YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Airplane.II.The.Sequel.1982.720p.BluRay.x264-PSYCHD.mp4

901.96 MB N/A video/mp4 2214 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Stroke of Luck

2022ခုနှစ်မှာထွက်ရှိထားတဲ့stroke of luckဆိုတဲ့ဒီကားလေးကတော့ Romance Comedy ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးက‌တော့ နေသန် ဆိုတဲ့ မြို့မှာနေတဲ့ကောင်လေးက ကျေးလက်မှာနေတဲ့ သူ့အဖေရဲ့‌မွေးမြူး‌ရေးခြံကို သွားပြီး အလုပ်လုပ်ဖို့အကြောင်းဖန်လာပါတော့တယ်။ မြို့မှာ ကြော့ကြော့လေးနေတတ်တဲ့ မြို့သားလေး ကျေးလက်ကမွေးမြူးရေးခြံကို‌ ရောက်တာနဲ့ အလွဲ‌တွေကြီးပဲ စလုပ်ပါ‌တော့တယ်။ မြို့ကို အရမ်းပြန်ချင်တဲ့‌ကောင်လေးကို သူ့အ‌‌ဖေက ဒီမှာအလုပ်တစ်လလုပ်ပြီးမှ မြို့ကိုပြန်ရမယ် အလုပ်မလုပ်ရင်လုံး၀မပြန်ရဘူးလို့ ရာဇသံ‌ပေးလိုက်ပါတယ်။ အဲလိုနဲ့အလွဲ‌တွေလုပ်ရင်းလုပ်ရင်းလုပ်ရင်းနဲ့သူ့ကိုကူညီပေးတဲ့မွေးမြူ‌ရေးခြံမှာအလုပ်လုပ်တဲ့ "ဆာရာ" ဆိုတဲ့‌ ကောင်မလေးနဲ့ ဖြည်းဖြည်းရင်းနှီးလာပြီး သူ့ကို စတင်သ‌‌ဘောကျလာပါ‌တော့တယ်။ အဲ့လိုနဲ့နေသန်တစ်‌ယောက် တစ်လအလုပ်လုပ်ပြီးပဲအိမ်ပြန်သွားမလား ‌။‌ ကောင်မလေးနဲ့ရောအဆင်ပြေပါ့မလားဆိုတာကိုတော့ပရိတ်သတ်ကြီးပဲကြည့်ရှုခံစားလိုက်ပါ။ မွေးမြူရေးခြံမှာနေတဲ့တစ်လအတွင်းဘယ်လိုအလွဲတွေလုပ်တယ်ဆိုတာကို ပျော်ပျော်ကြီးကြည့်ရမယ့်ခွီရမယ့်အပြင် ကျေးလက်မှာရိုက်ကူးထားတဲ့အတွက်သဘာ၀ရှုခင်းတွေကလဲအရမ်းကိုမှလှပပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyalsin Yati Ko ပဲ ဖြစ်ပါတယ်။ Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.2GB | 655MB | 314MB Format… mp4 Duration…. 1h 21min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kyalsin Yati Ko Encoder ..... Aaron

Thriller
0 2022
Stroke of Luck
By the Time It Gets Dark
5.9

By the Time It Gets Dark ကို ကိုယ်ပိုင်အမြင်အရပြောရမယ်ဆိုရင်တော့ ယုန်တွင်းထဲ လိုက်ဝင်သွားတဲ့ အဲလစ်လိုပါပဲ...။ ယုန်တွင်းထဲမှာတော့ ၁၉၇၆ ခုနှစ်တုန်းကာလ ထိုင်းနိုင်ငံရဲ့ ကျောင်းသားသပိတ်ရှိနေပြီး လိုက်ပြတဲ့ ယုန်လေးကတော့ ဒီကားရဲ့ အဓိကဇာတ်ဆောင်လို့ ပြောလို့ရလောက်မယ့် ဒါရိုက်တာ မိန်းမငယ်လေးပေါ့...။ အဲဒီယုန်လေးနောက် အပြေးလိုက်ရင်း အပိုင်းအစတွေ အမှတ်တရတွေကို လိုက်ပါခံစားကြည့်ရမယ့် ရုပ်ရှင်ချစ်သူတိုင်းကတော့ အဲလစ်လေးတွေပါပဲ။ ငါတို့အားလုံးသည် အဲလစ်များသာပေါ့။ အံ့ဖွယ်ကမ္ဘာထဲက အဲလစ် (Alice in Wonderland) နဲ့မတူမှာဆိုလို့ ယုန်တွင်းထဲရှိနေတာဟာ Wonder (အံ့ဖွယ်တွေ) မဟုတ်ဘဲ Massacre (လူမဆန်စွာ သတ်ဖြတ်ခံရခြင်း)တွေ ဖြစ်နေတာပါပဲ။ ဒီဇာတ်ကားကို ဘန်ကောက်မြို့ သမ်မာဆတ်တက္ကသိုလ်မှာ ကြုံတွေ့ခဲ့တဲ့ ၁၉၇၆ ကာလတုန်းက ကျောင်းသားသပိတ်ရဲ့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ အမျိုးသမီးရဲ့ဇာတ်လမ်းကို ရုပ်ရှင်ပြန်ရိုက်ဖို့ ကြိုးစားနေတဲ့ ဒါရိုက်တာမိန်းမငယ်လေး၊ ခြံလုပ်သားတဖြစ်လဲ နာမည်ကြီးသရုပ်ဆောင်ကောင်လေး၊ အလုပ်တွေတောက်လျှောက်ပြောင်းနေတဲ့ သာမန်မိန်းကလေးတစ်ယောက်၊ ဒီလို တစ်ယောက်ချင်းစီကြားက ဖြတ်သန်းမှုတွေ စတဲ့ အပိုင်းအစတွေနဲ့ ဖွဲ့စည်းထားပါတယ်။ တစ်ခုရှိတာက ဒီဇာတ်လမ်းဟာ အသင့်ခွံ့ကျွေးထားတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်ကြေညက်အောင်ဝါးစားဖို့ အချိန်ပေးရမယ့် ဇာတ်လမ်းမျိုးပါ။ ထိုင်းနိုင်ငံရဲ့ သမိုင်းဖြစ်ရပ်တစ်ခုကို အခြေခံထားတယ်ဆိုပေမဲ့ Festival Type ရုပ်ရှင်မျိုးဖြစ်တာမို့ အပြနှေးနှေးနဲ့ စိတ်ရှုပ်စရာကောင်းတယ်လို့ထင်တဲ့ကားမျိုးကို မကြိုက်ရင်တော့ ကြိုတင်သတိချပ်စေလိုပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 850MB Quality - 1080p, 720p IMDb Rating - 6.4/10 Format - mp4 Duration - 1H 45Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Action • Adventure • Drama
5.9 2016 106 mins
By the Time It Gets Dark
The Teacher's Diary
7.7

အချစ်ဆိုတာ ဒီလိုဖြစ်တယ် ဟိုလိုဖြစ်တယ်ဆိုပြီး တစ်ခုတ်တရပြောကြ၊ငြင်းကြရလောက်တဲ့အထိ ဝေခွဲမရနိုင်ခြင်းတွေနဲ့ပြည့်နှက်နေတယ်လို့ထင်မှတ်ထားတယ်မလား။အမှန်တော့ အချစ်ထက်ဆန်းကြယ်ပြီး အချစ်ကိုတောင်ဦးဆောင်နိုင်တဲ့အရာဟာ "ဖူးစာ"ပါ။လူသားနှစ်ယောက်ဟာအမှတ်တမဲ့ကိစ္စလေးတွေကနေ ဘဝခရီးတစ်ခုကိုအတူတူလျှောက်လှမ်းဖို့အကြောင်းဖန်လာတယ်ဆိုရင် အချစ်ထက်ပိုစွမ်းအားကြီးတဲ့ "ဖူးစာ" ရဲ့ထောက်ပံ့ပေးမှုတွေကြောင့်ဆိုတာကို သံသယမရှိပါနဲ့။ဒီလိုပေါ့ပါ့ပါးပါးကြည်နူးစရာဖြစ်ရပ်လေးတွေကို လေးလံတဲ့လူသားဒုက္ခတွေကြားမှာအကောင်းဆုံး ပုံဖော်ပြသသွားခဲ့တာ Teacher's Diary ဆိုတဲ့ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဇာတ်လမ်းလေးမှာပါ။ Song ဆိုတဲ့ကောင်လေးဟာ ခက်ခဲတဲ့ဘဝပေးအခြေအနေတစ်ခုမှာ ဘာအလုပ်ဖြစ်ဖြစ်စပြီးရင် ဖြစ်အောင်လုပ်ပြမယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ဓါတ်ပိုင်ရှင်လူငယ်လေးတစ်ယောက်။သူ ရေပေါ်ကျောင်းကိုစရောက်တော့ ထွက်ပြေးချင်လောက်အောင်အဲ့ကျောင်းမှာလိုအပ်ချက်အရမ်းများတယ်။ဒါပေမယ့် သူကံကောင်းသွားတာက သူ့အရင်ရောက်ပြီးတာဝန်ထမ်းဆောင်ခဲ့တဲ့ Ann ဆိုတဲ့ဆရာမလေးရေးထားတဲ့ဒိုင်ယာရီစာအုပ်လေးကြောင့်ပါ။Ann ဟာသူကြုံတဲ့အခက်အခဲတွေနဲ့ ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာကိုဒိုင်ယာရီစာအုပ်ထဲမှာကောင်းကောင်းမှတ်တမ်းတင်ရေးထားခဲ့တယ်။ဒါတွေကိုဖတ်ပြီး Song တစ်ယောက်ပြဿနာတွေကိုဖြေရှင်းဖို့ အားအင်နဲ့နည်းလမ်းတွေရခဲ့တယ်။Ann ရေးခဲ့တဲ့ဒိုင်ယာရီစာအုပ်လေးဖတ်ပြီးတဲ့နောက် Ann မြတ်နိုးခဲ့တဲ့ရေပေါ်ကျောင်းလေးနဲ့ ကလေးတွေကိုပါ Song တစ်ယောက်ချစ်ခင်တတ်ခဲ့ပြီ။Ann ရဲ့ ပျော်ရွှင်ခြင်း ချမ်းမြေ့ခြင်း အထီးကျန်ခြင်း ဝမ်းနည်းခြင်းတွေကိုသိရှိခံစားပြီးတဲ့နောက် Song ဟာ ဒိုင်ယာရီစာအုပ်ပိုင်ရှင် Ann ကိုအရမ်းတွေ့ချင်လာတယ်။Ann တစ်ယောက်သံယောဇဉ်ကြောင့်ကျောင်းလေးကိုပြန်လာတော့ သူ့ဒိုင်ယာရီစာအုပ်လေးမှာသူမရှိတုန်း သူမသိလိုက်တဲ့အကြောင်းအရာတွေဖြစ်ပျက်သွားတာတွေ့ခဲ့ရတယ်။အဲ့လိုဖြစ်ရပ်တွေကို ထပ်ပြီးဖြည့်စွက်ထားတဲ့ Song ဆိုတဲ့ကျောင်းဆရာလေးမှာလည်းရေပေါ်ကျောင်းနဲ့ကလေးတွေကို သူ့လိုပဲချစ်ခင်မြတ်နိုးတဲ့ကောင်လေးတစ်ယောက်ဆိုတာသိရှိပြီးနောက် Ann ဟာလည်း Song ကိုအရမ်းတွေ့ချင်လာပြန်တယ်။ ရိုးရှင်းလွန်းတဲ့ဇာတ်ကြောင်းကိုမကြည့်ကြည့်ချင်လာအောင်ဆွဲဆောင်သွားတာက ဇာတ်ညွှန်းနဲ့ ဓါတ်ပုံပညာ(Cinematography)။အဓိကဇာတ်ကောင်နှစ်ယောက်ဟာအချိန်ကာလကွာခြားချက်ကြောင့်မတွေ့မဆုံနိုင်ကြပေမယ့် သူတို့ခံစားချက်နဲ့စိတ်စေတနာတွေကြောင့်သူတို့ကိုအမြန်ဆုံစေချင်တဲ့စိတ်ဖြစ်စေလာတဲ့အထိဇာတ်ညွှန်းဟာ smooth ဖြစ်လွန်းခဲ့တာ။ Cinematographer ရဲ့ဆရာကျမှုက ရေပေါ်ကျောင်းနဲ့အဲ့ပတ်ဝန်းကျင်ကို တစ်ခေါက်လောက်တော့သွားကြည့်ချင်မိစိတ်ကိုဖြစ်စေပါတယ်။ဒါ့အပြင် ကလေးတွေရဲ့ဆူဆူလောင်လောင်အသံတွေ၊ ကျောင်းဆရာပေါက်စလေးနှစ်ယောက်ရဲ့ကမောက်ကမနိုင်မှုတွေကိုအနောက်ကနေ တီးလုံးသံပါးပါးလေးနဲ့ပံ့ပိုးထားပါသေးတယ်။အနုပညာအရအောင်မြင်မှုအနေနဲ့ ထိုင်းအမျိုးသားရုပ်ရှင်ဆုပေးပွဲမှာ အပေါ်ကချီးကျူးထားတဲ့ Cinematography နဲ့ နောက်ခံတေးဂီတဆုအပြင် Art Direction,Original song နဲ့ တည်းဖြတ်ဆုဆိုပြီး ၅ ဆုတောင်သိမ်းပိုက်ခဲ့တယ်။ သြဇာသီးမရောင်းတဲ့ဆရာ နဲ့ကျောင်းသားကြားက ၅၂၈ မေတ္တာကိုအခြေခံထားပြီး ကြည်နူးလို့မျက်ရည်ကျတဲ့ခံစားချက်ကိုသဘောကျရင်တော့ Teacher's Diary ဆိုတဲ့ထိုင်းကားလေးကိုကြည့်ပါ။ဒီဇာတ်ကားလေးမှာ ပညာရေးဆိုတာ အမှတ်တွေအဆင့်တွေဆိုတာထက်ကိုယ့်အနီးအနားကအရာတွေဆီကနေ သင်ယူလေ့လာကာ ကိုယ်နားလည်ခဲ့တဲ့အရာတွေကိုဘယ်လိုလက်တွေ့အသုံးချမယ်ဆိုတာမျိုးကိုပါ ပါးပါးလေးပြသွားခဲ့တယ်။ အတိအကျပြောနိုင်တာက အချစ်နဲ့ဘဝအဓိပ္ပါယ်အချို့ကိုပုံဖော်ထားတဲ့ Teacher's Diary ကိုပထမအကြိမ် ကြည့်ပြီးသွားတဲ့အခါ သေချာပေါက်နောက်တစ်ခေါက်ထပ်ကြည့်ချင်စိတ်ဖြစ်လာမှာပါ...။ IMDB - 7.9 (ရုပ်ရှင်အညွှန်းကို Ko Aung Myo Naing FB မှ ကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်တင်ဆက်ထားသူကတော့ မယွန်းစန္ဒီ(Meoww Meoww)ဖြစ်ပါတယ်။) File size…(1.2 GB) / (900 MB) Quality…WEB-DL 1080p/720p Format…mkv Duration….01:44:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Meoww Meoww

Action • Crime • Drama • Thriller
7.7 2014 109 mins
The Teacher's Diary
Promising Young Woman
7.5

Promising Young Woman အညွှန်း ကတ်စီ ရဲ့ဘဝမှာ အရာရာတိုင်းက ထင်ထားသလို မဟုတ်ပါဘူး သူမဟာ လှသလောက် ဉာဏ်နီဉာဏ်နက်များပြီး ကလိမ်ကကျစ်လည်း ကျပါတယ် သူမဟာ ညဘက်ရောက်ရင် ကလပ်မှာ ယောက်ျားတွေကို အမူးလွန်ချင်ယောင်ဆောင်ပြီး လှည့်ဖြားတတ်တဲ့ မိန်းမတစ်ယောက်ပါ တစ်ချိန်က အရမ်းစာတော်တဲ့ ဆေးကျောင်းသူလေးက ဒီလိုဘဝမျိုးကို ဘယ်လိုများ ရောက်လာတာလဲ? တစ်ချိန်က စိတ်ဒဏ်ရာဖြစ်စေခဲ့တဲ့ အဖြစ်ဆိုးကို သူရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား Promising Young Woman 2020 ဟာ 92% tomatometer ရထားပြီး IMDB score 7.4 ရထားတဲ့ ထိတ်လန့်သဲဖို ကားကောင်းတစ်ကားပဲဖြစ်ပါတယ် အပြင်ပန်းမှာ အချစ်ဟာသကားယောင် ဆောင်ထားပေမယ့် လူမှုအသိုင်းအဝိုင်းကြောင့် ဖြစ်လာနိုင်တဲ့ စိတ်ဒဏ်ရာအကြောင်း နက်နက်နဲနဲ ရိုက်ကူးပြထားတဲ့ ကားကောင်းလေးပဲဖြစ်ပါတယ် Translated by : Htet Wai Lwin Encoded by : YK Quality : 720 p WEBSCR File Size : 1.2Gb Duraion .1h 53min Subtitle :Myanmar (Hardsub)

Action & Adventure • Crime • Drama
7.5 2020 114 mins
Promising Young Woman
Ginger & Rosa
6.2

Ginger & Rosa (2012) ~ IMDb – 6.2/10, Rotten Tomatoes – 78% ~ ဆယ်ကျော်သက်လူငယ်ဘဝဆိုတာ လူကြီးတွေရဲ့ ပုံဖျက်စကားတွေနဲ့ ပြောင်စရာလိုလို လှောင်စရာလိုလိုဖြစ်နေတယ်လို့ ပြောရမလား။ သစ်ရွက်လှုပ်ရင် ရယ်တဲ့အရွယ်တဲ့။ ဒါပေမဲ့ သူ့ရင်ထဲမှာ သူ့အတွေးထဲမှာ သစ်ရွက်လေးတွေလှုပ်သွားတာထက် အဆအများကြီးပိုတဲ့အရာတွေ ရှိနေတယ်လေ။ မြီးကောင်ပေါက်မအရွယ်တဲ့။ လူပျိုပေါက်တဲ့။ ဒါပေမဲ့ သူတို့ရင်ထဲက အတွေး၊ ခံစားချက်နဲ့ သောက‌တွေက ဆန့်ကျင်ဘက်လိင်အတွက်ချည်းပဲ မဟုတ်ဘူးပေါ့လေ။ ဒီလူငယ်တွေကပဲ ကမ္ဘာကို ကိုင်လှုပ်မယ့် လူကြီးတွေ ဖြစ်လာခဲ့တာပဲမဟုတ်လား။ သူတို့တွေရဲ့ စိတ်ခွန်အားနဲ့ စွမ်းဆောင်နိုင်ရည်တွေက အကန့်အသတ်မဲ့ပဲဗျ။ ကောင်းရင်လည်း ကမ္ဘာ့ရတနာတွေ ဖြစ်လာသလို ဆိုးပြီဆိုလည်း ကမ္ဘာကို မြေလှန်ပစ်မယ်တကဲကဲ လုပ်ကြပြန်ရော။ ဟုတ်တာမဟုတ်တာတော့ အသာထား။ ဆယ့်သုံးနှစ်သမီးလေးတစ်ယောက်က နျူကလီယားစစ်ပွဲကြီးကို ရပ်တန့်ပစ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေလေရဲ့။ သူ့ရဲ့ ဖွားဖက်တော် သူငယ်ချင်းမလေးတစ်ယောက်ကလည်း သူ့ကိုယ်ပိုင်တည်ထောင်မယ့် အချစ်ကမ္ဘာကို အားလုံးနဲ့ဆန့်ကျင်ပြီး ထုဆစ်ဆဲပဲလေ။ တစ်အူထုံဆင်း ညီအစ်မအရင်းတွေထက်တောင် သာနိုင်တဲ့အချစ်မျိုးနဲ့ ချစ်ခဲ့ကြသူနှစ်ယောက်… ဂျင်းဂျာ နဲ့ ရိုဆာ။ မိဘချင်းက မိတ်ဟောင်းဆွေဟောင်းကြီးတွေ။ ဒီ နုနုငယ်ငယ်ကလေးမနှစ်ယောက်က အရွယ်နဲ့မတန်တဲ့ လုပ်ဆောင်ချက်ကြီးတွေကို လူငယ်ပီပီ မှားမှားယွင်းယွင်း လဲလဲကွဲကွဲ လုပ်နေကြပုံတွေ ကြည့်ရှုရမှာပေါ့။ ဟောဒီဗြိတိန်ဇာတ်ကားလေးက ပြည်တွင်းရုပ်ရှင်ဆုတွေ၊ သရုပ်ဆောင်ဆုတွေ၊ ပညာရှင်ဆုတွေ ဆွတ်ခူးခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေ ရရှိထားပြီး အထူးသဖြင့် လူငယ်သရုပ်ဆောင်တွေကို ချီးကျူးထားပါတယ်။ Maleficent ဇာတ်ကားထဲက မင်းသမီးလေး အော်ရိုရာ ကို မှတ်မိမယ်ဆိုရင်ဖြင့် ဟောဒီအမေရိကန်မင်းသမီးလေး Elle Fanning ရဲ့ အနောက်ဆန်တဲ့အလှနဲ့ မှော်ဆန်ဆန်သရုပ်ဆောင်မှုကို ဂျင်းဂျာ ဆိုတဲ့ကောင်မလေးအဖြစ် မြင်ရဖို့ရှိပါတယ်။ Alice Englert ဆိုတဲ့ ဩစတေးလျမင်းသမီးချောလေးရဲ့ အရှေ့ဆန်တဲ့အလှနဲ့ ပြေပြစ်တဲ့သရုပ်ဆောင်မှုကိုလည်း ရိုဆာ ဆိုတဲ့ အချစ်သူရဲကောင်းမလေးအဖြစ် ကြည့်ရှုရပါမယ်။ ဒုတိယကမ္ဘာစစ်အပြီး ဆိုဗီယက်ပြည်ထောင်စုနဲ့ ကျန်တဲ့မဟာမိတ်နိုင်ငံတွေအချင်းချင်း ရန်စောင်နေကြသဗျ။ နျူဒုံးကျည်တွေကိုယ်စီနဲ့ အစွယ်တပြပြလုပ်နေကြတော့ နျူကပ်ဘေးကြောင့် ကမ္ဘာပျက်တော့မလိုလိုကာလပေါ့ဗျာ။ အဆင်မပြေတဲ့ အိမ်ထောင်ရေးကိုယ်စီက မွေးဖွားလာတဲ့ကောင်မလေးနှစ်ယောက်ရဲ့ ကိုယ်စီပြဿနာတွေက ကမ္ဘာ့အရေးထက် ပိုကြီးတယ်လို့ သူတို့တွေထင်မှတ်ထားကြသလားမသိ။ အဖေ ကို အဖေလို့ ခေါ်ခွင့်မရတဲ့ ကောင်မလေးဂျင်းဂျာ ရယ်၊ အဖေခေါ်စရာကို မရှိတော့တဲ့ကောင်မလေး ရိုဆာ ရယ်၊ အချစ်ဆုံးသူငယ်ချင်းကို အချစ်ဆုံးသူပေးလိုက်ရတဲ့ ဂျင်းဂျာ၊ သူငယ်ချင်းအပေါ်ကို အဆုံးအထိ သစ္စာမဲ့ စာနာတရားမဲ့ခဲ့တဲ့ ရိုဆာ တို့ရဲ့ ဇာတ်ရှုပ်တွေကို လူကြီးမင်းတို့ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့လေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 730MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 30Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Crime • Thriller
6.2 2012
Ginger & Rosa
The Devil’s Deception
6

The Devil’s Deception / Talbis Iblis (2022) မလေးဘာသာစကားလို “မကောင်းဆိုးဝါးရဲ့မက်လုံး” လို့ အဓိပ္ပာယ်ရတဲ့ Talbis Iblis ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးပါရစေ။ ၁၉၉၀ ခုနှစ်တုန်းက ဂျူနဲဒါးဆိုတဲ့ မိန်းကလေးတစ်ယောက်မှာ အိမ်ထောင်ရက်သားမကျခင် ကလေးရလာပေမဲ့ လှေကားပေါ်က တွန်းချခံခဲ့တာကြောင့် ကလေးပျက်ကျသွားခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူဟာ သားရူးရူးပြီး အလ္လာဟ်ရှင်မြတ်ဟောကြားထားတာတွေနဲ့ ဆန့်ကျင်တဲ့ အပေးအယူကို ပြုခဲ့ပါတော့တယ်။ ၂၀၂၂ ယခုခေတ်မှာတော့ ဟာဂျာဆိုတဲ့ကောင်မလေးကလည်း အိမ်ထောင်မကျခင် ကလေးရသွားလို့ ကလေးအဖေဖြစ်သူ အာရှက်ဒ်နဲ့ အမြန်လက်ထပ်လိုက်ရသူပါ။ သူတို့လင်မယားနှစ်ယောက် ကိုယ်လေးလက်ဝန်ကြီးနဲ့ အဘူမီရာတောင်ကုန်းက ဂျူနဲဒါး (သူတို့အခေါ် အမေဂျူ) တို့အိမ်ကို ရောက်လာခဲ့ပါတော့တယ်။ လာခဲ့တဲ့အကြောင်းကလည်း ကလေးမွေးဖို့မဟုတ်ဘဲ ကိုယ်ဝန်ဖျက်ချဖို့အတွက်ပါ။ ဒီလိုနဲ့ ကိုယ်လေးလက်ဝန်နဲ့ ဟာဂျာတစ်ယောက် သူ့ကိုဂရုမစိုက်ပေးတဲ့ လင်ယောက်ျားရဲ့အထားခဲ့ခံရပြီး အမေဂျူနဲ့ရှိနေရတဲ့အချိန်မှာ အရင်က အတိတ်ဆိုးတွေက အိပ်မက်တွေအနေနဲ့ ပိုပိုရောက်လာတဲ့အခါ… တစ်ဖက်မှာလည်း အမေဂျူက ဟာဂျာ့ကလေးကို မရအရယူဖို့ စိုင်းပြင်းနေတဲ့အခါ… ဟာဂျာတစ်ယောက် လူတွေပျောက်တယ်လို့ နာမည်ကြီးတဲ့ အဘူမီရာတောင်ကုန်းမှာ ဘာတွေရင်ဆိုင်ရမလဲ? အတိတ်ဆိုးကို ကျော်ဖြတ်နိုင်ပါ့မလား? မကောင်းဆိုးဝါးနဲ့ အပေးအယူလုပ်ခဲ့တဲ့ အမေဂျူရော သူလိုချင်တာ ရနိုင်ပါ့မလား? IMDb 6/10 ရထားတဲ့ Horror ဇာတ်လမ်းမှာ ကြည့်ရှုပေးကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre….. Horror, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 565MB | 276MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xing Egg Encoder ….. Aaron

Drama
6 2022
The Devil’s Deception
[18+] 99 Moons
5.9

အဖြူနှင့်အမည်းကဲ့သို့ အရောင်ဖြစ်တာခြင်းတူပေမယ့် ဝိသေသလက္ခဏာချင်းမတူတဲ့ ဘီညာနဲ့ ဖရန်ကီတို့နှစ် ယောက်။ ဘီညာက ချီလီနိုင်ငံမှာ သိပ္ပံသုတေသနပြုဖို့ ကြိုးစားနေတဲ့ သိပ္ပံပညာရှင်မလေးဖြစ်တယ်။ တစ်ခါ တစ်ရံ လစ်ရင်လစ်သလို ယောင်္ကျား‌တွေနဲ့တစ်ယောက် ပြီးတစ်ယောက် တိတ်တခိုးချစ်ရည်‌လူးတတ်တဲ့အကျင့် လေးရှိတာကတစ်ပိုင်းပေါ့လေ။ အဲလိုနဲ့ ဘီညာတစ်ယောက် ကာမစိတ်တွေဖြေနေရင်း အဖော်မဲ့‌နေတဲ့ ဖရန်ကီနဲ့ ဆုံဆည်းခွင့်ရသွားတယ်။ ဖရန်ကီ ကတော့ မူးယစ်ဆေး‌တွေသုံးရင်း အချစ်ရဲ့အဓိပ္ပာယ်ကိုရှာ ဖွေနေတဲ့ တစ်ကိုယ်တော်သမားတစ်ယောက်ဖြစ်တယ်။ အဲလိုမျိုး ဆန့်ကျင်ဘက်လူနှစ်ယောက်တွေ့ဆုံသွားတဲ့အခါ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘယ်လိုတွေဆက်ဖြစ် မလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KSN ဖြစ်ပါတယ်) File Size……….(1.85 GB) / (634 MB) / (350 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 50Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….KSN Encoder……….AdminX

Horror • Thriller • Comedy
5.9 2022 110 mins
[18+] 99 Moons
Infinite Sea
6.2

Infinite Sea (2021) ဂလက်ဆီကြီးကို ဖြတ်သန်းပြီး… အရာအားလုံးကို ချန်ထားရစ်ပြီး တခြားဂြိုဟ်တစ်ခုမှာ ဘဝသစ်စဖို့ တွေးကြည့်မိဖူးလား… ထားခဲ့ခံရခြင်းတွေ… ကျန်ရစ်ခံရခြင်းတွေ… အထီးကျန်ဆန်မှုတွေ… “အနန္တပင်လယ်ကြီးရဲ့ တခြားတစ်ဘက်မှာ ကျွန်မကို ရှာပါ” တဲ့။ တစ်ခါတစ်ခါကျ လူတွေဟာ ထားခဲ့ခံရတယ်။ ဒါပေမဲ့ ကျန်ရစ်ခဲ့တာက သူ့ရဲ့ သူ့ဖြစ်တည်မှု အပြည့်အဝမဟုတ်တော့ဘဲ မရေရာမှုထဲပိတ်မိနေတဲ့ တစ်စိတ်တစ်ပိုင်းလောက်နဲ့ မောင်းနှင်နေရတဲ့ ခန္ဓာကိုယ်ကြီးပါပဲ။ သိပ္ပံပညာဖွံ့ဖြိုးလာတဲ့အလျောက် Robot လေး ခလုတ်နှိပ်ရုံ မပင်မပန်းနဲ့ စားပွဲပေါ်စားစရာတွေ ရောက်လာပေမယ့် တစ်ခုခုတော့ အမြဲလစ်ဟင်းနေသလိုခံစားရတာမျိုးပေါ့…။ ဒီကားထဲက ဇာတ်လိုက်ဟာ တခြားဂြိုဟ်ပေါ်လိုက်ပါခွင့်ရမယ့် ခရီးစဉ်အတွက် အရွေးမခံရသူပါ။ သိပ်ကို သွားချင်နေတဲ့ သူဟာ System ကို ဟက်ခ်ပြီး သူ့နာမည်ကို ဖြည့်ခွင့်ရဖို့ အပတ်တကုတ်လုံးပန်းနေပါတယ်။ အပေါ်မှာပြောခဲ့သလိုတော့ သိပ္ပံပညာဖွံ့ဖြိုးတာမှန်ပေမယ့် အရာရာဟာ ဆုတ်ခေတ်မှာမို့ သူလိုအပ်တဲ့အရာတွေ အမြဲတမ်းတော့မရနိုင်ပါဘူး။ ခေတ်မီပေမယ့် ခေတ်ရှားမှာ နေရသူတွေပေါ့။ ဇာတ်လမ်းအကြောင်းက အများကြီးပြောလို့မရပါဘူး။ စကားလုံးတစ်ခုတည်းနဲ့ ဒီကားအကြောင်းပြောရမယ်ဆိုရင်တော့ ‘အထီးကျန်မှု’ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 850MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 18Min Genre – Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • Crime
6.2 2021
Infinite Sea
First Reformed
7.1

ဒီဇာတ်ကားလေးကတော့ မင်းသားကြီး Ethan Hawke ပါဝင်ထားတဲ့ psychological drama လေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဖာသာတိုလာဟာ အရွယ်ကောင်းစဉ်က စစ်တပ်ထဲကသင်းအုပ်ဆရာဖြစ်ပါတယ်။ မိန်းမဖြစ်သူသဘောမတူတဲ့ကြားက သားဖြစ်သူကို စစ်မှုထမ်းပြီး စစ်တိုက်ထွက်ဖို့ ကိုယ်တိုင် တိုက်တွန်းခဲ့ရာကနေ သားဖြစ်သူ စစ်ပွဲမှာ ကျဆုံးသွားခဲ့တဲ့အတွက် စိတ်ထောင်းကိုယ်ကြေဖြစ်ကာ စစ်ထဲကထွက်လာပြီး ဘုရားကျောင်းလေးတစ်ခုမှာ ရောဂါအခံလေးရှိလာတဲ့ သူ့ဘဝကို ဘယ်လိုကြိုးစား ရုန်းကန်းဖြတ်သန်းနေရလဲ ဆိုတာကို ဆွတ်ပျံ့ကြေကွဲဖွယ် ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ IMDb Rating 7.1/10 ရရှိထားပြီးတော့ Tomatometer မှာ 94 % တောင် ရရှိထားတဲ့အပြင် ဇာတ်လမ်းလေးက အေးအေးငြိမ်ငြိမ်နဲ့ သွားထားပြီး ကင်မရာရိုက်ကူးတင်ဆက်ပုံကောင်းတဲ့အပြင် မင်းသားကြီး Ethan ရဲ့ သရုပ်ဆောင်ပီပြင်ကောင်းမွန်မှုကြောင့် မှတ်ချက်ကောင်းတွေရထားတဲ့ဇာတ်ကားဆိုလည်း မမှားတဲ့အတွက် ကြည့်ရကျိုးနပ်တဲ့ကားလေးဖြစ်မှာပါ။ ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပြီး ဘာသာပြန်အမှားအယွင်းရှိရင် ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်။ File size…(1.1 GB)/(801 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre…Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.1 2017
First Reformed
Shankar’s I
7.3

I 2015 ခါးကုန်းကြီး Imdb 7.4 ခါးကုန်းကြီးဆိုပြီးလူသိပိုများတဲ့ တစ်ခေတ်တစ်ခါကနာမည်ကြီး‌ရုံတင်ကားကို ကြည့်ရှုသူများရဲ့တောင်းဆိုမှုများကြောင့် ပြန်လည်တင်ဆက်ပေးပါရစေ ဇာတ်လမ်းအစမှာတော့ မျက်နှာကကြောက်ဖို့ကောင်းအောင် အဖုအထစ်တွေနဲ့ ခါးကုန်းကြီးတစ်ယောက်က နာမည်ကြီးမင်းသမီးဖြစ်တဲ့ဒီယာ့မင်္ဂလာဆောင်ကိုခိုးဝင်ပြီး ဒီယာ့ကိုခိုးယူခဲ့ပါတယ် မင်္ဂလာပွဲမှာမင်းသမီးပျောက်သွားလို့ ဗြောင်းဆန်ကုန်ပြီး ရဲတိုင်တဲ့လူကတိုင် ရှာတဲ့လူကရှာနဲ့ပေါ့ ဘာကြောင့်များ ဒီခါးကုန်းကြီးက မင်းသမီးကိုဖမ်းခေါ်သွားတာများလဲ အတိတ်ကိုပြန်ကြည့်ရရင် လင်ဂတ်ဆန်ဆိုတာက မစ္စတာတမီလ်နာဒူချန်ပီယံရှစ်ဝင်ပြိုင်ဖို့ ဘော်ဒီကိုဗလတွေထွက်အောင်‌နှစ်နဲ့ချီလေ့ကျင့်ထားသူတစ်ယောက်ပါ ဒီပွဲကိုဝင်ပြိုင်ဖို့သူ့ရဲ့အတိုက်အခံက ဗလတောင့်တောင့်လူမိုက်တစ်ယောက်ပေါ့ နောက်နှစ်ဆိုအသက်ပြည့်ပြီဖြစ်လို့ ဒီနှစ်တော့သူ့ကိုအနိုင်ပေးဖို့ လင်ဂတ်ဆန်ကိုခြိမ်းခြောက်ရင်း ရန်စရှိခဲ့တဲ့သူတို့၂ယောက်အနေနဲ့ ရှေ့လျှောက်ဘယ်လိုတွေဆက်ဖြစ်ဦးမလဲ ဒီယာဆိုတာ လင်ဂတ်ဆန်အသည်းစွဲမင်းသမီးတစ်ယောက်ပါ ကြိုက်လွန်းလို့ဒီယာကြော်ငြာသမျှပစ္စည်းမျိုးစုံကို အစုံဝယ်စုဆောင်းထားတတ်ပါတယ် ဒီလိုနဲ့တစ်နေ့ လင်ဂတ်ဆန်က ဒီယာ့ဘော်ဒီဂတ်ဖြစ်ဖို့အကြောင်းဖန်လာပြီး ကြော်ငြာအတူရိုက်ကူးရင်းနဲ့ ထိပ်တန်းမင်းသားထက်ကျော်လွန်လာတော့ ဒီမင်းသားကသူ့အပေါ်ထားမဲ့အမုန်းတရားတွေ။။ ဒီလိုနဲ့ လင်ဂတ်ဆန်ကိုမုန်းကြတဲ့လူတစ်သိုက်ပေါင်းမိသွားပြီး လင်ဂတ်ဆန်ကိုကလဲ့စားချေဖို့ဖြစ်လာတဲ့အခါမှာတော့။။ အားရကျေနပ်ဖို့ကောင်းတဲ့ လက်စားချေမှုတွေကြား ရှုစားလိုက်ကြပါဦး ( အညွှန်းကိုတော့ Yunni ကရေးသားထားပြီး ဘာသာပြန်ကတော့ CM ပဲဖြစ်ပါတယ် )

Comedy • Drama • Romance
7.3 2015 170 mins
Shankar’s I
Kanakarajyam
7.5

Kanakarajyam (2024) “လောကဓံ” အသစ်ထွက်ရှိထားတဲ့ မလေယာလမ် ဒရာမာဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ရာမန်ဆိုတဲ့ အဘိုးကြီးဟာ ရွှေဆိုင်တစ်ဆိုင်မှာ လုံခြုံရေးလုပ်ပြီး အများချစ်ခင်တဲ့အပြင် အကောင်းဆုံးဝန်ထမ်းဆုကိုပါ ရထားတဲ့သူပါ ဗီနူးဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ကတော့ ယောက္ခမပိုက်ဆံလည်းအကြွေးတင်နေကာ တလောတုန်းက စီးပွားရေးလုပ်ငန်းတစ်ခုမှာ ရှုံးသွားလို့ အကျပ်ရိုက်နေတဲ့အပြင် ဇနီးသည်ကလည်း သူအမေက ပိုက်ဆံပြန်တောင်းနေတဲ့အကြောင်း မကြာခဏသတိပေးသလို အိမ်လခလည်း အကြွေးကျန်ပြီး ချေးငွေလည်းယူလို့မရ ဖြစ်နေပါတယ် ဒီလိုအကျပ်အတည်းတွေကနေ အိမ်ထောင်ဦးစီးဖြစ်တဲ့ ဗီနူးက ဘယ်လိုရုန်းထွက်နိုင်ဖို့ ကြိုးစားသွားမှာလဲ ဆိုတာကို ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

7.5 2024 124 mins
Kanakarajyam
Mister Sleep
5

ဒီဇာတ်ကားကတော့ ဒါရိုက်တာ John Perivolaris ရိုက်ကူးထားပြီး Robert Hollocks, Katie Daley, Anna Borchert စတဲ့ မင်းသား၊ မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖိုဇာတ်လမ်းလေးပါ။ ဒီကားကတော့ စိတ္တဇကွင်းဆက်လူသတ်သမားဖြစ်တဲ့ Mr. Sleep အကြောင်းကို ထိတ်လန်ဖွယ် ရိုက်ကူးတင်ဆက်ထားတာပါ။ ဖယ်လီရှာက တရားသူကြီးပိန်းရဲ့ သမီးဖြစ်ပြီးတော့ အိပ်မပျော်တဲ့ ရောဂါရှိတဲ့သူပါ။ ဒေါက်တာချားလစ်ရဲ့ ကုထုံးဆေးရည်စမ်းသပ်မှုမှာ ပါဝင်ပြီးတော့ အိပ်‌ပျော်အောင်ကြိုးစားနေတဲ့လူနာဆိုလည်းဟုတ်ပါတယ်။ ဒါပေမယ့် ဒီဆေးရည်က စိတ္တဇလူသတ်သမား အိပ်မပျော်တဲ့ရောဂါရှိတဲ့ Mr. Sleep ကို လေ့လာပြီး ထုတ်ထားတဲ့ဆေးဖြစ်နေခဲ့သလို အဖေဖြစ်တဲ့ တရားသူကြီးနဲ့ ဒေါက်တာချားလစ်တို့က Mr.Sleepကို သေမိန့်ချခဲ့ သူတွေ ဖြစ်နေပြန်ပါတယ်။ တစ်နေ့မှာ ကုသနေတဲ့အုပ်စုထဲကလူတွေ အရင်နည်းလမ်းနဲ့ အသတ်ခံ ရပြီးနောက် Mr. Sleep က မသေသေးဘဲ ဆေးရည်သောက်တဲ့ လူနာတွေရဲ့ စာရင်းကိုရထားပြီး လက်စားချေနေတာလို့ သိပြီးတဲ့နောက်မှာ…… ဖယ်လီရှာ အဆုံးမှာ လွတ်မြောက်သွားနိုင်မလားဆိုတာကို ရင်တမမနဲ့ အဖြေရှာရမှာပါ။ File size… (1.44 GB) / (792 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

Comedy • Drama • Romance • Adventure
5 2024 95 mins
Mister Sleep
The Queen of My Dreams

The Queens of My Dream (2023) က မိသားစုနဲ့ ယဉ်ကျေးမှုအကြောင်းကို နက်နက်နဲနဲရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး ဒါရိုက်တာ ဖော်ဇီယာ မီးဇာရဲ့ အနုပညာမြောက်မှုကို ပြသနေတဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကအချက်ကတော့ အမေနဲ့ သမီးတို့ရဲ့ ဆက်ဆံရေးအပေါ် အခြေခံပြီး သူတို့ရဲ့ အတူတူနေမှုတွေ၊ ယဉ်ကျေးမှုကွာဟမှုတွေ၊ စိတ်အတွင်းထဲကအရာတွေကို လှပစွာဖော်ပြထားတာဖြစ်ပါတယ်။ အမ်ရီတ် ကာအူးနဲ့ နင်မာရာ ဘူချာ တို့ရဲ့ သရုပ်ဆောင်မှုက ဇာတ်လမ်းကို ပိုမို အသက်ဝင်စေတယ်။ အမ်ရီတ် ကာအူးက သမီးတစ်ယောက်အနေနဲ့ ကိုယ့်အတိတ်ကို ရှာဖွေဖော်ထုတ်ပြီး ကိုယ့်အနာဂတ်ကို တည်ဆောက်ချင်တဲ့ စိတ်ဓာတ်ကို သရုပ်ဖော်နိုင်ပါတယ်။ ဒါရိုက်တာ ဖော်ဇီယာ မီးဇာရဲ့ ရိုက်ချက်တွေက ဇာတ်လမ်းရဲ့ အချို့ အခန်းတွေကို အရမ်းတိကျပါတယ်။ ရုပ်ရှင်ကြည့်ရှုသူကို ဇာတ်လမ်းထဲမှာပျော်ရွှင်စေတဲ့အနေထားတွေနဲ့ စိတ်ကိုသက်သက်သာသာနဲ့ကြည့်ရှု့ရအောင်လုပ်ထားတာပါ ။ ရုပ်ရှင်ရဲ့ ရိုက်ကွင်းတွေက ယဉ်ကျေးမှုအလှတရားကို ဖော်ပြသလို သီချင်းတွေကလည်း ဇာတ်လမ်းရဲ့ ခံစားချက်တွေကို ပိုမို ပေါ်လွင်စေပါတယ်။ ရုပ်ရှင်က ဟာသ၊ စိတ်လှုပ်ရှားမှုနဲ့ စိတ်ထဲကိုရောက်စေတာမို့ မိသားစုနဲ့အတူ ကြည့်ရှုဖို့ သင့်တော်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ The Queens of My Dream ဟာ မိသားစုအကြောင်းကို ခံစားချင်သူ၊ ကိုယ့်ယဉ်ကျေးမှုရိုးရာ ယုံကြည်မှုတွေကိုပြန်ပြီးတော့ လေ့လာအာရုံစိုက်မယ့်သူတွေအတွက် ကြည့်သင့်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

Comedy
0 2024
The Queen of My Dreams
78 Days 78 dana
7.4

78 Days (2024) IMDb Rating (7.4) ၁၉၉၉ ကိုဆိုဗိုစစ်ပွဲတွေဖြစ်နေတဲ့ ကာလမှာ ဇာတ်အိမ်တည်ထားတဲ့ ဆာဘီးယားရုပ်ရှင်ပါ။ ဒီဒေသကစစ်ပွဲတွေ အငြင်းပွားမှုတွေဟာ နှစ်တွေတော်တော်ကြာခဲ့သလို ပြီးလည်းမပြီးသေးပါဘူး။ သူ့ဇာတ်အိမ်တည်ထားတဲ့ကာလကတော့ နာမည်အကျော်ခဲ့ဆုံး အရှိန်အကောင်းဆုံးကာလပေါ့။ ရုပ်ရှင်ကတော့ ဒီစစ်ကို နောက်မှာသဲ့သဲ့လေးထားပြီး coming of age ဆန်ဆန် ညီအစ်မသုံးယောက်ရဲ့ ဒီကာလတွင်း အခြေအနေကို ရိုက်ပြထားတာပါ။ ဒိုကူမန်ထရီလို့တောင် ထင်ရအောင်ကို ရိုက်ပြထားတယ်။ စစ်ကြီးက တစ်ဖက်မှာဖြစ်နေတဲ့အချိန် စစ်ကြီးထဲကလူတွေ ဘယ်လိုရှင်သန်ကြလဲဆိုတာ ကြည့်ရမယ့်ရုပ်ရှင်လို့ပဲ ပြောချင်ပါတယ်၊။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.6 GB) / (2.4 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Animation • Family • Comedy • Adventure
7.4 2024 82 mins
78 Days 78 dana
Mouse Of Horrors
5.5

ဒီတစ်ခါ cm ပရိသတ်ကြီး အပျင်းပြေ ကြည့်ဖို့ Slasher ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဥရောပနိုင်ငံ ဆိပ်ကမ်းမြို့လေး တစ်မြို့မှာ နေတဲ့ ကလိုဝီဆိုတဲ့ ကောင်မလေးတစ်ယောက် ကယ်လီ ဖိုးနီးယားကို ကျောင်းသွားတက်ဖို့အတွက် မသွားခင် သူငယ်ချင်းတွေ အားလုံး ဆုံကြပြီးတော့ နှုတ်ဆက်ပွဲ အနေနဲ့ ပျော်ပျော်ပါးပါး သောက်ကြစားကြဖို့ အကြောင်း ဖန်လာခဲ့ပါတယ်။ သောက်စားနေကြရင်းနဲ့ ပွဲတော်ရက် ပြီးလို့ ပိတ်သွားပြီတဲ့ ဖြစ်တဲ့ ဖန်ဖဲပွဲတော်ဝင်းကို ခိုးဝင်ကြပြီး ကစားကြဖို့ သူငယ်ချင်းတစ်ယောက်က စလိုက်တာ အားလုံးက သဘောတူကြပါတယ်။ သူတို့ မသိလိုက်တာက သူတို့မြို့လေးမှာ စိတ္တဇ ရူးသွပ်နေတဲ့ ဆရာဝန်တစ်ယောက် ရောက်နေတယ် ဆိုတာပါပဲ။ အဲဒီဆရာဝန်က သူဖန်တီးထားတဲ့ သွေးဆာနေတဲ့ သတ္တဝါတွေသုံးပြီး လူတွေကို သတ်ဖြတ် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စုဆောင်းနေတာပါ။ ဒီသတ္တဝါတွေ ကလိုဝီတို့ ကစားနေကြတဲ့ ပွဲတော်ဝင်းထဲကို ရောက်ရှိလာချိန်မှာတော့….။ File size… (1.23GB) / (668MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Drama
5.5 2025 83 mins
Mouse Of Horrors