YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

About.Joan.2022.1080p.AMZN.WEB-DL.CM.mp4

1.63 GB 1080p video/mp4 55 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Any Given Sunday
6.8

“အိုလာတယ်ဆိုတာ ထန်းလျက်ကို ခွေးလျက်သလိုပဲကွ။အကောင်အထည်လိုက် လျော့သွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းလုံးပါး ပါးသွားတာမျိုး”တဲ့။ ဒီဇာတ်ကားထဲက နည်းပြဒါမားတိုးကလည်း အဲ့စကားနဲ့ ခပ်ဆင်ဆင်စကားမျိုး ပြောဖူးတယ်။ ”အသက်ကြီးလာတာနဲ့အမျှ ဘဝက ငါတို့ပိုင်ဆိုင်ထားသမျှကို ဖြည်းဖြည်းချင်း ယူယူသွားတယ်” တဲ့။ ကျွန်တော်တို့ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကဟိုနားကနာ ဒီနားကနာတာမျိုး၊စိတ်သွားတိုင်း ကိုယ်မပါတော့တာမျိုးတွေ တစ်စတစ်စကြုံလာရတတ်တယ်။ ဒီသဘောတရားတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့ အားကစားသမားတွေအပေါ်မှာဆို ပိုပြီးသက်ရောက်မှုရှိတယ်။ ဒီဇာတ်ကားမှာ ခင်ဗျားဘာတွေမြင်ရမလဲဆိုရင် အသက်အရွယ်ကကိုယ့်ခန္ဓာကိုယ်ကို လှမ်းပြီးစကားပြောလာတဲ့အခါမှာ လက်မခံနိုင်တဲ့၊လက်ခံဖို့ငြင်းဆန်တဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ကို တွေ့ရမယ်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်းအောင်မြင်လာပြီး အောက်ခြေလွတ်သွားတဲ့ တက်သစ်စကစားသမားတစ်ယောက်ကို မြင်ရမယ်။ဒီလူနှစ်ယောက်ကိုဗဟိုပြုပြီး အသင်းထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဲ့တာတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ နည်းပြတစ်ယောက်ကို တွေ့ရမယ်။ ပြောရရင် ဂန္ဓဝင်ကစားသမား ကပ္ပတိန်ရွန်းနီ၊တက်သစ်စ ဝီလီဘီးမန်းနဲ့ နည်းပြဒါမားတိုးတို့ပေါ့။ ဒီရုပ်ရှင်ထဲမှာ သူတို့သုံးယောက်ကို ဗဟိုပြုပြီး ဘောလုံးလောကထဲက ကစားသမားတွေရဲ့ ဘဝတွေ၊အောင်မြင်လာတဲ့အခါ စရိုက်ပျက်မှုတွေ၊သူတို့ရဲ့ အကျဘက်ကိုရောက်လာမှာကို ကြောက်တဲ့ကြောက်ရွံ့မှုတွေ၊အားကစားလောကထဲက ဓနရှင်တွေရဲ့ ခြယ်လှယ်မှုတွေ စသဖြင့် ဘောလုံးလောကကြီးထဲက လူတွေအကြောင်းကို ချပြထားတယ်။ ခပ်ပေါ့ပေါ့အားကစားဇာတ်ကားတွေလဲ နိုင်ခြင်း၊ရှုံးခြင်းကို အဓိကပြထားတာမဟုတ်ဘဲ လူတွေ၊ဘဝတွေကို အဓိကထားပြထားတာမျိုးပေါ့။ အကောင်းဆုံး(အမေရိကန်)ဘောလုံးဇာတ်ကားလို့ ညွှန်းကြတဲ့အပြင် IMDB လဲ 6.9 အထိ ရထားတာမို့ အချိန်ပေးကြည့်ရတာ တန်မယ့်ကားတစ်ကားလို့ပဲ ညွှန်းချင်ပါတယ်။ File size…(2.3 GB)/(2.0 GB)/(1 GB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:38:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Damien

Drama • History • Thriller • War
6.8 1999 162 mins
Any Given Sunday
2025: Blood, White & Blue
4

ဘီလ်ဝေလ်ဆင် ဆိုတဲ့ အေးဂျင့်တစ်ယောက်က သူလျိုလုပ်ပြီး ကာတယ်ခေါင်းဆောင်တစ်ယောက်ကို ဖမ်းဆီးလိုက်ပြီးတဲ့နောက် ဘီလ်ရဲ့ မိသားစုတစ်စုလုံး ပစ်မှတ်အထားခံလိုက်ရတဲ့အကြောင်းကို ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဟုမ်းလမ်းလုံခြုံရေးအဖွဲ့က အခြားစစ်ရေးအဖွဲဲ့တစ်ဖွဲ့နဲ့ပေါင်းပြီး ကာတယ် ဆိုတဲ့ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းရဲ့ ခေါင်းဆောင်ကိုအစီအစဉ် သေချာဆွဲပြီးဖမ်းဖို့လုပ်တယ်၊ အဲမှာ ဘီလ် ဆိုတဲ့ အေးဂျင့်တစ်ယောက်က သူလျိုအနေနဲ့ ကာတယ်တွေနေတဲ့နေရာထဲကိုဝင်ပြီး စီစဉ်ထားတဲ့အတိုင်း လုပ်လိုက်တာ စစ်ဆင်ရေးကြီးအောင်မြင်သွားရော၊ မူးယစ်ဂိုဏ်းဆိုတော့ မူးယစ်ဆေးတွေနဲ့ ပိုက်ဆံတွေအများကြီးသိမ်းစည်းရမိတာပေါ့လေ။ အဲဒီနောက် တစ်ရက်နှစ်ရက်နေတော့ the Purge ဆိုတဲ့ ဥပဒေမဲ့သတ်ဖြတ်ခွင့် ရှိတဲ့ညကိုရောက်လာရော၊ ဘီလ် ကတော့ သူ့အိမ်ကို ခြံစည်းရိုးတွေဘာတွေနဲ့ သေသေချာချာ လုံခြုံအောင်လုပ်ထားပေမယ့် သူမသိလိုက်တာက သူနဲ့သိကျွမ်းတဲ့ အီဒင် ဆိုတဲ့လူက သူ့အိမ်မှာ သိမ်းစည်းရမိတဲ့ မူးယစ်ဆေးတွေနဲ့ ပိုက်ဆံတွေ အကြောင်းကြားသိပြီး၊ အဲ့နေ့ညမှာဓားပြတိုက်ပြီးယူမယ်ဆိုတာပါပဲ၊ ဖြစ်ချင်တော့ ဘီလ်ရဲ့မိသားစုကလည်း ဘီလ်ရဲ့ အိမ်မှာ ညစာလာစားတဲ့အပြင် ဘီလ်ရဲ့ လုပ်ဖော် ကိုင်ဖက်ဖြစ်တဲ့ ဒယ်လ် ကပါ သူ့အိမ်မှာတစ်ညလာနေဖို့ရောက်လာပါလေရော။ အဲညမှာ အီဒင် စီစဉ်ထားတဲ့အတိုင်း ဖြစ်သွားမလား နောက်ဘာများဆက်ဖြစ်မလဲ ဆိုတာ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naing မှ ရေးသားပေးပြီး၊ ဘာသာပြန် ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size..........(2.12 GB) / (843 MB) / (510 MB) Quality............WEB-RIP 1080p, 720p, 480p Duration.........2Hrs 15Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Horror Translator.......CM Team Encoder..........SWM

Action • Crime • Drama
4 2022 135 mins
2025: Blood, White & Blue
The Longest Yard
6.6

1974 မှာထွက်ရှိခဲ့ပြီး ရွှေကမ္ဘာလုံးဆုရရှိခဲ့တဲ့ အမေရိကန် ထောင်ဟာသဇာတ်ကားကို 2005 မှာ Adam Sandler နဲ့ ပြန်လည်ဆန်းသစ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ လူရယ်လို့ဖြစ်လာရင် တသီးတသန့်နေလို့မရပါဘူး။ ဆိုင်ရာ ဆိုင်ရာ ချစ်ခင်ရတဲ့မိသားစု မိတ်ဆွေသူငယ်ချင်း ချစ်သူရည်းစားကတော့ ရှိကြစမြဲပါပဲ။ သို့ပေမယ့် ပေါလ်ခရူး (ခ) နာမည်ပျက်နဲ့ ကျော်ကြားတဲ့ ရက်ဂ်ဘီကစားသမားဟောင်းမှာတော့ အဲဒီလိုတွေမရှိရှာပါဘူး။ ရှိရင်လည်း သူ့အချိုးတွေကြောင့် ရေစက်ပြတ်ကုန်ကြတာကိုး။ ခုလည်း သူ့ချစ်သူရဲ့ကားကိုခိုးပြီး ရဲတွေကို ပြဿနာသွားရှာလို့ ထောင်သုံးနှစ်ကျပါလေရောလား။ ထူးဆန်းတာက သူရောက်သွားတဲ့ထောင်က ထောင်ပိုင်ဟာ အစိုးရအဖွဲ့ ရွေးကောက်ပွဲဝင်ချင်နေပြီး ပြည်သူတွေကြားမှာ ကျော်စော်ချင်နေတဲ့ငနဲကြီးဖြစ်နေတော့ ထောင်စောင့်တွေနဲ့ ထောင်သားတွေ တစ်သင်းစီ ခြေစစ်ပွဲလုပ်မယ်ဆိုပြီး ပေါလ်ကို အတင်းအကျပ် ထောင်သားတွေနဲ့ အသင်းဖွဲ့ခိုင်းတော့တာပါပဲ။ လူ့ဂွစာကြီးဘယ်လိုတွေဆက်ဖြတ်သန်းမလဲဆိုတာကိုတော့... File Size :(2.5GB)(1.1GB) and (330 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:55:00 Genre : Crime , Sport, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Encoded by Phyo Pyae

Comedy
6.6 2005 113 mins
The Longest Yard
The Secret Life of Walter Mitty
7.2

အမှန်အတိုင်းပြောရရင် ဒီဇာတ်ကားကို အစပိုင်း မိနစ်(၂၀)လောက်အထိ သူ ဘာကိုပြချင်မှန်း နားမလည်ခဲ့ဘူး။ ဒီအတိုင်း ပေါကြောင်ကြောင် ဇာတ်ကားကြီးပါလားလို့ ထင်ခဲ့မိတယ်။ ဒီဇာတ်ကားဟာ 1939 ခုနှစ်က အရမ်းကို နာမည်ကြီးခဲ့တဲ့ ဟာသ/ကာတွန်း/စာရေးဆရာကြီး James Thurber ရဲ့ ဝတ္ထုတို The Secret Life of Walter Mitty ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး 1947 ခုနှစ်မှာ တစ်ကြိမ် The Secret Life of Walter Mitty နာမည်နဲ့ပဲ ရုပ်ရှင်ရိုက်ကူးထားပါသေးတယ်။ အစောပိုင်းမှာ ကြည့်ရတာတစ်မျိုးကြီးဖြစ်နေပေမယ့် အဆုံးထိ ဆက်ကြည့်ဖြစ်ခဲ့ပြီး.. ကြည့်ရကျိုးနပ်ရုံမက မကြည့်ရသေးတဲ့ သူတွေကိုပါ ကြည့်ဖို့ညွှန်းချင်လောက်အောင်ပဲ ကြိုက်သွားခဲ့ပါတယ်။ လူတော်တော်များများပါပဲ.. (ကျွန်တော်အပါအဝင်) သမားရိုးကျ နေ့စဉ်ဘဝကို ကျင်လည်နေကြပါတယ်။ ပညာသင်မယ် .. ပိုက်ဆံရှာမယ်.. ဘဝကို ပုံမှန်ပဲ ကြိုးစားရုန်းကန်တည်ဆောက်မယ်ပေါ့။ ငယ်စဉ်က စိတ်ကူးယဉ်အိမ်မက်တွေ.. စွန့်စားချင်စိတ်တွေက ..အသက်အရွယ်ရလာတာနဲ့အမျှ.. စိတ်ကူးထဲမှာပဲ တဖြေးဖြေးတိမ်မြုပ်သွားကြတယ်။ တစ်ခါတစ်လေမှာတော့ ရုပ်ရှင်တွေထဲမှာ ဆက်လက်စိတ်ကူးယဉ်ကြတယ်။ တစ်ခါတစ်လေမှာတော့ ရုပ်ရှင်ထဲကအတိုင်း အပြင်မှာ ဆက်ပြီးစိတ်ကူးယဉ်ကြတယ်။ ဒီလိုနဲ့ အသက်တွေတဖြည်းဖြည်းကြီး သက္ကရာဇ်တွေက တိုက်စားရင်း လူတွေ လုံးပါး ပါးလာကြာတာပဲ မဟုတ်ပါလား.. Walter Mitty ဆိုတဲ့ လူကလည်း ထိုနည်းလည်းကောင်းပါပဲ… အသက်ကြီးနေတဲ့ အမေအိုတစ်ဦးရယ် ညီမတစ်ယောက်ရယ်နဲ့ ပုံမှန်အလုပ်သွားအလုပ်ပြန်ရင်း ..အချိန်တွေကုန်လာလိုက်တာ အသက်(၄၁)နှစ်ကိုရောက်လာရော… သူက Life မဂ္ဂဇင်းရဲ့ ဓာတ်ပုံဌာနက နဂ္ဂတစ်ဖလင်တွေစုဆောင်းထားတဲ့ ဌာနရဲ့ မန်နေဂျာတစ်ဦး.. သူ့ဌာနမှတဆင့် နဂ္ဂတစ်ဖလင်တွေကနေ ဓာတ်ပုံအဆင့်ကိုဖြတ်သန်းပြီးမှ မဂ္ဂဇင်းအတွက်အသုံးပြုရတာပါ။ သူစိတ်ဝင်စားနေတဲ့ အမျိုးသမီးကလည်း သူတို့ Life မဂ္ဂဇင်းမှာ လွန်ခဲ့တဲ့ (၁)လ လောက်ကမှ ရောက်လာတဲ့ ဝန်ထမ်းတစ်ဦး ၊ အသက်(၄၀)ကျော်လာတဲ့အထိ ဖခင်ကွယ်လွန်ပြီး (သူဆယ်ကျော်သက်အရွယ်ကတည်းက) မိသားစုအတွက် အစ်ကိုကြီးအဖရာ အနေနဲ့ ဘဝတစ်လျှောက်လုံးကြိုးစားရုန်းကန်လာခဲ့ပြီး ငွေကြေးကိုစနစ်တကျသုံးစွဲက မချမ်းသာပေမယ့် ပုံမှန်လည်ပတ်နေတဲ့ လခစားဝန်ထမ်းတစ်ယောက်အနေနဲ့ ရိုးသားအေးဆေးစွာနေလာခဲ့တဲ့သူ… မွေးနေ့မှာ ကံကောင်းခြင်းတွေထက် ကံဆိုးဖို့တွေသာဖြစ်လာခဲ့တာကတော့… သူတို့ မဂ္ဂဇင်းက ဒီလအတွက် နောက်ဆုံးထုတ်ဝေခြင်းပါတဲ့ ... ဝန်ထမ်းတွေလည်း ရုတ်တရက် ဆွံ့အသွားခဲ့ကြပါတယ်။ ဒါပေမယ့် သူဘာများတတ်နိုင်ဦးမှာလဲ… နောက်ထပ် တကယ့် လတ်တလောပြသနာကတော့ …သူ့ဌာနကို ရောက်လာတဲ့ တစ်ကိုယ်တော် စွန့်စားသွားလာ ဓာတ်ပုံရိုက်ကူးနေတဲ့ Sean O’ Connell က ပို့လိုက်တဲ့ နဂ္ဂတစ်ဖလင် (၂၅)ကွက်နဲ့ သူ့အတွက် မွေးနေ့လက်ဆောင် ပိုက်ဆံအိတ်ကလေးပါ။ ဖလင် (၂၅)ကွက်မှာ (၂၅)ကွက်မြောက် ဖလင်က ပါမလာပါဘူး။ ဒါပေမယ့် အထက်လူကြီးဆီကို ရောက်နေတဲ့ သတင်းကတော့ ဒီတစ်ပတ်နောက်ဆုံးထုတ်မဂ္ဂဇင်းရဲ့ အဖုံးကို ဖလင်နံပါတ်(၂၅) ကို အသုံးပြုဖို့ Sean O’ Connell က မှာလိုက်ပါသတဲ့…. အဲဒီတော့ Sean O’ Connell ကိုအရေးတကြီး ဆက်သွယ်မေးမြန်းဖို့ လိုအပ်လာပါပြီ.. ဒါပေမယ့် အဲ့ဒီတစ်ကိုယ်တော်ဓာတ်ပုံဆရာ လူစွန့်စားကြီးက Mobile Phone / Email / internet social media account ဘာတစ်ခုမှ မသုံးပါဘူး။ (၂၅)ကွက်မြောက် ဖလင်ကို ရရှိဖို့ကလည်း Walter Mitty အတွက် သေရေးရှင်ရေးတမျှအရေးကြီးပါတယ်။ ဒီတော့ ဘယ်လို ဆက်လုပ်ကြမလဲဗျ ??? Zoolander (2001) မင်းသားကြီး Ben Stiller ကိုယ်တိုင် ရိုက်ကူးသရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပြီး IMDb 7.3/10 ရရှိထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက… ကျွန်တော်တို့ ဘဝ နေ့တဓူဝ ရုန်းကန်နေထိုင်ခြင်းရဲ့ အဓိပ္ပာယ်တွေ.. ရုပ်ဝတ္ထုတွေရဲ့ အရေးပါပုံတွေ… အလှတရားတွေ .. သဘာဝအလှ/ရုပ်အလှ ပြီးတော့ စိတ်ဓာတ်ခွန်အားရဲ့ ကြီးကျယ်ခန်းနားတဲ့ အလှ တွေကို ပြန်လည်သုံးသပ်မိစေအောင် လှုံ့ဆော်ပေးပါလိမ့်မယ်။ အညွှန်းရေးသားထားသူကတော့ (Nucleon_Content #Admin_N) မှဖြစ်ပါတယ် ။ File size__(1.9GB) and (950MB) Quality__1080p, 720p IMDb Rating__7.3/10 Format__mp4 Duration__01:54:35 Type__Comedy, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Drama
7.2 2013 114 mins
The Secret Life of Walter Mitty
The Long Walk

မျက်မှောက်ခေတ် ရုပ်ရှင်လောကမှာတော့ အနောက်နိုင်ငံရုပ်ရှင်ဇာတ်လမ်းတွေက ပိုပြီးလူသိများရေပန်းစားနေပေမယ့်လည်း အရှေ့တောင်အာရှရုပ်ရှင်တွေကလည်း တစ်စတစ်စ ကြိုးစားထိုးဖောက်လာနေပါတယ်။ ဒီရုပ်ရှင်ကတော့ အမေရိကန်မှာမွေးပြီး အဖေဖြစ်သူအငြိမ်းစားယူပြီးနောက်မှာ အမိမြေကိုပြန်လာတဲ့ Mattie Do ဆိုတဲ့ အမျိုးသမီးဒါရိုက်တာက ရိုက်ကူးထားတဲ့ရုပ်ရှင်ပါပဲ။ သူက လက်ရှိအချိန်ထိတော့ စုစုပေါင်း ရုပ်ရှင်သုံးကားရိုက်ခဲ့ဖူးတယ်။ - 2012 မှာ ထုတ်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံး horror film "Chanthaly" မှာပဲ ပေါက်သွားခဲ့ပြီး - 2016 မှာ "Dearest Sister" ဆိုတဲ့ horror film နဲ့ - 2019 မှာ "The Long Walk" ဆိုတဲ့ sci-fi /horror film ကို ရိုက်ကူးခဲ့တယ်။ ရုပ်ရှင် သုံးကားလုံးက ဝေဖန်ရေးသမားတွေကြားမှာ နာမည်ရခဲ့ပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာလည်း အကြိမ်ကြိမ်ပြသခွင့်တွေ ရခဲ့တယ်။ ပထမဆုံးရုပ်ရှင်ထုတ်အပြီးမှာတော့ သူက လာအိုနိုင်ငံရဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော အမျိုးသမီးဒါရိုက်တာအဖြစ်သတ်မှတ်ခြင်းခံခဲ့ရတယ်။ ယခင်ရုပ်ရှင် နှစ်ကားမှာတော့ horror သီးသန့် ရိုက်ကူးခဲ့ပေမယ့် ယခုတစ်ကြိမ်မှာတော့ ဆန်းသစ်တဲ့ပုံစံနဲ့ horror ရယ် sci-fi ရယ်ကို တွဲစပ်ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းကိုတော့... လာအိုနိုင်ငံရဲ့ လူတွေသိပ်မသိတော့တဲ့ အမေ့လျော့ခံကျေးရွာလေးတစ်ရွာနားမှာ အခြေတည်ထားတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့... ရွာစွန်နားက လမ်းမပေါ်မှာ မတော်တဆမှုဖြစ်ရာကနေ သေဆုံးသွားတဲ့မိန်းမငယ်လေးကို ကောင်လေးက တွေ့ခဲ့တယ်။ အဲ့ဒီမိန်းမငယ်လေးရဲ့ဝိညာဉ်က အချိန်ခရီးသွားနိုင်တာကို ကောင်လေးအရွယ်ရောက်လို့ သိလာတဲ့အခါမှာတော့ သူ ငယ်စဉ်က သူ့ရှေ့မှာတင် ချောင်းဆိုးသွေးပါဖြစ်ပြီး ဆုံးပါးသွားတဲ့ မိခင်ဖြစ်သူရဲ့ဝေဒနာခံစားနေရမှုကိုသက်သာအောင် ကူညီပေးဖို့အတွက် အဲ့ဒီဝိညာဉ်ရဲ့အကူအညီရဲ့ အတိတ်ကာလကိုပြန်သွားဖို့ကြိုးစားတဲ့အကြောင်းကို ရိုက်ကူးထားတာပါပဲ။ ရုပ်ရှင်ရဲ့ တစ်ဝက်လောက်က အနာဂတ်မှာ ဖြစ်တည်နေပြီး တစ်ဝက်ကတော့ အတိတ်မှာဖြစ်ပျက်နေတယ်။ Horror ‌အနည်းငယ်ပါပေမယ့်လည်း သရဲအကောင်လိုက်ကြီးတွေ ပြူးပြဲပါလာမှာ မဟုတ်ပါဘူး။ ဇာတ်လမ်းတစ်ခုလုံးက ငြိမ့်ငြိမ့်‌လေးစီးဆင်းနေပြီး အားလုံးပြီးသွားတဲ့အခါမှာ ဘာကြီးမှန်းမသိတဲ့ခံစားချက်မျိုးကျန်ရစ်ခဲ့မယ့် ရုပ်ရှင်တွေထဲကတစ်ခုပါပဲ။ ဘာပဲဖြစ်ဖြစ်.... "အတိတ်ဆိုတာ ဘယ်တော့မှ ပြီးဆုံးမသွားပါဘူး...မင်းက အတိတ်ကို ဆက်ပြီးဆွဲကိုင်နေရင်ပေါ့" ဆိုတဲ့ စာရေးဆရာကြီးဝီလီယမ်ဖော့ခ်နားရဲ့စကားက ဒီရုပ်ရှင်ထဲကလူကြီးအတွက်တော့ မှန်ကန်နေတဲ့ပုံပါပဲ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thwal Yadi ပဲဖြစ်ပါတယ်) Genre.....Drama, Mystery, Sci-fi Quality….WEB-DL 1080p and 720p File size…1.6GB, 843MB and 265MB Format…mp4 Duration….1h 56min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thwal Yadi Encoder ..... August

Drama
null 2019 116 mins
The Long Walk
Ballabhpurer Roopkotha
8.6

Ballavpurer Roopkatha 2022 8.7/ 10 IMDb ဒီရုပ်ရှင်ဇာတ်ကားလေးကတော့ ရယ်လဲရယ်ရ ကြောက်လဲကြောက်ရမယ့် သရဲဟာသကားလေးပါ… ကျိန်စာဆိုတာ ကြောက်ဖို့ကောင်းသလို အဲ့ဒီအစွဲကိုချွတ်ဖို့အကြောင်းအရင်းကိုသိမှ မကျွတ်မလွတ်သေးတဲ့သူတွေဟာ လွယ်လွယ်ကျွတ်လွတ်နိုင်မှာမဟုတ်လား…. ဒီဇာတ်ကားလေးမှာတော့ မင်းသားSatyam ( ဘူပတီ)၊ မင်းသမီးလေးSurangana ( ချန်ဒါ)နဲ့အတူ သရုပ်ဆောင်ပေါင်းများစွာပါဝင်အားဖြည့်ထားပါတယ်….. ဒီရုပ်ရှင်ရဲ့ဇာတ်လမ်းအကျဥ်းလေးကတော့…. ဘူပတီက ကိုလ်ကတ္တားကိုပြောင်းပြီး သွားဆေးခန်းဖွင့်ချင်နေတဲ့သူတစ်ယောက်ပါ… သူ့က ရှင်ဘုရင်မျိုးဆက်ဖြစ်ပြီး သူပိုင်ဆိုင်တာဆိုလို့ ဘိုးဘွားဘိုင် သက်တမ်း ၄၀၀ရှိတဲ့ ဘော်လာပူရ်နန်းတော်/ အိမ်ကြီးပဲရှိပါတယ်.. ဒါပေမယ့် သူဟာအကြွေးတွေနစ်ပြီး ပြန်ပေးစရာမရှိတဲ့အခါမှာတော့ ဘိုးဘွားပိုင်အိမ်ကြီးကိုရောင်းရဖို့ဖြစ်လာပါတော့တယ်..ဒါ့ကြောင့် စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ ဆပ်ပြာပိုင်ရှင် မစ္စတာဟလ်ဒါက တစ်နေ့မှာသူ့အိမ်ကိုလာကြည့်ဖို့အကြောင်းကြားလာပါတယ်.. ဒီလိုနဲ့ ဘူတီလဲ နယ်ကိုပြန်ပြီး အိမ်တော်ထိန်းမိုနိုဟာနဲ့ နှစ်ယောက်ပေါင်းကြံကာ အိမ်ကြီးကိုရောင်းဖို့စီစဥ်ပါတော့တယ်..အိမ်ကိုအကြွေးတောင်းဖို့ရောက်လာတဲ့ အကြွေးရှင်သုံးယောက်နဲ့ ဘူမသိကိုးမသိ မဖိတ်ခေါ်ပဲရောက်လာတဲ့သူငယ်ချင်းဖြစ်သူ ဆန်ဂျိဘ်ကရော အိမ်ကိုရောင်းထုတ်ဖို့စီစဥ်ရာမှာ တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့ရပြန်ပါတော့တယ်… ဘာဖြစ်လို့များ ညသန်းခေါင်ရောက်မှာကို သူတို့ကြောက်နေကြတာလဲ… ဒီအိမ်ကြီးကိုရောင်းရပြီးရော အမြန်ရောင်းချင်နေတဲ့အကြောင်းကရော ဘာကြောင့်လဲ.. ဘူပတီပြောတဲ့ ရာဂူဆိုတဲ့သူကရော ဘယ်လိုမျိုးလဲဆိုတာ ပရိသတ်ကြီးပဲ မျှောင့်လင့်စောင့်စားကြည့်ရှုလိုက်ကြပါဦး….

Drama
8.6 2023
Ballabhpurer Roopkotha
Perfect Sense
7

Perfect sense review ပါရှင့်။ ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ 2011တုန်းက ထွက်ရှိခဲ့တဲ့ Perfect sense ဆိုတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါ‌တယ်။ ဒီကားလေးက ကမ္ဘာတဝှမ်း ဗိုင်းရပ်စ်ပျံ့နှံတဲ့အကြောင်းကို အခြေခံပြီး ရိုက်ထားပေမယ့်လို့ တခြားဗိုင်းရပ်စ်ကားတွေလို ထိတ်လန့်စရာမကောင်းဘဲ ဒီလိုဒုက္ခဆိုက်ရောက်နေတဲ့အချိန်မှာတောင် လူတွေရဲ့ ကြားမှာရှိတတ်တဲ့ ချစ်ခြင်းမေတ္တာတွေ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီမှုတွေနဲ့ ထက်သန်တဲ့ စိတ်ဓာတ်ခွန်အား‌တွေကို ပေါ်လွင်အောင် သဘာဝကျကျဖန်တီးပုံဖော်ထားတဲ့ ကားလေးဖြစ်လို့ ကြည့်ရတာ လုံးဝနောင်တမရမှာသေချာပါတယ်။ အဓိကဇာတ်ဆောင်အနေနဲ့ကတော့ မင်းသမီး Eva Greenက ကူးစက်ရောဂါပိုး‌‌တွေ‌ လေ့လာတဲ့ သိပ္ပံပညာရှင် ဆူဆန်‌ဆိုတဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသား Ewan McGregor က စားသောက်ဆိုင်တစ်ခုရဲ့ ခေါင်းဆောင်စားဖိုမှူးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားရာကနေမှ ချစ်မိသွားကြတယ်၊ ဒါပေမယ့် အဲ့အချိန်မှာ ကူးစက်ရောဂါကလည်း တဖြည်းဖြည်း ပိုပိုဆိုးလာတဲ့အခါ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ‌‌တွေကရော တည်တံ့နိုင်ပါ့တော့မလား… သူတို့ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကျော်ဖြတ်ရမလဲ နောက်ဆုံးမှာရော ဒီရောဂါကြီးဟာ ပျောက်ကင်းသွားမှာလား ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ခုပဲခံစားကြည့်ကြည့်လိုက်ရအောင် File size…(1.6 GB)/(813 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Drama, Science Fiction, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe

7 2011
Perfect Sense
Friday the 13th
6.4

Friday the 13th (1980) ~ IMDb – 6.4/10, Rotten Tomatoes – 64% ~ ရေနစ်ပြီး သေသွားတဲ့ကောင်လေးတစ်ယောက်က ရေကန်အောက်မှာပဲ အရိုးဆွေးရမှာပဲမဟုတ်လား။ ဟင့်အင်း။ သူ့မှာ အငြိုးတွေရှိတယ်။ မပြေနိုင်တဲ့ အာဃာတတွေ။ ဒီလိုနဲ့ ရေနစ်သေသွားပြီဆိုတဲ့ ဂျေဆင် ဆိုတဲ့ကောင်လေးဟာ ယုတ္တိဗေဒနိဿယတွေကို ကျော်လွန်ပြီး အကောင်အထည်သတ္တဝါအဖြစ် လူ့လောကထဲကို ပြန်ဝင်လာခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော်တို့ ဟော်ကီမျက်နှာဖုံးစွပ်အောက်က ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားကြီး ဂျေဆင် ကို အားပါးတရ ကြည့်ခွင့်ရလိုက်တာပါပဲ။ စုစုပေါင်း ၁၂ ကားတောင်ရှိတယ်ဆိုတော့ တစ်ရက်တည်းများ ကြည့်လိုက်ရရင် လူတောင် ကြောင်တောင်တောင်ဖြစ်သွားလောက်ရဲ့။ အခုတင်ဆက်ပေးမှာကတော့ ဂျေဆင် ကိုမွေးဖွားပေးခဲ့တဲ့ ပထမဆုံးဇာတ်ကားပါပဲ။ ခရစ်စတယ်ရေကန်စခန်းဟာ သွေးစခန်းလို့ အမည်တွင်တဲ့ စခန်းချလည်ပတ်ရာ တောတွင်းသဘာဝရေကန်လေးတစ်ခုပေါ့။ ဒါပေမဲ့ ကျိန်စာသင့်နေတဲ့ ရေကန်စခန်းမှာ လူသေအလောင်းတွေ တစ်လောင်းပြီးတစ်လောင်း ထွက်လာတော့တာပါပဲ။ အဲဒီ ခရစ်စတယ်ရေကန်မှာ ဂျေဆင် ဆိုတဲ့ကောင်လေး ရေနစ်သေသွားခဲ့တာကစပြီး အဖြစ်ဆိုးတွေ ဆက်တိုက်ပေါ်ပေါက်လာတာပါ။ စခန်းမှာ အကူလေးတွေရှိပေမဲ့ တူနှစ်ကိုယ်ချစ်ရည်လူးနေတဲ့စုံတွဲတွေဖြစ်လို့ ကလေးရေထဲဆင်းသွားတာ မသိလိုက်ကြဘူးတဲ့။ ဂျေဆင်ရဲ့အမေဟာလည်း စခန်းအကူတစ်ယောက်ဖြစ်ပြီး သားသေရတဲ့အဖြစ်ကို ရင်နင့်စွာခံစား အငြိုးတွေဝေခဲ့ရတာပေါ့။ ဒီလိုနဲ့ပေါ့လေ။ အဖြစ်ဆိုးတွေဖြစ်နေလို့ ပိတ်ထားတဲ့စခန်းကို ပိုင်ရှင်က ပြန်ဖွင့်ဖို့ကြိုးစားတယ်။ ရေကန်စခန်းကို လာရောက်လည်ပတ်သူတွေမလာခင်မှာ စခန်းကို လှည့်လည်ပြသလမ်းညွှန်ပေးကြမယ့် စခန်းအကူလေးတွေ လုပ်စရာရှိတာတွေ လုပ်နေဆဲအချိန်ပေါ့။ သူတို့လေးတွေဟာ လူငယ်လေးတွေဖြစ်တာနဲ့အညီ ချစ်မှုရေးရာတွေ၊ အသောက်အစားတွေ၊ လိင်မှုကိစ္စတွေနဲ့ပဲ ၂၄/၇ ဖြတ်သန်းနေကြသူတွေပါ။ ဒါပေမဲ့ သူ‌တို့တွေ လူကြီးဖြစ်ပြီး ရင့်ကျက်ခွင့် မရလိုက်ပါဘူးလေ။ ကာလနာတိုက်ပြီး သေချင်းဆိုးနဲ့ သေကုန်ကြလေရဲ့။ တစ်ယောက်ချင်းစီ ဘယ်လိုသေကုန်တယ်ဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်ရတာ၊ အထက်ပိုင်းဗလာကျင်း လိင်မှုကိစ္စတွေမြင်ရတာကြောင့် 18+ အဆင့် သတ်မှတ်ပါတယ်။ နှလုံးအားနည်းသူတွေ၊ သွေးသံရဲရဲမနှစ်သက်သူတွေ ရှောင်သင့်တဲ့ဇာတ်ကားပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1.3MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 35Min Genre – Horror, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Drama • Romance • History
6.4 1980 95 mins
Friday the 13th
The First Day of My Life
6.7

“ကိုယ့်ဘ၀ရဲ့ ပထမဆုံးနေ့”ဆိုတဲ့အတိုင်း ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကို သေချာ မီးမောင်းထိုး ရိုက်ကူးပြထားတဲ့ အီတလီဒရာမာကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မိုးတွေသည်းတဲ့ညတစ်ညမှာ ဘယ်ကမှန်းမသိတဲ့ အမည်မသိ အဖိုးကြီးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ကြိုးစားနေတဲ့ လူလေးယောက်ကို အသက်ဘေးကကယ်တင်ပေးခဲ့ပြီး စတေရှင်ဝက်ဂန်ကားလေးနဲ့ ခေါ်လာခဲ့ပါတယ်။ ဒီ အဆုံးစီရင်ဖို့ကြိုးစားခဲ့တဲ့ လူလေးယောက်ကတော့ နပိုလီယွန်လို့အမည်ရတဲ့ယောင်္ကျားကြီးရယ်၊ အာရီယာနာဆိုတဲ့ သက်လတ်အရွယ် မိန်းမကြီးရယ်၊ အမ်မီလီယာလို့ခေါ်တဲ့ မိန်းမပျိုလေးရယ်၊ ဒန်နီရယ်ဆိုတဲ့ ကလေးလေးတစ်ယောက်ပါ။ ဒီအဖိုးကြီးဟာ သူတို့လေးယောက်ကို ခုနစ်ရက်အချိန်ပေးလိုက်ပြီး သူတို့မရှိတော့တဲ့နောက်ပိုင်း သူတို့ဘ၀တွေဟာ ဘယ်လိုဖြစ်ဆက်သွားမလဲဆိုတာကို ခုနစ်ရက်တာကာလအတွင်း စတေရှင်ဝက်ဂန်လေးနဲ့ လိုက်လံပြသပေးပြီးတော့ သေဆုံးမှုထက် ရှင်သန်မှုကိုပဲရွေးချယ်ဖို့ရာကို တိုက်တွန်းဖို့ကြိုးစားပေးပါတော့တယ်။ ရုပ်ရှင်တလျှောက် လူလေးယောက်ရဲ့ မတူညီတဲ့ ဇာတ်လမ်းတွေကို အသေးစိတ်ပုံဖော်ထားပြီး စိတ်ခံစားမှုကို လှုပ်ခတ်‌စေအောင် နောက်ခံတေးတွေကိုလည်း သေချာအသုံးပြုထားတာကိုတွေ့ရပါမယ်။ ဒီလိုနဲ့ ခုနစ်ရက်ပြည့်တဲ့အချိန် သူတို့ဟာအသက်ရှင်နေခဲ့‌သေးရင် သူတို့ရဲ့အနာဂတ်နေ့ရက်မှာ သူတို့ကိုစောင့်မျှော်နေမယ့်သူတွေ၊ အဆုံးစီရင်ဖို့မကြိုးစားခင်က အထင်အမြင်လွဲမှားနေခဲ့တဲ့အရာတွေကို သိရှိသွားခဲ့ကြပြီးနောက်မှာတော့ သေကြောင်းကြံဖို့ ကြိုးစားနေခဲ့တဲ့ ဒီလူလေးယောက်ထဲမှာ ဘယ်သူတွေကဆက်ရှင်သန်ဖို့ လမ်းကို ရွေးချယ်မလဲ၊ ဘယ်သူတွေက‌ ကယ်တင်မှုကို လက်မခံဘဲ မူလရွေးချယ်မှုကိုပဲ ပြုလုပ်သွားကြမလဲဆိုတာကိုတော့ စိတ်ခံစားမှုကို ကိုင်လှုပ်‌ပေးမယ့် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီရုပ်ရှင်ဟာ စိတ်ဓာတ်ရေးရာ ဒရာမာကားဆိုပေမဲ့ တစ်ကားလုံး စိတ်ညစ်စရာတွေချည်းထိုင်ပြနေတာမဟုတ်ဘဲ ဘ၀မှာ ဘယ်လောက်ပဲ အခက်အခဲတွေနဲ့ ကြုံတွေ့ရပြီး ဆင်းရဲဒုက္ခခံစားနေရပါစေ ကိုယ့်ဘ၀ကိုရှေ့ဆက်‌နိုင်စေမယ့် အကြောင်းရင်း၊ ပျော်ရွှင်မှုတစ်စုံတရာ ရှိစမြဲဖြစ်ကြောင်းကို မက်ဆေ့ခ်ျပေးရင်း တချို့နေရာလေးတွေမှာ dark humor လေးတွေပါထည့်ထားပြီး ရိုက်ကူးထားပါတယ်။ ရုပ်ရှင်အပြီးမှာတော့ ကြည့်ရှုသူကိုယ်တိုင်လည်း ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်နဲ့ ပတ်သက်ပြီး ခေါင်းထဲမှာ အတွေးတစ်ခုခုတော့ ကျန်ရစ်ခဲ့မှာမလို့ ရုပ်ရှင်ကြည့်ပရိတ်သတ်အနေနဲ့ ဒရာမာကားကောင်းတစ်ကားကို ကြည့်ချင်နေတယ်ဆိုရင်တော့ သေချာပေါက်မြည်းစမ်းကြည့်ဖို့ ညွှန်းဆိုရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။ File size…(1.4 GB)/(764 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy, Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Drama • Comedy
6.7 2023
The First Day of My Life
Midnight Peepshow

Midnight Peepshow [2022] ( IMDb 4.7/10, RT 100% ) ဂရေဟမ်က စီးပွားရေးရင်းနှီးမြှုပ်နှံရေးသမား… သူ လုပ်တာက တက်သစ်စ စီးပွားရေးကုမ္ပဏိတွေမှာ လိုက်ရင်းနှီးပြီးတော့ စီးပွားရှာတာပဲ… ဇာတ်လမ်းအစမှာ ဂရေဟမ် ကောင်မလေးတစ်ယောက်နဲ့ ဝင်တိုက်ရင်း ပိုက်ဆံအိတ်လုခံလိုက်ရတယ်… လုခံရမှန်း တန်းသိတော့ ပိုက်ဆံအိတ်ထဲက သူ့မိန်းမဓာတ်ပုံလေးကိုသာ ပြန်ပေးဖို့ သူတောင်းဆိုရှာတယ်… နောက်တော့ ဘားသွား အရက်သောက်… အဲ့နောက်မှာ ဟီရိုအင်း ဝယ် ဆေးချပြီးတော့ လန်ဒန်မြို့ထဲ ပတ်တယ်… ဒီလိုနဲ့ တစ်နေရာမှာ ပိုက်ဆံပေးပြီး ချောင်းကြည့်ပေါက်ကနေ အဖော်အချွတ်မယ်တွေကို ကြည့်ရတဲ့ Peepshow တစ်ခုကို သူရောက်သွားပါတယ်… ဂရေဟမ်က အစကတော့ အဖော်အချွတ်မယ်လေး တစ်ယောက်ကို ကြည့်နေပါတယ်… နောက်မှတော့ မှော်ဆန်စွာပဲ မြင်ကွင်းတွေက ပြောင်းလဲသွားပါတော့တယ်… ဘာတွေလဲဆိုတော့ ဂရေဟမ် ရင်းနှီးမြှုပ်နှံထားတဲ့ Black Rabbit ဆိုတဲ့ ကုမ္ပဏီဟာ လက်တွေ့လောကက လိင်အသားပေး ကြမ်းကြမ်းရမ်းရမ်း သတ်ဖြတ်မှုတွေကို Live လွှင့်ပြတုန်းက ဟာတွေပဲဖြစ်နေပါတယ်… ဒီလိုနဲ့ ဂရေဟမ် သိပ်ချစ်သိပ်မြတ်နိုးရတဲ့ ဇနီးလေးဟာလည်း ဒီ ဝက်ဘ်ဆိုဒ်ရဲ့ သားကောင်ဖြစ်နေမှန်း မြင်လာရပါတော့တယ်… ဒီလိုနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ရှုစားကြရမှာပါ…. 18+ ကြမ်းကြမ်းတမ်းတမ်းတွေ သတ်ဖြတ်ဆက်ဆံခန်းတွေ ပါတာကိုတော့ ကြိုတင်သတိပေးလိုက်ရပါတယ်နော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 1.3GB | 640MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

0 2022
Midnight Peepshow
Bonds Will Be Broken
5.7

Bonds Will Be Broken (2024) ***************************** 2024 မှာထွက်ရှိထားတဲ့ ရုပ်ရှင်ဇာတ်လမ်းအသစ်တစ်ခုဖြစ်ပြီး ဒါရိုက်တာ Paula Elle ရိုက်ကူးကာ သရုပ်ဆောင်များဖြစ်ကြတဲ့ Emily Tennant, Greyston Holt, Andrew Fransic, Natalie Sharp တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ညီမဖြစ်သူ Nina တစ်ယောက် White Light လို့ခေါ်တဲ့ cult တစ်ခုထဲ ရောက်သွားပြီး အဆက်အသွယ်ပြတ်သွားတာကြောင့် အစ်မဖြစ်သူ Ginny Budd တစ်ယောက် အဆိုပါ cult ထဲ ဝင်ဖို့အတွက် အယုံလွယ်တဲ့ ဥပဒေကျောင်းဆင်း Anna အဖြစ်ဟန်ဆောင်ပြီး cult ထဲဝင်နိုင်ဖို့ ဒေါ်လာ သုံးရာပေးရတဲ့ အတန်းတက်တာကစလို့ အဆင့်ဆင့်ကျော်ဖြတ်ရပါတော့တယ်။ Cult ထဲအောင်အောင်မြင်မြင်ရောက်သွားတဲ့အခါ သူ့ညီမကို သူ့ဆန္ဒအတိုင်း ကယ်ထုတ်နိုင်မလားဆိုတာကိုတော့….. (အညွှန်းကို Aerin မှ ရေးသားထားပါတယ်) File size…1.62GB / 544MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 29m Genre ….. Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Aerin Encoded by AHtet

Drama • History
5.7 2024 89 mins
Bonds Will Be Broken
Catalyst
5

Catalyst (2025) စိတ်ဝင်စားစရာ ဇာတ်လမ်းဆန်းဆန်းနဲ့ ထူးဆန်းထွေလာတွေကို နှစ်သက်ကြတဲ့ ပုရိသတ်ကြီးအတွက် Catalyst (2025) ဆိုတဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ “The Collective” ဆိုသည့် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုကနေ မကောင်းမှုတွေကို ကျူးလွန်ဖူးတဲ့ ယောက်ျား (၇) ယောက်ကို ပြန်ပေးဆွဲပြီး ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။ လျှပ်စီးနေတဲ့လှောင်အိမ်ထဲမှာ သူတို့ (၇) ယောက်ကို ဖမ်းဆီးထားခဲ့ပြီး ဘေးပတ်လည်မှာ မျက်နှာဖုံးတပ်ထားတဲ့ လူတွေက သူတို့ကိုစောင့်ကြည့်နေခဲ့တယ်.. သူတို့လွတ်မြောက်ဖို့အတွက် “တစ်ယောက်ကိုသတ်ပြီး ကျန်တဲ့လူတွေ လွတ်မြောက်ဖို့ လမ်းကြောင်းကို” ရွေးချယ်မလားဆိုတဲ့ ကစားပွဲတစ်ခုကို စတင်လိုက်ပါတယ်။ ဒီ (၇) ယောက်ထဲမှာ အသတ်ခံရမယ့်သူကဘယ်သူလဲ???? အပြစ်ကျူးလွန်ခဲ့ကြတဲ့လူ (၇) ယောက်ကြားမှာ သေလောက်တဲ့အထိ ပြစ်မှုကို ကျူးလွန်ခဲ့တာ ဘယ်သူလဲ???? ဒီလှောင်အိမ်ကနေ သူတို့ လွတ်မြောက်ကြပါ့မလား??? သူတို့ ကျူးလွန်ထားတဲ့အပြစ်တွေက ဘာတွေလဲ??? မေးခွန်းပေါင်းများစွာနဲ့ ဇာတ်လမ်းအဆုံးထိ ရင်တထိတ်ထိတ် ကြည့်ရှုရမယ့် သည်းထိပ်ရင်ဖို ဇာတ်လမ်းကောင်းတစ်ခု ဖြစ်တာကြောင့် စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူများ ကြည့်ရှုကြဖို့ အကြံပြုတိုက်တွန်းအပ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (2.5 GB) / (820 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Thriller Duration…. 01:37:18 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Su Mon

5 2025 96 mins
Catalyst
Tremors
7.2

“ပြည့်စုံခြင်း”လို့ အဓိပ္ပါယ်ရတဲ့ ‘Perfection’ဆိုတဲ့တောင်ကြားမြို့သေးသေးလေးမှာ အားလ်နဲ့ဗဲလ်လင်တိုင်းတို့နှစ်ယောက်ဟာ လူတိုင်းက အားထားရတဲ့ ဘက်စုံရတွေပေါ့။ ပိုပြီးတိတိကျကျပြောရရင် အကုန်လုံးက အားထားရတဲ့ တောက်တိုမယ်ရတွေ၊ ပြည့်စုံခြင်းမြို့သေးသေးလေးမှာတော့ ပျော်မနေကြတဲ့ သူတွေ။ ဒီလိုနဲ့ တစ်ရက် သူတို့လုပ်စရာရှိတာသွားလုပ်ကြရင်း ငွေရတွင်းတစ်တွင်းကို မတော်တဆ သွားထိမိကြပါကော။ ဒါ့အတွက်ကြောင့်နဲပဲသူတို့တွေ အဲ့ဒီနေရာကနေ ငွေထုတ်ပိုက်ပြီး ထွက်သွားဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ကံကောင်းတာလား ကံဆိုးတာလားတော့မသိ… အားလ်တို့နှစ်ယောက် ထွက်သွားတဲ့နေ့ရောက်ခါမှ တွေ့လေရာနေရာတိုင်းမှာ အသိတွေ သေဆုံးနေတာကို ထူးထူးဆန်းဆန်းပဲ တောက်လောက် ကြုံလာရတော့တယ်။ သူတို့ လမ်းမှာဆုံခဲ့တဲ့ ရွန်ဒါဆိုတဲ့ မြေငလျင်ဗေဒကျောင်းသူလေးကလည်းဒီနေရာတဝိုက်မှာ ထူးဆန်းတဲ့​ မြေငလျင်တိုင်းတာမှုတွေကိုခဏခဏ မှတ်တမ်းတိုင်းတာမိထားကြောင်းကိုလည်း ပြောထားလေရဲ့။ ဆိုတော့ ဒီလူတွေ အကြောင်းအရင်းမသိဘဲသေဆုံးနေကြရတာက ရွန်ဒါပြောတဲ့မြေတုန်ခါမှုတွေနဲ့များ သက်ဆိုင်နေသလား။ ဒီမေးခွန်းရဲ့အဖြေကိုတော့ CMက တင်ဆက်ပေးလိုက်တဲ့ (၁၉၉၀)ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Horror/Comedy ဇာတ်ကား “Tremors”မှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ File size… 5.5 GB / 1.63 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 36m Genre ….. Comedy/Monster Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros

Action • Comedy • Fantasy
7.2 1990 96 mins
Tremors