YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Aar.Ya.Paar.S01E06.720p(CM).mp4

264.02 MB N/A video/mp4 204 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Tinnitus
8

နားအူဖူးကြပါသလား။ နားထဲစူးနေတဲ့အသံတွေကြောင့် အိပ်မရဖြစ်ဖူးပါသလား။ ကျွန်တော်တို့အားလုံး တစ်သက်မှာတစ်ခါလောက်တော့ကြုံဖူးမယ်ထင်ပါတယ်။ Tinnitus ဆိုတာဟာ နားထဲအဆက်မပြတ်အသံစူးစူးကြားရတဲ့ရောဂါလို့အဓိပ္ပာယ်ရပါတယ်။ သူ့ကိုတော့ စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်သလား၊ ရုပ်ပိုင်းဆိုင်ရာကြောင့်လား လေ့လာနေဆဲပါ။ ခံစားရသူတွေတချို့က သူတို့အနေနဲ့ စိတ်ဖိစီးမှုများတယ် လို့ပြောကြသလို တချို့ကလည်း နားရောဂါတစ်ခုခုရဲ့ လက္ခဏာလို့ဆိုကြပါတယ်။ ဒီဇာတ်ကားကတော့ နားအဆက်မပြတ်အူတဲ့ရောဂါခံစားနေရတဲ့ ‌ဒိုင်ဗင်မယ် မာရီနာနဲ့စထားပါတယ်။ သူ့လိုတခြားသူတွေလည်းရှိနေပြီး သူတို့တွေခံစားနေရတာကိုပါရိုက်ကူးထားပါတယ်။ ကျွန်တော်တို့တွေ တစ်ရက်လောက်နားတွေအူပြီးအိပ်မရရင်တောင် တော်တော်ခံရခက်ပါတယ်။ တစ်ရက်မက နှစ်ရက်မက ခံစားရတဲ့အခါ ခေါင်းတွေပေါက်ထွက်တော့မယ့်အထိ ခံစားရမှာ‌အသေအချာပါပဲ။ ဒီလိုနဲ့ မာရီနာဟာ သည်းမခံနိုင်တဲ့အ‌ဆုံး ဒိုင်ဗင်အားကစားကိုစွန့်လွှတ်ပြီး နားအူ‌ခြင်းကိုပဲဆက်ကုပါတော့တယ်။ ဒါပေမဲ့ ဝါသနာဆိုတာ စွန့်လွှတ်ရခက်တဲ့အတိုင်း သူဒိုင်ဗင်အားကစားကိုပြန်လုပ်နိုင်ဖို့ ကြိုးစားပါတော့တယ်။ သူချစ်တဲ့အားကစားကိုဆက်လုပ်နိုင်မလား။ နားအူတာကကော ဘယ်လောက်တောင်ဆိုးသလဲဆိုတာကို ရိုက်ကူးထားတာ‌ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဘရာဇီးလ်ကားဖြစ်ပြီး ဘရာဇီးလ်ဟာ လက်တင်အမေရိကမှာ အကြီးဆုံးနိုင်ငံတစ်ခုဖြစ်တဲ့အတိုင်း သူတို့ရဲ့ရုပ်ရှင်အဆင့်အတန်းကလည်း နိုင်ငံတကာကို တန်းညှိနိုင်တဲ့အထိရှိပါတယ်။ ရုပ်ရှင်ရိုက်ကွက်တွေက လှတယ်လို့ပြောနိုင်တဲ့အပြင် အသံပိုင်းကိုလည်း သေချာဂရုစိုက်ထားတာတွေ့ရပါတယ်။ Body Horror/Thriller အမျိုးအစားလို့ပြောပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ကြောက်စရာအခန်းတွေသိပ်မပါဘဲ ငြိမ့်ငြိမ့်လေးပဲ ဆွဲသွားတဲ့ကားလို့မြင်ပါတယ်။ နားအူ‌သံတွေကိုပါ သရုပ်ဆောင်တွေနဲ့အတူလိုက်ခံစားချင်ရင်တော့ နားကြပ်လေးတပ်ရင်း အနှောက်အယှက်ကင်းကင်း ကြည့်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 790MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 45Min Genre - Drama, Horror, Sport Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Crime • Thriller
8 2023 105 mins
Tinnitus
Sonic the Hedgehog 2
7.6

IMDb Rating - 6.9/10 ကျွန်တော်တို့ငယ်ငယ်ကတည်းက ဂိမ်းလောကမှာ နာမည်ကြီးခဲ့တဲ့ ဆိုးနစ် ဖြူကောင်လေး လာပါပြီ။ ဒီရုပ်ရှင်ကတော့ ဒုတိယကားပါ။ ပထမကားကိုလည်း ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ ဗီလိန်ကလည်း The Mask လို ရုပ်ရှင်တွေနဲ့ ဂန္ထဝင်ဖြစ်ခဲ့တဲ့ ဂျင်မ် ကာရေးပဲ ဖြစ်ပါတယ်။ ပထမကားမှာတော့ ဗီလိန်ကြီး ရိုဘော့နစ်တစ်ယောက် ကမ္ဘာပေါ်ကနေ အခြားဂြိုလ်ကို ကန်ထုတ်ခံလိုက်ရပြီး အဆုံးသတ်သွားခဲ့ပါတယ်။ အခုကားမှာတော့ ရိုဘော့နစ် ပြန်လာတဲ့အပြင် သူနဲ့အတူ ဆိုးနစ်ကို တိုက်ခိုက်မယ့် ဂြိုလ်သားလေး နက်ကယ်ပါ ပါလာပါတယ်။ ဒါ့အပြင် ဆိုးနစ်ကိုလေးစားနေတဲ့ မြေခွေးလေး တေးလ်စ်ပါ ပါလာတဲ့အခါ တစ်ဖက်ကို နှစ်ယောက်ဆီ ဘယ်လိုရင်ဆိုင်ပြီး တိုက်ခိုက်ကြမလဲဆိုတာ ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) Sonic 1 ကို မကြည့်ရသေးသူများက ဒီလင့်မှာကြည့်လို့ရပါတယ်။ Click Here File Size - (2.61 GB) / (1.29 GB) Quality – Web-Rip 1080p / 720p Duration - 2Hr 2mins Subtitle – Myanmar Hardsub Format – MP4 Genre : Action, Adventure, Comedy Translator – Mr.Anderson Encoder – SWM

Action • Drama
7.6 2022 122 mins
Sonic the Hedgehog 2
Tough as Iron
6.8

'ပျော့ရင်ဖယောင်း၊ မာရင်သံချောင်း' ... ဒီကားလေးကတော့ ဘူဆန်မြို့က Kang Chul ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးပြသထားတဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ Kang Chul အဖြစ် Yoo Ah In က သရုပ်ဆောင်ထားပြီး Kim Hae Sook, Jung Yumi တို့အပြင် အခြားသောနာမည်ကြီး သရုပ်ဆောင်များလည်း အားဖြည့်ပါဝင်ထားကြပါတယ်။ Kang Chul ဆိုတဲ့ကောင်လေးဟာ ဘူဆန်မြို့ရဲ့ ဆိပ်ကမ်းမှာ ရေခဲလုပ်သားအဖြစ်လုပ်ကိုင်နေတဲ့ အခြေခံလုပ်သားလေးတစ်ဦးပဲ ဖြစ်ပါတယ်။ အထက်တန်းကျောင်းမှာတုန်းက ဖိုက်တာတစ်ယောက် ဖြစ်ခဲ့ပေမယ့်လည်း ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းရင်းနဲ့ အယ်ဇိုင်းမားရောဂါသည် မိခင်ကို ပြုစုစောင့်ရှောက်ရင်း နေထိုင်နေခဲ့ပါတယ်။ သာယာနေတဲ့ ဘဝလေးထဲကို တစ်နေ့မှာတော့ အမေဖြစ်သူရဲ့ ရောဂါအ‌ခြေအနေဆိုးရွားလာမှုကြောင့် ခွဲစိတ်ဖို့ ငွေအရေးပေါ်လိုအပ်လာခဲ့ပြီး သူငယ်ချင်းဖြစ်သူရဲ့ အချိတ်အဆက်နဲ့ ဘူဆန်ရဲ့မြေအောက်လောက ဂိုဏ်းကဏ္ဍတွေမှာ ပါဝင်ပတ်သတ်မိသွားတဲ့အချိန်မှာတော့ ပြန်ရုန်းထွက်နိုင်ဖို့ လွယ်ကူပါဦးမလား၊ မိခင်ကိုရော ကယ်တင်နိုင်ပြီး လွတ်မြောက်သွားနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ကိုရီးယားကားတွေရဲ့ ဇာတ်အိမ်၊ ဇာတ်လမ်းတည်‌ဆောက်ပုံကောင်းမှုကတော့ အာရှမှာ အိန္ဒိယပြီးရင် ဒုတိယနေရာကနေလိုက်တယ်လို့တောင် ပြောလို့ရပါတယ်။ Action ရော Drama ကိုပါ မျှမျှတတတည်ဆောက်ထားပြီး ကြည့်ရှုသူတွေကို နောက်ဆုံးအထိ ဆွဲခေါ်သွားနိုင်တဲ့ ကားကောင်းတစ်ကားဖြစ်တာမို့ ကြည့်ရှုအားပေးကြပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်။ ( အညွှန်းရေးသားထားသူကတော့ 88 ပါ ) File Size__(1.9GB) / (990MB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:48:00 Type__Action, Drama, Family Subtitle__Myanmar Subtitle (Hardsub) Translated by Htet Nandar Aung Encoded by Naing Aung Latt

Drama
6.8 2013 108 mins
Tough as Iron
Jane
5.1

Jane (2022) ~ IMDb – 5.1/10, Rotten Tomatoes – 63% ~ ပေါကားတွေများလို့စိတ်ညစ်နေတဲ့ ပရိသတ်ကြီးအတွက် ဇာတ်လမ်းအစကနေအဆုံးအထိ ဇာတ်ရှိန်မကျဘဲ စိတ်ဝင်စားစရာ‌ကောင်းတဲ့ Psychological Thriller ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအစကတော့ Jane ဆိုတဲ့ အထက်တန်းကျောင်းသူလေးရဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနဲ့စထားတာပါ။ Olivia နဲ့ Izzy ကတော့ Jane ရဲ့အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး Jane သေဆုံးသွားပြီးနောက် သူတို့နှစ်ယောက်လည်းအရင်လိုမရင်းနှီးကြတော့ပါဘူး။ Olivia တစ်ယောက် သူမရဲ့အိပ်မက်ဖြစ်တဲ့ Stanford တက္ကသိုလ်ဝင်ခွင့်ရွှေ့ဆိုင်းခံရတာ ကျောင်းပြောင်းလာတဲ့ကျောင်းသူသစ်ကြောင့် Debate team ခေါင်းဆောင်နေရာကိုဆုံးရှုံးလိုက်ရတာတွေကြောင့် ဖိအားတွေအရမ်းများနေတဲ့အချိန်မှာ Izzy နဲ့ ပြန်ရင်းနှီးလာကြပါတယ်။ နောက်တော့ သူတို့နှစ်ယောက် Jane ရဲ့ဆိုရှယ်မီဒီယာအကောင့်ကိုသုံးပြီး သူတို့မကျေနပ်တဲ့သူတွေကို လူသိရှင်ကြားအရှက်ခွဲဖို့ လုပ်ကြပါတော့တယ်။ ဒါပေမဲ့ အဲဒီအကောင့်ကနေ သူတို့နှစ်ယောက်လုံးမတင်ဘဲ ပို့စ်တွေတင်လာတဲ့အခါမှာ… Jane ရဲ့အကောင့်ကိုသူတို့အပြင်သုံးနေတာ ဘယ်သူဖြစ်မလဲ။ အပျော်ကနေအပျက်ဖြစ်တတ်တယ်ဆိုသလိုပဲ ကိုယ့်ရဲ့ပို့စ်တစ်ခုကြောင့် တစ်ဖက်လူရဲ့ဘဝ ဘယ်လိုပျက်စီးသွားနိုင်လဲဆိုတဲ့ Cyber bullying အကြောင်းကို စိတ်ဝင်စားစရာရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် ။ IMDb rating 5.1/10, ခရမ်းချဥ်သီး rating 63% ရထားတဲ့ကားဖြစ်ပြီး Riverdale မှာ Cheryl Bloosom နေရာကပါဝင်ခဲ့တဲ့ မင်းသမီီးချော Madelaine Petsch ကလည်း Olivia အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.23GB, 441MB Quality – 1080p, 720p IMDb Rating – 5.1/10 Format – mp4 Duration – 1H 23Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Horror • Thriller
5.1 2022
Jane
Poker Face
5.3

ဒီရုပ်ရှင်ကတော့ မင်းသားကြီး ရပ်ဆဲခရိုး ကိုယ်တိုင်ရိုက်ကူးသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ လီယံဟမ်းဆွာ့လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ အမျိုးအစားကတော့ Mystery, Thriller အမျိုးအစားပါပဲ။ ဂျိတ်၊ ပေါလ်၊ အဲလက်၊ ဒရူး စတဲ့ သူငယ်ချင်းတွေဟာ ငယ်စဉ်ကတည်းက ပိုကာဖဲကစားနည်းမျိုးစုံကို ဝါသနာပါတဲ့လူတွေပါ။ အရွယ်ရောက်လာတဲ့အခါမှာတော့ ဂျိတ်ဟာ ကမ္ဘာ့ပထမဆုံး ပိုကာအင်တာနက်စနစ်ကို တီထွင်ခဲ့တဲ့အတွက် သန်းကြွယ်သူဌေးဖြစ်နေပါပြီ။ တစ်နေ့မှာတော့ ဂျိတ်ဟာ သူရဲ့မတွေ့ရတာ ကြာတဲ့ သူငယ်ချင်းတွေကို ပြန်ဖိတ်ခေါ်ပြီး ပိုကာတစ်ပွဲ ကစားဖို့ စီစဉ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီ ပိုကာညဟာ သာမန်မဟုတ်ဘဲ အလှည့်အပြောင်းတွေ ပဟေဠိတွေဖြစ်လာတဲ့အခါ… File size…(1.89GB) / (924MB) / (445MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:34:00 Genre…Action / Crime / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Adventure • Drama • Fantasy • Science Fiction
5.3 2022
Poker Face
La graine (The Seed)

The Seed မြန်မာလိုဆို အစေ့ ၊ မျိုးစေ့ပေါ့ အိနက်နဲ့ လူစီတို့ဟာ တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြတဲ့လိင်တူချစ်သူနှစ်ဦးပါ၊ တနေ့ကျရင်သားသမီးလေးတွေနဲ့မိသားစုတစ်ခုတည်ဆောက်မယ်ဆိုတဲ့ အိမ်မက်တွေ အပြည့်….. ဒါပေမဲ့ ပြဿနာက သူတို့ နှစ်ယောက် အရေးကြီးဆုံးပစ္စည်း တစ်ခုလိုနေတာပါပဲ ၊ဆိုတော့နှစ်ယောက်သားဖန်ပြွန်သန္ဓေသားကြိုးစားယူခဲ့ကြရှာတာ ငါးကြိမ်မြောက်ကြိုးစားခဲ့ပြီးတဲ့ထိအဆင်မပြေခဲ့ပါဘူး၊ နောက်တစ်ခေါက်ကျ မစ္စတာပီတာနဲ့ တွေ့ပြီး အကောင်းတကာအကောင်းဆုံးမှဆိုတဲ့ မျိူးစေ့အလှူရှင်ကိုရှာထွက်ခဲ့ကြတဲ့အချိန်မှာတော့……… ဟာသရုပ်ရှင်အမျိုးအစားလေးမို့ ပေါ့ပေါ့ပါးပါးနဲ့ သူတို့ရဲ့ပြဿနာပေါင်းစုံကိုမျှဝေခံစားရင်ကြည့်ရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(1.5 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

Horror • Thriller • Crime
0 2023 92 mins
La graine (The Seed)
The Wolf of Wall Street
8.2

The Wolf of Wall Street (2013) IMDb Rating (8.2) / Rotten Tomatoes (80%) The Wolf of Wall Street ဆိုတာက ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိကိုပြန်ရိုက်ထားတာ… အခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ Jordan Belfort ဆိုတဲ့ဆရာသမား စတော့ရှယ်ယာဈေးကွက်မှာ ဘယ်လိုတွေ လူလည်ဖျံကျပုံ… အချိန်တိုအတွင်း ငွေတွေဒလဟောဝင်ပြီး ဘယ်လိုတွေချမ်းသာသွားပုံ… ချမ်းသာလွန်ပြီး ဘာတွေဆက်ဖြစ်သွားပုံစတဲ့ သူ့ဘဝဇာတ်ကြောင်းကိုရိုက်ထားတာ… မင်းသား လီယိုနာဒိုက Jordan Belfort နေရာကနေ သရုပ်ဆောင်ထားပြီး ဇာတ်ကားရဲ့နောက်ဆုံးပိုင်းမှာ Jordan Belford ကိုယ်တိုင်လဲ ဝင်ရိုက်ထားသေးတယ်။ မင်းသမီးက Margot Robbie …သိတဲ့အတိုင်း ဒီဇာတ်ကားမှာရှယ်ဟော့တာ..သူများလင်ယူထားတဲ့ အငယ်အနှောင်းပုံစံနဲ့ ဟော့တယ် ထိတယ်မိတယ်ပေါ့။ သူမက အဲ့ကာလက တက်သစ်စမင်းသမီးပဲရှိသေးပေမယ့် ဒီဇာတ်ကားမှာ အဟော့ခန်းတွေ အဖော်အချွတ်ခန်းတွေပါမကျန် ဇာတ်နဲ့ကျရာဇာတ်ရုပ်ကို ပီပြင်စွာရိုက်ကူးသရုပ်ဆောင်ခဲ့တာကြောင့် တခါထဲ နာမည်ကြီးမင်းသမီးတန်းဝင်သွားပါတယ်။ မင်းသားလီယိုနာဒိုကတော့ ပြောမနေနဲ့တော့…သူ့ကြောင့်ပဲ ဒီရုပ်ရှင်ကား ဒီလောက်ကောင်းသွားတာ.. Jordan Belfort တောင် သူ့လောက် Jordan Belfort မဖြစ်လောက်ဘူး… လီယိုနာဒိုကမှ တကယ့်လူလည်ပတ်ကား ကျရာပျော် ငွေသမား ဆေးသမား ဆော်သမား အကုန်ကြမ်းတဲ့ တကယ့် Jordan Belfort ။ မူးယစ်ဆေးအမျိုးမျိုးကို နှစ်သက်တဲ့ Jordan Belfort မှာ မူးယစ်ဆေးတွေထက် ပိုယစ်မူးတဲ့ အရာတစ်ခုရှိတယ်… အဲ့ဒါပိုက်ဆံပဲ။ ” ပိုက်ဆံသာ အလုံအလောက်ရှိလာရင် မင်း ဘာမဆိုလုပ်နိုင်လိမ့်မယ် ကမ္ဘာကြီးကိုလည်းသိမ်းပိုက်နိုင်လိမ့်မယ်..မင်းရန်သူတွေကိုလည်းဖျက်ဆီးပစ်နိုင်လိမ့်မယ် ပိုက်ဆံက မင်းကိုဘဝကောင်းကောင်းတစ်ခု ဝယ်ပေးရုံမဟုတ်ဘူး အစားကောင်းကောင်းရော ကားကောင်းကောင်းရော မိန်းမကောင်းကောင်းရောဝယ်ပေးတာ မင်းကိုပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာစေတယ် မင်းကြိုက်တဲ့ဘုရားကျောင်း၊နိုင်ငံရေးပါတီ ကြိုက်တာကိုမင်းလှူလို့ရတယ် စိတ်ပါရင် ဇီးကွက်မျိူးစိတ်တစ်ခုလုံးကိုတောင် ပိုက်ဆံပေးပြီးကာကွယ်ထားလို့ရသေးတယ်။” ဒီလိုခံယူချက်တွေနဲ့ Jordan Belfort ဟာ ဘာမှမရှိတဲ့သာမန်အရောင်းစာရေးဘဝကနေ အချိန်တိုအတွင်း သန်းကြွယ်သူဌေးဖြစ်လာဖို့ အားထုတ်ပါတော့တယ်… ပွဲစားတစ်ယောက် ဈေးရောင်းသူတစ်ယောက် Marketing သမားတစ်ယောက် ဈေးဘယ်လိုရောင်းရမယ်ဆိုတာ Jordan Belfort က ဒီရုပ်ရှင်မှာပြလိမ့်မယ်… လီယိုနာဒိုရဲ့တွဲဖက်က ဟာသမင်းသား Jonah Hill တဲ့…ပွဲကိုသိမ်းရော…နှစ်ယောက်သား တစ်ကားလုံး ဆဲလိုက် မူးလိုက် ပေါက်ကရတွေချည်းဆော်တာ။ မိသားစုနဲ့ကြည့်လို့မပြေအောင်ထိ ဇာတ်ကကြမ်းတယ်…ဒါရိုက်တာက နာမည်ကျော် Martin Scorsese ။ တခါတလေ စိတ်ညစ်လို့ Moti ပျောက်နေပြီဆိုရင် ဒီရုပ်ရှင်ကားက အမြင်တစ်မျိုးနဲ့ Moti ပေးနေပါလိမ့်မယ်။ ၃ နာရီကျော်ကြာပေမယ့် လုံးဝစွဲသွားမှာမလို့ ကြည့်ကြည့်ပါ။ (4K ကိုတော့ HDR Version နဲ့ လုပ်ထားတာမလို့ ခေတ်ပေါ် ဖုန်း pc tv တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်…1080p နဲ့ 720p ကတော့ ပုံမှန်အတိုင်းကြည့်လို့ရပါတယ်။)

Mystery • Drama
8.2 2013 180 mins
The Wolf of Wall Street
Diary Of Security
5.7

လင်ရှောင်းဖုန်း ခေါင်းဆောင်တဲ့ လုံခြုံရေးအဖွဲ့ ၁၉ ဟာ သူများကိစ္စတွေဝင်ပါပြီး အလေးအနက်တွေလုပ်လွန်းတာကြောင့် အလုပ်ထုတ်ပယ်ခံလိုက်ရတယ်… အလုပ်ထုတ်ခံရပြီး သူတို့သုံးယောက်လုံး စိတ်ဓာတ်ကျနေတဲ့ အချိန် ရှေးဟောင်းပစ္စည်းဆိုင် သူဌေးတစ်ယောက်ရဲ့ ဆိုင်လုံခြုံရေးအတွက်ဌားရမ်းခဲ့ပါတယ်… သူဌေးက သူ့ရဲ့ ရှေးဟောင်းပန်အိုးပြည်ပမှာ ပြသထားချိန် အတု ဖန်တီးကာဆိုင်မှာတင်ထားပြီး စျေးပေါပေါနဲ့ လုံခြုံရေးဌားကာ ဟန်ဆောင်စောင့်ခိုင်းထားတာဖြစ်နေခဲ့တယ် …. ရှေးဟောင်းပန်းအိုးရဲ့သတင်းကိုကြားတဲ့ သူခိုးအဖွဲ့ကလည်း အဲ့ဒီပန်းအိုးကို သူတို့သုံးယောက်ကိုလှည့်စားကာခိုးယူနိုင်ခဲ့တယ်… ပန်းအိုးပျောက်သွားတဲ့အတွက် သူဌေးဟာ သူတို့သုံးယောက်ကိုအလုပ်ထုတ်ပြီး သတင်းမပေါက်ကြားစေရန်အတွက် ပြည်ပက ပန်းအိုးအစစ်ကိုသွားယူခဲ့တယ်… ပန်းအိုးပြန်သွားယူနေတဲ့အချိန် သူဌေးရဲ့သမီးဖြစ်သူနဲ့ သူတို့သုံးယောက်က ပန်းအိုးကို အတုမှန်းမသိပဲ လိုက်ရှာဖို့လုပ်ခဲ့ကြတယ်…. သူတို့ရော သူခိုးကိုရှာတွေ့ပြီး ပန်းအိုးကို ပြန်ရှာတွေ့နိုင်မှာလား… ပြသာနာတွေရောရင်ဆိုင်ရဦးမှာလား… ဘာတွေဆက်ဖြစ်နိုင်ဦးမလဲဆိုတောတော့ ဆက်လက်စောင်မျှော်ကြည့်ရှုပေးကြပါဦးနော်…

5.7 2022
Diary Of Security
Why Do You Love Me
5.8

Why Do You Love Me (2023) “ဘာလို့ချစ်တာလဲ” IMDb – 5.8/10 လူ့အခွင့်အရေးဆိုတာ လူတိုင်းရဖို့ထိုက်တန်တယ်ဆိုရင် မသန်စွမ်းတဲ့သူတွေမှာလည်း အိမ်ထောင်ရေးသုခဆိုတဲ့အရာကိုရဖို့ ထိုက်တန်တယ်မဟုတ်ဘူးလားတဲ့။ ဒီအတွေးကို ပထမဆုံးချပြရင်း အကောင်အထည်‌ဖော်ခဲ့တဲ့သူကတော့ Asta Anthony Philpotဆိုတဲ့ အမေရိကန်နိုင်ငံသားproducerပေါ့။ ကိုယ်တိုင် physical disabilityရှိသူတစ်ယောက်အနေနဲ့ မသန်စွမ်းတွေအတွက်လည်း အခကြေးငွေပေးပြီး ပျော်ပါးတဲ့ဝန်ဆောင်မှုမျိုးရသင့်တယ်လို့ ချပြခဲ့သူပေါ့။ Asta Philpotကို အကြောင်းပြုလို့ Come as you areတို့ Hasta La Vista တို့လို ရုပ်ရှင်တွေရိုက်ဖြစ်သွားပြီး အခုတစ်ခါတင်ဆက်ပေးမှာကတော့ Hasta La Vista ရဲ့ အင်ဒိုremakeလေးပါ။ နိစ္စဓူဝ ကိစ္စအဝဝကို မိဘကိုအားကိုးရင်းနေရတဲ့ မသန်စွမ်း ၃ ယောက်ဖြစ်တဲ့ ဒန်တွန် ဘာစ်ကာရာနဲ့ မီကိုတို့အတွက်တော့ ချစ်သူဆိုတဲ့အရာက မူးလို့တောင်ရှူစရာမရှိပါဘူး။ ဒီပုံစံအတိုင်း အမေအဖေတွေနဲ့ ဆက်နေနေရင်တော့ နှစ်တစ်ထောင်အက်ဖ်အေဘဝက ကျွတ်ဖို့လွတ်ဖို့ကလည်းမရှိတဲ့ လူပျိုစစ်စစ် ရေမရောဘဝနဲ့ ငှက်ပျောတုံးဖက်သေရမယ့်ကိန်းစိုက်နေလေတော့ လူကအားမသန်ပေမဲ့ ဦးနှောက်ကတော့ အတော်လေးစွမ်းတဲ့ ဆရာသမားဘာစ်ကာရာက သူ့လိုပဲ လူပျိုသိုးနံ့ထွက်နေတဲ့ သူငယ်ချင်းနှစ်‌ယောက်ကို မဟာအကြံထူးပေးပါတော့တယ်။ ဒီအကြံကတော့ ဆူရာဘာယာမှာရှိတဲ့ ဒိုလီအာလီဆိုတဲ့ မသန်စွမ်းတွေအတွက်ပါ အထူးဝန်ဆောင်မှုပေးတဲ့ အပျော်ဂေဟာကို ဂျာဗားကနေဖြတ်ပြီး ကုန်းလမ်းခရီးနဲ့သွားဖို့ပါပဲ။ မိဘတွေကတော့ တစ်ယောက်ကဦးနှောက်အကျိတ်ကြောင့် မသွားလာနိုင်တဲ့သူ၊ တစ်ယောက်ကလည်း အကြောသေပြီး မလှုပ်ရှားနိုင်တဲ့သူ၊ တစ်ယောက်က မျက်မမြင်ဆိုတော့ စိတ်မချဖြစ်ပြီး မလွှတ်ချင်‌ပေမဲ့ တစ်ကောင့်သား ၃ ယောက်ကလည်း မိဘတွေကို အပျော်ဂေဟာပို့ပေးလို့လည်း ထုတ်ပြောမရ၊ ပါကင်ပိတ်ဘဝကကျွတ်လွတ်ရေး တို့အရေးကလည်းရှိနေတော့ လှည့်ပတ်ပြောရင်း သူတို့ကိုစောင့်ရှောက်ပေးမယ့်သူလည်းဖြစ် ယာဉ်မောင်းလည်းလုပ်မယ့်လူတစ်ယောက်နဲ့ ခရီးစထွက်ဖို့ ဖြစ်လာပါတော့တယ်။ ခရီးစဉ်တစ်လျှောက် တစ်ယောက်နဲ့တစ်ယောက်အားကိုးရင်း အခက်အခဲတွေကိုဖြတ်ကျော်လို့ သုခတွေခံစားချင်တဲ့ သူတို့ရဲ့မဟာဆန္ဒကြီး ပြည့်မြောက်နိုင်ပါ့မလားဆိုတာ အားလုံးအတူ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ ToMo ~ Zwe ~ Alex တို့ပဲဖြစ်ပါတယ်)

5.8 2023
Why Do You Love Me
Manon of the Spring
8

ဒီဇာတ်လမ်းက အချစ်နဲ့ လောဘအလိုရမ္မက်ကိုဖော်ကျူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အူဂိုလင်ဆူဘေရန်နဲ့ သူရဲ့ဦးလေးဆီဆာဆူဘေရန်က မျိုးရိုးစဥ်ဆက် ရွှေငွေဥစ္စာဓနတွေစုဆောင်းလာခဲ့တဲ့ဆွေကြီးမျိုးကြီးဖြစ်တယ်။ ဒါပေမဲ့ အူဂိုလင်ပြီးရင် မျိုးဆက်ထဲမှာအမွေဆက်ခံမယ့်သူမရှိတော့ဘူး။ ဒါကြောင့် ပါပိ(ဆီဆာဆူဘေရန်)က အူဂိုလင်ကို အိမ်ထောင်ပြုဖို့တိုက်တွန်းတယ်။ တကယ်တော့ ဆူဘေရန်တွေက လောဘကြီးတဲ့သူတွေဖြစ်လို့ လွန်ခဲ့တဲ့၁၀နှစ်က အိမ်နီးချင်း(မာနွန်တို့မိသားစု)ရဲ့ငွေရပေါက်တစ်ခုကို လုယူခဲ့ဖူးပါတယ်။ အဲဒီလုပ်ရပ်ရဲ့သက်ရောက်မှုကြောင့် မာနွန်ကလေးဘဝမှာပဲ မာနွန့်အဖေသေသွားခဲ့တယ်။ မာနွန်အရွယ်ရောက်လာချိန်မှာ အဖြစ်မှန်ကိုသိသွားခဲ့ရာကစပြီး ဆူဘေရန်တွေရဲ့အတိတ်ကမကောင်းမှုက သူတို့ဆီပြန်လည်ရိုက်ခတ်လာတော့တယ်။ File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:53:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra

8 1986 113 mins
Manon of the Spring
The Clean Up Crew

ဒီကားလေးကတော့ အဲလက်စ်နဲ့ မက်ခ်ဂန်တို့ အတွဲဟာ အခင်းဖြစ်ပွါးရာမှာ ကျန်ခဲ့တဲ့ သွေးတွေကို သန့်ရှင်းရေးလုပ်ရတဲ့ သန့်ရှင်းရေးအဖွဲ့ကပါ သူတို့အဖွဲ့မှာ ရှာအိုဟန်ဆိုတော့ အဖွဲ့ခေါင်းဆောင်ရယ် ချာလီဆိုတဲ့ဆေးအမြဲသုံးနေတဲ့လူနှစ်ယောက်ပါတယ် တနေ့သူတို့မှုခင်းတစ်ခုကိုသွားရာကနေ သေတ္တာတစ်ခုကိုတွေ့ခဲ့တယ် အဲ့သေတ္တာကိုဖွင့်ကြည့်ရမှာတော့ ယူရို၂မီလီယံကို တွေ့ခဲ့တယ် အဲ့တော့ အဲ့ပိုက်ဆံသေတ္တာက ဘယ်ကရောက်လာတာလဲ ပြီးတော့ အဲ့ပိုက်ဆံနောက်ကိုလိုက်နေတဲ့ လူဆိုးအဖွဲ့စည်းတစ်ခုလည်းရှိပါသေးတယ် အဲဒီတော့ဘာတွေဘယ်လိုဖြစ်သွားမှာလဲ အဲလ်လက်စ်တို့ကရော ပိုက်ဆံတွေဘာလုပ်မှာလဲ နောက်ဆုံးမှာရော သူတို့ကိုလိုက်နေတဲ့သူတွေနောက်ကနေလွတ်မြောက်သွားမလားဆိုတာကတော့ ကြည့်ရှုလိုက်ကြပါဦးရှင် File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe

0 2024
The Clean Up Crew
Crazy Scary 2 aka Barikowa 2: Norowareta Onna-tachi

Barikowa 2(2023) Japan Horror ပရိသတ်ကြီးအတွက် ပဟေဋိဆန်ဆန်ထိတ်လန့်စေမဲ့ကား စိမ်းစိုလှပတဲ့မြက်ခင်းပြင်ကျယ်ကြီးမှာ အေးချမ်းမှုကိုခံစားနေတဲ့ မိန်းကလေးတစ်ယောက်တွေ့ကြံလိုက်ရတဲ့ ထိတ်လန့်စရာဖြစ်ရပ်…။ ဆောက်လုပ်ပြီးချိန်တည်းက သူ့ထံမှာလာခိုနားသူတွေကို ခင်မင်ရင်းနှီးစိတ်ဝင်ခဲ့တဲ့ အိုဆာကာမြို့လယ်က တိုက်ခန်းနံပါတ် 1313 ၊ ပထမဆုံးပိုင်ရှင်က စီးပွားရေးကျသွားလို့ သူ့ကိုအရောင်းတင်ပြီးအကြာကြီးလူမနေဘဲရှိနေတော့ အထီးကျန်မှုတွေခံစားလာရတဲ့ တိုက်ခန်းနံပါတ် 1313….။ အဲဒီအချိန်မှာ မီအိုဆိုတဲ့ကောင်မလေးက သူ့ဆီကိုရောက်လာခဲ့ပြီး သူ့ကိုသက်ရှိတစ်ယောက်လိုနှုတ်ဆက်ပြောဆိုမှုတွေမှာ ပိုသဘောကျသွားမိတယ် ။ တစ်နေ့ မီအိုခေါ်လာတဲ့လူတစ်ယောက်က မီအို့ကိုအသက်အန္တရာယ်ပေးတဲ့အချိန် သူ့အပေါ်သံယောဇဉ်တွယ်နေတဲ့တိုက်ခန်းက ကာကွယ်ပေးဖို့ကြိုးစားရာက ထူးဆန်းတဲ့ထိတ်လန့်စရာတွေဖြစ်လာခဲ့တယ် ။ သရဲတို့ဝိညာဉ်တို့ဆိုတာထက် ကို့ဘေးကအရာတွေက ရုတ်တရက်ချောက်ချားစရာဖြစ်သွားတဲ့ပုံစံမျိုးရှုစားရမဲ့ကားဖြစ်ပါတယ် အညွှန်းနှင့်ဘာသာပြန်သူကတော့ BpL ပဲဖြစ်ပါတယ်

0 2023
Crazy Scary 2 aka Barikowa 2: Norowareta Onna-tachi
In Her Place

In Her Place (2014) ******************* ဒီတစ်ခါမှာတော့ ဒရမ်မာတစ်လိုင်းဇာတ်အေးဇာတ်ငြိမ်လေးကြိုက်တဲ့ပရိသတ်တို့အတွက်… Drama, Adoption အမျိုးအစားလေးတစ်ကားကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားလေးထဲမှာတော့..Pyramid Game(2024)က အလုပ်ထွက်သွားတဲ့ဆရာမလေးနဲ့.. ဘဲ့ဟာရင်းရဲ့အဖွားအဖြစ်သရုပ်ဆောင်ခဲ့ကြတဲ့ Ahn Ji Hye၊ မင်းသမီးကြီး Yoon Da Kyung တို့အပြင်.. အခြားသောအနုပညာရှင်များဖြစ်ကြတဲ့ Gil Hae-Yeon, Chang Hwan Kim, Kim Gyeong-ikတို့… အဓိကပါဝင်ပြီး သရုပ်ဆောင်ထားကြပါတယ်။ Canadian Screen Awards မှာ nomination ဝင်ခဲ့ဖူးတဲ့ရုပ်ရှင်ဖြစ်ပြီး… ကနေဒါရုပ်ရှင်ဒါရိုက်တာ Albert Shin ရဲ့လက်ရာကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ————– ဆိုးလ်မြို့ပေါ်ကချမ်းသာတဲ့လင်မယားဟာ ကျေးလက်ဒေသလေးတစ်ခုမှာနေတဲ့… သားအမိဆီကိုလျှို့ဝှက်စွာရောက်ရှိလာကြပါတယ်။ အကြောင်းကတော့ ဆက်ကျော်သက်ကောင်မလေးရဲ့ကိုယ်ဝန်ကိုစောင့်ယူပြီး… ကလေးကိုမွေးစားကြဖို့အတွက်ပါ။ ကိုယ်ဝန်လွယ်ထားစဥ်တစ်လျှောက်လုံး.. အတူနေပြီးစောင့်ကြည့်လိုက်တဲ့အခါမှာတော့… သူတို့သဘောတူညီချက်တွေနဲ့ ကွဲလွဲနေတဲ့အပြင် ကောင်မလေးကလည်း တစ်ခုခုမှားယွင်းနေတာကိုသိလာတော့တယ်။ စီစဥ်ထားကြတဲ့အတိုင်းကလေးမွေးလာပြီး..ကိစ္စတွေအဆင်ချောစွာနဲ့ပြီးဆုံးသွားပါ့မလား။ ဘယ်လိုအလှည့်အပြောင်းဖြစ်လာဦးမလဲဆိုတာ…ကြည့်ရှုလိုက်ကြရအောင်နော်။ ဇာတ်လမ်းအညွှန်းကို HAN မှ ရေးသားပေးထားပါတယ် File size… 1.3 GB / 500 MB Quality…WEB-DL 1080p 720p Genres: Life, Drama, Family, Mature Duration: 1 hr 55 mins Subtitle….Myanmar Subtitle (Hard Sub) Translated By HAN Encoded By Heather Oo

0 2014 115 mins
In Her Place
Shrek 2
7.4

Shrek 2 (2004) IMDb Rating (7.4) / Rotten Tomatoes (89%) ဇာတ်လမ်းအကျဉ်း Dulocဆိုတဲ့ မြို့တော်ကြီးမှာ အကြင်နာတရားခေါင်းပါးပြီး တရားမမျှတမှုမရှိတဲ့ တရားသူကြီး Farquaadက Fairy Tale(နတ်သမီး ပုံပြင်)တွေကို မနှစ်သက်တဲ့အပြင် သူ့တို့တိုင်းပြည်မှာရှိနေတဲ့ Fairy Taleတွေထဲက သက်ရှိဇာတ်ကောင်တွေ အားလုံးကို တိုင်းပြည်အစွန်ဖျားက ရွှံဗွက်တောကြီးဆီကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ အဲ့ဒီမှာလည်း…. Shrek(အစိမ်းရောင် ဘီလူးကြီး)က လူသူကင်းရှင်းစွာနဲ့ ၁ယောက်တည်း ပျော်ရွှင်စွာ နေထိုင်နေပါတယ်။ သူ့နေရာဆီကို နယ်နှင်ဒဏ်ပေးခံရတဲ့သူတွေ အများကြီးလဲ ရောက်လာရော… သူ့ရဲ့ပျော်ရွှင်မှုတွေ ပျက်သွားတဲ့အတွက် တရားသူကြီး Farquaadဆီကို နယ်နှင်ဒဏ် ပြန်ရုတ်သိမ်းပေးဖို့ သူနဲ့အတူ Donkey (ပါးစပ်ပိတ်တာကလွဲလို့ ကျန်တာအကုန်လုပ်မယ့် စကားအရမ်းများတဲ့ မြည်း)က Dulocမြို့ကို လမ်းပြပီး သွားမှာပါ။ တရားသူကြီး Farquaadကလည်း Cookie(စကားပြောတတ်တဲ့ လူပုံစံမုန့်)လေးကို နှိပ်စက်ပီး ကျန်ရှိနေသေးတဲ့ Fairy Taleတွေထဲက ဇာတ်ကောင်တွေရဲ့ နေရာကို မေးနေပါတယ်။ အဲ့ဒီအချိန်မှာ သူတပည့်တွေက သူရှာခိုင်းထားတဲ့ Magic Mirror (Snow Whiteထဲက Evil Queenရဲ့ မှော်မှန်)ကို သယ်လာပါတယ်။ အဲ့မှော်မှန်ကြီးကို “သူ့ရဲ့တိုင်းပြည်က တရားအမျှတဆုံးနဲ့ အေးချမ်းသာယာတဲ့ တိုင်းပြည်ဖြစ်ပီလား”လို့ မေးပါတယ်။ မှော်မှန်ကြီးက “Farquaadက ဘုရင်မှ မဖြစ်သေးပဲနဲ့ (သူက မင်းမျိုးမင်းနွယ်လဲ မဟုတ်တဲ့အတွက်) ဘုရင်ဖြစ်ချင်ရင် မင်းသမီး၁ယောက်ယောက်ကို လက်ထပ်မှရမယ်”ဆိုပီး မင်းသမီး၃ယောက်ကို ဘယ်သူ့ကြိုက်လဲဆိုကာ သူ့မှော်မှန်မှာ ပြသ၍ ရွေးချယ်ခိုင်းပါတယ်။ အဲ့ဒီထဲကမှ Fionaဆိုတဲ့ မင်းသမီးကို ရွေးချယ်လိုက်ပါတယ်။ (သူမက Farawayတိုင်းပြည်မှ ဘုရင့်သမီးဖြစ်ပီးတော့ အစောင့်နဂါးကြီးရှိတဲ့ ရဲတိုက်ကြီးထဲမှာ သူမကို လာကယ်မယ့် သူရဲကောင်းကို စိတ်ကူးယဉ်ရင်း ဖမ်းခံထားရပါတယ်။) “မင်းသမီးက ညမှာဖြစ်တဲ့ကိစ္စလေး၁ခုကပဲ…”ဆိုပီး မှော်မှန်ကြီးက Farquaadကို သတိပေးပြောဆိုဖို့ ကြိုးစားပါသေးတယ်။ Dulocမြို့ကို မကျေနပ်ချက်တွေနဲ့အတူရောက်လာတဲ့ Shrekနဲ့ Donkeyကို Farquaadက ဖမ်းခိုင်းပါတယ်။ သူတို့ကို လာဖမ်းတဲ့ ရဲမက်တွေကို အမိုက်စား Fightingနည်းတွေနဲ့ Smack Downတွေ ကျွေးပါတယ် tongue emoticon ဒါနဲ့နောက်တော့ Fionaမင်းသမီးကို ကယ်ပေးနိုင်ရင် Farquaadက နယ်နှင်ဒဏ်ကို ရုတ်သိမ်းပေးမယ်ဆိုပီး Shrekနဲ့ အပေးအယူလုပ်ပါတယ်။ Shrekကလဲ အပေးအယူကို လက်ခံလိုက်ပါတယ်။ Shrekနဲ့ Donkeyက Fionaမင်းသမီးလေးကို နဂါးကြီး လက်ထဲက ကယ်နိုင်မလား? တကယ်လို့ ကယ်နိုင်ခဲ့ရင် Shrekဆိုတဲ့ဘီလူးကြီးကို မင်းသမီးလေးက သူ့ရဲ့ သူရဲကောင်းအဖြစ် ချစ်နိုင်မလား? Shrekက Fionaကို နယ်နှင်ဒဏ်နဲ့ အလဲလှယ်လုပ်ရင် Farquaadရဲ့ ကြင်ယာအဖြစ် သိမ်းခြင်းကိုပဲ ခံရမလား? ဘာတွေဆက်ဖြစ်မလဲဆိုတာကို… ဒီဇာတ်ကားရဲ့ အောင်မြင်မှုကဆိုရင်ဖြင့် Shrek the Third (2007), Shrek Forever After (2010)ဆိုတဲ့ နောက်ဆက်တွဲကားတွေကို ဖြစ်ပေါ်လာစေပါတယ်။ Holiday specials ၂ခု Shrek the Halls (2007)နဲ့ Scared Shrekless(2010)လဲ ရှိပါသေးတယ်။ ပီးတော့ ဇာတ်လမ်းအခွဲဖြစ်တဲ့ Puss in Boots(2011)ကဆိုရင်လဲ ပရိသတ် တခဲနက်အားပေးမှုတွေနဲ့ အောင်မြင်ထားပါတယ်။ (အညွှန်းကို The biggest Animation Cartoon Fans (MM) မှ #Admin Thiha Maungက ရေးပေးထားတာ ဖြစ်ပါတယ်။) File size…(4.9 GB) / (1.6 GB) / (900 MB) Quality….WEB-DL 4K HEVC /Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Animation, Comedy Duration….01:33:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Zaya Phyone

7.4 2004 92 mins
Shrek 2
Uang Panai 2 Uang Panai’ 2 Maha(r)l
7.5

Uang Panai 2 (2024) IMDb Rating (7.5) အင်ဒိုနီးရှားရဲ့ လက်ထပ်ပွဲ ယဥ်ကျေးမှုတစ်ခုက မင်္ဂလာဆောင်ရင် သတို့သားဘက်က သတို့သမီးဘက်ကို တောင်းရမ်းပစ္စည်းနဲ့ တောင်းရမ်းငွေတွေပေးရတာ အရေးအကြီးဆုံး ရိုးရာအစဥ်အလာတစ်ခုဖြစ်တယ်။ အဲဒီတောင်းရမ်းငွေကို Panai ငွေလို့ ခေါ်ပြီး တချို့စုံတွဲတွေက Panai ငွေ အလုံအလောက်မတတ်နိုင်လို့ ပြဿနာအခက်အခဲတွေ ရင်ဆိုင်ရပြီး လက်မထပ်ဖြစ်ကြတဲ့အထိ ရှိတတ်ကြတယ်။ ဒီဇာတ်လမ်းမှာ Ancha နဲ့ Risna က သူတိုသူငယ်ချင်း Tumming နဲ့ Abu ပူးပေါင်းပြီး လက်ထပ်ဖို့ Panai ငွေ အခက်အခဲဖြစ်နေတဲ့သူတွေကို ငွေကြေးတိုင်ပင်အကြံပေးတဲ့ PATTUMBU ဝန်ဆောင်မှုလုပ်ငန်း ဖွင့်လှစ်လိုက်တယ်။ တစ်ဖက်မှာ ဆရာဝန်မလေး Icha နဲ့ ကုမ္ပဏီမန်နေဂျာ Iccang တိုက ချစ်သူသက်တမ်း 7 နှစ်ကြာပြီဖြစ်တဲ့ ချစ်သူတွေ Iccang က Icha ကို လက်ထပ်ချင်ပေမဲ့ Icha က သူ့ထက်ပိုချမ်းသာတဲ့ ဆရာဝန်ဖြစ်နေတာကြောင့် ကောင်မလေးကိုလက်ထပ်ဖို့ Panai ငွေကလည်း အများကြီးလိုအပ်နေတော့ ကြံရာမရတဲ့အဆုံး Iccang တစ်ယောက် Tumming နဲ့ Abu တိုရဲ့ PATTUMBU ကုမ္ပဏီဆီ သွားတွေ့ပြီး Panai ငွေ စုဖို့ကြိုးစားကြပါတော့တယ်။ ဒီဇာတ်လမ်းက Imdb 7.5 နဲ့ positive reviews တွေ ရထားပြီး အင်ဒိုနီးရှားရဲ့ အိမ်ထောင်ရေးရိုးရာတွေကို ဟာသအနှောတွေနဲ့ ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.7 GB) / (750 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Romance Duration….01:46:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

7.5 2024
Uang Panai 2 Uang Panai’ 2 Maha(r)l