YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

A Romance of Little Forest E19 (1080p) CM.mp4

417.71 MB N/A video/mp4 184 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Good Will Hunting
8.1

ဒီဇာတ်ကားက IMDB- 8.3/10 နဲ့ RT- 97% တောင် Rating ရထားတဲ့ ဇာတ်ကားပါ.. ရုပ်ရှင်ပရိတ်သတ်တွေကတော့ “Good doesn't describe” (ကောင်းတယ် ဆိုတဲ့စကားလောက်နဲ့ မပြည့်စုံဘူး)လို့ ပြောကြတဲ့ဇာတ်ကားပါ ထူးခြားတာက ဒီကားရဲ့ဇာတ်ညွှန်းကို ဇာတ်ကားရဲ့ အဓိကနေရာက သရုပ်ဆောင်ထားကြတဲ့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး မက်ဒေမွန်(Matt Damon)နဲ့ ဘန်အဲဖလက်(Ben Affleck)ကိုယ်တိုင် ရေးထားတာပါ... သူတို့နှစ်ယောက်က ဇာတ်ညွှန်းအကယ်ဒမီဆုရ၊ Robin Williams က အကယ်ဒမီဇာတ်ပို့ဆုနဲ့အတူ အခြားရုပ်ရှင်ဆု ၂၂ ဆု ဆွတ်ခူးထားတဲ့ ဇာတ်ကားပါ - ------- ကမ္ဘာကျော်သင်္ချာပါရဂူကြီးတွေ နှစ်နဲ့ချီပြီး သက်သေပြဖို့ကြိုးစားရတဲ့ သင်္ချာပုစ္ဆာမျိုးတွေကို တစ်ထိုင်တည်းနဲ့ သက်သေပြနိုင်တဲ့ ဆယ်ကျော်သက် အရွယ် ဂျစ်ကန်ကန်ကောင်လေးတစ်ယောက် မိဘမဲ့ ခြေဦးတည်ရာမဲ့ ဆိုးဖော်ဆိုးဖက်တွေနဲ့မူးအောင်သောက် ဘဝကို ကြုံသလိုဖြတ်သန်း ဒါပေမယ့် သူဟာ ဂျီးနီးယက်စ်တစ်ယောက် သူ့ရဲ့ဦးနှောက်က Genius-level IQ နဲ့ သူဟာ သူ့အင်ပါယာမှာ သူ့ဥပဒေနဲ့ နေထိုင်တဲ့သူ သံယောဇဉ်တွယ်ရမှာကိုကြောက်တယ်... လူတွေရဲ့ သမားရိုးကျအတွေးအခေါ်တွေကို ရွံတယ် ဒီလိုနဲ့ သူ့ရဲ့အရည်အချင်းကို Field's Medal (သင်္ချာပါရဂူ)ဆုရှင်ပရော်ဖက်ဆာတစ်ယောက်က သတိထားမိသွားတယ်.. ..ဖြစ်နိုင်ရင်အညွှန်းကိုတစ်လုံးမှမရေးဘဲတင်လိုက်ချင်တာ.... ဘာလို့ဆို ဒီကားရဲ့ရသတွေဟာ ကျွန်တော့်ရဲ့ခပ်ညံညံရေးသားချက်အောက်မှာ မှေးမှိန်သွားမှာစိုးလို့ပါ... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Sherlockဖြစ်ပါတယ်.... File Size…(5.23GB) and (1.27GB) Quality…BluRay 720p Format…mp4 Duration…02:06:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Sherlock

8.1 1997 127 mins
Good Will Hunting
My Girlfriend is a Serial Killer
5.7

အချစ်ဆိုတာ ဒီလောကမှာ အဆန်းကြယ်ဆုံးအရာပါပဲ။ တချို့က ချောချောလေးတွေကို ချစ်ကြတယ်။ တချို့က စာကြမ်းပိုးမလေးတွေကို ချစ်ကြတယ်။ တချို့က သေးသေးလေးတွေကို ချစ်ကြတယ်။ တချို့ကကျ နားလည်ရခက်တဲ့ ကောင်မလေးတွေကို ချစ်ကြတယ်။ ပြောမကုန်ဘူးပေါ့။ လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ ပြောလည်း မဆုံးပါဘူး။ ဆိုပေမဲ့ ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ကျော်ကြီးကတော့ ဘေးခန်းက ကောင်မလေး လူသတ်တာကို မြင်ပြီး ချစ်မိတယ်တဲ့ဗျာ။ ဆန်းတော့ဆန်းသား... အဲဒီကောင်မလေးက သူ့ကိုသတ်ချင်လည်း သတ်နိုင်တာ သူသိပေမဲ့ ချစ်မိနေဆဲပါပဲ။ လောကမှာ အသန့်စင်အမွန်မြတ်ဆုံး အချစ်ထက်မြင့်တဲ့ ဆီရီရယ်တိုးနစ်အချစ်ကို ပုံဖော်ထားတဲ့ ဂျပန်ကားလေးပါပဲ။ မင်းသမီးလေးလည်း ချောပါတယ်။ ခပ်ချောချော ကောင်မလေးတွေ လူသတ်တဲ့အခါ ချစ်စိတ်အပြည့်နဲ့ ကြည့်တတ်အောင်လို့ ကြည့်ရှုမုဒိတာပွားထားသင့်တဲ့ ရုပ်ရှင်ပါပဲ။ လောကမှာ အချစ်ဟာအကြီးအကျယ်ဆုံးအရာပဲမလား။ ကောင်မလေးချောနေရင်ပေါ့ဗျာ... (အညွှန်းရေးပေးထားသူကတော့ Lucifer Morningstar ဖြစ်ပြီး ဇာတ်ကားကို Nay Lin Thar မှ ပြန်ဆိုပေးထားပါတယ်) Size - 1.6GB, 773MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - mp4 Duration - 1H 43Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Nay Lin Thar Encoded by Y

Comedy • Romance • TV Movie
5.7 2019 103 mins
My Girlfriend is a Serial Killer
Lost Girls
6.1

မာရီဂီးလ်ဘတ်သည် သမီး ၃ယောက်အတွက် ရုန်းကန်နေရသော မုဆိုးမတစ်ယောက် ဖြစ်သည်။ အငယ်ဆုံးသမီးမှာ စိတ်ကျန်းမာရေး ချို့ယွင်းချက်ရှိပြီး အကြီးဆုံးသမီးမှာ တခြားမြို့တွင်အလုပ်လုပ် နေသည်။ တစ်ရက်တွင် သမီးကြီး ဖြစ်သူ ပျောက်နေကြောင်း ကြားသိလာရသောကြောင့် သမီးကြီး အပေါင်းအသင်းများထံ သွားမေးမိသည်။ ထိုအခါမှ သမီးကြီး ပျောက်ဆုံးမှုမှာ သွေးရိုးသားရိုး မဟုတ်သည့် အပြင် မိန်းကလေး တချို့လည်း ထူးထူးဆန်းဆန်း ပျောက်ဆုံးကြောင်း သိလာရသည်။ သမီးပျောက်မှုအတွက် သက်ဆိုင်ရာကို အကြောင်းကြားပေမယ့်လည်း လုံလောက်တဲ့သက်သေမရှိတဲ့အပြင် စောင့်ဆိုင်းဆဲကာလဆိုတဲ့အကြောင်းပြချက် ကြောင့် မာရီဂီးလ်ဘတ်အတွက် သမီးဇောနဲ့ အရူးတစ်ပိုင်းဖြစ်ရပါတယ်... ဒါပေမယ့် သမီးအတွက် သူမဟာ ပူဆွေးနေမယ့်အစား အစွမ်းကုန်ရှာဖွေဖို့ ကြိုးစား ပါတော့တယ်..... သမီးလေးကို ရှာတွေ့နိုင်ပါ့မလား.... ထူးဆန်းစွာပျောက်ဆုံးနေကြရတဲ့နောက်ကွယ်မှာ ဘယ်လောက်ကြောက်စရာကောင်းတဲ့အဖွဲ့အစည်းတွေများရှိနေမလဲ...... လျှို့ဝှက်သည်းဖို ဇာတ်လမ်း နှစ်သက်သူများ အကြိုက်တွေ့မည့် ဇာတ်ကားဖြစ်သည်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ko Myo ပဲဖြစ်ပါတယ်..... File Size : (900 MB) and (341 MB) Quality : WEB-DL 720p Format…mp4 Duration…01:35:00 Genre : Mystery , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae

Comedy • Drama
6.1 2020 95 mins
Lost Girls
The Manual of Love (2005) Manuale d’amore
6.3

The Manual of Love (2005) Manuale d’amore အချစ်ကျမ်းစာ (Manual of Love) လို့အမည်ရတဲ့ အီတလီဇာတ်ကားဟာ စုစုပေါင်း ၃ ကားထွက်ရှိခဲ့ပြီး ဒါကတော့ ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။ သူက ဇာတ်လမ်းတိုလေးတွေ စုစည်းထားတာတစ်ခုပါ။ ဇာတ်ကောင်တွေက ပတ်သက်နှီးနွယ်နေတဲ့ လှပတဲ့ အချိတ်အဆက်လေးတွေလည်း ပါဝင်ပါတယ်။ ယခုဇာတ်ကားမှာတော့ ဇာတ်လမ်းတို လေးပုဒ်ပါဝင်ပြီး အချစ်ရဲ့ မာယာနဲ့ လှည့်ဖျားတတ်ပုံ၊ အင်အားကြီးပုံတွေကို တင်ဆက်ထားသလို ကမောက်ကမအဖြစ်တွေ၊ ထင်မှတ်မထားတာတွေ ဖြစ်တတ်တယ်ဆိုတဲ့အကြောင်းတွေ ပါဝင်တာပေါ့ဗျာ။ ပထမဇာတ်လမ်းမှာ အလုပ်အကိုင်မရှိတဲ့ လူငယ်လေးတစ်ယောက်က တိုးဂိုက်မ ချောချောလေးကို ချစ်မိသွားလို့ အတင်းဝင်ကပ်ရာကနေ လှပတဲ့ အချစ်ဇာတ်လမ်းလေး ဖြစ်တည်လာပုံပေါ့။ ဒုတိယဇာတ်လမ်းကတော့ မိန်းမအပေါ်မှာ စိတ်ပျက် စိတ်ကုန်နေတဲ့ ယောက်ျားတစ်ယောက်ကို မြင်တွေ့ရမှာဖြစ်ပြီး တတိယဇာတ်လမ်းမှာတော့ ယောက်ျားဖြစ်သူရဲ့ ဖောက်ပြန်ခြင်းခံလိုက်ရတဲ့ ယာဉ်ထိန်းရဲမေတစ်ဦးရဲ့ လက်စားချေခြင်းတစ်ခုကို ကြည့်ရှုရပါမယ်။ သူ့လက်စားချေပုံကတော့ ယောက်ျားထုကြီးအတွက် ရင်တုန်စရာပါပဲ။ ရှင်ဖောက်ပြန်ရင် ကျွန်မမှာလဲ ဖောက်ပြန်စရာ လယ်တစ်ကွက်ရှိတယ်ဆိုတဲ့ အကွက်ဆန်းကြီးပါ။ ‌စတုတ္ထဇာတ်လမ်းကတော့ ကျွန်တော်အကြိုက်ဆုံးနဲ့ အလှပဆုံးပါပဲ။ မိန်းမဖြစ်သူက ဖောက်ပြန်ပြီး အခြားတစ်ယောက်ကို ရွေးချယ်လို့ သူ့ကို ထားခဲ့ခံလိုက်ရတဲ့ ကလေးအထူးကုဆရာဝန်တစ်ဦးရဲ့ အဖြစ်ပါ။ မိန်းမနဲ့ ကွဲနေရတဲ့ တခဏတာမှာ သူ့ဆေးခန်းက ‌အကူသူနာပြုလေးနဲ့ one night stand ‌ဖို့ အခြေအနေပေးလာပေမဲ့ သူနာပြုရဲ့ယောက်ျား ပြန်ရောက်လာတာနဲ့တိုးလို့ အထပ်မြင့်တိုက်ကြီးရဲ့ ပြူတင်းပေါက်က ရေခံအဆင့်လေးပေါ်မှာ တစ်ညလုံး မတ်တပ်ရပ်နေရတဲ့အဖြစ် ကြုံခဲ့ရတယ်။ ဒါပေမဲ့လည်းလေ … ဖူးစာဆိုတာ မထင်မှတ်တဲ့ နေရာက ရောက်လာတတ်တာမျိုးဆိုတော့ သူ့နှလုံးသားကို သိမ်းသွားတဲ့ တစ်ခုလပ်မလေးက သူ့ကို ဘယ်လိုတောင် ပစ်ကြွေသွားတယ်ဆိုတာလေး ရှုစားရပါမယ်။ Manual of Love သုံးကားစလုံးကို ဒါရိုက်တာ တစ်ယောက်တည်းက ရိုက်ကူးခဲ့တာဖြစ်ပြီး အီတလီရဲ့ နာမည်ကျော်တွေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ အချစ်နဲ့ပတ်သက်ပြီး ငြိမ့်ငြိမ့်လေး ခံစားလိုသူများ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးများ ဖြစ်ပါကြောင်းနဲ့ မိသားစုနဲ့ကြည့်ဖို့တော့ တချို့အခန်းတွေက အဆင်မပြေနိုင်ပါဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှတင်ဆက်ထားပါတယ်။) Manual of Love ဇာတ်ကား ၃ ကားစလုံးကို channelmyanmar.to/?s=manual+of+love မှာကြည့်ပါ။ File size…(1.3 GB) Quality…HDTV 720p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Arr Khun Winchester

Drama • Music
6.3 1900 116 mins
The Manual of Love (2005) Manuale d’amore
Oblivion
7

Oblivion (2013) IMDb – 7.0/10_____Rotten – 53% ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသာကြီး တွမ်ခရုစ် ရဲ့ IMDb 7 ထိရရှိခဲ့တဲ့ sci-fi ရုပ်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်လိုက်ပါတယ် အဟောင်းဆိုပေမယ့် မကြည့်ရသေးသူတွေ ပြန်လည်ခံစားချင်သူတွေအတွက်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂြိုလ်သားတွေနဲ့ လူသားတို့ရဲ့ တိုက်ပွဲအပြီး 2077 ခုနှစ်မှာ ဂျက်ရစ်ချာ (တွမ်ခရုစ်) ဟာ ကမ္ဘာကြီးရဲ့လုံခြုံရေးဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သူ့ရဲ့ တာဝန်ပြီးဖို့ ရက်သတ္တပတ်၂ပတ်ခန့် အလိုမှာပဲ မမျှော်လင့်ထားတဲ့ မိန်းမချောလေးတစ်ဦးကိုကယ်တင်မိရာကနေ အဲဒီ့မိန်းကလေးက လူသားမျိုးနွယ်တစ်ခုလုံးကိုကယ်တင်ဖို့ရာ အကြောင်းတစ်ခုဖြစ်လာတဲ့အခါမှာတော့….။ ဒီရုပ်ရှင်က ကမ္ဘာပျက်ကိန်းရုပ်ရှင်ကားတွေထဲမှာ တွမ်ခရုစ်နဲ့အတူနာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ရုပ်ရှင်ဖြစ်ပါကြောင်း။

7 2013
Oblivion
Ikiru
8.3

Ikiru (1952) ~ IMDb – 8.3/10, Rotten Tomatoes – 98% ~ Golden Age of Asian Cinema လို့လည်းခေါ်ကြတဲ့ ၁၉၅၀ဝန်းကျင်ကာလဟာ non-English World Cinema ရဲ့ ရွှေခေတ်ဖြစ်ခဲ့ပါတယ်။ ဒီ ၁၉၅၀ဝန်းကျင်မှာပဲ အာရှဒါရိုက်တာတွေဟာ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ အနုပညာအရည်အသွေးရှိတဲ့ ရုပ်ရှင်တွေကို တင်ဆက်နိုင်ခဲ့ပြီး ဒီနေ့ထိလည်း ဒီကားတွေဟာ ခေတ်ကိုကျော်ဖြတ်ပြီး ရှင်သန်နေတုန်းပါ။ ဒီကာလမှာ Yasujirō Ozu ရဲ့ Tokyo Story (1953), Satyajit Ray’s The Apu Trilogy (1955–1959), Kenji Mizoguchi ရဲ့ Ugetsu (1954), Ishirō Honda ရဲ့ Godzilla (1954) နဲ့ Akira Kurosawa ရဲ့ Rashomon (1950), Ikiru (1952), Seven Samurai (1954) နဲ့ Throne of Blood (1957) တို့တွေလည်း ထွက်ရှိခဲ့ပါတယ်။ ဒီရုပ်ရှင်တွေဟာ ကမ္ဘာ့ရုပ်ရှင်လောကကို ဒီနေ့ထိထက်တိုင် လွှမ်းမိုးမှုကြီးခဲ့ပြီး ကူရိုဆာဝါရဲ့ ရာရှိုးမွန်ကားက “Rashomon Effect” ကို ဒီနေ့ခေတ်ထက်ထိ ရုပ်ရှင်တက္ကနစ်တစ်ခုအနေနဲ့ အသုံးပြုနေကြတုန်းပါပဲ။ The Usual Suspects (1995), Gone Girl (2014), Predestination (2014), Hero (2002), The Handmaiden (2016) တို့လို နာမည်ကြီးဒါရိုက်တာတွေရဲ့ နာမည်ကျော်ကားတွေမှာပါ “Rashomon Effect” ကို သုံးနေကြတုန်းပါပဲ။ နောက် ကူရိုဆာဝါရဲ့ Seven Samurai ကို အနောက်ဘက်က ခဏခဏပြန်ရိုက်ခဲ့ကြသလို The Hidden Fortress (1958) ဟာလည်း ဂျော့လူးကတ်စ်ရဲ့ စတားဝါးစ်ယူနီဗာ့စ်ကြီးရဲ့ အင်စပီရေးရှင်းတစ်ခုလည်းဖြစ်ခဲ့တယ်။ ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာပါ ဒီကာလကို အာရှရုပ်ရှင်ရဲ့ရွှေခေတ်လို့တစ်မျိုး ဂျပန်ရုပ်ရှင်ရဲ့ရွှေခေတ်လို့တစ်ဖုံ သတ်မှတ်ခဲ့ကြပါတယ်။ အကီရာကူရိုဆာဝါဟာ ရုပ်ရှင်ရိုက်သက် နှစ်ငါးဆယ်ကျော်မှာ ကား၃၃ကားရိုက်ခဲ့ပြီး ကားတိုင်းနီးပါး အနုပညာအရအောင်မြင်ခဲ့တဲ့အပြင် သူ့ခေတ်သူ့အခါမှာတင် နိုင်ငံတကာကို ထိုးဖောက်နိုင်ခဲ့တဲ့ အထင်ကရဂျပန်ဒါရိုက်တာတစ်ယောက်ပါ။ လက်ရှိဟောလိဝုဒ်ရဲ့ဘိုးအေကြီးတွေဖြစ်နေတဲ့ စကောဆေးစိတို့ စပီးဘာ့ဂ်တို့နဲ့လည်း လက်တွဲလုပ်ဖူးတဲ့ လူဆိုလည်းမမှားပါဘူး။ သူတို့ထက်ရှေးကျတဲ့ ရုပ်ရှင်ရဲ့ဆရာကြီးတွေဖြစ်တဲ့ အင်ဂမာဘာ့ဂ်မန်းတို့၊ ဖက်ဒါရီကို ဖယ်လင်နီတို့၊ ပက်ဒင်တန်ပေါ်မလာခင်အထိ တစ်ချိန်ကအကောင်းဆုံးရုပ်ရှင်လို့သတ်မှတ်ဖူးကြတဲ့ Citizen Kane ရဲ့ဖန်တီးရှင် အော်ဆန်ဝဲလ်တို့ကပါ ကူရိုဆာဝါ ရုပ်ရှင်တွေကိုထောပနာပြုခဲ့ကြဖူးပါတယ်။ ယုတ်စွအဆုံး တာကော့စကီးကလည်း ဆဲဗင်းဆာမူရိုင်းကို သူ့အကြိုက်ဆုံးရုပ်ရှင်ဆယ်ကားထဲက တစ်ကားလို့ပြောဖူးပါတယ်။ စတန်လေကူးဘရစ်ကိုယ်တိုင်လည်း “One of the Great Film Directors” လို့ ချီးကျူးဖူးတဲ့ သူပါပဲ။ အများစုကတော့ ဆဲဗင်းဆာမူရိုင်းနဲ့ Ran ပြီးရင် Ikiru ကို ကူရိုဆာဝါရဲ့ အကောင်းဆုံးရုပ်ရှင်လို့ သမုတ်ကြပါတယ်။ Ikiru ဟာ လီယိုတော်စတွိုင်းရဲ့ ဝတ္တုကို ကူရိုဆာဝါက သူ့ဟန်နဲ့ပြန်အသက်သွင်းထားတဲ့ ရုပ်ရှင်ဖြစ်ပြီး Living (2022) အဖြစ်လည်း ပြန်လည်ခံစား ခံထားရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ Living မှာလည်း Ikiru အကြောင်း တော်တော်လည်းပြောပြီးပြီဆိုတော့ ဘာမှတော့ သိပ်ပြောစရာမရှိတော့ပါဘူး။ Living က စာကိုပါ ပြန်ပေါင်းဖတ်လိုက်ရင် Ikiru အကြောင်းက မဆိုသလောက်လေး စုံနေပါပြီ။ အောက်ကဟာကတော့ ရေးချင်တာရေးထားတာမို့ ဖတ်ချင်မှဖတ်ကြပါ။ ပစ္စုပ္ပန်မှာနေတာ အကောင်းဆုံးလို့ တစ်ချို့ကပြောကြတယ်။ မှားတော့လည်း မမှားပါဘူး။ အနေလွန်သွားရင်ကျလည်း ဘေးထွက်ဆိုးကျိုးသဘောမျိုးရှိတတ်လားတော့မသိဘူး။ ဒီလိုအခါတွေကျ ခြင်္သေ့လည်ပြန်ထဲက ဘယ်နေရာမဆို တစ်ဖက်စွန်းကျရင် တစ်ယောက်တော့ နစ်နာရစမြဲဆိုတဲ့ စာသားကိုပဲ ပြေးပြေးမြင်မိတယ်။ ပစ္စုပ္ပန်မှာ ရှင်သန်နေရတာ ကျွန်တော့်အတွက်တော့ လွယ်လှတယ်မဟုတ်ပေမဲ့ မခက်လှဘူး။ ဒီလိုပဲ ရွှင်တစ်လှည့် ပြတ်တစ်လှည့်နဲ့ တစ်နေ့ပြီးတစ်နေ့ကုန်သွားခဲ့တာ ကြာပြီ။ တစ်ယောက်ယောက်အတွက်ပါ ထည့်သွင်းစဉ်းစားမိတဲ့အခါတွေဆိုရင်တော့ Summer Palace ရုပ်ရှင်ထဲက တစ်စက်မှမမှားတဲ့ ဒိုင်ယာလော့တစ်ကြောင်းကို ပြေးပြေးမြင်တာပဲ။ ” တစ်ယောက်တည်းဆိုရင်တော့ ခိုကိုးရာမဲ့ဘဝမှာ နေလို့ရပေမဲ့ နှစ်ယောက်ဆိုရင်တော့ ဒီလိုဘဝမှာ နောင်တတွေပဲရနိုင်မယ် “တဲ့။ ရှေ့ကိုလုံးဝမကြည့်တဲ့ ပစ္စုပ္ပန်ဟာ နေတတ်သူနဲ့ မနေတတ်သူကြားထဲမှာတော့ တော်တော်အန္တရာယ်များတဲ့အရာပဲ။ ကျွန်တော့်အတွက်တော့ ပစ္စုပ္ပန်မှာပဲ နေထိုင်ခြင်းဆိုတာ တော်တော်အကျိုးရှိတဲ့အမြင်လည်းဖြစ်သလို တစ်ခါတလေ တော်တော်အန္တရာယ်များတဲ့ အမြင်လည်းဟုတ်တယ်။ ဒီရုပ်ရှင်ဟာလည်း ပစ္စုပ္ပန်မှာပဲ အနေလွန်သွားတဲ့ လူတစ်ယောက်အကြောင်းပဲလို့ ပြောရမလားပဲ။ ဇာတ်ကောင်ဟာ သူ့ဘဝကို သူပစ္စုပ္ပန်ကိုပဲတည့်တည့်ကြည့်ရင်း အနှစ်၃၀လုံး ဘာမှမပြောင်းလဲပဲ ရှင်ရင်းသာနေလာခဲ့တယ်။ ဒီလိုနဲ့ သူ့အကန့်အသတ်ကို ရောက်လာတယ်။ သူနောက်ထပ်၆လပဲနေရတော့မယ်။ တစ်သက်လုံး သူက ပစ္စုပ္ပန်တည့်တည့်ကလွဲ ဘာကိုမှမကြည့်ဘဲ နေလာခဲ့တော့ မခက်ခဲဘူးပေါ့။ တစ်ခုရှိတာက သူ့ပစ္စုပ္ပန်မှာ နေပုံက လုံးဝအနိမ့်အမြင့် အတက်အကျ ဘာမှမရှိဘဲ တော်တော်ပျင်းဖို့ကောင်းတဲ့ ရုံးဝန်ထမ်းဘဝနဲ့ ရှင်လာတာ။ သေရတော့မယ်ဆိုတော့ အတိတ်ကိုလှည့်ကြည့်တော့လည်း ဒီနှစ်၃၀လုံး သူဘာမှမဖြစ်ခဲ့ဘူး။ ယုတ်စွအဆုံး ညနေခင်းနေဝင်ချိန်လေးတစ်ခုကိုတောင် အရသာခံပြီး မကြည့်ခဲ့ဖူးဘူး။ ရှင်လျက်နဲ့သေနည်းမျိုးနဲ့ ရှင်သန်လာခဲ့တယ်။ ဒီနေရာမှာ တစ်ချိန်လုံးသုံးလာခဲ့တဲ့ ပစ္စုပ္ပန်ဆိုတဲ့စကားလုံးကို ကျွန်တော်ပြောချင်ခဲ့တဲ့ဆိုလိုရင်းက ပစ္စုပ္ပန်ဆိုတာထက် အခြေအနေတစ်ခုမှာနေသားကျနေခြင်းလို့ ပြောရင်ပိုမှန်မလားပဲ။ နည်းနည်းတော့ ဝေဝါးသွားပြီ။ ဒီလိုဝေဝါးနေတာကိုကပဲ ရှင်သန်ခြင်းပိုဆန်နေမလားပဲ။ ထားလိုက်ပါတော့။ ဆက်ရရင်… ဇာတ်ကောင်က တစ်ချိန်လုံး အလုပ်တော့များနေတာပဲ။ အသက်ရှုဖို့အချိန်မရှိလောက်အောင်ကို သူ့မှာ အလုပ်များနေခဲ့တာ။ ဒါပေမဲ့ တကယ်တမ်း ဘာတွေလုပ်နေသလဲဆိုရင်လဲ သူ့မှာ လက်ဆုပ်လက်ကိုင်ပြစရာ ဘာမှမရှိဘူး။ သူ့ရထားတဲ့နေရာလေးကို သူကာကွယ်ရင်း အလုပ်များနေခဲ့တာပဲ။ ဒီအခြေအနေမှာပဲ သူနေသားကျနေခဲ့တယ်။ ဒီလိုနဲ့ ဘာမှမတွေးဘဲ ပစ္စုပ္ပန်မှာ နေလာခဲ့တဲ့သူ့ကို ရှောင်လွှဲမရတဲ့အရာတွေက တံခါးလာခေါက်တယ်။ သေခြင်းပေါ့။ ဒါကတော့ သူ့ကိုတံခါးလာခေါက်တဲ့အရာပေါ့။ ကျွန်တော်ဆိုရင်တော့ သေခြင်းက နည်းနည်းဝေးဦးမယ်လို့ထင်ရတယ်။ မလွယ်ကူတဲ့ ဆုံးရှုံးခြင်းတွေ တံခါးလာခေါက်တာဖြစ်ဖို့က ပိုနီးစပ်တယ်။ လွယ်ကူတဲ့ဆုံးရှုံးခြင်းမျိုးတွေကတော့ ပစ္စုပ္ပန်ကို တံခါးလာခေါက်နိုင်တဲ့ စွမ်းပကားမျိုးရှိမှာမဟုတ်ဘူး။ ဘာကလွယ်ပြီး ဘာကမလွယ်လဲကတော့ လူပေါ်မူတည်ပါလိမ့်မယ်။ ဒီလိုတံခါးလာခေါက်တဲ့အချိန် ဒီလိုအခြေအနေမှာသာနေနေတဲ့လူဆို ဘယ်လိုမှတော့ ဒီအရာကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေစရာအကြောင်းမရှိဘူး။ ဒီတော့ စစချင်း သူဆောက်တည်ရာမရဖြစ်သွားတယ်။ သူမရှင်သန်ခဲ့ရတဲ့ဘဝကို ရှင်သန်ဖို့ကြိုးစားတယ်။ သေခြင်းကို မမြင်နိုင်ခဲ့ဘဲ မရှင်သန်နေတဲ့ ပစ္စုပ္ပန်မှာပဲနေလာခဲ့တဲ့လူဟာ ရှင်သန်နည်းကိုရှာတယ်။ ရှင်သန်တယ်ဆိုတာ ဘာများလဲ။ ဘယ်လိုဆို တကယ်ရှင်သန်နေတာလဲ အဖြေကို သူရှာရင်း နောက်ဆုံးကျ သူအဖြေကိုတွေ့သွားတယ်။ သေခြင်းတရားကို အစိမ်းလိုက်ရင်ဆိုင်ရဲစေမယ့် ရှင်သန်ခြင်းမျိုးကို သူတွေ့ရှိသွားခဲ့တယ်။ ဒါပေမဲ့ သူတွေ့ရှိသွားတဲ့ ရှင်သန်ခြင်းမျိုးကို ဘာမှမဟုတ်ပါဘူးလို့ ခင်ဗျားတွေးချင်လည်း တွေးမိလိမ့်မှာပဲ။ အဲဒီကျ အောက်က စာလေးဖတ်ကြည့်ပေါ့။ ကျွန်တော်တို့ချစ်တဲ့လူတစ်ယောက်အကြောင်းကို သူ့ကိုချစ်တဲ့လူတစ်ယောက်ပြောပြခဲ့တဲ့အရာပေါ့။ ဒီလောက်ပါပဲ။ “တချို့ကတော့ ခင်မောင်ရင့်ဘဝဟာ ဘာမှမဟုတ်ဘဲ ပြီးသွားတယ် ပြောကြတယ်။ ဝမ်းနည်း စကားပေါ့။ ကျနော်က အဲဒီလို ဘယ်တုန်းကမှ မထင်ဘူး။ ခင်မောင်ရင်ဟာ သူ့ဘဝရဲ့အကြောင်း အကုန် နားလည်တယ်။” စာကြွင်း။ နေ့တွေဟာ အကန့်အသတ်ရှိတာကြောင့်ပဲ… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.5GB, 980MB Quality – 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 2H 23Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Fantasy • Horror • Drama • Thriller
8.3 1952
Ikiru
[18+] Foursome
6.5

Foursome (2023) ဒီနိုနဲ့ ဂျီနာတို့ဟာ ငယ်သူငယ်ချင်းတွေဘ၀ကနေ ညားသွားကြတဲ့ လင်မယားနှစ်ယောက်ပါ။ ငွေကြေးဥစ္စာပြည့်စုံသလို အချင်းချင်းလည်းချစ်ကြင်နာကြတဲ့ သူတို့နှစ်ယောက်ဘ၀မှာ အကြီးမားဆုံးပြဿနာကတော့ ဒီနိုရဲ့ ယောက်ျားဘာ၀အားနည်းမှုကြောင့်ပါပဲ။ ညားကာစခြောက်လလောက်အထိ အဆင်ပြေနေပေမဲ့ နောက်ပိုင်းဇာတ်ရှိန်တက်မှ ညှိုးကျသွားတဲ့ ဒီနိုရဲ့ပန်းကလေးကြောင့် ဂျီနာတစ်ယောက် ဟာစလာဖြစ်ပြီး ကျန်ခဲ့ရတာအခါခါဆိုတော့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ကီကီနဲ့မိန်းမချင်း နှစ်ပါးသွားကြပါတော့တယ်။ ဒီနိုဘက်ကလည်း သူ့ရဲ့ပြဿနာကိုအဖြေရှာဖို့ ဒီအပိုင်းမှာကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာခရစ်စ်နဲ့တိုင်ပင်ရင်း သူကပါ ဒေါက်တာခရစ်စ်နဲ့အမျိုးသားချင်း သဒ္ဒါလွန်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ ဒေါက်တာခရစ်စ်နဲ့ ဂျိမ်းပြီးတဲ့နောက်မှာ သူ့ရဲ့ညှိုးငယ်တဲ့ပြဿနာ ပျောက်ချင်းမလှပျောက်သွားပြီး သူဟာတွန်းနှိုးတစ်ယောက်ဖြစ်တယ်ဆိုတာ သိလိုက်ရချိန်မှာတော့… ဇာတ်လမ်းတွေ ဘယ်လိုရှုပ်ကြမလဲ၊ ပြဿနာတွေဘယ်လိုတက်ပြီး အဖြေကိုဘယ်လိုရှာတွေ့ကြမလဲဆိုတာ လေးထပ်ကိတ်ဇာတ်ကားကြီးမှာ ဆက်လက်ရှုစားကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 1.1GB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 48Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

6.5 2023 108 mins
[18+] Foursome
Terminator 3: Rise of the Machines
6.3

တတိယမြောက်ဇာတ်ကားဖြစ်ပေမဲ့ ကန်မရွန်း လက်ရှောင်သွားတဲ့ ဇာတ်ကားပေါ့။ ဒါပေမဲ့ အရှိန်နဲ့တော့ ဆက်လိမ့်သွားတာပါပဲ။ Terminator 2 ကို အပြီးသတ်အနေနဲ့ ရိုက်ကူးခဲ့တယ်ဆိုပေမဲ့ 3 ရောက်အောင် ဆွဲရိုက်လိုက်တယ်။ သူ့ရှေ့ကကားတွေလောက်တော့ ဟိုးဟိုးကြော် မဖြစ်ခဲ့ပါဘူး။ ဒီဇာတ်ကားက နာမည်အတိုင်းပဲ စက်တွေက အနိုင်ယူသွားတာမျိုးပါ။ အဆင့်မြင့်နည်းပညာတွေကို အိုက်ဒီယာကောင်းကောင်း၊ ရုပ်ထွက်လှလှနဲ့ ရိုက်ကူးထားနိုင်ပါတယ်။ ခေတ်မီလာတော့ ခေတ်ဆန်သွားတာပေါ့လေ။ ဂျွန် ကော်နာ တို့တသိုက် တရားစီရင်ရာနေ့ကို တားမြစ်နိုင်ပြီလို့ ထင်နေဆဲမှာပဲ တီအက်ခ်စ် စက်ရုပ်တစ်ရုပ် အတိတ်ကို ပြန်ရောက်ရှိလာတယ်။ ဒီတစ်ခါတော့ အမျိုးသမီးအသွင်နဲ့ စက်ရုပ်ပေါ့လေ။ သူက တည်နေရာ ရှာမရတဲ့ ဂျွန် ကော်နာ ကို သတ်ဖို့အဓိကလာတာမဟုတ်ပါဘူး။ သူ့ရဲ့ အားထားရတဲ့ လက်ထောက် ဗိုလ်လေးတွေကို လာသတ်တာပါ။ လူသားတွေဘက်ကလည်း မော်ဒယ် ၈၅၀ စက်ရုပ်တစ်ရုပ်ကိုဖမ်း၊ အစီအစဉ်ပြန်လည်ရေးသွင်းပြီး ဂျွန် ကော်နာ နဲ့ သူ့ရဲ့ ဇနီးသည်ကို ကာကွယ်ဖို့ လွှတ်လိုက်တယ်။ ဒီတော့ ဒီဇာတ်ကားမှာ တီအက်ခ်စ် စက်ရုပ်အသစ်ရဲ့ လက်နက်ဆန်းတွေ၊ ဂျွန် ကော်နာ နဲ့ သူ့ဇနီးသည်ဖြစ်လာမယ့် ကောင်မလေးတို့ရဲ့ အူကြောင်ကြောင်အဖြစ်တွေ၊ မော်ဒယ် ၈၅၀ ကြီးရဲ့ ထီမထင်ဟန်တွေ ဝေဝေဆာဆာ ပါဝင်ပါတယ်။ နောက်ဆုံး ရှောင်လွှဲလို့မရတဲ့ တရားစီရင်ရာနေ့ ရောက်လာတဲ့အထိ ဂျွန် ကော်နာ နဲ့ ကတ်သရင်း ဘရူစတာ တို့ စက်ရုပ်တစ်ရုပ်နဲ့ ကြိုးပမ်းရုန်းကန်ကြပုံတွေကို ခံစားလိုက်ကြပါဦး။ File size…(2.2GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:49:00 Genre…Action, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arr Khun Winchester

Drama • Comedy
6.3 2003
Terminator 3: Rise of the Machines
Battle Over Britain

ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၀ ဂျူလိုင်ကနေအောက်တိုဘာအတွင်းမှာဖြစ်ခဲ့တဲ့ ဗြိတိသျှတော်ဝင်လေတပ်တော် (RAF- British Royal Airforce) နဲ့ နာဇီဂျာမနီတို့ရဲ့အင်အားကြီး လေတပ်ကြီး Luftwaffe တို့ကြားက လေကြောင်း တိုက်ပွဲတွေကိုအခြေပြုထားတဲ့စစ်ကားကောင်း တစ်ကောင်းပဲ ဖြစ်ပါတယ်.. အဲဒီခေတ်အခါက နာဇီတို့အင်အားကြီးတယ်ဆိုတာ ကျွန်တော်တို့လို ဒုတိယကမ္ဘာစစ်ပြီးမှမွေးလာတဲ့သူတွေ တင်မဟုတ်ပါဘူး အဲဒီတုန်းကရင်ဆိုင်ခဲ့ကြရတဲ့ မဟာမိတ် များကလည်း ဒီနာဇီတွေဟာ သူတို့ထက် လက်နက်အင်အား အဆမတန်သာလွန်တယ် ဥရောပတိုက်တစ်ခုလုံးကို အမှုန့်ချေနိုင်တဲ့အထိ စစ်အင်အားကြီးမားတာကို သိကြပါတယ်.. လေတပ်မှာလည်းဒီလိုပါပဲ လေးဆတစ်ဆလောက်အင်အား နည်းပါးလှတဲ့ ဗြိတိသျှတော်ဝင်လေတပ်တွေဟာ ဂျာမန်တွေကို အပြင်းအထန်ခုခံခဲ့ရပါတယ် ဒီနေရာမှာ ဇာတ်လမ်းမကြည့်ခင်သမိုင်းအကျဉ်းပြောပြရရင် ဒီနာဇီတွေရဲ့စစ်ဆင်ရေးဟာ သူတို့ရဲ့ဗြိတိသျှကျွန်းဆွယ်ကို ကျူးကျော်မဲ့ operation Sealion မစခင် အရေးပါတဲ့ ဆိပ်ကမ်းတွေ စစ်ရေးပစ်မှတ်တွေ ကိုတိုက်ခိုက်ဖို့ဖြစ်ပါတယ် နောက်ပိုင်းမှာ နိုင်ငံရေးအဆောက်အအုံတွေ အရပ်သား ဧရိယာတွေကိုပါပစ်မှတ်ထားခံလာရပြီး ဗြိတိသျှတော်ဝင် လေတပ်ကိုလည်း လေကြောင်းမှာအသာစီးရဖို့ ကြိုးစားနေတဲ့ အချိန်ဖြစ်ပါတယ် ဒီအတွက်ဗြိတိသျှတွေဖက်ကနေ Spitfire and Hurricane တို့လိုလေယာဉ်တွေနဲ့အပြင်းအထန် ခုခံခဲ့ပါတယ် (ဒီဇာတ်ကားထဲမှာတော့ Spitfire တွေပဲပါ) ကျန်တဲ့သမိုင်းကိုတော့ spoilဖြစ်မှာစိုးလို့မပြောတော့ပါဘူး ထိုစဉ်အချိန်အခါက ပြင်းထန်တဲ့လေကြောင်းတိုက်ပွဲတွေ လေသူရဲကောင်းတွေရဲ့ ရင်ဆိုင်ရတဲ့အဖြစ်အပျက်တွေကို ဒီဇာတ်ကားမှာ တဝကြီးကြည့်ရှူခံစားရမှာပါ…. File size…991MB / 464MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 20m Genre ….. War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing

0 2023
Battle Over Britain
Jahaan Chaar Yaar

Jahaan Chaar Yaar (2022) “ယောက်ျားတို့အဝေး” Genre – Comedy, Drama တစ်အိမ်လုံးမှာ ယောက္ခမဖြစ်သူကလည်း ခိုင်းစား၊ ယောက်မဖြစ်သူကလည်း ခိုင်းစား၊ ကလေးတွေကလည်း ခိုင်းစား၊ ယောက်ျားဖြစ်သူကလည်း အိမ်ဖော်ငှားရင် ငွေကုန်တယ်ဆိုပြီး မိန်းမဖြစ်သူကို ခိုင်းစားလို့ နေ့စဉ် ပင်ပန်းပြီး စိတ်ညစ်နေရတဲ့ ရှီဗန်ဂီ။ မိန်းမတွေ မကောင်းကြောင်း ပွစိပွစိပြောတတ်တဲ့ ယောက်ျားဖြစ်သူက လက်ပါတဲ့အတွက် အမြဲတမ်း ယောက်ျားဖက်က အမျိုးတွေနဲ့ ထထသတ်နေရပြီး အိမ်ထောင်ရေးကို စိတ်ကုန်နေတဲ့ ဆာကီနာ။ ယောက်ျားဖြစ်သူက ညညဆို မိုးချုပ်မှ ပြန်လာပြီး အရင်လို ဆက်ဆံရေးမရှိပဲ ဖောက်ပြန်နေတဲ့အပြင် ယောက္ခမကပါ ကြုံရင်နှိပ်ကွပ်ချင်နေလို့ စိတ်ပျက်နေတဲ့ နီဟာ။ စတဲ့ သူငယ်ချင်း ၃ ယောက်ဟာ တစ်ရက်ကျ သူတို့တွေရဲ့ သူငယ်ချင်းဖြစ်တဲ့ မန်စီဟာ လောကကြီးမှာ အသက်ကြာကြာမရှင်ရတော့လို့ သေခါနီးအချိန်လေးမှာ ဒီ သူငယ်ချင်း ၃ ယောက်နဲ့ တွေ့ချင်ပါတယ်ဆိုပြီး ပလာတာတွေရိုက်ပြီး Ladies only ဘော်ဒါတသိုက် ခရီးတွေထွက် ကဲကြ စွန့်စားခန်းထွက်ကြတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် ဟာသဒရမ်မာကားလေး ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Drama
0 2022 126 mins
Jahaan Chaar Yaar
Seire
5.8

Seire (2021) ***************** IMDb….. 5.8 “ရှေးထုံးလည်း မပယ်နဲ့၊ ‌ ဈေးသုံးလည်း မလွယ်နဲ့” ဆိုသလိုပေါ့ ကိုရီးယားမှာ ရှေးလူကြီးပြောကြတဲ့ အယူရှိပါတယ်။ ကလေးမွေးဖွားပြီး ၂၁ ရက် မပြည့်ခင် အချိန်မှာ အိမ်ထဲကိုလည်း အပြင်လူ ဝင်ခိုင်းလို့မရသလို တခြားလောကသားတွေ အိမ်ထဲကို မဝင်နိုင်အောင်လည်း ကြိုးနဲ့ စည်းတားထားရမယ်တဲ့။ အဲဒါမှသာ မွေးကင်းစကလေးက လူ့လောကထဲကို ဘေးကင်းကင်းနဲ့ ဝင်ရောက်လာနိုင်မှာ ဖြစ်တယ်။ ကလေးမွေးဖွားပြီး ၂၁ ရက်တာ အတွင်းမှာ နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေက ကလေးကို အနှောင့်အယှက်ပေးတာတွေ ကျိန်စာတိုက်တာတွေ လုပ်နိုင်တဲ့အတွက် အထူး ဂရုစိုက်ရပါတယ်။ အခုမှ သားဦးလေးကို မွေးခဲ့တဲ့ ဟယ်မီနဲ့ သူ့အမေက အဲဒီအယူအဆတွေကို ယုံယုံကြည်ကြည်နဲ့ ကလေး ဘေးကင်းဖို့ အကုန် လိုက်လုပ်ပေမဲ့ ဟယ်မီရဲ့ ခင်ပွန်းသည်ဖြစ်သူ ဝူဂျင်းက လက်မခံချင်ပေ။ တစ်နေ့မှာ ဝူဂျင်းဆီကို သူ့ရဲ့ ရည်းစားဟောင်းဖြစ်သူ သေဆုံးကြောင်း အကြောင်းကြားစာတစ်စောင် ရောက်လာခဲ့တယ်။ အဲဒီအခါမှာ ရည်းစားဟောင်းဖြစ်သူရဲ့ ဈာပနာပွဲကို သွားဖို့ ပြင်ခဲ့ရာ ဇနီးသည်က ကလေး ၂၁ ရက်မပြည့်သေးလို့ မသွားပါနဲ့လို့ တားသော်လည်း လက်မခံဘဲ ဇွတ်သွားခဲ့တယ်။ ဈာပနာပွဲကို သွားရာကနေ မကောင်းတဲ့ အရာတစ်ခုခုက ဝူဂျင်းနောက်ကနေ ကပ်ပါလာခဲ့ရာ ဝူဂျင်းတို့ မိသားစု ကံဆိုးမိုးမှောင်ကျပေတော့တယ်။ အဲဒီအခါမှသာ ဝူဂျင်းက သူ ဘာမှားသွားလဲဆိုတာကို တဖြည်းဖြည်း ‌သဘောပေါက်လာတော့တယ်။ ဒီကားလေးက‌တော့ တစ်ခါတလေကျရင်လည်း ရိုးရာ ထုံးတမ်းဓလေ့ အယူအဆကို သွေဖည်ပြီး အမှတ်တမဲ့ လုပ်မိလိုက်ရာကနေ လွဲချော်မှု ကံဆိုးမှုတွေ ဖြစ်တတ်တဲ့အကြောင်း ရိုက်ကူးပြသထားတဲ့ ကားလေးဖြစ်တာမို့ ဒီလို ဇာတ်လမ်းအမျိုးအစားကို စိတ်ဝင်စားကြရင် ကြည့်သင့်ပါကြောင်း… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Miri ပဲ ဖြစ်ပါတယ်။) File Size : 1.18GB/430MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:42:04 Genre : Horror, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Miri Encoded by Tiff

5.8 2021 102 mins
Seire
Little Big Man
7.5

ဂျက်ခ်ခရက်ဘ်ဟာ အသက်အရွယ်အားဖြင့် ၁၂၁ နှစ်ရှိပြီဖြစ်ပြီး လူဖြူ-အင်ဒီးယန်းစစ်ပွဲ လစ်တဲဘစ်ဟွန်းမှာ တစ်ဦးတည်းသောအသက်ရှင်ကျန်ခဲ့တဲ့ လူဖြူအမျိုးသား။ ၁၂၁ နှစ်ထိ ရှင်သန်ဖြတ်သန်းလာခဲ့ရတဲ့ သူ့ဘ၀အကြောင်းကို သူ့အသက် ၁၀ နှစ်သားကနေ စတင်ပြောပြထားပါတယ်။ သူ ၁၀ နှစ်သားအရွယ်မှာ သူတို့တစ်မိသားစုလုံးကို အင်ဒီးယန်းတစ်အုပ်စုကသတ်သွားခဲ့လို့ သူနဲ့ သူ့အစ်မပဲ ကျန်ခဲ့တယ်။ သူတို့ကို နောက်ထပ်အင်ဒီးယန်းတစ်အုပ်စုကခေါ်ယူသွားခဲ့တယ်။ သူ့အစ်မကကြောက်လို့ ထွက‌်ပြေးလွှတ်မြောက်သွားခဲ့ပေမဲ့ ဘာမှန်းမသိဘဲကျန်ခဲ့တဲ့ ဂျက်ခ်ကို အင်ဒီးယန်းတွေက မွေးစားလိုက်တယ်။ သူဟာ သူ့အသက်အရွယ်နဲ့စာရင်သေးငယ်နေပြီး အင်ဒီးယန်းတွေကြားထဲ သေးကွေးနေခဲ့ပဲမဲ့ သူ့ရဲ့ရဲစွမ်းသတ္တိကြောင့် ” Little Big Man” ဆိုတဲ့နာမည်ကိုရသွားခဲ့တယ်။ နောက်ပိုင်းမှာတော့ သူဟာ လူဖြူတွေကြားထဲပြန်ရောက်သွားခဲ့ပြီး သူ့ဘ၀ကိုပြန်စရပါတော့။ ဂျက်ခ်ခရက်ဘ်ရဲ့ဘ၀တစ်သက်တာ ဖြတ်သန်းရပုံက တကယ့်ကိုစိတ်၀င်စားစရာပဲမို့လို့ ပရိသတ်ကြီးတို့ လက်လွှတ်မခံဘဲ ခံစားကြည့်ရှုသင့်ကြောင်း‌ပါ…..။ File size…(2.6 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:19:00 Genre… Adventure, Drama, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Comedy • Romance
7.5 1970 139 mins
Little Big Man