YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

An Acceptable Loss [2018] (MM Sub).mp4

749.7 MB 720p video/mp4 29 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Narvik
6.8

နော်ဝေနိုင်ငံမှာရှိတဲ့ နားဗတ်မြို့ကလေးဟာ ကားလမ်း၊ ရထားလမ်း၊ သင်္ဘောဆိပ်တွေ ရှိပြီး သံရိုင်း တင်ပို့ရောင်းချရာမှာ အရေးပါတဲ့မြို့ ဖြစ်တဲ့အတွက် အချက်အချာမြို့လေးတစ်မြို့ပါ။ ဒုတိယကမ္ဘာစစ် စတင် ဖြစ်ပွားချိန်မှာ စစ်ထဲကိုဝင်မပါချင်တဲ့ အတွက် ကြားနေမူဝါဒကျင့်သုံးကြောင်း ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ဂရိတ်ဗြိတိန်နဲ့ နာဇီဂျာမန်တို့ရဲ့ အားပြိုင်မှု ကြားမှာ စစ်ထဲဝင်ပါရဖို့ဖြစ်လာပါတော့တယ်။ နားဗတ်တိုက်ပွဲဟာ ဒုတိယကမ္ဘာစစ်မှာ ဟစ်တလာပထမဆုံး ရှုံးနိမ့်ခဲ့တဲ့ တိုက်ပွဲဖြစ်ပြီး ဒီဇာတ်ကားလေးက အဲ့အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နော်ဝေစစ်တပ်က တပ်ကြပ်ဂန်နာဟာ မိသားစုရှိရာ နားဗတ်မြို့မှာ တာဝန် ထမ်းဆောင်ဖို့ပြန်ရောက်လာပါတယ်။ အဲ့ဒိညမှာပဲ ဂျာမန်တပ်တွေက နားဗတ်မြို့ကို သိမ်းပိုက်ပြီး နော်ဝေတပ် တွေကို လက်နက်ချခိုင်းပါတယ်။ တပ်ခွဲမှူး ဗိုလ်မှူးက တပ်ကြပ်ဂန်နာအပါအဝင် လက်နက်မချချင်တဲ့ ရဲဘော် တွေကို စုစည်းပြီး မြို့အထွက်က တံတားကိုဖေါက်ခွဲဖျက်စီးပြီး ပိတ်ဆို့ရေးလုပ်ဖို့ပြင်ဆင်ပါတယ်။ ဒါပေမယ့် မြို့ထဲကထွက်လာတဲ့ ရထားပေါ်မှာ ဂန်နာ့ရဲ့ မိန်းမနဲ့ကလေးအပါအဝင် နော်ဝေလူမျိုးတွေပါ ပါလာတဲ့အတွက် အခက်တွေ့နေရပါတယ်။ ဒီလိုအခြေအနေကို ဘယ်လိုဆက်ရင်ဆိုင်မလဲ၊ သူတို့နေထိုင်ရာ မြို့ကလေးကို သူတို့ ပြန်လည်ပိုင်ဆိုင်နိုင်မလားဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြပါခင်ဗျာ။ အချစ်၊ အလွမ်း၊ စွန့်စားခန်းနဲ့ စစ်ပွဲကြမ်းကြမ်းကြိုက်သူများ အကြိုက်တွေ့မှာပါ။ ရင်ထဲမှာ တစ်ခုခု စွဲပြီး ကျန်တာမျိုး ကြည့်ချင်သူအတွက် တွေးစရာများစွာပါ အပိုဆောင်းပေးစွမ်းနိုင်မယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Ko Myo (Kop) ပါ။) File Size          : 2GB, 871MB, 431MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 48mins Genre              : Drama, History, War Translated by Ko Myo (Kop) Encoded by Kinnov

Action & Adventure • Crime • Drama
6.8 2022 108 mins
Narvik
Serendipity
6.9

IMDb Rating - 6.8/10 ခရစ်စမတ် ရာသီ နယူးယောက်မြို့တော်မှာ..ဂျိုနာသန်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ..ဆာရာ ဆိုတဲ့ ကောင်မလေး တစ်ယောက်ကို Bloomingdale ဆိုတဲ့ department store တစ်ခုမှာ စတွေ့ခဲ့မိပါတယ်။ သူတို့နှစ်ယောက်ဟာ ကတ်ရှ်မဲ လက်အိပ်အနက်ကလေး တစ်စုံ တည်းကို ဝယ်ဖို့ ပြိုင်တူဆုပ်ကိုင်မိခဲ့တာ..။နှစ်ယောက်လုံးမှာ သက်ဆိုင်သူ ကိုယ်စီရှိတော့ စကားအပြန်အလှန်ပြောရင်း လက် ဆုံကျပြီး ဆိုင်ကလေး တစ်ဆိုင်မှာအတူထိုင်ဖြစ်ကြတယ်ဆိုပါ တော့..။ ဆိုင်ကလေးရဲ့ နာမည်က Serendipity 3 ပါ။ အပြင်မှာ တကယ်လဲရှိပါတယ်။ ကိုယ်တွေ အင်းလျားလမ်းမှာတောင်နာမည်လေးခပ်ဆင်ဆင် တစ်ခု ရှိတယ် Serenity လေ။ (Serenity ကို 'သက်ငြိမ်' လို့နာမည်ပေးခဲ့ ဖူးတယ်၊ အရင်တုန်းက အင်းလျားလမ်းမှာသင်္ကြန်မဏ္ဍပ် လက်မှတ် ဝယ်ရင် ဒီဘက်ကနေ ဟိုဘက်ထိလျှောက်ခဲ့ဖူး။အခုတော့ အဲဒီဆိုင် လေးထာ၀ရပိတ်သွားခဲ့ပါပြီ) ( Serendipity ကိုတကယ်တမ်း အဓိပ္ပါယ်ဆိုရမယ်ဆိုရင် မမျှော်လင့်ပဲ ရတနာသိုက်ကြီးကိုရှာတွေ့တယ်ဆိုတာမျိုး၊ထပ်ပြီးရှင်းရမယ်ဆိုရင်တော့ ရှာမနေပဲနဲ့ အခုမှ ကိုယ့် လက်တွဲဖော်အစစ် ဖူးစာကိုရှာတွေ့သွားတာလို့ ဆိုလိုချင်ဟန်ရှိတယ်)။ ခုနက စကားအတိုင်းပြန်ကောက်ရရင် ဆာရာက သူ့ဘဝရဲ့ ဆုံးဖြတ်ချက်တွေ အကြောင်းပြောပြဖြစ်ခဲ့တယ်။ သူတို့နှစ်ယောက် ဟာ စားသောက်ဆိုင်မှာ ကျန်နေခဲ့တဲ့ ပစ္စည်းတွေကို claim လာလုပ်ရင်း နောက်တစ်ခါ ထပ်ဆုံဖြစ်ကြပါတယ်။ ဒါကတော့ ကံကြမ္မာမှာ သူတို့တွေ ရေစက်ပါလာတယ်လို့ ယူဆပြီး ဖုန်းနံပါတ်လေးတွေ ဖလှယ်ဖြစ်ခဲ့တယ်။ ဆာရာ့လက်ထဲက ဖုန်းနံပါတ်ကလေး လေထဲလွင့်ပါးသွားတော့ ဒါဟာ နမိတ်ဆိုးပဲလို့ ဆာရာက ယူဆလိုက်တော့တယ်။ ဒီတော့ ဖုန်းနံပါတ်တွေကို တစ်ခြားနည်းနဲ့ ဖလှယ်ဖြစ်ခဲ့တယ်။ တစ်ယောက် က ငါးဒေါ်လာတန်လေးပေါ်မှာ နံပါတ်ရေးတယ်။ နောက် တစ်ယောက်က မနက်ဖြန်ရောင်းမယ့် စာအုပ်တစ်အုပ်ရဲ့ အတွင်းဖုံးလေးမှာ ရေးတယ်။ သူတို့သာ တကယ်တမ်း ဖူးစာဖက်ဆိုရင် တစ်ယောက်ယောက်ဟာ တစ်ခု ခုကို ပြန်ရှာတွေ့ပြီး အဆက်အသွယ်ပြန်ရကြမယ်ဆိုတဲ့ မျှော်လင့်ချက်က လေးတွေကိုယ်စီနဲ့ပေါ့လေ . . . ကဲ ဇာတ်လမ်းလေးကို ဆက်လက်ကြည့် ရှုလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Alias မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူကတော့ Sai Thurein Lynn ဖြစ်ပါတယ်) File Size..........(2.61 GB) / (865 MB) / (500 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 30mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Sai Thurein Lynn Encoder..........SWM

Crime
6.9 2001 90 mins
Serendipity
(21+) The Love Machine
4.7

မိန်းမတယောက်ရဲ့အငြိုး လုံးကြီးပေါက်လှ အမေရိကန်ပျိုဖြူတွေရဲ့အလှကို အတိုင်းသား အားပါးတရခံစားကြည့်ရအောင် မိန်းမတွေအငြိုးကြီးလာရင် အရမ်းကြောက်စရာကောင်းပြီး သွေးအေးအေးနဲ့ ဘယ်လို‌တွေကြံစည်တက်လဲဆိုတာ ဒီ ဇာတ်ကားလေးကို နမူနာအနေနဲ့ ကြည့်ပြီးသိနိုင်ပါတယ် အိမ်ထောင်သည်ဘဝကြာလာရင် မိန်းမတွေက လိင်စိတ်ကုန်လာ တာဟာ သဘာဝပဲလို့ဆိုပါတယ် ဒါပေမဲ့ ယောင်္ကျားတယောက်အတွက်တော့ ဒါဟာ အင်မတန်မှဖြေရှင်းရခက်တဲ့ ကိစ္စပဲလေ ဒါပေမဲ့ကံကောင်းထောက်မစွာပဲ သူတို့မြို့လေးမှာ ဒေါက်တာဘရက်ရှောနဲ့ သူရဲ့ အချစ်စက်လို့ခေါ်တဲ့ ကိရိယာတခု နာမည်ကြီးနေပါတယ် သူက လိင်စိတ်ကုန်နေတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေကို အထူးကုသပေးနေတာဖြစ်ပါတယ် သူ့ရဲ့လူနာ‌တွေက သူနဲ့တွေ့ပြီးနောက်ပိုင်း ဖလန်းဖလန်းထလာပြီး ဘယ်လိုတွေပွဲကြမ်းလဲဆိုတာ အရမ်းကြည့်ကောင်းတာမို့ DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် File size…1.5GB / 776MB Quality…1080p / 720p Format…mp4 Duration….1h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Ki Mu Chi

Comedy • Horror • Romance
4.7 2016 81 mins
(21+) The Love Machine
Okja
7.4

ကိုရီးယားအမျိုးသမီးငယ်လေး မီဂျာနဲ့ သူ့ရဲ့မိတ်ဆွေထူးဆန်းတဲ့သတ္တဝါကြီး အုတ်ဂျာတို့ရဲ့အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားတာပါ။ အသက်(၁၃)နှစ်အရွယ် မိဘမဲ့မိန်းကလေး မီဂျာဟာအဘိုးဖြစ်သူနဲ့ တောင်ကိုရီးယားက တောင်တန်းတစ်ခုမှာနေထိုင်ပြီး သူ့ရဲ့တစ်ဦးတည်းသော အဖော်လည်းဖြစ်၊သူငယ်ချင်းလည်းဖြစ်သူ အုတ်ဂျာဆိုတဲ့ အနေအေးပြီးထူးခြားကြီးမားတဲ့ဝက်ကြီးတစ်ကောင်ပါ။ မီဂျာနဲ့ အုတ်ဂျာဟာတောင်တန်းတွေ၊ တောတွေထဲ အတူလျှောက်သွားကစား ကြရင်း မခွဲအတူနေထိုင်ကြပြီး အိပ်ရင်တောင် အတူတူပါ။ တစ်ရက်မှာတော့ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်ကြည်နူးစရာ ကမ္ဘာလေးပျက်သုဉ်းဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ အုတ်ဂျာ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားတာကြောင့်ပါ။ တကယ်တော့ အုတ်ဂျာကို မီရန်ဒိုစီးပွားရေးလုပ်ငန်းစုကြီးကနေ သူတို့သဘောနဲ့သူတို့ ဖမ်းဆီးသွားတာဖြစ်ပြီး နယူးယောက်ကို ပို့ဆောင်ခဲ့ပါတယ်။ မီရန်ဒိုကော်ပိုရေးရှင်းဟာ အသားထုတ်လုပ်မှုတွေ ပိုမိုတိုး မြှင့်နိုင်ဖို့အတွက် အုတ်ဂျာကို သုတေသနလုပ်ရအောင်လို့ ဖမ်း ဆီးသွားတာဖြစ်ပါတယ်။ အုတ် ဂျာနဲ့ မခွဲအတူနေခဲ့တဲ့ မီဂျာဟာ သူ့အချစ်ဆုံးသူငယ်ချင်းကို အိမ် ပြန်ခေါ်လာနိုင်ဖို့ ကြိုးပမ်းပါတော့ တယ်။ အဲဒါနဲ့ မီဂျာဟာ အုတ်ဂျာရှိ တဲ့ မီရန်ဒိုကော်ပိုရေးရှင်းကို လိုက်သွားပြီး ကယ်ဆယ်နိုင်ဖို့ လုပ် ဆောင်ရင်း တိရစ္ဆာန်အရေးလှုပ် ရှားသူတွေနဲ့ပါ ပေါင်းမိခဲ့ပြီး အုတ်ဂျာကို ကယ်ဆယ်နိုင်ရေး လုပ် ဆောင်ခဲ့ပါတယ်။ အုတ်ဂျာအတွက်နဲ့ နယူး ယောက်ကို လိုက်သွားတဲ့ မီဂျာ ဘယ်လိုအခက်အခဲတွေရင်ဆိုင် ရမှာလဲ။ အုတ်ဂျာကိုကော အချိန် မီကယ်တင်နိုင်မှာလား။ သူချစ်တဲ့ အုတ်ဂျာကို မူလနေရပ်ဆီ ပြန် ခေါ်သွားနိုင်မှာလားဆိုတာ ဆက် ကြည့်လိုက်ဦးနော်။ ခါတိုင်းကြည့်နေကျ ကိုရီး ယားဇာတ်လမ်းတွေလိုမဟုတ်တဲ့ ဇာတ်အိမ်လေးနဲ့မို့ ပရိသတ်တွေ သဘောကျမယ်ထင်ပါတယ်။ ဒီဇာတ်ကားမှာ မီဂျာအဖြစ် အန်းဆိုဟွန်းက အဓိကပါဝင် သရုပ်ဆောင်ထားပြီး တီလ်ဒါဆွင် တန်၊ ပေါလ်ဒါနို၊ ဂျိတ်ဂျီလင်ဟော စတဲ့ကိုရီးယား၊ အမေရိကန်သရုပ်ဆောင်များစွာ ပါဝင်ထား ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ (http://www.7daydaily.com) မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ Khin Pyae Twinlay ပဲဖြစ်ပါတယ်) File Size : (903 MB) Quality : 720p Webrip Running Time : 1hr 58minutes Format : Mp4 Genre : Action, Adventure, Drama Translated By Khin Pyae Littletwinlay Encode By Thanhtike Zaw

Crime • Drama • TV Movie • Thriller
7.4 2017 122 mins
Okja
Tiger’s Tail
4.3

Tiger’s Tail (2022) ============== အမ်မရာလို့ ခေါ်တဲ့ US ရောက် နိုင်ဂျီးရီးယားသူလေးဟာ မိခင်နိုင်ငံက ကလေးတွေကိုလည်းကူညီပေးဖို့ နိုင်ဂျီးရီးယား ကို ပြန်လာပါတော့တယ်။ ခရီးရောက်မဆိုက် ချစ်သူက လက်ထပ်ခွင့်ပါတောင်းလိုက်တော့ ဘုရားလည်းဖူးရင်း လိပ် ဥလည်းတူးရင်း ဖြစ်သွားတာပေါ့။ ဒီလိုနဲ့ သူ့ရဲ့အိမ်မက်ဖြစ်တဲ့ နိုင်ဂျီးရီးယားက ဆင်ခြေဖုံးရပ် ကွက်တွေမှာရှိတဲ့ ကလေးတွေကို စာသင်ဖို့လုပ်ပါတော့တယ်။ ဒါပေမဲ့ ဆင်ခြေဖုံးရပ်ကွက်ဆိုတဲ့အတိုင်း ခိုးဆိုးလုနှိုက် ဆေး ဝယ်ဆေးရောင်းကောင်တွေကလည်းရှိနေတော့ သူတို့ရဲ့ဘိ ပျောက်မှာ စိုးရိမ်လာတဲ့အခါ အမ်မရာကိုမကြည်ကြတော့ပါ ဘူး။ တစ်ဖက်မှာလည်း LDRS ဖြစ်နေတုန်းက ကျင်းအစုံတူး ထားတဲ့ ရည်းစားရဲ့ အပုပ်နံ့ကိုလည်း သိသွားရပါတော့တယ်။ အမ်မရာတစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံတွေ့ရပြီး ဘယ်လိုကျော်ဖြတ်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှု လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.5 GB) / (553 MB) / (373 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 52Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Thetti Tun Encoder……….SWM

4.3 2022
Tiger’s Tail
Naan Kadavul Illai

Naan Kadavul Illai 2023 (သို့) တစ်ကျော့ပြန်ကလဲ့စား ကြမ်းကြမ်းရမ်းရမ်း တမီလ်ကားတွေကြိုက်တဲ့ စီအမ်ပရိသတ်ကြီးအတွက် Leoမင်းသားကြီးဗီဂျေးရဲ့အဖေ ဒါရိုက်တာ SAC ရိုက်ကူးပုံဖော်ပြီး တမီလ်မင်းသားကြီး Samuthirakani ပါဝင်ထားတဲ့ အက်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDb 8.6ရထားပြီး critic review ကောင်းတွေလည်းပိုင်ဆိုင်ထားတာဆိုတော့ revenge dramaကြိုက်သူတွေ လက်မလွတ်သင့်တဲ့ရုပ်ရှင်ကားတစ်ကားပါပဲ။ ဗီရာပန် ၅ နှစ်တာကာလအတွင်း လူသတ်မှု ၉ မှုကို လက်မရွံ့တမ်းကျူးလွန်ခဲ့တဲ့ နာမည်ကြားရုံနဲ့ လူတကာကြောက်ရတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်၊ နိုင်ငံရေးအဆက်အသွယ်တွေလည်းရှိတော့ တော်ရုံလူမထိရဲတဲ့အပြင် သက်သေတောင်လာမထွက်ရဲကြတဲ့အထိ ဩဇာညောင်းတဲ့ ရာဇဝင်ထဲကလူမိုက်ကြီးပေါ့။ ဒါပေမဲ့ တောင်တစ်လုံးထက် နောက်တောင်တစ်လုံးက ပိုမြင့်နေတတ်တယ်ဆိုတဲ့အတိုင်း ရာဇဝင်လူဆိုးကြီး ဗီရာပန်ကို လက်ရဖမ်းဆီး သက်သေအခိုင်အလုံနဲ့ ရုံးတင်ပြီး တစ်သက်တစ်ကျွန်းကျအောင် လုပ်နိုင်တဲ့ အင်စပက်တာကြီးဆန်သိုရန် ဖြစ်ချင်တော့ဗီရာပန်တစ်ယောက် ထောင်ဖောက်ပြေးပြီးတော့ သူ့ကိုထောင်ဒဏ်တစ်သက်တစ်ကျွန်းကျအောင်လုပ်ခဲ့တဲ့ တရားသူကြီးတွေ‌ ရှေ့နေတွေနဲ့အတူ အဓိကရန်သူတော်ကြီးဆန်သိုရန်ကို တစ်ချိန်ကကြုံးဝါးခဲ့တဲ့အတိုင်း ချွန်းဖွင့်ပြီး လက်စားချေဖို့ပြန်လာတဲ့အခါမှာတော့…. လယ်ပြင်မှာကျားနဲ့ဆင်တို့တွေ့ကြသလို သူသေကိုယ်သေတိုက်ခိုက်ကြမယ့် ဆန်သိုရန်နဲ့ဗီရာပန်တို့ ဘာဆက်ဖြစ်ကြမလဲ။ အရှင့်ဆီကို စာရေးပြီးပို့ရင် ဆုတောင်းတွေပြည့်တယ်လို့ ကြားသိလိုက်ရချိန်မှာ အူမာဆိုတဲ့ကလေးမလေးတစ်ယောက် အရှင့်ဆီကို သူ့ရဲ့မိသားစုကိုကယ်တင်ဖို့ စာရေးပို့တာကို အရှင့်ကိုယ်စား ဆုတောင်းတွေဖြည့်ပေးနေတဲ့ ကြင်နာတတ်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးကရော ဘယ်လိုကူညီသွားမလဲဆိုတာ အားလုံးအတူ ကြည့်ရှုရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thaik San ~ BpL ~ V ~ Alex ~ Yunniတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Romance
0 2023 138 mins
Naan Kadavul Illai
Hell House LLC II: The Abaddon Hotel
5.3

Hell House LLC II: The Abaddon Hotel (2018) ဒီကားက Hell House Franchise ရဲ့ ဒုတိယကားဆိုပေမဲ့ ပထမနဲ့ တတိယကားကို ကြည့်ပြီးရင်တော့ ပိုနားလည်လွယ်ပါလိမ့်မယ်။ ဒီဇာတ်ကားကတော့ Abaddon Hotel အကြောင်း အဓိကပါဝင်ထားပါတယ်။ Hell House အဖြစ် ပြောင်းလဲ ဖွင့်လှစ်ပြီး ပထမဆုံး အဖွင့်ညမှာတင် လူ၁၅ယောက် သေဆုံးခဲ့ရလို့ ချိတ်ပိတ်လိုက်ရတဲ့ ဟိုတယ်တစ်ခု… ခိုးဝင်မိသူတိုင်း ပျောက်ချင်းမလှ ပျောက်ဆုံးသွားလေ့ရှိတာမို့ မြို့ခံတွေကလည်း ရဲအစောင့်အကြပ်တွေ အမြဲ ချထားလေ့ရှိတယ်။ ဒီလိုနာမည်ဆိုးနဲ့ကျော်ကြားတာမို့ စူးစမ်းချင်သူတွေကလည်း ခိုးဝင်လေ့ရှိတယ်။ ဒီအကြောင်းအရာတွေကို ဆွေးနွေးဖို့ ဆူဇီက တက်ဆယ်လ်မန်း မစ်ချယ်ရဲ့ အကြားအမြင်ပညာရှင် ဘရော့ခ်တို့ကို ဖိတ်ကြားတယ်။ တက်ဆယ်လ်မန်းကတော့ မစ်ချယ်ဟာ သူ့ရဲ့မှတ်တမ်းရုပ်ရှင် ရောင်းထွက်ဖို့အရေး လုပ်ဇာတ်ခင်းတာလို့ စွပ်စွဲတယ်။ မစ်ချယ်ကလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေ ပျောက်ဆုံးသွားတာ ဟိုတယ်ကြောင့်ဆိုပြီး တစ်ထစ်ချ‌ငြင်းတယ်။ သူတို့ရဲ့ အငြင်းအခုံတွေ ထွက်ပေါ်လာတဲ့ Leaked Video တွေနဲ့အတူ မစ္စဖောက်စ်ဟာ ဒီဟိုတယ်ရဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့ သဲလွန်စ‌တချို့ အမည်မသိတစ်ဦးဆီက ရရာက ဟိုတယ်ထဲ ခိုးဝင်ဖို့ ဖြစ်လာတဲ့အခါမှာတော့… ဒီဇာတ်လမ်းဟာ ညဘက် မီးပိတ်ကြည့်နေရင်းတောင် မီးထဖွင့်ရလောက်တဲ့အထိ ကျောချမ်းဖို့ ကောင်းလှပါတယ်။ ဇာတ်ကား ၃ကားလုံးကိုလည်း ဇာတ်အိမ်ခိုင်ခိုင် လျှို့ဝှက်ချက်တွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် ဆွဲဆောင်နိုင်တာမို့ Horror Fans တွေအတွက် သိပ်ကောင်းတဲ့ရုပ်ရှင်ဖြစ်မှာ အသေအချာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 810MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 29Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

5.3 2018
Hell House LLC II: The Abaddon Hotel
A Soweto Love Story
5.5

ပေါ့ပေါ့ပါးပါးမိသားစုနဲ့ အပန်းဖြေကြည့်လို့ရတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ.. 2024 V day မှာတင် လတ်လတ်ဆတ်ဆတ် ထွက်ထားတဲ့ A Soweto love Story ဆိုတဲ့အာဖရိကန်ကားကောင်းလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ မိသားစုထဲမှာ သားတွေချည်းသုံးယာက်မွေးထားပြီး တစ်ယောက်မှ မိန်းမမရသေးလို့ စိတ်ပူနေရတဲ့မုဆိုးမအိုအမေကြီးနဲ့ ဇာတ်လမ်းတည်ထားပါတယ်.. သားအကြီးကလည်း လူတွေနဲ့မပေါင်းတတ်မသင်းတတ် ဇီဇာကြောင်တတ်တဲ့ လူပျိုသိုးကြီး သားလတ်ကလည်း ဆော်မြင်ရင် ကြာပစ်တတ်တဲ့အကျင့်ကြောင့် ဆော်ကမယုံကြည် အငယ်ဆုံးသားလေးကလည်း သူ့ကိုသူဇွတ်ကျားပါပြောပေမဲ့ အရမ်းနွဲ့တဲ့ fashion designer ဖြစ်နေလို့ လက်လျော့ထားတာပါ နောက်ဆုံး ဒီသားသုံးယောက်လုံးကိုစိတ်မရှည်တဲ့ မုဆိုးမအမေက နှစ်မကုန်ခင် ပထမဆုံးလက်ထပ်နိုင်တဲ့သူကိုမိသားစုအိမ်ကြီး အမွေပေးမယ် မဟုတ်ရင်ရောင်းပစ်မယ်ဆိုပြီးကြိမ်းလိုက်တဲ့ အခါကျမှ သားသုံးယောက်လုံး မျက်ကလူးဆန်ပြာနဲ့မိန်းမထရှာတဲ့ အခါ ဖြစ်လာတဲ့အလွဲတွေ လူ့သဘာဝရီစရာလေးတွေကို ပေါ့ပေါ့ပါးပါးကြည့်ရမှာပါ သာမန်မိသားစုကားလေးပေမဲ့ ပုံမှန် ဇာတ်လမ်းတွေလိုဘာဖြစ်လာမှာလဲတွေ ကြိုသိနေရတာမျိုးတွေမရှိပဲ လှည့်ကွက်ကောင်းကောင်းဇာတ်အိမ်ကောင်းကောင်းနဲ့ တင်ဆက်ထားတဲ့ ကားမလို့ ကြည့်ရတာတန်တဲ့ဇာတ်ကားလေးပါလို့ ညွှန်းလိုက်ပါတယ်.. File size…1.83GB / 859MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 41m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing

5.5 2024 102 mins
A Soweto Love Story
A Letter from Kyoto
5.8

ဒီဇာတ်ကားလေးက Family Dramaဇာတ်လမ်း အမျိုးအစားလေး ဖြစ်ပြီး ဝါရင့်မင်းသမီးကြီး Cha Mi- kyun၊ K pop girl group Secret ရဲ့ အဖွဲဟောင်း Han Sunhwa၊ Han Chae-ah နဲ့ Song Ji-hyunတိုက အဓိက ပါဝင်ထားပါတယ်.. ဇာတ်လမ်းအကျဉ်း ************** A letter form Kyotoဇာတ်ကားလေးက အကျင့်စရိုက်မတူညီကြတဲ ညီအစ်မသုံးယောက်နဲ့သူတိုအမေရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူး ထားတာ ဖြစ်ပါတယ်. ဟွာဂျာဆိုတဲ့ အမျိုးသမီးက ခင်ပွန်းဆုံးပါးသွားပြီးတဲ့နောက် ဘူဆန်မြို၊ယောင်းဒိုမြိုနယ်မှာ သမီး၃ယောက်ကို ပျိုးထောင်ခဲ့ပါတယ် သမီးအကြီးဆုံးဖြစ်တဲ့ ဟယ်ဂျင်းကတော့ ယောင်းဒိုမှာပဲ အမေနဲ့ အတူနေထိုင်ပြီးတော့ အိမ်ရဲ့စားဝတ်နေရေးကို ထောက်ပံ့နေသူပါ သမီးအငယ်ဆုံး ဟယ်ဂျူကတော့ အထက်တန်းအောင်ပြီးတဲ့နောက် အကသမားဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို ယောင်းဒိုကို စွန့်ခွာပြီး ဆိုးလ်ကို သွားချင်နေသူဖြစ်ပါတယ်. သမီးလတ် ဟယ်ယောင်းက ဆိုးလ်မှာ အလုပ်လုပ်နေပြီး တစ်ရက်တော့ အလုပ်မှာအဆင်မပြေတာကြောင့် ယောင်းဒိုက အမေ့ရဲ့အိမ်ကို ပြန်လာခဲ့ပါတယ် အမေ့အိမ်မှာ နေရင်းကနေ အမှတ်မထင် ကျိုတိုကနေ ပိုထားပြီး ဂျပန်လို ရေးထားတဲ့စာတစ်စောင်ကို တွေ့လိုက်ပြီးနောက် အမေ့ရဲ့ငယ်ဘဝအကြောင်းကိုစပ်စုပါတော့တယ် အဲဒီအချိန်မှာ နှစ်ပေါင်းများစွာ နစ်မြုပ်နေတဲ့ ဟွာဂျာရဲ့နှလုံးသားဟာ အတိတ်က အမှတ်တရ၊နာကျင်မှုတွေနဲ့အတူ သမီး၃ယောက်စလုံး မသိထားသေးတဲ့ သူ့ရဲ့လျိုဝှက်ချက်တွေပါ ပွင့်ဟလာခဲ့ပါတယ် နှစ်ပေါင်း ၅၀ကျော်ကြာ ဖုံးကွယ်ထားတဲ့ ဟွာဂျာရဲ့လျိုဝှက်ချက်က ဘာများဖြစ်မလဲ သူငယ်ပြန်ရောဂါ အစပြုနေတဲ့ အမေဖြစ်သူရဲ့ဆန္ဒကို သမီး၃ယောက်က ဘယ်လိုဖြည့်ဆည်းပေးသွားမလဲဆိုတာ မိသားစုချစ်ခြင်းမေတ္တာ၊ညီအစ်မသံယောဇဉ်များနဲ့အတူ လွမ်းဆွတ်ဖွယ် ကြည့်ရှူခံစားရမှာဖြစ်ပါတယ် File size…1.39GB / 757MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Treasurehtet & Kay Zin

Crime • Comedy
5.8 2023
A Letter from Kyoto
Bal Naren
6.7

Bal Naren (2024) (လူငယ်ရွာလူကြီးလေး) နာရန်ဆိုတဲ့ကောင်လေးရဲ့အဖေဗီရန်ဒရာဟာ ရွာလူကြီးရွေးကောက်ပွဲပြိုင်ပွဲမှာ အနိုင်ရပြီးတော့ ရွာလူကြီးဖြစ်လာခဲ့ပါတယ်။ ဗီရန်ဒရာဟာ ရွာလူကြီးစဖြစ်လာတာနဲ့ အရင်ဆုံး ရွာသန့်ရှင်းရေးကို အရင်လုပ်ဆောင်ခဲ့ပါတယ်။ သို့ပေမဲ့လည်း ရွာမှာက အမှိုက်ဆိုလည်း တွေ့ရာနေရာချ, ညစ်ပတ်ကြတဲ့အတွက်ကြောင့် ခြင်တွေယင်တွေ ပေါက်ဖွားမှုနှုန်းကလည်း အရမ်းကိုများပြီးတော့ သွေးလွန်တုတ်ကွေးရောဂါနဲ့ သေဆုံးကြတဲ့သူတွေ များလာခဲ့ပါတယ်။ အဲဒီလိုသေဆုံးရတဲ့သူတွေအထဲမှာ ရွာလူကြီး ဗီရန်ဒရာကိုယ်တိုင်လည်း ပါဝင်သွားခဲ့ပြီးတော့ ရွာအတွက်ဆုံးရှုံးမှုကြီးဖြစ်ခဲ့ရတာပေါ့ ။ နာရန်ဟာ သူ့အဖေလိုပဲ ရွာလူကြီးဖြစ်ချင်ခဲ့ပြီးတော့ ရွာရဲ့အကျိုးကို သယ်ပိုးချင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ နာရန်လေး ကျောင်းတတ်တဲ့အရွယ်ကိုရောက်လာတဲ့အခါမှာ သန့်ရှင်းမှုအကြောင်းကို သေချာလေးသင်ကြားခဲ့ရပါတယ်။ သင်ကြားထားတဲ့ သင်ခန်းစာတွေကို အခြေခံပြီးတော့ သူ့ရွာကို သန့်ရှင်းသာယာပြီး တိုးတက်တဲ့ရွာလေးဖြစ်ဖို့ နာရန်တစ်ယောက် ကြိုးစားလုပ်ဆောင်ပါတော့တယ်။ ဒီလိုနဲ့ ကိုရိုနာရောဂါတွေဖြစ်လာတဲ့အချိန်မှာတော့ နာရန်တစ်ယောက် သူ့ရွာလေးကို ဒီရောဂါဆိုးကြီးရန်ကနေ သူတတ်စွမ်းနိုင်သလောက်အသိဉာဏ်ကိုသုံးပြီးတော့ ဘယ်လိုတွေ ကာကွယ်လုပ်ဆောင်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Alex~ V~ Zwe Yan ~ KKKZ တို့ပဲဖြစ်ပါတယ်)

6.7 2024
Bal Naren
The Radleys
5.5

အားလုံးပဲ ဗန်ပိုင်းယားဆိုတာ တကယ်ရှိတယ်လို့ ယုံကြပါသလား ။ ဒီနေ့ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ The Radleys ရုပ်ရှင် ကားထဲမှာတော့ ဗန်ပိုင်းယားဆိုတာ မိသားစုလိုက် မျိုးရိုးလိုက်ပြီး ဖြစ်တဲ့ အခြေအနေတစ်ခုပါတဲ့ ။ တစ်မိသားစုလုံး ဗန်ပိုင်းယားတွေ ဖြစ်နေတဲ့ ရက်ဒလေ မိသားစုဟာ သာမန်နဲ့ တူအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းပြီး လူယောင်ဆောင် နေကြတာဖြစ်ပါတယ် ။ ဒီလိုကနေ တစ်ရက်မှာတော့ ကိုယ့်ကိုယ်ကိုယ် ဗန်ပိုင်းယားမှန်း မသိသေးတဲ့ သမီးဖြစ်သူ ကလာရာက ပါတီမှာ တွေ့တဲ့ ကောင်လေးတစ်ယောက်ကို ကိုက်သတ်ပစ်ပါတော့တယ် ။ သမီးဖြစ်သူ အမှုပတ်ပြီး ထောင်နန်းစံရမှာ စိုးရိမ်တဲ့ မိဘနှစ်ပါးကလည်း ဦးလေးဖြစ်သူ ဝီလ်ကို လှမ်းခေါ်ပြီး အလောင်းဖျောက်ဖို့ အကူအညီ တောင်းရပါတယ် ။ ဒါပေမဲ့ ဝီလ် နဲ့ ကလေးတွေရဲ့အမေဖြစ်သူ ဟယ်လင်ရဲ့ ဇာတ်ကြောင်းက ထင်သလောက် မရိုးရှင်းတဲ့အခါ လင်မယားကြားမှာ ဘာတွေဖြစ်လာမလဲ ။ ရက်ဒလေမိသားစုရဲ့ နေထိုင်ပုံနဲ့ အများကြီး ကွာခြားနေတဲ့ ဝီလ်ဟာ ကလေးတွေအတွက် မကောင်းတဲ့ နမူနာတစ်ခု ဖြစ်လာတဲ့အခါ ကလေးတွေ အတုခိုးမှားပြီး ဘာတွေ ဖြစ်လာကြမလဲ ဆိုတာကိုတော့ The Radleys ရုပ်ရှင်မှာ အားလုံး ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် ။ File size…1.46GB / 773MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 55m Genre ….. Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

5.5 2024 115 mins
The Radleys
Mortdecai
5.5

ဒီဇာတ်ကားက ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Johnny Depp, Paul Bettanyနဲ့ Gwyneth Paltrowတို့လို နာမည်ကြီးတွေပါဝင်ထားတဲ့ ဟာသအက်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပန်းချီပွဲစား၊နယ်စားမော့ဒီကိုင်းတစ်ယောက် လူမွဲစာရင်း သွင်းခံရမဲ့အချိန် ပန်းချီကား ပြုပြင်ထိန်းသိမ်းရေးသမားတစ်ဦး အသတ်ခံရပြီး ပန်းချီကားတစ်ချပ်ပျောက်သွားတဲ့အမှုကို စုံစမ်းပေးဖို့ MI5က သူ့ရဲ့ မိတ်ဆွေဟောင်းစုံထောက်မာ့တ်လန်းက အမှုလာအပ်ပါတယ်။ အမှုလိုက်နေရင်းနဲ့ အဲဒီ ပန်းချီက ဟိုးယခင် စပိန်ဘုရင်ခေတ်ကတည်းက လက်ရာကောင်း တစ်ခုဖြစ်နေပြီး ဒုတိယကမ္ဘာစစ်ပြီးကထဲက ပျောက်ဆုံးနေတဲ့ ပန်းချီကား ဖြစ်နေခဲ့တာပါ။ ဒါ့အပြင် အဲဒီပန်းချီကားရဲ့ ကျောဘက်မှာ ပန်းချီကားကို နောက်ဆုံးပိုင်ခဲ့သူက သူ့ရဲ့လျှို့ဝှက်ဘဏ်နံပါတ်ကို ချရေးခဲ့တယ်ဆိုတဲ့ ကောလာဟလကြောင့် အဲဒီပန်းချီကားဟာ ပန်းချီလောကမှာ နာမည်ကြီးပြီး လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေတာပါ။ အဲဒီပန်းချီကားကို မော့ဒီကိုင်း တစ်ယောက် အရယူနိုင်ပါ့မလား။ ဘယ်လိုလူမျိုး‌တွေ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ပြိုင်လုရမလဲဆိုတာ Jonny Deppရဲ့ သရုပ်ဆောင်ချက်နဲ့ အတူ ခံစားလိုက်ပါဦး File Size : 1.9 GB, 792 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 47min Format : Mp4 Genre : Action, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

5.5 2015 107 mins
Mortdecai
Scouting for Christmas
6.1

Scounting for christmas ကားလေးကတော့ rating 6.1ရှိပြီး. christmasမှာ မိသားစုနဲ့အတူ ကြည့်ပြီး Chill လိုရမဲ့ကားလေးပါ။ ဒီဇာတ်ကားထဲမှာတော့ Single mother တစ်ယောက်ဟာ christmas မှာသူ့သမီးပျော်ရွှင်မှု အတွက် အကောင်းဆုံး ဖြည့်စည်းပေးရင်း တဖက်မှာလဲ အလုပ်တွေနဲ့ ပြည့်နေသူတစ်ဦးပါ။ ကိုယ့်ပျော်ရွှင်မှုအတွက် ဂရုမစိုက်နိုင်တဲ့ သူ့ကို သူသမီးက လက်တွဲဖော်အဖြစ် မုန့်ဖုတ်ဆိုင်က မုန့်ဖုတ်ဆရာ တစ်ယောက်နဲ့ စပ်ပေးဖိုကြိုးစားပါတော့တယ်။ တစ်နေ့မှာ သူ့ရဲ့ကွာရှင်းထားတဲ့ ယောကျ်ားဟောင်း ရုပ်ကြွင်း တူးဖော်ပညာရှင်ပြန်လာတဲ့အခါ သူနဲ့မုန့်ဖုတ်ဆရာ ကြားဘာ ဆက်ဖြစ်မလဲ… သူ့ပျော်ရွှင်မှုကိုပြန်ရှာနိုင်ပါ့မလား သူတိုမိသားစုကြားက ဆံရေးကဘယ်လိုဖြစ်သွားမလဲ…. ဆိုတာကို ပေါ့ပေါ့ပါးပါး နဲ့ကြည့်လိုရမဲ့ကားကောင်းဖြစ်ပါတယ်။ ဒီကားလေးက ပြဿနာတွေကြားထဲ မိသားစုထဲမှာရှိတဲ့ နွေးထွေးတဲ့မေတ္တာတစ်မျိုးကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်ပြီး. christmas အငွေ့အသက်တွေပါတာမို လာမဲ့christmasမှာ ကြည့်ဖို ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.39 GB) / (870 MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

6.1 2024 84 mins
Scouting for Christmas
Gentleman’s Agreement
7.2

Gentleman’s Agreement (1947) Rating – 7.2/10 Genre – Drama – Romance Directed by Elia Kazan Rotten Tomatoes- 82% ၁၉၅၄ခုနှစ်မှာ မြန်မာမင်းသမီးကြီး (ဒေါ်) ၀င်းမင်းသန်းပါနဲ့ တွဲသရုပ်ဆောင်ခဲ့တဲ့နာမည်ကြီးမင်းသား Gregory Peck ကိုတော့လူတိုင်းသိကြမယ်ထင်ပါတယ် အခု review ပေးမယ့်ကားကတော့ Gregory Peckရဲ့ Classic movie တွေထဲကတစ်ကားဖြစ်တဲ့ Gentlemans Agreement (1947 ) ကားလေးဖြစ်ပါတယ်။ ဒီ movie က Oscar Winner အဖြစ် Best Picture , Best Director , Best Actress in Supporting Role ဆိုတဲ့ ဆုသုံးဆုဆွတ်ခူးထားတဲ့ Movie လည်းဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်း ဇာတ်လမ်းရဲ့ အဓိက Storyline ကတော့ Anti – Semitism လို့ခေါ်တဲ့ အမေရိကားက လူမျိုးခွဲခြားရေး ဂျူးမုန်းတီးရေးကို ရည်ညွှန်းပြီးရိုက်ထားတာပါ Gregory Peck က ဒီထဲမှာ ဂျာနယ်လစ် စကူလာဂရင်းအဖြစ်သရုပ်ဆောင်ထားပါတယ် ၊ သူရဲ့ မိန်းမသေပြီးကတည်းက သားလေးတစ်ယောက်နဲ့ သူ့အမေနဲ့ အတူနေတယ် ၊ တစ်နေ့မှာတော့ သူတို့နေနေတဲ့ ကယ်လီဖိုးနီးယားပြည်ကနေ နယူးယောက်ကို အသိ သတင်းစာဌာနမှာ အလုပ်ရလို့ပြောင်းလာခဲ့တယ် ။ သူ့မိတ်ဆွေ ဂျွန် မီနီဖီးက သူ့ရဲ့ စာအရေးအသားတွေကိုကြိုက်တော့ သူ့ကို အရေးကြီးတဲ့အလုပ်တာဝန်ပေးခဲ့တယ် ။ ဂျူးလူမျိုးမုန်းတီးရေး ခေါ် လူမျိုးခွဲခြားမှုအကြောင်းရေးဖို့တာဝန်ပေးလိုက်တယ် ဂျွန်က သူရဲ့ တူမလေး ကတ်သီ နဲ့လည်း စကူလာဂရင်းကိုမိတ်ဆက်ပေးခဲ့တယ်။ ကတ်သီကလည်း ကွာရှင်းထားသူတစ်ယောက်ဖြစ်ပြီး စကူလာရေးတဲ့ ဂျာနယ်တွေတော်တော်များများဖတ်ရတာကြိုက်တဲ့သူ ။ ကတ်သီက သူ့ဦးလေးကို ဂျူးတွေအကြောင်းရေးဖို့ အကြံဉာဏ်ပေးခဲ့သူဆိုလည်းဟုတ်တယ် ။ အစပိုင်းမှာတော့ စကူလာ ဂရင်းက သူဒီ ဂျူးလူမျိုးတွေအကြောင်းရေးဖို့လက်မခံချင်ခဲ့ဘူး ၊ သူက အမေရိကန် ခရစ်စယာန် တစ်ယောက်ဖြစ်တဲ့ ဂျူး‌လူမျိုးတွေနေရာကနေ ရေးဖို့ အကြံမထုတ်နိုင်ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ သူက သူ့အမေနဲ့အဲ‌အကြောင်းတိုင်ပင်ရင်း အကြံတစ်ခုထွက်ခဲ့တယ် ” ကျွန်တော်ဂျူးတွေခံစားချက်သိချင်ရင် ကျွန်တော်သူတို့နေရာမှာရှိနေမှ တကယ်ဘယ်လိုခံစားချက်တွေရှိမလဲဆိုတာသိမှာ‌ ” ဆိုပြီး သူခြောက်လလောက်အထိ ဂျူးအဖြစ်နေဖို့ဆုံးဖြတ်ခဲ့ပြီး ဂျူးမုန်း‌တီးရေးတွေအကြောင်း လူမျိုးခွဲခြား‌ရေးအကြောင်းရေးဖို့လက်ခံခဲ့တယ်။ သူတို့ မိသားစုက နယူးယောက်မှာရောက်တာလည်း မကြာသေးတော့ သူတို့က ဂျူးမိသားစုလို့ပဲ လူတိုင်းကိုသိစေခဲ့ပြီး ဂျူးအဖြစ် နေခဲ့တယ် နောက်ပိုင်းမှာတော့ သူ့သူငယ်ချင်း ဂျူးတစ်ယောက်ဖြစ်တဲ့ ဒေ့ဗ်လည်း နယူးယောက်ကို ‌ရောက်လာခဲ့တယ် သူဂျူးအဖြစ်နေနေစဉ်အတွင်းမှာ သူတကယ်ခံစားလာရတဲ့ လူမျိုးရေးခွဲခြားမှုတွေ ၊ သူ့သားလေးအပေါ်ကျရောက်လာတဲ့ လူမျိုးရေး ခွဲခြားခံရမှုတွေ ၊ ဂျူးအစစ်ဖြစ်တဲ့ ‌ဒေ့ဗ် တွေ့ကြုံခံစားရ‌တဲ့ ခွဲခြားခံရမှုတွေ အများကြီးတွေ့ကြုံခဲ့ရတယ် ။ ဒါ့အပြင် ဂျူးလူမျိုးအဖြစ် နေလိုက်ခြင်းက သူနဲ့ကတ်သီရဲ့ သမီးရည်းစားဆက်ဆံရေးမှာ ဘယ်လိုထိခိုက်နစ်နာမှုတွေရှိလာမလဲ၊ ဘယ်လိုဖိအားတွေခံစားရမလဲ‌ဆိုတာကလည်း စိတ်ဝင်တစားကြည့်လို့ကောင်းတဲ့အကြောင်းအရာတွေပါပဲ။ နောက်ပိုင်းမှာ စကူလာအနေနဲ့ လူတွေလူမျိုးရေးခွဲခြားမှုမလုပ်အောင် ဘယ်လိုကြိုးစားလဲ‌ဆိုတာတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပြီး သူနဲ့ ကတ်သီရဲ့ အချစ်ဇာတ်လမ်းလေးကရော ဇာတ်သိမ်းကောင်းပါ့မလား‌ဆိုတာ မျက်‌‌တောင်မခတ်တမ်း စိတ်ဝင်တစားကြည့်ရှုနေရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ် တခြားလူမျိုးရေး ဘာသာရေးတွေအကြောင်းလည်းဗဟုသုတရရှိစေနိုင်မယ့် Movie လေးလည်းဖြစ်ပါတယ် စကူလာဂရင်းအဖြစ် Gregory Peck ကတ်သီ အဖြစ် Dorothy McGuire စကူလာ သူငယ်ချင်း ဒေ့ဗ် ဂိုမန်အဖြစ် John Garfield ရုံးက သူငယ်ချင်းဖြစ်တဲ့ အန်နီ အဖြစ် Celeste Holm တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် File size… 4.6 GB / 1.7 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 59m Genre ….. Romance/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Nway Nway Aung

7.2 1947 118 mins
Gentleman’s Agreement