YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Ajoomma.2022.AMZN.WEB-DL.1080P(CM).mp4

1.39 GB N/A video/mp4 159 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Blurr
4

တာ့ပ်ဆီးရဲ့ဇာတ်ကားကောင်းလေးတစ်ကား ထွက်လို့လာခဲ့ပြန်ပါပြီနော် ထုံးစံအတိုင်း သူသရုပ်ဆောင်တဲ့ ကားတွေက မင်းသားမလိုဘဲ သူတစ်ကိုယ်တော်တည်းနဲ့ ဇာတ်လမ်းကို အထွတ်အထိပ်ရောင်အောင် ဆွဲနိုင်တဲ့အရည်အချင်းရှိတဲ့ကားတွေပါ... ဒီဇာတ်ကားမှာတော့ ဂိုင်သရီးနဲ့ ဂေါ်တမီဆိုတဲ့ အမြွှာညီအစ်မနေရာကနေ သရုပ်ဆောင်ထားပါတယ် တစ်ရက် သူ့ညီမလေး ဂေါ်တမီတစ်ခုခုဖြစ်နေတယ်လို့ ဂိုင်သရီးအိပ်မက်ဆိုးမက်ခဲ့ပါတယ် ယောက်ျားဖြစ်သူကို ခေါ်ပြီး ညီမဖြစ်သူအိမ်ကိုလိုက်သွားကြည့်တော့ ညီမဖြစ်သူဟာ ဆွဲကြိုးချလျက်သား သေဆုံးနေတာကို ရှာဖွေတွေ့ရှိခဲ့ရပါတယ်...။ ရဲများရဲ့စုံစမ်းစစ်ဆေးမှုအရ ဂေါ်တမီဟာ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့တာပါလို့ သိရပါတယ်...ဒါကို ဂိုင်သရီးဟာ လက်မခံခဲ့ပါဘူး အဖြစ်မှန်ကို သူကိုယ်တိုင်လိုက်လံစုံစမ်းနေတုန်း သူ့အနောက်ကို အမြဲလိုလို လူတစ်ယောက်လိုက်နေသလိုခံစားနေရပါတယ်..သို့ပေမယ့် အဲ့ဒီလူကို ဘယ်သူမှမမြင်တွေ့ရပါဘူး တဖြည်းဖြည်းနဲ့ အသက်အန္တရာယ်ပါ ထိပါးလာတဲ့အခါမှာတော့....။ ဘာတွေဆက်ဖြစ်လာတော့မလဲ...။ File size…1.27GB  / 569MB Quality…1080p HQ HD RIP /720p Format…mp4 Duration….2h 7min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Animation
4 2022 126 mins
Blurr
Adrift
6.9

( Romantic & Thriller)‌IMDb rate 6.7 Rotten Tomatoes rate 73% ‌Adrift ( မျောပါခြင်း) ဆိုတဲ့အချစ်ကားလေးက ပင်လယ်ကိုအပျော်ခရီး ထွက်ရင်း မတော်တဆလှေမောက်သွားတဲ့ ချစ်သူနှစ်ဦးရဲ့ ၁၉၈၃က ဖြစ်ရပ်လေးကို ဒီနေ့ခေတ်ပုံစံအသွင့်ဖြင့် ရုပ်ရှင်ပြန်လည်ရိုက်ကူးထားတာပါ ‌ဒီကားထဲက ရစ်ချက်သရုပ်ဆောင်မင်းသားကို 2016 ခုနစ်က အင်္ဂလန်မှာ ရိုက်ကူးခဲ့တဲ့ အချစ်ကားလေး ( me before you) ဆိုတဲ့ကားကိုကြည့်ဖူးရင်သိမှာပါ အဲ့ကားထဲမှာ မင်းသားက wheelchairပေါ်ထိုင်နေရတဲ့ သူဌေးသားတစ် ဦးဖြစ်ပြီး မင်းသမီးကတော့ မင်းသားကိုပြုစုဖို့အလုပ် လာလျှောက်တဲ့ကောင်မလေးပေါ့ ဒီအချစ်ကားလေးအဆုံးမှာ မင်းသားက သူ့ဘဝတစ်ခုလုံး wheelchairပေါ်မှာထိုင်ရင်းမကုန်ဆုံးနိုင် တော့လို့သူ့ကို ဆေးထိုးသက်ပေးခိုင်းလိုက်တာပါ တကယ့်ကို ရင်နှစ်ဖွယ်ကားလေးပါ ‌အခုဒီကားလေးမှာလဲSam Claflinပါဘဲ အင်္ဂလန်နိုင်ငံရဲ့မင်းသားပီပီ မျက်ခုံးထူထူ နှာတန်ချွန်ချွန် ပါးသိုင်းမွေးရေးရေးလေးတွေနဲ့ တကယ့် ကိုယောကျ်ားပြီသတဲ့ရုပ်ပါဘဲ XP မှ မြန်မာ့ရိုးရာ ဖုန်းကာဗာ အမျိုးမျိုးအား တစ်နိုင်ငံလုံး အနှံ့ ဖြန့်ချီပေးနေပါပြီ ‌အခု ဒီ 2018 July လထွက် Adrift က တစ်ကားလုံးပေါင်းမှ ဇာတ်ကောင်၅ဦးဘဲပါတယ် သမုဒ္ဒရာရေပြင်နဲ့ ရှုခင်းတွေက ကြည့်ရတဲ့သူတဲ့စိတ်ကို တကယ် အေးချမ်းစေပါတယ် ‌ဇာတ်လမ်းလေးကတော့ဒီလိုရှင့်... ‌ကောင်မလေးက ကယ်လီဖိုးနီးယာပြည်နယ် စန်ဒီရေးဂိုမြို့ကနေ ကောင်လေးနေတဲ့ တာဟစ်တီဆိပ်ကမ်းမြို့လေးက သင်္ဘောပေါ်မှာအလုပ်လုပ်ဖို့ရောက်လာပါတယ် ‌နောက်တော့ ကောင်လေးနဲ့တွေ့ပြီ မင်းသားကသူ့လှေပေါ်မှာညစာလာစားဖို့ဖိတ်ခေါ်လိုက်ပါတယ် အဲ့ညမှာကောင်မလေးက ပင်လယ်ကိုရွက်လွင့်တာ ကြိုက်မှန်သိလို့ သူတစ်ကမ္ဘာလုံးရွက်လွင့်ပြီကိုလိုက်ပြဖို့ခွင့်တောင်းပါ တယ် နောက်နေ့မှတော့ ချစ်သူနှစ်ဦး အပျော်စီးလှေလေးနဲ့ ပစိဖိတ်သမုဒ္ဒရာကြီးကို ဖြတ်ပြီးရွက်လွင့်ကျပါတော့တယ် ‌ဟာဇက်နာဆိုတဲ့မြို့မှ ခနဈေးဝင်ဝယ်ထွက်ရင်း ကောင်လေးသူငယ်ချင်းဟောင်းနှစ်ယောက်နဲ့ပြန်ဆုံပြီးဒေါ်လာ တစ်သောင်းရမယ့် ကမ်းလှမ်းချက်တစ်ခုကိုကမ်းလှမ်းခံရပါတယ် ‌ကမ်းလှမ်းချက်က ဟာဇက်နာကနေ ကယ်လီဖိုးနီးယာပြည် စန်ဒီရေးဂိုကိုသူတို့အစားရွက်လွင့်သွားပေးရမယ့်တာဝန်ပါ ‌အရမ်းကောင်းတဲ့အခွင့်ရေးဖြစ်လို့ လက်ခံလိုက်ပြီ ချစ်သူနှစ်ဦး ခရီးစထွက်ရင်း ပစိဖိတ်သမုဒ္ဒရာမှာ အမေရိကားအလယ်ပိုင်းကို အားပြင်းပြင်းနဲ့ဝင်ရောက်တိုက်ခတ်လာတဲ့ လေမုန်တိုင်းတစ်ခုမိသွားခဲ့ပါတယ် ‌ထိုမုန်တိုင်းကြောင့် လှေမှောက်ပြီး ပစိဖိတ်ထဲမှာ ၄၁တစ်ရက်အထိ အသက်ရှင်အောင်နေထိုင်ခဲ့တဲ့ လူငယ်စုံတွဲနှစ်ယောက်ရဲ့ဖြစ်ရပ်မှန်လေးကိုရိုက်ကူးထားတာပါ ‌ ‌CM ကပရိတ်သတ်တွေ ဒီကားကိုကြည့်ရင် အဆုံးကျရင် ''ဟာ''ကနဲဖြစ်သွားစေရမယ် ‌ ‌ကျွန်မဒီလောက်ထိဘဲ ဇာတ်ကားကိုမိတ်ဆက် ပေးလိုက်ပါတယ် ‌ဟုတ်CM ပရိတ်သတ်တွေ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ် ‌# Little Cherry Cole

Action & Adventure • Drama • Sci-Fi & Fantasy
6.9 2018 96 mins
Adrift
The Long Kiss Goodnight

ဇာတ်ကြမ်းကားကောင်းတွေကို စောင့်စားနေတဲ့ CM ပရိသတ်တို့အတွက် “မေယိုး” မူပိုင်ရှင် မင်းသားကြီး Samuel L. Jackson နဲ့ မင်းသမီးကြီး Geena Davis တို့ရဲ့ 1996 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ခဲ့တဲ့ရှစ်နှစ်တုန်းက နယူဂျာစီရဲ့ ကမ်းခြေမှာလာပြီး ကမ်းတင်နေခဲ့တဲ့ ဆမန်သာ ကိန်း (Geena Davis) တစ်ယောက် အတိတ်မေ့ရောဂါကြောင့် အတိတ်ဘဝဟောင်းကိုလည်း မမှတ်မိသလို သူနဲ့ပတ်သတ်တဲ့ပစ္စည်းကလည်း သော့တစ်ချောင်းနဲ့ ကိုယ်ဝန်နှစ်လပဲပါလာခဲ့ပါတယ်။ တစ်နေ့မှာတော့ ကားမတော်တဆမှုတစ်ခုကြောင့် သူမေ့နေခဲ့တဲ့ အတိတ်ကစွမ်းရည်တွေပြန်ပေါ်လာခဲ့ပြီး သူ့ကို လှည့်လည်ပွဲတစ်ခုမှာ သူ့ကိုမြင်ခဲ့မိတဲ့ အတိတ်ကရန်ဘက်ဟောင်းကလာသတ်ဖို့ကြိုးစားပါတော့တယ်။ ဒီအချိန်မှာ သူ့ရဲ့ဘဝဟောင်းကို‌ ဖော်ထုတ်ဖို့အတွက် သူငှားရမ်းထားတဲ့ အလွတ်စုံထောက် မစ်ခ်ျ (Samuel L. Jackson) ကသူစုံစမ်းထားသမျှသတင်းတွေနဲ့ ရောက်လာပြီး နှစ်ယောက်သားအမှန်တရားကိုရှာဖွေဖို့ထွက်ခဲ့ကြရင်း ဆမန်သာ ရဲ့ဘဝဟောင်းကို တဖြည်းဖြည်းသိရှိလာခဲ့ရတဲ့အခါမှာ ဘဝဟောင်းက ရန်ဘက်တွေကဘယ်သူ‌တွေလဲ၊ ဘယ်လိုအဖွဲ့တွေပါဝင်နေလဲ၊ ဆမန်သာကရော အတိတ်မှာတုန်းကဘယ်လိုလူမျိုးလဲ၊ သူ့ကိုသတ်ဖို့လာတဲ့ရန်သူမှန်သမျှကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို အကြမ်းစားအက်ရှင်ခန်းတွေနဲ့ကြည့်ရှုရမှာပါ။ R-rated ဖြစ်ပြီး သွေးထွက်သံယိုခန်းတွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေ ဖောဖောသီသီပါဝင်တာမလို့ အက်ရှင်ကားကောင်းလွမ်းနေတဲ့လူတွေအတွက် ကြည့်လို့ကောင်းမဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါပဲဗျ။ File size…(3GB)/(1 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre…Crime,Action,Mystery,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Tun Myat Win

0 1996
The Long Kiss Goodnight
Deadly Entanglement
720

Deadly Entanglement (2023) ====================== လောကမှာ ပစ္စည်းတစ်ခုခုကိုပဲဖြစ်ဖြစ်၊ လူတစ်ယောက်ကိုပဲဖြစ်ဖြစ် ကိုယ်မှမပိုင်ဆိုင်ရရင် တခြားဘယ်သူ့ကိုမှပိုင်ဆိုင်ခွင့်မပေးနိုင်လောက် တော့တဲ့ စွဲလမ်းစိတ်ကြီးမားတဲ့သူတွေရှိကြမှာပါ။ ကျွန်တော်တို့တတွေ ဟာ တွေ့ဆုံကြုံကွဲ ဆိုတဲ့ သံသရာစက်ဝန်းထဲမှာပဲ လည်ပတ်နေတာ ဖြစ်လို့ တစ်ခါတစ်ရံ မစွန့်လွှတ်ချင်ပေမဲ့လည်း စွန့်လွှတ်လိုက်ရတဲ့ အခိုက် အတံ့ပေါင်းများစွာ ကြုံတွေ့ကြရမှာ။ အဲလိုမှ မဟုတ်ပဲ တစ်ဖက်သတ် အတင်း တွယ်ကပ်နေမယ်ဆိုရင်တော့ ‘တစ်ဖက်သတ်’ ဆိုတဲ့အတိုင်း တစ်ဖက်ကို သတ် ရင်း ကိုယ်ပါသေတတ်တယ်မဟုတ်လား။ ဒီဇာတ်ကားလေးထဲမှာလဲ ကွာရှင်းပြီးတဲ့ သူ့ရဲ့ခင်ပွန်းဟောင်းကို ဖက်တွယ် မိတဲ့ ဒီဒရာ ဆိုတဲ့ တစ်ယောက် သူတို့ရဲ့ သားလေးကို အုပ်ထိန်းခွင့် ရဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ခင်ပွန်းဟောင်းရဲ့ မိသားစုနဲ့ ပတ်သတ်ဖို့အကြောင်းဖန် လာပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့ ရည်မှန်းချက်အစစ်က သူ့ခင်ပွန်းရဲ့ အနား မှာ ရှိတဲ့ တခြားသူတွေကို ဖယ်ရှားပစ်ဖို့ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ သား ရယ် ခင်ပွန်း ရယ် ဇနီးဟောင်းရယ် ဇနီးသစ်လေးရယ် ကြားမှာ ဘာတွေဘယ်လိုဆက်ဖြစ် ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.39 GB) / (489 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 35Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Thetti Tun Encoder……….SWM

Comedy • Family • Drama • Fantasy
720 2023 88 mins
Deadly Entanglement
Miguel Wants to Fight
6.3

ဇာတ်လမ်းနာမည်လေးအတိုင်းပဲ တိုက်ချင်ခိုက်ချင်တဲ့ မီဂဲလ်အကြောင်း comedy movieလေးကိုကြည့်ရှုရမှာပါ….။ မီဂဲလ်ဟာ အထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး ရန်ဖြစ်တာ မထူးဆန်းတဲ့ ပတ်ဝန်းကျင်မှာ သူငယ်ချင်းသုံးယောက်နဲ့ ပျော်ပျော်နေလေ့ရှိသူပါ…။ တိုက်ရခိုက်ရတာကို အကြိုက်ကြီးကြိုက်ပေမယ့်လည်း တစ်ခါမှ ရန်မဖြစ်ဖူးတဲ့ လူလိမ္မာလေးပေါ့…။ သူ့သူငယ်ချင်းသုံးယောက် ရန်ဖြစ်တိုင်း ဝင်မပါဘဲ ဘေးမှာပဲတိတ်တိတ်လေး ရပ်နေလေ့ရှိသူပါ….။ ဒီလိုနေနေတာကို သူ့သူငယ်ချင်းတွေ သတိထားမိသွားပြီး ဝိုင်းပြောတဲ့အခါမှတော့ မီဂဲလ်တစ်ယောက် ရန်ဖြစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်….။ နောက်တော့ သူ့ရဲ့ ပထမဆုံးရန်ပွဲအထွက် ပထမဆုံးလက်သီးထိုးခံရမယ် ရန်သူကိုလိုက်ရှာပါတော့တယ်….။ ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးရိုက်ကူးထားတဲ့အပြင် စိတ်ကူးယဥ် တိုက်ကွက်တွေနဲ့ anime တိုက်ကွက်တချို့ကိုပါ မြင်တွေ့ရမယ့် ဇာတ်ကားလေးပါပဲ…။ File size…1.68GB / 636MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 15m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Romance • Drama
6.3 2023
Miguel Wants to Fight
K.G.F: Chapter 1 KGF 1
8.9

K.G.F: Chapter 1 (2018)အညွှန်း Kannada Audio အစစ်နဲ့ 4K ကိုတင်ဆက်ထားပါတယ်။ ****************************** IMDb rating – 8.7/10 Google Users – 95% ၁၉၅၁ ခုနှစ်ကို အခြေတည်ရေးသားထားတဲ့ ကိုလာရွှေလုပ်ကွက်ရဲ့ အကြောင်းအရာတွေ ပါဝင်နေတဲ့ ဂျာနယ်လစ်အာနန်းအင်္ဂလာဂီရဲ့ “El Dorado- အယ်လ်ဒိုရာဒို”စာအုပ်ကို အိန္ဒိယအစိုးရက တားမြစ်ပိတ်ပင်ပြီး ထုတ်ဝေထားသမျှ စာအုပ်အားလုံးကို မီးရှို့ဖျက်ဆီးပစ်လိုက်တယ်။ မျက်မှောက်ခေတ်ကို ရောက်တော့ ဒီစာအုပ်ကိုပဲ တီဗီချန်နယ်တစ်ခုက မရမက ရှာဖွေပြီး ဂျာနယ်လစ်ကို အင်တာဗျူးလုပ်တယ်။ စာအုပ်ထဲက အကြောင်းအရာတွေကို စာရေးသူက ပြန်လည်ပြောပြရာကနေ ဒီဇာတ်လမ်း ပြန်လည်အသက်ဝင်လာခဲ့တော့တယ်။ “ကိုလာရွှေလုပ်ကွက် ဖြစ်တည်လာပုံနှင့် ရော်ကီမွေးဖွားလာပုံ ပြိုင်တူအဖြစ်အပျက်နှစ်ခု…” ဟိုး ၁၉၅၁ခုနှစ်တုန်းက အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ မိုင်ဆောပြည်နယ် (ယခု ကာနာတားကားပြည်နယ် – ကိုလာခရိုင်) မှာ အစိုးရအာဏာပိုင်တွေဟာ ရွှေကြောတစ်ခုကို တွေ့ရှိခဲ့ကြတယ်။ ဒီရွှေကြောကို ရှာတွေ့ခဲ့တဲ့ နေ့မှာ အဖြစ်အပျက်နှစ်ခု ပြိုင်တူဖြစ်ပွားခဲ့တယ်။ တစ်ခုက ရာဂျားကရစ်ရှ်နားပါးဘိုင်ယာဆိုတဲ့ လူသားတစ်ယောက် အသက်မပြည့်သေးပဲ ကိုယ်ဝန်လွယ်ထားရတဲ့ အမိဝမ်းကနေ ကမ္ဘာမြေပေါ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး နောက်တစ်ခုက ကိုလာရွှေကြောကို တွေ့ရှိတဲ့နေရာမှာကြီးစိုးတဲ့ ဆူရိယဗာဒန်ဆိုသူ လူမိုက်ကြီးဟာ ရွှေကြောကို တွေ့ရှိတဲ့ အစိုးရအာဏာပိုင်တွေကို လက်စဖျောက်ပစ်ပြီး ရွှေကြောကို အပိုင်စီးလိုက်တာပဲ…။ အဲ့ဒီနောက်မှာ ဒီနေရာကို တပ်မက်နေတဲ့သူတွေလက်ကနေ ကာကွယ်ဖို့ ၉၉နှစ်တာ လုပ်ကိုင်ခွင့် စာချုပ်နဲ့အတူ နာရာချီထုံးကျောက်တူးဖော်ရေးကုမ္ပဏီဆိုပြီး သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုကို ကောက်ထူထောင်ပြီး ခံတပ်ကြီးတစ်ခုကို အခိုင်အမာ ဆောက်တည်တယ်။ အင်အားကြီးလာတဲ့ ဆူရိယဗာဒန်ဟာ ပတ်ဝန်းကျင်ဒေသတွေမှာရှိတဲ့လူတွေကို သူ့ခံတပ်အတွင်းကို အတင်းအဓမ္မခေါ်ယူပြီး မညှာမတာ အလုပ်စေခိုင်းတော့တယ်။ လုံခြုံရေးသုံးဆင့်ကာရံထားတဲ့ ခံတပ်ကြီးအတွင်းကို ရောက်ရှိသွားသူတွေဟာ ပြန်လမ်းမရှိတော့ဘူး။ အဲ့ဒီလုံခြုံရေးသုံးဆင့်ဆိုတာက ၁ – အခိုင်အမာတည်ဆောက်ထားတဲ့ ဧရာမတံတိုင်းကြီး ၊ ၂ – ဧရာမတံခါးကြီး နဲ့ ၊ ၃ – အဲ့ဒီနှစ်ခုကို စောင့်ရှောက်ပေးမယ့် ရက်စက်ကြမ်းကြုတ်လွန်းသူ လူမိုက်ခေါင်းဆောင် ဗားနာရမ် တို့ ဖြစ်တယ်။ လက်ရှိအချိန်မှာ သူဟာ နာမကျန်းဖြစ်ပြီးတော့ အိပ်ယာထဲ လဲနေတယ်။ သူ့အရိုက်အရာကို ဆက်ခံဖို့ သားကြီးဖြစ်တဲ့ ဂါရူးဒါးကို တာဝန်ပေးထားတယ်။ ကိုလာရွှေလုပ်ကွက်ရဲ့ ခေါင်းကိုင်ဖခင်ကြီးမှာ အိုးစားဖက် ငါးယောက်ရှိတယ်။ ၁ – ဘာဂါ့ဗ်ရဲ့သား ကာမဲလ် (ကိုလာရွှေလုပ်ကွက်က ထွက်လာသမျှ ရွှေတွေကို သန့်စင်ပေးတဲ့သူ) ၂ – ရာဂျန်ဒရာဒီစိုင်း (ဘန်ဂလောမှာနေရင်း ကိုလာရွှေတွေကို စျေးကွက်ကို ဖြန့်ပေးတဲ့သူ) ၃ – အင်ဒရူး (ရေလမ်းကုန်သွယ်ရေးအတွက် အနောက်ကမ်းရိုးတမ်းကို ချုပ်ကိုင်ထားတဲ့သူ) ၄ – ဂုရုပန်ဒရန်း (ဆူရိယဗာဒန်ကြောင့် နိုင်ငံရေးသမား ဖြစ်လာတဲ့သူ) ၅ – အာဒီးရာ (ဆူရိယဗာဒန်ရဲ့ ညီအရင်း) ဒီ၅ယောက်ကို အုပ်ချုပ်ပြီး ၊ ဒီ၅ယောက်ရဲ့ အကူအညီနဲ့ ကိုလာရွှေလုပ်ကွက်ကို လည်ပတ်နေတာ….။ “ရော့ကီ့အကြောင်း” ရော့ကီဟာ ဘုံဘေမြို့မှာနေထိုင်တယ်။ ငယ်ကလည်းက ဇရှိတယ် ၊ လက်ရဲတယ်။ရည်မှန်းချက် ကြီးမားတယ်။ သွားလေသူ မိခင်ပေးခဲ့တဲ့ ဘ၀ခွန်အားတွေကြောင့် အမြင့်ဆုံးကို ရောက်ချင်နေတဲ့သူ။ ငယ်ကလည်းက လက်ယဉ်တာကြောင့် ဘုံဘေရှက်တီဆိုသူ လူမိုက်ကြီးရဲ့ လက်သပ်မွေးခြင်းကို ခံရတဲ့သူ။ ရှက်တီ့မှာ ကြုံလာသမျှ ဘေးရန်တွေ ၊ ရှက်တီ့လုပ်ငန်းတွေကို စွမ်းစွမ်းတမံလုပ်ကိုင်ပေးရင်း သူမတူတဲ့သူ့အစွမ်းအစကြောင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ အမြင်မကြည်တာကို ခံရတဲ့သူ။ သူ့အစွမ်းအစကို ရှက်တီက အသိအမှတ်မပြုပေမယ့် ရှက်တီ့အထက်က အကောင်ကြီးတစ်ကောင်ဖြစ်တဲ့ နံပါတ် ၃ အိုးစားဖက် အင်ဒရူးက ရော့ကီ့အကြောင်းကို ကြားပြီး အလုပ်တစ်ခု လာကမ်းလှမ်းတယ်။ ကမ်းလှမ်းတဲ့အလုပ်က လုံခြုံရေးအပြည့်ယူထားပြီး ဘန်ဂလောမြို့ကို လာမယ့်လူတစ်ယောက်ကို အပြတ်ရှင်းပေးရမှာ…။ ဒီတော့ သူဟာ ဘုံဘေကနေ ဘန်ဂလောကို ခရီးထွက်လာခဲ့ပြီး သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဖြစ်လာခဲ့ပါတယ်။ အပိုင်း၂အတွက်ဆိုရင်တော့ ဇာတ်ဆောင် အသစ်တွေ မြင်ရတော့မှာပါ။ ရာမီကာစိမ်းဆိုတဲ့ လူထုဩဘာသံနဲ့အတူ နိုင်ငံရေးလောကထဲ ဝင်ရောက်လာသူနဲ့ ဆူရီးယားဗာဒန်ရဲ့ ညီ၊ ဂါရူးဒါးရဲ့ ဦးလေးဖြစ်တဲ့ အားဒီးယားပါ။ အပိုင်း၁မှာတော့ သူတို့အကြောင်း အနည်းငယ်မျှသာ ပါဝင်ခဲ့ပြီး အပိုင်း၂မှာတော့ ရော့ကီရဲ့ အဓိကပြိုင်ဘက်တွေ ဖြစ်လာနိုင်ပါတယ်။ မကြာခင်ထွက်လာတော့မယ့် အပိုင်း၂ကို စောင့်စားရင်း အပိုင်း၁ကို အရင်ကထက် ပိုလန်းတဲ့ အရည်အသွေး၊ ပိုကောင်းတဲ့မြန်မာမှု၊ မူရင်းအသံတို့နဲ့အတူ ပြန်လည် ခံစားလိုက်ကြရအောင်ဗျာ။ File Size :(7.6 GB)/ (2.9 GB)/ (1.20 GB ) /(600 MB) Quality : WEB-DL 4K HEVC/1080p/720p Running Time : 2h 36min Format : Mp4 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Source : WEB-DL-1080p-UNTOUCHED-AVC-DD5.1 Translated by Myint Thu & Nyi Nyi Koe (MLMC) Encoded by Phyo Pyae,Ka Naung

8.9 2018 156 mins
K.G.F: Chapter 1 KGF 1
Don’t Let Me Stay

ဒီတစ်ခါမှာတော့ Don’t Let Me Stay ဆိုတဲ့ 2023 ထွက် horror/thriller ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ။ အိုဟောင်းနေတဲ့ စံအိမ်ကြီးတွေဟာ ခေတ်အဆက်ဆက်ပိုင်ဆိုင်ခဲ့တဲ့ ပိုင်ရှင်တွေရဲ့ အမှတ်တရတွေနဲ့ ပြည့်နှက်နေပြီး နံရံကအစကြမ်းပြင်အထိ ပြောပြစရာ ပုံပြင်ဟောင်းတွေရှိနေတယ်ဆိုတာကို ကြားဖူးကြမယ်ထင်ပါတယ် ။ ဂျက်ဆင်နဲ့သောမတ်တို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြပြီး ကောလိပ်ပြီးသွားတဲ့အခါမှာ သောမတ်ဟာ သူစိတ်ဝင်စားတဲ့ ဗိသုကာလက်ရာတွေလေ့လာဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့ကနေထွက်သွားခဲ့ပါတယ်။ အဆက်အသွယ်လုံးဝမလုပ်ခဲ့တဲ့ သောမတ်ဟာ နှစ်အနည်းငယ်ကြာမှ မြို့ကိုပြန်ရောက်လာခဲ့ပြီး ဂျက်ဆင်အပြင် ကောလိပ်ကသူငယ်ချင်းတွေဖြစ်ကြတဲ့ ကလိုက်ထ်, ဒါကိုတာ, ဝယ်လ်, ကော်နီ တို့ကို သူဝယ်ထားတဲ့ ရှေးဟောင်းအိမ်ကြီးမှာ ပိတ်ရက်အပန်းဖြေဖို့ဆိုပြီး ဖိတ်ခေါ်လာပါတယ်။ ထူးဆန်းတယ်လို့ ခံစားရပေမယ့် မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းက ဖိတ်ခေါ်လို့သွားခဲ့တဲ့ ဂျက်ဆင်နဲ့သူငယ်ချင်းတစ်သိုက်ဟာ သူတို့ရဲ့ငယ်ငယ်က ဆရာဟောင်းဖြစ်တဲ့ မစ္စတာ ပီတာဆင်အပြင် သောမတ်ရဲ့ညီငယ် ဒန်နီရယ်ပါ အိမ်ကြီးမှ ရောက်ရှိနေတာကိုတွေ့လိုက်ရပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်စုနဲ့ဆရာဟောင်းတို့ ရှေးဟောင်း နှောင်းဖြစ်တွေပြောကြရင်း သောမတ်ဟာ မူမမှန်တဲ့အပြင် အိမ်အိုကြီးမှာလည်း ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု ကြုံတွေ့လာရတဲ့အခါ.. သောမတ်သူတို့ကိုဖိတ်ခေါ်ရတဲ့ရည်ရွယ်ချက်အစစ်အမှန်ကရော ဘာလဲ ? အဲ့ဒီအိမ်အိုကြီးရဲ့ သမိုင်းတစ်လျှောက်မှာရော ဘာတွေဖြစ်ပျက်ခဲ့တာလဲ? သောမတ်ကရော စာမလာသတင်းမကြား ပျောက်သွားခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဘာတွေကြုံတွေ့ခဲ့ရလို့ ခုလိုပြောင်းလဲနေရသလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရစေရန် တင်ဆက်ပေးလိုက်ရပါတယ်။ File size…(1 GB)/(400 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Andrew

0 2023
Don’t Let Me Stay
South Park: The End of Obesity

ယခုအခါမှာတော့ South Park ရဲ့ special episode တစ်ခုဖြစ်တဲ့ The end of obesity ဆိုတဲ့ အပိုင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်… South Park ဆိုတာကတော့ လက်တွေ့ကမ္ဘာမှာဖြစ်နေတဲ့အကြောင်းအရာတွေအပေါ်မူတည်ပြီး လှောင်ပြောင်သရော်တဲ့ adult animation ဖြစ်ပါတယ်… ဇာတ်လမ်းအကြောင်းကတော့ ကတ်ဒ်မန်းဆိုတဲ့လူငယ်လေးဟာအဝလွန်ရောဂါဖြစ်နေတဲ့အတွက် Ozempic ဆိုတဲ့ဆေးကိုသုံးဖို့ဆရာဝန်ကညွှန်းပါတယ်… semaglutide ပါဝင်တဲ့ Ozempic ဆေးဟာ ဈေးကြီးလွန်းတဲ့အတွက် ကတ်ဒ်မန်းတို့မိသားစုမတတ်နိုင်ပါဘူး… အာမခံကုမ္ပဏီကလည်း လူနာမှာ ဆီးချိုရောဂါရှိမှသာ ဆေးဖိုးကိုကျခံပေးမှာဖြစ်ပါတယ်…Ozempic ဆေးဟာ ‌ဆီးချိုရောဂါအတွက်သာ FDA ထောက်ခံချက်ရရှိထားတာဖြစ်ပြီး အဝလွန်ရောဂါအတွက်မထောက်ခံထားလို့ပါ…. တစ်ဖက်မှာလည်း သက်လတ်ပိုင်းအမျိုးသမီးတွေအကြား Ozempic, Mounjaro, Zepbound စတဲ့အဆီချဆေးတွေဟာ ရေပန်းစားလာခဲ့ပါတယ်…လူသုံးများလွန်းလို့ဆေးပြတ်တောက်တဲ့အထိပါဖြစ်လာပါတယ်…. ဒီတော့ ကတ်ဒ်မန်းဟာသူ့ရဲ့အဆီချဆေးရဖို့ဘယ်လိုလုပ်မလဲ….သူ့သူငယ်ချင်းတွေကဘယ်လိုကူညီကြမလဲ….ဆေးကိုအလွန်အကြူးသုံးစွဲနေတဲ့သက်လတ်ပိုင်းအမျိုးသမီးအုပ်စုကရော နောက်ထပ်ဆေးထပ်ရဖို့ဘယ်လိုလုပ်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှူကြပါခင်ဗျာ…. South Park ရဲ့ ဒီ End of obesity ဆိုတဲ့အပိုင်းဟာ တကယ့်လက်‌တွေ့ဘဝက semaglutide ဆေးနဲ့ပတ်သက်ပြီးလူကြိုက်များမှု…ဆေးပြတ်တောက်မှုအကြောင်းကိုရိုက်ပြထားတာပါ (၂၀၂၃-၂၀၂၄ မှာဆေးကပြတ်တောက်သွားပြီလို့ဖတ်ရပါတယ်)….Adult animation ဆိုတဲ့အတိုင်းရိုင်းစိုင်းတဲ့စကားလုံးအသုံးအနှုန်းတွေပါဝင်ပါတယ်…ချင့်ချိန်ကြည့်ရှုကြပါခင်ဗျာ…. File size…(725 MB)/(361 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:53:00 Genre… Animation, TV Movie, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

0 2024
South Park: The End of Obesity
The New One-Armed Swordsman
7.2

ဒီကားလေးကတော့ 1971ခုနှစ်ကရိုက်ကူးထားတဲ့ လူတော်တော်များများသိကြမယ့် David Chiang ကားလေးပါ ဒီဇာတ်လမ်းလေးထဲမှာတော့ သိုင်းလောကမှာဖြောင့်မတ်မှန်ကန်တဲ့ သူရဲကောင်းလို့ နာမည်အတွင်ခံချင်လို့ တက်သစ်စထူးချွန်တဲ့သိုင်းသမားလူငယ်တွေကို ထောင်ချောက်ဆင် သတ်ဖြတ်နေတဲ့ လုံယိကျီး။ သူ့ထောင်ချောက်ထဲမှာပထမဆုံးကျဆင်းသွားတဲ့ လူကတော့ ဓါးနှစ်လက်သုံးပြီးတိုက်ခိုက်တဲ့နေရာမှာ ထူးချွန်ပြောင်မြောက်တဲ့ ဓါးနှစ်လက်လူငယ်သိုင်းသမား လေလိတစ်ယောက် ထောင်ချောက်ထဲကျသွားပြီ လုံယိကျီးနဲ့သိုင်းယှဉ်ပြိုင်ခဲ့ချိန်မှာ အလောင်းအစားအနေနဲ့ ရူံးတဲ့လူ လက်တစ်ဖက်ဖြတ်ပြီးသိုင်းလောကကနေ ထွက်သွားဖို့ လောင်းကြေးထပ်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ လေလိတစ်ယောက် လုံယိကျီးရဲ့အကွက်သုံးကွက် သိုင်းကွက်ရဲ့ဒုတိယအကွက်မှာကျရူံးသွားပြီး လက်တစ်ဖက်ဖြတ်ကာ သိုင်းလောကကနေထွက်သွားပြီး သာမာန်လူဘဝအနေနဲ့ နေထိုင်ခဲ့တယ်။ ဒီလိုနဲ့ လုံယိကျီးတစ်ယောက်တော့ သူ့နာမည်ကျော်ဇော်ဖို့အရေး ရှိသမျှသိုင်းလောကသားလူငယ်တွေကိုတစ်ယောက်ပြီး တစ်ယောက်ဒီနညမ်းလမ်းအတိုင်း အသုံးချသတ်ခဲ့တာပေါ့။ ဒီလိုနဲ့ တစ်နေ့လေလိလိုမျိုး ဓါးနှစ်လက်မှာ ထူးချွန်တဲ့သူရဲကောင်း ဖုန်းကျွင်းကျဲသူရဲကောင်း ထပ်မံထွက်ပေါ်လာပြန်တယ်။သူကိုလည်း ထိုနည်းတူစွာထပ် ထောင်ချောက်ဆင်သတ်ဖြတ်ဖို့ ကြိုးစားတဲ့အခါမှာ ဘာတွေဆက်ဖြစ်လာမလဲ။

7.2 1971
The New One-Armed Swordsman
The Graduates
5.5

ထွက်သွားတဲ့သူနဲ့ ကျန်ရစ်ခဲ့သူ ဘယ်သူပိုနာကျင်ရလဲ။ သွားလေသူကတော့ မသိနိုင်တော့ပေမဲ့ ကျန်ရစ်သူတွေရဲ့ ဘဝဟာ တစ်ဆစ်ချိုးကိုရောက်ရှိသွားရပါတယ်။ တိုင်လာတို့ သူငယ်ချင်းတစ်စုက အထက်တန်းကျောင်း တစ်ခုမှာ အတူတူတက်ရောက်နေကြတဲ့ အရမ်းရင်းနှီး ကြတဲ့ဘော်ဒါတွေပါ။ တစ်နေ့မှာတော့ စာသင်ကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး တိုင်လာနဲ့ ကျောင်းသားကျောင်းသူအချို့ သေဆုံးသွား ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ကျန်ရစ်သူတွေကြုံတွေ့ရတဲ့ စိတ်ဒဏ်ရာတွေ၊ ပြန်မရနိုင်တော့တဲ့အမှတ်တရတွေကြောင့် ခံစားရတဲ့ ခံစားချက်တွေကို ထင်ဟပ်စေအောင် ရိုက်ကူး ထားပါတယ်။ အထက်တန်းကျောင်းပြီးလို့ ခွဲခွာကြရတော့မဲ့ သူငယ်ချင်းတွေ အထက်တန်းကျောင်းသားဘဝ နဲ့ လူငယ်ဘဝရဲ့ တစ်စိတ်တပိုင်းကို ဇာတ်လမ်းဇာတ်ကွက် ရိုးရိုးအေးအေးလေးနဲ့ ပိုင်ပိုင်နိုင်နိုင် တင်ဆက်ပြသထားသလို ကြည့်ရင်းကြည့်ရင်းနဲ့ ငယ်ဘဝကို အမှတ်ရမိစေမဲ့ nostalgic vibe အပြည့်နဲ့ ဇာတ်ကားလေး ဆိုရင်လည်း မမှားပါဘူးခင်ဗျာ။ File size… (1 GB) / (577 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Horror
5.5 2024 87 mins
The Graduates
Immaculate City
5.8

တရုတ်အစိုးရက နိုင်ငံတိုးချဲ့ရေး စီမံကိန်းအနေနဲ့ အိမ်ရာတွေကို ဈေးကြီးပေးဝယ်တာတွေ တခြားနေရာမှာ အစားထိုး ပြန်ပေးတာမျိုး လုပ်ပေးတတ်ပြီး အိမ်ရှင်တွေက ချမ်းသာသွားကြတာမျိုး ဖြစ်လေ့ရှိပါတယ်။ အခုရုပ်ရှင်ကလည်း အဲလိုချမ်းသာသွားတဲ့ သူဌေးသား ယန်ယိုချိုင်ကို အဓိကထားပြီး ဇာတ်လမ်းတည်ထားတဲ့ ဒုစရိုက်ဟာသ ရုပ်ရှင်ဖြစ်ပါတယ်။ သူဌေးသား ယန်ယိုချိုင်ဟာ ပြိုင်ကားတစ်စီးဝယ်ချင်နေတဲ့အချိန် လောင်းကစားသမား ဟူချုံးနဲ့ ကားအငှားကုမ္ပဏီက လော်ကျင်းလုံတို့နဲ့ တွေ့ခဲ့ပြီး ရယ်ရမလို ငိုရမလို အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါတယ်။ လူတစ်ဖွဲ့က ယန်မိသားစုရဲ့ ပိုင်ဆိုင်မှုကို လိမ်ချင်ခဲ့ပြီး သူတို့ အဆင့်ဆင့်တွက်ချက်သမျှက နောက်ဆုံးမှာ အလဟဿဖြစ်ခဲ့ရပါတယ်။ စိတ်ထဲမှာ မကောင်းမှုတွေးနေရင် ဘေးဒုက္ခကြုံရပြီး စိတ်ထဲမှာ အလင်းရောင်ရှိသူကတော့ အရာအားလုံးဖြောင့်ဖြူးမယ် ဆိုတဲ့ သဘောတရားကို ရုပ်ရှင်လှည့်ကွက်တွေနဲ့ သရုပ်ဖော်သွားခဲ့တာ ဖြစ်ပါတယ်။

Horror • Comedy • Crime • Thriller
5.8 2025
Immaculate City
The Little Mermaid
5

အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ Little Mermaid ဖြစ်ပြီး သင်တို့ထင်ကြတဲ့အတိုင်း Disney ကထုတ်တဲ့ ရေသူမလေးမဟုတ်ပါဘူး။ ဒီကားထဲကရေသူမလေးကမင်းသမီးမဟုတ်ဘဲ ဗီလိန်ရေသူမဖြစ်ပါတယ်။ နာမည်ကြီးမင်းသားမင်းသမီးတွေနဲ့ရိုက်ကူးထားတာတော့ မဟုတ်ပေမဲ့ ကြည့်လို့ကောင်းတယ် စိတ်ဝင်စားစရာ ကောင်းတယ်ဆိုတဲ့ထဲမှာတော့ ပါဝင်ပါတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ် နည်းနည်းစိတ်ဝင်စားသွားပြီဆိုရင်တော့ Review လေးကိုဖတ်ကြည့်ဖို့ညွှန်းပေးလိုက်ချင်ပါတယ်။ အဲရစ်ဆိုတဲ့တက္ကသိုလ်ပါမောက္ခတစ်ယောက်က ရှေးဟောင်း နေရာတစ်ခုမှာ တူးဖော်သုတေသနပြုနေရင်းနဲ့ ရှေးခေတ်က အဆောက်အဦးပုံစံတွေကိုတွေ့ခဲ့တဲ့အတွက် စိတ်အား ထက်သန်စွာနဲ့ ဆက်လက်တူးဖော်နေခဲ့ပါတော့တယ်။ ဒါပေမယ့် အဲ့ဒီမြေပိုင်ရှင်က ခဏခဏပြဿနာလာရှာနေတဲ့ အတွက် သူငယ်ချင်းဖြစ်သူဖာဒီနဲ့ပေါင်းပြီး လာဘ်ထိုးရ ပေါင်းလည်းမနည်းတော့ပါဘူး။ဒီလိုနဲ့တစ်နေ့မှာအော်ရိုရာဆိုတဲ့ ကောင်မလေးချောချောလေးတစ်ယောက်နဲ့ အဲရစ်တို့တွေ့ဆုံ ခဲ့ပြီး သံယောဇဉ်တွေတွယ်လာခဲ့ကြပါတော့တယ်။ ဖြစ်ချင်တော့ အဲရစ်ရဲ့တူးဖော်မှုသုတေသနကြီး ရှယ်အောင်မြင် ပြီဆိုမှ မြေပိုင်ရှင်ကညစ်ပြီး ဆက်တူးဖော်ခွင့်မပေးတော့ ကြောင်းကို အော်ရိုရာဆီရင်ဖွင့်လိုက်ရာမှာတော့ သူဌေးမကြီး ဖြစ်တဲ့အော်ရိုရာက အဲ့ဒီမြေကိုဝယ်ချလိုက်ပြီး အဲရစ်ကို အေးဆေးသုတေသနလုပ်ခွင့်အမ်းခဲ့ပါတော့တယ်။ မကြာခင်မှာသူ့သူငယ်ချင်းဖာဒီလည်းရောက်လာပြီး အဲရစ်နဲ့ အော်ရိုရာတို့ကြားက ဆက်ဆံရေးကိုမသင်္ကာဖြစ်တာက တစ်ကြောင်း သူတို့တွေ့ရှိတဲ့သုတေသနတွေကလည်း ထူးဆန်း နေတာကတစ်ကြောင်းကြောင့် သံသယတွေဖြစ်လာခဲ့ရင်းမှ အော်ရိုရာက ရေသူမဆိုတာကို ဘယ်လိုရှာဖွေတွေ့ရှိသွားကြမလဲ သုတေသနကရော ဘာတွေဆက်ဖြစ်သွားကြမလဲဆိုတာတွေကို စိတ်ဝင်စားစရာရှုစားရမှာပဲဖြစ်ပါတယ်။ File size… (1.42 GB) / (842 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama
5 2024 89 mins
The Little Mermaid
4PM
5.9

4PM (2024) ************ ဒီတစ်ခေါက်မှာတော့ CMပရိသတ်ကြီးအတွက် စာရေးဆရာမ Amelie Notomb ရဲ့ ဝတ္ထုကို အခြေခံထားတဲ့ ရုပ်ရှင်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်… ဒီကားလေးမှာတော့ love next doorထဲမှ မင်းသမီးကြီးJang Young Nam, Miracle in Cell No. 7မှ မင်းသားကြီး Oh Dal-su, Reply 1994 မှ Min Do-heeနဲ့ The Plotထဲမှ မင်းသားကြီး Kim Hong-pa တို့မှ ပါဝင်ထားပါတယ် .. ဇာတ်လမ်းအညွှန်း ************* အီဂျောင်အင်း(Oh Dal-su)ဟာ အတွေးအခေါ်ပညာရှင် ပါမောက္ခကြီးတစ်ဦးဖြစ်ပါတယ်.. တစ်နေ့မှာတော့ ပါမောက္ခကြီးဟာ နယ်မြို့လေးမှာ ဇနီးသည်နှင့်အတူအေးအေးချမ်းချမ်း နေထိုင်လိုတာကြောင့် ကျောင်းကနေခွင့် တစ်နှစ်ယူပြီး နယ်ဘက်ကို ပြောင်းရွှေ့ခဲ့ပါတယ်.. ။ အေးအေးချမ်းချမ်းနေချင်တဲ့ သူတို့လင်မယားရဲ့ဘဝလေးထဲကို ဝင်ရောက်နှောင့်ယှက် လာသူကတော့ ဘေးအိမ်မှာ နေထိုင်တဲ့ ဆရာဝန်ကြီး(Kim Hong-pa)ပါပဲ .. ။ အဲဒီဆရာဝန်ကြီးဟာ ညနေ ၄ နာရီရောက်တိုင်း အိမ်ကိုရောက်လာပြီး စကားကို တိုတိုတုတ်တုတ်ပဲ ပြောကာ ၆နာရီ ထိုးတဲ့အထိ ငုတ်တုတ်ထိုင်နေခဲ့ပါတယ် .. တစ်ရက်နှစ်ရက်မကဘဲ နေ့တိုင်း ၄နာရီအတိမှာ အိမ်ကို အတင်းဝင်ရောက်လာပြီး ၆နာရီအတိမှာ ဘာမှမပြောဘဲ ပြန်သွားတတ်တဲ့ ထိုဆရာဝန်ကြီးကြောင့် ပါမောက္ခကြီး လင်မယားဟာ စိတ်မွန်းကျပ်လာပြီး အိပ်မပျော်တဲ့ရောဂါအထိပါ စွဲကပ်လာပါတော့တယ် .. ပါမောက္ခကြီးလင်မယားက အဲဒီအိမ်ကလေးမှာ အေးအေးချမ်းချမ်းနေသွားနိုင်ပါ့မလား .. ၄နာရီအတိမှာရောက်လာတဲ့ အဲဒီဆရာဝန်ကြီးကရော သွေးရိုးသားရိုးဟုတ်ရဲ့လားဆိုတာကို CM နဲ့အတူ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားလိုက်ကြရအောင်နော် .. ။ (အညွှန်းကို Htoo Pyae မှ ရေးသားထားပါတယ်) File size…1.70GB / 677MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 51 min. Genre ….. Thriller, Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Su Sandi, Hnin Wai Oo, Htoo Pyae & Esther Encoded by AHtet

Horror • Thriller
5.9 2024 109 mins
4PM
The First Stab of The Datang
5.9

တရုတ်သမိုင်းရဲ့နာမည်ကြီးဧကရီ Wu Zhe Tian ကိုသိကြမယ်ထင်ပါတယ်။ ထန်ခေတ်ဧကရီဝူဇယ်ထျန်းကို ပုံစံတစ်မျိုးနဲ့ဖော်ပြထားတဲ့ သိုင်းကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ တထန်တိုင်းပြည်ကြီး တိုင်းရေးပြည်ရေးမတည်မငြိမ်ဖြစ်ပြီး အရှင်မဝူဇယ်ထျန်းက ဧကရီအမည်ခံအုပ်ချုပ်လိုက်တယ်။ ပြည်သူတွေကြားမှာ ကောလဟာလတစ်ခုပြန့်နေပါတယ် အမတ်ချုပ်ကြီးဟာထိုက်ကျုံးဘုရင်မင်းမြတ်ရဲ့အမိန့်တော်အရ လျို့ဝှက်ကျမ်းစာကိုရေးခဲ့တယ်။ ဒီကျမ်းစာဟာရှေ့ဖြစ်ဟောစာဖြစ်ပြီး ဝူဇယ်ထျန်းကို ထိန်းချုပ်ဖို့နည်းလမ်းဖြစ်တဲ့အတွက် ဧကရီမကြီးက ဒီလျို့ဝှက်စာကိုမရရအောင် ထျန်းကျီးဂိုဏ်းကလူသတ်သမားတွေကို စေလွှတ်တဲ့အကြောင်းကို သိုင်းအက်ရှင်တွေဝေဝေဆာဆာနဲ့ရိုက်ကူးထားပြီး တိုက်ရေးခိုက်ရေးတွေကြားထဲက အစွန်းနှစ်ဘက်က လူ၂ယောက်ရဲ့အချစ်ဇာတ်လမ်းလေးက ဘယ်လိုဖြစ်သွားမလဲဆိုတာလဲ စိတ်ဝင်တစားကြည့်ရမှာပါ….. ရက်စက်တဲ့ဧကရီနဲ့ သူတို့ချစ်သူနှစ်ယောက်ရဲ့အဆုံးသတ်ဟာ ဘယ်လိုဖြစ်လာမလဲဆိုတာ ဆက်ပြီးကြည့်ရှုအားပေးလိုက်ကြပါဦးနော်

Action • Crime • Thriller
5.9 2018
The First Stab of The Datang
Time to Be Strong
6.5

Time to Be Strong (2025) *********************** IMDb… 6.5 Beyond Evil , The Sound of Magic တို့ထဲက မင်းသမီး Choi Sung-Eun၊ Cheer Up ထဲက မင်းသား Hyun Woo Seok နဲ့ Family By Choice ထဲက မင်းသမီး Ha Seo-Yoon တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Healing ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ – ဇာတ်လမ်းအကျဉ်း – ကိုယ့်ရဲ့ ငယ်ဘဝတစ်ခုလုံးကို ပေးအပ်မြှုပ်နှံပြီး အိုင်ဒေါအဖြစ် ပွဲဦးထွက်နိုင်ဖို့ ကြိုးစားခဲ့ပေမဲ့လည်း ၏ အများစိတ်ဝင်စားမှုကို မရလိုက်ဘဲ အဖွဲ့ဖျက်သိမ်းလိုက်ရတဲ့ Love&Liz အဖွဲ့ဝင်ဟောင်း ဆူမင် (Choi Sung-Eun) နဲ့ အီဆာရန်း (Ha Seo-Yoon) ၊ Five God Child အဖွဲ့ဝင်ဟောင်း ထယ်ဟီး (Hyun Woo Seok)… အမြဲ အေဂျင်စီက ခိုင်းသလိုပဲ လုပ်လာခဲ့ရတဲ့ သူတို့သုံးဦးဟာ အနားယူပြီးနောက်မှာ ဘာလုပ်ဘာကိုင်ရမလဲမသိဘဲ လမ်းပျောက်နေပေမဲ့လည်း အားလပ်ချိန်ရှိသွားပြီဖြစ်တဲ့အတွက် ကျောင်းနေအရွယ်တုန်းက မသွားဖြစ်ခဲ့တဲ့ လေ့လာရေးခရီးသွားဖို့ သုံးယောက်သား အစီအစဉ်ချဖြစ်သွားတဲ့အခါမှာတော့… သူတို့ရဲ့ ဂျယ်ဂျူကျွန်း ခရီးစဉ်လေးမှာ ဘယ်လိုတွေ အချိန်ကုန်ဆုံးကြမလဲ… ဘယ်လိုအမှတ်တရ‌လေးတွေ ဖန်တီးကြမလဲဆိုတာကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ စိတ်အပန်းပြေဖွယ် ရိုက်ကူးပြထားတာမို့လို့ ဆူမင်၊ ဆာရန်း၊ ထယ်ဟီးတို့ သုံးဦးနဲ့အတူ လိုက်ပါစိတ်အပန်းဖြေရင်း ရုပ်ရှင်လေးကို ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားပေးထားပါတယ်ပါတယ်။) File Size : 1.81GB/ 900MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…1hr40m Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Su Sandi, Hsu Pyae & Hnin Wai Oo Encoded by Tiff

6.5 2025 99 mins
Time to Be Strong