YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Alex.Rider.S03E08.Invisible.Sword.1080p.AMZN.WEB-DL.(CM).mp4

1004.49 MB 1080p video/mp4 68 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Murder by Numbers
6.1

မင်းသားချော Ryan Gosling ငယ်ရွယ်စဉ်အခါကရိုက်ကူးထားတဲ့ မှုခင်းရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Ryan Gosling အပြင် အခြားနာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Michael Pitt, Ben Chaplin နဲ့ Sandra Bullock တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Barbet Schroeder ကရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရစ်ချက်(Ryan Gosling)ဟာအထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး ဥစ္စာပေါရုပ်ချောနဲ့ ကျောင်းမှာလည်းလူသိများတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူနဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူ ဂျက်စတင်ဟာ လိုချင်တာအားလုံးရနေတဲ့ဘဝမှာ ငြီးငွေ့လာတဲ့အတွက် ဘဝကြီးကိုအပြည့်အဝခံစားဖို့အတွက် လူသတ်မှုတစ်ခုကို ကျူးလွန်ဖို့အတူတူကြံစည်ကြပါတော့တယ်။ သူတို့ဟာသူတို့ဉာဏ်ကောင်းကြောင်း ပြချင်တဲ့အတွက်အမှုကို ပြီးပြည့်စုံအောင်စီစဉ်ခဲ့ပေမယ့် ဒီအမှုကိုကိုင်တွယ်တဲ့ စုံထောက်ကြီးကတ်ဆီမေဝဲသာကတော့ ဒီလိုယောက်ျားမျိုးတွေနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူဖြစ်တာကြောင့် သူတို့ရဲ့အမှုကို ဘယ်လိုမျိုးဖော်ထုတ်သွားမလဲဆိုတာကို လှည့်ကွက်တွေအပြည့်နဲ့ ခံစားကြရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Aung Win Htut ပါ။) File Size          : 3.4GB, 917MB, 488MB Quality            : 1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format            : mp4 Duration         : 1hr 55mins Genre              : Crime, Thriller, Mystery Translated by Aung Win Htut Encoded by Kinnov

Drama
6.1 2002 120 mins
Murder by Numbers
Raise a Glass to Love
7.4

~ IMDb rating - 6.9/10 ~ လောကကြီးထဲ လူနှစ်ယောက်ပေါင်းဖက်ဖို့ဆိုရာမှာ တစ်ဖက်လူရဲ့ ဝါသနာတွေ၊ ခံယူချက်တွေ၊ အိပ်မက်တွေကို နားလည်ပေးနိုင်ဖို့လိုပေမယ့် အရေးကြီးဆုံးကတော့ ယုံကြည်မှုပေးဖို့ အပြန်အလှန်လေးစားမှုရှိဖို့လို့ ထင်မိပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်လည်း ငယ်ငယ်ကတည်းက အဘွားလက်ထဲမှာ ကြီးပြင်းပြီး ဝိုင်ကို ချစ်မြတ်နိုးပြီး မာစတာတည်ခင်းသူဖြစ်ချင်တဲ့ ဂျန်နာဟာ ဝိုင်လောကသားဖြစ်ပြီး သူနဲ့သုံးနှစ်ကြာတွဲလာတဲ့ အေဒင်နဲ့ ဝါသနာတူ နယ်ပယ်တူချစ်သူတွေမလို့ အပေါ်ယံကြည့်ရင်တော့ အဆင်ပြေနေပေမယ့် တကယ်တမ်းလိုအပ်တဲ့ ယုံကြည်မှုကိုမရခဲ့ပါဘူး။ ဒီလိုနဲ့ သူ့အိပ်မက်ကို အကောင်ထည်ဖော်ဖို့ စာမေးပွဲအတွက်ကြိုးစားနေတဲ့ ဂျန်နာတစ်ယောက် တစ်နေ့မှာတော့ သူ့မိဘတွေရဲ့မင်္ဂလာနှစ်ပတ်လည်ပါတီအတွက် စပျစ်ခြံကိုပြန်ရောက်သွားပြီး သူ့အတွေးတွေကို ပြောင်းလဲပေးနိုင်မယ့် တမူထူးခြားတဲ့လူတစ်ယောက်နဲ့ တွေ့ဆုံမိတဲ့အခါမှာတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို Robin မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 700MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 24Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Robin Encoded by Y

Comedy • Drama
7.4 2021 84 mins
Raise a Glass to Love
All the Old Knives
6

မင်းသား ခရစ္စပိုင်းရဲ့ ရုပ်ရှင်အသစ်လေးပါ။ စပိုင်ရုပ်ရှင်ပါပဲ။ စိတ်ဝင်စားစရာအရမ်းကောင်းပါတယ်။ လိုက်ပြီးလည်း အတူစဉ်းစားရတဲ့ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်း - လွန်ခဲ့တဲ့ ၈ နှစ်က လေယာဉ်ပြန်ပေးဆွဲမှုတစ်ခုမှာ ဓားစာခံတွေ ရာချီပြီး သေဆုံးခဲ့သလို အကြမ်းဖက်သမားတွေအကုန်သေဆုံးခဲ့တဲ့အမှုတစ်ခုဖြစ်ပါတယ်။ အဲဒီအမှုမှာ ပါဝင်တဲ့သူတွေလည်း သေတဲ့သူသေ အငြိမ်းစားယူတဲ့သူ ယူကုန်ကြပါပြီ။ အကြမ်းဖက်ထောက်လှမ်းရေး အေဂျင်စီအနေနဲ့ အရှက်တကွဲနဲ့ ပိတ်သိမ်းခဲ့ရတဲ့ အမှုတစ်ခုပါပဲ။ ဒါပေမဲ့ ရှစ်နှစ်ကြာပြီးအချိန်မှာတော့ လေယာဉ်ပြန်ပေးခေါင်းဆောင်ကို ဖမ်းမိခဲ့ပြီး ပြန်ပေးမှုဟာ ထောက်လှမ်းရေးအတွင်းလူတစ်ယောက် ပါဝင်နေတယ်ဆိုတာသိလိုက်ရပါတယ်။ အဲဒီအတွက် အေဂျင်စီရဲ့ အတော်ဆုံး ထောက်လှမ်းရေးသမားကို တာဝန်ပေးပြီး အတွင်းလူသစ္စာဖောက် ဘယ်သူလဲဆိုတာ စုံစမ်းလာတဲ့အခါ.... File size…(1.22 GB)/(646.7MB)/(442MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson

Romance
6 2022 101 mins
All the Old Knives
Dear Sathya
8

IMDb Rating-(7.8/10) "ဆတ်ရာ" ဆိုတာကတော့ စိတ်ကူးအိမ်မက်တွေနဲ့ ပြည့်ဝနေတဲ့ deli ပို့တဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ် အလုပ်ကြိုးစားတဲ့သူဖြစ်တဲ့အပြင် မိခင်အပေါ်မှာလည်း အရမ်းသိတတ်တဲ့ သားလိမ္မာလေးတစ်ယောက်ပါ သူ့မှာ တစ်ဖက်သတ် ကြိတ်ကြွေနေရတဲ့ ကောင်မလေးတစ်ယောက်လည်း ရှိပါတယ် အစားအစာတွေပို့တဲ့ တာဝန်ပြီးတိုင်း ကောင်မလေးကို သွားသွားခိုးကြည့်နေကျပါ သို့သော် တစ်နေ့ ဆတ်ရာတစ်ယောက် သူ မကျူးလွန်ခဲ့တဲ အမှုအတွက် ချောက်တွန်းခံရပြီး ထောင်ကျသွားပါတယ် အဲ့ဒီထက်ဆိုးတာကတော့ သူ့မှာ သူအရမ်းချစ်ရတဲ့ မိခင်မရှိတော့ပါဘူး... ဒီကံကြမ္မာဆိုးက ဆတ်ရာဆီကို ဘယ်ပုံဘယ်နည်းနဲ့ ရောက်လာခဲ့တာလဲ... ဆတ်ရာကရော သူ့ဘဝကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင်လုပ်ခဲ့တဲ့သူတွေကို ဘယ်လိုလက်စားပြန်ချေမှာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် Action Thriller ကားကောင်းလေးဖြစ်တာမို့ အခုပဲကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်ဗျာ File size…2.07GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by GuuGuu & Lai Lai & Honey

Action • Adventure • Fantasy
8 2022
Dear Sathya
Idle Hands
6.1

1999 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကားလေးကို Horror ကားနဲ့ မစိမ်းတဲ့သူတွေတချို့ ကြည့်ဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ယောက်ျားလေးများရဲ့ ငယ်ဘ၀ crush ဖြစ်တဲ့ Jessica Alba က မင်းသမီးအနေနဲ့ ပါ၀င်ထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်တယ်၊ အဖော်အချွတ် ဘာညာသာရကာလေးတွေလည်း အားရကျေနပ်ရလောက်အောင် ပါတယ်ဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့ဗျာ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသား အန်တွန် ဆိုတဲ့ ငနဲပေါ့။ အဓိကဇာတ်ဆောင်ဆိုလို့ ဉာဏ်ကောင်း စာတော် အားကစား‌ပါရမီပါ ဘာညာစမာကလာ ပြီးပြည့်စုံနေတဲ့ မင်းသားတော့မဟုတ်ဘူး။ တစ်နေ့တစ်နေ့ အားအားရှိ စားလိုက် သောက်လိုက် တီဗီကြည့်လိုက် ဆေးရှူလိုက် အာသာဖြေလိုက်ပဲ လုပ်နေတဲ့ ကမ္ဘာ့စောက်ပျင်းအကျဆုံးကောင်... ဆေးရှူဖော်ဆေးရှူဖက် သူငယ်ချင်း မစ်ခ် နဲ့ ပနက်ဘ် ကလွဲလို့ အပေါင်းအသင်းလည်း ရှိတဲ့ကောင်မဟုတ်... ဒါပေမယ့် သူကြိတ်သဘောကျနေရတဲ့ crush မလေး မော်လီဆိုတဲ့တစ်ယောက်တော့ ရှိတာပေါ့။ ဒီလိုနဲ့ အပျင်းကြီးလွန်းတဲ့ အန်တွန်တစ်ကောင် ဘ၀ပျက်ဖို့ အကြောင်းဖန်လာတာကတော့ နတ်ဆိုးပူးကပ်ခြင်းခံရတာပါပဲ။ တစ်ကိုယ်လုံးကိုမဟုတ်ပဲ သူ့ရဲ့ အပျင်းကျလွန်းတဲ့ လက်တစ်ဖက်ကို ၀င်ပူးခံရတာပါ။ နတ်ဆိုးပူးကပ်တဲ့လက်ဟာ ကိုယ်ပိုင်အသိစိတ်နဲ့ သွေးဆာတဲ့လုပ်ရပ်တွေကို ဆက်တိုက်လုပ်လာပြီး အန်တွန်တစ်ယောက် အပျင်းကျလို့မရဘဲ ဒုက္ခရောက်ဗျာများရပါတော့တယ်။ ကဲ ဆေးသမားမင်းသား အန်တွန်တစ်ကောင် ဒီနတ်ဆိုးပူးကပ်နေတဲ့လက်ကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်... (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.7GB, 996MB Quality - Blu-ray 1080p, 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 32Min Genre - Comedy, Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Chuck Chuck Encoded by Y

Comedy • Drama
6.1 1999 92 mins
Idle Hands
Love Hard
7

CM ပရိသတ်ကြီးရေ Christmas ကလည်း နီးလာပြီဆိုတော့ Christmas နောက်ခံ အချစ်ဇာတ်လမ်းလေးတွေနဲ့ အပန်းဖြေလိုက်ကြရအောင်ပါ ၂၁ ရာစု အင်တာနက်ခေတ်ကြီးမှာ ခေတ်ထလာတာ တစ်ခုကို ပြောရရင် Online Dating App တွေလို့ ဆိုရပါမယ်။ နှစ်သက်ရာ app တစ်ခုမှာ အကောင့်တစ်ခုဖွင့်ပြီး ချစ်သူရှာကြသည်ပေါ့။ FA တွေအတွက်တော့ အတော်လေး နပ်တဲ့ app တွေပေါ့ဗျာ အလားတူ ဒီဇာတ်လမ်းထဲက အပျိုဟိုင်းကြီး နာတာလီကလည်း dating app တွေက စားစော်ကြီးပေါ့။ တစ်ခုပဲ ဒီစော်ကြီးက စားတိုင်း အစားမကြေလေဘူး။ တွဲသမျှ ပြတ်၊ ချိန်သမျှ ပါလိုက်နဲ့ ငှက်ပျောတုံး ဖက်ရလုနီးပါးပေါ့။ တစ်ခုတော့ အကောင်းသားဗျ။ အချစ်ကံခေပေမဲ့ ဒီကံခေမှုတွေကို သူက ဇာတ်လမ်းတွေဖန်တီးပစ်တော့ စားစော်ကြီးက အလုပ်အကိုင်အတည်တကျနဲ့ ရှုးဂါးမာမီစတိုင်ပါပဲ။ ဒါပေမဲ့ အပျိုကြီးက လက်မလျှော့သေးပါဘူး။ တစ်နေ့မှာ ဒီ dating app ကနေပဲ ဂျော့ရှ်ဆိုတဲ့ ခပ်ချောချော ဘဲတစ်ပွေနဲ့ သူ အီစီကလီတွေလုပ်ရင်း သံယောဇဉ်က ပိုမိသွားပါတယ်။ ဒီလိုနဲ့ ခရစ်စမတ်မှာ သူနဲ့ ဖြတ်သန်းမယ်ရည်ရွယ်ပြီး ဂျော့ရှ်ရှိရာ Lake Placid ကို လိုက်သွားပါတယ်။ အပျိုကြီးမမ ကံဆိုးချက်ကတော့ သူနဲ့ တစ်ချိန်လုံး အွန်လိုင်းပေါ်မှာ ကြူထားတဲ့ ဂျော့ရှ်ဆိုတဲ့လူဟာ ပရိုဖိုင်က တင်ထားတဲ့ပုံနဲ့ မိုးနဲ့မြေကွာတဲ့ ပုံတုံးကြီးဖြစ်နေတဲ့အခါ ..... ဘာတွေဆက်ဖြစ်ကြမလဲ ... ဂျော့ရှ်ကရော ဘယ်လိုလူလဲ .... တစ်ခါက နာမည်ကြီးခဲ့တဲ့ The Vampire Diaries မင်းသမီးချော Nina Dobrev က နာတာလီအဖြစ် ပါ၀င်သရုပ်ဆောင်ထားပြီး အခုချိန်ထိ သူ့ရဲ့ လှပချောမောမှုတွေကို တစ်၀ကြီး မြင်ရမှာပါ။ File Size : (1.5 GB) & (900 Mb) Quality : Webrip 1080p & 720 p Running Time : 1:44:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Yoon Sandi Aung and Jerrica Encoded by Mr. Anderson

Drama
7 2021 105 mins
Love Hard
A Cappella
6.2

A cappella 2016 ၁၉၆၉ခုနှစ် ဂျပန်နိုင်ငံအခြေအနေတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံအဝှမ်း တော်လှန်ရေးဆင်နွှဲနေပြီး စစ်ဆန့်ကျင်ရေးဆန္ဒပြမှုဆက်တိုက်ဖြစ်ပွားနေတဲ့အချိန်ဖြစ်ပါတယ်။ ကျိုကို ဆိုတဲ့အထက်တန်းကျောင်းသူလေးက ကျောင်းယူနီဖောင်းပုံစံပြောင်းလဲရေးအတွက် ဆန့်ကျင်ရေးကော်မတီဖွဲ့ပြီး လှုပ်ရှားနေတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေမှာပါဝင်ရင်း A cappellaဆိုတဲ့ ကဖီးဆိုင်လေးမှာ ဝါတရုဆိုတဲ့ ကောလိပ်ကျောင်းသားနဲ့တွေ့ဆုံခဲ့ပါတယ်။ ဝါတရုရဲ့သူငယ်ချင်း ယုနိုဆုကဲနဲ့ သူ့ရည်းစား အန်မာတို့လည်းရှိနေပြီး ဝါသနာတူရာတွေပြောကြရင်း ခင်မင်သွားခဲ့ကြပါတယ်။ အဲဒီနောက်တော့ ကျိုကိုနဲ့ ဝါတရုလည်း ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ ဖြစ်ရပ်စုံတဲ့ကာလအတွင်းမှာ ချစ်ခဲ့ကြတဲ့သူတို့က အစပိုင်းမှာ သာမန်အတွဲတွေလိုပဲ နေထိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့နှစ်ယောက်ကြားကဆက်ဆံရေးက တီးလုံးသံစဉ်မပါတဲ့ သီဆိုမှုတွေလိုဖြစ်နေခဲ့တဲ့အခါမှာတော့ သူချစ်တဲ့သူရဲ့အရှိတရားကိုလက်ခံမပေးနိုင်ဘဲ ဆွဲခေါ်ထားဖို့ကြိုးစားခဲ့တဲ့ကောင်မလေးတစ်ယောက်အကြောင်းကို ကြည့်ရှုရမဲ့ရုပ်ရှင်ပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2GB) / (800MB) Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__02:00:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Lattv

Animation
6.2 2016 132 mins
A Cappella
Blueback
5.8

တံငါရွာလေးတစ်ရွာ… အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်နေတဲ့ တံငါသည်တွေရဲ့ဘဝလေးတွေဟာ အစိုးရနဲ့လက်ဝါးချင်းရိုက်ပြီး စီမံကိန်းမြေတွေယူပြီး လုပ်စားနေတဲ့ ဝိသမလောဘသားခရိုနီသူဌေးကြီးရောက်ချလာချိန်မှာတော့ အိမ်တွေ၊ ရွာတွေဟိုရွှေ့သည်ရွှေ့နဲ့ ဘုံပျောက်ကြရုံမက ဘဝတွေပါပျက်၊ ရိုးသားတဲ့ဒေသခံတောသူတောင်သားတွေလည်း မျက်ရည်နဲ့မျက်ခွက်ဖြစ်ကြ… နောက်ဆုံး ဇာတ်လိုက်က ဟီးရိုးကြီးလုပ်ပြီး ခရိုနီကြီးကို ပညာပြ… ဒါကတော့ ပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ့် ဘောလိဝုဒ်တို့၊ တောလိဝုဒ်တို့က ဇာတ်လမ်း၊ ဇာတ်အိမ်မျိုးဖြစ်ပါတယ်။ အခုတင်ဆက်မယ့် ဇာတ်ကားလေးကလည်း အဲ့လိုဇာတ်လမ်းမျိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ မတူတာကတော့ ဘာဘူတို့လို message ကိုအတုံးလိုက်အတစ်လိုက်ချမပြတာရယ်၊ အမြတ်ကြီးစား၊ လောဘဇောတိုက်တဲ့ ခရိုနီကြီးတွေလောက် ဗီလိန်ကိုကြမ်းပြမထားတာရယ်၊ ဗီလိန်ရဲ့ ကဏ္ဍနဲ့ နိုင်ငံရေးတွေ၊ လူတန်းစားမညီမျှမှုတွေထက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်ကိုဇောင်းပေးပြီး ပညာပေးဆန်ဆန်ရိုက်ပြထားတာပဲ ကွာပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဩစတြေးလျနိုင်ငံက ‘ဓားပြဦးခေါင်း’ (Robber’s Head) ပင်လယ်အော်ဘက်က ကမ်းခြေရွာလေးတစ်ရွာမှာ ဒိုရာဂျက်ခ်ဆန်နဲ့ သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်တို့ နေထိုင်ကြပါတယ်။ သမီးဖြစ်သူငယ်စဥ်ကတည်းကယောကျ်ားဖြစ်သူ ပင်လယ်ကမ်းလွန်ပိုင်းမှာ ပုလဲငုပ်ရင်းငါးမန်းစာဖြစ်သွားတာကြောင့် မုဆိုးမဘဝနဲ့ သမီးဖြစ်သူကိုစောင့်ရှောက်ပေးနေရတဲ့ ဒိုရာဟာ မဟုတ်မခံစိတ်ရှိသူ၊ ပင်လယ်ပြင်နဲ့ရေနေသက်ရှိတွေအပေါ်သံယောဇဥ်ရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်သလို သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်ကိုလည်း ငယ်စဥ်ကတည်းက ပင်လယ်ပြင်နဲ့ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ပေးသူဖြစ်ပါတယ်။ အက်ဘီလေးဟာလည်း မိဘတွေရဲ့ဇာတိသွေးပါတာကြောင့် ငယ်စဥ်ကတည်းက ပင်လယ်ပြင်ထွက်ပြီး ရေငုပ်တတ်တဲ့ဝါသနာကြီးသလို တစ်နေ့ကြီးလာရင် အဏ္ဏဝါဗေဒပညာရှင်တစ်ယောက်အဖြစ် သမုဒ္ဒရာနဲ့ရေနေသတ္တဝါတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့်လေ့လာပြီး ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ရည်ရွယ်ချက်ရှိသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သားအမိနှစ်ယောက် ရေငုပ်ရင်း ရှားပါးမျိုးစိတ်တစ်မျိုးဖြစ်တဲ့ ဩစတြေးလျပင်လယ်ငါးပြာကြီးတစ်ကောင်နဲ့တွေ့ပြီး အက်ဘီခမျာသံယောဇဥ်ဖြစ်သွားပါတယ်။ ထုံးစံအတိုင်းအဲ့အချိန်မှာပဲ ကမ်းခြေကိုလှေကြီးတွေဝင်နိုင်ဖို့ ပင်လယ်အော်တစ်လျှောက် သန္တာကျောက်တန်းတွေဖြိုပြီး စီမံကိန်းမြေနေရာတွေ လိုက်ဝယ်နေတဲ့ စီးပွားရေးသမား တက်ဒ်ကော့စ်တယ်လိုရောက်လာတဲ့အခါ ဒိုရာဂျက်ခ်ဆန်အပါအဝင် ဒေသခံတွေနဲ့ အတိုက်အခံဖြစ်ကြပါတယ်။ အဲ့လိုနဲ့ ဒေသကောင်စီအစည်းအဝေးမှာ စီမံကိန်းပိုင်ရှင် ကော့စ်တယ်လိုကတစ်ဖက်၊ သဘာဝပတ်ဝန်းကျင်နဲ့ အဏ္ဏဝါသက်ရှိတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ ဒိုရာနဲ့ဒေသခံတွေကတစ်ဖက် အဆိုပြုလွှာတွေ တင်ကြပါတယ်။ ဒိုရာနဲ့ဒေသခံတွေပဲ နိုင်သွားမလား… ကော့စ်တယ်လိုရဲ့ ရည်ရွယ်ချက်အောင်မြင်ပြီး သန္တာကျောက်တန်းတွေပျက်စီး၊ ရွာတွေပျောက်ပြီး စီမံကိန်းမြေတွေဖြစ်သွားမလား… မိခင်နဲ့ဖခင်ရဲ့ ပင်လယ်ပြင်အပေါ်မြတ်နိုးစိတ်ကို အမွေရထားတဲ့ အက်ဘီလေးကရော ဘာတွေပံ့ပိုးလုပ်ဆောင်ပေးနိုင်မလဲဆိုတာတော့ ဆက်လက်ရှုစားကြည့်ရမှာပါ။ ဩစတြေးလျဒရာမာဇာတ်ကားဖြစ်တဲ့ ဒီရုပ်ရှင်ကို ဩစတြေးလျဒါရိုက်တာ ရောဘတ်ကွန်နော့လီက ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်များကတော့ ဩစတြေးလျသရုပ်ဆောင်တွေဖြစ်တဲ့ မီယာဝါဆီကော့စ်ကာ၊ ရာဒါမစ်ချယ်လ်၊ အီရစ်ဘာနာတို့ဖြစ်ပါတယ်။ မီယာဝါဆီကော့စ်ကာကိုတော့ အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ Alice in wonderland (2010)၊ Madame Bovary(2014)၊ Tracks (2013) တို့မှာပါဝင်ထားတဲ့မင်းသမီးဖြစ်တာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ ဇာတ်ပို့သရုပ်ဆောင်ဖြစ်တဲ့ အီရစ်ဘာနာနဲ့လည်း Blackhawk down တို့၊ Troy တို့၊ Hulk တို့လိုရုပ်ရှင်ကြီးတွေမှာ မျက်မှန်းတန်းမိပြီးသားဖြစ်လောက်ပါတယ်။ မိခင်ဖြစ်သူ ဒိုရာဂျက်ခ်ဆန်နေရာကနေသရုပ်ဆောင်ထားတဲ့ ရာဒါမစ်ချယ်လ်ကိုတော့ London has fallen (2016) ဇာတ်ကားထဲမှာ မြင်ဖူးပြီးသားဖြစ်မှာပါ။ အင်္ဂလိပ်ဘာသာစကားနဲ့တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကို ၂၀၂၂ တိုရွန်တိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ၊ ကမ်းရိုးတန်းဒေသတွေရဲ့ အလှအပတွေ၊ ရှုခင်းတွေကို တစ်ဝကြီးကြည့်ရှုကြရမှာဖြစ်ပြီး ရေအောက်ရှုခင်းတွေနဲ့ ပင်လယ်သတ္တဝါတွေကိုလည်း ဖောဖောသီသီထည့်သွင်းပြသထားပါတယ်။ ဘာသာပြန်သူအနေနဲ့တော့ ဇာတ်ကားတစ်ကားလုံးမှာ ဇာတ်သိမ်းခါနီး ညနေဆည်းဆာချိန်မှာ ပင်လယ်ဘက်မျက်နှာမူပြီးသားအမိနှစ်ယောက်ပြောကြတဲ့ ဒိုင်ယာလော့ခ်ကို အကြိုက်ဆုံးဖြစ်မိပါတယ်။ Rotten tomatoes 79% ဖြစ်ပြီး IMdb rating 5.9 ရထားပါတယ်။ File size…(2.08GB) / (771.64MB) / (529.79MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre…Drama / Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ninja

5.8 2022 102 mins
Blueback
Full Metal Jacket
8.3

Full metal Jacket ( 1987 ) IMDb Rating (8.3) / Rotten Tomatoes (90%) အမေရိကန်ဒါရိုက်တာတွေထဲ အတော်ဆုံးဆိုတဲ့ ဒါရိုက်တာတွေ တော်တော်တော့များတယ်ပေမဲ့ စတန်လေကူးဘရစ်ကတော့ အဲဒီအတော်ဆုံးတွေရဲ့ အတော်ဆုံးထဲကမှ အတော်ဆုံးလို့တောင် ပြောလို့ရလောက်ပါတယ်။ Genre ပေါင်းစုံရိုက်ခဲ့ပြီး ရိုက်ခဲ့သမျှလဲ သူ့Genreမှာသူ အနုပညာအရထိပ်ဆုံးက အောင်မြင်နေတဲ့ ရုပ်ရှင်တွေချည်းရိုက်ထားတဲ့သူပါပဲ။ သူ့ရုပ်ရှင်တွေဟာ ဟောလိဝုဒ်နယူးဝေ့ရဲ့ အရေးပါတဲ့ ရုပ်ရှင်တွေဖြစ်ခဲ့သလို ၂၀ရာစု ကမ္ဘာ့ရုပ်ရှင်ရဲ့ အရေးအပါဆုံး ရုပ်ရှင်တွေလည်းဖြစ်ခဲ့တယ်။ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးရုပ်ရှင်လို့လည်း ပြောကြတဲ့ Citizen Kaneရဲ့ ပဲ့ကိုင်ရှင် အော်ဆန်ဝဲလ်က သူ့အောက်မျိုးဆက်မှာ ကူးဘရစ်ဟာ တော်တော်အထင်ကြီးစရာကောင်းတယ်လို့ ပြောခဲ့ဖူးတယ်။ စပီးဘာ့ချ်, စကောဆေးစိ,ကော်ပိုလာ,လူးကတ်စ်,ကလင့်အိစ်ဝုဒ်, ကင်မရွန်း,ဝူဒီအယ်လန်, တင်ဘာတန်, တာရတန်တီနို ,ဒေးဗစ်လင်း, ပေါလ်သောမတ်အန်ဒါဆန်, ဝက်စ်အန်ဒါဆန်, အာရွန်နော့စကီး, နိုလန်, ရစ်ချက်လင့်လိတ်တာ, မိုက်ကယ်မန်း, ဒယ်တိုရို, ဂျော့အေရိုမီရို ဆက်ရေးရင် အေဖိုးတစ်မျက်နှာပြည့်မှာမို့ ဒီနားပဲထားလိုက်တာပေါ့။ ဒီလူတွေဟာ လိုင်းပေါင်းစုံက ကိုယ်ပိုင်ဟန်အပြည့်နဲ့ ဒါရိုက်တာတွေပါ။ ရိုမီရိုဆို zombieရုပ်ရှင်တွေရဲ့ ဖခင်ကြီးပါပဲ။ ဒီလိုလူတွေက ကူးဘရစ်က သူတို့ရဲ့ inspirationဖြစ်စေတဲ့ ရင်းမြစ်လို့ ပြောခဲ့ပါတယ်။ ဟုတ်လည်းဟုတ်မှာပါ။ ကူးဘရစ်မရိုက်ဖူးတဲ့ ရုပ်ရှင်အမျိုးအစားကလည်း ခပ်ရှားရှားပါပဲ။ ပြောရရင် ကျွန်တော်တို့သိတဲ့ အမေရိကန်ဒါရိုက်တာတွေအားလုံးနီးပါးက ကူးဘရစ်ကို ချစ်တဲ့သူတွေ ကူးဘရစ်နဲ့ မကင်းတဲ့လူတွေချည်းပါပဲ။ IMDBက The Top 50 Greatest Directors of All Timeစာရင်းမှာလည်း ကူးဘရစ်က ထိပ်ဆုံးကနေရာယူထားပါတယ်။ ၂ကတော့ အကီရာကူရိုဆာဝါပါပဲ။ ဒါက ကူးဘရစ်ရဲ့ခမ်းနားမှုနဲ့ သူ့ကို တန်ဖိုးထားကြပုံကို ပြောရုံသက်သက်ပါပဲ။ ကိုယ့်ရင်ဘတ်နဲ့ ကိုယ်တိုင်းပြီး ကိုယ့်အကြိုက်ဆုံး ရုပ်ရှင်ကိုတော့ ဆုံးဖြတ်လို့ရပေမဲ့ အကောင်းဆုံးရုပ်ရှင်ကိုတော့ သွားဆုံးဖြတ်လို့မရသလိုပဲ ဘယ်ဒါရိုက်တာက ဘယ်ဒါရိုက်တာထက်ပိုတော်ပါတယ်လို့လည်း ကျွန်တော်တို့ သွားပြောလို့မရဘူး။ အနုပညာမြောက်နေတဲ့အနုပညာပစ္စည်းတွေကို တစ်ခုနဲ့တစ်ခု ဘာက ဘာထက်ပိုသာတယ်လို့ သွားပြောလို့မရသလိုပဲပေါ့။ Full metal Jacket ဟာ ကူးဘရစ်မသေခင် ရုံတင်ခဲ့တဲ့ကူးဘရစ်ရဲ့ နောက်ဆုံးကားဆိုလည်းဟုတ်တယ်။ သူရိုက်ခဲ့တဲ့နောက်ဆုံးကားကတော့ Eyes Wide Shut။ ဝေဖန်ရေးသမားတွေဆုံးဖြတ်ထားတဲ့ အကောင်းဆုံးစစ်ကားတွေစာရင်းထဲတော့ ထိပ်ဆုံးကားက ကူးဘရစ်ရဲ့ကားဖြစ်သလို Full metal Jacketကလည်း အဲဒီစာရင်းမှာ နံပါတ်၃နေရာကိုယူထားတယ်။ သူရိုက်ခဲ့တဲ့ နောက်စစ်ကား ၂ကားမှာ တစ်ကားကလည်း စစချင်းရိုက်ခဲ့တာပေမဲ့ အခြေအနေတစ်ခုမှာရှိနေသလို Dr. Strangelove ဆိုလည်း နောက်ထပ်မာစတာပိစ်တစ်ကားပါပဲ၊။ ဇာတ်ကတော့ အမေရိကန်တွေရဲ့ ပြဿနာတော်တော်ကြီးခဲ့တဲ့ ဗီယက်နမ်စစ်ပွဲအကြောင်းပဲ။ ဒါမဲ့ ကူးဘရစ်ရိုက်ပြပုံက သူများနဲ့တော့ နည်းနည်းထူးတယ်။ သူက ဗီယက်နမ်စစ်ပွဲကို အရင်မပြဘူး။ စစ်သင်တန်းဝင်တာကနေ အရင်စပြတယ်။ စစ်သင်တန်းမှာ ဘယ်လိုရက်စက်ခက်ထန်ပြီး ဘယ်လိုလူတွေဖြစ်လာအောင် ပုံသွင်းခံခဲ့ရလဲက အရင်ပြတယ်။ ဒါကလည်း နောက်လာမယ့် အခန်းတွေအတွက် တော်တော်လေးတာသွားတယ်။ ဒီလောက်ရက်စက်ခက်ထန်တတ်အောင်‌ လူကိုလူလို့မမှတ်ဘဲအုပ်ချုပ်ခဲ့တဲ့ သွေးခွဲအုပ်ချုပ်တဲ့အထိ လုပ်ခဲ့တဲ့ လေ့ကျင့်ရေးစခန်းကို ဖြတ်သန်းပြီးတဲ့ မရိန်းတပ်သားတွေရဲ့ပြောင်းလဲသွားပုံနဲ့ အဲဒီလိုပြောင်းလဲပေးပြီးတာတောင် ဗီယက်နမ်စစ်ပွဲကို လက်တွေ့ရင်ဆိုင်ရတဲ့အခါ ဆောက်တည်ရာမရဖြစ်သွားတဲ့ပုံစံတွေကို ယှဉ်ပြထားတယ်လို့တောင် ပြောရမယ်။ ဒီကားရဲ့တစ်ဝက်လောက်အထိကို စစ်သင်တန်းက ပေးတဲ့ထရော်မာတွေရဲ့ ရက်စက်ပုံကို ပြထားပြီးတဲ့နောက် ပိုဆိုးတာမရှိလောက်တော့ဘူးလို့ အားလုံးထင်နေတဲ့အချိန်မှာပဲ လောကကြီးက ပိုရက်စက်တတ်ကြောင်း ပြက်ရယ်ပြုသွားတဲ့ရုပ်ရှင်ပါပဲ။ ကူးဘရစ် ဗီယက်နမ်တိုက်ပွဲကို ပြတဲ့ပုံစံက ကော်ပိုလာတို့ အိုလီဗာစတုန်းတို့လို ခမ်းကြီးနားကြီးမဟုတ်ဘူး။ ယုတ်စွအဆုံး ဖောရပ်ဂန့်စ်ထဲကလောက်တောင် ကြီးကျယ်တဲ့ တိုက်ပွဲမဟုတ်နေဘူး။ သူ့ကိုကလည်း ဟိုးအောက်ဆုံးအဆင့်အထိ တမင်ခေါ်ပြီး သရော်ထားတာပါပဲ။ ကူးဘရစ်မှာ စစ်ပွဲကို သရော်တတ်တဲ့အကျင့်လေးတော့ ပါလာပုံရတယ်။ ကူးဘရစ်ရဲ့တင်ဆက်ပုံဟာ ဇာတ်က ဘာမှမရှိဘူးလို့ထင်ရတယ်။ ဘာမှအရေးမပါလှတဲ့ အကြောင်းအရာလို့လည်းထင်ရတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒီဘာမှမရှိတဲ့ဇာတ်ကိုက ခင်ဗျားခေါင်းထဲ စွဲသွားမယ့်ဇာတ်ဖြစ်သွားပြီး ဘာမှအရေးမပါတဲ့အကြောင်းအရာကိုက ဗီယက်နမ်စစ်ပွဲနဲ့စစ်သားတွေရဲ့အခြေအနေတွေအားလုံးကို ကိုယ်စားပြုနေတယ်။ ဒါတော့ ကူးဘရစ်အတွက် မဆန်းလှတော့ပါဘူး။ The Shiningလို ဟော်ရာကားမျိုးကို သူရိုက်ခဲ့တာကိုပဲ ကြည့်ပေါ့။ ကူးဘရစ်ရဲ့ Full Metal Jacketဟာ စစ်ကားတစ်ကားဆိုတာထက် စစ်ပွဲထဲက လူတွေအကြောင်းလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဒီရုပ်ရှင်မှာ စုတ်ပြတ်သတ်နေတဲ့ လောကကြီးတစ်ခုရှိတယ်။ အဲဒီလောကကြီးမှာ ရှင်နေကြတဲ့လူတွေရှိတယ်။ အဲဒီလူတွေထဲ ကိုယ့်ကိုယ်ကိုယ်လိမ်လိုက်ပြီး အဲဒီလောကကြီးကို ရင်ဆိုင်နိုင်ခဲ့ကြသူတွေရှိတယ်။ အဲဒီလောကကြီးကို ရင်မဆိုင်နိုင်တော့တဲ့သူတွေလည်းရှိတယ်။ အဲဒီလောကကြီးကတော့ ဘာမှမပြောင်းလဲသွားပေမဲ့ တပ်သားဂျိုကာရဲ့အဆုံးပိတ်စကားလိုပဲ အဲဒီလောကကြီးကို ရင်ဆိုင်နိုင်သွားတဲ့လူတွေကတော့ အသက်နဲ့ကိုယ် အိုးစားမကွဲသွားတာကိုပဲ ကျေးဇူးတင်ရင်း ဘာကိုမှမကြောက်တတ်ကြတော့ဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

8.3 1987
Full Metal Jacket
Conquer: Lahad Datu Takluk: Lahad Datu
7.6

Conquer: Lahad Datu (2024) IMDb Rating (7.6) ၂၀၁၃ ခုနှစ်တုန်းက လာဟတ်ဒါတူးကိုဝင်ရောက်ကျူးကျော်ခဲ့တဲ့ အကြမ်းဖက်သမားတစ်သိုက်နဲ့ မလေးရှားတော်ဝင်ရဲတပ်ဖွဲ့တို့ကြားက စစ်ရေးပဋိပက္ခဖြစ်ရပ်မှန်ကိုအခြေခံထားတာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုအဲ့ဒီနယ်မြေရဲ့အရိုက်အရာကိုဆက်ခံရမယ့် ဆူလ်တန်တစ်ဦးလို့ကြွေးကြော်ထားတဲ့ပုဂ္ဂိုလ်တစ်ယောက်နဲ့ သူ့နောက်လိုက် လက်နက်ကိုင်တစ်စုဟာ ၂၀၁၃ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ လာဟတ်ဒါတူးကို လှေတွေနဲ့ရောက်ရှိလာပြီးဝင်ရောက်ကျူးကျော်ခဲ့ပါတယ်။ အစိုးရဘက်က ပြည်သူတွေမထိခိုက်စေရေးအတွက် စေ့စပ်ညှိနှိုင်းရေးအဖွဲ့တွေစေလွှတ်၊ ဆွေးနွေးခဲ့ပေမယ့် မဖြစ်နိုင်လွန်းတဲ့ တောင်းဆိုချက်တွေကြောင့် ဆွေးနွေးပွဲပျက်ပြားခဲ့ပြီး စစ်ရေးပဋိပက္ခစတင်လာခဲ့ပါတယ်။ ဖြစ်ရပ်မှန်ကိုအခြေခံတဲ့ ဇာတ်ကားဖြစ်ပေမယ့် ကြားညှပ်ထားတဲ့ subplot တွေ၊ emotion scenes တွေအပြင် ခမ်းနားပီပြင်တဲ့နောက်ခံဆက်တင်တွေ၊ သပ်ရပ်တဲ့အက်ရှင်ခန်းတွေကြောင့် အချိန်ပေးရကျိုးနပ်စေမယ့် action/thriller ကားကောင်းတစ်ကားအဖြစ်တွေ့မြင်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2.5 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mp4 Genre….Action, Crime, Drama, History, Thriller, War Duration….01:59:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

7.6 2024 120 mins
Conquer: Lahad Datu Takluk: Lahad Datu
Reawakening
6.2

ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ British Drama ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဒါရိုက်တာ Virginia Gilbert က ရိုက်ကူးထားပါတယ်။ အဓိကဇာတ်ဆောင်တွေအဖြစ် Jared Harris, Juliet Stevenson နဲ့ Erin Doherty တို့က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်နဲ့မယ်ရီတို့ဟာ ပျောက်သွားတဲ့ သူတို့ရဲ့ ၁၄ နှစ်အရွယ်သမီးလေးကလဲရ်ကို လိုက်ရှာနေခဲ့ ပါတယ်။ ဆယ်နှစ်ကြာပြီးနောက် တစ်နေ့မှာတော့ မမျှော်လင့် ထားပဲနဲ့ ကလဲရ်က အိမ်ပြန်ရောက်လာပါတယ်။ နှစ်ပေါင်းများစွာကြာပြီဖြစ်တာကြောင့် မိဘဖြစ်သူတွေကလည်း မမှတ်မိကြတော့ပါဘူး။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ မိသားစုလေး ပြန်လည်ဆုံဆည်းဖြစ်သွားပါပြီ။ ဒါပေမယ့် သူက တကယ့်ကလဲရ်အစစ်အမှန်ရောဟုတ်ရဲ့လား။ ဘာလို့ ဆယ်နှစ်ကြာပြီးမှ ပြန်ရောက်လာတာလဲ စတဲ့မေးခွန်း တွေရဲ့အဖြေကို ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ သမီးဖြစ်သူ ပျောက်ဆုံးသွားတာနဲ့ပတ်သတ်ပြီး မဖြေရှင်းနိုင်တဲ့ ပဟေဠိတွေနဲ့ ရင်ဆိုင်နေရတဲ့ မိဘဖြစ်သူနှစ်ယောက်ရဲ့ခံစားချက်ကို ပေါ်လွင်အောင်ဖော်ပြထားပါတယ်။ IMDb မှာ rating ကောင်းတစ်ခုကို ရရှိထားပြီးတော့ အရမ်း ကြည့်လို့ကောင်းတဲ့ ဒရာမာဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ File size… (1.01 GB) / (468 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre …. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Romance • Comedy
6.2 2024 90 mins
Reawakening
Fierce Killer Marsupial

IMDB Rating – “2.2/10” ဒီရုပ်ရှင်ဟာ သြစတြေးလျရဲ့ ရိုးရာပုံပြင်ထဲက drop bear ဆိုတဲ့ သတ္တဝါကို အခြေခံပြီး ရိုက်ကူးထားတဲ့ comedy horror ဇာတ်ကားတစ်ကားပါ။ Anthony Darvall နဲ့ Annabelle Andrew တို့က paranormal vlogger နှစ်ယောက်အနေနဲ့ သြစတြေးလျ outback မှာ drop bear ဆိုတဲ့ ဒဏ္ဍာရီသတ္တဝါကို လိုက်ရှာကြတဲ့ အခန်းတွေကို ရိုက်ပြထားပါတယ်။ ဒါပေမယ့် drop bear ဟာ သြစတြေးလျမှာ ခရီးသွားတွေကို ခြောက်လှန့်ဖို့ ဖန်တီးထားတဲ့ ပုံပြင်တစ်ခုသာ ဖြစ်ပေမယ့် ဒီဇာတ်ကားမှာတော့ တကယ့်ဘေးအန္တရာယ်ရှိတဲ့ သတ္တဝါအဖြစ် ပုံဖော်ထားပါတယ်။ ဇာတ်လမ်းက ၁ နာရီ ၂၆ မိနစ်ကြာပြီး Frank Maljevac ရိုက်ကူးထားပါတယ်။ ဒါပေမယ့် production value နဲ့ သရုပ်ဆောင်မှုတွေက နိမ့်ကျပြီး B-grade horror comedy တစ်ကားလို ခံစားရပါတယ်။ သရုပ်ဆောင်တွေရဲ့ အင်္ဂလိပ်စကားပြောဆိုမှုကလည်း သဘာဝမကျသလို၊ အမြင်သက်သေတွေကလည်း အတော်လေး အနည်းပါးပါ။ တကယ်လို့ သာမန် horror comedy တွေကို စိတ်ဝင်စားသူဆိုရင် စမ်းကြည့်သင့်ပေမယ့် အရည်အသွေးမြင့် ရုပ်ရှင်မျိုးမျိုးကို မျှော်လင့်နေသူတွေအတွက်တော့ မလွယ်ကူပါဘူး။ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ivy Noe

0 2025
Fierce Killer Marsupial