YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Almost Lover E29 CM.mp4

251.23 MB N/A video/mp4 46 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hunt
4.3

မကြာသေးခင်မှထွက်ရှိထားပြီး Rating ကောင်းလှတဲ့ တယ်လဂူဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ပါဝင်သရုပ်ဆောင်သူအရမ်းမများပေမယ့် plot အသားပေးရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ Bromance ခိုင်မာလှတဲ့ ဟိုက်ဒရာဘတ်ရဲဌာနရဲ့ ရဲမှူးချုပ်ဖြစ်တဲ့မိုဟန်၊ ဒုတိယရဲမှူးချုပ်တွေဖြစ်တဲ့ အာဂျွန်နဲ့ အာဟန်တို့ဟာ ဌာနတစ်ခုတည်း တာဝန်ထမ်းဆောင်ပြီး သိပ်ကိုရင်းနှီးကြတဲ့မိတ်ဆွေတွေဖြစ်ပါတယ်။ တစ်ရက်မှာ အာဟန်ဟာ နိုင်ငံတော်ကပေးတဲ့ ဂုဏ်ပြုဆုပေးပွဲမှာ ဆုယူပြီးမိန့်ခွန်းပြောနေတုန်း စနိုက်ပါနဲ့ လုပ်ကြံခံလိုက်ရပါတယ်။ ဒီတော့ မိတ်ဆွေနှစ်ယောက်ဖြစ်တဲ့ အာဂျွန်နဲ့မိုဟန်တို့ဟာ သူတို့မိတ်ဆွေအသတ်ခံရမှုကိုဖော်ထုတ်ဖို့ အသည်းအသန်ကြိုးစားပါတော့တယ်။ တစ်ညမှာ အာဂျွန်ဟာ အမှုမှန်ကိုဖော်ထုတ်လိုက်နိုင်ခဲ့ပေမယ့် ကားတိမ်းမှောက်မှုဖြစ်ခဲ့ပြီး အတိတ်မေ့သွားပါတော့တယ်။ ဒီလိုနဲ့ အာဂျွန်တစ်ယောက်နဲ့ မိုဟန်ရဲ့ လမ်းညွှန်မှုတွေနဲ့အတူ အမှုကို အစကပြန်လိုက်ရပါတော့တယ်။ ရက်ပိုင်းအနည်းငယ်အတွင်း မွန်ဘိုင်းမြို့ကိုပြောင်းရတော့မယ့် အာဂျွန်တစ်ယောက် သူ့မိတ်ဆွေအသတ်ခံရမှုရဲ့တရားခံကို အချိန်မှီ ဖမ်းမိနိုင်ပါ့မလား။ တရားခံကဘယ်သူများဖြစ်နေမလဲဆိုတာကတော့ မေးခွန်းပေါင်းများစွာနဲ့ Plot twist ကောင်းလှတဲ့ဇာတ်ကားဖြစ်တာမို့ အချိန်ပေးကြည့်ရှုရတန်မဲ့ဇာတ်ကားအဖြစ်ညွှန်ပေးလိုက်ရပါစေ။ အာဂျွန်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Sudheer Babu ဖို့ ဇာတ်ကောင်သစ်ဖြစ်နေပေမယ့် ပီပြင်လှတဲ့သရုပ်ဆောင်မှုတွေကိုမြင်တွေ့ရမဲ့အပြင် ချီးကျူးမှုများစွာခံထားရတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…2.02GB/ 928MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko

Horror • Mystery • Thriller
4.3 2023 132 mins
Hunt
Look up and see joy
8

ဒီဇာတ်ကားလေးဟာဆိုရင် မိသားစုအကျပ်အတည်းတွေကြားထဲက မိသားစုရဲ့ တာဝန်ကြီးပုံ ၊ တာဝန်ယူရပုံ ၊ သက်ကြီးရွယ်အို ဘိုးဘွားတွေရဲ့ ချစ်မြတ်နိုးပုံ ၊ ကလေးငယ်လေးတွေရဲ့ သင်ကြားမှု ပညာရေး ပြဿနာ အစရှိတဲ့ မိသားစုရေး အိမ်တွင်းရေး ကိစ္စတွေကို အဓိက ဖော်ပြပေးထားတဲ့ မိသားစုဇာတ်ကားလေးပါပဲဖြစ်ပါတယ်ရှင် ။ ❏ အလုပ်ထုတ်ခံရပေမဲ့လဲ ကံကြမ္မာကို ဦးမညွှတ်ပဲ ရှေ့ဆက်ပြီး လျှောက်နေသူ ❏ ဆုံးပါးသွားတဲ့ အဘွားဖြစ်သူကို လွမ်းတဲ့စိတ်နဲ့ အတိတ်ကနေ ရုံးမထွက်နိုင်တဲ့ အဘိုးကို ကွန်ပျူတာ နည်းပညာသုံးပြီး အဘွားနဲ့ တွေ့ခွင့်ရအောင် ကြိုးစားပေးနေသူ ❏ အလုပ်အကိုင်အခြေအနေတွေကြောင့် သားဖြစ်သူကို မိဘနဲ့ အတူတူမထားနိုင်ရှာပဲ ဘိုးဘွားတွေဆီ အပ်နှံထားရသူ ❏ ငွေကြေးချမ်းသာပေမဲ့ တောရွာလေးဆီမှာ ရောက်ရှိလာဖို့ အကြောင်းဖန်လာခဲ့ပြီး သူဌေးသားတစ်ယောက်အနေနဲ့ ကျေးလပ်တောရွာမှာ အသားကျအောင် ကြိုးစားပြီး နေထိုင်နေရသူ အစရှိသဖြင့် ဇာတ်လမ်းဇာတ်ကွက် လေးခုခွဲကာ ဒီကားလေးအတွင်း မြင်တွေ့ရမှာဖြစ်တဲ့ အပြင် ကိုယ်ကျရာ ဘဝဇာတ်ခုံမှာ ကကြိုးဆင်ကာ ကပြနေကြတာကိုလဲ မြင်တွေ့ရမှာပဲဖြစ်ပါတယ် ။ ကိုယ်ကျရာ ဘဝမှာ အရှူံးမပေးခေါင်းမငုံ့ပဲ လုပ်ဆောင်ပြီး မိသားစုတွေရဲ့ နွေးထွေးမှုတွေနဲ့ အတူ ရှေ့ဆက်ကာ သူတို့ရဲ့ အခက်အခဲတွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်မလားဆိုတာ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Family , Drama Runtime : 2h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Mystery • Thriller
8 2023
Look up and see joy
The Righteous
6.2

IMDb Rating - 5.8/10 နာကျည်းမှုနဲ့ အတိတ်မဲတွေရှိခဲ့တဲ့ ဘုန်းတော်ကြီး တစ်ယောက်ဟာ မြို့ငယ်လေးတစ်မြို့ကို ပြောင်းရွှေ့လာပြီး အဲ့ဒီမှာ မိသားစုတစ်ခု ထူထောင်ပြီး ဘုန်းတော်ကြီးဘဝကိုစွန့်လွှတ်လိုက်ပါတယ်။ တစ့်နေ့မှာ ဘုရားသခင်ကပဲ သူ့ကိုအပြစ်ပေးတဲ့ အနေနဲ့ သမီးရဲ့အသက်ကို နှုတ်ယူ သွားလေတာလား၊ အပြစ်သားတစ်ယောက်ကို ဝဋ်ဆိုတဲ့အရာကပဲ ပြန်နှိပ်စက်နေခဲ့တာလား။ သမီးကိုဆုံးရှုံးလိုက်ရတဲ့ ဘုန်းတော်ကြီး ဖရက်ဒရစ်ရဲ့ ဘဝထဲကို တစ်နေ့ လူငယ်လေးတစ်ယောက်က အိမ်ရှေ့တံခါးခေါက်ပြီး ရောက်လာပါတယ်။ ဒီကောင်လေးက သူတို့လင်မယားဘဝမှာ ဘုရားသခင်ပြန်ပေးတဲ့ ကောင်း ခြင်းလက်ဆောင်တစ်ခုလို့ ထင်မှတ်ပြီး သံယောဇဉ်တွယ်တာခဲ့မိပေမယ့်။ မကောင်းမှုတွေကပဲ ပြန်လည်အရောက်ပို့ပေးလိုက်တဲ့ ဖရက်ဒရစ်ရဲ့ အတိတ် အရိပ်ဆိုးကြီး တစ်ခုဖြစ်နေခဲ့တဲ့ အခါမှာတော့ အမှားနဲ့ အမှန်ကို အဖြူအမည်း ရုပ်ရှင်နဲ့ ဒိုင်ယာလော့ကောင်းကောင်းတွေနဲ့ တဖြည်းဖြည်းဇာတ်ရှိန်တက်လာရင်း ကြည့်ရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(930 MB) / (400 MB) / (200 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 37mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Mystery Translator.......Thiha Yan Naing Encoder..........SWM

Horror
6.2 2021 97 mins
The Righteous
M. Butterfly
6.6

ဒီကားကို ရိုက်တဲ့ဘဲက ဒေးဗစ်ခရိုနင်ဘတ်။ သူ့တော့ သိကြတယ်ဟုတ်။ Crimes of the Future တို့၊ The Fly တို့၊ Crash တို့လို Body Horror တွေအရိုက်များခဲ့တဲ့သူပါပဲ။ Body Horror မာစတာတစ်ပါးအဖြစ်လူသိများတဲ့ ခရိုနင်ဘတ်ဟာ ဒီတစ်ခါတော့ ထူးထူးခြားခြား ဘာညာဘာညာကြတာတောင် ဘော်ဒီမပြတဲ့ ကားကို ရိုက်ချလိုက်တယ်။ မင်းသားက Jeremy Irons ပါ။ ပေါ်ပြူလာအရမ်းဖြစ်တဲ့ထဲ မပါပေမဲ့လည်း သရုပ်ဆောင် တော်တော်ကောင်းတဲ့ ဘိုးတော်ကြီးပေါ့။ မင်းသမီးကတော့ အဲလေ နောက်မင်းသားကတော့ ဂျွန်လုံးပါ။ သူကတော့ ပုရီကားမှာ တော်တော်များများသိကြမှာပါ။ Rush Hour 2 ကတော့ သူ့ကို လူသိအများကြဆုံးကားဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းကတော့ ပြင်သစ်သံရုံးက စာရင်းကိုင်တစ်ယောက်ဟာ တစ်နေ့ အော်ပရာသွားကြည့်ရင်း ပီကင်းအော်ပရာသမလေးတစ်ယောက်နဲ့တွေ့တယ်။ ဘာမှတော့မသိပေမဲ့ အနုပညာကိုခံစားတတ်သလို ဘာလိုလိုနဲ့ ရောဖောရင်း စကားသွားပြောရာက ငြိတိတိဖြစ်မလိုလို ဖြစ်သွားတာပေါ့။ အဲဒီနောက် တော်တော်ကြာသွားတယ်။ မတွေ့ဖြစ်ကြဘူး။ နောက် သူလက်ထောက်ကောင်စစ်ဝန်ရာထူးတိုးသွားတဲ့အခါမှာ အဲဒီအော်ပရာသမလေးဆီသွားပြီး ချစ်ရေးဆိုရာကနေ ပြင်သစ် တရုတ်အချစ်ဇာတ်လမ်းလေးတစ်ခု ဖြစ်ထွန်းလာတယ်ပေါ့။ စပွိုင်လာလို့ပြောလို့ရပေမဲ့ ဇာတ်ကိုက ဖြစ်ရပ်မှန်ကို ရိုက်ထားတာဆိုတော့ ကျန်တဲ့ပြောမှာတွေက စပွိုင်လာဖြစ်နိုင်တာမို့ မသိသေးရင် ဒီမှာပဲ ရပ်လိုက်ပါ။ မပြောလို့လည်း မဖြစ်တာမို့ ပြောရပါဦးမယ်။ ဒီလိုနဲ့ သူတို့တွေ ချစ်ခင်စုံမက်ပေါင်းဖက်လာလိုက်တာ သားလေးမွေးကြတဲ့အထိပေါ့။ ------------- ပြဿနာက တော်တော်ကြာပြီးမှ တရားရုံးက ခေါ်လို့သွားရာက အမှုအစစ်ဆေးခံရင်းသိလိုက်ရတာက သူမယားအဖြစ်ပေါင်းသင်းခဲ့တဲ့ အော်ပရာအဆိုတော်မက အမမဟုတ်ဘဲ အထီးကြီးဖြစ်နေရှာတာ။ အဲဒီမှာ တစ်လောကလုံးစာ အရှက်တွေကွဲပါလေရော။ ဟိုကလည်း ပိရိသကိုး။ ပီကင်းအော်ပရာသမားတွေက အစကတည်းကိုက အမျိုးသမီးဇာတ်ကောင်နေရာလည်း အမျိုးသားပဲ သရုပ်ဆောင်ကြတော့ အမျိုးသမီးနေရာက သရုပ်ဆောင်သွားတာလည်း သိပ်ကောင်းနေသကိုး။ ဂျင်းအကြီးကြီးမိသွားရှာတာပေါ့။ သို့ပေမဲ့ လိင်ပါဆက်ဆံတာတောင် မသိဘူးလားဆိုတဲ့အမေးတော့ရှိမယ်။ ဒါကတော့ ကားမှာလည်း တစ်ချို့တစ်ဝက်မြင်သာသလို တကယ့်အမှုကိုစစ်ခဲ့တုန်းက ဆေးပညာရှင်ရဲ့ အတည်ပြုချက်အရတော့ သူက ခုခေတ်လည်းသုံးကြတဲ့ Tucking လို့ခေါ်တဲ့ လိင်တံကို မပေါ်အောင် နောက်ပစ်ထားတဲ့နည်းဆိုလား သုံးခဲ့သတဲ့။ နောက် သူက ထူးထူးခြားခြားပဲ သူ့ဝှေးကိုလည်း သူလိုချင်သလိုပုံစံဖြစ်ရအောင် ကြွလို့ရှုံ့လို့ရတဲ့ စွမ်းရည်လည်းရှိသတဲ့။ ဒီတော့ ဗဂျိုင်နာလို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နိုင်ခဲ့သတဲ့။ ဇာတ်ကတော့ တိုနီဆုပါရခဲ့တဲ့ ဘ‌ရော့ဒ်ဝေးပြဇာတ်တစ်ခုကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ အဲဒီပြဇာတ်ကလည်း ပြင်သစ်သံအမတ်နဲ့ Shi Pei Pu လို့ခေါ်တဲ့ တရုတ်အော်ပရာအဆိုတော်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကကို အခြေတည်ထားတာပါ။ ဒီအဖြစ်အတွက် နှစ်ယောက်စလုံး ထောင်ကျပြီး လွတ်လာခဲ့ပါတယ်။ အပြင်မှာတော့ Shi ဟာ မသေခင်မှာ ပြင်သစ်သံအမတ်ကို ကျွန်တော်ကတော့ အစ်ကို့ကို ချစ်တုန်းပဲလို့ ပြောခဲ့သလို ၂၀၀၉အထိအသက်ရှည်ရှည်နေခဲ့ရပြီး ၇၀နဲ့ဆုံးသွားခဲ့ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမဲ့လည်း ဒီဇာတ်လမ်းဟာ သိပ်မယုံနိုင်စရာကောင်းလွန်းနေသလို မူရင်းပြဇာတ်ကို ရေးတဲ့စာရေးဆရာကလည်း " ဒီပြဇာတ်မှာ Gay နဲ့ Straight ကြားက မျဉ်းလေးဟာ အင်မတန်ဝေဝါးပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလူဟာ သူယောက်ျားတစ်ယောက်နဲ့ သံဝါသပြုနေခဲ့တယ်ဆိုတဲ့အချက်ကို သိခဲ့မယ်လို့ထင်ပါတယ်။ ဒါကြောင့်မို့ ပမာဏတစ်ခုအထိတော့ သူ့စိတ်က Gay ဖြစ်နေပုံပါပဲ " တဲ့။ ပြဇာတ်ရေးဆရာရဲ့ ဒီစကားကတော့ ပိုပြီးနှိုင်းဆကြည့်ရလွယ်ပါလိမ့်မယ်။ ပီကင်းအော်ပရာသမားတွေ ဈာန်အဝင်လွန်ပြီး ဒီမျဉ်းအရမ်းပါးလျသွားတာလည်း ဒါဦးဆုံးမဟုတ်ဘူးမို့လား။ Farewell My Concubine မှာလည်း ကျွန်တော်တို့တွေ့ခဲ့ရပြီးပြီပဲလေ... (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 660MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 41Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.6 1993 101 mins
M. Butterfly
Ab Tumhare Hawale Watan Saathiyo
4.9

အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီး အမီတာဘဂျမ်း..အရှေးကူမား.. ဘော်ဘီဒိုးတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ Box Office မှာလည်း အိန္ဒိယရူပီ ဘတ်ဂျက် သန်း ၂၀၀ မှာ အိန္ဒိယရူပီ ၃၀၁.၆၆ သန်းအထိ ပြန်လည်ရရှိခဲ့သော ကားလေးတစ်ကားဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ အိန္ဒိယ-ပါကစ္စတန်မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းပေါ့ဗျာ။ ပါကစ္စတန်ဘက်က အကြမ်းဖက်သမားတွေ အိန္ဒိယထဲစေလွှတ်မယ်။ အကြမ်းဖက်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်မယ်။ တရားမဝင်နည်းလမ်းနဲ့ အိန္ဒိယပိုင်နယ်မြေကို သိမ်းပိုက်မယ်။ ဒါကို အိန္ဒိယက ရဲစွမ်းသတ္တိအပြည့်နဲ့ အမိမြေအတွက် သက်စွန့်ဆံဖျား ပြန်လည်ချေပမယ်။ ဒီဇာတ်ကားထဲမှာ အိန္ဒိယစစ်တပ်ရဲ့ရဲစွမ်းသတ္တိရှိမှုတွေကို ဖေါ်ပြထားပြီး စစ်သားတစ်ယောက်ဖြစ်ရခြင်းရဲ့ အဓိပ္ပါယ်ဟာ ဘာလဲဆိုတာကို သေချာအဓိပ္ပါယ်ဖေါ်ပြပေးသွားပါတယ်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်ဆို တရားသောနည်းလမ်းနဲ့ ရန်အစွယ်စွယ်ကို တွန်းလှန်ပြီး ပြည်သူသာအမိ ပြည်သူသာအဖဆိုတဲ့ သဘောတရားကို ကောင်းကောင်းသရုပ်ဖေါ်သွားနိုင်ခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံကို စောင့်ရှောက်ဖို့မှာ နိုင်ငံသားတိုင်းအတွက် တာဝန်ရှိပါတယ်။ ကိုယ့်အိုးအိမ်ကိုတောင် ဘေးကင်းအောင်မထားနိုင်တဲ့သူဟာ နိုင်ငံ့သားကောင်းဖြစ်မလာနိုင်ပါဘူး။ မိသားစုအတွက် ကိုယ်ဟာ သားကောင်းတစ်ယောက်ဖြစ်သင့်သလို နိုင်ငံ့အတွက်လည်း အကျိုးရှိတဲ့လူတစ်ယောက်ဖြစ်သင့်တယ်ဆိုတာကို ဒီဇာတ်ကားလေးက ကောင်းကောင်းဖေါ်ပြပေးထားလို့ ရှုစားကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File size…4.43GB / 2.14GB Quality…1080p WEB DL /720p Format…mp4 Duration….3h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Drama • Fantasy • Romance
4.9 2004 192 mins
Ab Tumhare Hawale Watan Saathiyo
The Match
5.9

The Match (2021) ==================== 1944 ခုနှစ် နွေဦးကာလမှာ ထောင်စခန်းက အကျဉ်းသားတွေနဲ့ နာဇီလက်ရွေးစင်အသင်းတို့ ဘောလုံးပြိုင်ခဲ့တဲ့ ဖြစ်ရပ်မှန် အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကဘယ်လိုလဲဆိုရင် ဘရန်ကို ဆိုတဲ့ အဘိုးကြီးတစ်ယောက်က သူငယ်ငယ်က ဆုံခဲ့ဖူးတဲ့ လက်စ်ဇလို ဆိုတဲ့ နာမည်ကြီး ဟန်ဂေရီ ဘောလုံး သမား အကြောင်းကို သူ့မြေးလေးကို ပြောပြနေတဲ့ narrative ဆန်ဆန်ပုံစံ လေးပေါ့။ လက်စ်ဇလိုက နာဇီတွေကို ဘောပွဲတစ်ပွဲမှာ အနိုင်ပိုင်းခဲ့ဖူးတော့ နာဇီတွေက သူ့ကိုတင်းနေတာ၊ အဲတာနဲ့ ညနေခင်းတစ်ခုမှာ နာဇီတွေက သူရောက်နေတဲ့ ‌စားသောက်ဆိုင်ရောက်လာပြီး သူတို့ သိက္ခာပြန်ဆယ်ဖို့အတွက် အလောင်းကစားလုပ်ဖို့ပြောတယ်။ ဇာတ်လိုက်မင်းသားကလည်း ခပ်မာမာနဲ့ ငြင်းလွှတ်လိုက်တော့ သူ့ကို နာဇီတွေက သူ့တို့စခန်းထဲဖမ်းခေါ်သွားရော နောက်‌ကျတော့ ဗိုလ်မှူးတစ်ယောက်က သူနဲ့ နာဇီတွေနဲ့ ဘောလုံးထပ်ကန်ခိုင်း ဖို့အတွက် အပေးအယူတစ်ခုလုပ်လိုက်ပြီး၊ အဲဲဒီနောက် လက်စ်ဇလိုက စခန်းတွေမှာ လူတွေလိုက်စု အပြင်းအထန်လေ့ကျင့်ပြီး နာဇီတွေကိုထပ်ပြီး အနိုင်ပိုင်းနိုင်မလား ဆိုတာကိုတော့ အဘိုးဘရန်ကို ရဲ့ မြေးလေးနဲ့အတူ ဆက်လက်နားထောင်ပေးလိုက် ပါဦးခင်ဗျ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1.64 GB) / (835 MB) / (507 MB) Quality…………WebRip 1080p / 720p / 480P Duration………1Hr 59mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, History, Sport Translator…….Khant Sett Naing Encoder……….SWM

Action • Comedy • Crime
5.9 2021 119 mins
The Match
Bruce Lee – The Fighter
5.5

CM ပရိသတ်ကြီးတွေအတွက် Old But Gold ဇာတ်ကားလေးတစ်ပုဒ်ဖြစ်တဲ့ Bruce Lee The Fighter ဆိုတဲ့ ဘိုင်ယာဘိုင်မင်းသားပါဝင်ထားတဲ့ ဇာတ်ကားတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ကာသစ်ဟာ သူ့ညီမလေးကို အရမ်းချစ်တဲ့သူဖြစ်ပြီး သူ့ညီမလေးအောင်မြင်ဖို့အတွက် သူ့ရဲ့ဘဝကိုတောင် အနစ်နာခံပြီး မတင်ပေးခဲ့သူပေါ့ သူတို့မောင်နှမနှစ်ယောက်လုံးဟာ ဉာဏ်အရမ်းကောင်းလွန်းပေမယ့် မိသားစုက နှစ်ယောက်စာ ပိုက်ဆံမတတ်နိုင်လို့ အဖေဖြစ်သူက ကာသစ်ကိုပဲ ကျောင်းကောင်းမှာထားပြီး အခွန်မှူးဖြစ်အောင် လုပ်ပေးချင်တာပေါ့ ဒါပေမယ့် ညီမလေးကလည်း အခွန်မှူးဖြစ်ချင်နေတော့ ကာသစ်က သူ့ကိုယ်သူ အရည်အချင်းမရှိတဲ့သူအဖြစ် ဟန်ဆောင်ပြီး သူ့ညီမလေးကိုပဲ အခွင့်အရေးပေးလိုက်ပါတယ် အဲဒီလိုနဲ့ ကြီးလာတော့လည်း မင်းသားနေရာမှာ အစားထိုးသရုပ်ဆောင်ရတဲ့ စတန့်မင်းသားဖြစ်လာခဲ့ပြီး အဖေဖြစ်သူရဲ့ အထင်သေးမှုတွေကိုပဲ အမြဲခံနေခဲ့ရတာပေါ့ ဒါပေမယ့် သူကတော့ သူ့ညီမလေးအောင်မြင်ရင်ပဲ ကျေနပ်နေပြီး ဘဝကို ပျော်ပျော်ပဲဖြတ်သန်းပါတယ် တစ်နေ့ သူ ရဲဝတ်စုံဝတ်ပြီး သရုပ်ဆောင်နေတုန်း ရဲတွေကို အရမ်းကြွေတဲ့ ကောင်မလေးတစ်ယောက်က သူ့ရဲ့ အရည်အချင်းရှိတဲ့ ရဲပုံစံကို မြင်လိုက်ရပြီး သူ့ကိုတကယ့်ရဲထင်သွားကာ သူ့နောက်က တစ်ကောက်ကောက်လိုက်ပါတော့တယ် အဲဒီလိုနဲ့ ကောင်မလေးက လူဆိုးတစ်အုပ်နောက်လိုက်ရင်း ကာသစ်ကို တကယ့်ရဲအမှတ်နဲ့ အမြဲအကူအညီတောင်းလို့ ကူညီရင်းက လူဆိုးတွေက သူ့ကို ပစ်မှတ်ထားလာကြတဲ့အခါ.. ကာသစ်တစ်ယောက် အဲဒီဒုစရိုက်သမားတွေနဲ့ ဘယ်လိုဖြေရှင်းမလဲ သူ့ညီမအတွက်ရော ဘယ်လောက်တောင် အစ်ကိုကောင်းတစ်ယောက် ပီသမလဲဆိုတာ ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်

Action • Adventure • Fantasy
5.5 2015
Bruce Lee – The Fighter
Neither Heaven Nor Earth
6.3

ဒီဇာတ်ကားက ပြင်သစ် ​War/thrillerဇာတ်ကားဖြစ်ပြီး IMDb 6.3 RTမှာ92%ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းက​တော့ အာဖဂန်နဲ့ ပါကစ္စတန်နယ်စပ်မှာ တာဝန်ကျတဲ့ စစ်တပ်တစ်ခုမှာ တပ်သား​တွေ တစ်​​ယောက်ပြီးတစ်​ယောက် အစအနရှာမရဘဲ ​ပျောက်ကုန်ရာက​နေ စပါတယ်။အစပိုင်းမှာ​တော့ တပ်ခွဲကပ္ပတိန်အ​နေနဲ့ နယ်ခံရန်သူ​တွေ၊ ရွာခံ​တွေက ပြန်ပေးဆွဲထားတာလို့ ထင်ခဲ့​မိပေမယ့် ​နောက်ကျ​တော့ တပ်သား​တွေက ​နေ​ရောညပါမကျန် ရုတ်တရက်​ပျောက်တဲ့ အဆင့် ​​ရောက်လာပါ​တော့တယ်။ ဒီလိုနဲ့ ​ပျောက်ဆုံးရတဲ့အ​ကြောင်းရင်းကို ရှာရင်း ပြဿနာက သူတို့ထင်ထားတာထက် အများကြီး ပိုနက်ရှိုင်း ​နေမှန်း သိလိုက်ရပါ​တော့တယ်။ File size…1.86 GB / 906MB Quality…Web-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 40m Genre ….. Drama , Fantasy , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

6.3 2015
Neither Heaven Nor Earth
Angel-A
7

IMDb – 7/10 နာမည်ကျော်ရုပ်ရှင် Léon: The Professional(1994)ကို ရေးသားရိုက်ကူးခဲ့တဲ့ ဒါရိုက်တာLuc Bessonရဲ့ လက်ရာ ပြင်သစ်ဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အန်ဒရေဆိုတဲ့လူက အကြွေးနွံနစ်ပြီး အကြွေးရှင်တွေရဲ့ ခြိမ်းခြောက်မှုကိုခံနေရတဲ့သူတစ်ယောက်။ ဘယ်လောက်အကြွေးနွံနစ်ပြီး မွဲပြာကျနေပါ​စေ သူ့ကိုယ်သူ စီပွားရေးလုပ်ငန်းတွေ အများကြီးလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်ကြီးတစ်ယောက်ဆိုတာကတော့ ပါးစပ်ဖျားကမချပါဘူး။ တစ်ရက် အီဖယ်တာဝါပေါ်ကနေပါ ပစ်ချမဲ့အထိ ခြိမ်းခြောက်လာတဲ့ အကြွေးရှင်တွေကြောင့် လူ့လောကကြီးမှာ မနေချင်တော့ပါဘူးဆိုပြီး တံတားပေါ်ကနေခုန်ချမယ်အလုပ် အရပ်ရှည်ရှည် ဆံပင်ရွှေရောင်နဲ့ အမျိုးသမီးလေးတစ်ယောက်ဘေးမှာပေါ်လာပါတယ်။ သူ့လိုပဲ မိန်းကလေးကလည်း တံတားပေါ်ကခုန်ချမလို့ပါ။သူ ခုန်မချခင် ဟိုက ခုန်ချသွားလို့ အန်ဒရေတစ်ယောက် ကယ်လိုက်ရပါသေးတယ်။ ဒီမှာပဲ မိန်းကလေးဖြစ်သူက အန်ဒရေကို ကျေးဇူးဆပ်တဲ့အနေနဲ့ အန်ဒရေခိုင်းတာလုပ်ပါ့မယ်ဆိုပြီး အနားကနေ မခွာတော့ပါဘူး။ မိန်းကလေးရဲ့ အကူအညီနဲ့ အကြွေးတွေလိုက်ဆပ်ရာကနေ သိလိုက်ရတာက သူထင်သလို ဒုက္ခရောက်နေတဲ့ ကောင်မလေးမဟုတ်ဘဲ သူ့ကိုကယ်တင်ဖို့ ကောင်းကင်ဘုံကနေ နတ်သက်ကြွေလာတဲ့ အိန်ဂျယ်လေးတစ်ပါးဖြစ်နေတယ်ဆိုတာပါပဲ။ ဒီကနေ သူတို့နှစ်ယောက် ဘယ်လိုစခန်းသွားကြမလဲဆိုတာ ဒီပြင်သစ်ရုပ်ရှင်လေးထဲမှာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File size…(1.4 GB)/(800 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:31:00 Genre…Comedy, Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

Horror • Science Fiction • Thriller
7 2005
Angel-A
Sorry, Charlie
5.1

ရာဇဝတ်မှုတစ်ခုမှ ရှင်သန်လွတ်မြောက်လာသူတစ်ဦးဖြစ်တဲ့ ရှားလော့ဟာ လုပ်အားပေးအနေနဲ့ တယ်လီဖုန်းပေါ်ကနေ အကူအညီလိုသူများကို ကူညီပေးနေရင်း စိတ်ဒဏ်ရာများကို ကျော်လွှားနေပါတယ်။ ရှားလော့အပါအဝင် တခြားအမျိုးသမီးငယ်လေးများကို အဓမ္မမှုကျူးလွန်ပြီး သတ်ပစ်တတ်သော ရာဇဝတ်ကောင်ကို ဖမ်းမိပြီဟု ရဲဌာနမှလည်း ကြေငြာချက်ထုတ်ထားပြီးဖြစ်ပါတယ်။ သို့သော်ရှားလော့ စိတ်ထဲတွင် တရားခံအစစ်ကို မဖမ်းမိသေးပဲ သူ့ရှေ့ကိုရောက်လာမည်ယုံကြည်နေရာမှ တစ်နေ့ သူယုံကြည်ထားသလို တရားခံက သူ့ရှေ့ကိုရောက်လာမလား ရှားလော့တစ်ယောက်စိတ်ဒဏ်ရာကြောင့် ထင်ယောင်ထင်မှားဖြစ်နေတာလား၊တရားခံပေါ်လာရင်ရော ရှားလော့တစ်ယောက် ရင်ဆိုင်နိုင်ပါ့မလား စသည်ဖြင့်သည်းထိပ်ရင်ဖို ကြည့်ရမည့်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ File size…(300 Mb) Quality….Webrip 720p Format… mp4 Duration…. 01:15:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

5.1 2023
Sorry, Charlie
Super Express
5.2

Super Express(2016) ********************* မင်းသမီးဘယ်သူလဲဆိုတာတော့ မပြောတော့ပါဘူးနော်…. ယူရို သိန်း ၃၀၀ တန်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို ဟက်ကာ နှစ်ယောက်က ဆရာကျကျခိုးယူခဲ့ပါတယ်။ လုံခြုံရေးခေါင်းဆောင်ဖြစ်တဲ့ မေရှီး က ပျောက်ဆုံးသွားတဲ့ ပစ္စည်းကိုလိုက်ရှာပါတော့တယ်။ ဒီလို လိုက်ရှာတဲ့လမ်းခရီးမှာပဲ ဒယ်လီသမားနဲ့ဆုံဖြစ်ခဲ့တယ်။ ဒယ်လီ သမားက ငွေနဲတွေ့တော့ ဘယ်လိုစိတ်ထားရှိမလဲ? သူတို့အဲဒီ ပစ္စည်းကိုပြန်ယူနိုင်ပါ့မလား။ ကြားမှာဘယ်လိုအခက်အခဲနဲ့ကြုံတွေ့မလဲ? ဟာသမင်းသားက ရိုက်ကူးထားတဲ့ ဟာသကားဖြစ်တဲ့အတွက်ကြောင့်၊ ဟာသလေးနဲ့ရောပြီး စိတ်လှုပ်ရှားမှုကို ပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ကြည့်ရှုအားပေးကြပါဦး။.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Mi Mi ပဲဖြစ်ပါတယ်…. File Size : 1.5GB and 711MB Quality : WEB-DL 1080p, 720p Format…mp4 Duration…01:30:00 Genre : Action , Comedy , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Mi Mi Encoded by AHtet

5.2 2016
Super Express
Cryptids
4.2

Cryptids (2024) IMDb Rating (4.2) “အမှန်တရားဆေးရည်” ဆိုတဲ့ ညပိုင်းရေဒီယိုအစီအစဉ်တစ်ခုမှာ အနယ်နယ်အရပ်ရပ်ရှိကြတဲ့ပရိသတ်တွေဟာ သူတို့ရဲ့ခြောက်ခြားဖွယ်ရာအတွေ့အကြုံတွေကို ဖုန်းဆက်ပြီးဝေမျှလာကြပါတယ်။ ဖရဲသီးခေါင်း၊ လူပျောက်ရှာပုံတော်၊ စိမ့်တောထဲကဇာတ်လမ်း၊ သွေးစုပ်ကောင်၊ ပန်းကန်ပြားပျံ၊ ရောဂါပိုး၊ အသားစားသတ္တဝါကောင်ကြီးနဲ့ ပိုးဖလံလူသား အစရှိတဲ့ မတူညီတဲ့ဇာတ်လမ်းတွေကို တထိုင်တည်းကြည့်ရှုရမဲ့ ဇာတ်လမ်းစု ဟော်ရာဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။) File size…(1.4 GB) / (680 MB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Horror Duration….01:26:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Khant Sett Naing

Drama • Western
4.2 2024 86 mins
Cryptids
Firefighters
7.2

Firefighters (2024) ******************** ကိုရီးယားနိုင်ငံ ဟုန်းဂျယ်ဒုံမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ မီးလောင်မှုကို အခြေခံပြီး ရိုက်ကူးထားတဲ့ “Firefighters” ဇာတ်ကားကြီး ထွက်ရှိလို့ လာပါပြီ။ Kwak Do Won, Joo Won, Lee Jun Hyuk, Oh Dae Hwan, Lee Yoo Yeong အစရှိတဲ့ နာမည်ကြီး သရုပ်ဆောင်တွေ အများအပြား ပါဝင်ထားတဲ့ ဒီကားလေးမှာတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ စည်းစိမ်တွေကို ကာကွယ်ဖို့အတွက် နေ့ရက်တိုင်းကို ‌နောက်ဆုံးနေ့အဖြစ် သတ်မှတ်ပြီး ရှင်သန်နေကြတဲ့ မီးသတ် သူရဲကောင်းတွေရဲ့ ဘဝကို မီးမောင်းထိုးပြီး ရိုက်ကူး ပြသထားပါတယ်။ ဇာတ်လမ်းအညွှန်း- မီးသတ်တပ်ဖွဲ့ထဲကို လူသစ်အနေနဲ့ ဝင်ရောက်လာတဲ့ ချောအွန်း (Joo Won) ဟာ လုပ်ဖော်ကိုင်ဖက်ကို ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် အပြစ်မကင်းတဲ့ စိတ်နဲ့ နေထိုင်နေခဲ့ရပါတယ်။ ဒီအချက်ကြောင့်ပဲ ချောအွန်းဟာ ရာထူးမြင့်တဲ့ နေရာကို တက်လှမ်းပြီး ကယ်ဆယ်ရေး တပ်ဖွဲ့ရဲ့ ညွှန်ကြားမှု စနစ်ကို ပိုမွန်ကောင်းမွန်အောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ ဒီအချက်တွေကြောင့်ပဲ အထက်လူကြီးနဲ့ ချောအွန်းတို့ကြားမှာ ကတောက်ကဆလေးတွေ ရှိလာခဲ့ပြီး လုပ်ဖော်ကိုင်ဖက်ကို ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် တခြား မီးသတ် တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ထဲမှာလည်း အတွေး အမြင် ကိုယ်စီ ရှိလာကြပါတယ်။ ဒီလိုမျိုး ကတောက်ကဆ‌လေးတွေ ရှိနေကြတဲ့ အခြေအနေမှာပဲ ဟုန်းဂျယ်ဒုံမှာ မီးလောင်မှုအကြီးကြီး ဖြစ်ပွားခဲ့ပြီး လောင်မြိုက်နေတဲ့ မီးတောက်တွေကြားမှာ ပြည်သူတွေကို အသက်ပေး ကာကွယ်ရင်း ကိုယ်ကျိုးစွန့်သွားကြမဲ့ သူရဲကောင်းတို့ရဲ့ ပုံရိပ်ကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာမို့လို့ ကြည့်ရှူဖို့ ညွှန်းဆိုလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။) File Size : 1.78GB/ 870MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:47:00 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Miri & Hnin Wai Oo Encoded by Tiff

7.2 2024 106 mins
Firefighters
The Parenting

IMDB Rating 5.7 / 10 ဂျော့ရှ်နဲ့ရိုဟန်ဆိုတဲ့ ဂေးစုံတွဲလေးတစ်တွဲဟာ ပိတ်ရက်မှာ မိဘချင်းမိတ်ဆက်ကြဖို့အတွက် စံအိမ်ကြီးတစ်လုံးကိုငှားလိုက်တာကနေ ထုံးစံအတိုင်း သရဲပြဿနာကစပါတယ် ။ ဖြစ်ချင်တော့ အဲ့အိမ်မှာ သုံးလောင်းပြိုင်လူသေမှုတစ်ခုဖြစ်ထားပြီး နတ်ဆိုးတစ်ကောင်ကပါနေနေသေးတယ် ။ ရို့ဟန်အဖေကို သရဲပူးသလိုနတ်ပူးသလိုလိုဖြစ်သွားတာကနေစပြီး ထူးဆန်းတဲ့အရာတွေတစ်ခုပြီးတစ်ခုဖြစ်ပျက်လာတဲ့အပြင် နွေခေါင်ခေါင်နှင်းတွေက အိမ်ကြီးတစ်ဝိုက်ကိုဖုံးလွှမ်းသွားတဲ့အခါ သရဲခြောက်တဲ့အိမ်ကြီးထဲပိတ်မိသွားတဲ့မိသားစုနှစ်စုက ဘာတွေကိုရင်ဆိုင်လာရမလဲ ။ လွတ်မြောက်ဖို့အတွက် ဘယ်လိုတွေရုန်းကန်ရမလဲဆိုတာကို ဟာသလေးတွေနှောပြီး ကြည့်ရှု့သွားရမှာပဲဖြစ်ပါတယ် ။ Horror ပေမယ့် light hearted movie လေးတစ်ခုဖြစ်တာကြောင့် အချိန်ပေးရတန်ပါတယ် ။ File size…(1.3 GB)/(688 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin

Romance • Drama
0 2025
The Parenting
My Little Brother
6.8

My Little Brother (2017) ************************ ဒီတစ်ခေါက်မှာတော့ CMပရိသတ်ကြီးအတွက် The Walt Disney Company ကနေ ပထမဆုံးအနေနဲ့ distribute လုပ်ခဲ့တဲ့ My Little Brotherဆိုတဲ့ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဒီကားလေးမှာတော့ 49Days ထဲမှ Lee Yo-won, Taxi Driverထဲမှ Esom, Vagabond ထဲမှ Jeong Man-Sikနဲ့ The world of marriageထဲမှ Joon Won Jungတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ************* ဆူဂယောင်း (Lee Yo-won), ဂျူမီ (Esom)နဲ့ ဆောင်းဟို(Jeong Man-Sik)တို့ကတော့ တစ်ယောက်နဲ့ တစ်ယောက်အဆက်အသွယ်မလုပ်ကြတော့တဲ့ မောင်နှမတွေပါ… သူတို့ ၃ယောက်ကို ပြန်ပြီးဆုံတွေ့စေခဲ့တာကတော့ အဖေဖြစ်သူ မတော်တဆမှုနဲ့ဆုံးပါးသွားပြီဆိုတဲ့ သတင်းစကားပါပဲ.. ဒါပေမဲ့ အဲဒီသတင်းနဲ့အတူ ပါလာတာကတော့ ရှိမှန်းတောင် မသိခဲ့တဲ့ နာ့လေး(Joon Won Jung)ဆိုတဲ့ ၁၁နှစ်အရွယ် သူတို့ရဲ့ မောင်နှမအငယ်ဆုံးလေးပါ… ဘယ်ကမှန်းမသိဘဲ ရုတ်တရက်ပေါ်လာတဲ့ နာ့လေးက တကယ်ပဲ သူတို့ရဲ့မောင်နှမအရင်းဟုတ်ရဲ့လား ၁၁နှစ်အရွယ်ကလေးလေးနဲ့ သူတို့မောင်နှမတွေဘယ်လိုဖြတ်သန်းသွားကြမလဲဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုခံစားရမဲ့ ရုပ်ရှင်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းကို Htoo Pyae မှ ရေးသားထားပါတယ်) File size…1.33GB / 561MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 46m Genre ….. Comedy, Family, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Htoo Pyae Encoded by AHtet

Comedy • Drama • Family
6.8 2017 106 mins
My Little Brother