YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Adhura.S01E03.Psycho.Puppy.Killer.720p(CM).mp4

252.13 MB 720p video/mp4 176 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cyber Hell: Exposing an Internet Horror
7.2

IMDb - 6.5/10 ဒီDocumentaryဟာ ၂၀၁၉ ​တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြီးကျယ်ဆုံး ဆိုက်ဘာပြစ်မှု​တွေထဲက၂ခုအ​ကြောင်း ဖြစ်ရပ်မှန်​တွေကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်၊ IT​ခေတ် ဖြစ်တာနဲ့အညီ နည်းပညာနဲ့ ကျွမ်းဝင်သူ​တွေ များသလို ဒီနည်းပညာကိုသုံးပြီး မသိနားမလည်သူ​တွေအ​ပေါ် ကျူးလွန်လာတဲ့ဆိုက်ဘာပြစ်မှု​တွေက တစ်​နေ့တခြား များလာသလို နည်းလမ်း​တွေလည်း ပိုစုံလာပါတယ်၊ ဒီ Documentary မှာဆိုရင်​ နည်းပညာကိုအသုံးချပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စီးပွားရှာသွားသူ​တွေအ​ကြောင်း မြင်​တွေ့ရမှာပါ။ ဘယ်လိုပုံစံမျိုး​ ကျူးလွန်သွားမလဲဆိုတာ အညွှန်းထဲရေးတာထက် ကိုယ်တိုင်ကြည့်လိုက်တာက ပိုပြီးအ​ဆင်​ပြေပါတယ်၊ ​ ဒီ​​နေ့​ခေတ်မှာ လူတိုင်းကြုံ​တွေ့​နေရတဲ့ အခက်အခဲတစ်ခုကိုပဲချနင်းပြီး ငွေသန်းချီ ရှာသွားခဲ့ကြတာတွေ၊ သူတို့ရဲ့​ကျော့ကွင်းထဲ သက်​ဆင်းသွားတဲ့ မိန်းမပျို​တွေ ဘယ်​လောက်ထိ ထိခိုက်နစ်နာခဲ့ရလဲ ဆိုတာ​တွေကို မြင်​တွေ့ရမှာပါ၊ နစ်နာသူ မိန်းက​လေး​တွေထဲမှာ အသက်မပြည့်​သေးသူ​တွေပါ ပါဝင်​နေတာက အ​တော်ကို ဆိုးပါတယ်၊ မြန်မာနိုင်ငံမှာလည်း လိင်ထိပါး​စော်ကားမှုအဖြစ်အပျက်​တွေ မကြာခဏဆိုသလို မြင်​တွေ့​နေရချိန် ဒီ Docuကို ကြည့်ပြီး ​ရှောင်သင့်၊ ဆောင်သင့်တာ​တွေ သိသွားနိုင်ဖို့ ​မျှော်လင့်ပါတယ်၊ ဘယ်သူ​တွေ ကြည့်သင့်လဲဆိုရင်​တော့ ကျား၊ မ မဟူ ဘယ်သူမဆို ကြည့်သင့်ပါတယ်၊ လိင်မုဆိုး​တွေ ဘနဖူးသိုက်တူးသူ​တွေက ကျား၊ မ ​ရွေးနေမှာ မဟုတ်လို့ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Crime, Documentary Quality….1080p | 720p| 480p File size…1.4GB | 546MB | 275MB Format…mp4 Duration…. 1h 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

7.2 2022 105 mins
Cyber Hell: Exposing an Internet Horror
Silmido
7

ရှီမီဒို ​ခေါ် ရှီမီကျွန်းဟာ ​တောင်ကိုရီးယားနိုင်ငံ၏ အ​နောက်ဘက်ကမ်းရိုးတန်း၊ အင်ချွန်းမြို့နယ်နိမိတ်ထဲမှာရှိတဲ့ လူသူ​နေထိုင်ခြင်း မရှိတဲ့ ကျွန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီ လူမ​နေတဲ့ ကျွန်းမှာပဲ ​တောင်ကိုရီးယားနိုင်ငံ​​ရေးသမိုင်းမှာ အမည်းစက်ထင်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခု အ​ခြေတည်ခဲ့ဖူးပါတယ်။ အချိန်က ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ပါ။ ​မြောက်ပိုင်း​ခေါင်း​ဆောင်က ကိုရီးယားနိုင်ငံ​ပေါင်းစည်း​​​​ရေးဆိုပြီး ​တောင်ကိုရီးယားသမ္မတ Park Chung Hee ကို လုပ်ကြံဖို့ အမှတ် ၁၂၄ တပ်ဖွဲ့ကို ​စေလွှတ်ခဲ့​ပေမယ့် ကျရှုံးခဲ့ပါတယ်။ တစ်ဖန် ​တောင်ကိုရီးယားဘက်က တုံ့ပြန်မှုကလည်း ငိုအားထက် ရယ်အားသန်​ပေ။ ​ အမိကိုရီးယားနိုင်ငံ ​ပေါင်းစည်း​​ရေး၊ ၂ နိုင်ငံငြိမ်းချမ်း​ရေးအတွက်ဟု ဆိုကာ ​မြောက်ပိုင်း​ခေါင်း​ဆောင် Kim Il Sungကို လုပ်ကြံဖို့ ပြန်ပြင်ဆင်​စေသည်။ လုပ်ကြံရမည့်အဖွဲ့မှာ အမှတ်၆၈၄ အထူးတပ်ဖွဲ့ဟု​ခေါ်သည်။ တပ်ဖွဲ့သည် နှယ်နှယ်ရရမဟုတ်၊ ​ သေဒဏ်ကျခံထားရသည့် အကျဉ်းသား ၃၁​ ယောက်ကို တပ်ဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူတို့ရဲ့စစ်​ရေး​လေ့ကျင့်ရာငရဲခန်းကတော့ ရှီမီကျွန်း ​ခေါ် ရှီမီဒိုဖြစ်သည်။ ငရဲခန်းဟု​ ခေါ်သည်မှာ လွန်သည် ဟု မဆိုနိုင်၊ သူတို့၏စစ်​ရေး​လေ့ကျင့်ခန်းများသည် သာမန်စစ်တပ်ထက် အဆ​ပေါင်းများစွာ သာ၍ခက်သည်၊ ပြင်းထန်သည်၊ ကျွန်း​ပေါ်မှာ အ​သေထွက် မှ လွဲ၍ တခြားထွက်နည်းမရှိ​ပေ။ သို့ပေတည့် တပ်ဖွဲ့ ၆၈၄၏ ရဲ​ဘော်များသည် ဤဒဏ်များကို ​​ပေတေပြီး ခံသည်၊ ​သေဒဏ်ထက် အသက်ရှင်​နေခြင်းက ပို​ကောင်းသည်မဟုတ်ပါလား။ ​မြောက်ပိုင်း​ခေါင်း​ဆောင်ကို သတ်နိုင်က ကိုရီးယားနိုင်ငံ​ပေါင်းစည်း​ရေးမှာ အ​ရေးပါဆုံး သမိုင်းဝင်စစ်သည်များဖြစ်လာမည်၊ စည်းစိမ်ချမ်းသာ ခံစားရမည်၊ လူတန်း​စေ့ပြန်​နေနိုင်မည်မဟုတ်ပါလား။ သို့​သော် လူ့သ​ဘောလူ့မ​နောသည် ဆန်းကြယ်သလို ဒီလိုလူ့သ​ဘော အ​ပေါ် မူတည်​နေသည့် နိုင်ငံ​ရေးဆိုသည်မှာ ပို၍ တွက်ဆရခက်သည်။ ၁၉၆၈နှစ်က နီးရာဓါးဆွဲ ​သေနတ်ကိုင်ဆွဲ၍ စစ်​သွေးကြွချင်​နေသည့် နိုင်ငံ့​ခေါင်း​ဆောင်များသည် ၁၉၇၁ အ​ရောက်မှာ​တော့ စားပွဲဝိုင်းဖွဲ့ငြိမ်းချမ်း​ရေး​ဆွေး​နွေးချင်သူများ ဖြစ်သွားကြပြီ။ အမိန့်အာဏာသည် လုပ်ပိုင်ခွင့်ရှိသူတို့၏ နှုတ်ဖျားတွင်တည်၍ ​အောက်​ခြေကလူများအ​ပေါ်တွင် ​အ​ကောင်းအဆိုးသက်​ရောက်သည်။ အနုနည်းဖြင့်​ဖြေရှင်းချင်သည့် အထက်လူကြီးများအတွက် အကြမ်းနည်းသုံးရန် လျှို့ဝှက်ဖွဲ့စည်းထားသည့် အထူးတပ်ဖွဲ့ ၆၈၄​သည် မျက်စိစပါး​မွေးစူးသလိုဖြစ်သည်၊ နိုင်ငံတကာသိလျှင် သူတို့၏ငြိမ်းချမ်း​ရေးအိပ်မက် ပျက်စီးသွားမှာ သိပ်စိုးရွံ့သည်၊ ထို့​ကြောင့် တပ်ဖွဲ့ ၆၈၄ကို နှုတ်ပိတ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ ​မျှော်လင့်ချက်​တွေ တနင့်တပိုးထားခဲ့တဲ့ဘဝက သဲတစ်မှုန်​လောက်မှ တန်ဖိုးမရှိ​တဲ့ဘဝက သိပ်နာကျင်ရသည်၊ ရှင်လျက်နဲ့ ​သေစာရင်းကို အလိုလိုမှတ်ခံလိုက်ရသလိုဖြစ်သည်။ တပ်ဖွဲ့ ၆၈၄အတွက်လည်း ထို့အတူခံစားရသည်။ တိုင်းပြည်ငြိမ်းချမ်း​​ရေးအတွက် အားကိုးရာ ဟူ​သော ဘဝမှသည် ​သေဒဏ်ကျအကျဉ်းသားဘဝသို့ ပြန်​ရောက်သွားသည်။ မိမိရဲ့နိုင်ငံ​တော်က မိမိကိုစွန့်ပစ်လိုက်ပြီ။ တပ်ဖွဲ့ ၆၈၄ အဖို့ ​ပေါက်သည့်နဖူး မထူး​တော့ပြီ၊ တပ်ဖွဲ့ ၆၈၄ တို့ မိုက်လုံးကြီးပြရ​တော့မည်။ ဘယ်​လောက်ထိ လုပ်ပြနိုင်မလဲဆိုတာ​တော့ ဘုရားသခင်သာ အသိဆုံးဖြစ်သည်။ ၁၉၆၈ မှ ၁၉၇၁ အထိ ၃နှစ်ကြာရှိခဲ့​သော တပ်ဖွဲ့ ၆၈၄အ​ကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားခြင်းဖြစ်ပြီး ဆု​ပေါင်း၈ဆုအထိ ရထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ IMDb 7.1အထိ ရရှိထားပြီး သရုပ်​ဆောင်များမှာလည်း လက်ရှိမှာ ဒိတ်ဒိတ်ကြဲ​အောင်မြင်​နေသည့် ဇာတ်ပို့မင်းသားကြီးများနဲ့ ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ လူလူချင်းစာနာသနားမှု၊ အမိန့်နဲ့ လူ့ကျင့်ဝတ်ကြားက မျဉ်းပါးလေးတစ်​ကြောင်း၊ စစ်သား​ကောင်းတို့ရဲ့ သူရဲသတ္တိနဲ့ ရဲ​ဘော်ရဲဖက် စိတ်ဓါတ်တို့ကိုပီပြင်​အောင် ရိုက်ပြသထားသည့် ဒီစစ်ကားကို စစ်ကားမဟုတ်​သော စစ်ကားလို့ပဲ ​ခေါ်လို့ရနိုင်မယ်ထင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Action, Drama Quality….WEB-DL 1080p and 720p File size…1.9GB and 980MB and 324MB Format…mp4 Duration….2h 15min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Horror • Mystery • Thriller
7 2003 135 mins
Silmido
Velvet Buzzsaw
5.4

ဒီသရဲကားကတော့ ထူးထူးခြားခြား ပန်းချီကားနဲ့ ဇာတ်အိမ်တည်ထားတယ်.... တခြား horror တွေလို Jump Scare တွေနဲ့ ထိတ်လန့်အောင်လုပ်တဲ့ကားမျိုးတော့မဟုတ်ဘူး...သို့ပေမယ့် ပန်းချီကားတစ်ချပ်ရဲ့ ဖြစ်တည်ပုံကို ပရိတ်သတ်ကို အသေအချာလေးချပြပြီးမှ ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုပါ တစ်ဆက်ထဲပြသွားတာမို့  ကြည့်ရှုတဲ့သူက တစ်စိမ်စိမ့် စိတ်လှုပ်ရှားပြီး ထိပ်လန့်မိတာမျိုး ..... ကြောက်ကလည်းကြောက် ဘာဆက်ဖြစ်ဦးမလဲဆိုတဲ့ စူးစမ်းချင်စိတ်ကလည်းထိန်းမရဆိုတဲ့ ဇတ်ကားမျိုးလို့ဆိုရင်လည်းမမှားပါဘူး.. ဒီကားထဲက အဓိကမင်းသားဖြစ်တဲ့ Jake Gyllenhaal ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်... သူကတော့ ပန်းချီလောကမှာဆို သိပ်ကိုအောင်မြင်တဲ့ Reviewer တစ်ယောက်ပါ..သူညွှန်းဆိုတဲ့ ပန်းချီကားဟေ့ဆိုရင် အရမ်းကိုအောင်မြင်ဖို့ရာနှုန်းပြည့်ပါပဲ... ဒါပေမယ့် သူ့ရဲ့ ရိုးရှင်းတဲ့ဘဝကို ဆန်းပြားလွန်းတဲ့ ပန်းချီကားတစ်ချပ်ရောက်လာချိန်မှာတော့... ကိုင်း horror ကားကြိုက်တဲ့ပရိတ်သတ်တို့ရေ... ပန်းချီကားက ဘယ်လိုပန်းချီကားမို့လဲ... ဘယ်လိုကံကြမ္မာဆိုးတွေနဲ့အတူ ပန်းချီကားနဲ့ ပါလာမလဲ... ဘယ်လောက် လူတွေအသက်ဆုံးရှုံးကြရလဲ... ကိုင်းခံစားကြည့်လိုက်ဦးဗျို့...... တစ်ခုပြောချင်တာက ကားသစ်ထဲက horror ကားကောင်းတစ်ကားပေါ်ထွက်လာတယ်လို့ပြောရင် လည်း မမှားဘူးထင်တယ်....

Drama • History • Romance
5.4 2019 113 mins
Velvet Buzzsaw
Lunch Box
5.9

2004 Lunch Box အချစ်ကလွဲပြီး ဘာမှ မမြင်နိုင်တဲ့ မိန်းမသားတစ်ယောက်… သူမှသူပဲ ချစ်မိပြီးရင် အရာရာကို ပေးဆပ်တတ်တဲ့ မိန်းမသားတစ်ယောက်… ကိုယ်ချစ်တဲ့ ယောင်္ကျားတစ်ယောက်အတွက် မနက်တိုင်း ထမင်းဗူး ပြင်ပေးရင် ပျော်ရွှင်နေတတ်တဲ့ သူမ… တနေ့ သူမ ချစ်ရတဲ့ ယောက်ျားက လမ်းခွဲစကားပြောပြီးမကြာခင် လက်ထပ်‌တော့မယ့် အကြောင်းသိသွားသောအခါ… သာမာန်အတွဲတွေလို ဝုန်းဒိုင်းကြဲပြီး ပြသာနာရှာမလား❓ ဆက်ချစ်နေအုံးမှာလား❓ အဖြေကတော့ ပရိသတ်ကြီး မှန်းထားတာနဲ့ တော့ ကွာနေမှာ အသေအချာပါပဲ ဇာတ်လမ်းဆန်းတဲ့ကားလေးမို့ ကြည့်ဖြစ်အောင် ကြည့်သင့်ပါတယ် File Size__(550MB) Quality__DVDRip IMDb Rating__5/10 Format__mp4 Duration__01:05:00 Type__Adult Subtitle__Myanmar Subtitle (Hardsub) Translated by Dark Group Encoded by Dark Devil

Adventure • Animation • Comedy • Family
5.9 2004 65 mins
Lunch Box
From Me to You (or) Kimi ni Todoke
6.9

From Me to You (or) Kimi ni Todoke (2010) =============================== IMDb Rating – 6.9/10 Anime fan လေးတွေအကြိုက် Kimi ni Todoke ကိုမှ ၂၀၁၀ တုန်းက ထွက်ရှိခဲ့တဲ့ Live action movie အဟောင်း လေး ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။ Sawako Kuronuma (Mikako Tabe)ဟာ ဆံပင်ရှည်ကြီးအမြဲချ ထားပြီး ရှက်ကြောက်တတ်တဲ့အပြုအမူတွေကြောင့် ၁၉ ၉၈ တုန်းကထွက်ခဲ့တဲ့ ဂျပန်သရဲကား ‘Ring’ ထဲက သရဲမ “Sadako” နဲ့ တူတာမို့ ငယ်ငယ်ကတည်းက အတန်းဖော် တွေရဲ့ အရှောင်ကြဉ်ခံခဲ့ရပါတယ်။ အထက်တန်းကျောင်းမှာလည်း လူတိုင်းရဲ့ ကြောက်ရွံ့မှုကို ခံနေရပေမဲ့ အတန်းထဲက လူချစ်လူခင်များတဲ့ နာမည်ကြီး ကောင်လေးတစ်ယောက် Shota Kazehay‌a (Haruma Miura)ကတော့ သူများတွေနဲ့မတူဘဲ Sawako ကို အမြဲ ဂရုစိုက်ကြင်နာပေးပါတယ်။ အဲလိုနဲ့ Kazehay‌a ကြောင့် Sawako မှာ သူငယ်ချင်းတွေရလာပြီး သူမ အမြဲတောင့် တခဲ့ရတဲ့ ကျောင်းသားဘဝလေးရလာတဲ့အခါ သူတို့ သူငယ် ချင်းနှစ်ယောက် တဖြည်းဖြည်းကြီးထွားလာတဲ့ ကိုယ်စီ ခံစားချက်တွေကို အချင်းချင်းသိအောင် အရောက်ပို့နိုင် ကြမလားအဆင့် တက်သွားကြမလား ဆိုတာ…ကြည့်ရှု ရမှာပါ။ လူငယ်တွေရဲ့ friendship တွေ စိတ်ခံစားချက် တွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ ဒါရိုက်တာ Naoto Kumazawa ရဲ့ masterpiece လေး… ဇာတ်အိမ်ခိုင်တဲ့ ဒီဇာတ်ကားလေးကို ကြည့်ဖို့ recommend ပေးလိုက် ပါတယ်။ ကား‌ဟောင်းလေးဆိုပေမဲ့ 2009 တုန်းကထွက်ခဲ့တဲ့ original anime အပြီး ၂၀၁၀ မှာထွက်ခဲ့တာဆိုတော့ မူမပျက် ဇာတ် လမ်းကောင်းလေးကို စီးရီးအနေနဲ့မဟုတ်ဘဲ တစ်ကားတည်း အပြီးပြန်ကြည့်ချင်သူတွေအတွက် ကွက်တိဖြစ်မှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khaing Khin ဖြစ်ပါတယ်) File Size……….(2.32 GB) / (905 MB) / (532 MB) Quality…………WEB-DL 1080p / 720p / 480p Duration………2Hr 08Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Khaing Khin Encoder……….Zin Phyo Aung

6.9 2010 128 mins
From Me to You (or) Kimi ni Todoke
Jigsaw Saw 8
6.1

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Jigsaw (2017) ရုပ်ရှင်ဟာ နာမည်ကျော် Saw ရုပ်ရှင် Franchise ရဲ့ ၈ကားမြောက် ရုပ်ရှင်ဖြစ်ပါတယ်။ သေဆုံးသွားပြီလို့ အားလုံးကထင်ထားကြတဲ့ ကွင်းဆက်လူသတ်သမား Jigsaw က ဆယ်စုနှစ်တစ်ခုအကြာမှာ ပြန်လည်ပေါ်ထွက်လာပြီး သူ့ရဲ့ထုံးစံအတိုင်း လူတွေကို ညှင်းပန်းနှိပ်စက် အပြစ်ဝန်ခံခိုင်းပြီး ရက်ရက်စက်စက် သတ်ပါတော့တယ်။ဒီတစ်ခါမှာလဲ Jigsaw က ဘယ်လိုတွေ ဖမ်းဆီးသတ်ဖြတ်ပြမှာလဲ၊သူ့ကိုရော ဘယ်လိုအမိဖမ်းကြဦးမလဲဆိုတာတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားကြပါ။Budget အနေနဲ့ ဒေါ်လာ ၁၀ သန်းသာအသုံးပြုခဲ့ပေမယ့် ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိခဲ့တဲ့ကားဖြစ်သလို သွေးထွက်သံယိုအခန်းတွေ အရမ်းများတာကြောင့် မြန်မာနိုင်ငံမှာတောင် ရုံတင်ခွင့်ပိတ်ပင်ခဲ့ရတဲ့ ကားတစ်ကားဖြစ်ပါတယ်။Saw franchise ရဲ့နောက်ဆုံးကားဖြစ်သလို ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် Horror ကြိုက်တဲ့ပရိသတ်တွေ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။

Animation • Action • Science Fiction • Adventure
6.1 2017
Jigsaw Saw 8
Bad Lands
6.2

Bad Land (2023) ရုပ်ရှင်ကားဟာ ဒီတလောကမှ ထွက်ရှိထားတဲ့ ဂျပန် Crime Thriller ရုပ်ရှင်ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဂျပန်တွေက သိတဲ့အတိုင်း တစ်ခုခုဆို ခံစားချက်ပြင်းပြင်းနဲ့ ရိုက်ပြ တတ်တဲ့သူတွေဖို့ ဒီလိုဇာတ်ကားတွေက အရမ်းကြည့်ကောင်းနေမှာ အသေအချာပါပဲ။ ဇာတ်လမ်းကျောရိုးလေးကတော့ Neri နဲ့ Jo တို့ အမေတူအဖေကွဲ မောင်နှမ ၂ ယောက်ရဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ Neri ဟာ လက်ရှိ အချိန်မှာ အိုဆာကာမြို့က အသက်ကြီးသူတွေကို ပစ်မှတ်ထားလိမ်လည်တဲ့ လူလိမ်ဂိုဏ်းတစ်ခုမှာ အလုပ်လုပ်နေပြီး သူ့မောင် ဖြစ်တဲ့ Jo ကတော့ ထောင်ကထွက်လာတာ မကြာသေးပါဘူး။ အစ်မဖြစ်သူက မောင်ဖြစ်သူကို သူ့အလုပ်ထဲ ဆွဲခေါ်ရင်း ဘယ်လိုပြဿနာတွေ ရင်ဆိုင်ရမလဲ ဘယ်လို ကံကြမ္မာမျိုး ဒီမောင်နှမ ၂ ယောက် ရင်ဆိုင်ရမလဲ။ ဒီလိုအခြေအနေတွေ ဖြစ်လာစေဖို့ အတိတ်က ဘယ်လိုဖြစ်ရပ်တွေ ရှိခဲ့ကြလဲ ၂ ယောက်သား စတာတွေကို ၂ နာရီကျော်ကြာပေမဲ့ ခဏလေးလို့ ခံစားစေရလောက်အောင် ကောင်းတဲ့ဇာတ်ကားထဲမှာ ကြည့်ရှုရမှာ ဖြစ်လို့ Japan ကားကြိုက်သူတွေ crime ကောင်းကောင်းကြိုက်သူတွေ လုံးဝကြည့်သင့်တဲ့ ဇာတ်ကားလေး တစ်ကားဖြစ်ပါတယ်ခင်ဗျ။ File size…2.00 GB / 1.02 GB Quality…NF WEB-DL 1080p / 720p Format…mp4 Duration….2h 23m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

6.2 2023
Bad Lands
The Night They Came Home

The Night They Came Home (2024) (function(f,b,n,j,x,e){})(); အခုတစ်ခါမှာတော့ အမေရိကရဲ့ OG ဇာတ်လမ်းလေးတစ်ပုဒ်ရောက်ရှိလို့လာပါပြီ။ ဒီ “The Night They Came Home” ဆိုတဲ့ ဇာတ်လမ်းကို ၁၉ ရာစုအချိန် ဒေသခံအမေရိကန်တွေဖြစ်တဲ့ ရက်ဒ်အင်းဒီးယန်းတွေရယ် ယနေ့ခေတ်အမေရိကန်တွေဖြစ်ကြတဲ့ လူဖြူတိုင်းရင်းသားတို့ရယ် မြေပုံပေါ် နယ်နိမိတ်ချင်းလုနေကြတဲ့အချိန်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်အပေါ် အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ အားလုံးလည်း သိကြမယ့် မင်းသားကြီး Danny Trejo ပါဝင်ထားပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ရူးဖတ်စ်ဘတ်ခ်ဆိုတဲ့ အင်းဒီးယန်းကပြားလေးတစ်ယောက်ဟာ ငယ်စဉ်အရွယ် မိဘတွေမတရားသတ်ဖြတ်ခံလိုက်ရကတည်းက လူဖြူတွေကိုမကျေနိုင်ဖြစ်နေခဲ့တာပါ။ အဲဒီအချိန်အခါက အင်္ဂလိပ်တွေက ကိုလိုနီချဲ့ထွင်ပြီးတဲ့အချိန်ဖြစ်တဲ့အတွက် အမေရိကတိုက်မှာပါ ခရစ်ယာန်သာသနာစာသင်ကျောင်းတွေရှိလာခဲ့ပါတယ်။ ငယ်စဉ်အရွယ်ဘဝဇာတ်ကြောင်း ခါးသီးလွန်းလှတာကတစ်ကြောင်း၊ အင်းဒီးယန်းခရစ်ယာန်စာသင်‌ကျောင်းတွေရဲ့ ကွဲပြားခြားနားလှတဲ့ပို့ချမှုတွေကတစ်ကြောင်း နှစ်ခုပေါင်းသွားတဲ့အခါမှာ ရူးဖတ်စ်ဟာ လူမျိုးရေးအစွန်းရောက်သွားပြီး သူမကျေမလည်ဖြစ်နေခဲ့တဲ့ လူဖြူတွေကိုသတ်ဖို့ကြံရွယ်လာတဲ့အထိဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ရူးဖတ်စ်တစ်ယောက်အရွယ်ရောက်တဲ့အချိန် သူ့ရဲ့လူမျိုး အင်းဒီးယန်းတစ်ယောက်ကြိုးပေးခံလိုက်ရတာကို မျက်မြင်ကိုယ်တွေ့ဖြစ်သွားခဲ့တဲ့အချိန်မှာမှ တကယ်စိတ်ရိုင်းဝင်သွားပြီး လူဖြူဆိုရင်ကို သတ်ရ ဖြတ်ရ ညှင်းပန်းနှိပ်စက်ရမှ ကျေနပ်နိုင်တဲ့အထိဖြစ်သွားပါတယ်။ ဒီလိုလမ်းလွဲသွားတဲ့ ရူးဖတ်စ်ဟာ သူ့နဲ့ရွယ်တူ လူငယ်ပိုင်းတွေကိုစုပြီး အင်းဒီးယန်းဒေသတစ်ဝိုက် တွေ့သမျှ လူဖြူမှန်သမျှကို သတ်ဖို့ဖြတ်ဖို့ မုဒိန်းကျင့်ဖို့ဖြစ်လာပါတော့တယ်။ ရူးဖတ်စ်နဲ့ သူ့ရဲ့အပေါင်းအပါတွေ အင်းဒီးယန်းနယ်စပ်တစ်လျှောက် ဘယ်လိုဂြိုဟ်ဆိုးတွေမွှေခဲ့ကြသလဲ၊ နောက်ဆုံးမှာ ဘယ်လိုအဆုံးသတ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ သုတရသမျိုးစုံနဲ့ တွေ့မြင်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 865MB Quality – 1080p, 720p Format – mp4 Duration – 1H 45Min Genre – Western Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

0 2024 105 mins
The Night They Came Home
Lola

ခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ “Lola” ဆိုတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် ဒီထဲမှာ မိဘနဲ့ သားသမီးကြား နားလည်မှုတွေ စိတ်ဒဏ်ရာတွေ၊ လူငယ်တွေကြားက ချစ်ခြင်းမေတ္တာ၊ကူညီရိုင်းပင်းမှုတွေနဲ့ လောကဓံရဲ့ ရိုက်ခတ်မှုတွေ၊ အခက်ခဲတွေနဲ့ ကြုံလာတဲ့အခါ ဆုံးဖြတ်ချက်က အရေးပါပုံတွေကို ခေတ်ဆန်ဆန်လေးနဲ့ မပျင်းရအောင် ရိုက်ကူးပြသပေးထားတာဖြစ်လို့ ခုပဲ ခံစားကြည့်ရှုလိုက်ရအောင်နော် မင်းသမီးလေးရဲ့ နာမည်ကတော့ ရုပ်ရှင်ရဲ့ခေါင်းစဉ်ဖြစ်တဲ့ Lolaပါ… Lolaကတော့ ‘ယောက်ျားလေးဖြစ်ပေမယ့် သူ့အစ်မလို မိန်းကလေးဖြစ်ချင်နေတဲ့ မောင်လေးဖြစ်သူ Arlo’ ကို မငြိုငြင်ချစ်ပေး မောင်လေးစိတ်ချမ်းသာအောင် ခေတ်လူငယ်ပီပီ supporting အပြည့်ပေးတဲ့အစ်မတစ်ယောက်ပေါ့.. ဒါပေမဲ့ အမေဖြစ်သူက‌‌ေတာ့ lolaလိုမဟုတ်ဘဲ ဘာသာရေးလည်းအယူသီးပြီး သားဖြစ်သူအဲ့လိုဖြစ်နေတာကို ရွံစရာလို့ ခံယူကာ lolaကိုပါ အပြစ်သားတစ်ယောက်လိုဆက်ဆံနေတဲ့အခါမှာ‌ေတာ့ သူတို့ရဲ့မိသားစုဘဝဟာ toxicဆန်နေပါတော့တယ် အဲ့လို Toxic ဖြစ်နေတဲ့ မိသားစုကနေ မောင်လေးကို ကယ်ထုတ်နိုင်ဖို့အတွက် အလုပ်ကြိုးစားပိုက်ဆံတွေစုရင်း lolaတစ်‌ယောက် ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ သူတို့မောင်နှမနှစ်ယောက် ဒီလို toxic family ကနေ ရုန်းထွက်နိုင်သွားမလား ကျရှုံးသွားမလားဆိုတာကတော့…. File size…(1.6 GB)/(714 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe

0 2024
Lola
Followers
5.5

Social media influencer တစ်ယောက်ဖြစ်တဲ့ ဟယ်သာဟာ သူမရဲ့​Daily Life ကို​အမြဲတမ်းမျှဝေလေ့ရှိသူပါ တစ်နေ့မှာ​တော့​ဟယ်သာ ဆမ်နဲ့ရိုင်လေတို့သူငယ်ချင်း သုံးယောက်ဟာ Hiking ထွက်လာခဲ့ပါတယ်. မရောက်ဖူးမသွားဖူးတဲ့နေရာကို သွားကြရင်း မျှော်လင့်မထားတဲ့ အန္တရာယ်ဆိုးကြီးကိုကြုံတွေ့ ခဲ့ကြရပြီး ကံကောင်းစွာနဲ့ လွတ်မြောက်လာခဲ့ကြပါတယ်.. ဒီလိုနဲ့တစ်နှစ်ခွဲလောက်ကြာတော့ သူတို့ရဲ့ဖြစ်ရပ်မှန် Documentary ကို​influencer ဖြစ်သူဟယ်သာက တင်လိုက်ချိန်မှာတော့ပေါက်​သွားပြီး​ဟယ်သာ့မှာလည်း follower တွေတိုးလာပါတော့တယ် မဆုံဖြစ်တာကြာတဲ့ ဟယ်သာတို့ သူငယ်ချင်းသုံးယောက်​ပြန်ဆုံကြဖို့အတွက် ဟယ်သာကသူ့ကောင်လေးရဲ့မိဘတွေအိမ်မှာ အတူပြန်ဆုံ ကြဖို့ချိန်းရင်း သူတို့သုံးယောက်ပြန်ဆုံဖို့ဖြစ်လာပါတော့တယ် သူတို့မသိတာက ဟယ်သာ့ရဲ့ influencer အလုပ်က သူတို့အပေါ်ဘယ်လိုသက်ရောက်နေလဲဆိုတာကိုပါ သူတို့ရဲ့ပြန်လည်တွေ့ဆုံမှုမှာ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကိုတော့…….. File size…1.55GB / 676MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 5m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

5.5 2024 73 mins
Followers
Abducted by My Teacher: The Elizabeth Thomas Story
5.8

ဒီကားလေးကတော့ ကလေးတွေအတွက်ပညာပေးကားတစ်ကားလို့ပြောရမလား လူတိုင်းကြည့်သင့်တဲ့ဇာတ်လမ်းတစ်ခုလို့ပြောရမလားပါပဲ ဇာတ်လမ်းလေးကတော့ မဖြစ်သင့်တာတွေမဖြစ်ရအောင်ကြိုတင်ကာကွယ်ရမဲ့ဟာတွေ ကလေးတစ်ယောက်အတွက် မိသားစုဆိုတာ ဘယ်လောက်အရေးပါလည်းဆိုတာတွေကိုဖော်ပြထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းလေးအကျဉ်းချုပ်ပြောရရင်တော့ အသက်၁၅နှစ်အရွယ်ကျောင်းသူလေးနဲ့ အသက်၅၀ကျော်ဆရာတို့ မေတ္တာလွန်ပြီး မဖြစ်သင့်တာတွေဖြစ်တဲ့ဇာတ်လမ်းလေးပေါ့ မေတ္တာလွန်တယ်ဆိုတာထက် ရွံစရာလို့ပြောရမလားပါပဲ အဲလစ်ဇဘက်ဆိုတဲ့မိန်းကလေးက မိသားစုထဲမှာ ၁၅နှစ်တည်းနဲ့ အရွယ်နဲ့မလိုက်အောင်ကို မသားစုအခြေနေကြောင့်ရင့်ကျက်နေသူတစ်ယောက်ပါ သူ့ဘဝလေးက အဖေနဲ့ညီအစ်မတွေရှိနေပေမဲ့ အဖေဖြသ်သူကအလုပ်ကြောင့်မအား ညီအစ်မဖြစ်သူတွေကလည်းတစ်ယောက်တစ်မျိုးဆိုတော့ သူကိုယ်တိုင်ကပဲ အဖေမရှိရင် မိသားစုကိုကြည့်ရတာပါ အဲဒါကြောင့်ပဲ သူ့မှာစကားပြောဖော်မရှိ ရင်ဖွင့်ဖော်မရှိဖြစ်နေရာက ကျောင်းအသစ်မှာ ဆရာတစ်ယောက်ဖြစ်သူနဲ့တွေ့ပါတော့တယ် စစချင်းမှာတော့အင်မတန်သဘောကောင်းပြီး ကာကွယ်သယောင်လုပ်ပေးခဲ့လို့သူယုံခဲ့ရတယ် ဆရာက အချိန်ကြာလာတာနဲ့အမျှပြောင်းလဲလာပြီး သူနဲ့ချစ်ကျွမ်းဝင်သလိုတွေဖြသ်လာပါတော့တယ် ဒီလိုနဲ့ကျောင်းထဲမှာပဲမဖြစ်သင့်တာတွေဖြစ်ရာကနေ အမြင်မတော်လို့ကျောင်းသူတစ်ယောက်ကရဲတိုင်ပါတော့တယ် အဲဒါကြောင့်ပဲ ကလေးမဖြစ်သူကိုဆရာဖြစ်သူကပြန်ပေးဆွဲပြီး ဒုက္ခပေါင်းစုံနဲ့သူနဲ့တူတူနေခိုင်းခဲ့ပါတယ် အဲ့လိုတွေကြောင့် သူ့ခံစားခဲ့ရတဲ့ဒဏ်ရာတွေကရောပျောက်ကင်းနိုင်ပါ့မလား ပြန်ပေးဆွဲခံရာကနေရောဘယ်လိုတွေကြောင့်လွတ်မြောက်သွားမလဲဆိုတာတွေအပြင် လူ့လောက လူ့သ‌ဘာဝကိုသေချာဖော်ပြပေးထားလို့ အေးအေးဆေးဆေးလေးကြည့်လို့ကောင်းမဲ့ရုပ်ရှင်လေးဖြစ်ပါတယ် File size…(1.4 GB)/(630 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:01:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M.Minhtike

5.8 2023
Abducted by My Teacher: The Elizabeth Thomas Story
Girlfriends
5.8

Girlfriends (2009) ******************* လက်ရှိရည်းစားရဲ့ Side Chick လေးတွေနဲ့ ညီအစ်မလိုဖြစ်နေတဲ့သူလေးတွေ ရှိကြလား .. ယောက်ျားတစ်ယောက်အပေါ် အကြိုက်ချင်းတူတဲ့ မိန်းကလေး ၃ယောက်ဟာ သူတိုချင်း ရင်းနှီးသွားတဲ့အခါ ရည်းစားကိုတောင် သတိမရတော့ဘဲ အချင်းချင်း အရမ်းချစ်ခင်သွားကြတဲ့ အကြောင်းကို 2009 ခုနှစ်မှာ ထွက်ခဲ့တဲ့ Girlfriends ဆိုတဲ့ ဇာတ်ကားလေးမှာ သရုပ်ဖော်ထားရိုက်ကူးထားတာဖြစ်ပါတယ် … ဇာတ်လမ်းအကျဉ်းလေးကတော့ ************************ အသက် ၂၉ နှစ် အရွယ် ဆုန်းရီက လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဂျင်းဟိုနဲ့ မထင်မှတ်ဘဲ တွဲဖို့ဖြစ်လာတာကနေ စခဲ့တာပဲဖြစ်ပါတယ်။ ရည်းစားဖြစ်တဲ့ ဂျင်းဟိုက အခြားမိန်းမတစ်ယောက်နဲ့ ဖောက်ပြန်နေတယ်ထင်ပြီး အဲဒီမိန်းကလေးနဲ့ တွေ့ဖို့ ချိန်းခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဆုန်းရီထင်ခဲ့သလို တစ်ယောက်တည်း မဟုတ်ဘဲ နောက်ထပ်တစ်ယောက်ပါ ရှိနေတာကိုသိသွားခဲ့ပါတယ်။ ယောက်ျားတစ်ယောက်တည်းကိုပဲ ချစ်နေတဲ့ မိန်းကလေး ၃ ယောက်ရဲ့ ဆက်ဆံရေးက ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာ ဒီကားလေးမှာ ကြည့်ရှုခံစားကြည့်ပါဦးနော် .. (အညွှန်းကို Estel မှ ရေးသားထားပါတယ်) File size…2.41GB / 956MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 54 min. Genre ….. Comedy, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by Estel Encoded by AHtet

5.8 2009 114 mins
Girlfriends
Aiden

အိမ်တွင်းအကြမ်းဖက်မှု သားကောင်ဖြစ်ခဲ့တဲ့ အေဒန်ဟာ မိမိရဲ့လွတ်လပ်မှုနဲ့ ခံစားချက်တွေကို ပြန်လည်ရှာဖွေဖို့ စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးကို လာရောက်တိုင်ပင် ဆွေးနွေးခဲ့တယ်။ ဆရာဝန် အကြံပေးတဲ့ စိတ်ကျန်းမာရေးကုသမှု ပရိုဂရမ် ကတော့ ရှင်းပါတယ်။ တောရွာအိမ်ငယ်လေးတစ်လုံးမှာ တစ်ပတ်လောက် ထမင်းမစား၊ ဘယ်သူနဲ့မှ စကားမပြောဘဲ ကိုယ့်ရဲ့ခံစားချက်တွေကို ပြန်ရှာဖို့ပါ။ ဒါပေမဲ့ ဒီပရိုဂရမ်အတိုင်း လိုက်နေစဉ်မှာပဲ အေဒန်ဟာ အိပ်မက်လား လက်တွေ့လား ဝေခွဲမရတဲ့ ဖြစ်ရပ်တွေ ကြုံလာခဲ့ပြီး ထူးဆန်းတဲ့အရာတွေ တစ်ခုခုပြီး ဖြစ်လာခဲ့တဲ့ အခါမှာ အကြမ်းဖက်ခံခဲ့ရတဲ့ အေဒန်ရဲ့စိတ်ကပဲ သံသယ လွန်ကဲနေတာလား ဒါမှမဟုတ် အိမ်အပြင်မှာ တကယ်ပဲ တစ်ခုခုရှိနေသလား…. ဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size… (1.82GB) / (850MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 14m Genre ….. Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

Drama • Comedy
0 2024 73 mins
Aiden
Primal Rage
5

အတိတ်က အပြစ်ကြွေးတစ်ခုကြောင့် ထောင်ဒဏ်ကျခံနေရသူ မက်စ်ကို ကိုယ်တိုင်သွားကြိုခဲ့တဲ့ ဇနီးဖြစ်သူ အက်ရှလေရဲ့ ဇာတ်ဝင်ခန်းနဲ့ ဒီဇာတ်လမ်းကို စဖွင့်ထားပါတယ်။ သူ့ရဲ့မျက်ကွယ်မှာ အရွယ်ရောက်ပြီး ကျောင်းတက်စပြုနေတဲ့သားဖြစ်သူကို ပြန်တွေ့ဖို့ မက်စ်နဲ့ အက်ရှလေတို့ဟာ အမေရိကန်အရှေ့မြောက်ပိုင်းက တောအုပ်ကို ဖြတ်သန်းပြီးဖောက်လုပ်ထားတဲ့လမ်းကတစ်ဆင့် ပြန်လာခဲ့ပါတယ်။ ဓာတ်ဆီဆိုင်အရောက်မှာပဲ ဆီဖြည့်အနားယူနေရင်းက တောအုပ်ထဲကို အမဲလိုက်ခရီးထွက်မယ့် မုဆိုးတစ်သိုက်နဲ့ ထိပ်တိုက်တွေ့ခဲ့ပေမယ့် အချင်းများမယ့်ရန်ကနေ ရှောင်လွှဲနိုင်ခဲ့ပါတယ်။ ထိုနေရာတစ်ဝိုက်မှာပဲ လူပျောက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် နယ်ခံရဲမှူးကြီးကိုယ်တိုင် လိုက်လံစုံစမ်းနေရတဲ့အချိန်လည်း ဖြစ်ပါတယ်။ နှင်းလူရဲ့လက်ချက်ဖြစ်ကြောင်း တဖွဖွပြောနေတဲ့ ဓာတ်ဆီဆိုင်စာရေးရဲ့စကားကို ရူးနှမ်းပေါကြောင်တဲ့စကားအဖြစ်သာ ယူဆနေခဲ့ပါတယ်။ မက်စ်နဲ့အက်ရှလေတို့ ခရီးပြန်ဆက်ပြီးတဲ့နောက် မကြာခင်မှာပဲ ဝတ်လစ်စလစ်နဲ့ လူတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိခဲ့ပါတယ်။ ထိုလူရဲ့ဒဏ်ရာတွေက သူတို့ကားနဲ့တိုက်တာနဲ့တင် ဒီလောက်မဆိုးရွားနိုင်မှန်း သိသာနေတာကြောင့် အက်ရှလေက ရဲကို ဖုန်းဆက်ဖို့ပြောပြခဲ့ပါတယ်။ ထောင်ကနေ ပူပူနွေးနွေးလွတ်လာတဲ့ မက်စ်အနေနဲ့ကတော့ ပြဿနာကို ရှောင်ရှားဖို့ ဖြောင့်ဖြခဲ့ပေမယ့် တောအုပ်ထဲကနေ လှမ်းပစ်လိုက်တဲ့ ခဲလုံးစာမိပြီး တောင်စောင်းကနေတစ်ဆင့် ရေစီးမြန်တဲ့ချောင်းထဲကို ပြုတ်ကျခဲ့ပါတယ်။ ရေစီးထဲကို မေ့ပြီးမျောပါသွားတဲ့ မက်စ်နောက်ကို အက်ရှလေက မဆိုင်းမတွဘဲ ခုန်ဆင်းလိုက်ပါ ကယ်ဆယ်ခဲ့ပါတယ်။ အက်ရှလေ ခေါ်ဆိုထားတဲ့ ၉၁၁ ကောလ်ကြောင့် အခင်းဖြစ်ရာကို ရောက်လာတဲ့ ရဲမှူးကြီးဟာ လူစိမ်းကိုလည်း မတွေ့ရ၊ ဖုန်းခေါ်ထားတဲ့ အက်ရှလေတို့ရဲ့ကားကိုသာ တောင်စောင်းအောက်မှာ တွေ့ခဲ့ရပါတယ်။ ပါကင်ဂီယာထိုးထားတဲ့ကားကိုတောင်စောင်းအောက်ရောက်အောင်ပို့ဖို့ဆိုတာ အရမ်းအားသန်တဲ့လူတစ်ယောက် တွန်းမှသာ ဖြစ်နိုင်ခြေရှိကြောင်း သိသွားတဲ့အချိန်မှာတော့ ဒေသခံအမေရိကန်တွေဖြစ်တဲ့ ရက်ဒ်အင်ဒီးယန်းတို့ရဲ့ ဒဏ္ဍာရီဖြစ်တဲ့ အို-မာ (ခေါ်) နှင်းလူရဲ့အကြောင်းကို လစ်လျူရှုထားလို့မရတဲ့ အခြေအနေရောက်လာခဲ့ပါတယ်။ ရေစီးထဲ မျောပါသွားတဲ့ မက်စ်နဲ့အက်ရှလေ၊ အို-မာရဲ့အကြောင်းကို စုံစမ်းမယ့် ရဲမှူးကြီးနဲ့ တောအုပ်ထဲကို အမဲလိုက်သွားကြတဲ့ တောသားမုဆိုးတစ်သိုက်တို့ရဲ့ ကံကြမ္မာတွေ ဘယ်လိုဆက်နွယ်နေမလဲဆိုတာကို ဆက်လက်ရှုစားနိုင်ဖို့ CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ File size… 1.9 GB, 863 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 46m Genre ….. Horror, Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Action • Crime
5 2018 106 mins
Primal Rage