YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Afraid 2024 - 1080p x265 Webrip [RMC].mp4

1.35 GB N/A video/mp4 1 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hunger
4.5

Bad Geniusထဲမှာ ပရိသတ်တွေရဲ့နှလုံးသားကို ဖမ်းစားသွားတဲ့မင်းသမီး Aokbab Chutimon ရဲ့ ကားသစ်လေးဖြစ်တဲ့ Hungerဆိုတဲ့ movieလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဂျစ်ကန်ကန်ကာရိုက်တာနဲ့ အင်မတန်လိုက်ဖက်တဲ့သူလေးကို ဒီကားထဲမှာတော့ ဇွဲနပဲကြီးတဲ့ အနိုင်မခံအရှုံးမပေးတတ်တဲ့ရှက်ဖ်လေးအဖြစ် မြင်ရမှာပါ။ အွိုင်ဆိုတဲ့ကောင်မလေးဟာ မျိုးရိုးစဉ်ဆက်လုပ်ကိုင်ခဲ့တဲ့ မိဘလက်ငုပ်လက်ရင်းဖြစ်တဲ့ ခေါက်ဆွဲဆိုင်ကို အမွေဆက်ခံရဖို့ဖြစ်နေတဲ့ကောင်မလေးတစ်ယောက်ပေါ့။ Dreamersတစ်ယောက်ပီပီ အွိုင်ကတော့ ရပ်ကွက်ခေါက်ဆွဲဆိုင်လေးမှာပဲ ဘဝကိုအဆုံးမသတ်ချင်သူပါ။ ဒါပေမဲ့ မောင်နှမတွေထဲမှာလည်း ဒီဆိုင်ကိုလက်လွှဲယူနိုင်မဲ့ ချက်ပြုတ်တတ်တဲ့လူကလည်းမရှိ သမီးအကြီးဆုံးကလည်းဖြစ်နေပြန်တော့ ရွေးစရာကလည်းမရှိပြန်ဘူးပေါ့။ ဒီလိုနွံနစ်နေတဲ့ ပတ္တမြားဖြစ်တဲ့အွိုင်ကို တွေ့ရှိသွားသူကတော့ ဟန်ဂါဆိုတဲ့စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အငယ်တန်းရှက်ဖ်တစ်ယောက်ဖြစ်တဲ့တုန်းပါ။ ဒီလိုနဲ့ပဲ အွိုင်ရဲ့အရည်အချင်းတွေကိုမြင်သွားတဲ့တုန်းက အွိုင်ကို ရှက်ဖ်လောကထဲကို ခေါ်သွင်းလာတဲ့အခါ... မီးဖိုချောင်မှာ ဒီမိုကရေစီဆိုတာမရှိဘူး။ အာဏာရှင်စနစ်ပဲရှိတယ်လို့ပြောရင်တော့ အဆူအဆဲခံပြီး ပညာသင်လာရတဲ့စားဖိုမှူးတိုင်းက ရင်နာနာနဲ့ပဲ မှန်ကန်ကြောင်း ထောက်ခံမိကြမှာပါ။ ထို့နည်းတူပါပဲ ရပ်ကွက်စားသောက်ဆိုင်မှာပဲ ချက်ပြုတ်နေကြဖြစ်တဲ့အွိုင်လည်း ဟန်ဂါ‌စားသောက်ဆိုင်ပိုင်ရှင်လည်းဟုတ် အပေါက်ဆိုးတယ်လို့လည်း နာမည်ကြီးတဲ့ ရှက်ဖ်ပေါလ်ရဲ့လက်အောက်မှာ အလုပ်လုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ နာမည်ကျော်ရှက်ဖ်တစ်ယောက်ရော ဖြစ်လာနိုင်မလား။ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တဲ့၊ လောကကြီးကို လုပ်နိုင်ကြောင်း သက်သေပြချင်တဲ့အွိုင်တစ်ယောက် အောင်မြင်မှုကို ငတ်မွတ်လာတဲ့အခါ ရယူခြင်းရဲ့နောက်ကွယ်က ပေးဆပ်ခြင်းတွေကိုရော အွိုင်တစ်ယောက် လက်ခံနိုင်မှာလား။ လောကရဲ့နိယာမအတိုင်း အထက်ဖားအောက်ဖိတဲ့ပြဿနာတွေ၊ လုပ်ဖော််ကိုင်ဖက်တွေကြားက မနာလိုမှုတွေ၊ လူတန်းစာအလွှာကွာခြားမှုကြားက ပဋိပက္ခတွေ အစရှိသဖြင့် ရသအစုံအလင်ခံစားနိုင်မဲ့ရုပ်ရှင်ကောင်းလေးဖြစ်တာကြောင့် ခေတ်နဲ့အညီ ဆန်းသစ်ပြီး တစ်နေ့ထက်တစ်နေ့ ပိုပိုဆန်းသစ်လာတဲ့ ဒီထိုင်းmovieလောကရဲ့ လက်ရာသစ်လေးကို မြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Drama, Thriller Quality…. 1080p | 720p | 480p File size… 1.5GB | 862MB | 431MB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... Aaron

Drama • Mystery
4.5 2023 9 mins
Hunger
I Am Here
4.3

စုံထောက်ဂန်ဆွန်းဒူဟာဆိုရင် အတိတ်က တရားခံကိုဖမ်းဆီးရင်း အဆုတ်ကို ဓားနဲ့အထိုးခံရပြီးနောက် အဆုတ်အစားထိုးကုသမှု ခံယူထားသူပါ... အံ့ဖွယ်ဖြစ်ရပ်အနေနဲ့ အသက်ရှင်ခဲ့ပြီးနောက် စုံစမ်းရေးရှေ့တန်းကို ပြန်ရောက်လာတဲ့ စုံထောက်ဂန်ဟာ ကွင်းဆက်လူသတ်သမား ဂင်ဂယူဂျုံးကို ခြေရာခံလိုက်ပါတော့တယ်.. အဲဒီအချိန်မှာပဲ စုံထောက်ဂန်ဟာ ကိုယ်တွင်းအင်္ဂါအစားထိုးကုသစင်တာ ညှိနှိုင်းရေးမှူးဆီကနေတစ်ဆင့် ကွင်းဆက်လူသတ်သမား ဂယူဂျုံးက သူနဲ့ တူညီတဲ့အလှူရှင်ဆီကနေ ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှု ခံယူထားတာဖြစ်ကြောင်း အလှူရှင်က အတိတ်က သူ့ကို ဓားနဲ့ထိုးခဲ့တဲ့ လူသတ်တရားခံဖြစ်ကြောင်း သိလိုက်ရတဲ့အခါမှာတော့... Main Cast တွေအနေနဲ့‌ကတော့ Jo Han-Sun နဲ့ 2AM အဖွဲ့၀င် Jung Jin-Woon တို့က ပါ၀င်သရုပ်ဆောင်ထားပါတယ်... File Size :(1.08GB) &(481MB) Quality : ‌WEB-DL 1080P,720P Format…mp4 Duration…01:22:00 Genre :Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated  Hnin Wai Oo Encoded by Phyo Pyae

Action • Crime • Drama • Thriller
4.3 2023
I Am Here
Werewolf by Night
7

မာဗယ်ရဲ့ ကာရိုက်တာတစ်ခုဖြစ်တဲ့ သမန်းဝံပုလွေကို တီဗီရုပ်ရှင်တစ်ကားအဖြစ် ဒစ္စနေးက ထုတ်လွှင့်လိုက်ပါပြီ။ ဟောလိုးဝင်းလနဲ့ကိုက်ညီစွာပဲ အဖြူအမည်းအများစုနဲ့ ကာလာအချို့ထည့်သွင်းပြီး ဟော်ရာဆန်ဆန် ရိုက်ကူးတင်ဆက်ထားပါတယ်။ မင်းသမီးအဖြစ် The Nevers စီးရီးနဲ့လူသိများတဲ့ Laura Donnelly လည်းပါဝင်ထားပါသေးတယ်။ အဲဒီမင်းသမီးက ရုတ်တရက်ဆို ဂျက်စီကာဂျုန်းစ် စီးရီးထဲကမင်းသမီး Krysten Ritter နဲ့ မှားတတ်ကြပါတယ်။ နောက်များမကြာမီ မာဗယ်စကြဝဠာထဲမှာ ဘယ်လိုပါဝင်လာမလဲတော့ မသိရသေးပါဘူး။ အခုတော့ သီးခြားရုပ်ရှင်တစ်ခုအနေနဲ့ပဲ ခံစားကြည့်လိုက်ရအောင်ပါ။ ဇာတ်လမ်းအကျဉ်း မာဗယ်ရဲ့ စကြဝဠာထဲမှာ စူပါဟီးရိုးတွေရှိနေသလို အမှောင်ထုထဲမှာလည်း ရှေးမိစ္ဆာကောင်တွေ ရှိနေပြန်ပါသေးတယ်။ အဲဒီလို မိစ္ဆာမျိုးစုံကို အမဲလိုက်တဲ့ မုဆိုးတွေလည်း ရှိနေပါသေးတယ်။ ဒီရုပ်ရှင်အစမှာတော့ နာမည်ကျော် မုဆိုး ဘလက်ဒ်စတုန်းမိသားစုရဲ့ ခေါင်းဆောင် ယူလစ်ဆီ ဘလက်ဒ်စတုန်း သေဆုံးသွားပြီးတဲ့နောက် မိသားစုပိုင် သွေးကျောက်တုံးကို အမွေခံဖို့ မုဆိုးအသစ်တစ်ယောက်လိုအပ်လာပါတယ်။ အဲဒီကျောက်တုံးဟာ ကိုင်ဆောင်သူကို အသက်ရှည်စေတယ်၊ ခွန်အားကြီးစေတယ် စသည်ဖြစ် စွမ်းအားမျိုးစုံပေးနိုင်တာကြောင့်နာမည်ကြီး မုဆိုးတွေလည်း ကျောက်တုံးကို ပိုင်ဆိုင်ဖို့ အမဲလိုက်ပြိုင်ပွဲကို ရောက်လာကြပါတော့တယ်။ အဲဒီမှာပဲ သမန်းဝံပုလွေနဲ့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားလိုက်ရအောင်... File size…1 Gb / 400 Mb Quality….Webrip 1080p / 720p Format…mp4 Duration….00:52:00 Genre...Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Comedy • Thriller
7 2022 55 mins
Werewolf by Night
Unstoppable

Unstoppable (2023) IMDb 7.8 ဘဝကို အပူအပင်ကင်းကင်းနဲ့ ပျော်ပျော်ကြီး ဖြတ်သန်းနေကြတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်း၃ယောက်ရှိပါတယ် အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် တိုင်ပင်စရာမလို တက်တက်ကြွကြွနဲ့ အောင်မြင်အောင်လုပ်တတ်ကြတဲ့ လူငယ် ၃ယောက်ပေါ့ တစ်နေ့...သူတို့သုံးယောက် ငွေရှာဖို့ ဖြတ်လမ်းနည်းသုံးခဲ့မိတယ် အဲဒါကတော့ သူတို့၃ယောက်ထဲက ကောင်လေးတစ်ယောက်ကို မိသားစုတစ်စုက လာတင်တောင်းပါတယ် တင်တောင်းငွေက သိန်း၂၀နဲ့ ရွှေတွေဆိုတော့ ဒီ၃ယောက်က သိန်း၂၀နဲ့ IPL လောင်းကြမယ်ပေါ့ နိုင်ရင် ၁၀ဆို ၂၀ဖြစ် ၂၀ဆို ၄၀ဖြစ်ဆိုပြီး သူဌေးဖြစ် ခွေးဖြစ် လောင်းဖို့ကြံရာကနေ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ နာမည်ကိုက Unstoppable ဆိုတော့ကာ သူတို့ဘယ်လောက်အထိ မရပ်တန့်နိုင်ဖြစ်ကြမလဲဆိုတာ Plot Twist တွေနဲ့ ဆက်လက်ရှုစားလိုက်ကြပါရှင် အချိန်တွေပိုနေမယ်ဆိုရင်တော့ ကြည့်ပျော်လောက်တဲ့ ဇာတ်လမ်းတစ်ခုပါပဲ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~Zwe Yan~V~Cherry~BpL~Moon တို့ပဲ ဖြစ်ပါတယ်) File size…2.5GB / 1.3GB Quality…1080p WEB DL /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~Zwe Yan~V~Cherry~BpL~Moon

Drama
null 2023
Unstoppable
The Farm
5.5

ကျေးလက်ဒေသတစ်ခုဘက်ကို ခရီးထွက်ကြမယ်ရင် စိုက်ပျိုးရေးခြံ၊ မွေးမြူရေးခြံတစ်ခုတော့ တွေ့ဖြစ်မှာပါ…။ ဒါက မထူးဆန်းပါဘူး …။ တွေ့တဲ့မွေးမြူရေးခြံဟာ လူသားမွေးမြူရေးခြံဆိုရင်တော့ ထူးဆန်းသွားပါပြီ….။ ဒီဇာတ်လမ်းလေးက အဲ့လိုဇာတ်လမ်းပါ…. သမီးရည်းစားတွေဖြစ်ကြတဲ့ နိုရာနဲ့ အဲလက်ဟာ ကျေးလက်ဒေသတစ်ခုဆီ အပျော်ခရီးထွက်ခဲ့ကြတယ်…. ကားမောင်းရတာလည်းပင်ပန်း ခရီးကလည်းဝေးဆိုတော့ လမ်းဘေးက မိုတယ်လေးတစ်ခုမှာ ဝင်နားခဲ့ကြပါတယ်….။ လူကလည်းခပ်ရှင်းရှင်း အေးအေးဆေးဆေးဆိုတော့ ချက်ချင်းပဲအိပ်‌ပျော်သွားကြတယ်…. နိုးလာတဲ့အခါမှာတော့ ခုနကပြောတဲ့ လူသားမွေးမြူရေးခြံကိုရောက်နေခဲ့ပြီးပဲဖြစ်ပါတယ်…. ဘာတွေဆက်ဖြစ်ကြမလဲဆိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်ကြည့်လိုက်ပါဗျာ….။ File size…1.16GB / 510MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 20m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.5 2018 80 mins
The Farm
Raatchasi
7.4

ဂီသာရာနီဆိုတဲ့ ဆရာမဟာ ဘယ်လိုတော်ကြောင်း ဘယ်လိုထက်ကြောင်း ဘယ်လိုရဲရင့်ကြောင်းဆိုတာကြားဖူးကြမှာပါ..ဟုတ်ပါတယ် ဒီရုပ်ရှင်က သူမရဲ့ဇာတ်ကားပါပဲ။ ပညာရေးမှာ ပြစ်ချက်တစ်ခုရှိလာရင် အကြောင်းပြချက်က မလုံလောက်တဲ့ ဆရာ/မ အင်အားနဲ့ စနစ်ဆိုး.. ဒါတွေဟာ လက်ညှိုးထိုးပြစရာ။ ဘယ်အစိုးရမှ လောက်ငှတဲ့ ငွေပမာဏမပေးမထားတော့ ဝန်ထမ်းတွေလည်း အပြင်စီးပွားရှာတယ်။ အထက်လူကြီးတွေက အာဏာရပါတီကဆိုပြီး မြို့တိုင်းမှာ ပါတီအလံလွှင့်ထူဖို့လောက် ကျောင်းတွေမှာ လစ်လပ်နေတာကို သူတို့ စိတ်မဝင်စားဘူး။ မဲဆွယ်တုန်းခဏပဲ ပြည်သူကို ကြည့်ကြတာပါ။ အဲ့ဒီလို မြို့မျိုးမှာဆို လူသတ်မှုလည်း ထွန်းကားတယ်ဗျ။ ဒီကျောင်းက ထူးဆန်းတယ်။ ကျောင်းမှာ ရာထူးအကြီးဆုံးက ဘဲကြီးက နှာဘူးထတယ်။ ဆရာမတွေကို ရိုသေလေးစားမှုမရှိ။ ကျောင်း အထွေထွေလုပ်သားတွေက အစ လက်မှတ်ထိုးပြီး အိမ်ပြန်စီးပွားလုပ်တယ်။ ဆရာမတွေဟာ ကျောင်းသားတွေရဲ့ အနာဂတ်ထက် ပါးပေါ်က မိတ်ကပ်မပျက်ဖို့ ပိုဂရုစိုက်တယ်။ ကလေးတွေရဲ့ စာဖတ်သံထက် နားထောင်နေတဲ့ နားကြပ်က သီချင်းသံကို ပိုကြားရဖို့ အာရုံစိုက်တယ်။ ဆရာတွေက အရည်အချင်းမရှိဘဲ သင်ပြနေသူတွေ။ ခေတ်နောက်ကျန်ခဲ့ပြီး ခေတ်သစ်ပညာရေးနဲ့အလှမ်းဝေးနေသူတွေ။ ရာထူးတိုးဖို့ လစာတိုးဖို့ပဲ အာရုံစိုက်ပြီး ကိုယ်ကိုယ်တိုင် မသိတဲ့ စာတွေကို ကလေးတွေရှေ့ ဖြီးဖြန်းတယ်။ သင်္ချာဆရာက သင်္ချာရဲ့ အကျိုးကျေးဇူးကို မသိ။ သမိုင်းဆရာက သူပြောမှ သမိုင်းတွေ အသစ်ပေါ်လာ။ ဓာတုဗေဒဆရာက လက်တွေ့ခန်းမမြင်ဖူး။ အင်္ဂလိပ်ဆရာက ကိုယ်ကိုယ်တိုင် အင်္ဂလိပ်လိုမပြောတတ်။ ရာထူးနောက်ကို လိုက်ပြီး အရည်အချင်းမပြည့်ဝတဲ့ ဒီလို ဆရာတွေ။ “ကျောင်းသားတွေကို စာမေးပွဲနဲ့ အမှတ်ပေး အရည်အချင်းစစ်၊အတန်းတင်ပေးကြပေမဲ့ ဘယ်ဆရာ/မကိုမှ အရည်အချင်းစစ်တာမျိုးမှ မရှိဘဲ ” ကာယဆရာကတော့ ဗိုက်ရွှဲရွှဲနဲ့။ သူ့ပုံစံက အချိန်ပြည့် နားနေခန်းမှာ စားသောက်ဇိမ်ယစ်လွန်းလို့ ဝပြဲနေတဲ့ပုံနဲ့။ ကျောင်းပတ်ဝန်းကျင် အိမ်တွေက ကျောင်းခြံထဲကို အမှိုက်ပစ်ချတယ်။ ကျောင်းအနီးမှာ ဆေးလိပ်ကွမ်းယာ ရောင်းနေကြတာလည်း ရှိတယ်။ ခြံစည်းရိုးအအပြင်ဘက် ခိုးထွက်နေတဲ့ ကလေးတွေကို တားဆီးမယ့်သူ မရှိ။ ဒီလို ကျောင်းဆိုးမျိုး…. အဲ့လိုစနစ်ပျက်နေတဲ့ ခပ်ဆိုးဆိုး ကျောင်းကို… ခုတော့ ‘သူမ’ ရောက်လာခဲ့ပါပြီ။ ကျောင်းကို သူမ ဘယ်လို စီမံမလဲ။ ဒီကျောင်းရဲ့ပညာရေးကို ဘယ်လို ကောင်းမွန်အောင် လုပ်မလဲ။ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ သူက ဘာလို့ ဒီကျောင်းကိုမှ ရွေးချယ်ခဲ့လဲ ဆိုတာကို စိတ်ဝင်တစား ကြည့်စေမိမှာပါ။ ———————————————– ဒီဇာတ်ကားဟာ ပညာရေးလောကသားတွေ၊ ဆရာ/မတွေတင် မဟုတ်ဘဲ အားလုံး ကြည့်သင့်တယ်လို့ထင်ပါတယ်။ ပညာရေးနယ်ပယ်ထဲ အဆိုးဆုံးတွေကို တွန်းလှန်တဲ့ မိန်းမတစ်ယောက်ရဲ့ ပညာရေးဦးစားပေး ဇာတ်ကားတစ်ကားပါ။ ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ ပညာရေးစနစ်ကို လည်ပြန်ကြည့်မိရင်ပဲဖြစ်ဖြစ်၊ ရသတစ်ခုခု ရစေရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ တင်ပေးရကျိုးနပ်ပါပြီ။ ကျွန်တော် ဒီဇာတ်ကားကို ကြည့်ပြီးချိန်မှာ ကိုယ်ဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပေမဲ့ ကျောင်းဆရာ အရည်အချင်း ရှိရဲ့လားဆိုပြီး မေးမိပါတယ်။ ေတာ်တော်လေးတောင် ရှက်မိပါတယ်။ (မှတ်ချက်- အထက်ပါ ရေးသားချက်များသည် ဇာတ်လမ်းတွင်းမှ အဖြစ်အပျက်များ ဖြစ်ပြီး မည်သည့်ဌာန၊မည်သည့်အဖွဲ့အစည်းကိုမှ မထိခိုက်စေလိုပါ) (ရုပ်ရှင်အညွှန်းနဲ့ မြန်မာမှု ပြုထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူတို့ ညီအစ်ကိုဖြစ်ပါတယ်။)

7.4 2019 153 mins
Raatchasi
Budak Flat
7.2

အင်္ဂလိပ်အက်ရှင်ကားတွေကြည့်ရတာ ရိုးလာပြီဆိုတဲ့လူတွေအတွက် Budak Flat ဆိုတဲ့ မလေးရှားဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မလေးရှားကားဆိုပေမဲ့ IMDb မှာ Rating 7.3 အထိရရှိထားပြီး တကယ်လည်း ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ဇာတ်ကားနာမည်အတိုင်း ဘူဒက်ဆိုတဲ့ တိုက်ခန်းမှာ အာမန်နဲ့ရစ်ဇ်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်တို့ အဖွဲ့တွေကကြီးစိုးနေကြပါတယ်။ အာမန်ကတော့ လူမိုက်အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ပစ္စည်းတွေခိုးတယ်ရောင်းတယ် ဆိုပေမယ့် ဘယ်တော့မှသူတစ်ပါးအပေါ်မှာ မယုတ်မာတတ်ပါဘူး။သူ့အစ်ကို ရစ်ဇ်ကတော့ မူးယစ်ဆေးတွေကို ကိုယ်တိုင်ထုတ်ပြီးဖြန့်ဖြူးရောင်းချနေသူ တစ်ယောက် ဖြစ်ပါတယ်။အဲ့ဒီမူးယစ်ဆေးတွေက တိုက်ခန်းမှာနေထိုင်သူတွေအပြင် တခြားလူတွေ အများကြီးရဲ့ ဘဝတွေကိုပါပျက်စီးစေခဲ့တာမလို့ အာမန်က အဲ့ဒီလုပ်ငန်းကိုလုံးဝ သဘောမကျဘဲ ရပ်တန့်ပစ်ချင်နေပါတယ်။တစ်နေ့မှာတော့ အဲ့ဒီလုပ်ငန်းကို စထောင်ခဲ့တဲ့ လူဖြစ်တဲ့ သူတို့ရဲ့ဆရာဖြစ်တဲ့ ခေါင်းဆောင်က မူးယစ်ဆေးလုပ်ငန်းကို ရပ်တန့်ဖို့လုပ်ပြီး နောက်မှာ အသတ်ခံလိုက်ရပါတော့တယ်။ဖြစ်ချင်တော့ အသတ်ခံလိုက်ရတဲ့ ခေါင်းဆောင်ရဲ့ ဘေးမှာ အာမန်ရှိနေတာကို ရစ်ဇ်ကတွေ့ခဲ့တဲ့အတွက် ပြဿနာတွေပိုမိုရှုပ်ထွေးလာပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ File size…1.35GB / 617MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • History
7.2 2023 104 mins
Budak Flat
Stress Positions
5.5

ဒီတစ်ခေါက်မှာတော့ရယ်လည်းရယ်ရ ခေါင်းလည်းစားရ အဓိပ္ပာယ်အနှစ်သာရလေးတွေလည်းပါတဲ့ LGBT တွေရဲ့ ဘ၀ကိုပုံစံတစ်မျိုးတစ်ဖုံထူးထူးခြားခြားလေးရိုက်ကူး တင်ဆက်ထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Stress Positions ဖြစ်ပြီး LGBT ဒရာမာ ဟာသအမျိုးအစားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ တယ်ရီနဲ့ခါလာဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က အဓိကအနေနဲ့ပါဝင်ထားပြီး တယ်ရီကသာမန် Gay ခါလာကတော့ လိင်ပြောင်းထားတဲ့ Transgender ပဲဖြစ်ပါတယ်။တယ်ရီက မကြာသေးခင်ကမှ ယောက်ျားဖြစ်သူနဲ့ကွာရှင်းထားတာဖြစ်ပြီး လက်ရှိမှာတော့ပိုက်ဆံအပြင်အလုပ်အကိုင်ပါမယ်မယ်ရရမရှိတဲ့ အတွက် ယောက်ျားဖြစ်သူရဲ့ ဂေးပါတီတွေလုပ်တဲ့ ပါတီအိမ်လို့ ခေါ်တဲ့အိမ်ကြီးထဲမှာ နေနေရတာပဲဖြစ်ပါတယ်။အဲ့ဒါအပြင် မတော်တဆမှုတစ်ခုဖြစ်ပြီး ခြေထောက်ကျိုးထားတဲ့ သူ့ရဲ့ တူဖြစ်သူမော်ဒယ်လေးကိုပါ အိမ်ပေါ်ခေါ်တင်ပြီး ပြုစုပေးနေရတဲ့ အတွက် တယ်ရီ့ဘ၀ကတော့ လွယ်ကူတယ်လို့တော့မဟုတ်ပါဘူး။ သူက ကိုဗစ်ကိုအရမ်းစိတ်ပူတတ်တဲ့သူဖြစ်ပြီး သူငယ်ချင်း အကြောင်းကိုသိနေလို့ သူ့တူအဆင်လေးနဲ့တောင်တစ်ခါမှ တောင်ပေးမတွေ့ပါဘူး။ဒါပေမယ့်လည်း နောက်ပိုင်းမှာ တွေ့ဖြစ်အောင်တွေ့သွားကြပြီး သူတို့သူငယ်ချင်းတွေ ကြားထဲက စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ LGBT တွေရဲ့ဘ၀တွေကခက်ခဲပုံတွေအကြောင်း ပွင့်ချိန်တန်ရင်တော့ ပွင့်သင့်ကြောင်းတွေကို ဟာသလေးတွေနဲ့နှောပြီး တင်ဆက်သွားမဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…2.06GB / 806MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024 95 mins
Stress Positions
Pushing Hands
7.2

Pushing Hands ( 1991 ) ====================== Pushing Handsဟာ အန်းလီရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်သလို “Father Knows Best” trilogyထဲက ပထမဆုံးကားလည်းဟုတ်တယ်။ ဒီtrilogyက ရိုးရာမပျက်သေးတဲ့ မျိုးဆက်က အဖေတွေရယ် ပြောင်းလဲတဲ့ကမ္ဘာကြီးက ကလေးတွေရယ်ကြားက ပဋိပက္ခတွေကို ပြထားတဲ့ရုပ်ရှင်တွေပေါ့။ ဒီtrilogyမှာ ဒီကားအပြင် The Wedding Banquet (1993) နဲ့ Eat Drink Man Woman (1994)လည်း ပါတယ်။ ဒီသုံးကားလုံးဟာ မတူတဲ့ဇာတ်တွေပေမဲ့ သူတို့အဖေနေရာက သရုပ်ဆောင်တဲ့ သူကတော့ ထိုင်ဝမ်မင်းသားကြီး Sihung Lungတစ်ယောက်တည်းပဲ။ အန်းလီဟာ ဒုတိယ ထိုင်ဝမ်နယူးဝေ့ရဲ့ ထင်ရှားတဲ့ ဒါရိုက်တာတွေထဲ ပါနေတာလည်း ဒီသုံးကားကြောင့်ပဲလို့ ပြောရမယ်။ ဒီသုံးကားနောက်ပိုင်းမှာ အန်းလီဟာ ဟောလိဝုဒ်မှာပဲ ရုပ်ရှင်အရိုက်များခဲ့တယ်။ ပြောရရင် နောက်ပိုင်း Crouching Tiger, Hidden Dragonတို့ Lust, Cautionတို့လို ကားမျိုးတွေကို သူပြန်ရိုက်ခဲ့သေးပေမဲ့ ဒီ Trilogyလို ထိုင်ဝမ်အရသာစစ်စစ် ပေးနိုင်တဲ့ ရုပ်ရှင်တွေတော့ သူအခုထိ လုံးဝထပ်မရိုက်ခဲ့ဘူး။ ဒါပေမဲ့လည်း ဒီသုံးကားဟာာ ထိုင်ဝမ်စီနီမာက အန်းလီရဲ့ နေရာတစ်နေရာကို အခုထိ မှတ်ကျောက်တင်ပေးနိုင်တုန်းပါပဲ။ တရုတ်ယဉ်ကျေးမှုကိုလည်းပြသလို အနောက်ပိုင်းယဉ်ကျေးမှုကိုလက်ခံလာပုံကိုလည်း ပြထားတဲ့ “Father Knows Best” trilogy သုံးကားဟာ သူ့နာမည်အတိုင်း ဖခင်တွေရဲ့ ဇာတ်ကြောင်းတွေဆိုလည်းဟုတ်တယ်။ အသက်၂၅နှစ်မှာ ထိုင်ဝမ်ကနေ အမေရိကန်ကိုသွားခဲ့တဲ့ အန်းလီရဲ့ အတွေ့အကြုံတွေ အမြင်တွေအပေါ် အခြေခံထားတယ်ဆိုလည်းဟုတ်တယ်။ သူ့လိုလူတွေအကြောင်းဆိုလည်း ဟုတ်တယ်။ ဇာတ်ကတော့ အမေရိကမှာ အလုပ်လုပ်ရင်း အမေရိကန်သူနဲ့ အိမ်ထောင်ကျနေတဲ့ သားဖြစ်သူဆီ သွားနေတဲ့ ထိုက်ကျိသိုင်းဆရာတရုတ်အဘိုးကြီးတစ်ယောက်နဲ့ မိန်းမနဲ့အဖေရဲ့ ပဋိပက္ခတွေကြား ဗျာများရတဲ့ သားတစ်ယောက်အကြောင်းပဲ။ အဘိုးကြီးက အမေရိကကို လာနေတာ တစ်လပဲရှိသေးပေမဲ့ ဘာသာစကားလည်းမတူတော့ စကားလည်းပြောမရသလို ယဉ်ကျေးမှုမတူတော့ တစ်ယောက်လုပ်ရပ်တွေဟာ တစ်ယောက်အမြင်မှာ ထောင့်မကျိုးဖြစ်နေတော့ သူ့ချွေးမနဲ့ သူက မတည့်အတူနေဆိုသလိုဖြစ်နေတယ်။ အိမ်ကလည်း ကျဉ်းတော့ သူ့ချွေးမရဲ့အလုပ်ခန်းထဲ သူဝင်နေရတော့ အခြေအနေက ပိုဆိုးသွားတယ်။ သူ့မြေးကို သူချစ်သလို သူ့အမေကလည်း သူ့သားကိုချစ်တော့ နှစ်ယောက်ရဲ့ မတူညီတဲ့ပျိုးထောင်ချင်ပုံတွေကလည်း ပြဿနာဖြစ်လာတယ်။ ဒီလိုနဲ့ ပြဿနာက တစ်စတစ်စကြီးလာတဲ့အခါ သားဖြစ်သူက ဘယ်ဘက်ကိုရွေးပြီး ဘာတွေဆက်လုပ်မလဲ။ အဖိုးကြီးကပဲ အလျှော့ပေးမလား ချွေးမကပဲ အလျှော့ပေးမလား ကြည့်ရမယ့်ဇာတ်ပါပဲ။ ဇာတ်ကတော့ ရိုးရိုးလေးပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကြုံနေမြင်နေရတာတွေနဲ့ ခပ်ဆင်ဆင်ဖြစ်နေတဲ့ဇာတ်ဆိုတော့ ကြည့်ရတာအရသာရှိသလို အဖိုးကြီးရဲ့ ထိုက်ကျိသိုင်းတစ်ဖက်ကမ်းခတ်ကျွမ်းခြင်းကလည်း ဒီဇာတ်လမ်းရဲ့ အဆင်တန်ဆာတစ်ခုအဖြစ် ပိုကြည့်လှစေခဲ့တယ်။ Pushing Hands ( 1991 )ဟာ နေ့သစ်တွေမှာ နေ့ဟောင်းတွေကို မမေ့ဖို့ အကြောင်းလို့ ပြောလည်းရမယ် ထင်တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File size_(1.1GB) Quality_Blu-Ray 720p Format_mp4 Duration_0::00 Genre_Comedy, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung

7.2 1991
Pushing Hands
Sosok Ketiga
7.4

Sosok Ketiga (2023) IMDb – 7.4/10 ဟော်ရာရုပ်ရှင်တွေမှာ ဆရာတစ်ဆူလိုဖြစ်နေတဲ့ အင်ဒိုဟော်ရာရုပ်ရှင်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ယွန်းနဲ့ဆူရီဆိုတာ အချစ်ဆုံးသူငယ်ချင်းတွေ။ သူငယ်ချင်းနှစ်ယောက် ကတိပြုထားကြတာက တစ်ယောက်ရဲ့ဘဲကို ကျန်တစ်ယောက်က စိတ်နဲ့တောင်မပစ်မှားကြေးပေါ့။ ကတိသစ္စာတည်သော်ခါဝယ်ဆိုသလိုပဲ ယောကျ်ားတစ်ယောက်တည်းကို လင်တော်လိုက်ကြတဲ့ သူငယ်ချင်းနှစ်ယောက်။ မယားကြီး မယားငယ်ဆိုပေမဲ့ အရမ်းကိုချစ်ခင်ရင်းနှီးကြတော့ ပတ်ဝန်းကျင်ကတောင် ချီးကျူးထောပနာပြုကြရပါတယ်။ ဒါပေမဲ့လည်း ဒုတိယဇနီးဖြစ်တဲ့ ယွန်းတစ်ယောက် ကိုယ်ဝန်အရင့်အမာလွယ်ထားရတဲ့အချိန်မှာတော့ ထူးဆန်းမှုတွေ ကြုံတွေ့လာရပါတော့တယ်။ ဘယ်သူက သစ္စာဖောက်ပြီး ဘယ်သူကပဲ မကောင်းတဲ့နည်းလမ်းတွေနဲ့ကြံစည်လဲဆိုတာကိုတော့ ထိတ်လန့်ခြောက်ခြားဖွယ်ရာ ခံစားကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ~ V ~ Alexတို့ပဲဖြစ်ပါတယ်)

7.4 2023
Sosok Ketiga
Black Cab
4.2

Black Cab (2024) IMDb Rating (4.2) / Rotten Tomatoes (36%) ဒီတစ်ခေါက်ကတော့ Black Cab ဆိုတဲ့ ၂၀၂၄ ထွက် Horror ရုပ်ရှင် တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ရန်ဖြစ်ထားခါစ စုံတွဲတစ်တွဲဟာ ညစာစားပြီး တက္ကစီ နဲ့ ပြန်ရင်း တက္ကစီ ဆရာ ရဲ့ ပြန်ပေးဆွဲတာကို ခံလိုက်ရတာနဲ့ စ ထားပါတယ်။ စုံတွဲထဲက ကောင်မလေးဟာ ကိုယ်ဝန်သည် ဖြစ်နေပြီး သူတက္ကစီထဲ မဝင်ခင်မှာလည်း ကားနောက်ခန်းမှာ မိန်းမတစ်ယောက်ကို ဖြတ်ခနဲ မြင်လိုက်ရပါတယ်။ တက္ကစီသမားဟာ သူတို့ကို ဖမ်းခေါ်လာပြီး မေဘယ်ဟေး ဆိုတဲ့ နေရာကို သူတို့ကို ခေါ်သွားပါတယ်။ တက္ကစီသမားရဲ့ အကြံကဘာလဲ? ကားနောက်ခန်းမှာ ဖျက်ခနဲ မြင်လိုက်ရတဲ့ မိန်းမ ကရောဘယ်သူလဲ? သူတို့ကိုမှ ဘာလို့ ပြန်ပေးဆွဲရတာလဲ? ဆိုတဲ့ မေးခွန်းတွေနဲ့အတူ စိတ်ဝင်စားစွာ ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ဖြစ်ပါတယ်။) File size…(1.3 GB) / (640 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:27:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Marco

Comedy • Action • Romance
4.2 2024 88 mins
Black Cab
On the Beach at Night Alone
6.8

On the Beach at Night Alone (2017) ~ IMDb – 6.8/10, RT – 92%, Meta – 80% ~ On the Beach at Night Alone ကို ဟုန်းဆန်းဆူရဲ့ မာစတာပိစ်ကားလို့ ဆိုကြတယ်။ Right Now, Wrong Then ထဲက မင်းသားနဲ့မင်းသမီးဖြစ်ခဲ့တဲ့ Jung Jae-young နဲ့ Kim Min-hee ကိုပဲ သုံးထားတယ်။ သူ့ရဲ့လက်စွဲတော်လည်းဖြစ်ခဲ့ သူ့မိန်းမလည်းဖြစ်တဲ့ Kim Min-hee ကတော့ ဒီတစ်ကားလုံးရဲ့ အခရာပါပဲ။ ပြောရရင် ဒီကားက Right Now, Wrong Then အပြီး သူနဲ့ကင်မင်ဟီးဖောက်ပြန်နေတာကို လူသိသွားပြီးတဲ့နောက် ရိုက်ခဲ့တဲ့ကား။ အဲဒီအခြေအနေကလည်း ဒီကားမှာ ထင်ဟပ်နေတယ်။ ဆိုတော့ အဲဒီအခြေအနေကို သိထားရင်တော့ ဒီကားရော သူ့နောက်ပိုင်းကားတွေရောက အရသာနည်းနည်းပိုရလိမ့်မယ်။ ဒီကားရဲ့မိတ်ဆက်ပွဲမှာပဲ ဟုန်းဆန်းဆူနဲ့ ကင်မင်ဟီးက သူတို့အခြေအနေကို အတည်ပြုပေးခဲ့တယ်။ ဇာတ်လမ်းကလည်း အိမ်ထောင်ရှိတဲ့ဒါရိုက်တာနဲ့ ဖောက်ပြန်ပြီး နာမည်ကျသွားတဲ့မင်းသမီးတစ်ယောက်ရဲ့ စိတ်အခြေအနေနဲ့ ဖြတ်သန်းမှုတချို့အကြောင်းသက်သက်ပဲ။ ဟုန်းဆန်းဆူဟာ ကိုရီးယားဒါရိုက်တာတွေထဲတော့ ရိုးရှင်းမှုနဲ့ အလှတရားကို‌ပေါင်းစပ်တတ်တဲ့ထဲ အကြမ်းဆုံးလို့ပြောရမယ်။ သူ့ကားမှန်သမျှက အင်မတန်ရိုးရှင်းလွန်းလို့ ပုံမှန်ကိုရီးယားပရိသတ်ဆို ပျင်းဖို့ကောင်းလွန်းလို့ စိတ်ပျက်သွားနိုင်တယ်။ ဒါပေမဲ့ ဟုန်းဆန်းဆူဟာ ငြိမ်နေတဲ့လူတွေနဲ့ ငြိမ်နေတဲ့စကားပြောခန်းတွေသက်သက်မှာပဲ အမြဲ စိတ်ရဲ့တစ်လွှာလွှာကို ခွာချပြတတ်တယ်။ ဒါကို ကင်မင်ဟီးရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ပေါင်းစပ်ထားပြီး သူတို့ဆက်ဆံရေးရဲ့ အခရာအကျဆုံးကာလ စိတ်ခံစားချက်အများဆုံးကာလမှာ ရိုက်ခဲ့တာဆိုတော့ မာစတာပိစ်ဖြစ်နေတာလည်း ဆန်းတော့မဆန်းဘူး။ ဒီရုပ်ရှင်မှာ ပြိုလဲနေတဲ့လူတစ်ယောက်ရှိတယ်။ အဲဒီလူနဲ့ သူ့ဘေးကလူတွေရဲ့ သာမန်ညောင်ညစကားပြောခန်းတွေရှိတယ်။ ဒီဘာမှမဟုတ်တဲ့ စကားဝိုင်းတွေနဲ့ ဘာမှဖြစ်မလာတဲ့ဇာတ်ကနေပဲ ဒီရုပ်ရှင်က ခင်ဗျားမှာရှိပြီးသား လောကအမြင်ကိုပိုခိုင်မာစေတာဖြစ်ဖြစ် လောကအမြင်အသစ်တစ်ခုခုရစေတာဖြစ်ဖြစ် ဖြစ်စေနိုင်တယ်။ အဲဒါကိုက ဟုန်းဆန်းဆူရဲ့ အရသာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 870MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 41Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Documentary
6.8 2017 101 mins
On the Beach at Night Alone
Tulip Fever
6.2

Tulip Fever (2017) IMDb Rating (6.2) ၁၇ ရာစုတုန်းက အမ်စတာဒမ်မြို့ဟာ ပန်းတစ်မျိုးကို အရူးအမူးဖြစ်ခဲ့ဖူးပါတယ် – ကျူးလစ်ပန်းပါ။ ဒီပန်းလေးတွေဟာ အရှေ့ဘက်အဝေးကြီးကနေ ရောက်လာပြီး အလွန်ရှားပါးလှပတာကြောင့် လူတွေဟာ ဒီပန်းပိုင်ဆိုင်ဖို့ မှော်ဆန်တဲ့အလိုဆန္ဒတွေနဲ့ ရူးသွပ်ခဲ့ကြပါတယ်။ ချမ်းသာသူဖြစ်ဖြစ်၊ ဆင်းရဲသားဖြစ်ဖြစ် ကျူးလစ်မျိုးဥတွေကို ဝယ်ယူဖို့ ပိုက်ဆံတွေသုံး၊ ချေးငွေတွေယူပြီး ရင်းနှီးခဲ့ကြတယ်။ ကျူးလစ်ပန်းမျိုးဥတွေရဲ့ ဈေးဟာလည်း တဖြည်းဖြည်း မြင့်တက်လာနေခဲ့တဲ့အခါသမယပေါ့… ဒီရုပ်ရှင်ဟာ သမိုင်းမှာ “ကျူးလစ်ပန်း ရူးသွပ်မှု” (Tulip Mania) အဖြစ် ကျော်ကြားခဲ့တဲ့ ၁၇ရာစု နယ်သာလန်က ဖြစ်ရပ်ကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့…. ဆိုဖီယာဆိုတဲ့ မိဘမဲ့ကောင်မလေးတယောက်ဟာ ကုန်သည်ကြီးတယောက်ဖြစ်တဲ့ ကောနယ်လစ်ဆန့်ဗို့ဆီကို မယားငယ်အဖြစ်နဲ့ရောက်သွားခဲ့ပါတယ်… တစ်နေ့တော့ ကောနယ်လစ်ဟာ သူနဲ့သူ့မိန်းမရဲ့ပုံတူပန်းချီဆွဲဖို့ ပန်းချီဆရာလေး ဂျန်ဗန်လော့စ်ကိုငှါးခဲ့ရာက ပန်းချီဆရာလေးနဲ့ သူ့မယားငယ်ဆိုဖီယာတို့ဟာ နောက်ကွယ်မှာ တိတ်တိတ်ပုန်းချစ်ကြိုက်သွားပါတော့တယ်။ ကောနယ်လစ်ရဲ့အိမ်ဖော် မာရီယာကတော့ ဈေးသည်ဝီလ်လျံနဲ့ချစ်ကြိုက်နေသူဖြစ်ပါတယ်… အဲ့ဒီအချိန်ကာလမှာ နယ်သာလန်တနိုင်ငံလုံး ပိုက်ဆံအချီကြီးမြတ်တဲ့ကျူးလစ်ဖူးတွေကို လေလံတင်ပြီးရောင်းတာ ခေတ်စားနေချိန်ဖြစ်တော့ ဝီလ်လျံဟာလဲ မာရီယာနဲ့လက်ထပ်ဖို့အတွက် ဒီကျူးလစ်ရောင်းဝယ်ရေးလောကထဲကိုဝင်ရောက်လုပ်ကိုင်ပါတော့တယ်… ကံထူးစွာနဲ့ပဲ သူဝယ်တဲ့ပန်းပွင့်တွေထဲမှာ တန်ဖိုးအရှိဆုံးပန်းဖြစ်တဲ့ ဘရိတ်ကာလို့ခေါ်တဲ့ အနီစင်းပါတဲ့ကျူးလစ်ပန်းတစ်ပွင့်ပါလာတဲ့အခါမှာတော့…. ဒီပန်းပွင့်ပေါ်မူတည်လို့ စုံတွဲတွေကြား ချစ်သူတွေကြား အထင်အမြင်အမှားတွေဖြစ်ကုန်ပြီး ဘယ်လိုကံကြမ္မာဆိုးတွေ ဝင်လာမလဲဆိုတာ……..။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Htet Thin Zar Maung မှတင်ဆက်ထားပါတယ်။)

6.2 2017 107 mins
Tulip Fever