YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Accidentally Meow On You E13 CM.mp4

232.78 MB 720p video/mp4 37 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Raana

ကလေးဘ၀ကတည်းက ရဲအရာရှိတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ရာနာဆိုသူရဲ့ စိတ်အားထက်သန်မှုတွေကို အသားပေးရိုက်ကူးထားတဲ့ Raana ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဖခင်ဖြစ်သူရဲဲ့ နောက်ဆုံးဆန္ဒ တဖြစ်လည်း အမေနဲ့ သူငယ်ချင်းတွေရဲ့ ပံ့ပိုးမှုနဲ့အတူ ရဲတစ်ယောက် မဖြစ်ဖြစ်အောင်ကြိုးစားနေတဲ့ ရာနာ တစ်ယောက်........ သူတို့မြို့မှာ ဘယ်သူမှမယှဉ်ရဲလောက်အောင်ကို အင်အားကြီးတဲ့ ကာပါလီဆိုသူ လူမိုက်တစ်ယောက်ကြီးစိုးနေချိန်.............. တစ်ရက်မှာတော့ လူမသိသူမသိ လုပ်ကြံခံလိုက်ရတဲ့အခါ ကာပါလီနဲ့အငြိုးတွေရှိဖူးတဲ့ ရာနာဆီကို သံသယတွေပုံကျလာပါတော့တယ်။ ရာနာဟာ ရဲသင်တန်းဆင်းပြီး တရား၀င်ရဲတစ်ယောက်ဖြစ်ဖို့ အမှုအခင်းကင်းရှင်းအောင် နေနေရတဲ့သူဖြစ်ပြီး ချစ်သူနဲ့နှစ်ယောက်တစ်ဘ၀နေနိုင်ဖို့ကြိုးစားရင်း ဘ၀ကြီးကသာယာအေးချမ်းနေပေမယ့် အခုလိုစွပ်စွဲချက်တွေကြုံလာရတဲ့နောက် တရားခံအဖြစ်ကနေ လွတ်မြောက်ဖို့အတွက် လူသတ်တရားခံအစစ်ကို ဖော်ထုတ်နိုင်ဖို့ ကြိုးပမ်းရပါတော့တယ်။ 2022 ခုနှစ်ကထွက်ရှိထားပြီး IMDb 8.2 အထိရရှိထားတဲ့ဇာတ်ကားကောင်းဖြစ်တဲ့အတွက် India ဇာတ်ကားကြိုက်သူများဖို့ လက်မလွှတ်သင့်သော ဇာတ်ကားအဖြစ်ညွှန်းဆိုပေးပါရစေ။ File size…1.9GB / 932MB Quality…1080p  WEB DL /720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & Poe

Action • Drama • Science Fiction
0 2022
Raana
Throne of Blood
8

~ IMDb - 8.1/10, Rotten Tomatoes - 96% ~ ကူရိုဆာဝါဟာ သူ့ရဲ့ရုပ်ရှင်သက်တမ်းတစ်လျှောက်မှာ ရှိတ်စပီးယားဝတ္တုတွေကို မှီငြမ်းပြီး ရုပ်ရှင်၃ကားရိုက်ဖူးတယ်။ Macbeth ကို မှီငြမ်းပြီး Throne of Blood (1957) ကို ရိုက်ခဲ့၊ Hamlet ကို မှီငြမ်းပြီး The Bad Sleep Well (1960) ကို ရိုက်ခဲ့သလို King Lear ကို မှီငြမ်းပြီး Ran (1985) တို့ကို ရိုက်ကူးခဲ့ဖူးတယ်။ ဇာတ်လမ်းကျောရိုးကို ယူပြီး ဂျပန်ရဲ့ ရေခံမြေခံမှာ ပြန်အသက်သွင်းလိုက်တာတွေပါပဲ။ ဒဲ့ကြီးတော့မဟုတ်ဘဲ ပြင်သင့်တာပြင် ရိုက်ထားတယ်။ ဒါပေမဲ့ သူပြင်ရိုက်ပုံတွေကတော့ တော်တော်လေးပြည့်စုံသလိုတော့ ခံစားရတယ်။ ဆန်းတော့လည်းမဆန်းလှပါဘူး။ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲကိုး။ တကယ်ဆို ကူရိုဆာဝါက ရှိတ်စပီးယားရဲ့ မက္ကဘတ်ကို ရိုက်ချင်နေတာကြာပြီ။ Rashomon (1950) ကို ရိုက်ပြီးတဲ့နောက် ရိုက်ဖို့ လုပ်ခဲ့ပေမဲ့ အော်ဆန်ဝဲလ်ကလည်း ရိုက်ထားတာသိတော့ ခဏနောက်ဆုတ်လိုက်တယ်။ ၁၉၅၆ရောက်တော့ Throne of Blood, The Hidden Fortress နဲ့ Revenge ကို သူပရိုဂျူဆာလုပ်မယ်လို့ ကြေညာလိုက်ပေမဲ့ အခန့်မသန့်ချင်တော့ သူခန့်ချင်တဲ့ ဒါရိုက်တာတွေက အကြောင်းအမျိုးမျိုးနဲ့မရိုက်ဖြစ်တော့ သူကိုယ်တိုင်ပဲရိုက်လိုက်ရတယ်။ ဒီလိုနဲ့ ခမ်းနားလှတဲ့ Throne of Blood ထွက်လာတာပါပဲ။ Throne of Blood ဟာ မက္ကဘတ်ကိုပဲယူတယ်ဆိုပေမဲ့ Ozymandias ကဗျာအငွေ့လည်း သွင်းထားတယ်လို့ ထင်ရပါတယ်။ "The Most Successful Film Version of Macbeth" လို့လည်း ဝေဖန်ရေးသမားတွေ မှတ်ချက်ပေးခြင်းလည်း ခံခဲ့ရတယ်။ ကူရိုဆာဝါဟာ ဒီဇာတ်ကို အကြောင်းမဲ့ရိုက်ပြခဲ့တာတော့မဟုတ်ဘူး။ သူ့အမြင်မှာ အလယ်ခေတ်ကာလအတွင်း စကော့တလန်နဲ့ ဂျပန်မှာဖြစ်နေတဲ့ လူ့အသိုင်းအဝိုင်းဆိုင်ရာ ပြဿနာတွေဟာ ဆင်တူခဲ့သလို ဒီပြဿနာတွေက ဒီနေ့ခေတ်အတွက် သင်ခန်းစာပေးစရာတွေရှိနေတယ်လို့ သူယုံခဲ့တယ်။ ဒါကြောင့်လည်း သူ ဒီရုပ်ရှင်ကို ထွက်လာစေချင်ခဲ့တယ်။ နောက်ဆုံး သူပဲရိုက်ခဲ့တယ်။ သရုပ်ဆောင်တွေအနေနဲ့တော့ သူကားပေါင်းများစွာမှာ ထည့်သုံးနေကျဖြစ်တဲ့ ဂျပန်ရဲ့ ဂန္ထဝင်မင်းသားတွေဖြစ်သွားကြတဲ့ Toshiro Mifune, Takashi Shimura တို့ကို သုံးထားတယ်။ Throne of Blood ဟာ နောက်ပိုင်း ဒါရိုက်တာတွေ Homage ခဏခဏပေးခံရတဲ့ ဂျပန်ဂန္ထဝင်ကားလည်းဖြစ်လာခဲ့တယ်။ အန်နမဲဆရာတစ်ပါးဖြစ်တဲ့ စတိုရှိခွန်ရဲ့ Millennium Actress မှာဆို သိသိသာသာကိုမြင်နိုင်ပါတယ်။ ဇာတ်ကတော့ မက္ကဘတ်ဇာတ်ဆိုတော့ တော်တော်များများသိပြီးသား ဇာတ်လမ်းပါပဲ။ ဆုဇုခိဆိုတဲ့ ပင့်ကူအိမ်ရဲတိုက်ကို အုပ်ချုပ်တဲ့ စစ်နယ်ရှင်အရှင်တစ်ပါးမှာ ပထမကနေ ပဥ္စမအထိ ခံတပ် ငါးခုနဲ့ မြောက်ပိုင်းနယ်စပ်က မြို့စောင့်ခံတပ်တစ်ခုရှိတယ်။ မြောက်ပိုင်းခံတပ်က ဖူဂျိမခိက တစ်ဖက်ရန်သူအရှင်နဲ့ပေါင်းပြီး ပုန်ကန်တော့ ပဥ္စမနဲ့ စတုတ္ထခံတပ်တွေ ကျိုးပေါက်သွားတယ်။ တတိယခံတပ်လည်း အခြေအနေမကောင်းဘူး။ ဒီမှာပထမနဲ့ ဒုတိယခံတပ်က စစ်သူကြီးတွေဖြစ်တဲ့ ဝါရှိဇုနဲ့ မိခိတို့က အသည်းအသန်တိုက်ပြီး တိုက်ပွဲကို သူတို့ဘက်က အရေးသာအောင်လုပ်ပေးခဲ့တယ်။ ဒီလိုနဲ့တိုက်ပွဲအောင်သွားတော့ အရှင်က သူတို့ကို မြောက်စားဖို့ အခေါ်လွှတ်လိုက်တယ်။ ပင့်ကူအိမ်ရဲတိုက်ကို မရောက်ခင် ဝင်္ကပါလိုရှုပ်ထွေးနေတဲ့ ပင့်ကူအိမ်တောထဲမှာ သူတို့လမ်းပျောက်သွားကြတယ်။ ဒီလိုနဲ့ ပင့်ကူအိမ်တောက တစ္ဆေကြီးနဲ့တွေ့တယ်။ အဲဒီတစ္ဆေက ဝါရှိဇုကို ပထမခံတပ်ရဲ့စစ်သူကြီးကနေ မြောက်ပိုင်းခံတပ်ရဲ့စစ်သူကြီးဖြစ်လာပြီး သိပ်မကြာခင် ပင့်ကူအိမ်ရဲတိုက်ရဲ့အရှင်ပါဖြစ်လာမယ်လို့ပြောလိုက်တယ်။ မက္ကဘတ်ထဲဆိုရင်တော့ စုန်းမ၃ကောင်ပေါ့။ မိခိကိုတော့ ပထမခံတပ်ရဲ့စစ်သူကြီးဖြစ်လာပြီး သူ့သားကတော့ ပင့်ကူအိမ်ရဲတိုက်ရဲ့အရှင်ဖြစ်လာမယ်လို့ ပြောလိုက်တယ်။ တကယ်မြင်တာလား။ သူတို့ဆန္ဒတွေကိုလှည့်စားလိုက်တာလားမသိပေမဲ့ သူတို့တွေ ဒွိဟစိတ်တွေပေါ်လာကြတယ်။ ဒီလိုနဲ့ တစ္ဆေပြောတဲ့ ရာထူးတွေ မြောက်စားခံရတော့ ဝါရှိဇုရဲ့မိန်းမက ဒီကိစ္စကို အရှင်သိသွားရင် ဒီတိုင်းထားမှာမဟုတ်တာရော မိခိကို မယုံတာရော သူ့ယောက်ျားကို ကြီးကျယ်စေချင်တာရောပေါင်းပြီး အရှင့်ကိုသတ်ပြီး ပင့်ကူအိမ်ရဲတိုက်ရဲ့ အရှင်ဖြစ်အောင်လုပ်ဖို့တိုက်တွန်းတယ်။ ဝါရှိဇုဟာ စစချင်းတော့ တွေဝေနေပေမဲ့ အခြေအနေကလည်းပေးနေ ဆန္ဒကလည်းရှိနေ မိန်းမစကားကိုလည်း နားဝင်နေတဲ့အခါ သူ့အရှင်ကိုသတ်ချလိုက်တယ်။ ဒီကစပြီး ထီးရေးနန်းရေးအရှုပ်အထွေးတွေဖြစ်လာတယ်။‌ ဒီဇာတ်ကိုမှ ကူရိုဆာဝါစတိုင်နဲ့ ဂျပန်အငွေ့အသက်နဲ့ မြင်ရမှာပါ။ ရှိတ်စပီးယားဇာတ်ကို ပြန်ရိုက်ထားတယ်ဆိုပေမဲ့ သူပြန်ရိုက်ထားတဲ့ကားတွေဟာ သူ့နည်းသူ့ဟန် သူ့အလှနဲ့သူ လှပနေတာကို မျက်ဝါးထင်ထင်မြင်ကြရမှာပါပဲ။ သေချာတာတော့ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲဆိုတာကို ဘယ်သူမှငြင်းဆိုနိုင်မယ်မထင်ဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 840MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 1H 50Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime
8 1957 108 mins
Throne of Blood
Iris Warriors
5.2

ဘာဆိုဘာမှ လုပ်ပေးဖို့စိတ်ကူးမရှိတဲ့ လူကောင်းပါဆိုတဲ့ ပုဂ္ဂိုလ်တွေကြောင့်ပဲ ဆိုးယုတ်ခြင်းက အောင်လံလွှင့်ထူနိုင်တာပါပဲလေ။ ကောင်းမွန်သန့်စင်ခြင်းအလင်းရောင်က လောကကို အလှဆင်ရုံနဲ့ တာဝန်ကျေပြီလား။ စေတန်နတ်ဆိုးကတော့ အမှောင်ကမ္ဘာမှာ သူ့တာဝန်ကို သူကျေတယ်။ မဆုတ်မနစ် ကြိုးစား၊ စဉ်ဆက်မပြတ်အားထုတ်၊ ကောက်ကျစ်ခြင်းအပြုံးရဲ့ အမှုန်တွေ လေထုထဲကို အဆိပ်ခတ်လို့ သူယုံကြည်ရာသူ့လမ်းကြောင်းကို တည်ဆောက်နေလေရဲ့။ လှပသွားတဲ့လောကကြီးကို ထိုင်ကြည့်ပြီး တာဝန်ကျေပါတယ်ဆိုတဲ့ အထာနဲ့ ပြုံးပြုံးကြီးထိုင်ကြည့်နေတဲ့ လူကောင်းကြီး‌တွေ။ ကာကွယ်သူမဲ့နေတဲ့ မြေကမ္ဘာကို သိမ်းပိုက် အမှောင်တိုက်လိုသူတွေကတော့ စက္ကန့်မလပ်အားထုတ်ရင်း ပန်းတိုင်ဆီကို ဖြည်းဖြည်းမှန်မှန် ဝေ့ဝဲပျံသန်းလာနေတုန်း။ အရွယ်မတိုင်ခင်မှည့်တဲ့ ပန်းသီးကိုစားပြီး ကိုယ်ကျင့်တရားလက်ဖက်တစ်ရိုးနဲ့ ကိုယ့်ကိုယ်ကိုယ် မျက်နှာလုပ်ကြသူတွေကတော့ လေးစားခံဘဝမှာ ယစ်မူးသာယာရင်း တာဝန်တွေမေ့၊ သေနေ့စေ့မှ " မတရားဘူး " ကုန်းအော်ကြတယ်။ ပင်လယ်ပြာတဝှမ်း ရေခမ်းရင်တော့ အသိတရား ရလောက်ရဲ့။ အစွန်းနှစ်ဖက်ဟာ သိပ်ဝေးကွာသလိုလိုနဲ့ သူ့ရဲ့အထိအတွေ့ကို ကျောဖက်မှာ ရှတတခံစားရတာမျိုး။ အမုန်းတရားနဲ့ အဆုံးထိသွားမယ်ဟန်ပြင်မှ နှလုံးသားတောင့်မှာ မသိလိုက်ဘဲ ဖုန်တက်နေတဲ့ မောင်မင်းကြီးသားထရှုပ်လို့ မျက်ရည်ပေါက်ပေါက်ကျရတာကလည်း မြေကြီးကိုလက်နဲ့ပုတ်လို့ လက်သာကျိုးသွားမယ့်အဖြစ်ပဲပေါ့။ ရင်ကဖြစ်လို့ ရင်နှစ်သည်းချာဆိုမလား။ ရန်သူလို ရန်ငြိုးထား ကျောင်းတော်က ရန်စလို ကမ္ဘာပြိုတဲ့အထိ အမုန်းတွေ မအိုတာလည်း ကြုံဖူးကြမယ်ထင်ပါရဲ့။ ဒီဇာတ်လမ်းက မဆန်းပါဘူးဗျာ။ မြေတိုက်တစ်ခန်းမှာ ကလေးတသိုက်နဲ့ အထိန်းတော်တစ်ယောက် ဗုံးမိုး ခိုနေကြတဲ့ တစ်ခန်းစာပါပဲ။ ကိုယ်တိုင်ကြောက်တာထက် ကိုယ်ကြောက်နေတာကို သိသွားမှာ ပိုကြောက်ရတဲ့အဖြစ်က မှိုဟင်းစားရင်း ငရုတ်သီးစပ်တဲ့အဖြစ်ပဲဗျ။ အမူအယာကိုဖုံးဖိရင်း တဂျိမ်းဂျိမ်းကျနေတဲ့ ဗုံးသီးတွေအောက်မှာ မတစ်ထောင်သားသမီးတွေကို ပုံပြင်ဖတ်ပြရနေရတဲ့ အပျိုရည်တောင် မပျက်လောက်သေးတဲ့ ကောင်မလေးက ရဲရင့်တယ်ခေါ်မလား။ ကြံရာမရ ကောက်ရိုးတစ်မျှင်ဆွဲတယ် ခေါ်မလား။ ပုံပြင်ဆိုတော့ ပုံကို လိုအပ်သလို ပြင်ထားတာဖြစ်မှာပေါ့။ အကောင်းနဲ့အဆိုး တိုက်ခိုက်ကြတဲ့အခါ အကောင်းကပဲ နိုင်လေသတည်းတဲ့။ စာအုပ်ထဲကထွက်လာတဲ့ မှော်ပရိုဂျက်တာမှာ မှော်ဆန်တဲ့ ကကွက်တွေ ပုံဖော်၊ အံ့မခန်းတဲ့ နောက်ခံဂီတကတော့ အဖန်တရာ ဖန်အပ်သော ဝါဂွမ်းကို အဖန်တရာစစ်အပ်သော ဆီထဲနှစ်သကဲ့သို့ပေါ့။ ဘဲလေးအကကြိုက်သူ‌တွေကတော့ ရတနာပုံဆိုက်တာပဲဗျာ။ ပုံပြင်လေးကို ဘဲလေးအကနဲ့ သရုပ်ဖော်သွားတာမြင်တော့ ရာမဇာတ်တော်ကြီးကိုတောင် သတိရမိသေး။ ရောင်စဉ်ခုနှစ်သွယ်ကို ပုံဖော်ကြတဲ့ ရောင်စဉ်ခုနှစ်မျိုး မိတ်ကပ်မျက်နှာလှလှ‌လေးတွေ၊ ‌အမှောင်သခင်မရဲ့ မဟူရာဆန်တဲ့အလှနဲ့ကျက်သရေတွေက ဒီဇာတ်ကားရဲ့အနှစ်သာရပေါ့။ ဇာတ်ကားနာမည်လေးက "ရောင်စဉ်ခုနှစ်ဖော် စစ်သည်တော်" ပါတဲ့... (ဇာတ်ကားအညွှန်းကို Arr Khun Winchester မှ ရေးသားပေးထားပါတယ်) Size - 1.53GB, 720MB, 330MB Quality - WEBrip 1080p, 720p, 480p Duration - 1Hr 20mins Subtitles - Myanmar Hardsub Format - MP4 Genre - Family, Fantasy, Musical Translated by Arr Khun Winchester Encoded by Y

Action • Fantasy • Romance
5.2 2022 107 mins
Iris Warriors
I Used to Be Famous
6.7

I Used to Be Famous (2022) (1080p ရပါပြီ) ဗင့်စ်ဆိုတဲ့ ဂီတသမားတစ်ယောက်ဟာတော့ တစ်ခေတ်တစ်ခါက လူသိများခဲ့တဲ့ ဂီတအဖွဲ့တစ်ခုရဲ့ ခေါင်းတောင်အဆိုရှင်ဖြစ်ခဲ့ပါတယ်။ လောကဓံ‌အကြောင်းကြောင်းကြောင့် ဂီတလောကထဲကနေ ထွက်ခွါခဲ့ရပြီး နှစ်ပေါင်းများစွာ သာမန်လူအဖြစ်ကျင်လည်ခဲ့ရတဲ့ ဗင့်စ်တစ်ယောက် စတီဗီဆိုတဲ့ စိတ်ဝေဒနာရှင်လူငယ်လေးနဲ့ ဆုံတွေ့ဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ ဒရမ်ကို သိပ်ရူးသွပ်ပြီး ပါရမီပါတဲ့ စတီဗီက ဗင့်စ်အပေါ် ခင်တွယ်လာခဲ့ပြီး သူတို့အတူတူ ဂီတလမ်းကြောင်းပေါ် ပြန်လျှောက်ဖို့ ကြိုးစားကြပါတော့တယ်။ ဂီတအပေါ်ရူးသွပ်မှုကလည်းတစ်ဖက် လူကြောက်တတ်တဲ့ စိတ်ဝေ‌ဒနာရှင်လူငယ်လေး စတီဗီကို ဗင့်စ်က ဘယ်လိုပြောင်းလဲပေးနိုင်မလဲ? သူတို့အတူ ဘယ်လိုကြိုးစားလျှောက်လှမ်းကြမလဲ? ဆိုတာကိုတော့ သီချင်းငြိမ့်ငြိမ့်လေးတွေနဲ့ သိပ်ကောင်းတဲ့ ဒီဇာတ်ကားလေးမှာ ဆက်ပြီး ခံစားကြည့်ရှုလိုက်ကြစို့နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Reum ပါ။) File Size : 1.8GB, 743MB, 380MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 44mins Genre : Comedy, Drama, Music Translated by Reum Encoded by Kinnov

Drama
6.7 2022 104 mins
I Used to Be Famous
Wolf Creek
6.5

Wolf Creek ========== ဒီဇာတ်ကားဟာ ၁၉၉၉ ခုနှစ် ဩစတြေးလျနိုင်ငံမှာဖြစ်ခဲ့တဲ့ တကယ့်အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံမှာဆိုရင် နှစ်စဉ်လူပျောက်တိုင်ကြားမှု ၃သောင်းလောက်ရှိတတ်ပါတယ်။ ကိုးဆယ်ရာခိုင်နှုန်းသော လူတွေကိုတော့ ပြန်တွေ့ပေမယ့် တချို့တွေကိုတော့ သတင်းအစအနတောင် ပြန်မရခဲ့ကြဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါကို အခြေတည်ပြီးတော့ ပျောက်ဆုံးသွားတဲ့သူတွေက ဘယ်လိုတွေပျောက်ဆုံးခဲ့လဲဆိုတာကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာကြောင့် horror/thriller ကြိုက်သူတွေ အနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဘန်၊ ခရစ်စတီ နဲ့ လစ်ဇီ ဆိုတဲ့ သူငယ်ချင်းသုံးယောက်ဟာ လူသူအရောက်အပေါက်နည်းတဲ့ ဥက္ခာခဲကျရောက်ခဲ့တဲ့နေရာကို အပျော်ခရီးအနေနဲ့ လာခဲ့ကြပါတယ်။ အလာမှာ ချောချောချူချူ ရောက်ခဲ့ကြပေမယ့် ပြန်ဖို့ပြင်တဲ့အချိန်မှာ ကားစက်နှိုးလို့မရဖြစ်နေခဲ့ပါတယ်။ သူတို့တွေလည်း အဲဒီညကို ကားပေါ်တင်အိပ်ပြီး ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် ကံကောင်းထောက်မစွာနဲ့ ကုန်တင်ကားတစ်စီးက သူတို့နားကို ကူညီဖို့ ရောက်လာခဲ့ပါတယ်။ သူတို့ ဘေးကင်းပြီလို့ ထင်ခဲ့ကြပေမယ့် သူတို့ဆီကို မထင်မှတ်ထားတဲ့ ဘေးအန္တရာယ်တစ်ခု ရောက်လာခဲ့တဲ့အခါ ဘယ်သူတွေကလွတ်မြောက်သွားကြမလဲ အကုန်လုံးကရော လွတ်မြောက်နိုင်ပါ့မလား ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size : ( 3.76 GB ) and ( 1.26 GB) Quality : BluRay 1080p , 720p Running Time : 1hr 39min Format : Mp4 Genre : Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Jaka Encoded by Min Wai

Action • Adventure • Science Fiction
6.5 2005 104 mins
Wolf Creek
Semret

ဇာတ်လမ်းအကျဉ်း ဆမ်မရစ်ဆိုတာကတော့ ဆယ်ကျော်သက်အရွယ်သမီးဖြစ်သူအတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့ အဲရစ်ထရီယာလူမျိုး Single Mom တစ်ယောက်ပဲဖြစ်တယ်။ အခုကတော့ Zurich မှာရှိတဲ့ ဆေးရုံတစ်ရုံမှာ အလုပ်လုပ်နေရင်း သားဖွားတစ်ယောက်ဖြစ်ချင်နေတဲ့ သူပေါ့။ သမီးရဲ့နာမည်က ဂျူလီ။ အဖေဖြစ်သူက သဘာဝဘေးရှောင်ရင်း ရေနစ်သေဆုံးသွားတယ်လို့ ပြောထားခဲ့ပေမဲ့ သမီးဖြစ်တဲ့ ဂျူလီက ယုံကြည်မယ်လို့ ထင်ပါသလား။ သမီးဖြစ်သူကို အပေါင်းအသင်းတွေတောင်မထားခိုင်းဘဲ ချုပ်ချုယ်ချစ်နဲ့ ချစ်နေတဲ့ အချစ်မျိုးရဲ့နောက်ကွယ်မှာ ဘာအကြောင်းပြချက်တွေရှိမလဲ။ ဒါပေမဲ့ တစ်ရက် ဆမ်မရစ်က ဆေးရုံမှာ မှားယွင်းစွပ်စွဲခံခဲ့ရတယ်။ အဲမှာ သူချစ်ရတဲ့အရာအားလုံးကို ကာကွယ်ဖို့အတွက် သူ့အနေနဲ့ သူ့အခွင့်အရေးအတွက် တိုက်ခိုက်ရမယ်ဆိုတာကို သူသဘောပေါက်သွားခဲ့တယ်။ အဲဒါတွေနဲ့အတူ သူ့ရဲ့အတိတ်ကြောင်းကရော ဘာဖြစ်မလဲ။ File size…(1.1 GB)/(612 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moshimoshi

0 2022
Semret
Looper
7.4

IMDb Rating (7.4) / Rotten Tomatoes (93%) မင်းသားကြီး Bruce Willis , Joseph Gordon-Levitt နဲ့ မင်းသမီး Emily Blunt တို့ ဦးဆောင်ပါဝင်တဲ့ ရုပ်ရှင်ကားကြီးပါ။ Time Travel နဲ့ပတ်သက်တဲ့ကားတစ်ကားဖြစ်ပါတယ်။ 2044 မှာ အခြေတည်တယ်။ ဇာတ်လမ်းကတော့ အဲဒီအချိန်မှာ Time machine ဆိုတာ မပေါ်သေးပေမဲ့ နောက်နှစ် (၃၀) ကြာတဲ့အခါ ပေါ်ပြီတဲ့။ Future (2070) တွေမှာ Time machine ပေါ်လာပေမဲ့ ချက်ချင်းပဲ တရားမဝင်ဆိုပြီး ပိတ်ပင်ကြတယ်။ အဲဒီ့အတွက် လူဆိုးဂိုဏ်းအကြီးကြီးတွေက လျှို့ဝှက်သုံးတယ်။ အဲဒီ့ခေတ်မှာ လူတစ်ယောက်ကို သတ်ပြီး အစဖျောက်ဖို့ မလွယ်တဲ့အတွက် သူတို့တွေ သတ်ချင်တဲ့လူတွေကို ဖမ်း၊ ကြိုးတုပ်ပြီး ဒီနေ့ခေတ် (၂၀၄၄) က သတ်မှတ်နေရာတစ်ခု (ဥပမာ ပြောင်းခင်းဘေး) ကို ပို့လိုက်တယ်။ အဲဒါကိုမှ Looper ဆိုတဲ့ကောင်တွေက အဲဒီနေရာတွေမှာစောင့်နေပြီး ပေါ်လာတဲ့ကောင်ကို ပစ်သတ်၊ အစဖျောက်ပစ်တယ်။ နောက် သူတို့နဲ့ထည့်ပေးလိုက်တဲ့ ငွေပြား ရွှေပြားတွေကို payment အဖြစ်ယူတယ်။ Future ကလည်း အဲဒီလိုလုပ်နေရင်းနဲ့ သူတို့နဲ့ အလုပ်လုပ်နေတဲ့ looper တွေနဲ့ စာရင်းဖြောက်ချင်၊ စာချုပ်ဖျက်ချင်တဲ့အခါ အဲဒီ Looper ရဲ့ အအို version ဖြစ်တဲ့ (၂၀၇၀)က ကောင်ကို သူ့အငယ် version (၂၀၄၄) ဆီပြန်ပို့ပြီး သတ်ပစ်တတ်ပါတယ်။ တစ်ရက်မှာ ဒီလိုပဲ ဇာတ်လိုက်ရဲ့ အငယ် version (Josef Gordon Levitt) တစ်ယောက် အကြီးကောင် (Bruce Willis) ကိုပြန်သတ်ဖို့ ဖြစ်လာတဲ့အခါမှာတော့ ဒီလို ပုံမှန် assassination မဟုတ်တော့ဘဲ future က ပြဿနာတွေပါ လိုက်ရှင်းရပါတယ်။ … Review နာမည်နဲ့လိုက်အောင် Loop ပတ်နေတဲ့ ဇာတ်လမ်းပါပဲ။ ဇာတ်လမ်းကို စဉ်းစားကြည့်ရင် ပုံမှန်ဆို အစမရှိ အဆုံးမရှိ လုံးဝ ပတ်လည်ရိုက်နေတဲ့ပုံပါပဲ။ ဇာတ်လမ်းက စလာတည်းက ကြမ်းတာ။ Idea ကိုတော်တော်သဘောကျပါတယ်။ ဥပမာ အကြီးကောင်ကို လိုချင်လို့ အငယ်ကောင်ကို နှိပ်စက်တာ အကြီးကောင်မှာလည်း effect တွေသွားဖြစ်တာဆို တော်တော်ကြီး ကြမ်းတယ်။ အဲဒီလို awesomeness တွေ ကြည့်ပြီး တစ်ဝက်ကျော်လောက်မှာတော့ ပျင်းဖို့ကောင်းသွားတယ်။ ဇာတ်ကွက်အချို့ကိုလည်း မှန်းလို့ရတယ်။ အရမ်းကြီး ရှုပ်တဲ့ time travel stuff တွေ မသုံးဘဲ လုပ်ထားတော့ ကြည့်ရတာ အရမ်းကြီး ရှုပ်မနေသလို အရမ်းကြီးလည်း mind blown မဖြစ်ဘူး။ Visual effect တွေ သိပ်မပါပေမဲ့ တစ်ချို့အခန်းတွေက ဆွဲထားမှန်း အရမ်းသိသာတယ်။ နောက်ဆုံး တစ်ကောင်တည်း ပွဲကြမ်းတဲ့အခန်းက ကြည့်လည်းကောင်းသလို လွယ်လွန်းအားကြီးသလိုပဲ။ မင်းသား Josef Gordon-Levitt က ဒီကားမှာ Bruce Willis နဲ့တူအောင် နှုတ်ခမ်းတွေ မေးရိုးတွေကို ပြင်ထားတယ်။ ကျွန်တော့အတွက်တော့ နှစ်ယောက်သား အဲလောက်ကြီး တူမှာမတူမှာကို ဂရုစိုက်ဖြစ်ဘဲ ပြင်ထားတဲ့အတွက် JGL ရဲ့ မျက်နှာက ထူးဆန်းပြီးတစ်ချက်တစ်ချက် မမှတ်မိတော့လောက်အောင် ရုပ်ဆိုးတယ်လို့ပဲ ထင်မိတယ်။ သရုပ်ဆောင်တာကိုလည်း သွားထိတယ်။ Bruce Willis ကြီးက တော်တော်မိုက်တယ်။ ကိုယ့် အငယ် version ကို တွေ့တော့ မင်းဘာသိလို့လည်း ငတုံး ဆိုပြီး ဖြစ်နေတာ badass ဖြစ်နေတာ သဘောကျတယ်။ Looper က အချိန်နှစ်ခုကြားက လူတစ်ယောက်တည်းအကြောင်းကို ရိုက်ထားတာပါ။ ရိုက်ထားတဲ့ ပုံစံ တင်ပြထားတဲ့ပုံစံကို သဘောကျတယ်။ ကြည့်ဖူးသမျှကားတွေထဲမှာ တော်တော်မိုက်တဲ့ကားပါ။ သို့ပေမဲ့ အရမ်းကောင်းတဲ့ လွန်အားကြီးတယ်ဆိုတဲ့ထဲတော့ မပါပါဘူး။ Sci-fi ကောင်းကောင်း ကြည့်ချင်တဲ့လူတွေ အတွက်ပါ။ … (ရုပ်ရှင်အညွှန်းကိုတော့ DatShin Facebook Page မှ ကူးယူဖော်ပြပါသည်)

7.4 2012 118 mins
Looper
The Terminator
8.1

ကဗျာဆရာတစ်ယောက်ရေးတဲ့ အလွမ်းက‌ဗျာတွေက သူကိုယ်တိုင်အသည်းကွဲဖူးမှ ပိုကောင်းသတဲ့။ ဒါရိုက်တာတစ်ယောက် ဇာတ်ကားရိုက်မယ်ဆိုရင်ရော ဘယ်လိုဖြစ်မှ ဇာတ်လမ်းတွေ ပိုကောင်းမလဲ။ ဂြိုဟ်စိမ်းစိမ်းကြီးပေါ်က ဂြိုဟ်သားပြာပြာတွေအကြောင်း ရိုက်ခဲ့သူ၊ တိုက်တန်းနစ်သင်္ဘောကြီး ဘယ်လိုနစ်သွားသလဲ ရိုက်ပြခဲ့သူ ဂျိမ်းစ် ကန်မရွန်း ကတော့ ဟောဒီ Terminator ဇာတ်ကားကြီးကို သူ့ရဲ့ အဖျားအိပ်မက် ကယောက်ကယက်ကနေ စိတ်ကူးရခဲ့ပြီး ထုတ်ဝေသူဆီ အိုင်ဒီယာရောင်းစားခဲ့သူပါ။ သူကိုယ်တိုင် ရိုက်ကူးရမှဖြစ်မယ်ဆိုတဲ့ သဘောတူညီမှုလည်း ပါတာပေါ့။ ဘာပဲဖြစ်ဖြစ် သူ့အိပ်မက်ကနေပြီး ကျွန်တော်တို့ကလေးဘဝရဲ့ အစိုးမိုးနိုင်ဆုံး ဇာတ်ကားကြီးတစ်ကား ထွက်ပေါ်လာတာပါပဲ။ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတစ်ကားက အခုလို IMDb 8.1 ရခဲ့တာ၊ ခရမ်းချဉ်သီးပုပ် 100 အပြည့်ရခဲ့တာ ဆိုတာတွေက နွေခေါင်ခေါင် မိုးကြိုးပစ်ချတာထက် ပိုရှားပါးတဲ့အဖြစ်ပါပေါ့။ ထင်မှတ်မထားဘဲ Box Office မှာ နှစ်ပတ်တိတိ ထိပ်တန်းဖြစ်ခဲ့တာ၊ ကန်မရွန်း နဲ့ အာနိုး ကို အောင်မြင်ကျော်ကြားသူတွေအဖြစ် တွန်းတင်ပေးခဲ့တာ၊ အမြတ်ငွေ သောက်သောက်လဲရခဲ့တာတွေက ဒီလိုဇာတ်ကားမျိုးအတွက် မမျှော်မှန်းအပ်တဲ့အရာတွေပါပဲ။ ကျောက်ခဲရေပေါ်ခဲ့တဲ့ဇာတ်ကားတစ်ကားလို့ ပြောကြပါစို့။ အမေရိကန် ရုပ်ရှင်သမိုင်းရဲ့ စံပြုထိုက်သော ထိန်းသိမ်းထိုက်သော ဇာတ်ကားအဖြစ် 2008 ခုနှစ်မှာ ရွေးချယ်ခံခဲ့ရပါတယ်။ လူသားတွေကို ကူညီပေးရမယ့် AI ဉာဏ်ရည်တုကွန်ပျူတာတစ်လုံးက သိပ်ကို အသိဉာဏ်တွေ ရှိသွားပြီး လူသားတွေကို သူ့ရဲ့ အန္တရာယ်အဖြစ် သက်မှတ်လိုက်တဲ့အချိန်မှာ လူသား သန်းသုံးထောင် နျူကလီးယားမီးတောက်ကြီးထဲမှာ အသက်ဆုံးရှုံးခဲ့ရတယ်။ ရှင်သန်ကျန်ရစ်သူတွေက မြေအောက်တွေထဲမှာ ကြွက်တွေလိုနေထိုင်ရင်း အသက်ယဲ့ယဲ့ကို ပင်ပင်ပန်းပန်းဆက်လက်ရှင်သန်နေရချိန် အမှောင်လွှမ်းသောနေ့တွေပေါ့။ လူသားတစ်ယောက် ပေါ်ထွန်းလာခဲ့တယ်။ စက်ရုပ်တွေကို အမှိုက်ပုံဖြစ်အောင်လုပ်နိုင်စွမ်းရှိသူ၊ မြေအောက်က လူသားတွေကို မြေပေါ်ကို တစ်ခေါက်ပြန်ခေါ်နိုင်ခဲ့သူ သူရဲကောင်းကြီးဟာ စက်တွေရဲ့ နောက်ဆုံးအခြေစိုက်စခန်းကို တိုက်ခိုက်အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ဝင်စီးနိုင်လိုက်ချိန်မှာ စက်တွေဘက်က သတ်ဖြတ်ရေးမုဆိုးစက်ရုပ်တစ်ရုပ်ကို အတိတ်ကို ပြန်လွှတ်လိုက်ပြီးကာစမှန်း သိလိုက်ရတယ်။ သူ့ရဲ့တာဝန်က လူသားခေါင်းဆောင်ကို ကိုယ်ဝန်လွယ်မွေးမယ့် မိခင်ဖြစ်သူကို ဦးအောင်သတ်ဖြတ်ဖို့။ လူသားခေါင်းဆောင် အတိတ်ကတည်းက မွေးမလာခဲ့အောင်လို့။ ဒီတော့ လူတွေဘက်ကလည်း တစ်ကိုယ်တော်စစ်သည်တစ်ဦးကို လွှတ်လိုက်ရတယ်။ စက်ရုပ်ကို ချေမှုန်းဖို့၊ မိခင်ကို ကာကွယ်ဖို့။ ဒါပေမဲ့ လူသားတစ်ပိုင်းဖြစ်ပြီး သိပ်ကိုမာကြော ခိုင်ခံ့တဲ့ လူသတ်စက်ရုပ်ကြီးကို ဘယ်လိုများတားဆီးမလဲ။ တစ်ခေတ်တစ်ခါက ဂန္တဝင်ဇာတ်ကားကြီးကို CM ရဲ့တင်ဆက်မှုနဲ့ အလွမ်းပြေ ပြန်လည်ကြည့်ရှုကြပါဦးစို့။ File size…(4.4 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre…Action, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arr Khun Winchester

8.1 1984
The Terminator
Branching Out
7.4

Branching Out (2024) ================= Branching out ရုပ်ရှင်ကားလေးဟာဆိုရင် IMDb 7.4 ရရှိထားတဲ့ family type အမျိုးအစားလေးပဲဖြစ်ပါတယ်။ ဆင်ဂယ်အမေတစ်ယောက်ဖြစ်တဲ့ အမ်မလီရာဟာ သမီး လေးကို ဘယ်လိုပျိုးထောင်မယ် သမီး‌လေးရဲ့ ကျောင်းပ ရောဂျက်အတွက် ဖခင်အရင်းကို ဘယ်လိုရှာပုံတော်ဖွင့်မ လဲဆိုတာကို ကြည့်ရမှာပါ။ ဒီဇာတ်ကားလေးမှာ အချစ်၊ ယုံကြည်မှုနဲ့ မိသားစုရဲ့ တကယ့် အဓိပ္ပာယ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကြည်နူးစရာကောင်း ပြီးတော့ မိသားစုနဲ့အတူကြည့်ဖို့သင့်တော်တဲ့ ဇာတ်ကားကောင်း လေး တစ်ပုဒ်ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ချစ်သူတို့ လက်မ လွှတ်ပဲ ကြည့်သင့်တဲ့ ဇာတ်ကားလေးမို့ တင်ဆက်ပေးလိုက်ရ ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KK ဖြစ်ပါတယ်) File Size……….(1.62 GB) / (897 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 52Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Family, Romance Translator…….KK Encoder……….SWM

7.4 2024 84 mins
Branching Out
Gam Gam Ganesha
7

Gam Gam Ganesha (2024)”ဂျင်ပေါ်က ထုံးများ” ===================================== Baby (2023) ရုပ်ရှင်ထဲက အချစ်ကံခေသူ သုံးဘီးဆရာလေး၊ ဗီဂျေးအသေးရဲ့ကလုန်း မင်းသား အာနန်ဒေဗီရာကွန်ဒါရဲ့ IMDb 7.7 ရထားတဲ့ အသစ်ထွက် အက်ရှင်ဟာသရုပ်ရှင်လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဇာတ်လိုက်ကတော့ ဂန်းနစ်ရှ်ဆိုတဲ့ တက်သစ်စ အချိန်ပိုင်း လူငယ်ဖောက်ထွင်းဝိဇ္ဇလေးပါ။ သူဟာ လုပ်ရည်ကိုင်ရည် သေသပ်လွန်းလို့ ဖောက်ထွင်းမှုတစ်ခါလုပ်တိုင်း တစ်ခါလူမိခံနေရတဲ့သူပေါ့။ တစ်နေ့မှာတော့ ဂန်းနစ်ရှ်ဟာ ရွာတစ်ရွာရဲ့ ဘုရားပွဲထဲထဲမှာ ဖောက်ထွင်းမှုကြီးတစ်ခု ကျူးလွန်ဖို့ကြိုးစားနေတုန်းမှာ အဲဒီဘုရားပွဲထဲမှာပဲ ကိစ္စကြီးတစ်ခုလုပ်ဖို့ ကြံစည်နေတဲ့ လက်ရဲဇတ်ရဲအမတ်မင်းတစ်ယောက်ရဲ့ လက်မရွံ့လက်ပါးစေ ရူဒရာဆိုတဲ့ လူမိုက်တစ်ယောက်နဲ့ ထိပ်တိုက်တွေ့ပြီး ငြိကုန်ကြပါတော့တယ်။ ဂန်းနစ်ရှ်က ဘာတွေခိုးဖို့ ကြံစည်နေတာလဲ၊ ရူဒရာကရောဘုရားပွဲထဲမှာ ဘာတွေလုပ်နေတာလဲ၊ ရူဒရာ့လို လက်မရွံ့တစ်ယောက်ကို ဂန်းနစ်ရှ် ဘယ်လိုရင်ဆိုင်မလဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7 2024
Gam Gam Ganesha
Ali G Indahouse

Sacha Baron Cohen၊ Martin Freeman နဲ့ Rhona Mitra တို့အပြင် တခြားနာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ Comedy/ Drama ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ်က ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ အကြံအစည်နဲ့ ရပ်ကွက်ထဲက အလုပ်မရှိအကိုင်မရှိ ရက်ပ်ရွတ်ပြီး အလေလိုက်နေတဲ့ အလီ ဂျီ ကို သူတို့ပါတီရဲ့ ကိုယ်စားလှယ်အနေနဲ့ မြေတောင်မြှောက်ပေးလိုက်ကာ သူ သောက်တလွဲလုပ်တာတွေကို လိုက်မထိန်းဘဲ တမင်လွှတ်ထားလိုက်တဲ့အခါ အလီ ဂျီတစ်ယောက် လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ဘယ်လိုတွေ မွှေမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2002
Ali G Indahouse
[18+] Boss Ma’am

Boss Ma’am (2024) ဗန်းန်ဟာ ကုမ္ပဏီတစ်ခုရဲ့အကြီးတန်းအရောင်းမန်နေဂျာဖြစ်ပြီး သူ့ရုံးမှာ သူကဩဇာအကြီးဆုံးဖြစ်ပါတယ်။ မျက်နှာကြောတင်းသလို၊ တိကျပြတ်သားပြီး စိတ်ထားလည်းမကောင်းတဲ့သူ့ကိုအားလုံးက ဖိန့်ဖိန့်တုန်ကြောက်ရပြီး သူ့ရဲ့အငယ်တန်းတွဲဖက်ကောင်မလေးဖြစ်တဲ့ ချမ်းကတော့ သူ့ဒဏ်ကိုအခံရဆုံးပါပဲ။ ဒါပေမယ့် ဗန်းန်မှာ ဘယ်သူမှမသိတဲ့ အမှောင်စိတ်တစ်ခုရှိပြီး အဲ့ဒါကတော့ ရုံးမှာအားလုံးကိုအမြဲတမ်းနိုင်စားနေရတဲ့သူဟာ လူကွယ်ရာမှာတော့ ကိုကို့ကလေးလေးအဖြစ်ဒဏ်ပေးခံချင်နေတာပါ။ အဲ့ဒီစိတ်ကြောင့်ပဲ ရုံးမှာအဲကွန်းလာပြင်တဲ့ကောင်လေးကို အထာပေးပြီး သူ့ရဲ့မွန်းကျပ်မှုတွေကိုဖြေဖျောက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းကိုအမြဲတမ်းအနိုင်ကျင့်ခံနေရတဲ့ ချမ်းကမြင်သွားပြီး ဗီဒီယိုရိုက်ယူထားသလို အဲ့ဒီဗီဒီယိုကိုအသုံးချပြီး သူ့အပေါ်ခြိမ်းခြောက်အနိုင်ယူလာချိန်မှာတော့..။ တက်တူးတွေနဲ့အရမ်းမိုက်တဲ့ မမကြီး Jenn Rosa ကဆံပင်ပုံစံပြောင်းပြီးထက်မြက်တဲ့ဘောစိမအဖြစ်ဦးဆောင်ပါဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(550 MB) / (290 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:06:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Horror • Thriller
0 2024 65 mins
[18+] Boss Ma’am
Armed
5.5

ယခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ သည်းထိတ် ရင်ဖိုအက်ရှင်ကားလေးပဲဖြစ်ပါတယ်… ဒီကားလေးမှာဆိုရင် စစ်လက်နက်ပစ္စည်းများကို ခိုးယူ ရောင်းချကြမယ့် မရိန်းတပ်သားဟောင်းများ ကြုံကြိုက်ရတဲ့ အလွဲအမှားအကြောင်းကို သည်းထိတ်ရင်ဖိုဖြစ်ဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်.. လူတစ်ယောက်ဟာ တံခါးနီနီကြီးဆီ ရည်ရွယ်ရင်း သေနတ် တစ်လက်နဲ့ ရမ်းသန်းပစ်ခတ်လျက် အခန်းထဲဝင်လာမယ့် သတ္တဝါကြီးကို ထိတ်လန့်ကြောက်ရွံ့ရင်း ဇောချွေးများ အပြိုက်ပြိုက်ကျနေပါတယ်.. ထိုသူရဲ့ အသက်လုံခြုံမှုဟာတော့ ကျည်ရာများ ပွထနေတဲ့ တံခါးရဲ့ လက်ကိုင်မှာကန့်လန့်ခံထားတဲ့ တူတစ်လက် အပေါ်မှာ မူတည်လျက်… ထိုအဖြစ်အပျက်ဟာ စားပွဲဝိုင်းလေးတစ်လုံးပေါ်က ဆွေးနွေးပွဲရဲ့ ရလဒ်ဖြစ်တယ်လို့ဆိုရင် မမှားပါဘူး စစ်တပ်ကြီးတစ်ခုရဲ့ စစ်လက်နက်ပစ္စည်းများဟာ လုံခြုံရေး လျော့ရဲလှတဲ့ အရပ်သားကုန်လှောင်ရုံတစ်ခုဆီကို ထူးထူး ဆန်းဆန်းရွှေ့ပြောင်းမယ်ဆိုတဲ့ သတင်းဟာ မရိန်း တပ်သားဟောင်းများအဖို့ ယုံနိုင်ခဲလှပါတယ်.. သို့သော်လည်း ၎င်းတို့ကို သတင်းပေးလာသူမှာ ကုန်လှောင် ရုံမှာ နှစ်ရှည်အလုပ်လုပ်ခဲ့သူဖြစ်ပြီး ရောင်းချရမယ့် ငွေပမာဏဟာလည်း မက်လောက်စရာဖြစ်တဲ့အတွက် အလုံးစုံယုံကြည်လိုက်ပြီး စစ်လက်နက်ပစ္စည်းများကို ခိုးယူဖို့ အစီအစဉ်ချကြပါတော့တယ်… စစ်တပ်ကြီးတစ်ခုလုံးကို ထောက်ပံ့နိုင်တဲ့ လက်နက်များဟာ သာမန်ဂိတ်စောင့်လုံခြုံရေးတစ်ဦးရဲ့ အစောင့်အရှောက် အောက်မှာ ရှိတဲ့အတွက်ကြောင့် လွယ်လင့်တကူသာ ခိုးယူနိုင်ခဲ့ကြပါတယ်… အစစအရာရာအစီအစဉ်တကျဖြစ်ခဲ့ပြီး လွတ်မြောက် ရာကို ထွက်လာနိုင်ခဲ့တဲ့ မရိန်းတပ်သားဟောင်းများ အဖွဲ့ဟာ အံ့ဩစရာအဖြစ်နဲ့ကြုံကြိုက်ရပါတော့တယ် အဖွဲ့သားတစ်ယောက်ဟာ လက်နက်ပုံးများကို လှန်လှော စစ်ဆေးရင်း စတင်ဂါသေနတ်ပုံးကို ဖွင့်လိုက်တဲ့အခါမှာတော့ လူပုံသဏ္ဌာန်ဆင်တူတဲ့ အရုပ်တစ်ရုပ်ဟာ အခေါင်းထဲက ထလာတဲ့အလောင်းတစ်လောင်းသဖွယ်ထလာရာ ကြောက်လန့်တကြီး သေနတ်နဲ့ ပစ်ခတ်မိပါတော့တယ်.. သို့သော်လည်း ၎င်းအရုပ်ဟာ ဘယ်လိုထိခိုက်မှုမျိုးမှမရှိဘဲ တောတွင်းဝင်ပြေးပြီးတဲ့နောက် မရိန်းတပ်သားအုပ်စုနဲ့ ကျည်မတိုးတဲ့အရုပ်တို့ ရင်ဆိုင်ရမယ့်အဖြစ်ကို ရောက်ရှိ လာတဲ့အခါမှာတော့… ဒီဇာတ်ကားလေးဟာဆိုရင် အက်ရှင်ကားသဘောကျသူ အရုပ်တစ်ရုပ်ရဲ့ခြောက်လှန့်မှုနဲ့ ထိတ်လန့်ဖွယ်ဇာတ်လမ်း ဆင်ထားတဲ့ ရုပ်ရှင်ကားများနှစ်သက်သူတို့အတွက် အာသာပြေ ကြည့်ရှုနိုင်မယ့်ဇာတ်ကားလေးဖြစ်လို့ ရွေးချယ် စရာတစ်ခုအဖြစ် ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ….. File size… (922 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 34m Genre …..Action , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

5.5 2025 90 mins
Armed