YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

A.Time.Called.You(2023)EP9.NF.WEB-DL.1080P(CM).mp4

775.21 MB N/A video/mp4 294 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Operation Nation
5.3

ဒီဇာတ်ကားကတော့ ၂၀၂၃ ဧပြီလမှာပဲထွက်ရှိထားတဲ့ Netflix ရဲ့ပိုလန်နိုင်ငံရေး ဟာသဒရမ်မာကားလေတစ်ကားပဲဖြစ်ပါတယ်။ စတက်ရှ်ဟာ ညီမဖြစ်သူနဲ့အခန်းအတူတူနေထိုင်နေရပြီး ကားပါကင်မှာအစောင့်လုပ်ရတဲ့ လမ်းပျောက်လူငယ်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒီလိုချို့ချို့တဲ့တဲ့နေရတာကိုစိတ်ကုန်ပြီး တိုးတက်အောင်လုပ်ချင်နေသူလည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလည်းဖြစ် တတိယအင်ပါယာကြီးကို ထောက်ခံသူလည်းဖြစ်တဲ့ သူ့ရဲ့ဝမ်းကွဲအကိုဖြစ်သူရိုမန်က သူရဲ့အဖွဲ့ထဲကိုဝင်ဖို့စတက်ရှ်ကိုခေါ်ခဲ့ပါတယ်။ စတက်ရှ်တစ်ယောက်လည်း လက်ရှိဘဝကနေပြောင်းလဲဖို့ဆိုရင် ဘာမဆိုလုပ်မယ်လို့ဆုံးဖြတ်ပြီး အဲ့ဒီအဖွဲ့ထဲကိုဝင်လိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာတော့ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပေါ်လာပါတော့တယ်... File Size : (1.4GB) and (597MB) Quality : WEB-DL.1080P5.1Ch, 720p Format…mp4 Duration…01:37:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Drama
5.3 2022 96 mins
Operation Nation
Burial
5.2

ဒုတိယကမ္ဘာစစ်ရဲ့နောက်ဆုံးတိုက်ပွဲဖြစ်တဲ့ ဘာလင်တိုက်ပွဲပြီးလုပြီးခင်မှာ ဘာလင်မြို့ကရုရှားထောက်လှမ်းရေးဖြစ်တဲ့ ဘရာနာ နဲ့ တပ်သားတစ်ချို့ကအထူးလျှို့ဝှက်တာဝန်ပေးခံရပါတယ်။ ရှည်မျောမျောသေတ္တာကြီးတစ်လုံးကို သူတို့ရုရှားခေါင်းဆောင်စတာလင်ဆီသယ်သွားပေးဖို့ပါ။ ဒါကလျှို့ဝှက်မစ်ရှင်ဖြစ်တာကြောင့် လေယာဥ်မသုံးရသလို ဘာလင်ကသူတို့ရဲဘော်ရဲဘက်တွေနဲ့လဲအဆက်အသွယ်မလုပ်ရပါဘူး။ သေတ္တာထဲမှာဘာပါတယ်ဆိုတာလဲ ဘရာနာရယ် နောက်ခေါင်းဆောင်နှစ်ယောက်ရယ်သာသိပြီး တပ်သားတွေကမသိကြပါဘူး။ သူတို့ကဒီသေတ္တာကြီးကို ညမှာသူတို့ကိုလာသတ်ပြီးယူသွားမှာဆိုးလို့ ညဆို ဒီသေတ္တာကြီးကိုမြေကျွင်းတူးပြီးမြှပ် မနက်ကျမှပြန်တူးပြီးခရီးဆက်ပါတယ်။ တပ်သားတွေကလဲဒီသေတ္တာထဲမှာဘာပါမှန်းတာမသိတာ အမိန့်အရဒါကြီးကိုသူတို့အသက်နဲ့ရင်းပြီးကာကွယ်ဖို့အသင့်ဖြစ်နေတာပါပဲ။ အဲလိုသစ္စာရှိတပ်သားတစ်စုရယ် သေတ္တာကြီးတစ်လုံးရယ် အဲဒီသေတ္တာကြီးကို လိုချင်နေတဲ့ တခြားအဖွဲ့ရယ် စစ်ဘေးဒဏ်ကြောင့်စစ်သားတွေအပြင် လူမြင်မြင်သမျှကြောက်နေရတဲ့ ပြည်သူပြည်သားတွေရယ်ကြားမှာဘာတွေဆက်ဖြစ်မလဲ ဘရာနာတို့ရဲ့အထူးလျှို့ဝှက်တာဝန်ရောအောင်မြင်သွားမလားဆိုတာကြည့်ရှုလိုက်ပါဦး အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida နဲ့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Thriller, War Quality…. 4k HEVC |1080p | 720p | 480p File size… 1.75GB | 1.509GB | 590MB | 343MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida and Moh Moh Encoder ..... August

Action • Thriller
5.2 2022 95 mins
Burial
Slumber Party Massacre
5.6

(1982)ကထွက်ရှိခဲ့တဲ့ အထက်တန်းကျောင်းသူလေးတွေအပန်းဖြေခရီးထွက်ရင်း လွန်ပူတစ်လက်နဲ့လူလိုက်သတ်တဲ့ လူသတ်သမားနဲ့ကြုံခဲ့ရတဲ့ The Slumber Party Massacreကို အသစ်ပြန်လည်ဖန်တီးရိုက်ကူးထားတဲ့ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ပူလူသတ်သမားရဲ့လက်ချက်ကနေ တစ်ဦးတည်း သောအသက်ရှင်ကျန်ခဲ့တဲ့သူဖြစ်တဲ့မိခင်အတွက် သမီးဖြစ်သူဒန်နာက ဒီလိုအတိတ်ဆိုးက မိခင်ကိုလွတ်အောင်လုပ်ဖို့စီစဉ်ခဲ့ပါတယ်။ အဲ့ဒါကတော့ မိခင်ကြုံတွေ့ခဲ့ရတဲ့နေရာကို သူငယ်ချင်းတစ်သိုက်နဲ့ခရီးထွက်တာပါပဲ။ သူတို့တွေကအစီအစဉ်ဆွဲပြီးလာခဲ့ပေမယ့် မထင်မှတ်ထားတဲ့အရာတွေနဲ့ကြုံခဲ့ပြီးတော့ အသက်ဘေးတွေနဲ့ရင်ဆိုင်လာခဲ့ရပါတယ်။ ဒီလိုအသက်ဘေးတွေကနေ ဆယ်ကျော်သက်ကောင်မလေးတွေ ဘယ်လိုလွတ်အောင် ရုန်းထွက်မလဲဆိုတာကိုကြည့်ရမယ့် horror ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်) File Size - (1.52 GB) / (674 MB) / (439 MB) Quality – BluRay 1080p / 720p/480p Duration - 1h 26mins Subtitle – Myanmar Hardsub Format – MP4 Genre : Horror, Thriller Translator – Chit Tee Encoder – SWM

Action • Adventure • Fantasy
5.6 2021 86 mins
Slumber Party Massacre
Ghost House
6.4

လောကမှာ လူတွေလောက် ကြောက်စရာကောင်းတာ မရှိဘူး သရဲကတောင် လူတွေလောက်ကြောက်စရာမကောင်းဘူးဆိုတဲ့ ဒီကားလေးထဲ စကားကို တကယ်သဘောကျမိသလို လက်လည်းလက်ခံမိပါတယ် အဖေတစ်ခု သားတစ်ခုဘဝနဲ့ အိမ်ပိုင်မရှိ ခဏတိုင်း အိမ်ပြောင်းနေထိုင်ခဲ့ကြရတဲ့ ပတ်ပီဂီတို့သားအဖ... တစ်နေ့ ပတ်ပီဂီ ငယ်ငယ်မှာပဲ အဖေဖြစ်သူ ဆုံးပါးခါနီး နောက်ဆုံးဆန္ဒဟာ သားဖြစ်သူကို ကိုယ်ပိုင်အိမ်ရှိစေချင်ခဲ့တာပါ ဒီလိုနဲ့ ပီဂီတစ်ယောက် ကြီးပြင်းလာတဲ့အခါ သဘောၤသားအဖြစ် အလုပ်ကြိုးစား ငွေစုပြီး ကိုယ်ပိုင်အိမ်လေးတစ်လုံးကို ဝယ်ယူပိုင်ဆိုင်ခဲ့ပေမယ့် ကံဆိုးချင်တော့ ဝယ်လိုက်တဲ့အိမ်မှာ မကျွတ်လွတ်သေးတဲ့ အိမ်စွဲသရဲမလေး ယွန်းဟွါရှိနေတဲ့အခါ... ရယ်ရခက် ငိုရခက် ပီဂီ့ခမျာ သရဲခြောက်လို့ ထံက်ပြေးရင်း မိုးကြိုးပစ်ခံရပြီး သေရွာပြန်ရာက သရဲတွေပါမြင်သွားရတော့ သရဲနဲ့ အမောင်ပီဂီ ဘယ်လိုနှစ်ပါးသွားမလဲ ယွန်းဟွာ မကျွတ်လွတ်သေးတဲ့ အကြောင်းရင်းကို ဘယ်လိုဖော်ထုတ်ပေးမလဲဆိုတာ အခွီလေးတွေပါရောရင်း ကြည့်ရှုလိုက်ရအောင်ပါ ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ) File Size__(2.2GB) / (1GB) Quality__1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__02:02:00 Type__Comedy , Horror Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded by Naing Aung Latt

Horror • Thriller
6.4 2004 123 mins
Ghost House
The Courier
7

စစ်အေးတိုက်ပွဲကာလ စပိုင်ဖြစ်ရပ်မှန် ရုပ်ရှင်ကို ဘာသာပြန်ပေးထားပါတယ်။ မင်းသားကတော့ ကျွန်တော်တို့ အချစ်တော် ဘီတာဒင်း ကူကမ်းဘားပါ။ သူလျိုသမိုင်းတလျှောက် တန်ဖိုးအကြီးဆုံး သူလျိုနဲ့ သူ့ရဲ့ သတင်းသယ်ပို့သမားတစ်ယောက်အကြောင်းကို ပြထားတာပါပဲ။ စစ်အေးတိုက်ပွဲအတွင်းက စပိုင်ဇာတ်လမ်းတွေဟာ ရသမျိုးစုံပြီး ရိုက်လို့မကုန် ကြည့်လို့မကုန် ဖြစ်တာမို့ ဒီရုပ်ရှင်ကိုလည်း ပရိသတ်တွေ သဘောကျကြဦးမှာပါ ရုပ်ရှင်ကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ CM Admin Little Neo ဖြစ်ပါတယ် File Size : (2 GB) and (1.2 GB) Quality : 1080P, 720p Format…mp4 Duration… 1h 52min Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Thit San Khant

Crime • Sci-Fi & Fantasy
7 2020 112 mins
The Courier
The Gift
6.7

The Gift (2000) ~ IMDb rating – 6.7/10 ~ ဒီကားရဲ့ ဒါရိုက်တာက Sam Raimi ပါ။ MCU ထဲက Dr. Strange လိုကားကိုတောင် Horror vibe ရအောင် ရိုက်ခဲ့တဲ့ ဘဲပေါ့။ Director တင်လန်းတာလားဆိုတော့ မဟုတ်သေးဘူး။ တစ်ချိန်တစ်ခါက LoTRထဲ အများတကာကြွေခဲ့ရတဲ့ နတ်သမီးလို အလှနဲ့ Cate Blanchett, Batman Begins ထဲ ကျွန်တော်တော်တော်ကြွေခဲ့တဲ့ Katie Holmes, နောက် ကြည်နူးရိပ်ကလည်း ရှားရှားပါးပါး မကောင်းတဲ့လူအနေနဲ့ ပါ၀င်ထားပါသေးတယ်။ Hilary Swank နဲ့ Giovanni Ribisi တို့လို သရုပ်ဆောင်တော်တော်ကောင်းတဲ့ လူတွေလည်း ထပ်လောင်း ပါပါသေးတယ်။ တိုဘီ့ စပိုက်ဒါမန်းကားနဲ့ မသိသူမရှိတဲ့ J. K. Simmons ကြီးလည်း ပါပါတယ်။ Cast အလန်း ဒါရိုက်တာအလန်းတွေနဲ့ တော်တော်ကြည့်လို့တန်တဲ့ ရုပ်ရှင်ပါပဲ။ အဓိကဇာတ်‌ကောင်ကတော့ Cate ပါ။ သူက စိတ်နယ်လွန် စွမ်းအားရှ်ိပြီး ကတ်တွေနဲ့ ဗေဒင်ဟောရင်း ကလေးသုံးယောက်ကို ကျွေးမွေးနေတဲ့သူ။ သူ့ဆီကို လာတဲ့ ဖောက်သည်တွေထဲ လင်နှိပ်စက်ခံနေရတဲ့ မိန်းမတစ်ယောက်ရှိတယ်။ သူ့ယောက်ျား ကြည်နူးရိပ်က သူ့မိန်းမကို အောက်လမ်းတွေသင်ပေးနေတယ်ဆိုပြီး သူ့ကလေးတွေရော ကိတ်ကိုရော ရန်ရှာပါတယ်။ အဲဒီမှာ ကိတ်က ကြည်နူးကို ပြန်ခြိမ်းခြောက်ပါတယ်။ ထောင်ထဲပို့မယ် ဘာညာပေါ့။ အဲဒီအချိန်မှာ မြို့မျက်နှာဖုံး သူဌေးသမီး ဂျက်စီကာကင်း (ကေတီဟုမ်း) ပျောက်သွားပါတယ်။ ကိတ်နဲ့ မျက်လုံးချင်း စကားပြောနေတဲ့သူနဲ့ လက်ထပ်မယ့်သူလည်း ဟုတ်သလို ကြည်နူးနဲ့ ဖောက်ပြန်နေတဲ့ စကီလည်း ဟုတ်ပါတယ်။ ကိတ်က သူ့စွမ်းအားတွေနဲ့ အာရုံခံတော့ ရေကန်တစ်ကန်ထဲ သံကြိုးတွေနဲ့ အပတ်ခံထားရတာ ဘာညာမြင်ပါတယ်။ ရဲတွေနဲ့သူ ကြည်နူး ခြံထဲကရေကန်ကြီးထဲရှာကြတော့ အလောင်းကြီး သံကြိုးတွေပတ်လျက် ထွက်လာပါတယ်။ ဘယ်သူ ဘယ်ဝါလုပ်လိုက်တာလဲတော့ ကိုယ်တိုင်ပဲ ရင်တမောမော အသည်းတအေးအေးနဲ့ လှည့်ကွက်များစွာကို ဖြတ်သန်းပြီး ကြည့်ရှုလိုက်ကြပါ။ Honest ရဗျူးပေးရရင် တော်တော်လေး ကြည့်လို့ကောင်းပါတယ်။ ညဘက်ကြည့်ရင် ပိုအရသာရှိကြမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1.2GB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 51Min Genre – Drama, Fantasy, Horror Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Adventure • Science Fiction • Thriller
6.7 2000
The Gift
Fights Break Sphere
5.8

အားလုံးကို ဒီတစ်ခေါက် မီးစွမ်းအားပါရမီရှင်လေး ရှောင်းအိမ်တော်ရဲ့ သားထွေးလေး ရှောင်းယန်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းမှာဆို ရှောင်းယန်ဆိုတဲ့ မွေးရာပါ မီးစွမ်းအား ပါရမီရှင်လေးဟာ သူ့မိခင်ပေးခဲ့တဲ့ နောက်ဆုံးကျန်ရစ်ပစ္စည်းကြောင့် သူ့စွမ်းအားတွေ ပျောက်ဆုံးသွားခဲ့ပါတယ်… ငယ်စဉ်တည်းက ပါရမီရှင်အနေနဲ့ အထင်ကြီးလေးစားခံလာရာကနေ တစ်နေ့မှာတော့ ရုတ်တရက်ကြီး အစွမ်းတွေပျောက်သွားခဲ့ပြီးနောက် ဘဝတစ်ခုလုံး ဇောက်ထိုးပြောင်းလဲသွားခဲ့တယ်လေ… သူအစွမ်းပျောက်သွားခဲ့တာကလည်း သူ့အမေရဲ့အသက်နဲ့အတူ ပြောင်းလဲသွားခဲ့ရတာမို့ အစွမ်းပြန်ရလာအောင် ပိုပြီး အားကောင်းလာအောင် သူနေ့စဉ်ရက်ဆက်ကြိုးစားနေခဲ့တာပေါ့.. ကြိုးစားသူတိုင်းအတွက် ရလဒ်ကောင်းက စောင့်နေတယ် ဆိုတဲ့အတိုင်းပဲ ရှောင်းယန်တစ်ယောက် အစွမ်းတွေ ပြန်ရလာခဲ့တယ်… ဒါပေမယ့် ဘယ်လိုနည်းလမ်းနဲ့ရလာတာလဲ… ဘာတွေက သူ့ကို တွန်းအားဖြစ်စေခဲ့တာလဲ… အစွမ်းပြန်ရပြီးတော့ရော သူ့အမေကို သတ်တဲ့တရားခံကို လက်စားချေနိင်မှာလား… ထူးခြားဆန်းပြား ဇာတ်ကားတွေ ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ကားလေးမို့ ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်…

5.8 2023
Fights Break Sphere
The End We Start From

အခြေအနေအကြောင်းကြောင့် မိုတီပျောက်နေသူတွေအတွက် reviewကောင်းတွေပိုင်ဆိုင်ထားတဲ့ The End We Start from ဆိုတဲ့ Survival ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို့ရဲ့ဦးထူးဆန်းBenefict Cumberbatch လည်း supportingအနေနဲ့ ပါဝင်ထားတာဖြစ်လို့ မကြည့်ရသေးရင်တော့ tryကြည့်ဖို့ ညွှန်းလိုက်ပါတယ်။ မိန်းမတစ်ယောက်အတွက် အနာကျင်ရဆုံး သေမင်းနဲ့အနီးဆုံးကာလတစ်ခုဖြစ်တဲ့ မီးဖွားချိန်ကျမှပဲ ကံဆိုးမသွားရာ မိုးလိုက်ရွာဆိုတဲ့အတိုင်းပဲ လန်ဒန်မြို့မှာ မုန်တိုင်းထန် ရေလွှမ်းပြီး ကပ်ဆိုက်ပါတော့တယ်။ သွေးနုသားနုမှာ ပြုစုယုယတာခံရမယ့်အစား ခင်ပွန်းဖြစ်သူနဲ့အတူ ရေဘေးကနေပြေးပြီး ယောက္ခမတွေနဲ့ အတူနေဖို့ဖြစ်လာတာပေါ့။ သဘာဝကပ်ဘေးနဲ့အတူလိုက်လာတဲ့ အစာရေစာရှားပါးခြင်းနောက်မှာ ခင်ပွန်းဖြစ်သူရဲ့မိဘနှစ်ပါးက အသက်ဆုံးသွားတာနဲ့အတူ ခင်ပွန်းကလည်း စိတ်ဓာတ်ကျပြီး သွေးနုသားနုဇနီးနဲ့သားလေးကိုထားရစ်ခဲ့တာခံရ၊ ကိုယ်တိုင်လည်း သေခြင်းတရားကို နဖူးတွေ့ဒူးတွေ့ကြုံထားရတော့ နှလုံးသားမှာ ကြောက်ရွံ့တုန်လှုပ်မှု အားငယ်မှုတွေပြည့်နေတဲ့တော့တာပေါ့။ ဒါပေမဲ့ သူကတော့ သူ့ကိုပဲအားကိုးရှင်သန်ရမယ့် ရင်ခွင်ပိုက်ကလေးငယ်လေးရဲ့မိခင်ဖြစ်နေတာကြောင့် ကြောက်ရွံ့တုန်လှုပ်ရင်း ပုန်းခိုနေလို့မရပါဘူး။ ဒီလို ငတ်မွတ်ခေါင်းပါးတဲ့ဘေး သူခိုးဓားပြတွေရဲ့ဘေးရန်အသွယ်သွယ်ကနေ အရရုန်းကန်လို့ ဒီကလေးငယ်လေးကို ကပ်ဘေးအသွယ်သွယ်ကနေအရကယ်ထုတ်မယ့် မိခင်တစ်ယောက်ရဲ့သတ္တိကို ဒီရုပ်ရှင်လေးကနေ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size…(1.7 GB)/(845 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

Thriller • Crime
0 2023
The End We Start From
P Se Pyaar F Se Faraar
7

P Se Pyaar F Se Faraar (2019) “ချစ်သူခေါ်ရာ…” IMDb 7.0 ရထားတဲ့ ဟင်ဒီ ရိုမန့်ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ် ဂျန်ဗီဆင်းဂ်က အထက်တန်းလွှာက သူဌေးသမီးလေးတစ်ယောက် … သူ့အဖေက နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး စိတ်ပါရင်ပါသလို ဥပဒေဘောင်ပြင်ပကနေ လုပ်နိုင်တဲ့အထိ အာဏာရှိသူပါ အမျိုးဇာတ်/ဘာသာရေး ခွဲခြားတာတွေ ပေါ်ပေါ်ထင်ထင်လုပ်ပြီး ကိုယ်နဲ့မတူရင် လူသတ်ရဲတဲ့အထိ အစွဲကြီးလွန်းတဲ့ မိသားစုကနေ ပေါက်ဖွားလာသူမိန်းကလေးနဲ့ … သာမန်လူတန်းစား ကျောင်းသားလေး ဆူရာ့ဂျ်တို့ လူမှုအသိုင်းအဝိုင်းကို မျက်ကွယ်ပြုပြီး အချစ်ကို မျက်စိစုံမှိတ်ယုံလို့ နှစ်ယောက်သား စွန့်စားထွက်လာကြပေမယ့်လည်း … ငယ်ရွယ်သူ အချစ်ငှက်လေးတို့ မလွန်ဆန်နိုင်မယ့် မုန်တိုင်းရဲ့ အန္တရာယ်က စောင့်ကာနေလေတော့ … အမျိုးဇာတ်/ ဘာသာရေး/ လူတန်းစားခွဲခြားမှုတို့ကို ကွက်ကွက်ကွင်းကွင်း တင်ပြထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

7 2019
P Se Pyaar F Se Faraar
Full Metal Jacket
8.3

Full metal Jacket ( 1987 ) IMDb Rating (8.3) / Rotten Tomatoes (90%) အမေရိကန်ဒါရိုက်တာတွေထဲ အတော်ဆုံးဆိုတဲ့ ဒါရိုက်တာတွေ တော်တော်တော့များတယ်ပေမဲ့ စတန်လေကူးဘရစ်ကတော့ အဲဒီအတော်ဆုံးတွေရဲ့ အတော်ဆုံးထဲကမှ အတော်ဆုံးလို့တောင် ပြောလို့ရလောက်ပါတယ်။ Genre ပေါင်းစုံရိုက်ခဲ့ပြီး ရိုက်ခဲ့သမျှလဲ သူ့Genreမှာသူ အနုပညာအရထိပ်ဆုံးက အောင်မြင်နေတဲ့ ရုပ်ရှင်တွေချည်းရိုက်ထားတဲ့သူပါပဲ။ သူ့ရုပ်ရှင်တွေဟာ ဟောလိဝုဒ်နယူးဝေ့ရဲ့ အရေးပါတဲ့ ရုပ်ရှင်တွေဖြစ်ခဲ့သလို ၂၀ရာစု ကမ္ဘာ့ရုပ်ရှင်ရဲ့ အရေးအပါဆုံး ရုပ်ရှင်တွေလည်းဖြစ်ခဲ့တယ်။ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးရုပ်ရှင်လို့လည်း ပြောကြတဲ့ Citizen Kaneရဲ့ ပဲ့ကိုင်ရှင် အော်ဆန်ဝဲလ်က သူ့အောက်မျိုးဆက်မှာ ကူးဘရစ်ဟာ တော်တော်အထင်ကြီးစရာကောင်းတယ်လို့ ပြောခဲ့ဖူးတယ်။ စပီးဘာ့ချ်, စကောဆေးစိ,ကော်ပိုလာ,လူးကတ်စ်,ကလင့်အိစ်ဝုဒ်, ကင်မရွန်း,ဝူဒီအယ်လန်, တင်ဘာတန်, တာရတန်တီနို ,ဒေးဗစ်လင်း, ပေါလ်သောမတ်အန်ဒါဆန်, ဝက်စ်အန်ဒါဆန်, အာရွန်နော့စကီး, နိုလန်, ရစ်ချက်လင့်လိတ်တာ, မိုက်ကယ်မန်း, ဒယ်တိုရို, ဂျော့အေရိုမီရို ဆက်ရေးရင် အေဖိုးတစ်မျက်နှာပြည့်မှာမို့ ဒီနားပဲထားလိုက်တာပေါ့။ ဒီလူတွေဟာ လိုင်းပေါင်းစုံက ကိုယ်ပိုင်ဟန်အပြည့်နဲ့ ဒါရိုက်တာတွေပါ။ ရိုမီရိုဆို zombieရုပ်ရှင်တွေရဲ့ ဖခင်ကြီးပါပဲ။ ဒီလိုလူတွေက ကူးဘရစ်က သူတို့ရဲ့ inspirationဖြစ်စေတဲ့ ရင်းမြစ်လို့ ပြောခဲ့ပါတယ်။ ဟုတ်လည်းဟုတ်မှာပါ။ ကူးဘရစ်မရိုက်ဖူးတဲ့ ရုပ်ရှင်အမျိုးအစားကလည်း ခပ်ရှားရှားပါပဲ။ ပြောရရင် ကျွန်တော်တို့သိတဲ့ အမေရိကန်ဒါရိုက်တာတွေအားလုံးနီးပါးက ကူးဘရစ်ကို ချစ်တဲ့သူတွေ ကူးဘရစ်နဲ့ မကင်းတဲ့လူတွေချည်းပါပဲ။ IMDBက The Top 50 Greatest Directors of All Timeစာရင်းမှာလည်း ကူးဘရစ်က ထိပ်ဆုံးကနေရာယူထားပါတယ်။ ၂ကတော့ အကီရာကူရိုဆာဝါပါပဲ။ ဒါက ကူးဘရစ်ရဲ့ခမ်းနားမှုနဲ့ သူ့ကို တန်ဖိုးထားကြပုံကို ပြောရုံသက်သက်ပါပဲ။ ကိုယ့်ရင်ဘတ်နဲ့ ကိုယ်တိုင်းပြီး ကိုယ့်အကြိုက်ဆုံး ရုပ်ရှင်ကိုတော့ ဆုံးဖြတ်လို့ရပေမဲ့ အကောင်းဆုံးရုပ်ရှင်ကိုတော့ သွားဆုံးဖြတ်လို့မရသလိုပဲ ဘယ်ဒါရိုက်တာက ဘယ်ဒါရိုက်တာထက်ပိုတော်ပါတယ်လို့လည်း ကျွန်တော်တို့ သွားပြောလို့မရဘူး။ အနုပညာမြောက်နေတဲ့အနုပညာပစ္စည်းတွေကို တစ်ခုနဲ့တစ်ခု ဘာက ဘာထက်ပိုသာတယ်လို့ သွားပြောလို့မရသလိုပဲပေါ့။ Full metal Jacket ဟာ ကူးဘရစ်မသေခင် ရုံတင်ခဲ့တဲ့ကူးဘရစ်ရဲ့ နောက်ဆုံးကားဆိုလည်းဟုတ်တယ်။ သူရိုက်ခဲ့တဲ့နောက်ဆုံးကားကတော့ Eyes Wide Shut။ ဝေဖန်ရေးသမားတွေဆုံးဖြတ်ထားတဲ့ အကောင်းဆုံးစစ်ကားတွေစာရင်းထဲတော့ ထိပ်ဆုံးကားက ကူးဘရစ်ရဲ့ကားဖြစ်သလို Full metal Jacketကလည်း အဲဒီစာရင်းမှာ နံပါတ်၃နေရာကိုယူထားတယ်။ သူရိုက်ခဲ့တဲ့ နောက်စစ်ကား ၂ကားမှာ တစ်ကားကလည်း စစချင်းရိုက်ခဲ့တာပေမဲ့ အခြေအနေတစ်ခုမှာရှိနေသလို Dr. Strangelove ဆိုလည်း နောက်ထပ်မာစတာပိစ်တစ်ကားပါပဲ၊။ ဇာတ်ကတော့ အမေရိကန်တွေရဲ့ ပြဿနာတော်တော်ကြီးခဲ့တဲ့ ဗီယက်နမ်စစ်ပွဲအကြောင်းပဲ။ ဒါမဲ့ ကူးဘရစ်ရိုက်ပြပုံက သူများနဲ့တော့ နည်းနည်းထူးတယ်။ သူက ဗီယက်နမ်စစ်ပွဲကို အရင်မပြဘူး။ စစ်သင်တန်းဝင်တာကနေ အရင်စပြတယ်။ စစ်သင်တန်းမှာ ဘယ်လိုရက်စက်ခက်ထန်ပြီး ဘယ်လိုလူတွေဖြစ်လာအောင် ပုံသွင်းခံခဲ့ရလဲက အရင်ပြတယ်။ ဒါကလည်း နောက်လာမယ့် အခန်းတွေအတွက် တော်တော်လေးတာသွားတယ်။ ဒီလောက်ရက်စက်ခက်ထန်တတ်အောင်‌ လူကိုလူလို့မမှတ်ဘဲအုပ်ချုပ်ခဲ့တဲ့ သွေးခွဲအုပ်ချုပ်တဲ့အထိ လုပ်ခဲ့တဲ့ လေ့ကျင့်ရေးစခန်းကို ဖြတ်သန်းပြီးတဲ့ မရိန်းတပ်သားတွေရဲ့ပြောင်းလဲသွားပုံနဲ့ အဲဒီလိုပြောင်းလဲပေးပြီးတာတောင် ဗီယက်နမ်စစ်ပွဲကို လက်တွေ့ရင်ဆိုင်ရတဲ့အခါ ဆောက်တည်ရာမရဖြစ်သွားတဲ့ပုံစံတွေကို ယှဉ်ပြထားတယ်လို့တောင် ပြောရမယ်။ ဒီကားရဲ့တစ်ဝက်လောက်အထိကို စစ်သင်တန်းက ပေးတဲ့ထရော်မာတွေရဲ့ ရက်စက်ပုံကို ပြထားပြီးတဲ့နောက် ပိုဆိုးတာမရှိလောက်တော့ဘူးလို့ အားလုံးထင်နေတဲ့အချိန်မှာပဲ လောကကြီးက ပိုရက်စက်တတ်ကြောင်း ပြက်ရယ်ပြုသွားတဲ့ရုပ်ရှင်ပါပဲ။ ကူးဘရစ် ဗီယက်နမ်တိုက်ပွဲကို ပြတဲ့ပုံစံက ကော်ပိုလာတို့ အိုလီဗာစတုန်းတို့လို ခမ်းကြီးနားကြီးမဟုတ်ဘူး။ ယုတ်စွအဆုံး ဖောရပ်ဂန့်စ်ထဲကလောက်တောင် ကြီးကျယ်တဲ့ တိုက်ပွဲမဟုတ်နေဘူး။ သူ့ကိုကလည်း ဟိုးအောက်ဆုံးအဆင့်အထိ တမင်ခေါ်ပြီး သရော်ထားတာပါပဲ။ ကူးဘရစ်မှာ စစ်ပွဲကို သရော်တတ်တဲ့အကျင့်လေးတော့ ပါလာပုံရတယ်။ ကူးဘရစ်ရဲ့တင်ဆက်ပုံဟာ ဇာတ်က ဘာမှမရှိဘူးလို့ထင်ရတယ်။ ဘာမှအရေးမပါလှတဲ့ အကြောင်းအရာလို့လည်းထင်ရတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒီဘာမှမရှိတဲ့ဇာတ်ကိုက ခင်ဗျားခေါင်းထဲ စွဲသွားမယ့်ဇာတ်ဖြစ်သွားပြီး ဘာမှအရေးမပါတဲ့အကြောင်းအရာကိုက ဗီယက်နမ်စစ်ပွဲနဲ့စစ်သားတွေရဲ့အခြေအနေတွေအားလုံးကို ကိုယ်စားပြုနေတယ်။ ဒါတော့ ကူးဘရစ်အတွက် မဆန်းလှတော့ပါဘူး။ The Shiningလို ဟော်ရာကားမျိုးကို သူရိုက်ခဲ့တာကိုပဲ ကြည့်ပေါ့။ ကူးဘရစ်ရဲ့ Full Metal Jacketဟာ စစ်ကားတစ်ကားဆိုတာထက် စစ်ပွဲထဲက လူတွေအကြောင်းလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဒီရုပ်ရှင်မှာ စုတ်ပြတ်သတ်နေတဲ့ လောကကြီးတစ်ခုရှိတယ်။ အဲဒီလောကကြီးမှာ ရှင်နေကြတဲ့လူတွေရှိတယ်။ အဲဒီလူတွေထဲ ကိုယ့်ကိုယ်ကိုယ်လိမ်လိုက်ပြီး အဲဒီလောကကြီးကို ရင်ဆိုင်နိုင်ခဲ့ကြသူတွေရှိတယ်။ အဲဒီလောကကြီးကို ရင်မဆိုင်နိုင်တော့တဲ့သူတွေလည်းရှိတယ်။ အဲဒီလောကကြီးကတော့ ဘာမှမပြောင်းလဲသွားပေမဲ့ တပ်သားဂျိုကာရဲ့အဆုံးပိတ်စကားလိုပဲ အဲဒီလောကကြီးကို ရင်ဆိုင်နိုင်သွားတဲ့လူတွေကတော့ အသက်နဲ့ကိုယ် အိုးစားမကွဲသွားတာကိုပဲ ကျေးဇူးတင်ရင်း ဘာကိုမှမကြောက်တတ်ကြတော့ဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

8.3 1987
Full Metal Jacket
An American Werewolf in London
7.5

Horror နဲ့ Comendy ကို သေချာပေါင်းစပ်ရိုက်ကူးထားပြီး သူ့ခေတ်ရဲ့ မိတ်ကပ်နည်းပညာနဲ့ အကောင်းဆုံး werewolf transformation အခန်းတစ်ခုကို ရိုက်ပြသွားခဲ့တဲ့အပြင် အကောင်းဆုံးမိတ်ကပ် အော်စကာဆုကို ရရှိခဲ့တဲ့ သမန်းဝံပုလွေရုပ်ရှင်ကားကောင်းတကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန် ကောလိပ်ကျောင်းသားနှစ်ယောက်ဖြစ်တဲ့ ဂျက်ခ်နဲ့ ဒေးဗစ်တို့ ဗြိတိန်ကိုခရီးထွက်လာကြရင်း လပြည့်ညမှာ သမန်းဝံပုလွေ တိုက်ခိုက်တာခံလိုက်ရပါတယ်။ ဂျက်ခ်ကတော့ သေသွားခဲ့ပေမဲ့ ဒေးဗစ်ကတော့ ဆေးရုံမှာပြန်နိုးလာခဲ့ပြီး ဒဏ်ရာအလိမ်းလိမ်းနဲ့အသားတွေပဲ့ကျနေတဲ့ ဂျက်ခ်က သမန်းဝံပုလွေကျိန်စာကြောင့် undead ဘဝကနေမလွတ်မြောက်နိုင်တဲ့အကြောင်းအပြင် သမန်းဝံပုလွေ မျိုးဆက်ကိုဖြတ်နိုင်မှ ကျိန်စာပြယ်မဲ့အကြောင်း လာပြောတဲ့ အိပ်မက်ဆိုးတွေမက်နေခဲ့ပါတယ်။ ဒေးဗစ်ကရော ဂျက်ခ်ပြောခဲ့သလို သမန်းဝံပုလွေ ကျိန်စာကို ပြယ်အောင်လုပ်နိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ သွေးထွက်သံယိုပြကွက်တွေပေါပေါများများပါဝင်လို့ ကလေးသူငယ်တွေကြည့်ရှုဖို့မသင့်တော်ပါဘူး။ File Size : 10.6 GB, 2.4 GB, 763 MB Quality : Blu-Ray HEVC 4K / 1080p / 720p Running Time : 1hr 37min Format : Mkv and Mp4 Audio : AAC, E-AC-3 Genre : Comedy, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by : TMMT Encode by : Thit San Khant

7.5 1981
An American Werewolf in London
Wrong Numbers
4.4

Wrong Numbers (2024) Jackက အောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်သလို အရမ်းချစ်ရတဲ့ ဇနီးဖြစ်သူနဲ့ သားလေးတစ်ဦးတို့ကိုပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ အမ်မာဆိုသူကောင်မလေးတစ်ယောက်ဟာမဆီမဆိုင် ဂျက်ခ်ကိုစကားစပြောရာကနေ One night standတဲ့အထိကိုဖြစ်သွားကြပါတော့တယ်။ အဲ့လိုဖြစ်သွားရာကနေ နောက်ဘယ်လိုတွေရှုပ်ထွေးလာမလဲဆိုတာကိုတော့ romantic dramaဆန်ဆန် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size…(1.3 GB) / (600 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:30:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Myat Noe Yamone

Animation • Crime • Mystery • Thriller
4.4 2024 90 mins
Wrong Numbers
Sumala
5.8

Sumala (2024) IMDb Rating (5.8) ဆီမာရန်နယ်အတွင်းက ရွာတစ်ရွာမှာအားလုံးကြောက်ကြတဲ့ နာမည်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ဆူမာလာလို့ ခေါ်ပြီးညဘက်နေဝင်ပြီဆိုတာနဲ့ရွာသားတွေဟာအပြင်မထွက်ရဲကြတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆူမာလာဟာ ညဘက်အပြင်ထွက်တဲ့လူတွေ အထူးသဖြင့် ကလေးတွေကိုပစ်မှတ်ထားသတ်ဖြတ်လေ့ရှိလို့ပါပဲ။ အဲ့ဒီဇာတ်လမ်းဟာ အခုချိန်အထိအသက်ဝင်နေပြီး တကယ်ဖြစ်ရပ်မှန်လို့စွဲထင်နေကြဆဲဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဆိုဂျီမန်ဟာ မြေရှင်ကြေးရတတ် ရွာမျက်နှာဖုံးသူဌေးတစ်ဦးဖြစ်ပြီး သူ့ဇနီးချောလေးနာမည်က ဆိုလတ်စ်ထရီလို့ခေါ်ပါတယ်။ သာယာသယောင်ရှိတဲ့သူတို့အိမ်ထောင်ရေးမှာလိုအပ်ချက်တစ်ခုကတော့ အမွေခံသားသမီးမွေးဖွားနိုင်ခြင်းမရှိတာပါပဲ။ အမျိုးတွေရဲ့ဖိအားတွေကြောင့် မလွန်ဆန်နိုင်တော့တဲ့ ဆိုဂျီမန်ဟာ ဒီနှစ်ကုန်လို့မှ ကလေးမွေးမပေးနိုင်ရင် နောက်မိန်းမထပ်ယူရလိမ့်မယ်လို့ ရာဇသံပစ်လိုက်တဲ့အချိန်မှာတော့ ဆိုလတ်စ်ထရီဟာ ကြံရာမရဖြစ်ပြီး အောက်လမ်းဆရာမတစ်ဦးအကူအညီနဲ့ ကလေးရဖို့ကြံစည်ပါတော့တယ်။ အောက်လမ်းအတတ်တို့ထုံးစံအတိုင်း ဘေးထွက်ဆိုးကျိုးရှိစမြဲဖြစ်တဲ့အတွက် အဲ့ဒီအစီအရင်ကနေ ထွက်ပေါ်လာတဲ့သန္ဓေဟာ သူတို့ကိုဘယ်လိုဒုက္ခပေးမလဲ? ဆူမာလာဆိုတာ ဘယ်လိုဖြစ်ပေါ်လာခဲ့သလဲအစရှိတာတွေကိုရှုစားရမယ့် ဇာတ်ကားဖြစ်ပါတယ်။ (အလွန်ရက်စက်ကြမ်းတမ်းတဲ့သတ်ဖြတ်ခန်းတွေပါဝင်တဲ့အတွက်ကြည့်ရဲမှကြည့်ပါ။) (အညွှန်းနဲ့ဘာသာပြန်ကတော့v Alias ဖြစ်ပါတယ်။) File size…(2.3 GB) / (990 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:54:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Romance • TV Movie
5.8 2024 113 mins
Sumala
Asthram
7

Asthram (2025) “အဆုံးစီရင်မှုများရဲ့နောက်ကွယ်…” ထူးခြားဆန်းကြယ်ကိစ္စတွေကို စိတ်၀င်စားတဲ့ ပရိသတ်ကြီးအတွက် လျှို့ဝှက်ဆန်းကြယ်မှုတွေအပြည့်နဲ့ တမီလ်စကားပြော သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အင်စပက်တာအာကီလန်ဟာ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုအကြောင်း စုံစမ်းရင်းနဲ့ ထူးခြားချက်တွေ တွေ့ရှိခဲ့ရပါတယ်။ ပထမဆုံးအချက်ကတော့တော့ အဲဒီလို သမားရိုးကျမဟုတ်တဲ့ အဆုံးစီရင်မှုမျိုးတွေဟာ နေရာအနှံ့အပြားမှာ တစ်ပုံစံတည်းဖြစ်ခဲ့ကြတာပါ။ နေရာနဲ့အချိန်သာ ကွဲပြားပေမဲ့ လုပ်နည်းလုပ်ဟန်ချင်း အတူတူပါပဲ။ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုတွေ ဖြစ်တာကြောင့် ဘယ်သူကမှ သေချာမစစ်ဆေးခဲ့ပေမဲ့ အာကီလန်ကတော့ အမှုရဲ့ထူးခြားဆန်းကြယ်မှုတွေကြောင့် ရေဆုံးမြေဆုံး စုံစမ်းဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ ဆက်တိုက်ဖြစ်နေတဲ့ အဆုံးစီရင်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လို‌ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေရှိနေမလဲ၊ အဲဒီအဆုံးစီရင်မှုတွေဟာ သမားရိုးကျဖြစ်ရပ်လား၊ ကျိန်စာလိုလို သဘာ၀လွန်ဖြစ်ရပ်တွေနဲ့ ပတ်သက်နေမှာလား၊ အာကီလန်ကရော အမှုလိုက်ရင်း ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရမလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~KKKZ~ZweYan~Star တို့ ဖြစ်ပါတယ်။)

Mystery • Drama
7 2025
Asthram
My Robot Girlfriend
6.1

စက်ရုပ်မလေးကို ချစ်မိသွားတဲ့ ကောင်လေးအကြောင်းကို ရိုက်ထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဒီဇာတ်လမ်းလေးကတော့ ဂျပန်ကားတစ်ကားရှိပြီးသားမို့ကြည့်ဖူးတဲ့လူတွေ သိမယ်ထင်ပါတယ်။ version ပြောင်းသလို တချို့အခန်းလေးတွေပြောင်းကောင်းပြောင်းသွားနိုင်ပေမယ့် လူသားကောင်လေးတစ်ယောက်က ခံစားချက်မဲ့တဲ့ ကောင်မလေးကို ခံစားချက်တွေ မွေးဖွားလာစေပြီး ချစ်တတ်လာအောင် သင်ပေးတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ မပြောင်းလဲဘဲ တူနေဆဲမို့ ဇာတ်လမ်းလေးကြည့်ပြီး အားလုံးလည်း အချစ်တစ်ခု ခံစားမိမယ်မျှော်လင့်ပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ကောင်လေးဟာ မတော်တဆကြောင့် တစ်သက်လုံး မသေရုံတမယ် ဒုက္ခိတဘဝနဲ့ နေသွားရတဲ့အတွက် အနာဂတ်ကနေ သူတီထွင်ထားတဲ့စက်ရုပ်ကောင်မလေးကို စေလွှတ်ပြီး အတိတ်က အက်စီးဒင့်ကို တားစေခဲ့ပါတယ်။ ဒါပေမယ့် အတိတ်က ကောင်လေးက သူမနှစ်က မထင်မှတ်တဲ့ပုံစံနဲ့ မြင်ထားတဲ့ကောင်မလေးနဲ့ တူနေတဲ့ စက်ရုပ်မလေးကို စက်ရုပ်ဆိုတာ ယုံကြည်ဖို့ခက်ခဲသလို ရင်မခုန်ဖို့လည်း မလွယ်ကူခဲ့ပါဘူး။ စက်ရုပ်နဲ့လူကြားက အချစ်ဇာတ်လမ်းလေးရယ် အနာဂတ်က စက်ရုပ်မလေးကို အတိတ်ကသူ ဘာလို့ကြိုမြင်ဖူးခဲ့တယ်ဆိုတာရယ်ကတော့ ဇာတ်လမ်းလေးကြည့်မှ သိနိုင်ခံစားနိုင်မှာမို့ ဒေါင်းကြည့်လိုက်တော့နော်

Drama
6.1 2020
My Robot Girlfriend