YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Amazing.Saturday.E220.220709.720p-CM.mp4

1.3 GB N/A video/mp4 117 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ride On
7

Ride On (2023) ============ မင်းသားကြီး ဂျက်ကီချန်းရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဂျက်ကီချန်းနဲ့ အတူ ရှောင်လင် (၂၀၁၁) ရုပ်ရှင်မှာ ပါဝင်ဖူးခဲ့တဲ့ Xing Yu နဲ့ Jing Wu၊ New Police Story မှာ ပါဝင်ခဲ့တဲ့ Andy On နဲ့ Rongguang Yu တို့အတူပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကတော့ CGI တွေခေတ်မစားခင် ဂျက်ကီချန်းတို့ရဲ့ ဟောင်ကောင်ရုပ်ရှင်ရွှေခေတ်က စတန့်သမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတာလဲဖြစ်ပါ တယ်။ စတန့်သမားတွေရဲ့ ဘဝတွေ၊ ခံစားချက်တွေကို ပုံဖော်ပြသ ထားတာပါ။ ဇာတ်လမ်းအကျဉ်း - ဂျက်ကီချန်းဟာ လော့ကျီလုံဆိုတဲ့ စတန့်သမားဟောင်းအဘိုးကြီး အနေနဲ့ ပါဝင်ထားပါတယ်။ သူ့မှာ သားအရင်းလိုချစ်ရတဲ့ မြင်းလေး ဖိုးနီ(ချိထူ)ပဲရှိပြီး သူတို့နှစ်ယောက်တည်း ဆင်းဆင်းရဲရဲနဲ့ အလုပ် ရှာပြီး အသက်မွေးနေရတာပါ။ သူ့ရဲ့သမီး ရှောင်ပေါင် ကလည်း သူ့ကို စိတ်နာစရာတွေရှိတာကြောင့် စကားမပြော အသိအမှတ်မပြုပါဘူး။ သူ့ရဲ့မြင်းလေးဖိုးနီဟာ သူ့ကို ကုမ္ပဏီပိုင်ရှင်သူဌေးဝမ်က မသေခင် လက်ဆောင်ပေးခဲ့တာပါ။ ဒါပေမဲ့အဲဒီသူဌေးရဲ့ ကုမ္ပဏီ ဒေဝါလီခံရပြီး နောက်မှာ ကုမ္ပဏီအသစ်က သူ့ရဲ့မြင်းကိုပါ ကုမ္ပဏီပိုင်ပစ္စည်းအနေနဲ့ သိမ်းဖို့ကြိုးစားလာပါတယ်။ တချိန်တည်းမှာပဲ သူ့ရဲ့အကြွေးရှင်တွေ ကလည်း မြင်းကို အကြွေးနဲ့သိမ်းဖို့ အတင်းကြိုးစားလာပါတယ်။ အဲဒီ အန္တရာယ်တွေကြားမှာ မြင်းလေးကိုကာကွယ်ဖို့ ဘယ်လိုတိုက်ခိုက်ရုန်း ကန်ရလဲဆိုတာကို ဆက်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(2.33 GB) / (1.0 GB) / (600 MB) Quality............WEB-DL 1080p / 720p / 480p Duration.........2Hr 06Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Drama Translator.......Mr.Anderson Encoder..........SWM

Comedy • Crime • Drama
7 2023 126 mins
Ride On
Somebody I Used to Know
6.1

ဒီရုပ်ရှင်လေးကတော့ ရည်းစားဟောင်းရဲ့ မင်္ဂလာဆောင်ကို သွားရှုပ်တဲ့အကြောင်းကိုမှ ပူရဆွေးရတာတွေ၊လက်ခံပေးရတာ၊အသည်းကွဲရတာ၊ အသစ်ပြန်စရတာမျိုးတွေစတဲ့ ချိုချဥ်စပ်ခါးအရသာလေးနဲ့ကြည့်ရှုရမှာပါ၊ ဇာတ်လမ်းကိုတော့ မမAlison Brieနဲ့ ခင်ပွန်းဖြစ်သူ now you see meထဲက မင်းသားDave Francoတို့အတူတူဇာတ်ညွှန်းရေးပြီး အယ်လီနေရာမှာ မမAlison Brieကသရုပ်ဆောင်၊ Dave Francoက ဒါရိုက်တာလုပ်ပြီးအပြိုင်ကြဲထားကြပါတယ်။ အတိတ်မှာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အတိတ်မှာပဲထားခဲ့၊ လက်ရှိဘဝကိုယူလာရင်တော့ အနာဂတ်ပါရှုပ်ထွေးသွားနိုင်တာကိုရိုက်ပြထားပြီး ကိုယ့်ကိုယ်ကိုလက်ခံတတ်စေဖို့ စိတ်ဝင်စားစရာဇာတ်လမ်းလေးနဲ့ရိုက်ပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ အယ်လီဟာ အစီအစဥ်တင်ဆက်သူတစ်ယောက်၊ အလုပ်ကိုပဲတမ်းတမ်းစွဲလုပ်တတ်သူပေါ့၊ ဒီအလုပ်ကိုရွေးချယ်ခဲ့တာကြောင့် ရည်းစားဟောင်းဖြစ်သူ ရှောင်နဲ့ ကွေကွင်းခဲ့ရတာပေါ့နော်။ သူလုပ်ချင်တဲ့ ရှိုးကို သုံးနှစ်လောက်လုပ်အပြီးမှာ အကြောင်းမလှဘဲရှိုးပွဲကရပ်နားခံလိုက်ရတေ ာ့ အယ်လီတစ်ယောက်စိတ်ဓာတ်တွေကျပြီး မိခင်ရှိရာနယ်မြို့လေးကိုပြန်လာခဲ့တယ်ပေါ့၊ ရောက်တဲ့နေ့မှာပဲ မထင်မှတ်ဘဲ ရီးစားဟောင်း ရှောင်နဲ့ပြန်တွေ့ပြီး ဇာတ်လမ်းလေးတွေပြန်စမယ်ကြံမိခါမှ သူက မင်္ဂလာဆောင်တော့မှာတဲ့၊ အဲ့ဒီနောက်မှာတော့ File Size :(1.5GB) and (644MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:46:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Horror • Western
6.1 2023 106 mins
Somebody I Used to Know
Almost Pyaar with DJ Mohabbat
8

ယခုတစ်ခါအလှည့်ကျတာကတော့ Parallel Universe အကြောင်း စိတ်ဝင်စားသူတွေအကြိုက်တွေ့စေမဲ့ အပြိုင်စကြဝဠာအကြောင်းပါ မင်းသမီးချောလေး အာလ်ယာအက်ဖ်နဲ့ မင်းသား ကာရန်မဲဟ်သာတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ အပြိုင်စကြဝဠာ ..တစ်ဖက်စကြဝဠာကကိုယ်ကဒီအချိန်ဘာတွေလုပ်နေလိမ့်မလဲ ဒီဘက်မှာစော်မရှိတဲ့လူတွေရော ဟိုဘက်လောကမှာရည်းစားရနေမလား ဒါကတော့တော်တော်များများတွေးဖူးကြမှာပါ ဒါဆိုရင်တော့ဒီကားကိုကြည့်သင့်ပါတယ်။ ဟာမိနဲ့ အိုင်ရှာကတစ်တွဲ ယာဂုနဲ့ အမ်ရီတာကတစ်တွဲ ပြသွားမဲ့ပုံစံပဲဖြစ်ပါတယ် ဟာမိနဲ့အိုင်ရှာကတော့ဘားတစ်ခုမှာတွေ့ဆုံရာကစပြီးဖြစ်တည်လာမဲ့စုံတွဲဖြစ်ပြီး ယာဂုနဲ့အမ်ရီတာကတော့ ဟိုလီပွဲကိုအကြောင်းပြပြီးတွေ့ဆုံရမှာပါ။ တစ်ပိုင်းချင်းစီကိုသေချာလေးကြည့်ရင်တော့ ဟာကွက်မရှိတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပါလို့ညွှန်းဆိုရင်း... ဘာသာပြန်တွေကတော့ Yunni,Bplနဲ့ Thaik Sanတို့ဖြစ်ပါတယ်။ File size…1.5GB / 659MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~ Thaik San

Drama • History • Music
8 2023 119 mins
Almost Pyaar with DJ Mohabbat
Abraham Lincoln: Vampire Hunter
5.7

အမေရိကကို ပြင်ပကနေ ဘယ်တော့မှ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ကျုုုပ်တို့အင်အားချိနဲ့ပြီး လွတ်လပ်မှုတွေ ဆုံးရှူံးရပြီဆိုရင် ဒါဟာကျုပ်တို့ကိုယ်တိုင် ဖျက်ဆီးပစ် တာကြောင့်ပဲ ဖြစ်လိမ့်မယ်။(အေဘရာဟမ်လင်ကွန်း) သမ္မတလင်ကွန်း ဆိုခဲ့သလို စစ်ရေး၊ စီးပွားရေး မဟာအင်အားကြီးစူပါပါဝါအမေရိကကို ပြင်ပကမ္ဘာက ဖျက်ဆီးနိုင်ဖို့၊ ရန်သတ္တရုပြုဖို့ဆိုတာ မလွယ်လှသလို၊ ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ကြုံတွေ့ရမှာ မြေကြီးလက်ခတ်မလွဲပါပဲ။ 'သွေးထွက်သံယိုမှုမရှိဘဲ နိုင်ငံတစ်ခုကို မတည်ဆောက်နိုင်' ဆိုတဲ့အတိုင်း လင်ကွန်းကိုယ်တိုင်ထိတ်လန့်ခြောက်ခြားဖွယ်ရာ သွေးသံရဲရဲ အနိဌာရုံတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေကို ရှောင်လွှဲမရစွာ လုပ်ဆောင်ခဲ့ရတာလည်း ရှိလေရဲ့။ လင်ကွန်းရဲ့ ကျော်ကြားလှတဲ့ အထက်ပါစကားရပ်လို အမေရိကကိုအပြီးတိုင် ဖျက်ဆီးပစ်မယ့် ရန်သူဟာ နိုင်ငံအတွင်းမှာ တကယ်ကိုရှိနေခဲ့ပါပြီ။ အေဘရာဟမ်လင်ကွန်း လို့ဆိုလိုက်တာနဲ့အမေရိကရဲ့ ၁၆ ယောက်မြောက်သမ္မတ၊ ငွေဝယ်ကျွန်စနစ် ပပျောက်ရေး ကြိုးပမ်းသူစတဲ့ သမိုင်းအချက်အလက် တွေကိုသာ သတိရကြစမြဲပါ။ လင်ကွန်းနဲ့ပတ်သက်ပြီး အလွန်အရေးကြီးလှသည့်တိုင် သမိုင်းမတွင်တဲ့ အကြောင်းခြင်းရာတစ်ခုကတော့ အင်မတန် လူသိနည်း လှပါတယ်။ အဲဒါကတော့လင်ကွန်းဟာ နေ့ဘက်မှာ တိုင်းပြည်ကို သမ္မတအဖြစ် စီမံအုပ်ချုပ်ပြီး၊အကာလ ညအခါမှာ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံသုတ်သင် ချေမှုန်းသူတစ်ဦး ဆိုတာပါပဲ။ ဒီသမိုင်းဖြစ်ရပ်တွေကို ဆက်သ်ဂရေဟမ်စမစ်သ် က လေ့လာဖော်ထုတ် ဇာတ်ညွှန်းခွဲပြီး၊ ဒါရိုက်တာ ဘက်ခ်မမ်ဘီတော့ဗ် က ရိုက်ကူးတင်ပြလိုက်တဲ့အခါ -Abraham Lincoln: Vampire Hunter ဆိုပြီး ဖြစ်လာပါတယ်။ ခေါင်းဆောင်မင်းသား ဘင်ဂျမင်ဝေါ်ကာရဲ့အထူးပီ ပြင်လှတဲ့ အင်ပြည့်အားပြည့် သရုပ်ဆောင်ချက်တွေ၊ သွေးပျက်ခြောက်ခြားစရာ တိုက်ခိုက်ခန်းတွေ၊ အန်ထော်နီမက်ကီ၊ ဒေါမနစ်ကူးပါး စတဲ့ ဇာတ်ပို့ကောင်းတွေ၊ မင်းသမီးချော မယ်ရီအဲလီဇဘက်သ်ဝင်းစတက်ဒ် ရဲ့ အားဖြည့်မှုတွေနဲ့ဇာတ်ကားကောင်းတစ်ကားလို့ ဆိုနိုင်ပါတယ်။ ၂၀၁၂ က ထွက်တဲ့ ဒီဇာတ်ကားကို ထိတ်လန့်သဲဖိုအက်ခ်ရှင်ကားအဖြစ်သာ ကြည့်ဖို့တော့ အကြံပြုချင်ပါတယ်။ စတီဗင်စပီးလ်ဘာ့ဂ် ရိုက်ကူးပြီး၊ ဒန်နီယယ်လ်ဒေးလူးဝစ္စ အော်စကာဆုရခဲ့တဲ့Lincoln နဲ့နှိုင်းယှဉ်မကြည့်ဘဲ၊ ပေါ့ပေါ့ပါးပါး action&horror ကားအဖြစ် ကြည့်မယ်ဆိုရင် Abraham Lincoln: Vampire Hunter ဟာ ကြည့်ပျော်ရုံအဆင့်ထက် များစွာသာလွန်ကြောင်းပါ။ File size…2.1GB / 1.1GB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 45m Genre ..... Action , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

Comedy
5.7 2012 105 mins
Abraham Lincoln: Vampire Hunter
Hell's Garden
6.8

ဒီတစ်ခါမှာတော့ Imdb 6.4/10 ရရှိထားတဲ့ ဂျပန်ဟာသအက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် သာမန်ကားတွေနဲ့ မတူတာကတော့ မိန်းကလေးတွေ တိုက်ခိုက်နေကြတာကိုပဲ မြင်ရမှာဖြစ်ပါတယ်။ ဘယ်နယ်ပယ်မှာမဆို ဝန်ထမ်းအမျိုးသမီးတွေရဲ့ အုပ်စုတွေရှိကြပါတယ်။ ကုမ္ပဏီတစ်ခုထဲမှာလည်း အုပ်စုတွေအများကြီးရှိနိုင်သလို အုပ်စုရဲ့ ဘော့စ်ကိုတိုက်လို့နိုင်သွားတာနဲ့ တစ်အုပ်စုလုံး အနိုင်ရတဲ့သူလက်အောက်ရောက်မှာပါ။ အဲဒီလိုနဲ့အုပ်ချုပ်နေကြပါတယ်။ တာနာခနာအိုကိုဆိုတဲ့ မိန်းကလေးကတော့ အဲဒီကိစ္စတွေစိတ်မဝင်စားဘဲ သာမန်ရုံးအလုပ်လေးပဲ လုပ်နေချင်တဲ့သူပါ။ ဒါပေမဲ့ တစ်နေ့ ရုံးကို အသစ်ရောက်လာတဲ့ ဟိုဂျိုရန်ဆိုတဲ့ ဝန်ထမ်းသစ်က ကုမ္ပဏီကို လက်ရှိအုပ်ချုပ်နေတဲ့ အုပ်စု ၃ စုလုံးကိုအနိုင်ရသွားတဲ့အခါ ... ဒါ့အပြင် နာအိုနဲ့လည်း အရမ်းခင်မင်သွားတဲ့အခါမှာတော့ ... ပါဝင်ပတ်သတ်မိတဲ့ နာအိုတစ်ယောက် သူလိုချင်တဲ့သာမန်ဘဝလေးကို ဆက်လက်ထိန်းသိမ်းနိုင်ပါ့မလား? (ဇာတ်လမ်းအညွှန်းကို ကို Shin Rina က ရေးပေးထားပါတယ်။) File Size          : 3.7GB, 1.1GB, 542MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 42mins Genre              : Comedy, Drama Translated by Shin Rina Encoded by Kinnov

Drama • Romance
6.8 2021 102 mins
Hell's Garden
The Weather Man
6.1

ကျွန်တော်တို့အားလုံးဟာ ဘဝသင်ခန်းစာတွေကို ပုံစံအမျိုးမျိုးနဲ့ life long learningလုပ်နေရတဲ့ ဘဝကျောင်းတော်ထဲက ကျောင်းသားလေးတွေပေါ့။ တစ်ခါတလေမှာ အလွယ်တကူနားလည်လိုက်တာ ရှိပေမဲ့ တစ်ခါတစ်လေကျ ခက်ခက်ခဲခဲနဲ့ ရင်းနှီးပေးဆပ် မှုတွေများပြီးမှ ရင်ဘတ်ကြီးကိုရင်းနှီးလိုက်ရပြီးမှ သင်ယူလိုက်ရတာတွေလည်း အများကြီးပါပဲ။ လွယ်ကူတယ်ဆိုတာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ ဘဝထဲကို ဝင်မလာဘူးလို့ ဒေ့ဗ်ရဲ့အဖေက ဒေ့ကို အမြဲဆုံးမပါတယ်။ ဒါပေမဲ့ဒေ့ဗ်တစ်ယောက် ဒါကို လက်မခံနိုင်ဘဲ ပြဿနာပေါင်းစုံနဲ့ ဗရုတ်သုတ်ခလူ့ဘဝကြီးကို အကြီးအကျယ်အဆိုးမြင်နေသူတစ်ယောက်ပါ။ အသက်အရွယ်နဲ့ယှဉ်ရင် မရင့်ကျက်နိုင်သေးတဲ့ဒေ့ဗ်ကတော့ ဘဝရဲ့ပြဿနာတွေကို ထိုင်အလိုမကျဖြစ်နေတဲ့ Grumpy kidလိုပါပဲ။(Grumpyဖြစ်မဖြစ်ကတော့ တစ်ကားလုံးကိုလွှတ်ဆဲနေတော့တာ) work lifeကိုကြည့်ရင်လည်း ဒေ့ဗ်စပရစ်ဇ်ရဲ့ဘဝက စာမေးပွဲခန်းထဲက ကျွန်တော်တို့နဲ့မခြားပါဘူး။ စာမေးပွဲခန်းထဲ ထိုင်နေပေမဲ့ စာဆိုတာဒါလားလို့မေးယူရတဲ့အနော်တို့လိုပဲ သူလည်း မိုးလေဝသပညာဆိုတာ ချိုနဲ့လားဆိုသလိုပါပဲ။ ဒီလိုလူက မိုးလေဝသသတင်းကြေညာသူဆိုတော့ကာ သူမှန်းသမျှကတော့ ကတွတ်ပီအမဲလိုက်သလိုပါပဲ___ ပြောင်းပြန်မှတ်ယူမှ စိတ်ချရမှာပါ။ အလုပ်ကအဆင်မပြေတော့ Family Lifeကိုကြည့်တော့လည်း တလွဲ။ ဇနီးဖြစ်သူနိုရင်းနဲ့ကလည်း တကျက်ကျက်ရန်ဖြစ်၊ နေ့တိုင်းဆူပူနေတဲ့မိဘတွေကြောင့် စိတ်ထွက်ပေါက်ရှာ‌တဲ့ ကလေးတွေက ဆေးစွဲတဲ့လူနဲ့ ဆေးလိပ်သောက်တဲ့လူနဲ့ ပြဿနာတွေဒုနဲ့ဒေး။ ဒီကြားထဲမှာမှ အဖေဖြစ်သူရဲ့ သတင်းဆိုးကလည်း သူ့အတွက်တော့ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာပါပဲ။ Social lifeကတော့ အထွေအထူးပြောစရာ မလိုပါဘူး။ တလွဲချည်းပဲ တီဗီပေါ်တက်တက်ပြောနေတဲ့ဒေ့ဗ်ကို လူတွေကအင်မတန်ချစ်ခင်ကြတော့ အပြင်မှာတွေ့ရင် ကြုံသလို သွားရည်စာနဲ့ပစ်ပေါက်ပြီး ဆွမ်းကြီးလောင်းကြပါတယ်။ ဒီလိုစုတ်ပြတ်နေတဲ့ဒေ့ဗ်ရဲ့ဘဝကို ပြောင်းလဲပေးမယ့် မဟာအခွင့်အရေးဖြစ်တဲ့ သူ့ရဲ့Dream Jobက သူ့ရှေ့မှောက်ကို ရောက်လာတဲ့အခါမှာတော့ သူ့ရဲ့ရွေးချယ်မှုတွေ အရင်လိုပဲ ဝေဝါးနေဦးမှာလား။ ဘဝရဲ့ပြဿနာတွေကိုရော သူဘယ်လို ဖြေရှင်းသွားမလဲဆိုတာ အတူတူကြည့်ရှုလိုက်ရအောင်ပါ။ Family Dramaပီသစွာနဲ့ လက်တွေ့ဘဝကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ Nicolas Cageရဲ့နာမည်ကျော်ရုပ်ရှင်ကား တစ်ကားဖြစ်သလို လက်တွေ့ဘဝလိုပဲ မထင်မှတ်ထားတာတွေ အလွဲအချော်တွေ အဖုအထစ်တွေရှိလာတဲ့အခါမှာ လူသားတွေ အတွက်လိုအပ်တဲ့ self-acceptance ဆိုတာကို မျက်ဝါးထင်ထင် ရိုက်ကူးပြထားတဲ့ဒရာမာကောင်းတစ်ကားဆိုတာတော့ ငြင်းမရတဲ့ အမှန်တရားပါပဲ။ life lessonက ပြောင်မြောက်သလို ပရိတ်သတ် ရင်ထဲကိုထိသွားစေမဲ့ နောက်ထပ်တစ်ခုကတော့ ဒေ့ဗ်နဲ့ ရောဘတ်တို့ရဲ့ ဖခင်မေတ္တာပါပဲ။ Comedy drama‌ ကောင်းတစ်ခုပီပီ အခွီလေးလည်းပါ Deepသွားမဲ့scene‌‌လေးတွေလည်းပါတာဖြစ်လို့ ဘဝရဲ့အဆင်မပြေမှုတွေကြားက warming vibe‌လေးကို လိုအပ်နေတဲ့ ပရိသတ်တွေအတွက် Healing ဖြစ်စေမယ့် ရုပ်ရှင်ကားအဖြစ် ညွှန်းပေးလိုက်ရပါတယ်။ File size…1.66GB / 642MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ..... Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

Action • Adventure • Comedy • Romance
6.1 2005 101 mins
The Weather Man
Rally Road Racers
7.5

Rally Road Racers (2023) ကားပြိုင်ပွဲအခြေခံ ကာတွန်းရုပ်ရှင်အသစ်လေးလာပါပြီ။ ထုံးစံအတိုင်း မိသားစုမေတ္တာတွေ၊ ဟာသတွေ နဲ့ စွန့်စားခန်းတွေပေါ့။ အသံသရုပ်ဆောင်မင်းသမီးကတော့ Agents of SHIELD ထဲက အေးဂျင့်ဒေစီဖြစ်တဲ့ Chloe Bennet ပါပဲ။ ဇာတ်လမ်းအကျဉ်း လိုးရစ်မျောက်မျိုးနွယ်လေးတွေ နေတဲ့ ရွာကလေးက ချီချီဆိုတဲ့ကောင်လေးဟာ ပြိုင်ကားတွေမောင်းဖို့ ဆုတွေယူဖို့ အရူးအမူးကြိုးစားနေတဲ့ကောင်လေးပါ။ ဒါပေမဲ့ သူ့အဘွားကတော့ ဒါကို ခွင့်မပြုပါဘူး။ တစ်နေ့မှာတော့ သူတို့ရဲ့ရွာလေးကို အပိုင်ဝယ်သိမ်းပြီး ဖျက်ဆီးဖို့ကြိုးစားလာသူ ပေါ်လာပါတယ်။ အဲဒီလူကတော့ အာချီဗိန်းဂလိုးရီးရက်ဆိုတဲ့ ပြိုင်ကားချန်ပီယံ ဖားကြီးပါပဲ။ အိမ်ကိုပြန်ရွေးဖို့ ပိုက်ဆံမရှိတဲ့ ချီချီဟာ ဗိန်းနဲ့အပေးအယူတစ်ခုလုပ်လိုက်ပါတယ်။ ပြိုင်ကားလောကရဲ့အခက်ဆုံး အကြမ်းဆုံး ပိုးသားလမ်းပြိုင်ပွဲမှာ သူနိုင်ခဲ့ရင် သူ့ရွာလေးနဲ့ သူ့အိမ်ကိုပြန်ပေးဖို့ပါပဲ။ အဲဒီနောက်မှာတော့ ဘယ်လိုမှမနိုင်နိုင်တဲ့ ပြိုင်ပွဲကြီးကို ချီချီတစ်ယောက် မိတ်ဆွေတွေ ချစ်တဲ့သူတွေရဲ့အကူအညီနိုင် ဝင်ပြိုင်ခဲ့တဲ့အခါ... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။

Drama • Fantasy
7.5 2023 92 mins
Rally Road Racers
Three Times Nothing
6.5

ဒီတစ်ခါမှာတော့ ဘ၀မှာရင်ဆိုင်ရမယ့် အတွေ့အကြုံ အခက်အခဲတွေကို ဟာသနှောပြီးရိုက်ထားတဲ့ ပြင်သစ်ဟာသကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ ဗလာလူတန်းစားတွေမှာ ဘယ်လိုဘဝတွေရှိမလဲ.. ဗလာလူတန်းစား ၃ယောက် ဆုံမိတဲ့အခါ ဘာတွေဖြစ်လာမလဲ.. မတူညီတဲ့ ဘဝမျိုးစုံကနေလာတဲ့ အိမ်ခြေယာမဲ့ ၃ယောက်ရဲ့ ဘဝအတက်အကျတွေ.. ၃ယောက်လုံးမှာ မတူညီတဲ့ အိပ်မက်တွေရှိကြပြီး အဲ့ဒီအိပ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ.. ငွေကြေးဟာ ဘဝမှာ ဘယ်အတိုင်းအတာအထိ အရေးပါသလဲ.. ဆိုတာတွေကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရမှာဖြစ်ပါတယ် ကျွန်တော်တို့ တော်ရုံဆို သိပ်ပြီး စိတ်ကူးမယဉ်ကြည့်ဖူးတဲ့ ပစ္စည်းမဲ့လူတန်းစားတွေရဲ့ နေ့စဉ်ဘဝတွေ၊ ဘာရုပ်ဝတ္ထုမှ မလိုဘဲ ပျော်ရွှင်အောင် နေတတ်ကြတဲ့ ပုံစံတွေကို ခံစားကြည့်ချင်ရင်တော့ ဒီဇာတ်ကားလေးကို မြည်းစမ်းကြည့်ဖို့ recommendပေးပါတယ်..။ (မှတ်ချက် - ပြင်သစ်ကားကို English နောက်ခံသံနဲ့ဆိုပေမယ့် တစ်သားတည်းလိုပဲမို့ ကြည့်ရအတော်အဆင်ပြေပါတယ် ) File Size__(1.8GB) / (850MB) Quality__WebDL-1080p, 720p IMDb Rating__6.4/10 Format__mp4 Duration__01:38:00 Type__Comedy , Drama Subtitle__Myanmar Subtitle (Hardsub) Translated by Khu Encoded by Naing Aung Latt

Adventure • Family
6.5 2022 94 mins
Three Times Nothing
Toy Story 3
7.8

Toy Story ဟာ ကျနော်တို့ မျိုးဆက်အတွက် တော့ ငယ်ဘဝဖြစ်ခဲ့ပါတယ်။ တစ်သက်လုံးလည်း Andy Woody Buzzlight Year တို့ကို မေ့ရနိုင်မယ် မထင်ပါဘူး။ ထွက်ခဲ့တဲ့ သုံးကားလုံးဟာ စိတ်ကြည်နူးဖွယ် ကောင်းပေမယ့် နောက်ဆုံးထွက်ခဲ့တဲ့ Toy Story 3 ကတော့ ရင်ထဲအထိဆုံးပါပဲ။ ဒီကားမှာ Andy ဟာလည်း တော်တော်လေး ကြီးနေပြီဖြစ်ပြီး သူရဲ့ အရုပ်တွေကို မှားပြီးတော့ Day Care centre တစ်ခုကို ပေးခဲ့ပါတယ်။ အဲ့မှာ တော်တော်လေး ဆိုးတဲ့ အရုပ်တွေလက်ကနေရုံးထွက်ခဲ့ရပြီးနောက် နောက်ဆုံးခန်းမှာ Andy ဟာ သူရဲ့အရုပ်တွေကို ကောင်မလေးတစ်ယောက်ကို ပေးခဲ့ပါတယ်။ ပေးပြီးတော့ အဲ့ကောင်မလေးနဲ့ အတူတူ အရုပ်တွေနဲ့ ကစားလိုက်ပါသေးတယ်။ ဒီလိုကစားတာဟာ Andy အတွက် Woody Buzz တို့နဲ့နောက်ဆုံးကစားတာဖြစ်တဲ့ အပြင် ကျနော်ကလေးဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Toy Story ပြီးဆုံးသွားပြီဆိုတဲ့ အသိကြောင့် မျက်ရည်ကျမိခဲ့ ပါတယ်။ (review credit to datshin) File Size : 808 MB Quality : Bluray 720p Running Time : 1hr 43 minute Format : Mp4 Genre :  Animation, Adventure, Comedy Translator : Ye Man Aung Encoder : Moe Myint Lwin

Action • Thriller
7.8 2010 103 mins
Toy Story 3
Chiara
5.9

Rotten Tomatoes 80%အထိ ရထားတဲ့ အင်မတန်ကောင်းလှတဲ့ အီတလီ ရုပ်ရှင်တစ်ကားကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်။ My brilliant friend series မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ အီတလီ ရုပ်ရှင်မင်းသမီးချောလေး Margherita Mazzuccoက The Champion, Everything you want, Lovely boy, Romantic Guide to Lost Places အစရှိတဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာကို သရုပ်ဆောင်ဖူးတဲ့ မင်းသားချော Andrea Carpenzanoနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကြောင်း မပြောခင်မှာ ဇာတ်လမ်းနဲ့ တိုက်ဆိုင်နေတဲ့ ကျွန်တော့်သူငယ်ချင်းအကြောင်းကို နည်းနည်းလေးအရင်ပြောပြချင်ပါတယ်။ တမင် အာလူးဖုတ်တာ မဟုတ်ဘဲ ဇာတ်လမ်းနဲ့သက်ဆိုင်လို့ ပြောရတယ်လို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ ကျွန်တော့်မှာ လူ့လောကကို စိတ်ကုန်ပြီး သာသနာ့ဘောင်ထဲ အပြီးဝင်ဖို့ ရာသက်ပန် သီလရှင် ဝတ်မယ်လို့ ဆုံးဖြတ်ထားတဲ့ သူငယ်ချင်းရှိပါတယ်။ သူပြောတာက သာသနာ့ဘောင်ထဲ ဝင်လိုက်ရင် တကယ်ပဲငြိမ်းချမ်းသွားမယ်တဲ့။ ကျွန်တော်တို့သူငယ်ချင်းတွေကလည်း သူ့ကို ပြန်​ပြီး နားချကြတာပေါ့ဗျာ။ သီလရှင် ရာသက်ပန်ဝတ်လိုက်လို့ တကယ်ပဲ ငြိမ်းချမ်းမယ် ထင်လို့လားပေါ့။ သာသနာ့လောကထဲမှာလည်း သူ့ အခက်ခဲနဲ့ သူ၊ သူ့ အရှုပ်ထွေးနဲ့ သူ ရှိနေကြဆိုတာကို မျက်မြင်တွေ့နေကြရတာပဲ မဟုတ်လား။ ယခု ရုပ်ရှင်ထဲမှာဆိုရင် ကလဲလို့ခေါ်တဲ့ ကောင်မလေးက ဆွေကြီးမျိုးကြီးကနေ ဆင်းသက်လာတဲ့ ကောင်မလေး တစ်ယောက်ပါ။ ကလဲက ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာကို လူ့လောကမှာ ချန်ထားခဲ့ပြီး သီလရှင် ဝတ်လိုက်ပါတော့တယ်။ ကလဲ ကျင့်တဲ့လမ်းစဉ်က ပိုင်ဆိုင်သမျှကို စွန့်လွှတ်ပြီး လောဘကို အဆုံးသတ်ကာ ဆင်းရဲခြင်းလမ်းစဉ်ကျင့်သုံးတာဖြစ်ပါတယ်။ ဇာတ်အိမ်က ၁၂၁၁ ခုနှစ်မှာ တည်ထားတာပါ။ ယခု ၂၁ရာစုမှာတောင် gender equalityက ရသင့်သလောက် မရသေးဘဲ ရှိနေသေးတာ ၁၂၁၁ ခုနှစ်ဆိုတော့ ပိုဆိုးပေါ့။ ဘုန်းတော်ကြီးနဲ့ သီလရှင်တွေမှာ ယောင်္ကျားသားဖြစ်တဲ့ ဘုန်းတော်ကြီးတွေက သာသနာ့လောကကို အုပ်စိုးထားပုံတွေ၊ သီလရှင်တွေကို ဘုန်းကြီးတွေလောက် မတူသလို မတန်သလို ဆက်ဆံကြပုံတွေ၊ သီလရှင်တွေအပေါ်ကို အမျိုးမျိုးသော နှိမ့်ချမှုတွေကို ဒီရုပ်ရှင်ထဲမှာ ကွက်ကွက်ကွင်းကွင်း သရုပ်ဖော် ပြသထားတာဖြစ်ပါတယ်။ ကလဲ တစ်ယောက် သီလရှင်တွေကို ဖိနှိပ်ကြတဲ့ အမျိုးမျိုးအဖုံဖုံကို ဘယ်လိုရင်ဆိုင်သွားမလဲ၊ သူ့ရဲ့ကျင့်စဉ်နဲ့ လူ့လောကကို ဘယ်လို အကျိုးပြုသွားမလဲ၊ ယောင်္ကျား ကြီးစိုးတဲ့ ကမ္ဘာကြီးမှာ မိန်းမသားဖြစ်တဲ့ သီလရှင်တွေအတွက် တရားမျှတမှုနဲ့ တန်းတူညီမျှမှုကို ဖော်ဆောင်ပေးမယ့် သာသနာ့ဘောင် စစ်အေးတိုက်ပွဲတွေကို ဒီရုပ်ရှင်မှာ ခံစားနိုင်မှာဖြစ်ပါတယ်။ ရုပ်ရှင်ထဲက ဒိုင်ယာလော့တွေ စာပေကျမ်းဂန်တွေက တကယ့်အနှစ်ပါလှပြီး မည်သည့်ဘာသာကို ကိုးကွယ်သူမဆို ဒီရုပ်ရှင်ကို ကြည့်သင့်ကြည့်ထိုက်ပါတယ်။ ဘာသာပြန်သူ သက်ဝင်ယုံကြည်တဲ့ ဘာသာတရားနဲ့ ရုပ်ရှင်ထဲမှာ ဖော်ပြထားတဲ့ ဘာသာတရားနဲ့ မတူညီကြပေမယ့် ဘာသာတရားတိုင်းရဲ့ အခြေခံက အတူတူပါပဲ။ ဘယ်ဘာသာပဲ ကြည့်ကြည့် ငြိမ်းချမ်းရေးအကြောင်းကိုပဲ ဦးတည်ထားကြတာပါပဲ။ လူအချင်းချင်း ချစ်မြတ်နိုးကြပြီး ကိုယ်ချင်းစာတရား ထားနိုင်ကြရင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းနေမှာဖြစ်ကြောင်း မှတ်ချက်ပြုရင်း reviewကို အဆုံးသတ်ပါရစေ။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win

5.9 2022
Chiara
800
9

800 (2023)”ဝစ်ကတ် ၈၀၀” ====================== IMBb 9/10 Sport drama ကြိုက်တတ်တဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် 800 ဆိုတဲ့ တမီလ်စကားပြော ဖြစ်ရပ်မှန် Sport, biography ရုပ်ရှင်လေးကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ခရစ်ကတ်သမိုင်းတလျှောက်မှာ Wicket တွေ အမြင့်ဆုံးထိခဲ့တဲ့ သီရိလင်္ကာခရစ်ကတ်သမား မူရာလီရဲ့အကြောင်းကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ပုံဖော်ထားတာပဲဖြစ်ပါတယ်။ သမ္မာကျမ်းစာကို စာအုပ်ပေါင်းများစွာနဲ့ကူးယူနေရတဲ့ ပြင်သစ်ဘုန်းတော်ကြီးတွေက ရသေ့စိတ်ဖြေလုပ်ဖို့အတွက် ခရစ်ကတ်ကစားနည်းကို တီထွင်ခဲ့တယ်လို့ တချို့ကပြောကြတယ်။ တချို့ကတော့ အင်္ဂလိပ်သိုးကျောင်းသားတွေက တီထွင်ခဲ့တာတဲ့။ ဘယ်သူကပဲတီထွင်ခဲ့တီထွင်ခဲ့ အင်္ဂလိပ်တွေနဲ့အတူ အိန္ဒိယကိုရောက်လာခဲ့တဲ့ ခရစ်ကတ်ကစားနည်းကို အိန္ဒိယက မူသီယာ မူရာလီသာရန်ဆိုတဲ့ ကလေးငယ်လေးက သဘောကျသွားပြီး အရူးအမူးကစားရင်း အနိမ့်အမြင့် အတက်အကျတွေကြားထဲကနေ ကမ္ဘာ့စံချိန်ချိုးတဲ့ကစားသမားဖြစ်လာခဲ့ပုံကို ခရစ်ကတ်အကြောင်းမသိတဲ့သူတွေတောင်မှ စိတ်ဝင်စား၊ စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားပါတယ်..။ ( ဒီရုပ်ရှင်အတွက် ဘာသာပြန်ညွှန်းဆိုသူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

9 2023
800
Terminator Salvation
6.5

Terminator ဇာတ်ကားတွေထဲက key word တွေ ရှာကြည့်ရမယ်ဆိုရင်တော့ သတ်ဖြတ်ရေးမုဆိုး၊ တီ ၁၀၀၀၊ ဘာညာ အဲဒါတွေ ကြားထဲကမှ အခုပြောမယ့် key word ကတော့ စိမ့်ဝင်ပူးတွဲနေထိုင်ခြင်းတဲ့။ ဟုတ်ပါတယ်။ စက်တွေက လူသားနဲ့ သိပ်ကိုနီးနီးစပ်စပ်တူတဲ့ စက်ရုပ်တွေကို လူတွေထဲစိမ့်ဝင်၊ အလစ်အငိုက်ဖမ်းပြီး သတ်ဖြတ်တတ်ကြတယ်။ ဒါပေမဲ့ လူတွေက တစ်နည်းမဟုတ် တစ်နည်းနဲ့ အဲဒီစက်ရုပ်တွေကို ခွဲခြားနိုင်ခဲ့ပါတယ်။ ဒီတော့ စကိုင်းနက်ရဲ့ စိမ့်ဝင်ရောနှောလုပ်ကြံရေး လုပ်ဆောင်မှုတွေအားလုံး မအောင်မမြင် ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ စကိုင်းနက်က သူမတူအောင် ထူးချွန်ပြီး လူသားတွေ လုံးဝမရိပ်မိနိုင်တဲ့၊ အစွမ်းအထက်ဆုံး စိမ့်ဝင်ရောနှောရေးစက်ရုပ်တစ်ရုပ်ကို လွှတ်လိုက်ပါတယ်။ သူ့ရဲ့တာဝန်ကတော့ ဂျွန် ကော်နာ ဆိုတာ ဖြစ်မလာရေးအတွက် သူ့ရဲ့ဖခင် ကိုင်းလ် ရိစ် ကို လုပ်ကြံရေးပါပဲ။ အသိဉာဏ် သိပ်ကိုထက်မြက်နေပြီး လူသားစိတ်ပညာကို ကျွမ်းကျင်တဲ့ စကိုင်းနက်က လူသားတွေအပေါ် mind game ကစားလို့ တော်လှန်ရေးအဖွဲ့တစ်ခုလုံး မျိုးပြုတ်စေရေး အစီအစဉ်ဆွဲလာတယ်။ လူသားတွေဘက်ကလည်း စကိုင်းနက်ပြုတ်ကျစေရေး အကောင်းဆုံးလက်နက်ကို ရှာဖွေတွေ့ရှိလို့ အပြီးတိုင် ချုပ်ငြိမ်းစေရေး ချီတက်လာကြတယ်။ ဒီလိုနဲ့ ဂျွန် ကော်နာ နဲ့ ကိုင်းလ် ရိစ် ရဲ့ကြားမှာ မထင်မရှား သေဒဏ်ကျ အကျဉ်းသားတစ်ယောက် အမှတ်မထင် ပါဝင်လာရတဲ့အခါမှာ ဖြစ်ပုံပျက်ပုံအစုံစုံကို ရှုစားကြရပါမယ်။ မင်းသားကြီး အာနိုး မပါတော့ပေမယ့် Terminator ဇာတ်ကားအရသာတော့ မပျက်သေးတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း။ File size…(2.3 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:55:00 Genre…Action, Adventure, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Arr Khun Winchester

6.5 2009
Terminator Salvation
Brotherhood of Blades: Exterminate Evil
5.9

ဒီကားလေးကတော့ မင်ပြည်ထောင် ထျန်ချီခေတ်မှာ မိန်းမစိုးတို့ အာဏာကြီးစိုးပြီး… ရှင်ဘုရင်ကလည်း နာမကျန်းတဲ့အပြင် မိန်းမစိုး ဘာပြောပြော မှန်တယ်ဆိုပြီး မျက်စိမှိတ်ပေးထားတဲ့ကာလမှာ… သူ့ကို ဆန့်ကျင်သမျှ.. သူနဲ့ အမြင်မတူသမျှ… ရန်သူတော်လို့ သတ်မှတ်ခံရတဲ့အပြင်… တမင်ပြည်ထောင်တိုးတက် ကြီးပွားရေးရှေးရှုတဲ့ သစ္စာခံအမတ်တို့ရဲ့ တုန်လင်ဂိုဏ်းကိုတောင် အကြောင်းပြချက်မဲ့ သတ်ပစ်တဲ့အထိကို ဆိုးသွမ်းနေခဲ့တာပါ… ဒီမိန်းမစိုးကြီးတစ်ယောက်က လောကကို လောဘအမှောင်ချပြီး ကြီးစိုးချိန်မှာ… တစ်ဖက်မှာလည်း အာဏာရူးတဲ့ မိန်းမစိုးနောက်လိုက် ခွေးတွေက… သခင်ညွှန်ရာ ဝိုင်းဟောင် ဝိုင်းကိုက်ပေးသေတာမို့ ပြည်သူတွေကတော့ ငတ်တစ်လှည့် ပြတ်တစ်လှည့်… အသက်ဖက်နဲ့ထုတ်ပြီး ရှင်သန်နေရရှာတာပေါ့… ဒါကြောင့်လည်း မင်ပြည်ထောင်စုကြီးကို ကယ်တင်ဖို့ လျို့ဝှက်မိန်းမစိုးကြီးထောက်ခံသူတွေကို ရှင်းပြီး … မိန်းမစိုးကြီးရဲ့ အပြစ်တွေကို သက်သေလိုက်စုတဲ့လူတချို့လည်းရှိလေရဲ့… ဘယ်လောက်တောင် ဆိုးတဲ့ မိန်းမစိုးကြီးလဲ… မြေပြင်သူရဲကောင်းတွေရော အောင်နိုင်မှာလားဆိုတာကတော့ CM နဲ့အတူ ဇာတ်ကားလေးကြည့်လိုက်ကြရအောင်နော်

Comedy • Family
5.9 2024
Brotherhood of Blades: Exterminate Evil