YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Almost Lover E11 (1080p) CM.mp4

550.81 MB N/A video/mp4 35 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Night Moves
5.8

IMDb – 6/10 Rotten Tomatoes – 86% အော်ရဂွန်မြစ်ကိုမှီခိုကာလုပ်ကိုင်စားသောက်နေကြတဲ့ လယ်သမားတွေ။ စွမ်းအင်အရင်းမြစ်အတွက် မြစ်ပေါ်မှာ အထပ်ထပ်ဆောက်ထားတဲ့ရေကာတာတွေဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန် ရေနေသတ္တဝါအပေါ်ဆိုး ကျိုးများသက်ရောက်နေလျှက်။ ဇာတ်ကြောင်းကသဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားသူ သုံဦးဟာ အချိန်ယူပြီး စနစ်တကျစီစဉ်ကာ ရေကာတာ တွေထဲမှတစ်ခုကို ဖောက်ခွဲဖို့ ကြံစည်ကြတဲ့အကြောင်းပါ။ လိုအပ်တဲ့အချိန်၊ငွေကြေးအင်အား၊ လူအင်အားတွေစိုက်ထုတ်ပြီး ဖောက်ခွဲရေးကိစ္စကိုအကောင်ထည်ဖော်လိုက်တဲ့အခါ ဖြစ်လာတဲ့အကျိုးသက်ရောက်မှုတွေက ထင်သလိုမဟုတ်ဘဲ ကပြောင်းကပြန်တွေဖြစ်ကုန်တယ်။ ဒီကြားထဲ လုပ်ဖော်ကိုင်ဖက်ထဲက တစ်ယောက်က အကျိုးဆက်တွေကို မခံနိုင်ဘဲ ဂဂျောင်ဖတ်ပြီး မလုပ်သင့်တာတွေဆက်လုပ်မိတယ်။ အဲဒီနောက် မီးခိုးကြွက် လျှောက်ဖြစ်ပြီး ရှောင်ရတိမ်းရတယ်။ ဇာတ်လမ်းက စကားပြော ခန်းတွေများပြီး ခပ်အေးအေးတန်ပိုနဲ့ပဲသွားပါတယ်။ ကင်မရာရိုက်ချက်တွေကလည်း ငြိမ်လွန်းပြီး ကြီးမားတဲ့ နိုင်ငံတော်ပုန်ကန်မှုတစ်ခုကိုခပ်ဝေးဝေးကနေအံကြိတ်ပြီး လှမ်းကြည့်နေရတဲ့ ခံစားချက်မျိုးရပါလိမ့်မယ်။ ဘာမှမလုပ်ချင်မကိုင်ချင်တဲ့ ခြေခင်းလက်ခင်းသာတဲ့တစ်နေ့မှာ အေးအေးလူလူထိုင်ကြည့်လို့ ကောင်းမယ့်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ File size…1.62GB / 619MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ..... Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kaung Paing

Action & Adventure • Animation • Sci-Fi & Fantasy
5.8 2014 112 mins
Night Moves
Psycho Beach Party
5.9

၂၀၀၀ ၀န်းကျင်လောက်က ဇာတ်ကားတွေကို သိပ်သဘောကျမိတယ်။ အခုခေတ်လို CGI ကောင်းကောင်း မရှိသေးပေမယ့် စိတ်ကူးအသစ် အဆန်းတွေနဲ့ ဇာတ်ကားတစ်ကားနဲ့တစ်ကား မထပ်ရအောင် ဖန်တီး ရိုက်ကူးပြီး ရုပ်ရှင်လောကရဲ့ခေတ်တစ်ခေတ်ဖြစ်ခဲ့တယ်လို့ တစ်ဦးတစ်‌ယောက်တည်း အမြင်အရ ပြောချင်ပါတယ်။ အထူးသဖြင့် Psychological ဇာတ်ကားတွေဟာ အဲဒီနှစ်ပိုင်းတွေမှာ အများဆုံး ရိုက်ကူးခဲ့ပြီး အခုချိန်အထိ ပြောစမတ်တွင်နေကြတဲ့ထိ လက်စွမ်းပြ ရိုက်ကူးနိုင်ခဲ့ကြပါတယ်။ အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားဟာလည်း ၂၀၀၀ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ခေါင်းစဉ်ထဲကအတိုင်း ကမ်းခြေက ပါတီ တစ်ခုမှာ စိတ္တဇတစ်ယောက်ရဲ့ လူသတ်မှုအကြောင်းကို ရိုက်ကူး ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ၁၇နှစ်သမီး ဖလော်ရန့်စ် ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ သူနဲ့ရွယ်တူကောင်မလေးတွေ လူကြီးစိတ်၀င်‌လာကြတာကို စိတ်ပျက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့တော့ ကမ်းခြေမှာ ရေလွှာလျှောစီးနေတဲ့သူတွေကို တွေ့လိုက်ပြီး သူကိုယ်တိုင်ပါ ရေလွှာလျှောစီးချင်လာပါတယ်။ ဒီလိုနဲ့ ရေလွှာလျှောစီးတဲ့ ကောင်လေးတွေက သူ့ကို ကြက်ပေါက်လို့အမည်ပေးလိုက်ရာကစပြီး သူ့နာမည်က ကြက်ပေါက်ဖြစ်သွားပါတယ်။ ကြက်ပေါက်မှာ personality disorder ဆိုတဲ့ စိတ်ရောဂါတစ်မျိုးရှိနေပြီး တခါတလေမှာ အန်နီဘိုးမန်း ဆိုတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ တိုက်တိုက် ဆိုင်ဆိုင်ပဲ ကမ်းခြေမှာ လူသတ်မှုတွေ တစ်ယောက်ပြီးတစ်ယောက် ဖြစ်လာတဲ့အခါမှာ လူသတ်သမားက အသိစိတ်လွတ်နေတဲ့ ကြက်ပေါက် ဖြစ်နေမလား ဒါမှမဟုတ် တခြားတစ်ယောက်ယောက် ရှိနေဦးမလား ဆိုတာ စိတ်၀င်စားစရာကောင်းပါတယ်။ စိတ္တဇဇာတ်ကားဖြစ်ပေမယ့် ဟာသဆန်ဆန် ရိုက်ကူးထားတာကြောင့် horrorကြိုက်သူရော comdey ကြိုက်သူတွေပါ ကြိုက်နှစ်သက်မယ့် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းလိုက်ချင်ပါတယ်။ File size…2.21GB / 1.03GB Quality…Blu-Ray 1080P 5.1CH  / 720p Format…mp4 Duration….1h 35m Genre ..... Comedy , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Comedy • Family • Fantasy • TV Movie
5.9 2000 95 mins
Psycho Beach Party
Wet Dreams
5.9

Sex is Zero လို ကျောင်းသားဟာသကားတွေကြိုက်တတ်ရင်တော့ Wet Dreams ဆိုတဲ့ ဒီကိုရီးယားကားမှာလဲ ခွီရဦးမှာပါ။ ဒေါင်ဟွန်း ဆန်းမင်း ယောင်ဂျေး ဆွတ်ဂူးတို့ဟာယောက်ျားလေးသီးသန့်ကျောင်းမှာတက်ရောက်နေတဲ့ လူပျိုဖော်ဝင်စ၊အပျံသင်စ လိင်မှုကိစ္စကိုထဲထဲဝင်ဝင်နှိုက်နှိုက်ချွတ်ချွတ်စိတ်ဝင်တစား စူးစမ်းချင်စပြုလာတဲ့ အထက်တန်းကျောင်းသားလေးတွေဖြစ်ပါတယ်။ အဲ့ဒီကျောင်းကိုမှ သူတို့နဲ့အသက်ချင်းသိပ်မကွာတဲ့ ငယ်ငယ်လှလှ ဆရာမလေးတစ်ယောက်က အလုပ်သင်အဖြစ်ဝင်လာတဲ့အချိန်မှာတော့ အဲ့ဒီဆရာမလေးနဲ့ နီးစပ်ခွင့်ရဖို့အရေး သူတို့တွေအလောင်းအစားနဲ့အကြံအဖန်လုပ်ကြတဲ့အထိဖြစ်လာပါတော့တယ်။ အဲ့ဒီဆရာမလေးကလဲ ကိုယ်ပိုင်ဇာတ်လမ်းရှိပါတယ်။ ဆရာမလေးရဲ့တစ်ဖက်သတ်အချစ်ဦး ဆယ်ကျော်သက်တုန်းက တဖက်သတ်ကြိတ်ကြွေခဲ့ရတဲ့ ဆရာအစ်ကိုကြီးဟာ အဲ့ဒီကျောင်းမှာကျောင်းဆရာအဖြစ်ရှိနေလို့ဒီကျောင်းကိုမရောက်ရောက်အောင် ဖန်တီးယူခဲ့တာဖြစ်နေလို့ပါပဲ။ဆရာမလေးကသူ့ဇာတ်လမ်းနဲ့သူ့ချစ်ရသူကိုနီးစပ်ခွင့်ရဖို့ကြိုးစားသလို ဒေါင်ဟွန်းတို့လေးယောက်ကလဲ ဆရာမလေးလက်ကိုကိုင်ဖို့၊ အောက်ခံဘောင်းဘီ ဘာရောင်လဲဆိုတာမြင်ရဖို့တို့ ညစ်တီးညစ်ပတ်အလောင်းအစားတွေနဲ့ကြိုးစားနေရင်းက ဒေါင်ဟွန်းဟာ ဆရာမလေးအပေါ် တစ်ပါးသူ စကားနဲ့ထိပါးလာရင်တောင်မခံချင်မခံမရပ်နိုင်ဖြစ်လာတဲ့အထိမေတ္တာရှိမြတ်နိုးသွားမိတဲ့အခါမှာတော့..။ စိတ်ကူးယဉ်တတ်စ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ အိမ်မက်ပင်လေးကိုပျိုးမိတော့တာပါပဲ၊ သူ့ဇာတ်လမ်းလေး ဘယ်လိုအဆုံးသတ်မလဲ? ဆရာမလေးရဲ့ အထက်တန်းကျောင်းကတည်းကစခဲ့တဲ့ တစ်ဖက်သတ်ဇာတ်လမ်းလေးကရော? ဇာတ်သိမ်းကတစ်ခုပဲလှဖို့ရှိပါတယ်။ Wet Dream ဟာကျွန်တော်တို့ဆီမှာနာမည်ကျော်ဖြစ်တဲ့ Sex is Zero နဲ့ တစ်နှစ်ထဲထွက်ရှိခဲ့ပြီး အပြိုင်နာမည်ကြီးခဲ့တဲ့ဇာတ်ကားလဲဖြစ်ပါတယ်။ ကိုရီးယားလှိုင်းအစရုပ်ရှင်တွေထဲမှာတစ်ကားအပါအဝင်ဖြစ်ပြီးကြည့်ဖူးတဲ့သူတွေဆို တစ်ချို့ဇာတ်ကွက်တွေကိုမှတ်မိကြဦးမှာပါ။ သူတို့သူငယ်ချင်းလေးယောက်ရဲ့လိင်ကိစ္စ စပ်စုပုံ၊စူးစမ်းပုံတွေ၊ ဆရာမလေးအနားကပ်ခွင့်ရဖို့ကြိုးစားကြပုံတွေဟာ အသေခွီနေရပြီးကိုယ့်ငယ်ဘဝကိုယ်ပြန်အမှတ်ရစရာတိုက်ဆိုင်မှုလေးတွေကိုပါမြင်ရတွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းရဲ့အဆုံးမှာ Credit scene ဆန်ဆန်တစ်ခန်းပါဝင်ပြီး၊ အဲ့ဒီနေရာမှာ ဆရာကြီးတစ်ယောက် Cameo အဖြစ်စပရိုက်တိုက်ထားပါတယ်။ Wet Dreams 2 ဆက်ထွက်ခဲ့ပြီး Wet Dream နှစ်ကားစလုံးကို https://channelmyanmar.org/?s=wet+dreams  မှာကြည့်ပါ။ File size…(2 GB)/(800 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:38:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Comedy • Horror
5.9 2002 94 mins
Wet Dreams
Breaking
6.9

ဒီတစ်ခါ ပရိသတ်ကြီးကို တကယ့်ဖြစ်ရပ်မှန်ဇာတ်ကားလေး တစ်ကားနဲ့ တင်ဆက်ပေးပါ့မယ် အစိုးရဌာနတွေဆိုတာ ဘယ်နိုင်ငံမှာဖြစ်ဖြစ် အကျင့်ပျက်ခြစားပြီး သူများရပိုင်ခွင့်ကို ရရင်ရသလို ညှစ်ထုတ်တတ်တဲ့သူတွေဆိုတာ ဒီကားကသက်သေပြနေတာပါ နိုင်ငံအတွက်အသက်နဲ့ရင်းပြီး တိုင်းတပါးမှာ စစ်ပွဲဆင်နွှဲရလို့ မသန်စွမ်းဖြစ်တဲ့သူအတွက် တိုင်းပြည်ကပေးထားတဲ့ လစာကို ဖြတ်စားလာဘ်စားလုပ်တာကတော့ တကယ့်ကို ရွံ့ရှာစက်ဆုပ်စရာပါပဲ ခေါင်းပုံဖြတ်ခံထားရတဲ့ ပိုက်ဆံလေးရခဲ့ရင် သမီးလေးကို ခွေးလေတစ်ကောင်ဝယ်ပေးချင်တဲ့ အလုပ်မလုပ်နိုင်တော့တဲ့ ဖခင်တစ်ယောက်ရဲ့ ဝမ်းနည်းစရာဇာတ်ကြောင်းကိုလည်းသေချာလေးခံစားရမှာပါ ဇာတ်လမ်းအကျဉ်း ဘရိုင်ရန်ဆိုတဲ့ မသန်စွမ်းစစ်ပြန်ကြီးဟာ အလုပ်မလုပ်နိုင်တော့လို့ မသန်စွမ်းလစာလေးကို မှီခိုပြီး စားသောက်နေရတဲ့သူပါ မိန်းမနဲ့ကလည်းကွဲ အလုပ်ကလည်းမလုပ်နိုင် စိတ်အခြေအနေကလည်းပုံမှန်မဟုတ်တဲ့သူတစ်ယောက်အတွက် သူမှီခိုနေရတဲ့ လစာကိုမှ စစ်မှုထမ်းဟောင်းရေးရာနဲ့ နည်းပညာ ကောလိပ် တစ်ခုတို့ ပေါင်းရိုက်ပြီး ဖြတ်စားနေတာကို သိသွားတဲ့အချိန်မှာတော့ အဲဒီပိုက်ဆံပြန်ရဖို့နဲ့ စစ်မှုထမ်းဟောင်းရေးရာရဲ့ အကျင့်ပျက်ခြစားတာကိုလူတိုင်းသိသွားအောင်လို့ ဘဏ်တစ်ခုကို အနုကြမ်းစီးပြီး သူတောင်းဆိုတဲ့အရာလုပ်ပေးဖို့ မလုပ်ပေးရင် ဗုံးဖောက်ခွဲပစ်မယ်ဆိုပြီးခြိမ်းခြောက်ခဲ့တာပါ အဲဒီလိုအနုကြမ်းစီးပြီးနောက်မှာပဲ ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ သူက အနုကြမ်းစီးပြီး ဘာကိုတောင်းဆိုချင်မှာလဲ ဓားစာခံတွေကိုရောဘယ်လိုဆက်ဆံမှာလဲ သူတောင်းဆိုတာတွေရသွားမှာလား သူရောဘာဖြစ်သွားလဲဆိုတာကို ရင်နဲ့အမျှခံစားပြီးကြည့်ရှုရမှာမို့လို့ အသေအချာလေးကြည့်လိုက်ပါလို့ပဲ အကြံပေးလိုက်ပါရစေဗျာ File size…(1.14GB/(649MB/(464MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:43:00 Genre...Crime / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Horror • Mystery
6.9 2022 103 mins
Breaking
Pirates of the Caribbean: At World’s End
7.1

Pirates of the Caribbean: At World’s End(2007) IMDb…7.1 သူရဲကောင်းဆန်ဆန်နဲ့ ကရာကန်ကြီး ပါးစပ်ထဲ ဓားတစ်ချောင်းနဲ့ ဝင်ပြီး အားလုံးကို ပေးဆပ်သွားတဲ့နောက်တော့ ဝီလ်တန်နာနဲ့ အဲလိဇဘက်တို့နှစ်ယောက်သား ကပ္ပတိန် ဘာဘိုဆာနဲ့ ပူးပေါင်းပြီး ဂျက်ကို ဒေဗီဂျုန်းဆီကနေ လွတ်အောင် ကယ်ဖို့ ကြိုးစားရတော့တယ်။ ဒါပေမယ့် နှစ်ယောက်မရှိတဲ့ ဂျက်စပဲရိုးက သူ ဘာကောင်လဲဆိုတာကို ဂဏန်းတွေနဲ့ ပုလဲနက်နဲ့ ပြလိုက်တယ်။ ဒေဗီဂျုန်းကိုလည်း လော့ဒ် ဘက်ကပ်တ်က ထိန်းချုပ်ထားပြီး ပင်လယ်ပြင်တခွင်တစ်ခုလုံးရဲ့ သင်္ဘောတွေအကုန်ကို ဖျက်ဆီးခိုင်းတဲ့နောက်တော့ ဝီလ်၊ အဲလိဇဘက်နဲ့ ဘာဘိုဆာတို့နဲ့ အတူ ကပ္ပတိန် ဂျက်စပဲရိုးပါ တိုက်ပွဲထဲ ဝင်ပါလာရတော့တယ်… ————————————————————————————– File Size : (8.8GB )(4.24GB) and (1.53GB) Quality : Blu-Ray 4KHEVC, 1080p 5.1CH,720P Format…mp4 Duration…02:49:00 Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae

Action • Comedy • Fantasy
7.1 2007
Pirates of the Caribbean: At World’s End
HiGH&LOW The Movie 2: End of Sky
7.1

အဆိုပါဂျပန်ရုပ်ရှင်ဟာ High & Low Franchise မှ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Imdb 7.1အထိရရှိထားပြီး ရုံတင်ငွေ ၁.၃၄ ဘီလျံယန်းထိရရှိပြီး Japanese Box officeမှာအတိုင်းတာတစ်ခုထိအောင်မြင်မှုရရှိခဲ့ပါတယ်။ ဇိုးအထာဖမ်းထားတဲ့တိုက်ရည်ခိုက်ရည်ကောင်းတဲ့လူငယ်ဇာတ်ကောင်များပါဝင်ပြီး လူငယ်ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်ဒုစရိုက်လောကကိုအုပ်စိုးတဲ့ ခူရူးယုဂိုဏ်း(KURYU GROUP) ဟာ SWORD နယ်မြေမှာ ကာစီနိုဖွင့်ရန်ကြံစည်နေပါတယ်။ အဆိုပါ ကိစ္စကို SWORD နယ်ခံဂိုဏ်းတွေကမလိုလားပါဘူး။ ဆန်းနိုးဂိုဏ်းကကော်ဘရာရဲ့ အပြောရဆိုရင် SWORD ဟာခူရူးယုဂိုဏ်းအုပ်စိုးနေသရွေ့အနာဂတ်ဆိုတာလည်းမရှိဘူးလို့ဆိုပါတယ်။ အင်အားကြီးတဲ့ဧရာမဂိုဏ်းကြီးနဲ့ အားပြိုင်ဖို့ကြိုးစားပုံမှာဇာတ်အိမ်တည်ထားတယ်။တချိန်တည်းမှာပဲ SWORD နယ်မြေကို ခပ်ထန်ကြမ်းတမ်းလွန်းတဲ့ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ကြတဲ့ ရမ်မာရုရဲ့သံသယဂိုဏ်းနဲ့ ဂျက်စီရဲ့ ထောင်ဂိုဏ်းတို့ပူးပေါင်းကာ တိုက်ခိုက်ဖို့ကြံစည်ကြပါတယ်။ အဓိကက သံသယဂိုဏ်းရဲ့ထာဝရရန်ဖက်ဖြစ်တဲ့ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကို ချေမှုန်းချင်ရာကနေစတင်ပါတယ်။ဝှိုက်ရတ်စကဲလ်တွေဟာအမျိုးသမီးတွေကို ကာကွယ်သူတွေအဖြစ်ခံယူထားကြပြီးသံသယဂိုဏ်းသားတွေကတော့ ငွေရရင်ဘာမဆိုလုပ်ကြမယ့်လူတွေဖြစ် တယ်။ SWORD နယ်မြေက ဆန်းနိုးလူဆိုးဂိုဏ်းကိုယ်စားပြု ကော်ဘရာဟာ SWORD ဂိုဏ်းတွေမဟာမိတ်ဖွဲ့ဖို့ အဆိုကိုတင်သွင်းပြီးအားလုံးလိုလိုကငြင်းဆန်ခဲ့ကြပါတယ်။ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကရော့ကီဟာ သံသယဂိုဏ်းကဘဲတွေကိုသူကိုယ်တိုင်ပဲရိုက်ခွဲချင်နေပြီးအခြားဘေးကပါဝင်သူတွေကိုထိခိုက်နစ်နာမှာကိုမလိုလားပါဘူး။တစ်ဖက်မှာတော့ အာမားမီးယားညီအစ်ကိုဂိုဏ်းဟာ ဒုစရိုက်လောကရဲ့အကြီးဆုံးဂိုဏ်းဖြစ်တဲ့ခူရူးယုဂိုဏ်းကို အမြစ်ကနေဆွဲလှန်ပြီးဖျက်စီးနိုင်မယ့် ယူအက်စ်ဘီ(USB FLASH DRIVE)ကိုလက်ဝယ်ရရှိထားပါတယ်။ အဆိုပါ ယူအက်စ်ဘီကိုခူရူးယုဂိုဏ်းဘက်ကပြန်လည်ရယူဖို့ကြိုးစားပုံတွေ၊ တစ်ဖန်ပြန်လည်ခုခံပုံတွေ၊ လမ်းမပေါ်ကဂိုဏ်းတွေမတစ်ထောင်တစ်ကောင်ဖွားတွေ အချင်းချင်း ရိုက်ကြနှက်ကြထိုးကြခွဲကြဆိုးကြ ပုံတွေကို အားပါးတရပဲ အံ့တကြိတ်ကြိတ်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…2.24GB / 890MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 4m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Kaung Paing

7.1 2017
HiGH&LOW The Movie 2: End of Sky
Diabolik – Ginko Attacks
5.5

Diabolik – Ginko Attacks (2022) ၂၀၂၁ ခုနှစ်မှာထွက်ခဲ့တဲ့ Diabolik ရုပ်ရှင်ရဲ့ အဆက်ပါ။ ဇာတ်လမ်းကတော့ ဖောက်ထွင်းဝိဇ္ဇာ Diabolik ဟာ အာမန်သရဖူကိုခိုးပြီး အာမန်‌ကျောက်မျက်အားလုံးကို ခိုးဖို့ ကြံစည်တာကနေ စတင်ထားပါတယ်။ ဒါပေမဲ့လည်း ရတနာတွေဟာ စုံထောက်ဂျင်ကိုရဲ့ ငါးစာတွေဖြစ်နေတဲ့အခါ Diabolik တစ်ယောက် ဒုက္ခရောက်ပါတော့တယ်။ ဒုက္ခရောက်ရတဲ့အထဲ ချစ်ရသူဖြစ်တဲ့ အေဗာကပါ ကျောခိုင်းသွားပြီး Diabolik ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ရဲတပ်ဖွဲ့က သိမ်းယူသွားခဲ့ပါတယ်။ Diabolik ဟာ ပြေးပေါက်ပိတ်နေပါပြီ။ ဒီလိုခက်ခဲတဲ့အခြေ‌အနေတွေကြားထဲမှာ စုံထောက်ကြီးဂျင်ကိုကပဲ အနိုင်ရပြီး Diabolik ကိုဖမ်းမိသွားမလား။ Diabolik ကပဲ လက်မတင်လေး လွတ်သွားဦးမလားဆိုတာကို စုံထောက်ကားပီပီ လှည့်ကွက်တွေနဲ့ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားမှာတော့ ပုရိသတွေအားလုံးရဲ့ အသည်းစွဲ ဂန္ထဝင်မမကြီး Monica Bellucci ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 930MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 56Min Genre – Action, Crime Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Adventure • Comedy • War
5.5 2022
Diabolik – Ginko Attacks
My Blood and Bones in a Flowing Galaxy
6.7

My Blood & Bones in a Flowing Galaxy (2020) ~ IMDb – 6.7/10, MyDramaList – 7.9/10 ~ ဟီးရိုး လူစွမ်းကောင်းဖြစ်ချင်တဲ့စိတ်က လူတော်တော်များများမှာ အဓိပ္ပာယ်သတ်မှတ်ချက် တစ်မျိုးစီနဲ့ ဖြစ်တည်နေလေ့ရှိပါတယ်။ ဒီဇာတ်ကားမှာတော့ ကျောင်းသား ခိရိုဆုမိ ဟမဒ ဂျူနီယာကောင်မလေးအပေါ် ကာကွယ်ပေးချင်တဲ့အကြောင်းကို သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ သူရဲကောင်းဖြစ်လိုစိတ်နဲ့ ချိတ်ဆက်ထားပါတယ်။ ခိရိုဆုမိရဲ့ အဖေဖြစ်သူက သူ့ကိုမွေးခါနီးနာရီပိုင်းအလိုမှာပဲ ရေထဲမျောပါပြီး သေဆုံးသွားပါတယ်။ အကြောင်းရင်းကလည်း ရေထဲထိုးကျနေတဲ့ကားထဲက လိုက်ပါစီးနင်းသူတွေကို ဆင်းကယ်ရင်း သူကိုယ်တိုင် နစ်သွားတာကြောင့်ပါ။ ခိရိုဆုမိဟာ ငယ်စဉ်ကတည်းက သူ့အဖေရဲ့ လူစွမ်းကောင်းဆန်ပုံတွေ စိတ်ကောင်းရှိပုံတွေကို သူ့အမေဆီကနေ ကြားခဲ့ရပါတယ်။ ဒါကြောင့်မို့ သူလည်း သူ့အဖေလို ဟီးရိုးဖြစ်ရမယ်ဆိုပြီး ခံယူထားတဲ့၊ အမှန်တရားကို လိုလားတဲ့ ဆယ်ကျော်သက်လေးဖြစ်လာခဲ့ပါတယ်။ တတိယနှစ်မှာတော့ ကျောင်းအစည်းအဝေးမှာ အနိုင်ကျင့်ခံနေရတဲ့ ဂျူနီယာလေး ခုရမိုတို ဟာရိကို ဝင်ပြီးကာကွယ်ပေးခဲ့ပါတယ်။ ဟာရိက အကြောင်းရင်းတစ်ခုကြောင့် လူတွေနဲ့ထိတွေ့ဆက်ဆံလိုစိတ်မရှိဘဲ ရန်လိုတဲ့ပုံစံဖြစ်နေခဲ့တာပါ။ ဟာရိကို ကြိုးစားပြောင်းလဲပေးဖို့လုပ်ရင်းနဲ့ သူတို့တွေရင်းနှီးလာခဲ့ပါတယ်။ ဒါ‌ပေမဲ့ ဟာရိ လျှို့ဝှက်ထားတဲ့ အကြောင်းရင်းက ရှုပ်ထွေးနေရုံမကဘဲ နှစ်ရှည်လများဖြစ်တည်လာတဲ့ အကြောက်တရားနဲ့ နှိပ်စက်ချုပ်ချယ်မှုတွေ ရက်စက်မှုတွေကြောင့်ဖြစ်နေတဲ့အခါ… (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 650MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 2H 7Min Genre – Drama, Fantasy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

6.7 2020 127 mins
My Blood and Bones in a Flowing Galaxy
Bhola Shankar

Bhola shankar (2023) =================== ဘိုင်ရာဗာမင်းသား ရမ်ချရန်ရဲ့အဖေ မင်းသားကြီးချီရန်ဂျီဗီး၊ နာမည်ကြီး တောင်ပိုင်းမင်းသမီးချောတွေဖြစ်ကြတဲ့ သမန်းနားနဲ့ ကရီသီဆူရက်ရှ်တို့ ပါဝင်ထားကြပြီး ကုဋေ ၁၀၀၀ ကျော် ဘက်ဂျက်သုံးရိုက်ကူးခဲ့တဲ့ ရုံတင်ကားအသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ မိန်းကလေးတွေ‌ ပျောက်ဆုံးမှုက ကိုလ်ကာတာမြို့ကြီးထဲ တွင်တွင်ကျယ်ကျယ်ကို ဖြစ်နေပါတယ် ဝန်ကြီးချုပ်အထိပါ ခေါင်းခဲရတဲ့ကိစ္စတစ်ခုဖြစ်တာကြောင့် တစ်ချက်အတိမ်းစောင်းမခံဘဲ ပြစ်မှုရှင်းလင်းရေးရဲ့ အတော်ဆုံးအရာရှိကိုလွှတ်တာတောင် အသတ်ခံလိုက်ရတဲ့အမှုဆိုတော့ တော်ရုံလူမကိုင်ရဲ ပျောက်ဆုံးမှုတွေဖြစ်မြဲပါပဲ ဘိုလာ.. ဒီလူ့အကြောင်းပြောရမယ်ဆိုရင် တစ်ပါးလူအပေါ်ဘယ်သူရယ်ဘယ်ဝါရယ်မတွေး ကူညီချင်စိတ်အပြည့်နဲ့ပေါ့ဗျာ အဖေအမေမရှိတဲ့ သူ့မှာ မိသားစုဆိုလို့ သူ့ညီမလေးမဟာတစ်ယောက်တည်းရှိတယ် ညီမလေးက သူ့ဘဝရဲ့ အရာရာ‌ပေါ့ ညီမလေးကို တုန်နေအောင်ချစ်တဲ့လူပေါ့ တစ်နေ့ .. လူပျောက်မှုတွေဖြစ်တဲ့မြို့ထဲ အကြောင်းမသိဘဲ သွားတိုက်ခန်းငှားနေမိရာကစ ဘာတွေဆက်မယ်ဆိုတာကတော့ … ဒီ Bhola Shankar ရုပ်ရှင်ဟာဆိုရင် တမီလ်ရုပ်ရှင်တစ်ခုဖြစ်တဲ့ Vedalam ကို တေလေဂူဗားရှင်း remake ပြန်ရိုက်ထားတာဖြစ်ပြီး မူရင်းကို မီမလားဆိုတာကို ပရိသတ်ကြီးကပဲဆုံးဖြတ်ပေးကြပါဦး…။ ( Yunni~Zwe ~Cherry ~YH~ToMo တို့က ညွှန်းဆိုဘာသာပြန်ပေးထားပါတယ်။ )

0 2023 158 mins
Bhola Shankar
Journey with Tarsilinha
7.3

ဘရာဇီး adventure animation ဇာတ်ကားလေးတစ်ကား တင်ဆက်လိုက်ပါတယ်။ ပေါ်တူဂီဘာသာစကားနဲ့ တင်ဆက်ထားတဲ့ ဘရာဇီးဇာတ်ကားဖြစ်ပြီး ဒါရိုက်တာကတော့ Celia Catunda နဲ့ Kiko Mistrorigo ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေအနေနဲ့ Marisa Orth၊ Alice Barion၊ Maira Chasseroux၊ Ando Camargo၊ Skowa နဲ့ Rodolfo Dameglio တို့ကဆောင်ရွက်ပေးထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အသက်ရှစ်နှစ်အရွယ်ခန့် တာဆီလီညာဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ သူမအမေနဲ့ ခြံထဲမှာသစ်သီးခူးပြီးပြန်အလာ၊ အမေဖြစ်သူက သေတ္တာလေးတစ်လုံးဖွင့်ပြပြီး သူငယ်ငယ်ကအကြောင်းတွေ သမီးဖြစ်သူကိုပြောပြရင်း သေတ္တာထဲက အမှတ်တရပစ္စည်းလေးတွေ ထုတ်ပြတယ်။ အဲ့အချိန်မှာပဲ လေပြင်းကြီးရုတ်တရက်ကျရောက်လာပြီး သေတ္တာထဲကပစ္စည်းတွေပါ ပါသွားပါတယ်။ လေပြန်အငြိမ်မှာ ထူးဆန်းတဲ့အရိပ်အယောင်တစ်ခု တွေ့မိလို့ နောက်ကလိုက်ဖို့လုပ်နေတဲ့ တာဆီလီညာလေးတစ်ယောက် သူ့အမေရဲ့အဖြစ်ကိုတွေ့ရတော့ ပိုအံ့ဩမိရပြန်ပါတယ်။ အကြောင်းကတော့ သူ့အမေဟာ အရင်ကမှတ်ဉာဏ်တွေကို ထူးထူးခြားခြားဘာတစ်ခုမှ မမှတ်မိတော့တာပါ။ ဒီအဖြစ်ဟာ စောစောကထူးဆန်းတဲ့အရာနဲ့ပတ်သက်မှုရှိမယ်လို့ ယူဆပြီး တာဆီလီညာတစ်ယောက် သူ့အမေရဲ့အမှတ်တရပစ္စည်းတွေကို ယူသွားသူလို့ယူဆရတဲ့ အဆိုပါအရာနောက်ကို စွန့်စားခန်းဖွင့်ပြီးလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ တာဆီလီညာတစ်ယောက် အမေဖြစ်သူရဲ့အမှတ်တရတွေယူသွားတဲ့ ထူးခြားတဲ့အရာကိုတွေ့ပါ့မလား… သူ့အမေရဲ့အမှတ်တရပစ္စည်းတွေရော ပြန်ရပါ့မလား… သူ့အမေရဲ့မှတ်ဉာဏ်တွေ အရင်အတိုင်း အကောင်းပကတိပြန်ဖြစ်ပါ့မလား… သူ့ရဲ့စွန်းစားခန်းခရီးတစ်လျှောက် ဘာထူးထူးဆန်းဆန်းတွေကြုံရဦးမှာလဲ… ဒါတွေကတော့ ဇာတ်ကားလေးကိုဆက်လက်ရှုစားရင်းနဲ့ တွေ့ရမယ့်အရာတွေပဲဖြစ်ပါတယ်။ ဘရာဇီးဇာတ်ကားဖြစ်လို့ ဒိတ်ဒိတ်ကြဲ ဟောလိဝုဒ် Animation Studio ကြီးတွေလောက် ဘတ်ဂျက်ပိုင်း၊ လက်ရာပိုင်း၊ သေသပ်မှုပိုင်း မယှဥ်သာပေမယ့် ပေါ့ပေါ့ပါးပါးအပျင်းပြေ entertainment ထက်ပိုတဲ့ ဆင့်ပွားတွေးစရာဒသနလေးတချို့ပါ ပါနေတာတွေ့မိလို့ စာရေးသူအနေနဲ့တော့ သဘောတွေ့မိတဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။ IMDb rating လည်း 7.3 ရထားတာဖြစ်လို့ မဆိုးဘူးလို့ပဲ ညွှန်းဆိုလိုက်ပါတယ်။ File size…(1.7 GB)/(881 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Drama
7.3 2021 93 mins
Journey with Tarsilinha
Sijjin
5

Sijjin (2023) Horror ပရိသတ်တွေ တောင်းတလွန်းလို့ Sijjin ကတော့ ကိုယ်ထင်ပြလို့လာပါပြီ။ reviewတစ်ပေါက်ကတော့ အတော်လေးညွှန်းနေကြတဲ့အပြင် ကြောက်တတ်သူတွေမကြည့်ကြဖို့ ပြောနေကြတာဆိုတော့ ကြောက်တတ်သူများကတော့ ဘေးမှာ‌ ပြေးပုန်းလို့ရမယ့် ကိုကို့ရင်ခွင်ရှိမှသာ ကြည့်သင့်ပါကြောင်း… အီမာဆိုတဲ့မိန်းကလေးဟာ ကမ္ဘာမှာအပေါဆုံး ယောက်ျားသားတွေထဲမှာမှ ချော်တောငေါ့ပြီးတော့ သူ့ရဲ့တစ်ဝမ်းကွဲအစ်ကိုဖြစ်တဲ့ ဂါလန်ကိုမှ အချစ်ကြီးချစ်မိပါသတဲ့။ ဆယ်ကျော်သက်ပီပီ အချစ်ကိုဘဝကြီးထင်တဲ့အရွယ်ဖြစ်တာကြောင့် သင့်တော်မတော်ဆိုတာတွေလည်းမတွေးနိုင် အစ်မဖြစ်သူပြောတာလည်း နားမဝင်လေတော့ အချစ်ရူးညီမကိုနားချဖို့ အစ်မဖြစ်သူက ဂျင်ပွဲကိုခေါ်သွားပါတော့တယ်။ ဂျင်ကလည်း သူ့ကိုတားနေတဲ့ကြားက အသက်ပါရန်ရှာလာနိုင်တယ်လို့ပြောတဲ့ကြားကနေ အီမာတစ်ယောက် ပိုးဖလံလို ချစ်မီးလျှံထဲကိုမျက်စိစုံမှိတ်တိုးဝင်ပြီး ဂါလန်ကိုဆက်ချစ်ဖို့ ရွေးလိုက်ခဲ့ပေမဲ့ ဂါလန်ကတော့ ရုတ်တရက် အမေစီစဉ်တဲ့အတိုင်း နီဆာနဲ့အိမ်ထောင်ပြုလိုက်ပါတော့တယ်။ လှုပ်လေမြုပ်လေဖြစ်နေတဲ့ အချစ်နွံထဲက အီမာကတော့ ဂါလန်နဲ့ ဆက်ပြီးပတ်သက်ခဲ့တာ ကိုယ်ဝန်ရလာတဲ့အထိပါပဲ။ ကိုယ်ဝန်ရလို့ တာဝန်ယူခိုင်းကာမှ ကျားတို့ထုံးစံ ဂါလန်က စားပြီးနားမလည်လုပ်ပါတော့တယ်။ ဂါလန်က ဘယ်လောက်ပဲခါချနေပါစေ အီမာကတော့ လိုတာထက်ပိုပြီး စွဲလမ်းနေခဲ့ပြီမလို့ ဂါလန်ကိုရရေးတို့အရေးဆိုပြီး ဂါလန်မိန်းမနီဆာနဲ့ တစ်အိမ်လုံးကို ဂျင်နဲ့တိုက်ဖို့လုပ်ပါတော့တယ် ဂျင်ဆိုတာ‌ ဖြစ်ချင်တာကိုဖြစ်အောင်လုပ်ပေးတယ်ဆိုပေမဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ပေးဆပ်မှုတွေ ရှိတယ်ဆိုတာ အသိနောက်ကျသွားတဲ့ အီမာတစ်ယောက် ဘယ်လိုတန်ကြေးတွေနဲ့ပေးဆပ်ရမလဲဆိုတာ အသည်းတအေးအေးနဲ့ ရှုစားလိုက်ရအောင်ပါ။ အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Kaung Set တို့ပဲ ဖြစ်ပါတယ်။ *** ဘာသာရေးဆိုင်ရာ အသုံးအနှုန်းများ ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများ လွဲချော်မှု ရှိခဲ့ပါက မေတ္တာတရားရှေ့ထားပြီး ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။*** Genre….. Horror, Thriller Quality…. 1080p | 720p File size… 981MB | 481MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary, Char Ou, Kaung Set Encoder ….. Aaron

5 2023
Sijjin
Hot Fuzz
7.9

သရော်ထားတဲ့ရုပ်ရှင်များထဲမှာ အရယ်ရဆုံး အကောင်းဆုံးလို့ရှာရင် Hot Fuzz ဆိုတဲ့ရုပ်ရှင်ကားက ထိပ်ဆုံးကပါတတ်ပါတယ်။ သရော်ထားချက်တွေရော သရုပ်ဆောင်တွေရော အက်ရှင်တွေရော ကြည့်လို့အင်မတန်ကောင်းတဲ့ရုပ်ရှင်ပါ။ ဇာတ်လမ်းကတော့…. ထူးချွန်လွန်းတဲ့ရဲတစ်ယောက်ဖြစ်တဲ့ Nicholas Angel ဟာ ဥပဒေကလွဲရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ စာအုပ်ကြီးသမားအဖြစ် လန်ဒန်ရဲတပ်ဖွဲ့မှာ အသက်ဘေးအန္တရာယ်တွေလဲ မမှုဘဲ ရဲလုပ်ငန်းတာဝန်တွေကို ရွပ်ရွပ်ချွံချွံထမ်းဆောင်နေသူပါ။ ဒီလိုထူးချွန်လွန်းလို့ ဆုတံဆိပ်ပေါင်းများစွာ အကြိမ်တိုင်းရရှိနေသူဖြစ်ပါတယ်။ ဒါပေမယ့် ရဲဌာနတစ်ခုလုံးက လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့ကိုမမြင်ချင်တော့ပါဘူးတဲ့… ဘာလို့လဲဆိုတော့ သူတစ်ယောက်ပဲ ထူးချွန်လွန်းနေပြီး ကျန်တဲ့ရဲတွေ အသုံးမကျသလိုခံစားလာရလို့ပါတဲ့….LoL… ဒါကြောင့်သူ့ကို ရာထူးအတင်းတိုးပေးပြီး သူ မပြောင်းရွှေ့ချင်တဲ့နယ်ဖက်ကိုပို့လိုက်ပါတယ်… သူက မပြောင်းရွှေ့ချင်ကြောင်း ရဲချုပ်ဆီ စောဒကတက်တဲ့အခါမှာတော့ သူရှိနေရင် ရဲချုပ်ကိုယ်တိုင်အသုံးမကျသလိုခံစားနေရလို့ တမင်ကိုပို့ခံရမှန်းသိလိုက်ရပါတော့တယ်…. ဒါနဲ့ပဲ ထူးချွန်လွန်းတဲ့ဝန်ထမ်းတို့ ထုံးစံအတိုင်း ချောင်ခြိုချောင်ကြား နယ်မြို့လေးတစ်ခုကို ပြောင်းရွှေ့သွားရပါတော့တယ်။ နယ်မြို့လေးဟာလဲ ထူးဆန်းစွာပဲ ဆယ်နှစ်နေလို့ အမှုတစ်ခုတောင်မရှိပါဘူးတဲ့။ ကောင်းသတင်းတွေမွှေးပြီး အေးချမ်းလွန်းတဲ့ မြို့ကလေးလို့ အများသူငှာက အားကျနေရပေမယ့် တကယ့်တကယ် အတွင်းထဲမှာ ကျက်သရေမင်္ဂလာအဖြာဖြာ ယုတ်လျော့နေတာကို ကိုထူးချွန်တစ်ယောက် သိသွားတဲ့အခါမှာတော့….. တစ်မြို့လုံးနဲ့ တစ်ယောက် ဘယ်လိုတွေ ချကြမလဲဆိုတာ………။ လူ့သဘောတွေကို သရော်ထားတဲ့ ဒီဇာတ်ကားလေးဟာ Rating တွေလဲမြင့်မားပြီး IMDb (7.9) …Rotten Tomatoes (91%) ထိ ရရှိထားပါတယ်။ လုံးဝလက်လွတ်မခံသင့်တဲ့ဇာတ်ကားလေးပါ။ ဒီရုပ်ရှင်ကားက ဒါရိုက်တာ Edgar Wright ရိုက်ကူးပြီး မင်းသား Simon Pegg နဲ့ Nick Frost တို့အတွဲ ပါဝင်တဲ့ Three Flavours Cornetto Trilogy အဖြစ်လူသိများတဲ့ ၃ ကားထဲက တစ်ကားဖြစ်ပါတယ်။Cornetto Trilogy ဆိုတာ Shaun of The Dead (2004), Hot Fuzz (2007) နဲ့ The World’s End (2013) ဇာတ်ကားတွေပဲဖြစ်ပါတယ်။Trilogy ဆိုပေမယ့်တစ်ကားနဲ့တစ်ကားဆက်စပ်မှုတော့မရှိဘဲ သရော်ထားတဲ့ရုပ်ရှင်အမျိုးအစားအဖြစ်သာ တူညီမှုရှိပါတယ်။

7.9 2007
Hot Fuzz
Thadam
8.1

Thadam (2019) “ဟာကွက်” IMDb 8.1 အထိရထားတဲ့ တေလဂူး မှုခင်း/လျှို့ဝှက်သည်းဖိုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် မင်းသား Arun Vijay က ဒီရုပ်ရှင်မှာ နှစ်ကိုယ်ခွဲဇာတ်ရုပ်အဖြစ်သရုပ်ဆောင်ပြီး တေလဂူးရုပ်ရှင်ပွဲတိုင်းကျော် ‘ယိုဂီဘာဘူ’ လည်း ပါဝင်ထားပါတယ် အေဟီလ်က ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်၊ အိပ်မက်တွေနဲ့လူဖြစ်ပြီး ချစ်ရသူနဲ့ တစ်အိုးတစ်အိမ်တည်ဆောက်ဖို့ ကြံရွယ်ထားတဲ့ လူရည်လူမွန် ကာဗင်ကတော့ ဆန့်ကျင်ဘက်၊ အသေးစားလူလိမ်ဆိုပေမယ့် သူများကို လိမ်လည်လှည့်ဖြားတဲ့ နေရာမှာ တစ်ဖက်ကမ်းခတ်နေသူ၊ လောင်းကစားနွံမှာ နစ်နေတဲ့ လူလေလူလွင့်တစ်ယောက် မိုးသည်းတဲ့ ညတစ်ညမှာ လူတစ်ယောက်အသတ်ခံလိုက်ရတဲ့အခါ ဓာတ်ပုံသက်သေတစ်ခုကြောင့် အေဟီလ်ကို သံသယတရားခံအဖြစ် ခေါ်ယူမေးမြန်းခံရတယ် သိပ်မကြာခင်မှာပဲ အေဟီလ်နဲ့ ချွတ်စွပ်တူနေတဲ့ ကာဗင်ပါ မူးပြီးကားမောင်းမှုကြောင့် စခန်းရောက်လာတဲ့ အချိန်မှာတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ ToMo ~ Alex ~ V ~ KKKZ တို့ ဖြစ်ပါတယ်

8.1 2019 138 mins
Thadam
Midnight FM
6.5

Midnight FM (2010) ******************* ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အားလုံးရဲ့ အချစ်တော် Ma Dong Seok မင်းသားကြီး Yoo Ji Tae နဲ့ The Flu ထဲက မင်းသမီး Park Soo Ae ပါဝင်ထားတဲ့ Midnigt FM ဆိုတဲ့ မှုခင်းဇာတ်ကားလေးအကြောင်း ပြောပြပေးချင်ပါတယ် .. နာမည်ကြီးရေဒီယိုအစီအစဉ်တင်ဆက်သူ ဂိုဆွန်းယောင်း(Soo Ae) က သမီးဖြစ်သူရဲ့ကျန်းမာရေးကြောင့် ရေဒီယိုဒီဂျေအလုပ်ကနေ အနားယူဖို့စီစဉ်ခဲ့ပါတယ်။ အနားမယူခင်နောက်ဆုံးနေ့မှာ အမှတ်တရဖြစ်သွား‌‌အောင် သူ့အစီအစဉ်ရဲ့ ပရိတ်သတ်‌တွေထဲက တစ်‌ယောက်ဖြစ်တဲ့ ဒေါ့ထယ်(Ma Dong Seok)ကို သူမရဲ့အစီအစဉ်မှာ ပါဝင်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ပုံမှန်အတိုင်း အစီအစဉ် တင်ဆက်နေရင်းနဲ့ ရုတ်တရက် သူမဆီ ဖုန်းဝင်လာပြီးတော့ သူမရဲ့ညီမဖြစ်သူနဲ့ ကလေးတွေကို ဖမ်းဆီးထားပြီး သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်လာခဲ့ပါတယ်။ ညီမဖြစ်သူနဲ့ ကလေး‌တွေကို လူသတ်သမားရန်ကနေ ကယ်တင်နိုင်ဖို့ဆိုရင် လူသတ်သမားပေးတဲ့ မေးခွန်းတွေကို မှန်မှန်ကန်ကန်နဲ့ ဖြေဆိုရမှာပဲဖြစ်ပါတယ်။ ဒီ‌‌တော့ ဂိုဆွန်းယောင်းအနေနဲ့ လူသတ်သမားလက်‌ကနေ ညီမနဲ့က‌လေးတွေကို ဘယ်လိုနည်းနဲ့ကယ်တင်မလဲ။ ဆွန်းယောင်းရဲ့ပရိတ်သတ်ဖြစ်တဲ့ ဒေါ့ထယ်ကလည်း ဘယ်လို‌တွေ ကူညီ‌‌ပေးသွားမလဲဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ပါဦးနော် .. (အညွှန်းကို Estel မှ ရေးသားပေးထားပါတယ်) File size…1.38GB / 591MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 46 min. Genre ….. Action, Thriller, Mystery, Psychological Subtitle….Myanmar Subtitle (Hard Sub) Translated by Estel Encoded by AHtet

6.5 2010 106 mins
Midnight FM