YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Against the Gods - 07 (1080p HEVC) {CM}.mkv

456.43 MB 1080p video/x-matroska 195 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
White Sun
7.1

ဒီကားရဲ့ နာမည် Seto Surya (နေဖြူ) ဆိုတာက နီပေါနိုင်ငံရဲ့ အမျိုးသားအလံမှာပါတဲ့ အစိတ်ပိုင်းတစ်ခုကို ရည်ညွှန်းထားတာပါ။ အတွင်းသားအနီရောင်နဲ့ အပြာအနားကွပ်၊ လခြမ်းကွေးလေးရယ် တောက်လောင်နေတဲ့နေရယ် ပါတဲ့ နီပေါအလံကို မြင်ဖူးရင် သိကြမှာပါ။ ဒီကားရဲ့ နေဖြူဆိုတာကတော့ အဲဒီ အဖြူရောင်နေကို ဆိုလိုတာဖြစ်ပါတယ်။ ၁၉၉၆ ကနေ ၂၀၀၆ အထိ ဖြစ်ပွားခဲ့တဲ့ နီပေါ ပြည်တွင်းစစ်ပြီးစ အခြေအနေကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ တစ်ချိန်က နီပေါဟာ ဘုရင့်နိုင်ငံဖြစ်ခဲ့ပြီး ဘုရင့်တော်ဝင်တပ်တွေနဲ့ နီပေါကွန်မြူနစ်ပါတီ (မော်စီတုန်းဝါဒီသမားတွေလို့လည်း ခေါ်ပါတယ်) ကြား နိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့ပြီး တော်လှန်သူ ကွန်မြူနစ်တွေ အနိုင်ရခဲ့တဲ့ စစ်ပွဲပါ။ နီပေါနိုင်ငံသားတွေဟာ ထုံးတမ်းစဉ်လာတွေ ဓလေ့တွေလိုက်နာသက်ဝင်ပြီး လူမှုအဆင့်အတန်း ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားမှု ပြင်းထန်တဲ့အလျောက် လူတန်းစားအလွှာကွာဟမှုကို ဆန့်ကျင်တဲ့ မော်စီတုန်းဝါဒီသမားတွေ အာဏာရသွားတေ့ာ အတော်လေးလည်း ခွကျခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းဘက်ကို လှည့်ရမယ်ဆိုရင်ဖြင့် ရှုထောင့် ၂မျိုးက ပြောဖို့ စဉ်းစားထားပါတယ်။ ပထမတစ်မျိုးကတော့ ပူးဂျာလို့ခေါ်တဲ့ ကလေးမလေးတစ်ယောက်ရဲ့ ရှုထောင့်ပါ။ ပူးဂျာလေးဟာ အမေဖြစ်သူနဲ့အတူ ဝေးလံခေါင်သီတဲ့ တောင်တွေပေါ်မှာရှိတဲ့ ရွာဇနပုဒ်မှာ နေထိုင်ပါတယ်။ သူ့ရဲ့ အဖိုးလို့ ခံယူထားတဲ့ ရွာအကြီးအကဲကြီး ဆုံးသွားတဲ့အခါမှာတော့ ရွာမှာ ကြားဖူးနားဝ ကောလဟာလနဲ့ သူ့အဖေဖြစ်လိမ့်မယ်လို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရွာပြန်အလာကို မျှော်လင့်တကြီး စောင့်စားပါတော့တယ်။ ဒုတိယ ရှုထောင့်အနေနဲ့ကတော့ ချန်ဒျာလို့ခေါ်တဲ့ စစ်သားဟောင်းတစ်ဦးရဲ့ နေရာကနေပါ။ သူဟာ စစ်သားဆိုပေမယ့် ယခုလက်ရှိအာဏာရ ကွန်မြူနစ်ပါတီရဲ့ တစ်ချိန်က ပြောက်ကျားစစ်သား (သူပုန်)ပါ။ တော်လှန်စဉ်က ပါဝင်ခဲ့ပြီး စစ်ပွဲအပြီး ဘေးထွက်နေတဲ့လူမျိုးပေါ့။ သူ့အဖေဖြစ်သူ ဆုံးသွားပြီဆိုတဲ့ သတင်းကြောင့် ရွာကို ပြန်လာခဲ့ပေမယ့် အပေါ်မှာပြောသလို အယူအစွဲကြီးတဲ့ ရွာကလူတွေနဲ့ သူနဲ့ကြားက ပဋိပက္ခတွေကြောင့် သူ့အဖေဖြစ်သူ ရွာအကြီးအကဲကို အဆင်ပြေပြေသင်္ဂြိုလ်နိုင်ဖို့ လုံးပမ်းရပါတော့တယ်။ Venice ရုပ်ရှင်ပွဲတော်မှာ ဆုရထားပြီး Toronto တို့ Rotterdam တို့အပါအဝင် ဟုတ်ပေ့ဆိုတဲ့ ရုပ်ရှင်ပွဲတော်ကြီးတွေမှာ ပြသခွင့်ရထားတဲ့ ရုပ်ရှင်မို့ လက်မလွတ်စေလိုပါ။ ဒီ နီပေါဒါရိုက်တာဟာဖြင့် သူ့ရဲ့ ပထမဆုံး ပွဲဦးထွက်ရုပ်ရှင်ကား Highway တုန်းကလည်း ဘာလင်တို့ လိုကာနိုတို့လို ပွဲတော်ကြီးတွေနဲ့ စခဲ့တာပါ။ အခု White Sun ကတော့ သူ့ရဲ့ ဒုတိယကားပေါ့။ နီပေါလို ဒေသတွင်း အနုပညာဖန်တီးသူတွေ သူတို့လက်ရာတွေနဲ့ ကမ္ဘာပတ်နေတာကို ကြွေနေရသလိုမျိုး ကိုယ့်နိုင်ငံတွင်းက ရုပ်ရှင်သမားတွေရဲ့ လက်ရာတွေ (ယခု လူနည်းစု ပတ်နေကြပြီမှန်း သိပါတယ်) လည်း များများစားစား မြင်ရဖို့ မျှော်လင့်မိပါကြောင်း...။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 690MB Quality - 720p, 480p IMDb Rating - 7.1/10 Format - mp4 Duration - 1H 29Min Genre - Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • Music • Romance
7.1 2016 87 mins
White Sun
Disenchanted
6.9

2007 ခုနှစ်ရဲ့ Enchanted ရုပ်ရှင်အဆက်အနေနဲ့ Disenchanted ထွက်ပါပြီ။ ဒစ္စနေးရဲ့ ရုပ်ရှင်အသစ်လေးပါပဲ။ မှော်စိတ်ကူးယဉ်ဇာတ်လမ်းကို သီချင်းလှလှလေးတွေနဲ့ တန်ဆာဆင်ထားလို့ မိသားစုလိုက်ပျော်ပျော်ကြီးကြည့်လို့ရမှာပါ။ ဇာတ်လမ်းအကျည်း ... ဂျစ်ဆဲလ်ဟာ အန်ဒလေးရှားတိုင်းပြည်ကနေ နယူးယောက်ကိုရောက်လာခဲ့ပြီး ရောဘတ်နဲ့မော်ဂန်တို့ သားအဖနဲ့တွေ့ဆုံခဲ့တာပါ။ ဒီဇာတ်ကားမှာတော့ ရောဘတ်နဲ့ ဂျစ်ဆဲလ်တို့က ဆိုဖီယာဆိုတဲ့ သမီးလေးမွေးလာပြီး နယူးယောက်ကနေ မွန်ရိုဗီးဆိုတဲ့ ကျေးလက်မြို့လေးကို ပြောင်းရွှေ့လာခဲပါတယ်။ ကျေးလက်မှာ အခက်အခဲတွေတွေ့ရပြီး မော်ဂန်နဲ့လည်း အဆင်မပြေဖြစ်လာတဲ့အခါ ပုံပြင်ကမ္ဘာထဲမှာ ကြီးပြင်းခဲ့တဲ့ ဂျစ်ဆဲလ်ဟာ အမြဲပျော်နေချင်တဲ့သူဖြစ်တာကြောင့် သူလက်ဆောင်ရတဲ့ ဆုတောင်းနှင်တံလေးကိုသုံးပြီး ပုံပြင်ဘဝမျိုးရပါစေလို့ဆုတောင်းလိုက်မိပါတယ်။ ဒါပေမဲ့ ဆုတောင်းရင်သတိထားပါဆိုတဲ့ ဆိုရိုးအတိုင်း ပုံပြင်ကမ္ဘာဆိုတာ ပျော်စရာအပြင် ဗီလိန်တွေလည်း ပါလာတဲ့အတွက် အန္တရာယ်ကြီးတွေရင်ဆိုင်ရတဲ့အခါ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Mr.Anderson ပါ။) File Size          : 2.9GB, 1.1GB, 588MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 58mins Genre              : Animation, Adventure, Comedy Translated by Mr.Anderson Encoded by Kinnov

Adventure • Comedy • Family
6.9 2022 120 mins
Disenchanted
Gatta Kusthi
6.4

နာမည်ကြီးမင်းသား Vishnu နဲ့ ချစ်စရာမင်းသမီးချောလေး Aishwarya Lekshmi ရိုက်ကူးထားပြီး IMDb ကလည်း 7အထိရထားတဲ့ Comedy အမျိုးအစားရုပ်ရှင်ကိုတင်ဆက်ပေးချင်ပါတယ် ဟာသဇာတ်မြူးလေးကိုမှ အချောအလှလေးတွေပါဝင်တာကြည့်ချင်ရင်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်နော်.. ခီသီ(Aishwarya Lekshmi)ဆိုတာက နပန်းကိုငယ်ငယ်တည်းက လေ့လာလိုက်စားရင်းနိုင်ပွဲတွေကို ဆွတ်ခူးနိုင်ခဲ့သူပါ အနိုင်ကျင့်တဲ့လူတွေကိုပညာပြတဲ့ ဘွဲ့ရပညာတတ် ဆံပင်တိုတို ဗလတောင့်တောင့်ကောင်မလေးပေါ့ သူ့ကိုအိမ်ထောင်ဘက်အဖြစ်လာရွေးတဲ့လူတွေကလည်း ကိုင်‌ပေါက်ခံရမှာကြောက်လန့်ပြီးထွက်ပြေးကြတာချည်းပါပဲ ဗီရာ(Vishnu)ကတော့ တစ်ဦးတည်း‌သောသူဌေးသားပေါ့သတို့သမီးလောင်းအတွက်သူ့ရဲ့စံသတ်မှတ်ချက်တွေက ဆံပင်ရှည်ကြီးနဲ့ သူထိန်းချုပ်တိုင်းရမယ့်ပညာမတတ်မိန်းကလေးမျိုးပါ ဒီလိုနဲ့နှစ်ယောက်ကကံဆုံကြပြီး လူကြီးတွေကသူတို့ကိုအိမ်ထောင်ချပေးဖို့လုပ်လေတော့ ခီသီတစ်ယောက်ဘယ်လိုလိမ်ဆင်တွေလုပ်မလဲ ဆံပင်ရှည်ကြိုက်တဲ့ယောကျာ်းနဲ့ ဆံပင်တိုတိုခီသီတို့ ဘယ်လိုတွေလှည့်ပတ်ပြီးစခန်းသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါရှင် File size…2.78GB /1.23GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ Yunni

Action • Adventure • Drama • Science Fiction
6.4 2022 146 mins
Gatta Kusthi
The Great Wall
6

(အက်ရှင်အလန်းစားနဲ့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်သည်နှင့်အညီ Blu-Ray 1080p 5.1 CH,720Pတို့ဖြင့် ပြန်လည်တင်ဆက်ထားပါသည်....) Matt Damon ကို ထည့်သုံးထားတာဖြစ်ပါတယ်။ ဒီကားက Song Dynasty (960 ကနေ 1279) ကြား ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ Matt Damon က ဥရောပ ကလာတဲ့ Mercenary ဖြစ်ပြီး သူတို့ က တရုတ်ပြည်က ယမ်းမှုန့်ကိုလိုချင်လို့ လာကြတာဖြစ်ပါတယ်။ဒီကားက Fantasy Si-fi ဖြစ်ပြီး တရုတ်က မဟာတံတိုင်းက လူတွေသိထားသလို မွန်ဂိုတွေရန်ကိုကာကွယ်ဖို့တင်မဟုတ်ပဲ၊ Alien Monster တွေရဲ့ရန်ကို ကာကွယ်ဖို့ ဆောက်ထားတာဖြစ်လို့ စိတ်ကူးယဉ်တင်ဆက်ထားပါတယ်။ Matt Damon တို့က ဒီ Monster တွေနဲ့ တွေ့လို့ ထွက်ပြေးလာရင်းနဲ့ တရုတ် ခံတပ်မှာ အဖမ်းခံရပါတယ်။ ဒီကနေ သူရဲ့ မြှားပစ်စွမ်းရည် ကြောင့်ရယ်၊ တိုက်ရည်ခိုက်ရည်ကောင်းတာကြောင့်ရယ်၊ သူ့ကို မသတ်တော့ပဲ တရုတ်စစ်တပ်နဲ့ အတူ Monster တွေရန်က နေကာကွယ်ဖို့ တာဝန်ပေးခဲ့ပါတယ်။ အက်ရှင်အလန်းစားတွေတွေ့ရမှာဖြစ်သလို တရုတ်မင်းသမီးလေး Tian Jing ကလည်း ပန်းတွေတောင်မြေခအောင်လှလွန်းတဲ့အတွက် ကြည့်ရတာ အရမ်းကို တန်လွန်းတယ်လို့ပြောရမှာဖြစ်ပါတယ်... =============== File Size : (2.04GB) and (900 MB) Quality :Blu-Ray (1080p 5.1 CH, 720p) Format…mp4 Duration…01:43:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Tariq L Walker Encoded by Phyo Pyae

Drama
6 2016 103 mins
The Great Wall
When I Turned Nine
7.4

When I Turned Nine (2004) ************************* ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ကားလေးက (၂၀၀၄) ခုနှစ်၊ (၁၂) ကြိမ်မြောက် Chunsa Film Art Awards မှာ Best Film, Best Director, Best Screenplay နဲ့ Best Child Actor/Actress ဆုတွေအများကြီး ဆွတ်ခူးရရှိခဲ့တဲ့ When I turned nine ဆိုတဲ့ movie လေးပဲ ဖြစ်ပါတယ် .. သရုပ်ဆောင်တွေအနေနဲ့ ဘဲ့ယောမင်းအဖြစ် ဂင်ဆော့၊ ဂျန်ဝူရင်း အဖြစ် The Red Sleeve, The Law Cafe တို့မှ ပရိသတ်တို့ အချစ်တော် မင်းသမီးလေး အီဆယ်ယောင်းတို့ ပါဝင်ထားပြီး ဒီကားလေးမှာတော့ အီဆယ်ယောင်းကို ချစ်စရာ(၉)နှစ်သမီးလေးအနေနဲ့ မြင်တွေ့ရမှာပဲဖြစ်ပါတယ် .. ဇာတ်လမ်းအညွှန်း ************* ဘဲ့ယောမင်းဟာ အသက် (၉) နှစ် အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တဲ့ ကောင်လေးဖြစ်ပြီး မျက်လုံးတစ်ဖက်မမြင်တော့တဲ့ အမေဖြစ်သူနဲ့အတူနေထိုင်သူပါ.. အမေ့အတွက် မျက်မှန်ဝယ်ပေးချင်တာကြောင့် ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်တွေ လုပ်နေခဲ့ပါတယ်… ဂျန်ဝူရင်းကတော့ ဆိုးလ်ကနေ ကျောင်းပြောင်းလာတဲ့ ခပ်စွာစွာကောင်မလေးပါ… ဘဲ့ယောမင်းတစ်ယောက် ဝူရင်းကို မြင်မြင်ချင်းမှာတင် သဘောကျသွားခဲ့ပြီး သူတို့နှစ်ယောက် ဘယ်လိုတွေ ဆက်ပြီးဖြစ်လာမလဲ .. ဝူရင်းလေးကရော ဘဲ့ယောမင်းကို ပြန်ပြီး သဘောကျလာမှာလား .. (၉)နှစ် အရွယ်ကလေးတွေရဲ့ အချစ်နဲ့ သူငယ်ချင်းသံယောဇဥ်တွေကို ချစ်စရာကောင်းအောင် ပုံဖော်သွားတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမဲ့ ကားကောင်းလေးပဲဖြစ်ပါတယ် .. အညွှန်းကို Htoo Pyae Pyae Aung မှ ရေးသားပေးထားပါတယ် .. File size…2.2GB / 964MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 45m Genre ….. Life, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Milk & Htoo Pyae Pyae Aung Encoded by AHtet

7.4 2004
When I Turned Nine
Speak No Evil
7.1

ဒီရုပ်ရှင်ကတော့ ၂၀၂၂ တုန်းက ထွက်ခဲ့တဲ့ Speak No Evil ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာပါ။ မူရင်းကားတုန်းက အရမ်းနာမည်ကြီးခဲ့တဲ့ အခန်းတစ်ခန်းပါပါတယ်။ စိတ္တဇလူသတ်သမား စုံတွဲကို သားကောင်လင်မယားက မေးတဲ့အခန်းပေါ့။ “မင်းတို့ ဘာလို့ ဒီလိုရက်စက်ရတာလဲ” “မင်းတို့ လုပ်ခွင့်ပေးနေလို့ပဲ” ဒီရုပ်ရှင်မှာတော့ အဲဒီအခန်းမှာတင် အားမလိုအားမရနဲ့ ဇာတ်မသိမ်းဘဲ သားကောင်မိသားစုက အသက်ရှင်ရေးအတွက်ပြန်တိုက်ခိုက်တဲ့ ဇာတ်ကွက်တွေ ထည့်ထားပြီး ဆိုက်ကိုဟော်ရာ thriller အဖြစ် ပြောင်းလဲထားတာပါ။ ရုံတင်တုန်းကလည်း အားပေးမှုများခဲ့ပြီး IMDb မှာလည်း 7.1 အထိ ရထားတာမို့ ကောင်းကောင်းအရသာခံကြည့်လို့ရမဲ့ ဟော်ရာ ကားကောင်းတစ်ကားပါပဲ။ ဒါရိုက်တာက James Watkins ဖြစ်ပြီး အဓိက ဗီလိန်နေရာမှာ X-Men Charles မင်းသားကြီး James McAvoy ပါဝင်သရုပ်ဆောင်ထားပါတယ်။ File Size : 6.8 GB, 1.8 GB, 866 MB Quality : WEB-DL HEVC 4K / 1080p / 720p Running Time : 1hr 50min Format : Mkv and Mp4 Audio : AAC, E-AC-3 Genre : Drama, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Mr. Anderson Encode by : Thit San Khant

7.1 2024
Speak No Evil
The Female Chief of the Shadow’s King
5.9

Thriller Romance ကြိုက်တဲ့သူလေးတွေအတွက် The Female Chief of the Shadowing King ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ 1920ခုနှစ်ကျော်ကာလမှာ အရိပ်ဘုရင်လို့ခေါ်တဲ့ တပ်မှူးရှီးဇယ်ကအမိန့်အရသစ္စာဖောက်တွေကိုဖမ်းဆီးခဲ့ပြီး သူဟာငွေ၅ယွမ်အကြောင်းပြုပြီး လုရှောင်ခွေဆိုတဲ့ကောင်မလေးနဲ့ဆုံတွေ့ခဲ့တယ်။ ရှီးဇယ်ကအရမ်းမောက်မာပြီးပုန်ကန်ချင်စိတ်ရှိတဲ့သူတစ်ယောက်ပဲ။ သူ့အဖေကသူ့ကိုယဉ်ကျေးအောင်သင်ပြပေးဖို့ စစ်ပညာသင်ကျောင်းကထူးချွန်ကျောင်းသားတစ်ယောက်ကိုသင်ပြပေးစေချင်ခဲ့တယ်။ ဒီလိုနဲ့သူကရှီးဇယ်ကိုသင်ပေးဖို့လုရှောင်ခွေကိုခေါ်လာခဲ့တယ်။ ဆိုးသွမ်းတဲ့ကိုလူဆိုးရှီးဇယ်ရဲ့ဒဏ်ကိုသိမ်မွေ့တဲ့လုရှောင်ခွေကအလူးအလဲခံရတာပေါ့။ စရိုက်မတူတဲ့သူတို့၂ယောက်ကဆန့်ကျင်ဘက်တွေလိုဖြစ်ပေမယ့် နှစ်ယောက်သားနီးစပ်လာကြတော့ အချစ်မီးပန်းတွေပွင့်လာတာပေါ့။ ဒါပေမယ့် လုရှောင်ခွေကချစ်မိတော့မယ်ဆိုတဲ့အချိန်မှာ ရှီးဇယ်က မင်းငါ့ကိုဒီကမ္ဘာမှာချစ်လို့မရဘူး ဆိုပြီးပြောပါတယ်။ သူတို့၂ယောက်ရဲ့အချစ်ဇာတ်လမ်းဟာ ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ချစ်ခွင့်မရှိတဲ့အကြောင်းပြချက်ကရောဘာတွေဖြစ်နေမလဲဆိုတာ အဆုံးထိကြည့်ရှုအားပေးလိုက်ပါဦးနော်……

5.9 2018
The Female Chief of the Shadow’s King
Borgo
7

ဒီရုပ်ရှင်ကတော့ Borgo လို့ခေါ်တဲ့ ၂၀၂၃ကထွက်ခဲ့တဲ့ဇာတ်ကားလေးဖြစ်ပါတယ် ပြင်သစ်နိုင်ငံကရိုက်ကူးထားတာဖြစ်တဲ့ဒီ Crime/Drama ဇာတ်ကားကတော့၂၀၁၇တုန်းက Bastia လေဆိပ်မှာ Corsican ရာဇဝတ်သမားနှစ်ယောက်လုပ်ကြံခံရမှုမှာထောင်အစောင့်တစ်ယောက်ပါဝင်ပတ်သတ်နေတဲ့ဖြစ်ရပ်မှန်အကြောင်းကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့… အသက်၃၂နှစ်ရှိပြီဖြစ်တဲ့ Melissa နဲ့ သူ့မိသားစုဟာ Corsica ဆိုတဲ့ကျွန်းလေးကိုပြောင်းလာခဲ့ပါတယ် အဲ့ဒီမှာသူကတခြားထောင်တွေနဲ့မတူပဲတမူထူးခြားတဲ့ထောင်တစ်ခုရဲ့အစောင့်အနေနဲ့အလုပ်လုပ်ရင်းကနေသူ Saveriu လို့ခေါ်တဲ့လူငယ်အကျဥ်းသားတစ်ယောက်နဲ့ခင်သွားခဲ့ပါတယ် Saveriu ကထောင်ကလွတ်သွားတဲ့အခါမှာတော့သူ့ကိုအကူအညီတောင်းတာကနေဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုစိတ်ဝင်စားစရာကြည့်ရမယ့်ကားလေးဖြစ်ပါတယ်။ ရုပ်ရှင်က Crime/Drama genre ဖြစ်တဲ့အတွက်အက်ရှင်အခန်းတွေမပါပေမဲ့လည်းထောင်ကားနဲ့စုံထောက်ကားကိုပေါင်းထားတဲ့ပုံစံမျိုးဖြစ်တာကြောင့်တော်တော်ကိုကြည့်လို့ကောင်းပြီး IMDB Rating မှာလည်း 7.0 ရထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ် File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:58:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin

Family • Drama
7 2023 118 mins
Borgo
Werewolves
5.5

Werewolves (2024) ဒါကတော့ ထူးထူးခြားခြားဝံပုလွေလူသား horror လေးလို့ပြောရမှာပါ။ ပုံမှန်၀တ္ထု‌တွေ ဇာတ်လမ်းတွေမှာ ဒါမှမဟုတ် ဆယ်ကျော်သက်တွေကြားရေပန်းစားတဲ့ A/B/O trope အနေနဲ့လည်းတွေ့ဖူးကြမှာပါ။ ဒီ Movie မှာတော့ ပုံမှန်နဲ့ကွာခြားတဲ့လပြည့်ညတစ်ညကြောင့် လရောင်နဲ့ထိတွေ့မိတဲ့သူတိုင်း ဝံပုလွေလူသားတွေအဖြစ်သန္ဓေပြောင်းကုန်ပြီး သူတို့ချစ်ရတဲ့သူတွေ မိသားစုဝင်တွေကိုမှတ်မိနိုင်စွမ်းမရှိ‌တော့ပဲ ပြန်အမဲလိုက်ကြပါတော့တယ်။ ဒါကြောင့်အစိုးရက ညမထွက်ရအမိန့်ထုတ်ပြန်ပြီး လူတွေကိုမိမိတို့အိမ်မှာလုံခြုံစွာနေကြဖို့မှာကြားထားတယ်။ လူတွေကလည်း အိမ်ခြံ၀န်းတွေကိုလုံခြုံအောင်ကာပြီး လရောင်သာမယ့်ညကိုရှင်သန်နိုင်ဖို့အတွက်အတတ်နိုင်ဆုံးပြင်ဆင်ကြရတော့တယ်။ အဲ့ဒီလိုထူးခြားဖြစ်စဉ်ကိုအဖြေရှာဖို့ကြိုးစားနေကြတဲ့အဖွဲ့တစ်ဖွဲ့ကနေပြီး မွန်းစခရင်ဆိုတဲ့သူတို့ဖော်ထုတ်ထားတဲ့ဆေးဟာ လရောင်နဲ့လူသားအ‌ရေပြားထိတွေ့မှုမှာမျိုး ရိုးဗီဇပြောင်းလဲမှုကိုကာကွယ်နိုင်ရဲ့လားဆိုတာ စမ်းသပ်ခံတွေနဲ့စစ်ဆေးကြဖို့လုပ်တော့ အက်စီးဒင့်တစ်ခုဖြစ်ပြီး ဓာတ်ခွဲခန်းအဆောက်အဦးကြီးတစ်ခုလုံးကသန္ဓေ ပြောင်းဝံပုလွေတွေနဲ့ပြည့်သွားတဲ့အခါ အသက်ရှင်ကျန်ရစ်တဲ့ပညာရှင်နှစ်ဦးက ဘယ်လိုလွတ်မြောက်အောင်ကြိုးစားကြမလဲ။ ထိုနှစ်ဦးထဲက ဝေစလေမာရှယ်ဆိုတဲ့အငြိမ်းစားစစ်သားကရော ကွယ်လွန်သွားတဲ့အစ်ကိုဖြစ်သူရဲ့ဇနီးနဲ့သမီးလေးကို ကာကွယ်ဖို့ရန်အချိန်မှီအိမ်ပြန်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ကြည့်ရှူ့ကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(1.7 GB) / (910 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Horror,Thriller Duration….01:34:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phu Thet Khin

5.5 2024 94 mins
Werewolves
Babygirl
6.4

Babygirl (2024) IMDb Rating (6.4) / Rotten Tomatoes (77%) 2024 နှစ်ကုန်ပိုင်းကမှ A24က ထွက်ခဲ့တဲ့ မင်းသမီးကြီး Nicole Kidman ရဲ့ Erotic Thriller ကားကောင်း တစ်ကားဖြစ်ပါတယ်။ Romy Mathis က စက်ရုပ်တွေနဲ့ လည်ပတ်တဲ့ အီလက်ထရောနစ် ကုန်သွယ်ရေး company ရဲ့ CEO တစ်ယောက်ပါ။ သူ့မှာ ယောက်ျားဖြစ်သူ ပြဇာတ် ဒါရိုက်တာ Jacob နဲ့ Isabel နဲ့ Nora ဆိုတဲ့ သမီးလေးနှစ်ယောက်ရှိပါသေးတယ်။ သူ့ ဘဝနဲ့သူ အောင်မြင်ပြီး မိသားစုကောင်း ရှိတဲ့ အမျိုးသမီး တစ်ယောက်ပေမယ့် မပြည့်စုံတဲ့နေရာတော့ ရှိပါသေးတယ်။ သူဟာ ခင်ပွန်းဖြစ်သူနဲ့ လိင်မှုဘဝမှာ မသာယာတော့ပါဘူး။ သူ အဲ့ဒီလို ဖြစ်နေတာကို ခင်ပွန်းဖြစ်သူကလည်း မသိပါဘူး။ Romy က ကာမစိတ် မူပြောင်းပြီး အရှက်သိက္ခာထိခိုက်အောင် ဆက်ဆံခံရတာတွေ နာကျင်မှုကို သာယာတာကို တိတ်တိတ်လေး ခုံမင်နေသူဖြစ်ပါတယ်။ တစ်ရက် သူ့ company ကို အသစ်ရောက်လာတဲ့ အလုပ်သင်တွေထဲက Samuel ကို မျက်မှန်းတန်းမိရင်း Samuelက သူ့ နည်းပြအဖြစ် Romy ကို ရွေးချယ်ခဲ့ပါတယ်။ သူတို့ ဆက်ဆံရေးဟာ တဖြည်းဖြည်း နယ်ကျွံလာပြီး အလုပ်နဲ့ မိသားစုကို ထိပါးလာခဲ့ပါတယ်။ Castတွေအနေနဲ့လည်း Nicole Kidman; Harris Dickinson; Sophie Wilde; Antonio Banderas တို့ ပါတာမို့လို့ ကြည့် ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ မဖွယ်မရာ scene တချို့ပါဝင်တာမို့လို့ မိသားစုနှင့် ကြည့်ရှုရန် မသင့်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size…(13 GB) / (3 GB) / (1.1 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Mystery, Thriller Duration….01:56:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Leonie

Adventure • Action • Drama
6.4 2024 115 mins
Babygirl
Swordsman 3: The East Is Red
6.1

Swordsman 3: The East Is Red (1993) IMDb Rating (6.1) သိုင်းကားချစ်သူတိုင်းရဲ့ငယ်ဘဝအမှတ်တရတစ်ခုဖြစ်တဲ့ စာရေးဆရာကြီးကျင်းယုံရဲ့ သိုင်းလောကစိန်ခေါ်သံဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ the swordsman 3(1993) လေးကို CM Version လေးနဲ့ ပြန်လည်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။ The swordsman 3 ကတော့ မင်းသားကြီး Jet Liနဲ့ မင်းသမီးကြီး Brigette Linတို့ရဲ့ the swordsman 2ရဲ့အဆက်ဆိုတော့ ရှေ့နှစ်ကားကြည့်ပြီးမှပဲ ဇာတ်ရည်လည်မှာမလို့ မကြည့်ရသေးရင်တော့ အရင်ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ The swordsman 2ရဲ့အဆုံးသတ်မှာ တောင်နက်ကမ်းပါး တိုက်ပွဲအပြီးမှာ တုန်းဖန်းပုပိုက်တစ်ယောက် အကြီးအကျယ်ရှုံးနိမ့်ပြီးတော့ ချောက်ကမ်းပါးကနေ ပြုတ်ကျပြီးတော့ နေလဂိုဏ်းနဲ့အတူ သိုင်းလောကကနေ စုန်းစုန်းမြုပ်သွားပါတော့တယ်။ ဒါပေမဲ့ ဒီအချိန်မှာ တိုင်းပြည်ရေးရာက မတည်မငြိမ်ဖြစ်နေသလို တိုင်းပြည်တစ်ခွင်မှာ ကိုယ့်ကိုယ်ကိုယ် တုန်းဖန်းပုပိုက်လို့ နာမည်တပ်နေသူတွေ အများအပြားပေါ်ထွက်လာပြီး ဖိနှိပ်မှုတွေ သတ်ဖြတ်မှုတွေ ဖြစ်လာပြန်တာပေါ့။ ဒါပေမဲ့ တုန်းဖန်းပုပိုက်သေသွားပြီဆို‌တာကို နန်းတွင်းက ရေတပ်တပ်မှူးဖြစ်တဲ့ ကုချောင်ဖုန်းကတော့ မယုံကြည်နိုင်ဖြစ်နေခဲ့တာပါ။ ဒီအချိန်မှာပဲ နန်းတွင်းက စပိန်စစ်တပ်တစ်ဖွဲ့ကို တောင်နက်ကမ်းပါးတိုက်ပွဲမှာ မြုပ်သွားတဲ့သင်္ဘောတည်နေရာကို လိုက်ပြပေးဖို့ ကုချောင်ဖုန်းကို တာဝန်ပေးအပ်လာချိန်မှာတော့ ကုချောင်ဖုန်းတစ်ယောက် သိုင်းလောကထဲကနေ ဇာတ်မြှုပ်နေတဲ့ တုန်းဖန်းပုပိုက်ကိုပါ ရှာဖို့အတွက်ကြံရွယ်ပါတော့တယ်။ ကုချောင်ဖုန်းရဲ့ရည်ရွယ်ချက်က တုန်းဖန်းပုပိုက်အစစ်ကိုရှာပြီးတော့ တုန်းဖန်းအတုတွေရဲ့ပြဿနာကို ဖြေရှင်းဖို့ဆိုပေမဲ့ တကယ်တမ်းမှာ သူတွက်ဆထားသလို မဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mary မှ တင်ဆက်ထားပါတယ်။)

Action • Crime • Thriller
6.1 1993 93 mins
Swordsman 3: The East Is Red
Pita Hall Kalender Pide
5

Pita Hall (2025) တူရကီရုပ်ရှင်တွေကို သဘောကျသူတွေအတွက် လတ်တလောအသစ်ထွက်ရှိထားတဲ့ Pita Hall ဆိုတဲ့ ဟာသဇာတ်မြူးကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့ Pita လို့ခေါ်တဲ့ ပေါင်မုန့်ပြားရောင်းတဲ့ စီးပွားရေးလေးကို လုပ်ကိုင်နေတဲ့ “Pita Hall” ဆိုင်ရှင် Chef Kalender နဲ့ သမီးဖြစ်သူ Filiz ၊ အပြောင်းအလဲတွေကိုမနှစ်သက်ဘဲ ရှေးရိုးပုံစံအတိုင်းသာ သွားနေတဲ့ Kalender တစ်ယောက် ပြောင်းလဲလာတဲ့ခေတ်ကြီးထဲမှာ ဆိုင်ဆက်လက်ရပ်တည်ဖို့အတွက် အခက်အခဲရှိလာခဲ့ပါတယ်။ အသစ်ဖွင့်လာတဲ့ Pidburger လို့ခေါ်တဲ့ဆိုင်ကလည်း Pita Hall ကို ပိုပြီးခြိမ်းခြောက်လာခဲ့ပါတယ်။ ဒါ့အပြင် ဆိုင်နေရာပိုင်ရှင်ကလည်း သုံးလအတွင်းဆိုင်ကို ဝယ်ရင်ဝယ် မဝယ်ရင်ဖယ်ဆိုပြီး ဖိအားပေးလာတဲ့အခါ.. အဲ့အချိန်မှာ Öcü လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် Kalender ဆီကို မမျှော်လင့်ဘဲ ရောက်ရှိလာပြီး အပြောင်းအလဲတွေကို ယူဆောင်လာပါတော့တယ်။ သူတို့တွေဘယ်လိုစခန်းသွားကြမှာလဲ..? ဆိုင်ကိုရောဝယ်နိုင်ပါ့မလား..? ဘာ‌တွေဆက်ဖြစ်ကြမှာလဲ..? ဒါတွေအားလုံးရဲ့အဖြေကိုတော့ ဒီရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါးရုပ်ရှင်လေးတွေကြည့်ရတာ ကြိုက်သူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဆိုရင်မမှားပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Theint Waddy Lynn ဖြစ်ပါတယ်။) File size… (2.2 GB) / (1.1 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:45:36 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Theint Waddy Lynn

Drama • Comedy • Fantasy
5 2025 106 mins
Pita Hall Kalender Pide