YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Adventures In Public School (Public Schooled) [2017] (MM Sub).mp4

740.29 MB N/A video/mp4 245 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Black Demon
6.2

မက်ဂါလိုဒွန်လို့ခေါ်တဲ့ငါးမန်းကြီးတွေဟာ ကမ္ဘာဦးခေတ်တုန်းက ရှင်သန်နေထိုင်ခဲ့တဲ့ အလွန်ကြီးမားတဲ့ ဧရာမငါးမန်းမျိုးစိတ်‌တစ်ခုဖြစ်ပြီး ကြောက်စရာအကောင်းဆုံးနဲ့ အသက်အန္တရာယ်အပေးနိုင်ဆုံးသတ္တဝါတွေအဖြစ် မှတ်တမ်းဝင်ပါတယ်။အခုချိန်မှာ မျိုးသုဉ်းသွားပြီဖြစ်ပေမဲ့လည်း "မျိုးသုဉ်းပျောက်ကွယ်သွားပြီးဖြစ်သော ကြောက်စရာအကောင်းဆုံး သတ္တဝါဆန်းကြီးများ"၊ "မက်ဂါလိုဒွန်ငါးမန်းကြီးတွေသာ မျိုးမသုဉ်းသွားခဲ့လျှင်" အဲဒီလိုခေါင်းစဉ်တွေနဲ့ YouTube မှာတော့ hot topic တစ်ခုဖြစ်နေဆဲပါပဲ။ မက္ကဆီကန် ဘာဂျာကမ်းခြေက တံငါသည်တွေရဲ့ ပါးစပ်ဒဏ္ဍာရီမှာတော့ ဒီမက်ဂါလိုဒွန်ကြီးတွေကို ရိုးရာနတ်ဘုရားတစ်ပါးရဲ့ အမျက်ဒေါသကြောင့် ဆင့်ခေါ်ခံလိုက်ရတဲ့ မိစ္ဆာကြီးတွေရယ်လို့ အယူရှိပါတယ်။ ဒီလိုအယူရှိတဲ့ မက္ကဆီကန်ကမ်းခြေ ဘာဟီရာဒေသရှိရာကို ပေါလ်နဲ့သူ့မိသားစုဟာ အလုပ်ကိစ္စလည်းလုပ်ရင်း အပန်းဖြေခရီးလည်းထွက်ရင်းဆိုတဲ့ရည်ရွယ်ချက်နဲ့ ရောက်လာခဲ့ပါတယ်။ ကံဆိုးချင်တော့ နတ်ဘုရားတစ်ပါးရဲ့အမျက်နဲ့ တည့်တည့်တိုးပြီး မက်ဂါလိုဒွန်ငါးမန်းကြီးတစ်ကောင်က သူတို့ကိုအသင့်စောင့်နေပါတော့တယ်။ ဒီငါးမန်းကြီးရန်ကလွတ်အောင် သူတို့မိသားစုဘယ်လိုတွေ ရုန်းကန်ရမလဲ၊ မက်ဂါလိုဒွန်ကြီးကရော တကယ်ပဲဒဏ္ဍာရီတွေထဲမှာပြောထားသလို နတ်ဘုရားတစ်ပါးရဲ့ဆင့်ခေါ်မှုကြောင့် ရောက်လာတာလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ တထိတ်ထိတ်နဲ့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ငါးမန်းကားတွေ၊ မိကျောင်းကားတွေက အရင်ကတည်းက ကျွန်တော်တို့နဲ့ရင်းနှီးပြီးသားကားတွေဖြစ်ပြီး ဒီလိုဇာတ်ကားတွေနဲ့ပဲကြီးပြင်းလာတာမို့ ကြည့်ရှုသူတွေနဲ့ သိပ်ပြီးစိမ်းနေမှာမဟုတ်ပေမဲ့ ဇာတ်လမ်းဇာတ်အိမ်က အနည်းငယ်ထူးခြားနေတာမို့ ကြည့်ရတာတော့တန်မယ်ဆိုတာ သေချာပါတယ်ခင်ဗျာ။ သိပ်ပြီးအားမရမိတဲ့အချက်ကတော့ အရင်ကြည့်ဖူးတဲ့ The Meg တို့ Deep Blue Sea တို့လောက် သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေ ပါမနေတာပါပဲ။ ဒီတစ်ခုကလွဲရင် ဇာတ်အိမ်လည်းခိုင်ပြီး ဒီနှစ် (၂၀၂၃) မှာမှထွက်ရှိထားတဲ့ အသစ်စက်စက်ဇာတ်ကားတစ်ကားဖြစ်တာမို့ အားလပ်ရက်မှာ မုန့်လေးစားရင်း ဇာတ်ကားလေးကြည့် အေးအေးဆေးဆေးလေး chill ဖို့ အဆင်ပြေမဲ့ကားတစ်ကားပါပဲခင်ဗျာ။ File size…(2.2 GB)/(1 GB)/(580 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:40:00 Genre...Sci-Fi Horror Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

Law • Mystery
6.2 2023 100 mins
The Black Demon
Kukira Kau Rumah
6.3

နာမည်ကျော် တီးဝိုင်း bandတစ်ခုဖြစ်တဲ့Amigdala ရဲ့ Kukira Kau Rumah( I thought You were Home)ဆိုတဲ့ သီချင်းလေးကို ရုပ်ရှင်အဖြစ်အသက်သွင်းထားတာပါ။ သီချင်းလေးက တကယ်နားထောင်ကောင်းတဲ့ ဆွေးဆွေးအေးအေးလေးဖြစ်သလို ဇာတ်လမ်းကိုလည်း ထိုအတိုင်းပုံဖော်ထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဇာတ်ဆောင်မင်းသမီးဖြစ်သူဟာ စိတ်မူမမှန်ဝေဒနာကို ခံစားနေရသူပါ။ ဒါကြောင့်လည်း ငယ်ကတည်းကပေါင်းလာတဲ့ သူငယ်ချင်းတွေပဲရှိပြီး အားလုံးက အရိပ်တကြည့်ကြည့်နေလာသူပါ။ မင်းသားကတော့ ဂီတဘက်ကိုစိတ်ဝင်စားပြီး တသီးတသန့်နေတတ်တဲ့ ဂီတာသမားလေးပါ။ သူတို့နှစ်ယောက်ဆုံတွေ့ဖြစ်ပုံကတော့ ရိုးရိုးလေးပါပဲ။ လူငယ်သဘာဝ သူတို့နှစ်ယောက် ခင်မင်သွားကြ ပျော်ပါးကြရင်းနဲ့.....။ ဇာတ်လမ်းက ရိုးရိုးလေးပေမယ့် Acoustic Musicလေးတွေ ကြားစီးမျှောရင်းတွေးချင် ဆွေးချင်သူတွေအတွက်တော့ကွက်တိပါပဲ။ ခံစားကြည့်လိုက်ပါဦး။ File Size : (1.1GB) and (528MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:53:00 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • Horror • Romance
6.3 2022 90 mins
Kukira Kau Rumah
Blood & Gold
6.6

~ IMDb - 6.6/10, Rotten Tomatoes - 67% ~ နာဇီတွေက ရှေးဟောင်းပစ္စည်းတွေ အနုပညာပစ္စည်းတွေ လက်ဝတ်ရတနာတွေနဲ့ တခြားထူးထူးဆန်းဆန်း ဂမ္ဘီရပစ္စည်းတွေကို တော်တော်စိတ်ဝင်စားကြပုံရတယ်။ ဥပမာ - ကျွန်တော်တို့ငယ်ငယ်က Indiana Jones ရုပ်ရှင်တွေထဲမှာဆိုလည်း သူနဲ့အပြိုင်ရတနာလိုက်ရှာတာက နာဇီတွေခပ်များများပဲ။ အခုဒီဇာတ်ကားကတော့ ဂျူးလူမျိုးတစ်ယောက်ချန်ထားခဲ့တဲ့ ရွှေချောင်းတွေကို နာဇီတွေလိုက်ရှာတဲ့အကြောင်းပါ။ အချိန်ကာလကိုပြောရရင် ဒုတိယကမ္ဘာစစ်ပြီးခါနီး ၁၉၄၅... ဂျာမန်တွေစစ်ရှုံးနေတဲ့အချိန်ပေါ့။ ဒါပေမဲ့ သူတို့ကလက်‌မလျှော့သေးဘူး။ စစ်ရှုံးနေရင်းတန်းလန်း ရွှေချောင်းသွားရှာနိုင်သေးတယ်။ တကယ်က ရှာပုံတော်လို တောတောင်တွေဖြတ်ပြီးရှာကြတာမဟုတ်ပါဘူး။ သူတို့မှာ သတင်းရထားပြီးသားပါ။ ဒီမြို့မှာနေသွားတဲ့ ဒီဂျုးလူမျိုးကြီးမှာ ရွှေချောင်းသေတ္တာလိုက်ရှိခဲ့ဖူးတယ် ဆိုပြီးပေါ့။ ဒီတော့ သူတို့ကသွားယူရုံပဲလို့တွေးထားခဲ့တာပါ။ ဒါပေမဲ့ အဲဒီဂျူးမိသားစုနေသွားတဲ့အိမ်က အပျက်အစီးပုံကြီးပဲကျန်တာကြောင့် နာဇီတွေအကြပ်ရိုက်ပါပြီ။ ရွှေတွေကဘယ်ရောက်နေမလဲ ဘယ်သူတွေရသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက ကြည့်ပျော်တယ်လို့ပြောနိုင်ပြီး သေနတ်ပစ်တာတွေ၊ ရိုက်ကွင်းရိုက်ကွက်တွေကအတော်လှတယ်လို့ပြောနိုင်ပါတယ်။ ဂျာမန်ရုပ်ရှင်ဆိုတော့ ဂျာမန် Vibe လေးတစ်မျိုးလည်း ရပါသေးတယ်။ ဘယ်လိုလဲဆိုတာကိုတော့ကြည့်ရင်း ခံစားလိုက်ရအောင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.25GB, 600MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 40Min Genre - Action, Drama, War Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
6.6 2023 100 mins
Blood & Gold
After the Pandemic
3.2

CM ရဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ After the Pandemic ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် Virus outbreak ဖြစ်ခဲ့တဲ့အတွက်ကြောင့် လူပေါင်းသန်းချီသေဆုံးခဲ့ရာမှ တွေ့ရှိခဲ့ရတဲ့အချက်တစ်ချက်ကတော့ လူငယ်တွေကိုတော့ ရောဂါပိုးဟာ သက်ရောက်နိုင်ခြင်းမရှိပါဘူး။ အဲ့ဒီတော့ Elite အလွှာ လူတန်းစားများဟာ လူငယ်တွေရဲ့ ရောဂါခုခံနိုင်စွမ်းနဲ့ တိုက်ခိုက်နိုင်စွမ်းကိုရယူချင်တဲ့အတွက် လူငယ်တွေကို Lab ခန်းထဲမှာ analysis လုပ်ဖို့ ကြံစည်လာပါတယ်။ လူငယ်တွေအတွက်တော့ အိမ်မက်ဆိုးကြီးပေါ့ အဲ့တော့ ထွက်​ပြေးပုန်းရှောင် ကြတဲ့အတွက် လူငယ်တွေမရှိသလောက်နီးပါးဖြစ်သွားပါတယ်။ အယ်လီဟာလည်း ထိုအထဲမှတစ်ယောက်အ​ပါအဝင်ဖြစ်ပါတယ်။ နောက်ကနေလိုက်ဖမ်းနေတဲ့ အစိုးရအဖွဲ့ဝင်တွေလက်ကလွတ်အောင် ကြိုးစားရင်းနဲ့ ကွင်းဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ရပြီး ဘယ်လိုအသက်ရှင်နေထိုင်ရမလဲဆိုတာကို ကောင်းကောင်းကြီးသဘောပေါက်ခဲ့ရပါတယ်။ ဒီဇာတ်ကားလေးဟာ virus outbreak ဖြစ်တဲ့အခြေအနေကိုရိုက်ကူးထားပြီး ဆယ်ကျော်သက်အရွယ်ကောင်မလေးနှစ်ယောက်ရဲ့ survival အတွက်ကြိုးစားရပုံကို ရိုက်ကူးထားတဲ့အတွက် ကြည့်ရှုဖို့တန်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဆိုတာကို ညွှန်းပေးပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Yoonwahwah Theint ဖြစ်ပါတယ်) File Size - (1.35 GB) / (644 MB) / (424 MB) Quality – WEB-RIP 1080p / 720p/480p Duration - 1h 24mins Subtitle – Myanmar Hardsub Format – MP4 Genre : Sci-Fi, Drama Translator – Yoonwahwah Theint Encoder – SWM

Drama • Romance
3.2 2022 84 mins
After the Pandemic
Josh
5.9

အိန္ဒိယနဲ့အတူလွတ်လပ်ရေးမရခဲ့ဘဲ နောက်ပိုင်းကျမှရခဲ့တဲ့ Goa ဆိုတဲ့ နယ်မြေကလေးဟာ အခုချိန်မှာတော့ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်သွားပါပြီ။ ဒါပေမဲ့ အဲဒီ့မတိုင်မီ ပေါ်တူဂီတွေအုပ်စိုးသွားခဲ့ပြီး သူတို့ထွက်သွားတဲ့အချိန်မှာဆိုရင် Goa မှာရှိတဲ့ မြေကွက်တွေဟာ ဦးသူယူဆိုတဲ့ပုံစံမျိုးဖြစ်ခဲ့ပါတယ်။ Goa ရဲ့အကြီးဆုံးမြို့တစ်ခုဖြစ်တဲ့ Vasco ဆိုတဲ့မြို့လေးမှာတော့ မြေကွက်တွေ နေအိမ်တွေကို အတင်းအဓမ္မ လိုက်လု၊မောင်းထုတ်ပြီး စီးပွားရေးလုပ်စားနေတဲ့ ကင်းမြီးကောက်ဂိုဏ်းဆိုတာရှိတယ်ဗျ။ အဲဒီဂိုဏ်းရဲ့ မဟာရန်ဘက်ကတော့ လင်းယုန်ဂိုဏ်းပေါ့။ သူတို့နှစ်ဖွဲ့ဟာ မတည့်လွန်းလို့ အလယ်မှာစည်းခြားပြီးတောင် ကိုယ့်နယ်မြေ သူ့နယ်မြေသတ်မှတ်ခဲ့ကြပါတယ်။ ပိုင်နက်ကျော်လာတာနဲ့ ကျော်လာတဲ့သူကို အဖွဲ့လိုက်ကြိတ်ကြတာပေါ့။ အဲဒီဂိုဏ်းနှစ်ဂိုဏ်းရဲ့ ခေါင်းဆောင်တွေကလည်း လူငယ်လေးနှစ်ယောက်ပါပဲ။ အသက်အရွယ်အားဖြင့် သွေးကြွတတ်တဲ့အရွယ်ပေါ့။ ဒါပေမယ့် သူတို့ဆော်မယ်ချမယ်လုပ်တိုင်း မြို့က ရဲမင်းကြီးတို့ သင်းအုပ်ဆရာတို့ရောက်လာနဲ့ အစွယ်မရှိတော့တဲ့ ကျားနှစ်ကောင်လိုပဲ ပခုံးဖက်လို့ ခင်ချင်ဆောင်တတ်ကြပါတယ်။ လင်းယုန်ဂိုဏ်းရဲ့ အဖွဲ့ခေါင်းဆောင်မှာအမြွှာညီမတစ်ယောက်ရှိသလို ‌ကင်းမြီးကောက်ဂိုဏ်းရဲ့ခေါင်းဆောင်မှာလည်း အစ်ကိုတစ်ယောက်ရှိတယ်ဗျ။ အခုလိုကြောင်နဲ့ကြွက်လို မတည့်ဖြစ်နေတဲ့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ မြို့ကပြန်လာတဲ့ ကင်းမြီးကောင်ဂိုဏ်းခေါင်းဆောင်ရဲ့အစ်ကိုဟာ လင်းယုန်ဂိုဏ်းခေါင်းဆောင်ရဲ့ညီမ‌ကို ဘယ်လိုကြွေသွားမလဲ၊ သူတစ်ယောက်တည်း ဘယ်လိုရှေ့ဆက်ကြိုးစားမလဲဆိုတာကိုလည်း ခေတ်သစ်ရိုမီရို-ဂျူးလိယက်ပြဇာတ်သဖွယ် ကြည့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထစ်ခနဲရှိ ချမယ်နှက်မယ်ဆိုတဲ့ ဂိုဏ်းနှစ်ဂိုဏ်းရော ဘယ်လိုတွေဆက်ဖြစ်မလဲ ... ကျွန်တော်တို့ငယ်စဉ်အခါက ကြည့်ခဲ့ဖူးတဲ့ မင်းသားကြီးရှရွတ်ခန်းကို သီချင်းကောင်း ကကွက်ဆန်းတွေနဲ့အတူ ပြန်လည်လွမ်းဆွတ်ရင်း ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် မျက်ဝန်းပြာတွေနဲ့ တစ်ကမ္ဘာလုံးကို သိမ်းကြုံးဆွဲဆောင်ခဲ့တဲ့ မယ်ကမ္ဘာ Aishwarya Rai ကိုပါ ငယ်နုစွာ ရှုစားရမှာပါ။ (ဘာသာပြန်သူတွေကတော့ Htoo Aung, John, Intelligence နဲ့ Thaik Sanတို့ဖြစ်ပါတယ်။) File size…(3.7 GB) and (1.8 GB) Quality….WEB-DL 1080p & 720p Format…mp4 Duration….02:31:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Htoo Aung, John, Intelligence,Thaik San

Action • Crime • Drama
5.9 2000 157 mins
Josh
White Fox Love Affair

အခုတင်ဆက်ပေးမယ့်ဇာတ်ကားကတော့ မိစ္ဆာမျိုးနွယ်ကိုအခြေတည်ထားတဲ့ဇာတ်လမ်းလေးပါ.... ဝူရှန်းဂိုဏ်းမှာ ဖန်တီးထားတဲ့မိစ္ဆာသန့်စင်ဓာတ်လုံးကို မြေခွေးမိစ္ဆာ ညီအစ်မနှစ်ယောက်ခိုးယူရင်း အစ်မဖြစ်သူ ပိုင်စူးစူးက မတော်တဆ စုပ်ယူလိုက်မိသွားခဲ့တယ်... ဓာတ်လုံးရဲ့တန်ပြန်မှုကြောင့် အရာအားလုံးကိုမေ့ပြီးဝူရှန်းတောင်အောက်က ဝူယိုးရွှာငယ်လေးက စိတ်ထားဖြူစင်တဲ့သမားတော်လေး ဟယ်အန်းရှန်းက ကယ်တင်ခြင်းကိုခံခဲ့ရတယ်.... ဟယ်အန်းရှန်းကတော့ ကျင့်စဥ်တွေကိုစိတ်ဝင်စားတတ်ပြီး သတ္တဝါအားလုံးကို ကယ်တင်တတ်တဲ့စိတ်ထားဖြူစင်တဲ့သမားတော်လေးတစ်ယောက်ပေါ့... အရာအားလုံးကိုမေ့နေတဲ့ မြေခွေးမိစ္ဆာမလေး ပိုင်စူးစူး နဲ့ စိတ်ထားဖြူစင်တဲ့သမားတော်လေး ဟယ်အန်းရှန်းတို့ လူနဲ့ မိစ္ဆာအတူမနေရ သတ်မှတ်ထားတဲ့ လောကကြီးထဲမှာ ရှေ့ဆက်ဘယ်လိုဆက်ဖြစ်ကြမလဲ...... မိစ္ဆာသန့်စင်​ဓာတ်လုံးကြောင့် အတိတ်မေ့တာကရောပျောက်ကင်းသွားမှာလား.... မိစ္ဆာသန့်စင်ဓာတ်လုံးပျောက်ဆုံးသွားတဲ့ ဂိုဏ်းတွေကြားကရှုပ်ထွေးမှုတွေရောဘယ်လိုဖြေရှင်းကြမလဲဆိုတာ.... ချစ်ခြင်းမုန်း​ခြင်းတွေကြား လိုက်ပါစီးမြောပေးကြပါဦးနော်.... Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy Runtime : 1h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Aye Myat Nwe Encoded by LK

Action & Adventure • Crime • Drama
0 2023 68 mins
White Fox Love Affair
The Love of the Ferry: New Legend of Liao Zhai
6.1

ဒီတစ်ခါမှာတော့ CMပရိသတ်ကြီးကို မြေခွေးမိစ္ဆာမလေးနဲ့ စာသင်သားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဟိုးရှေးရှေးလွန်ခဲ့နှစ်ပေါင်းတစ်ထောင်လောက်တုန်းက မြေခွေးမိစ္ဆာတစ်ကောင်ဟာ နေရာအနှံ့ဒုက္ခပေးလို့နေသတဲ့ နတ်ဆရာကြီးတစ်ယောက်ကမြေခွေးမိစ္ဆာကိုနှိမ်နင်းပြီး အစီအရင်နဲ့ပိတ်လှောင်ထားခဲ့ပါတယ်။ အဲဒီအချိန်မှာ ကြင်နာတတ်တဲ့ကလေးလေးတစ်ယောက်ဟာ မြေခွေးလေးနာကျင်နေတာမကြည့်ရက်လို့ ကူညီလိုက်ရာမှ မြေခွေးမိစ္ဆာကြီးကလွတ်သွားပါတော့တယ်။ စာသင်သားလေးဝမ်ဝိန်ဟာ မြို့တော်မှတော်ဝင်စာမေးပွဲဖြေဖို့သွားရင်း ဆောင်ကြာမြိုင်ကမိန်းကလေးယာထိုနဲ့တွေ့ဆုံပြီး စုံမက်ခဲ့ကြတယ်။ ဝမ်ဝိန်ကမထင်မှတ်ပဲ ယာထိုမိန်းကလေးရဲ့ မိခင်ဖြစ်သူကမြေခွေးမိစ္ဆာဆိုတာကိုသိလိုက်ရပါတော့တယ်…… ဒီလိုနဲ့ချစ်သူမိန်းကလေးရဲ့အကူအညီနဲ့ထွက်ပြေးလွတ်မြောက်ခဲ့ရပါတယ်။ ယာထိုလေးကတော့မိခင်ရဲ့နှိပ်စက်ခြင်းကိုခံရပါတော့တယ်။ ဘဝခြားတဲ့သူတို့ရဲ့အချစ်ဇာတ်လမ်းလေးဟာ ချိုမြိန်ခြင်းနဲ့အဆုံးသတ်မလား ခါးသည်းမှုတွေနဲ့အဆုံးသတ်မလားဆိုတာကို ရင်သတ်ရှုမောဖွယ်ကြည့်လိုက်ကြပါနော်

Horror • Thriller
6.1 2022
The Love of the Ferry: New Legend of Liao Zhai
Never Been Chris’d
5.4

Never Been Chris’d (2023) ===================== နှစ်အကြာကြီးနေမှ ကျောင်းတုန်းက crush ကြီးကို အရှင်လတ်လတ်ပြန်တွေ့ရရင် ဘယ်လိုခံစားရမယ် ထင်ပါသလဲ။ နှစ်ဖက်လုံးက လူပျိုလူလွတ်အခြေအနေနဲ့ဆိုရင် ပေါ့။ ဒီဇာတ်လမ်းလေးကတော့ ခရစ္စမတ်ပိတ်ရက် မွေးရပ်မြေကိုပြန်လာတဲ့ အချစ် ဆုံးသူငယ်ချင်းမနှစ်ယောက် ၁၇ နှစ်ကြာမှ ကျောင်းတုန်းက crush နဲ့ ပြန်ဆုံရပုံ၊ သူတို့တွေရဲ့ လူမှုရေး၊ အချစ်ရေးကိစ္စတွေကို ခရစ္စမတ်အငွေ့အသက်လေးနဲ့ ခပ်မြူး မြူး‌လေးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ – နေအိုမီနဲ့လစ်ဇ်ဟာ အထက်တန်းကတည်းက အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ၃၅ နှစ်အရွယ်တန်းကို ရောက်လာတဲ့အထိ အတူအလုပ်လုပ်ရင်း single ဘ၀နဲ့ နေလာ ကြသူတွေပေါ့။ ခရစ္စမတ်ပိတ်ရက်ရှည်မှာတော့ သူတို‌ဇာတိမြေကိုပြန်လာခဲ့ကြပါတယ်။ အဲဒီမြေကို စရောက်ပါပြီဆိုကတည်းက အရင်ဆုံးကြုံတွေ့ရသူဟာ သူတိုနှစ်ယောက် လုံးရဲ့ အထက်တန်းကျောင်းက crush ကြီး ခရစ်ဆေးလ်ဗားပါပဲ။ ခရစ်ကောင်းမှုနဲ့ တခြား အတန်းဖော်ဟောင်းတွေနဲ့ပါ ပြန်ဆုံရပြီး ခရစ်နဲ့လည်း အရင်ထက်ပိုရင်းနှီးလာကြပါတယ်။ နေအိုမီနဲ့လစ်ဇ်ဟာ အိမ်ကမိသားစုပြဿနာတွေ အလုပ်ကိစ္စတွေဖြေရှင်းရင်းကပဲ ခရစ်နဲ့ သုံးပွင့်ဆိုင်ဆန်ဆန် အချစ်ဇာတ်‌လမ်းလေးစတင်ပါတော့တယ်။ ဒီလိုနဲ့ ဘယ်သူက ခရစ်ရဲ့နှလုံးသားကိုပိုင်ဆိုင်ရမလဲ၊ အချင်းချင်းအမြဲအနစ်နာခံလေ့ရှိတဲ့ နေအိုမီနဲ့လစ်ဇ်ရဲ့ သူငယ်ချင်းသံယောဇဉ်ကရော ဘယ်လိုတွေအစမ်းသပ်ခံရမလဲ၊ နောက်ဆုံး မှာ happy ending ဖြစ်နိုင်ပါ့မလားဆိုတာကို ရယ်မောပြုံးရွှင်ရင်း ကြည်ကြည်နူးနူး ကြည့် ကြရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.9 GB) / (659 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….C’mon Encoder……….SWM

5.4 2023 84 mins
Never Been Chris’d
Buddha Mountain
6.8

Fan Bing Bing ရဲ့ (၂၃)ကြိမ်မြောက် Tokyo International Film Festival မှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုရထားတဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့…… နယ်မြို့လေးတစ်မြို့မှာ ကြိုးစားရုန်းကန်နေတဲ့လူငယ်လေး(၃)ယောက်နဲ့ အိမ်ရှင်မိန်းမကြီးတစ်ယောက်အကြောင်းဒရာမာလေးဖြစ်ပါတယ်။ ပီကင်းအော်ပရာဇာတ်အဖွဲ့ဝင်ဟောင်း ဆရာမချန်ဟာ ခင်ပွန်းဆုံးသွားပြီးနောက်ပိုင်း တစ်ယောက်ထဲအထီးကျန်တဲ့ ဘဝကိုဖြတ်သန်းရင်း တစ်နေ့မှာ သူ့ရဲ့အိမ်ခန်းကိုငှားဖို့ဆုံးဖြတ်လိုက်တယ်။ မရေရာတဲ့အနာဂတ်တွေနဲ့ လူငယ်လေး(၃)ယောက်ကသူ့ရဲ့အိမ်မှာလာငှားနေကြတယ်။ ရှေးရိုးဆန်ပြီး အထီးကျန်နေတဲ့ ဂွကျတဲ့မိန်းမကြီးတစ်ယောက်နဲ့ ဘဝကိုဖြစ်သလိုကျော်ဖြတ်ရင်း ဝေဝေဝါးဝါးဖြတ်သန်းနေတဲ့ လူငယ်လေးတွေဟာ ကမောက်ကမနဲ့သံယောဇဉ်တွေဖြစ်ပြီး အတူနေထိုင်ရင်း လောကဒဏ်ကိုကိုယ့်နည်းကိုယ့်ဟန်နဲ့ ခုခံပြီး ဖြတ်သန်းကြတဲ့ ဒရာမာလေးဖြစ်ပါတယ်။

6.8 2010
Buddha Mountain
Subhedar
7

Subhedar 2024 (တပ်မှူးကြီး တန်ဟာဂျီရာဝ်) IMDb – 8.1/10 ဒီတစ်ခေါက်မှာတော့ ဝက်ဝံကြီးကိုတောင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့ တပ်မှူးကြီး တန်ဟာဂျီရာဝ်ရဲ့ ရဲစွမ်းသတ္တိတွေကို ထုတ်ဖော်ပြသသွားမယ့် သမိုင်းကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ အရှင်ရှီဗာတို့ရဲ့ ခေတ်မှာ ဆူလတန်တွေဟာ အရမ်းကို သောင်းကြမ်းလွန်းနေပြီး မိန်းကလေးတွေကိုလည်း ကျွန်ပြုရောင်းစားတာမျိုးတွေ ပြုလုပ်တဲ့အထိ ဆိုးဝါးလို့နေခဲ့ပါတယ်။ ဒီလိုအချိန်မှာပဲ အရှင်ရှီဗာဟာ သူရဲ့မိတ်ဆွေဖြစ်သူ တန်ဟာဂျီရာဝ်ဆီကို သွားလည်ရင်းနဲ့ လယ်စိုက်နေတဲ့ မိတ်ဆွေဖြစ်သူ တန်ဟာဂျီရာဝ်ဟာ အရှင်ရှီဗာရဲ့ လက်အောက်မှာ ဓားကိုင်ပြီး တိုင်းပြည်အတွက် တိုက်ခိုက်ခြင်းကြောင်းပြောပြီး လိုက်ပါလာခဲ့ပါတော့တယ်။ ပြည်သူတွေကို အနိုင်ကျင့် နှိပ်စက်နေတယ်လို့ သတင်းထွက်လာတဲ့ ကိုနာဒါခံတပ်ကို အရှင်ရှီဗာဟာ သိမ်းပိုက်ဖို့လုပ်တဲ့အခါမှာတော့ သူ့ရဲ့လက်ရုံး တန်ဟာဂျီရာဝ်က ဦးဆောင်ပြီး တိုက်ခိုက်ပေးရပါတော့တယ်။ ဒီလိုနဲ့ ဆိုးဝါးသောင်းကြမ်းလွန်းနေတဲ့ ဆူလတန်တွေကို ဘယ်လိုနှိမ်နင်းသွားမလဲ …. ဝက်ဝံကြီးနဲ့ တစ်ယောက်ချင်းတိုက်နိုင်တဲ့အထိ ရဲစွမ်းသတ္တိကြီးတဲ့ တပ်မှူးတစ်ယောက် ကိုနာဒါခံတပ်ကို ဘယ်လိုတွေ တိုက်ခိုက်ချေမှုန်းသွားမလဲ ……..ဆိုတာတွေကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခန်းတွေနဲ့အတူ ကြည့်ရှုရမယ့် သမိုင်းဒရာမာကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~Suri~Zwe~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)

7 2023 154 mins
Subhedar
Persona
8

Persona ( 1966 ) Personaက Ingmar Bergmanရဲ့ အကောင်းဆုံးတွေထဲပါသလို ခေတ်အဆက်ဆက် ရုပ်ရှင်ဒါရိုက်တာတွေ ဒီစတိုင်မျိုး တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ပြန်ဖော်ထုတ်ကြတာကိုလည်း ခဏခဏခံခဲ့ရတဲ့ ရုပ်ရှင်ပဲ။ ထင်ထင်ရှားရှားကတော့ ဒေးဗစ်လင်းရဲ့ မူဟော်လန်ဒရိုက်ဗ်တို့ ဘာတို့ပေါ့။ စတိုရှိခွန်တို့ စကောဆေးစိတို့လည်း ကင်းခဲ့မယ်လို့ ကျွန်တော်တော့မထင်ဘူး။ ဒီလိုပါပဲ။ ဘာမှအသစ်မရှိတဲ့ သမိုင်းတစ်လျှောက်မှာ ဒါလည်း မဆန်းပါဘူး။ အင်ဂမာဘာ့ခ်မန်းကို ကျွန်တော်အလေးစားဆုံးအပိုင်းက သူ့အနုပညာကို သူ့အတွက်ပဲသူလုပ်တဲ့ အမှုကိုပဲ။ ဘာ့ခ်မန်းက အစောပိုင်းကာလတွေမှာတော့ သူ့ရုပ်ရှင်ရိုက်တဲ့အပိုင်းမှာ ပရိသတ်ဆိုတဲ့အပိုင်းကို ထည့်တွေးခဲ့ပေမဲ့ နောက်ပိုင်းတော့ ရုပ်ရှင်ကို သူ့အတွက်ပဲ သူရိုက်တော့တယ်လို့ ပြောခဲ့တယ်။ သူ့ခံစားချက် သူ့အနုပညာကို သူစီးကူးချင်လို့ပဲ ရိုက်တော့တယ်လို့ပြောခဲ့တယ်။ ဘာ့ခ်မန်းဟာ အော်စကာဆန်ခါတင်ဝင်တာကိုတောင် ငြင်းခဲ့တဲ့အတွက် သူ့ရုပ်ရှင်တွေဟာ သူ့အတွက်သူလုပ်တာလို့ပဲ ယုံခဲ့တဲ့လူမျိုးပဲ။ ဘယ်သူ့မှတ်ကျောက်မှ အတင်ခံစရာမလိုလို့လည်းဖြစ်နိုင်တယ်။ မသိနိုင်ဘူး။ ဝူဒီအယ်လန်ကလည်း Personaကို မှီးပြီး Stardust Memories (1980)ကို ရိုက်ခဲ့ဖူးသလို ဘာ့ခ်မန်းကို လေးလည်းလေးစားသလို လူချင်းလည်းတွေ့ဖူးတဲ့သူပဲ။ သူလည်း မထူးဘူး။ ‌အော်စကာကို ငြင်းတော့မငြင်းခဲ့ပေမဲ့ သူရခဲ့တဲ့လေးဆုလုံးကို သူသွားလည်းမယူခဲ့ဘူး။ သူလည်း အလားတူ သူ့အတွက်ပဲသူရိုက်ပုံပါပဲ။ သူ့ပြဿနာနဲ့သူ အမေရိကန်ရုပ်ရှင်လောကမှာ ခြေချဖို့မဖြစ်နိုင်တော့ပေမဲ့ ပရိသတ်လက်ခံမှုတော်တော်ပျက်သွားပေမဲ့ ပြင်သစ်မှာ အခုထိရိုက်ကောင်းတုန်းပဲ။ ဘာ့ခ်မန်းရဲ့ ရုပ်ရှင်တွေကတော့ ပုဂ္ဂလိက ပိုဆန်မလားပဲ။ သူ့ရုပ်ရှင်တွေဟာ အမြဲ သူ့အမေးတွေနဲ့ပဲ ပြည့်နှက်နေခဲ့တယ်။ သူ့ရုပ်ရှင်တွေဟာ သူ့ရှေ့က ဘယ်ဒါရိုက်တာနဲ့မတူတဲ့ အကြောင်းအရာတွေကို မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်တွေများတယ်။ သေခြင်း ယုံကြည်မှု လူ့ဆက်ဆံရေးတို့ကို အမြဲမေးခွန်းထုတ်ထားတယ်။ Personaကလည်း အဇ္စျတ္တနဲ့ အစစ်အမှန်တရားကို မေးခွန်းထုတ်ထားတဲ့ ရုပ်ရှင်လို့ပြောလို့ရတယ်။ Personaဆိုတာ maskဆိုတဲ့ အဓိပ္ပာယ်လည်းရနေတယ်။ ဘာ့ခ်မန်းအဆိုအရတော့ ကျွန်တော်တို့ရဲ့ ပြုခြင်းပြောခြင်း ထိတွေ့ခြင်း အရာရာက အစစ်အမှန်တရားမဟုတ်ဘူးတဲ့။ ငြိမ်သက်ခြင်းကတော့ အစစ်အမှန်တရားတစ်ခုတည်းသော ပုံစံဖြစ်နိုင်တယ်တဲ့။ ဒါကြောင့် ဒီရုပ်ရှင်ထဲက ဇာတ်ဆောင်ဟာ စိတ်‌ရော ကိုယ်ရော ကျန်းမာနေလျက်ပါနဲ့ ပြောခြင်းပြုခြင်းတွေနဲ့ ကင်းအောင်နေခဲ့တယ်။ ဒါကို ဆရာဝန်တွေက ကုပေးဖို့ကြိုးစားတာနဲ့ ဒီရုပ်ရှင်ကို စဖွင့်ထားတယ်။ ဘာ့ခ်မန်းဆက်ပြောတာက… နောက်တစ်ဆင့်ထပ်တွေးကြည့်မယ်ဆိုရင်လည်း ဒီလိုမပြုမပြောဘဲနေတာကိုကလည်း မျက်နှာဖုံးတစ်မျိုးဖြစ်နေတာကို မြင်ရလိမ့်မယ်တဲ့။ ဒီရုပ်ရှင်ဟာ အဲဒီနောက်တစ်ဆင့်ရဲ့ မျက်နှာဖုံးကို ခွာချတဲ့အကြောင်းလို့ပြောရင်လည်း ရတယ်။ မရှိမဖြစ်အတုတွေနဲ့ လည်ပတ်နေတဲ့အရာကို ကမ္ဘာလို့ ငါတို့ခေါ်တယ်။ အမြဲမဟုတ်တောင် တစ်ခါတလေတော့လည်း ငါတို့ထဲကအများစုကတော့ ဒါကိုမြင်ခဲ့ကြတယ်။ ဘယ်သူမှတော့ ဒါကိုအကြာကြီးမစွဲကြဘူး။ အကြာကြီး မတွေးကြဘူး။ စွဲလိုက်မိရင်လည်း ငါတို့ကမ္ဘာကြီးက ပြိုကျသွားလိမ့်မယ်။ ငါတို့ထက်တော်တဲ့လူတွေ မသိခဲ့ကြဘူးမဟုတ်ဘူး။ တစ်ချို့တလေကတော့ ငြိမ်သက်ခဲ့ကြတယ်။ သက်ငြိမ်ကလည်း ဒီကမ္ဘာက မလွတ်မြောက်နိုင်သေးတဲ့ လွတ်မြောက်ချင်ယောင်ဆောင်ထားတဲ့ နောက်ထပ်အတုတစ်ခုပဲ။ “ရောင်စုံစွန်းထင်းခဲ့တဲ့စိတ်ကို ဖြူစင်အောင်ပြန်ဖွတ်လည်း” ဒါတကယ်ဖြူစင်ခြင်း ဟုတ်ပါ့မလား။ ဖြူစင်ခြင်းကရော ရှိပါ့မလား။ တစ်ချိန်တည်းမှာပဲ အသစ်တစ်ခုကြောင့် အဟောင်းတစ်ခုက အတုဖြစ်သွားမယ်ဆို အသစ်တစ်ခုကလည်း အတုပဲလို့ ထင်ကောင်းထင်ရနိုင်တယ်။ ဒါပေမဲ့ ငါတို့ယုံကြည်ထားတဲ့ ခံစားချက်ရဲ့စစ်မှန်ခြင်းအရတော့ စစ်နေရင် ဒါတွေဟာ အတုတွေဟုတ်ပါ့ဦးမလား။ ဒါမှမဟုတ် အဲဒီခံစားချက်ကလည်း ငါတို့ဉာဏ်မမီနိုင်တဲ့ အတုတစ်ခုပဲလား။ စိတ်မှာရော အဆုံးရှိပါ့မလား။ ဒီအချိန်ငါ့အတွေးဟာ”အမည်မရှိရေတံခွန်”။ ” ဘယ်တုန်းကမှလည်း မမိခဲ့ဖူးဘူး”။ ဒီတိုင်းပဲ ထားလိုက်ရပါတယ်။ ဘာကမမှန်ပေမဲ့ အားလုံးမှားသွားတဲ့အခါကျရင် အားလုံးပြိုလဲကြရမှာမို့ပါ။ ဒီဒုက္ခဟာ ငါနဲ့ငါ့အတွက်ပဲ ဖြစ်ပါစေပေါ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်) Genre….. Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.55GB | 1.15GB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

8 1966
Persona
The Mask of Shura of Fire Cloud
5.8

ဒီတစ်ခေါက်မှာတော့ကိုယ်ခံပညာအသားပေးကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းလေးကတော့ တော်လှန်ရေးခေတ်အပြီးကာလကို အခြေခံထားပြီး… သဘာဝလွန်ဇာတ်ကားလေးလို့ ဆိုရမှာပေါ့… ဖီးနစ်ငှက်ရဲ့ မီးတောက်အတွင်းအား အကူအညီနဲ့ ဘဘာဝလွန်စွမ်းအားတွေနဲ့ မြို့ကို ကာကွယ်ဖို့ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်း တာဝန်ယူခဲ့တဲ့ လော့ရှားမိသားစုရယ်… ရှူရာမျက်နှာဖုံးဆိုတဲ့ လောကကို ဖျက်စီးဖို့ ကြိုးစားတဲ့ မိစ္ဆာကို ပိတ်လှောင်ထားတဲ့ မျက်နှာဖုံးရယ်… ကိုယ်ခံပညာထက်မြက်ပြီး နေရာတိုင်းမှာ သူရဲကောင်းလုပ်ချင်နေတဲ့ ကိုယ့်ကိုယ်ကို မီးတောက်မိစ္ဆာလေးလို့ ခေါ်နေတဲ့ လော့ရှားမိသားစုက သခင်လေးရယ်… မီးတောက်မိစ္ဆာလေးက နာမည်နဲ့လိုက်အောင် မီးအတွင်းအား ထက်မြက်ပြီး မြို့ထဲမှာ ကာကွယ်စရိတ်တောင်းနေတဲ့ လူရမ်းကားအဖွဲ့ကို အမြဲ ပြည်သူတွေရှေ့ကနေ ကာကွယ်တတ်တယ်… ဒါပေမယ့် ရန်ကို ရန်နဲ့ တုံ့ပြန်တတ်တာလေးက အားနည်းချက်လိုဖြစ်နေတာ… သူ့ညီလေးကတော့ သူနဲ့မတူဘူး ရိုးရိုးအေးအေးနဲ့ ကိုယ်ခံပညာလည်း သူ့လောက် မတတ်ဘူး… ဒါပေမယ့် တစ်သက်လုံး ကာကွယ်ပေးမယ့် အစ်ကိုကြီးရှိနေတော့ သူစိတ်ပူဖို့မလိုပါဘူး… ဒီလိုနဲ့ ညီအစ်ကို ၂ ယောက် တစ်သက်လုံး အတူချစ်ခင်နိုင်မယ်ထင်ပေမယ့်… တစ်နေ့မှာ သူတို့ လော့ရှားအိမ်တော်ကို ခိုးဝင်လာပြီး ရှူရာမျက်နှာဖုံးကို လာခိုးဖို့ကြံတဲ့ အဖွဲ့ကြောင့် မီးတောက်မိစ္ဆာလေးက ရှူရာမျက်နှာဖုံးရဲ့ စွမ်းအားကို အကူအညီတောင်းခဲ့ပြီး အသိစိတ်လွတ်သွားခဲ့တယ်… အသိစိတ်ပြန်လည်လာချိန်မှာတော့ သူကာကွယ်ခဲ့တဲ့ မြို့လေးကို ဖျက်စီးသူကသူဖြစ်နေတယ်… ဒီကိစ္စကြောင့်ပဲ သူလည်း လော့ရှားမိသားစုက နှင်ထုတ်ခံခဲ့ရတယ်… ကဲ လော့ရှားမိသားစုက ဘာဆက်ဖြစ်မှာလဲ… ရှူရာမျက်နှာဖုံးကိုရော ဖျက်စီးနိုင်မှာလား… ဒီမြို့လေးကိုရော ဆက်ပြီး ကာကွယ်ပေးနိင်မှာလား…

5.8 2020
The Mask of Shura of Fire Cloud
Blue Cave/ Mavi Magara

တူရကီ အချစ်ဇာတ်လမ်းကောင်းလေး တစ်ပုဒ်လို့ ဆိုရမယ့် ဒီရုပ်ရှင်ကားဟာ ကြည့်ရှုသူတွေကို ဝမ်းသာ ဝမ်းနည်း mood အမျိုးမျိုး ပေးနိုင်ပါတယ်။ အဓိက ဇာတ်ကောင် နှစ်ဦး ဖြစ်တဲ့ Alara နဲ့ Cem ရဲ့ ချစ်ဇာတ်လမ်းလေးမှာ ကိုယ်တိုင်က third wheel တစ်ယောက်လိုဖြစ်သွားပါတယ်။ Cem က ရေတပ်က တပ်သားတစ်ဦး ဖြစ်ပြီး သူငယ်ချင်းတွေနဲ့ အတူ အပြင်ထွက်ရင်းနဲ့ စားသောက်ဆိုင်တစ်ခုမှ Alara ကို စတွေ့ခဲ့ပါတယ်။ စစတွေ့ချင်း မြင်မြင်ချင်း ချစ်မိသွားပေမယ့် စကားသွားမပြောရဲခဲ့ပါဘူး။ ဒါနဲ့ပဲ Alara ကိုယ်တိုင်က သူ့ကို တစ်ချိန်လုံး ငေးကြည့်နေခဲ့တဲ့ Cem ကို သတိထားမိပြီး စကားစလာပြောခဲ့ပါတယ်။ Alara က ရှေးဟောင်းသုတေသန ပညာရှင်တစ်ယောက်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ နှစ်ဦးသား ချိန်းတွေ့ဖြစ်ကြပါတယ်။ Cem ကAlaraကို သူ့အတွက်အရေးပါတဲ့ နေရာလေးတစ်ခုဖြစ်တဲ့ ကစားကွင်းလေးတစ်ခုကို ခေါ်သွားခဲ့ပြီး Alara ကလည်း သူ့အတွက် အရေးပါတဲ့ နိဗ္ဗာန်ဘုံလို လှတဲ့ Mavi Magara လို့ခေါ်တဲ့ လှိုဏ်ဂူပြာအကြောင်းပြောပြခဲ့ပါတယ်။ တစ်နေ့မှာ ချစ်တဲ့သူ Cemနဲ့ အတူသွားမယ်ဆိုပြီး Alara တစ်ယောက် ရည်စူးထားပေမယ့် အိမ်မက်တွေ မပြည့်ဝခဲ့ရပါဘူး။ ရုပ်ရှင်ထဲမှာ Cem တစ်ယောက်ပဲ လှိုဏ်ဂူပြာဆီကို သွားနေတာ တွေ့ရမှာပါ။ ကြည့်ရင်း ကြည့်ကောင်းလာတဲ့ ရုပ်ရှင်မျိုးမလို့ ကိုယ်တိုင် ခံစားကြည့်ကြဖို့ တိုက်တွန်းပါတယ်။ File size…(1.2 GB)/(782 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leonie

0 2024
Blue Cave/ Mavi Magara