YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

A Silent Voice (Koe No Katachi) [2016] (MM Sub).mp4

929.75 MB N/A video/mp4 71 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mumbaikar
6

Mumbaikar (2023) နာမည်ကျော် တမီးလ်မင်းသားကြီး ဗီဂျေးစည်သူပတီရယ် လက်ပြတ်မင်းသားရယ်လို့ နာမည်ကြီးတဲ့ ဗီကရန့်မက်ဆီတို့က တောသားမြို့တက်မွမ်ဘိုင်းသားတွေအဖြစ် အပြိုင်ချဲထားကြတဲ့ကားပါ သွားကျွတ်ကျန်ခဲ့တဲ့ဗန်ပိုင်းယားစီးရီးထဲက သားတက်‌လေးနဲ့ မင်းသမီးချောလေးတန်ညာမာနီကတ်တလာ နဲ့ မျက်နှာတည်မျက်နှာထားနဲ့ သရုပ်ဆောင်ပီပြင်လှတဲ့ ဆန်ဂျေးမစ်ရှရာတို့ အဓိကသရုပ်ဆောင်ထားတဲ့ တမီးလ်ရုပ်ရှင်remake ဟင်ဒီစကားပြောရုပ်ရှင်ကားပါ။ ဇာတ်လမ်းအကျဉ်း ရဲအရာရှိဖြစ်ချင်ပေမဲ့ ချစ်ရသူက အလုပ်ရှိမှ စဉ်းစားပေးမယ်ဆိုတဲ့အတွက် အလုပ်လျောက်နေရသူတစ်ဦး၊ သူငယ်ချင်းအကပ်နဲ့ လူမိုက်ဂိုဏ်းထဲဝင်ဖို့ လုပ်တဲ့ဂန်းစတားဖြစ်ချင်သူ မန်နူး၊ မိသားစုတွေပျော်ဖို့အတွက် မွမ်ဘိုင်းမှာအလုပ်လာလျောက်ပေမဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို သွားလေရာကံဆိုးနေသူ ကောင်လေးတယောက်၊ လူမိုက်ဂိုဏ်းမှာ ကားဒရိုင်ဘာဝင်လုပ်နေရတဲ့ဦးလေးကြီးတစ်ဦး၊ ဂန်းစတားကြီးဖြစ်ချင်သူမန်နူးတစ်ယောက် ကလေးပြန်ပေးဆွဲဖို့ လုပ်ရာက လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးတစ်ဦးရဲ့သားကိုမှ မှားပြီး ပြန်ပေးဆွဲမိရာကစ သူတို့လေးယောက် ကံကြမ္မာတွေ ဘယ်လိုဆက်နွယ်သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ် (အညွှန်းရေးသားသူကတော့ Chiclon3~BpL ဖြစ်ပြီး ဘာသာပြန်တွေကတော့ Chiclon3~BpL~Thaik~Yunni နဲ့ YH တို့ပဲဖြစ်ပါတယ်) File size…2.2GB / 1GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 3mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Chiclon3~BpL~Thaik~Yunni ~ YH

Drama • BL
6 2023 123 mins
Mumbaikar
Dead Man Down
6.2

“ကလဲ့စားဆိုတာ ချိုမြိန်တဲ့ဟင်းလျာတစ်ခုဆိုပေမယ့် တည်ခင်းတဲ့အချိန်မှာအေးစက်နေခဲ့ပါပြီ” နှစ်အနည်းငယ်အကြာက ရန်ကြွေးတစ်ခုကြောင့် အယ်လ်ဖွန်စေ ရဲ့ ဂိုဏ်းထဲကိုအယောင်ဆောင်ဝင်ရောက်ခဲ့တဲ့ ဗစ်တာကို သူ့ကို စောင့်ကြည့်နေတဲ့ လမ်းတစ်ဖက်ခြမ်းက ကောင်မလေး ဘီးထရစ်စ်က သူ့ရဲ့ မကောင်းမှုလုပ်ရပ်တစ်ခုကို မမျှော်လင့်ဘဲ မြင်တွေ့ခဲ့ပါတယ်. ဗစ်တာရဲ့ စိတ်ထဲမှာလည်း သူ စနိုးစနောင့် ဖြစ်နေရတဲ့ကိစ္စကို ဖြေရှင်းဖို့ ဘီးထရစ်စ်ကို ချဉ်းကပ်ခဲ့သလို ဘီးထရစ်စ်ကလည်း သူ လိုချင်တဲ့လက်စားချေမှုကို ဗစ်တာက ယူလာပေးနိုင်မှာလားဆိုတာသိချင်တဲ့စိတ်နဲ့ နှစ်ယောက်သား ချိန်းတွေ့ခဲ့ကြပါတယ်. တစ်ယောက်ရဲ့ တကယ့်ရည်ရွယ်ချက်ကို တစ်ယောက် သိသွားချိန်မှာတော့ လက်စားချေမှုကို လိုချင်သူနှစ်ယောက် အချင်းချင်း ကူညီနိုင်မလား. ဗစ်တာကရော သူ့မိသားစုအတွက် လက်စားချေနိင်မလား. လူကြမ်းကြီး ဗစ်တာနဲ့ သိမ်ငယ်ရသူလေး ဘီးထရစ်စ်တို့ကြားထဲက သံယောဇဉ်တွေကရော သူတို့ရဲ့ ရည်ရွယ်ချက်တွေကို အနှောက် ယှက်ပေးလာနိုင်မလား ဆိုတာကိုအခက်အခဲ နှင့် အားပြိုင်မှုများ၊ လျှို့ဝှက်ချက် နှင့် ဖုံးကွယ်မှုများ၊ဇာတ်ကွက်အလှည့်အပြောင်း စတာတွေကို အက်ရှင်ကြမ်းကြမ်းနဲ့ တင်ဆက်ပေးထားတဲ့ ဇာတ်လမ်းလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…1.53GB / 551MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali

Drama • Mystery • Sci-Fi & Fantasy
6.2 2013 118 mins
Dead Man Down
Dhruva
6.3

အစားကောင်း အသောက်ကောင်းတွေ စားရရင် ချစ်သူခင်သူကို သတိရတတ်သလိုပဲ ဇာတ်ကားကောင်းတွေရှိလာရင်လည်း မလွတ်တမ်းဘာသာပြန်တင်ဆက်ပေးချင်တာကတော့ CM ရဲ့စေတနာပါ။ ဘိုင်ရာဘာမင်းသားပါဝင်ထားတဲ့ ဒီ "Dhruva" crime thriller movie ကတော့ not very old but gold လို့ ဆိုရမှာပါပဲ။ crime ကိုမှ medical crime ကို အရင်းတည်ပြီး ကွင်းဆက်အများအပြား ချိတ်ဆက်ထားတာမျိုးပါ။ "သာမန်ပြည်သူတွေရဲ့ ကံကြမ္မာကို နိုင်ငံရေးသမားတွေက ချုပ်ကိုင်တယ်၊ နိုင်ငံရေးသမားတွေရဲ့ ကံကြမ္မာကိုတော့ စီးပွားရေးသမားတွေက ချုပ်ကိုင်တယ်....." ပုံမှန်ဆိုရင် ခိုးမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုတို့ဟာ အများအားဖြင့် ငွေကြေးမပြည့်စုံမှုကြောင့် ကျူးလွန်လေ့ရှိတဲ့အရာမျိုးတွေပါ။ ဒါပေမဲ့ သာမန်ပြစ်မှု အသေးလေးတွေကိုဗန်းပြပြီး နောက်ကွယ်မှာ ကြီးမားတဲ့ ပြစ်မှုကြီး ရှိနေတယ်ဆိုရင်ရော...... ဆင်းရဲနိမ့်ကျစွာ မွေးဖွားလာပေမဲ့ ပါတီခေါင်းဆောင်တစ်ဦးရဲ့ လူသတ်မှုကို ကိုယ်စားအပြစ်ခံယူရင်း အဆိုးထဲက အမြတ်ထုတ်တတ်တဲ့ ထက်မြက်လွန်းတဲ့ Siddarth Abimanyu က သိပ္ပံပညာရှင်တစ်ယောက်ဖြစ်လာပြီး မင်းသားခေါင်းစွပ်ထားတဲ့ဘီလူး ဖြစ်နေတဲ့အခါ..... ၁၅ နှစ်သားကတည်းက ကြုံတွေ့မြင်တွေ့လာရတဲ့ မတရားမှုတွေကို မုန်းတီးရင်း ရဲအရာရှိ ဖြစ်လာတဲ့အချိန် ပြစ်မှုနောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်သူတွေကို အမြစ်ပြတ် သုတ်သင်ချင်တဲ့ Dhruva တစ်ယောက် Siddharth နဲ့ အားပြိုင်ရတဲ့အခါမှာတော့..... Plot က ကောင်းလွန်းတဲ့အတွက် အများကြီး ညွှန်းဆိုလိုက်ရင် ပေါ့သွားမှာစိုးလို့ ဒီလောက်ပဲ ရေးပါရစေ။ 2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ Thani Oruvan ဇာတ်ကားကို remake လုပ်ထားတာဆိုပေမဲ့ အတော်ကောင်းတာမို့ ဆက်ဆက်ကြည့်ရှုဖို့ တိုက်တွန်းပါရစေနော်။ File size…2.5GB / 1.3GB Quality…1080p TRUE  WEBDL / 720p Format…mp4 Duration….2h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jerrica & Myo Myo Htet

Action • Science Fiction
6.3 2016 165 mins
Dhruva
Transformers: Revenge of the Fallen
6.2

Transformers 2007 ခုနှစ်က ဇာတ်ကားရဲ့ အဆက်အဖြစ်ဆက်လက်ရိုက်ကူးထားတဲ့ဇာတ်ကားပါ.. ပထမဇာတ်ကားက မင်းသား Shia LaBeouf ပဲ အပြောင်းအလဲမရှိ ပါဝင်ထားပြီး မင်းသမီး Megan Fox ကိုလဲ ညှို့အားပြင်းစွာဆက်လက်မြင်တွေ့ရမှာပါ။ ထုံးစံအတိုင်း Autobots တွေရဲ့ တိုက်ပွဲဝင်ခန်းတွေကို ဦးစားပေးကြည့်ရှုရပါမယ်။ (Transformers ဇာတ်ကားအားလုံးကို  https://channelmyanmar.org/?s=transformers  မှာရှာပြီး Download လုပ်လို့ရပါတယ်။ ) 4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ File size…(7.3 GB)/(4.4 GB)/(1.7 GB) Quality….BluRay 4K HDR HEVC/1080p/720p HEVC Format…mkv/mp4 Duration….02:29:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Horror • Music • Thriller
6.2 2009 149 mins
Transformers: Revenge of the Fallen
Fearless
7.6

တရုတ်ပြည်ရဲ့ဝူရှူးကို တစ်ကမ္ဘာလုံးသိအောင် အသက်သွင်းခဲ့ပေးတဲ့ ဟို့ရွမ်ကျားရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို ဟို့ရွမ်ကျားနေရာမှာ ဂျက်လီကပြန်ပြီးသရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဟို့ရွမ်ကျားရဲ့ဘဝဇာတ်လမ်းကို ပီပီပြင်ပြင်နဲ့ ဟာကွက်မရှိဖော်ပြနိုင်ခဲ့သလို တရုတ်သိုင်းကားတွေရဲ့ထုံးစံအတိုင်း fight scene တွေပါပြောစရာမရှိအောင် မိုက်တာမို့ ဝမ်းနည်းပူဆွေးနဲ့အံ့ဩမင်သက်မှုရောထွေးပြီး ကြည့်ရလို့ ဘာသာပြန်သူပါနှစ်ခါပြန်ကြည့်မိတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်ဗျ။ File size…2.55GB / 1.32GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Aciton , Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasaahi

Comedy
7.6 2006
Fearless
O Jerusalem
6

O’ Jerusalem (2006) အို ဂျေရုစလင်..သင့်ကိုကျွန်ုပ်မေ့ခဲ့ပါမူ…ညာလက်တော်သည် တီးခတ်နိုင်စွမ်းပျောက်ဆုံးပါစေ…ကျွန်ုပ်ပျော်ရွှင်မှုကို ဂျေရုစလင်ထက် ဦးစားပေးခဲ့ပါမူ ကျွန်ုပ်လျှာသည်အာခေါင်ဖြင့်ကပ်၍ သီဆိုနိုင်စွမ်းတို့ အားလုံးပျောက်ကွယ်ပါစေ။ (:ဆာလံ-၁၃၇) အားလုံးပဲ လတ်တလော ပဋိပက္ခဖြစ်နေတဲ့ အစ္စရေး-ဟားမတ်စ်ကိစ္စကို အားလုံးစိတ်၀င်စားနေကြမှာပါ။ အစ္စရေးနဲ့ ပါလက်စတိုင်းအရေးက မနေ့တစ်နေ့ကမှ ထဖြစ်တာမဟုတ်ဘဲ ဒုတိယကမ္ဘာစစ်ပြီးကတည်းက စလာခဲ့ကြတာပါ။ အစ္စရေးနဲ့ အာရပ်နိုင်ငံများရဲ့ နာမည်ကျော် ၆ရက်စစ်ပွဲဆိုရင်လည်း မသိသူရှားပါလိမ့်မယ်။ ဒီကားလေးကတော့ “O Jerusalem” ဆိုတဲ့စာအုပ်ကို ပြန်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဒီကားထဲမှာ ဗြိတိသျှတွေရဲ့မလည်ရှုပ်ပုံတွေ၊ ဂျူးတွေနဲ့ အာရပ်တွေနဲ့ ကမ္ဘာမကြေတဲ့ရန်ပွဲစဖြစ်လာပုံတွေအပြင် အစ္စရေးနိုင်ငံဖြစ်တည်လာတဲ့အကြောင်းတွေ ဘာသာကြီးသုံးခုရဲ့အထွတ်အမြတ်ဖြစ်တဲ့ဂျေရုဆလင်မြေပေါ်က သွေးချောင်းစီးတိုက်ပွဲတွေကို သူငယ်ချင်းနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာနဲ့ ရောစပ်တင်ဆက်ထားပါတယ်။ “O Jerusalem” စာအုပ်ကို Dominique Lapierre နဲ့ Larry Collins ဆိုတဲ့ စာရေးဆရာ ၂ဦးက ၂နှစ်တာ အချိန်ယူ သုတေသနလုပ်ရေးသားခဲ့ပြီး အင်တာဗျူးထောင်ပေါင်းများစွာနဲ့ တခြားကိုးကားချက်များစွာကို လေ့လာရေးထားတာပါ။ လက်ရှိအစ္စရေးတိုင်းပြည် မွေးဖွားလာပုံအကြောင်းကို တင်ဆက်ပြသထားတဲ့ စာအုပ်လည်းဟုတ်ပါတယ်။ Dominique Lapierre ကိုတော့ မြန်မာစာဖတ်သူ တော်တော်များများ ရင်းနှီးကြမှာပါ။ မြသန်းတင့်ရဲ့ သုခမြို့တော်၊ မောင်ပေါ်ထွန်းရဲ့ သန်းခေါင်ယံလွတ်လပ်ရေးတို့ကိုရေးခဲ့တဲ့ မူရင်းစာရေးဆရာပါပဲ။ ဒီစာအုပ်ကိုလည်း အိုဂျေရုဆလမ်ဆိုပြီး ကျော်အောင်က မြန်မာဘာသာပြန်ဆိုရေးသားဖူးပါတယ်။ အကြောင်းအရာကတော့ “ဒုတိယကမ္ဘာစစ်အပြီး အရှေ့အလယ်ပိုင်း ပါလက်စတိုင်းဒေသတွင် အစ္စရေးနိုင်ငံတည်ထောင်ရန် ကြိုးပမ်းသူများနဲ့ ဟန့်တားသူ အာရပ်တို့၏ ခါးသည်းပြင်းထန်သော ပဋိပက္ခများ” လို့ ကျော်အောင်က ရေးထားဖူးတယ်။ ရုပ်ရှင်ကတော့ အဲဒီဂျူးနဲ့အာရပ်လူမျိုးတွေထဲက လူမျိုးကွဲ သူငယ်ချင်း၂ယောက်ရဲ့ ဇာတ်လမ်းပေါ့။ စာအုပ်မှာတော့ အာရပ်ရော ဂျူးရောရဲ့ နှစ်နိုင်ငံအခြေအနေတွေကို ဘက်မလိုက်ဘဲ တင်ပြသွားပေမဲ့ ရုပ်ရှင်ကတော့ ဝါဒဖြန့်ရုပ်ရှင်ဆန်သွားခဲ့တယ်လို့ ဆိုကြတယ်။ ကားက ကျန်တာအကုန်ကောင်းပေမဲ့ ဝါဒဖြန့်ဖို့လုပ်ရင်း မလှမပဖြစ်သွားတာလေးတော့ ရှိခဲ့တယ်။ နှစ်ဖက်စလုံးက အဆိုးအကောင်းတွေကို ဒီရုပ်ရှင်မှာ သေချာပြသွားပေမဲ့ ကြည့်ရှုသူကို တစ်ဖက်အပေါ် မသိမသာသနားစိတ်လေးဝင်သွားအောင် ရိုက်ပြသွားတယ်လို့ဆိုတယ်။ ဒါကိုကလည်း ဝါဒဖြန့်ချိရေးကားတွေရဲ့ အထာပဲတဲ့။ ဒီလိုဝတ္ထုထူကြီးတွေကို ရိုက်တဲ့ကားတွေထဲ အကောင်းထွက်လာတဲ့ ကားကတော်တော်ရှားတော့ ဒီလောက်ကိုပဲ တော်တော်လေး တော်လှပါပြီ။ အားလုံးကြည့်သင့်ကြည့်ထိုက်တဲ့ အရှေ့အလယ်ပိုင်းအကြောင်း ရုပ်ရှင်ပါပဲ။ ( ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Soe Thiri Swe မှ တင်ဆက်ထားပါတယ်။)

6 2006 100 mins
O Jerusalem
Heaven Down Here
7

Heaven Down Here (2023) ==================== IMDb Rating – 7.0/10 Heaven Down Here 2023 ကို ဒါရိုက်တာ Anne Wheeler က စီစဥ်ရိုက်ကူးခဲ့ပြီး IMDb rating 7.၀ ရရှိထားပါတယ်။ ခရစ်စမတ် ဒရာမာကားလေးပါနော်။ မိသားစုတွေ ပြန်ပြီး ဆုံစည်းကြတာ ၊ ပျော် ရွှင်ကြတာ တွေကို တင်ဆက်ထားတာပါ။ အခုလိုခက်ခဲနေတဲ့ကာလကြီးမှာ မိသားစုတွေ ဆုံစည်းနိုင်အောင်ကြိုး စားကြခြင်းဟာ အဓိပ္ပါယ်ရှိပါတယ်။ မိသားစုဝင်တွေဟာ အကြောင်း အမျိုးမျိုးကြောင့် ပြန်မတွေ့နိုင်တာ ၊ သဘောထားတွေ မတိုက်ဆိုင်ကြ တာ ဒါတွေကြောင့် ကွဲကွာနေကြတာရှိပါတယ်။ အားလုံး ကြိုးစားပြီး တော့ နားလည်မှုတွေ ပြန်ပြီးရယူကြဖို့ခရစ်စမတ်ကာလရှိနေရတာလို့ သုံးသပ်တင်ပြထားပါတယ်။ အားလုံးမယ်ရီခရစ်စမတ်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(1.72 GB) / (615 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Thy Santa Encoder……….SWM

Drama • Music
7 2023
Heaven Down Here
Black Death
6.4

၁၃ရာစုနှစ်ခေတ်ဟောင်းက ဘာသာရေး၊အောက်လမ်းအယူ အစွဲတွေကြားမှာ ဇာတ်အိမ်တည်ထားပြီး အတော်ကြည့်လို့ ကောင်းတဲ့ ဇာတ်ကားတစ်ပုဒ်ပဲဗျ…။ အဓိကသရုပ်ထားတဲ့သူတွေကလည်း GOTထဲက ဘိုရိုမီယာမင်းသားSean Bean၊ Fantastic Beast မင်းသားEddie Redmayneနဲ့ GOTထဲကမှော်ဆရာမ မယ်လီဆန်ဒရီအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး Carice van Houtenစတဲ့ ဒိတ်ဒိတ်ကြဲတွေပါပဲ…။ ဒီဇာတ်လမ်းထဲမှာလည်း သူတို့ရဲ့ သရုပ်ဆောင်ပုံက ပြောစရာမလိုအောင်ကွက်တိကျနေပြီး ဇာတ်လမ်းနဲ့ တစ်သားတည်းဖြစ်လွန်းလှပါတယ်…။ ဇာတ်လမ်းအကြောင်းကိုပြောပြရရင်…။ အချိန်ကာလအားဖြင့် ၁၃၈၄ခုနှစ်၊ အင်္ဂလန်မှာ ပလိပ်ကပ်ရောဂါ ကြီးဖြစ်ပွားပြီး တိုင်းပြည်တစ်ဝက်လောက်ကလူတွေ သေကြေပျက်ဆီးကြရပါတယ်…။ လူတွေယုံကြည်ကြတာက ဒီရောဂါဟာ ဘုရားသခင်က ပြစ်ဒဏ်ခတ်တာ၊ အပြစ်ရှိတဲ့လူတွေကို ဆေးကြောသုတ်သင်ဖို့ ဘုရားသခင် စီရင်ချက်ချလိုက်တာပဲပေါ့…။ သို့ပေမယ့် စိမ့်တောတွေဝန်းရံလျက်ရှိတဲ့ရွာလေးတစ်ရွာမှာတော့ အဲ့ဒီကပ်ရောဂါ လုံးဝမကျရောက်ပါဘူးတဲ့…။ ရောဂါမဖြစ်လို့ လူမသေတဲ့အပြင် အဲ့ဒီရွာမှာက သေပြီးသား လူတွေကို အသက်ပြန်သွင်းတတ်တဲ့ စုန်းမ၊အောက်လမ်း ဆရာရှိနေတယ်လို့လည်း သတင်းတွေ ထွက်လာပါတယ်….။ အဲ့ဒီခေတ်မှာက ဘုရားသခင်ကလွဲပြီး တခြားယုံကြည် သက်ဝင်သူရှိရင်…၊ စုန်းမဆိုပြီး မိစ္ဆာဒိဌိဆိုပြီး မီးရှို့သုတ်သင်ခံရပါတယ်…။ အခုလည်း ဒီလိုသတင်းစကားတွေကြောင့် အဲ့ဒီရွာမှာ တကယ်ပဲ စုန်းမ၊ အောက်လမ်းဆရာ ရှိမရှိသိနိုင်ဖို့ဆိုပြီး ပုပ်ရဟန်းမင်းကြီးက သူရဲကောင်းတပ်ဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ဖမ်းဆီးစေပါတယ်…။ ဇာတ်လမ်းလေးကဒီလိုနဲ့ အစပြုခဲ့ပြီး…. Action, Drama, History, Horror, Mystery စတဲ့ရသအစုံ ပါဝင်တာမို့ ကြည့်ရှုခံစားသင့်တဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်…. File size…2.19GB / 1.3GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Action • Thriller
6.4 2010 102 mins
Black Death
The Killing Performance
6.3

ဒီတစ်ခေါက်မှာတော့ လူသတ်မှုတရားခံကို ဖော်တိုင်း သေဆုံးသူ ဝိညာဉ်ကို ခေါ်မေးတတ်တဲ့ မန်စစ်ဆေးရေးမှူးကြီးတစ်ယောက်ဟာ ပြဇာတ်ရုံက မော့လင်ယိဆိုတဲ့ မြို့မျက်နှာဖုံး သဘင်သည်မလေး သေနတ်ပစ်ခံရတဲ့အမှုမှန်ပေါ်ဖို့ လိုက်ခဲ့ပုံကို နောက်ခံထား ရိုက်ကူးထားတဲ့ killing performance ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းလေးမှာ မြို့မျက်နှာဖုံး သဘင်သည်မလေး မော့လင်ယိဟာ ပုရိသယောက်ျားသားတို့ နှလုံးသားကို ပိုင်ဆိုင်ထားပေမယ့် အားလုံးကို ငြင်းနေသူတစ်ဦးပေါ့… ဒီလိုနဲ့ ဒီကောင်မလေးနားဝဲနေတဲ့ ပျားပိတုန်းတွေကြားထဲမှာမှ ဘယ်သူက နှလုံးသားကို အပိုင်ရမလဲ ကြိုးစားနေကြရာကနေ ကောင်မလေးဟာ ပြဇာတ်ရုံက အနောက်ပန်းခြံထဲမှာတင် သေနတ်ပစ်ခံရပြီး အသက်ဆုံးရှုံးသွားခဲ့ရတယ်… ဒီအပြင် ဘယ်သူက တရားခံဆိုတာကို ရဲနဲ့ အမှုစစ်တွေလိုက်တာတောင် မသိခဲ့ဘူးတဲ့…. ဒီလိုနဲ့ ဇာတ်လိုက်ကျော်ကြီး မန်စစ်ဆေးရေးမှူးကို ခေါ်ခဲ့ရာကနေ သံသယရှိသူ ၇ ယောက်ထွက်လာပြီး ဘယ်သူက တကယ့်တရားခံဆိုတာကို စစ်ဆေးရင်း စစ်ဆေးရင်း မေးခွန်းထဲက မေးခွန်းပေါ်ဆိုသလို တစ်ခုချင်း အလိမ်အညာတွေကနေ ဖုံးကွယ်ထားတဲ့အမှန်တရားကို သိရပေမယ့် အဆုံးသတ်မှာ တကယ် မော့လင်ယိကိုသတ်တဲ့ တရားခံရှာတွေ့မတွေ့ဆိုတာတော့ ဇာတ်ကားလေးက အဖြေတစ်ခုပေးမှာပါ

6.3 2024
The Killing Performance
Antboy 3
5

Antboy 3 ဟာ 2016 ကထွက်ရှိထားတဲ့ family/comedy အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။ IMDb 5 ရရှိထားပြီးတော့ Antboy 1 နဲ့ Antboy 2 တို့ရဲ့ အဆက်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပီလီဟာ Anyboy ဘဝကိုစွန့်လွှတ်ပြီး သာမန်ဘဝနဲ့နေထိုင်ဖို့ ရွေးချယ်လိုက်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ရန်သူဟောင်းကြီးက အကျဉ်းထောင်ကထွက်လာပြီး ကုမ္ပဏီက စီအီးအို နဲ့ ပူးပေါင်းကြမလား၊ ဘယ်လိုတားဆီးမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ပေါ့ပေါးပါးပါးနဲ့ ကြည့်ပျော်ရှုပျော်ဇာတ်ကားလေးဖြစ်လို့ Channelmyanmar ပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ် File size… 2 GB / 878 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by KK

5 2016 85 mins
Antboy 3
In Between Seasons
6.1

In Between Seasons (2018) ************************* BL ကားတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးအတွက် မိခင်မေတ္တာနဲ့ သူငယ်ချင်းနှစ်ယောက်ကြားက သံယောဇဉ်အကြောင်းကို ရိုက်ကူးဖော်ပြထားတဲ့ In Between Seasons ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ် .. အိမ်ရှင်မတစ်ဦးဖြစ်တဲ့မီဂယောင်းဟာ ခင်ပွန်းဖြစ်သူနဲ့ အနေဝေးပြီးတော့ တစ်ဦးတည်း‌သောသားလေး ဆူဟျွန်းကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ပါတယ်။ တစ်ရက်မှာတော့ ဆူဟျွန်းက အတန်းဖော်သူငယ်ချင်းဖြစ်တဲ့ ယောင်းဂျွန်းကိုသူနဲ့အတူ နေဖို့အတွက် အိမ်ကို ခေါ်လာခဲ့ပါတော့တယ်။ နှစ်အတော်ကြာအတူတူနေခဲ့ပြီးတော့ စစ်မှုထမ်းဖို့အတွက် ယောင်းဂျွန်းက အရင် သွားခဲ့ပြီး ဆူဟျွန်းက နောက်မှ ဝင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဆူဟျွန်း စစ်မှုထမ်းပြီးတဲ့နောက် သူတို့နှစ်ယောက်က အတူတူခရီးထွက်ရာကနေ ကားမတော်တဆမှုဖြစ်ခဲ့ပြီး ဆူဟျွန်းက ကိုမာဖြစ်သွားတာကြောင့် မိခင်ဖြစ်သူကတော့ သူ့သား ဒီလိုဖြစ်သွားအတွက် ယောင်းဂျွန်းကို အပြစ်တင်ခဲ့ပါတယ်။ ဒီတော့ မီဂယောင်းက သူ့ကို ခွင့်လွှတ်ဖို့အတွက် ယောင်းဂျွန်းအနေနဲ့ ဘယ်လိုတွေ ကြိုးစားမလဲ။ ဆူဟျွန်းနဲ့ ယောင်းဂျွန်းရဲ့ဆက်ဆံရေးကို မီဂယောင်းက ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကြည့်ရှုလိုက်ပါဦးနော် .. (ဇာတ်လမ်းအညွှန်းကို Estel မှရေးသားထားပါတယ်) File size…791MB / 356MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 42 min. Genre ….. Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Estel Encoded by AHtet

6.1 2018
In Between Seasons
Penalty Loop
6.8

Penalty Loop (2024) IMDb Rating (6.8) CM ချစ်ပရိတ်သတ်တို့အတွက် စိတ်ဝင်စားဖို့ကောင်းပြီး ထူးခြားဆန်းပြားတဲ့ ဇာတ်အိမ်နဲ့ ဂျပန်ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကို မိတ်မဆက်ပေးခင်မှာ… တစ်နေ့ ကိုယ်ချစ်ရတဲ့သူ ရုတ်တရက်အသတ်ခံရပြီ… အဲ့ လုပ်ကြံသူကို အကြိမ်ကြိမ်ပြန်သတ်ဖို့ အခွင့်အရေးရမယ်ဆို… ကျေနပ်နိုင်မှာလား… လုပ်ကြံသူကို ကိုယ်တိုင်စီရင်ဖို့ ကြိုးစားမှာလား… ဒီဇာတ်ကားလေးထဲက အီဝါမိုရီကတော့ ဒီအခွင့်အရေးကို လိုချင်ခဲ့သူပါ… ဘာလို့လဲဆိုတော့ သူချစ်ရတဲ့ ချစ်သူမိန်းကလေးက အလုပ်ကို ပျော်ပျော်ရွှင်ရွှင်မနက်က ထွက်သွားပြီး… အိမ်ပြန်လာချိန်မျှော်နေခဲ့ပေမယ့် သူ့ဆီပြန်ရောက်လာခဲ့တာက… သူ့အလောင်းကို အတည်ပြုပေးဖို့ လာခေါ်တဲ့ ရဲတွေဖြစ်နေပါတယ်… ဒါကြောင့်လည်း သူ့ချစ်သူကို သတ်ခဲ့သူကို သိချိန်မှာတော့ VR အစွမ်းအကူအညီနဲ့ လုပ်ကြံသူကို အကြိမ်ကြိမ်သတ်ဖို့ ကြိုးစားမယ်လို့ လက်ခံခဲ့ပါတယ်.. ဒါပေမယ့် ဒီ VR အစွမ်းရဲ့နောက်မှာ မထင်မှတ်တာတွေ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ…။ Sci-Fi ဆန်ဆန် ထူးခြားတဲ့ဇာတ်အိမ်နဲ့ နက်နဲသက်ဝင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ဒီရုပ်ရှင်က ဝေဖန်သူတချို့ကြား အကြိုက်တွေ့နေတာမလို့ ဂျပန်ဘာသာကနေ တိုက်ရိုက်ဘာသာပြန်တင်ဆက်လိုက်ရပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Chu Chu မှ တင်ဆက်ထားပါတယ်။)

6.8 2024
Penalty Loop