YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

All.Creatures.Great.and.Small.2020.S01E07.The.Night.Before.Christmas.1080p.(CM).mp4

1.13 GB 1080p video/mp4 85 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Devil's Backbone
7.3

IMDb rating: 7.4/10 Rotten Tomatoes: 93% ကမ္ဘာစစ်အတွင်းမှာ သေကြေပျက်စီးတယ်ဆိုတယ် ဆန်းတဲ့အရာတော့ မဟုတ်ပါဘူး စစ်ကြောင့် လက်နက်ကြောင့်လို့ ပြောကြပေမယ့် တကယ်တမ်းကတော့ လူ့အတ္တစစ်စစ်ကြောင့်ပေါ့ဗျာ ငတ်ပြတ် ဆင်းရဲကုန်တော့ လုပ်မိလုပ်ရာတွေလုပ်ရင်း လူသားဆန်မှုဆိုတာ ဘယ်ဆီရောက်မှန်းမသိ ယုံကြည်မှုတွေကလည်း အလဲလဲအကွဲကွဲ ဘယ်ဘုရားဆီပြေးရမယ်မသိ.. မကောင်းဆိုးဝါးရဲ့ ကျောရိုးဆိုတာ ဘာလဲ သိကြလားဗျ မွေးမလာသင့်တဲ့ကလေးတွေ တစ်နည်း လူတွေစွန့်ပစ်လို့ အသက်ဆုံးရှုံးသွားရတဲ့ လူမမယ်ကလေးလေးတွေကို ခေါ်ပါသတဲ့ စပိန်နိုင်ငံရဲ့ စစ်ကြီးအတွင်းမှာ အဲဒီကလေးတွေကို ‌ဆေးရည်စိမ်ပြီး ရောဂါပျောက်တယ်ဆိုပြီး သောက်ကြသတဲ့လေ မဟုတ်မှန်းသိသိရဲ့နဲ့ လုပ်မိလုပ်ရာတွေ လုပ်ကြတာပါပဲ ကျွန်တော် လက်လှမ်းမီသလောက် ဇာတ်လမ်းရဲ့ ရည်ညွှန်းချက်ကတော့ devil's backbone ဆိုတာ ကပ်ဘေးကြောင့် လူ့လောဘအတ္တကို ကျောရိုးအရင်းခံပြီး လုပ်မိလုပ်ရာတွေ လုပ်ကြပုံပါပဲ ဇာတ်လမ်းအညွှန်းကတော့ တိုတိုလေးပါပဲ ၁၂ နှစ်သားကောင်လေးတစ်ယောက် စစ်ကြီးထဲမှာ အဖေဆုံးရှုံးသွားရလို့ စပိန်နိုင်ငံ မြို့စပ်လေးတစ်ခုက ကျောင်းတစ်ကျောင်းကို ရောက်လာတယ် သူမရောက်ခင်ကတည်းက ကျောင်းဝန်းအလယ်တည့်တည့်မှာ ဗုံးအကြီးကြီးစိုက်ဝင်နေတယ် ဗုံးကျဲခံရတဲ့ညမှာပဲ ရှန်တီဆို‌တဲ့ ကောင်လေးတစ်ယောက် ပျောက်သွားတယ်တဲ့ ကျောင်းသားတွေကြားက ကောလဟာလကတော့ သရဲလိုလို အသက်ရှင်နေသလိုလို... ဒီလိုနဲ့ ကောင်လေးကျောင်းရောက်ပြီး မကြာခင်မှာပဲ သရဲလိုလို ဘာလိုလိုဟာကို တွေ့လာတော့တယ် စုံစမ်းဖို့ကြိုးစားရင်း ကျောင်းကလူတွေရဲ့ နှစ်မြှုပ်ထားတဲ့လျှို့ဝှက်ချက်တွေထဲ ရောက်သွားပါတော့တယ် ဇာတ်လမ်း‌အသွားအလာကရိုးရှင်းပေမယ့် Nomi တွေ ဝင်ခဲ့ပါသေးတယ် Goya Award for Best Special Effects တို့ Goya Award for Best Costume Design အစရှိတာတွေပါ ကဲ ရုပ်ရှင်ကြိုက်သူတို့ လိုက်ပါစီးမျောရင်း အတွေးနယ်ချဲ့လိုက်ကြပါဦး File Size :(2.1GB)  (862 MB) and (273 MB) Quality : Blu-Ray 720p Format…mp4 Duration…01:46:00 Genre : Horror , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Mayphoo Pone Encoded by Phyo Pyae

Action • Drama • Science Fiction
7.3 2001 108 mins
The Devil's Backbone
Clash of the Titans
5.9

မြွေခေါင်းတွေနဲ့မယ်ဒူဆာကို အကြည့်ချင်းဆုံမိတာနဲ့ ကျောက်ရုပ်ဖြစ်သွားတတ်တဲ့ ဒဏ္ဍာရီကို ကြားဖူးရင် ဒီဇာတ်ကားကို အတော်များများသိကြမှာပါ... ဒီရုပ်ရှင်ကားကို မင်းသားမင်းသမီး A list တွေနဲ့ရိုက်ကူးထားပါတယ်...Avator မင်းသား Sam Worthington ,Taken မင်းသားကြီး Liam Neeson,ဟယ်ရီပေါ်တာရဲ့ဗိုဒီမော့ Ralph Fiennes,Hansel and Gretel မင်းသမီး Gemma Arterton တို့အပြင် ဇာတ်ရံပေါင်းများစွာပါဝင်ပါတယ်။ ဇာတ်လမ်းကတော့...သိကြတဲ့အတိုင်းပါပဲ...ဂရိဒဏ္ဍာရီလာ နတ်ဘုရားတွေအကြောင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။ လူသားတွေကိုဖန်ဆင်းထားတဲ့ နတ်ဘုရားတွေ...တန်ခိုးပါဝါအာဏာတွေတပ်မက်ရင်း လူသားတွေလိုစိတ်ဆိုးပြီး...နေရာလု ရန်ဖြစ်ကြပါတော့တယ်...ဒီပြသနာက လူ့ပြည်ထိ ရိုက်ခတ်လာတဲ့အခါမှာတော့...လူတစ်ပိုင်း နတ်ဘုရားတစ်ပိုင်း ပါးစီးရပ်စ်နဲ့...ဘာတန်ခိုးမှမရှိတဲ့လူသားတို့ အခက်အခဲတွေကို လူသားဆန်ဆန် ရင်ဆိုင်ဖြေရှင်းကြတဲ့အကြောင်းပါ။ Clash of the Titans ကိုကြည့်ထားမှ သူ့ရဲ့အဆက် Wrath of The Titans(2012) ကို ဆက်ကြည့်ကြပါ။ File size…(3.1 GB) and (1 GB) Quality….BluRay 1080p & 720p Format…mp4 Duration….01:46:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Drama • Romance • Thriller
5.9 2010 106 mins
Clash of the Titans
First Love

ဒီတစ်ခါမှာလည်း Channel Myanmar ကနေပြီးတော့ လူငယ်အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို ရွေးချယ်တင်ဆက်ပေးထားပါတယ်။ "အချစ်ဦးကို မြေးဦးရတဲ့အထိမမေ့နိုင်ဘူး" ဆိုတဲ့ စကားလေးလိုပါပဲ.... ပထမဆုံးအချစ်ကို လူတိုင်းမေ့မရနိုင်ပါဘူး...... ဒီဇာတ်လမ်းလေးထဲမှာတော့..... ဂီတကိုရူးသွပ်တဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက် အိမ်ကချုပ်ချယ်မှုတွေကြားထဲမှာ ဝါသနာနဲ့ ပညာရေးကို ဝေခွဲမရဖြစ်နေခဲ့ပါတယ်။ ဒီအချိန်မှာ ...သူ့ရဲ့အကြီးမားဆုံးအိပ်မက်ဖြစ်တဲ့ာက်ဖြစ်ဖို့အတွက် ပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်ဖို့ အခွင့်ကြုံလာရပါတော့တယ်။ တစ်ချိန်တည်းမှာပဲ သူ့ဘဝကို အပြောင်းအလဲဖြစ်စေမယ့် "အန်" ဆိုတဲ့ ကောင်မလေးတစ်ယောက် ရောက်လာတဲ့အခါမှာတော့....... ဘယ်လိုအချိုးအကွေ့တွေဖြစ်လာမလဲ...... ဝါသနာနဲ့ မိဘတွေကြား ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို ဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ပြထားတဲ့အပြင် ...... ဗီယက်နမ်သီချင်းကောင်းလေးများကိုပါ နားဆင်ကြရမယ့် High School Musical Romance အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးထဲမှာတော့ "သီယိန်" အဖြစ် Nguyen Thai Son ကသရုပ်ဆောင်ထားပြီး မင်းသမီးချောလေး Lam Thanh My က "အန်"အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Richard Wai ပဲဖြစ်ပါတယ်) Genre.....Romance Quality….WEB-DL 1080p and 720p and 360p File size…1.5GB and 852MB and 273MB Format…mp4 Duration….1h 28min Subtitle….Myanmar Subtitle (Hardsub) Translator ..... Richard Wai Encoder .....August

Drama
null 2019 88 mins
First Love
Twilight Dinner

အချစ်ကြမ်းကြတဲ့အထဲမှာ သွေးစုပ်ဖုတ်ကောင်တွေလည်းပါတယ်နော်။ အချစ်လည်းကြမ်းသလို အငြိုးလည်းကြီးကြပါတယ်။ ဒါပေမဲ့ ဒီကားလေးထဲမှာပါတဲ့ Vampire လေးတွေချစ်တာကိုတော့ ဘယ်သူမှမရှောင်နိုင်လောက်ပါဘူး ။ အချစ်ကြမ်းကြမ်းတွေမို့ နားကြပ်လေးနဲ့ခံစားဖို့ ကြိုတင်သတိပေးပါရစေဗျ ။ မျက်နှာချင်းဆိုင်ကတိုက်ခန်းဘက်ကို လူသစ်ပြောင်းလာတာကြောင့် သွားနှုတ်ဆက်ရင်းနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ညီအစ်မနှစ်ယောက်နဲ့ ကာဇူဟီကိုတစ်ယောက် ရင်းနှီးခွင့်ရခဲ့ပါတယ် ။ သူတို့နဲ့ချိန်းတွေ့ချင်ပေမယ့် နေရောင်နဲ့အထိမခံနိုင်တဲ့ အရေပြားရောဂါရှိလို့ ခဏခဏငြင်းပယ်ခံရပြီးနောက်မှာတော့ ညီမဖြစ်သူ မာရာကိုနဲ့ ညဘက်ချိန်းတွေ့ဖို့ အကြောင်းဖန်လာပါတော့တယ်။ ညီမနဲ့လည်းချိန်းတွေ့ရင်း အစ်မနဲ့လည်း ခိုးစားဖြစ်သွားတဲ့အခါမှာတော့ ကာဇူဟီကိုဆီမှာ ပြောမပြတတ်အောင် ပြောင်းလဲမှုကြီးတစ်ခု စတင်ခံစားရပါတော့တယ်။ ကိုယ့်ကိုကိုယ်လည်း ထိန်းချုပ်လို့မရနိုင်အောင် ဘာမြင်မြင်အကုန်လုံးဆွဲစားချင်တော့တာပါပဲ။ ကာဇူဟီကိုတစ်ယောက် ဘာတွေပြောင်းလဲသွားတာလဲ? ဘာတွေများဆွဲစားခဲ့တာလဲဆိုတာတွေကို တစ်ဝကြီးခံစားလိုက်ပါတော့နော်.... File size…200MB Quality…HD DVD RIP Format…mp4 Duration….1h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by  Dark V

Science Fiction • Thriller
null 1988 80 mins
Twilight Dinner
The Swimmers
7.5

The Swimmers (2022) ================= IMDb Rating – 7.5/10 ဒီတစ်ခေါက်တော့ကိုယ်တွေ့ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ Netflix ကအသစ်ထွက်ရှိလိုက်တဲ့ The Swimmers ဇာတ်ကားက Rio De Jeneiro မှာ ကျင်းပတဲ့ 2016 Olympics Champion တစ်ဦး ဖြစ်ခဲ့တဲ့ ဆီးရီးယားလူမျိုး ရေကူးချန်ပီယံ Yusra Mardini ရဲ့ ဂရိ ပင်လယ်ထဲကနေ ကုန်းမြေအထိလက်ပစ်ကူးပြီး လူတွေကိုကယ်တင် ပေးခဲ့တဲ့ခက်ခဲကြမ်းတမ်းလှတဲ့ဘဝဇာတ်ကြောင်းကိုပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ရူစရာတို့ညီအစ်မတွေတစ်ဘက်မှာပျော်ရွှင်နေကြပေမဲ့ နိုင်ငံတွင်းမှာဗုံးကြဲခံနေရတာကိုမြင်တွေ့ရမှာပါ။ သူတို့သူငယ်ချင်းတွေ ဗုံးဒဏ်ကြောင့်သေဆုံးခဲ့ရပြီး သူတို့ ရေကူးလေ့ကျင့်တဲ့ကန်အထိပါ ဗုံးကြဲ ခံရပီးနောက် သူ့ကို အိုလံပစ်ချန်ပီယံအမြဲဖြစ်စေချင်ခဲ့တဲ့ နည်းပြဖြစ်သူ အဖေကိုယ်တိုင်က သမီး၂ယောက်ကို ဂျာမနီကိုပို့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ စိတ်ကူးအတိုင်းမဟုတ်ပဲခက်ခဲလှတဲ့လက်တွေ့ဘဝရဲ့ဒုက္ခအခက်အခဲပေါင်းစုံကို လမ်းခရီးမှာ စတင်တွေ့ကြုံရပါတော့တယ်။ ပိုက်ဆံအမြောက်အမြားတောင်းပြီး တာဝန်ယူမှုမရှိတဲ့ လူကုန်ကူးသူတွေက လှေအစုတ်တစ်စီးနဲ့လူအများကြီးကို ပင်လယ်ထဲဖြတ်သန်းခိုင်းရာကနေ စလိုက်တဲ့ ဒုက္ခဆင်းရဲပေါင်းများစွာကို ကြံ့ကြံ့ခံဖြတ်ကျော်ရင်း ဖခင်အရမ်းဖြစ်စေချင်တဲ့ အိုလံပစ်ချန်ပီယံဆုကို ဘယ်လို ဆွတ်ခူးနိုင်သွားလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမဲ့အပြင် နိုင်ငံရေးမငြိမ် သက်မှုတွေကြောင့် ဒုက္ခရောက်ရတဲ့ ပြည်သူတွေရဲ့ဘဝကိုကိုယ်ချင်းစာကရုဏာ သက်စေနိုင်မဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Nyein Lai မှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများ ကတော့ Nyein Lai, Khant Sett Naing တို့ဖြစ်ပါတယ်) File Size……….(2.62 GB) / (1.2 GB) / (681 MB) Quality…………WEBrip 1080p / 720p / 480p Duration………2Hr 14mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Drama, Sport Translator…….Nyein Lai, Khant Sett Naing Encoder……….Zin Phyo Aung

Action • Crime • Thriller
7.5 2022
The Swimmers
Master Gardener
6.3

Master Gardener (2022) ~ IMDb – 6.3/10, Rotten Tomatoes – 70% ~ “God’s Lonely Man” ဘုရားသခင်ရဲ့အထီးကျန်လူ တနည်းအားဖြင့် သင်းကွဲလူ ဆိုတာကို ဒါရိုက်တာကြီး Martin Scorsese ရဲ့ Taxi Driver ထဲမှာလည်းကြားဖူးခဲ့မှာပါ။ လူ့အဖွဲ့အစည်းနဲ့သိပ်မရော မအပ်စပ်ဘဲ တစ်ယောက်တည်း နေ့စဉ်ဓူဝ ကိုယ့်အတွေးနဲ့ကိုယ်ချာချာလည်ရင်း သင်းကွဲတစ်ယောက်လိုအထီးကျန်နေတဲ့ ဇာတ်‌ကောင်မျိုးတွေပေါ့။ အဲဒီလိုဇာတ်ကောင်တွေက တစ်နေ့မှာ လှုပ်နှိုးခံလိုက်ရတဲ့အချိန် ပရိသတ်တွေကို ” ဒီကောင်ဘာတွေလုပ်မလဲမသိဘူး” ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တာက ဒီလိုရုပ်ရှင်ဇာတ်ကားတွေရဲ့ အရသာတစ်ခုပါပဲ။ ဒီရုပ်ရှင်က ဇာတ်ကောင်ကလည်း အဲဒီလို သာမန်ဥယျာဉ်မှူး။ လတ်တလောမှာတော့ သာမန်ဥယျာဉ်မှူးပေါ့။ သူ့မှာလည်း အတိတ်ကစိတ်ဒဏ်ရာတွေ၊ အိပ်မက်ဆိုးတွေ၊ နောင်တတွေကျန်နေပေမဲ့ သာမန်ဥယျာဉ်မှူးတစ်ယောက်လို ဂရေ့စ်ဝုဒ်ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ ‌ဘဝကိုဖြတ်သန်းနေတာမျိုးပါ။ ဒါပေမဲ့ တစ်နေ့မှာ ဂရေ့စ်ဝုဒ်ပိုင်ရှင် နော်မာရဲ့ မြေးတူမ မာယာ ဆိုတဲ့ ကောင်မလေးတစ်ယောက် အလုပ်သင်အနေနဲ့ရောက်လာပြီး ပြဿနာတွေပါခေါ်လာခဲ့ချိန်မှာတော့ ” ဒီကောင်ဘာတွေလုပ်မလဲမသိဘူး” ဆိုတာလေးဖြစ်ဖို့ အ‌ကြောင်းခံလေးတွေပေါ်လာပါတော့တယ်။ ဒီရုပ်ရှင်မှာသဘောကျမိတာတစ်ခုက ပန်းအကြောင်းတွေပါ။ သူ့ရဲ့ ဂျာနယ်မှာထည့်ရေးသမျှ ပန်းအကြောင်းတွေနားထောင်ရင်း ကိုယ်တိုင်ပါ ထပြီး ပန်းတွေစိုက်ပစ်ချင်စိတ်တောင်ပေါက်လာနိုင်ပါတယ်။ ဂျိုဝယ်အက်ဂျာတန်လို ဘဲကြီးက ပန်းလှလှလေးတွေစိုက်နေတာမြင်ရတာကလည်း တစ်မျိုးလေးကြည့်ကောင်းနေတာပေါ့လေ။ “God’s Lonely Man” ဆိုလို့ ဒါရိုက်တာဘယ်သူလဲ ပြေးကြည့်စရာမလိုပါဘူး။ အဲဒီလို ရုပ်ရှင်မျိုးတွေကို အသည်းခိုက်တဲ့ Taxi Driver ဇာတ်ညွှန်းရေးခဲ့တဲ့သူ Paul Schrader ကိုယ်တိုင်ဖြစ်နေလို့ပါ။ Paul Schrader က ဇာတ်ညွှန်းတင်မက ဒါရိုက်တာလည်းကောင်းကောင်းကြီးလုပ်နိုင်တယ်ဆိုတာကို Mishima, Blue collar နဲ့ First Reformed ကားတွေမှာ မြင်ခဲ့ရပြီးပါပြီ။ အင်တာဗျူးတစ်ခုမှာ သူနောက်ဆုံးရိုက်ထားတဲ့ ရုပ်ရှင်သုံးခုဖြစ်တဲ့ First Reformed (2017), Card Counter (2021) နဲ့ အခု Master Gardener ရုပ်ရှင်တွေက ဇာတ်လမ်းချင်းမတူပေမဲ့ စိတ်ပိုင်းဆိုင်ရာကျောရိုးချင်း ဆက်နွယ်နေတဲ့ Trilogy တစ်ခုလို့ ပြောခဲ့ဖူးပါတယ်။ ဥပမာ ကားရယ် လေယာဉ်ရယ် ရထားရယ် နဲ့ ခရီးသွားသလိုပေါ့။ ခရီးသွားနေတယ်ဆိုတဲ့ သဘောတရားချင်းတူတယ် ဒါပေမဲ့ သွားပုံချင်းမတူတာမျိုး။ အဲဒီသဘောတရားအတွက် ကား၊ လေယာဉ်၊ ရထား သုံးမျိုးလုံး စီးကြည့်စရာမလိုပေမဲ့ အချိန်ရရင်တော့ ၃ ကား စလုံးကို မြည်းကြည့်စေချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဗယ်လာဒိုလစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့တဲ့အပြင် Alien Franchise ထဲက မင်းသမီးကြီး ဆစ်ဂေါနီးဝီဗာကလည်း ဒီရုပ်ရှင်နဲ့ ပေါ်တူဂီရုပ်ရှင်ဆု CinEuphoria ရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုရခဲ့ပြီး ဂျိုဝယ်အက်ဂျာတန်ကလည်း အမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့ပါသေးတယ်။ ပန်းကလေးတွေအကြောင်းရုပ်ရှင်တွေကြည့်တိုင်း ကြည်အေးရဲ့ မောင်ကိုကိုနှင့်မြနန္ဒာ စာအုပ်ထဲက “ကမ္ဘာပေါ်မှာ လူနည်းနည်းနဲ့ ပန်းတွေအများကြီးရှိရင် သိပ်ကောင်းမှာပဲ” ဆိုတာလေးကိုပဲ အမှတ်ရနေမိပါတယ်။ ပန်းကလေးတွေရဲ့အလှနဲ့ ရုပ်ရှင်ရဲ့ အလှအပနှောထားတာလေးကတော့ ဒီရုပ်ရှင်ရဲ့ မျက်စိပသာဒအဖြစ်ရဆုံး အချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 540MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 51Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.3 2022 111 mins
Master Gardener
The Blacklist
6.7

The Blacklist(2021) ****************** ဒီဇာတ်ကားသည် အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသားများရဲ့ဘဝနဲ့ အယူသည်းမှုများကို နောက်ခံထားပြီး ရိုက်ကူးထားတာပါ… လူတစ်ယောက်ဟာ ထောင်ကျသွားတယ်… ထောင်ကျတာတဲ့စိတ်ညစ်ဖို့ကောင်းတာက ထောင်ကျတဲ့အချိန်အတူနေရတဲ့ အခန်းဖော်တွေပဲ… တစ်ယောက်တစ်မျိုး ပလပ်ကျွတ်နေကြတယ်.. တစ်ယောက်စီတိုင်းမှာလည်း မတူညီတဲ့အမှုတွေနဲ့ထောင်ကျလာတာပါ.. အဲ့ဒီနောက် ထောင်ကျအချင်းချင်း ပြစ်မှုတွေနဲ့ ကျရတဲ့အကြောင်းတွေ ရင်ဖွင့်ပြောပြလာတဲ့အခါမှာတော့… ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ခံစားကြည့်လိုက်ပါဦး.. File Size :2.02GB& 673MB Quality : WEB-DL1080p,720p Format…mp4 Duration…01:47:00 Genre : Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by ‌May Thet Htar Encoded by Phyo Pyae

Romance • Drama
6.7 2021
The Blacklist
Christmas As Usual
5.4

Christmas As Usual (2023) ==================== Thea က ခရစ္စမတ်အတွက် သူ့မွေးရပ်မြေကိုပြန်ဖို့ သူနဲ့စေ့စပ် ထားတဲ့ ချစ်သူ Jashanကိုပါ ခေါ်လာခဲ့တယ်။ ဒါပေမဲ့ Theaက သူ့မိသားစုကို Jashanက အိန္ဒိယလူမျိုးဖြစ်ကြောင်းနဲ့ သူတို့စေ့ စပ်ထားကြောင်းကို မပြောရသေးပါဘူး။ လူမျိုးချင်းမတူတဲ့ Thea နဲ့ Jashan တို့ ခရစ္စမတ်မှာ မတူညီတဲ့ ယဥ်ကျေးမှုဓလေ့ရိုးရာ ယုံကြည်မှုတွေကို ဘယ်လို မေးခွန်းထုတ် အမြင်ပြောင်းလဲစေ မလဲ၊ မိသားစုကြားက ခရစ္စမတ်အတွင်း ဘယ်လိုနွေးထွေးမှုတွေ ရှိလဲဆိုတာကို ကြည့်ရှုရမှာပါ။ နော်ဝေးမိသားစုလေးရဲ့ ပုံမှန်ခရစ္စ မတ်လေးက Jashan အတွက်တော့ ပုံမှန်ခရစ္စမတ်မဟုတ်ခဲ့တာမို့ သူဘယ်လိုကြိုးစားနေထိုင်မလဲဆိုတာကို ဒီဇာတ်လမ်းမှာ ရင်တ မမနဲ့ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.39 GB) / (482 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 28Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….Thwal Htoo Zin Encoder……….SWM

Horror • Action • Fantasy
5.4 2023 89 mins
Christmas As Usual
Gilded Newport Mysteries: Murder at the Breakers

အချိန်ကာလအားဖြင့် ၁၈၉၅ ဂျူလိုင်လ။ အမ်မာဟာ ချမ်းသာကြွယ်၀တဲ့ ဗန်ဒါဘစ်မိသားစုနဲ့ ဆွေမျိုးတော်စပ်သူ။ အမ်မာရဲ့ အဖေနဲ့အမေဟာ ဥရောပမှာ ပန်းချီကားတွေကိုသွားရောက်ရောင်းချနေကြသူတွေပါ။ အမ်မာဟာ ဆွေကြီးမျိုးကြီးထဲကဆိုပေမဲ့ အမွေစားအမွေခံတစ်ယောက်မဟုတ်ဘဲ သွေးနှောလို့သာ ဗန်ဒါဘစ်မိသားစု၀င်တစ်ဦးဖြစ်နေသူပါ။ အမ်မာဟာ အိမ်မှာ အိမ်ထိန်းအဖွားဖြစ်သူနဲ့အတူနေထိုင်ရင်း နယူးပေါ့ရဲ့သတင်းစာတိုက်တစ်ခုမှာ အမျိုးသမီးကဏ္ဍအတွက် သတင်းဆောင်းပါးတွေကိုရေးသားကာ ၀င်ငွေရှာနေတဲ့ ၂၁ နှစ်အရွယ် သတင်းထောက်မလေးတစ်ယောက်‌ပေါ့။ အမ်မာဟာ တစ်ရက်မှာ သူငယ်ချင်းဖြစ်သူ ဂါထရုရဲ့ ကပွဲကို ၀မ်းကွဲမောင်ဖြစ်သူ ဘရေဒီနဲ့တက်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ကံဆိုးချင်တော့ ကပွဲမှာ လူသေမှုတစ်ခုဖြစ်သွားပြီး ဒီအမှုဟာ မတော်တဆမှုမဟုတ်ဘဲ လူသတ်မှုဆိုတာကို သိရှိလိုက်ရချိန်မှာတော့ ၀မ်းကွဲမောင်ဖြစ်သူ ဘရေဒီဟာ လူသတ်သမားအဖြစ် မတရားစွပ်စွဲအကျဉ်းချခံလိုက်ရပါတယ်။ ဒီလိုနဲ့ အမ်မာတစ်ယောက် စုံထောက်ဂျက်စီဝှိုက်နဲ့အတူ ဒီလူသတ်မှုနောက်ကွယ်ကအကြောင်းစုံကိုစုံစမ်းရင်း မောင်ဖြစ်သူဘရေဒီ အပြစ်ကင်းစင်ကြောင်းသက်သေပြဖို့အတွက် လူသတ်သမားအစစ်ကိုရှာဖွေဖို့ရာ ကြိုးပမ်းရ‌ပါတော့တယ်။ File size…(1.5 GB)/(797 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 2024 84 mins
Gilded Newport Mysteries: Murder at the Breakers
Buddha Mountain
6.8

Fan Bing Bing ရဲ့ (၂၃)ကြိမ်မြောက် Tokyo International Film Festival မှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုရထားတဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့…… နယ်မြို့လေးတစ်မြို့မှာ ကြိုးစားရုန်းကန်နေတဲ့လူငယ်လေး(၃)ယောက်နဲ့ အိမ်ရှင်မိန်းမကြီးတစ်ယောက်အကြောင်းဒရာမာလေးဖြစ်ပါတယ်။ ပီကင်းအော်ပရာဇာတ်အဖွဲ့ဝင်ဟောင်း ဆရာမချန်ဟာ ခင်ပွန်းဆုံးသွားပြီးနောက်ပိုင်း တစ်ယောက်ထဲအထီးကျန်တဲ့ ဘဝကိုဖြတ်သန်းရင်း တစ်နေ့မှာ သူ့ရဲ့အိမ်ခန်းကိုငှားဖို့ဆုံးဖြတ်လိုက်တယ်။ မရေရာတဲ့အနာဂတ်တွေနဲ့ လူငယ်လေး(၃)ယောက်ကသူ့ရဲ့အိမ်မှာလာငှားနေကြတယ်။ ရှေးရိုးဆန်ပြီး အထီးကျန်နေတဲ့ ဂွကျတဲ့မိန်းမကြီးတစ်ယောက်နဲ့ ဘဝကိုဖြစ်သလိုကျော်ဖြတ်ရင်း ဝေဝေဝါးဝါးဖြတ်သန်းနေတဲ့ လူငယ်လေးတွေဟာ ကမောက်ကမနဲ့သံယောဇဉ်တွေဖြစ်ပြီး အတူနေထိုင်ရင်း လောကဒဏ်ကိုကိုယ့်နည်းကိုယ့်ဟန်နဲ့ ခုခံပြီး ဖြတ်သန်းကြတဲ့ ဒရာမာလေးဖြစ်ပါတယ်။

6.8 2010
Buddha Mountain
Down the Rabbit Hole
5.5

Down the Rabbit Hole ကတော့ ၂၀၂၄ မေလ ၁ ရက်မှာ အသစ်ထွက်ရှိထားတဲ့မက္ကဆီကိုရုပ်ရှင်ကားတစ်ခုဖြစ်ပါတယ်။ ဟာသ၊ ဒရမ်မာအမျိုးအစားဖြစ်ပြီး ရုပ်ရှင်ရဲ့နာမည်အတိုင်း ယုန်တွင်းထဲကိုဝင်သွားမှ ထူးခြားဆန်းပြားတာကိုမြင်တွေ့ နိုင်မှာဖြစ်ပါတယ်။ ၁၀ နှစ်သားကလေးငယ်တစ်ယောက်ရဲ့ ကြွယ်ဝချမ်းသာမှုတွေကိုစတင်ရိုက်ကူးပြထားပြီး ဆက်ကြည့် သွားရင်းနဲ့မှ မက္ကဆီကိုမူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဖခင်ရဲ့ရာဇဝတ်မှုလုပ်ငန်းတွေ၊ ရက်စက်မှုတွေကို တို့ရှ်ထလီဆိုတဲ့ကလေးငယ်တစ်ယောက်ရဲ့ရှု့ထောင့်ကနေ ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** မြို့ပြင်ကခမ်းနားတဲ့နန်းတော်ကြီးတစ်ခုထဲမှာကြီးပြင်းလာတဲ့ ၁၀ နှစ်သားလေးတို့ရှ်ထလီဟာ ဖခင်ကအလိုလိုက်ခံထားရသူဖြစ်ပြီး လိုတာတလိုက်တိုင်းရရှိနေခဲ့ပါတယ်။ တိရစ္ဆာန်ချစ်တဲ့တို့ရှ်ထလီအတွက် ဖခင်က ကိုယ်ပိုင်တိရစ္ဆာန်ရုံ တစ်ခုတည်ဆောက်ပေးထားသလို သားငယ်ပါးစပ်ကဟလိုက်တဲ့ အရာတိုင်းကို မဖြစ်ဖြစ်အောင်ဖန်တီးပေးခဲ့ပါတယ်။ ကိုယ်ပိုင်တိရစ္ဆာန်ရုံမှာ ရှားပါးတိရစ္ဆာန်တွေကိုပိုင်ဆိုင် ထားရတာတောင်မှ အာဖရိကရေမြင်းငယ်လေးတွေကိုမှ အရူးအမူးလိုချင်နေတဲ့တို့ရှ်ထလီအတွက် ဖခင်ဖြစ်သူက အာဖရိကအထိတောင်လိုက်ပို့ပေးခဲ့တာပါ။ ဒါပေမဲ့ တို့ရှ်ထလီဟာ နန်းတော်ကြီးရဲ့အပြင်ကိုထွက်ခွင့်မရှိသလို အမှန်တရားတချို့ ကိုလည်း သိခွင့်မရှိခဲ့ပါဘူး။ တကယ်တော့ တို့ရှ်ထလီရဲ့ဖခင်ဟာ မက္ကဆီကိုရဲ့အလိုအရှိဆုံး မူးယစ်ဂိုဏ်းခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ သားဖြစ်သူအပေါ်မှာနူးညံ့ကြင်နာသလောက် တခြားသူတွေအတွက်တော့ တို့ရှ်ထလီရဲ့ဖခင်က ရက်စက်ကြမ်းကြုတ် သူတစ်ဦးပါ။ တစ်ဖြည်းဖြည်းကြီးပြင်းလာတဲ့တို့ရှ်ထလီဟာ စူးစမ်းလိုစိတ်လည်းပြင်းပြလာတာကြောင့် ဖခင်ရဲ့ရာဇဝတ်ဂိုဏ်းအကြောင်းကိုလည်း နည်းနည်းချင်းသိရှိ လာခဲ့ပါတော့တယ်။ File size…1.91 GB / 829 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.5 2024 103 mins
Down the Rabbit Hole
The Beastmaster
6.2

The Beastmaster (1982) Genre – Action, Adventure, Fantasy IMDB – 6.2/10 1980 ကျော်ကာလက Conan the Barbarian တို့ Red Sonja တို့ Hercules တို့လို ရှေးခေတ်စိတ်ကူးယဉ် စွန့်စားခန်းရုပ်ရှင်ကား ဖြစ်ပါတယ်။ တခြားသူရဲကောင်းတွေလည်း သူ့အစွမ်းနဲ့သူ ရှိကြသလို ဒီကားထဲက ဇာတ်လိုက်ကလည်း ဇာတ်ကားနာမည်လိုပဲ ဘိမာစတာပါ။ ဟုတ်ပါတယ် သားရဲတိရစ္ဆာန်တွေနဲ့ စိတ်ချင်းဆက်သွယ်ပြောဆိုနိုင်ပြီး ထိန်းချုပ်နိုင်တာကို ပြောချင်တာပါနော်။ မြန်မာလိုဆို သားရဲသခင်ကြီးပေါ့။ ဇာတ်လမ်းအကျဉ်းကပြောရမယ်ဆို အာရွတ်ခ်နိုင်ငံမှာ ဘာသာရေးအစွန်းရောက်ပြီး အတတ်ကျူးသွားတဲ့ နတ်ဆရာကြီး မက်စ်ဟာ ဟောကိန်းတစ်ခုအရ မွေးဖွားလာတော့မယ့် ဘုရင့်သားတော်က သူ့ကိုသတ်မှာကို ကြောက်လန့်ပြီး သူ့ လက်အောက်ခံ စုန်းမတွေကို ဘုရင်နဲ့ မိဖုရား အိပ်နေတုန်းမှာ မိဖုရားကိုသတ်ပြီး ကလေးကို ခိုးခိုင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း ကလေးလေးဟာ ကံကောင်းချင်တော့ တခြားလူတစ်ယောက်ရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရပြီး သတ္တဝါတွေနဲ့ ဆက်သွယ်နိုင်တဲ့စွမ်းရည် ရရှိကာ ကြီးပြင်းလာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့တစ်ရွာလုံးကို ကြမ်းတမ်းပြီး ရက်စက်ယုတ်မာတဲ့ ဂျင်းစစ်တပ်ကြီးက ဖျက်ဆီးသွားတဲ့အခါ သူတစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့တော့ ပြန်ပြီးလက်စားချေမယ်ဆိုကာ သူ့ရဲ့အဖော်မွန်တွေဖြစ်တဲ့ ကျားသစ်နက်ရယ် သိမ်းငှက်ကြီးရယ် မြွေပါလေးနှစ်ကောင်ရယ်နဲ့ စွန့်စားခန်းကြီး ထွက်ပါတော့တယ်။ လမ်းခရီးတလျှောက် ဘယ်လိုထူးဆန်းခက်ခဲတာတွေ ကြုံတွေ့ရမလဲ အရမ်းချောတဲ့ ကျွန်မလေးကရော ဘယ်သူလဲ ဂျင်းစစ်တပ်နဲ့ နတ်ဆရာကြီးမက်စ်တို့ ဘယ်လိုဆက်စပ်နေမလဲ စသဖြင့် အစုံအလင်နဲ့ ၁၉၈၂ ခုနှစ်ထုတ်ဆိုပေမဲ့လည်း သူ့ခေတ်သူ့အခါနဲ့သူ CGI တွေ သိပ်မသုံးပဲ ရှိသလောက်နဲ့ ရအောင်ရိုက်ပြထားတာတွေကို ပြန်ပြီး ခံစားရမှာပဲ ဖြစ်ပါတယ်။ အိပ်ရာခန်းတွေ မပါဝင်ပေမဲ့လည်း မိန်းကလေး ရင်သားအလှတွေ ကွင်းကွင်းကွက်ကွက် ပြသထားတဲ့အတွက် ကြည့်ရှုမယ်ဆို သတိချပ်စေလိုပါတယ်ဗျာ။ File size… 1.8 GB / 939 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre ….. Action/Adventure/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Thura Aung

Drama • Fantasy • Thriller
6.2 1982
The Beastmaster
Familyhood
6.3

Familyhood (2016) ***************** Comedy/ drama အမျိုးအစားလေးတစ်ခုဖြစ်တဲ့ familyhood ဇာတ်ကားလေးကတော့ အောင်မြင်မှုနဲ့ငွေကြေးအားလုံး ပိုင်ဆိုင်ထားပေမဲ့ သူ့ဘက်မှာအမှန်တကယ် ရပ်တည်ပေးမယ့်သူတစ်ယောက်မှ မရှိတဲ့ မင်းသမီးတစ်ယောက် သူ့ဘက်တော်သားဖန်တီးဖို့ ကလေးမွေးဖို့ရာ ကြိုးစားတဲ့အခါ ဖြစ်လာတဲ့ ဂယက်လေးတွေကို ဟာသအနေနဲ့ပုံဖော်ထားတာဖြစ်ပါတယ် .. Queen of umbrella ထဲက မင်းသမီးကြီး Kim Hye Soo, Penthouse ထဲက မင်းသမီး Kim Hyun Soo နဲ့ Train to busan ထဲက မင်းသားကြီး Ma Dong Seok တို့က အဓိကပါဝင်ထားလို့ cast တွေနဲ့တင် ကြည့်ရတာတန်နေတဲ့ Movie လေးဖြစ်မှာပါ .. ဇာတ်လမ်းအကျဉ်း ************** ဂိုဂျူယွန်း(Kim Hye Soo)ကတော့ Dating scandal ပေါင်းများစွာနဲ့ နာမည်ကြီးတဲ့အပြင် ထင်ရာစိုင်းတတ်တဲ့အကျင့်ကြောင့် ‘အရူးမ’လို့ လူသိများတဲ့ မင်းသမီးတစ်ယောက်ပါ .. ဖြောင်းဂူ(Ma Dong Seok)ကတော့ ဂိုဂျူယွန်းထင်ရာစိုင်းသမျှကို သည်းခံရင်း သူ့ရဲ့စတိုင်လစ်အနေနဲ့ အနှစ်၂၀ကျော်လက်တွဲလုပ်လာခဲ့တဲ့ သစ္စာရှိအခင်ဆုံးသူငယ်ချင်းတစ်ယောက်ပေါ့ .. ဒန်ဂျီ(Kim Hyun Soo)ဆိုတဲ့ အလယ်တန်းကျောင်းသူလေးကတော့ မိဘတွေမရှိတော့တဲ့နောက် အစ်မဖြစ်သူနဲ့ခက်ခက်ခဲခဲရှင်သန်နေရတဲ့အပြင် အသက်မပြည့်တဲ့ ကိုယ်ဝန်သည်တစ်ယောက် ဖြစ်လာတယ် .. ချစ်သူဖြစ်သူရဲ့ သစ္စာဖောက်မှုကို ခံလိုက်ရတဲ့ ဂျူယွန်းတစ်ယောက် သူ့ကိုသစ္စာမဖောက်ဘဲ ဘေးမှာအမြဲရှိပေးမယ့်သူကို စဉ်းစားလိုက်တဲ့အခါမှာ မိသားစုဖြစ်နေခဲ့တယ် .. အဲဒီလိုနဲ့ ကလေးယူဖို့ ကြိုးစားလိုက်ပေမဲ့ မရနိုင်တော့တဲ့ဂျူယွန်းက အလယ်တန်းကျောင်းသူ ကိုယ်ဝန်သည်ဒန်ဂျီကို တွေ့သွားခဲ့တယ် .. ဒန်ဂျီရဲ့ကလေးကိုမွေးစားဖို့ ဖြောင်းဂူနဲ့တိုင်ပင်ပြီး စာချုပ်ချုပ်ဆိုခဲ့ကြရာကနေ… အများပြည်သူဆီကနေ အာရုံစိုက်ခံနေရတဲ့ မင်းသမီးတစ်ယောက် ကိုယ်ဝန်ရတယ်ဆိုပြီး ဘယ်လိုဇာတ်လမ်းတွေခင်းသွားမလဲ…. ဒန်ဂျီနဲ့စာချုပ်မှာရော ဘယ်လိုပြဿနာတွေ ကြုံတွေ့ရမလဲဆိုတာကို ဟာသလေးတွေနှောထားတာမို့ ကြည့်ရှုခံစားလိုက်ပါဦးနော် .. (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားထားပါတယ်) File size…1.64GB / 768MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 59 min. Genre ….. Comedy, Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Vanessa Encoded by AHtet

6.3 2016
Familyhood
Sarfira
7.9

Sarfira 2024 အိပ်မက်များနဲ့ကျွန်တော် IMDb -7.9/10 မင်းသားကြီး Akshay Kumarနဲ့Paresh Rawalတို့ရဲ့ အသစ်ထွက်ဇာတ်ကားကောင်းလေးကို CMချစ်ပရိသတ်တို့အတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ အိပ်မက်တွေသိပ်ကြီးလွန်းရင် လူတွေက အရူးလို့ သတ်မှတ်ကြတယ်တဲ့။ ဒါဟာ စွန့်ဦးတီထွင်သူတိုင်းအတွက် ကြားနေကြစကားတစ်ခွန်းပေါ့။ အခုဒီကားလေးထဲမှာလည်း ကြီးမားတဲ့အိပ်မက်တစ်ခုနဲ့ လူငယ်လေးတစ်ယောက်က သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာ ရှုစားရမှာပါ။ ဗီရ်ဟာ ခေါင်ပါးတဲ့ရွာငယ်လေးက လေတပ်လေယာဉ်မှူးဟောင်းတစ်ယောက်၊ လျှပ်စစ်မီးရဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ရွာငယ်လေးကပေမဲ့ ဗီရ်ရဲ့အိပ်မက်က သာမန်လူတွေပါစီးနိုင်မယ့် တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခု တည်ထောင်ချင်တာပါ။ သူ့ရဲ့မြေဆီဩဇာမရှိတဲ့ မြေကွက်နဲ့ လည်ပင်းနစ်နေတဲ့အကြွေးတွေနဲ့ အလုပ်လက်မဲ့အခြေအနေနဲ့ သူ့ရဲ့အိပ်မက်က အများသူငှာအမြင်မှာတော့ ရယ်စရာကြီးပါ။ ဒါပေမဲ့သူ့ရဲ့အိပ်မက်ကို အသိအမှတ်ပြုတဲ့သူကတော့ ကြင်ဖက်လာတွေ့တဲ့ရာနီပါပဲ။ ရာနီကလည်း ကြင်ဖက်လာတွေ့တဲ့သူ အယောက် 20 ရဲ့အငြင်းခံထားရတဲ့သူ၊ သူ့ဘက်ကချို့တဲ့နေတာတော့မဟုတ်ပေမဲ့ ရဲတင်းလွန်းတဲ့ သူ့ရဲ့စရိုက်က ဖိုဝါဒီကြီးစိုးတဲ့ပတ်ဝန်းကျင်နဲ့ မကိုက်ညီနေတဲ့သူ၊ ဒီလိုနဲ့ ထိုးဖောက်ချင်တဲ့စိတ်ရှိတဲ့ ရာနီနဲ့ဗီရ်တို့နှစ်ယောက် သူတို့ရဲ့အိပ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ ရှုစားရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

Drama • Romance • Fantasy • Horror
7.9 2024 155 mins
Sarfira
Kim Ji Young: Born (2019)
7.3

Kim Ji Young: Born 1982 (2019) ********************************** ဒီဇာတ်ကားက နာမည်ကျော်ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာပါ… ဒီစာအုပ်ပါအကြောင်းအရာတွေဟာ စာဖတ်ပရိတ်သတ်ကြား အတော်ဂယက်ထခဲ့တယ်လို့ဆိုပါတယ်… ဒီကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင် Yoo Gong နဲ့ Jung Yu Mi တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်…. ဘယ်လိုတွေကြောင့် စာဖတ်ပရိတ်သတ်ကြား အစွန်း(၂)ဘက်ရောက်နေကြတာလဲဆိုတာရယ်.. Drama အမျိုးအစားဒီဇာတ်ကားဟာ ရှိခဲလှတဲ့ IMDb…7.6 ရနေတာလဲဆိုတာကိုတော့ ခံစားကြည့်ကြပါ … တခြားဇာတ်ညွှန်းတွေတော့ မရေးတော့ပါဘူး… တဖြည်းဖြည်း ခံစားကြည့်ရှုရတဲ့ကားမို့ spoilerဖြစ်မှာစိုးရိမ်လို့ Drama ကားကြိုက်သူတို့ လက်မလွှတ်သင့်ဘူးလို့သာညွှန်းဆိုပါရစေ… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Zaw ပဲဖြစ်ပါတယ်) File size…1.85GB / 711MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Psychological, Life, Drama, Family Subtitle….Myanmar Subtitle (Hard Sub) Translated by May Phyu Zaw Encoded by AHtet

Comedy • Action • Adventure • Romance
7.3 1982 119 mins
Kim Ji Young: Born (2019)