YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

A.Real.Pain.2024.1080p.AMZN.WEB-DL.HEVC (CM).mkv

2.19 GB 1080p video/x-matroska 671 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Whale
8

ဖြစ်စေချင်ဝာာကတော့ ဘာမှဆက်ဖတ်မနေပါနဲ့။ ဒီတိုင်းသာ ကောက်ကြည့်လိုက်ပါ။ ပေါင်၆၀၀လူဝကြီးတစ်ယောက်က အသည်းကို ဖင်ခုထိုင်ပြီး တစ်စစီခွဲပစ်မယ့် ရုပ်ရှင်ပါပဲ။ "ဝေလငါး ( သို့ ) ဝမ်းနည်းခြင်းအက်ဆေး" ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်လို့ စကားဦးပျိုးလိုက်ရင် မှန်ပါ့မလား။ ဟင့်အင်း... မမှန်တာ သေချာတယ်။ ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်ထင်ရပေမဲ့ တကယ်တမ်းကျ လူဝကြီးက ကမ္ဘာကြီးကို ထမ်းထားခဲ့တယ်။ လူဝကြီးအကြောင်းပြောပြရရင် လူဝကြီးက အလေးချိန် ပေါင်၆၀၀ရှိတယ်။ ဇနီးဟောင်းတစ်ယောက်၊ သမီးတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ရှိတယ်။ လူဝကြီးမှာ ကောင်လေးတစ်ယောက်ရှိခဲ့ပေမဲ့ အခုတော့ မရှိတော့ဘူး။ လူဝကြီးစကားအရတော့ အဲဒါကြောင့်ပဲ သူ့ကိုယ်အလေးချိန် တက်လာခဲ့တယ်တဲ့။ လူဝကြီးရဲ့ အ၀လွန်နေတဲ့ကိုယ်ပေါ်မှာ ဖက်ခွက်နာ၊ ပြည်တည်နာ၊ အဆီကျိတ်၊ အသားဆွေး အရေပြားရောဂါမျိုးစုံ ကျက်စားနေကြတယ်။ လူဝကြီးအကြောင်းဆက်မပြောခင် ကျွန်တော် လူဝကြီး အကြိုက်ဆုံး အက်ဆေးတစ်ပုဒ်ကို အရင်ပြချင်တယ်။ " မိုဗီဒစ်ဆိုတဲ့စာအုပ်မှာ စာရေးဆရာက ပင်လယ်ပြင်က သူ့အတွေ့အကြုံတွေကို ပြန်ပြောင်းပြောပြထားတယ်။ ဒီစာအုပ်ဟာ စာရေးဆရာနဲ့ သူ့သူငယ်ချင်းတို့ရဲ့ ကပ္ပတိန်အာဟတ်လို့ခေါ်တဲ့ ခြေထောက်တစ်ဖက်မရှိတဲ့ ပင်လယ်ဓားပြနဲ့အတူ ဝေလငါးဖမ်းထွက်တဲ့အကြောင်းပေါ့။ အာဟတ်ရဲ့ ဘဝပန်းတိုင်က ဝေလငါးကြီးကို သတ်ဖို့ပဲ။ ဒီအဖြစ်က ဝမ်းတော့ဝမ်းနည်းစရာပဲ။ အာဟတ်က သူ့ကို ဘယ်လောက်တောင် သတ်ချင်နေလဲ အဟိတ်တိရိစ္ဆာန် ဝေလငါးကြီးမှ မသိရှာပဲလေ။ သနားစရာသတ္တဝါကြီးပါပဲ။ တကယ်တမ်းဆို အာဟတ်လည်း သနားစရာကောင်းပြန်တာပါပဲ။ ဝေလငါးကြီးကို သတ်လိုက်နိုင်ရင် သူ့ဘဝကြီး အဓိပ္ပာယ်ရှိသွားမယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေခဲ့တာကိုး။ တကယ်တမ်းကျ ဘာတစ်ခုမှ ထူးခြားသွားမှာမဟုတ်ဘူး။ အင်မတန်ဝမ်းနည်းဖို့ကောင်းတဲ့စာအုပ်ပေါ့။ ဇာတ်ကောင်တွေဟာလည်း အင်မတန် သနားစရာကောင်းတယ်။ ဝမ်းနည်းစရာအကောင်းဆုံးဇာတ်ဝင်ခန်းကတော့ ဝေလငါးကြီး ဘယ်လိုဘယ်ပုံပါလို့ ပုံဖော်ထားတာကလွဲ ဘာမှမပါတဲ့ ပျင်းစရာဇာတ်ဝင်ခန်းတွေပေါ့။ စာရေးဆရာဟာ စာဖတ်သူ ရှေ့မှာကြုံလာရမယ့် သူပြောပြမယ့် ဝမ်းနည်းစရာဇာတ်လမ်းကနေ ခဏလောက်ဖြစ်ဖြစ် ဆိုင်းငံ့ပေးဖို့ ကြိုးစားနေတာကို သိနှင့်နေခဲ့တာကိုး " လူဝကြီးဟာ ဒီအက်ဆေးကို သိပ်ကြိုက်တယ်။ သေတော့မလိုလိုဖြစ်တဲ့ အချိန်တိုင်းမှာ လူဝကြီးနောက်ဆုံးတောင်းဆိုတာက ဒီအက်ဆေးကို ဖတ်ပြပေးဖို့ပဲ။ ဒီအက်ဆေးကို ခင်ဗျားသေချာဖတ်ကြည့်ပြီးပြီဆို လူဝကြီး ဒီအက်ဆေးကို ဘာလို့ကြိုက်လဲ ခင်ဗျားနားလည်လောက်ပြီ။ လူဝကြီးပြောခဲ့တဲ့ စကားတွေထဲ တော်တော်လှတဲ့ စကားတစ်ခွန်းရှိတယ်။ " လူတွေဟာ လူတွေကို ဂရုမစိုက်ဘဲ မနေနိင်ပါဘူး "တဲ့။ လူဝကြီးသိပ်ကြိုက်တဲ့ အက်ဆေးမှာ ရေးသူဟာ မိုဗီဒစ်အကြောင်းပြောပြတယ်။ ဒါပေမဲ့ သူ့ပြောပြပုံက စာရေးဆရာအပါအဝင် မိုဗီဒစ်ထဲက ဇာတ်ကောင်တိုင်းကို နားလည်ပေး ဂရုစိုက်ပေးနေတဲ့ ပြောပြပုံမျိုး။ ဒီအက်ဆေးကို ဘယ်သူရေးလဲဆိုတဲ့ အချက်ကို ဖယ်ထားလိုက်ရင်တောင် ဒီအက်ဆေးဟာ သိပ်ချစ်စရာကောင်းနေတယ်။ ဒီလိုနဲ့ပဲ ပေါင်၅၈၀လုံး ချစ်ခြင်းတွေနဲ့ ပြည့်နေတဲ့ လူဝကြီးဟာ ဒီအက်ဆေးကို သိပ်ချစ်ခဲ့တယ်။ လူဝကြီးဟာ အင်္ဂလိပ်စာဆရာဖြစ်တယ်။ လူဝကြီးဟာ အင်္ဂလိပ်စာကိုချစ်တယ်။ ဘာသာစကားတစ်ခုကိုချစ်ရင် အရေးအသားကိုလည်းချစ်ရမှာပေါ့။ ဒီတော့ လူဝကြီးဟာ အက်ဆေးတွေကို ချစ်တယ်။ လူဝကြီးဟာ စကားလုံးတွေကို ချစ်တယ်။ လူဝကြီးဟာ အက်ဆေးနဲ့ အသက်မွေးတယ်။ အက်ဆေးနဲ့ ပတ်သက်ပြီး လူဝကြီးရဲ့ ခံယူချက်ကရှင်းတယ်။ " ဒီအဆိုင်းမန့်လည်း အရေးမကြီးဘူး။ ဒီသင်ခန်းစာလည်း အရေးမကြီးဘူး။ အရေးကြီးတာက မင်းတို့ရေးတဲ့ စာတွေရိုးရိုးသားသားနဲ့လှနေဖို့ပဲ " တဲ့။ တော်တော်သဘောကျဖို့ကောင်းတဲ့ စကားပဲ။ ဘယ်စာမျိုးမှာမဆို စကားလုံးထက် ရိုးသားမှုက ပိုအရေးကြီးတယ်မလား။ ဒါပေမဲ့ ရိုးသားဖို့က အခက်ဆုံးပဲ။ လူဝကြီးကိုယ်တိုင်တောင် အမြဲမရိုးသားနိုင်ခဲ့ဘူး။ လူဝကြီးရဲ့ သမီးလေးကတော့ သိပ်ရိုးသားတယ်လို့ပြောရမလား သိပ်ရက်စက်တယ်လို့ပြောရမလား။ လူဝကြီးရဲ့ သမီးလေးဟာ လူဝကြီးပုံကိုရိုက်ပြီး " ငရဲမှာ သူ့ကိုမီးရှိ့တဲ့အချိန်ကျရင် ဝက်ဆီတွေထွက်လာလိမ့်မယ် "လို့ တင်လိုက်တယ်။ ဒီပို့စ်ကို လူဝကြီးက " ငါ့သမီးက စာအရေးအသားကောင်းချက် "လို့ တုံ့ပြန်တယ်။ လူဝကြီးဟာ သူမသေခင်မှန်တာတစ်ခုခုတော့ လုပ်သွားချင်ခဲ့တယ်။ သူ့သမီးကို " လူတွေက သူ့ကို ဂရုစိုက်ပြီး သူက လူတွေကို ဂရုစိုက်မယ့် "အရပ်မှာ နေစေချင်ခဲ့ခြင်းနဲ့ပေါ့။ ဒီလိုနဲ့ လူဝကြီးဟာ ကမ္ဘာကြီးကို ထမ်းထားခဲ့တယ်။ ရှောင်လွှဲလို့မရနိုင်တဲ့အရာတွေထဲ မလိုချင်တဲ့ဇာတ်ဝင်ခန်းတွေ, ရက်စက်တဲ့ဇာတ်သိမ်းတွေ ပါကောင်းပါနေပါလိမ့်မယ်။ လူဝကြီးသိပ်ကြိုက်တဲ့ အက်ဆေးထဲကလို ပြန်ပြောင်းပြောပြသူဟာ လာမယ့်ရက်စက်ခြင်းတွေကနေ ကယ်တင်ပေးချင်လည်းပဲ တစ်ကွေ့ကွေ့မှာတော့ တည့်တည့်ကို လာမှန်တာပါပဲ။ The Whale ဟာ သိပ်ရက်စက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပေးပြီး သိပ်လှတဲ့ ဇာတ်ဝင်ခန်းတွေ ပေါင်းထည့်ပေးသွားတယ်။ ဒါပေမဲ့လည်း ဒီရုပ်ရှင်ဟာ ပေါင်၆၀၀ လူဝကြီးတစ်ယောက်က အသည်းကို ဖင်ခုထိုင်ပြီး တစ်စစီခွဲပစ်မယ့် ရုပ်ရှင်ပါပဲ။ မှတ်မိသလောက်ဆို ဒီကားလောက် မျက်ရည်ကျအောင်လုပ်နိုင်တဲ့ ရုပ်ရှင် မရှိခဲ့ဖူးပါဘူး။ ဒီမျက်ရည်ဟာ ဝမ်းသာခြင်းလား ဝမ်းနည်းခြင်းလားတော့ အခုထက်ထိလည်း မသည်းကွဲသေးပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 930MB Quality - 1080p, 720p IMDb Rating - 7.9/10 Format - mp4 Duration - 1H 57Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Family
8 2022 116 mins
The Whale
Love Hunter
4.6

အသက်နှစ်ဆယ်ဝန်းကျင် ကောလိပ်ကျောင်းသားလေးတစ်ဦးဖြစ်တဲ့ ကာဇူအိုဟာ ကျောင်းနေဖက်သူငယ်ချင်း ဟီဆာကိုနဲ့ချစ်ကျွမ်းဝင်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့ဘဝထဲကို ထူးခြားဆန်းကြယ်ပြီးအသိရခက်တဲ့ ကျိုကိုဆိုတဲ့သက်လတ်ပိုင်းမိန်းမလှတစ်ယောက် ဝင်ရောက်လာပါတော့တယ်။ ကျိုကိုဟာ ချမ်းသာကြွယ်ဝပြီး အဆင့်အတန်းမြင့်တဲ့အသိုင်းအဝိုင်းကလာတဲ့သူဖြစ်တယ်။ ဒါပေမဲ့ အထက်တန်းလွှာရေပေါ်ဆီတွေထုံးစံ အရာရာပြည့်စုံနေတော့ သာယာမှုကိုနည်းမျိုးစုံနဲ့ရှာဖွေရာကနေ ကျော်မကောင်းကြားမကောင်း ဇာတ်လမ်းမျိုးတွေကို ပိုင်ဆိုင်ထားသူလဲဖြစ်ပါတယ်။ ကာဇူအိုရော ဟီဆာကိုပါ သူတို့ကိုယ်တိုင်မသိလိုက်ခင် ဒီအသိုင်းအဝိုင်းထဲက စည်းဘောင်မဲ့လွတ်လပ်တဲ့၊ နာကျင်မှုတွေနဲ့သာယာမှုတွေနဲ့ရောပြွမ်းနေတဲ့လောကထဲ ဝင်ရောက်မိပါတော့တယ်။ ဒီဇာတ်ကားကတော့ ပါဝင်တဲ့ Incest ဆန်ဆန်လိင်မှုရေးရာခန်းတွေကြောင့် ညစ်ညမ်းမှုနဲ့ တရားစွဲခံရတဲ့အထိဖြစ်ခဲ့ပြီး နှစ်နှစ်နီးပါးတရားရင်ဆိုင်ခဲ့ရသလို အဲဒီတရားစွဲမှုကပဲ ဇာတ်ကားကိုပိုနာမည်ကြီးစေခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 630MB Quality - 1080p, 720p IMDb Rating - 5.3/10 Format - mp4 Duration - 1H 12Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Adventure • Fantasy • Horror • Thriller
4.6 1972 73 mins
Love Hunter
Raise the Red Lantern
8

~ IMDb - 8.1/10, Rotten Tomatoes - 97% ~ Raise the Red Lantern ဟာ ကျန်းရိမူရိုက်ခဲ့ဖူးတဲ့ မာစတာပိစ်ကားပေါင်းများစွာထဲက တစ်ကားပါပဲ။ ကျန်းရိမူဟာ To Live, Hero, House of Flying Daggers, The Flowers of War, Under the Hawthorn Tree နဲ့ Shadow အပါအဝင် တခြားမာစတာပိစ်ကားများစွာကို ရိုက်ခဲ့တဲ့သူဖြစ်ပြီး ပါဖက်ရှင်နစ်တော်တော်ဆန်တဲ့ စီနီမာတိုဂရပ်ဖီနဲ့ ‌အရောင်တွေလှိုင်လှိုင်သုံးပြီး အစောပိုင်းကားတစ်ချို့မှာ ရှေးတရုတ်ပြည် လူနေမှုဘဝကို ထင်ဟပ်တဲ့ ဇာတ်အိမ်တွေ သုံးပြီး ရိုက်‌လေ့ရှိတဲ့သူပါ။ ပြည်မရုပ်ရှင်ရဲ့ ငါးဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်ပြီး ဒီမျိုးဆက်မှာ ပြည်မရုပ်ရှင်တွေကို ပြည်ပအထိပေါက်မြောက်အောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်လည်း ဟုတ်ပါတယ်။ Raise the Red Lantern ကတော့ ၁၉၂၀ဝန်းကျင်က တရုတ်သခင်ကြီးတွေရဲ့ မောင်းမထားတတ်တဲ့ ဓလေ့နဲ့ မောင်းမတွေရဲ့ဘဝကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဂေါင်လီရဲ့ဇာတ်ကောင် စွန်းလိန်ဆိုတဲ့ ၁၉နှစ်အရွယ် တက္ကသိုလ်ကျောင်းသူလေး လူကုံထံ သခင်ကြီးတစ်ပါးအိမ်မှာ မောင်းမဖြစ်လာတဲ့ ဘဝကို ရိုက်ပြထားပါတယ်။ အစအဆုံးကို အဲဒီအိမ်တော်လို့ခေါ်တဲ့နေရာအိုကြီးထဲ မောင်းမလေးယောက် ဂလယ်ရိုက်နေတာတွေကိုပဲ ပြသွားသလိုလိုဖြစ်နေတော့ ပြောရရင် ဒီဇာတ်က ကိုရီးယားမိသားစုဒရာမာကားလို ဇာတ်အိမ်မျိုးပါပဲ။ မတူတာက ဘာလဲဆို ဒီဇာတ်က ဂေါင်လီဇာတ်ကောင်ရဲ့ ၁၉နှစ်ကနေ ၂၀အရွယ်အကျော်ထိ တစ်နှစ်ကာလကို ရိုက်ပြထားတယ်။ အဲဒီတစ်နှစ်ကလည်း လူတစ်ယောက်ရဲ့ တစ်ဘဝလုံးဖြစ်သွားနိုင်တဲ့ အကြောင်းလို့ ပြောလည်းမမှားဘူး။ ရှေးရိုးစွဲကြီးတဲ့အိမ်တော်ကြီးမှာ သခင်ကြီးအသုံးတော်ခံရမယ့် မောင်းမရဲ့ အိမ်တော်ခွဲမှာ မီးပုံးနီတွေ ချိတ်ဆွဲပေးကြတယ်။ လိင်မဆက်ဆံခင် စွမ်းဆောင်နိုင်အောင် မောင်းမကို အနှိပ်သည်က ခြေထောက်နှိပ်ပေးတယ်။ နောက်နေ့ကျလည်း ဟင်းလျာစာရင်းကို မီးပုံးနီ ချိတ်ဆွဲခံရတဲ့အိမ်တော်က မောင်းမက စိတ်ကြိုက်စီမံခွင့်ရတယ်။ ကျန်တဲ့မောင်းမတွေကတော့ ဒီအခွင့်အရေးတွေ တစ်ခုမှမရဘူးပေါ့။ ဒီတော့ မောင်းမအချင်းချင်း အားပြိုင်တာတို့ ကောက်ကျစ်တာတို့ ချောက်ချတာတို့ နည်းလမ်းပေါင်းစုံသုံးပြီး သခင်ကြီးနဲ့ အိပ်ရဖို့ တစ်ယောက်ကိုတစ်ယောက် အလဲထိုးဖို့ အသာရဖို့ ကျောဖို့ ကြိုးစားကြတယ်။ ၁၉နှစ်အရွယ် ကောင်မလေးဟာ ရန်သူလို့ထင်တဲ့သူက မိတ်ဆွေဖြစ်နေ၊ မိတ်ဆွေလို့ထင်တဲ့သူက ရန်သူဖြစ်နေ၊ သူတို့လှည့်ကွက်တွေ ကိုယ့်လှည့်ကွက်တွေကြား တစ်နှစ်တည်းနဲ့ တစ်ဘဝလုံးစာအိုမင်းသွားခဲ့တဲ့ အကြောင်းဆိုလည်း မမှားပါဘူး။ ထူးတာက ဘာလို့လဲမသိ ဒီဇာတ်လမ်းမှာ တခြားဇာတ်ကောင်တွေအားလုံးကိုထင်ထင်ရှားရှား ပြသွားပေမဲ့ သခင်ကြီးဆိုတဲ့ ဇာတ်ကောင်ကိုတော့ သေချာမြင်ရတဲ့အနေအထားကို မပြသွားပါဘူး။ မီးပုံးနီဟာ စည်းမျဉ်းတွေနဲ့ အဲဒီစည်းမျဉ်းတွေရဲ့ ထိန်းချုပ်ကန့်သတ်မှုအောက်ကနေ လူတွေ လွယ်လွယ်နဲ့ မလွတ်မြောက်နိုင်အောင် တားမြစ်ထားတဲ့အာဏာကို နိမိတ်ပုံပြုတယ်လို့ ဆိုပါတယ်။ ကျန်းရိမူဟာ ကားတစ်လျှောက်လုံး သေသပ်လှပနေတဲ့ စီနီမာတိုဂရပ်ဖီတွေနဲ့ တရုတ်ရှေးလူနေမှုစနစ်ကို ပုံဖော်ထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာ ထုံးစံအတိုင်း တရုတ်ပြည်မမှာ အဘန်းခံခဲ့ရပြီး အနောက်နိုင်ငံတွေက ဝေဖန်ရေးဆရာတွေတော့ အကြိုက်တွေ့ခဲ့ကြပြီး အော်စကာ ဆန်ကာတင်စာရင်းထဲတောင် ပါခဲ့ပါတယ်။ ဘာမှတော့ ဆန်းဆန်းပြားပြားမပါပေမဲ့ ဒီမဆန်းမပြားတွေကိုပဲ အလှဆုံးဖြစ်အောင် ရိုက်ပြသွားနိုင်တာလည်း ကျန်းရိမူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 990MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 2H 5Min Genre - Drama, History, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy
8 1991 125 mins
Raise the Red Lantern
Sakura
6.3

Sakura (2020) မင်းသမီးလေး Nana Komatsu ပါဝင်ထားပြီး iMDB rating 6.3/10 ရရှိထားတဲ့ မိသားစုဒရာမာ ရုပ်ရှင်ဖြစ်ပါတယ်။ အိုဆာကာမှာနေထိုင်ကြတဲ့မိသားစုလေးတစ်ခုမှာ သားသမီး၃ယောက်ရှိပါတယ်။ ဆာကူရာဆိုတာကတော့ သူတို့ငယ်ငယ်တည်းကမွေးထားတဲ့ခွေးလေးရဲ့နာမည်ပါ။ အကြီးဆုံးသား ဟာဂျိမဲ၊သားလတ် ခအိုရုနဲ့ အငယ်ဆုံးကတော့ သမီးလေး မိခိပါပဲ။ အငယ်ဆုံးကျမှ သမီးလေးမွေးတာမို့ မိဘတွေရော အစ်ကိုတွေကပါချစ်ပြီးအလိုလိုက်ကြပါတယ္။ ဒါကြော်င့မိခိက တစ်ကိုယ်ကောင်းဆန်ပြီး တဇွတ်ထိုး သူဖြစ်ချင်တာပဲသိပါတယ်။ အစ်ကိုကြီး ဟာဂျိမဲက အားကစားထူးချွန်ပြီး ဂုဏ်ယူရတဲ့သားတစ်ယောက်ပါ။ သားလတ် ခအိုရုကတော့ သူ့လောက်မတော်ဘဲ အစ်ကိုကြီးနဲ့အမြဲနှိုင်းယှဉ်ခံရပေမဲ့ မနာလိုစိတ် အလျဉ်းမရှိခဲ့သူပါ။ အစ်ကိုကြီးရည်းစားထားတော့လည်း မိခိက သဘောမကျဘဲ ကလန်ကဆန်တွေလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ပွင့်လင်းနွေးထွေးတဲ့ အားကျစရာမိသားစုလေးလိုပါပဲ။ ဒီလိုနဲ့ အားလုံးက အားကိုးချစ်ခင်ရတဲ့ သားကြီး ဟာဂျိမဲကို taxiတစ်စီးကဝင်တိုက်ပြီး အောက်ပိုင်းချိ မျက်နှာထိခိုက်သွားတဲ့အခါမှာတော့ မိသားစုအခြေလေး ပျက်ခဲ့ရပါတော့တယ်။ ဒီလိုမထင်မှတ်ထားတာတွေနဲ့ မိသားစုလေးက ဘယ်လိုရုန်းကန်ဖြတ်သန်းခဲ့ကြပြီး ပြန်လည်ကုစားခဲ့ကြလဲဆိုတဲ့အကြောင်းတွေကို ကြည့်ရှုရမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2.1GB) / (830MB) Quality__WEB-DL_1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:59:00 Type__Drama, Family Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Crime • Drama • Thriller
6.3 2020
Sakura
Bergman Island
6.7

Bergman Island (2021) ================= IMDb Rating – 6.7/10 Romantic Drama ကိုမှ ငြိမ့်ငြိမ့်လေးစီးမျောခံစားချင်သူတွေအတွက် IMDb rating 6.7/10 ရထားတဲ့ ဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။ အမေရိကန်ရုပ်ရှင်ဒါရိုက်တာစုံတွဲဖြစ်တဲ့ ခရစ်နဲ့တိုနီဟာ နွေရာသီမှာ သူတို့ အလုပ်အတွက် စိတ်ကူးစိတ်သန်းတွေရှာဖွေဖို့ ဆွီဒင်နိုင်ငံက ဖော်ရိုကျွန်းကို ရောက်ရှိလာပါတယ်။ အဲဒီကျွန်းဟာ သူတို့အရမ်းကြိုက်တဲ့၊ ခေတ်အဆက် ဆက်နာမည်ကြီးဆုံး ဆွီဒင်ရုပ်ရှင်ဒါရိုက်တာကြီးတစ်ဦးအဖြစ် သတ်မှတ်ခံရသူ Ingmar Bergman နေထိုင်ခဲ့ရာနေရာဖြစ်ပြီး သူနဲ့ပတ်သက်တဲ့အမှတ်တရများစွာ ရှိတဲ့ကျွန်းတစ်ကျွန်းပါ။ စိတ်ဓာတ်တွေကျဆင်း‌ပြီး ဇာတ်လမ်းတစ်ပုဒ်ဖန်တီးဖို့‌တောင် တွန့်ဆုတ်‌နေခဲ့တဲ့ ခရစ်တစ်ယောက် ကျွန်းအနှံ့သွားလာရင်း၊ ဘာဂမန်ရဲ့အနုပညာဈာန်၀င်စားမှုတွေကို လိုက်လံရှာဖွေရင်း ဇာတ်လမ်းတစ်ပုဒ်ရလာပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းဟာ စိတ်ကူးနဲ့ လက်တွေ့ရောထွေးနေခဲ့ပါတယ်။ အချစ်နဲ့သစ္စာတရားကြား လွန်ဆွဲမှုတွေ၊ အချစ်လား ခဏတာတပ်မက်မှုလား မဝေခွဲ နိုင်ခြင်းတွေက ဇာတ်ကောင်တွေနဲ့အတူ ကြည့်ရှုသူတွေကိုပါ တစ်သားတည်းစီးမျော ခံစားရစေမှာပါ။ အဲဒါကြောင့် ခပ်ငြိမ့်ငြိမ့်လေးနဲ့ အတွေးစတွေပွားရင်း ကြည့်ရမယ့် drama ရုပ်ရှင်မျိုးမျှော်နေတဲ့ ပရိသတ်တွေအတွက် ဒီကားလေးကို တင်ဆက်ပေးလိုက် ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(2.0 GB) / (836 MB) / (450 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 52mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….C’mon Encoder……….SWM

Crime • Drama
6.7 2021 113 mins
Bergman Island
Nothing to see (Nada Que Ver) –

Maxico ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ “ဘာမှမမြင်ရဘူး” ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ပိုလာ ဆိုတဲ့ သူဌေးသမီး မိန်းမချောလေးရဲ့ ရုတ်တရက်မျက်စိကွယ်သွားတာကနေစတာပေါ့နော် သူနာပြုအလုပ်နဲ့အသက်မွေးဝမ်းကြောင်းနေတဲ့ ကားလို့စ် ဟာ လောင်းကစားမက်တဲ့သူတစ်ယောက်ပေါ့ မတူညီတဲ့ ဘဝနှစ်ခုနဲ့ရှင်သန်နေကြတဲ့ သူတို့နှစ်ဦးရဲ့ တွေ့ဆုံမှုကနေ လောကကြီးကိုစိတ်ကုန်၊ ကြေကွဲအထီးကျန်ပြီး လူတွေကို ကန့်လန့်တိုက်နေတဲ့ ကောင်မလေးကို အပြန်အလှန်လေးစားမှု၊ ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်ဖို့၊ လောကကြီးမှာ ပျော်ပျော်နေတတ်ဖို့ ပြုစုသင်ကြားပေးရင်နဲ့ မေတ္တာနှောင်ကြိုးလေးတွေ တွယ်ငြိသွားရတဲ့ ဇာတ်အိမ်ကလေးကို ဇာတ်လမ်းလေးထဲမှာပဲ ကြည်နူး ခံစားကြည့်လိုက်ကြပါဦးနော်……… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.1 GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

0 2023
Nothing to see (Nada Que Ver) –
Unique Memory: Farewell to Love
5.7

အပျင်းထူပြီး တုံးအအနိုင်ပေမဲ့ ချစ်စရာကောင်းပြီး ကြင်နာတတ်တဲ့ပိုင်လင် အပြင်မှာဂိုက်ဆရာမလုပ်ပြီး ကိုယ့်ကျောင်းစရိတ်ကိုကိုယ့်ဘာသာရှာနေတဲ့စုန့်ချီးချီး အိမ်ကအဆင်မပြေတဲ့ကြားက အလုပ်သင်စာမေးပွဲဖြေပြီး ဆရာမဖြစ်ဖို့ကြိုးစားနေတဲ့လိလိ ဒီဇာတ်လမ်းလေးကတော့ ကျောင်းသူလေးတွေကြားထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချစ်ရေးပြဿနာလေးတွေ မိသားစုအရေးလေးတွေကို လှလှပပရိုက်ကူးထားတဲ့ ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ် ။ ချစ်သူက ကျောင်းဆရာတစ်‌ယောက်ဖြစ်ချင်ခဲ့တာမလို့ ကိုယ်တိုင်ပါ ဆရာမဖြစ်လာဖို့ အလုပ်သင်ဆရာမဝင်လုပ်ခဲ့တဲ့စုန့်ချီးချီးက ချစ်သူဆီက အထားခဲ့ခံလိုက်ရတဲ့အခါ သူ့ရဲ့အချစ်ရေးကဆက်ပြီးဘယ်လိုဖြစ်လာမလဲ ချစ်စရာကောင်းတဲ့ ပိုင်လင်မှာလည်း လိုလေ‌သည်မရှိအောင် အရိပ်တကြည့်ကြည့်ဖြည့်စည်းပေးနေပေမဲ့ ဖွင့်မပြောတဲ့ သူငယ်ချင်းလိုရော အစ်ကိုလိုပါ ခင်ရတဲ့သူငယ်ချင်း လီကျားဟန်ကို လိလိနဲ့မိတ်ဆက်ပေးလိုက်တဲ့အချိန်မှာတော့… လိလိတစ်ယောက် သူတို့နှစ်ယောက်ကြားဝင်လာပြီး ပိုင်လင်ရဲ့အချစ်ရေး ဘယ်လိုဖြစ်လာလိမ့်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ Healing romantic movie လေးပဲဖြစ်လို့ ‌ဇာတ်ကားလေးထဲမှာကြည့်ရှုကြဖို့‌မမေ့ပါနဲ့နော်

Mystery • Thriller • Crime
5.7 2019 90 mins
Unique Memory: Farewell to Love
Florence Foster Jenkins
6.8

ဒီဇာတ်လမ်းမှာတော့ Florence Foster Jenkins ဆိုတဲ့ အမျိုးသမီးကြီးရဲ့ ဘဝဇာတ်ကြောင်းကို တင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ ဂီတကို ရိုးသားစွာချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ ကိုယ်ပိုင် ဗာဒီကလပ် ကို တည်ထောင်ပြီး နယူးယောက်မြို့အတွက် ဂီတကို ပေးဆပ်သူအဖြစ် ခံယူထားခဲ့ပါတယ်။ ဖလောရန့်စ်ဟာ ပထမအိမ်ထောင်က ကူးစက်လာတဲ့ ဆစ်ဖလစ်ရောဂါကို နှစ် (၅၀) ကြာ ခံစားလာခဲ့ရသူဖြစ်ပြီး သူ့ရဲ့ လက်ရှိအိမ်ထောင်လည်းဖြစ်၊ မန်နေဂျာလည်းဖြစ်တဲ့ မစ္စတာစိန့်ကလဲရ်ဘေးဖီးဒ်နဲ့ နှစ်များစွာ လက်တွဲလာခဲ့ပါတယ်။ ဂီတပွဲတစ်ခုအတွင်းက လီလီပွန်းစ်ရဲ့တင်ဆက်မှုကို မစ္စတာဘေးဖီးဒ်နဲ့အတူ ကြည့်ရှုခဲ့ပြီးနောက်မှာတော့ သူ့ရဲ့ သီချင်းဆိုလေ့ကျင့်ခန်းတွေကို ဆက်လက်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စန္ဒရားဆရာဖြစ်သူကော့စမီးမက်မွန်း ကိုလည်း ငှ ားရမ်းပြီးတော့ ပင်တိုင်စန္ဒရားဆရာအဖြစ်အသုံးပြုခဲ့ပါတယ်။ စိန့်ကလဲရ်အနေနဲ့ ပွဲငယ်လေးတစ်ခုစီစဉ်ပြီး ပရိသတ်တွေကို လက်ရွေးစင်ရွေးချယ်ကာ သူ့မိန်းမ ဖလောရန့်စ်ကို သီချင်းဆိုကောင်းသူအဖြစ် ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ဂီတကိုရိုးသားစွာခုံမင်သူ ဖလောရန့်စ်အတွက်ကတော့ သူ့ရဲ့ကမ္ဘာလေးက သူစိတ်တိုင်းကျ ဖြစ်လာခဲ့ပြီလို့ ထင်ယောင်နေခဲ့ပါတယ်။ အမှန်တကယ်မှာတော့ သူ့ယောကျ်ားကိုယ်တိုင်ရဲ့ စေတနာနဲ့လှည့်စားမှုအောက်မှာ ပရိသတ်ကိုလိမ်ညာသူ ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။ စိန့်ကလဲရ်ဖန်တီးပေးထားတဲ့ အကဲဖြတ်ချက်ကောင်းတွေကို ယုံကြည်မိသူ မဒမ်ဖလောရန့်စ်အနေနဲ့ ကော့စမီး မက်မွန်းနဲ့အတူ ကိုယ်ပိုင်သီချင်းတွေကိုပါ ဖန်တီးသီဆိုလာခဲ့ပြန်ပါတယ်။ သီချင်းတစ်ပုဒ်ပါရေဒီယိုမှာ လွှင့်ခွင့်ရခဲ့တဲ့အချိန် ပရိသတ်တွေက ဟာသနဲ့ အပျော်သဘောတောင်းဆိုမှုတွေ များလာခဲ့ပါတယ်။ မဒမ် ဖလောရန့်စ်အတွက် ကာနေဂီဟောလ်မှာ ဖျော်ဖြေဖို့အထိ အားအင်တွေ ရလာခဲ့ပြီး စိန့်ကလဲရ်အနေနဲ့ ကော့စမီးမက်မွန်းကိုပါ လေဒီဖလောရန့်စ်ကို ကူညီဖျော်ဖြေပေးဖို့ တိုက်တွန်းခဲ့ရပါတယ်။ လူ ၃၀၀၀ ခန့်ဆန့်တဲ့ နာမည်ရခန်းမတစ်ခုဖြစ်တဲ့ ကာနေဂီဟောလ်မှာ ဖျော်ဖြေရမယ့်အခွင့်အရေးကို လိုချင်ပေမယ့် လှောင်ပြောင်နှာခေါင်းရှုံ့မယ့်သူတွေနဲ့ အဖြစ်ဆိုးကြီးကို ကြိုမြင်နေသူ ကော့စမီးမက်မွန်း အနေနဲ့ စိတ်မသက်သာစွာပဲ သဘောတူခဲ့ပါတယ်။ လေဒီဖလောရန့်စ်ကိုယ်တိုင်ကလည်း တိုင်းပြည်အတွက် အနစ်နာခံပေးခဲ့သူ စစ်သားတွေကို ဒီဖျော်ဖြေပွဲကို တက်ရောက်နိုင်ဖို့ လက်မှတ် ၁၀၀၀လှူဒါန်းခဲ့ပါတယ်။ ဂီတပွဲကလည်း မထင်မှတ်ထားဘဲ နာမည်ကြီးတွေပါ တက်ရောက်အားပေးခဲ့ပြီး သောက်စားလာတဲ့အရှိန်ကြောင့် ရော နာမည်ကြီးမင်းသမီးတွေကိုပါ တွေ့ရလို့ အပျော်လွန်နေတဲ့ စစ်သားတွေဟာ မဒမ်ဖလောရန့်စ်ရဲ့ ဖျော်ဖြေမှုကို ဟားတိုက်လှောင်ပြောင်စော်ကား လာခဲ့ပါတော့တယ်။ မဒမ်ဖလောရန့်စ်ရဲ့ ဂီတအပေါ်ရှုးသွပ်မှုကို လောင်စာပေးခဲ့သူ စိန့်ကလဲရ်ကပဲ ဒီအဖြစ်ဆိုးရဲ့တရားခံလား။ ရိုးသားမှုမရှိဘဲ ငွေမျက်နှာကြောင့် မဒမ်ဖလောရန့်စ်အပေါ် အကဲဖြတ်ကောင်းတွေ ပေးခဲ့သူတွေ၊ ချီးကျူးခဲ့သူ အပေါင်းအသင်းတွေကပဲ တရားခံလား။ ဘယ်လိုပဲဖြစ်ဖြစ် ဂီတအပေါ် ရိုးသားစွာခုံမင်မိသူ မဒမ်ဖလောရန့်စ်အနေနဲ့ နှလုံးသည်းပွတ်ကြွေမတတ် သီဆိုဖျော်ဖြေနေခဲ့တာတွေက အများအမြင်မှာ ရယ်စရာဟာသတစ်ခုလို ဖြစ်နေခဲ့တဲ့အဖြစ်မှန်တွေကိုသိပြီး သူထင်မှတ်ထားတဲ့ ကမ္ဘာကြီးက ပြောင်းပြန်ဖြစ်နေခဲ့တယ်ဆိုတာကိုနှစ်များစွာကြာမှ သိခဲ့ရပါတော့တယ်။ အစစ်အမှန်ပဲဖြစ်ဖြစ် အတုအယောင်ပဲဖြစ်ဖြစ် မဒမ်ဖလောရန့်စ်အတွက်တော့ သူမရဲ့ဂီတဘဝမှာ လူတွေက သူ့ကို သီချင်းမဆိုနိုင်ဘူးလို့ ပြောလို့ရချင်ရမယ်၊ သီချင်းမဆိုခဲ့ဘူးလို့တော့ ပြောလို့မရပါဘူး။ File size… 1.6 GB / 620 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 51m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

6.8 2016
Florence Foster Jenkins
Shake, Rattle & Roll Extreme
4.5

Imdb rating- 4.5/10 Genre- Horror ဖိလစ်ပိုင် Horror ကားလေးပါ ဒီကားမှာ ၃ပိုင်း ပါ၀င်ပါတယ် Glitch: ဒါကပထမပိုင်းပါ. ဒီအပိုင်းမှာ လိုင်ကာဆိုတဲ့ ကောင်မလေးဟာ တပ်ဘလတ်နဲ့ Gary the goat လို့ခေါ်တဲ့ကလေးပြပွဲတစ်ခုကြည့်နေရာ မတော်တဆဂါထာတစ်ခုရွတ်ဖတ်မိလိုက်ပြီး မကောင်းးဆိုး၀ါးကိုဖိတ်ခေါ်မိသလိုဖြစ်သွားပါတယ်. ဒီမကောင်းဆိုး၀ါးကြီးက လိုင်ကာတို့မိသားစုကိုသတ်ဖြတ်ဖို့ကြိုးစားရာ ဘယ်လိုပြန်တိုက်ခိုက်ပြီး ရှင်သန်ကြမလဲဆိုတာကြည့်ရှုရမှာပါ Mukbang: ဒုတိယပိုင်းကတော့ Influencer ၂ယောက်ဖြစ်တဲ့ ရောဘင်နဲ့ရေး ဟာ အခြား influencer တွေကို Collab လုပ်ဖို့ သူတို့အိမ်ကို ဖိတ်ခေါ်လိုက်ပါတယ်. ဒါပေမယ့် ဒီအိမ်ကြီးက ရိုးရိုးအိမ်မဟုတ်ပဲ မကောင်းဆိုး၀ါးတွေနဲ့ပြည့်နှက်နေတဲ့ အိမ်ကြီးဖြစ်တာကြောင့် ဒီ influencer တွေဟာ ဒီအိမ်ကြီးကနေ ဘယ်လိုထွက်ပြေးလွတ်မြောက်အောင်လုပ်ကြမလဲဆိုတာ ကြည့်ရှုရမှာပါ Rage: ထရီနာ နဲ့ မို့ဇ် တို စုံတွဲဟာ သူငယ်ချင်းတွေနဲ့ခရီသွားနေတုန်း ဥက္ကာပျံကြွေတဲ့ဖြစ်စဥ်တစ်ခုနဲ့ကြုံတွေ့ကြရပါတယ်. ဒီကြွေကျလာတဲ့ ဥက္ကာပျံတွေက ကပ်ပါးကောင်တစ်မျိုး ထွက်ပေါ်လာပြီ လူတွေကိုဇွန်ဘီအဖြစ်ပြောင်းလဲစေခဲ့ရာမှာ သူတို့သူငယ်ချင်းတစ်သိုက် ဘယ်လိုကြိုးစာရှင်သန်ရမလဲဆိုတာ ကြည့်ရှုရမှာပါ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ပါ ) File size_(2.8GB)/(1.4GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:20:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Son Gohan

Drama
4.5 2023 147 mins
Shake, Rattle & Roll Extreme
You Are My Diamond aka Tu Mano Deimantas

Tu Mano Deimantas/ You are my Diamond (2023) Genre – Thriller 2023 ခုနှစ်ထွက် လစ်ယူနီးယန်း သည်းထိပ်ရင်ဖိုကားလေးပါ ပွင့်လင်းမြင်သာသော အိပ်ရာခန်းများ ပါဝင်သဖြင့် ၁၈ ယောက် စုကြည့်ကြဖို့ အကြံပေးတိုက်တွန်းအပ်ပါတယ်။ Jacob ဆိုတဲ့လူက စိန်ကုန်သည်တစ်ယောက် လုပ်ငန်းအောင်မြင်ပြီး မိန်းမမရှုပ် ဘာမရှုပ်နဲ့ ဘော်ဒါတွေက မြှောက်ပေးတာတောင် တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် လုပ်ချင်သူ ကိုရိုးသားကြီးပေါ့။ ဒီအချိန်မှာ တွေ့ထားတာ မကြာသေးတဲ့ ချစ်သူလေး Catherine ဆိုတာ ရှိပါတယ်၊ သူနဲ့ပဲ ဘဝကို ရိုးမြေကျ ဖြတ်သန်းတော့မယ်ပေါ့။ တစ်ရက်ကျ Jacob ဆီကို ပြဿနာရှိတဲ့ စိန်ထုပ်လေး လာရောင်းပါတယ် ထူးဆန်းတယ်ထင်ပေမဲ့လည်း ဝယ်ယူလိုက်ပြီး ပိတ်ရက်မှာ ချစ်သူလေးနဲ့ သူခေါ်ဆောင်ရာကို လိုက်ပါသွားတဲ့အချိန် နောက်ကနေ ထူးဆန်းတဲ့လူ ၂ ယောက်က နောက်ယောင်ခံလာပြီး ဘယ်လိုတွေ ကြမ္မာဆိုးငင်တော့မလဲဆိုတာ ဆက်လက်ရှုစားရမှာပါ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

0 2023
You Are My Diamond aka Tu Mano Deimantas
The Piano Lesson
6.2

August Wilson ရဲ့ The Piano Lesson ပြဇာတ်ကို ပြန်ပြီး မှီငြမ်းရိုက်ကူးထားတဲ့ Netflix ရဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ မိသားစု အမွေအနှစ်နဲ့ ပတ်သတ်ပြီး ဘယ်တွေလုပ်သင့်တယ်။ ဘယ်လိုတွေ အသုံးချသင့်တယ်ဆိုတာကို ပြသထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဘွိုင်းဝီလီဆိုတဲ့ အမျိုးသားဟာ တစ်နေ့မှာ သူ့ရဲ့ ဦးလေးနဲ့ ညီမရှိရာ အိမ်ကို ခဏတာ အလည်ပြန်လာခဲ့တယ်။ ဒီလိုလာရခြင်းကလည်း သူ့ဆီမှာ အကြောင်းပြချက်တစ်ခု ရှိနေပါတယ်။ ဘွိုင်းဝီလီ သူ့အဘိုးအဘွားတွေ လက်ထပ် ကျွန်ခေတ်က တစ်မိသားစုလုံး အလုပ်အကျွေးပြုခဲ့ရတဲ့ ဆက်တာဆိုတဲ့ လူရဲ့ မြေကို ဝယ်ချင်တယ်။ မြေရဲ့ တစ်စိတ်တစ်ပိုင်းကိုလည်း သူဝယ်ထားပြီးပြီ။ ဒါပေမဲ့ အကုန်ဝယ်နိုင်ဖို့ရာမှာ သူ့အတွက် ငွေလိုနေတယ်။ ဒါကြောင့်မလို့ သူဟာ မိဘအမွေဖြစ်တဲ့ စန္ဒရားကြီးကို ရောင်းပြီး ရလာတဲ့ငွေနဲ့ ‌မြေဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြဿနာက သူ့ရဲ့ ညီမဖြစ်သူဟာ ဒီစန္ဒရားကို လုံးဝ ရောင်းခွင့်မပေးပါဘူး။ ဒီစန္ဒရားဟာ နယ်နယ်ရရ မဟုတ်ဘဲ မိသားစုသမိုင်ကြောင်း ရှိတဲ့အတွက်ကြောင့်ပါ။ ဒီလိုနဲ့ အစ်ကိုဖြစ်သူက ရောင်းမယ်။ ညီမဖြစ်သူက မရောင်းဘူး ငြင်းခုံကြရင်း စန္ဒရားကြီးရဲ့ အနာဂတ်က ဘာတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ File size… 1.9 GB / 794 MB Quality… Web-DL 1080p / 720p Format… mp4 Audio… AAC Duration…. 2h 5m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by… Act Molemy & Thiha Yan Naing

6.2 2024 127 mins
The Piano Lesson
Brutal Heat Brutální vedro
4.4

Brutal Heat (2023) IMDb Rating (4.4) လူသားတွေဟာ အခက်အခဲဒုက္ခတွေနဲ့တွေ့ကြုံလာရရင် သိမ်မွေ့နူးညံ့တယ်ဆိုတဲ့ အပြုအမူတွေမရှိတော့ဘဲ အဆင်ပြေပြေရှင်သန်နိုင်ဖို့အတွက် သင့်၏ မသင့်၏ မစဉ်းစားနေတော့ဘဲ ဦးနှောက်ကနေ ပေါ်လာတဲ့အတိုင်း ထင်ရာစိုင်းလုပ်တတ်လေ့ရှိပါတယ်။ ဒါကို ဒီ “Burning Heat” ဆိုတဲ့ ကားထဲမှာ တွေ့ရမှာပါဒီရုပ်ရှင်ကားထဲမှာဆိုရင်တော့ နေအပိုင်းအစတစ်ခုဟာ ကမ္ဘာဂြိုလ်နားနီးကပ်လာပြီးတော့ လှည့်ပတ်နေတာကြောင့် ကမ္ဘာကြီးဟာ ပုံမှန်ထက်အများကြီးပူလောင်လျက်ရှိပါတယ်။ ဒါကြောင့် ကမ္ဘာမြေပေါ်မှာနေထိုင်ကြတဲ့လူတွေဟာလည်း ဒီပူလောင်တဲ့ဒုက္ခကနေ ခဏတာဖြစ်ဖြစ်ကင်းဝေးဖို့ဆိုပြီး စိတ်ထဲထင်တာတွေအကုန် ဘာမှမစဉ်းစားဘဲ လုပ်လာကြပါတယ်။ အဲဒီထဲကမှ ဗင်းဆန့်ဆိုတဲ့လူငယ်လေးဟာ ရာသီပူလောင်လို့ စိတ်ညစ်ရသလို ဖခင်ဖြစ်သူနဲ့လည်း အဆင်မပြေတာကြောင့် တစ်နေ့မှာ သူ့သူငယ်ချင်း တွေ ပါတီစုဖွဲ့လုပ်နေတဲ့ အဝေးက သစ်သားအိမ်လေးဆီကို စိတ်ထွက်ပေါက်အဖြစ်နဲ့ ခရီးစထွက်လာခဲ့ပါတယ်။ ဒီခရီးလမ်းတလျှောက်မှာပဲ လူအမျိုးမျိုးကိုတွေ့ကြုံလာရပြီး ဘယ်လိုအခက်အခဲတွေ ကြုံတွေ့လာရမလဲဆိုတာနဲ့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးကိုပဲ ဆက်လက်ကြည့်ရှုအဖြေရှာကြည့်လိုက်ပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Fiona Spalko ဖြစ်ပါတယ်။) File size…(1.6 GB) / (670 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:13:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Fiona Spalko

4.4 2023 73 mins
Brutal Heat Brutální vedro
Thandel
6.8

Thandel (2025) စွန့်စားစိန်ခေါ်မှုပြည့်နှက်နေတဲ့ ချစ်ခရီးလမ်း IMDb 6.9/10 အက်ရှင်အကြမ်းအရမ်းကိုမှ ရိုမန့်စ်လေးနဲ့တွဲဖက်ခံစား ကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဆတ်တယာဆိုတဲ့ မိန်းမချောလေးက သူ့ဖခင်ကို သူနဲ့သင့်တော်တဲ့ သတို့သားလောင်းရှာဖို့ ပြောဆိုလာပါတယ်။ တစ်အိမ်လုံးလည်း မယုံနိုင်စွာအံ့ဩရပေမဲ့ သူ့ဆန္ဒကိုဖြည့်ဆည်းပေးကြပါတယ်။ လှလွန်းတဲ့ဆတ်တယာကို သတို့သားလောင်းက မြင်မြင်ချင်းသဘောကျသွားလို့ မင်္ဂလာပွဲအတွက် တစ်ခါတည်းစီစဉ်ကြလေရဲ့။ အဲဒီအချိန်မှာပဲ ဆတ်တယာက သူ့သတို့သားလောင်းကို ပြောစရာရှိတယ်ဆိုပြီး သူ မထင်မှတ်ထားတဲ့အကြောင်းအရာကို ပြောပြလာခဲ့ပါတယ်။ ဆတ်တယာမှာ ရာဂျူးဆိုတဲ့ချစ်သူကောင်လေး ရှိနေတာပါ။ သူတို့ရွာမှာ တစ်နေ့ပြီးတစ်နေ့တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် ရွာကယောက်ျားလေးတွေက ငါးဖမ်းဖို့ ပင်လယ်၊ သမုဒ္ဒရာတွေဆီ စွန့်စွန့်စားစားသွားရပါတယ်။ စာချုပ်နဲ့သွားရတာဖြစ်ပြီး တစ်ခါသွားရင် ကိုးလကြာမြင့်ပါတယ်တဲ့။ တစ်နှစ်မှာသုံးလပဲ အတူရှိရပေမဲ့ သူတို့နှစ်ယောက်က ရာဂျူးဖုန်းခေါ်လို့ရတာနဲ့ ဖုန်းပြောကြနဲ့ အဆက်အသွယ်မပြတ်ရှိနေကြပါတယ်။ တစ်နေ့သူတို့ရွာနား သတ္တုတူးဖို့ရောက်လာတဲ့ မသမာသူလူတစ်စုကို ရာဂျူးကဖြေရှင်းပေးရာကနေ သူဟာ သူ့ဖခင်လို ငါးဖမ်းသမားတွေရဲ့ခေါင်းဆောင်ဖြစ်လာပါတော့တယ်။ ပင်လယ်ဓားပြတွေရန်ကြုံရ၊ မုန်တိုင်းလေထန်ဒဏ်ကြုံရ၊ သူများနယ်ရောက်သွားမိရင် အဖမ်းခံရနဲ့ အန္တရာယ်ပတ်လည်ဝန်းရံနေလို့ ရာဂျူးကို ဆတ်တယာက ဒီအလုပ်ကို စွန့်လွှတ်စေချင်နေပါပြီ။ ရာဂျူးက နားမထောင်ဘဲ ဒီတစ်ခါသူငါးဖမ်းသွားပြီး ပြန်လာရင် လက်ထပ်ကြပါမယ်၊ စောင့်နေပါလို့ပြောပြီး ထွက်သွားပြန်ပါတယ်။ ကတိပေးခဲ့တဲ့အတိုင်းပြန်မရောက်လာတာ အချိန်တွေကြာလာတဲ့အခါမှာတော့…… ဆတ်တယာကဘာလို့ အိမ်ထောင်ပြုဖို့ သူ့မိဘကိုအလောတကြီးပြောရတာလဲ၊ ရာဂျူးနဲ့ဘာလို့ အဆက်အသွယ်ပြတ်သွားတာလဲ၊ သူ ဘာတွေတွေ့ကြုံနေရလဲ၊ တကယ်ပဲဆတ်တယာကို ထားသွားတာ ဖြစ်နိုင်ပါ့မလား၊ သူတို့နှစ်ယောက်ရဲ့ရှေ့ခရီးလမ်းကဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ STAR~ToMo~KKKZ~Zwe Yan တို့ပဲဖြစ်ပါတယ်။

Comedy • Drama
6.8 2025 152 mins
Thandel
Late Night Bookstore 4
5.6

CM က ချစ်ပရိသတ်တို့ရေ…လူလူချင်းဆက်ဆံရတာ ပင်ပန်းလာပြီမလား… လူသားတွေကြားထဲမှာ အချစ်စစ် အချစ်မှန်ကို ရှာတွေ့ဖို့ ခက်နေတယ်မဟုတ်လား…. ဒီလိုခက်ခဲမှုတွေကို ဖြေဖျောက်ချင်တဲ့ အတွေးနဲ့ Lover ဆိုတဲ့ System ကို ဖန်တီးမိတ်ဆက်ခဲ့ရင်… လက်တွေ့ဘဝနဲ့ ဒစ်ဂျစ်တယ်ဘဝကြားမှာ ပြဿနာလေးတွေ ဖြစ်လာပြီး ရှုပ်ထွေးမှုတွေအကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ ကားလေးပေါ့… ဒီ Loverဆိုတဲ့ စနစ်က ဘယ်လိုလူတွေသုံးရမယ်ဆိုရင် ညဉ့်နက်စာအုပ်ဆိုင်က စာအုပ်လေးက ပိုင်ရှင်ကို သူ့ဘာသာ ရွေးချယ်တာပါ… ဒီကားလေးထဲမှာ ဒီစာအုပ်လေးရွေးချယ်ခဲ့ရာကနေ ဖြစ်လာခဲ့တဲ့ အချစ်ဇာတ်လမ်းလေး ၃ ခုကို မိတ်ဆက်ပေးခဲ့တာပေါ့… ပထမတစ်ခုကတော့ တရှန့်ဆိုတဲ့ ဂိမ်းပဲဆော့ပြီး အွန်လိုင်းကသိတဲ့ ရည်းစားပစ်သွားတာခံရတဲ့ အိမ်တွင်းပုန်းလေးနဲ့ စက်ပြင်ပေးတဲ့ စက်ပြင်ဆရာမလေး ဇာတ်လမ်းလေး ဒုတိယတစ်ခုကတော့ အများကပျော်ဖို့ ပျော်တော်ဆက်လူရွှင်တော်လေးနဲ့ မျက်မမြင် အကမယ်လေးကြားက ဇာတ်လမ်းလေး… တတိယတစ်ခုကတော့ ရှိတုန်းမှာ တန်ဖိုးထားဖို့မေ့ခဲ့ပြီး မရှိတော့မှ နောင်တတွေနဲ့ ပြည့်နေတဲ့ကောင်လေးနဲ့ ဆုံးသွားတဲ့ ချစ်သူထားခဲ့တဲ့ ကိုယ်ပွား စက်ရုပ်လေး ဇာတ်လမ်းလေး ကဲ ဇာတ်လမ်းလေးက စိတ်ဝင်စားစရာကောင်းလို့ ကြည့်ကြည့်လိုက်ကြနော်

5.6 2025
Late Night Bookstore 4