YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

All Creatures Great and Small S02E04 1080p (CM).mp4

1.1 GB N/A video/mp4 67 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bunker
4.6

ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ ပထမကမ္ဘာစစ်ကအကြောင်းရိုက်ထားတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ် ကမ္ဘာစစ် ၂ခုလုံးမှာ မှော်ပညာတွေ အောက်လမ်းနည်းတွေ သဘာဝလွန်နည်းတွေ အဏုဇီဝလက်နက်တွေ ဓာတုလက်နက်တွေ မျိုးစုံနဲ့တိုက်ခိုက်ခဲ့ကြတယ်လို့ သတင်းလွင့်လွင့်ရှိခဲ့ကြပေမဲ့ လူတွေမသိလိုက်ဘဲ သမိုင်းမတင်နိုင်ခဲ့တဲ့ ဖြစ်ရပ်တွေ ဘယ်သူမှအစရှာမရခဲ့တဲ့ဖြစ်ရပ်တွေလည်း အများကြီးရှိနေတာပါ ဒီကားထဲမှာတော့ အင်္ဂလိပ် နဲ့ အမေရိကန် မဟာမိတ်တပ်ဖွဲ့ဟာ ဂျာမန်တွေစွန့်သွားတဲ့ ဘန်ကာထဲမှာ ပိတ်မိပြီး ဘာမှန်းမသိတဲ့အရာကို ရင်ဆိုင်ကြုံတွေ့ရတဲ့အကြောင်းရိုက်ထားတာပါ ဒီကားထဲမှာတော့ အထက်လူကြီးတွေချင်း ညှိနှိုင်းကြလို့ ဘယ်လောက်ပဲ အဆင်ပြေနေပါစေ အောက်ခြေတပ်သားတွေကြားက ပဋိပက္ခတွေကိုပါ မြင်ရမှာပါ စစ်ကားဆိုပေမဲ့ တိုက်ခိုက်တာသိပ်မပါဘဲ ဘန်ကာထဲမှာပိတ်မိနေတာကြောင့် အချင်းချင်းပဲ မယုံသင်္ကာတွေဖြစ်ရင်း တကယ်ရင်ဆိုင်ရမဲ့ အန္တရာယ်ကို မသိဘဲ စတေးနေရတဲ့ပုံစံမျိုး ရိုက်ထားတာမို့ ခံစားကြည့်ရှုလိုက်ကြပါဦး File size…(1.8 GB)/(800 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Horror, Thriller, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Drama • Music • Romance
4.6 2022 109 mins
Bunker
Constantine: The House of Mystery
6.9

DC Fanတိုင်း ကိုစံသိန်းရယ်လို့ ချစ်စနိုး​ခေါ်ကြတဲ့ John Constantine ရဲ့ Animation ဇာတ်လမ်းတစ်ပုဒ် ထွက်လာပါပြီ၊ ဇာတ်အိမ်က​တော့ Justice Dark : Apokolips Warအပြီးကို တည်ထားတာပါ၊ Runtime က​ မိနစ်၃၀ ​လောက်ပဲရှိလို့ ဇာတ်လမ်းတိုလို့ပြောလို့ရပါတယ်၊ ကမ္ဘာပျက်စစ်ပွဲကြီး အပြီး စစ်လည်းနိုင်သလို Justice League Member​ တွေနဲ့ ကမ္ဘာကြီး ကိုယ်တိုင် ​ဆုံးရှုံးမှု​တွေ အများကြီးကြုံ​လိုက်ရပါတယ်၊ ကမ္ဘာကြီးလည်း ပျက်စီးမှုဒဏ် ​​ကြောင့် အဆုံးသတ်လုဆဲဖြစ်လာပါပြီ။ ဒါ​ကြောင့် ဂျွန်ကွန်စတန်တင်းက ဖလက်ရှ်ရဲ့အလျင်နဲ့ ဖလက်ရှ်ပွိုင့်ဖန်တီးပြီး ဒီဖြစ်စဉ်​တွေလုံးဝမဖြစ်ခဲ့သလို အတိတ်ကိုပြင်ဆင်ဖို့ အကြံထုတ်ခဲ့ပါတယ်၊ ဒါ​ပေမဲ့ အဲဒီလို ပြင်ဆင်စဉ်မှာ ရုတ်တရက် ပ​ဟေဠိဆန်ဆန် စံအိမ်ကြီးထဲကို ​ရောက်သွားပါတယ်၊ အိမ်ထဲမှာ​ ဂျွန်ချစ်ရတဲ့ ဇီနဲ့ ​​သေပြီးသားသူ့မိတ်​ဆွေ​တွေ ရှိ​နေတာပါ၊ ဒါ​ပေမဲ့ သူတို့က လူစင်စစ်​မဟုတ်ဘဲ မ​ကောင်းဆိုးဝါး​​ ဖြစ်​နေပြီး ဂျွန်ကို ဝိုင်းသတ်လိုက်ကြပါတယ်။ ဒါ​ပေမဲ့ ဂျွန်က ​သေသွားတယ်လို့မရှိဘဲ ဒီအိမ်ထဲမှာပဲ အချိန်စက်ဝန်း​ကျော့​နေ သလို ပြန်ရှင်လာလိုက်၊ အသတ်ခံရလိုက်နဲ့ ကြက်ဥနဲ့ ကြက်မ ဘယ်ကစသလဲ ဆိုသလို သံသရာ​လည်​နေပါတယ်၊ ဒီလိုဖြစ်လာတဲ့​နောက် ဂျွန်ကွန်စတန်တင်း လည်း သူ့ကိုဒီသံသရာစက်ဝန်းထဲ ထည့်ထားတာ ဘယ်သူလဲ၊ ဒီပ​ဟေဠိစံအိမ် ထဲက​နေ လွတ်​​အောင် ဘယ်လို​ထွက်ပြေးရမလဲဆိုပြီး ကြံရပါ​တော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်) File Size - (480 MB) Quality – Blu-Ray 1080p Duration - 30mins Subtitle – Myanmar Hardsub Format – MP4 Genre : Adventure, Animation Translator – JimX Encoder – SWM

Drama
6.9 2022 27 mins
Constantine: The House of Mystery

အပိုင်း( ၁ မှ ၈ )ထိ စ/ဆုံး ဒီစီးရီးက 2019 မှာ အပိုင်း(၈)ပိုင်းထွက်ရှိထားပြီးသလို တင်လည်းထားပြီးပါပြီ.... ဇာတ်လမ်းတွဲအညွှန်းက ထွေထွေထူးထူးတော့ထပ်ပြောစရာမရှိဘူး... စူပါ ပါဝါရြပီး လူတွေကိုအကျိုးပြုနေတဲ့ Hero တွေရှိသလို အနိုင့်ကျင်ပြီး ကိုယ်ကျိုးအတွက် အသုံးချနေတဲ့ သူရဲကောင်းဟန်ဆောင်ထားတဲ့ မိစ္ဆာလိုကောင်တွေလည်းအများကြီးရှိပါတယ်... ဒီလိုကောင်တွေကြောင့် တစ်ချို့သောသူတွေ အများစွာထိခိုက်နေပေမယ့်လည်း Supervillain လိုကောင်တွေဟာ အင်အားကြီးတာရော အဖွဲ့အစည်းတစ်ခုအနေနဲ့ရှိနေတာရော ထောက်ခံနေတဲ့သူတွေများနေတာကြောင့် ဒေါသတွေကိုမြိုသိပ်နေရတဲ့သူတွေအများကြီးရှိပါတယ်... ဒီအထဲမှာမှ ဘဝက သေလည်းမထူးဘူး ...ဒီလိုစူပါပါဝါရနေတဲ့ အရူးတွေကို ရသလောက်ပြန်သတ်မယ်ဆိုပြီး The Boys ဆိုတဲ့အဖွဲ့အစည်းလေးပေါ်ပေါက်လာတဲ့အချိန်မှာတော့.... SE1 ထဲက ရှယ်ကြမ်းသလို SE2 မှာလည်းပိုတောင်ကြမ်းလာပါတယ်...ဒီစီးရီးက စိတ်ဝင်စားဖို့ကောင်းတာက ကျွန်တော်တို့မြင်တွေ့နေကြ ကိုးကွယ်ရတဲ့စူပါဟီးရိုးတွေမဟုတ်ဘဲ ဗီလိန်ကောင်တွေကို လိုက်ဗျင်းပြီး အားနည်းနေတဲ့အဖွဲ့လေးနဲ့ ကျွန်တော်တို့ဟာ တစ်သားထဲအလိုလိုဖြစ်သွားပါတယ်...ပြီးတော့ ဗီလိန်စူပါပါဝါကောင်တွေရဲ့အားနည်းချက်တွေကို လိုက်ရှာပြီး ဗျင်းဖို့လိုက်စဉ်းစားရတာလည်း တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်...အက်ရှင်ခန်းတွေ ဘယ်လောက်မိုက်ပြီး နင်းကန်ပီပြင်လည်းဆိုတာတော့ ထပ်ပြီးမပြောတော့ဘူး....ဒီနေ့ကတော့ အပိုင်း(၃)ခုထွက်ရှိထားမှာဖြစ်ပြီး ကျန်တဲ့(၅)ပိုင်းကိုတော့ တစ်ပတ် တစ်ပိုင်းနှုန်းပဲထွက်သွားမှာမို့ စောင့်မျှော်ကြည့်ရှုကြပါကုန်.... Quality – 720p  WEB-DL Duration – 60min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre :    Crime,Action Translator –Littleneo , Myo Nyunt  & May Thu Aung Encoder – Phyo Pyae

Action • Crime • Thriller
null 2019
The Boys
Beautiful Boy
7.6

သမီးတွေက ဖအေချစ် သားတွေက မအေချစ်လို့ပြောကြပေမယ့် တကယ်တော့ အဖေလုပ်သူတိုင်းက သားဦးလေးကိုပဲလိုချင်တာများပါတယ် ဘာကြောင့်ရယ်မသိ စစချင်းကလေးဘဝမှာ အဖေတွေက သားတွေကိုသိပ်တန်ဖိုးထား သိပ်ချစ်ပါတယ် နောက်မှသာ... အရွယ်ရောက်လာတဲ့သားနဲ့ အဖေနဲ့ မတည့်ကြတော့တာမဟုတ်လား Beautiful Boyဆိုတာကလဲ သားနဲ့ ဖအေကြားက မေတ္တာကိုပြသတဲ့ကားတစ်ကားပါ သားလုပ်သူ မူးယစ်ဆေးနွံထဲ နစ်နေချိန် အဖေကတတ်စွမ်းသလောက် ဆွဲထုတ်ပေးတဲ့ကားပါ ဇာတ်လမ်းကတော့ဒါလေးပါပဲ... ထပ်ပြီး ပြောချင်မိတာက သူတို့နိုင်ငံက သားသမီးအပေါ်ဆက်ဆံတဲ့ ဆက်ဆံရေးပါ သူတို့ရဲ့ဆုံးမမှုတွေက ပြောရရင် အာဆီယံမိဘတွေနဲ့ကွာပါတယ် ထစ်ခနဲဆို အရင်ရိုက် နောက်မှချော့ဆိုတဲ့ထုံးကို သူတို့ မသုံးပါဘူး နားလည်လွယ်အောင်ရှင်းပြတယ် လမ်းပြတယ်နောက်ဆုံး ပြောမရရင်လျစ်လျူရှုလိုက်တယ် ဒါပေမယ့်လဲ တောင်းဆိုးပလုံးဆိုးကိုသာပစ်ရိုးထုံးစံရှိမယ် သားဆိုးသမီးဆိုးကို ပစ်ရိုးမရှိဆိုတဲ့အတိုင်း ဒီကားမှာလဲ သားအတွက်ကြိုးစားပေးတဲ့ အဖေလုပ်သူ ဒေးဗစ်ရှက်ဖ်ကိုမြင်ရပါလိမ့်မယ် ဘာပဲပြောပြောပါ ကျွန်တော်ကတော့ ဒေးဗစ်ရှက်ဖ်လို ဖခင်မျိုးကို သိပ်သဘောကျပါတယ် သားနဲ့ သူငယ်ချင်းလိုပေါင်းတယ် သားကို နားလည်အောင်ပြောတယ် သားနဲ့အတူတူ weedပါလိုက်သောက်ရင်း အချိန်ပေးခဲ့ပါတယ်... ဆိုတော့ တစ်နေ့မိဘနေရာရောက်လာမယ့်သူတွေ ကြည့်သင့်တယ်လို့ ထင်ပါတယ် အရင်ရိုက်နောက်မှချော့ ဆိုတာကြီးကို ပြောင်းလဲသင့်ပြီမဟုတ်လား... ကျွန်တော်sithuကencodeပြီး ကိုWai Zinမှခံစားတင်ဆက်ပေးထားပါတယ် encoderအနေနဲ့ထပ်ဖြည့်စွက်ပြောချင်တာကဒီကားက မိဘနေရာရောက်မယ့်လူတွေဖြစ်တဲ့ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ မဖြစ်မနေမြည်းစမ်းကြည့်သင့်ပါတယ် နောင်တမရစေရပါဘူး ဘဝတစ်ခုလုံးအတွက်အမြင်တချို့ပါပြောင်းသွားနိုင်ပါတယ် အဆင်ပြေကြပါစေဗျာ

Drama • Mystery • Sci-Fi & Fantasy
7.6 2018 121 mins
Beautiful Boy
The Perfect Date
6.5

သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။IMDB 6/10 ရရှိထားတဲ့ Netflix Origin Comedy/Romance ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကိုမပြောခင် အချောလေး Noah Centineo ပါဝင်သရုပ်ဆောင်ထားကြောင်းပြောပြချင်ပါတယ် အဟွင်းဟွင်း ကိုယ်တွေလို သင်္ကြန်မှာအိမ်တွင်းပုန်းတဲ့သူတွေအတွက်တော့ရှယ်ပဲ ဘရွတ်ရက်တီကန်ဆိုတဲ့ ၁၈နှစ်အရွယ်အထက်တန်းကျောင်းသားလေးရဲ့ဘဝကို အခြေပြုထားတာဖြစ်ပါတယ် မိတဆိုးလေးဘရွတ်ဟာ ဘဝကိုအရှုံးပေးထားတဲ့ဖခင်ဖြစ်သူနဲ့နေထိုင်ပေမယ့် သူ့ရဲ့ဘဝရည်မှန်းချက်တွေကတော့ ကြီးလှပါတယ် အကောင်းဆုံးကားကိုစီးချင်တယ်ပေါ်ပြူလာအဖြစ်ဆုံးကောင်မလေးနဲ့တွဲချင်တယ် ကောင်းပေ့ဆိုတဲ့ကျောင်းကိုမှတက်ချင်တယ် အစရှိသဖြင့်ပေါ့လေ အဲ့ဒီရည်မှန်းချက်တွေအမှန်တကယ်ဖြစ်လာဖို့ ကြိုးစားရာမှ ဖြစ်လာတဲ့ကမောက်ကမပေါင်းစုံကို ကြည့်ရှုရမှာဖြစ်ပါတယ် Spoil သလိုဖြစ်သွားမှာစိုးလို့ ကိုယ်တိုင်ပဲဆက်လက်အားပေးလိုက်ပါဦးရှင် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့  မေမြတ်သူ ပါ)

Drama
6.5 2019 93 mins
The Perfect Date
Family Matters
7.6

Family Matters (2023) ဒီတစ်ခါမှာတော့ IMDb 7.6 ရရှိထားတဲ့ ဖိလစ်ပိုင်မိသားစုဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် “ဘဝမှာ ဘယ်အချိန်မဆို အရေးကြီးဆုံး ကိုယ့်မိသားစုပါပဲ” ဒီ‌ဇာတ်လမ်းလေးထဲမှာတော့ အယ်လန်က သူမရဲ့အချစ်ဇာတ်လမ်းအတွက် အမေရိကန်ကို ထွက်သွားဖို့မျှော်လင့်ထား‌ပေမဲ့လည်း သူမရဲ့သက်ကြီးရွယ်အိုမိဘနှစ်ပါးဖြစ်တဲ့ ဖရန့်စစ်စကို နဲ့ အယ်လီနောတို့ကို ထားရစ်ခဲ့ရ မှာဖြစ်တဲ့အတွက် စိတ်ပူပန်မှုတွေနဲ့ အပြစ်ရှိစိတ်ဖြစ်လာပါတယ် တစ်နေ့မှာတော့ အယ်လန်အဖေက အသက်ရှုကျပ်ပြီး ဆေးရုံတင်လိုက်ရပါတယ်။ အဲ့နောက်မှာတော့ အယ်လန်ရဲ့ မွေးချင်းတွေဖြစ်တဲ့ ကီကို ဖော့ကျူး အီရစ်ကိုတို့ကို ခေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အယ်လန်က အသိမပေးဘဲ အမေရိကန်ကို ခရီးထွက်သွားတဲ့အခါမှာ သူမရဲ့မိသားစုအားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ သူတို့ရဲ့သက်ကြီးရွယ်အိုမိဘနှစ်ပါးကို ဖိလစ်ပိုင်မှာ နေထိုင်နေတဲ့ မောင်နှမသုံးယောက်က လောလောဆယ် ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စဖြစ်လာခဲ့ပါတယ်။ သူတို့တွေဘယ်လိုနည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းသွားကြမလဲ။ မိဘနှစ်ပါးကို စိတ်ချမ်းသာအောင်ထားနိုင်မှာလား။ ဘယ်လိုပြဿနာတွေကြုံလာမလဲဆိုတာကို ပေါ့ပေါ့းပါးပါးနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းလေးလည်းဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 2.4GB | 1.1GB | 538MB Format… mp4 Duration…. 2h 14min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Myo Myo Encoder ….. Aaron

7.6 2023
Family Matters
Fugitive Pieces
6.9

ဒီဇာတ်ကားလေးကတော့ ကမ္ဘာစစ်အတွင်းမှာ နာဇီတွေကြောင့် ဂျူးလူမျိုးတွေ ခံစားခဲ့ရတဲ့အကျိုးဆက်ကိုရိုက်ကူးထားတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်။ ပိုလန်နိုင်ငံက တောအုပ်လေးထဲမှာ ဂျူးမိသားစုလေးယောက် အေးအေးချမ်းချမ်း နေနေပေမဲ့ နာဇီစစ်သားအချို့ဝင်လာပြီး အဖေ၊ အမေနဲ့ အစ်မဖြစ်သူတို့ကို ဆွဲခေါ်သွားပါတယ်။ ဂျက်ကော့ကိုယ်တိုင်တောင် စားပွဲအောက်မှာပုန်းနေလို့ အသက်ဘေးလွတ်ခဲ့ရတာပါ။ အမေတို့ကတော့ စောင့်နေဖို့မှာခဲ့ပေမဲ့ ကလေးဆိုတော့ ကြောက်ကြောက်လန့်လန့်နဲ့ တောအုပ်ထဲပြေးမိပြေးရာပြေးရင်း တိမ်ကောသွားတဲ့မြစ်ကို သုတေသနလာလုပ်တဲ့ ဂရိနိုင်ငံသား ရှေးဟောင်းသုတေသနပညာရှင်နဲ့တွေ့ပြီး မွေးစားခံလိုက်ရပါတယ်။ သူတို့နှစ်ယောက်ဟာ ပိုလန်ကနေ ဂရိကို ခိုးကြောင်ခိုးဝှက် ပြန်လာခဲ့ပါတယ်။ နုနယ်သေးတဲ့ကလေးအရွယ်မှာ မျက်စိရှေ့တင် အဖေအသတ်ခံရ အစ်မနဲ့ အမေတို့ကို ဆွဲခေါ်သွားတာတွေ တွေ့လိုက်ရတဲ့အတွက် ဒီကလေးရင်မှာ စိတ်ဒဏ်ရာတွေ ဘယ်လောက်တောင်များ ရှိနေလိုက်မလဲ။ ဒီကလေးဟာ ကောင်းကောင်းမွန်မွန်ရော ကြီးပြင်းသွားပါ့မလား။ အချစ်ဆိုတဲ့အရာကိုရော သူခံစားနိုင်ပါဦးမလား။ စောင့်နေလို့မှာခဲ့တာကို မစောင့်ခဲ့မိတဲ့သူ့ကိုယ်သူရော အပြစ်တင်နေဦးမလား စတဲ့မေးခွန်းပေါင်းများစွာနဲ့ ဒီဇာတ်ကားကို ဆက်လက်‌ကြည့်ရှုပေးပါဦးခင်ဗျာ။ File size…2.87GB / 941MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

6.9 2007 104 mins
Fugitive Pieces
Az almafa virága

ဆောင်ဂ်ဟ ဆိုတဲ့ကောင်မလေးဟာ ဗီယက်နမ်နိုင်ငံကနေ ဟန်ဂေရီကို တကူးတကရောက်လာပါတယ်။ သူ့အဘွားဟာ ဗီယက်နမ်လူမျိုးဖြစ်ပေမယ့် ထိုစဉ်ကကွန်မြူနစ်နိုင်ငံချင်း ပံ့ပိုးမှုအစီအစဉ်အရ ဟန်ဂေရီမှာ ကျောင်းတက်ခဲ့ရပြီး အဘိုးဖြစ်သူ ဟန်ဂေရီလူမျိုးနဲ့ ချစ်ကြိုးသွယ်ခဲ့ပေမယ့် အဆက်အသွယ်ပြတ် သွားတာကြောင့် ပါ။ သူ့အဘိုးကို တွေ့ချင်လို့ လိုက်လာပေမယ့် အခုမှရောက်ဖူးလို့ အိုးတိုးအမ်းတမ်းဖြစ်နေချိန်မှာ ဗစ်တာဆိုတဲ့ သူနဲ့ရွယ်တူ ဟန်ဂေရီသားတစ်ယောက်က လာမိတ်ဆက်ပြီး သူ့ကိုကူညီပေးပါတယ်။ ထိုဗစ်တာကပဲ သူ့အဘိုးကို လိုက်ရှာတဲ့ တချိန်လုံးမှာ သူ့ကို အစွမ်းကုန်ကူညီပေးပါတော့တယ်။ ဒီလိုနဲ့ သံယောဇဉ်တွေဖြစ်လာပေမယ့်လည်း သူမမှာ စေ့စပ်ထားပြီးသားသူ ရှိနေတဲ့ကိစ္စဟာ ပထမပိုင်း၊ဇာတ်သိမ်းခန်းလို အတားအဆီးကြီးဖြစ်နေပါတယ်။ သူ့အဘိုးနဲ့အဘွားရဲ့ ချစ်ဇာတ်လမ်းမှာ မဖြောင့်ဖြူးတာတွေတွေ့ရှိလာပြီးနောက်မှာ ဆောင်ဂ်ဟရော သူ့အချစ်ရေး ကို ဘယ်လိုဆုံးဖြတ်ဖို့ ဖြစ်လာနိုင်မလဲ…။ ဗီယက်နမ်နဲ့ ဟန်ဂေရီ သရုပ်ဆောင်တွေ တွဲဖက်ရိုက်ကူးထားတဲ့ ဆွတ်ပျံ့ကြည်နူးစရာ၊ ရင်သပ်လွမ်းမော စရာ အချစ်ကားလေးဖြစ်ပါတယ်။ ဆောင်ဂ်ဟရဲ့ အဘိုးနဲ့ အဘွား ဘာလို့ကွဲသွားတာလဲ၊ ကွန်မြူနစ်စနစ်ဆိုးကြီးက သူတို့တွေရဲ့ အချစ်ရေးအပေါ် ဘယ်လိုသက်ရောက်ခဲ့ပါလဲ. ဆောင်ဂ်ဟကိုယ်တိုင်ရဲ့အချစ်ရေးကတော့ ကံဆိုးမှာလား ကံကောင်းမှာလား ဆိုတာကို ဇာတ်လမ်းလေးထဲမှာ ရှုစားလိုက်ပါခင်ဗျာ။ File size…2.06 GB / 1.06 GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ko Myo

Drama • Horror • Comedy
0 2023
Az almafa virága
Blood Diamond
8

Blood Diamond (2006) =============== IMDb Rating (8.0) မင်းသားကြီး Leonardo DiCaprio , Djimon Hounsou , ကိုယ်တွေရဲ့မမ Jennifer Connelly တို့ ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားကြီးကတော့ ကြည့်ဖူးသူတိုင်းကြိုက်ကြတဲ့ Adventure ,Thriller,Drama ရသစုံရုပ်ရှင်ဇာတ်ကားပါပဲ။ သွေးစွန်းသောစိန် လူကြီးမင်းရဲ့ တစ်သက်တာချစ်ရမယ့်သူရဲ့ ဖယောင်းသွယ်လက်ချောင်းလေးကို စွပ်ပေးလိုက်မယ့် လက်ထပ်စိန်လက်စွပ်လေးမှာ သွေးစွန်းနေခဲ့ရင်လို့ တွေးမိကြမယ်မထင်ပါဘူး။ လူကြီးမင်းအနေနဲ့ အလယ်အလတ်တန်းစားလစာရတဲ့သူတစ်ယောက် လစာကိုအလုံးစုံစုရင်တောင် နှစ်ဆယ်ဂဏန်းစုရမယ့်တန်ဖိုးရှိတဲ့ စိန်လက်စွပ်လေးက ပျိုးပျိုးပြက်ပြက်လက်ပြီး သိပ်လှနေမှာပဲ။ လူကြီးမင်းရဲ့အမျိုးသမီးကလည်း သိပ်ကိုပျော်ရွှင်ကျေနပ်နေမှာပေါ့။ စိန်တွေက သွားရင်လာရင်း ခုလုတ်တိုက်ပြီး တွေ့ကြတာမဟုတ်ဘူး။ မြေကြီးထဲကို အနက်ကြီးတူးဆွလို့ အသက်နဲ့ရင်းရှာရတာပဲ။ ရုရှားစိန်တွင်းတွေဆိုရင် အနက်ဆုံးတွင်းတွေထဲမှာပါပါတယ်။ ဒါပေမဲ့ အခုပြောမှာကတော့ အာဖရိကတိုက်ကရတဲ့ စိန်တွေပါ။ ပေါများလွန်းလို့ မြေကြီးပေါ်မှာတင် ရွှေကျင်သလို ကျင်ယူရနိုင်တာမျိုးပေါ့။ ဒါပေမဲ့ အဲဒီစိန်တွေကို ပိုင်ဆိုင်ထားသူတွေက လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြပြီး စိန်ရောင်းရငွေတွေကို လက်နက်တွေဝယ်၊ အာဖရိကတိုက်သား နိုင်ငံသားအချင်းချင်း သတ်ဖြတ်ဖို့ သုံးနေကြလို့ပါ။ ဒါကြောင့် သွေးစွန်းသောစိန်တွေပါ။ ကမ္ဘာကြီးက အပေါ်ယံကကြည့်ရင် သိပ်ကောင်းသလို၊ သိပ်ကို တရားမျှတသလိုပဲ။ စစ်ဖြစ်ရာ ပဋိက္ခမြေက သွေးစွန်းသောစိန်တွေကို ကမ္ဘာ့စိန်ဈေးကွက်မှာ တရားဝင်တင်သွင်းလို့မရပါဘူး။ တရားမျှတလိုက်တာဗျာလို့ လူကြီးမင်း ချီးကျူးမစောသင့်ပါဘူး။ စိန်ဆိုတာ ရှားပါတယ်။ တန်ဖိုးကြီးပါတယ်ဆိုတဲ့ နိယာမတစ်ခုကို အသက်သွင်းဖို့ စိန်တွေကို လုပ်ငန်းရှင်တွေစုပေါင်းပြီး မြေအောက်အလုံတိုက်ထဲမှာ ဝယ်ထည့်ထားပါတယ်။ ဝယ်ချင်သလောက် ဝယ်မရရင် စိန်ဆိုတာ ရှားပြီလေ။ ရှားရင် ဈေးရပြီပေါ့ဗျာ။ ဒီတော့ လက်နက်လိုချင်လို့ စိန်တွေ ဆာလာအိတ်နဲ့ လာရောင်းကြတဲ့ အာဖရိကသူပုန်တွေရဲ့ စိန်ထောက်ပံ့လမ်းကြောင်းက ကမ္ဘာ့စိန်အဖွဲ့ကြီးရဲ့ ချမ်းသာရာ ချမ်းသာကြောင်းပေါ့။ သိတယ်မလား။ မင်းစိန်က တရားမဝင်ဘူး၊ ဘယ်လောက်ပဲရမယ်ပေါ့လေ။ အာဖရိကတိုက် စီရာ လီယုံ နိုင်ငံလေးက လိုင်ဘီးရီးယားနဲ့ အိမ်နီးချင်းနိုင်ငံပါ။ အစိုးရတပ်နဲ့ သူပုန်တပ်တွေဆိုပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့‌နေရာပါ။ လက်နက်ဝယ်ယူမှုက အစိုးရတပ်ရော သူပုန်တပ်ရောပေါင်းလိုက်ရင် လက်နက်ကုန်သည်များအတွက် ရွှေတွင်းကြီးတစ်ခုပါပဲ။ လိုင်ဘီးရီးယားက စိန်မထွက်ပေမဲ့ ကမ္ဘာ့စိန်ဈေးကွက်ရဲ့ ၁၅ ရာခိုင်နှုန်းကို တင်ပို့နိုင်တဲ့နိုင်ငံပါတဲ့။ ဒီလောက်ဆိုရင်တော့ ဘယ်နိုင်ငံက ဘယ်လိုစိန်တွေ ဘယ်လိုလည်ပတ်နေတယ်ဆိုတာ သိနိုင်လောက်ပါပြီ။ ဇာတ်လမ်းကတော့ ဇင်ဘာဘွေနိုင်ငံမှာမွေးခဲ့တဲ့ အာဖရိကသားလူဖြူ ဒန်နီ အာချာ (လီယိုနာဒို ဒီကာပီရို) က ကြေးစားစစ်သားဘဝကနေ စိန်မှောင်ခိုသမား လက်နက်ကုန်သည်တစ်ယောက်ပါ။ ဆိုလိုမွန် ဗန်ဒါ (ဂျီမိုဟွန်စူ) ကတော့ မန်ဒီမျိုးနွယ်စုဝင် တံငါသည်တစ်ယောက်ပါ။ မတ်ဒီ ဘိုဝင် (ဂျနီဖာ ကွန်နယ်လီ) ကတော့ အာဖရိကတိုက်ကို စွန့်စားရောက်လာတဲ့ မဂ္ဂဇင်းသတင်းထောက်မလေးပေါ့။ ဆိုလိုမွန် တို့ရွာကို သူပုန်တွေဝင်လာပြီး ဆိုလိုမွန် အဖမ်းခံရတယ်။ မိုင်းတွင်းကို အလုပ်သမားအဖြစ် ပါသွားတယ်။ ပြီးတော့ စိန်သမိုင်းမှာ တန်ဖိုးအရမ်းကြီးတဲ့ ပန်းရောင်စိန်ကြီးကိုတွေ့လိုက်ရတယ်။ ဒန်နီ က ထောင်ထဲမှာ အတူဆုံခဲ့ရတဲ့ ဆိုလိုမွန် ဆီက ပန်းရောင်စိန်အနံ့ရပြီး ဆိုလိုမွန် နောက်ကို တကောက်ကောက်လိုက်တော့တာပဲ။ မတ်ဒီ ကတော့ ဒန်နီ ဆီက သတင်းညှစ်ယူပြီး သွေးစွန်းတဲ့စိန်တွေကို ခဝါချပြီး စိန်ဈေးကွက်ထဲထည့်နေတဲ့ စိန်လုပ်ငန်းရှင်အကြောင်းတွေ ဖွင့်ချချင်တာပါ။ သူတို့သုံးယောက်က ပြည်တွင်းစစ်ထဲမှာ သက်စွန့်ဆံဖျားနဲ့ ကိုယ်လိုချင်ရာနောက်ကို လိုက်ကြသူတွေပါ။ ဆိုလိုမွန် က သူ့မိသားစုရယ် သူပုန်တွေဖမ်းခေါ်သွားတဲ့ သူ့သား ဒီရာ နောက်ကိုလိုက်တယ်။ ဒန်နီ က ပန်းရောင်စိန်နောက်ကိုလိုက်တယ်။ မတ်ဒီ က သတင်းနောက်ကိုလိုက်တယ်။ ဒီဇာတ်ကားက သိပ်ကိုအောင်မြင်ခဲ့ပြီး အော်စကာ ဆန်ကာတင်ငါးဆုဝင်ခဲ့ပါတယ်။ လီယိုနာဒို နဲ့ ဂျီမိုဟွန်စူ တို့လည်းပဲ အကောင်းဆုံးဇာတ်ဆောင်ဆုနဲ့ အကောင်းဆုံးဇာတ်ပို့ဆု ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ အမြတ်ငွေကလည်း ကြီးကြီးမားမားရခဲ့တယ်။ ရိုက်ချက်တွေ သေသပ်လှပကောင်းမွန်ပြီး ဂန္ထဝင်ဆန်တဲ့ဇာတ်ကားကြီးမလို့ အချိန်ပေးပြီး ကြည့်ရှုထိုက်ကြောင်းပါခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

8 2006 143 mins
Blood Diamond
Miranda’s Victim
6.5

IMDb 6.6 / Rotten Tomatoes 77% ဒီရုပ်ရှင်ဟာ ဆုပေါင်း၂၇ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးပုံဖော်ထားတဲ့ မှုခင်း ဒရာမာ ရုပ်ရှင်ကားကောင်းတခုဖြစ်ပါတယ်။ ခေတ်ကာလအနေနဲ့ကတော့ ၁၉၆၀ကျော်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ပက်ထရစ်ရှာဝီယာလို့ အမည်ရတဲ့ ၁၈နှစ်အရွယ် ကျောင်းသူလေးဟာ အာနက်စ်တိုမီရန်ဒါလို့ခေါ်တဲ့ လူငယ်တယောက်ရဲ့ ဖမ်း‌ဆီးခေါ်ဆောင် အဓမ္မပြုကျင့်တာကို ခံခဲ့ရပါတယ်။ ဒီလိုနဲ့ ပက်ထရစ်ရှာဟာ ကာရိုးကူလီလို့ အမည်ရတဲ့ စုံထောက်တယောက်ရဲ့အကူအညီနဲ့ မီရန်ဒါကိုဖမ်းဆီးပြီး တရားရင်ဆိုင်ကာ မီရန်ဒါကို ထောင်ထဲကို အရောက်ပို့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အကြာမှာတော့ အမေရိကန် တရားစီရင်‌ရေးစနစ်မှာ ပြောင်းလဲမှုတခုထပ်မံ ဖြစ်ပွားလာပြီး အာနက်စ်အတွက် အပြစ်ကင်းကြောင်း ထပ်မံချေပပေးမယ့် ရှေ့နေတယောက် ပေါ်ပေါက်လာခဲ့ပါတယ်။ ထိုတရားပြိုင်ရှေ့နေကတော့ တခြားသူမဟုတ်ဘဲ ထိုခေတ်အခါက အမေရိကန်ပြည်ထောင်စုမှာ လျှမ်းလျှမ်းတောက်နာမည်ကြီးတဲ့ ဂျွန်ဖလင်းဆိုတဲ့ရှေ့နေတဦး ဖြစ်နေတဲ့အခါမှာတော့ ပက်ထရစ်ရှာဟာ တရားခွင်ကို ထပ်မံတက်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပြီး သူမ မေ့ဖျောက်ဖို့ကြိုးစားခဲ့တဲ့ အတိတ်ကဒဏ်ရာကြီးကို ထပ်မံရင်ဆိုင်ရပါတော့တယ်။ ဒီရုပ်ရှင်ဟာ ပက်ထရစ်ရှာအကြောင်းကိုပဲ အဓိကထား ရိုက်ကူးထားတာမဟုတ်ဘဲ ရဲတွေ စုံထောက်တွေ မြေပြင်မှာ အမှုလိုက်ကြပုံတွေ ရုံးတော်က တရားသူကြီးရှေ့မှောက်မှာ တရားလိုရှေ့နေနဲ့ တရားပြိုင်ရှေ့နေ ကိုယ့်အမှုသည်အတွက် အားပြိုင်ကြပုံတွေ ၁၉၆၀ဆိုတဲ့ ကာလတုန်းက တည်ရှိခဲ့တဲ့ ရှေးရိုးစွဲအယူအဆတွေကိုရုပ်ရှင်ပြသချိန် ၂နာရီအတွင်း ထောင့်စေအောင်ရိုက်ကူးပြသထားတာဖြစ်လို့ အချိန်ပေးကြည့်ရှုဖို့ သင့်တော်တဲ့ ရုပ်ရှင်ကားကောင်းလေးတကားဖြစ်ကြောင်း ညွှန်းဆိုရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။ File size…(1.9 GB)/(952 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:07:00 Genre…Drama, Biography, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Stven Khant

6.5 2023
Miranda’s Victim
Scalper

Scalper ဆိုတာက သူ့ရဲ့သားကောင်တွေကို ဓားနဲ့ထိုးသတ်၊ ပြီးရင် အရေခွံတွေကို စုတ်ခဲ့တဲ့သူဖြစ်လို့ အရေခွံခွါသူဆိုပြီးနာမည်ကြီးတဲ့ လူသတ်သမားတစ်ဦး။ Scalper ရဲ့ဒဏ်ကိုခံခဲ့ရတဲ့ နစ်နာသူမိသားစုထဲက ကလမ်မာတိုင်းကာတာဆိုတဲ့အမျိုးသမီးကတော့ Scalper ရဲ့မျက်နှာတည့်တည့်ကို သေနတ်နဲ့ပစ်ကာ Scalper ကိုအဆုံးသတ်ခဲ့တဲ့သူတစ်ဦး။ ကလမ်မာတိုင်းက သာမန်အမျိုးသမီးမဟုတ်ဘူး။ သူကအကြားအမြင်စိတ်ပညာသည်တစ်ဦး။ အထူးသဖြင့် သေဆုံးသွားသူတွေနဲ့ ထိတွေ့မှုလုပ်လိုက်တဲ့ခါ သူတို့ရဲ့ဝိညာန်တွေနဲ့ဆက်သွယ်ပြီး သေဆုံးသူရဲ့ အတိတ်နဲ့ အနာဂတ်တွေကို မြင်တွေ့နိုင်တဲ့အစွမ်းအစရှိသူတစ်ဦး။ အခုလက်ရှိမှာတော့ ကလမ်မာတိုင်းဟာ သူ့ရဲ့စိတ်စွမ်းအင်ကြောင့်နာမည်ကြီးနေပြီး ရေဒီယိုကအစီအစဉ်တစ်ခုမှာပါ ဖိတ်ကြားခံထားရပြီး အသံလွှင့်တင်ဆက်နေပါတယ်။ ဒီလိုနဲ့ ကလမ်မာတိုင်းတို့ အသံလွှင့်တင်ဆက်နေတုန်းမှာ ဖုန်းတစ်ကောလ်၀င်လာပြီး ဒီဖုန်းကော်လ်ကိုနားထောင်လိုက်မိတဲ့ကလမ်မာတိုင်းဟာ သေဆုံးခါနီး ဖုန်းခေါ်သူနဲ့ စိတ်ဆက်သွယ်မှုတစ်ခုရလိုက်ပြီး Scalper ပြန်ရောက်လာတာကိုသိရှိလိုက်ရတဲ့နောက်မှာတော့… ကလမ်မာတိုင်းကိုယ်တိုင် သတ်ခဲ့တဲ့ Scalper က တကယ်ပဲသေရွာကနေပြန်ရောက်လာတာလား၊ ဒါမှမဟုတ် Scalper ရဲ့ခြေရာကိုနင်းမယ့်သူ လူသစ်သမားအသစ်တစ်ယောက်ပေါ်လာတာလား၊ ကလမ်မာတိုင်းကိုရော ဘယ်လိုလက်စားပြန်ချေဦးမလဲဆိုတာ ဆက်လက်ရှုစားလိုက်ကြပါဦး။ File size…(1.2 GB)/(544 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 2023
Scalper
Thandel
6.8

Thandel (2025) စွန့်စားစိန်ခေါ်မှုပြည့်နှက်နေတဲ့ ချစ်ခရီးလမ်း IMDb 6.9/10 အက်ရှင်အကြမ်းအရမ်းကိုမှ ရိုမန့်စ်လေးနဲ့တွဲဖက်ခံစား ကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဆတ်တယာဆိုတဲ့ မိန်းမချောလေးက သူ့ဖခင်ကို သူနဲ့သင့်တော်တဲ့ သတို့သားလောင်းရှာဖို့ ပြောဆိုလာပါတယ်။ တစ်အိမ်လုံးလည်း မယုံနိုင်စွာအံ့ဩရပေမဲ့ သူ့ဆန္ဒကိုဖြည့်ဆည်းပေးကြပါတယ်။ လှလွန်းတဲ့ဆတ်တယာကို သတို့သားလောင်းက မြင်မြင်ချင်းသဘောကျသွားလို့ မင်္ဂလာပွဲအတွက် တစ်ခါတည်းစီစဉ်ကြလေရဲ့။ အဲဒီအချိန်မှာပဲ ဆတ်တယာက သူ့သတို့သားလောင်းကို ပြောစရာရှိတယ်ဆိုပြီး သူ မထင်မှတ်ထားတဲ့အကြောင်းအရာကို ပြောပြလာခဲ့ပါတယ်။ ဆတ်တယာမှာ ရာဂျူးဆိုတဲ့ချစ်သူကောင်လေး ရှိနေတာပါ။ သူတို့ရွာမှာ တစ်နေ့ပြီးတစ်နေ့တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် ရွာကယောက်ျားလေးတွေက ငါးဖမ်းဖို့ ပင်လယ်၊ သမုဒ္ဒရာတွေဆီ စွန့်စွန့်စားစားသွားရပါတယ်။ စာချုပ်နဲ့သွားရတာဖြစ်ပြီး တစ်ခါသွားရင် ကိုးလကြာမြင့်ပါတယ်တဲ့။ တစ်နှစ်မှာသုံးလပဲ အတူရှိရပေမဲ့ သူတို့နှစ်ယောက်က ရာဂျူးဖုန်းခေါ်လို့ရတာနဲ့ ဖုန်းပြောကြနဲ့ အဆက်အသွယ်မပြတ်ရှိနေကြပါတယ်။ တစ်နေ့သူတို့ရွာနား သတ္တုတူးဖို့ရောက်လာတဲ့ မသမာသူလူတစ်စုကို ရာဂျူးကဖြေရှင်းပေးရာကနေ သူဟာ သူ့ဖခင်လို ငါးဖမ်းသမားတွေရဲ့ခေါင်းဆောင်ဖြစ်လာပါတော့တယ်။ ပင်လယ်ဓားပြတွေရန်ကြုံရ၊ မုန်တိုင်းလေထန်ဒဏ်ကြုံရ၊ သူများနယ်ရောက်သွားမိရင် အဖမ်းခံရနဲ့ အန္တရာယ်ပတ်လည်ဝန်းရံနေလို့ ရာဂျူးကို ဆတ်တယာက ဒီအလုပ်ကို စွန့်လွှတ်စေချင်နေပါပြီ။ ရာဂျူးက နားမထောင်ဘဲ ဒီတစ်ခါသူငါးဖမ်းသွားပြီး ပြန်လာရင် လက်ထပ်ကြပါမယ်၊ စောင့်နေပါလို့ပြောပြီး ထွက်သွားပြန်ပါတယ်။ ကတိပေးခဲ့တဲ့အတိုင်းပြန်မရောက်လာတာ အချိန်တွေကြာလာတဲ့အခါမှာတော့…… ဆတ်တယာကဘာလို့ အိမ်ထောင်ပြုဖို့ သူ့မိဘကိုအလောတကြီးပြောရတာလဲ၊ ရာဂျူးနဲ့ဘာလို့ အဆက်အသွယ်ပြတ်သွားတာလဲ၊ သူ ဘာတွေတွေ့ကြုံနေရလဲ၊ တကယ်ပဲဆတ်တယာကို ထားသွားတာ ဖြစ်နိုင်ပါ့မလား၊ သူတို့နှစ်ယောက်ရဲ့ရှေ့ခရီးလမ်းကဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ STAR~ToMo~KKKZ~Zwe Yan တို့ပဲဖြစ်ပါတယ်။

Comedy • Drama
6.8 2025 152 mins
Thandel
The Unofficial Science of Die Hard
5.9

The Unofficial Science of Die Hard (2024) TV programmme Die Hard ဇာတ်ကားတွေက ကျွန်တော်တို့ အတော်များများရဲ့ ရင်ထဲက လက်ခံထားတဲ့ အက်ရှင် ဇာတ်ကားကောင်းတွေဖြစ်ပါတယ်။ ၁၉၈၈ မှာထွက်ရှိခဲ့ပေမဲ့လည်း ဒီနေ့ထက်ထိ ပြန်ကြည့်လို့ကောင်းနေဆဲပါပဲ။ အကြမ်းစား အလန်းစား ချခန်းတွေ ဖောက်ခွဲတဲ့ ပြကွက်တွေနဲ့အတူ စိန်ခေါ်မှုများတာကတော့ စတန့်လုပ်တာပါပဲ။ Die Hard လိုအက်ရှင်ကားမှာလည်းပဲ လှပတဲ့ စတန့်ပြကွက်များစွာပါပါတယ်။ ဆိုတော့ ဒီတီဗီရှိုးက အဲဒီစတန့်ပြကွက်တွေဟာ အပြင်မှာတကယ်လုပ်လို့ရမလား လုပ်ရင်ရော ဘယ်လောက်အောင်မြင်နိုင်ခြေရှိမလဲဆိုတာ ခရစ်စ်နဲ့ပေါလ်တို့က အတူလေ့လာထားကြတာပါ။ ခေါင်မိုးပေါ်က ခုန်ချပြီး မှန်ကိုသေနတ်နဲ့ပစ်ခွဲပြီး ပြတင်းပေါက်ကို ပြန်ဝင်တဲ့အခန်းတွေ မှန်ကွဲစတွေပေါ် ဖိနပ်မပါဘဲ လမ်းလျှောက်တာတွေ အစရှိသဖြင့်ပေါ့။ ဒီရှိုးလေးထဲမှာ အစရှိတာတွေကို ခေတ်မီ သိပ္ပံရှုထောင့်ကနေ သေချာစမ်းစစ်လေ့လာပြီး လက်တွေ့တွေလုပ်ပြခဲ့တာကြောင့် စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတအနည်းငယ် ရရှိစေမှာပါ။ Die Hardဇာတ်လမ်းတွေကို အရူးအမူးကြိုက်နှစ်သက်တဲ့လူတွေအနေနဲ့ သူတို့အက်ရှင်တွေ စတန့်ခန်းတွေကို ဘယ်လို လုပ်ဆောင် ရိုက်ကူးခဲ့လဲဆိုတာ ဗဟုသုတအနေနဲ့ ကြည့်ရှုနိုင်မယ့် တီဗီပရိုဂရမ် ရှိုးလေးတစ်ခုဖြစ်ပါတယ်။

Drama • Thriller
5.9 2024
The Unofficial Science of Die Hard
Woochi: The Demon Slayer
6.8

Woochi: The Demon Slayer (2009) ******************************* စိတ်ပြေလက်ပျောက် ရယ်မောချင်တဲ့ ပရိသတ်ကြီးတို့အတွက် 2009 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျိုဆွန်းခေတ်က မှော်ဆရာဂျောင်ဝူချီအကြောင်းကို ရိုက်ကူးထားတဲ့ ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ Cast တွေအနေနဲ့ကတော့ A-List Actor တစ်ယောက်ဖြစ်တဲ့ မင်းသား Gang Dong-Won ၊ မင်းသမီး Lim Soo-Jung၊ မင်းသားကြီး Kim Yun-Seok ၊ Kim Yun-Seok တို့အပြင် ပရိသတ်ကြီးတို့ မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများပါ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း ************* ကောင်းကင်ဘုံမှာ စွမ်းအားကြီးနတ်ဘုရားရဲ့ပလွေဟာ ကျိုးသွားပြီး မှင်စာတွေရဲ့လက်ထဲ ရောက်သွားပြီးနောက် လူ့လောကကြီးထဲ အရှုပ်အထွေးတွေ ဖြစ်လာပါတော့တယ်။ ဒါကြောင့်ပဲ နတ်ဘုရားသုံးပါးဟာ လူ့ပြည်ဆင်းလာပြီး အရှေ့ဘက်ကျောင်းတော်ကဆရာကြီးနဲ့ ဆရာဟွာဒမ်းဆိုတဲ့ အကူအညီပေးနိုင်မဲ့နှစ်ယောက်ကို ကျိုးသွားတဲ့ ပလွေ ပြန်ရှာပြီး မှင်စာတွေကိုဖမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီအချိန်မှာပဲ အရှေ့ဘက်ကျောင်းတော်က ဆရာကြီးရဲ့ တပည့်ဖြစ်တဲ့ ဂျောင်ဝူချီဆိုသူဟာ စည်းမျဥ်းစည်းကမ်းမလိုက်နာဘဲ လုပ်ချင်းတိုင်းလုပ်တတ်ပေမဲ့ ခက်ခဲနေတတ်တဲ့လူတွေကို ကူညီရင်းနဲ့ အတော်ဆုံးမှော်ဆရာတစ်ယောက် ဖြစ်ဖို့ ကြိုးစားနေသူပါ။ ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ ဂျောင်ဝူချီက ဆရာဖြစ်သူကို သတ်တယ်လို့ နတ်ဘုရားသုံးပါးက အထင်လွဲသွားခဲ့ပြီးနောက် ဂျောင်ဝူချီနဲ့ သူ့ရဲ့ခွေး ချိုရန်းအီတို့ကို ပန်းချီကားထဲမှာ ချုပ်နှောင်ထားလိုက်ပါတော့တယ်။ နှစ်ပေါင်း ၅၀၀ ကြာပြီးနောက် .. မှင်စာတွေပြန်လည်သောင်းကျန်းနေတဲ့ မျက်မှောက်ခေတ်မှာ ဂျိုဆွန်းခေတ်က မှော်ဆရာဖြစ်တဲ့ ဂျောင်ဝူချီနဲ့ သူ့ရဲ့ခွေး ချိုရန်းအီတို့ဟာ ပန်းချီကားထဲကနေ ပြန်လွတ်လာတဲ့အခါမှာတော့…. ဇာတ်အိမ်ဆန်းဆန်းလေးကိုမှ ရယ်မောရင်းကြည့်ရှုရမဲ့ ဒီဇာတ်ကားလေးကိုတော့ CM ကနေ ကွာလတီအမိုက်စားနဲ့ ပြန်လည်တင်ဆက်ပေးထားပြီဖြစ်လို့ ကြည့်ရှုခံစားလိုက်ပါဦးနော်… (အညွှန်းကို Su Sandi မှ ရေးသားထားပါတယ်) File size…1.73GB / 838MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Action, Adventure, Comedy, Fantasy Subtitle….Myanmar Subtitle (Hard Sub) Translated by Su Sandi Encoded by AHtet

Romance • Science Fiction • Thriller
6.8 2009 136 mins
Woochi: The Demon Slayer
Missing Child Videotape

“Missing Child Videotape” က ဒါရိုက်တာ Ryota Kondo ရဲ့ ပွဲဦးထွက် J-horror ရုပ်ရှင်ဖြစ်ပြီး Rairu Sugita၊ Amon Hirai နဲ့ Kokoro Morita တို့ သရုပ်ဆောင်ထားတယ်။ ဇာတ်လမ်းက Keita ဆိုတဲ့ လူငယ်တစ်ယောက်အကြောင်း။ သူ့ညီလေး Hinata ပျောက်ဆုံးသွားတာ ၁၃ နှစ်ရှိပြီး အဲဒီဒဏ်ရာက သူ့ကို ခြောက်လှန့်နေဆဲပါ။ တစ်နေ့မှာ သူ့အမေဆီက ထူးဆန်းတဲ့ VHS တိတ်ခွေတစ်ခု ရောက်လာတယ်။ အဲဒီမှာ Hinata ပျောက်ဆုံးသွားတဲ့ အခိုက်အတန့်ကို ရိုက်ထားတာပါ။ Keita က သူ့သူငယ်ချင်း Tsukasa နဲ့ သတင်းထောက် Mikoto တို့နဲ့အတူ ညီလေးပျောက်ဆုံးခဲ့တဲ့ ထူးဆန်းတဲ့ တောင်တန်းထဲကို ပြန်သွားပြီး အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားတယ်။ ဒီရုပ်ရှင်က ခုန်ထွက်ခြောက်လှန့်တဲ့ ဇာတ်လမ်းမဟုတ်ဘဲ ဖြည်းဖြည်းချင်း ကြောက်စရာအငွေ့အသက်တွေ တည်ဆောက်ထားတာပါ။ VHS တိတ်ခွေရဲ့ ဝါးပြီး မထင်မရှားတဲ့ ပုံရိပ်တွေနဲ့ အသံဒီဇိုင်းက ထိတ်လန့်စရာ ပိုကောင်းတယ်။ ရုပ်ရှင်က ၁ နာရီ ၄၄ မိနစ်ကြာ၊ ဂျပန်ဘာသာနဲ့ ရိုက်ထားပြီး ဇွန်လ ၁၃၊ ၂၀၂၅ မှာ ဗီယက်နမ်မှာ ရုံတင်ခဲ့တယ်။ IMDb မှာ 5.7/10 ရထားပြီး Tokyo International Film Festival မှာ ပြသခဲ့ပါတယ်။ J-horror ကြိုက်သူတွေအတွက် မနှစ်မြို့စရာလည်း ဖြစ်နိုင်ပေမယ့် လေးနက်တဲ့ စိတ်ခံစားမှုနဲ့ ထိတ်လန့်မှုကို ပေါင်းစပ်ထားတဲ့ ကားကောင်းတစ်ကားပါ။ File size…(1.3 GB)/(915 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Mystery, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

0 2025 86 mins
Missing Child Videotape