာရေးဆေးရုံးဟောင်းဆီမှာစုနေဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဆရာဝန်ရဲ့မိန်းမက သူ့ယောက်ျားကိုစိတ်မချတဲ့အတွက် သူ့ကိုယ်သူရောဂါကူးစက်နေပါတယ်လို့လိမ်ပြီးတော့လိုက်သွားတယ်။ ဆေးရုံတစ်ခုလုံးမှာ ဆရာဝန်ရဲ့မိန်းမတစ်ယောက်သာ မျက်လုံးမြင်တဲ့အတွက် အစအစအရာရာ ဦးဆောင်ပြီးလုပ်‌‌ပေးတယ်။အစပိုင်းမှာ အဆင်ပြေပေမယ့် နောက်ပိုင်းလူတွေတစ်စတစ်စများလာ‌တော့သူ့အတွက်ဝန်ပိလာပါတယ်။ စရိုက်ပေါင်းစုံ လူပေါင်းစုံရှိလာတဲ့ဒီဆေးရုံဟာ ကမ္ဘာသစ်တစ်ခုလိုဖြစ်လာတယ်။ ကြီးနိုင်ငယ်ညှင်း စိတ်သဘောရှိတဲ့ လူတစ်ချို့ရဲ့ကြီးစိုးမှုကြောင့် အခက်အခဲတွေကြုံလာတဲ့အခါမှာ‌တော့…. File size…2.29GB / 1.13GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 1m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

6.5 2008
Blindness
Echelon Conspiracy

၂၀၁၃ မှာ အက်ဒဝပ်စနိုးဒင်က အမေရိကန်​အမျိုးသား​လုံခြုံရေး​အေဂျင်စီ​ (NSA)​ရဲ့ လျှို့ဝှက်​ဖိုင်​တွေနဲ့ သူလျှို​အရှုပ်တော်ပုံတွေ လူ့အခွင့်အရေးနဲ့မညီတဲ့ ထောက်​လှမ်း​မှုတွေအကြောင်းကိုဖွင့်ချခဲ့ပြီး တစ်ကမ္ဘာလုံးကို အုတ်​အော်​သောင်း​တင်း​ဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားက စနိုး​ဒင်အဖြစ်အပျက်မတိုင်မီ ၂၀၀၉ မှာထွက်ရှိခဲ့တဲ့ Action /Thriller အမျိုး​အစားဖြစ်​ပြီး​ နောက်​လေးနှစ်အကြာမှာ စနိုး​ဒင်ဖွင့်ချခဲ့တဲ့ NSA ရဲ့​ထောက်လှမ်း​မှုတွေနဲ့ဆင်တူတဲ့အကြောင်းအရာတွေကို စိတ်ကူး​ယဥ်ဖော်ပြထားတာတွေ့ရပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ မက်စ်ပီတာဆန်က ကွန်​ပျူ​တာအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ဘန်ကောက်​မှာ အလုပ်​ကိစ္စ​နဲ့ ခေတ္တ​နေထိုင်​စဥ်မှာ အမည်မသိတစ်စုံတစ်ယောက်က ပေးပို့လိုက်တဲ့ဆဲလ်ဖုန်းတစ်လုံးရရှိခဲ့ပါတယ်။ မကြာခင်​ အဲဒီဖုန်းကို message ဝင်လာပြီး ညနေ ပီတာဆန် စီးမဲ့လေယာဥ်ကိုမစီးဖို့ပြောပါတယ်။ နောက်​နေ့မှာ အဲဒီလေယာဥ်ပျက်ကျသွားတာကို မက်စ်သိလိုက်ရတဲ့အချိန်မှာ နောက်​ထပ် message ဝင်လာပါတယ်။ စတော့ရှယ်​ယာဝယ်ဖို့တိုက်တွန်းတာဖြစ်ပြီး ဝယ်ခိုင်းတဲ့ရှယ်ယာတန်ဖိုးက မကြာ​ခင် 300% ကျော်​အထိ​ထိုးတက်သွားပါတယ်။ ထို့နောက်​မှာပြောသမျှအကုန်မှန်နေတဲ့ ဒီထူးဆန်းတဲ့ message တွေက သူ့ကို​ ချက်​နိုင်ငံ​ ပရဂ်မြို့ကိုသွားပြီး လောင်း​ကစားလုပ်ဖို့ညွှန်ကြားပါတော့တယ်။ ဒီလို​နဲ့ မက်စ်​တစ်ယောက်​ အမည်မသိသူတစ်ဥိီးရဲ့ ညွှန်ကြား​ချက်​အတိုင်းလိုက်နာပြီး ပရဂ်ကိုရောက်ရှိချိန်မှာတော့ သူတစ်ခါမှမကြုံဖူး မပတ်သက်ဖူးတဲ့ လူတွေနဲ့တွေ့ကြုံရပြီး ရှုပ်ထွေး​တဲ့ပြဿနာတစ်ခုရဲ့အလယ်ကို ရောက်​နေမှန်းသိလိုက်ရပါတော့တယ်။ Message တွေပို့နေတာ ဘယ်သူလဲ​ ဘာကြောင့်​အရာ​အားလုံး​ကို​သိနေတာလဲ ဘာအကြံနဲ့ပို့နေတာလဲဆိုတာကို မက်​စ်​တစ်ယောက်​အဖြေရှာ​ရတော့မှာ​ဖြစ်ပါတယ်။ ဇာတ်​လမ်းက အက်​ရှင် Thriller​ နဲ့ Sci-fi​ အမျိုးအစားလို့ပြောလို့ရပြီး ဇာတ်​အိမ်​သွက်သွက်နဲ့ ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်ပါတယ်။ အက်ရှင်ဆိုပေမဲ့ ပစ်ခတ်​ခန်း သိပ်မပါဘဲ စုံထောက်​ဖက်ကိုအားပြုထားတယ်လို့ဆိုနိုင်ပါမယ်။ Action​ Thriller​ ပရိတ်သတ်​တွေ အကြိုက်တွေ့နိုင်တဲ့ဇာတ်ကား​မျိုး​ပါ။ File size…(1.9 GB)/(966 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by wolfemhein

0 2009
Echelon Conspiracy
Alvin and the Chipmunks

ငယ်ဘဝတုန်းက တိရစ္ဆာန်​လေး​တွေနဲ့ လူ​တွေ တွဲဖက်ရိုက်ခဲ့ကြတဲ့ ရုပ်ရှင်​တွေ အများကြီးကြည့်ဖူးခဲ့မှာပါ။ အဲဒီတုန်းက​ 3D effectဘာညာလည်း မသိနားမလည်​သေးတဲ့ အရွယ်ဆို​တော့ တိရစ္ဆာန် အစစ်​လေး​​တွေကို သေချာသင်​ပေးပြီး ရိုက်ထားသလို ထင်ခဲ့ရတဲ့ အကြိမ်​ရေလည်း မနည်းပါဘူး။ ဒီလိုဇာတ်ကား​​တွေထဲမှာ Alvinတို့ ရှဉ့်​လေးသုံး​ကောင်ရဲ့ ဇာတ်ကား​တွေလည်း အပါအဝင်ပါပဲ။ သူတို့ရဲ့ င​မွှေထိုးလုပ်ပုံ​၊ ဗရုတ်ကျပုံ​တွေ၊ သူတို့အသံနဲ့ ဆိုထားတဲ့ သီချင်း​တွေက ငယ်ဘဝရဲ့အမှတ်တရ ဖြစ်ခဲ့သလို ​နောက်ပိုင်းမှာ နာမည်ကြီးသီချင်းအ​များစုကို Chipmunks versionလို့ ပြန်ပြီး ဖန်တီးလာတဲ့အထိ ဒီရှဉ့်​လေး​တွေရဲ့ လွှမ်းမိုးမှုက တစ်ကမ္ဘာလုံး အတိုင်းအတာထိ ရှိခဲ့တာပါ။ ဒီဇာတ်ကားက Alvin, Simonနဲ့ Theodoreဆိုတဲ့ chipmunk ရှဉ့်​လေးသုံး​ကောင်ကို စတင်မိတ်ဆက်​ပေးခဲ့တဲ့ ဇာတ်ကားပါ။ မ​အောင်မြင်တဲ့ ​တေး​ရေးဆရာ ​​ဒေးဗစ်ဆီဗီးလ်ဆီကို ဒီရှဉ့်​လေး သုံး​​ကောင်က ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တာပါ။ ဖိအားများ​နေတဲ့ ​ဒေ့ဗ်တစ်​ယောက် ရှဉ့်​လေး​တွေနဲ့ စ​တွေ့ချိန် သူတို့ရဲ့ ​သောင်းကျန်းမှုကို မခံနိုင်လို့ ​မောင်းထုတ်ခဲ့​ပေမဲ့ မထင်မှတ်ဘဲ သူတို့ရဲ့ talentဖြစ်တဲ့ သီချင်းဆိုတာကို ကြားလိုက်ရပြီး​နောက် Chipmunkတွေအတွက် ပင်တိုင်သီချင်း​ရေး​​ပေးသူ ဖြစ်လာပြီး ​အောင်မြင်မှု​တွေ ရလာခဲ့ပါတယ်။ ဒါကိုမနာလိုတဲ့ ​တေးသံသွင်းပိုင်ရှင်က ​ဒေ့ဗ်ဆီက​နေ ရှဉ့်​တွေကို လုယူဖို့ အမျိုးမျိုးအဖုံဖုံကြိုးစားခဲ့ပြီး သူ့​ရဲ့ကိုယ်ကျိုးအတွက်ပဲ ကြည့်ကာ ရှဉ့်​လေး​တွေကို အသုံးချဖို့ ကြိုးစားခဲ့ပါတယ်။ သူနဲ့ရှဉ့်​လေး​တွေကြားက အထင်လွဲမှု​​တွေကို ​ဖြေရှင်းဖို့ကြိုးစားရင်း ​​ဒေ့ဗ်အ​နေနဲ့ လောဘအိုး producerရဲ့လက်​က​နေ ရှဉ့်​လေး​တွေ လွတ်​မြောက်နိုင်​အောင် ဘယ်လိုကယ်တင်မလဲဆိုတာ သီချင်း မြူးမြူး​လေး​တွေ၊ chipmunk​​လေးတွေရဲ့ချစ်စရာ​ကောင်းတဲ့ သီဆိုပုံ​တွေနဲ့အတူ ခံစားရမှာပါ။ File size… 2.2 GB / 629 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

Action • Drama • Thriller • Science Fiction
0 2007
Alvin and the Chipmunks
Hidden Letters
5.6

တရုတ်နိုင်ငံ ဟူနန်မှာ အမျိုးသမီးတွေအချင်းချင်း လျှို့ဝှက်ချက်တွေ မျှဝေဖို့သုံးတဲ့ အမျိုးသမီးစာဆိုတဲ့ ယဉ်ကျေးမှုတစ်ခုအကြောင်းကို မှတ်တမ်းရုပ်ရှင်အနေနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက အမျိုးသမီးတွေရဲ့ ခြေထောက်ကို သေးအောင်ချည်တုပ်ထားပြီး အခန်းထဲက ထွက်ခွင့်မရခဲ့ပါဘူး။ အဲဒီအချိန်မှာ အချင်းချင်း ဘဝမှာရှင်သန်ဖို့ အားပေးကြဖို့အတွက် အမျိုးသားတွေ နားမလည်တဲ့ ဘာသာစကားတစ်မျိုးကို တီထွင်ခဲ့ပါတယ်။ အမျိုးသမီးစာက ခေတ်တစ်ခုမှာ အမျိုးသမီးတွေ ရုန်းထွက်ချင်လို့ ပုန်ကန်ခဲ့တဲ့ သင်္ကေတတစ်ခုပဲပေါ့ …… ဒီ မှတ်တမ်းရုပ်ရှင်ထဲမှာတော့ အမျိုးသမီးစာကို ဆက်ခံသူ ၃ ဦးဖြစ်တဲ့ ဟဲ့ယင်ရှင်း၊ ဟူရှင်းနဲ့ ဝူမုစီးတို့ကို အဓိကထားပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ခြေထောက်ချုပ်နှောင်ခြင်းမခံရတော့တဲ့ တရုတ်နိုင်ငံက ၂၁ ရာစု အမျိုးသမီးတွေရဲ့ စစ်မှန်တဲ့ ဘဝနေထိုင်မှုပုံစံနဲ့ အရွယ်မတူတဲ့ အမျိုးသမီး ၃ ယောက်ရဲ့ အတွေးအခေါ်တွေကို မြင်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ အမျိုးသမီးစာကို အထင်သေးသူ၊ အသုံးချပြီး အကျိုးအမြတ်ရချင်သူတွေကလည်းရှိနေခဲ့ပါတယ်။ အမျိုးသမီးစာကို သမိုင်းမှာပဲ မကျန်စေချင်တဲ့တွေကလည်း ကြိုးစားရင်းနဲ့ပေါ့

5.6 2024
Hidden Letters
Naughty aka Neposlushnaya
4.7

Naughty Girl (2023) ရုရှားစကားပြော ဟော့ဟော့ရမ်းရမ်း ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် အီလီယာဟာ သဘာဝပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူလေးဖြစ်ကြီး ပတ်ဝန်းကျင်စိမ်းလန်းရေးအတွက်ဆို ရှေ့ဆုံးက မားမားမတ်မတ်ရပ်တည်သူပါ မက်ဗီဆိုတဲ့ သူဌေးကတော့ အီလီယာတို့မြတ်နိုးရတဲ့ ဘစ်စဗီစကီ သစ်တောပန်းခြံမှာ မိုးမျှော်တိုက် ဆောက်ဖို့ကြံပါတယ် ဒီတော့ကား အီလီယာတို့ကျောင်းသားတစ်သိုက်နဲ့ မက်ဗီတို့ ညှိနှိုင်းဆွေးနွေးပွဲတစ်ခုမှာ ငြင်းခုံရင်း အီလီယာက မက်ဗီကို လူရှေ့သူရှေ့ အရှက်ခွဲလိုက်ပါတယ် ဒါပေမဲ့ အီလီယာတစ်ယောက် ဘောစိနဲ့ ပြန်လည်တွေ့ဆုံဖို့အကြောင်းဖန်လာတဲ့အခါမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဆိုတာကတော့ … ပွင့်လင်းမြင်သာစွာ ချစ်ကြတဲ့ ပြကွက်တချို့ပါဝင်တာကြောင့် မိသားစုနဲ့အတူ မကြည့်သင့်ပါခင်ဗျာ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team ကပဲ ဖြစ်ပါတယ်

4.7 2023
Naughty aka Neposlushnaya
Creeping Death
5

၁၀ လပိုင်းကျရင်ကျရောက်မဲ့နှစ်တစ်နှစ်တာရဲ့မကောင်းဆိုးဝါးတွေ နာနာဘာ၀တွေမြူးထူးတဲ့ ဟောလိုးဝင်းညနီးလာပြီဆိုတော့ ဟောလိုးဝင်းနဲ့သက်ဆိုင်တဲ့ Horror ဇာတ်ကားတွေကြည့်ရှုဖို့ အချိန်ကျလာပါပြီ။အဲ့ဒီဇာတ်ကားတွေထဲကမှ Terrifier တို့ Texas Chainsaw တို့လို ရှယ်ကြမ်းတဲ့သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေ အများကြီးပါတဲ့ အသစ်ထွက်ရှိထားတဲ့ Creeping Death ဆိုတဲ့ ဟောလိုးဝင်းသည်းထိပ်ရင်ဖိုကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအနေအထားနဲ့ရိုက်ကူးထားတဲ့ပုံစံတွေကအရမ်းကြီးမဆိုးတဲ့အတွက် အပျင်းပြေဟောလိုးဝင်းသည်းထိပ်ရင်ဖို ဇာတ်ကားကြည့်ချင်ရင်တော့ ရွေးချယ်ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ တင်မ်ဆိုတဲ့ကောင်လေးက ဟောလိုးဝင်းနေ့မှာမနက်ကတည်းက အိမ်အလှဆင်ဖို့အတွက် ဟောလိုးဝင်းသင်္ကေတရွှေဖရုံသီးတွေ သွားယူနေရတာနဲ့အလုပ်ရှုပ်နေပြီး ညနေကျရင်သူငယ်ချင်းတွေနဲ့ လျှောက်ဒိုးဖို့ချိန်းထားပါတယ်။ဖြစ်ချင်တော့ အမေဖြစ်သူကလူမမာ ဖြစ်နေပြီး အဖေကလည်းညဖက်အလုပ်ဆင်းရမှာဖြစ်တဲ့အတွက် အိမ်မှာအမေ့ကိုကြည့်ပေးပြီးကျန်ခဲ့ရပါတော့တယ်။ ဒီလိုနဲ့သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖို့အခွင့်အရေးကိုဆုံးရှုံးလိုက်ရပြီလို့ ထင်နေပေမဲ့ သူ့သူငယ်ချင်းတွေကသူ့အိမ်ကိုပြဿနာတွေသယ်ချ လာပါတော့တယ်။စစချင်းတော့သူတို့ကိုယ်သူတို့ပြဿနာသယ်လာမိမှန်း မသိဘဲပျော်ပါးနေကြပေမဲ့ သူတို့မြို့လေးရဲ့ဟောလိုးဝင်းက လူသေဆုံးမှုတွေ လူပျောက်မှုတွေအများကြီးဖြစ်နေပြီး သူတို့ဆီကိုဦးတည်လာတဲ့အခါမှာတော့ တင်မ်တို့သူငယ်ချင်းတစ်သိုက် ကြောက်စရာညကို ဘယ်လိုကျော်ဖြတ် ရမယ်ဆိုတာ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရဦးမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကား တစ်ကားပဲဖြစ်ပါတယ်။ File size…1.61GB / 631MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 35m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Family
5 2023 93 mins
Creeping Death
An American Werewolf in London
7.5

Horror နဲ့ Comendy ကို သေချာပေါင်းစပ်ရိုက်ကူးထားပြီး သူ့ခေတ်ရဲ့ မိတ်ကပ်နည်းပညာနဲ့ အကောင်းဆုံး werewolf transformation အခန်းတစ်ခုကို ရိုက်ပြသွားခဲ့တဲ့အပြင် အကောင်းဆုံးမိတ်ကပ် အော်စကာဆုကို ရရှိခဲ့တဲ့ သမန်းဝံပုလွေရုပ်ရှင်ကားကောင်းတကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန် ကောလိပ်ကျောင်းသားနှစ်ယောက်ဖြစ်တဲ့ ဂျက်ခ်နဲ့ ဒေးဗစ်တို့ ဗြိတိန်ကိုခရီးထွက်လာကြရင်း လပြည့်ညမှာ သမန်းဝံပုလွေ တိုက်ခိုက်တာခံလိုက်ရပါတယ်။ ဂျက်ခ်ကတော့ သေသွားခဲ့ပေမဲ့ ဒေးဗစ်ကတော့ ဆေးရုံမှာပြန်နိုးလာခဲ့ပြီး ဒဏ်ရာအလိမ်းလိမ်းနဲ့အသားတွေပဲ့ကျနေတဲ့ ဂျက်ခ်က သမန်းဝံပုလွေကျိန်စာကြောင့် undead ဘဝကနေမလွတ်မြောက်နိုင်တဲ့အကြောင်းအပြင် သမန်းဝံပုလွေ မျိုးဆက်ကိုဖြတ်နိုင်မှ ကျိန်စာပြယ်မဲ့အကြောင်း လာပြောတဲ့ အိပ်မက်ဆိုးတွေမက်နေခဲ့ပါတယ်။ ဒေးဗစ်ကရော ဂျက်ခ်ပြောခဲ့သလို သမန်းဝံပုလွေ ကျိန်စာကို ပြယ်အောင်လုပ်နိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ သွေးထွက်သံယိုပြကွက်တွေပေါပေါများများပါဝင်လို့ ကလေးသူငယ်တွေကြည့်ရှုဖို့မသင့်တော်ပါဘူး။ File Size : 10.6 GB, 2.4 GB, 763 MB Quality : Blu-Ray HEVC 4K / 1080p / 720p Running Time : 1hr 37min Format : Mkv and Mp4 Audio : AAC, E-AC-3 Genre : Comedy, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by : TMMT Encode by : Thit San Khant

7.5 1981
An American Werewolf in London
Gaganachari
7.4

Gaganchari (2024)”အာကာသခရီးသည်” =============================== အိန္ဒိယ ရုပ်ရှင်လောကထဲမှာ ဇာတ်လမ်းကောင်းတွေ အထွက်များတဲ့ Mollywood ကနေ အသစ်ထွက်လာတဲ့ IMDb 7.5/10 ရ ဒက်စတိုးပီးယန်းဆန်ဆန် ဇာတ်အိမ်ဆန်းဆန်းရုပ်ရှင်သစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဝာတိယဂာမ္ဘာစစ်ဖြစ်ပြီးချိန် ကမ္ဘာပျက်ကပ်အလွန် ၂၀၄၀ ခုနစ်ဝန်းကျင်ကို ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီခေတ် အိန္ဒိယနိုင်ငံအတွင်းမှာ စက်သုံးဆီတွေသုံးခွင့်ပိတ်ပင်ထားပြီး ဂြိုဟ်သားတွေရဲ့စိမ့်ဝင်မှုကိုလည်းကြုံနေရပါသေးတယ်။ အဲဒီလို ကမ္ဘာပျက်ကပ်အလွန်ခေတ်ကြီးထဲမှာ စပ်စုတတ်တဲ့ လူငယ်နှစ်ယောက်က ဂြိုဟ်သားမုဆိုးဆိုတဲ့ ရေလည်ကြမ်းတဲ့ဘဲကြီးတစ်ပွေအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ကြိုးစားရင်း အဲဒီကာလကြီးမှာ လူတွေကြုံတွေခဲ့ရတဲ့အကြောင်းတွေကို ဒီရုပ်ရှင်ထဲမှာ စိတ်ကူးပုံဖော်ပြထားတာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Comedy • Mystery
7.4 2024 114 mins
Gaganachari
Butterfly Shadow
5.7

တရုတ်နိုင်ငံမှာ နေရာအနှံ့မှာ စစ်ဗိုလ်မှူးတွေ အုပ်ချုပ်တဲ့ခေတ် ဖြစ်ပါတယ်။ အရိပ်နက်အဖွဲ့ဝင် တျဲယင်ဟာ မာဂိုဏ်းဓားပြတွေကို ချေမှုန်းဖို့ အမိန့်ရခဲ့ပါတယ်။ ဒါပေမဲ့ သူတကယ်သတ်လိုက်တာက အနောက်မြောက်ပိုင်းဒေသရဲ့ သူရဲကောင်းစစ်သူကြီး ယန်ကျန့်ရှင်းဖြစ်ကြောင်းသိလိုက်ရပါတယ်။ သူ့ရဲ့ အမှားကို ပြန်ပေးဆပ်ဖို့ ယန်ကျန့်ရှင်းရဲ့ တစ်ဦးတည်းသော သမီးလေးကို ကယ်တင်ပြီး မွေးစားထားခဲ့ပါတယ်။ ၁၈ နှစ်ခန့် ကြာတဲ့အခါမှာ တျဲယင်ဟာ စူးကျွေ့ဆိုတဲ့ နာမည်ပြောင်းနဲ့ နယ်စပ်မြို့လေးတစ်မြို့မှာ နေထိုင်ခဲ့ပါတယ်။ ယန်ကျန့်ရှင်း သေဆုံးသွားပြီး နောက်ပိုင်းမှာ အနောက်မြောက်ပိုင်းဒေသက လူတွေရဲ့ဘဝတွေက ပိုပြီး ခက်ခဲလာတာကို နေ့စဉ်နဲ့အမျှ တွေ့နေရပါတယ်။ သမီးလေးရှောင်ချန်ကလည်း အရာရာကို သည်းမခံနိုင်ဘဲ သိချင်စိတ်အပြည့်ရှိတဲ့ အရွယ်ရောက်နေတာ ဖြစ်တဲ့အတွက် တျဲယင်တစ်ယောက် ခေါင်းကိုက်နေရပါသေးတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ အရိပ်နက်အဖွဲ့ ပြန်လည်နိုးထလာပြီဆိုတဲ့ သတင်းက တျဲယင်ကို တုန်လှုပ်စေခဲ့ပါတယ်။ ရှောင်ချန်ကို ကယ်ခဲ့တဲ့အတွက် သူ့ကို သစ္စာဖောက်လို သဘောထားတဲ့ အရိပ်နက်အဖွဲ့က တစ်ချိန်ချိန်မှာ သူ့ဆီ ရောက်လာမယ်ဆိုတာကို သူသိနေပါတယ်။ သမီးလေးရှောင်ချန်နဲ့အတူ ထွက်ပြေးဖို့ လုပ်တဲ့အချိန်မှာတော့ အရာရာဟာ နောက်ကျသွားခဲ့ပါတယ်။ တျဲယင်တစ်ယောက် အရိပ်နက်အဖွဲ့ရဲ့ လိုက်လံသတ်ဖြတ်ခြင်းရန်က လွတ်မြောက်နိုင်မလား…… ရှောင်ချန်ကရော သူ့မိဘအရင်းကို သတ်တဲ့လူကို ၁၈ နှစ်လုံးလုံး အမေလို့ခေါ်ခဲ့ရတာကို သိသွားမလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.7 2023
Butterfly Shadow