YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

A Wednesday! [2008] (MM Sub).mp4

705.02 MB N/A video/mp4 1206 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Friendship!
6.3

အချိန်ကာလအားဖြင့် 1990 တစ်ဝိုက် စစ်အေးခေတ်ပြီးခါနီးပေါ့ဗျာ။ New York လေဆိပ်က အမေရိကန်လူဝင်မှုကြီးကြပ်ရေးဌာနကို အူတိအူကြောင်ရုပ်နဲ့ ဂျာမန်နှစ်ကောင်ရောက်ချလာတယ်။သူတို့က GDR လို့ခေါ်တဲ့ အရှေ့ဂျာမနီ(ကွန်မြူနစ်နိုင်ငံ)ကတဲ့။ဘယ်သူမှ မမေးရဘဲ သူတို့ကိုယ်သူတို့ “We are Communists”ဆိုပြီး ဝမ်းသာအားရ မိတ်ဆက်တယ်။ဘာပြောကောင်းမလဲ ၊ပယ်ပယ်နယ်နယ် အစစ်ခံရတော့တာပေါ့။ ဒီဇာတ်ကားက အဲ့ဒီဂျာမန်နှစ်ကောင်ရဲ့ အမေရိကန်ခရီးရှည်ကြီးကို ရိုက်ပြထားတာ။ သူတို့ ဘာကြောင့် အမေရိကားကို ရောက်လာကြတာလဲ။ အူကြောင်ကြောင်နဲ့ ဘယ်လိုမျိုး ပေါက်ကရတွေ လုပ်ကြလဲ။ ဘယ်လိုတွေ ပြဿနာတွေတက်ကြလဲဆိုတာကို (ဒီကောင်တွေတော့ကွာဆိုပြီး) တဟီးဟီးတဟားဟားနဲ့ ကြည့်ရမယ့်ကားမျိုး။ ဒီဇာတ်ကားကို ကြည့်ပြီးရင်တော့ ဇာတ်ကားနာမည် “Friendship” ဆိုတဲ့အတိုင်း သူတို့နှစ်ယောက်ကြားက “ပေဖော်ပေဖက် ခင်မင်မှုမျိုး”ကို ခင်ဗျား ခံစားမိလိမ့်မယ်။ ပြီးရင်တော့ ဘယ်ရောက်ဘယ်ပေါက်မယ်၊ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို မှန်းလို့မရတဲ့ Road Trip မျိုး တစ်ခေါက်လောက်ဖြစ်ဖြစ် ထွက်ဖူးချင်လာလိမ့်မယ်။ ငါလည်း ဘဝမှာ ဒါမျိုးတစ်ခေါက်လောက်တော့ ဖြစ်ချင်ရာဖြစ် ပေဖူးချင်လိုက်တာဆိုပြီး တွေးမိလိမ့်မယ်။ အချိန်ပေးရတာနဲ့တန်အောင် ရယ်ရ မောရမယ့် ဇာတ်ကားမျိုးမို့ ကိုယ်တိုင် ကြည့်ရှုခံစား ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ (ဘာသာပြန်နှင့် အညွှန်းကတော့  Damien ပဲ ဖြစ်ပါတယ် ) File size…975MB / 545MB Quality…WEB-DL 720p / 480p Format…mp4 Duration….1h 50m Genre ..... Adventure / Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damien

Adventure • Comedy • Romance
6.3 2010 110 mins
Friendship!
Awake

၂၀၂၀ ခုနှစ်ကထွက်ရှိလာထားတဲ့ ဂျပန်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဂိမ်းတွေ၊ ပရိုဂရမ်တွေနဲ့ အဓိကဇာတ်ကောင်ကိုပဲဦးတည်ရိုက်ကူးထားတာကြောင့် ဇာတ်ကားရဲ့ Genre ကိုတော့ အတိအကျမသတ်မှတ်နိုင်ပေမယ့် စိတ်ဝင်စားစရာကောင်းတာကတော့ အသေအချာပါပဲ။ ဇာတ်လမ်းအကျဉ်းကိုပြောရရင် Shogi ကစားနည်းမှာတစ်ဖက်ကမ်းခတ်ကျွမ်းကျင်ဖို့ အိပ်မက်တစ်ခုရှိနေတဲ့ Eiichi ဆိုတဲ့လူငယ်တစ်ယောက်ဟာ ဂျပန် Shogi အသင်းအဖွဲ့ရဲ့ အတတ်သင် ကျောင်းမှာ သွားရောက်လေ့ကျင့်နေခဲ့ပါတယ်။ Shogi ဆိုတာကတော့ ဂျပန်ရိုးရာစစ်တုရင်ကစားနည်းတစ်မျိုးပါ။ သူအမြဲကြိုးစားသင်ယူနေပေမယ့်လည်း ကျောင်းရဲ့ဆရာတစ်ဆူဖြစ်နေတဲ့ Riku ဆိုတဲ့ကစားသမားကိုတော့ ဘယ်လိုမှမယှဥ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ Eiichi တစ်ယောက်စိတ်ကုန်လာပြီး သူ့ရဲ့ Shogi ကစားသမားဖြစ်ချင်တဲ့အိပ်မက်ကလည်း တဖြည်းဖြည်းဝေဝါးလာခဲ့ပါတော့တယ်။ အဲဒီနောက် သူဟာတက္ကသိုလ်တစ်ခုကိုဝင်လျှောက်ပြီး သာမန်ဘဝနဲ့နေဖို့ဆုံးဖြတ်လိုက်ပေမယ့် သူ့ဘဝတစ်လျှောက်လုံးနီးပါး Shogi အပေါ်မှာပဲစိတ်နှစ်ထားခဲ့တာကြောင့် ပေါင်းသင်းဆက်ဆံမှုလည်းအားနည်းတဲ့အတွက် မိတ်ဆွေအပေါင်းအသင်းတွေမရှိလာခဲ့ပါဘူး။ တစ်နေ့မှာတော့ Eiichi တစ်ယောက် မထင်မှတ်ပဲ AI ကို အခြေခံထားတဲ့ Shogi ကွန်ပျူတာပရိုဂရမ်တစ်ခုကိုတွေ့ရှိခဲ့ပြီး အဲဒီပရိုဂရမ်ဟာသူထင်ထားတာထက်ကို အဆင့်မြင့်နေခဲ့ပါတယ်။ အဲဒီကနေစပြီးတော့ Eiichi လည်းကွန်ပျူတာပရိုဂရမ်တွေ အထူးသဖြင့် Shogi နဲ့ပတ်သက်တဲ့ဂိမ်းတွေကို စိတ်ဝင်စားလာပါတော့တယ်။ အဲဒါကြောင့် AI လေ့လာရေးအဖွဲ့ကိုရောက်သွားပြီး စီနီယာကျောင်းသား Isono နဲ့ဆုံခဲ့ပါတယ်။ Isono ဆီကနေ AI ပရိုဂရမ်တွေအ ကြောင်းသင်ကြားရင်း သူ့ဘဝရဲ့အိပ်မက်ကလည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ပါတော့တယ်။ ဒီတစ်ခါမှာရော သူ့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ပါ့မလား။ အဲဒီအိပ်မက်ကရောဘာဖြစ်မှာလဲ။ သူလက်လျှော့ခဲ့တဲ့ Shogi ထိပ်တန်းကစားသမားဖြစ်ဖို့ဆိုတဲ့ အိပ်မက်ကိုရော သူဆက်မက်နိုင်မှာလား။ Shogi ရဲ့စည်းမျဥ်းတွေနဲ့ အခေါ်အဝေါ်တွေဟာ စစ်တုရင်နဲ့အနည်းငယ်ကွဲပြားတဲ့အတွက် တချို့နေရာတွေမှာ နားလည်ရခက်နိုင်ပေမယ့် ဇာတ်လမ်းဇာတ်အိမ်နဲ့ အကြောင်းအရာကရှင်းလင်းပြီးသားဖြစ်တာကြောင့် ဒီကစားနည်းတွေအကြောင်းနားမလည်ရင်တောင် ရုပ်ရှင်ပရိသတ်တွေအတွက် ကြည့်ရကျိုးနပ်စေမယ့် ဇာတ်ကားကောင်းတစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။ File size…1.2GB / 600MB Quality…1080p NF WEB DL AAC 5.1CH / 720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko

Crime • Documentary
null 2020 119 mins
Awake
Alpha
6.5

Imdb Rating 7/10 , Rotten Tomatoes 80% ရရှိထားတဲ့ အသစ်စက်စက်Drama Mysteryကားကောင်းလေးတစ်ကားကို Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းလေးနာမည်ကတော့ Alpha (2018) ပဲဖြစ်ပါတယ်။ တစ်မူထူးခြားတဲ့ ဇာတ်လမ်း ဇာတ်အိမ်ကို တောင့်တနေတဲ့ ပရိသတ်ကြီးအဖို့ လုံးဝအကြိုက်တွေ့စေမှာပါ။ ဒီဇာတ်လမ်းရဲ့အဓိက ဇာတ်ဆောင် ကေဒါဆိုတဲ့ ကောင်လေးဟာ ကိုယ်ရှင်သန်ဖို့ သူများကိုသတ်ဖြတ်ရမယ်ဆိုတာကို လက်မခံနိုင်တဲ့ စိတ်သဘောထားနူးညံ့သူတစ်ဦးပါ။ ဒါပေမယ့် သူနေထိုင်ရာအချိန်က အသက်ရှင်ဖို့ရုန်းကန်လှုပ်ရှားရတဲ့ ဥရောပရဲ့လွန်ခဲ့သောနှစ်ပေါင်းနှစ်သောင်းခန့်ကအချိန်ပါ။ တစ်နေ့မှာ သူတို့မျိုးနွယ်စု ဆောင်းတွင်းရိက္ခာရှာဖို့ ကေဒါရဲ့အဖေဖြစ်သူ မျိုးနွယ်စုအကြီးအကဲနဲ့ အမဲလိုက်ထွက်ရပါတော့တယ်။ အမဲလိုက်နေစဉ်အတောအတွင်းမှာပဲ ကေဒါတောင်စောင်းပေါ်ကပြုတ်ကျပြီး ကျောက်ဆောင်တစ်ခုပေါ်မှာတင်ကာသတိလစ်သွားပါတော့တယ်။ ဖခင်ဖြစ်သူလဲ မကယ်နိုင်ပဲ ကျန်ရှိနေတဲ့လူမျိုးစုအတွက် ကေဒါကိုထားခဲ့လိုက်ရပါပြီ။ စိတ်ထားနူးညံ့သူကေဒါ ဘယ်လိုဆက်အသက်ရှင်မလဲ? ကြမ်းတမ်းလှတဲ့တောနက်ကြီးမှာသူဘယ်လိုရှင်သန်ရပ်တည်မလဲ? သူရဲ့နူးညံ့တဲ့စိတ်ထားကရော သေရေးရှင်ရေးနဲ့ ကြုံလာတဲ့အခါ ဆက်လက်နူးညံနိုင်ပါ့မလားဆိုတာ ရင်တစ်ဖိုဖိုနဲ့ ကြည့်ရှုရမယ့် ကားကောင်းလေးပါ။ ဘဝခွန်အားတွေပါ ပေးစွမ်းနိုင်တဲ့ ကားကောင်းလေးဆိုလဲ မမှားပါဘူး။ ဒီလိုကားကောင်းလေးကိုCMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကတော့ Alpha (2018)ပါ။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ပါ) File Size : (898 MB) Quality : BluRay 720p Running Time : 1hr 36min Format : Mp4 Genre : Adventure , Drama , Family Subtitle : Myanmar Subtitle (Hard Sub) Source : BluRay 1080p Translated by Aye Mon Kyaw Encoded by Moe Myint Lwin

Action & Adventure • Drama • Sci-Fi & Fantasy
6.5 2018 97 mins
Alpha
2/11: Day of the Dead
4.8

2/11: Day of the Dead (2012) ==================== အခု ပရိတ်သတ်ကြီးကို Horror/Mystery/Thriller အမျိုးအစား ဖြစ်တဲ့ Day of the Dead လို့အမည်ရတဲ့ အာဂျင်တီးနား ရုပ်ရှင် ဇာတ်ကားတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ Day of the Dead ကတော့ နိုဝင်ဘာ ၂ ရက်နေ့မှာ ကျရောက်ပါတယ်။ “CoCo”animation movie တောင် “Day of the Dead” ကို inspire ယူပြီး ဖန်တီးခဲ့တာပါ။ ဒါပေမဲ့ ဒီရုပ်ရှင် “Day of the Dead”မှာတော့ မက္ကဆီကို နိုင်ငံက လိုမျိုး အရိုးခေါင်းတွေကို ဆေးခြယ်ပြီး ပွဲတော်ကြီးတစ်ခုလို ပျော်ပျော် ရွှင်ရွှင် ကျင်းပကြတာမျိုး မဟုတ်ဘဲ တောင်အမေရိကရဲ့ Day of the Dead ကျင်းပပုံကြောင်းကို သိရမှာပါ။ ဇာတ်လမ်းရဲ့ အကျဉ်းချုပ်ကတော့ Mal Abrigo နဲ့ Valle Viejo ကို ချိတ်ဆက်ထားသလို ဖြစ်နေတဲ့ တောနက်ကြီးတစ်ခုရှိပါတယ် အဲဒီအနားက မြို့သူမြို့သားတွေကြားမှာ တော့ တောနက်ကြီးထဲမှာ ထူးဆန်းတဲ့ ကိစ္စတွေဖြစ်တတ်တယ်ဆိုပြီး ဘာသာရေးအယူသီးမှုဆန်ဆန် ကောလဟာလတွေ ပျံ့နှံ့နေခဲ့ပါတယ်။ မြို့ကလည်း ခြောက်ကပ်နေပြီး City of Dead လို့တောင် တင်စားလို့ရတဲ့ မြို့တစ်ခုပါ။ တစ်နေ့မှာတော့ သွေးတွေဖုံးလွှမ်းနေပြီး အဝတ်လုံးဝမပါတဲ့ ကောင်လေးတစ်ယောက်ပဲ မြို့ပြင်က သစ်တောအုပ်ကြီးတစ်ခုထဲကနေ ထွက်လာခဲ့ပါတယ်။ အဲဒီကောင်လေးမှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ။ Day of the Dead မှာ ဘယ်လိုအယူအဆမျိုးတွေ ရှိတာလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ကြည့်ရှုခံစားရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(1.28 GB) / (480 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 32Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Mystery, Thriller Translator…….June Encoder……….SWM

Adventure • Drama • Science Fiction
4.8 2012
2/11: Day of the Dead
Hide-and-Never Seek
5

Hide and Never Seek (2016) ကလေးဘဝကလူတိုင်းကစားဖူးတဲ့ တူတူပုန်းတမ်းကို Horror Version လေးတစ်ဖြတ်အနေနဲ့ ကြည့်ရှုရဦးမှာပါ။ VJ Glow ဟာ “Glow World” ဆိုတဲ့ horror channel တစ်ခုရဲ့ အစီအစဉ်တင်ဆက်သူဖြစ်ပါတယ်။ channel ကနေ ဝင်ငွေရဖို့အတွက် သူနဲ့ Producerဘတ် တို့က ထူးခြားဆန်းပြား ခြောက်ခြားစရာcontent အသစ်တွေကို ရှာဖွေနေခဲ့ကြတာပါ။ တစ်နေ့မှာတော့ သူတို့ Channel ကို Video တစ်ခုပေးပို့လာခဲ့ပါတယ်။ video ထဲမှာတော့ အထက်တန်းကျောင်းသူလေး ၂ ယောက်က တစ်ယောက်တည်းတူတူပုန်းတမ်းလို့ဆိုတဲ့ ဝိဉာဉ်လောကနဲ့ဆက်သွယ်ပြီးကစားရတဲ့တူတူပုန်းတမ်းကိုကစားနေခဲ့တာပါ ။အဲဒီ video ထဲမှာရိုက်ကူးမိထားတဲ့ ခြောက်ခြားစရာအဖြစ်အပျက်ကို VJ Glow တို့တွေက စိတ်ဝင်စားသွားကြပြီး Channel မှာတင်ဆက်ဖို့အတွက် Video ထဲကအဆောက်အဦးကို ကိုယ်တိုင်သွားရောက်စူးစမ်းကြပါတော့တယ်။ အဲဒီကျိန်စာသင့်အဆောက်အဦးထဲမှာပဲ live broadcast လွှင့်ကြရင်းနဲ့ ဘယ်လို ထူးထူးဆန်းဆန်းကြောက်မက်ဖွယ်တွေဖြစ်လာမလဲ ….. Video ထဲကကျောင်းသူလေးကိုရော ကယ်တင်နိုင်မလား ….ဆိုတာတွေကို ရုပ်ရှင်တစ်ခုလုံးကို ကင်မရာနဲ့ရိုက်ကူးတင်ဆက်ထားတဲ့ပုံစံအနေနဲ့ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာကြန်ကတော့ ThantSin ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p | 480p File size… 943MB | 435MB | 219MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. ThantSin Encoder ….. August

5 2016 90 mins
Hide-and-Never Seek
Whisper of Silent Body
5.9

ဒီဇာတ်လမ်းကတော့ အလောင်းခွဲမှုထောင်ချီမှာ တစ်ခါမှအမှားမဖြစ်ဖူးတဲ့ ထူးချွန်မှုခင်းဆရာဝန်ချင်မင်က ဆေးတက္ကသိုလ်ကိုလာရောက်‌ဟောပြောနေတုန်း ဖော်မလင်မှာခြောက်နှစ်တာစိမ်ထားတဲ့ အသံတိတ်ဆရာ (သေဆုံးပြီးနောက် ဆေးတက္ကသိုလ်သို့လှူဒါန်းသောကိုယ်ခန္ဓာ)ကို သာမန်သေဆုံးခြင်းမဟုတ်ပဲ အသတ်ခံရတာဖြစ်ကြောင်း မထင်မှတ်ပဲတွေ့ရှိခဲ့ပါတယ် အဲ့တော့မှ အချိန်ကြာညောင်းလှပြီဖြစ်တဲ့အမှုရဲ့အဖြစ်မှန်နဲ့ နောက်ကွယ်ကပုံပြင်ကို စတင်စစ်ဆေးမှုပြုလုပ်ခဲ့တယ် ချင်မင်အမှုစစ်ဆေးတဲ့လမ်းတစ်လျှောက်မှာ အမှုနဲ့ပက်သက်တဲ့လူသက်သေတွေက တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြတယ် အဖြစ်မှန်ကိုသိရှိနိုင်ဖို့အတွက် ချင်မင်နဲ့ကျန်းကျား ရဲမှူးချုပ်လင်ထောင်းတို့က အတူလက်တွဲပြီး လွန်ခဲ့တဲ့၁၆နှစ်ကအမှုကို ပြန်လည်ရှာဖွေစစ်ဆေးခဲ့ကြတယ် ဒီ၁၆နှစ်တာကြာနေတဲ့အမှုကြီးကို ချင်မင်ကဘယ်လိုဖြေရှင်းပြီး နောက်ဆုံးတရားခံကဘယ်သူဖြစ်လိမ့်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါစို့

5.9 2019
Whisper of Silent Body
Friday the 13th Part VI: Jason Lives
6

Friday the 13th Part VI: Jason Lives (1986) ~ IMDb – 6/10, Rotten Tomatoes – 50% ~ ၁၃ ရက် သောကြာနေ့ လူသတ်သမားကြီး ဂျေဆင်ဗော်ဟီးရဲ့ ခြောက်ကားမြောက်ဖြစ်ပါတယ်။ ဘယ်လိုပဲသေသေ အမြဲပြန်လာနေကျ ဂျေဆင်တစ်ယောက် အခုလည်း သေရွာကနေ ပြန်နိုးထလာခဲ့ပြန်ပါပြီ။ ဂျေဆင်ကို အသွေးထဲအသားထဲ အသည်းထဲက မုန်းတဲ့သူ တွန်မီက ညတိုင်း အိပ်မက်ထဲမှာ ဂျေဆင် သူ့ကို လာခြောက်လှန့်နေတာကို သည်းမခံနိုင်တော့ပါဘူး။ တွန်မီတစ်ယောက် ဂျေဆင်ကိုမြှုပ်ထားတဲ့ သင်္ချိုင်းကို သူငယ်ချင်းတစ်ယောက်နဲ့ မိုးသည်းညတစ်ညမှာ ပြန်လာခဲ့တယ်။ မြေပုံကိုတူးပြီး အလောင်းကိုပြန်ဖော်တယ်။ သံတူရွင်းနဲ့ အငြိုးတကြီး ထိုးတယ်။ အဲဒီမှာတင် ရင်ဝကိုစိုက်နေတဲ့ သံတူရွင်းကို မိုးကြိုးပစ်လိုက်ပြီး ဂျေဆင် ပြန်နိုးထလာပါတော့တယ်။ နဂိုကထက် ပိုအင်အားကြီးပြီး ပိုသတ်ရခက်တဲ့ သဘာဝလွန်သတ္တဝါကြီး ဂျေဆင် ပြန်လာပြီဆိုတာကို ရဲစခန်းကို အပြေးအလွှားသွားပြောခဲ့ပေမဲ့ ရဲကမယုံဘဲ အချုပ်ထဲ ထည့်လိုက်ပါရော။ လက်စသတ်တော့ ဂျေဆင်ကိုကြောက်ကြလွန်းလို့ ခရစ်စတယ် ဆိုတဲ့နာမည်ကိုတောင် ပြောင်းထားပြီး အမြုပ်ကီးနေကြတဲ့ မြို့သားတွေပါတဲ့ဗျာ။ ဒါကို ဂျေဆင် ပြန်လာပြီ ထပြောတော့ ဒေါဖောင်းပြီး အချုပ်ထဲ ထည့်တော့တာပေါ့။ ဒီလိုနဲ့ပဲ Jason Vs. Tommy ချကြ သတ်ကြပုံတွေကို ရှုစားရမှာဖြစ်ပါကြောင်း။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 905MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 26Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

6 1986 86 mins
Friday the 13th Part VI: Jason Lives
438 Days
6.7

နိုင်ငံတကာသတင်းထောက်ဆိုတဲ့အလုပ်ကိုကြားရတာ ခရီးလေးသွားလိုက် ဓာတ်ပုံလေးရိုက်လိုက် အင်တာဗျူးလေး လုပ်လိုက်နဲ့ လွယ်ကူမယ်လို့ထင်ရပေမဲ့ တကယ်တမ်းလက်တွေ့ ဘ၀မှာတော့ အရမ်းခက်ခဲပြီးတော့ စွန့်စားရပါတယ်။ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ဒီအလုပ်အပေါ်မှာ နှစ်မြှုပ်ထားမှလုပ်နိုင်မဲ့ အရမ်း ခက်ခဲတဲ့အန္တရာယ်များတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာလည်း နိုင်ငံတကာသတင်းထောက်တွေ အဖမ်းခံရတာ အသတ်ခံရတာ ပျောက်ဆုံးသွားတာတွေအပြင် တခြားသမိုင်းတွေ အများကြီးကိုမျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ရပြီးပါပြီ။ အခုတင်ဆက်ပေးမှာကတော့ ဒီလိုခက်ခဲကြမ်းတမ်းတဲ့အလုပ်ကို လုပ်ရင်းနဲ့ အီသီယိုးပီးယားနိုင်ငံမှာ ၄၃၈ ရက်အဖမ်းခံခဲ့ရတဲ့ဆွီဒင်နိုင်ငံက သတင်းထောက်နှစ်ယောက်အကြောင်းကိုရိုက်ကူးထားတဲ့ 438 Days ဆိုတဲ့ 2019 ခုနှစ်က ထွက်ရှိခဲ့တဲ့ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။မာတင်နဲ့ဂျိုဟန်ဆိုတဲ့ ဆွီဒင်သတင်းထောက် နှစ်ယောက်က အီသီယိုးပီးယားနိုင်ငံမှာ လွန်ဒင်ဆိုတဲ့ရေနံကုမ္ပဏီ အကြောင်းကို စုံစမ်းဖို့အတွက် ၂၀၁၁ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ ဆိုမားလီးယားကနေ အီသီယိုးပီးယားကိုတရားမဝင်နယ်စပ် ဖြတ်ကူး ခဲ့ကြပါတော့တယ်။သူတို့ချည်းပဲ ဒီအတိုင်းသွားဖို့ဆိုတာမဖြစ်နိုင်တဲ့ အတွက် ONLF ဆိုတဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ အကူအညီနဲ့ ဖြတ်ကူးခဲ့ကြပါတယ်။ဒါပေမယ့်ကံမကောင်းစွာနဲ့ပဲ အီသီယိုးပီးယား စစ်တပ်က သူတို့ကိုဖမ်းမိသွားပြီး နယ်စပ်ကိုတရားမဝင်ဖြတ်ကူးမှုနဲ့ အကြမ်းဖက်အဖွဲ့အစည်းမှာ ပါဝင်တယ်ဆိုပြီး နာမည်တပ်ကာ ထောင်ထဲကို ပို့လိုက်ပါတော့တယ်။ဒီလိုနဲ့ထောင်ကျသွားခဲ့ပြီးနောက်မှာ သူတို့ကိုလွတ်မြောက်အောင် ကူညီပေးဖို့ဆွီဒင်အစိုးရက ကြိုးစားပုံ တွေနဲ့ ထောင်ထဲမှာနေရတဲ့ငရဲလိုမျိုး ၄၃၈ ရက်တာကိုကြည့်ရှုရမဲ့ IMDb Rating 6.7 ရရှိထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားပဲဖြစ်ပါတယ်။ File size…2.07GB / 925MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 4m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2019
438 Days
Strictly Confidential

Strictly Confidential ဇာတ်ကားဟာ 2024 ခုနှစ်မှာထွက်ရှိထားတဲ့ လျှို့ဝှက်ဆန်းကျယ်ပြီး သည်းထိတ်ရင်ဖိုဖြစ်စေတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် ဒါရိုက်တာ Damian Hurley ၊Lee Beasley ၊ Gabbi Edmunds ၊ Caroline Murray တို့က ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် မီယာ ဆိုတဲ့ကောင်မလေးက သူ့အချစ်ဆုံးသူငယ်ချင်း ရေဘက်ကာရဲ့နှစ်ပတ်လည်နေ့မှာ နှစ်တိုင်းရေဘက်ကာနဲ့ဆုံနေကျဖြစ်တဲ့ ရေဘက်ကာရဲ့မိသားစုနေထိုင်ရာအိမ်ကို သူငယ်ချင်းတွေနဲ့အတူသွားလည်ခဲ့ပါတယ် သူငယ်ချင်းရဲ့သေဆုံးမှုကို သံသယဝင်ပြီး ပူဆွေးဝမ်းနည်းနေတဲ့မီယာတစ်ယောက် လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့စီစဥ်‌နေချိန် ဘယ်လိုအပြောင်းအလဲတွေ၊ ဘယ်လိုလျှို့ဝှက်ချက်တွေ၊ ဘယ်လိုသစ္စာဖောက်မှုတွေကိုကြုံတွေ့ရမလဲဆိုတာ စိတ်လှုပ်ရှားရင်းကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် File size…(1.5 GB)/(864 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Thriller. Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su

0 2024
Strictly Confidential
Bharat Ane Nenu
7.5

Bharat Ane Nenu (2018) IMDb Rating (7.5) / Rotten Tomatoes (88%) ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ် ပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇာပနအခမ်းအနားကိုတောင် ကျင်းပခွင့် မရလိုက်ဘူး. . . သို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့ ဖြစ်လာတယ် ပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ် မှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . . ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူး ပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိ ရှောင်တခင် စစ်ဆေးတတ်တယ် သက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ် လာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . . အဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . . လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံဖြိုးရေးစတဲ့ လုပ်ငန်းတွေမှာ နိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ် သူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ဝန်ကြီးချုပ်ပါ။ သူပြောတဲ့စကားက”စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာခေါင်းဆောင်မလိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာအောင် လမ်းပြပေးတဲ့သူပါ”တဲ့ မည်သို့ပင်ဆိုစေ. . .ပြည်သူ့အချစ်တော် ခံယူပြီးတာဝန်တွေကို ကျေပွန်အောင် လုပ်သည့်တိုင်မနာလိုတဲ့သူတွေကတော့ မနာလိုစမြဲပါပဲ နေရာတကာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာမို့မြေခွေးတွေကြားကို ရောက်နေတဲ့ယုန်သူငယ်လိုပဲအမဲဖြတ်ဖို့ ချောင်းမြောင်းနေကြသူတွေရှိတယ် သူ့နောက်ကိုကို လိုက်ပြီး သတင်းယူနေတဲ့ ပါပါရာဇီတွေရှိတယ်. . . လူငယ်ပီပီချစ်သူရည်းစားထားမိတာကအစအပြစ်ရှာ အပုပ်ချလိုသူတွေရှိတယ်. . . ဒီနှစ်ပိုင်းထွက်တဲ့တောင်ပိုင်းကားတွေထဲဒီကားကတော့ ကျွန်တော့်အကြိုက်ဆုံး နိုင်ငံရေး အက်ရှင်ကားဖြစ်ပါတယ် အဖြစ်အပျက်တွေကို ရိုက်ပြထားပုံကကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ အတော်ကြီးကို ဆင်တူနေတယ်. . . တစ်နည်းပြောရရင် သူတို့ရိုက်ပြသွားတဲ့ အစိုးရရဲ့ လစ်ဟာမှုတွေ အကြောင်းလာဘ်စားတတ်တဲ့ အစိုးရဝန်ထမ်းတွေအကြောင်း ဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘော လူ့မနောတွေအကြောင်း ဒီလို ရိုက်ကူးချက်တွေဟာ ကိုယ့်နိုင်ငံကို လက်ညှိုးထိုးပြနေသလားတောင် ထင်မိစရာပါ. . . ကျေးလက်ဖွံ့ဖြိုးရေးအတွက်ပြည်သူတွေအရေးအတွက်လွှတ်တော်မှာ တစ်ဖက်နဲ့ တစ်ဖက် အပြင်းအထန်ကို အတိုက်အခံလုပ်ပြီးအချေအတင်ဆွေးနွေးကြတာ အားရစရာပါ. . . မြင်နေကျ အိန္ဒိယတောင်ပိုင်းကားတွေလိုဘလိုင်းကြီး ကြမ်းပြ ရမ်းပြမိုက်ကြေးခွဲတာထက် ဒီကားမှာတော့အကြောင်းအကျိုးနဲ့ ပြချင်တဲ့ အချက်တွေကိုရေပက်မဝင်အောင် ပြသွားတာ ဖြစ်ပါကြောင်း. . . မကြည့်ဖြစ်ရင် တစ်ခေတ်နောက်ကျမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါကြောင်းညွှန်းဆိုလိုက်ပါရစေ ခင်ဗျား. . . ရုပ်ရှင်ကြာမြင့်ချိန် ၃ နာရီနီးပါးရှိတာမလို့ အေးအေးဆေးဆေး မိသားစုနဲ့ အပန်းဖြေကြည့်ရှုဖို့သင့်တော်ပါတယ်။ (ရုပ်ရှင်အညွှန်းကို MLMC မှ ရေးသားထားပါတယ်။)

7.5 2018 173 mins
Bharat Ane Nenu
Mulan Legend
5.8

တရုတ်ရာဇဝင်တွေထဲက နာမည်ကြီးအမျိုးသမီးစစ်သူကြီးဟွားမုလန်ကို အားလုံးကြားဖူးကြမယ်လို့ထင်ပါတယ် ။ ဒီဇာတ်ကားလေးကတော့ စစ်သူကြီိးဟွားမုလန်ဘဝမှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေထဲကတစ်ခုကိုရိုက်ပြထားတာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးအနေနဲ့ အေဒီ၄၃၀လောက်မှာ ရိုရန်မျိုးနွယ်တွေက စတင်တိုက်ခိုက်မှုတွေလုပ်လာပြီး မြောက်ပိုင်းဝေ့တိုင်းပြည့်ရဲ့ ယွင်ကျုံးမြို့ကိုသိမ်းပိုက်ခဲ့ပါတယ် ။ ဒီလိုအရိုင်းဆန်ပြီး ရင်ဆိုင်ရခက်တဲ့ ရိုရန်မျိုးနွယ်စုကိုနှိမ်နင်းဖို့အတွက် မြောက်ပိုင်းဝေ့ပြည်ဟာ မြောက်ပိုင်းလျန်နဲ့ ထိမ်းမြားပြီးမဟာမိတ်ယူဖို့ကြိုးစားပါတော့တယ် ။ ကံကြမ္မာက မျက်နှာသာမပေးရှာတော့ မြောက်ပိုင်းဝေ့ပြည်ရဲ့ မင်္ဂလာဆောင်ရမဲ့ မင်းသမီးကို လမ်းတစ်ဝက်တင် ရိုရန်လူမျိုးတွေက ဖမ်းသွားပါတော့တယ်။ ဒီလိုနဲ့မင်းသမီးကိုကာကွယ်ဖို့တာဝန်ရထားတဲ့ စစ်သူကြီးဟွားမုလန်ဟာ တာဝန်မကျေပွန်မှုနဲ့ သေမိန့်ချခံလိုက်ရပါတယ် ။ ဟွားမုလန်ကိုသေမိန့်မချခင် ရိုရန်လူမျိုးတွေက သူတို့ဆီစာပါးပြီး မြောက်ပိုင်းဝေ့ပြည်ရဲ့ မြို့၁၀မြို့ကို အပိုင်ပေးရင်ပေး မပေးရင်မင်းသမီးကိုသတ်မယ်ဆိုပြီး ချိန်းခြောက်လာချိန်မှာတော.. ဟွားမုလန်နဲ့သူ့စစ်သည်တွေရဲ့ မင်းသမီးကယ်ဆယ်ရေးခရီးစဉ်ကြီးစတင်ခဲ့ပါတော့တယ် ။

5.8 2020
Mulan Legend
Chicago

IMDb – 7.2 Rt – 86% အော်စကာဆု (၆) ဆု၊ ရွှေကမ္ဘာလုံးဆု၊ BAFTA ဆုတွေအပြင် တခြားဆု ပေါင်း(၅၉) ဆုအထိရရှိထားပြီး nomination များစွာလည်း ဝင်ထားတဲ့ musical comedy ရုပ်ရှင်ကားကောင်း တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 1975 ခုနှစ်ထွက် ဘရော့ဝေးပြဇာတ် Chicago ကို ရိုက်ကူးထားတာဖြစ်ပြီး 1920 ခုနှစ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ညီမဖြစ်သူ ဗရော်နီကာနဲ့ ယောင်္ကျားဖြစ်သူတို့နှစ်ယောက်ကို အိပ်ရာပေါ်မှာအတူတွေ့ရလို့ နှစ်လောင်းပြိုင် လက်စသတ်ပေးလိုက်တဲ့ ရှိုးသမလေး ‌ဗယ်မာ ကယ်လီ။ ငယ်စဉ်ကတည်းက အိပ်မက်မက်ခဲ့ရတဲ့ စတိတ်စင်ပေါ်မှာဖျော်ဖြေရဖို့ဆိုတဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့လုပ်ရင်း လူလိမ်ကောင် ဖရက်ရဲ့အမြတ်ထုတ်တာကို ခံလိုက်ရတဲ့ အိမ်ထောင်သည်မလေး ရော့စီ ဟတ်။ သူတို့နှစ်ယောက်လုံး ကွတ်ခ်ကောင်တီထောင်ရဲ့ လူသတ်သမားအဆောင်မှာတွေ့ခဲ့ကြပြီး ထောင်မှူး မားမား မော်တွန်ရဲ့ချိတ်ဆက်ပေးမှုကြောင့် တခါမှအရှုံးမရှိသေးတဲ့ ရှေ့နေ ဘီလီ ဖလင်းနဲ့ ‌သိခဲ့ကြပါတယ်။ ဒေါ်လာ ၅၀၀၀ ပေးရင် ယေရှု ကိုတောင်လွတ်အောင်လုပ်ပေးနိုင်တယ်လို့ပြောတဲ့ ရှေ့နေ ဖလင်းတစ်ယောက် သူ့အပြောတွေအတိုင်း တကယ်ဖြစ်လာမှာလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(2.8 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre… Comedy, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2002
Chicago
Best Cop Ever

အဲဗားက ရဲဌာနမှူးတစ်ယောက်ဖြစ်ပြီးတော့ သူတို့မြို့မှာ အကြမ်းဖက်မှုတွေက အမြဲတမ်း ဖြစ်ပွားလို့နေပါတယ်။ တစ်နေ့တစ်နေ့ သူဟာ လူတွေကို ကယ်ဆယ်ရင်းနဲ့ သဘောပေါက်လာတာက သူ့တစ်ယောက်တည်းမှာပဲ အစွမ်းရှိ၊ လူတွေအားလုံးက သူ့ကိုပဲ အဖက်လုပ်၊ သူ့လက်အောက်က ရဲတွေကလည်း အသုံးမကျပဲ သူတစ်ယောက်တည်း အရေးပါအရာရောက်သလိုပဲ ဖြစ်နေတဲ့အခါမှာ တစ်ခုခုလွဲနေမှန်း သတိထားမိလာပါတော့တယ်။ တကယ်တမ်းတော့ သူဟာ မြန်မာပေါကားထဲက မင်းသားလိုပဲ သူတစ်ယောက်တည်း စောက်ဆရာကြီးဖြစ်နေပြီး ဘေးက ကျန်တဲ့သူငယ်ချင်းတွေက သောက်ပေါသာသာလေးတွေ ဖြစ်နေတဲ့ ဇာတ်ကားတစ်ခုထဲက အဓိကဇာတ်ကောင်ဖြစ်နေမှန်း သိသွားပါတော့တယ်။ ဒီတော့ သူ့အနေနဲ့ ဒီဇာတ်ကားထဲက လွတ်မြောက်ဖို့အတွက် ကြိုးပမ်းပါတော့တယ်။ ဒီတော့ သူအနေနဲ့ ဘယ်လိုသိရှိသွားလဲ၊ ဒီဇာတ်ကားထဲက လွတ်မြောက်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Action, Comedy, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo

Action • Crime • Thriller
0 2024
Best Cop Ever
Alien Hunt
4.3

Alien Hunt (2024) အမ်မလီဟာ မြို့ကြီးပြကြီးက အလုပ်မှာအဆင်မပြေတာကြောင့် နယ်မှာရှိတဲ့ သူ့အိမ်ကိုခဏပြန်လာရင်း အစ်ကိုတစ်သိုက်နဲ့အတူတောအုပ်ထဲကိုစိတ်ပြေလက်ပျောက်အမဲလိုက်ခရီးထွက်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ သူတို့သွားမယ့်တောအုပ်ထဲမှာ အမျိုးသားအစောင့်တပ်ဖွဲ့အမည်ခံ သိပ္ပံပညာရှင်တစ်ယောက်နဲ့ သူ့လက်ပါးစေအမျိုးသမီးဆာဂျင်တစ်ယောက်တို့ဟာ လျှို့ဝှက်သိပ္ပံစမ်းသပ်မှုတစ်ခုကိုလုပ်ဆောင်နေပြီး တောအုပ်ထဲဝင်လာတဲ့သူတွေကို သူတို့လျှို့ဝှက်ချက်ကိုသိသွားမှာစိုးလို့ နူတ်ပိတ်ရှင်းပစ်တတ်ပါတယ်။ အမ်မလီဟာ အစ်ကိုတစ်သိုက်နဲ့အတူ တောအုပ်ထဲအရောက်မှာတော့ သူတို့လိုက်စရာ အမဲတိရိစ္ဆာန်တစ်ကောင်တစ်မြီးမှမတွေ့ရပဲ အန္တရာယ်ကြီး အင်အားကြီးတဲ့ အမည်မသိသတ္တဝါတစ်ကောင်နဲ့အပြန်အလှန်အမဲလိုက်တမ်းကစားရဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်။) File size…(1.9 GB) / (780 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:21:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.3 2024
Alien Hunt
The Mehta Boys
6.7

The Mehta Boys (2025) သွေးသည်ရေထက်ပျစ်သည် 3 idiots လို မသိသူမရှိလောက်အောင် ကျော်ကြားခဲ့တဲ့ရုပ်ရှင်မှာ တက္ကသိုလ်က‌ ပါမောက္ခကျောင်းအုပ်နေရာကနေ ဗီရူအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Boman Irani က ဒီရုပ်ရှင်ထဲမှာ ကိုယ်တိုင် ဒါရိုက်တာရော မင်းသားအနေနဲ့ပါ ပါဝင်ထားပါတယ်။ လူသား‌တွေအနေနဲ့ မွေးကတည်းက စတင်ထိတွေ့ ရင်းနှီးရတာ ကိုယ့်မိခင်နဲ့ဖခင်ပါ။ သူတို့ရဲ့မေတ္တာတရားတွေ စောင့်ရှောက် ဆုံးမမှုတွေနဲ့ ကြီးပြင်းလာရပြီး လူလားမြောက် အရွယ်ရောက်လာတဲ့အချိန်မှာတော့ ကတောက်ကဆ ဖြစ်လာတတ်ကြပါတယ်။ ဒီဇာတ်ကားလေးမှာလည်း အာမေဆိုတဲ့ ဗိသုကာပညာရှင်လေးဟာ သူ့မိခင်ဆုံးပါးသွားချိန်ကစလို့ သူနဲ့စကားကြောမတည့် မျက်နှာကြောမတည့်ဖြစ်နေရတဲ့ဖခင်နဲ့ အတူနေရပါတော့တယ်။ သူ့ဖခင်အနေနဲ့လည်း ဇနီးဖြစ်သူက ဆုံးပါးသွားလို့ စိတ်ထိခိုက်နေရတဲ့အပြင် သူတစ်သက်လုံးနေထိုင်ကြီးပြင်းခဲ့ရတဲ့ နေရပ်ဒေသကိုစွန့်လွှတ်လို့ တစ်ခြားဒေသမှာနေရဖို့ဖြစ်လာတဲ့အခါမှာတော့ သားဖြစ်သူနဲ့ ပိုလို့မတည့်တော့ပါဘူး။ ဒီလို ဆက်ဆံရေးမပြေလည်ရာကနေ အေးစက်မလိုဖြစ်နေတဲ့ ယောက်ျားသားနှစ်ဦးကို ကြားထဲကညှိနှိုင်းပေးနေရတာကတော့ အာမေရဲ့အစ်မဖြစ်သူ အာနူပါ။ ဘယ်လိုပဲစကားများရန်ဖြစ်ကြတယ်ဆိုဆို မိသားစုဆိုတာ အချိန်တန် အရေးကြုံရင် ပြန်လည်စည်းလုံးပေါင်းစည်းကြရ‌တာမို့ သူတို့သားအဖ ဘယ်လိုပြေလည်ကြမလဲ၊ အာနူကဘယ်လိုညှိနှိုင်းပေးရမလဲ၊ သူတို့ရဲ့ဖခင်ကရော ပြောင်းသွားတဲ့နေရာမှာ အဆင်ပြေသွားလား ဆက်လက်နေထိုင်ဖြစ်သွားလားဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

6.7 2024 116 mins
The Mehta Boys