YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Agents of Mystery (2024) S1E02 WEB-DL 720P (CM).mp4

297.71 MB N/A video/mp4 56 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bhediya
6.6

IMDb 7.5/10 ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်အချစ်တော်မင်းသား ဝါရွန်းဒဝမ်န်နဲ့ ပရိတ်သတ်အသဲစွဲကရီသီးဆနွန်းတို့ရဲ့ Horror/ Thriller အမျိုးအစား ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating 7.5အထိ ရရှိထားပါတယ်။ဒါ့အပြင်ရားဂ်ျကူမားရ်ရောဝ်ကလည်း ဗစ်ကီအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ရှရက်ဒါးကပူးရ်ကလည်း စတရီးဇာတ်ကောင်အနေနဲ့ Cameoအဖြစ် ပါဝင်ထားပါသေးတယ် ရုံတင်ငွေဆိုရင်လည်း ၈၉ကုဋေထိပြန်ရခဲ့တဲ့ ရှယ်မိုက်ရှယ်ကြမ်းတဲ့ ရုံတင်ကားတစ်ကားပဲဖြစ်ပါတယ် ဘေဒီယာဆိုတာ ဝံပုလွေဆိုတဲ့အဓိပ္ပာယ်ပါ ဒီဝံပုလွေက အရုနာကျလ်ပြည်နယ်က တောအုပ်တစ်ခုကို ကာကွယ်သူအနေနဲ့ စောင့်ရှောက်တယ်လို့ အဆိုရှိကြတယ် တောအုပ်ကိုထိခိုက်အောင်လုပ်တဲ့ လူတွေမှန်သမျှ သူကကိုက်သတ်ပစ်တယ်ပေါ့... ဘာစကရ်ကတော့ အဲဒီအရုနာကျလ်ရဲ့ တောထဲမှာလမ်းဖောက်ဖို့ အလုပ်လက်ခံခဲ့ပြီး သူနဲ့အတူ သူ့ဝမ်းကွဲညီအစ်ကိုနဲ့ သူ့သူငယ်ချင်း ဂျိုကိုခေါ်သွားပါတယ်။ မစ္စတာပန်ဒေးဆိုတဲ့သူက ဘာစကရ်ရဲ့ လမ်းဖောက်မယ့် အကြံအစည်ဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တာကတစ်ကြောင်း တောတွင်းလူမျိုးစုတွေ လက်ခံမှာ မဟုတ်တာကတစ်ကြောင်းကြောင့် သူ့အကြံအစည်ကို သိပ်လက်မခံချင်ခဲ့ပါဘူး။ ညတစ်ညမှာတော့ ဘာစကရ်တို့အဖွဲ့ ကားနဲ့ခရီးထွက်လာရင်း မတော်တဆမှုတစ်ခုဖြစ်ပြီး ကားပျက်သွားပါတော့တယ်။အဲဒီအချိန်မှာပဲ ဘာစကရ်ရှေ့ကို စောင့်ရှောက်သူဘေဒီယာ(ဝံပုလွေ)တစ်ကောင် ရောက်လာတဲ့အခါ ... ဘာစရ်တို့အဖွဲ့ ဘယ်လို ခြောက်ခြားစရာတွေနဲ့ ကြုံတွေ့ရမလဲ ... တောထဲလမ်းဖောက်ဖို့ အစီစဉ်ကရော အောင်မြင်နိုင်မှာလား... ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ ... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တွေကတော့Thaik San,chiclon3, Zwe Yanနဲ့ Yunni တို့ပဲဖြစ်ပါတယ်။ File size…2.52GB / 1.12GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder...YK Translated by Thaik San~ chiclon3~ Zwe Yan~ Yunni

Action • Crime • Thriller
6.6 2022 156 mins
Bhediya
[18+] Scorpio Nights 3
6.8

1985 ခုနှစ်ထွက် ဖိလစ်ပိုင်နိုင်ငံရဲ့ ညစ်ညမ်းရုပ်ရှင်တစ်ကားဟာ အဲဒီအချိန်ကာလ ဖိလစ်ပိုင်နိုင်ငံရဲ့ အာဏာရှင်သမ္မတ မားကို့စ်ကို ဖြုတ်ချပြီး ပြိုင်ဘက်အတိုက်အခံခေါင်းဆောင် အကွီနိုကို သမ္မတတင်‌မြှောက်ဖို့အရေးအတွက် တစ်ထောင့်တစ်နေရာကနေ အကူအညီဖြစ်ခဲ့ပါတယ်။ အဲဒီကားကတော့ ကိုရီးယားကတောင် Summertime (2001) ဆိုပြီး ပြန်ရိုက်ခဲ့တဲ့၊ အပေါ်ထပ်အောက်ထပ် ဇာတ်လမ်းလို့ နာမည်ကြီးခဲ့တဲ့ Scorpio Nights ပါပဲ။ မားကို့စ်အစိုးရကတော့ အဲဒီဇာတ်ကားကို လူထုကြားထဲ အာရုံလွဲစေဖို့ရည်ရွယ်ချက်နဲ့ ပြသခွင့်ပြုခဲ့တာဖြစ်ပေမဲ့ တကယ်တမ်း ဇာတ်ကားရဲ့ ဆိုလိုရင်းနဲ့ ရည်ရွယ်ချက်တွေဟာ လူထုကို အတွေးအမြင် ပိုပွင့်လင်းလာစေပြီး မီးစာထည့်လိုက်သလိုဖြစ်သွားတာကြောင့် နောင်တစ်နှစ်အကြာမှာ လူထုတော်လှန်ရေးကြီးဖြစ်သွားခဲ့ပြီး မားကို့စ်အစိုးရလည်း ပြုတ်သွားခဲ့ပါတယ်။ ဇာတ်ကားထဲမှာပါတဲ့ ညစ်ထေးစုတ်ပြတ်နေတဲ့ တိုက်တန်းလျားဟာ မားကို့စ်လက်ထက် ဖိလစ်ပိုင် နိုင်ငံကို ကိုယ်စားပြုတာ ဖြစ်ပြီး ရက်စက်တတ်တဲ့ အိမ်ထောင်ဦးစီး ညစောင့်အမျိုးသားဟာ အာဏာရှင် မားကို့စ်ကို ဆိုလိုတာ ဖြစ်သလို ကျောင်းသားလေး အပေါ် ရမ္မက်ပြင်းပြနေတဲ့ မိန်းမကလည်း အကွီနိုကို မျှော်လင့်နေတဲ့ ပြည်သူကို ကိုယ်စားပြု နိမိတ်ပုံပေါ်ထားတာပါ။ မားကို့စ်လက်ထက် လူတွေ စာရိတ္တနဲ့ စိတ်ဓာတ်တွေ ပျက်ပြားလာကြတာကိုလည်း တန်းလျားကြီးမှာ နေထိုင်ကြတဲ့ အကျင့်စာရိတ္တ မကောင်းသူတွေနဲ့ နိမိတ်ပုံပြထားတာဖြစ်ပါတယ်။ အဲဒါတွေကို မားကို့စ်အစိုးရဟာ မသိခဲ့ဘဲ လူထုကြားထဲ ထုတ်လွှင့်ပြသစေခဲ့မိတာပါ။ ရှင်းရှင်းဘွင်းဘွင်း ပြကွက်တွေကြောင့် အငြင်းပွားစရာတွေရှိခဲ့သလို ဖိလစ်ပိုင်ရဲ့ နိုင်ငံရေးလောကနဲ့ ရုပ်ရှင်လောကအတွက် အရေးပါတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ခဲ့တဲ့ အဲဒီဇာတ်ကားကို 1999 မှာ တစ်ကြိမ် Scorpio Nights 2: Standalone sequel အဖြစ်ထွက်ရှိခဲ့ပြီး အခုချိန်မှာတော့ Scorpio Nights 3 အဖြစ်ပြန်လာခဲ့ပါပြီ။ ဇာတ်လမ်းကတော့ မူလဇာတ်ကားရဲ့ကျောရိုးအတိုင်း အဆောင်သဘောမျိုးလူတွေစုပေါင်းနေထိုင်ကြတဲ့ အိမ်ကြီးတစ်လုံး၊ အပေါ်ထပ်မှာနေတဲ့ ကျောင်းသားလူငယ်လေး၊ အောက်ထပ်ကိုပြောင်းလာတဲ့ စုံတွဲတစ်တွဲ၊ ချောင်းကြည့်ပေါက်ကတစ်ဆင့် ဖြစ်လာခဲ့တဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းအပေါ်မှာပဲတည်ဆောက်ထားတာပါ။ အဲ့ဒါတွေနဲ့တစ်ပြိုင်တည်းမှာပဲ အရင်ဖိလစ်ပိုင်သမ္မတ ဒူတာတေး တက်လာပြီးနောက် အကြီးအကျယ် ဂယက်ရိုက်ခဲ့တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲကို နောက်ခံမှာတစ်ဖြည်းဖြည်း ဇာတ်ရှိန်မြှင့်ထားတာကို မြင်တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းကြမ်းသလို အဖော်အချွတ်လိင်ဆက်ဆံတဲ့ပြကွက်တွေလဲအတော်ကိုကြမ်း၊ နှိပ်စက်သတ်ဖြတ်တာတွေလဲကြမ်းပါတယ်။ မူရင်းဇာတ်ကားတွေကိုကြိုက်ခဲ့တဲ့ပရိသတ်တွေစိတ်ပျက်ရမှာမဟုတ်တာကတော့ လုံးဝ အသေအချာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 853MB, 480MB Quality - 1080p, 720p, 480p IMDb Rating - 9.2/10 Format - mp4 Duration - 1H 52Min Genre - Adult, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by Y

Mystery • Thriller
6.8 2022 112 mins
[18+] Scorpio Nights 3
JGA: Jasmin. Gina. Anna.
5

JGA: Jasmin. Gina. Anna. (2022) ========================= “စင်ဂယ်တွေဆိုတာ သစ်သီးတွေလိုပဲ ပထမတော့ ချိုမြမြအနံ့လေးနဲ့ စိတ်လှုပ်ရှားဖို့ကောင်းတယ်။ ဒါပေမယ့် ကြာလာလေလေ ပုပ်ဖို့မြန်လာ လေလေပဲ၊ အဲဒီနောက် ယင်ကောင်တွေရောက်လာပြီး မှိုတက်စပြုလာမယ်” ။ ဒါကတော့ စင်ဂယ်အဖြစ် ကြာရှည်စွာ ရပ်တည်နေတဲ့ ယက်စမင်၊ ဂျီနာ နဲ့ အန်နာ ဆိုတဲ့ ကောင်မလေး သုံးယောက်ရဲ့ စကားတွေပါ။ အိမ်ထောင်ပြုတော့မယ့် ဟယ်လင်နာအတွက် ဘက်ချလာပါတီလုပ်ပေးဖို့ စီစဉ်ထားပေမယ့် ဟယ်လင်နာက ကလေးအရင်ရသွားတဲ့အခါ အဆိုပါ သုံးယောက်ရဲ့ ပါတီလည်း ပျက်ခဲ့ရပါတယ်။ ဒါနဲ့ပဲ သတို့သမီးမရှိလည်း ကိုယ့်ဘာသာ ဘက်ချလာပါတီကြမယ်ဆိုပြီး အီဘစ်ဇာကျွန်းကို ထွက်လာ ခဲ့ကြတာပေါ့။ အဲဒီကျွန်းမှာ ယက်စမင်ရဲ့ ရည်းစားဟောင်း တင်မ်နဲ့ ပြန်တွေ့ပြီး ဇာတ်လမ်း မပြတ်နိုင်ဖြစ်နေတဲ့ ယက်စမင်ကို ဂျီနာတို့က နင်မမှတ်သေးဘူးလားဆိုပြီး ပညာတွေပေးကြမယ့် ဇာတ်ကားလေးပါ။ အဲဒီမှာပဲ အဆင်လေးတွေ တစ် ယောက်ပြီးတစ်ယောက်နဲ့ တွေ့ပြီး စင်ဂယ်ဘဝက ကျွတ်ဖို့ အစွမ်းကုန် ကြိုး စားကြမယ့် သူငယ်ချင်းမသုံးယောက်ကို မြင်တွေ့ရဦးမှာပါ။ အားလုံး sold out ဖြစ်သွားမလား အရင်ကပြောခဲ့ကြသလို ထာဝရစင်ဂယ်တွေပဲ လုပ်သွားကြ မလားဆိုတာကတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှု့ခံစားပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)

Action • Drama
5 2022 119 mins
JGA: Jasmin. Gina. Anna.
No Retreat, No Surrender
5.6

ဒီကားက Old School ကရာတေးကားလေးပါ နာမည်ကြီးမင်းသားကြီးJean-Claude Van Damme လဲပါဝင်ပါတယ် ဇာတ်လမ်းကတော့ ဇာတ်လိုက်က Jason Stillwell လို့ခေါ်တဲ့ Bruce Lee ရူးရူးနေတဲ့ကောင်လေးပါ. Jason တို့ သားအဖနှစ်ယောက်ဟာ LA မှာကရာတေးသင်တန်းဖွင့်ထားရာ တစ်နေ့လူဆိုးအဖွဲ့အစည်းက သူတို့ရဲ့သင်တန်းကိုလာသိမ်းတော့ Seattle ဘက်ကိုရှောင်နေပါတယ် Jason က Seattle မှာ ကရာတေးသင်တန်းကျောင်းတစ်ခုကိုဝင်Joinရမှာ သင်တန်းBully တစ်ချို့နဲ့တွေ့ရတာ အပြင်းအထန်ကြိုးစားပြီးပိုသန်မာလာပါတယ် ထို့နောက် LA မှာသူတို့သင်တန်းကျောင်းကိုသိမ်းသွားတဲ့လူဆိုးဂိုဏ်းနဲ့ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရှုခံစားရမှာပါ 1984 က karate kid လိုမျိုး old school martial art ကားလေးတွေကြိုက်ရင်ဒီကားကိုလဲသဘောကျမှာပါ Fight Choreography တွေလဲတော်တော်ကောင်းပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ပါ ) File Size__(1.9GB) / (1.5GB) Quality__Bluray_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:39:00 Type__Action, Comedy, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Son Gohan Encoded by Naing Aung Latt

Action • Drama • History • War
5.6 1985
No Retreat, No Surrender
The Prequel of Gold Convoyers 3: Confidence of Banking Stockroom
Spice World

Spice World (1997) ရုပ်ကလည်းဖြောင့် ကစားတာလည်း ရှယ်တော်တဲ့ ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းရဲ့ မိန်းမဖြစ်သူ ဗစ်တိုးရီးယားဆို တော်တော်များများ သိကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ အရင်က ၉၀ ကာလတွေမှာ သူပါဝင်ခဲ့တဲ့ Girl band တစ်ခုဖြစ်တဲ့ ဗြိတိသျှအခြေစိုက် Spice Girls အဖွဲ့ဆိုတာ အမျိုးသမီးကိုယ်စားပြု စာသားသီချင်းတွေနဲ့ အတော်နာမည်ကြီးခဲ့ပါတယ်။ ဒီဇာတ်ကားလေးကတော့ သူတို့ Spice Girls အဖွဲ့အနေနဲ့ပဲ ပါဝင်သရုပ်ဆောင်ထားပြီး ၂ ထပ်ပါ လန်ဒန်ဘတ်စ်ကားကြီးနဲ့ အင်္ဂလန်တလျှောက် လျှောက်ပတ်သွားရင်း ဆူပူကြိမ်းမောင်းနေတဲ့ မန်နေဂျာနဲ့ ရန်ဖြစ်ရတာတွေ မနာလိုတဲ့လူတွေက ပါပါရာဇီငှားပြီး လိုက်အရှက်ခွဲဖို့ လုပ်တာတွေ နာမည်ကျော်ဘဝရောက်တော့ သာမန်ဘဝလိုမျိုး နေထိုင်ဖို့ အချိန်မပေးနိုင်တာတွေ ပရိတ်သတ်တွေနဲ့ စွန့်စားခန်း လုပ်ကြတာတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ဂျိန်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ဖူးတဲ့ ရော်ဂျာမိုးတောင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။ File size… 3.3 GB / 1.3 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Comedy/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

0 1997 93 mins
Spice World
Wind Chill

Wind Chill (2007) ============== မင်းသမီးကြီး Emily Blunt ရဲ့ငယ်ဘ၀က Horror ဇာတ်ကားကောင်းတစ်ကားပါ။ Emily Blunt ကိုနုပျိုလန်းဆန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသူလေးအဖြစ်မြင် တွေ့ရမှာဖြစ်ပါတယ်။ ပင်ဆယ်ဗေးနီးယားတက္ကသိုလ်ကျောင်းသူလေးတစ်ဦးဟာ ခရစ်စမတ်ကျောင်းပိတ် ရက် အိမ်အပြန်မှာ ကျောင်းသားတစ်ဦးနဲ့ Rideshare အဖြစ်ကားကြုံလိုက်ခဲ့ပါတယ်။ အရင်ကသတိမထားမိခဲ့ပဲ ကျောင်းရဲ့ကြေညာဘုတ်က သူနေတဲ့မြို့ကိုပြန်မှာဖြစ်လို့ လမ်းကြုံလိုက်မယ့်သူတွေ လိုက်လို့ရကြောင်းစာကပ်ထားရာကတစ်ဆင့်သိခဲ့ရတဲ့ အဲ့ဒီကျောင်းသားဟာ သူ့အကြောင်းအတော်များများကိုသိနေပုံရပါတယ်။ အတူတူခရီးဆက်လာရာကနေ တစ်နေရာမှာတော့ အဝေးပြေးလမ်းကနေ တောလမ်း တစ်ခုကိုဆင်းချသွားတဲ့ အချိန်မှာ ကောင်မလေးကထိတ်လန့်စပြုလာပြီး ကောင်လေး ကို မေးခွန်းထုတ်ခဲ့ပေမယ့်ဒီလမ်းက အမြန်ရောက်ဖို့ဖြတ်လမ်းလို့ပဲပြောပါတယ်။ ဒါပေ မယ့်လည်း နှစ်ဘက်လုံးတောအုပ်ကြီးတွေပဲရှိတဲ့နေရာတစ်ခုမှာ ရှေ့ကလာတဲ့ ကားတစ် စီးကိုရှောင်ရာကနေလမ်းဘေးနှင်းပုံနဲ့ဝင်တိုက်မိပြီးကားပျက်သွားချိန်မှာတော့ သူတို့ နှစ်ယောက်အတွက် အိမ်မက်ဆိုးတွေစတင်ဖို့ဖြစ်လာပါတော့တယ်။ အဲ့ဒီလမ်းဟာ မတော်တဆမှုတွေအမျိုးမျိုးဖြစ်လေ့ရှိပြီး လူသေဆုံးမှုတွေအမြဲရှိတတ်တဲ့ နေရာတစ်ခုပါ။အဲ့ဒီအဖြစ်အပျက်တွေက မကျွတ်မလွတ်သေးတဲ့ဝိဉာဉ်တွေ၊ မကြာခင် လာတော့မယ့်နှင်းမုန်တိုင်း၊ အနားမှာရှိနေတဲ့ ကိုယ်နဲ့မရင်းနှီးပေမယ့် ကိုယ့်အကြောင်းတွေ အကုန်သိနေတဲ့ သူစိမ်းတစ်ယောက် အစရှိတာတွေကို ကောင်မလေးတစ်ယောက် ဘယ်လို ရင်ဆိုင်ဖြတ်ကျော်မလဲ၊ ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.4 GB) / (521 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Drama, Horror Translator…….Alias Encoder……….SWM

0 2007
Wind Chill
Snow Valley

Heath နဲ့ Laura က အသစ်စက်စက် စေ့စပ်ထားတဲ့ မောင်နှံ နှစ်ယောက်ပါ။ Laura က ကလေးတွေရဲ့ စိတ်ပညာကို လေ့လာရင်း ဒေါက်တာဘွဲ့ရအောင်လုပ်နေတာပါ။ Heathကလည်း ကိုယ်ပိုင် နှင်းလျှောစီးစကိတ်ကို ဒီဇိုင်းထွင်ပြီး ဖြန့်ချီမယ့်အရေး အလုပ်ရှုပ်နေတာဖြစ်ပါတယ်။ ဒီတော့ နှစ်ယောက်လုံး အနားရအောင် Heath မိဘတွေ ပိုင်ဆိုင်တဲ့အပန်းဖြေအိမ်ကြီးဆီ ခရီးထွက်လာခဲ့ကြပါတယ်။ ပထမဆုံး ညမှာပဲ Laura က ထူးဆန်းတဲ့ အသံ တစ်သံ ကြားခဲ့ပါတယ်။ နောက်တစ်ရက် နိုးလာတော့ အနားမှာ Heath မရှိတဲ့အတွက် လိုက်ရှာရင်း တံခါး Bell မြည်သံကြောင့် ဖွင့်ပေးခဲ့တဲ့အခါမှာ အမျိုးသမီးကြီး တစ်ယောက်ကို တွေ့ပါတယ်။ ထို အမျိုးသမီးက သူ့ကိုယ်သူ မိတ်ဆက်ပြီး သူက အိမ်အကူဖြစ်ကြောင်း ပြောပြတယ်။ နောက်ရက်မှာ သူတို့ကို ဂုဏ်ပြုပေးဖို့ သူငယ်ချင်း စုံတွဲကလည်း ရောက်လို့လာပါတယ်။ ဒါပေမယ့်လည်း မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ဦး ထပ်ရောက်လာခဲ့တဲ့ အခါ အိမ်ရဲ့ သဘာဝလွန် စွမ်းအားတွေ နိုးထလာခဲ့ပါတယ်။ Heath ရဲ့ အပန်းဖြေ အိမ်ကြီးမှာလည်း ရာဇဝင် ရှိနေခဲ့ပါတယ်။ Mystery/Horror ကြိုက်သူတွေ သဘောကျမယ့် ရုပ်ရှင်တစ်ကားပါ။ File size…(1 GB)/(541 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller, Horror, Comedy, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2024
Snow Valley
Rescue on One’s Own
5.9

ဒါကတော့ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သားကိုကယ်ဖို့တစ်ယောက်ထဲ အစွမ်းကုန်ကြိုးစားတဲ့အကြောင်းပဲဖြစ်ပါတယ်။ ကျိုးတုံးယန်ကတစ်ကိုယ်တည်းသားလေးတစ်ယောက်ကို ပျိုးထောင်ပေးနေတဲ့ ရဲဟောင်းတစ်ယောက်ဖြစ်တယ်။ တစ်နေ့မှာသူ့သားလေးက ကျောင်းနဲ့အတူနွေရာသီခရီးစဉ်အနေနဲ့ ထိုင်းကိုသွားရင်း ပြန်ပေးဆွဲခံလိုက်ရပါတယ်။ လူကုန်ကူးတဲ့ဂိုဏ်းရဲ့လက်ထဲကနေ သားလေးကိုပြန်ကယ်ဖို့ အစွမ်းကုန်လိုက်စုံစမ်းတဲ့အချိန်မှာ လူဆိုးဂိုဏ်းခေါင်းဆောင်ဟာ သူနဲ့အရင်ရန်ညှိုးရှိခဲ့ဖူးတဲ့သူဆိုတာသိလိုက်ရပါတယ်။ အရင်ရန်ငြိုးဟောင်းစာရင်းနဲ့ အသစ်ပါပေါင်းပြီး မင်းသားတို့စာရင်းရှင်းတမ်းဖွင့်တဲ့ အက်ရှင်ဇာတ်ကြမ်းလေးပဲဖြစ်ပါတယ်။

Drama
5.9 2024
Rescue on One’s Own
Rebel Moon – Part One: A Child of Fire
6.4

ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စတားဝေါ ဖန်မိတ် ရုပ်ရှင်ကြီးလာပါပြီ။ ဒီဇာတ်လမ်းကို စတားဝေါလူကြီးဆန်ဆန်ဗားရှင်းအဖြစ် ကမ်းလှမ်းခဲ့ပေမဲ့ ဒစ္စနေးနဲ့လူးကပ်ရုပ်ရှင်ကုမ္ပဏီက လက်မခံတာကြောင့် Star Wars ရုပ်ရှင်အဖြစ်မဟုတ်ဘဲ ကိုယ်ပိုင်ရိုက်ကူးဖြစ်သွားတာပါ။ ဒါကြောင့် ဂျဒိုင်းတွေနဲ့အလင်းဓားတွေ မပါဝင်ပေမဲ့ အင်ပါယာ နဲ့ ဖိနှိပ်ခံဂြိုလ်တွေ၊ တော်လှန်ရေးအဖွဲ့တွေ အကုန်ပါဝင်နေပါတယ်။ ဒါ့အပြင် ဇာတ်လမ်းကျောရိုးကိုလည်း ဇက်ရဲ့ အကြိုက်ဆုံးရုပ်ရှင် Seven Samurai (1954) ကို မှီငြမ်းထားတာမို့ အာကာသထဲက ဆာမူရိုင်း ၇ ယောက် ဇာတ်လမ်းမျိုးဖြစ်နေပြန်ပါတယ်။ လက်ရှိ ဝေဖန်ရေးဆရာတွေ အကြိုက်မတွေ့တဲ့အချက်ကလည်း ဒီအချက်ပဲဖြစ်ဖို့များပါတယ်။ မူရင်းဖန်တီးချက် ဘာမှမပါသေးဘဲ စတားဝေါ နဲ့ ဆဲဗင်းဆာမူရိုင်း ဒါမှမဟုတ် Magnificent Seven ကြည့်ပြီးသားလူတွေအတွက် မဲပြာပုဆိုးဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ ပထမရုပ်ရှင်ပဲ ရှိသေးတာမို့ နောက်ထွက်လာမဲ့ အပိုင်းတွေမှာ မထင်မှတ်ထားတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ အောင်မြင်နိုင်ပါသေးတယ်။ ဒီအချက်တွေကို မေ့ပစ်ပြီး ကြည့်မယ်ဆိုရင်တော့ ဇက်ရဲ့ထုံးစံအတိုင်း ရိုက်ချက်လှလှ၊ ဒိုင်ယာလော့ကောင်းကောင်း၊ အက်ရှင်ခန်းကြမ်းကြမ်းတွေနဲ့ ကြည့်ပျော်တဲ့ရုပ်ရှင်မို့ လူတိုင်းကြည့်လို့အဆင်ပြေပါတယ်။ ဇာတ်လမ်းအကျဉ်း ဗဲ့ဒ်ဆိုတဲ့ ရွာကလေးက လယ်သမားတွေဆီကို အင်ပါယာဗိုလ်ချုပ်တစ်ယောက်ရောက်လာပြီး ရိက္ခာတွေ မတန်တဆ တောင်းတယ်။ ဒါကို ရွာသားတွေကမပေးနိုင်တော့ ပြန်ခုခံဖို့ အကူအညီတောင်းဖို့ ကြိုးစားတယ်။ သူတို့မှာလည်း ကြေးစားတပ်တွေငှားဖို့ ပိုက်ဆံမရှိပါဘူး ရိက္ခာအပိုလေးနည်းနည်းပဲပေးနိုင်တာပါ။ ရွာမှာ ခိုအောင်းနေတဲ့ ဝရမ်းပြေးစစ်သည်တော်တစ်ယောက်နဲ့ လယ်သမားလေးတစ်ယောက်တို့ စကြဝဠာထဲမှာ ခြေဆန့်ပြီး မဖြစ်စလောက်ရိက္ခာလေးပေးရုံနဲ့ လယ်သမားတွေဘက်ကနေ ကူတိုက်ပေးမဲ့ စစ်သည်တော်တွေကို လိုက်စုစည်းကြတာက အပိုင်း-၁ ရဲ့ ဇာတ်လမ်းပါပဲ။ အပိုင်း-၂ မှာတော့ ဒီဆာမူရိုင်းတွေ အင်အားအရမ်းကြီးတဲ့ အင်ပါယာကြီးကို ဘယ်လိုခုခံတော်လှန်ကြမလဲဆိုတာ တွေ့ရမှာပါ။ File size…(1.8 GB)/(1 GB) Quality….WEB-DL 1080p/ 720p Format…mp4 Duration….02:13:00 Genre…Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by Mr. Anderson

6.4 2023
Rebel Moon – Part One: A Child of Fire
Big Sky River: The Bridal Path
6.6

Big Sky River: The Bridal Path (2023) IMDb – 6.6/10 အမေရိကန်အနောက်ပိုင်းဒေသက ကောင်းဘွိုင်ဇာတ်ရုပ်တွေကို အခြေခံပြီး အချစ်ဇာတ်လမ်းတွေရေးဖွဲ့လေ့ရှိတဲ့ ရောင်းအားအကောင်းဆုံးစာရေးဆရာမကြီး Linda Lael Millerရဲ့ ၀တ္ထုတွေထဲက တစ်ခုကို ရိုက်ကူးထားတဲ့ ရိုမန့်စ်ရုပ်ရှင်လေးပေါ့။ မွန်တားနားပြည်နယ်က နယ်မြို့လေးတစ်ခုမှာ တာရာဆိုတဲ့ အမျိုးသမီးလေးကတော့ သမီးဖြစ်သူနဲ့အတူ လာရောက်နေထိုင်တဲ့ အိမ်ထောင်ကွဲဆရာမတစ်ယောက်။ ဘွန်တေလာက မုဆိုးဖိုကလေးနှစ်ယောက်အဖေ ဒေသခံရဲမှူးတစ်ယောက်။ ဒီလိုအနှောင်အဖွဲ့ကိုယ်စီနဲ့ သူတို့တွေရဲ့ပေါင်းစည်းမှုမှာ အဆင်မပြေတာလေးတွေရှိလာခဲ့တာပေါ့။ စစ်မှန်တဲ့ချစ်ခြင်းတရားကို အခြေခံတဲ့ သူတို့တွေရဲ့ဆုံစည်းမှုကို ဘယ်လိုတွေညှိနှိုင်းပြီး ဘယ်လိုနားလည်မှုတွေနဲ့ တည်ဆောက်ဖန်တီးကြမလဲဆိုတာ ကြည်နူးဖွယ်ရာရှုမြင်ခံစားကြရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 1.3GB | 672MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

Science Fiction • Action • Crime
6.6 2023
Big Sky River: The Bridal Path
Villain and Widow
6.3

Villain and Widow (2010) ************************** ဒီတစ်ခါမှာတော့ 2010 ခုနှစ်က ထွက်ရှိထားတဲ့ Comedy,Romance ရုပ်ရှင် Villain and Widow ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးမှာ Main lead တွေအနေနဲ့ အားလုံး ရင်းနှီးကြတဲ့ A list သရုပ်ဆောင်တွေပဲ ပါဝင်ထားတာပါ။ Romantic Doctor Teacher Kim ရဲ့ ဂင်ဆာဘူလို့ လူသိများတဲ့ မင်းသားကြီး Han Seok Kyu အပြင် Under The Queen’s Umbrella ထဲက မင်းသမီးကြီး Kim Hye Soo တို့က အဓိကသရုပ်ဆောင်တွေအဖြစ် ပါဝင်အားဖြည့်ထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ************* ယွန်းဂျူ (Kim Hye Soo) က ယောက်ျားဖြစ်သူ ဆုံးပါးပြီးနောက် Single Motherအဖြစ်နဲ့ အလယ်တန်း ကျောင်းသူ သမီးလေးကို ပျိုးထောင်ရင်း နေထိုင်နေသူပါ။ တစ်ယောက်တည်း ရုန်းကန်ရတာ ခက်ခဲတဲ့အပြင် ငွေကြေးကိစ္စတွေပါလာတဲ့အခါမှာ ယွန်းဂျူတစ်ယောက် စိတ်ကျရောဂါကိုပါ ခံစားလာရပါတယ်။ ငွေကြေးပြဿနာကို ဖြေရှင်းဖို့အတွက် အိမ်ရဲ့ဒုတိယထပ်ကို အိမ်ငှားထားဖို့ လုပ်ခဲ့ရာက ထူးဆန်းတဲ့ စာရေးဆရာတစ်ယောက် ရောက်ရှိလာခဲ့ပါတယ်။ အိမ်ငှားအနေနဲ့ ရောက်လာတဲ့ ဂန်ချန်းအင်(Han Seok Kyu)ဟာ ယွန်းဂျူထင်သလို သာမန်စာရေးဆရာတစ်ယောက် မဟုတ်ဘဲ ဘယ်လို လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေမလဲ .. အိမ်ရှင်ဖြစ်တဲ့ မုဆိုးမလေး ယွန်းဂျူနဲ့ရော ဘယ်လိုဇာတ်လမ်းလေးတွေဖြစ်လာမလဲ .. ဒီကားလေးမှာ သရုပ်ဆောင် Han Seok Kyu နဲ့ Kim Hye Soo တို့ရဲ့ နုပျိုစဉ်ပုံရိပ်တွေကိုပါ မြင်တွေ့နိုင်မှာဖြစ်ပြီး ဟာသလေးတွေပါ နှောထားတာကြောင့် စိတ်လက်ပေါ့ပါးစွာနဲ့ ကြည့်လို့ရမဲ့ ကားကောင်းလေးပဲ ဖြစ်ပါတယ် (အညွှန်းကို Milk မှ ရေးသားပေးထားပါတယ်) File size…1.71GB / 676MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 55 min. Genre ….. Thriller, Comedy, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by Milk & Htoo Pyae Pyae Aung Encoded by AHtet

6.3 2010
Villain and Widow
The Dungeonmaster
4.6

ပေါလ်ဆိုတာက ကွန်ပြူတာတွေကို ပြင်ဆင်တဲ့အလုပ်လုပ်တယ်၊ ကိုယ်တိုင်လည်း AI တစ်ခု ဖန်တီးထားပြီး ချစ်သူလေးကို လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ ပရိုဂရမ်မာတစ်ယောက်။ ဒါပေမဲ့ လက်ထပ်ဖို့ ခွင့်တောင်းတဲ့ညမှာတင် သမီးရည်းစား နှစ်ယောက် အိပ်မက်လိုလိုဆိုပေမဲ့ တကယ့်တခြားဖြစ်တည်မှုပဲ ရောက်သွားပါတယ်။ အဲဒီမှာတင် နတ်ဆိုးမှော်ဆရာတစ်ယောက် ပေါ်လာပြီး မင်းကောင်မလေးကို ငါဖမ်းထားမယ်၊ မင်းကို စိန်ခေါ်မှု ၇ ရပ်နဲ့ ငါ စမ်းသပ်မယ်၊ မင်းရဲ့ ခေတ်မှီနည်းပညာနဲ့ ရအောင်ကျော်လွှားပေါ့၊ တစ်ခုရှုံးတာနဲ့ အကုန် စမုံတုံးမယ်ဆိုပြီး အတင်းအကျပ် စေခိုင်းခံရတဲ့အခါမှာတော့ ပေါလ်တစ်ယောက် ကောင်မလေးနဲ့ သူ့ကိုယ်သူ ကယ်တင်ဖို့ သူ့ AI လေးကို ဘယ်လိုအသုံးချပြီး စွန့်စားခန်း ၇ ရပ် ထွက်ရမလဲဆိုတာ ကြည့်ရမှာပါ။ ~ ပွင့်လင်း မြင်သာသော ကိုယ်လုံးတီးပြကွက်တချို့ ပါဝင်သောကြောင့် မိသားစု/ကလေးများနှင့် မကြည့်ရှုမိစေရန် သတိပေးလိုပါသည် ~ File Size : 2.2 GB, 1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 13min Format : Mp4 Genre : Fantasy, Horror, Sci-fi Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant

Drama • Romance
4.6 1984
The Dungeonmaster
Am Ah
6.8

Am Ah (2025)”အ.. မေ” ================== အသစ်ထွက်ရှိထားတဲ့ မာလျာလမ်စကားပြော ကြည်နူးစရာ မိဘမေတ္တာဖွဲ့ ရုပ်ရှင်ကောင်းလေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ ရိုးရိုးရှင်းလေးပါပဲ။ ဝေးလံခေါင်ဖျားပေမဲ့ အရမ်းလှတဲ့ ကာဗန်သာဆိုတဲ့ရွာလေးကို ကတ္တရာလမ်းခင်းတဲ့စီမံကိန်းမှာ ကြီးကြပ်သူအဖြစ်တာဝန်ကျပြီး ကာဗန်သာရွာလေးကို ရောက်လာတဲ့ စတီဖန်တစ်ယောက်၊ ရွာမှာနေထိုင်တဲ့ သားအမိနှစ်ယောက်ကြားက ဆွတ်ပျံ့ကြည်နူးစရာ ချစ်ခြင်းမေတ္တာတွေကို မြင်တွေ့ခံစားရပုံတွေကို အင်မတန်လှပတဲ့ တောင်ပေါ်ရှုခင်းတွေနဲ့အတူ ပရိသတ်တွေ ကြည့်ရှုခံစားခွင့်ရမယ့် ရုပ်ရှင်ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Fantasy • Drama
6.8 2025 113 mins
Am Ah