YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

A.Novel.Noel.2024.720p.WEBRip (CM).mp4

856.97 MB N/A video/mp4 31 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Overdose
6.6

တိုလု့စ် ရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါး မှုခင်း အဖွဲ့ခေါင်းဆောင် ဆယ်ရာဟာ ပြင်သစ်နဲ့ စပိန် ၂ နိုင်ငံကြားမှာ ကူးသန်းရောင်းဝယ်နေတဲ့ မှောင်ခို မူးယစ်ရာဇာတွေကို အကွက်ဆင်ပြီး တစ်ပြုံတည်း ဖမ်းဖို့ ပြင်ဆင်နေတဲ့အချိန် ... တစ်ဖက်မှာလည်း ပြင်သစ်က ဆေးရုံတစ်ရုံမှာ ကလေးငယ် ၂ ယောက် အသတ်ခံလိုက်ရပြီး ရစ်ချက်ဆိုတဲ့ အမှုစစ်က လိုက်လံ စုံစမ်းနေချိန် ... လူသတ်မှုဟာ မူးယစ်ရာဇာတွေနဲ့ ဆက်နွယ်နေကြောင်း သံသယရှိခဲ့ပြီး ဆယ်ရာနဲ့ ရစ်ချက်တို့ ၂ ယောက် ပူးပေါင်းပြီး ဒုစရိုက်သမားတွေကို ဖမ်းဆီးဖို့ ကြိုးစားတဲ့ အခါမှာတော့ ... ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော်။ ဇာတ်ကားတစ်လျှောက်လုံး ရဲတွေက အကွက်ပြလိုက် ဒုစရိုက်သမားတွေက အကွက်ပြလိုက်နဲ့ မပျင်းမရိ စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။ Action, Crime, Thriller အမျိုးအစားကို နှစ်သက်တဲ့ ရုပ်ရှင်ချစ်သူတို့အတွက် အသင့်တော်ဆုံး ဇာတ်ကား အသစ်လေးပဲဖြစ်ပါတယ်။ Plot twist လည်း ပါသေးတာမလို့ ဒီဇာတ်ကားကောင်းလေးကို ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size          : 2.3GB, 891MB, 454MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 59mins Genre              : Action, Crime, Thriller Translated by Kit Encoded by Kinnov

Action • Thriller
6.6 2022 119 mins
Overdose
Pyali
9

ဒီဇာတ်ကားလေးကတော့ မိသားစုနဲ့အတူတူကြည့်ဖို့အတွက် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာပါ။ မောင်နှမနှစ်ယောက်ရဲ့တစ်ယောက်‌အပေါ်တစ်ယောက်ထားတဲ့ ၅၂၈မေတ္တာလေးကို ကြည့်ရှုခံစားကြရမှာဖြစ်ပြီး ကလေးတိုင်းမှာ ထူးခြားမှုလေးတွေ ကိုယ်စီရှိကြတယ်ဆိုတာကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ဇီရာဆိုတဲ့ကောင်လေးတစ်ယောက်မှာ ပရာလီလို့ခေါ်တဲ့အရမ်းချစ်စရာကောင်းတဲ့ညီမလေးတစ်ယောက်ရှိပါတယ်။ ဇီရာက သူကိုယ်တိုင် အရွယ်လေးနဲ့မလိုက်အောင်အလုပ်တွေဖိလုပ်ပြီး ညီမလေးကို တတ်နိုင်သမျှ လိုလေသေးမရှိအောင် စောင့်ရှောက်ထားပါတယ်။ ဂုဏ်ပကာသနတွေမပေါပေမယ့် ပျော်ရွှင်နေတတ်ကြတဲ့မောင်နှမနှစ်ယောက်ဟာ တစ်နေ့မှာအကြောင်းကြောင်းကြောင့် သံလမ်းဘေးကနေရာလေးကို စွန့်ခွာပြီး နေစရာအသစ်တစ်ခုကို ရှာဖွေရပါတော့တယ်။ လမ်းဘေးမှာပဲနေရတဲ့ကလေးတွေမလို့ ခိုကိုးရာမဲ့‌ဖြစ်နေတဲ့အချိန်မှာ အန္တရာယ်တွေကြုံလာရပြီး ဇီရာဟာလည်း အစ်ကိုဖြစ်သူပီပီ ညီမလေးကို ကာကွယ်စောင့်ရှောက်ပါတော့တယ်။ သူတို့လေးတွေ ဘယ်လိုဆက်ဖြစ်ကြမလဲ။ သူတို့ဘဝတွေ‌ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…2GB / 1GB Quality…1080p HD RIP /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry ~ Sai ThuRein

Drama • Thriller
9 2022 116 mins
Pyali
Character
7.2

IMDb rating - 6.6/10 Genre - Psychological Thriller, Family ကိုယ်လုပ်တာတွေကို အကုန်ပုံတူကူးချပြီး လိုက်လုပ်တတ်တဲ့ copycat သူငယ်ချင်းမိတ်ဆွေမျိုး ကြုံဖူးကြလား Copycatတွေက နေ့စဉ်ဘဝမှာဆိုရင် ဘေးနားကလူတွေကရဲ့ ဝတ်ပုံစားပုံတွေ အကျင့်တွေကအစ ပုံတူကူးချပြီးနေထိုင်တတ်ပါတယ်။ သို့ပေမဲ့ တခြားသူကျူးလွန်ထားတဲ့ လူသတ်မှုတွေကိုလိုက်ကြည့်ပြီး ပုံတူကူး လိုက်သတ်တတ်တဲ့ Copycat killer တစ်ယောက်ဆိုရင် ဘယ်လိုဖြစ်မလဲ... ဇာတ်လမ်းထဲမှာတော့ "ယမရှိရို ခဲအိဂေါ့"ဆိုတဲ့ Mangaစာရေးဆရာတစ်ယောက်က mangaဆွဲတာလည်း သေသပ်လှပပြီး ဖြတ်သွားဖြတ်လာလူတစ်ယောက်ရဲ့ပုံကိုတောင် ချက်ချင်းဆွဲနိုင်တဲ့ ပါရမီရှိတဲ့သူတစ်ယောက်ပါ။ ပြဿနာက သူရေးချင်တဲ့အမျိုးအစားက Thriller,Crimeဖြစ်ပြီး သူကိုယ်တိုင်ကတော့ သဘောကောင်းလွန်းတဲ့သူတစ်ယောက်ဖြစ်နေတာပါပဲ။ တော်ပေမဲ့အသက်ဝင်တဲ့ဇာတ်ကောင်ကိုမရေးဆွဲနိုင်တာကြောင့် ကိုယ်ပိုင်Mangaကို debutမလုပ်နိုင်သေးပါဘူး။ ဒီလိုနဲ့စိတ်ဓာတ်ကျပြီးအလုပ်ထွက်ဖို့ပြင်နေတုန်း သူ့ရဲ့ဆရာဖြစ်သူက စံအိမ်တစ်လုံးရဲ့ပုံကို ညဘက်ကြီးမှာ သွားဆွဲခိုင်းခဲ့ပါတယ်။ ပုံကြမ်းဆွဲနေတုန်း စံအိမ်ထဲကသီချင်းသံကအရမ်းကျယ်လို့ အိမ်နီးချင်းက ပြဿနာလှမ်းရှာတာကြောင့် သူပါအခြေအနေမဟန်မှာစိုးလို့ အိမ်ပိုင်ရှင်တွေကိုလှမ်းပြောဖို့လုပ်ပါတယ်။ ဒါပေမဲ့အထဲက တုံ့ပြန်သံမကြားတာနဲ့ အထဲဝင်သွားတဲ့အခါ အိမ်ရှင်တွေကို ဓားနဲ့ထိုးသတ်ခံထားရတာကိုတွေ့လိုက်ရပါတယ်။ သူ့ဘဝမှာပထမဆုံး အဖြစ်ပျက်ဆိုးနဲ့ကြုံရတာမို့ကြောက်လန့်နေခဲ့တုန်းမှာ လူသတ်သမားဖြစ်သူကိုမြင်လိုက်ရပါတယ်။ ဒါပေမဲ့ ရဲတွေကမေးလို့ထွက်ချက်ပေးတဲ့အခါမှာတော့ သူဟာ လူသတ်သမားကိုမမြင်ခဲ့ပါဘူးလို့ထွက်ဆိုခဲ့ပါတယ်။ အဲဒီကစလို့ စာရေးဆရာ ယမရှိရိုက ""Dagger"လို့ခေါ်တဲ့ဇာတ်ကောင်ကိုဖန်တီးပြီး " 34,Rising Sun"ဆိုတဲ့ Manga Seriesကိုရေးဆွဲပြီး လူကြိုက်များလာပါတယ်။ သူမျက်မြင်တွေ့ခဲ့ရတဲ့လူသတ်မှုအကြောင်းကို ပထမဆုံးဇာတ်လမ်းအဖြစ် ရေးထားတာပါ။ ဒါပေမဲ့ သူ့Mangaထဲက ဒုတိယဇာတ်လမ်းအတိုင်း လိုက်သတ်ထားတဲ့လူသတ်မှုတစ်ခုဖြစ်လာပါတယ်။ နေရာ သေတဲ့ပုံစံ၊လူသတ်လက်နက်ကိုထားတဲ့နေရာကအစ mangaထဲကအတိုင်းဖြစ်လာတာမို့ ရဲတွေကလည်းသူ့ကိုနောက်တစ်ကြိမ်ထပ်မံစစ်ဆေးပါတယ်။ ဒါပေမဲ့ တရားခံက mangaဆရာမဖြစ်နိုင်တဲ့အခါ... စီရင်စုရဲတွေ လူသတ်သမား​ကို ဘယ်သူလို့ယူဆပြီး ဆက်စပ်စုံစမ်းကြမလဲ လူသတ်သမားက မိသားစုဝင်၄ဦးရှိတဲ့မိသားစုတွေကိုမှ ဘာလို့ရွေးသတ်ရတာလဲ ကိုယ်ပိုင်identityမရှိတဲ့သူတစ်ယောက် သူများရဲ့characterကိုပုံတူကူးချပြီးနေတတ်တဲ့သူတစ်ယောက်က.. လက်တွေ့ဘဝမှာ ဘယ်လောက်ထိ ဒုက္ခပေးနိုင်လဲဆိုတာကို တစိမ့်စိမ့်တွေးရင်း အဆုံးထိကြည့်ဖို့ဆွဲခေါ်သွားမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2.2GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__02:05:00 Type__Crime, Horror, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Action • Comedy • Drama
7.2 2021 125 mins
Character
ATM
7.4

မင်းသား Chantavit Dhanasevi နဲ့ မင်းသမီးချော Preechaya Pongthananikorn  တို့ အဓိက ပါဝင်ထားကြပြီး အခြားဟာသသရုပ်ဆောင်များစွာနဲ့ရိုက်ကူးထားတဲ့ Comedy, Romance အမျိုးအစား နာမည်ကြီးထိုင်းဇာတ်ကားဖြစ်ပါတယ်။ တစ်ခုနဲ့တစ်ခုကိုချိတ်ဆက်ပြီး ဟာသရသမြောက်အောင် စိတ်ကူးကောင်းကောင်းနဲ့ပုံဖော်ထားပါတယ်။ IMDb Rating (7.2/10) အထိရရှိထားပြီး ထိုင်းဇာတ်ကားတွေလဲ နိုင်ငံတကာရုပ်ရှင်ဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့ပြီဆိုတာ တွေ့ရမှာပါ။ မိသားစုနဲ့ အနားယူရင်း အပန်းဖြေ ကြည့်ရှုသင့်တဲ့ ဟာသဇာတ်ကားကောင်းလေးပါ။ (မြန်မာစာတန်းထိုးကိုတော့ "မိုးစက် ရမ်းသမ်းဘာသာပြန်သည်။" မှ တင်ဆက်ထားပါတယ်။) ဖေဖော်ဝါရီ ၁၄ ရက်နေ့ (V-Day နေ့)ဟာဆိုရင် ဇာတ်ကားထဲက အဓိကမင်းသမီးလေး Ice Preechaya ခေါ် Preechaya Pongthananikorn ရဲ့ မွေးနေ့လည်းဖြစ်ပါတယ်...ပျော်ရွှင်စရာ ချစ်သူများနေ့ဖြစ်ပါစေ.........။) File size...(2.4 GB)/(900 MB) Quality...WEB-DL 1080p 5.1 /720p Format...mp4 Duration....01:57:08 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung Translated by မိုးစက်

Drama • Thriller
7.4 2012 123 mins
ATM
Chong Zi – The Snow Fairy Love
6

ဟဲလို ဒီတစ်ခါ CM တင်ဆက်မယ့်ရုပ်ရှင်က The Journey of Chong Zi (2023)ရဲ့ Movie Version လေးပဲဖြစ်ပါတယ် ယင်ဆွေရှန်းဟာ ထျန်းစန်းနတ်ဂိုဏ်း ရွှယ်လင်ရဲ့တပည့်ဖြစ်ပြီး ဆရာ့ကိုချစ်မြတ်နိုးတဲ့အတွက်ကြောင့် န တ်ဂိုဏ်းစည်းမျဉ်းချိုးဖောက်မိပြီး နှင်ထုတ်ခံရတယ်။ ရွှယ်လင်(နတ်မင်း)တာဝန်ဟာ လူသားတွေကို ကာကွယ်စောင့်ရှောက်ရတယ်။ ရွှယ်လင်ဟာယင်ဆွေရှန်းအပေါ် မေတ္တာသက်ဝင်မှုတွေကို စိတ်ထဲမြိုသိပ်ထားရတယ်။ ‌ ဒီလိုနဲ့ရွယ်လင်ဟာနတ်ဆိုးဘုရင်နီလွင်နဲ့ တိုက်ခိုက်ရမှ သေဆုံးသွားတယ် ယင်ဆွေရှန်း နတ်ဆိုးလောကမှာ ဘယ်လိုအခက်အခဲကြုံတွေ့နိုင်မလဲ ။ ရွှယ်လင်ဟာပြန်လည်နိုးထလာပြီးနောက် ယင်ဆွေရှန်းနဲ့အတူ ဇနီးမောင်နှံအဖြစ် လူ့ပြည်မှာနေထိုင်တယ်။ ပြီးနောက် နတ်ဆိုးလောကက မိစ္ဆာမိဖုရား ရွှမ်လွေ့ကို ဖိနှိပ်ဖို့စေလွှတ်တဲ့အခါမှာ ရှောင်လန်(နတ်ပင်)နဲ့ မိစ္ဆာမိဖုရား ရွှမ်လွေ့တို့ရဲ့ အချစ်နဲ့အမုန်းတရားရန်ငြိုးတွေဖြစ်ပွားလာတော့ သူတို့လေးဦးကြားမှာ ဘယ်လိုအချိတ်ဆက်တွေရှိနိုင်မလဲ ယင်ဆွေရှန်း၊ ရွှယ်လင်တို့ကြား ဘယ်လိုအထင်လွှဲမှုတွေဖြစ်လာပြီး ပြေလည်သွားမလဲ သူတို့နှစ်ဦးရဲ့ အချင်းချင်းပေးဆပ်မှု၊ ကာကွယ်မှုနှင့် ယုံကြည်မှုတို့ကို CM ပရိတ်သတ်တို့စောင့်မျှော်ကြည်ရှုကြပါရှင်

6 2023
Chong Zi – The Snow Fairy Love
The First Day of My Life
6.7

“ကိုယ့်ဘ၀ရဲ့ ပထမဆုံးနေ့”ဆိုတဲ့အတိုင်း ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကို သေချာ မီးမောင်းထိုး ရိုက်ကူးပြထားတဲ့ အီတလီဒရာမာကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မိုးတွေသည်းတဲ့ညတစ်ညမှာ ဘယ်ကမှန်းမသိတဲ့ အမည်မသိ အဖိုးကြီးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ကြိုးစားနေတဲ့ လူလေးယောက်ကို အသက်ဘေးကကယ်တင်ပေးခဲ့ပြီး စတေရှင်ဝက်ဂန်ကားလေးနဲ့ ခေါ်လာခဲ့ပါတယ်။ ဒီ အဆုံးစီရင်ဖို့ကြိုးစားခဲ့တဲ့ လူလေးယောက်ကတော့ နပိုလီယွန်လို့အမည်ရတဲ့ယောင်္ကျားကြီးရယ်၊ အာရီယာနာဆိုတဲ့ သက်လတ်အရွယ် မိန်းမကြီးရယ်၊ အမ်မီလီယာလို့ခေါ်တဲ့ မိန်းမပျိုလေးရယ်၊ ဒန်နီရယ်ဆိုတဲ့ ကလေးလေးတစ်ယောက်ပါ။ ဒီအဖိုးကြီးဟာ သူတို့လေးယောက်ကို ခုနစ်ရက်အချိန်ပေးလိုက်ပြီး သူတို့မရှိတော့တဲ့နောက်ပိုင်း သူတို့ဘ၀တွေဟာ ဘယ်လိုဖြစ်ဆက်သွားမလဲဆိုတာကို ခုနစ်ရက်တာကာလအတွင်း စတေရှင်ဝက်ဂန်လေးနဲ့ လိုက်လံပြသပေးပြီးတော့ သေဆုံးမှုထက် ရှင်သန်မှုကိုပဲရွေးချယ်ဖို့ရာကို တိုက်တွန်းဖို့ကြိုးစားပေးပါတော့တယ်။ ရုပ်ရှင်တလျှောက် လူလေးယောက်ရဲ့ မတူညီတဲ့ ဇာတ်လမ်းတွေကို အသေးစိတ်ပုံဖော်ထားပြီး စိတ်ခံစားမှုကို လှုပ်ခတ်‌စေအောင် နောက်ခံတေးတွေကိုလည်း သေချာအသုံးပြုထားတာကိုတွေ့ရပါမယ်။ ဒီလိုနဲ့ ခုနစ်ရက်ပြည့်တဲ့အချိန် သူတို့ဟာအသက်ရှင်နေခဲ့‌သေးရင် သူတို့ရဲ့အနာဂတ်နေ့ရက်မှာ သူတို့ကိုစောင့်မျှော်နေမယ့်သူတွေ၊ အဆုံးစီရင်ဖို့မကြိုးစားခင်က အထင်အမြင်လွဲမှားနေခဲ့တဲ့အရာတွေကို သိရှိသွားခဲ့ကြပြီးနောက်မှာတော့ သေကြောင်းကြံဖို့ ကြိုးစားနေခဲ့တဲ့ ဒီလူလေးယောက်ထဲမှာ ဘယ်သူတွေကဆက်ရှင်သန်ဖို့ လမ်းကို ရွေးချယ်မလဲ၊ ဘယ်သူတွေက‌ ကယ်တင်မှုကို လက်မခံဘဲ မူလရွေးချယ်မှုကိုပဲ ပြုလုပ်သွားကြမလဲဆိုတာကိုတော့ စိတ်ခံစားမှုကို ကိုင်လှုပ်‌ပေးမယ့် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီရုပ်ရှင်ဟာ စိတ်ဓာတ်ရေးရာ ဒရာမာကားဆိုပေမဲ့ တစ်ကားလုံး စိတ်ညစ်စရာတွေချည်းထိုင်ပြနေတာမဟုတ်ဘဲ ဘ၀မှာ ဘယ်လောက်ပဲ အခက်အခဲတွေနဲ့ ကြုံတွေ့ရပြီး ဆင်းရဲဒုက္ခခံစားနေရပါစေ ကိုယ့်ဘ၀ကိုရှေ့ဆက်‌နိုင်စေမယ့် အကြောင်းရင်း၊ ပျော်ရွှင်မှုတစ်စုံတရာ ရှိစမြဲဖြစ်ကြောင်းကို မက်ဆေ့ခ်ျပေးရင်း တချို့နေရာလေးတွေမှာ dark humor လေးတွေပါထည့်ထားပြီး ရိုက်ကူးထားပါတယ်။ ရုပ်ရှင်အပြီးမှာတော့ ကြည့်ရှုသူကိုယ်တိုင်လည်း ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်နဲ့ ပတ်သက်ပြီး ခေါင်းထဲမှာ အတွေးတစ်ခုခုတော့ ကျန်ရစ်ခဲ့မှာမလို့ ရုပ်ရှင်ကြည့်ပရိတ်သတ်အနေနဲ့ ဒရာမာကားကောင်းတစ်ကားကို ကြည့်ချင်နေတယ်ဆိုရင်တော့ သေချာပေါက်မြည်းစမ်းကြည့်ဖို့ ညွှန်းဆိုရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။ File size…(1.4 GB)/(764 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy, Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Drama • Comedy
6.7 2023
The First Day of My Life
Sometimes They Come Back
5.7

Sometimes They Come Back (1991) ========================== အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ နာမည်ကျော်လျှို့ဝှက်သည်းဖို ဆရာကြီး Stephen King. ရဲ့ဝတ္ထုတိုကိုပွားထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ မူရင်းအနေနဲ့ Stephen King’s Cat’s Eye ထဲမှာဇာတ်ကားတိုအဖြစ်ပါရှိခဲ့ ပြီး အခုကတော့ သီးသန့်ဇာတ်ကားရှည်အဖြစ်ဖန်တီးထားတာပါ။ ဂျင်မ်နော်မန်ဟာ ငယ်ဘဝစိတ်ဒဏ်ရာတွေခြောက်လှန့်ဆဲဖြစ်တဲ့ တမင်တ ကာစွန့်ပစ်ထားခဲ့တဲ့ မွေးရပ်မြေနယ်မြို့လေးကိုမဖြစ်မနေ အကြောင်းကိစ္စ တစ်ခုကြောင့် ပြန်လာခဲ့ရပါတယ်။ ဂျင်မီအသက်ကိုးနှစ်တုန်းကသူတို့ညီအစ် ကိုနှစ်ယောက်ကို အနိုင်ကျင့်တတ်တဲ့လူငယ်လူရမ်းကားတစ်စုက မီးရထား လှိုဏ်ခေါင်းထဲမှာ လုယက်အနိုင်ကျင့်ရာကနေ သူ့အစ်ကို ဝိန်းသေဆုံးသွား ခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ထဲမှာပဲ ကားနဲ့အတူထွက်ပြေးဖို့ကြိုးစားတဲ့လူရမ်းကားတစ်စု လည်းရထားတိုက်သေဆုံးသွားခဲ့ပါသေးတယ်။ ဒီတစ်ခေါက်မြို့ကိုပြန်အ ရောက်မှာတော့ ဂျင်မီမှာ သူ့အစ်ကိုအသတ်ခံရမှုအကြောင်းအိမ်မက်ဆိုး တွေပြန်မက်စပြုလာပါတယ်။ မကြာခင်မှာပဲ သူ့အတန်းထဲကကျောင်းသား တွေတစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးလာခဲ့သလို တစ်ယောက်ပျောက် သွားတိုင်း သူ့အစ်ကိုကိုသတ်ခဲ့တဲ့ အုပ်စုထဲကကျောင်းသားတစ်ယောက် အဲ့ဒီနေရာကိုပြန်ရောက်လာတဲ့အခါမှာတော့..၊ ပြန်ရောက်လာတဲ့လူတွေက သူ့အစ်ကိုကိုသတ်ခဲ့စဉ်က အသက်အရွယ်အတိုင်း ဖြစ်နေပြီး ဂျင်မီကိုလည်းကောင်းကောင်းမှတ်မိနေကြပါတယ်။ ဒါပေမယ့်လည်း အာဏာပိုင်တွေက ကျောင်းသားတွေပျောက်ဆုံးမှုတွေအတွက် သူ့အပေါ်ကို သံသယဝင်စပြုလာပြီး ပြန်ရောက်လာတဲ့ အတိတ်တစ္ဆေတွေကလည်းပိုပြီး ကြမ်းကြမ်းတမ်းတမ်းသောင်းကျန်းလာတဲ့နောက် ဂျင်မီတစ်ယောက် လွန်ခဲ့တဲ့ နှစ် ၃၀ နီးပါးကဇာတ်လမ်းကို အဆုံးသတ်ဖို့ကြိုးစားရပါတော့တယ်။ ’90s Cult Classics တွေထဲကတစ်ကားဖြစ်ပြီး အခုချိန်ထိဇာတ်လမ်းဇာတ်အိမ်တင်ဆက် ပုံတွေဆွဲဆောင်မှုရှိဆဲဖြစ်သလို၊ jump scare တွေမပါပဲနဲ့ကျောထဲကစိမ့်လာ စေတဲ့ချောက်ချားမှုမျိုးပေးနိုင်တဲ့ Horror ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.7 GB) / (640 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Horror, Thriller Translator…….Alias Encoder……….SWM

5.7 1991 98 mins
Sometimes They Come Back
Different Strokes
6.3

လီဒီယာ၊ ဒွန်နီ၊ အွန်ရင်ယယ်နဲ့ မနီလာဆိုတဲ့ သူငယ်ချင်းမိန်းကလေး ၄ ယောက်ဟာဆိုရင် ခုချိန်မှာ လက်တွဲဖော်ကိုယ်စီနဲ့ပါ… သူတို့ထဲမှာ လီဒီယာကတော့ ယောကျ်ားဖြစ်သူရဲ့အချစ်အရမ်းခံရပြီး အလိုလိုက်ခံရတဲ့သူတစ်ယောက်ဖြစ်နေတာကြောင့် ကံအကောင်းဆုံးလို့ ကျန်တဲ့သူငယ်ချင်းတွေက သတ်မှတ်ထားကြပါတယ်… ဒါပေမယ့်လည်း ဒါတွေက အပေါ်ယံသာဖြစ်ပြီးတော့ ကလေးမမွေးနိုင်တာကြောင့် ယောက္ခမဖြစ်သူနဲ့ ယောင်းမရဲ့နှိပ်စက်မှု၊ မုန်းတီးမှုတွေခံနေရတာကိုတော့ ဘယ်သူမှမမြင်နိုင်ဘဲဖြစ်နေပါတယ်… ဒွန်နီကတော့ ငယ်စဉ်က အရမ်းထူးချွန်ပြီး အလားအလာကောင်းတွေ အများကြီးရှိခဲ့တဲ့လူတစ်ယောက်ပေါ့… ဒါပေမယ့်လည်း အိုလားရယ်မီဆိုတဲ့သူနဲ့ စောစီးစွာတွေ့ခဲ့ပြီးတော့ နှစ်ဦးသဘောတူညီချက်နဲ့ အပြင်မှာအလုပ်လုပ်ပိုက်ဆံရှာတာကို အိုလားရယ်မီကလုပ်ပြီး ဒွန်နီကတော့ အပြင်အလုပ်မလုပ်ဘဲ အိမ်ကိစ္စနဲ့ သူတို့မွေးထားကြတဲ့ ကလေးနှစ်ယောက်ကိစ္စတွေကို တာဝန်ယူထားခဲ့ပါတယ်… ကံမကောင်းချင်တော့ ခင်ပွန်းဖြစ်သူက အရင်အလုပ်ဟောင်းကနေ ပြုတ်သွားခဲ့ပြီး လက်ရှိအလုပ်အသစ်ရဲ့ဖိစီးမှုတွေနဲ့ ဒွန်နီ့ကို အလကားနေ၊ အလကားထိုင်စားတတ်တဲ့သူလို့မြင်လာကာ နှစ်ယောက်ကြားပြဿနာလေးတွေရှိလို့လာပါတယ်… အွန်ရင်ယယ်ကတော့ အလုပ်ကိစ္စတွေနဲ့ပဲ လုံးပန်းနေပြီး အိမ်ထောင်ရေးသုခရရှိဖို့တာဝန်ကို မဖြည့်ဆည်းပေးနိုင်ဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူကြောင့် စိတ်ဒုက္ခရောက်နေရတဲ့သူတစ်ယောက်ပေါ့… မနီလာကတော့ ကလေးမီးဖွားပြီးကတည်းက ဝိတ်အတက်လွန်ပြီး ပြန်မကျဖြစ်နေတော့တာကြောင့် ခင်ပွန်းဖြစ်သူရဲ့အရေးလုပ်ခြင်းမခံရတဲ့ အမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်… သူတစ်ယောက်တည်း အိမ်အလုပ်တွေလုပ်ပြီး ကျန်းမာရေးမကောင်းတဲ့သားလေးကို ပြုစုစောင့်ရှောက်နေရပေမယ့် သူလိုချင်တာဆိုလို့ ခင်ပွန်းဖြစ်သူရဲ့ချစ်ခင်ဂရုစိုက်ကြင်နာမှုလေးတွေပါပဲ… ဒါပေမယ့် ခင်ပွန်းဖြစ်သူကတော့ မနီလာ့ကိုရှိတယ်လို့တောင်မထင်တော့ဘဲ သားဖြစ်သူကိုလည်း ဂရုမစိုက်ဘဲ အပြင်မှာပဲမိန်းမတွေပတ်ရှုပ်သာယာလို့နေပါတယ်… ဒီတော့ ဒီသူငယ်ချင်းလေးယောက် သူတို့ရဲ့မသာယာတဲ့ အချစ်ရေး၊ အိမ်ထောင်ရေးဘဝတွေကို ဘယ်လိုဆက်ရင်ဆိုင်သွားမလဲ… ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဒီ “Different Strokes” ဆိုတဲ့ကားလေးကို ဆက်ကြည့် အဖြေရှာလိုက်ကြပါဦး File size…(1.4 GB)/(750 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Finoa Gillen

6.3 2023
Different Strokes
Rebel Moon – Part One: A Child of Fire
6.4

ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စတားဝေါ ဖန်မိတ် ရုပ်ရှင်ကြီးလာပါပြီ။ ဒီဇာတ်လမ်းကို စတားဝေါလူကြီးဆန်ဆန်ဗားရှင်းအဖြစ် ကမ်းလှမ်းခဲ့ပေမဲ့ ဒစ္စနေးနဲ့လူးကပ်ရုပ်ရှင်ကုမ္ပဏီက လက်မခံတာကြောင့် Star Wars ရုပ်ရှင်အဖြစ်မဟုတ်ဘဲ ကိုယ်ပိုင်ရိုက်ကူးဖြစ်သွားတာပါ။ ဒါကြောင့် ဂျဒိုင်းတွေနဲ့အလင်းဓားတွေ မပါဝင်ပေမဲ့ အင်ပါယာ နဲ့ ဖိနှိပ်ခံဂြိုလ်တွေ၊ တော်လှန်ရေးအဖွဲ့တွေ အကုန်ပါဝင်နေပါတယ်။ ဒါ့အပြင် ဇာတ်လမ်းကျောရိုးကိုလည်း ဇက်ရဲ့ အကြိုက်ဆုံးရုပ်ရှင် Seven Samurai (1954) ကို မှီငြမ်းထားတာမို့ အာကာသထဲက ဆာမူရိုင်း ၇ ယောက် ဇာတ်လမ်းမျိုးဖြစ်နေပြန်ပါတယ်။ လက်ရှိ ဝေဖန်ရေးဆရာတွေ အကြိုက်မတွေ့တဲ့အချက်ကလည်း ဒီအချက်ပဲဖြစ်ဖို့များပါတယ်။ မူရင်းဖန်တီးချက် ဘာမှမပါသေးဘဲ စတားဝေါ နဲ့ ဆဲဗင်းဆာမူရိုင်း ဒါမှမဟုတ် Magnificent Seven ကြည့်ပြီးသားလူတွေအတွက် မဲပြာပုဆိုးဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ ပထမရုပ်ရှင်ပဲ ရှိသေးတာမို့ နောက်ထွက်လာမဲ့ အပိုင်းတွေမှာ မထင်မှတ်ထားတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ အောင်မြင်နိုင်ပါသေးတယ်။ ဒီအချက်တွေကို မေ့ပစ်ပြီး ကြည့်မယ်ဆိုရင်တော့ ဇက်ရဲ့ထုံးစံအတိုင်း ရိုက်ချက်လှလှ၊ ဒိုင်ယာလော့ကောင်းကောင်း၊ အက်ရှင်ခန်းကြမ်းကြမ်းတွေနဲ့ ကြည့်ပျော်တဲ့ရုပ်ရှင်မို့ လူတိုင်းကြည့်လို့အဆင်ပြေပါတယ်။ ဇာတ်လမ်းအကျဉ်း ဗဲ့ဒ်ဆိုတဲ့ ရွာကလေးက လယ်သမားတွေဆီကို အင်ပါယာဗိုလ်ချုပ်တစ်ယောက်ရောက်လာပြီး ရိက္ခာတွေ မတန်တဆ တောင်းတယ်။ ဒါကို ရွာသားတွေကမပေးနိုင်တော့ ပြန်ခုခံဖို့ အကူအညီတောင်းဖို့ ကြိုးစားတယ်။ သူတို့မှာလည်း ကြေးစားတပ်တွေငှားဖို့ ပိုက်ဆံမရှိပါဘူး ရိက္ခာအပိုလေးနည်းနည်းပဲပေးနိုင်တာပါ။ ရွာမှာ ခိုအောင်းနေတဲ့ ဝရမ်းပြေးစစ်သည်တော်တစ်ယောက်နဲ့ လယ်သမားလေးတစ်ယောက်တို့ စကြဝဠာထဲမှာ ခြေဆန့်ပြီး မဖြစ်စလောက်ရိက္ခာလေးပေးရုံနဲ့ လယ်သမားတွေဘက်ကနေ ကူတိုက်ပေးမဲ့ စစ်သည်တော်တွေကို လိုက်စုစည်းကြတာက အပိုင်း-၁ ရဲ့ ဇာတ်လမ်းပါပဲ။ အပိုင်း-၂ မှာတော့ ဒီဆာမူရိုင်းတွေ အင်အားအရမ်းကြီးတဲ့ အင်ပါယာကြီးကို ဘယ်လိုခုခံတော်လှန်ကြမလဲဆိုတာ တွေ့ရမှာပါ။ File size…(1.8 GB)/(1 GB) Quality….WEB-DL 1080p/ 720p Format…mp4 Duration….02:13:00 Genre…Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by Mr. Anderson

6.4 2023
Rebel Moon – Part One: A Child of Fire
The Babadook
6.8

Genre – Drama, Horror, Mystery IMDB – 6.8/10 ဒီကားလေးက ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Psychological horror/Mystery အမျိုးအစား ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ Horror ကားကောင်းတွေရှားတဲ့အနေအထားမှာ လွန်ခဲ့တဲ့၁၀နှစ်လောက်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးကတော့ ဟော်ရာဖန်တွေကို အကြိုက်တွေ့စေမှာပါ။ ဇာတ်လမ်းကတော့ အမ်မီလီရာဆိုတဲ့အမျိုးသမီးဟာ Single Mom တစ်ဦးဖြစ်ပြီး သူ့သားလေး ဆမ်မြူရယ်ကို သူတစ်ယောက်တည်း ပြုစုပျိုးထောင်နေတာပါ။ သူ့အမျိုးသားကတော့ သူ့သားဖြစ်သူ ဆမ်မြူရယ်မွေးတဲ့နေ့မှာပဲ ကားမတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ အမ်မလီရာဟာ ၇နှစ်ကျော်ပြီးဖြစ်ပေမဲ့ အဲဒီဆုံးရှုံးမှုကို လက်ရှိအချိန်အထိ ကြေကွဲတမ်းတနေသေးတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ သူ့သားလေးဖြစ်တဲ့ ဆမ်မြူရယ်က မျက်လှည့်ကို အရမ်းစိတ်ဝင်စားပြီး မကောင်းဆိုးဝါးတွေကိုလည်း ယုံကြည်တတ်တဲ့ကလေးတစ်ယောက်ပေါ့။ တစ်ညမှာ မိခင်ဖြစ်သူက သားဖြစ်သူကို အိပ်ရာဝင်ပုံပြင်ဖတ်ပြရင်း “မစ္စတာဘာဘာဒေါ့ခ်”လို့ ခေါ်တဲ့စာအုပ်ကိုဖတ်ပြမိခဲ့တယ်။ အဲဒီညကနေစပြီး သူတို့သားအမိနှစ်ယောက်ရဲ့အိမ်မှာ ကြောက်စရာအဖြစ်အပျက်တွေ ဇယ်ဆက်သလိုပဲ ဆက်တိုက်ပေါ်ပေါက်လာခဲ့တော့တယ်။ ဇာတ်လမ်းရဲ့အသက်ကတော့ သားအမိနှစ်ယောက်ရဲ့ ဆက်ဆံရေးနဲ့ချစ်ခြင်းမေတ္တာလို့ပဲပြောရမယ်။ သရုပ်ဆောင်မင်းသမီး Essie Davis ရဲ့ သရုပ်ဆောင်ချက်တွေကလည်း အတော်ပြောင်မြောက်တယ်။ ခင်ပွန်းသည်ကိုဆုံးရှုံးလိုက်ရလို့ စိတ်ဒဏ်ရာရပြီးကြေကွဲနေတဲ့ဇနီးသည်၊ သားဖြစ်သူကအရမ်းဆိုးပြီး ထိန်းရခက်ပေမဲ့လည်း အချစ်မလျော့တဲ့မိခင်နေရာကနေ သရုပ်ဆောင်ထားတာက အတော်မိုက်ပြီး ရင်ထဲထိစေမှာအသေအချာပါပဲ။ ထိတ်လန့်ခြောက်ခြားစရာအဖြစ်အပျက်တွေနဲ့ ကြည်နူးစရာချစ်ခြင်းမေတ္တာတို့ကို အချိုးကျပေါင်းစပ်လိုက်တဲ့အခါမှာ သိပ်ကိုလှပကောင်းမွန်တဲ့ Emotionally Investing ဖြစ်စေမယ့် ဟော်ရာကားတစ်ကားထွက်ပေါ်လာတော့တယ်။ File size… 1.3 GB / 637 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Drama/Horror/Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Vader

6.8 2014 94 mins
The Babadook
Shankar’s I
7.3

I 2015 ခါးကုန်းကြီး Imdb 7.4 ခါးကုန်းကြီးဆိုပြီးလူသိပိုများတဲ့ တစ်ခေတ်တစ်ခါကနာမည်ကြီး‌ရုံတင်ကားကို ကြည့်ရှုသူများရဲ့တောင်းဆိုမှုများကြောင့် ပြန်လည်တင်ဆက်ပေးပါရစေ ဇာတ်လမ်းအစမှာတော့ မျက်နှာကကြောက်ဖို့ကောင်းအောင် အဖုအထစ်တွေနဲ့ ခါးကုန်းကြီးတစ်ယောက်က နာမည်ကြီးမင်းသမီးဖြစ်တဲ့ဒီယာ့မင်္ဂလာဆောင်ကိုခိုးဝင်ပြီး ဒီယာ့ကိုခိုးယူခဲ့ပါတယ် မင်္ဂလာပွဲမှာမင်းသမီးပျောက်သွားလို့ ဗြောင်းဆန်ကုန်ပြီး ရဲတိုင်တဲ့လူကတိုင် ရှာတဲ့လူကရှာနဲ့ပေါ့ ဘာကြောင့်များ ဒီခါးကုန်းကြီးက မင်းသမီးကိုဖမ်းခေါ်သွားတာများလဲ အတိတ်ကိုပြန်ကြည့်ရရင် လင်ဂတ်ဆန်ဆိုတာက မစ္စတာတမီလ်နာဒူချန်ပီယံရှစ်ဝင်ပြိုင်ဖို့ ဘော်ဒီကိုဗလတွေထွက်အောင်‌နှစ်နဲ့ချီလေ့ကျင့်ထားသူတစ်ယောက်ပါ ဒီပွဲကိုဝင်ပြိုင်ဖို့သူ့ရဲ့အတိုက်အခံက ဗလတောင့်တောင့်လူမိုက်တစ်ယောက်ပေါ့ နောက်နှစ်ဆိုအသက်ပြည့်ပြီဖြစ်လို့ ဒီနှစ်တော့သူ့ကိုအနိုင်ပေးဖို့ လင်ဂတ်ဆန်ကိုခြိမ်းခြောက်ရင်း ရန်စရှိခဲ့တဲ့သူတို့၂ယောက်အနေနဲ့ ရှေ့လျှောက်ဘယ်လိုတွေဆက်ဖြစ်ဦးမလဲ ဒီယာဆိုတာ လင်ဂတ်ဆန်အသည်းစွဲမင်းသမီးတစ်ယောက်ပါ ကြိုက်လွန်းလို့ဒီယာကြော်ငြာသမျှပစ္စည်းမျိုးစုံကို အစုံဝယ်စုဆောင်းထားတတ်ပါတယ် ဒီလိုနဲ့တစ်နေ့ လင်ဂတ်ဆန်က ဒီယာ့ဘော်ဒီဂတ်ဖြစ်ဖို့အကြောင်းဖန်လာပြီး ကြော်ငြာအတူရိုက်ကူးရင်းနဲ့ ထိပ်တန်းမင်းသားထက်ကျော်လွန်လာတော့ ဒီမင်းသားကသူ့အပေါ်ထားမဲ့အမုန်းတရားတွေ။။ ဒီလိုနဲ့ လင်ဂတ်ဆန်ကိုမုန်းကြတဲ့လူတစ်သိုက်ပေါင်းမိသွားပြီး လင်ဂတ်ဆန်ကိုကလဲ့စားချေဖို့ဖြစ်လာတဲ့အခါမှာတော့။။ အားရကျေနပ်ဖို့ကောင်းတဲ့ လက်စားချေမှုတွေကြား ရှုစားလိုက်ကြပါဦး ( အညွှန်းကိုတော့ Yunni ကရေးသားထားပြီး ဘာသာပြန်ကတော့ CM ပဲဖြစ်ပါတယ် )

Comedy • Drama • Romance
7.3 2015 170 mins
Shankar’s I
The Wig
5.4

The Wig (2005) *************** Horror ကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ၂၀၀၅ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ The Wig ဆိုတဲ့ ဇာတ်လမ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ .. မတော်တဆမှုတစ်ခုကြောင့် အသံဆုံးရှုံးလိုက်ရတဲ့ ဂျီဟျွန်းဟာ ကင်ဆာရောဂါသည်ဖြစ်တဲ့ ညီမဖြစ်သူ ဆူဟျွန်းကို ပြုစုစောင့်ရှောက်ပေးနေပါတယ်။ ရောဂါကုထုံးကြောင့် ဆံပင်တွေအားလုံးကို ဆုံးရှုံးလိုက်ရတဲ့ ဆူဟျွန်းကို ဆံပင်တုလေးတစ်ခု လက်ဆောင် ပေးလိုက်တဲနောက်မှာပဲ သူတို့ညီမနှစ်ယောက်ဟာ ပြောင်းလဲသွားခဲ့ပါတယ်။ ဆံပင်တုကို တပ်ပြီးတဲ့နောက်မှာ ဆူဟျွန်းဟာ ရောဂါသည်တစ်ယောက် မဟုတ်တော့ဘဲ သာမန်လူတစ်ယောက်လို လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ ဒါ့အပြင် အပြုအမူတွေပါ ပြောင်းလဲလာတဲ့ ဆူဟျွန်းကို ဂျီဟျွန်းက စိုးရိမ်စွာနဲ့ စောင့်ကြည့်လိုက်တဲ့အခါမှာ ဆံပင်တုနဲ့ သက်ဆိုင်နေတယ်ဆိုတာကို သိရှိသွားခဲ့ပါတယ် .. ဒီတော့ ဆံပင်တုကြောင့် ဆူဟျွန်းတစ်ယောက် ဘယ်လိုတွေ ပြောင်းလဲသွားတာလဲ။ ဂျီဟျွန်းကလည်း သူ့ညီမကို ဘယ်လိုတွေ ကာကွယ်ပေးသွားမလဲ။ ဆူဟျွန်းရဲ့ဆံပင်တုမှာ ဘယ်လိုနောက်ကြောင်းတွေ ရှိခဲ့တာလဲဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုလိုက်ပါဦနော် .. (အညွှန်းကို Estel မှ ရေးသားထားပါတယ်) File size…1.75GB / 669MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 43m Genre ….. Horror, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Estel Encoded by AHtet

5.4 2005 106 mins
The Wig
Sunny
7.7

ဒါကတော့ကလေးဘဝကို ပြန်အမှတ်ရစေမယ့် ကိုရီးယားကားလေးပါ အလယ်တန်းကျောင်းတုန်းက အုပ်စုဖွဲ့ပြီး မိုက်ခဲ့တဲ့ သူငယ်ချင်း ခုနှစ်ယောက်က သူတို့ထဲကတစ်ယောက် ကင်ဆာ ရောဂါနဲ့ သေခါနီးအချိန်မှပြန်ဆုံပြီး သူငယ်ချင်းတွေစုံအောင်ပြန်လိုက်စုရင်း ငယ်ဘဝဖြစ်စဉ်တွေကိုပြန်လည် တူးဖော်ကြတဲ့ Drama Comedy ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းက ပေါ့ပေါ့ပါးပါးဆိုပေမယ့်နောက်ဆုံးမှာ ကြည့်ရင်းနဲ့ရင်ထဲမှာ တစ်ခုခုကျန်ခဲ့နိုင်တဲ့ ဇာတ်ကားလေးမို့ ကိုရီးယားကားကြိုက်တဲ့သူဆိုရင် ကြည့်ကိုကြည့်သင့်တဲ့ Drama ဇာတ်ကားလေးတစ်ခုမို့လို့ ညွှန်းပေးပါတယ်ဗျ။ File size…(2.5 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:04:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikkobaby

History • Drama
7.7 2011 135 mins
Sunny
Gran Torino
8.1

Gran Torino (2008) IMDb Rating (8.1) / Rotten Tomatoes (81%) Top Rated Movies #162 ကျွန်တော်ဟာ ရုပ်ရှင်အညွှန်းရေးတဲ့ဆရာတွေရေးသားတဲ့ ဒါရိုက်တာအကြောင်းတွေလိုက်ဖတ်စဉ်ကထဲက ဒါရိုက်တာ Clint Eastwood ကို သတိထားမိခဲ့ပါတယ်။ သူ့လက်ရာတွေကြည့်သင့်တဲ့စာရင်းထဲထည့်ထားပေမယ့် Million dollar baby ဆိုတဲ့ဇာတ်ကားကိုမှ စကြည့်ဖူးခဲ့တယ်။ သူ့ဘယ်လောက်တော်ကြောင်းညွှန်းဆိုမပြတတ်ပေမယ့် ခေတ်လူငယ်ပီပီ ဒီဘဲကြီးက ဂျလန်းကြီးဟလို့တော့ ရေရွတ်မိခဲ့ပါတယ်။ ကြမ်းဆို Clint Eastwood ဆိုတာကလဲ အရင်ခေတ်က ဟောလိဝုဒ်ရဲ့ ကျော်ဟိန်းလို နာမည်ကြီးခဲ့တဲ့ လျှမ်းလျှမ်းတောက်မင်းသားကြီးကိုး။ The Good, the Bad and the Ugly (1966) လိုဂန္တဝင်ရုပ်ရှင်ကားကြီးတွေထဲက မင်းသားဆိုတော့လဲ ယနေ့ထိတိုင် လွှမ်းမိုးနိုင်စွမ်းကြီးမားတဲ့ အနုပညာရှင်ပါ။ မင်းသားကနေ ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်တွေရိုက်တော့လဲ အလန်းတွေရိုက်ထားတာပါပဲ။ သူ့ရဲ့ ဒီကား Gran Torino (2008) ရုပ်ရှင်ကားရဲ့ပိုစတာကိုကြည့်မိတော့ ကားတစ်စီးနဲ့သေနတ်ကိုင်ပြီး မှုန်ကုတ်ကုတ်မျက်နှာပေးနဲ့မတ်တပ်ရပ်ထားတဲ့ပုံနဲ့ ဇာတ်လမ်းအကျဉ်း ရေးထားတာကလည်း ဘာမှသိပ်ပြီးစွဲမက်စရာမရှိသလိုလို….။ ဒါပေမယ့် Top IMDb စာရင်းထဲပါနေတာရော Rotten မှာလည်း အတော်လေးကောင်းနေပြန်တော့ ဘာသာပြန်ပြီးကြည့်မိတယ်ဆိုပါတော့…။ ဒီကားမှာ သူကိုယ်တိုင်ပဲ အဓိကသရုပ်ဆောင်နေရာကနေပါဝင်ထားပါတယ်။ ဇာတ်လမ်းအစမှာ သူဟာ ခန်းမတစ်ခုထဲမှာ မတ်တပ်ရပ်နေတယ်။ သူ့မိန်းမရဲ့ အသုဘ အခမ်းအနား လာရောက်တဲ့သူတွေကိုသူကြည့်နေတဲ့ပုံက ခက်ထန်မာကြောမှုအပြည့်နဲ့ သူ့သားတွေ မြေးတွေနဲ့ မိတ်ဆွေအများစုတစ်ဖွဲဖွဲရောက်လာတယ်။ သူ့မျက်လုံးတွေဟာ ဇနီးဆုံးလို့ ဝမ်းနည်းတဲ့အရိပ်အယောင်အစား မြေးတွေရဲ့ အပြုအမူတွေကို ဒေါသထွက်နေတဲ့ပုံပဲ သူဟာ စကားတွေကိုလည်း အမြင်ကိုအမြင်အတိုင်း ငဲ့ကွက်ခြင်းမရှိဘဲဒဲ့ဒိုးပြောဆိုတတ်တဲ့သူ. သူ့စရိုက်ကြောင့် သားသမီးတွေမြေးတွေကလည်း သူနဲ့ဆိုစကားပြောရမှာတောင် ဝန်လေးနေတယ်။ ဒီလိုနဲ့ ကမောက်ကမ သူ့ရဲ့ပတ်ဝန်းကျင်ကို နိုင်ငံခြားသားမိသားစုတွေပြောင်းလာတယ်။ ဒီကားဟာ ဘီကီနီဝတ်အလှတွေမပါသလို ခပ်မိုက်မိုက်အက်ရှင်ခန်းတွေ လည်းမပါပါဘူး။ သို့ပေမယ့် ခင်ဗျားကိုဇာတ်လမ်းအစကနေအဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့အပြင် ခင်ဗျားရဲ့နှလုံးသားကိုလည်းအရောင်အမျိုးမျိုးနဲ့ခပ်ကြမ်းကြမ်းဖြန်းပက်သွားလိမ့်မယ်။ သေချာတယ် ခင်ဗျားတို့လည်း ဒီကားကြည့်ပြီးရင် ကျွန်တော့်လို ဒီဘဲကြီးက ဂျလန်းကြီးဟလို့ရေရွတ်မိလိမ့်မယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Crystal Win မှတင်ဆက်ထားပါတယ်။)

Comedy • Drama
8.1 2008 116 mins
Gran Torino