YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Akele Hum Akele Tum 1995 1080p AMZN WEB-DL {CM} TSK.mp4

3.77 GB 1080p video/mp4 196 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
That Thing You Do!
6.9

ဒီတစ်ခေါက်မှာတော့ မင်းသားကြီး Tom Hanksက ပွဲဦးထွက်အနေနဲ့ ဒါရိုက်တာ၊ စာရေးဆရာအဖြစ် ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ 1996 ခုနှစ်က That Thing You Do ဆိုတဲ့ IMDB 7/10, Rotten Tomatoes 94% ရရှိထားတဲ့ ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ Musical/Comedy/Drama ကားလေးမှာ မင်းသားကြီးတွေဖြစ်တဲ့ Tom Everett Scott (Dead Man on Campus)၊ Johnathon Schaech (Hush)၊ ဟာသမင်းသားကြီး Steve Zahn (Daddy Day Care) နဲ့ မင်းသမီးချော Liv Tyler (Lord of the Ringsထဲက Arwen)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဇာတ်ဝင်သီချင်းတစ်ဖြစ်လည်း မူရင်းသီချင်းဖြစ်တဲ့ That Thing You Do ဟာဆိုရင် အကောင်းဆုံး မူရင်းဇာတ်ဝင်တေးသီချင်းဆုအဖြစ် ဆုပေးပွဲများစွာမှာ အနိုင်ရရှိခဲ့တာပါ။ ဇာတ်လမ်းအကျဉ်း ၁၉၆၄ ခုနှစ်မှာ Erie, Pennsylvania က လူငယ်လေး ၄ယောက်ပါဝင်တဲ့ တီးဝိုင်းအဖွဲ့လေးက ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆိုတဲ့ သီချင်းတစ်ပုဒ်နဲ့ မမျှော်လင့်ဘဲ လူသိများထင်ရှားလာခဲ့ပါတယ်။ တဖြည်းဖြည်းနာမည်ကြီးလာတော့ အသံသွင်းကုမ္ပဏီကြီးတစ်ခုရဲ့ ကမ်းလှမ်းချက်နဲ့အတူ နိုင်ငံတစ်ဝှမ်း ဖျော်ဖြေပွဲတွေ သွား၊ ဓာတ်ပုံတွေရိုက်နဲ့ မအားမလပ်နိုင်လောက်အောင် အလုပ်တွေရှုပ်နေခဲ့တာပေါ့။ လူမသိသူမသိဘဝလေးကနေ ရုတ်တရက်ကြီး အောင်မြင်သွားပြီး တိုင်းသိပြည်သိ အနုပညာရှင်ဖြစ်သွားတဲ့အခါ ဒီအောင်မြင်မှုရဲ့ဝန်ကို ဘယ်လိုတွေထမ်းပိုးရမလဲဆိုတာ၊ အောက်ခြေမလွတ် ဘဝင်မမြင့်ဘဲ အဆုံးထိ အောင်မြင်မှုကို ထိန်းသိမ်းနိုင်ပါ့မလားဆိုတာ ဇာတ်ကားလေးထဲမှာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်တာမို့ အတုယူစရာ ပညာရစရာလေးတွေကိုလည်း တစ်ပါတည်း ရှုစားနိုင်မှာပါ။ အောင်မြင်မှုဆိုတာ စတင်ဖို့မလွယ်သလို ထိန်းသိမ်းထားဖို့က ပိုခက်ခဲတယ်ဆိုတာ၊ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အောင်မြင်ကျော်ကြားမှုရဲ့ ကျေးကျွန်ဖြစ်မသွားဖို့ သတိထားသင့်ပုံလေးတွေပါ သိရှိနိုင်မှာပါ။ (ဒီကားလေးထဲက ကြည်နူးစရာလေး တစ်ခုကတော့ ဦးသန့်ကို ထည့်သွင်းဖော်ပြပေးသွားတာပါ။ စာလေးတစ်ကြောင်း ဇာတ်ဝင်ခန်းလေး တစ်ခန်းပဲပေမယ့် ဦးသန့်အကြောင်းကို တလေးတစား ထည့်သုံးသွားတာလေးနဲ့တင် အဲဒီခေတ်အဲဒီအခါက ဦးသန့်ရဲ့ အောင်မြင်မှုကို တွက်ဆကြည့်လို့ရနိုင်ပါတယ်။ ဒီကားရဲ့ စာရေးဆရာ ဒါရိုက်တာဖြစ်တဲ့ Tom Hanksရဲ့ ဗဟုသုတကြွယ်ဝမှုနဲ့ အလေးအမြတ်ထားတတ်မှုကိုတော့ မချီးကျူးဘဲမနေနိုင်လောက်အောင်ပါပဲ) အညွန်းနဲ့ ဘာသာပြန်က Emily ပါ။ File size…(2.5 GB)/(1.7 GB)/(822 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama, Comedy, Romance, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Drama • Romance
6.9 1996 108 mins
That Thing You Do!
Under Siege
6.3

မင်းသားကြီး Steven Seagal ရဲ့ အက်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ ကေဆီရိုင်းဘတ်က မစ်ဆူရီဆိုတဲ့ စစ်သင်္ဘောဟောင်းပေါ်က ခေါင်းဆောင်စားဖိုမှူးဖြစ်ပါတယ်။ တစ်နေ့မှာ သင်္ဘောကပ္ပတိန်ကြီးရဲ့ စပရိုက် မွေးနေ့ပွဲအတွက်ဆိုပြီး တီးဝိုင်းအဖွဲ့တစ်ဖွဲ့ရယ် မိန်းမချောလေးတစ်ဦးရယ် ရောက်လာကြပါတယ်။ ဒါပေမဲ့ အဲဒီတီးဝိုင်းအဖွဲ့ရဲ့အကြံအစည်က သင်္ဘောသားတွေ ထင်ထားသလိုမဟုတ်တဲ့အခါ သူတို့သင်္ဘောတစ်စီးလုံး ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။ အဲဒါကို စားဖိုမှူးလို့ပဲသိထားကြတဲ့ ရေတပ် ဆီးလ်အထူးတပ်ဖွဲ့ဝင်ဟောင်း ရိုင်းဘတ်က ဘယ်လိုပြန်ကယ်ဆယ်မလဲဆိုတာ… File Size :(3.85GB) (1.05GB) and (504 MB) Quality : Blu-Ray 1080P5.1CH,720p Format…mp4 Duration…01:43:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

Horror • Mystery • Science Fiction • Thriller
6.3 1992 103 mins
Under Siege
Mysterious Skin
7.6

(ပြင်းထန်တဲ့စကားလုံးအသုံးအနှုန်းတွေနဲ့ လိင်တူဆက်ဆံတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့် မိသားစုနဲ့ ကြည့်ဖို့ မသင့်တော်တဲ့ ဇာတ်ကားအဖြစ် ကြိုတင်သတိပေးပါရစေ) ဒီဇာတ်ကားမှာ ဇာတ်လမ်းက နှစ်ခုလို့ ပြောရမယ့်အခြေအနေမှာ ရှိပါတယ်. ငယ်ငယ်ကတည်းက လိင်စိတ်ယိုင်နဲ့နေတဲ့ ကလေးနှစ်ယောက် တစ်ကွဲစီကြီးပြင်းလာပုံကို ယှဉ်ပြပြီးဇာတ်လမ်းတစ်ခုလုံးကို ဆွဲခေါ်သွားခဲ့ပါတယ်။ ငယ်ဘဝကတည်းက မဖြေရှင်းနိုင်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်ပုစ္ဆာတစ်ခုရဲ့အဖြေ ကို ဘယ်လောက် အချိန်ပေးရပေးရ ရှာဖွေချင်နေတဲ့ ဘရိုင်ရန်  ငယ်ဘဝမှာ မှားယွင်းခဲ့မိတာကနေစပြီး တစ်သက်လုံး လိင်စိတ်ယိုင်နဲ့နေသူအဖြစ် ဖြတ်သန်းရင်း ဘဝကို ရေစုန်မျောနေတဲ့ နေးလ်. သူတို့နှစ်ယောက်ရဲ့ ဆက်သွယ်မှုကရော ဘာလဲ. ဘရိုင်ရန် ရှာဖွေချင်နေတဲ့ ပုစ္ဆာရဲ့အဖြေကိုရော ဘယ်သူက ဖြေရှင်းပေးသွားမှာလဲ ဆိုတာကို ပရိသတ်များရှုစားနိုင်ဖို့  CM ကနေ တင်ဆက်ပေးလိုက်ပါတယ်.... File size…1.46GB / 508MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre .....  Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali

Adventure • Drama • History
7.6 2005 105 mins
Mysterious Skin
The Invisible Thread
6.7

ဒီရုပ်ရှင်လေးကတော့ မကြာခင်ကမှ Netflix ကနေ ထွက်ရှိထားတဲ့ LGBT based Drama/Comedy ဇာတ်လမ်းကောင်းလေးပါပဲ။ ဇာတ်အိမ်တည်ရာဒေသကတော့ ဥရောပတောင်ဘက်ပိုင်းက အီတလီနိုင်ငံရောမမြို့လေးပါ။ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာ့အနောက်ခြမ်းဆိုတာက လူ့အခွင့်အရေးလှုပ်ရှားမှုတို့၊ ကျားမတန်းတူညီမျှမှု၊ LGBTQ Rights တွေအတွက်လှုပ်ရှားမှုတွေဆိုတာ အမြဲလိုလိုတွေ့နေခဲ့ရပြီး အဲ့ဒါတွေအတွက် အမှန်တကယ်လည်း ဥပဒေတွေချမှတ်နိုင်ခဲ့ကြတယ်။ တကယ်တမ်း တခြားနိုင်ငံတွေနဲ့ယှဉ်ကြည့်ရင်တော့ အီတလီက LGBT Rights နဲ့ပတ်သက်ပြီး တရားဝင်အသိအမှတ်ပြုခံရတာနောက်ကျပါတယ်။ 2000 ခုနှစ်ဝန်းကျင်အတွင်းမှာ အနောက်နိုင်ငံအတော်များများက Civil Union ရခဲ့ပေမယ့် အီတလီနိုင်ငံမှာတော့ 2016 June လမှာမှ Civil Union လို့ခေါ်တဲ့ လိင်တူပေါင်းဖက်ခွင့်ကို တရားဝင်အသိအမှတ်ပြုကြောင်း ဥပဒေက အသက်ဝင်လာခဲ့တယ်။ လိင်ကွဲပေါင်းဖက်မှု‌‌တွေနည်းတူ အခွင့်အရေးအားလုံးနီးပါး ရရှိနိုင်တယ်လို့ဆိုထားပေမယ့် တကယ်တမ်းမှာ child adoption နဲ့ပတ်သက်ပြီး ကန့်သတ်ထားတာတွေရှိနေဆဲပါ။ နောက်ပြီး လိင်တူပေါင်းစည်းခွင့်နဲ့ အတူပေါင်းသင်းနေထိုင်မှုကို ခွင့်ပြုထားပေမယ့် လက်ထပ်ထိမ်းမြားခွင့်ကိုကျတော့ တရားဝင်အသိအမှတ်မပြုထားတာ ယနေ့အထိပါပဲ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့... လီယိုဆိုတဲ့ ဆယ်ကျော်သက်အရွယ်‌ကောင်လေးဟာ ကျောင်းနှစ်ကုန်ပရောဂျက်အဖြစ် ဗီဒီယိုမှတ်တမ်းတစ်ပုဒ်ရိုက်ကူးရမယ်ဆိုတဲ့အခါ သူ့မိသားစုအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဖခင်နှစ်ယောက်အကြောင်း၊ သူဘယ်လိုမွေးဖွားလာခဲ့တဲ့အကြောင်း၊ တခြားကလေးတွေလို ပုံမှန်ကြီးပြင်းလာခဲ့တဲ့အကြောင်း၊ မွေးစာရင်းမှာ ဖခင်နာမည်နှစ်ခုလုံးထည့်ချင်တဲ့အတွက် ကြိုးပမ်းခဲ့တာတွေ စသဖြင့်ရိုက်ကူးထားတယ်။ သို့ပေမဲ့ ထူးဆန်းတာတစ်ခုက လီယိုနဲ့‌ေသွးသား‌‌ တော်စပ်တဲ့အဖေရင်းကို လီယိုကိုယ်တိုင်အပြင် သူ့ဖခင်နှစ်ယောက်လုံးကပါမသိပါဘူး။ ဘာလို့လဲဆိုတော့ ..... အဖေနှစ်ယောက်လုံးရဲ့သုက်ပိုးကို စမ်းသပ်ဖန်ပြွန်ထဲရောထည့်ပြီးမှ အလှူရှင်မမျိုးဥနဲ့ပေါင်း၊ သန္ဓေသားဖြစ်တည်လာမှ အငှားကိုယ်ဝန်ဆောင်သူရဲ့သားအိမ်ထဲထည့်ခဲ့တာကြောင့်ပါတဲ့။ အဲ့လိုနဲ့ပဲ ဖခင်နှစ်ယောက်ရဲ့ 20th anniversary ကိုရောက်လာတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့သူတစ်ယောက်ရောက်လာတဲ့အခါမှာ ... အရောင်အသွေးစုံလင်ခဲ့တဲ့မိသားစုလေးရဲ့ချစ်ခြင်းတရားတွေ အဆုံးသတ်သွားတော့မှာလား??? လီယိုရဲ့ အဖေရင်း ဘယ်သူဆိုတာကိုရော ဖော်ထုတ်သိသွားမှာလား ဆိုတာတွေကို ပေါ့ပေါ့ပါးပါး တလွဲတချော်ဟာသတွေနဲ့ပေါင်းစပ်ပြီးကြည့်ရှုရမယ့် family drama လေးပဲဖြစ်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Yadi ဖြစ်ပါတယ်) Genre.....Comdedy, Drama, Family Quality….WEB-DL 1080p and 720p File size…1.6GB, 822MB and 300MB Format…mp4 Duration….1h 49min Subtitle….Myanmar Subtitle (Hardsub) Translator .....Thwal Yadi Encoder ..... August

Action • Adventure • Thriller
6.7 2022 109 mins
The Invisible Thread
Dharala Prabhu
6.9

ယခုတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ IMDb Rating (6.8)ရရှိထားတဲ့ Romance/ Comedy ကားလေးပဲဖြစ်ပါတယ်။ သန္ဓေသားအစားထိုးဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာကန်နာဒါဆန်ဟာ လူနာတွေအများကြီးလက်ခံပြီး ကတိတွေတစ်ခုပြီးတစ်ခုပေးထားပေမယ့် သုတ်ပိုးအလှူရှင်လုံးဝရှာမတွေ့သေးပါဘူး။ ဘဝရဲ့အနိမ့်ဆုံးအချိန်ရောက်တဲ့ ဘောလုံးသမားလေး ပရာဘူဟာလည်း အလုပ်တစ်ခုကိုမရမကလိုက်ရှာနေသူပါ။ ဒီလိုနဲ့ ဒေါက်တာကန်နာတစ်ယောက် ပရာဘူရဲ့ကျန်းမာ‌မှုအခြေအနေကိုသဘောကျသွားပြီး သူ့ဆေးခန်းရဲ့သုတ်ပိုးအလှူရှင်အဖြစ်နေပေးဖို့ မရမက ကမ်းလှမ်းပါတော့တယ်။ အစပိုင်းအဆင်ပြေချောမွေ့ခဲ့ပေမယ့် ပရာဘူမှာ ချစ်သူရှိလာတဲ့အချိန်မှာတော့ ဘယ်လိုတွေပြဿနာတက်မလဲဆိုတာကို ပရိသတ်များကိုယ်တိုင်ပဲ စောင့်မျှော်ကြည့်ရှုပေးပါဦး File size…2.5GB / 1.1 GB Quality…1080p Tamil AAC5.1CH / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko

Comedy • Drama
6.9 2020 152 mins
Dharala Prabhu
Dude, Where's My Car?
5.5

အိမ်ကလူကြီးတွေနဲ့ အတူမကြည့်ရမယ့် PG-13 ဟာသကား ကောင်းလေးတစ်ခုတဲ့နော်။ Y2k vibe အပြည့်ရစေမယ့် 2000 ခုနှစ်ရဲ့ ဗန်းစကားတွေ၊ ဖက်ရှင်တွေ၊ အသုံးအဆောင်တွေ၊ ကလပ် ယဉ်ကျေးမှုတွေအားလုံးကတော့ မတွေ့ချင်မှအဆုံးပါပဲ။ ဇာတ်လမ်း အစကနေ အဆုံးအထိ လှိုင်နေအောင်ကြားရမယ့် နာမည်၂ခုကတော့ "ဂျက်စီနဲ့ ချက်စတာ" ဆိုတာပါပဲ။ ၁၀၉/၁၁၀ ပုလင်းတူဘူးဆို့ဘော်ဒါနှစ်ကောင် ဂျက်စီနဲ့ချက်စတာဆို ပြီး မူးလို့ရှူစရာတောင် များများစားစားမရှိ၊ လတ်လျားလတ်လျားလုပ် နိုင်တဲ့နေရာမှာ နာမည်ကြီးကြပါတယ်။ စာကြမ်းပိုးဒီဇိုင်းနဲ့ ဆေးခိုးချ လောက်တဲ့ရုပ်ရည်တွေဆိုတော့လည်း လက်ရှိစော်လေးနှစ်ယောက် ကလွဲလို့ တခြားဘယ်မိန်းကလေးမှ အဖက်လှည့်မလုပ်သည်ပေါ့။ ဒီလိုနဲ့ လူမှန်းသူမှန်းမသိအောင် မူးရူးသွားတဲ့တစ်ညကြောင့် ဂျက်စီနဲ့ချက်စတာ တို့ ကိုယ်တိုင်တောင်မမှတ်မိတဲ့ ပြဿနာတွေကို ပေါက်တန်းစေ့လိုက် ရှင်းရပါတော့တယ်။ ညကလက်ဆော့မိတာတွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်နေပေမယ့် မနက်ရောက်တယ်ဆို ကားကပျောက်၊ အလုပ်ကပြုတ်၊ စော်ကပစ်နဲ့ Surprise တွေဆိုတာ ဖြန်းခနဲ ဖြန်းခနဲပေါ့။ ကားထဲမှာ စော်လေးတွေ ကိုပေးဖို့ လက်ဆောင်ပါတယ်ဆိုတာကလွဲလို့ ဘာမှမမှတ်မိပေမယ့်လည်း အလုပ်မရှိအကိုင်မရှိဘဝရောက်ပြီမို့ မထူးဇာတ်ခင်းပြီး ကားရှာပုံတော် ထွက်ကြပါလေရော။ ကားပျောက်အကြောင်း ချောင်းပေါက်အောင်လိုက် စုံစမ်းတဲ့အခါမှာ ကြံရဆုံရမယ့် ဗရုတ်သုတ်ခတွေ၊ ပြေးမလွတ်မယ့်အမှု တွေကို အလှည့်အပြောင်းကောင်းကောင်းနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size..........(1.9 GB) / (924 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 23Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Mystery, Sci-Fi Translator.......Hnin Wut Yi Encoder..........Zin Phyo Aung

Drama • Romance • Thriller
5.5 2000 83 mins
Dude, Where's My Car?
Exploits of a Young Don Juan(1986) 18+

ဒီတစ်ခါတော့ ပြင်သစ်ကားကောင်းလေးတစ်ကားကို တင်ဆက်လိုက်ပါတယ် တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး ဆိုတဲ့စကားအတိုင်း မြို့ပေါ်မှာကျောင်းတက်ပြီး ပြန်လာတဲ့သခင်လေးဟာ သူတို့အိမ်မှာ လိင်ဆက်ဆံတာကို ကျယ်ကျယ်လုပ်ဆောင်တာမြင်သွားပြီ အရမ်းကို စမ်းကြည့်ချင်နေတဲ့သူတစ်ယောက်ပေါ့ ဒီလိုနဲ့ ကြိုးစားရင်း အိမ်မှာရှိတဲ့ဘယ်သူတွေကို အောင်မြင်အောင်လုပ်ဆောင်နိုင်မလဲဆိုတာ သိချင်စရာကောင်းတဲ့ အရာပါပဲ အဲဒါအပြင် ဇာတ်လမ်းလေးလည်း ကောင်းနေပါသေးတယ် စီးပွားရေးသမားတစ်ယောက်နဲ့ စစ်ပွဲရဲ့ ပတ်သက်မှုတွေ ဘုမသိဘမသိ အခန့်ရှေ့ မိန်းမတစ်ယောက်လာဖြားယောင်းနေပြီဆို ဘာဖြစ်တတ်လဲဆိုတာတွေ အသက်သာငယ်တာ တချို့နေရာတွေ တဖက်ကမ်းခတ်ပြီး လိုအပ်တဲ့အချိန်မှာ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာတွေကို ပြည့်ပြည့်စုံစုံခံစားရတဲ့ကားကောင်းလေးတစ်ကားပါပဲ File size…(2.89GB)/(1.38GB)/(830MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Big Black Duck Translated by Pucci

Action • Drama • Thriller
0 1900 100 mins
Exploits of a Young Don Juan(1986) 18+
Saw X
7.1

Saw X (2023) ဒါဟာ Saw ရုပ်ရှင်တွဲကြီးရဲ့ ၁၀ ကားမြောက် ရုပ်ရှင်ပါ။ ဆော ရုပ်ရှင်တွေဟာ ရုပ်ရှင်လောကမှ သူမတူတဲ့ ဇာတ်အိမ်တစ်ခုနဲ့ ထိုးဖောက်လာခဲ့တာ ဆယ်စုနှစ်ချီနေပါပြီ။ ဒီရုပ်ရှင်ရဲ့အချိန်ကတော့ Saw 2004 နဲ့ Saw II 2005 ကြားကာလကို ပြထားတာပါ။ နာမည်ကျော် ဂျစ်ဆောလူသတ်သမားကြီး ဂျွန်ခရာမာကို ဒီရုပ်ရှင်မှာ ပထမဆုံး ဇာတ်လိုက်အဖြစ် မြင်ကြရမှာပါ။ ဒါရိုက်တာကတော့ အရင် ဆောရုပ်ရှင်တွေရဲ့ တည်းဖြတ်သူ Kevin Greutert ပါပဲ။ ဒီရုပ်ရှင်ဟာ IMDb Rating (7.1)/ RT (79%) ရရှိထားပြီး ဆောရုပ်ရှင်အားလုံးထဲမှာ ရိတ်တင်အကောင်းဆုံးဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း… ဂျစ်ဆောလူသတ်သမားကြီး ဂျွန်ခရာမာဟာ ပန်ကရိယကင်ဆာ အဆင့်-၄ ကြောင့် ဆရာဝန်တွေပါလက်လျှော့လိုက်ရပါပြီ။ ဒါပေမဲ့ မက္ကဆီကိုမှာ ရှိနေတဲ့ ဆရာဝန်တစ်စုက နောက်ဆုံးပေါ်ကုထုံးနဲ့ ကုပေးမယ်လို့ လိမ်ခေါ်ပြီး သူ့ငွေတွေကို လိမ်သွားပါတယ်။ ဂျစ်ဆောကိုမှ ဖျံကျမိတဲ့ ဆရာဝန်လူလိမ်တစ်သိုက်လည်း ဂျစ်ဆောနဲ့သူ့လက်ထောက် အမန်ဒါတို့ ပညာပြန်ပေးတာကို ခံရပါတော့တယ်။ ဆောရုပ်ရှင်တွေကို စတင်ခဲ့တဲ့ ဒါရိုက်တာနှစ်ယောက်ကတော့ James Wan နဲ့ Leigh Whannell ဖြစ်ပြီး သူတို့ရဲ့ဇာတ်လမ်းကို လူအတော်များများကြားဖူးကြမှာပါ။ ရုပ်ရှင်ကျောင်းဆင်းခါစ ရှိမဲ့စုမဲ့ငွေလေးနဲ့ အိမ်လေးတစ်လုံးထဲမှာ ရိုက်ခဲ့တဲ့ Saw 2004 ဟာ သမိုင်းတလျှောက် အမြတ်အစွန်းအများဆုံးရုပ်ရှင်စာရင်းဝင်သွားခဲ့ပြီး (ဒေါ်လာ ၁.၂ သန်းရင်းပြီး သန်း ၁၀၀ ကျော် ပြန်ဝင်သွား) တစ်ကမ္ဘာလုံးကိုလွှမ်းမိုးခဲ့တာပါ။ အဲဒီအောင်မြင်မှုကတဆင့် Conjuring, Aquaman တို့လို နောက်ထပ်ကမ္ဘာကျော်ကားတွေကို တက်လှမ်းနိုင်ခဲ့တာပါ။ ဒီရုပ်ရှင်ရဲ့မင်းသား Tobin Bell ကလည်း Jigsaw အဖြစ် ဆောရုပ်ရှင်တိုင်းမှာပါခဲ့ပြီး သူမပါဖြစ်တဲ့ Saw Spiral မှာတောင် ပုံလေးတော့ ထည့်ခံရပါသေးတယ်။ ကြည့်ကြည့်လိုက်ကြပါဦး။ Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။

Drama
7.1 2023
Saw X
Taylor Swift: Speak Now World Tour Live
8.9

Taylor Swift: Speak Now World Tour Live (2011) ==================================== IMDb Rating – 8.9/10 Speak Now Tour ကိုတော့ သိပ်ကို ခမ်းနားတဲ့ ပြဇာတ်တစ်ပုဒ်လို့ တင်စားချင်ပါတယ်။ ဘာသာပြန်သူ ကိုယ်တိုင်လည်း Speak Now era မှာ Swiftie တစ်ယောက်ဖြစ်ခဲ့တာပါ။ အဖေဝယ်လာပေးတဲ့ Speak Now Tour အခွေကို တစ်နေ့ တစ်ခေါက်မှ မကြည့်ရရင် မနေနိုင်ခဲ့ရလောက်အောင်ကို ဒီ Tour ကို သဘောကျပါတယ်။ အားလုံးသိတဲ့အတိုင်း စင်မြင့်ထက်မှာ ဂီတပြဇာတ်တစ်ပုဒ်ကို ကြည့် နေရသလို ပရိသတ်ကို ဖျော်ဖြေတင်ဆက်တတ်တာ Taylor ရဲ့ စတိုင်လ်တစ်ခုပါ။ ဒီလို ဖျော်ဖြေမှုတွေထဲကမှ ပြဇာတ်အဆန်ဆုံးက Speak Now Tour ပါ။ Sparks Fly သီချင်းနဲ့ အငွေ့တွေကြားကနေ Taylor ထွက်လာပုံတွေ… Speak Now သီချင်းကို ဇာတ်လမ်းတစ်ပုဒ်လို သရုပ်ဖော်သွားတွေ … စသဖြင့်ပေါ့။ အမှန်တိုင်းပြောရရင် ဘာသာပြန်က The Eras Tour က Enchanted ဖျော်ဖြေမှုထက် Speak Now Tour က Enchanted ဖျော်ဖြေမှုကို ပိုပြီး သဘောကျမိသူပါ။ The New Taylor က သူ့နည်း သူ့ဟန်နဲ့ slay နေသလို the Old Taylor လေးကိုလည်း ရင်မှာ စွဲကျန် နေဆဲပါ။ ဒါကြောင့်မလို့ Speak Now ကို အားလုံး ပြန်လည်ခံစားနိုင်ဖို့ Speech သီးသန့် ဘာသာပြန်လေးနဲ့ တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်) File Size……….(6 GB) / (2 GB) Quality…………BLU-RAY 1080p / 720p Duration………2Hr 20Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Music Translator…….Act Molemy Encoder……….SWM

8.9 2011 129 mins
Taylor Swift: Speak Now World Tour Live
Foxter and Max
6.1

ဒီတစ်ခါမှာတော့ ခွေးချစ်သူတွေအတွက် ရင်ထဲနွေးသွားရမယ့် ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ် ။ ဇာတ်လမ်းလေးကိုတော့ ခွေးအရမ်းမွေးချင်ပေမယ့် အိမ်က မွေးခွင့်မပြုတဲ့ ကောင်ကလေး Max နဲ့ စတင်ထားပါတယ် ။ Max ဟာ ကာတွန်းရုပ်ဆွဲရတာ ဝါသနာပါပြီး ခပ်အေးအေးနေတတ်တဲ့ ကောင်လေး ဖြစ်တာကြောင့် အတန်းဖော်တွေဆီကလည်း အနိုင်ကျင့် ခံရလေ့ ရှိပါတယ်။ အဲဒီလို Max ဆီကို တံတားအောက်က ထူးဆန်းတဲ့မှုတ်ဆေးတစ်ဘူး အကြောင်းပြုပြီး Foxter လို့ ခေါ်တဲ့ စက်ရုပ်ခွေးလေးတစ်ကောင်ရောက်လာတဲ့ အခါမှာတော့ Max ရဲ့ ဘဝကြီးက တစ်ဆစ်ချိုးပြောင်းလဲ သွားတော့တာပါပဲ ။ ဒါပေမယ့် စက်ရုပ်ခွေးလေး Foxter ကို မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ အသုံးချဖို့ ကြံစည်နေတဲ့ လူမိုက်တွေကလည်း ရှိနေပါသေးတယ် ။ Max ဟာ ခွေးလေး Foxter ကို လူမိုက်တွေလက်ထဲ ပါမသွားအောင် ကာကွယ် နိုင်ပါ့မလား ။ ဒါမှမဟုတ် Foxter ကပဲ Max ကို ပြန်ကာကွယ် ရမလားဆိုတာတော့ 2019 ခုနှစ်တုန်းက ထွက်ရှိထားတဲ့ ယူကရိန်းရုပ်ရှင် Foxter and Max မှာ ဆက်လက်ကြည့်ရှု ပေးကြပါဦးနော် ။ စက်ရုပ်ခွေးတစ်ကောင် နဲ့ ခပ်တုံးတုံး ကောင်လေးတစ်ယောက်ကြားက ပဋိပက္ခတွေ ၊ အခက်အခဲတွေ ၊ သံယောဇဥ်တွေကို ကြည့်ပြီးရင်တော့ ကိုယ့်အိမ်က ခွေးကလေးတွေကို ပိုချစ်ပေးဖို့လည်း မမေ့ပါနဲ့ဦးနော် ။ File size…1.78GB / 958MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Adventure , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

6.1 2019
Foxter and Max
Only the River Flows
6.7

ဒီရုပ်ရှင်က ယုဟွာရဲ့ Mistakes by the Riverဆိုတဲ့ ဝတ္တုတိုကို ဝေရှုကျန်က ပြန်ရိုက်ထားတာ။ ၁၉၉၀ခုနှစ်တွေတုန်းက ကျန်းရိမူက ဒီဝတ္တုတိုကို ပြန်ရိုက်ချင်ခဲ့တယ်။ ယုဟွာစကားအရတော့ ကျန်းရိမူတို့က အချိန်တော်တော်ယူပြီး ဇာတ်ညွှန်းရေးကြည့်ခဲ့ကြပေမဲ့ ဘယ်လိုရိုက်ရမလဲ တွေးမရခဲ့ကြဘူးတဲ့။ ဒီအချိန်မှာ ယုဟွာက ကျန်းရိမူကို တခြားဇာတ်လမ်းတစ်ပုဒ် အစားပေးလိုက်တယ်။ အဲဒီဇာတ်လမ်းက To Live။ ကျန်းရိမူ ရိုက်ဖို့တွေးမရခဲ့တာက ဆန်းလည်းမဆန်းဘူး။ ဒီဇာတ်ရဲ့ အသွားအလာအရ ကျန်းရိမူဟန်နဲ့တော့ ပြေမယ်မထင်ဘူး။ နောက် ဒီဇာတ်က ခိရိုရှိကူရိုဆာဝါရဲ့ Cure (1997) အငွေ့အသက်ရနေတယ်။ Cureနဲ့ ဆင်တယ်ပြောရင်ပိုမှန်တယ်။ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းပါ သွားဆင်တယ်။ ဒါပေမဲ့ ဝတ္တုတိုနဲ့ အဲဒီဇာတ်အပိတ်က နည်းနည်းမှမတူဘူး။ Cureနဲ့ပဲ သွားတူနေတယ်။ ဇာတ်လမ်းအမျိုးအစားက neo-noir art film လည်းဟုတ် Psychological Thrillerလည်း ဟုတ်နေတော့ ဒီလိုင်းရဲ့ ဂုရုဖြစ်တဲ့ ခိရိုရှိအငွေ့မကင်းဘူးတာလည်း မဆန်းလောက်ဘူး။ ပုဂ္ဂလိက အမြင်အရတော့ ကျန်းရိမူမရိုက်နိုင်ခဲ့တဲ့ကားကို ဝေရှုကျန်က ပြန်ရိုက်နိုင်ခဲ့ပေမဲ့ ဒါကလည်း သူ့ရှေ့ခေတ်အဆက်ဆက်ရဲ့ကျေးဇူးနဲ့တော့ မကင်းလောက်ဘူး။ ဆိုပေမဲ့လည်း ဒီလိုကားကို ပိုင်နိုင်အောင် ရိုက်နိုင်ခဲ့တဲ့ ဝေရှုကျန်ကလည်း နောက်ကားသစ်တွေကို စောင့်မျှော်ရမယ့် ပြည်မရုပ်ရှင်ရဲ့ မျိုးဆက်သစ်တစ်ယောက်ဆိုတာတော့ သေချာတယ်။ ဒီရုပ်ရှင်က သူ့တတိယကားဖြစ်သလို ကိန်းမှာ ပွဲဦးထွက်ပြခဲ့တဲ့ ကားလည်းဟုတ်တယ်။ ဆုရွေးချယ်ဖို့လည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ဇာတ်ကိုက ၁၉၉၀ဝန်းကျင်မှာ တည်ထားတယ်။ အဓိကဇာတ်ကောင်က ရဲစခန်းက အင်စပက်တာမော်စီ။ ဒီဇာတ်လမ်းတစ်ခုလုံးရဲ့အခရာကသူပဲ။ ဝတ္တုအရမော်စီရဲ့ စိတ်အခြေအနေကို ရုပ်ရှင်မှာ တင်ပြဖို့က တော်တော်ခက်ခဲတယ်။ ဒါကို ဝေရှုကျန်က သူ့စိတ်အခြေအနေကို တင်ပြဖို့ သုံးခြမ်းခွဲလိုက်တယ်။ သူ့မိန်းမနဲ့ သူ့ကြားကအခြေအနေ, စခန်းကအခြေအနေ, နောက်တစ်ချက်က သူ့ရဲ့ထင်ယောင်ထင်မှားတွေ။ နောက် သူ့အခြေအနေကို ပိုတင်ပြနိုင်ဖို့ပဲ ဝတ္တုမှာ ကိုယ်ဝန်မရှိခဲ့တဲ့ သူ့မိန်းမကို ကိုယ်ဝန်လွယ်ခိုင်းပြီး အဲဒါကိုလည်းပြဿနာတစ်ခုအဖြစ်ထည့်သွင်းခဲ့တယ်။ ပြောရရင် ရုပ်ရှင်မှာ အပိုထပ်ဖြည့်ထားတာတွေက မော်စီရဲ့ စိတ်အခြေအနေကို ထင်ဟပ်နိုင်အောင် ဖြည့်ထားတာပဲ။ နောက် သူတို့မြို့ကလေးမှာ လူသတ်မှုတစ်ခုဖြစ်လာတယ်။ အဲဒီအမှုကို မော်စီက ဦးဆောင်ပြီးစုံစမ်းရတယ်။ ဒါကိုရိုက်ပြတဲ့ပုံက ခက်ခက်ခဲခဲမပါဘဲ လက်တွေ့ကျကျပဲရိုက်ပြသွားတယ်။ သဲလွန်စတစ်ခုနောက်လိုက်လိုက် အဲဒီသဲလွန်စကပျောက်လိုက် နောက်သဲလွန်စတစ်ခုနောက်လိုက်နဲ့ ခနော်နီခနော်နဲ့သွားနေရတဲ့ စုံစမ်းရေးပေါ့။ အစပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ ဒီအမှုကိုလိုက်ရင်း ဒီအမှုက သူ့စိတ်အခြေအနေကိုပါ ဘယ်လိုရိုက်ခတ်သွားလဲ ဆက်ပြသွားတယ်။ တစ်ခုရှိတာ မော်စီနေရာမှာ သရုပ်ဆောင်တဲ့ မင်းသား Yilong Zhu က အခက်အခဲဆုံး အပိုင်းက သူ့ကာရိုက်တာက ဘယ်လိုပုံစံမျိုးဖြစ်နေရမလဲ အဖြေရှာရတဲ့အပိုင်းပဲတဲ့။ သူဘယ်လိုမှ အဖြေရှာမရခဲ့ဘူး။ နောက်ဆုံး ယုဟွာရဲ့ ဓာတ်ပုံတစ်ပုံကို သူမြင်မှပဲ အဖြေရသွားခဲ့တယ်။ ယုဟွာက အဲဒီဓာတ်ပုံထဲမှာ ဆံပင်ရှည်ကြီးနဲ့ မုတ်ဆိတ်ငုတ်တိုတွေနဲ့ နှင်းတွေကြားရပ်နေတယ်။ အဲဒီပုံစံကို ကြည့်ပြီး သူ့ကာရိုက်တာကို သူဖန်တီးခဲ့တယ်။ ဒီကာရိုက်တာနဲ့လိုက်အောင် ဝိတ်တက်အောင်လုပ်ပြီး ဇာတ်ကားရိုက်ခဲ့တဲ့ ၄၅ရက်အတွင်း ကာရိုက်တာရဲ့ စိတ်ကျသွားတဲ့ပုံစံအတိုင်း ၅၅ပေါင်ပြန်ကျအောင် ထပ်လုပ်ခဲ့တဲ့အထိ Yilong Zhuဟာ မော်စီကာရိုက်တာကို သေချာစိတ်နှစ်ထားခဲ့ပါတယ်။ Only the River Flowsဟာ အနုပညာအရအောင်မြင်ခဲ့သလို ရုံဝင်ငွေအရလည်းအောင်မြင်ခဲ့ပါတယ်။ ပြည်မရဲ့ highest-grossing independent films စာရင်းမှာ ဝင်ခဲ့ပါတယ်။ ကိန်းမှာပြခဲ့တဲ့ ရုပ်ရှင်တွေထဲက အကောင်းဆုံးရုပ်ရှင်တွေဆိုပြီး ၆ကားစာရင်းလုပ်ထားတဲ့ စာရင်းတစ်ခုမှာ The Zone of Interest (2023)တို့ Anatomy of a Fall (2023)တို့နဲ့အတူတူ စာရင်းသွင်းခံခဲ့ရတဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ File size… 2 GB / 788 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 41m Genre ….. Crime/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

6.7 2023 102 mins
Only the River Flows
Kottukkaali aka The Adamant Girl
6.9

Kottukkaali – The Adamant Girl(2024) “ခေါင်းမာသော မိန်းကလေး” IMDb 7.0 ရီဗျူးကောင်းတစ်ချို့ရထားတဲ့ တမီးလ်ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ရုပ်ရှင်ပွဲတော်မှာ ရွေးချယ်ခံရတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ မီနာဆိုတဲ့ ကောင်မလေးဟာ မတူညီတဲ့မျိုးရိုးက ကောင်လေးတစ်ယောက်နဲ့ မေတ္တာမျှနေတာပါ သူတို့အမျိုးတွေက သဘောမတူကြသလို ဦးလေးဖြစ်သူကလည်း ပန်ဒီဆိုတဲ့ လူနဲ့ လက်ထပ်ပေးဖို့ အတင်းစီစဥ်နေပါတယ် ဒါ့ကြောင့် ခေါင်းမာတဲ့မိန်းကလေးကို မကောင်းဆိုးဝါးဝင်ပူးတယ်လို့ ထင်ပြီး နှစ်ဖက်အမျိုးစုံလင်စွာ ဆရာတစ်ပါးထံ မကောင်းဆိုးဝါးနှင်ဖို့ ခေါ်သွားကြတဲ့အခါ… တကယ်ရော မကောင်းဆိုးဝါးဝင်ပူးတာ ဟုတ်ပါ့မလား လူတန်းစားခွဲခြားမှု၊ အိန္ဒိယကျေးလက်ထုံးစံအယူသီးမှုနဲ့ အချုပ်အနှောင်တွေဟာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တို့ကို တကယ်ပဲ လွှမ်းမိုးနိုင်သလား ကြည့်ရအောင်ပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ V တို့ပဲ ဖြစ်ပါတယ်

6.9 2024
Kottukkaali aka The Adamant Girl
The Count of Monte-Cristo Le Comte de Monte-Cristo
7.7

The Count of Monte-Cristo (2024) IMDb Rating (7.7) / Rotten Tomatoes (100%) ကမ္ဘာကျော်ပြင်သစ်စာရေးဆရာကြီး အဲလက်ဇ်ဇန်ဒရာဒူးမတ်စ်ရဲ့ နာမည်ကျော်၀တ္ထုကို ပြင်သစ်တွေ ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀ လောက်က၀တ္ထုဆိုပေမယ့်လည်း ကမ္ဘာတစ်ဝှမ်းမှာ ဘာသာစကားပေါင်းများစွာနဲ့ ဘာသာပြန်ဆိုခံခဲ့ရပြီး adaptation များစွာရှိတဲ့ အလွန်အောင်မြင််ခဲ့တဲ့၀တ္ထုပါ။ TV series တွေ Movie တွေ Musical တွေ များစွာရှိတဲ့အပြင် ဂျပန်မှာအရမ်းလူကြိုက်များတာကြောင့် Manga နဲ့ Anime တွေပါထွက်ရှိထားပါတယ်။ ဒီ၀တ္ထုကတော့ ပြင်သစ်စစ်ဘုရင်ကြီးနပိုလီယမ် အယ်လာဗ်ကျွန်းကို ပထမအကြိမ်ပြည်နှင်ဒဏ်ပေးခံရချိန် ၁၈၁၅ ၀န်းကျင်မှာဇာတ်အိမ်တည်ထားပါတယ်။ နပိုလိုယမ် ကျွန်းကထွက်ပြေးလာချိန်မှာ အပ်ဒ်မွန်ဒန်းတစ်စ်ဆိုတဲ့ လူငယ်လေးက ဆုံးခါနီးသူ့ကပ္ပတိန်ရဲ့စေခိုင်းမှုအရ နပိုလီယမ်နဲ့အတူပြည်နှင်ခံရတဲ့ ဗိုလ်ချုပ်ကြီးဘာထရန်ဆီ အထုပ်တစ်ခုပို့ဆောင်ပေးလိုက်ပါတယ်။ ဒီဗားရှင်းမှာတော့ ဒန်တစ်စ်က ရေနစ်‌နေတဲ့ အမျိုးသမီးတစ်ယောက်ကို ကပ္ပတိန်အမိန့်ကိုဆန့်ကျင်ပြီး ကယ်တင်လိုက်ရာက စပါတယ်။ ဖြစ်ချင်တော့ အဲ့အမျိုးသမီးဆီမှာ နပိုလီယမ်ရဲ့စာတစ်စောင်ရှိနေပြီး သင်္ဘောကပ္ပတိန်ဒန်ဂလာစ်က အဲ့တာကိုသိသွားပါတယ်။ သူတို့မာဆေးကိုပြန်ရောက်တော့ ဒန်ဂလာစ်က သင်္ဘောပိုင်ရှင်ကို ဒန်တစ်စ်ရဲ့ အမိန့်မနာခံမှုအကြောင်း ပြောတော့ ပိုင်ရှင်က အမျိုးသမီးငယ်ကိုကယ်ခဲ့တဲ့ ဒန်တစ်စ်ကို ချီးကျူးပြီး ကပ္ပတိန် ခန့်အပ်လိုက်ပါတယ်။ သူ့ရဲ့ချစ်သူမာဆီဒတ်နဲ့ လက်ထပ်ချင်တဲ့အိမ်မက်လည်း ပြည့်သွားပြီမို့ ချစ်သူနှစ်ယောက် အပျော်ကြီးပျော်နေတာပေါ့။ ဒါပေမယ့် သူတို့လက်ထပ်ပွဲနေ့မှာ မနာလိုဖြစ်နေတဲ့ ဒန်ဂလာစ်ရဲ့ တိုင်တန်းမှုကြောင့် ဥပဒေအရာရှိဒယ်ဗီဖော့တ်ရဲ့ လက်မှတ်နဲ့ နပိုလီယန်ထောက်ခံသူလို့ယူဆရတဲ့ အပ်ဒ်မွန်ဒန်တစ်စ်ကို ဖမ်း၀ရမ်းနဲ့အတူ အဖမ်းခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ အရာရှိက ဒန်တစ်စ်ကယ်ခဲ့တဲ့အမျိုးသမီးရဲ့ အစ်ကိုဖြစ်နေပြီး သူ့ဂုဏ်သတင်းထိခိုက်မှာစိုးတာကြောင့်သူ့အသိဖြစ်တဲ့အပြင် ဒန်တစ်စ်ရဲ့ သူငယ်ချင်းဖာနန်ဒယ်မောဆဲကို ဒန်တစ်စ်အပြစ်ရှိကြောင်းထွက်ဆိုပေးဖို့တစ်ဖက်လှည့်နဲ့တိုက်တွန်းပါတယ်။ ဖာနန်ကလည်း ဒန်တစ်စ်ရဲ့ဇနီးလောင်းမာဆီဒတ်ကို တစ်ဖက်သတ်ချစ်နေသူဖြစ်တာကြောင့် အချစ်အတွက်သူငယ်ချင်းကိုသစ္စာဖောက်ကာ ဗီဖော့တ်နဲ့ပေါင်းကြံပါတော့တယ်။ ကိုယ့်ကိုယ်ကျိုးအတွက် ဂုဏ်သတင်းအတွက် အချစ်အတွက် အခြားတစ်ယောက်ကို ထိုးချလိုက်ကြတဲ့ လူသုံးယောက်ကြောင့် အပ်ဒ်မွန်က ဘ၀ပျက်ပြီး ၂၂ နှစ်အရွယ်မှာတင် ချတိုဒိစ်ကျွန်းမှာ အကျဉ်းချခံလိုက်ရပါတော့တယ်။ လေးနှစ်အကြာမှာ ထောင်ဖောက်ဖို့ကြိုးစားရင်း သူ့အခန်းကို မှားရောက်လာတဲ့ ဖာသာဖာရီယာနဲ့တွေ့ခဲ့ပါတယ်။ ဖာရီယာက ပထမခရူးဆိတ်စစ်ပွဲတုန်းက သူရဲကောင်းတွေရဲ့ နောက်ဆုံးကျန်ရစ်သူကာဒီနယ်စပါတာရဲ့ တပည့်ဖြစ်ပြီး ဒန်တစ်စ်ကို သူတို့လွတ်ဖို့ကြိုးစားနေတဲ့နှစ်တွေအတွင်း သိသမျှသင်ပေးခဲ့ပါတယ်။ ဒန်တစ်စ်လွတ်လာတော့ သူ့ချစ်သူမာဆီဒတ်က ဖာနန်နဲ့လက်ထပ်ပြီး အခြားကိုပြောင်းသွားပြီဆိုတာသိလိုက်ရတဲ့အပြင် ဖခင်ဆုံးသွားတာပါသိတော့ စိတ်အနာနာကြီးနာသွားပြီး ဖာရီယာပြောခဲ့တဲ့ ကမ္ဘာပေါ်မှာမရှိဖူးသေးတဲ့ အကြီးမြတ်ဆုံးရတနာတစ်ပါးကိုသွားရှာပါတော့တယ်။ အဲ့ဒီမှာ ‌ကမ္ဘာကြီးကို လက်ဖဝါးပေါ်တင်ပြီး ကစားနိုင်သွားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ပုံပြင်စပါတယ်။ မွန်တီခရစ်စတိုမြို့စားကြီးအနေနဲ့ ပြန်လာခဲ့ပြီး သူ့အပေါ်မှားယွင်းစွာချောက်ချခဲ့တဲ့ လူသုံးယောက်ကို လက်စားချေမယ့် အစီအစဉ်ကိုစတင်အကောင်အထည်ဖော်ပါတော့တယ်။ Rating ကလည်း IMdb 7.7/10 နဲ့ Rotten tomotoes 100% ရရှိထားပြီး Budget EUR 42.9 million နဲ့ 2024 အတွက်ပြင်သစ်ရဲ့ အကုန်အကျအများဆုံးရုပ်ရှင်ဖြစ်တာမို့ ကြည့်မိလို့နောင်တမရပါဘူးနော်။ သစ္စာဖောက်မှု၊ ကလဲ့စားနဲ့ ချစ်ခြင်း‌တွေကို အလှပဆုံးပုံဖော်ထားတဲ့ Adaptation ကောင်းတစ်ပုဒ်ဖြစ်တဲ့အပြင် ဘာသာပြန်ကိုလည်း အတတ်နိုင်ဆုံးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးထားတာမို့ ရှုစားကြည့်လိုက်ကြပါဦးရှင့်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(9 GB) / (2.8 GB) / (1.6 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Drama, History, Romance, Thriller Duration….02:58:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant, Benjamin Translated by Phu Thet Khin

7.7 2024 178 mins
The Count of Monte-Cristo Le Comte de Monte-Cristo
Swargam
6.6

Swargam (2025) ကောင်းကင်ဘုံ “အိမ်”တဲ့ စကားလုံးလေးတစ်လုံးတည်းပေမဲ့ နွေးထွေးလုံခြုံစေတာမျိုး။ အားလုံးမှာ ဖြစ်မြောက်ချင်တဲ့ ရည်မှန်းချက်တွေရှိခဲ့ရင်တောင် မောပန်းနွမ်းနယ်လာတဲ့အခါ၊ အောင်မြင်ပျော်ရွှင်မှုကိုမျှဝေလိုတဲ့အခါ အိမ်ကိုတမ်းတ တတ်ကြပါတယ်တဲ့။ အရွယ်ရောက်လာလို့ လူတွေအများကြီး ကိုယ့်ဘဝထဲဝင်လာလေ၊ ကြုံတွေ့ရဝာာတွေများလာလေ၊ တာဝန်ဝတ္တရား လုပ်ပိုင်ခွင့်တွေရှိလာလေ ငယ်ဘဝကိုတမ်းတလေပါပဲ။ ဒီဇာတ်ကားလေးမှာလည်း အိမ်နီးနားချင်း ခရစ်ယာန်ဘာသာဝင်မိသားစုနှစ်ခုရဲ့ အ‌ခြေအနေချင်းမတူကြတော့ သဘောထားကွဲလွဲရာမှတစ်ဆင့် ချည်နှောင်မိတဲ့ သိမ်မွေ့တဲ့ နှောင်ကြိုးလေးကို မြင်တွေ့ရမှာပါ။ ဘေးအိမ်က မနက်အစောကြီး ဘုရားရှိခိုးလို့လန့်နိုးလာတာ၊ သီချင်းတွေ၊ တူရိယာတွေတီးမှုတ်နေလို့ မနှစ်သက်တာမျိုးက ကြုံတွေ့ဖူးကြမှာပါ။ အဲဒီကနေ ကူညီရိုင်းပင်းလာမှု၊ နားလည်လာမှုစတဲ့ နွေးထွေးတဲ့ အိမ်နီးနားချင်းသံယောဇဉ်နဲ့ မိသားစု ချစ်ခင်မှုကို ဟာသလေးနှောပြီး ပါဝင်ထားပါတယ်။ ဘဝမှာဟန်ချက်ညီ နေထိုင်နိုင်ဖို့ အရာရာကို ချဲ့ကားနေဖို့မလိုဘဲ တစ်ဦးအပေါ်တစ်ဦး နားထောင်ပေးနိုင်ဖို့၊ မေတ္တာထားပေးနိုင်ဖို့၊ နားလည်ပေးနိုင်ဖို့လိုအပ်တယ်ဆိုတာ ဒီဒရမ်မာလေးကြည့်ပြီး ဘဝအမောပြေကြစေဖို့ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Action • Crime • Thriller
6.6 2024 108 mins
Swargam