YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Almost Lover E01 (1080p) CM.mp4

567.2 MB 1080p video/mp4 78 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Arrest The Wicked
3

CM ချစ်ပရိသတ်တို့အတွက် ဆတိုးချေးငွေနဲ့ပတ်သက်ပြီး ဗဟုသုတလည်းရ မှတ်သားဖွယ်ရာ တရုတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးထဲမှာ ဘယ်ကမှန်းမသိတဲ့ ငွေတွေနဲ့ ချေးငွေလုပ်ငန်းကြီးလုပ်ကာ အတိုးပေါ်အတိုးဆင့် ပြီး အတိုးကလူကိုပြန်ဝါးမြိုအောင် တမင် လှည့်ကွက်တွေဆင်ထားတဲ့ ထောင်ချောက်ကြီးအကြောင်းကို ရိုက်ကူးပုံဖော်ထားပါတယ်... ဇာတ်လမ်းအကျဉ်းလေးကိုဆိုရရင် ကျားဖောင်ဆိုသူဟာ သူ့စားသောက်ဆိုင်လေး တိုးချဲ့ဖို့ဆိုတဲ့ စိတ်ကူးနဲ့ ငွေတိုးချေးလုပ်ငန်းမှာ ငွေချေးမိရာကနေ နောက်ဆုံး အသက်အန္တရာယ်ကြုံတဲ့အထိ အတိုးက လည်ပင်းပေါ်တက်လာတာပေါ့... ဒီလိုနဲ့ ဟောင်ကောင်ဘားမှာ အလုပ်လုပ်တဲ့ ဟောက်ဇီတစ်ယောက် လမ်းခွဲကြေး ၃ သိန်းရပြီးကြီးပွားတိုးတက်ဖို့ စိတ်ကူးနဲ့ ကျားဖောင်ဆီရောက်လာတာပေါ့... တိုက်တိုက်ဆိုင်ဆိုင် ကျားဖောင်ကလည်း သူ့ကို ပါတနာအဖြစ် စိတ်လိုလက်ရ ကြိုဆိုနေတာမြင်တော့ သူအပျော်ကြီးပျော်သွားတာပေါ့... တစ်ဖက်က ကျားဖောင်လည်း အပျော်ကြီးပျော်ကာ ဟောက်ဇီကို စားသောက်ဆိုင်လွှဲပြီး ထွက်ပြေးသွားလေရဲ့ အဲ့တော့ကာ ငွေတိုးချေးသမားတွေကို ငွေပြန်ဆပ်ရမယ့်သူက ဟောက်ဇီဖြစ်သွားတာပေါ့... နေ့ချင်းညချင်း ဆိုင်ရှင်ကနေ အကြွေးထူဘဝရောက်သွားတဲ့ ဟောက်ဇီတစ်ယောက် အတိတ်မေ့နေတဲ့ လူနာတစ်ယောက်နဲ့ ဆုံမိခဲ့ရာကနေ... ကဲ ဒီတော့ကာ ကျားဖောင်တစ်ယောက် တကယ်ပြေးလွတ်မှာလား... ဟောက်ဇီရော ဘယ်လို ကျော်ဖြတ်မလဲ... ကျားဖောင်လိုပဲ သူလည်း နောက်တစ်ယောက်ပုခုံးပေါ် အကြွေးလွှဲပေးမှာလား... အမြန်သာ ကြည့်လိုက်ကြပါတော့... [ Reviewed By Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Adventure • Science Fiction
3 2022 74 mins
Arrest The Wicked
Kung Fu Hustle
7.4

2004 ခုနှစ်ကထွက်ရှိခဲ့တဲ့ စတီဖင်ချောင်ပါဝင်တဲ့ Kung Fu Hustle ဆိုတဲ့ ဇာတ်ကားလေးကို အသစ်တစ်ဖန် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ဂိုဏ်းစတားတွေ နာမည်ကြီးတဲ့ခေတ်တစ်ခုမှာ လူမိုက်ဂိုဏ်းတွေထဲက ပုဆိန်ဂိုဏ်းသားတစ်ယောက်ဖြစ်ချင်တဲ့ လူငယ်လေးတစ်ယောက်ဟာ တကယ့်သိုင်းဆရာကြီးတွေ ဇာတ်မြှုပ်နေတဲ့ ရပ်ကွက်တစ်ခုမှာ ပြဿနာသွားရှာမိရာကနေ ဇာတ်လမ်းစတော့တာပါပဲ စတီဖင်ချောင်ရဲ့ ထုံးစံအတိုင်း ဟာသတွေနှောရင်း အပီအပြင်ဆော်ကြနှက်ကြတဲ့ သိုင်းကားတွေကို ကြည့်ချင်တဲ့သူတွေအတွက်ကတော့ ပြန်ကြည့်တိုင်း မရိုးနိုင်တဲ့ ဇာတ်ကားတွေထဲက တစ်ခုပါပဲ ဒီဇာတ်ကားကို စတီဖင်ချောင်ကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်ကူးထားခဲ့ပြီးတော့ ဒီကားနဲ့ပတ်သက်လို့ သိပြီးသားတွေထဲက လူသိနည်းတဲ့ စိတ်ဝင်စားစရာ အချက်တချို့ကိုတင်ပြရရင် ၁ - ဇာတ်ကားထဲက ဝက်ယာတောလို့ခေါ်တဲ့ ရပ်ကွက်ဟာ စတီဖင်ချောင် ကြီးပြင်းခဲ့တဲ့ ဟောင်ကောင်က တိုက်ခန်းအိမ်ယာတစ်ခုကို ပုံစံယူတည်ဆောက်ထားတာပါ ၂- ပုဆိန်ဂိုဏ်းခေါင်းဆောင်ကို တခြားလူမိုက်တွေနဲ့ မတူအောင်လုပ်ဖို့ စတီဖင်ချောင် စဉ်းစားခဲ့တဲ့နေရာမှာ သရုပ်ဆောင်သူဟာ အကသမားဖြစ်နေတဲ့အတွက် ဇာတ်ကားထဲမှာ ဂိုဏ်းသားတွေ ကတဲ့အခန်းတွေပါလာတာဖြစ်ပါတယ် ၃- လူသတ်သမားနှစ်ယောက်ကို ငှားတဲ့အခန်းမှာ မူလဇာတ်လမ်းအရ ရေအောက်ငမန်းသိုင်းကွက်တွေ လုပ်ဖို့ ရှိခဲ့ပေမယ့် CGI သမားတွေ မတတ်နိုင်တာကြောင့် စောင်းနဲ့ပဲ တိုက်ခိုက်တာကို ပြောင်းလဲခဲ့တာပါ ၄- သားရဲကြီးနေရာမှာ သရုပ်ဆောင်တဲ့ Bruce Leung ဟာ စတီဖင်ချောင်ရဲ့ ငယ်ဘဝ သိုင်းဟီးရိုးတစ်ယောက်ပါ ၅- မင်းသမီးနေရာ သရုပ်ဆောင်ဖို့ အပြစ်ကင်းတဲ့မျက်နှာရှိတဲ့ Eva Huang ကို မိန်းကလေး ၈၀၀၀ ထဲကနေ ရွေးချယ်ခဲ့တာပါ ၆ - ဇာတ်လမ်းထဲက ဗုဒ္ဓလက်ဝါးသိုင်းဆိုတာ တောင်ပိုင်းရှောင်လင်သိုင်းမှာ တကယ်ရှိတဲ့ သိုင်းကွက်ပါ ပြန်လည်ခံစားကြည့်ရှုကြရအောင်လား IMDb - 7.7/10 Rottentomatoes - 90%ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့ တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။ တင်ပြီးသမျှကို  https://channelmyanmar.org/category/stephen-chow/   မှာကြည့်လို့ရပါတယ်။ စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါ သူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ… ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်… စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရော သာမန်ဟာသကားတွေထက် တစ်ဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။ စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ… စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး… ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား… ဘဝဆိုတာ ဖြတ်သန်းစဉ်က  အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ခိုက်ကြ။ ဒါပေမယ့် ပြန်တွေးကြည့်တော့လဲ ရယ်စရာအတိတ်တွေခပ်များများ။ ဘဝဆိုတာ ဘာမှလဲမဟုတ်လှ။ ဒီလိုဘာမှမဟုတ်တဲ့ ဘဝကြီးကို ဟာသတွေနဲ့ ချိတ်ဆက်ပြထားတဲ့ စတီဖင်ချောင်ရဲ့ ဇာတ်ကား‌တွေ တစ်ဝကြီးထိုင်ကြည့်ရင်း ဘဝဆိုတာကြီးကို ကျွန်တော်တို့ ဟားတိုက်နေကြရအောင်ဗျာ။ File size…(1.9 GB) and (999 MB) Quality….Blu-ray Rip 1080p 5.1CH and 720p Format…mp4 Duration….01:39:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Zuel Khant Thwin

Action & Adventure • Crime • Drama
7.4 2004 99 mins
Kung Fu Hustle
Day Shift
6.9

~ IMDb rating - 6.5/10 ~ ဂျေမီဖောက်စ်၊ စနုဒေါ့နဲ့ ဒေ့ဖရန်ကိုတို့ရဲ့ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ သွေးစုပ်ကောင်မုဆိုးဇာတ်လမ်းပါပဲ။ အက်ရှင်နဲ့ ဟာသအသားပေးပါ။ ဂျေမီက သွေးစုပ်ကောင်မုဆိုးများသမဂ္ဂကနေ အထုတ်ခံထားရတဲ့ ဘက်ဒ်ဆိုတဲ့ တစ်ကိုယ်တော်မုဆိုးတစ်ယောက်ပါ။ သွေးစုပ်ကောင်မုဆိုးတွေဟာ သွေးစုပ်ကောင်တွေကိုသတ်ပြီး အစွယ်တွေကိုနှုတ်ရောင်းရင် ဈေးကောင်းရတဲ့အတွက် အဲဒီအလုပ်နဲ့အသက်မွေးကြတာများပါတယ်။ ဒါပေမဲ့ မှောင်ခိုဈေးဆိုရင် နည်းတာမို့ သမဂ္ဂအသင်းဝင်ဖြစ်မှ ဈေးကောင်းရကြတာတို့ အာမခံရတာတို့ ဖြစ်ပါတယ်။ ဘက်ဒ်ဟာ အဲဒီအလုပ်ကိုလျို့ဝှက်လုပ်နေတာကြောင့် မိန်းမနဲ့ကလေးနဲ့ ခွဲနေရပြီး ငွေကြေးလည်းအဆင်မပြေဖြစ်နေပါတယ်။ တစ်နေ့မှာ သူ့မိန်းမက ကလေးကျောင်းလခ ဒေါ်လာ ၅၀၀၀ နဲ့ သွားဆေးခန်းမှာသွားထိန်းအစွပ်လုပ်ဖို့ ဒေါ်လာ၅၀၀၀ လိုတယ်ပြောလာတဲ့အခါ သမဂ္ဂမှာပြန်ဝင်ခွင့်ရအောင်လုပ်ပြီး သွေးစုပ်ကောင်တွေအများကြီးလိုက်သတ်ပြီး ငွေတွေအများကြီးရှာဖို့ ကြိုးစားလာပါတော့တယ်။ ဒါပေမဲ့ သူသတ်လိုက်တဲ့ သွေးစုပ်ကောင်ရဲ့ ဆွေမျိုးတွေက အကောင်ကြီးမိသားစုဖြစ်နေပြီး သူ့ကိုလက်စားချေဖို့လိုက်လာတဲ့အခါမှာတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 1GB, 560MB Quality - 1080p, 720p, 480p IMDb Rating - 6.5/10 Format - mp4 Duration - 1H 53Min Genre - Action, Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Horror
6.9 2022 113 mins
Day Shift
Yakuza Apocalypse
5.9

ယခုတစ်ခါမိတ်ဆက်ပေးချင်တာကတော့ နာမည်ကျော် Audition, Ichi the killer, Visitor Q ရုပ်ရှင်တို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Takashi Miikeရဲ့လက်ရာလေးပဲ ဖြစ်ပါတယ် ၂၀၁၅မှာ ထွက်ရှိခဲ့တဲ့ ယာကူဇာ(လူဆိုးဂိုဏ်းဝင်)ကားလေးပါ ထူးဆန်းတာက ပုံမှန် vampire တွေလိုမဟုတ်ပဲ Yakuza Vampire ဖြစ်နေတာပါပဲ သွေးစုပ်ခံရတဲ့အခါ မြို့သားတွေဟာ vampire ဖြစ်တဲ့အပြင် ယာကူဆာပါဖြစ်သွားတာပါပဲ ဒီလိုကြောင်တောင်တောင် ဘာမှန်းမသိတဲ့ ရသလေးတွေ ခံစားချင်တဲ့အခါတိုင်း စာရေးသူကတော့ Takashi Miike ကိုပဲ ပြေးမြင်မိပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ကာဂဲယာမာဆိုတဲ့ ယောက်ျားတစ်ယောက်ဟာ စီးပွားပျက်ကပ်မှာ လတ်လျားလတ်လျားနေရင်း သူတို့ရပ်ကွက်လေးကို ကြည့်ရှုစောင့်ရှောက်ပေးတဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင် ဆရာကြီးကို အားကျမိပါတော့တယ် ဆရာကြီးဟာ မြို့သားတွေကို စောင့်ရှောက်ပေးတာမို့ ယာကူဇာဆိုပေမယ့် ဟီးရိုးသဖွယ် လူတွေကချစ်ခင်ကြတယ် ကာဂဲယာမာကလည်း ဆရာကြီးနောက်လိုက်လုပ်ရင်း ယာကူဇာတစ်ယောက်ဖြစ်သွားတယ် တစ်နေ့မှာတော့ ဆရာကြီးရဲ့ အရင်အဖွဲ့က လူတွေက ဆရာကြီးကို ပြန်လာခေါ်ပေမယ့် မလိုက်တာမို့ ဆရာကြီးဟာ အသတ်ခံလိုက်ရတဲ့အဆင့်ထိရောက်ရှိသွားပါတယ် ဒါကို မြင်တွေ့လိုက်ရတဲ့ ကာဂဲယာမာက ဆရာကြီးကို အစွမ်းကုန်ကယ်တင်ဖို့ ကြိုးစားပေမယ့် စွမ်းအားနည်းလွန်းတာကြောင့် ကျရှုံးခဲ့တယ် ဆရာကြီးဟာ သေခါနီးအချိန်မှာ ကာဂဲယာမာကို vampire သွေးလက်ဆင့်ကမ်းခဲ့တယ် စွမ်းရည်အသစ်တွေကို အသားကျဖို့ ထိန်းချုပ်နိုင်ဖို့ ကြိုးစားရင်း ဘယ်လိုလက်တုံးပြန်နိုင်မလဲဆိုတာ ကြည့်ရှုအားပေးလိုက်ကြပါဦးလို့ ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Mugiwara Ya ပါ ) File Size__(1.7GB) / (880MB) Quality__BluRay_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:56:00 Type__Action, Comedy, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Naing Aung Latt

Thriller
5.9 2015 115 mins
Yakuza Apocalypse
Bubble

ဒီနေ့မှာတော့ Trailer စထွက်ကတည်းက ထိပ်ထိပ်ကြဲတွေနဲ့ ဆရာ့ဆရာကြီးတွေကို တစ်စုတစ်စည်းထဲမြင်ခဲ့ရလို့ ပရိသတ်ရဲ့စိတ်ဝင်စားမှုအများဆုံးခံခဲ့ရပြီး Rating ကောင်းတဲ့ Netflix က အလန်းစား Anime တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ အရင်ဆုံး ဒီကားကိုကြည့်ကိုကြည့်သင့်တဲ့ ပထမဆုံးအချက်က နာမည်ကြီး Anime တွေဖြစ်တဲ့ (Attack on Titan) တို့ (Vinland Saga) တို့ကိုဖန်တီးပေးခဲ့တဲ့ Wit Studio ကထုတ်တာဖြစ်တဲ့အတွက်ပါပဲ။ ဒါ့အပြင် ဇာတ်ကောင်ဒီဇိုင်းကို (Death Note) ရဲ့ Illustrator က ရေးဆွဲပေးထားပြီး AOT Director ကြီးရဲ့လက်ရာဆိုတော့ ဒီဇိုင်းကာလာ ဘာညာအနေအထားက ဘယ်လောက်ထိအမိုက်စားဖြစ်နေမလဲဆိုတာ ခန့်မှန်းကြည့်လို့ရနေပါပြီ။ BG music အပိုင်းနဲ့ Theme song ကိုတော့ AOT ရဲ့တေးရေးဆရာဖြစ်တဲ့ Hiroyuki Sawano နဲ့ (Jujutsu Kaisen) ရဲ့ OP ကိုသီဆိုပေးခဲ့တဲ့ Eve တို့ဆိုတော့ ကောင်းမကောင်းဆိုတာ ပြောစရာတောင်မလိုတော့ဘူးနော်။ ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့.... တိုကျိုမြို့ကြီးမှာ ကမ္ဘာမြေဆွဲအားကိုဆန့်ကျင်တဲ့ ပူဖောင်းတွေ မြေပေါ်ကျလာတဲ့အခိုက်အတန့်ကစလို့ တိုကျိုဟာသီးခြားကမ္ဘာတစ်ခုလိုဖြစ်လာပြီး မိသားစုကိုဆုံးရှုံးလိုက်ရတဲ့ လူငယ်တွေအတွက် စွန့်စားခန်းတွေပြည့်နှက်နေတဲ့ ကစားကွင်းကြီးတစ်ခုလိုဖြစ်လာပါတော့တယ်။ အဲ့ဒီလူငယ်တွေထဲကမှ သူမတူတဲ့စတိုင်၊ အန္တရာယ်များတဲ့အကွက်တွေနဲ့ ကစားတတ်တဲ့ ဟီဘိခိ ဆိုတဲ့ကောင်လေးဟာ တစ်နေ့မှာသူ့အသက်ကို ဆန်းကြယ်တဲ့အစွမ်းတွေရှိနေတဲ့ အုတ ဆိုတဲ့ကောင်မလေးရဲ့ ကယ်တင်ခံလိုက်ရပြီးနောက် ထူးခြားတဲ့အသံတစ်ခုကို သူတို့နှစ်ဦးတည်းသာ ကြားနိုင်မှန်းသိရှိသွားတဲ့အခါ... သူတို့နှစ်ဦးရဲ့ ဆုံစည်းမှုကနေ ကမ္ဘာကြီးကိုတစ်ဖန်ပြောင်းလဲနိုင်မှာလား...? ဆိုတော့ကာ အများကြီးညွှန်းမနေတော့ပါဘူး။ Japan Animation လောကထဲက ထိပ်တန်းအနုပညာရှင်၊အတတ်ပညာရှင်တွေရဲ့ ပြောင်မြောက်တဲ့လက်ရာတစ်ခုကို ကြည့်ရမယ့်အခွင့်အရေးကိုသာ လက်လွှတ်မခံကြပါနဲ့လို့ အကြံပြုရင်း... အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Piwnt Phyu ပဲ ဖြစ်ပါတယ်။ Genre.....Action, Adventure, Animation Quality….WEB-DL 1080p and 720p File size…1.79GB and 742MB and 288MB Format…mp4 Duration….1h 40min Subtitle….Myanmar Subtitle (Hardsub) Translator ..... Moe Pwint Phyu Encoder ..... August

Comedy • Drama • Family
0 2022 2 mins
Bubble
Kanmani Paappa

ကာသစ်လို့ခေါ်တဲ့အစိုးရစီမံကိန်းလေးတွေကို ရင်းနှီးမြှုပ်နှံလေ့ရှိတဲ့ Contractor တစ်ယောက်ရှိပါတယ် သူ့မှာကန်မနီလို့ခေါ်တဲ့အရမ်းလည်တဲ့သမီးလေးတစ်ယောက်ရှိပြီး အရမ်းနားလည်ပေးပြီး supportiveဖြစ်တဲ့ ကန်နာမာဆိုတဲ့ ဇနီးချောလေးတစ်ယောက်ရှိပါတယ် ဒီလိုနဲ့ငွေရေးကြေးရေးအပူတွေနဲ့ပတ်လည်ဝိုင်းနေတဲ့အချိန်မှာ ကာသစ်‌တစ်ယောက် ‌ဇနီးချောလေးရဲ့ emotional supportတွေကြောင့် ကာသစ်တစ်ယောက်စိတ်သက်သာရာရပြီး ကံကောင်းထောက်မစွာနဲ့ ချေးထားတဲ့ငွေတွေပြန်ရကာ ပြေလည်သွားပါတော့တယ် အဲ့ဒီလိုနဲ့ကာသစ်တို့မိသားစုအိပ်မက်အိမ်ကြီးကိုဝယ်ဖို့အတွက် မက်ဒူရိုင်းကနေ ကိုဒိုင်ကန်နယ်ကိုလာကြည့်ပါတော့တယ် အဲ့ဒီအိမ်ကြီးက သရဲခြောက်တယ်ဆိုပြီး နာမည်ကြီးတာကြောင့် ပွဲစားတွေတောင်အနားမကပ်ရဲတဲ့အိမ်ပါ ဒါပေမဲ့ ပွဲစားတစ်ယောက်ကဂျင်းထည့်ရောင်းတာကြောင့် ကာသစ်တို့မိသားစု အဲ့ဒီအိမ်ကြီးကို လာရောက်ချိန်မှာတော့ သူတို့သမီးလေးပျောက်ပျောက်သွားတာကစပြီး သူတို့ကြားမှာထူးဆန်းလွန်းတဲ့ငဘာဝလွန်ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပါတော့တယ် ဒီလိုနဲ့အဲ့ဒီအိမ်ကြီးကရော လူအများပြောကြသလို သရဲခြောက်တာရောတကယ်ဟုတ်ရဲ့လား အဲ့ဒီအိမ်ကြီးရြဲအရင်ပိုင်ရှင်တွေကရော ဘယ်သူတွေလဲ ဘယ်လိုရာဇဝင်အတိတ်တွေရှိခဲ့သလဲဆိုတာကို စိတ်ဝင်စားဖွယ် ရင်တမမနဲ့ကြည့်ရှုရမှာပါ....။ ။.... File size…1.92GB / 884Mb Quality…`1080p True WEBDL AAC5.1CH/ 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Thet Ko & Taylor & Kham Mon & OeliuJ & Kevin Ag

Action • Animation • Science Fiction
0 2022 130 mins
Kanmani Paappa
Jackie
6.4

ကျွန်တော် La La Land ဇာတ်ကားကို ပိုကြိုက်တာ မှန်ပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်ပိုင်းနဲ့ပြောရမယ်ဆိုရင်တော့ ယခု Jackie ဇာတ်ကားထဲက Natalie Portman သရုပ်ဆောင်ခဲ့တာ Emma Stone ထက် အဆများစွာ သာခဲ့တယ်။ ယခုဇာတ်ကားကိုလည်း ရုံမှာကြည့်ဖို့မစောင့်နိုင်တော့တဲ့အတွက် SD version လေးပဲကြည့်ခဲ့ရတယ်။ သမိုင်းမှာ America ရဲ့နာမည်ကျော် သမ္မတတစ်ဦးဖြစ်ခဲ့တဲ့ John F. Kennedy ရဲ့ အမျိုးသမီးဖြစ်သူ Jacqueline Kennedy Onassis ရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ Biographical ရုပ်ရှင်ဇာတ်ကားဆိုပေမဲ့ တစ်ခြားဇာတ်ကားတွေနဲ့ကွာခြားတာတစ်ခုက ယခုဇာတ်ကားက ခင်ပွန်းဖြစ်သူလုပ်ကြံခံရပြီးတဲ့နောက်ပိုင်း နေ့ရက်တွေက သူမရဲ့ဘဝကို ပိုမိုအာရုံထားပြီး တင်ပြထားတာပဲ။ ထို့အတွက်ကြောင့်လည်း ယခုဇာတ်ကားဟာ ပိုမိုလေးနက်တယ်လို့ခံစားခဲ့ရတယ်။ Natalie Portman ရဲ့ သရုပ်ဆောင်ကွက်တွေကို ကြည့်နေရတာဟာ တစ်ကယ့်အပြင်က Jacqueline ကို မျက်ဝါးထင်ထင် ပြန်လည်မြင်တွေ့နေရတဲ့ အလား အလွန်အမင်းကို သရုပ်ပါလွန်းတယ်။ သူမကိုယ်တိုင်တောင် သရုပ်ဆောင်ခဲ့တာထက် ဈန်ဝင်နေခဲ့ပုံလို့တောင် မှတ်ယူလောက်မိတယ်။ အကယ်၍ Heath Ledger ဟာ Joker ဇာတ်ကောင်ကို သရုပ်ဆောင်ဖို့မွေးဖွားလာခဲ့တယ်လို့ဆိုရရင် Natalie Portman ဟာလည်း ယခု Jacqueline Kennedy ဇာတ်ကောင်ကို သရုပ်ဆောင်ဖို့မွေးဖွားလာတယ်လို့ကျွန်တော်ကတော့ ပြောချင်တယ်။ Natalie Portman ဟာ ယခုဇာတ်ကောင်ကို သရုပ်ဆောင်ဖို့ဇာတ်ကောင်ရဲ့ပြင်ပလောကက Videos မှတ်တမ်းမှတ်ရာတွေကို အချိန်များစွာပေးကာ လေ့လာခဲ့ရတယ်။ အထူးသဖြင့် 8 နာရီခွဲစာကြာမြင့်တဲ့ 1964 ခုနှစ်က Jacqueline နဲ့LIFE Magazine က interviewer တို့ရဲ့Private interview တွေပေါ့။ Kennedy သေဆုံးပြီးနောက် သူမထိုအကြောင်းအရာနဲ့ပတ်သက်ပြီး interviews ကို 3 ခုပဲ လုပ်ခဲ့ပါတယ်။ ထို့နောက် အသံနေအသံထား စကားပြောပုံတွေကိုအထိတောင် Natalie Portman တစ်ယောက် ပြောင်းလဲခဲ့တယ်။ ကျွန်တော့်အတွက်တော့ ဒီနှစ်မှာ သူမဟာ Oscar နဲ့အထိုက်တန်ဆုံးပဲ။ Natalie Portman ပြောသလိုပေါ့။ သူမဒီဇာတ်ကောင်ကို သရုပ်မဆောင်ခင်ကအထိတော့ Jacqueline Kennedy ကို fashion plate တစ်ယောက်လောက်အနေနဲ့သာ သိထားပြီး ယခုသူမ ထိုဇာတ်ကောင်ကို သရုပ်ဆောင်မှ Jacqueline Kennedy ရဲ့ဘဝကို နားလည်လာပါတော့တယ်။ ထို့အတိုင်းပင် ကျွန်တော်တို့လည်း ယခု ဇာတ်ကားကြည့်မှ သူမရဲ့ဘဝကို နားလည်လာကြတော့တယ်။ ~WH~ (ရုပ်ရှင်အညွှန်းကို Movies-we watch,we feel. Facebook မှ ကူးယူဖော်ပြပါသည်။) File size…(850MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by The Fridays

Action • Adventure • Science Fiction
6.4 2016 100 mins
Jackie
Witch Hunt
4.7

Witch Hunt (2021) =============== စုန်းမတွေ တကယ်ရှိပြီး စုန်းအတတ်တွေကို တရားဥပဒေအရ တားမြစ်ထားတဲ့ မော်ဒန်အမေရိကခေတ်မှာ စုန်းမလေး ၂ ယောက်ကို ဝှက်ထားပေးတဲ့မိသားစု တစ်စုအကြောင်း ရိုက်ပြထားတာပါ။ ကလယ်ရာ့မှာ အမေဖြစ်သူ မာသာရယ်၊ အမြွှာမောင်လေး ၂ ယောက် ရယ် ရှိပါတယ်။ ကလယ်ရာတို့အိမ်က အမေရိကန် နယ်စပ်ကိုဖြတ်ပြီး မက္ကဆီကိုဘက်ကို သွားမယ့် စုန်းတွေကို တစ်ညတာ တည်းခိုခွင့်ပေးတဲ့ အိမ်ပါ။ တစ်ရက်တော့ သူတို့အိမ်ကို စုန်း ညီအစ်မနှစ်ယောက် ရောက် လာပါတယ်။ ဖြစ်ချင်တော့ စုန်းတွေကို မက္ကဆီကိုဘက် ပို့ပေးတဲ့သူကို စုံထောက်က ဖမ်းမိသွားပြီး စုန်းညီအစ်မနှစ်ယောက် ကလယ်ရာတို့အိမ်မှာ သောင်တင်ဖို့ ဖြစ်လာပါတော့တယ်။ စုန်းအတတ်ကို ရာဇဝတ်မှုလို ရှုမြင်ကြတဲ့အသိုင်းအဝိုင်းကြားထဲမှာ အဲဒီညီအစ်မကို ကလယ်ရာတို့ သေချာဝှက်ထားနိုင်ပါ့မလား။ ကလယ်ရာတို့ မိသားစုကရော စုန်းတွေနဲ့ ဘယ်လို ဆက်စပ်နေတာလဲ ဆိုတာကို ဒီကား လေးထဲမှာဆက်လက်ကြည့်ရှုပေးကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်) File Size……….(1.03 GB) / (438 MB) / (246 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 38mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Fantasy, Horror, Thriller Translator…….Roman Nox Encoder………..SWM

4.7 2021 92 mins
Witch Hunt
Goyo
6.5

ဒီတစ်ခါမှာတော့ မိုးအေးအေးမှာ ကြည့်ဖို့ အာဂျင်တီးနား ရုပ်ရှင်ကောင်းလေး တစ်ခုကို CM ကနေ ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းလေးကတော့ Asperger Syndrome လို့ ခေါ်တဲ့ အော်တစ်ဇင် မျိုးကွဲရောဂါတစ်ခု ခံစားနေရတဲ့ ပြတိုက်လမ်းညွှန် Goyo နဲ့ ကလေးနှစ်ယောက်အမေ ပြတိုက် လုံခြုံရေးဝန်ထမ်း Eva တို့ကြားထဲက အချစ် ဇာတ်လမ်းလေးကို ရိုးရိုးရှင်းရှင်း ဖော်ကြူးထားတာပါပဲ ။ Asperger Syndrome ခံစားနေရတဲ့ Goyo ဟာ မိုးတွေရွာနေတဲ့ နေ့တစ်နေ့မှာ ထီးကျိုးသွားလို့ ဒေါသ ထွက်နေတဲ့ Eva ကို မြင်မြင်ချင်း သဘောကျမိသွားပါသတဲ့ ။ ပုံမှန် ချစ်ကြိုက်ညား ဇာတ်လမ်းတွေနဲ့မတူတာကတော့ နှစ်ဖက်လုံးမှာ ကိုယ်စီ ချို့ယွင်းချက်တွေ အဟန့်အတားတွေ ပိုင်ဆိုင်ထားတာပါပဲ ။ ချစ်မိသွားတဲ့အခါ Asperger Syndrome ဝေဒနာရှင် Goyo တစ်ယောက် ဘယ်လိုပြုမူမလဲ ။ သူတို့လို လူမျိုးတွေရဲ့ အချစ်ကို ချဥ်းကပ်ပုံလေးတွေကို ရသပေါင်းစုံနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ် ။ တစ်ဖက်မှာလည်း Eva က Goyo ထက် အများကြီး အသက်ကြီးတဲ့အပြင် ပြတ်စဲလုနီးနီးအိမ်ထောင်ရေးနဲ့ ကလေးနှစ်ယောက် အမေ ဖြစ်လို့နေပြန်ပါတယ် ။ အစစအရာရာ ကွာခြားလွန်းနေတဲ့ သူတို့နှစ်ယောက် ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ရမလဲ ။ အချစ်ကြောင့် ရိုက်ခတ်လာတဲ့ လောကဓံတွေကို Goyo တစ်ယောက် ရင်ဆိုင်နိုင်ပါ့မလား ။ နောက်ဆုံးမှာရော သူတို့ ပေါင်းဖက်သွားရမလားဆိုတာတော့ Goyo လို့ အမည်ရတဲ့ ဇာတ်လမ်းလေးမှာ အတူတူ ကြည့်ရှု ခံစားလိုက်ရအောင် ။ File size…1.31GB / 629MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

6.5 2024
Goyo
Suddenly
6.1

သင်္ဘောတစ်စီးနဲ့အတူ စွန့်စားခရီးထွက်လာကြတဲ့ လက်ဂ်နဲ့ လော်ရာတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ မူလ ပွယ်တိုအေဒင်မြို့ကို သွားဖို့လုပ်ထားပေမယ့် ယောကျ်ားဖြစ်သူက ရေခဲစိုင်ကြီးတွေကို မြင်ရတဲ့ အရမ်းလှတဲ့ကျွန်းလေးကို သွားချင်တယ်ဆိုတာနဲ့ပဲ တောင်ဝင်ရိုးစွန်းဘက်မှာရှိနေတဲ့ကျွန်းသေးလေးကို ထွက်လာခဲ့ ကြပါတော့တယ်။ အဲဒီကျွန်းလေးကိုရောက်တဲ့အခါ လှပတဲ့ရှုခင်းတွေကို ခံစားနေတုန်း မုန်တိုင်းတစ်ခုက သူတို့ဘက်ကိုတည့်တည့် ဝင်လာပါလေရော… အဲဒါနဲ့ပဲ ပါလာတဲ့ လေထိုးလှေနဲ့ သင်္ဘောဆီကိုပြန်သွားဖို့လုပ်ပေမဲ့ လှိုင်းလေထန်တာကြောင့် လက်လျှော့ပြီး ကျွန်းပေါ်မှာ တစ်ညတာ အိပ်စက်လိုက်ရပါတယ်… အဲဒီလိုနဲ့ မုန်တိုင်းစဲပြီး မနက်နိုးတဲ့အခါမှာတော့ ပင်လယ်ပြင်မှာ ကျောက်ချထားခဲ့တဲ့ သူတို့သင်္ဘောကို မမြင်ရတော့ပါဘူး သင်္ဘောကို လေထိုးလှေစီးကာ လိုက်ရှာရင်း ဒီကျွန်းကနေပြန်ထွက်ဖို့ လမ်းမရှိတော့ဘူးဆိုတာ သိရတဲ့အခါ သူတို့နှစ်ယောက် ဘယ်လို ကျော်ဖြတ်မလဲ… ဒီကျွန်းကနေ အသက်ရှင်ရက်နဲ့ ပြန်ထွက်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size… (1.21GB) / (710MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 53m Genre ….. Adventur , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

Drama • Science Fiction
6.1 2023
Suddenly
Tom and Jerry: The Lost Dragon
5.8

ဒီဇာတ်လမ်းက စုန်းမကြီး ဒရစ်ဇယ်ဒါနဲ့ မှော်ဆရာကြီး ကားလ်‌ဒေါ့ဖ်တို့ရဲ့ အားပြိုင်မှုကို အခြေခံထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ သူတို့ရဲ့အားပြိုင်မှုမှာ အရေးနိမ့်သွားခဲ့တဲ့ ဒရစ်ဇယ်ဒါကို ကားလ်ဒေါ့ဖ်က နတ်သူငယ်တိုင်းပြည်က နယ်နှင်ဒဏ်ပေးလိုက်ပြီးတဲ့နောက် တူမဖြစ်သူ အသီနာကျန်ရစ်ခဲ့ပါတယ်။ စုန်းမကြီးရဲ့တူမဖြစ်နေလို့ အားလုံးရဲ့အပယ်ခံဖြစ်နေတဲ့ အသီနာက တွမ်နဲ့ ဂျယ်ရီ အပါအဝင် ပိုင်ရှင်မဲ့ တိရစ္ဆာန်လေးတွေအတွက် ဂေဟာဖွင့်ထားပြီးသူတို့လေးတွေနဲ့ပဲ အဖော်ပြုနေခဲ့ရတာပါ။ နယ်နှင်ဒဏ်ပေးခံထားရတဲ့ စုန်းမကြီးဒရစ်ဇယ်ဒါက လက်စားချေဖို့အခွင့်ကောင်းကို အမြဲစောင့်နေခဲ့တာပါ။ ဒီလိုနဲ့ တစ်နေ့မှာသူလက်စားချေနိုင်မယ့် အခြေအနေတစ်ခု ကြုံလာပါတယ်။ အဲဒါကတော့ နဂါးတွေရဲ့အစွမ်းကို ခိုးယူပြီး အောက်လမ်းအစွမ်းတွေ ပိုထက်လာအောင် လုပ်ဖို့ပဲဖြစ်ပါတယ်။ အဲဒါကိုတွမ် ဂျယ်ရီ အသီနာနဲ့ ကားလ်‌ဒေါ့ဖ်တို့က တားဆီးဖို့တွက်ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ File size… 1.4 GB / 642 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 57m Genre ….. Adventure / Animation / Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by JimX

Horror
5.8 2014 57 mins
Tom and Jerry: The Lost Dragon
Captain America: Brave New World
6.1

Captain America: Brave New World (2025) IMDb Rating (6.1) / Rotten Tomatoes (49%) (WEB-DL အကြည်ဗားရှင်း ရပါပြီ) ကပ္ပတိန်အမေရိက ၄ ကားမြောက်ရုပ်ရှင်ထွက်လာပါပြီ။ မာဗယ်ရုပ်ရှင်ရဲ့ ၃၅ ကားမြောက်ပါပဲ။ အဆင့်-၅ ရှေ့က ၃၄ ကားလုံးကိုလည်း ချန်နယ်မြန်မာ App နဲ့ Web မှာ ကြည့်နိုင်ပါပြီ။ Endgame အထိ ရုပ်ရှင်တွေကို အဆင့်-၃ လို့ ခေါ်ပြီး။ နောက်ပိုင်းရုပ်ရှင်တွေက အဆင့် ၄ မှာ ပါဝင်ပါတယ်။ အခုရုပ်ရှင်ကတော့ အဆင့် ၅ ဖြစ်လာပြီး၊ Thunderbolts နဲ့ Blade တို့လာဖို့ ရှိပါသေးတယ်။ ဒီရုပ်ရှင်ကတော့ အရင့်အရင်ကားတွေနဲ့ယှဉ်ရင် လူကြိုက်နည်းနိုင်ပေမဲ့ အရေးကြီးတဲ့ နောက်ပိုင်းအဆင့်တွေအတွက် မပါမဖြစ်မို့ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း ကပ္ပတိန်အမေရိကရဲ့ နေရာကို ဖယ်ကန်ဖြစ်ခဲ့တဲ့ ဆမ်ဝယ်ဆင်က ဆက်ခံပြီးတဲ့အချိန်ပါ။ ဟော့ခ်ရဲ့ ရန်သူဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ရော့စ်ကတော့ သမ္မတဖြစ်လာပါတယ်။ ဖယ်ကန်နေရာကိုတော့ ဝါကင်းဆိုတဲ့ လေတပ်ဗိုလ်လေးတစ်ယောက်က ရဖို့ ကြိုးစားနေတုန်းပါပဲ။ အီတာနယ်ရုပ်ရှင်အပြီးမှ ပေါ်လာတဲ့ စလက်စတီရယ်ရုပ်ကြီးကို သုတေသနတွေ လုပ်ကြရင်းနဲ့ ဗိုင်ဘရေနီယံထက် ပိုမာတဲ့ အက်ဒမန်တေနီယံ သတ္တုကို တွေ့ရှိသွားကြပါတော့တယ်။ အဲဒီသတ္တုကို တစ်ကမ္ဘာလုံး မျှဝေသုံးစွဲနိုင်ဖို့ သမ္မတရော့စ်က ကြိုးစားနေချိန်မှာပဲ အန္တရာယ်မျိုးစုံ ပေါ်လာပြီး စစ်ကြီးတွေပါ ဖြစ်လာမဲ့အထိ ကြုံလာပါတော့တယ်။ ဒါကို ကပ္ပတိန်အမေရိကအသစ် နဲ့ သူ့လက်ထောက်တို့ ဘယ်လိုဖြေရှင်းဖို့ကြိုးစားကြလဲဆိုတာ တွေ့ရမှာပါ။ ပိုစတာထဲမှာ မြင်မြင်နေကြတဲ့ ဟော့အနီကြီးရဲ့ ဇစ်မြစ်ကိုလည်း မြင်ရပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (6.6 GB) / (1.8 GB) / (1 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Sci-Fi Duration….01:59:17 Subtitle….Myanmar Subtitle (Hardsub) Encoder…. Benjamin, YK Translated by Mr. Anderson

Thriller • Action • Drama • War
6.1 2025 119 mins
Captain America: Brave New World
Armed
5.5

ယခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ သည်းထိတ် ရင်ဖိုအက်ရှင်ကားလေးပဲဖြစ်ပါတယ်… ဒီကားလေးမှာဆိုရင် စစ်လက်နက်ပစ္စည်းများကို ခိုးယူ ရောင်းချကြမယ့် မရိန်းတပ်သားဟောင်းများ ကြုံကြိုက်ရတဲ့ အလွဲအမှားအကြောင်းကို သည်းထိတ်ရင်ဖိုဖြစ်ဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်.. လူတစ်ယောက်ဟာ တံခါးနီနီကြီးဆီ ရည်ရွယ်ရင်း သေနတ် တစ်လက်နဲ့ ရမ်းသန်းပစ်ခတ်လျက် အခန်းထဲဝင်လာမယ့် သတ္တဝါကြီးကို ထိတ်လန့်ကြောက်ရွံ့ရင်း ဇောချွေးများ အပြိုက်ပြိုက်ကျနေပါတယ်.. ထိုသူရဲ့ အသက်လုံခြုံမှုဟာတော့ ကျည်ရာများ ပွထနေတဲ့ တံခါးရဲ့ လက်ကိုင်မှာကန့်လန့်ခံထားတဲ့ တူတစ်လက် အပေါ်မှာ မူတည်လျက်… ထိုအဖြစ်အပျက်ဟာ စားပွဲဝိုင်းလေးတစ်လုံးပေါ်က ဆွေးနွေးပွဲရဲ့ ရလဒ်ဖြစ်တယ်လို့ဆိုရင် မမှားပါဘူး စစ်တပ်ကြီးတစ်ခုရဲ့ စစ်လက်နက်ပစ္စည်းများဟာ လုံခြုံရေး လျော့ရဲလှတဲ့ အရပ်သားကုန်လှောင်ရုံတစ်ခုဆီကို ထူးထူး ဆန်းဆန်းရွှေ့ပြောင်းမယ်ဆိုတဲ့ သတင်းဟာ မရိန်း တပ်သားဟောင်းများအဖို့ ယုံနိုင်ခဲလှပါတယ်.. သို့သော်လည်း ၎င်းတို့ကို သတင်းပေးလာသူမှာ ကုန်လှောင် ရုံမှာ နှစ်ရှည်အလုပ်လုပ်ခဲ့သူဖြစ်ပြီး ရောင်းချရမယ့် ငွေပမာဏဟာလည်း မက်လောက်စရာဖြစ်တဲ့အတွက် အလုံးစုံယုံကြည်လိုက်ပြီး စစ်လက်နက်ပစ္စည်းများကို ခိုးယူဖို့ အစီအစဉ်ချကြပါတော့တယ်… စစ်တပ်ကြီးတစ်ခုလုံးကို ထောက်ပံ့နိုင်တဲ့ လက်နက်များဟာ သာမန်ဂိတ်စောင့်လုံခြုံရေးတစ်ဦးရဲ့ အစောင့်အရှောက် အောက်မှာ ရှိတဲ့အတွက်ကြောင့် လွယ်လင့်တကူသာ ခိုးယူနိုင်ခဲ့ကြပါတယ်… အစစအရာရာအစီအစဉ်တကျဖြစ်ခဲ့ပြီး လွတ်မြောက် ရာကို ထွက်လာနိုင်ခဲ့တဲ့ မရိန်းတပ်သားဟောင်းများ အဖွဲ့ဟာ အံ့ဩစရာအဖြစ်နဲ့ကြုံကြိုက်ရပါတော့တယ် အဖွဲ့သားတစ်ယောက်ဟာ လက်နက်ပုံးများကို လှန်လှော စစ်ဆေးရင်း စတင်ဂါသေနတ်ပုံးကို ဖွင့်လိုက်တဲ့အခါမှာတော့ လူပုံသဏ္ဌာန်ဆင်တူတဲ့ အရုပ်တစ်ရုပ်ဟာ အခေါင်းထဲက ထလာတဲ့အလောင်းတစ်လောင်းသဖွယ်ထလာရာ ကြောက်လန့်တကြီး သေနတ်နဲ့ ပစ်ခတ်မိပါတော့တယ်.. သို့သော်လည်း ၎င်းအရုပ်ဟာ ဘယ်လိုထိခိုက်မှုမျိုးမှမရှိဘဲ တောတွင်းဝင်ပြေးပြီးတဲ့နောက် မရိန်းတပ်သားအုပ်စုနဲ့ ကျည်မတိုးတဲ့အရုပ်တို့ ရင်ဆိုင်ရမယ့်အဖြစ်ကို ရောက်ရှိ လာတဲ့အခါမှာတော့… ဒီဇာတ်ကားလေးဟာဆိုရင် အက်ရှင်ကားသဘောကျသူ အရုပ်တစ်ရုပ်ရဲ့ခြောက်လှန့်မှုနဲ့ ထိတ်လန့်ဖွယ်ဇာတ်လမ်း ဆင်ထားတဲ့ ရုပ်ရှင်ကားများနှစ်သက်သူတို့အတွက် အာသာပြေ ကြည့်ရှုနိုင်မယ့်ဇာတ်ကားလေးဖြစ်လို့ ရွေးချယ် စရာတစ်ခုအဖြစ် ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ….. File size… (922 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 34m Genre …..Action , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

5.5 2025 90 mins
Armed
Hard Boiled
7.8

Hard Boiled (1992) IMDb – 7.8, Rotten Tomatoes – 94% John Woo ရဲ့ ပစ္စတိုအော်ပရာတစ်ပုဒ်ကို ကြည့်ချင်တယ်ဆိုပါစို့။ Hard Boiled ဟာ ခင်ဗျားချန်ထားခဲ့လို့မရတဲ့ကားပဲ။ ဂျွန်ဝူးရဲ့ အကောင်းဆုံးတွေအကြောင်းပြောရင် Hard Boiled ကို ကျုပ်တို့တွေ ဖယ်ထားလို့မရဘူး။ ဒီရုပ်ရှင်အပြီးမှာ သူဟာ ခင်ဗျားတို့ ကြိုက်လှပါရဲ့ပြောကြတဲ့ Windtalkers တို့ Face / Off တို့ကို ဟောလိဝုဒ်ထွက်ရိုက်နိုင်တဲ့အထိ ခြေဆန့်နိုင်ခဲ့တယ်။ Mission:Impossible 2 ကိုလည်း သူပဲရိုက်ခဲ့တာပဲ။ ဂျွန်ဝူးရဲ့ လက်စွဲတော်ချောင်ယွန်ဖတ်နဲ့အတူ ရှမ်းကြီးအဖေ တိုနီလျောင်ချူဝေကိုလည်း ဒီကားထဲမှာ ခင်ဗျားတို့တွေ့ရလိမ့်မယ်။ ဝါတော့နည်းနည်းနုသေးတာပေါ့။ ချောင်ယွန်ဖတ်ကြီးကတော့ သူ့စတိုင်အတိုင်း သွားကြားထိုးတံကြီးတခဲခဲနဲ့ သေနတ်တွေပစ်ပြနေတာပါပဲ။ ရှားရှားပါးပါးချောင်ယွန်ဖတ် ရဲနေရာက သရုပ်ဆောင်တဲ့ကားဆိုလည်း မမှားဘူး။ Hard Boiled ကိုတော့ ကျွန်တော့်အနေနဲ့ပြောရရင် မာတင်စကောဆေးစိကြီး ကူးချလိုက်ရတဲ့ Internal Affairsကားတွေကို အစပျိုးပေးတဲ့နေရာလို့ထင်မိတယ်။ ဂျွန်ဝူးရဲ့ Heroic Bloodshed ပုံစံအတိုင်း ပစ်ခန်းတွေ အရင်ကားတွေထက်ပိုများပေမဲ့ သူ့ဟန်ဖြစ်တဲ့ ဒရာမာချိုးပြီး ပရိတ်သတ်ရဲ့ ခံစားချက်ကို ခလုတ်တိုက်စေတဲ့ ဇာတ်၀င်ခန်းတွေကို မြင်ရဦးမှာပဲ။ ဒါလည်း သူ့အရသာပဲမလား။ သာမန်အက်ရှင်ကား ကြည့်ချင်မှတော့ ဂျွန်ဝူးကား ဘယ်ကြည့်မလဲ။ အက်ရှင်ကားမှာကို လူကိုဆွေးတမြေ့မြေ့ဖြစ်စေတဲ့ အရသာမျိုး ဂျွန်ဝူးလိုပေးနိုင်တဲ့သူ ရှားတယ်မို့လား။ သူ့နောက်က ဒါရိုက်တာတွေ လုပ်ကြည့်ကြတာ မြင်ဖူးပေမဲ့ သူ့လိုဖြစ်လာတာတော့ မမြင်ဖူးဘူး။ ဒါလည်း သူ့ Themeပဲကိုး ။ 1992မှာရိုက်ခဲ့တဲ့ ဒီဂျွန်ဝူးကားက သူ့ Heroic Bloodshed Theme ရဲ့ အပိတ်လို့ဆိုလို့ရတယ်။ဒီကားနောက်ပိုင်း သူဒီပုံစံတွေမရိုက်တော့သလို ချောင်ယွန်ဖတ်နဲ့လည်း တွဲမရိုက်တော့ဘူး။ အမေရိကလစ်ပြီး အဲဒီမှာပဲရိုက်တော့တယ်။ နောက်ကျမှ ပြန်ရိုက်ဖြစ်တာက Red Cliffတို့ The Crossingတို့ပေါ့။ သို့ပေမဲ့ Theme ပြောင်းသွားခဲ့ပြီ။ အလှပဆုံး အပိတ်နဲ့ ပိတ်လိုက်တာပါပဲ။ ပုံမှန်ဂျွန်ဝူးကားတွေကို ဂျွန်ဝူးကိုယ်တိုင် ဇာတ်လမ်းရေးတာများပေမဲ့ ဒီကားမှာတော့ အဲဒီနှစ်မှာပဲ နှလုံးရောဂါနဲ့သေသွားတဲ့ ဘယ်ရီဝေါင်ရဲ့ ဇာတ်လမ်းနဲ့ ရိုက်ထားခဲ့တယ်။ ဇာတ်လမ်းရှင်ကလည်း ချောင်ရဲ့ Fight Back To School တို့၊ Mr. Vampire တို့ကို ဇာတ်ညွှန်းရေးခဲ့တဲ့သူပေါ့။ Hard Boiled ဟာ ချောင်ယွန်ဖတ်နဲ့ ဂျွန်ဝူးရဲ့ နောက်ဆုံးတွဲရိုက်တဲ့ကားဖြစ်သလို ချောင်ယွန်ဖတ်နဲ့ ဝေါင်ကာဝေးဖန်‌တွေရဲ့ အချစ်တော်ကြီး တိုနီလျောင်ချူဝေ ဆုံစည်းခဲ့တဲ့ တစ်ကားတည်းသောကားလည်းဟုတ်တယ်။ Heroic Bloodshed Theme ရဲ့ နောက်ဆုံးကားလည်းဟုတ်တယ်။ ဂျွန်ဝူးရဲ့ အကောင်းဆုံးတွေထဲက တစ်ကားလည်း ဟုတ်ပါတယ်။ တစ်ချို့ဆို ဂျွန်ဝူးကို ဂျွန်ဝှစ်လို အနောက်တိုင်း အက်ရှင်တွေကပါ ဘာလို့အတုခိုးကြလဲ နားမလည်နိုင်လို့ ဒီကားကိုကြည့်ပြီးမှ ဩချသွားကြရတဲ့ ကားလည်းဟုတ်တယ်။ ဂျွန်ဝူးဖန်တွေ ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းတစ်ကားပါပဲ…။ (အညွှန်းရေးပေးထားသူက WiRa Aung ဖြစ်ပြီး ဇာတ်ကားကိုတော့ San Thu Aung မှ ပြန်ဆိုပေးထားပါတယ်)

Drama • Action
7.8 1992 126 mins
Hard Boiled