YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

All.Creatures.Great.and.Small.2020.S01E05.Alls.Fair.1080p.(CM).mp4

1.15 GB 1080p video/mp4 82 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
(18+) A Good Lawyer's Wife
6.1

ဒီကားကို 2010 မှာ The Housemaid နဲ့တစ်‌ခေါက်၊ 2012 မှာ The Taste of Money နဲ့တစ်ခေါက် ကိန်းမှာ ပြိုင်ဖို့ အဖိတ်ခံခဲ့ရတဲ့ Im Sang-soo က ရိုက်ထားတာပါ။ ကိုရီးယားရဲ့ ပါချီပါချက်မဟုတ်တဲ့ A+ မင်းသားစာရင်း၀င် Hwang Jung Min က အဓိက ပါ၀င် သရုပ်ဆောင်ထားပါတယ်။ Hwang ဟာ Ode to My Father, Veteran, New World, Deliver us from Evil စတဲ့ ကားတွေမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ မင်းသမီးကတော့ တောင်ကိုရီးယားရဲ့ အတော်ဆုံးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ လီချန်းဒုံရဲ့ လက်စွဲတော် မင်းသမီး Moon So Ri ပါ။ ကိုရီးယားမင်းသမီးပေမဲ့ Minari နဲ့ အော်စကာပါရဖူးတဲ့ မင်းသမီးကြီး Youn Yuh-jung ကလည်း အားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ ရှေ့နေနဲ့ သူ့မိန်းမကြားက အိမ်ထောင်ရေး အရှုပ်အရှင်းတွေ၊ ရှေ့နေမိသားစုရဲ့အကြောင်းတွေ၊ သူတို့မွေးစားထားတဲ့ ကလေးရဲ့ အကြောင်းတွေကို ပြသထားတာဖြစ်ပြီး ရှေ့နေကားနဲ့ တိုက်မိတဲ့ စာပို့သမားရဲ့အကြောင်းကိုပါ အရန်အနေနဲ့ ပုံဖော်ထည့်ထားပြီး သူ့အခန်းကတော့ တော်တော်လေး အသက်၀င်လွန်းပါတယ်။ သူ့ဇာတ်ကောင်ဟာ ဘာမှဆုံးရှုံးစရာမကျန်တော့တဲ့ သူတစ်ယောက်က ဘယ်လောက်ထိ လုပ်နိုင်လဲနဲ့ လူတစ်ယောက်ရဲ့ အငုံ့စိတ်က ဘယ်လိုမျိုးလဲ သေချာပုံဖော်သွားတဲ့ ဇာတ်ကောင်ပါပဲ။ Hwang Jung Min ဟာ A+ စာရင်း၀င် မင်းသားပီပီသသ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့သလို မင်းသမီးကြီး၂ယောက်ကလည်း ပြောင်မြောက်အောင် ပုံဖော်နိုင်ခဲ့ကြပါတယ်။ ဒီလိုသရုပ်ဆောင်တွေနဲ့တင် ကြည့်သင့်တဲ့ ကားကောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB Quality - 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 28Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by 6 9 Encoded by RGB

Action • History
6.1 2003 106 mins
(18+) A Good Lawyer's Wife
The Unfair
7.2

တောင်ကိုရီးယားနိုင်ငံမှာ ၂၀၀၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပြည်သူ ၅ ဦးနဲ့ ရဲဝန်ထမ်းတစ်ဦး သေဆုံးခဲ့တဲ့ 'YONGSAN TRAGEDY' ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ The Unfair ဆိုတဲ့ ဇာတ်လမ်းက ဒီအကြောင်းကို Inspire ယူပြီး ရေးသားထားတဲ့ 'SoSooUiGyeong' ဝတ္ထုကို ပြန်လည်ရိုက်ကူးပုံဖော်ခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံရဲ့ခရိုနီတွေနဲ့ တချို့သောအာဏာရှိအထက်လူကြီးတွေကြောင့် ပြည်သူတွေခံစားရတဲ့ မမျှတမှုတွေကို ပုံဖော်ရိုက်ကူးပြထားတဲ့ ဇာတ်လမ်းကောင်လေး တစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်း ... မြို့ပြပြန်လည်ဖွံ့ဖြိုးရေးပရောဂျက်ကြောင့် နေထိုင်သူတွေဟာ သူတို့ရပ်ကွက်ကနေ မတရားနှင်ထုတ်ခံရပါတယ်။ ဒီဖြစ်ရပ်ကို လက်မခံနိုင်တဲ့ ပြည်သူတွေဟာ နေအိမ်တွေကို ဖယ်မပေးဘဲ တစ်နှစ်ကျော်ကြာသည်အထိ ဆန္ဒပြခဲ့ကြတယ်။ တစ်ရက်မှာတော့ ရဲအရာရှိအင်အားကို အသုံးပြုပြီး ဆန္ဒပြပြည်သူတွေကို အပြီးတိုင်ဖြိုခွဲမှုလုပ်ခဲ့ပါတယ်။ ဒီဖြိုခွဲမှုဖြစ်စဉ်မှာ ဆန္ဒပြပြည်သူတစ်ဦးရဲ့ သားဖြစ်သူ ဘတ်ရှင်းအူနဲ့ ရဲအရာရှိတစ်ဦး သေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာတော့ ဘတ်ဂျယ်ဟိုဟာ မတော်တဆလူသေစေမှုနဲ့ တရားစွဲခံရပြီးတော့ ဘတ်ရှင်းအူကို သတ်တဲ့တရားခံဟာလည်း အစစ်အမှန်မပေါ်ခဲ့ပါဘူး။ အဲဒီအတွက် ပြည်သူ့ရှေ့နေယွန်ဂျင်ဝန်၊ ရှေ့နေအီဒယ်ဆော့နဲ့ သတင်းထောက်ဂုံဆူဂယောင်းတို့က ဘတ်ဂျယ်ဟိုနဲ့ဘတ်ရှင်းအူတို့ရဲ့အမှုတွေမှာ တရားမျှတမှုရှိစေဖို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ သူတို့ရဲ့ လုပ်ဆောင်မှုတွေ အောင်မြင်နိုင်မှာလား? ဘတ်ဂျယ်ဟိုအတွက် တရားမျှတမှုရှာဖွေနိုင်မလား? ဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hay Thar Oo ပါ။) File Size          : 2GB, 745MB, 393MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr 7mins Genre              : Drama Translated by Hay Thar Oo Encoded by Kinnov

Action • Horror • Science Fiction • Thriller
7.2 2015 127 mins
The Unfair
The Kashmir Files
7.3

ဒီတစ်ခါမှာတော့ ၁၉၉၀ ကာလကို အခြေတည်ပြီး ဟိမဝန္တာတောင်တန်းတွေကြားက ကတ်ရှ်မီးယား ဒေသရဲ့ လွတ်လပ်ရေးရုန်းကန်ပုံ,လူမျိုးရေးရာပြဿနာတွေအကြောင်းကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ထားတဲ့ Historical/Drama အမျိုးအစား ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDB 8.3 လောက်ရထားပြီး နိုင်ငံအချို့မှာရုံတင်ခွင့်ပိတ်တဲ့ကားမို့ ပေါ့သေးသေးတော့မဟုတ်ပါဘူး ဇာတ်လမ်းအကျဉ်း =================== ကတ်ရှ်မီးယားဒေသဟာ အိန္ဒိယအနောက်မြောက်ပိုင်းမှာရှိပြီး ဟိမဝန္တာတောင်တန်းတွေ ဝန်းရံထားပါတယ်။ အဲ့ဒီနယ်မြေဟာ ပါကစ္စတန်နဲ့ထိစပ်နေပြီး ကတ်ရှ်မီးယားပန်ဒစ် လို့ခေါ်တဲ့ ဟိန္ဒူလူမျိုးတွေအခြေချနေထိုင်လာတယ်၊ ခေတ်မှီလာတာနဲ့အမျှ ကတ်ရှ်မီးယား ပန်ဒစ်တွေဟာ သူတို့ကို လစ်လျူရှုတဲ့ အိန္ဒိယကနေ လွတ်လပ်ဖို့ တောင်းဆိုလာသလို အိမ်နီးချင်း ပါကစ္စတန်ရဲ့ အစ္စလာမ်မစ်တွေကပါကျူးကျော်လာတဲ့အခါမှာတော့..... ဒီကားက မင်းသားမင်းသမီးထက်စာရင် ဇာတ်လမ်းဇာတ်ကွက် နိုင်ငံရေး ဘာသာရေး စတဲ့ အကြောင်းတွေကို ပွင့်လင်းပြင်းထန်စွာ ရိုက်ပြထားတာမို့ သမိုင်းနောက်ခံနိုင်ငံရေး ကြိုက်သူတွေအတွက်ဖျော်ဖြေမှုရနိုင်မယ့် ရုပ်ရှင်တကားပဲဖြစ်ပါတယ်။ အညွှန်း Lwin Htoo Aung File size…2.1GB / 1GB Quality…1080p WEBDL AAC5.1CH / 720p Format…mp4 Duration….2h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Oeliu J

Drama
7.3 2022 170 mins
The Kashmir Files
The Iron Coffin of Western Xia

မသိမသာ စိတ်ဝင်စားဖို့ကောင်းတဲ့ the mysterious cloths ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးက တစုန့်မင်းကြီးရဲ့ မွေးနေ့ပွဲက စတယ်ဆိုရမလား... ပါးစပ်ရာဇဝင်ထဲက မသေမျိုးနတ်မျိုးနွယ်တို့ရဲ့ မြဝတ်ရုံက စတယ်ဆိုရမလားပဲ... ဘာလို့လဲဆိုတော့ ရှီရှပြည်ထောင်က မသေမျိုးနတ်မျိုးနွယ်တို့ရဲ့ မြဝတ်ရုံကို တစုန့်မင်းကြီး မွေးနေ့ပွဲအတွက် မွေးနေ့လက်ဆောင်မွန်အဖြစ် ဆက်သဖို့ကြိုးစားရာမှာ တစုန့်က လက်ဆောင်လက်ခံသူ လျန်ဝမ်ရယ်ဟာ လက်ဆောင်လက်ခံပြီး ညတွင်းချင်းမှာပဲ ဘဝတစ်ပါးကို အကြောင်းရင်းမဲ့စွာ ပြုံးပြုံးကြီး ကူးပြောင်းသွားပါတယ်... ဟုတ်ပါတယ် ဒဏ္ဏာရီလာ မြဝတ်ရုံကို စမ်းမဝတ်ဘဲ မနေနိုင်တဲ့ လျန်ဝမ်ရယ်ဟာ မြဝတ်ရုံကို စမ်းဝတ်ကြည့်ပြီးနောက် ပြုံးပြုံးကြီးနဲ့  ဘာကြောင့်မှန်းမသိ ဆုံးပါးသွားခဲ့တာပါ... တစ်ဖက်မှာ အလောင်းကို စစ်ဆေးတော့လည်း ခုခံထားဟန်မတွေ့ အဆိပ်မိတဲ့လက္ခဏာကမရှိတဲ့အပြင် ကိုယ့်ကိုယ်ကို သတ်သေဖို့ဆိုတာလည်းမဖြစ်နိုင်တော့ အခက်တွေ့တာပေါ့ ဒါကြောင့်လည်း လက်ဆောင်ဆက်သသူ ရှီရှပြည်ထောင်က ချင်ယွမ်မင်းသားကိုပဲ စစ်ဆေးဖို့ ဖမ်းလိုက်ရတာကြောင့် ၂ ပြည်ထောင် ချစ်ကြည်ရေးတည်ဆောက်ဖို့ ကြိုးစားရာကနေ ဆက်ဆံရေးက အဆိုးဖက်ကို ကူးပြောင်းလာတော့တယ်... ဒါကြောင့် စုန့်စီဆိုတဲ့ ပြည်သူတွေသတ်မှတ်ထားတဲ့ သမာသမတ်ကျသူ တရားသူကြီးမင်းကို စစ်ဆေးစုံစမ်းဖို့ တာဝန်လွှဲအပ်ခဲ့တယ်... ဒီလိုနဲ့ လျန်ဝမ်ရော ရှီရှ လက်ဆောင်ဆက်သသူတို့အပါအဝင် တစုန့်မင်းကြီးမွေးနေ့မင်္ဂလာပွဲ တက်ဖို့ ရောက်လာသူတွေ တည်းခိုတဲ့ တည်းခိုဆောင်ကို ရောက်လာခဲ့တော့တယ်.... စုန့်အမတ်မင်းက တကယ်ပဲ ဒီအမှုကို ရှင်းနိုင်မှာလား... လျန်ဝမ်ကရော ဘာကြောင့်သေသွားတာလဲ... မြဝတ်ရုံရဲ့ တကယ့်ဇစ်မြစ်ကရော ဘာလဲ... ရှီရှပြည်ထောင်နဲ့ လျန်ဝမ်သေဆုံးမှုက တကယ် ပတ်သက်နေတာလား... ဇာတ်လမ်းလေးထဲမှာ အဖြေရှာတွေ့မှာပါ Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Action Runtime : 1h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Drama
0 2022 74 mins
The Iron Coffin of Western Xia
Old Flame
5.5

ဒီဇာတ်ကားက ပုံမှန်ကြည့်နေကြ ဇာတ်ကားတွေလိုမဟုတ်ပဲနဲ့ တစ်မူထူးခြားနေတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဘယ်လိုထူးခြားတာလဲဆိုရင် ဇာတ်ကားတစ်ကားလုံးမှာ သရုပ်ဆောင်တွေ အများကြီးမပါဝင်ပဲ နှစ်ယောက်ပဲပါဝင်တဲ့အပြင် ဇာတ်ဝင်ခန်းတွေအများကြီးမပါပဲ သုံးခန်းပဲ ပါဝင်တာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ကယ်လ်ဗင်ဆိုတဲ့ လူတစ်ယောက်ကကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲ လုပ်ဖို့အတွက် ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်နေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ရေချယ်လာနာဆိုတဲ့သူ့ရဲ့ကျောင်းတုန်းကရည်းစားဟောင်းနဲ့ တွေ့ခဲ့ပါတော့တယ်။ဒီလိုနဲ့ သူတို့လဲရှေးဟောင်းနှောင်းဖြစ် စကားတွေပြော ဖြစ်ကြပါတော့တယ်။ဒီဇာတ်ဝင်ခန်းအထိကတော့ ဘာမှထူးထူးခြားခြားမရှိ သေးပါဘူး။ဒါပေမယ့် ဒုတိယဇာတ်ဝင်ခန်းမှာ ရေချယ်နဲ့ကယ်လ်ဗင်တို့က ဘားတစ်ခုဆီရောက်သွားခဲ့ပြီး စကားပြောဖြစ်ခဲ့ကြပါတယ်။ အဲ့ဒီမှာ ရေချယ်ရဲ့ စကားတွေက တောင်ရောက်မြောက်ရောက်တွေ ဖြစ်ပြီး တဖြည်းဖြည်းနဲ့ မူမမှန် ဖြစ်လာတာကို ကယ်ဗင်တစ်ယောက်သတိထားမိလာပါတော့တယ်။ အမှန်တော့ ကယ်ဗင်က ရေချယ်ကိုကျောင်းမှာတုန်းက မုဒိမ်းကျင့်ခဲ့တယ်လို့ ရေချယ်က ထင်နေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် မလို့လဲသူတို့တွေလမ်းခွဲဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုနဲ့သူတို့လဲအဲ့ဒီအကြောင်းကို အချေအတင်ပြောဖြစ်ခဲ့ကြပြီး ဇာတ်ဝင်ခန်း သုံးကို ရောက်တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားစရာကောင်းစွာနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…1.52GB / 575MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 31m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2022
Old Flame
After Sundown
5.7

နေကွယ်ပြီးနောက် ရောက်သည့်အခါ (၂၀၂၄) ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ မူဗီလေးကတော့ CM ပရိသတ်ကြီးတို့အကြိုက် ထိုင်း BL ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ၁၉၆၁ ခုနှစ်ကာလကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဆန်ရာဝီဆိုတဲ့ ကောင်လေးဟာ ဘုန်းကြီးကျောင်းမှာ ကြီးပြင်းလာတဲ့ လိမ္မာပြီး နူးညံ့သိမ်မွေ့တဲ့ ၂၁ နှစ်အရွယ်ကောင်လေးပါ ရည်ရွယ်ချက်ကြီးမားပြီး စာပေလေ့လာချင်တဲ့ကလေးမို့ တစ်နေ့မှာ သူ့ဆရာတော်ရဲ့မိတ်ဆွေဟောင်းဖာလစ်ရဲ့တောင်းဆိုချက်အရ သူ့ရဲ့ ပညာရေး နဲ့ အနာဂတ်အတွက် ဖာလာနန်ကွန်ကို လိုက်သွားခဲ့ရပါတော့တယ် တစ်ဖက် အဘိုးဖာလစ်ကလည်း မြေးဖြစ်သူ ဖရာဖလန် ၂၅ နှစ်မှာ ကံကြမ္မာဆိုးနဲ့ကြုံတွေ့ရမယ်ဆိုတဲ့ဟောကိန်းကြောင့် သူ့မြေးနဲ့ ကံကြမ္မာပေါင်းစည်းဖို့ ကြမ္မာလက်တွဲဖော်ကို ရှာနေတဲ့အချိန်မှာ အဘက်ဘက်က ကိုက်ညီနေတဲ့ ရာဝီတစ်ယောက် ဖရာဖလန်ရဲ့ ဖူးစာဖက်ဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ် သူတို့နှစ်ဦးရဲ့ကံကြမ္မာပေါင်းစည်းမှုကရော အဆင်ချောလှပပါ့မလား အတိတ်က အာဃာတတွေကရော သူတို့အားလုံးကို ဘယ်လိုလောင်မြိုက်စေဦးမလဲဆိုတာကို Horror Vibe လေးနှောပြီးကြည့်ရမှာမို့ မလွတ်တမ်းကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်ရှင် အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Mary, Char Ou တို့ပဲ ဖြစ်ပါတယ်။ Genre….. BL, Drama, Horror Quality…. 1080p | 720p File size… 1.2GB | 485MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Shin, Cali, Mary, Char Ou Encoder ….. Aaron

Romance • Comedy • Drama
5.7 2023
After Sundown
The Superdeep
4.9

The Superdeep (2020) ================= လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်က ကမ္ဘာပေါ်တင်မက ပြည်တွင်းမှာပါ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့တဲ့ Hoax တစ်ခုကိုမှတ်မိကြဦးမှာပါ။ အဲ့ဒါကတော့ ရုရှားနိုင်ငံမှာရှိတဲ့ ကမ္ဘာပေါ်ကအနက်ရှိုင်းဆုံး လူသား တွေတူးဖော်ထားတဲ့ တွင်းနက်ကြီးတစ်ခုကနေ အော်ဟစ်ငိုညည်းသံ တွေကျယ်လောင်စွာကြားခဲ့ရတယ်ဆိုတဲ့အဖြစ်အပျက်ပါ။ အဲ့ဒီအသံတွေကိုသိပ္ပံပညာရှင်တွေကလေ့လာရင်းနဲ့ပြင်းထန်လှတဲ့ အပူချိန်ကြောင့် ဆက်ပြီးမတူးဖော်နိုင်ပဲ သုသေသနတွေရပ်တန့်လိုက် ရကြောင်းနဲ့ အဲ့ဒီအသံတွေဟာငရဲကျခံနေရသူရဲ့အော်ဟစ်သံတွေဖြစ် နိုင်ကြောင်းတွေနဲ့နိဂုံးချုပ်ထားပါတယ်။ဖြစ်ရပ်မှန်တစ်ဝက်စိတ်ကူး ယဉ်တစ်ဝက်နဲ့ယုတ္တိဆန်ဆန်အရေးအသားတွေကြောင့်ဖြန့်ဝေသူတွေ များပြားခဲ့သလိုပြည်တွင်းတစ်ချို့ဂျာနယ်တွေမှာပါပုံနှိပ်ဖော်ပြခဲ့တဲ့အ ထိဖြစ်ခဲ့ပါတယ်။ အဲ့ဒီတွင်းနက်ကြီးဟာ အပြင်မှာ တကယ်ရှိပြီး Kola Superdeep Borehole လို့ခေါ်ပါတယ်။ ဒီဇာတ်ကားကတော့ အဲ့ဒီတွင်းနက်ကြီးကိုအခြေခံတဲ့ ရုရှား sci-fi horror ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အန်နာလို့ ခေါ်တဲ့ ရုရှားရောဂါဗေဒကျွမ်းကျင်သူအမျိုးသမီးတစ်ယောက်ဆီကို နှစ်သစ် ကူးညမှာ သူ့အထက်အရာရှိဆီကဖုန်းခေါ်ဆိုမှုဝင်လာခဲ့ပါတယ်။ အဲ့ဒါက တော့ အထက်ပါတွင်းနက်ကြီးမှာရှိတဲ့ သုသေသနစခန်းတစ်ခုမှာ လူအ ယောက် ၂၀ ပျောက်သွားခဲ့တဲ့နောက် အမျိုးအမည်မသိတဲ့အသံတွေဖမ်း ယူရရှိခဲ့ကြောင်းနဲ့၊ မကြာခင်မှာ အဲ့ဒီစခန်းကိုပိတ်သိမ်းတော့မှာဖြစ်တဲ့ အတွက် အဲ့ဒီမှာရှိတဲ့ဓာတ်ခွဲခန်းကနေ နမူနာတွေသွားရောက်ယူဆောင်မယ့် မစ်ရှင်ကို အန်နာကိုဦးဆောင်စေချင်တဲ့အကြောင်းဖြစ်ပါတယ်။ အန်နာတစ်ယောက် သူ့အထက်အရာရှိနဲ့အတူ လက်ရွေးစင်တပ်ဖွဲ့တစ်ခုကို ခေါ်ဆောင်ပြီး နက်ရှိုင်းလွန်းတဲ့ ကမ္ဘာ့မြေမျက်နှာပြင်အောက်ကလျှို့ဝှက်သု တေသနစခန်းကို စွန့်စားသွားရောက်ခဲ့ချိန်မှာတော့ ကြိုတင်မှန်းဆမထားနိုင် အောင် ဆန်းကြယ်ကြောက်မက်ဖွယ်ကောင်းတဲ့အန္တရာယ်တွေနဲ့ ရင်ဆိုင်တွေ့ ကြုံရတာတွေကိုရှုမြင်ခံစားကြရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.33 GB) / (453 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 55Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Sci-Fi, Thriller Translator…….Alias Encoder……….SWM

Romance • Comedy
4.9 2020 113 mins
The Superdeep
Tell Me a Creepy Story

ဒီရုပ်ရှင်က တစ်ကားထဲမှာ ဇာတ်လမ်းလေးပုဒ်ပါပါတယ်။ ဒါကြောင့် တစ်နာရီခွဲအတွင်းမှာ မတူညီတဲ့ ဟော်ရာအပိုင်းတို လေးခုကို ကြည့်ရှုခံစားရမှာပါ။ ပထမဆုံးအပုဒ်က‌တော့ အစားကြူတဲ့ “ဂျိုး”အကြောင်းပါ။ ဂျိုးက မွေးစကတည်းက မိခင်နို့ကို မရပ်မနားစို့တဲ့အပြင် အချိတ်တန်အရွယ်ရောက်လာတော့လည်း အစားနဲ့ပါးစပ်မပြတ်အောင် ဖုတ်၀င်နေသလိုစားတဲ့နောက်… ဂျိုးကဘယ်သူလဲ ဂျိုးတစ်ယောက်ဘယ်လိုအဆုံးသတ်သွားမလဲ… ဒုတိယတစ်ခုကတော့ လူသတ် မြေမြှုပ် အလောင်းဖျောက်လိုက်လို့ အဖြစ်ဆိုးနဲ့ကြုံခဲ့ရတဲ့ လယ်သမားတစ်ယောက်အကြောင်း… တတိယဇာတ်လမ်းကတော့ ညဖက်ကြီး မိန်းမငယ်တစ်ဦး အိမ်မှာတစ်ယောက်တည်းရှိနေတုန်း ရေပိုက်ပြင်ဖို့ ကုမ္ပဏီကိုဖုန်းဆက်ခေါ်ရာကနေ ခေါ်ထားတဲ့လူထက်ပိုပြီး မမျှော်လင့်ထားတဲ့ ပိုက်ပြင်သမားကပါ ရောက်ချလာခဲ့တဲ့အခါမှာတော့… နောက်ဆုံးဇာတ်လမ်းကတော့ နယ်လှည့်အလှူပတ်ခံနေတဲ့ ခရစ်ယာန်ဘုန်းကြီးတစ်ပါး ကံမကောင်းအကြောင်းမလှဘဲ သားသတ်သမားလင်မယားနှစ်ယောက်ရဲ့အိမ်မှာ အလှူ၀င်ခံရင်း ညစာစားဖို့ဆုံးဖြတ်လိုက်မိတဲ့နောက်… မတူညီတဲ့ ဇာတ်လမ်းလေးခုကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အခန်းမီးပိတ်ပြီး ကြည့်လိုက်ကြပါဦး။ အော်ဂလီဆန်စရာရိုက်ချက်တွေ ပါ၀င်တာကြောင့် အစာစားနေရင် မကြည့်ဖို့ သတိပေးလိုက်ပါရစေ။ File size…(1 GB)/(483 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2023
Tell Me a Creepy Story
Blood for Dust
5.4

Blood for Dust ( 2023 ) Scoot McNairy နဲ့ ဂျွန်စနိုးလို့ အများသိကြတဲ့ Kit Harington အဓိကသရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖိုမှုခင်း ရုပ်ရှင်ပါ။ Rotten Tomatoes 85%ရထားတာမို့ ပမာဏတစ်ခုအထိတော့ ကောင်းတဲ့ရုပ်ရှင်ဖြစ်ကြောင်း မပြောလည်း သိကြမှာပါ။ ဝေဖန်ရေးသမားတွေကတော့ ဘာဆက်ဖြစ်မလဲ ခန့်မှန်းရသိပ်ခက်တဲ့ ရုပ်ရှင်လို့ ဆိုကြပါတယ်။ ပြောတာလည်း မလွန်ဘူးလို့ ထင်ရတာပါပဲ။ ရှုပ်နေရာက ရှင်းလာတဲ့ဇာတ်ကို ခန့်မှန်းရလွယ်ပေမဲ့ ရှင်းနေရာက ရှုပ်သွားတဲ့ဇာတ်ကိုတော့ မှန်းရခက်ပါတယ်။ ဒီဇာတ်ဟာ ရှင်းနေရာကနေ ရှုပ်သွားတဲ့ဇာတ်ပါပဲ။ ကျောရိုးကတော့ နယ်လှည့်အရောင်းသမားတစ်ယောက်ကနေ စပါတယ်။ ဒီလူက နယ်လှည့်ပြီး ပစ္စည်းအစုံရောင်းနေတဲ့လူပါ။ ဖောက်သည်က ဘာအပ်အပ် အပ်ထားတာကို ရအောင်ပတ်ရောင်းပါတယ်။ ခဲတံကနေပြီး နွားအထိအကုန်ရောင်းပါတယ်။ ဒါကတော့ စစချင်းအပြပေါ့။ နောက်ပိုင်းတော့ သူ့ အရောင်းသမားအချင်းချင်းအဆက်အသွယ်တွေ , အတိတ်က သူတို့အရောင်းသမားတစ်အုပ်လုပ်ခဲ့ကြတဲ့ စာရင်းလိမ်လည်မှု ကိစ္စတွေ, အဲဒီကိစ္စအတွက် ခေါင်းခံသွားတဲ့သူအကြောင်းတွေ အကုန်တဖြည်းဖြည်းချင်း အစပေါ်လာပါတယ်။ ကျွန်တော်တို့အတွက်တင်ပေါ်တာမဟုတ်ဘဲ သူ့အလုပ်ရှင်ဆီမှာပါ အစပေါ်လာတဲ့နောက် အလုပ်ပြုတ်သွားတယ်။။ အဲဒီနောက် သူ့အရောင်းသမား သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ချိတ်ဆက်မိပြီး လက်နက်တွေ ဆေးတွေကိုပါရောင်းပေးဖို့ဖြစ်လာတယ်။ ဒီကနေ လူဆိုးဂိုဏ်းတွေနဲ့ ကတုံးပေါ်ထိပ်ကွက်ချင်တဲ့လူတွေ ဉာဏ်ကစားတဲ့ပွဲထဲ သူပါ မဆီမဆိုင်ဝင်ပါမိတဲ့အခါမှာ သူ့အသက်ကို သူဘယ်လိုရအောင် ကယ်မလဲ မြင်ကြမှာပါ။ အရောင်းသမားဆိုတဲ့ ပွိုင့်ကနေ မချော်ဘဲ လူဆိုးဂိုဏ်းတွေအထိပါ ဆွဲသွင်းသွားပြီး အရောင်းသမားလောကရဲ့ ရှုပ်ထွေးကောက်ကျစ်ပုံတွေကို စိတ်ဝင်စားစရာကောင်းအောင် ပြထားတာမို့ သည်းထိတ်ရင်ဖိုမှုခင်းကားအနေနဲ့တော့ နည်းနည်းဆန်သစ်ပါတယ်။ မှုခင်းကားတွေ ကြိုက်ရင် မြည်းစမ်းကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Thriller Quality…. 1080p | 720p File size…995MB | 415MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

Thriller • Horror
5.4 2024
Blood for Dust
Getaway

Getaway (2013) ဇာတ်လမ်းတစ်ပုဒ်လုံး ကားမောင်းတဲ့အက်ရှင်အမိုက်စားတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်မျိုးကို ကြိုက်တယ်ဆိုရင်တော့ 2013 ခုနှစ်ကထွက်ခဲ့တဲ့ ဒီ Getaway ဆိုတဲ့ ဇာတ်လမ်းက ရုပ်ရှင်ချစ်သူတွေအတွက် အကြိုက်တွေ့စေမှာပါ. ဒါ့အပြင် ဒီဇာတ်လမ်းထဲမှာ နာမည်ကြီး ဝါရင့်သရုပ်ဆောင်ဖြစ်တဲ့ Ethan Hawke ကို အဓိက ဇာတ်ကောင်အဖြစ် မြင်တွေ့ရမှာပါ. ဒါ့အပြင် ကျွန်တော်တို့ရဲ့ ငယ်ငယ်က crush လေးဖြစ်ခဲ့ဖူးတဲ့ Selena Gomez လေးကလည်း ပါသေးတယ်ဆိုတော့ကာ ဘာလိုသေးလဲ ဦးကြီးရယ်ပေါ့. ဇာတ်လမ်းအကျဉ်း ဘရန့် မဂ်နာဆိုတဲ့ ပြိုင်ကားမောင်းသမားဟောင်းတစ်ယောက်ဟာ ဇာတ်လမ်းအစမှာ အမည်မသိလူတစ်ဦးရဲ့ လမ်းညွှန်စေခိုင်းချက်အရ ကားတစ်စီးကို သွားပြီး ခိုးရပါတယ်. အဲ့ကားမှာ သူ့ကို ခိုင်းတဲ့လူက ကင်မရာတွေအပြည့်တပ်ဆင်ထားပြီး သူဘာလုပ်နေတယ်ဆိုတာကို အစအဆုံး တစ်နေရာကနေ ထိုင်ကြည့်နေပါတယ်. အဲဒီ့လူက ဘယ်သူလဲဆိုတာကိုတော့ ဘရန့်တစ်ယောက်မသိပါဘူး. နောက်တော့ ကျွန်တော်တို့ရဲ့မင်းသမီးလေး Selena နဲ့တွေ့ဆုံဖို့ဖြစ်လာပြီး အဲဒီ့တွေ့ဆုံမှုကလဲ အမည်မသိသူက စီစဉ်ထားတဲ့ တွေ့ဆုံမှုပဲလား? ဘရန့်ကရော ဘာဖြစ်လို့ အမည်မသိသူ ခိုင်းတဲ့အတိုင်း တစ်ခုမကျန်လိုက်လုပ်နေရသလဲ? အဲဒီ့လူရဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲ? စတဲ့ စတဲ့ မြှုပ်ကွက်လေးတွေနဲ့ စိတ်လှုပ်ရှားဖို့ကောင်းအောင် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်. ဇာတ်လမ်းကိုအခြေတည်ထားတာတော့ ခရစ်စမတ်အချိန်မှာဖြစ်ပေမယ့် တခြား ခရစ်စမတ်ဇာတ်လမ်းတွေကို နုနုရွရွလေးမဟုတ်ပဲ ကြမ်းကြမ်းရမ်းရမ်းနဲ့ ခရစ်စမတ်ကို ဖြတ်သန်းတဲ့ ဘရန့် မဂ်နာ (Ethan Hawke) တစ်ယောက်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်. အညွှန်းနှင့် ဘာသာပြန်ကိုတော့ Jo Joe မှရေးသားထားပါတယ် File size…(1.7 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jo Joe

0 2013
Getaway
Uglies
5.8

လွန်ခဲ့တဲ့ နှစ်ရာချီပေါင်းများစွာက လူသားတွေက သဘာဝလောင်စာတွေကို အလွန်အကျွံ မှီခိုခဲ့ကြတယ်။ ဒီလုပ်ရပ်ကြောင့် ကမ္ဘာပေါ်က သဘာဝရင်းမြစ်တွေ ပြုန်းတီးသွားခဲ့တယ်။ ပရမ်းပတာတွေ စစ်ပွဲတွေ ဖြစ်ကုန်တယ်။ အဲဒီလိုဖြစ်အောင် လုပ်ခဲ့တဲ့ လူတွေကို အခု ဇာတ်အိမ်တည်ထားတဲ့ အနာဂတ်မှာ ရက်စ်တီတွေလို့ ခေါ်တယ်။ ရက်စ်တီတွေ ထားခဲ့တဲ့ အရာတချို့ကနေ သိပ္ပံပညာရှင်တွေက အခြေအနေကို ကယ်တင်ဖို့ အရာတစ်ခုကို ဖန်တီးခဲ့တယ်။ ပြောင်းလဲခြင်းဆိုတဲ့ စစ်ဆင်ရေး တစ်ခုပါ။ ထပ်ရှင်းရရင် ၁၆ နှစ်ပြည့်တဲ့သူတိုင် ဘဝပြောင်းလဲရေးစစ်ဆင်ရေး တစ်ခုကို မဖြစ်မနေ လုပ်ရပါတယ်။ ပြီးပြည့်စုံတဲ့လူ ဖြစ်လာဖို့ပေါ့။ ပြီးပြည့်စုံမှုရှိရင် ရက်စ်တီတွေလို ‌ပဋိပက္ခဆိုတာ မရှိနိုင်တော့ဘူး။ အရာရာတိုင်းက လှပလာမယ်ပေါ့။ တစ်နည်းပြောရရင် ပရီးတီးဆိုတဲ့ ရုပ်ရည်အရရော အဘက်ဘက်က ပြည့်စုံသူတစ်ယောက်ဖြစ်လာမယ်။ ပရီးတီးတွေအတွက် သီးသန့်ထားတဲ့ မြို့တော်ဆိုတဲ့ နေရာကို သွားခွင့်ရမယ်။ ဒါပေမဲ့ ပရီးတီးအဖြစ် ပြောင်းလဲရမဲ့ ၁၆ နှစ်ကို မရောက်မချင်းတော့ လူတစ်ယောက်က အားဂလီးဆိုတဲ့ ရုပ်ရှည်အရ အားနည်းချက်ရှိသူ ဖြစ်နေမှာပါ။ မြို့တော်ဆိုတဲ့ အရပ်ကို မသွားရသေးဘဲ ကျောင်းဆိုတဲ့ နေရာတစ်ခုမှာနေရင်း ကိုယ့်အလှည့်ရောက်လာဖို့ စောင့်ကြရတယ်။ တစ်ချိန်တည်းမှာပဲ ဒီကျောင်းသားတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ စမုတ်လ်ဆိုတဲ့ ပါးစပ်ပြောရာဇဝင်တစ်ခုက ရှိနေပါသေးတယ်။ တချို့ကလည်း ဒါကို တကယ် ရှိတယ်လို့ ယုံကြပြီး တချို့ကလည်း မယုံကြဘူးပေါ့။ ဒီအခြေအနေတွေကို လက်တွေ့မြင်တွေ့နေရသူကတော့ တယ်လီဆိုတဲ့ မျက်မှေးမလေးပါ။ သူကလည်း ပရီးတီးဖြစ်မဲ့နေ့ကို စောင့်နေတဲ့ အားဂလီး တစ်ယောက်ပါပဲ။ အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ပဲရစ်ဆိုတဲ့ ကောင်လေး ပရီးတီးဖြစ်သွားချိန်မှာ တယ်လီဟာ ကျောင်းမှာ အထီးကျန်ဆန်ခဲ့တယ်။ ဒါပေမဲ့ ရှေးဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ထပ်ခင်မင်ခွင့် ရသွားတယ်။ တယ်လီကတော့ ပရီးတီး သိပ်ဖြစ်ချင်နေချိန်မှာ ရှေးကတော့ ကျောင်းရဲ့ ထိန်းချုပ်မှုအောက်က ထွက်ပြေးပြီး စမုတ်ခ်ဆိုတဲ့ အရပ်ကို ထွက်သွားချင်ခဲ့တယ်။ တစ်နေ့ကျ တကယ်လည်း ထွက်သွားခဲ့တယ်။ ရှေးထွက်သွားအပြီး နောက်ရက်မှာ ကျောင်းကြီးကြပ်ရေးမှူးက ရှေးရှာပုံတော် မစ်ရှင်အတွက် တယ်လီ့ကို တာဝန်ပေးလိုက်ပါတော့တယ်။ ဒီလိုနဲ့ ကျောင်းဆိုတဲ့ အရပ်မှာ ပိတ်မိနေတဲ့ တယ်လီဟာ သူမသိခဲ့တဲ့ အမှန်တရားတွေကို တစ်စတစ်စ သိလာပြီး ဆုံးဖြတ်ရခက်တဲ့ အခြေအနေတွေ ဖြစ်လာပါတော့တယ်။ Rating နည်းပေမဲ့ လူ့သဘာဝကို သိပ္ပံနဲ့နွယ်ပြီး ထောက်ပြထားလို့ အပျင်းပြေ ကြည့်မယ်ဆို ကြည့်လို့ကောင်းမဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ…. File size…1.50GB / 865MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Action , Adentrue , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Act Molemy

5.8 2024
Uglies
Late Bloomers
6.1

IMDb Rating – 6/10 ဒီကားလေးက ဒါရိုက်တာ Lisa Steen ရိုက်ကူးထားပြီးမင်းသမီး Karen Gillan နဲ့ မင်းသမီးကြီး Malgorzata Zajaczkowska တို့ အဓိကပါဝင်ထားတာပါ။ ဘဝမှာ ကံအဆိုးဆုံးလူသားလို့ ခံစားရတဲ့ အချိန်တွေ ရှိဖူးပါသလား။ အသက်28နှစ်အရွယ် လူဝီက ရုတ်တရက် သစ္စာဖောက်ခံရပြီး single ဖြစ်သွားတဲ့အပြင် အဆိုတော်အလုပ်ကလဲ မအောင်မြင် တာကြောင့် စိတ်ဓာတ်ကျနေခဲ့ပါတယ်။ တစ်နေ့မှာအရက်မူးနေရင်း မတော်တဆ တင်ပါးရိုးကျိုးသွားတဲ့အခါ လောကကြီးကိုအဆိုးမြင်နေတဲ့ လူဝီက ဆေးရုံမှာ ဒေါသကြီးပြီး အင်္ဂလိပ်လိုလဲ နားမလည်တဲ့ polish လူမျိုး အန်တိုနီနာဆိုတဲ့ အဖွားကြီးနဲ့ အခန်းဖော်ဖြစ်လာပါတယ်။ ဘာသာစကားနဲ့ဆက်သွယ်မှုမလုပ်နိုင်တဲ့ နှစ်ယောက်က အလွဲတွေ ရဲ့ကြား သံယောဇဉ်ရှိသွားပြီး အယ်ဇိုင်းမားရောဂါရှင်အမေဖြစ်သူတွက် ကုသငွေလိုနေတဲ့ လူဝီက အန်တိုနီနာရဲ့ နာနီဖြစ်လာပါတော့တယ်။ လုပ်သမျှအဆိုးတွေဖြစ်ကုန်လို့ ဘာမှမလုပ်တော့ပဲ လမ်းပျောက်နေတဲ့ လူဝီက အန်တိုနီနာကိုစောင့်ရှောက်ရင်း ဘဝရဲ့အဓိပ္ပာယ်ကို သိမြင်လာနိုင်မလား……. အရမ်းဆိုးတဲ့ အန်တိုနီနာကို လူဝီဘယ်လိုနည်းနဲ့ စောင့်ရှောက်သွားမှာလဲ…… လူဝီကရော လူကြီးဘဝရဲ့ အဓိပ္ပာယ်ကိုတွေ့ပြီး ရင့်ကျက်လာမှာလား…….. အချစ်စစ်ကိုရော ရှာတွေ့မှာလား…. ဆေးရုံမှာတွေ့ခဲ့တဲ့ အ‌ဖွားတွေကရော သူတို့အတွေ့အကြုံတွေနဲ့ လူဝီကို ဘယ်လိုစိတ်ခွန်အားတွေပေးမလဲ……… ဒါတွေကို ဒီဘဝသရုပ်ဖော်ကားလေးမှာ လူဝီနဲ့အတူ ဘဝကိုပါဝင် ဖြတ်သန်းရင်း ခံစားလိုက်ပါ။ ဘဝမှာလမ်းပျောက်နေရင်တော့ ကြည့်ကိုကြည့်သင့်တဲ့ ကားလေးပါနော်။ File size… (2.06GB) / (818MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre …..Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

6.1 2023 89 mins
Late Bloomers
The Tale of Zatoichi
7.6

The Tale of Zatoichi (1962) IMDb Rating (7.6) / Rotten Tomatoes (100%) Zatoichi (ဇာတိုအိချိ)ဟာ 1948 မှာ စာရေးဆရာနဲ့သမိုင်းပညာရှင် Kan Shimozawaရေးခဲ့တဲ့ The Tale of Zatoichiဆိုတဲ့ အက်ဆေးကို အခြေခံပြီးရိုက်ကူးထားတာပါ။ Zatoichiရုပ်ရှင်တွေဟာ ဂျပန်ရဲ့ အကြာဆုံး အရှည်ဆုံး franchise ဖြစ်ပြီး ပထမဆုံးထွက်ခဲ့တဲ့ The Tale of Zatoichi (1962 )ကနေ 1989အတွင်းမှာ ရုပ်ရှင်၂၆ကားထွက်ခဲ့ပါတယ်။ Original film seriesလို့ သတ်မှတ်ထားကြတယ်။ အဲဒီ၂၆ကားလုံးမှာ သရုပ်ဆောင် Shintaro Katsuကပဲ သရုပ်ဆောင်ထားတယ်။ 1974 ကနေ 1979အတွင်းမှာ အပိုင်းတစ်ရာရှိတဲ့စီးရီးတစ်တွဲထွက်ခဲ့တယ်။ နောက်Remakeကားတွေလည်း ထွက်ခဲ့တယ်။ ဂိမ်းတွေလည်း ထွက်ခဲ့တယ်။ သူ့ကိုမှီးပြီး ပြန်တည်ဆောက်ကြတဲ့ ကာရိုက်တာတွေလည်း ရှိခဲ့တယ်။ One Pieceထဲက Fujitoraဆိုလည်း ဇာတိုအိချိကိုပဲ Tributeထားတာပါပဲ။ ထွက်ခဲ့တဲ့ မူရင်း၂၆ကားထဲလည်း နာမည်ကြီးသိုင်းသမားဓားသမားရုပ်ရှင်တွေနဲ့ Crossoverလုပ်ထားတဲ့ ကားတွေလည်းရှိခဲ့တယ်။ ရှောဘရားသားရဲ့နာမည်ကျော် လက်တစ်ဖက်ပြတ်သိုင်းသမားနဲ့ Zatoichi and the One-Armed Swordsman (1971), ကူရိုဆာဝါရဲ့ ယိုဂျင်ဘိုနဲ့ Zatoichi Meets Yojimbo (1970) တို့ပေါ့။ အခုတော့ ဒစ်ဂျစ်တယ်အနေနဲ့ ပထမဆုံး The Tale of Zatoichi (1962 )ကစလို့ Zatoichi (1989 )အထိ ၂၆ကားလုံး အလွယ်တကူ ကြည့်လို့ရနေပါပြီ။ ဇာတ်ကောင်ရဲ့ ရင်းမြစ်ကတော့ ကြီးကျယ်မြင့်မြတ်တဲ့ဆီက မလာဘူး။ မျက်မမြင်အနှိပ်သည်ဘဝကနေ အနှိမ်ခံရလွန်းလို့ လူလေးစားခံချင်လို့ လေ့ကျင့်ရင်း ဓားရေး အရမ်းမြန်သွားတဲ့ မျက်မမြင်ကြီးတစ်ယောက်ဆိုတဲ့ ဘဝကနေလာတယ်။ သူ့အသက်မွေးဝမ်းကျောင်းအတွက် လုပ်နေရသမျှကလည်း မဖြူစင်မမြင့်မြတ်ဘူး။ လောင်းကစားတို့ လူမိုက်တွေက လူမိုက်ပြန်ငှားတာခံရတာတို့ပေါ့။ ပြောရရင် သူက ယာကူဇာတစ်ယောက်ပဲ။ ယာကူဇာတွေကို ဒီခေတ်ကာလ ရုပ်ရှင်တွေမှာတော့ သူ့အရှိတရားအတိုင်း အောက်တန်းစားသာသာသာ သရုပ်ဖော်ထားတာတွေ့ရတယ်။ ကူရိုဆာဝါရဲ့ Druken Angelထဲမှာရောပါပဲ။ ကူရိုဆာဝါကားထဲရော ဒီထဲရော နည်းနည်းတော့ကောင်းနေသေးတဲ့ သိက္ခာကိုအလေးထားတဲ့ ယာကူဇာဆိုလို့ အဓိကဇာတ်ကောင်တွေကိုပဲ ပြထားတယ်။ အိချိဟာ ယာကူဇာလုပ်နေပေမဲ့ ယာကူဇာဆိုတာ မကောင်းတဲ့ဂုဏ်ပုဒ်မှန်းသိတဲ့ ယာကူဇာပါပဲ။ အိချိဟာ ယာကူဇာပေမဲ့ သိက္ခာရှိတဲ့တိုက်ခိုက်ရေးသမားတွေကိုလည်း သူလေးစားသလို မကောင်းတဲ့လောကမှာကျင်လည်ရင်း မကောင်းခြင်းရဲ့အစွန်းတစ်ဘက်ကို မရောက်သွားအောင် နေခဲ့တဲ့ ယာကူဇာပါပဲ။ ဇာတိုအိချိဟာ ကြီးကျယ်မြင့်မြတ်တဲ့ဆီက မလာပေမဲ့ နိမ့်ကျယုတ်ညံ့ခြင်းဘက်ဆီလည်း မသွားချင်တဲ့လူပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်။) File size…(1.8 GB) / (920 MB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Action,Adventure,Drama Duration….01:36:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Wira Aung

Romance • TV Movie
7.6 1962 96 mins
The Tale of Zatoichi
Morris from America