YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Aligarh 2015 1080p WebRip AAC x264(CM).mp4

2.33 GB N/A video/mp4 326 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Throne of Blood
8

~ IMDb - 8.1/10, Rotten Tomatoes - 96% ~ ကူရိုဆာဝါဟာ သူ့ရဲ့ရုပ်ရှင်သက်တမ်းတစ်လျှောက်မှာ ရှိတ်စပီးယားဝတ္တုတွေကို မှီငြမ်းပြီး ရုပ်ရှင်၃ကားရိုက်ဖူးတယ်။ Macbeth ကို မှီငြမ်းပြီး Throne of Blood (1957) ကို ရိုက်ခဲ့၊ Hamlet ကို မှီငြမ်းပြီး The Bad Sleep Well (1960) ကို ရိုက်ခဲ့သလို King Lear ကို မှီငြမ်းပြီး Ran (1985) တို့ကို ရိုက်ကူးခဲ့ဖူးတယ်။ ဇာတ်လမ်းကျောရိုးကို ယူပြီး ဂျပန်ရဲ့ ရေခံမြေခံမှာ ပြန်အသက်သွင်းလိုက်တာတွေပါပဲ။ ဒဲ့ကြီးတော့မဟုတ်ဘဲ ပြင်သင့်တာပြင် ရိုက်ထားတယ်။ ဒါပေမဲ့ သူပြင်ရိုက်ပုံတွေကတော့ တော်တော်လေးပြည့်စုံသလိုတော့ ခံစားရတယ်။ ဆန်းတော့လည်းမဆန်းလှပါဘူး။ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲကိုး။ တကယ်ဆို ကူရိုဆာဝါက ရှိတ်စပီးယားရဲ့ မက္ကဘတ်ကို ရိုက်ချင်နေတာကြာပြီ။ Rashomon (1950) ကို ရိုက်ပြီးတဲ့နောက် ရိုက်ဖို့ လုပ်ခဲ့ပေမဲ့ အော်ဆန်ဝဲလ်ကလည်း ရိုက်ထားတာသိတော့ ခဏနောက်ဆုတ်လိုက်တယ်။ ၁၉၅၆ရောက်တော့ Throne of Blood, The Hidden Fortress နဲ့ Revenge ကို သူပရိုဂျူဆာလုပ်မယ်လို့ ကြေညာလိုက်ပေမဲ့ အခန့်မသန့်ချင်တော့ သူခန့်ချင်တဲ့ ဒါရိုက်တာတွေက အကြောင်းအမျိုးမျိုးနဲ့မရိုက်ဖြစ်တော့ သူကိုယ်တိုင်ပဲရိုက်လိုက်ရတယ်။ ဒီလိုနဲ့ ခမ်းနားလှတဲ့ Throne of Blood ထွက်လာတာပါပဲ။ Throne of Blood ဟာ မက္ကဘတ်ကိုပဲယူတယ်ဆိုပေမဲ့ Ozymandias ကဗျာအငွေ့လည်း သွင်းထားတယ်လို့ ထင်ရပါတယ်။ "The Most Successful Film Version of Macbeth" လို့လည်း ဝေဖန်ရေးသမားတွေ မှတ်ချက်ပေးခြင်းလည်း ခံခဲ့ရတယ်။ ကူရိုဆာဝါဟာ ဒီဇာတ်ကို အကြောင်းမဲ့ရိုက်ပြခဲ့တာတော့မဟုတ်ဘူး။ သူ့အမြင်မှာ အလယ်ခေတ်ကာလအတွင်း စကော့တလန်နဲ့ ဂျပန်မှာဖြစ်နေတဲ့ လူ့အသိုင်းအဝိုင်းဆိုင်ရာ ပြဿနာတွေဟာ ဆင်တူခဲ့သလို ဒီပြဿနာတွေက ဒီနေ့ခေတ်အတွက် သင်ခန်းစာပေးစရာတွေရှိနေတယ်လို့ သူယုံခဲ့တယ်။ ဒါကြောင့်လည်း သူ ဒီရုပ်ရှင်ကို ထွက်လာစေချင်ခဲ့တယ်။ နောက်ဆုံး သူပဲရိုက်ခဲ့တယ်။ သရုပ်ဆောင်တွေအနေနဲ့တော့ သူကားပေါင်းများစွာမှာ ထည့်သုံးနေကျဖြစ်တဲ့ ဂျပန်ရဲ့ ဂန္ထဝင်မင်းသားတွေဖြစ်သွားကြတဲ့ Toshiro Mifune, Takashi Shimura တို့ကို သုံးထားတယ်။ Throne of Blood ဟာ နောက်ပိုင်း ဒါရိုက်တာတွေ Homage ခဏခဏပေးခံရတဲ့ ဂျပန်ဂန္ထဝင်ကားလည်းဖြစ်လာခဲ့တယ်။ အန်နမဲဆရာတစ်ပါးဖြစ်တဲ့ စတိုရှိခွန်ရဲ့ Millennium Actress မှာဆို သိသိသာသာကိုမြင်နိုင်ပါတယ်။ ဇာတ်ကတော့ မက္ကဘတ်ဇာတ်ဆိုတော့ တော်တော်များများသိပြီးသား ဇာတ်လမ်းပါပဲ။ ဆုဇုခိဆိုတဲ့ ပင့်ကူအိမ်ရဲတိုက်ကို အုပ်ချုပ်တဲ့ စစ်နယ်ရှင်အရှင်တစ်ပါးမှာ ပထမကနေ ပဥ္စမအထိ ခံတပ် ငါးခုနဲ့ မြောက်ပိုင်းနယ်စပ်က မြို့စောင့်ခံတပ်တစ်ခုရှိတယ်။ မြောက်ပိုင်းခံတပ်က ဖူဂျိမခိက တစ်ဖက်ရန်သူအရှင်နဲ့ပေါင်းပြီး ပုန်ကန်တော့ ပဥ္စမနဲ့ စတုတ္ထခံတပ်တွေ ကျိုးပေါက်သွားတယ်။ တတိယခံတပ်လည်း အခြေအနေမကောင်းဘူး။ ဒီမှာပထမနဲ့ ဒုတိယခံတပ်က စစ်သူကြီးတွေဖြစ်တဲ့ ဝါရှိဇုနဲ့ မိခိတို့က အသည်းအသန်တိုက်ပြီး တိုက်ပွဲကို သူတို့ဘက်က အရေးသာအောင်လုပ်ပေးခဲ့တယ်။ ဒီလိုနဲ့တိုက်ပွဲအောင်သွားတော့ အရှင်က သူတို့ကို မြောက်စားဖို့ အခေါ်လွှတ်လိုက်တယ်။ ပင့်ကူအိမ်ရဲတိုက်ကို မရောက်ခင် ဝင်္ကပါလိုရှုပ်ထွေးနေတဲ့ ပင့်ကူအိမ်တောထဲမှာ သူတို့လမ်းပျောက်သွားကြတယ်။ ဒီလိုနဲ့ ပင့်ကူအိမ်တောက တစ္ဆေကြီးနဲ့တွေ့တယ်။ အဲဒီတစ္ဆေက ဝါရှိဇုကို ပထမခံတပ်ရဲ့စစ်သူကြီးကနေ မြောက်ပိုင်းခံတပ်ရဲ့စစ်သူကြီးဖြစ်လာပြီး သိပ်မကြာခင် ပင့်ကူအိမ်ရဲတိုက်ရဲ့အရှင်ပါဖြစ်လာမယ်လို့ပြောလိုက်တယ်။ မက္ကဘတ်ထဲဆိုရင်တော့ စုန်းမ၃ကောင်ပေါ့။ မိခိကိုတော့ ပထမခံတပ်ရဲ့စစ်သူကြီးဖြစ်လာပြီး သူ့သားကတော့ ပင့်ကူအိမ်ရဲတိုက်ရဲ့အရှင်ဖြစ်လာမယ်လို့ ပြောလိုက်တယ်။ တကယ်မြင်တာလား။ သူတို့ဆန္ဒတွေကိုလှည့်စားလိုက်တာလားမသိပေမဲ့ သူတို့တွေ ဒွိဟစိတ်တွေပေါ်လာကြတယ်။ ဒီလိုနဲ့ တစ္ဆေပြောတဲ့ ရာထူးတွေ မြောက်စားခံရတော့ ဝါရှိဇုရဲ့မိန်းမက ဒီကိစ္စကို အရှင်သိသွားရင် ဒီတိုင်းထားမှာမဟုတ်တာရော မိခိကို မယုံတာရော သူ့ယောက်ျားကို ကြီးကျယ်စေချင်တာရောပေါင်းပြီး အရှင့်ကိုသတ်ပြီး ပင့်ကူအိမ်ရဲတိုက်ရဲ့ အရှင်ဖြစ်အောင်လုပ်ဖို့တိုက်တွန်းတယ်။ ဝါရှိဇုဟာ စစချင်းတော့ တွေဝေနေပေမဲ့ အခြေအနေကလည်းပေးနေ ဆန္ဒကလည်းရှိနေ မိန်းမစကားကိုလည်း နားဝင်နေတဲ့အခါ သူ့အရှင်ကိုသတ်ချလိုက်တယ်။ ဒီကစပြီး ထီးရေးနန်းရေးအရှုပ်အထွေးတွေဖြစ်လာတယ်။‌ ဒီဇာတ်ကိုမှ ကူရိုဆာဝါစတိုင်နဲ့ ဂျပန်အငွေ့အသက်နဲ့ မြင်ရမှာပါ။ ရှိတ်စပီးယားဇာတ်ကို ပြန်ရိုက်ထားတယ်ဆိုပေမဲ့ သူပြန်ရိုက်ထားတဲ့ကားတွေဟာ သူ့နည်းသူ့ဟန် သူ့အလှနဲ့သူ လှပနေတာကို မျက်ဝါးထင်ထင်မြင်ကြရမှာပါပဲ။ သေချာတာတော့ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲဆိုတာကို ဘယ်သူမှငြင်းဆိုနိုင်မယ်မထင်ဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 840MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 1H 50Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime
8 1957 108 mins
Throne of Blood
The Admiral
7

The Admiral (2015) ============== IMDb Rating – 7.0/10 ဒီဇာတ်ကားကို စ​ရေးမယ့်အချိန် ပိုစတာကိုမြင်​တော့ နည်းနည်း​လေး အင်တင်တင်ဖြစ်သွားမိတာ အမှန်ပါ။ ဒီဇိုင်းကာလာ အ​နေအထားက ဒီဘက်​ခေတ်ထွက် ​​ပေါ​ပေါပဲပဲစတိုင် ဖြစ်​နေတာမဟုတ်လား။ ဒီလိုနဲ့ Google​ ​ပြေး​ခေါက်၊ စာ​လေးဘာ​လေး​ပြေးရှာ​တော့ တို့များဖန်​တွေ အ​​ပေးများတယ်ဆိုတဲ့ IMDbက 7၊ Review ဆရာကြီးများ ရှိ​နေတဲ့ ခရမ်းချဉ်သီးပုပ်က67%ဆို​တော့ နည်းနည်းစိတ်ဝင်စားသွားမိတယ်။ နယ်သာလန်ကားဆို​တော့ မြင်​တွေ့​နေကျ အ​နောက်တိုင်းရုပ်ရှင်တွေ၊ အ​တွေ့နည်းတယ်ဆိုတဲ့ ပြင်သစ် တူရကီစသဖြင့်ထက် ရှား​တဲ့အပြင် ဆု၂ဆုနဲ့ nomi ၄ခုထိ စာရင်းဝင်ထား​တော့ သူများဂျင်းမထည့်ခင် ကိုယ်အရင်အထည့်ခံရမှာလန့်ရင်း ​စ​ရေးတယ်​​ပေါ့။ ဇာတ်လမ်းက ၁၇ရာစုနှစ်ကို အ​ခြေခံထားပြီး နယ်သာလန်​​ရေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ မီခယ်ဒီရိုက်တာကို အသား​ပေးရိုက်ကူးထားတာပါ။ ပ​ဒေသရာဇ်​​တွေကြီးစိုး​နေ​​သေးတဲ့ အချိန်မျိုးမှာ ရီပတ်ဘလစ်စနစ် စတင်အ​ကောင်အထည်​ပေါ်​​နေပြီဖြစ်တဲ့ နယ်သာလန်​ပြည်ကြောင့်ပဲ ဒီဇာတ်ကားထဲက အရှုပ်ထုတ်​တွေ စဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ သက်ဦးဆံပိုင်စနစ်ဘက်က မင်းမျိုးမင်းနွယ် ​​Prince of Orangeနဲ့ ပါတီနိုင်ငံ​ရေးစနစ်ဘက်က ရီပတ်ဘလစ်ကန်​တွေ ပွတ်တိုက်လာမှုရဲ့ အကျိုးဆက်အဖြစ် ပြည်တွင်းစစ်မီးက ​တောက်လုဆဲဆဲ ဖြစ်သလို တစ်ဖက်မှာလည်း ​ဟော်လန်ရဲ့ ​ရေ​ကြောင်းကုန်သွယ်​ရေးလုပ်ငန်းနဲ့ လွတ်လပ်တဲ့ ရီပတ်ဘလစ်စနစ်ကို မျက်မုန်းကျိုး​နေတဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်​တွေက ​ရေ​ကြောင်းထိုးစစ်​တွေနဲ့ ကျူး​ကျော်​နေတာ​ကြောင့် ပြည်ပရန်ကိုလည်း တပြိုင်တည်းရင်ဆိုင်​​နေရတယ်လို့ ​ပြောရမှာပါ။ ဒီအချိန်မှာ ပြည်တွင်း​ရေးကို ဝန်ကြီးချုပ် ယိုဟန်ဒီဗစ်က ထိန်းကာ ပြည်ပရန်ကို​တော့ ​ရေ​ကြောင်းတိုက်ပွဲများစွာ ဆင်နွှဲခဲ့ဖူး ​နိုင်ခဲ့ဖူးတဲ့ မီခယ်ဒီရိုက်တာကို ​ရေတပ်ဗိုလ်ချုပ်အဖြစ်ခန့်အပ်ပြီး ကာကွယ်ခိုင်း ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ဒီရိုက်တာရဲ့ စစ်​သေနင်္ကဗျူဟာ​တွေ၊ သင်္ဘောတိုက်ပွဲအမိုက်စားကြီး​တွေ ကြည့်ရှုရမှာဖြစ်သလို တစ်ဖက် ပြည်တွင်း​ရေးမှာ ရီပတ်ဘလစ်ဝန်ကြီးချုပ်နဲ့ အောရိန့်မင်းသားတို့ရဲ့ အာဏာအားပြိုင်မှု​​တွေကိုလည်း မြင်​တွေ့ရမှာဖြစ်ပါတယ်။ ဒတ်ချ် ဇာတ်ကားဆို​ပေမယ့် ဇာတ်လမ်းအသွားအလာက ခပ်သွက်သွက်နဲ့ တမျိုးကြည့်​ကောင်းပါတယ်။​ ​သင်္ဘောတိုက်ပွဲ​​တွေလည်း ခဏခဏ ဖြစ်​နေတာ​ကြောင့် ပြည်တွင်းပြည်ပ အ​ရေး၂ခုက Non-stopဇာတ် ပုံစံ ဇာတ်ရှိန်က ​တောက်​လျောက်တက်​​​နေတာပါ။ ပ​ဒေသရာဇ်​ခေတ်ပုံစံလည်း ဖြစ်ရမယ်၊ နိုင်ငံ​ရေးအားပြိုင်မှု​တွေကို စိတ်ဝင်စားတယ်။ ​ရေ​တိုက်ပွဲ​တွေကိုလည်း သ​ဘောကျတယ်ဆိုရင် ဒီဇာတ်ကားက ရထားတဲ့ rating​တွေနဲ့ သူ့အိုးနဲ့သူဆန် တန်တယ်လို့ ​ပြောနိုင်ပါတယ်။ ကြာချိန်ကလည်း ၂နာရီခွဲနီးပါးရှိပြီး ဇာတ်အိမ်က ခိုင်လို့ အကြိုက်​တွေ့တဲ့သူ​တွေ ရှိမယ့်ဇာတ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်)

Crime • Documentary • Drama
7 2015 128 mins
The Admiral
Confessions of Felix Krull
6.4

Confessions of Felix Krull (2021) ======================== IMDb Rating – 6.4/10 ဂျာမန်စာရေးဆရာကြီး Thomas Mann ရဲ့ ရောင်းအားအကောင်းဆုံး၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတာပါ။ IMDb rating အနေနဲ့လည်း 6.4/10 ရရှိထားပါတယ်။ ၁၉ ရာစုနှောင်းပိုင်းကာလမှာ ဖီးလစ်ခရူလ်ရဲ့ဖခင်ဖြစ်သူဟာ စီးပွားကျသွားခဲ့ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။ လောကဓံရိုက်ချက်ကို ခပ်ပြင်းပြင်းခံလိုက် ရတဲ့ ဖီးလစ်ဟာ ခေတ်စနစ်ရဲ့အလိုအတိုင်း အဆင့်အတန်းခွဲခြားဆက်ဆံခံရတာ၊ အလုပ်ခွင်မှာ အနိုင်ကျင့်ခံရတာတို့ ကြုံတွေ့ရပါတယ်။ ကံကောင်းတာက ရုပ်‌ရည် ချောမော အပြောကောင်းတဲ့ ဖီးလစ်ဟာ သူအလုပ်လုပ်တဲ့ဟိုတယ်မှာ အမျိုးသမီး ဧည့်သည်တွေရဲ့ပစားပေးခြင်းကိုခံရပါတယ်။ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေပေမဲ့ ဖီးလစ်ချစ်တဲ့သူကတော့ သူနဲ့ဘ၀တူ ဇာဇာ ဆိုတဲ့ကောင်မလေးတစ်ယောက်တည်းပါ။ ဇာဇာဟာ ဆင်းရဲတဲ့ဘ၀က ရုန်းထွက်ချင်သူမို့ ဖီးလစ်ကိုချစ်ပေမဲ့ နှုတ်ခမ်းပဲ့ချင်းမီးမမှုတ်ချင်သူပါ။ သူလက်ထပ်ရမယ့် ချမ်းသာတဲ့ ယောက်ျားကိုရှာနေ‌သူပေါ့။ အဲဒီအချိန်မှာ မျိုးရိုးမြင့်တဲ့အိမ်က သခင်လေး လူး၀စ်ဗန်နို စတာနဲ့ ဆုံဆည်းမိပါတယ်။ ဒီလိုနဲ့ ၃ ပွင့်ဆိုင်ဖြစ်လာတဲ့ သူတို့အချစ်ရေးက ဘယ်လိုဆက်ဖြစ်မလဲ၊ ဖီးလစ်ကရော သူ့ဘ၀ကို ဘယ်လိုရှေ့ဆက်မလဲဆိုတာ အချစ်၊ အလွမ်း၊ ဟာသ၊ ဘ၀ရသစုံစုံလင်လင် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.7 GB) / (732 MB) / (403MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 54mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Crime, Drama Translator…….C’mon Encoder……….SWM

Science Fiction • Thriller
6.4 2021 114 mins
Confessions of Felix Krull
Streamer

Streamer (2023) အခုနောက်ပိုင်း live streaming တွေလုပ်တဲ့လူငယ်တွေများလာသလိုပဲ ထူးခြားတဲ့ဟာတွေလုပ်ကြသလို လူကြိုက်များအောင်၊ လူကြည့်များအောင်လည်း လုပ်လာကြပါတယ် သရဲဆိုရင် မယုံကြတဲ့ ကိုယ်ပိုင်ချန်နယ်တွေရှိကြတဲ့ streamer လူငယ်တွေစုပြီး အဆောက်အဦးတစ်ခုဆီကို ghost hunting ပုံစံမျိုး တင်ဆက်ဖို့ သွားခဲ့ကြပါတယ် ဒါပေမဲ့ သူတို့မသိလိုက်တာက သူတို့သွားတဲ့အဆောက်အဦးက သာမန်မဟုတ်ဘဲ တကယ်ကိုကြမ်းတမ်းတဲ့ အတိတ်ရှိခဲ့တာကို အထဲရောက်မှသိရပါတော့တယ် သိသွားတဲ့အချိန်မှာ ဘာမှလုပ်မရတော့တဲ့အခြေအနေနဲ့ ရင်ဆိုင်လိုက်ရပြီး အသက်လုနေရပါတော့တယ် နောက်ဆုံးမှာ အဲအဆောက်အဦးက နာကြည်းချက်တွေပြည့်နေတဲ့ သရဲတွေလက်ထဲက လွတ်သွားနိုင်မလား သူတို့တွေ ဘယ်လိုတွေဖြေရှင်းကြမလဲဆိုတာ ကြည့်လိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Horror, Mystery Quality…. 1080p | 720p | 480p File size… 1.14GB | 571MB | 263MB Format… mp4 Duration…. 1h 29min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

0 2023
Streamer
Hero Forgive
5.7

မင်းမှုထမ်း တွေရဲ့ လစာ ငွေ တွေ အလွဲသုံးစားပြုတဲ့အမှုနဲ့ စွပ်စွဲခံရတဲ့ ဝမ်အမတ်ကြီးတို့ တစ်မိသားစုလုံးကို ဧကရာဇ်မင်းမြတ်က အကျဥ်းချထားတဲ့အချိန်မှာ အမတ်ကြီးအိမ်က မြင်းထိန်း ဝမ် ဟောင်ဟန့်နဲ့ အမတ်ကြီးရဲ့ သမီးဖြစ်သူ ဝမ်ဝမ်အာတိုဟာ စွပ်စွဲခံရမှုအတွက် သက် သေရှာဖို အကျဥ်း ထောင် ဖောက်ပြီး ထွက် ပြေးခဲ့ကြပါတယ်။ နောက်ကလိုက်ဖမ်းတဲ့ ရဲမက် တွေလက်ကလွတ် အောင် ထွက် ပြေးရင်း ဝမ်အမတ်ကြီးရဲ့ တပည့်ဖြစ်သူ စစ်သူကြီး ယောင်ယွမ်က လမ်းမှာ သူတို့ ၂ ယောက်ကို ကယ်ခဲ့ပါတယ်။ ကံဆိုးချင် တော့ စစ်သူကြီး ယောင်ယွမ်လည်း ရန်သူဘက်က အဆိပ်အပ် ကြောင့် သေဆုံးသွားခဲ့ပါတယ်။ စစ်သူကြီး ယောင်ယွမ်ဟာ ဧကရာဇ်မင်းမြတ်ဆီက သေဒဏ်ကင်းလွတ်ခွင့် ရွှေတံဆိပ်ပြားလက်ခံယူဖို့ မြို တော်ကို ပြန်လာတာဖြစ်လို့ ဝမ် ဟောင်ဟန့်ကို စစ်သူကြီး ယောင်ယွမ်အဖြစ် ဟန် ဆောင်ပြီး ရွှေတံဆိပ်ပြားရ အောင် ယူခိုင်းဖို ဝမ်အာတစ် ယောက် ကြိုးစားပါ တော့တယ်။ လာဘ်စားမှုရဲ့ နောက်ကွယ်က တရားခံအစစ်က ရော ဘယ်သူလဲ စစ်သူကြီး ယောင်ယွမ်က ရော တကယ် သေသွားတာလား ဝမ် ဟောင်ဟန့်နဲ့ ဝမ်အာတို့ ဝမ်အမတ်ကြီးကို ဘယ်လိုကယ်တင်မလဲဆိုတာကို ဆက်လက်ရှုစားပေးပါဦး

5.7 2023
Hero Forgive
You’re Not Alone

2023 ခုနှစ်ထွက် mystery,thriller အမျိုးအစား အမေရိကန်ရုပ်ရှင်လေးတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ စီးပွားရေးသမားကိမစ်ချယ်ဟာ အလုပ်ကိစ္စနဲ့ခရီးသွားဖို့လေယာဉ်ပေါ်ရောက်နေပါတယ်။ သူ့မိန်းမဟာလွန်ခဲ့တဲ့နှစ်အနဲငယ်က စိတ္တဇလူသတ်သမားတစ်ဦးသတ်လိုက်လို့သေဆုံးခဲ့ရတာပါ။ ဒါကြောင့်သူ့ရဲ့တစ်ဦးတည်းသောသမီးကိုလည်း တယောက်ထဲရှိနေချိန်ပြန်လည်ခုခံနိုင်ဖို့ကိုယ်ခံပညာသင်ပေးခဲ့ပါတယ်။ထို့အပြင် သူခရီးသွားတဲ့အချိန်မှာ သူ့သမီးကိုအိမ်ထဲမှာပဲနေစေပြီးဖုန်းကနေတဆင့်သူ့အိမ်ကိုစောင့်ကြည့်နေပါတယ်။ စိတ္တဇလူသတ်သမားအကြောင်းပြောရရင်တော့ သူကအိမ်မှာတယောက်ထဲရှိနေတဲ့မိန်းမတွေကိုလိုက်သတ်တာပါ။အွန်လိုင်း chat room တွေကနေတဆင့်သူ့ရဲ့ပစ်မှတ်ကိုရှာဖွေပါတယ်။ ဒီလိုနဲ့ ကိမစ်ချယ်ခရီးသွားနေတဲ့အချိန် အိမ်မှာတယောက်ထဲကျန်နေခဲ့တဲ့သမီးကိုသတ်ဖို့ စိတ္တဇလူသတ်သမားရောက်လာပါတော့တယ်။ ဘာဆက်ဖြစ်သွားမလဲ..စိတ္တဇလူသတ်သမားကိုဘယ်လိုရှာဖွေဖမ်းစီးကြမလဲဆိုတာကိုဆက်လက်ရှုစားကြပါခင်ဗျာ။ File size…(526 MB) Quality….Webrip 720p Format…mp4 Duration….01:25:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

Thriller • Crime
0 2023
You’re Not Alone
Rest Stop: Don’t Look Back
4.6

Rest Stop: Don’t Look Back (2008) ========================== Rest stop ပထမကားအဖြစ်အပျက်တွေအပြီးတစ်နှစ်အကြာကို အခြေခံထားပါတယ်။ စစ်ပြန်တစ်ဦးဖြစ်တဲ့ဂျက်ဆီရဲ့အစ်ကိုတွမ်ဟာ အားလပ်ရက်ရချိန်မှာ သူ့ညီပျောက်ဆုံးမှုကိုစုံစမ်းဖို့ သူ့ညီနဲ့ နစ်ကိုးလ် တို့သွားရာလမ်းအတိုင်း နောက်ကလိုက်ခဲ့ပါတယ်။သူနဲ့အတူ ချစ်သူ မိန်းကလေး မာရီလင်နဲ့ နစ်ကိုးလ်သူငယ်ချင်းလည်းဖြစ် ကြိတ်ကြိုက် နေတဲ့ငနဲလည်းဖြစ်တဲ့ ဂျဲရ်တို့ပါဝင်ပါတယ်။ သူတို့သွားမယ့် အဝေးပြေးလမ်းဟောင်းဆိုတာ မြေပုံပေါ်မှာမရှိတဲ့ အတွက် လမ်းဘေးဆီဆိုင်လေးတစ်ခုမှာ ဆီထည့်ရင်း ဝင်စုံစမ်းကြ ရာကနေ နစ်ကိုးလ်နဲ့ပတ်သက်တဲ့သဲလွန်စတွေနဲ့အတူ အဝေးပြေး လမ်းဟောင်းကိုပါ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားကြရင်း နစ် ကိုးလ်နဲ့ ဂျက်စ်တို့ကို ကိုယ်စီပြန်တွေ့ခဲ့ကြရသလို သူတို့ကိုနှိပ်စက် သတ်ဖြတ်ခဲ့သူတွေနဲ့ပါရင်ဆိုင်တိုးမိခဲ့ချိန်မှာတော့..။ ပထမကားမှာ မရှင်းခဲ့တဲ့ပဟေဠိတွေကိုပါ ဒီထဲမှာထည့်ရှင်းသွားတာ ကိုတွေ့ရပါလိမ့်မယ်။ RV ပေါ်ကခြောက်ခြားစရာ တရားဟောဆရာ မိသားစု၊ ထရပ်ကားမောင်းသမား သူတို့ကြားက ဆက်နွယ်ပတ်သက် မှုတွေ၊ သူတို့ဘာကြောင့်ဘယ်လို ဒီဘဝကိုရောက်ခဲ့ကြသလဲဆိုတာ တွေကိုပါ တွေ့ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.86 GB) / (735 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 29Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….Alias Encoder……….SWM

Horror • Comedy
4.6 2008
Rest Stop: Don’t Look Back
Camp Hideout
4.7

Camp Hideout (2023) ================ လူငယ်ထိန်းသိမ်းရေးစခန်းကနေ လွတ်လာတဲ့ Noah က သူနဲ့ရွယ်တူ ဆယ်ကျော်သက်ကလေးတွေစုထွက်တဲ့ နွေရာသီစခန်းဆီ ဆန္ဒမပါဘဲ ဝင်ခဲ့ရတယ်။ ဖော်ဖော်ရွေရွေမရှိ အမြဲတမ်းစိတ်တိုနေတတ်တဲ့ Noah က စခန်းမှာလည်း လူတွေနဲ့အရောတဝင်မရှိခဲ့ဘူး။ အဲဒီအချိန်မှာ သူအ ရင်ကပတ်သက်ခဲ့တဲ့ လူလိမ်သူခိုးတွေရဲ့ပစ္စည်းက သူ့ဆီ မှားပါနေတာကို သိလိုက်ရပြီး အဲဒီပစ္စည်းကို လူဆိုးတွေလာယူရင် သူ့သူငယ်ချင်းတွေဒုက္ခ မရောက်ဖို့ ကြိုးစားရပါတော့တယ်။ ဒီဇာတ်လမ်းက ဆယ်ကျော်သက်လူငယ်ကလေးတွေရဲ့ ဟာသဇာတ်လမ်း ဖြစ်ပြီး သူငယ်ချင်း​တွေရဲ့ အချင်းချင်းစည်းလုံးပြီးကူညီတတ်တဲ့ဆက်ဆံရေး ကို နားလည်အောင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.8 GB) / (750 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 40Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Family Translator…….Thwal Htoo Zin Encoder……….SWM

Romance • Drama
4.7 2023 100 mins
Camp Hideout
Madame de Sévigné
6.5

ဇာတ်ကားအမျိုးအစားအများကြီးရှိတဲ့ထဲကမှ မိဘနဲ့သားသမီးတို့ကြားက ချစ်ခြင်းကိုဖော်ပြတဲ့ကားတွေ အများကြီးရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ပြင်သစ် ဇာတ်ကားလေးဖြစ်တဲ့ Madame.de.Sevigne ဆိုတဲ့ကားလေးမှာ မဒမ်ဆီဗင်ညီးရဲ့ သူ့သမီးအပေါ်ထားတဲ့ ချစ်မေတ္တာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မြို့စားကတော် မဒမ်ဆီဗင်ညီးဟာ သူ့ရဲ့သမီးချောလေး ဖရွန်ဆွက်စ်ကို ယောက်ျားပေးစားဖို့ လုပ်နေပါတယ်။ အဆင်ပြေရင် ဘုရင်နဲ့လက်ဆက်ဖို့ထိပါပေါ့။ ဒါပေမဲ့ အဆင်မပြေမှုလေးတွေဖြစ်ပြီး သူ့ရဲ့အဆက်ဟောင်း မြို့စားတစ်ယောက်နဲ့ လက်ဆက်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ သားအမိတွေ နည်းနည်းဝေးသွားကြရင်း တစ်နေ့မှာ သူ့သမီးဆီအလည်သွားရင်း အဆင်မပြေတဲ့ကိစ္စတချို့ကို ကြားလာရပါတယ်။ ဒါနဲ့ပဲ သူ့သမီးကိုပြန်ခေါ်ဖို့ကြိုးစားခဲ့ပေမဲ့ လိုက်မလာပါဘူး။ နောက်ပိုင်းလိုက်လာတဲ့ အခါမှာသူချစ်တဲ့သူ့သမီးနဲ့သူအဆင်မပြေတော့ပါဘူး။ တစ်ခါတလေမှာ ချစ်တာကို အချစ်လွန်တဲ့အခါ ၂ဦး၂ဘက် အဆင်မပြေမှုတွေဖြစ်ပြီး ဝေးကွာသွားတတ်ပုံကို အကောင်းဆုံးဖော်ပြထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။ အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Wunna ပဲဖြစ်ပါတယ်။ File size…(1.5 GB)/(660 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre… Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ko Wunna

6.5 2023
Madame de Sévigné
Violett
5.5

Horror ပရိသတ်ကြီးကို ဒီတစ်ခါ မိတ်ဆက်ပေးချင်တာက Violett ဆိုတဲ့ ဇာတ်ကားလေးပါ။ ဒီကားက တခြား Horror ကားတွေလို ပြူးပြူးပြဲပြဲ ခြောက်ပြတာမျိုး မဟုတ်ဘဲ ခြောက်ခြားစရာ ကောင်းတဲ့ ဆက်တင်၊ အလင်းအမှောင်နဲ့ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်တွေက creepy ဖြစ်တဲ့ဘက်ကို ပိုသွားတဲ့ ကားမျိုးပါ။ ဇာတ်ကားအဆုံးမှာ တချို့ Horror type တွေလို cliff hanger မဟုတ်ဘဲ Good Closure ဖြစ်လို့ ပြီးဆုံးချိန်မှာ ဇာတ်ကားကို နားလည်သွားတဲ့ ခံစားချက်မျိုး ရမှာပါ။ ဇာတ်ကားကို ကြည့်နေရင်း ဒီဇာတ်ဝင်ခန်းပြီးရင် ဘာဆက်ဖြစ်မှာလဲဆိုတဲ့ မွန်းကြပ်တဲ့ ခံစားချက်မျိုးကို ပေးနိုင်တဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းက မြို့ငယ်လေး တစ်မြို့မှာ ကလေးတွေ ပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အခါမှာ စိတ်ရောဂါရှင် မိခင်တစ်ယောက်ဖြစ်တဲ့ ဆွန်ညာအနေနဲ့ သူ့ရဲ့ ၁၁ အရွယ် သမီးလေးကို ဘယ်အချိန်မှာ ဘယ်အရာက လာခေါ်မလဲဆိုပြီး ကြောက်ရွံ့နေမှုကနေ စပါတယ်။ သူ့အနေနဲ့ တခြားသူတွေ မမြင်တဲ့အရာတွေကို မြင်တဲ့အခါ အမှန်တကယ် ဖြစ်နေတာလား… သူ့ရဲ့ စိတ်ကူးယဉ် စိတ်ကူးထဲက အရာတွေပဲလားဆိုတာ သူကိုယ်တိုင် ဝေခွဲမရ ဖြစ်နေပြီးတော့ သူ့ရဲ့ ခင်ပွန်း ဆရာဝန်ကိုယ်တိုင်ကတောင် သူ့ကို မကူညီနိုင်တဲ့အခါ… ဘယ်လိုအရာတွေကို သူတွေ့ရမလဲ။ သူ့ရဲ့ သမီးငယ်လေးကရော ဘယ်လို အန္တရာယ်မျိုး ကြုံဆုံခဲ့ရတာလဲဆိုတာ…။ File size…1.69GB / 819MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2024
Violett
Bullet Diaries
4.2

Bullet Diaries (2024) ဘူးလက်ဒိုင်ယာရီ Biker တို့အတွက် ခပ်အေးအေး မလေယာလမ်ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်လိုက်ပါတယ် ရာဂျူးဆိုတာ ရိုးရိုးသားသား ဆိုင်ကယ်ပြင်ပြီးအသက်မွေးသူတစ်ယောက်… သူ့ဆိုင်ကယ်ကို ဘာနဲ့မှမလဲနိုင်ဘဲ မြတ်နိုးသူတစ်ယောက်ဆိုလည်း ဟုတ်ပါတယ် ရေကိုတစ်နေ့တစ်ခါပဲချိုးပြီး ဆိုင်ကယ်လေးကိုတော့ အကြိမ်ကြိမ်ရေချိုးပေးတတ်တဲ့ biker လေး ရာဂျူးက… Bullet ’76 ဆိုတဲ့ ၁၉၇၆ ထုတ် ဆိုင်ကယ်မော်ဒယ်လ်ကိုလည်း လိုက်ရှာနေတယ် သူ့အိပ်မက်အစစ်အမှန်က ဘာဖြစ်မှာလဲ သူ့ဘဝမှာလိုနေတဲ့ အချစ်ဆိုတဲ့ကွက်လပ်လေးကိုရော ဘယ်သူကဖြည့်ဆည်းပေးနိုင်မှာလဲ ဆိုတာကတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

4.2 2024
Bullet Diaries
Volcano High
5.9

Volcano High (2001) ကိုရီးယားဇာတ်ကား ကြည့်ရှုသူတိုင်း မစိမ်းမဲ့ မင်းသား၊ မင်းသမီးတွေ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားဟောင်း တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖရိုဖရဲဖြစ်နေတဲ့ လောကကြီးကို အုပ်စိုးနိုင်မယ့် ဆက်ခံသူသာ လက်ဆင့်ကမ်းနိုင်မယ့် “လျှို့ဝှက်ကျမ်းစာအုပ်” တစ်အုပ် ရှိပါတယ်။ ဝမ်ဆန်ဟိုအထက်တန်းကျောင်းမှာလည်း ကျောင်းအုပ်ဆီကနေ ဒီကျမ်းစာအုပ်ကို ရနိုင်ဖို့ လှုပ်လှုပ်ခတ်ခတ်နဲ့အချင်းချင်း သူတစ်လူ ငါတစ်မင်း အုပ်စုဖွဲ့ အားပြိုင်နေကြချိန်။ ဒီလိုနဲ့ မိုးကြီးလေထန်တဲ့တစ်နေ့မှာ ၉ ကျောင်းမြောက် ကျောင်းပြောင်းလာတဲ့ ဂင်မ်ဂယောင်ဆူးလည်း ဝမ်ဆန်ဟိုအထက်တန်းကျောင်းဆီ ရောက်လာပါတော့တယ်။ ဒီကျောင်းမှာတော့ အေးအေးချမ်းချမ်းနဲ့ ကျောင်းပြီးဖို့ပဲ မျှော်လင်ထားတဲ့ ဂင်မ်ဂယောင်ဆူးတစ်ယောက် ဝမ်ဆန်ဟိုကျောင်းက တိုက်ပွဲတွေကို ရှောင်ရှားနိုင်မလားဆိုတာကို ဟာသနှောပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ် Genre….. Action, Comedy, Fantasy Quality…. 1080p WEB-DL | 720p WEB-DL File size… 3.1GB | 1.5GB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

5.9 2001
Volcano High
My Father and I are Deskmates
5.6

ဒီဇာတ်လမ်းလေးရဲ့အဓိကဇာတ်ဆောင်ကတော့ အနာဂတ်အတွက် ဘာအစီအစဉ်မှမရှိတဲ့ အရာအားလုံးကိုပုန်ကန်ချင်နေတဲ့ ဆယ်ကျော်သက်အရွယ် အထက်တန်းကျောင်းသားလေပဲဖြစ်ပါတယ်။ သူကငယ်ငယ်ကတည်းက အဖိုးအဖွားတွေနဲ့ကြီးလာခဲ့ရတယ်။ အဖေကအမြဲအပြင်မှာပဲအလုပ်လုပ်နေပြီး အိမ်သိပ်ပြန်မလာပါဘူး။ တစ်နေ့မှာတော့ အပြင်မှာပဲနေတဲ့သူ့အဖေက ရုတ်တရက်အိမ်ကိုပြန်လာပြီး သူ့ကိုတင်းတင်းကြပ်ကြပ်ထိန်းပါတော့တယ်။ အလွဲလွဲအချော်ချော်နဲ့ အဖေနဲ့သားအတူ ကျောင်းမှာတစ်စားပွဲထဲစာအတူတူသင်ဖို့ဖြစ်လာပါတယ်။ ဒီလိုနဲ့ရယ်စရာအဖြစ်အပျက်တွေဖြစ်လာပြီး အထင်လွဲမှုတွေနဲ့ စိမ်းကားနေတဲ့ သူတို့သားအဖနှစ်ယောက်ရဲ့ဆက်ဆံရေးက တဖြည်းဖြည်းပြေလည်လာတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

5.6 2024
My Father and I are Deskmates
Hi,Mon
7

IMDb 7.0 အထိ ရရှိထားတဲ့ဇာတ်ကားကောင်းလေးပါဒီကားလေးကတော့ ဟာသကားလေးပေါ့ ဒါပေမဲ့ ခံစားတတ်တဲ့နှလုံးသားရှိရင်မျက်ရည်တွေနဲ့ ရယ်ကြရမယ့်ကားလေးပါ ဒီကားလေးက ဖြစ်ရပ်မှန်ကိုအခြေခံတာထက်ပိုတယ်ဘာလို့လဲဆိုတော့ ဒီကားလေးက​ေဒါရိုက်တာရဲ့ မပြီးမြောက်ခဲ့တဲ့ ဆန္ဒကိုမှန်းဆပုံဖော်ရိုက်ကူးတဲ့ကားမလို့ပါ… ဒီကားလေးထဲ သေသွားခဲ့တဲ့ သူချစ်ရတဲ့ခွေးလေး…အမေ့ကိုပြောချင်ခဲ့တဲ့စကားတွေနဲ့ နောက်ဆုံး မပေးဖြစ်ခဲ့တဲ့ အနွေးထည်လေးကိုပါထည့်ပြီး ရိုက်ကူးခဲ့တာပါ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင်…ငယ်ငယ်တုန်းက ကျောင်းမှာ ချီးပါချလို့ အမေ့မှာအရှက်ကွဲရစာမတော် အမှတ်မကောင်းလို့ ကိုယ်နဲ့အတူ ဆရာမဆူတာခံရတဲ့အမေသူ့မိတ်ဆွေ အသိုင်းအဝိုင်းတွေကြား သားသမီးချင်းဂုဏ်ပြိုင်ရင်မျက်နှာငယ်ရတဲ့အမေဒီလိုအမေနဲ့ အတူစက်ဘီးစီးရင်း မတော်တဆဖြစ်တာတောင်အမေကဆေးရုံပေါ်မှာနောက်ဆုံးအချိန်ကိုစောင့်နေရချိန် ကိုယ်ကဘာမှမလုပ်ပေးနိုင်ဘဲ သေမှာကိုထိုင်ကြည့်နေရတဲ့ ကောင်မလေးတစ်ယောက်… ဆေးရုံမှာလူနာစောင့်ရင်း တီဗီကကြေညာသံတွေနောက်လိုက်ရင်း ၁၉၈၁ ခုနှစ် အမေအပျိုအချိန်ကို ရောက်သွားခဲ့တယ်… အဖက်ဖက်က ကြိုးစားရင်း အမေ့ဘဝကိုပိုကောင်းအောင် ကြိုးစားပေး…. အမေ့ပျော်အောင် ကြိုးစားပေးရင်း…နောက်ဆုံး အမေမွေးတာ ငါမဟုတ်ရင် အမေ့ဘဝပိုသာယာမလားလို့ တွေးမိပြီးတခြားသူနဲ့အောင်သွယ်ပေးတဲ့အထိ ကြိုးစားနေတဲ့ ရှောင်လင်… အတိတ်ကိုပြင်ဖို့ကြိုးစားတာ အောင်မြင်မလားကြားထဲ ဘာတွေဖြစ်မလဲ နောက်ပြီး သူမသိတဲ့တခြားဘာကိစ္စတွေရှိဦးမှာလဲဆိုတာဇာတ်လမ်းလေးကိုကြည့်ရင်း ခံစားကြည့်လိုက်ပါ

Action • Crime • Thriller • Drama
7 2021 128 mins
Hi,Mon
Tunnels: Sun in the Dark Địa đạo: Mặt trời trong bóng tối
7.7

Tunnels: Sun in the Dark (2025) IMDb Rating (7.7) ဗီယက်နမ်စစ်နောက်ခံဇာတ်ကားအတော်များများကို ကြည့်ဖူးကြမှာဖြစ်ပေမယ့် အများစုနီးပါးဟာ အမေရိကန်ဘက်ကရိုက်တာဖြစ်ပါတယ်။ အခုတော့ ဗီယက်နမ်ဘက်က ဗီယက်နမ်အမြင်နဲ့ရိုက်တဲ့ စစ်ကားလာပါပြီ။ ငွေအတော်သုံးထားသလို ကြိုးစားအားထုတ်မှုတွေကိုလည်း မြင်သာပါတယ်။ ၂၀၂၅ ဧပရယ် ၄ ရက်နေ့မှာ ဗီယက်နမ်စစ်ပွဲရဲ့ နောက်ဆုံးအောင်ပွဲနှစ်ငါးဆယ်ပြည့်အထိမ်းအမှတ် ရုံတင်ခဲ့တဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ဗီယက်နမ်စစ်ပွဲရဲ့အပြင်းထန်ဆုံးကာလ စီဒါဖောလ်စစ်ဆင်ရေးအပြီးမှာ တည်ဆောက်ထားတာပါ။ ဥမင်လှိုဏ်ခေါင်းတွေထဲကနေ ထောက်လှမ်းရေးသတင်းပို့လွှတ်မှုတွေကို တာဝန်ယူကာကွယ်ခဲ့ကြတဲ့ ဗီယက်ကောင်းတွေရဲ့ ပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့ကိုအခြေခံထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သူတို့တွေရဲ့နာမည်ကျော် ပြောက်ကျားအဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်၊ ခံယူချက်၊ အလုပ်လုပ်ပုံတွေကိုအနီးကပ်မြင်တွေ့ရမှာပါ။ တောအုပ်အစစ် ၇ ဟက်တာကို ငှားရမ်းပြီး ဗုံးဒဏ်သင့်မီးလောင်ခံတောအုပ်အဖြစ်ဖန်တီးခဲ့သလို၊ ကူချီဥမင်လှိုဏ်ခေါင်းတွေကိုပါ ပုံစံတူအသေးစိတ်ပြန်တည်ဆောက်ခဲ့ပြီး အဲ့ဒီအချိန်တုန်းက အမေရိကန်စစ်တပ်ကအသုံးပြုခဲ့တဲ့ လက်နက်တွေ သံချပ်ကာယာဉ်တွေကိုပါ ပြန်လည်ဖန်တီးထားပါသေးတယ်။ ဒီနှစ်အော်စကာအတွက် ဗီယက်နမ်ရဲ့ submission ဖြစ်ဖို့လည်းနီးစပ်နေပါတယ်။ စစ်ကားကြိုက်ပရိသတ်တွေ၊ သမိုင်းနောက်ခံစိတ်ဝင်စားသူတွေ အကြိုက်တွေ့မယ့် ဇာတ်ကားကောင်းတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (2.1 GB) / (1.1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, History, War Duration…. 02:06:44 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Alias

Drama • Action • War
7.7 2025 128 mins
Tunnels: Sun in the Dark Địa đạo: Mặt trời trong bóng tối