YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Adire.2023.720p.WEBRip.(CM).mp4

682.08 MB N/A video/mp4 96 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Clementine
4.8

Clementine (2019) ~ IMDb - 5.1/10, Rotten Tomatoes - 63% ~ အေးအေးဆွေးဆွေးလေး ကြိုက်တဲ့သူတွေအတွက် ၂၀၁၉ မှာထွက်ရှိထားတဲ့ Sydney Sweeney နဲ့ Otmara Marrero တို့ ပါဝင်တဲ့ ဒရာမာရုပ်ရှင်လေးပဲဖြစ်ပါတယ်။ အသည်းကွဲဒဏ်ရာကနေကုစားဖို့နဲ့ သူ့ရဲ့ခွေးလေးကိုပြန်ရဖို့ ကယ်ရန်တစ်ယောက် သူ့ရည်းစားဟောင်းဖြစ်သူရဲ့ ကန်စပ်အိမ်မှာသွားနေထိုင်ခဲ့ပါတယ်။ အဲဒီမှာ အမှတ်မထင် သရုပ်ဆောင်ဖြစ်ချင်နေတဲ့ ငယ်ငယ်ရွယ်ရွယ် လာနာနဲ့ဆုံခဲ့ပြီး သူတို့နှစ်ယောက်ကြား စကားလုံးနဲ့ဖော်ပြလို့မရတဲ့ ဆက်ဆံရေးတစ်ခုရှိလာပါတယ်။ ဒါပေမဲ့ အဖြစ်အပျက်တွေက ချောမွေ့မနေဘဲ တစ်ဖက်က ပွင့်လင်းမှုမရှိတဲ့အခါ ဆက်ဆံရေးတစ်ခုမှာ အဖုအထစ်တွေဖြစ်လာတတ်တဲ့အတိုင်း သူတို့ကြားမှာလည်း မပြေလည်မှုတွေပေါ်လာပါတော့တယ်။ ဒီရုပ်ရှင်ကို ဇာတ်ညွှန်းရေးရိုက်ကူးခဲ့တာကတော့ Lara Gallagher ပဲဖြစ်ပါတယ်။ ဒိတ်ဒိတ်ကြဲဒါရိုက်တာကြီးမဟုတ်ပေမယ့် သူ့ရဲ့ရိုက်ကွင်းရိုက်ကွက်တွေ ဇာတ်ညွှန်းတွေက အတော်လေးကို အဆွေးဘက်ရောက်တယ်လို့ပြောနိုင်ပါတယ်။ စကားပြောရင် ဆက်တိုက်မပြောဘဲ ကြားထဲနားပြီး တစ်ယောက်‌နဲ့တစ်ယောက်စိုက်ကြည့်နေတာမျိုးတွေ၊ ကင်မရာကို ဖြည်းဖြည်းလေး ရွေ့သွားတာမျိုးတွေ၊ သံစဥ်ဆွေးဆွေးလေးတွေကို သင့်သလိုသုံး‌သွားတာတွေက အနုပညာမြောက်တယ်လို့ဆိုနိုင်ပါတယ်။ ဒီဇာတ်ကားက အနုပညာဆန်ဆန် ဒရာမာဖြစ်တာကြောင့် ငြိမ့်ငြိမ့်လေးခံစားချင်တဲ့လူတွေမြည်းကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.1GB, 480MB Quality - 1080p, 720p IMDb Rating - 5.1/10 Format - mp4 Duration - 1H 30Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Drama
4.8 2019 90 mins
Clementine
Firenado
6

ကဲ ဒီတစ်ခါတော့ တော်တော်ကြီးကြမ်းတဲ့ လေဆင်နှာမောင်းတစ်ခုအကြောင်းကိုရိုက်ပြထားတဲ့2023 ထွက် ဇာတ်ကားအသစ် လေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ မင်းသား Stephen Staley နဲ့ မင်သမီးချောလေး Sian Altman တို့ပါဝင်သရုပ်ဆောင်ထားပါတယ်(ကျွန်တော်ကတော့ မင်းသမီးပဲထိုင်ကြည့်နေတာ D:) ဇာတ်လမ်းကတော့ မင်းသီးတို့အဖွဲ့က မိုးလေဝသပညာရှင်အဖွဲ့ တစ်ခုလေလေ့လာမှုတွေ စူးစမ်းမှုတွေ တီထွင်မှုတွေနဲ့ Research & Development Team ပေါ့ တစ်နေ့တော့ သူတို့တီထွင်ထားတဲ့ ကိရိယာတစ်ခုကို လေဆင်နှာမောင်းအသေးစားလေးတစ်ခုနဲ့သွားပြီး စမ်းသပ်ခဲ့တာပေါ့ရည်ရွယ်ချက်ကောင်းတွေနဲ့စမ်းသပ်ခဲ့ကြတာပါပဲ ဒါပေမဲ့ လက်တည့်မစမ်းသင့်တာတစ်ခုကိုသွားစမ်းပြီးတဲ့နောက်တော့............ နောက်ပိုင်းဘာတွေဆက်ဖြစ်လာမလဲလေဆင်နှာမောင်းကရော ဘယ်လိုအခြေအနေဖြစ်သွားမလဲဒီထဲမှာဘာတွေပတ်သတ်နေသေးတာလဲအဲ့ဒီလေဆင်နှာမောင်းကို အခွင့်အရေးယူပြီး အသုံးချတဲ့လူတစ်စုကရော ဘယ်လိုဇာတ်သိမ်းခဲ့ရလဲ........အစရှိတဲ့ ဇာတ်ကွင်းဇာတ်ကွက်တွေကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမယ့်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(1.1 GB)/(610 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:18:00 Genre...Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

Action • Thriller
6 2023 78 mins
Firenado
The Maze Runner
7.2

လူငယ်တစ်ဦးဟာ ရွေ့လျားနေတဲ့ ဓာတ်လှေကားတစ်ခုထဲမှာပိတ်မိနေပြီး သွေးပျက်ကြောက်ရွံ့စွာ ဓာတ်လှေကားရဲ့ခေါ်ဆောင်ရာနောက်ကို လိုက်ပါနေရပါတယ်။ ဓာတ်လှေကားရဲ့ ခရီးအဆုံးမှာတော့ သူမသိတဲ့ လူငယ်တစ်ချို့ရဲ့ ဖမ်းဆီးခြင်းကို ခံရပြန်တယ်။ ထိတ်လန့်တုန်လှုပ်စွာနဲ့ပဲ သူထွက်ပြေးချိန်မှာ ဘယ်သူမှသူ့ကို လိုက်မဖမ်းပဲ အော်ဟစ်ရယ်မောနေကြပါတယ်။ မကြာခင်မှာပဲ သူ့ကိုဘာ့ကြောင့်လိုက်မဖမ်းသလဲဆိုတဲ့အဖြေကို သူသိရှိသွားပါတော့တယ်။ သူရောက်ရှိနေတဲ့နေရာဟာ ပတ်ပတ်လည်မှာ နံရံကြီးတစ်ခု ကာဆီးထားလို့ပါပဲ။ အရှေ့က ရောက်ရှိနေတဲ့ လူငယ်လေးတွေဟာလည်း သူ့လိုပဲ ဖမ်းဆီးခံရပြီး ဒီနေရာကို ပို့ဆောင်ခြင်းခံခဲ့ရသူတွေပါ။ ကောင်လေးဟာ သူ့ရဲ့နာမည်သောမတ်ဆိုတာကလွဲပြီး ဘာကိုမှ မမှတ်မိပါဘူး။ ရုတ်တရတ် နံရံကြီးကနေ အသံတွေကြားလာရပြိ်း တံခါးတစ်ချပ်ကိုတွေ့ရှိသွားချိန်မှာ ဝမ်းသာအားရနဲ့ သူပြေးထွက်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် ရောက်နှင့်ပြီးသား လူငယ်တွေရဲ့ တားဆီးခြင်းကို ခံရပါတော့တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီဂိတ်တံခါးဟာ တစ်နေ့မှာ တစ်ကြိမ်သာပွင့်ပြီး အလွန်အန္တရာယ်များလှတဲ့ ဝင်္ကဘာတစ်ခုဆိ်ကို သွားရာဝင်ပေါက်ဖြစ်နေလို့ပါပဲ။ လူငယ်တွေဟာ သူတို့ရောက်ရှိနေတဲ့နေရာကို Glade လို့အမည်ပေးထားပြီး သူတို့ကိုယ်သူတို့ Gladers လို့ ခေါ်ကြပါတယ်။ စောင့်ရှောက်သူ keeper ရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်အသီးသီးကိုခွဲဝေထမ်းဆောင်ကြရပါတယ်။ တောင်နံရံတွေကို ဝင်္ကဘာကြီးတစ်ခုက ကာရံထားပြီး အတွင်းမှာ Grievers လို့ခေါ်တဲ့ စက်ပစ္စည်းတွေထပ်ဆောင်းတပ်ဆင်ထားတဲ့ ပင့်ကူလိုသတ္တဝါဆိုးကြီးတွေရှိနေပါတယ်။ ရောက်ရှိခဲ့ပြီးသား Glader တွေရဲ့ နှစ်နှစ်ကျော်ကြာအောင် ဒီဝင်္ကဘာထဲက လွတ်မြောက်ဖို့ လေ့လာတွေ့ရှိထားသမျှကို သောမတ်စ်ဟာ သင်ယူရပါတယ်။ ဝင်္ကဘာထဲကို runner လို့ခေါ်တဲ့ သွားရောက်လေ့လာသူတွေဟာ မနက်စောစောတံခါးဖွင့်ချိန်မှာ ဝင်ရောက်ပြီး ာနေတံခါးမပိတ်မီမှာ ပြန်လာကြရပါတယ်။ ဝင်္ကဘာထဲကနေ ပြန်ထွက်မလာနိုင်တော့တဲ့ runner တွေလည်း အများကြီးရှိခဲ့ပါတယ်။ တစ်ရက်မှာတော့တံခါးပိတ်ချိန်အထိ ရောက်မလာကြသေးတဲ့ runner နှစ်ယောက်အတွက် အားလုံးစိတ်ပူနေကြချိန်မှာ သောမတ်စ်ဟာ အန္တရာယ်များလှတဲ့ ဝင်္ကဘာထဲကို ဝင်ရောက်သွားပါတော့တယ်။ တောမတ်စ်ရဲ့ဖြတ်ထိုးဉာဏ်နဲ့ runner နှစ်ဦးကို ကယ်တင်နိုင်ခဲ့ပေမယ့် စည်းကမ်းဖောက်ဖျက်တဲ့အတွက် တစ်ညအချုပ်ထဲထည့်ခံလိုက်ရပါတယ်။ နောက်တစ်နေ့မှာတော့ သောမတ်စ်ကို runner အသစ်အဖြစ်တာဝန်ပေးခြင်းခံရပါတော့တယ်။ သောမတ်စ်တစ်ယောက် ဒီဝင်္ကဘာထဲက ရုန်းထွက်နိုင်မှာလား? ဒီဝင်္ကဘာကြီးကို ဘယ်သူတွေ တည်ဆောက်ခဲ့တာလဲ? ဝင်္ကဘာကြီးရဲ့ နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်တွေရှိနေသလဲဆိုတာကိုတော့ ကိုယ်တိုင်သာကြည့်ရှုခံစားကြပါလို့။ ဒီဇာတ်လမ်းအဆုံးမှာတော့ ဘာကိုမှ မယုံရဘူးလို့ ရေရွတ်မိလောက်အောင် အပြောင်းအလဲ၊ လှည့်ကွက်လေးတွေနဲ့တင်ဆက်ထားပြီး လူသားဆန်မှု၊ ဉာဏ်ပညာ၊ စည်းလုံးခြင်းရဲ့အင်အား၊ ခင်မင်မှုနဲ့ ယုံကြည်မှုတို့ကို ကောင်းကောင်းဖော်ညွှန်းထားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း မှတ်ချက်ချပါရစေ။ ဒီဇာတ်ကားကို Dylan O’Brien, Alm Ameen နဲ့ ကိုရီးယားသရုပ်ဆောင် Ki Hong Lee တို့က ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်ရင်ကို ထိရှစေခဲ့တဲ့ ကလေးသရုပ်ဆောင် Blake Copper က ချက်ခ်ဆိုတဲ့နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ imdb rating 7.5/10 ရရှိထားပြီး ဒါရိုက်တာကတော့ Wes Ball ဖြစ်ပါတယ်။ အားလုံး စိတ်ချမ်းမြေ့ပါစေ။ Movie Preview Credit- MMmovie Guide File Size : (900 MB) and (398 MB) Quality : Blu-Ray 720p Running Time : 1hr 53min Format : Mp4 Genre : Action, Mystery, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SPARKS Translated by ကျော်ကျော် (CU-Mdy) Encoded by Thanhtike Zaw

Drama • Sci-Fi & Fantasy
7.2 2014 113 mins
The Maze Runner
Amar Es Madurar / To Love Is To Grow

Amar Es Madurar / To Love is to Grow (2023) ဘဝမှာ အိပ်မက်တွေကိုအကောင်ထည်ဖော်နိုင်တဲ့သူအလွန်နည်းပါတယ်။ တချို့ဆို မိန်းမရပြီးတာနဲ့ ကိုယ့်အိပ်မက်တွေက အလိုလိုစွန့်လွှတ်ပြီးသားဖြစ်သွားကြတယ်။ War and peace စာအုပ်ထဲက စာသားလေးလိုပဲ ရောင်းရင်း မိန်းမယူမယ်ဆို ကိုယ့်အိပ်မက်တွေအကောင်ထည်ဖော်ပြီးတဲ့အချိန် ဒါမှမဟုတ် မိန်းမတွေကိုလုံးဝစိတ်ကုန်သွားတဲ့အချိန်မှ မိန်းမယူပါတဲ့။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးမှာတော့ အဲ့လိုရည်ရွယ်ချက်နှစ်ခုလုံး အကောင်ထည်ဖော်နိုင်ခဲ့တဲ့ အာဂ ယောကျာ်းတစ်ယောက်အကြောင်းပါ။ ဂျုအန်ဟာ ဖက်ရှင်မော်ဒယ် အလန်းလေးတစ်ယောက်နဲ့ ကြိုက်ပေမဲ့ ဘာမှစောက်ဖြစ်မရှိတဲ့သူပါ ပြောရရင်စော်ကပြန်အမ်းထားတဲ့ကောင်ပေါ့။ ဒါပေမဲ့ သူ့မှာအိပ်မက်တစ်ခုတော့ရှိတယ် သူ့အိပ်မက်ကတော့ ဘောလုံးပါပဲ ကန်ဖို့တော့မဟုတ်ဘူး ဘောလံုးနဲ့ပတ်သက်တာ အကုန်လုပ်ချင်နေတဲ့သူပါ။ ဒါပေမဲ့ စော်ကအမ်းလဲထားရသေး သဝန်လဲတိုခံရတော့ ကြာတော့သိပ်မကြည်တော့တာနဲ့ လမ်းခွဲသွားပါရော။ ဒါပေမဲ့ အချစ်ကြီးသူတို့ထုံးနှလုံးမှုပြီး စော်ပြန်ပြီးအထင်ကြီးခံရဖို့ အိပ်မက်တွေနောက်လိုက်ရင်း ဘာတွေပေးဆပ်ရမလဲ။ သူ့စော်ကော ပြန်ရဦးမှာလားဆိုပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရမဲ့ ကိုလံဘီယာက Romance comedy ကားလေးပါ။ ကြည့်ရှုအားပေးကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်. Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.3GB | 691MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

0 2023
Amar Es Madurar / To Love Is To Grow
Flipped
7.7

Flipped(2010) IMDb….7.7 လူ့တို့ရဲ့ သဘောဟာ ဆန်းကျယ်တယ်ထင်ပါရဲ့..ချိုဆိမ့်တဲ့အရသာကို ကြိုက်ကြသလို ဖန်ငန်စပ် အရာသာကိုလည်းကြိုက်ကြတာပဲ.. ဒီလိုပဲ အချစ်၊အလှ ၊အလွမ်းဆိုတဲ့ သိမ်မွေ့နူးညံတဲ့ ခံစားမှုစည်းစိမ်ကို နှစ်သက်ကြသလို ကြမ်းတမ်းထိတ်လန့်စရာ စည်းစိမ်ကိုလည်း နှစ်သက်ကြတာပါပဲ…မည်သို့ပင်ဆိုစေ အချစ်၊အလှ ၊အလွမ်းဖွဲ့ဇာတ်ကားလေးတွေခံစားချင်တဲ့သူတွေအတွက် ဒီကားလေးတင်ပေးလိုက်ပါတယ်… ၂တန်းကလေးအရွယ် ဘရိုက်စ်ဆိုတဲ့ကောင်လေးတို့မိသားစုက ဂျူလီဆိုတဲ့ကောင်မလေးရှိတဲ့ အိမ်နားကိုပြောင်းလာတယ်.. . ကောင်မလေးကတော့ပထမဆုံးတွေ့တွေ့ချင်းကောင်လေးရဲ့ တောက်ပတဲ့မျက်လုံးတွေနဲ့အကြည့် ချင်းဆုံမိပြီး သဘောကျသွားတယ်.. ဖြစ်ချင်တော့ကောင်လေးက သူ့ကိုတစ်စက်ကလေးမှသဘောမကျ စိတ်ပျက်စရာကောင်မလေး အမြင်ကပ်စရာလေးလို့ပဲမြင်နေတာပါပဲ… ဒီကားက ကောင်မလေးရဲ့ အမြင်ရယ် ကောင်လေးရဲ့အမြင်ရယ်ကို အချိုးကျပြသသွားတယ်… ဆယ်ကျော်သက်ရွယ် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်နဲ့ပတ်သက်ပြီးတွေ့ကြုံခံစားသိမြင်ပုံလေးတွေကို လှလှပပလေးရိုက်ပြသွားတာပါ . ..တစ်ချို့သောသူတွေအတွက် ပျော်ရွှင်ဖွယ်ရာ စိတ်ကူးယဉ်ကမ္ဘာထဲကိုရောက်နေသလိုတောင်ခံစားရနိုင်တယ်.. .အယ် တစ်ချို့သောသူတွေအတွက် ငယ်ဘဝ ငယ်ချစ်ဦးကို ပြန်လွမ်းဆွတ်တမ်းတပြီး အလွမ်းပြေစရာတစ်ခုခုဖန်တီးသွားလောက်တယ်… ဥပမာ ငယ်ငယ်ကချစ်ဖူးခဲ့တဲ့သူအတွက်ရည်စူးရေးစပ်ထားဖူးတဲ့ ကဗျာစာအုပ်အဟောင်းလေးတွေကိုတောင်ပြန်ဖတ်သွားတာမျိုးပေါ့… အယ် ဆယ်ကျော်သက်လူငယ်တွေအတွက်တော့ ဆင်ခြင်စရာလေးတွေ အတုယူစရာလေးတွေရသွားမှာပေါ့ဗျာ….ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ JtheKoala ဖြစ်ပါတယ်… File Size : (2.1GB) and (730MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:30:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala Encoded by Phyo Pyae

Drama • Family
7.7 2010 89 mins
Flipped
Wolf Garden

ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် Horror/Thriller ဆန်ဆန်ဇာတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ အချစ် စိတ်ပျက်မှု အမှောင်ထုကြားမှာပိတ်မိနေတဲ့လူတစ်ယောက်။ အစကတော့ သူနဲ့သူ့ချစ်သူလေးက ပျော်ပျော်ရွှင်ရွှင်ပဲ လူတွေနဲ့ကင်းကွာတဲ့တောအုပ်လေးထဲက တစ်ထပ်အိမ်လေးထဲမှာ အပူအပင်းကင်းမဲ့စွာနဲ့ဖြတ်သန်းနေတာပါ။ ရုတ်တရက်ကြီး ချစ်သူလေးရဲ့”ရှင်ကျွန်မကို အမြဲတမ်းကာကွယ်စောင့်ရှောက်ပေးမယ်မဟုတ်လား”ဆိုတဲ့စကားက ဘာအဓိပ္ပာယ်လဲ။ သူကတော့ သေချာပေါက်စောင့်ရှောက်ပေးပါမယ်ဆိုပြီး ကတိပေးလိုက်တာပေါ့။ ဒီကတိတစ်ခုကစတင်လာတဲ့သံသရာ။ ဘာလို့ဒီသံသရာစက်ဝန်းထဲမှာပိတ်မိနေတာလဲ ဘာတွေဖြစ်နေတာလဲ ဘာတွေမှားယွင်းနေတာလဲ ငါပြန်တွေ့နေရတဲ့ ငါ့ရှေ့ကိုရောက်တဲ့ချစ်သူလေးက ငါ့ချစ်သူလေးရောဟုတ်ရဲ့လား…ဆိုပြီး ဇာတ်လိုက်နဲ့အတူ ဇာတ်လမ်းထဲမှာဇာတ်ရှိန်အနိမ့်အမြင့်ကို အတူတူလိုက်ခံစားကြည့်ရှူလို့ရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ကြည့်ရှူခံစားပေးကြပါဦး။ File size…(839 MB)/(421 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

0 2023
Wolf Garden
Dummy
6.6

Dummy (2002) ============== IMDb Rating – 6.6/10 ဒီဇာတ်ကားလေးကတော့ The Pianist နဲ့ Oscar ရခဲ့တဲ့ Adrien Brodyတို့၊ Resident Evil မင်းသမီးကြီး Vera Farmiga တို့အပြင် Resident Evil မင်းသမီး Milla Jovovich ပါ ပါဝင်သရုပ်ဆောင်ထားတဲ့ Romance-Comedy ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ 2000ခုနှစ်အငွေ့အသက်တွေအများ ကြီးပါပြီး အဲဒီခေတ်ကခေတ်စားတဲ့ pop-rockဇာတ်ဝင်တေးလေးတွေနဲ့ Nostalgicဖြစ်ဖြစ်နဲ့ ခံစားကြည့်ရှုရမယ့် ကားဟောင်း၊ကားကောင်းလေးတစ် ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ စတီဗင်က ငယ်ငယ်ကတည်းက ရုပ်သေးနဲ့ အသံတုလုပ်ပြီးဖျော်ဖြေသူတစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့် သာမန်အလုပ်လေး တစ်ခုမှာပဲ လုပ်နေခဲ့တဲ့ ခပ်အေးအေးကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာသူငယ်ချင်းဆိုလို့ သူနဲ့ဘဝတူ မိဘအိမ်မှာပဲနေနေတဲ့ အဆိုတော်ရူးမလေး တစ်ယောက်ပဲရှိပါတယ်။ စတီဗင်တစ်ယောက် အလုပ်ထွက်ပြီး အိပ်မက်နောက် လိုက်ဖို့ကြိုးစားခဲ့တဲ့အချိန်မှာ သူကြုံရတဲ့အခက်အခဲတွေကြားထဲကနေ မိန်းက လေးတစ်ယောက်ကိုပါ သဘောကျမိသွားပြန်ပါသေးတယ်။ အလုပ်အကိုင်မယ် မယ်ရရမရှိ၊ မိဘအိမ်မှာနေနေတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ရဲ့ဘဝအကြောင်း တွေ၊ မိသားစုပြဿနာတွေနဲ့ တခြားလေးနက်တဲ့အကြောင်းအရာတွေကို တင်ဆက် ထားလို့ Rom-Comဆိုပေမယ့် Dramaအရသာတွေလည်းခံစားရမယ့် ဇာတ်ကား ကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zayar Maw ဖြစ်ပါတယ်) File Size……….(1.95 GB) / (792 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Zayar Maw Encoder……….SWM

6.6 2002 91 mins
Dummy
Hard to Kill

Steven Seagal ကိုမသိတဲ့လူမရှိသလောက်ပါပဲ။ ခပ်မိုက်မိုက်ပုံစံနဲ့လူဆိုးတွေကိုတိုက်တတ်ခိုက်တတ်တဲ့ အဖေတို့ခေတ်ကမင်းသားတစ်လက်ဆိုလည်းမမှားပါဘူး။ ဒီရုပ်ရှင်ကတော့ မင်းသား Stevel Seagal ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မေဆင်စတွန်းဆိုတာ ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ စုံစမ်းနေတုန်းထူးဆန်းတဲ့အရောင်းအဝယ်တစ်ခုကို စုံစမ်းမိသွားပါတယ်။ စတွန်းတစ်ယောက်မသိလိုက်တာက ဒီတွေ့ရှိမှုနဲ့အတူပေးဆပ်မှုတွေကအရမ်းများတယ်ဆိုတာပါပဲ။ သူစုံစမ်းမိတဲ့အမှုဟာ သူ့ရဲ့မိသားစုကိုအသက်ဘေးကြုံခဲ့ရပြီးသူကိုယ်တိုင်လည်း ၇ နှစ်ကိုမာဝင်ခဲ့ပါတယ်။ ကိုမာကနိုးထလာတဲ့အခါမှာ ဒီလူတွေကပဲ သူ့ကိုသတ်ဖို့ကြိုးစားလာပြန်ပါတယ်။ ဘာတွေများဆက်ဖြစ်မှာလဲ… ကြည့်ရတန်တဲ့ အက်ရှင်တစ်ကားမလို့ မိသားစုနဲ့လည်းကြည့်ဖို့သင့်ပါတယ်။ File size…(2.3 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:36:00 Genre… Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by LuciferMaximoff

0 1990
Hard to Kill
Do the World Darts 6
5.8

The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ၆ကားမြောက်ဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ် ၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါ ဒီကားကတော့ ထျန်းရှပို့ဆောင်ရေးလုပ်ငန်းရဲ့ ခေါင်းဆောင်ကြီးဝမ်ကျောက်ရှင်းရဲ့ တစ်ကိုယ်တော်ဇာတ်လမ်းပါ။ ဝမ်ကျောက်ရှင်းမှာ ငယ်ငယ်ကတည်းကရင်းနီးခဲ့တဲ့ မိတ်ဆွေဟောင်းတစ်ယောက်ရှိခဲ့တယ်။ မိတ်ဆွေဟောင်းလို့ဆိုပေမယ့် ခံယူချက်ချင်းမတူတာကြောင့် သူတို့ကမတည့်ပါဘူး။ ဒါပေမယ့် မိတ်ဆွေဟောင်းဟာ ရောဂါအပြင်းအထန်နဲ့ သေလုဆဲဆဲဖြစ်နေချိန်မှာ သူ့ရဲ့အရေးကြီးတဲ့ပစ္စည်းတစ်ခုကို ဇာတိမြေရှန်းရှီးကိုပို့ပေးဖို့အပ်ခဲ့တယ်။ ဒါပေမယ့် ဘာပစ္စည်းမှန်းမသိတဲ့အတွက် ဝမ်ကျောက်ရှင်းကလက်မခံခဲ့ပါဘူး။ အကြောင်းရှိလို့ ဝမ်ကျောက်ရှင်းကရှန်းရှီကိုပြန်တဲ့အချိန်မှာ သူ့နောက်ကိုကလေးလေးတစ်ယောက်ကလိုက်နေတာကိုသိလိုက်ရတယ်။ ဒီကလေးလေးက သူ့မိတ်ဆွေဟောင်းရဲ့ တစ်ဦးတည်းသော အမွေဆက်ခံမယ့်သားဖြစ်နေတာကိုသိသွားပြီးတဲ့နောက်မှာ ဇာတိမမြေရှန်းရှီးကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီကလေးကိုလက်ခံလိုက်တဲ့အချိန်ကစပြီးတော့ လမ်းမှာအတားအဆီးတွေ အန္တရာယ်တွေအမျိုးမျိုးနဲ့ကြုံကြပါတော့တယ်။ ဒီကလေးလေးတစ်ယောက်ကိုဘာကြောင့် လူတွေအများကြီးကလိုက်ဖမ်းနေတာလဲ…… အသက်(၅၀)ကျော်အဖိုးကြီးနဲ့ အသက်(၁၀)နှစ်ကျော်ကလေးတစ်ယောက်ဟာ ခရီးစဉ်တစ်လျှောက်ဘယ်လိုဖြတ်သန်းကြမလဲဆိုတာ……. အဖိုးကြီးရဲ့ငါ့မအိုသေးဆိုပြီးတော့ အစွမ်းတွေပြသွားတဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်။

5.8 2007
Do the World Darts 6
Scooby-Doo and the Ghoul School
6.8

ဒီဇာတ်လမ်းလေးမှာတော့ ကျွန်တော်တို့ရဲ့ အချစ်တော် ရှက်ဂီနဲ့ စကူဘီတို့ကို ကျောင်းတစ်ခုမှာ စာသင်ပေးဖို့ ဆရာအဖြစ်ဖိတ်ခေါ်ခံရပါတယ် ဒီလိုနဲ့ အဲဒီကျောင်းလေးကို ရောက်သွားချိန်မှာတော့ ဒီကျောင်းဟာ သာမန်ကျောင်းတစ်ခုမဟုတ်ဘဲ မကောင်းဆိုးဝါးတွေကို သင်ပေးရတဲ့ ကျောင်းတစ်ကျောင်းဖြစ်နေတာကို သိလိုက်ရပါတယ် ဒီလိုနဲ့ သာမန်မဟုတ်တဲ့ကျောင်းတစ်ခုမှာ ရှက်ဂီတို့တွေ သာမန်လူသား‌ကျောင်းသားတွေနဲ့ မတူဘဲ အစွမ်းရှိတဲ့ ကျောင်းသားတွေကို စာသင်ဖို့ လုံးပန်းနေရင်း ကျောင်းကို အန္တရာယ်ပေးမယ့် သူရှိနေတာကို သိလိုက်ရတဲ့ အခါ စကူဘီတို့တွေ ဒီထူးဆန်းမှုတွေကို ဖော်ထုတ်ရပါတော့တယ် File Size : 2.2 GB, 1.1 GB Quality : WEB-DL 1080p / 720p Running Time : 1hr 32min Format : Mp4 Genre : Adventure, Comedy, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Jia Encode by : Thit San Khant

Comedy • Romance
6.8 1988 93 mins
Scooby-Doo and the Ghoul School
The Way, My Way

The Way, My Way” (2024) က စပိန်နိုင်ငံကနေ ကီလိုမီတာ 800 ရှည်တဲ့ Camino de Santiago လို့ခေါ်တဲ့ ရှည်လွန်းတဲ့ လမ်းကို လျှောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အမျိုးသားတစ်ဦးအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Chris Haywood အဖြစ်သရုပ်ဆောင်ထားတဲ့ အဲ့အမျိုးသားက သူ့အကြောင်းပိုလေ့လာချင်စိတ်နဲ့ဘဝကို ကောင်းကောင်းနားလည်ချင်တယ်။ လမ်းတစ်လျှောက်မှာ သူက ရုပ်ရှင်ဒါရိုက်တာ Bill Bennett နှင့် လွန်ခဲ့တဲ့ နှစ်တွေက အလားတူလမ်းကြောင်းအတိုင်း လျှောက်လှမ်းခဲ့တဲ့ တကယ့်ခရီးသည်တွေ အများအပြားနှင့် တွေ့ဆုံခဲ့တယ်။ ရုပ်ရှင်ကတော့ စိမ်းလန်းတဲ့ တောင်ကုန်းတွေ၊ ရွာဟောင်းတွေ နှင့် ရှည်လျားပြီး ကွေ့ကောက်တဲ့ လမ်းတွေကို ရိုက်ပြ ထားပြီး သူနှင့်အတူ လမ်းလျှောက်နေရသကဲ့သို့ ခံစားရစေမှာပါ ။ တစ်ချို့အခိုက်အတန့်တွေက ရယ်စရာကောင်းတယ်၊ တချို့က ဝမ်းနည်းဖို့ကောင်းတယ်၊ တစ်ချို့က အတွေးတွေဝင်လာစေတယ်။ ခရီးက ခက်တယ်၊ တစ်ခါတလေ မောပန်းပြီး စိတ်ပျက်သလို ခံစားရပေမယ့် သူက ဆက်လျှောက်တယ်။ ရုပ်ရှင်ကြည့်သူအချို့က ငြိမ်းချမ်းတဲ့ ခံစားမှုကို နှစ်သက်ကြပြီး အချို့ကတော့ နှေးကွေးပြီး စိတ်လှုပ်ရှားစရာမဟုတ်တဲ့ကားလို့ ထင်မြင်ချက်ပေးကြပါတယ်။ ကြီးမားတဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေအစား၊ ဒီဇာတ်ကားက လူတစ်ယောက်ရဲ့ နှလုံးသားနဲ့ စိတ်ကို ဘယ်လိုပြောင်းလဲစေလဲဆိုတာကို အာရုံစိုက်ရိုက်ကူးထားပါတယ်။ သင်ယူခြင်း၊ တိုးတက်လာခြင်းနှင့် ငြိမ်းချမ်းမှုကို ရှာဖွေတာနဲ့ ဆိုင်တဲ့ ဇာတ်ကားပါ။တိတ်ဆိတ်စွာနဲ့ငြိမ်းချမ်းတဲ့ဇာတ်ကားကိုကြိုက်တဲ့သူတွေအတွက်တော့အကြိုက်တွေ့မှာပါ။ File size…(1.2 GB)/(775 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Drama

0 2024
The Way, My Way
Notice to Quit

ဇာတ်လမ်းအကျဉ်းကတော့ သရုပ်ဆောင်‌‌ဟောင်းတစ်ယောက်ဖြစ်တဲ့ အန်ဒီ (Michael Zegen)ဟာ မအောင်မြင်လှတဲ့ အိမ်၊ ခြံ၊ မြေပွဲစားအဖြစ် ရုန်းကန်နေရသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ အိမ်လခကြွေးကျန်တွေကြောင့် အိမ်ပိုင်ရှင်က အန်ဒီ့ကို နှင်ချနေစဉ်မှာပဲ သူ့ရဲ့ ၁၀နှစ်အရွယ် သမီးဖြစ်သူ အန်နာ (Kasey Bella Suarez)က တိုက်တိုက်ဆိုင်ဆိုင် ရောက်လာပါတယ်။ သမီးလေးမျက်နှာကြောင့် အိမ်ပိုင်ရှင်က အန်ဒီ့ကို ညနေမတိုင်ခင် ကြွေးတွေလာဆပ်ခိုင်းပြီး မဆပ်နိုင်ရင် နှင်ချရတော့မှာဖြစ်ကြောင်း ပြောသွားပါတယ်။ အိမ်ပေါ်က နှင်အချမခံရရေးအတွက် ငွေလိုနေတဲ့ အန်ဒီ ဟာ သမီးလေးအန်နာနဲ့အတူ ခက်ခဲကြပ်တည်းပြီး စရိတ်ကြီးမားလှတဲ့ နယူးယောက်ရဲ့ အိမ်အဌားစျေးကွက်အတွင်း အိမ်အဌားစာချုပ်တစ်ခုရအောင် ချုပ်ပြီး ငွေဖော်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းရပါတော့တယ်။ သရုပ်ဆောင်များအဖြစ် Michael Zegen နဲ့ Kasey Bella Suarez တို့က အဓိက ပါဝင်ထားပြီး Isabel Arraiza, Michael Angelo Covino, Eric Berryman, Robert Klein, Nell Verlaque, Rose Jackson-Smith စသူတို့က အားဖြည့်ပါဝင်ပါတယ်။ ဇာတ်ညွန်း၊ ဒါရိုက်တာ၊ ထုတ်လုပ်သူကတော့ Simon Hacker ဖြစ်ပြီး သူ့ရဲ့ ဒါရိုက်တာ ပွဲဦးထွက်ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကျော် စတူဒီယိုကြီးတွေက ထုတ်လုပ်တာမဟုတ်တဲ့အတွက် ဘတ်ဂျက်ကျဉ်းကျဉ်းပဲ သုံးထားတာဖြစ်ပေမယ့် လက်ဖျားခါရလောက်အောင် လက်ရာမြောက်တဲ့ဇာတ်ကားဖြစ်ကြောင်း အသိပေးရင်း ပရိသတ်ကြီးကိုလည်း အန်ဒီတို့ သားအဖနဲ့အတူ အိမ်ဌားရှာထွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန် Thompson ဖြစ်ပါတယ်။ File size…(400 MB) Quality…. 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson

0 2024
Notice to Quit
OOP Saga – Time’s Opposite Path

ရည်းစားဟောင်းရဲ့ လက်ထပ်ပွဲကိုတက်ခဲ့ပြီးနောက် ဆန်မျူရယ်ဟာ သူရဲ့ချစ်သူလော်ရာနှင့်အတူပြောင်းနေဖို့ တောင်းဆိုခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူစိမ်းအမျိုးသမီးတစ်ယောက်က မယ်ရီတော်ကို အကူအညီတောင်းတဲ့ ဖုန်းတွေဆက်တိုက်ခေါ်နေခဲ့ပါတယ်။ ချစ်သူနှစ်ဦးတို့ အထင်လွဲနေတာကို ဖြေရှင်းဖို့ သူငယ်ချင်းတွေနဲ့ အပျော်ခရီးထွက်ရင်း ထူးဆန်းတဲ့အမှန်တရားတစ်ခုကို သိလိုက်ကြရပါတယ်။ ထို ထူးဆန်းတဲ့ဖြစ်ရပ်မှန် သူတို့ဘဝတွေ ဘယ်လိုဆက်စပ်နေမလဲ။ ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှုကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1 GB)/(481 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Eunice

Drama
0 2025
OOP Saga – Time’s Opposite Path