YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Amazing.Stories.2020.S01E04.1080p.ATVP.WEB-DL.DDP5.1.(CM).mp4

1007.95 MB N/A video/mp4 210 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Samsara
7.4

ကားနာမည်ကိုက သံသရာဆိုတော့ သိတော့သိသာပါတယ်။ ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အတိအကျဆို တိဘက်ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အဓိကဇာတ်လိုက်က တိဘက်က ကိုယ်တော်တစ်ပါး။ ထူးတာက ဇာတ်ကတော့ ဒီကိုယ်တော်ကိုပဲ တည်ထားပေမဲ့ အဲဒီကိုယ်တော်ကို သိဒ္ဓတ္ထမင်းသားရဲ့ ပုံစံငယ်လိုလိုသဘောမျိုးနဲ့ပြသွားတယ်။ ပုံစံငယ်လို့ပြောရတာလည်း သိပ်တော့မဟုတ်သေးဘူး။ ပြောရရင် သိဒ္ဓတ္ထမင်းသားနဲ့ ခပ်ဆင်ဆင်အဖြစ်မျိုးတွေ ဒီကိုယ်တော်ဘဝထဲ သွတ်သွင်းပြီး ပြသွားတယ်ပေါ့။ ဒီတစ်ကားလုံးရဲ့ Main Plot ဟာလည်း ဒီကိုယ်တော်ရဲ့ သံသရာကလွတ်မြောက်ရာရှာခြင်းခေါ်မလား၊ ဉာဏ်အလင်းရှာခြင်းခေါ်မလား၊ အာသဝက္ခယဉာဏ်ကို ရှာတယ်ခေါ်မလား၊ အဲဒီအရာကို ရှာတဲ့ အကြောင်းအရာပဲ။ " ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ " ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ဟာ သူ့ခြေသည်းတွေကြား ကျောက်ခဲတစ်ခဲကို သုတ်ထားတယ်။ တစ်နေရာအရောက်မှာ ငှက်ဟာ လေပေါ် ခဏတန့်ရင်း ကျောက်ခဲကို ပစ်ချလိုက်တယ်။ အဲဒီကျောက်ခဲဟာ ဆိတ်ရဲ့ ခေါင်းပေါ်တည့်တည့်ကျပြီး ဆိတ်သေသွားတယ်။ ဒါ ဇာတ်လမ်းရဲ့အစပဲ။ ဒီနောက် ဘုန်းကြီးတစ်ဖွဲ့ဟာ ဂူပိတ် ကမ္မဋ္ဌာန်းထိုင်နေတဲ့ ကိုယ်တော်တစ်ပါးကို သွားပင့်ကြတယ်။ ကိုယ်တော်ဟာ အဲဒီဂူထဲ သုံးနှစ်တာလုံး ကမ္မဋ္ဌာန်းထိုင်ပြီးခဲ့ပြီ။ ကိုယ်တော်ကိုပင့်ပြီး လားမားကျောင်းတော်ကို ပြန်ခေါ်လာကြတယ်။ သိပ်မကြာလိုက်ပါဘူး။ ကိုယ်တော်ဟာ ရွာတစ်ရွာက ကောက်ရိတ်သိမ်းပွဲကိုသွားဖို့ အကြောင်းဖန်လာပြီ။ ရေစက်လို့ပဲဆိုဆို ဝဋ်ကျွေးလို့ပဲဆိုဆို ကိုယ်တော်ဟာ မိန်းမလှလေးတစ်ယောက်နဲ့ ဆုံဖို့ အကြောင်းဖန်လာခဲ့ပြီ။ အဲဒီညမှာ ကိုယ်တော်ဟာ မိန်းမလှလေးရဲ့ အထိအတွေ့ကို အိပ်မက်မက်တယ်။ ဒီလိုနဲ့ ကျောင်းကို ပြန်လာခဲ့ပေမဲ့ ကိုယ်တော့်စိတ်ထဲ ဒီအိပ်မက်က တွယ်ငြိနေတုန်းပဲ။ ဒီလိုနဲ့ ကိုယ်တော်ဟာ သူ့ဆရာကို ဗုဒ္ဓဟာ သက်တော် ၂၉မှ တောထွက်ခဲ့တဲ့အကြောင်း၊ လောကီကို စွန့်လွှတ်ဖို့ လောကီမှာ အရင်ကျင်လည်ဖူးရမယ်ထင်ကြောင်း ပြောလာတယ်။ ဒီမှာ သူ့ဆရာက သူ့ကို လောကီဘောင်ထဲ သွားဖို့ ခွင့်ပြုလိုက်တယ်။ သူ့အိပ်မက်ဟာ အိပ်မက်မဟုတ်ကြောင်းလည်း ပြောပြလိုက်တယ်။ ဒီလိုနဲ့ ကိုယ်တော်ဟာ လူဝတ်လဲပြီး မိန်းမလှလေးရှိတဲ့ ရွာဆီ ထွက်ခွာလာခဲ့တယ်။ ဒီကနေမှ ဘုန်းကြီးလူထွက် လောကီဘောင်မှာ ကြုံရတဲ့ တဏှာတွေ၊ လောဘတွေ၊ ဒေါသတွေအကြောင်းကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ လိင်ဆက်ဆံခန်း ၃ ၄ခန်း သုံးထားသလို သုံးထားသမျှ အခန်းတွေကလည်း တော်တော်လေး ကွက်ကွက်ကွင်းကွင်းဖြစ်တယ်။ ထူးတာက သုဇာတာပဲ။ ဃနာနို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာကို ဗုဒ္ဓဝင်ကို တီးမိခေါက်မိရှိရုံနဲ့တင် မသိသူမရှိပါဘူး။ ဒီမှာကျ သုဇာတာဆိုတဲ့ အမည်ကို သူရင်းငှားကုလားမလေးကို ပေးထားတယ်။ အဲဒီကုလားမလေးနဲ့ သူနဲ့ဖောက်ပြန်ခဲ့ခြင်းကလည်း သူ့ဉာဏ်အလင်းပွင့်မှုအတွက် အခရာကျတဲ့ တစ်ချက်လို့ပြောလို့ရတယ်။ သူ့ဆီကနေမှ မောဟ စဖြစ်လာတယ်ပြောလို့ ရလောက်တယ်။ တစ်ညမှာ သိဒ္ဓတ္ထမင်းသားက ယသောဓရာနဲ့ ရာဟုလာကို စကားတစ်ခွန်းမှမဆိုဘဲ ချန်ရစ်ခဲ့သလို သူလည်း ထိုနည်းလည်းကောင်းပဲ ထွက်ခွာလာခဲ့တယ်။ သံသရာကြီးတစ်ပတ်လည်ရင်း စမှတ်ကို ပြန်ရောက်သွားခဲ့တယ်။ သူဘုန်းကြီးပြန်ဖြစ်သွားပြီး တစ်နေ့ကျ သူ့မိန်းမရောက်လာတယ်။ သူစပြောတဲ့စကားက " ယသောဓရာ " တဲ့။ " ရှင် အဲဒီနာမည်ကို ကြားဖူးလား " တဲ့။ " သိဒ္ဓတ္ထမင်းသား ဂေါတမ သကျမုနိ ဗုဒ္ဓ လူတိုင်း အဲဒီအမည်နာမတွေကို သိကြတယ်။ ဒါပေမဲ့ ယသောဓရာကရော " ဆိုပြီး သူနဲ့အဖြစ်တူနေတဲ့ ယသောဓရာရဲ့ ခံစားချက် ဘယ်လိုနေမယ်ဆိုတာကို ဘုန်းကြီးကိုပြောပြတယ်။ ဒီအခန်းက ဒီရုပ်ရှင်ကို သာမန်ဗုဒ္ဓဘာသာအကြောင်း ရိုက်ပြထားတဲ့ ကားတွေနဲ့ အဓိကကွဲပြားစေတဲ့ အချက်ဖြစ်လိမ့်မယ်။ ဘယ်သူမှ တလေးတနက်မတွေးဖြစ်လောက်တဲ့ ယသောဓရာရဲ့ခံစားချက်ကို ကိုယ်တော့်ကို ပြောပြခဲ့တယ်။ ဒါပေမဲ့လည်း သူ့မိန်းမလည်း ယသောဓရာလိုပဲ သူ့တာဝန်သူကျေခဲ့တယ်။ ကိုယ်တော်ယူကြုံးမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ငိုကြွေးချင်းအဆုံးမှာ သူအဖြေကိုတွေ့သွားတယ်။ " ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ " " ပင်လယ်ထဲ ပစ်ချလိုက်ရမယ် " ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ကို ကိုယ်တော်မော့ကြည့်လိုက်တယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.23GB, 1.01GB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 2H 18Min Genre - Adventure, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
7.4 2002 138 mins
Samsara
The Huntsman: Winter's War
6.3

IMDb rating 6.1/10 ပဲ လက်ရှိမှာရထားသေးပေမယ့် ပရိတ်သက်တော်တော်များများကြိုက်နှစ်သက်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ . . . ပါဝင်ထားတဲ့မင်းသားက ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီး Thor မင်းသား Chris Hemsworth က Huntsman အဖြစ်သရုပ်ဆောင်ထားပါတယ်။ တကယ်တော့ ဒီဇာတ်ကားဟာ 2012 ခုနှစ်ကထွက်ခဲ့တဲ့ Snow White and the Huntsman ရဲ့ အဓိက ဇာတ်အိမ်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအစောပိုင်းမှာ စုန်းမ၂ယောက်ဖြစ်တဲ့ ရဗန်နာ နဲ့သူ့ ညီမ ဖရယ်ယာတို့နဲ့စတင်ထားပါတယ်။ ရဗန်နာဟာ snowwhite ကားထဲက စုန်းမဖြစ်ပြီး သူ့ညီမရဲ့ချစ်ခြင်းကိုပါ ဖျက်ဆီးခဲ့တယ်။ ဒါကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဖရယ်ယာ တစ်ယောက်သူ့ရဲ့ အင်ပါယာကိုစတင်တည်ထောင်မှုကနေ Huntsman ရဲ့ ဇာတ်လမ်းပါပေါ်ထွက်လာခဲ့ပါတယ်။ ဒီဇာတ်ကားဟာ Snow White ကားမစတင်ခင်ကအဖြစ်အပျက်တွေနဲ့ Snow White ကားပြီးတော့ ထပ်မံဖြစ်ပေါ်လာတဲ့ အချိန်ကာလနှစ်ခုကို ပြန်လည်ဆက်စပ်ပေးထားတဲ့ ဇာတ်ကားဆိုလည်းမမှားပါဘူး။ Snow White ရဲ့လက်ချက်နဲ့သေဆုံးခဲ့တဲ့ ရဗန်နာက ဒီဇာတ်လမ်းမှာပြန်လည်ရှင်သန်လာတာလည်း တွေ့ရပြီး . သူ့ရဲ့မှော်ကြေးမုံဟာ ဒီဇာတ်ကားမှာ အဓိကနေရာကပါဝင်တဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ ကဲ ဇာတ်လမ်းကောင်းကောင်းကို spoiler မဖြစ်စေဖို့ ဒီလောက်ပဲညွှန်းပါရစေ Snow White ကားမကြည့် ရသေးသူကလည်း ပြန်လည်ကြည့်ရှုသင့်ပါတယ်။ အဲ့ဒါဆိုရင် ဇာတ်အိမ်တစ်ခုလုံးကိုပိုပြီးနားလည်လာပါ လိမ့်မယ်။ တရုတ်စာတွေတွဲလျှက်ပါနေပေမယ့် ရုပ်ထွက်က HD ဖြစ်နေတာကြောင့်အတတ်နိုင်ဆုံး အဆင် ပြေအောင်တင်ဆက်ပေးထားပါတယ်။ (ဒီဇာတ်လမ်းကိုဘာသာပြန်ရေးသားပေးသူကတော့ ညီလေး Wai Yan M ပဲဖြစ်ပါတယ်။) File Size - 1 GB Translated By Wai Yan M Encoded By San Win Maung

Action • Crime • Horror • Thriller
6.3 2016 114 mins
The Huntsman: Winter's War
Nosferatu the Vampyre
7.4

Nosferatu the Vampyre (1979) ~ IMDb – 7.4/10, RT – 95%, Meta – 79% ~ မြို့ကြီးပြကြီးက အိမ်ခြံမြေအကျိုးဆောင် ဂျိုနသန်ဟာကာတစ်ယောက် ထရန်ဆဲလ်ဗေးနီးယားဒေသအထိ ခရီးဝေးထွက်ပြီး ငွေကြေးရှင်တောသူဌေးတစ်ယောက်ကို အိမ်ရောင်းရင်း အကျိုးဆောင်ခ မြက်မြက်လေးရဖို့ ကြိုးစားရာကနေ မရဏတိမ်တိုက်တစ်ခုကို သူ့ဘဝတင်မကဘဲ သူနေထိုင်ရာမြို့ဆီပါ ခေါ်ဆောင်လာမိသလို ဖြစ်သွားရတဲ့ ဒီ ဒရက်ကူလာဇာတ်လမ်းကိုတော့ ကလေးရော၊ ခွေးရော၊ ကလေးရဲ့ဘွားတော်ကြီးပါ ကြားဖူးကြပါလိမ့်မယ်။ ပုံနှိပ်စာရွက်တွေကနေ ဖန်သားပြင်ရော ပိတ်ကားပေါ်ပါ အကြိမ်ကြိမ်အထပ်ထပ် ပြန်တင်ခြင်းခံထားရပြီးဖြစ်တဲ့ ဒီဇာတ်ကြောင်းက ခုကားမှာ ဘာထူးခြားနေလဲဆိုရင်တော့ ဒရက်ကူလာရဲ့ ပထမဆုံးရုပ်ရှင်ဗားရှင်း ဖြစ်ပေမဲ့ ဝတ္ထုမူပိုင်ခွင့်မရလို့ နာမည်ပြောင်းရိုက်ခဲ့ရတဲ့တိုင် သူကိုယ်တိုင်က ရုပ်ရှင်သမိုင်းအပေါ် လွှမ်းမိုးမှုကြီးသွားခဲ့တဲ့ ၁၉၂၂ ခုနှစ်ထွက် ဂျာမန်ရုပ်ရှင် Nosferatu ဇာတ်လမ်းကိုရော၊ Bram Stoker ရဲ့ မူရင်းဝတ္ထုကိုပါ အခြေခံထားတာပါပဲ။ ဒီရုပ်ရှင်ကိုရိုက်တဲ့ Werner Herzog က New German Cinema က ပိုင်အိုးနီးယားတစ်ယောက်ပါ။ ပိုင်အိုးနီးယားပီပီ သူများနဲ့မတူတဲ့ ရိုက်ကူးတင်ဆက်ပုံ ဟန်ပန်တွေကြောင့်လည်း နာမည်ကြီးပါတယ်။ သူကိုယ်တိုင် ဇာတ်ညွှန်းပါ ရေးသားထားတာပါ။ Herzog ဟာ ဒီဇာတ်လမ်းကို တင်ပြရာမှာ ခြောက်ဖို့လှန့်ဖို့ထက် ဒရက်ကူလာကို လူ့သွေးအပြင် အချစ်မေတ္တာပါ ငတ်နေသလို နည်းနည်းလူသားဆန်အောင် ဖန်တီးပြထားတာမို့ မျောပြီး လိုက်မဖီးလ်ဖြစ်ရင်တောင်မှ မင်းသမီးက တော်တော်လှတာဆိုတော့ Vlad ကြီးကို ကိုယ်ချင်းကတော့ စာမိပါလိမ့်မယ်။ Nosferatu ကို 1922 မှာ ပထမဆုံးအကြိမ်ရိုက်ခဲ့ပြီး ကလပ်စစ်ရုပ်ရှင်အဖြစ် တော်တော်အောင်မြင်ခဲ့သလို Herzog ရဲ့ အခုဗားရှင်းကလည်း သူ့ဟာနဲ့သူ ပြိုင်ဘက်ကင်းပါပဲ။ ဒီဘက်ခေတ်မှာကတော့ The VVitch, The Lighthouse, The Northman စတဲ့ကားတွေနဲ့ လူသိများခဲ့တဲ့ ဒါရိုက်တာ Robert Eggers ကလည်း ပြန်ရိုက်ဖို့ ရှိပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 760MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 47Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Drama • History
7.4 1979 107 mins
Nosferatu the Vampyre
Land of the Lost
5.3

Land of the Lost (2009) ဒီဇာတ်ကားကတော့ အားလုံးနဲ့မစိမ်းတဲ့ ဟာသမင်းသားကြီး Will Ferrell ရဲ့ ဇာတ်ကားဟောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂေါက်သီးသိပ္ပံပညာရှင်လို့ ယူဆခံထားရတဲ့ ဒေါက်တာရစ်ခ်မာရှယ်ဟာ အစပိုင်းမှာတော့ တခြားသူတွေရဲ့ လှောင်စရာတစ်ခုကနေ မပိုခဲ့ပါဘူး။ ဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့ သီအိုရီတွေမှန်ကန်မယ်လို့ ယုံကြည်တဲ့ ကမ်းဘရစ်ခ်ျက ကျောင်းသူတစ်ယောက်ရောက်လာချိန်မှာတော့ သူ့သီအိုရီတွေကိုလက်လျှော့လိုက်တဲ့ ရစ်ခ်မာရှယ်တစ်ယောက် လုပ်ငန်းပြန်စရပါတော့မယ်။ ထင်ထားတဲ့အတိုင်း သူ့သီအိုရီတွေဟာ မှန်ကန်ခဲ့ပြီး အချိန်နဲ့အာကာသဟင်းလင်းပြင်ကိုဖြတ်လို့ တခြားကမ္ဘာဦးလူသား‌တွေ ဒိုင်နိုဆောတွေရှိတဲ့ အချိန်တစ်ခုဆီရောက်သွားပါတော့တယ်။ ဒါပေမဲ့ အချိန်သာမတူမယ် ပြဿနာတွေကတော့တူတူပဲဆိုတဲ့အတိုင်း ပြဿနာတွေတစ်ခုပြီးတစ်ခုလာပါတော့တယ်။ သူတို့တွေ အတိတ်ကနေပြန်လာနိုင်မလား… ရစ်ခ်မာရှယ်ကကော ဟာသကြီးတစ်ခုအဖြစ်ကနေ လွတ်နိုင်ပါ့မလား… ဆိုတာကို ရယ်ရင်းမောရင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Adventure/Comedy ကားလေးဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး ဟာသကားတွေကြည့်ချင်သူတွေအတွက် အဆင်ပြေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 850MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 42Min Genre – Action, Adventure, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

5.3 2009
Land of the Lost
The Astronaut
6.7

The Astronaut (2022) ~ IMDb rating – 6.7/10 ~ ဒီကားလေးက ပြင်သစ်စကားပြော ဒရာမာအမျိုးအစားဖြစ်ပြီး Nomination နှစ်ခုလည်း၀င်ထားလောက်အောင်ကို အာကာသအကြောင်းရယ်၊ အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့လူတစ်စုအကြောင်းရယ်ကို အချိုးညီညီပေါင်းစပ်ထားတဲ့ကားပါပဲ။ ဂျမ်ဆိုတဲ့ လေကြောင်းအင်ဂျင်နီယာတစ်ယောက်ရဲ့အိပ်မက်က အာကာသယာဉ်မှူးဖြစ်ဖို့ပါ။ ဥရောပအာကာသအေဂျင်စီမှာ ၀င်ခွင့်ဖြေဖူးပေမဲ့ ကျခဲ့တာကြောင့် ကိုယ်ထူကိုယ်ထ ဒုံးပျံယာဉ်ဆောက်ပြီး ဂြိုဟ်ပတ်လမ်းထဲမှာ လမ်းလျှောက်ဖို့ကြံနေတာပါ။ သူနဲ့အတူ လောင်စာအတွက် ကူညီပေးတဲ့ ဓာတုပညာရှင်တစ်ယောက်ရှိပါတယ်။ နောက်ပိုင်းကျ ခရီးလမ်းကြောင်းကိုတွက်ချက်ဖို့ သင်္ချာပညာရှင်တစ်ယောက် အာကာယာဉ်မှူးဟောင်းတစ်ယောက်ပါလာပြီး သူတို့လူတစ်စု ကမ္ဘာ့ပထမဆုံး အပျော်တမ်း ခရီးသည်ပါအာကာသယာဉ်ကြီးတည်ဆောက်ပြီး ဂြိုဟ်ပတ်လမ်းထဲအာကာသလမ်းလျှောက်ဖို့လုပ်ကြပါတယ်။ သူတို့ရဲ့အိပ်မက်တွေ အနှောင့်အယှက်မျိုးစုံကြားထဲမှာ အောင်မြင်သွားရဲ့လားဆိုတာ အားလုံးပဲကြည့်ရှုခံစားကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 870MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 50Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Comedy • Romance
6.7 2022
The Astronaut
Bhagavanth Kesari
7.2

Bhagavanth Kesari (2023) “ခြင်္သေ့မလေးဗီဂျီ” IMDb – 7.3/10 ဘိုင်ရာဗာမင်းသမီးလေး ကာဂျဲလ်နဲ့ တီလဂူးကားတွေရဲ့ အက်ရှင်မင်းသားကြီး Nandamuri Balakrishna မင်းသမီးချောလေး Sreeleela တို့ အဓိကပါဝင်ထားပြီး Ra.One နဲ့ Om Shanti Om ရဲ့ ဗီလိန် ခန့်ချောကြီး Arjun Rampal လည်းပါဝင်ထားတာတဲ့ အက်ရှင်ကြမ်းကြမ်း ပလော့လန်းလန်းနဲ့ ရုံကားကြီးတင်ဆက်ပေးလိုက်ပါတယ် ရုံတင်ငွေလည်း ကုဋေ ၁၃၀ ထိရထားတာမို့ အကြိုက်တွေ့ကြမဲ့ကားပါ နီလာကွန်ဒါဘာဂဗန်ကေဆရီလို့ ခေါ်တဲ့ လုပ်ငန်းရှင်တစ်ဦး၊ အရင်အစိုးရကို ရံပုံငွေထောက်ပံ့တဲ့အတွက်ကြောင့် အခုတက်လာတဲ့အစိုးရကနေ အမှုဖွင့်ပြီး ထောင်ထဲကို ပို့ခံထားရသူ။ တရားမှုကို မြတ်နိုးပြီးတော့ အနိုင်ကျင့်တာကိုလည်း မျက်ကွယ်ပြုမထားနိုင်သူတစ်ယောက်။ တစ်ရက်မှာတော့ ဘာဂဗန်ရဲ့ မိခင်ဖြစ်သူဟာ သေခါနီးဆဲဆဲ သူ့သားကို မမြင်ရရင် မသေနိုင်ဘူးဆိုပြီး တင်းခံနေတဲ့အတွက်ကြောင့်နဲ့ သူ့ရဲ့မိခင်ကို တွေ့ဖို့ သူတို့ရဲ့ ထောင်မှူးကို တောင်းဆိုရာကနေ ထောင်မှူးရဲ့ ခွင့်ပြုချက်နဲ့ မိခင်ဖြစ်သူရဲ့ နောက်ဆုံးထွက်သက်ကို အနားမှာ ရှိပေးလိုက်နိုင်ခဲ့ပါတယ်။ ဒီလို ကျေးဇူးတွေကြောင့်နဲ့ ဘာဂဗန်ဟာ ထောင်မှူးစီရီခန့်သ်ကို တစ်ဘဝလုံးစာ အကြွေးတင်နေတယ်လို့ သတ်မှတ်ထားလိုက်ပါတော့တယ်။ ဒီနောက်ပိုင်းမှာတော့ ထောင်မှူးစီရီခန့်သ်ရဲ့ သမီးလေး ဗီဂျီနဲ့လည်း ဘာဂဗန်ဟာ ရင်းနှီးလာခဲ့ပြီးနောက်မှာတော့ ထောင်မှူးကြီးကို ရုံးခန်းမှာ မတွေ့ရတာ ရက်အတော်ကြာနေပြီဖြစ်တဲ့အတွက် မေးကြည့်လိုက်တဲ့အချိန်မှာတော့ သူ့မိခင်ကို တွေ့ခွင့်ရဖို့အတွက် ထောင်စည်းကမ်းကို ဖောက်ဖျက်ပေးခဲ့တဲ့ အမှုနဲ့ ထောင်မှူးဟာ ရာထူးကနေ အနားခံလိုက်ရတဲ့အကြောင်းကို သိလိုက်ရပါတော့တယ်။ ဒါ့အပြင် ထောင်မှူးဟာ သူရာထူးကနေ ထွက်မသွားခင်မှာ သူ့ကို ထောင်ကနေ လွှတ်ပေးမယ့်စာရင်းထဲကို ထည့်ပေးခဲ့တာကိုလည်း သိိလိုက်ရပါတော့တယ်။ ထောင်ကနေ ထွက်လာတဲ့နောက်မှာ ဘာဂဗန်ဟာ ထောင်မှူးတို့ကို သွားတွေ့ရင်းနဲ့ ထောင်မှူးက အပြင်သွားစရာရှိတာနဲ့ သမီးလေး ဗီဂျီကို စောင့်ကြည့်ပေးနေတုန်းမှာပဲ ထောင်မှူးဟာ အပြင်သွားရင်း လမ်းမှာ ကားအက်စီးဒန့်ဖြစ်ပြီးတော့ ဒဏ်ရာအပြင်းအထန်နဲ့ ဆေးရုံမှာတင်ပဲ ဆုံးပါးသွားခဲ့ပါတယ်။သူ့အဖေရဲ့ သတင်းကို ရုတ်တရက်ကြီး ကြားသိလိုက်ရတဲ့ ဗီဂျီလေးဟာ စိတ်ဒဏ်ရာရပြီးတော့ အလန့်တကြားဖြစ်သွားရင်း ရှော့ရတတ်တဲ့ရောဂါကို ခံစားနေရပါတော့တယ်။ မိဘတွေမရှိတော့တဲ့ ဗီဂျီလေးကို ဘာဂဗန်ကပဲ သန်မာလာအောင် ပြုစုစောင့်ရှောက်ပေးရင်းနဲ့ နောက်ပိုင်းမှာရော ဘယ်လိုတွေ ဆက်ဖြစ်လာဦးမလဲဆိုတာကို ကြည့်ရှူရမယ့် အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thaik San~Dee~V~BpL~Yunni~ToMo တို့ပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Fantasy • Comedy • Horror
7.2 2023
Bhagavanth Kesari
The Scent of Green Papaya
7.3

၁၉၅၀ ခုနှစ်ဝန်းကျင် Saigon မြို့က မိသားစုကြီးတခုမှာ မူးအိ ဆိုတဲ့ ၁၀နှစ်အရွယ် ကလေးမလေးတယောက်ဟာ အိမ်ကနေထွက်လာပြီး အလုပ်လာလုပ်ပါတယ် သူ အလုပ်လုပ်ရတဲ့ မိသားစုကြီးရဲ့ ပြဿနာအရှုပ်အထွေးတွေကြား သူ့တာဝန်ဖြစ်တဲ့ အစေခံအလုပ်ကို တစိုက်မတ်မတ်လုပ်ရင်း အရွယ်ရောက်ကြီးပျင်းလာတဲ့အချိန် တနေ့မှာတော့ သူ ငယ်ငယ်ကတည်းက ကြိတ်သဘောကျခဲ့ရတဲ့သူရဲ့အိမ်မှာ အစေခံအဖြစ် အလုပ်သွားလုပ်ရပါတော့တယ် ဇာတ်လမ်းလေးက ရှုပ်ရှုပ်ထွေးထွေးဇာတ်ကွက်ရယ်လို့ တခုမှ မပါဘဲနဲ့ မူးအိရဲ့ ကလေးဘဝအတွေးအခေါ်ကနေ ကြီးပျင်း ရင့်ကျက်လာတဲ့အချိန် ပြောင်းလဲလာတဲ့စိတ်ထားကို ပုံဖော်ထားရုံတင်ပါပဲ အဲဒီခေတ်က ဗီယက်နမ်မိန်းကလေးတယောက်ရဲ့ ဘဝပုံစံပေါ့ ၁နာရီနဲ့ မိနစ်၄၀ လောက်ကြာတဲ့ ဇာတ်ကားဖြစ်ပေမဲ့လို့ ဒိုင်ယာလော့ဂ်များများစားစားမပါဘဲ ရိုက်ကွက်တွေရယ် တီးလုံးနောက်ခံလေးရယ်နဲ့ ဇာတ်လမ်းကိုသွားထားတာပါ ဒီရုပ်ရှင်ကို Vietnam Film ဆိုပြီး အထင်မသေးလိုက်ပါနဲ့ Cinematography ကောင်းတဲ့အပြင် Musical theme ရော သရုပ်ဆောင်ပိုင်းရောကောင်းပါတယ် IMBD 7.3, rotten tomatoes 100% ထိရထားတဲ့ ဗီယက်နမ်ရုပ်ရှင်ပါ ဒါရိုက်တာက Haruki Murakami ရဲ့ Norwegian Wood ကို ရိုက်ကူးခဲ့တဲ့ Tran Anh Hung ပါပဲ သူ့ရဲ့ ၉၀ခုနှစ်တွေတုန်းက အတော်ပေါက်ခဲ့တဲ့ အနုပညာလက်ရာပေါ့ သူဟာ ဒီရုပ်ရှင်နဲ့ ဆုတွေအများကြီးရခဲ့သလို ဒီရုပ်ရှင်ကိုယ်တိုင်လည်း ကိန်းရုပ်ရှင်ပွဲတော်မှာ Golden Camera, Award of the Youth, Cèsar Awards မှာ Best First Work ဆုတွေ ရခဲ့သလို Academy Awards ကပေးတဲ့ Best Foreign Film ဆုမှာ nominee ဝင်ခဲ့တဲ့ ပထမဆုံးဗီယက်နမ်ရုပ်ရှင်ပါ ဒါကြောင့်မို့ ဒီရုပ်ရှင်ကို မြည်းစမ်းကြည့်ကြဖို့ အကြံပြုချင်ပါတယ်ဗျာ File size… 1.5 GB / 658 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Fio

Documentary
7.3 1993
The Scent of Green Papaya
The Goat Life
8.6

Aadujeevitham – The Goat Life (2024) “ကန္တာရအလယ်” IMDb 8.6 ပရိသတ်ကြီးအတွက် မလေယာလမ်ရုံတင်ကားသစ်ကြီးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ၂၀၀၈ ထုတ် ဖြစ်ရပ်မှန်ဝတ္ထုကို ရိုက်ကူးထားတဲ့ ဒီကားလေးမှာဆိုရင် Saalar, Bade Miyan Chote Miyam တို့လို နာမည်ကြီးကားတွေထဲက မင်းသား Prithviraj Sukumaran ပါဝင်ထားပြီး ရုံတင်ဝင်ငွေ ၁၆၀ ကုဋေ ရထားတဲ့အပြင် တတိယဝင်ငွေအကောင်းအဆုံး မလေယာလမ်ရုပ်ရှင်အဖြစ် ရပ်တည်နေပါတယ် ကနဦးအနေနဲ့ အာရပ်နိုင်ငံတိုင်းလိုလိုက ပိတ်ပင်ခဲ့ပြီး အခုလက်ရှိ ဆော်ဒီအာရေးဗျနဲ့ ကူဝိတ်လို နိုင်ငံတွေက ပိတ်ပင်ထားဆဲပါ အရှေ့အလယ်ပိုင်းမှ ဆော်ဒီ၊ ကာတာတို့ကို ချမ်းသာတဲ့ ရေနံနိုင်ငံတွေအဖြစ် လူသိများကြတယ် သူတို့ဘက်က ခေါင်းဆောင်တွေကလည်း ကမ္ဘာ့အလယ်မှာ သူတို့နိုင်ငံ ဂုဏ်သတင်းကျော်ဇောစေရန် အဘက်ဘက်က လုပ်ဆောင်လာကြပေမယ့် လူအများစုရဲ့စိတ်ထဲမှာတော့ ပြစ်ချက်တစ်ခုကရှိနေတုန်းပါ အဲဒါကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေပါပဲ ဒီရုပ်ရှင်ဇာတ်လမ်းအကျဥ်းကို ပြောရရင် နာဂျိဘ်ဆိုတဲ့ မလေယာလမ် အိန္ဒိယလူမျိုးတစ်ဦးနဲ့ ဟာကင်ဆိုတဲ့ ခပ်ငယ်ငယ်ကောင်လေးတို့ဟာ ဆော်ဒီနိုင်ငံကို အလုပ်လုပ်ဖို့ ရောက်လာကြပါတယ် အေးဂျင့်စကားအရ ကုမ္ပဏီမှာ အလုပ်ရမယ် မြို့မှာနေစရာရမယ်လို့ ယုံကြည်ထားတဲ့ သူတို့နှစ်ယောက် လာခေါ်တဲ့ကားနဲ့ လိိုက်လာတာ တဖြည်းဖြည်းညဥ့်နက်လို့ ဝေးလံခေါင်ဖျားတဲ့ သဲကန္တရကို ရောက်သွားတယ် တစ်နေရာရောက်တော့ သူတို့နှစ်ယောက်ကို တစ်နေရာစီပို့ခံလိုက်ရပြီး ဘာသာစကားလည်းမသိ၊ ပြောဆိုဆက်ဆံစရာ ကုလားအုတ်တွေပဲ ရှိတဲ့ သဲကန္တာရမှာ ပင်ပန်းဆင်းရဲကြီးစွာ ကျွန်လိုအလုပ်လုပ်ရင်း အိမ်ပြန်လမ်းကို ပြန်တွေ့နိုင်ဦးမှာလား ဆိုတာကတော့ ….. အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

8.6 2024
The Goat Life
Big Fat Liar

Imdb – 5.5/10 ၂၀၀၂ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ ဒီဇာတ်ကားလေးက အမေရိကန်​ ဆယ်​ကျော်​သက်​ဟာသ ရုပ်ရှင်​ဖြစ်ပါတယ်။ Agent Cody Banks ရုပ်ရှင်​တွေမှာ အဓိက​ဇာတ်​ကောင်​အဖြစ်​ ပါဝင်​သရုပ်ဆောင်​ခဲ့တဲ့ Frankie Muniz က ဒီ​ဇာတ်​ကားထဲမှာ​Jason အဖြစ်​ ပါဝင်​ထားပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ Jason က Greenbury မြို့​မှာနေထိုင်တဲ့ ၁၄ နှစ်အရွယ်​ ဆယ်ကျော်သက်တစ်ဦးဖြစ်ပြီး လုပ်​ကြံ​ဇာတ်လမ်း​တွေ ဖန်တီး​လိမ်လည်တဲ့နေရာမှာ ထူးချွန်​သူဖြစ်ပါတယ်။ တစ်နေ့မှာ​ ဆရာမ ပေးလိုက်​တဲ့ အိမ်စာဖြစ်တဲ့ အင်္ဂလိပ်​စာ အက်​ဆေးကို အချိန်​မီထပ်ဖို့ ကျောင်း​ကို​အသွား Marty Wolf ဆိုတဲ့​ သြဇာကြီး ဟောလီးဝုဒ် ပရိုဂျူဆာ တစ်​ဦးရဲ့ ကားနဲ့တိုက်မိပါတယ်။ Marty က Jason ကို ကျောင်း​အထိလိုက်ပို့ပေးပေမဲ့ Jason ရဲ့ အိမ်စာအက်ဆေးက ကား​ထဲမှာကျန်ခဲ့ပါတယ်။ အိမ်စာမထပ်နိုင်လို့ Jason လည်း နွေရာသီ​ အချိန်​ပိုကျောင်း တက်​လိုက်​ရပြီး အဲဒီ​အချိန်​မှာ Marty Wolf ကတော့ Jason ရဲ့ အက်​ဆေးထဲက ဇာတ်လမ်း​ကို Big Fat​Liar​ လို့ အမည်​ရတဲ့ ရုပ်ရှင်​ကားကြီးအဖြစ် ရိုက်ကူး​ဖို့ ကြေငြာ​လိုက်ပါတယ်။ ဒီအကြောင်း​တွေကို​ Jason​ သိသွားတဲ့အခါမှာ သူငယ်​ချင်း​မိန်းကလေး​ဖြစ်သူ​ Kaylee နဲ့အတူ Marty​ Wolf နေထိုင်​ရာ ဟောလီးဝုဒ်​အထိ လိုက်သွားပြီး Marty​ Wolf​ ကို Jason ရဲ့ဇာတ်လမ်းကို ခိုးယူကြောင်း ဝန်​ခံခိုင်းပါတယ်။ Marty က လက်​မခံတဲ့အခါမှာတော့ သူငယ်ချင်း​နှစ်ယောက်​ Marty ကို နည်း​မျိုးစုံ​သုံး​ပြီး ပညူပြဖို့ ကြိုး​စား​ရပါတော့တယ်။ ၂၀၀၀ ခုနှစ်​ကျော်ကာလတွေက အဟုန်​ပြင်းပြင်းနဲ့ ထွက်​ရှိခဲ့တဲ့ Teen/Comedy ရုပ်ရှင်​တွေ​ထဲက တစ်ခု​ဖြစ်​ပြီး ဝင်​ငွေ​အရ​ အောင်မြင်​မှုရရှိခဲ့ပါတယ်။ နာမည်ကြီး​သရုပ်ဆောင်​ Paul Giamatti က ဘဝင်​မြင့်​မောက်​မာပြီး ဆောင့်ကြွားကြွားနိုင်တဲ့ ဟောလီးဝုဒ်​ထုတ်လုပ်​သူ Marty Wolf အဖြစ်​ ပါဝင်​ထားပါ​တယ်။ မိသားစု​နဲ့အတူ ကြည့်​ပျော်​တဲ့ ပေါ့ပေါ့ပါးပါး ဟာသရုပ်ရှင်လေးတစ်ခုဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Family, Comedy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim

0 2002
Big Fat Liar
Be Happy

Be Happy 2025 (ဘဝကို ပျော်ပျော်နေပါ) မင်းသားကြီး အဘီရှိတ်ဘချမ်း၊ လတ်တလောကမှ အမေရိကန်အဆိုတော် ဂျေဆန်ဒရူလိုနဲ့ တွဲဖက်သီဆိုခဲ့ပြီး အိန္ဒိယတောင်ပိုင်းရောမြောက်ပိုင်းကားတွေမှာပါ အကမယ်အဖြစ်ပါဝင်ခဲ့တဲ့ နိုရာတိုရဲ့ အသစ်ထွက်ရှိလာတဲ့ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ရှီဗာဆိုသူဟာ ဇနီးဖြစ်သူ ဆုံးပါးသွားပေမဲ့ ကျန်ရစ်ခဲ့တဲ့ သမီးလေးကို စောင့်ရှောက်ရင်းနဲ့ စ င်ဂယ်လ်ဖခင်တစ်ယောက်အနေနဲ့အတူ နေထိုင်နေပါတယ်။ ရှီဗာ့သမီးလေး ဒါရာကတော့ အကကရတာကို ဝါသနာပါသူဖြစ်ပြီးတော့ ပါရမီလေးကလည်းပါတော့ ထူးထူးထွေထွေ သင်ကြားတာမျိုးမရှိဘဲ အကဗီဒီယိုလေးတွေ ကြည့်ပြီး လေ့ကျင့်တာနဲ့တင် ကျွမ်းကျွမ်းကျင်ကျင် ကတတ်တဲ့သူလေးပေါ့။ ဒါရာလေးရဲ့ အိုင်ဒေါလ်စံပြကတော့ မက်ဂီဆိုတဲ့ အကဆရာမတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ မက်ဂီဦးစီးပြီးလုပ်တဲ့ အကပြိုင်ပွဲတစ်ခု ဒါရာတိုကျောင်းမှာ လုပ်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ဒါရာလေးဟာ ဝင်ပြိုင်ရင်း ပထမဆုရကာ မက်ဂီဦးစီးတဲ့ အကကျောင်းမှာ တက်ရောက်ခွင့်ရဖို အခွင့်အရေးရခဲ့ပါတယ်။ သိုပေမဲ့ မက်ဂီရဲ့အကကျောင်းဟာ မွမ်ဘိုင်းမှာဖြစ်နေတဲ့အတွက် ဒါရာ့အဖေကတော့ ကျောင်းသွားတက်ဖို ခွင့်မပြုပေးခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ဒါရာလေးတစ်ယောက် မက်ဂီ့ကျောင်းကိုသွားနိုင်ဖိုအတွက် ဘယ်လိုနည်းလမ်းတွေ သုံးပြီး ဖခင်ဖြစ်သူကို စည်းရုံးမလဲ ……. ဒါရာလေး ဝါသနာပါရာ အကလမ်းခရီးကရော ဘယ်လိုတွေ ဖြစ်လာမလဲ …… စင်ဂယ်လ်ဖခင်တစ်ယောက်နဲ့ တစ်ဦးတည်းသောသမီးလေးဒါရာတိုရဲ့ ဆက်ဆံရေးကရော ဘယ်လိုတွေ ဖြစ်မလဲ …. ဆိုတာကို ကြည့်ရှုရမဲ့ မိသားစုဒရာမာကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Action • Comedy
0 2025
Be Happy
825 Forest Road
5.8

ဒီတစ်ခါမှာတော့ Horror ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက် ဇာတ်ကားသစ်လေးတစ်ကားကို ယူဆောင်လာပါပြီ။ ဒါရိုက်တာ Stephen Cognetti က ရိုက်ကူးထားတာ ဖြစ်ပြီးတော့ Joe Falcone, Elizabeth Vermilyea, Kathryn Miller စတဲ့သရုပ်ဆောင်တွေ ပါဝင် ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိသားစုအတွင်း အဖြစ် အပျက်ဆိုးတစ်ခုကိုကြုံခဲ့ရတဲ့ Chuck Wilson ဟာ မိန်းမဖြစ်သူ Maria, ညီမဖြစ်သူ Isabelle တို့နဲ့အတူ ဘဝသစ်စတင်ဖို့်အတွက် Ashland Falls ဆိုတဲ့မြို့လေး ဆီကို ပြောင်းလာပါတယ်။ ဒါပေမယ့် မြို့လေးဟာ တကယ်တမ်းတော့ ကျိန်စာသင့်နေတာပါ။ ၁၉၄၀ ခုနှစ်လောက်တုန်းက ကိုယ့်ကိုကိုယ်အဆုံးစီရင် ပြီးတော့ ဝိညာဉ်ဖြစ်သွားတဲ့ Helen Foster ဟာ ဒီမြို့လေးကို ခြောက်လှန့်နေပါတယ်။ တဖြည်းဖြည်းနဲ့ သူတို့ကိုလည်း ဝိညာဉ်က စတင်ခြောက်လှန့်လာပါ တော့တယ်။ မိသားစုကိုကာကွယ်ဖို့အတွက် Chuck ဟာ မြေပုံပေါ်မှာမရှိတော့တဲ့ Helen ရဲ့အိမ်ဖြစ်တဲ့ 825 Forest Road ကိုရှာဖွေရင်း သူ့မိသားစုကိုကယ်တင်နိုင်ဖို့ အတွက် ဝိညာဉ်ဆိုးနဲ့ရင်ဆိုင်ပုံကို ခြောက်ခြားဖွယ် ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းက ရိုးရိုးလေးနဲ့ စိတ်ဝင်စားဖို့ကောင်းပြီးတော့ ကြည့်လို့ကောင်းတဲ့ သည်းထိပ်ရင်ဖို Horror ဇာတ်ကား ကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size… (1.14 GB) / (628 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Drama • Thriller
5.8 2025 101 mins
825 Forest Road
Gemini
4

Gemini (2025) Gemini က၂၀၂၄ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီးတော့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကား အမျိုးအစား ဖြစ်ပါတယ်။ ဂျိုစီနဲ့ ကောလီ လို့ခေါ်တဲ့ အမွှာညီအစ်မနှစ်ယောက်က အကြောင်းအရင်းတချို့ကြောင့် ကွဲသွားပြီးတော့ ဂျိုစီက ကမ္ဘာမြေပေါ် ကျန်ခဲ့ပြီး ကောလီကတော့ ဂလိစ် လို့ခေါ်တဲ့ ဝေးလံတဲ့ ဂြိုလ် တစ်ခုမှာ နေထိုင်တယ်။ ကောလီနဲ့ ဂျိုစီက မွေးတည်းက ဝေးကွာခဲ့ရပေမဲ့ သူတို့မှာ ထူးခြားတဲ့ စိတ်ချင်းဆက်သွယ်နိုင်မှုတစ်ခု ရှိတယ်။ ကောလီက သူ့ရဲ့ ဂြိုလ်ကို စွန့်ခွါပြီး အမွှာ ဖြစ်တဲ့ ဂျိုစီ ကို ရှာဖို့လုပ်ရာကနေ ကြုံလာတဲ့အခက်အခဲတွေကို ညီအစ်မနှစ်ယောက် အတူတူ ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phoo Khin ဖြစ်ပါတယ်။) File size… (1.7 GB) / (780 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Sci-Fi Duration…. 01:48:51 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Eaint Phoo Khin

Action • Adventure • Crime
4 2025 105 mins
Gemini
Liar, Liar, Love is on Fire
5.8

ချစ်စရာကောင်းတဲ့ Influencerမလေးတစ်ယောက်ရဲ့ ပေါ့ပေါ့ပါးပါးဟာသအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ရှောင်လိနဲ့ဟောက်ကျားတို့ဟာ အများအမြင်မှာတော့အရမ်းကိုချစ်ကြတဲ့ အားကျရတဲ့ချစ်သူစုံတွဲဖြစ်ပြီးတော့ တကယ်တန်းမှာတော့ သူတို့ကဝင်ငွေရဖို့အတွက် ဟန်ဆောင်ပြီးVlogတွေရိုက်နေကြတာပဲဖြစ်ပါတယ်။ Followersတွေတဖြည်းဖြည်းနဲ့ကျလာတော့ သူတို့ရဲ့ဝင်ငွေထိခိုက်လာတော့ ရှောင်လိက အကြံကုန်ဂဠုန်ဆားချက် သူတို့ရဲ့မင်္ဂလာဆောင်ကို Liveလွှင့်မယ်ဆိုပြီးတော့ စီစဉ်လိုက်ပါတယ်။ ဒါပေမယ့် ဟောက်ကျားက ဘယ်လိုမှသဘောမတူပါဘူး။ ဟောက်ကျားသဘောတူလာအောင် အမျိုးမျိုးလှည့်ပြောရင်း ရှောင်လိကသစ္စာကျိန်ဆိုမိရာကနေပြီးတော့ လုံးဝလိမ်ပြောလို့မထွက်နိုင်တဲ့သူတစ်ယောက်ဖြစ်သွားပါတယ်။ ဘယ်လိုမှလက်မခံနိုင်တဲ့ဟောက်ကျားက ဇာတိမြို့လေးကိုပြန်သွားခဲ့တော့။ အရင်က Viewer တိုးဖို့အရေးဘာမဆိုလုပ်ပြီး အလိမ်အညာတွေကို လှည့်ပတ်ပြောတတ်တဲ့ ရှောင်လိတစ်ယောက် ဟောက်ကျားရဲ့ဇာတိကို လိုက်သွားပြီးတော့ လိမ်မပြောပဲ ဟောက်ကျားကလက်ထပ်ဖို့ သဘောတူအောင်ဘယ်လိုလုပ်မလဲဆိုတာကိုကြည့်ရမယ့် ဟာသကားလေးပဲဖြစ်ပါတယ်။

Drama • Comedy
5.8 2025
Liar, Liar, Love is on Fire