YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Alice.2020.EP5.mp4

502.14 MB N/A video/mp4 1510 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Buddy Games
5.3

Buddy Games (2019) အခုမိတ်ဆက်ပေးမယ့် Buddy Games ဆိုတဲ့ ဇာတ်ကားလေးကတော့ အချစ်ဆုံးသူငယ်ချင်း ပေါက်ဖော်လေးယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပါ။ Buddy Games ဆိုတဲ့အတိုင်း သူတို့လေးယောက်က မိတ်ဆွေဖြစ်ဂိမ်းကို ငယ်ငယ်ကတည်းကနေ ကြီးကောင်ကြီးမား လူလတ်ပိုင်းရောက်တဲ့အထိကို ကလေးတွေလို ပျော်ပျော်ပါးပါးဆော့ကစားခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်နှစ်မှာ ဒီဂိမ်းလေးကိုဆော့နေရင်း ဘန်ဒါလို့ခေါ်တဲ့ သူငယ်ချင်းလေးယောက်ထဲကတစ်ယောက်က နောက်တစ်ယောက်ဖြစ်တဲ့ ရှယ်လီဆိုသူကိုစနောက်ရင်း စိတ်ဆိုးသွားပြီး သူ့ကို သေနတ်အတုနဲ့ ပစ်လိုက်ရာကနေ ပြဿနာတွေတက်ပြီး ဇာတ်လမ်းလေးက အကြောင်းဖန်လာပါတော့တယ်။ ဒီဇာတ်ကားလေးက အရမ်းကိုပျော်ဖို့ကောင်းပြီး အခုလိုမေတ္တာတရားတွေခေါင်းပါးလာတဲ့ မျက်မှောက်ခေတ်ကြီးမှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူငယ်ချင်းအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီတတ်တဲ့ သူငယ်ချင်းစိတ်ဓာတ်ကို ကွက်ကွက်ကွင်းပေါ်လွင်အောင်ရိုက်ပြထားပေးတဲ့ ဟာသပေါကားလေးတစ်ကားဖြစ်လို့ အပန်းဖြေရင်း ကြည့်ရှူလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 780MB Quality - 1080p, 720p Format - mp4 Duration - 1H 36Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Horror • Science Fiction • Thriller
5.3 2019 90 mins
Buddy Games
Sin City: A Dame to Kill For
6.4

2005က ထွက်ခဲ့တဲ့ Sin City (https://channelmyanmar.org/sin-city-2005/) ရဲ့ တိုက်ရိုက် အဆက်လို့ပြောလို့ရတယ်။ (အဆက်လို့တော့ လုံးလုံးပြောမရတာက ခေါင်းစီးအခန်းဖြစ်တဲ့ A Dame To Kill For က ပထမကားက ဒွိုက်ရဲ့ဇာတ်လမ်း မတိုင်ခင်က ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ ပြောရရင် ဒီကဇာတ်တွေအားလုံးက တစ်ဇာတ်ကလွဲ ကျန်တာတွေက ပထမဇာတ်တွေကို ပြန်ဆက်ထားတဲ့ prequel တွေ sequel တွေချည်းပဲ။ ပထမကားရဲ့ အရသာကို ပြန်မီအောင်တော့လုပ်ထားတယ်။ ဒါပေမဲ့ ပထမကားလောက် လူမဆန်ခြင်းမျိုးတွေတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူ့နည်းသူ့ဟန်နဲ့ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာရဲ့ အလှတွေနဲ့ သွေးသံရဲရဲတွေကို ပေါင်းစပ်ထားတဲ့ ခပ်ကြမ်းကြမ်းကားတော့ ဖြစ်နေတုန်းပဲ။ ပထမကားမှာတုန်းက တစ်ခန်းတစ်ခန်းချင်းစီကို သူ့အခန်းနာမည်နဲ့ စာတန်းထိုးပေးထားလို့ တစ်ဆက်တည်းမဟုတ်မှန်းသိသာခဲ့ပေမဲ့ ဒီကားကတော့ တစ်ဆက်တည်းလိုလိုတော့ လုပ်ထားတယ်။ ဒီကားက အဖြစ်တွေမှန်သမျှ တစ်ဆက်တည်းလို့ ပြချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီတော့ သူ့ Timeline ကို ပြန်စီချင်ရင် ဒီကားရဲ့အစဉ်ကို ဗဟိုထားပြီး ပထမကားက အပိုင်းတွေကို ဖြည့်လိုက်မှရမယ်။ Clive Owenကလွဲ ကျန်တဲ့ဇာတ်ကောင်တွေမှာ အရင်သရုပ်ဆောင်တွေပဲ သရုပ်ဆောင်ထားတယ်။ အသစ်တွေလည်းပါတယ်။ ဒီကားရဲ့ ဒါရိုက်တာနှစ်ယောက်က ခေတော့မခေဘူး။ တစ်ယောက်က မူရင်း ဂရပ်ဖစ်နိုဗယ်ရဲ့ စာရေးဆရာ ။ နောက်တစ်ယောက်က တာရန်တီနိုနဲ့ တစ်ယောက်တစ်ခြမ်းရိုက်ဖူးသလို သူ့ကားမှာလည်း တာရန်တီနိုကိုထည့်သုံးဖူးတဲ့ဘဲ။ ပထမကားရိုက်တာမှာလည်း တာရန်တီနို အကြံယူလိုက်တာလား။ ဝင်ရိုက်ပေးတာလားတော့မသိ ရှိတော့ရှိခဲ့တယ်။ သူကိုယ်တိုင်လည်း Mexico Trilogyလို့ခေါ်တဲ့ နာမည်ကြီး Trilogy ကို ရိုက်ထားဖူးတယ်။ သူရိုက်ခဲ့တဲ့ထဲ Alita: Battle Angelတို့ Once Upon a Time in Mexicoတို့ From Dusk Till Dawnတို့တော့ လူတော်တော်သိလောက်မယ်။ Spy Kidsထွက်သမျှကားတွေအကုန်လည်း သူပဲရိုက်ထားတာ။ ဒီကားကပထမကားထက် နည်းနည်းတော့ လျော့သွားပေမဲ့ တော်တော်ကြည့်ကောင်းတဲ့ ကားဖြစ်နေတုန်းအပြင်ကို ထူးခြားချက်က ဒီကားထဲက အီဗာဂရင်းရဲ့ဇာတ်ကောင်က ရုပ်ရှင်သမိုင်းတစ်လျှောက်က noir ရုပ်ရှင်တွေထဲက နာမည်ကြီး black widowကာရိုက်တာတွေကို Homage ပေးထားတယ်လို့ ပြောကြတယ်။black widowဆိုတာက ကိုယ့်လင် ကိုယ့်ရည်းစားကို သတ်တဲ့ မိန်းမကိုခေါ်တာ။ Double Indemnityတို့ The Postman Always Rings Twice တို့ထဲက ကာရိုက်တာတွေကိုပေါ့။ Sin City: A Dame to Kill Forဟာ ပထမကားထက် ကြမ်းကြုတ်ရက်စက်တာတွေလျော့သွားပေမဲ့ ပထမကားထက်တော့ ပိုဆွဲဆောင်မှုရှိတဲ့ကားဆိုတာတော့ အီဗာဂရင်းနဲ့တင် အာမခံလို့ရပါတယ်။ ပထမကားလိုပဲ ရုပ်ရှင်ကြည့်ရတာနဲ့မတူဘဲ neo-noir comicsစာအုပ်တစ်အုပ်ဖတ်ရသလို အရသာမျိုးရစေမယ့်ကားပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3 GB)/(1.3 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:42:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by WiRa Aung

Action • Drama • Mystery • TV Movie
6.4 2014 102 mins
Sin City: A Dame to Kill For
Three Colors: Red
8

တတိယမြောက်နဲ့ နောက်ဆုံးကားကျ အနီရောင် သူက အသိုင်းအဝန်း သဟာဇာတ စိတ်ဓါတ်လိုမျိုးပေါ့။ ၃ကားထဲမှာ Rating အကြမ်းဆုံး နောက်ဆုံးကား အော်စကာတွေပါ စကာတင်ဝင်ခဲ့တာ။ ဒီမှာကျ မင်းသမီးဇာတ် ပြန်ဖြစ်သွားပြန်ရော တစ်ကားလုံး အနီရောင်ပစ္စည်းတွေ ထည့်သွင်းပြသသွားတာတော့ သဘောကျမိတယ်။ ဗယ်လင်တင်းဆိုတဲ့ မော်ဒယ်မလေး ရှိတယ် ချစ်သူနဲ့ ဖုန်းတပြောပြော ချစ်သူရှိတဲ့ အင်္ဂလန်နောက် လိုက်ချင်နေတဲ့အပျိုမလေးပေါ့။ တစ်ရက်ကျ ခွေးမလေးတစ်ကောင်ကို ကားနဲ့တိုက်မိရာက ခွေးပိုင်ရှင် အငြိမ်းစား တရားသူကြီးဟောင်းကြီးနဲ့ ဆုံပါလေရော။ ဆုံတဲ့အပြင် ဒီလူကြီးရဲ့ ထူးဆန်းတဲ့အကျင့်ကိုပါ တွေ့သွားခဲ့တာ ဘာထူးဆန်းတာလဲဆိုတော့ ဒီဘဲကြီးက ပတ်ဝန်းကျင်နားကလူတွေရဲ့ ဖုန်းလိုင်းကို ကြားကဖြတ်နားထောင် စပိုင်လုပ်နေတာပဲ။ အဲဒီမှာ ဒီလူကြီးနဲ့ တွေ့ပြီး ဘာဆက်ဖြစ်ကြမလဲဆိုပြီး စိတ်ဝင်စားဖွယ် ရိုက်ထားတာ ကြည့်ရမှာ သူကျ။ ဒီကားထဲမှာလည်း ချစ်စရာမော်ဒယ်မလေးအဖြစ် ဆွစ်ဇာလန်မင်းသမီး Irène Jacob က ကောင်းကောင်းသရုပ်ဆောင်ထားပါတယ်။ ဇာတ်သိမ်းမှာလည်း ၃ ကားလုံး ကြည့်ထားတဲ့လူတွေကို စပရိုက်စ် တိုက်သွားပါသေးတယ်လို့ ပြောရင်း ဆွေးမြေ့ဝိုင်ဖြစ်တဲ့ ပြင်သစ်သုံးရောင်ခြယ်လေးကို ခံစားကြည့်လိုက်ရအောင်ဗျာ။

8 1994 100 mins
Three Colors: Red
The Magnificent Seven
6.4

ကျွန်တော်တို့ ခင်ဗျားတို့ အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို သူတို့ချည်းပဲ ထားခဲ့ရပြီဆို သူတို့ ဘာလုပ်နေကြမယ် ထင်ပါသလဲ? သူတို့ အချင်းချင်းရော ဘာတွေကြံစည်တွေးတော နေကြမယ်ထင်ပါသလဲ? အဲဒီအကြောင်းတွေကို ဒီ Animation လေးထဲမှာ ကြည့်ကြပါစို့။ IMDb 6.8 နဲ့ Box Office မှာ 760$ Millions ထိ အောင်မြင်နေတဲ့ ဒီကားလေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့..... Jack Russell Terrier အမျိုးအစား ခွေးလေး Max ဟာ သူ့သခင်မလေး ကေတီနဲ့အတူ မန်ဟက်တန်မြို့မှာ ပျော်ရွှင်စွာ နေထိုင်နေရင်း တစ်နေ့မှာ ကေတီဟာ ပိုင်ရှင်မဲ့ခွေးလေး Duke ကိုပါ အိမ်ကိုခေါ်လာတဲ့အခါ.....သူတို့ ၂ ကောင် ရန်ဖြစ်ရာကနေ လူတွေရဲ့စွန့်ပစ်ခံ မြေအောက်အိမ်မွေးတိရစ္ဆာန်ဂိုဏ်းကြီးနဲ့ သူတို့ရဲ့ ခေါင်းဆောင် Snowball နဲ့ တွေ့ဆုံရင်း ပြဿနာတွေ အကြီးအကျယ် တက်လာပြီး.....အဲဒီအချိန်မှာပဲ Max ကို ခရက်ရှ်နေတဲ့ အဖြူရောင်Pomeranian ခွေးမလေး Gidget ကလည်း Max ရဲ့ ဘော်ဒါတွေကို စုစည်းပြီး လိုက်ကယ်ဖို့ ချီတက်လာတဲ့အခါမှာတော့......

Action & Adventure • Reality • War & Politics
6.4 2016 132 mins
The Magnificent Seven
Babel
7.4

[Unicode] Babel (2006) IMDB – 7.4 Rotten Tomatoes – 69/100 ဘာသာစကားတွေဟာ လူတွေရဲ့ စိတ်အ‌ခြေအနေ ခံစားချက်တွေကို ဖော်ပြဖို့ တည်ရှိနေတာပါ။ ဒါပေမယ့် တစ်ရံတစ်ခါ အနုပညာမှာဖြစ်ဖြစ် တကယ့်ဘဝမှာဖြစ်ဖြစ် ကျယ်ပြန့်လှတဲ့ ဘာသာစကားတွေတောင် သူ့ထက်ပိုကျယ်ပြောတဲ့ ခံစားချက်တွေကို စီးကူးသယ်‌ဆောင်ဖော်ပြဖို့ရာ မစွမ်းသာတော့ပါဘူး။ ရုပ်ရှင်တစ်ကားကို ညွှန်းဆိုခြင်းမှာ ဇာတ်လမ်းအကြောင်းအရာထက် ရရှိတဲ့ခံစားမှုက ပိုပဓာနကျပါတယ်။တစ်ခါတလေ ဘာသာစကားက ခံစားမှုကို မသယ်ဆောင်နိုင်တဲ့အခါမှာတော့ ရုပ်ရှင်ကရတဲ့ခံစားမှုကို ဖော်ညွှန်းဖို့ မတတ်‌နိုင်တော့ပါဘူး။ ဆိုတော့ကာ အကြောင်းအရာသက်သက်ကိုပဲ ညွှန်းဆိုပါမယ်။ ဘာဘယ်ဆိုတဲ့ နာမည်ဟာ စာသမားတွေနဲ့ မစိမ်းလှတဲ့ နာမည်ပါပဲ။ သမ္မာကျမ်းစာထဲက ရေလွှမ်းမိုးမှုပြီးတော့ နောဧနောက်ပိုင်းလူတွေဟာ မိုးကောင်းကင်ကို မှီနိုင်မယ့် မျှော်စင်ကို ဆောက်ဖို့ကြိုးစားခဲ့ကြတယ်။ အဲ့ဒီမျှော်စင်ဟာ ဘာဘယ်ပါပဲ။ နာမည်ကျော် ဖရန့်ကာဖ်ကာရဲ့ မြို့တော်ရဲ့တံဆိပ်ထဲက လူတွေဆောက်လို့မပြီးကြတဲ့ မျှော်စင်ကြီးဟာ ဘာဘယ်ပါပဲ။ အဲ့ဒီမျှော်စင်ဟာ နာမည်ကျော် ဘေဘီလုံမှာရှိတယ်။ ဒီရုပ်ရှင်ရဲ့ နာမည်ဖြစ‌်နေရုံကလွဲပြီး အစအဆုံးမှာ လေသံစိုးစဉ်းမျှ မကြားရတဲ့ ဒီဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးက ဘာပက်သက်သတုန်းလို့တော့ တွေးမိကြမှာပဲ။ ကမ္ဘာဦးကျမ်းမှာ မြို့တစ်မြို့နဲ့ ဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးကို လူတွေ ဆောက်ကြတော့ ဘုရားသခင်က လူတွေ စည်းလုံးမှုပျက်ပြားပြီး မအောင်မြင်အောင် သူတို့လျှာကထွက်တဲ့ ဘာသာစကားတွေကို ကွဲအောင်လုပ်ပြီး နေရာအရပ်ရပ်ကိုပါ ကွဲပြားစေခဲ့တယ်။ ဒီရုပ်ရှင်မှာ နိုင်ငံသုံးနိုင်ငံပါတယ်။ အမေရိကန် ဂျပန် မော်ရိုကို သူတို့ရဲ့ဘာသာစကားတွေ မတူညီကြဘူး။ ဒါပေမယ့် အဖြစ်အပျက်တစ်ခုဟာ အဲ့ဒီနိုင်ငံသုံးခုက မိသားစုသုံးခုက ကလေးတွေကို ချိတ်ဆက်ပေးလိုက်တယ်။ ဒီချိတ်ဆက် မှုဟာ ကလေးတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေနဲ့ ချိတ်ဆက်ထားတယ် ထင်စရာရှိပေမယ့် ဂျုန်းမိသားစုက ကလေးနှစ်ယောက်ကတော့ ဘာအမှားမှမလုပ်ခဲ့တဲ့အတွက် ဒီရုပ်ရှင်ရဲ့ ဦးတည်ရာက မိဘတွေကိုပါပဲ။ ” ထာဝရဘုရားက၊ ကြည့်ရှုလော့။ လူတမျိုးတည်း။ စကားတမျိုးတည်းရှိသည် ဖြစ်၍၊ သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။ လာကြ။ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်းနာမလည်စေခြင်းငှာ၊ သူတို့စကားကို ရှုတ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။ ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေ‌ ‌တော်မူသဖွငျ့ သူတို့သည်မြို့ကိုမတည်ဘဲ နေကြ၏။ “ ကမ္ဘာဦးကျမ်း ၁၁ ၆ ၇ ၈ ကမ္ဘာဦးကျမ်းအတိုင်းပြောရရင် ဘုရားသခင်ဟာ လူသားတွေကို ဖန်တီးခဲ့တယ်။ ဘုရားသခင်ဟာ လူသားတွေရဲ့ဖခင်ပါပဲ။ သူဖန်တီးခဲ့တဲ့ သူ့သားသမီးတွေဟာ ဘုရားသခင်ကို အန်တုဖို့ပြင်ဆင်လာကြတယ်။ ကလေးတွေရဲ့ ဘာသာသဘာဝအသစ်အဆန်းကို မြင်ရင် စမ်းသပ်ချင်ကြတယ်။ ဒါကို ဘုရားသခင်က လူသားတွေကို အပြစ်ပေးပြီး ဘာသာစကား အရပ်ဒေသတို့ ကွဲပြားစေခဲ့တယ်။ ဒီရုပ်ရှင်ကို ခင်ဗျားကြည့်ပြီးတဲ့ အခါ ဒီကလေးတွေရဲ့ အမှားတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ ကမ္ဘာဦးက လူတွေရဲ့အမှားအတွက်ရော ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ သိမှာပါ။ ဒီရုပ်ရှင်ဟာ ဒီတစ်လမ်းတည်းတည်းသွားတာတော့ မဟုတ်ပါဘူး။ Brad Pittကိုယ်တိုင်မှာလည်း ကမ္ဘောဒီးယား အီသီယိုးပီးယားနဲ့ ဗီယက်နမ်က ကလေးသုံးယောက်ကို မွေးစားထားပါတယ်။ သူ့သွေးရင်းကလေးသုံးယောက်လည်းရှိတယ်။ ဒီရုပ်ရှင်ဟာ ဘရက်ပစ်ရဲ့ကလေးသုံးယောက်နဲ့ လူမျိုးကွဲ ကလေးသုံးယောက်ကို အဓိကပြထားပါတယ်။ တိုက်ဆိုင်မှုဆိုရင်တောင် အတော်ကြီးတဲ့ တိုက်ဆိုင်မှုပါ။ ဒါရိုက်တာ Alejandro G. Iñárrituကလည်း Revenant တို့ 21 gramsတို့ Birdmanတို့ ရိုက်ထားတဲ့သူပါ။ ့ ဘာသာစကားခြောက် မျိုးကိုသုံးသွားပြီး တစ်ခုသော ဘာသာစကားကတော့ ဆွံ့အနားမကြားကောင်မလေးသုံးတဲ့ Sign Languageပါပဲ။ သေချာတာကတော့ မိဘနဲ့ သားသမီးမှမဟုတ်ပါဘူး။ ဆက်နွယ်ပက်သက်နေတဲ့ လူတွေတိုင်းမှာ ဘယ်လိုဘာသာစကားကိုပဲသုံးသုံး ချစ်ခြင်းရဲ့ အရာရာလိုက်လျောမှုသဘောအပေါ် ခံစားနားလည်မှုမပေါင်းရင် တကယ်တမ်း ကျွန်တော်တို့ တစ်ဖက်သားကို အပြည့်အဝ နားလည်နိုင်မှာမဟုတ်ပါဘူး။ ဒီရုပ်ရှင်ဟာ ပင်လယ်သမုဒ္ဒရာကြီးပါပဲ။ ဘာဘယ်မျှော်စင်ကြီးပေါ်က ကြည့်နေရသလို ကျယ်ပြန့်လှတဲ့ကမ္ဘာထဲက ဘဝတွေကို ခင်ဗျား‌မြင်ရမယ်။ ဘယ်မြစ်ကနေပဲသွားသွား အဆုံးမှာတော့ ဒီရသပင်လယ်ကြီးရဲ့တစ်နေရာကို ရောက်သွားမှာပါပဲ။ ပင်လယ်နီလား ပင်လယ်ဝါလား ဘယ်ပင်လယ်ထဲရောက်သွားမလဲဆိုတာတော့ ခင်ဗျားအပေါ်ပဲမူတည်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ် ) File size__( 2GB ) IMDb Rating__7.4/10 Format__mp4 Duration__02:23:50 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Animation • Family
7.4 2006
Babel
My Left Foot: The Story of Christy Brown
7.8

ခရစ်စတီဘရောင်းဟာ မွေးကတည်းက မသန်စွမ်းလေးဆိုပြီး ပတ်ဝန်းကျင်က ဝိုင်းနှိမ်တာခံခဲ့ရတဲ့ ကလေးတစ်ယောက်ပါ။မိသားစုတွေပေးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကိုရင်ဆိုင်ပြီး မသန်ပေမယ့်စွမ်းတယ်ဆိုတဲ့စကားအတိုင်း ခရစ်စတီ ဘရောင်းတစ်ယောက်ဝါသနာပါရာ ပန်းချီကိုရေးဆွဲဖြစ်လာတယ်။ စကားပြောတတ်အောင် သင်ပေးတဲ့ ဆရာဝန်မလေး အယ်လင်က သူဝါသနာပါရာတွေကို တတ်နိုင်သမျှ ကူညီပေးရာကနေ မိသားစုငွေရေးကြေးရေး အကြပ်အတည်းကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ အဲဒီလိုနဲ့ အယ်လင်‌ကြောင့် ကဗျာစာပေတွေကိုချစ်မြတ်နိုးသွားပြီး အယ်လင့်ကိုပါချစ်မိသွားရာက ဖွင့်ပြောလိုက်တဲ့အခါ အယ်လင်မှာ လက်ထပ်တော့မဲ့သူဆိုတာ သိလိုက်ရပြီးနောက် ဘယ်လို ဘဝကို ရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန် My Left Foot ဆိုတဲ့ ဝတ္ထု အပေါ်အခြေခံရိုက်ကူးထားပြီး ဆုပေါင်း ၁၁ခုရရှိခဲ့ပါတယ်။ ကျွန်တော်တို့ Christmas တိုင်းကြည့်ခဲ့တဲ့ Home alone ဇာတ်လမ်းထဲမှ ‌ခိုအစာကျွေးတဲ့အမျိုးသမီးလို့သိကြတဲ့ Brenda Frickerဟာ ခရစ်စတီဘရောင်းရဲ့ အမေနေရာအဖြစ် ပါဝင်ထားပါတယ်။ File size…(1.8 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Drama, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Robert

Family • Animation
7.8 1989 103 mins
My Left Foot: The Story of Christy Brown
Nikki & Nora: Sister Sleuths
6.6

Hunter King၊ Rhiannon Fish၊ Madison Smith၊ Mike Dopud၊ Burkley Duffield တို့ပါဝင်ထားတဲ့ crime- detective ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကတော့ ကနေဒီယန်ဒါရိုက်တာ Kevin Fair ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အမွှာညီအစ်မနှစ်ယောက်ရှိခဲ့လေသည်ဆိုတာနဲ့ စရပါမယ်။ ကျေးညီနောင်ဇာတ်လမ်းထဲကလို မုန်တိုင်းမိပြီး ဓားပြလက်နဲ့ ရသေ့လက် အသီးသီးရောက်သွားတာတော့မဟုတ်ပါ။ မိဘများဆုံးပြီးနောက် ကိုယ်ယုံကြည်ရာကိုယ်လျှောက်လှမ်းရင်း နိုရာဆိုတဲ့တစ်ယောက်က ဥပဒေအကျိုးဆောင် (ရှေ့နေ) ဖြစ်သွားပြီး နစ်ကီဆိုတဲ့တစ်ယောက်ကတော့ ကြေးနည်းသရုပ်ဆောင်လုပ်ရင်း ရုန်းကန်နေပါတယ်။ တနေ့မှာတော့ အနေစိမ်းပြီးခပ်ခွာခွာခွဲနေတဲ့ညီအစ်မနှစ်ယောက် မမျှော်လင့်တဲ့သေတမ်းစာပါကိစ္စတစ်ခုကြောင့် ပြန်ဆုံဖို့ဖြစ်လာပါတယ်။ အစ်မဖြစ်သူနိုရာမှာလည်း အမှုတစ်ခုကိုအကျိုးဆောင်ပေးနေရင်းတန်းလန်း သူတို့ဥပဒေအကျိုးဆောင်လုပ်ငန်းရဲ့ခေါင်းဆောင်ကိုယ်တိုင် အသတ်ခံရပြီး အခြေအနေတွေရှုပ်ထွေးလာခဲ့ပါတယ်။ သူဌေးသေဆုံးမှုမှာ မသင်္ကာစရာခြေရာ၊ လက်ရာတွေတွေ့ပြီး နိုရာတစ်ယောက်သံသယဖြစ်နေချိန် ညီမဖြစ်သူ သရုပ်ဆောင်နစ်ကီမှာလည်း အိမ်ငှားနှင်ချလို့တစ်ကြောင်း၊ သေတမ်းစာကိစ္စ ဆက်ရှင်းဖို့တစ်ကြောင်း ပေါင်းပြီးရောက်ချလာခဲ့ရာက ညီအစ်မနှစ်ယောက် ဘူမသိကိုးမသိ အမှုမှာဝင်စပ်စုမိကြပါတယ်။ အဲဒီလိုဝင်စူးစမ်းမိရာကနေ နဂိုမရိုးရှင်းတဲ့အမှုကနေ သူတို့အပေါ်ဘာတွေရွာပတ်လာမလဲ၊ ညီအစ်မနှစ်ယောက်နဲ့ ထူးဆန်းတဲ့ သေတမ်းစာကရော ဘယ်လိုတွေဆက်စခန်းသွားကြမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်တစား ဆက်လက်ရှုစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ရာနှုန်းပြည့်စုံထောက်ကားတစ်ခုလို ဇာတ်မလေးဘဲ ပေါ့ပေါ့ပါးပါးကြည့်ရှုလိုတဲ့ပရိသတ်တွေအတွက် အဆင်ပြေမယ့်ဇာတ်ကားဖြစ်ပါတယ်။ crime drama ဖြစ်တဲ့အတိုင်း ဇာတ်ရဲ့မြှပ်ကွက်တွေ၊ ကျောရိုးတွေကို အရသာမပျက်ယွင်းစေဘဲ ညီအစ်မသံယောဇဥ်တရားအကြောင်းကိုလည်း ဇာတ်ကားနာမည်နဲ့လိုက်အောင် အထိုက်အလျောက်ထည့်သွင်းဖော်ညွှန်းထားပါတယ်။ IMDb rating 6.6 ရရှိထားပြီး Rotten tomatoes ကတော့ 71% ဖြစ်ပါတယ်။ File size…(1.65 GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Thriller • Horror
6.6 2022 84 mins
Nikki & Nora: Sister Sleuths
The Wings of the Dove
7.1

The Wings of the Dove (1997) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ မီလီ – “ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဆက်တိုက်ကို လွဲနေကြတယ်ထင်ပါရဲ့… ရှင်က တခြားလမ်းကို သွားလိုက်တဲ့အချိန် ကျွန်မက လမ်းချိုးကို ကွေ့လိုက်မိသလိုမျိုးပေါ့” မာတွန် – “ကိုယ်လည်း အဲ့ဒီလိုတွေးမိလို့ တစ်နေရာတည်းမှာပဲ နာရီနဲ့ချီပြီး နေ,နေခဲ့သေးတာ” မီလီ – “ဒါနဲ့တောင် ကျွန်မတို့အချင်းချင်း မတွေ့နိုင်ကြဘူးနော်” “ငါတို့ဟာ ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။” မဟုတ်တော့ဘဲ မီလီရေ ကိုယ်တို့ ဘယ်ရထားမှာ လွဲခဲ့လဲပေါ့။ တစ်ခါလွဲရင် ဘယ်လောက်ကြာမလဲဆိုတာကတော့… ဇာတ်လမ်အကျဉ်းလေးကို ပြောဖို့လိုလာပါပြီ။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်ကတော့ ကိတ်ဆိုတဲ့ မိန်းကလေးပါ။ ကိတ်ရဲ့ မိခင်ဖြစ်သူဟာ ဆွေကြီးမျိုးကြီး လူကုံထံအသိုင်းအဝိုင်းကဖြစ်ပေမယ့် အရာအားလုံးကို စွန့်လွှတ်လို့ ကိတ်ရဲ့ဖခင်ဖြစ်သူ နင်းပြားဘိန်းစွဲနဲ့ အကြောင်းပါပြီး ကိတ်လေးကို မွေးခဲ့ကာ ဆင်းရဲရာဘဝမှာ သက်ဆိုးမရှည်နိုင်ခဲ့ရှာပါဘူး။ ဒီလိုနဲ့ ကိတ်လေး အရွယ်ရောက်လာချိန်မှာတော့ သူ့အမေ စွန့်လွှတ်ခဲ့တဲ့ လူကုံထံဘဝကို ပြန်သွားဖို့ အခွင့်အရေးပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ အဒေါ်ဖြစ်သူက ကိတ်လေးကို “အားလုံးကို အဆက်ဖြတ်ပစ်ရမယ်” ဆိုတဲ့ ကတိတစ်ခုနဲ့အတူ မိသားစုထဲ ပြန်ခေါ်ပြီး ရှိသင့်တဲ့စည်းစိမ်ဥစ္စာနတွေကို အမွေပြန်ဆက်ခံစေဖို့ ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။ အဆက်ဖြတ်ပစ်ရမယ့်အရာထဲမှာ ဘိန်းစားဖခင်ကြီး ပါသလို အသပြာမဲ့ စာနယ်ဇင်းသမား ချစ်သူလည်းပါနေပါတယ်။ ကျောမွဲ သတင်းသမားတစ်ယောက်ဟာ ဆွေကြီးမျိုးကြီးက မိန်းမငယ်တစ်ယောက်အတွက် ခင်ပွန်းလောင်း ဖြစ်မလာနိုင်ပါဘူး။ ကိတ်ဟာ သူ့အမေလိုပဲ အရာအားလုံး စွန့်လွှတ်ပြီး ချစ်သူဆီ ပြန်သွားရင်သွား၊ မဟုတ်ရင် သူ့ချစ်သူဟာ သူနဲ့အခြေတူအောင် ချမ်းသာလာဖို့ လိုလာတာပါပဲ။ ဒီလိုအကြပ်ရိုက်နေတုန်းမှာပဲ ကိတ်ဟာ မီလီလို့ခေါ်တဲ့ ရောဂါသည် သူကြွယ်မလေးနဲ့ ခင်မင်ခွင့်ရလိုက်ပါတော့တယ်။ မီလီဟာတော့ သူ့ကျန်းမာရေးကလွဲလို့ သူ့ဘဝသူ သေချာပိုင်သူမို့ ချစ်ရသူဟာ အဆင့်မတူလည်း မေတ္တာသာကြည်ဖြူရင် တူ၂ကိုယ်ပေါင်းဖို့ ဝန်မလေးဘူးဆိုတဲ့ အချစ်ကို ရဲရဲဝံ့ဝံ့ရှေ့တန်းတင်တဲ့မိန်းကလေးမျိုးပါ။ လူလည်းလှသလောက် ဦးနှောက်လည်းကြီးတဲ့ ကိတ်ဟာ မီလီ့ရဲ့ချစ်ခြင်းကို အခွင့်ကောင်းယူပြီး သူ့ချစ်သူနဲ့ သူနဲ့ပေါင်းနိုင်ဖို့ ဇာတ်ကွက်တစ်ခုကို စပြီးခင်းပါတော့တယ်။ အော်စကာတို့ ရွှေကမ္ဘာလုံးဆုတို့အတွက် ဆန်ကာတင်ဝင်ခဲ့ဖူးတဲ့ တစ်ခေတ်တစ်ခါက ကားကောင်းတစ်ကားပါ။ နာမည်ကျော် စာရေးဆရာကြီး Henry James ရဲ့ ဝတ္ထုကို ပြန်ရိုက်ထားတာပဲ ဖြစ်ပါတယ်။ ကြေးငွေဓနကလွဲလို့ အားလုံးပြည့်စုံနေတဲ့ စုံတွဲနဲ့မေတ္တာကလွဲလို့ အားလုံးကို ဆက်ခံရရှိထားတဲ့ သူကြွယ်မလေးပေါ့… ကိတ်ကတော့ ပြောပါတယ်… “သူ ပြုံးလိုက်တိုင်းမှာ ကျွန်မက ရှင့်ကို ပိုချစ်မှန်းသာ သတိရပါ” တဲ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 845MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 42Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

7.1 1997 102 mins
The Wings of the Dove
Once Upon a Time in China IV
5.9

ဒီလေးကားမြောက် ဇာတ်ကားလေးမှာတော့ ဝမ်ဖေးဟုန်ဟာ ခြင်္သေ့သိုင်းအကကို သူမတူအောင် ယှဉ်ပြိုင်နိုင်ခဲ့တာမို့ ထူးချွန်ပြောင်မြောက်စွာ အနိုင်ရခဲ့ပြီး ခြင်္သေ့ဘုရင်လို့ ခေါ်ဆိုချီးမြှောက်ခံခဲ့ရပါတယ်။ ဒါကြောင့် တရုတ်ပြည်နဲ့ ပြည်ပနိုင်ငံ (၈) နိုင်ငံတို့ စုပေါင်းပြီး ယှဉ်ပြိုင်ကြမဲ့ ခြင်္သေ့အကပြိုင်ပွဲမှာ ဝမ်ဖေးဟုန်ဟာ တရုတ်ပြည်ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒါပေမဲ့ တကယ်တော့ ဒီပြိုင်ပွဲက နိုင်ငံရပ်ခြားတပ်မတော်တွေက တရုတ်ပြည်တွင်းကို ဖြည်းဖြည်းချင်း ကျူးကျော်ဝင်ရောက်လာပြီး တရုတ်ကို သိမ်းပိုက်ဖို့ ကြံစည်နေတဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ တရုတ်ဖက်ကလည်း ပေါ်တင် ချေပလို့မရတဲ့အတွက် ပြိုင်ပွဲမှာ နိုင်ငံ့ရပ်တည်ချက်ကို ပြရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မီးအိမ်နီ မျိုးချစ် အမျိုးသမီး ကွန်ဖူး အဖွဲ့အစည်းက တရုတ်ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံခြားသားတွေကို သတ်ဖြတ်ချေမှုန်းပြီး တော်လှန်ပါတော့တယ်။ ဒါကြောင့် ဒီဇာတ်ကားလေးမှာတော့ ဝမ်ဖေးဟုန်တစ်ယောက် တရုတ်ပြည်ကို ကာကွယ်ပြီး နိုင်ငံခြားတပ်မတော်နှင့် မီးအိမ်နီ မျိုးချစ်အဖွဲ့အစည်းကြားမှာ တင်းမာမှုတွေ ပြင်းထန်လာပြီး စစ်ပွဲဆီ ဦးမတည်သွားအောင် ဘယ်လိုကြံဆောင်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre… Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Arr Khun Winchester

5.9 1993 100 mins
Once Upon a Time in China IV
The Isle
5.7

ဒီကားလေးကတော့ စိတ်ဝင်စားစရာ horror ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ၁၈၄၆ခုနှစ်က ဒဏ္ဍာရီဆန်ဆန်အဖြစ်အပျက်လေးကိုပုံဖော်ရိုက်ကူးထားတာပါ။ ကုန်သည်သင်္ဘောတစ်စီးမှောက်ရာက ရှင်သန်လွတ်မြောက်သူကုန်သည်သုံးယောက်ဟာ လှေတစ်စီးနဲ့ ပင်လယ်ထဲမျှောနေရင်းမြူတွေဆိုင်းနေတဲ့ကျွန်းစုလေးပေါ်ရောက်သွားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ကျွန်းပေါ်မှာလူသားလေးယောက်ပဲရှိတယ်။ တံငါသည်ဟောင်းတစ်ယောက်၊ လယ်သမားတစ်ယောက် သူ့ရဲ့တူမနဲ့စိတ်မမှန်သူအမျိုးသမီးတစ်ယောက်ပါ။ ကျိန်စာမိထားသလိုထူးဆန်းမှုတွေဆက်တိုက်ဖြစ်လာတဲ့အခါ သူတို့မသိခဲ့တဲ့ဒီကျွန်းရဲ့သမိုင်းကြောင်းက ဘာတွေဖြစ်မလဲသူတို့ဒီကျွန်းပေါ်ကလွတ်မြောက်နိုင်မလားဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ပါ…. အညွှန်းနဲ့ ဘာသာပြန်ကတော့ Noe ပါ File size… 1.3 GB / 597 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 36m Genre ….. Fantasy/Mystery/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Noe

5.7 2018 96 mins
The Isle
Hellraiser: Hellworld

Hellraiser: Hellworld (2005) ဒီဇာတ်ကားမှာတော့ Hellraiser တွေ နာမည်ကြီးကုန်ကြပါပြီ။ ဆီနိုဘိုက်တွေအကြောင်း ကြားဖူးထားတဲ့ လူတစ်ယောက်က လက်ကမြင်းပြီး Hellworld ဆိုတဲ့ ဂိမ်းကိုထွင်လိုက်ပါတယ်။ သေတ္တာကိုဖွင့်တယ် ဆီနိုဘိုက်တွေ ရောက်လာတယ် အဲဒါတွေပါတဲ့ဂိမ်းပေါ့။ အဲဒီတော့ Hellworld ကို ကစားတဲ့ Hardcore Gamer တွေရှိလာရော။ အဲဒီထဲက အဒမ်ဆိုတဲ့တစ်ယောက်ကတော့ ဂိမ်းကို အရူးအမူးဖြစ်ပြီး ကိုယ့်ဘာသာသတ်သေတဲ့ထိဖြစ်လာပါတော့တယ်။ သူနဲ့အတူတွဲနေတဲ့ သူငယ်ချင်းအုပ်စုကလည်း Hellworld ကစားတာကြိုက်တဲ့သူတွေ၊ Hellworld Geek တွေပါ ပါပါတယ်။ သူသေသွားပြီး နောက်နှစ်နှစ်ကြာတော့ သူ့သူငယ်ချင်းအုပ်စုကို Hellworld ဂိမ်းကစားသူတွေ စုကြတဲ့ ပါတီကို ဖိတ်ခံရတယ်။ သူတို့အုပ်စု ပါတီကျင်းပတဲ့ လဗိုင်ယာသန်အိမ်တော်ကို ရောက်တဲ့အချိန်မှာ ဇာတ်လမ်းက စတော့တာပါပဲ။ မင်းသမီးကတော့ Vikings Series ထဲက မင်းသမီးချော Katheryn Winnick ဖြစ်ပြီးတော့ စူပါမန်းကြီး Henry Cavill လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 965MB Quality – 1080p, 720p Format – mp4 Duration – 1H 31Min Genre – Slasher Horror, Teen Horror, Horror Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Comedy • Horror
0 2005
Hellraiser: Hellworld
Mercy Killing
6.8

Mercy Killing (2024) ငြိမ်းချမ်းစွာ ဇီဝိန်ချုပ်ခွင့် IMdb – 8.8/10 Euthanasia တို့ Mercy Killingတို့ဆိုတာ ဆေးပညာရပ်ဝန်းမှာအမြဲဒွိဟ‌ဖြစ်နေတဲ့ ခေါင်းစဉ်တစ်ခု ဆေးပညာရပ်ဝန်းမှာ Mercy Killingဟာ ဘာလဲလို့ပြောရရင်တော့ ကုမရတော့တဲ့ရောဂါ အကြောသေလေဖြန်းလို့ သူတစ်ပါးအတွက် အမြဲဝန်ပိုဘဝနဲ့ ကိုမာဝင်နေလို့ သစ်ပင်လူသားလို အိပ်ရာပေါ်မှာရှင်သန်နေရသူတွေကို တရားသူကြီးအမိန့်နဲ့ ငြိမ်းချမ်းစွာ ဇီဝိန်ချုပ်ခွင့်ပေးလိုက်တာပါပဲ။ ဒါပေမဲ့ ဒီကားလေးထဲမှာတော့ Mercy Killing ပေးဖို့တောင်းဆိုနေတာက နာဖျားနေသူလည်းမဟုတ် သစ်ပင်လူသားလို အိပ်ရာထဲလဲနေတာလည်းမဟုတ်တဲ့ ၁၄ နှစ်အရွယ် အရွယ်ကောင်းပညာသင်လို့ကောင်းတဲ့အရွယ် ကောင်မလေး ဆွယ်ချာ တရားဥပဒေနဲ့ အာဏာရအစိုးရကို အယုံအကြည်မရှိတော့လို့ မေတ္တာတရား ကိုယ်ချင်းစာမှုဆိုတာ ဘာလဲမသိတော့တဲ့ကမ္ဘာကြီးမှာ ရှင်သန်မယ့်အစား ငြိမ်းချမ်းစွာ သေဆုံးခွင့်ကို ရွေးခွင့်ပေးပါလို့ မြို့လယ်ခေါင်မှာ တောင်းဆိုနေပါသတဲ့။ တကယ်တော့ ဆွယ်ချာဟာ ကံဆိုးရှာတဲ့ မိဘမဲ့ကလေးတစ်ယောက်၊ ဉာဏ်ရည်ထက်မြက်ပြီး သင်လွယ်တတ်လွယ်ကလေးတစ်ယောက်ပေမဲ့ မိဘမဲ့ဆိုတဲ့ စကားလုံး ၃ လုံးက အရိပ်လို အမြဲနောက်ကနေ ခြောက်လှန့်နေတော့ သူ့မိဘတွေဘယ်သူလဲဆိုတာ ရှာဖို့ထွက်လာတဲ့ ကလေးမလေးတစ်ယောက် ဒီလို ရည်မှန်းချက်တွေ အနာဂတ်တွေနဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ပြည့်ဝနေရမယ့် ၁၄ နှစ်က‌လေးမလေးက သူ့ကိုသတ်ပေးဖို့ မြို့လယ်ခေါင်ကိုထွက် ဆန္ဒပြရတဲ့အထိ သူဘယ်လိုမတရားမှု‌တွေကြုံခဲ့ရတာလဲ။ သူ့ရဲ့မိဘတွေရှာနေချင်တဲ့ ရည်မှန်းချက်ကရော ပြည့်ဝသွားမလားဆိုတာ ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

6.8 2024
Mercy Killing
Pedro Páramo
6.1

Pedro Páramo (2024) IMDb Rating (6.1) / Rotten Tomatoes (71%) ၁၉၅၅မှာ ထုတ်ခဲ့တဲ့ မက္ကဆီကန် Juan Rulfoရဲ့ ဝတ္တုPedro Páramoကိုပဲ ပြန်ရိုက်ထားတာပါ။ မက္ကဆီကန်ဒါရိုက်တာကပဲရိုက်ထားပြီး ဇာတ်လမ်းကိုက မက္ကဆီကန်အငွေ့အသက် တော်တော်လွှမ်းတဲ့ ဇာတ်လမ်းမျိုးပါပဲ။ အမျိုးအစားက magical realism dramaဖြစ်ပြီး တစ်ကားလုံးမှာ ကျွန်တော်တို့တွေ တစ္ဆေမြို့တွေ တစ္ဆေတွေ နားမလည်နိုင်စရာ အဖြစ်အပျက်တွေကို မြင်ရမှာပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ Rodrigo Prietoပါ။ နာမည်ကျော် စီနီမာတိုဂရပ်ဖာပါပဲ။ ဒီရုပ်ရှင်ကတော့ သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်ပါ။ မက္ကဆီကန်ဒါရိုက်တာတွေထဲ နာမည်အကျော်ဆုံးဖြစ်တဲ့ Alejandro ရဲ့ 21 Gramsတို့ Babelတို့ Amores perrosတို့မှာ စီနီမာတိုဂရပ်ဖာအနေနဲ့ ရိုက်ကူးခဲ့သလို အန်းလီရဲ့ Lust, Cautionနဲ့ Brokeback Mountainမှာလည်း ရိုက်ကူးခဲ့ဖူးတယ်။ The Wolf of Wall Street , The Irishman , Killers of the Flower Moon , Barbie တို့မှာလည်း စီနီမာတိုဂရပ်ဖာက သူပါပဲ။ ဒီနှစ်မှာတော့ တခြားကားတွေ စီနီမာတိုဂရပ်ဖာလုပ်တာ မရှိခဲ့ဘဲ သူ့ရဲ့ ဒီရုပ်ရှင်ကိုပဲ အားစိုက်ရိုက်ကူးခဲ့တယ်။ ဇာတ်ကတော့Alejandroရဲ့ Bardoအငွေ့အသက်မျိုးနည်းနည်းတော့သင်းပါတယ်။ ဘာမှတော့မဆိုင်ပါဘူး။ ဒါပေမဲ့ Bardoက ဒီဝတ္တုကနေပဲ စိတ်ကူးရတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ လူတစ်ယောက်ဟာ သူ့အမေမသေခင်မှာသွားတဲ့အတိုင်း ဝေးလံခေါင်သီတဲ့တစ်နေရာကို ရောက်လာပြီး ပက်ဒရိုပါရာမိုဆိုတဲ့ သူ့အဖေကိုလာရှာတာကနေ ဒီဇာတ်လမ်းကို စထားတယ်။ သူ့အမေပြောဖူးတဲ့ တစ်ချိန်က သာယာလှပတဲ့မြို့ကလေးဟာ သူရောက်တဲ့အချိန်မှာ မြို့ပျက်ပြီးဖြစ်နေခဲ့ပြီ။ တစ္ဆေမြို့လို မြို့တစ်မြို့ဖြစ်နေခဲ့ပြီ။ ဒီတစ္ဆေမြို့မှာ တစ္ဆေတွေရဲ့ စကားနားထောင်ရင်း သူ့အဖေအကြောင်း သူဘာတွေသိလာရမလဲ။ ဒီတစ်မြို့လုံးက တစ္ဆေတွေဟာ သူ့အဖေလက်ချက်နဲ့မကင်းဘဲ သေကြသူတွေဖြစ်နေတဲ့အခါ သူ့အဖေက ဘယ်လိုလူမျိုးဖြစ်ခဲ့လဲဆိုတာကို တစ္ဆေတွေနဲ့တွေ့ရင်းတစချင်းသိလာတာကို ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.7 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Fantasy, Horror, Mystery, Thriller Duration….02:13:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

6.1 2024
Pedro Páramo
Legend
6.9

Legend (2015) IMDb Rating (6.9) / Rotten Tomatoes (60%) Gangster ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်သူ မင်းသားတွေကို ပြပါဆိုရင် Tom Hardy ကိုလည်းချန်ထားခဲ့လို့ မရဘူးရယ်။ ဒီဇာတ်ကားမှာတော့ ၅၀ပြည့်နှစ်-၆၀ပြည့်နှစ်တွေမှာ လန်ဒန်မြို့ရဲ့ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ Gangsters တွေဖြစ်တဲ့ ခရေးအမြွှာညီနောင်ရဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်။ Identical twins ဖြစ်တဲ့အတွက် နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ရော်နယ်ခရေးနဲ့ ရတ်ဂျီနယ်ခရေးဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်အကြား ရွန်လို့ခေါ်တဲ့ ရော်နယ်ကတော့ စိတ်ကစဉ့်ကလျားရောဂါကို ခံစားနေရသူပေါ့။ ဒီတော့ သွေးဆာတတ်တယ်၊ အကြမ်းဖက်တတ်တယ်၊ ထင်တိုင်းကြဲတတ်တယ်။ ရတ်ဂျီကတော့ ပိုက်ဆံကြိုက်တယ်၊ ကလပ်ပိုင်ရှင် ကာစီနိုပိုင်ရှင်ဖြစ်တဲ့အတွက် အဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်တဲ့ လေးစားမှုကို ရချင်ပါတယ်တဲ့။ အကျဉ်းချုပ်လိုက်ရင်တော့ နှစ်ယောက်လုံးက ဂန်းစတားတွေပါ။ ဒီရုပ်ရှင်ကို ရတ်ဂျီရဲ့ ချစ်ရသူ၊ သူ့ထက် ၁၀ နှစ်ငယ်တဲ့ ဖရန်စစ်ရှေယာ(Emily Browning)က ဇာတ်ကြောင်းကို ပြောပြနေဟန်ရိုက်ကူးထားတယ်။ “ကျွန်မရဲ့ ခန့်ညားလှတဲ့ ရတ်ဂျီ/ ကျွန်မရဲ့ ရတ်ဂျီ/ ကျွန်မရဲ့ခင်ပွန်း” ဒီလိုလေးတွေ သုံးနှုန်းပြီးတော့ ခရေးညီနောင် နာမည်ကျော်ကြားလာပုံကစလို့ သူတို့ရဲ့ အဆုံးသတ်အထိ ဇာတ်ကြောင်းကိုပြောပြသွားတယ်။ ဒီဇာတ်ကားကို အတော်များများက underrated ဖြစ်တယ်လို့လည်း ဆိုကြတယ်။ ဒီတော့ အဲ့ဒါတကယ်ဟုတ်မဟုတ်ကို ကိုယ်တိုင်ခံစားကြည့်ရှုပြီး အကဲဖြတ်ကြည့်ပါဦး (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw မှ တင်ဆက်ထားပါတယ်။)

Horror • Thriller • Drama
6.9 2015 132 mins
Legend