YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

A Man Called God - 19 {CM}.mp4

849.9 MB 1080p video/mp4 1011 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Seducing Mr. Perfect
6

Seducing Mr. Perfect (2006) ============================ ဒီနေ့မှာတော့ ၂၀၀၆ ခုနှစ်အချိန် မမ Uhm Jung Hwa တို့ ငယ်ရွယ်ခဲ့စဥ် အခုလိုလန်းမြဲလန်းခဲ့စဥ်က ကိုကို Daniel Henney နဲ့ အတွဲညီညီသရုပ်ဆောင်ထားတဲ့ Romance, Drama ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အချစ်စစ်အချစ်မှန်ဆိုတာ တကယ်ရှိတယ်ဆိုပြီး တထစ်ချယုံကြည်တဲ့ မင်ဂျွန်းက တွဲသမျှရည်းစားတိုင်းရဲ့ထားခဲ့ခြင်းကိုခံရပြီး အချစ်ကံခေသူကောင်မလေးပေါ့။ လက်ရှိရည်းစားရဲ့သစ္စာဖောက်စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့ မင်ဂျွန်းတို့ကုမ္ပဏီကို တစ်နေ့ကျ သူဌေးအသစ်ဖြစ်တဲ့ ရော်ဘင် ရောက်လာပါတော့တယ်။ (မင်ဂျွန်းဘေးကို ရှင်ဘုရင်ရောက်လာဖို့ သူတောင်းစားကောင်က ဖယ်ပေးလိုက်ရတယ်ဆိုပါတော့:3) သိပ်ချစ်တတ်လွန်းတဲ့ မင်ဂျွန်းက သူချစ်ပြီဆိုရင် မိန်းကလေးမာနရယ်လို့ ဂုဏ်သိက္ခာရယ်လို့ ထည့်မတွက်ဘဲ သူကပဲ အရင်ဖုန်းခေါ်, သူကပဲ အရင်ပြေးတွေ့နဲ့ ရယူခြင်းထက် ပေးဆပ်ခြင်းကို ပိုခုံမင်တဲ့ကောင်မလေးပေါ့။ ဒီလိုမင်ဂျွန်းရဲ့ပုံစံကို ရော်ဘင်ကနည်းနည်းလေးမှ သဘောမတွေ့ပါဘူး။ ဒီလိုနဲ့ နှစ်ယောက်သားတွေ့လိုက်တာနဲ့ စကားနိုင်လုကြရာကနေ ရော်ဘင်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် အရှိုက်ထိသွားရတဲ့မင်ဂျွန်းက “Mr. Perfect ကြီးကို ဖမ်းစားပြမယ်” ဆိုပြီး စိန်ခေါ်ရာကနေ နှစ်ယောက်သားရဲ့ဖူးစာဇာတ်လမ်းလေး အစပြုလာပါတော့တယ်။ ကြည့်ဖူးပြီးသားသူတွေလည်း အလွမ်းပြေပြန်ကြည့်နိုင်သလို မကြည့်ဖူးသေးတဲ့သူတွေအနေနဲ့လည်း တစ်မျိုးလေးကြည့်ပျော်တဲ့ ရိုမန့်စ်ကားလေးပါ။ အထူးသဖြင့် ကိုကို Daniel Henney ရဲ့ Visual နဲ့ ဘိုသံ accent နဲ့တင် ကြည့်ရတော်တော်တန်နေပါပြီရှင် ? အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre..... Action, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.68GB | 771MB | 446MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lai Laii Encoder ..... Aaron

Drama • Mystery
6 2006 109 mins
Seducing Mr. Perfect
Johnny
7.3

ဖြစ်ရပ်မှန်ကိုဇာတ်အိမ်တည်ထားပြီး လူတိုင်းဒုတိယအခွင့်အရေးနဲ့ထိုက်တန်တာမလို့ အားလုံးအပေါ်မေတ္တာတရားထားပေးသင့်ကြောင်းကို ရိုးရိုးရှင်းရှင်းရိုက်ကူးပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ ဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်အဖြစ် ဘုန်းတော်ကြီးတစ်ပါးနဲ့ ရာဇဝတ်သားတစ်‌ယောက်ပါဝင်ပါတယ်။ ဒီဘုန်းတော်ကြီးဟာ မိမိယုံကြည်ရာကို တစ်စိုက်မတ်မတ်လုပ်တတ်တဲ့သူ၊ လူသားတိုင်းအတွက်အနစ်နာခံ ပေးဆပ်သူပေ့ါ။ တစ်နေ့ကျတော့ ဘုန်းတော်ကြီးဆီကို ရာဇဝတ်သားဟာ သူ့ရဲ့ပြစ်မှုစောင့်ကြည့်ကာလအတွင်း လူထုအကျိုးပြုအလုပ်လုပ်ဖို့ဆိုပြီး အလုပ်လာတောင်းပါတော့တယ်။ ဒီလိုနဲ့ပဲ လူတစ်ယောက်ဟာ ဘဝရဲ့ တန်ဖိုးအရှိဆုံးအရာတွေထဲကတစ်ခုဖြစ်တဲ့ ဒုတိယအခွင့်အရေးကိုအသုံးချပြီး ဘယ်လောက်အထိပြောင်းလဲပစ်နိုင်လဲဆိုတာမြင်တွေ့ရမယ့် Biographyကားကောင်းလေးတစ်ကားဖြစ်ပါတယ်.. File Size :(1.8GB) and (714MB) Quality : WEB-DL1080P5.1Ch,720p Format…mp4 Duration…01:59:00 Genre : Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Crime • Drama
7.3 2022 120 mins
Johnny
Johnny English Reborn
6.2

IMDb Rating (6.3) ဒါကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mr.Bean ရဲ့ Johnny English အဆက်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့... ပထမဇာတ်ကားမှာတုန်းက ဘုရင်မကြီးရဲ့သူရဖူကိုကာကွယ်နိုင်ခဲ့တဲ့ ဂျွန်နီဟာ သမ္မတ လုံခြုံရေးတာဝန်တစ်ခုမှာ မအောင်မြင်ခဲ့လို့ အထုတ်ခံခဲ့ရပြီး Batman လို တိဘက်က ဘုန်းတော်ကြီးတွေဆီမှာ ပညာဆည်းပူးရင်း ဇာတ်မြုတ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ MI-7 ဟာ သူပါမှကိုရတော့မယ့် စစ်ဆင်ရေးတစ်ခုပေါ်ပေါက်လာချိန်မှာ ဂျွန်နီကို ပြန်လည်ခေါ်ယူပါတော့တယ်။ ဒီခါမှာတော့ Johnny English ရဲ့ ရင်သက်ရှုမောဖွယ် စွန့်စားခံတွေ ပြန်လည်စတင်ပါတော့တယ်။ ဂျွန်နီဟာ အမြဲတမ်းတလွဲတွေလုပ်ပေမယ့် သူ့ရဲ့ဖြူစင်သောအမှားတွေနဲ့ အင်္ဂလန်ပြည်ကို ဘယ်လိုထပ်မံကယ်တင်ဦးမလဲဆိုတာ...။ Johnny English ဇာတ်ကား ၃ ကားရှိပြီး ၃ ကားလုံးကို ဒီမှာ https://channelmyanmar.org/?s=Johnny+English ကြည့်လို့ရပါတယ်။ File size… (1.6 GB) / (800 MB) Quality…BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:41:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Littleneo

Horror • Mystery • Thriller
6.2 2011 101 mins
Johnny English Reborn
Oh! My Assistant: The Movie

Oh! My Assistant : The Movie (2022) ရင်ခုန်ဖို့ကောင်းပြီး ပေါ့ပေါ့ပါးပါး ဟာသ‌လေးနှောထားတဲ့ Korea BL Movie လေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ရှင်းဆွန်းဟိုကတော့ လူကြီးပိုင်းကာတွန်းတွေကိုရေးရာက‌နေ နာမည်ကြီးလာတဲ့ကာတွန်းဆရာတစ်ယောက်ဖြစ်ပါ။ အလုပ်တွေပုံလာတဲ့ ဆွန်းဟိုတစ်ယောက် လက်ထောက်တစ်ယောက်ငှားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီး သူ့ကမ္ဘာထဲကို အေးတိအေးစက်ပုံစံပေါက်ပေမယ့်ကြင်နာတတ်တဲ့ ကောင်လေးတစ်ယောက်ဝင်လာခဲ့ပါတော့တယ်။ ဂိုမူယောင်းကတော့ ကာတွန်းဆရာရှင်းဆွန်းဟိုရဲ့ အကြီးစားဖန်ဖြစ်တာမို့ လက်ထောက်လုပ်ဖို့ဆုံးဖြတ်လိုက်တဲ့ Bisexual ကောင်လေးပါ။ ကာတွန်းဆရာရှင်းဆွန်းဟိုကို တိတ်တိတ်လေးသဘောကျနေတဲ့ မူယောင်းရယ် ဆွန်းဟိုတို့ရဲ့ကြားမှာ အရက်သောက်ရင်းအတူတူရှိဖြစ်ခဲ့ကြတဲ့ညကစပြီး တွယ်ငြိတဲ့ခံစားချက်တွေက ပိုပိုတိုးလာပါတော့တယ်။ မူယောင်းရဲ့ ငယ်ငယ်ကတည်းကခ‌င်ရတဲ့ ဂျွန်ဆော့ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ကလည်း မူ‌ယောင်းအပေါ်စပြီး သဘောကျလာမိတဲ့အခါ ….. ၃ ပွင့်ဆိုင်အချစ်ကို ဟာသနှောထားတဲ့ဇာတ်လမ်းလေးမို့ သေချာပေါက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော် အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတကတော့ Shin Shin, Cali, Thantsin, Lai Laii တို့ပဲ ဖြစ်ကြပါတယ်။ Genre….. BL, Drama, Romance Quality…. 1080p | 720p | 480p File size… 1GB | 518MB | 216MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Shin Shin, Cali, Thantsin, Lai Laii Encoder ….. August

0 2023
Oh! My Assistant: The Movie
Satthi Gaani Rendu Yekaralu
6.6

Sathi Gani Rendu Ekaralu 2023 IMDb 5.8/10 Comedy/Drama ကျေးလက်တောရွာလေးတစ်ခုမှာ ဘိုးဘွားပိုင်မြေ‌ကို ထိန်းသိမ်းရင်း လုပ်ကိုင်စားသောက်နေတဲ့ ဆာသီဆိုတဲ့ လူတစ်ယောက်ရှိပါတယ်။ အရင်က ဘိုးဘွားပိုင်မြေဧကများစွာရှိပေမယ့် အဖေဖြစ်သူရဲ့မကောင်းတဲ့ အကျင့်စရိုက်တွေကြောင့် ၂ဧကသာရှိတော့တဲ့မြေကို သားစဉ်မြေးဆက် ဆက်ပြီးအမွေပေးနိုင်အောင် ထိန်းသိမ်းနေရတာဖြစ်ပါတယ်။ တစ်ဖက်မှာ သမီးဖြစ်သူရဲ့ရောဂါအတွက် ခွဲစိတ်ဖို့ငွေတွေလိုလာတဲ့အခါ အဖေဖြစ်သူ ဆာသီတစ်ယောက် တွေးပူရပါတော့တယ်။ ဇနီးဖြစ်သူကလည်း အမျိုးမျိုးဖိအားပေးနေတာကြောင့် ငွေ ရအောင်ကြံရပါတော့တယ်။ ပိုင်ဆိုင်သမျှကို ထုခွဲရောင်းချပြီး သမီးဖြစ်သူကို ဆေးကုပေးလိုက်ချင်ပေမယ့်လည်း ဘိုးဘွားပိုင်မြေကို ထိန်းသိမ်းရဦးမှာ ဖြစ်တဲ့အတွက်ကြောင့် အကြပ်ရိုက်နေပါတော့တယ်။ တစ်နေ့မှာတော့ မတော်တဆမှုဖြစ်ထားတဲ့ ကားတစ်စီးကနေ ခရီးဆောင်အိတ်ရလာပြီး သူ့အခက်အခဲတွေ ဖြေရှင်းနိုင်တော့မယ်လို့လည်း ယုံကြည်နေပါတယ်။ ဒီခရီးဆောင်အိတ်ကို ဖွင့်ဖို့ရွာလည်နေရှာပါတယ်။ တစ်ဖက်မှာလည်း ဒီခရီးဆောင်အိတ်ကိုရှာတဲ့သူရှိနေသလို ဒီအမှုကို စုံစမ်းနေတဲ့သူလည်း ရှိနေပါတယ်။ ဆာသီတစ်ယောက် သူထင်ထားသလို အခက်အခဲတွေဖြေရှင်းနိုင်တော့မလား။ ဒီအမှုကဘာတွေဆက်ဖြစ်မလဲဆိုတာကို သည်းထိတ်ရင်ဖိုနဲ့ ဟာသလေးနှောပြီး ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းကို Cherry မှရေးသားထားပြီး ဘာသာပြန်သူတွေကတော့ Cherry,BpL,chiclon3,NyeinAye,Aditi တို့ပဲဖြစ်ပါတယ်)

Thriller • TV Movie
6.6 2023 111 mins
Satthi Gaani Rendu Yekaralu
Gym Class
5.9

Gym Class (2022) ဒီကားလေးကတော့ ၂၀၂၂ ခုနှစ်က ထွက်ရှိထားတဲ့ အီတလီဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားကိုတော့ မိသားစုပြဿနာတွေအပေါ် အခြေခံပြီးရိုက်ကူးထားတာပါ။ ကလေးသုံးယောက်ကနေပြီးတော့ သူတို့ကျောင်းမှာပြစ်မှုတစ်ခု ကျူးလွန်ခဲ့ကြတဲ့အခါမှာ ကျောင်းအုပ်ကြီးကနေ မိဘတွေ တရားမဝင်ခေါ်တွေ့ရာကနေ စလာတော့တယ်။ ဖြစ်ချင်တော့ ကျောင်းအုပ်ကြီးခေါ်တွေ့တဲ့နေရာကလည်း ကျောင်းရဲ့ Gym အိုကြီးတစ်ခုဖြစ်နေပါတယ်။ ဒီဇာတ်ကားလေးမှာ အဓိကဖြစ်ပျက်နေတဲ့ ပြဿနာက ဘာများဖြစ်မလဲ… ကလေးတွေရဲ့မိဘတွေကကော ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ… ဒါ့အပြင် မထင်မှတ်ထားတဲ့ နောက်ထပ်ဘာပြဿနာတွေများပေါ်လာမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို Drama Category ထဲထည့်ထားပေမယ့် Comedy ရော၊ Semi-Thriller ရောဖြစ်တယ်လို့ ပြန်လည်သုံးသပ်ထားကြတာဖြစ်တဲ့အတွက် ရသမျိုးစုံကို ပေးစွမ်းနိုင်မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 660MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Science Fiction • Comedy • Drama • Romance
5.9 2022 89 mins
Gym Class
Dive
7

Dive(2022) ********** ၂၀၂၂ မှာထွက်ရှိထားတဲ့ Dive ဆိုတဲ့နိုင်ငံအဆင့်အမျိုးသမီးဒိုင်ဗင်သမားတွေကြားက ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဒီကားထဲမှာတော့နိုင်ငံအဆင့်အမျိုးသမီးဒိုင်ဗင်သမားတွေကြားမှာဘယ်သူမှမသိအောင်တိုးတိုးတိတ်တိတ်ဖြစ်သွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအကြောင်းကိုပြသထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့မာရီရယ်ဆိုတဲ့နိုင်ငံ့အဆင့်အမျိုးသမီးဒိုင်ဗင်သမားတစ်ယောက်က ပြိုင်ပွဲဝင်နေတဲ့အချိန်မှာသူ့ရဲ့တွဲဖက်ကဒဏ်ရာအကြီးအကျယ်ရသွားခဲ့ပါတယ်။ ဖြစ်ချင်တော့ ၂၀၀၄ ခုနှစ်အိုလံပစ်ပြိုင်ပွဲကြီးကလဲနီးလာပြီဖြစ်တော့အကုန်လုံးပျာယာခတ်နေတကြတဲ့အချိန်မှာ အသက် ၁၄ နှစ်သာရှိသေးတဲ့နာဒီယာဆိုတဲ့ပါရမီရှင်ကောင်မလေးနဲ့ မာရီယယ်ကိုသူတို့ရဲ့နည်းပြနဲ့တွဲပေးခဲ့ပါတယ်။ အဲ့လိုဖြစ်ပြီးသိပ်မကြာခင်မှာပဲကလေးမလေးနာဒီယာရဲ့အမေကသူတို့ရဲ့နည်းပြဟာ သူ့သမီးကိုလိင်အကြမ်းဖက်တယ်ဆိုပြီးထစွပ်စွဲပါတော့တယ်။မျက်မြင်သက်သေမရှိတဲ့အပြင်သမီးဖြစ်သူ ကိုယ်တိုင်ကပါအမေကိုဆန့်ကျင်ပြီးပြောနေလို့အဲ့ဒီအမှုကမြန်မြန်ပဲပျောက်ကွယ်သွားပါတော့တယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့မာရီယယ်တစ်ယောက်နည်းပြနဲ့ကောင်မလေးကြားကအပြုအမူတွေ ဆက်ဆံပုံတွေကိုမသင်္ကာတဲ့အတွက်စုံစမ်းကြည့်တဲ့အခါမှာတော့ ဘာတွေသိလာရမလဲ။ဘယ်သူမှမသိတဲ့မာရီယယ်ကိုယ်တိုင်တောင်မသိတဲ့သူ့ဘဝရဲ့အိပ်မက်ဆိုးကြီးတစ်ခုကလည်း အဲ့ဒီအချိန်မှာထွက်ပေါ်လာပြီးမာရီယယ်ပါအဲ့ဒီအိပ်မက်ဆိုးထဲကရုန်းထွက်နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File Size : (1.1GB),&(541MB) Quality : WEB-DL 1080p,720p Format…mp4 Duration…01:35:00 Genre : Sport, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by Phyo Pyae

7 2022
Dive
Indiana Jones and the Dial of Destiny
6.8

Indiana Jones and the Dial of Destiny (2023) ~ IMDb – 6.8/10, Rotten Tomatoes – 69% ~ ဂန္ထဝင်ရုပ်ရှင်တွဲတွေထဲက တစ်ခုဖြစ်တဲ့ အင်ဒီယာနာဂျုန်း ရုပ်ရှင် အသစ်ထွက်ပါပြီ။ ဒါက ၅ ကားမြောက်ရုပ်ရှင်ပါ။ ပထမလေးကားကိုတော့ ဒါရိုက်တာ စတီဗင်စပီးဘတ်ရိုက်ကူးခဲ့ပြီး အခုရုပ်ရှင်ကိုတော့ James Mangold က ရိုက်ကူးထားတာပါ။ ဒါပေမဲ့လည်း Executive Producer အဖြစ် စပီးဘတ်နဲ့ လူးကပ်စ်တို့ ပြန်ပါဝင်ခဲ့ပါတယ်။ မင်းသားကြီး ဟယ်ရစ်ဆန်ဖို့ဒ်ပဲ ပြန်ပါဝင်ထားပြီး Phoebe Waller-Bridge ကတော့ အင်ဒီရဲ့မိတ်ဆွေ ဘာဆယ်ရဲ့သမီး ဟယ်လင်နာအဖြစ် ပါဝင်ထားပါတယ်။ ဗီလိန်နေရာမှာတော့ ဗီလိန် ဆရာကြီး Mads Mikkelsen ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်အစမှာ ဟယ်ရစ်ဆန်ဖို့ ငယ်ငယ်တုန်းကပုံကို အထူးပြုလုပ်ချက်နဲ့ လုပ်ထားပါတယ်။ AI နည်းပညာကိုသုံးပြီး ဟယ်ရစ်ဆန်ဖို့ငယ်ငယ်က ရုပ်ရှင်ဟောင်းအားလုံးထဲကနေ လိုအပ်တဲ့ မျက်နှာထား ခံစားချက်နဲ့လိုက်တာတွေကို ရွေးထုတ်ပြီးပေါင်းစပ်သွားတဲ့နည်းပညာမို့ ဟယ်ရစ်ဆန်ဖို့ရဲ့ ငယ်ငယ်ကမျက်နှာအစစ်ကို မြင်နေရတာပါပဲ။ ဒါရိုက်တာ စပီးဘတ်ကိုယ်တိုင်ဒီရုပ်ရှင်ကိုကြည့်ပြီး သဘောကျခဲ့တာပါ။ “အင်ဒီယာနာဂျုန်းကို ငါတစ်ယောက်တည်း ရိုက်တတ်တယ်ထင်တာ၊ အခြားရိုက်တတ်တဲ့သူ ရှိသေးသားပဲဟ” လို့တောင် မှတ်ချက်ပေးခဲ့ပါသေးတယ်။ ဘတ်ဂျက် သန်း ၃၀၀ သုံးခဲ့ပြီး သန်း ၃၈၀ လောက်ပဲ ပြန်ရတာမို့ ငွေကြေးအရအောင်မြင်မှု နည်းခဲ့ပေမဲ့ အင်ဒီယာနာဂျုန်းပီသတဲ့အခိုက်အတန့်လေးတွေ ဖျော်ဖြေမှုပေးနိုင်တဲ့ ရုပ်ရှင်ဖြစ်ခဲ့တာကြောင့် IMDb မှာတော့ 6.8/10 ထိ ရလိုက်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ရှေးဟောင်းသုတေသီ ဒေါက်တာ အင်ဒီယာနာဂျုန်းဟာ တက္ကသိုလ်ပါမောက္ခအဖြစ်ကနေ အငြိမ်းစားယူလိုက်ပါပြီ။ ယူပြီးမကြာခင်မှာပဲ သူ့မိတ်ဆွေရဲ့ သမီး၊ သူ့ရဲ့ခေါင်းကိုင်သမီး ဟယ်လင်နာက သူ့ကိုလာရှာပြီး အင်ဒီနဲ့သူ့အဖေတို့ ဒုတိယကမ္ဘာစစ်အတွင်း စွန့်စားပြီး ရယူပြီးမှ ပျောက်ဆုံးသွားတဲ့ အာခီမီးဒီးစ်ရဲ့ ဒိုင်ခွက် အန်တာကသီးရာ အကြောင်းကို လာစုံစမ်းပါတော့တယ်။ အဲဒီဒိုင်ခွက်နောက်ကို လိုက်နေတဲ့ အခြားသူကလည်း နာဇီဟောင်း ရူပဗေဒပညာရှင် ဒေါက်တာရှမစ် ဖြစ်နေပါတယ်။ သူကတော့ ဒီဒိုင်ခွက်ကို အသုံးချနိုင်တဲ့သူဟာ နတ်ဘုရားလို ဩဇာအာဏာကြီးလာမယ်လို့ ယုံကြည်နေတဲ့သူပါပဲ။ အင်ဒီနဲ့ ဟယ်လင်နာတို့တစ်ဖက် ဒေါက်တာရှမစ်တို့အဖွဲ့ကတစ်ဖက် ပြိုင်လုကြရင်း စွန့်စားခန်းကြီးတွေ ဖွင့်ကြပါတော့တယ်။ အင်ဒီယာနာဂျုန်းရဲ့ ဝိသေသဖြစ်တဲ့ ရှေးဟောင်းပဟေဠိတွေ၊ တကယ်ရှိခဲ့တဲ့ သမိုင်းတွေနဲ့ ရောစပ်ထားတဲ့ စိတ်ကူးယဉ်တွေ၊ ရှေးဂူသင်္ချိုင်းတွေထဲက စွန့်စားခန်းတွေ ဝေဝေဆာဆာနဲ့မို့ ကြည့်လို့ကောင်းမယ့် နောက်ဆုံးရုပ်ရှင်ပါပဲ။ Indiana Jones ဇာတ်ကားများကို https://channelmyanmar.to/?s=indiana+jones မှာကြည့်လို့ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 9GB ,3GB, 1.4GB Quality – WEB-DL4K.HEVC.5.1Ch,1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 2H 34Min Genre – Action, Adventure Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y Indiana Jones Franchise (1981-2023) George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ဇာတ်ကားတစ်ကားပေါင်းရိုက်ဖို့ စိတ်ကူးမိခဲ့ကြတယ်။ Indiana Jones ပေါ့။ စပီးဘာ့ဂ်နဲ့ လူးကပ်စ်တို့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဖန်တစ်ရာတေ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဗီလိန်ကလည်း တစ်ခါလာလည်း ဒီလိုပုံစံ၊ နောက်တစ်ယောက်လာလည်းဒီလိုပုံစံ၊ ဘယ်လိုလာလာ မင်းသားပဲနိုင်သွားလေသတည်းဆိုတဲ့ B အဆင့် ဇာတ်ကားတွေကို မှီးပြီး Indiana Jones ကို ဖန်တီးခဲ့ကြပေမဲ့ Raiders of the Lost Ark (1981) ဟာ အကြီးအကျယ်ပေါက်သွားခဲ့တယ်။ အော်စကာဆုတွေထိပါ ရသွားခဲ့တယ်။ ဒါရိုက်တာ စပီးဘာ့ဂ်အတွက်လည်း လက်နဲ့ထိရင် ရွှေဖြစ်တဲ့ကာလ လို့တောင် ပြောစမှတ်ပြုခဲ့ရတယ်။ Indiana ရဲ့ နာမည်ကိုလည်း တစ်ကမ္ဘာလုံးသိသွားခဲ့ပါတယ်။ The Temple of Doom (1984) ကိုတော့ Raiders မတိုင်ခင် တစ်နှစ်အလိုမှာ ဇာတ်အိမ်တည်ထားလိုက်တယ်။ ဗီလိန်တွေက နာဇီတွေပဲ ထပ်မဖြစ်စေချင်တဲ့အကြောင်းအရင်းကြောင့်ပေါ့။ Temple of Doom ဟာ Raiders လောက်တော့ ဂန္ထဝင်တွင်လောက်အောင်ပေါက်တဲ့ကား မဟုတ်ခဲ့ပေမဲ့ အထိုက်အလျောက်တော့ အောင်မြင်မှုရခဲ့ပြီး‌ အော်စကာပါရခဲ့ပါတယ်။ ပထမကားနဲ့ ဘယ်လိုမှမတူ၊ နောက်လာမယ့်ကားတွေနဲ့လည်း ဘယ်လိုမှမတူအောင် Deep Dark ပြီး သွေးထွက်သံယိုတွေအများဆုံးကားတစ်ကားအဖြစ် Indiana Jones Franchise ထဲမှာ ကွဲအထွက်ဆုံးကားတစ်ကားဖြစ်ခဲ့တယ်။ လူမျိုးရေးခွဲခြားမှုပြဿနာတွေ ကျွန်သဘောက်ပြဿနာတွေလည်း မီးမောင်းထိုးပြခဲ့တဲ့ကား ဖြစ်ခဲ့တယ်။ နှစ်ကြာလာလေ ပိုကောင်းလာလေဆိုပြီး နှစ်ချို့ဝိုင်လိုဖြစ်ခဲ့ပေမဲ့ Temple of Doom ဟာ သူ့နှစ်မှာတော့ ဝေဖန်ရေးသမားတွေ အတော်များများအကြိုက်တွေ့ခဲ့ကြတဲ့ ရုပ်ရှင်တစ်ကားတော့ မဟုတ်ခဲ့ဘူး။ အဲဒီအတွက် လူးကပ်စ်ဟာ ဒီပြဿနာကို ‌Sean Connery နဲ့ Holy Grail ကို ပေါင်းထည့်‌ပြီး‌ ဖြေရှင်းပေးလိုက်တယ်။ ခုနေ အင်ဒီယာနာဂျုံးစ်ကြည့်ဖူးတဲ့ ဘယ်သူ့ကိုမဆို “အကြိုက်ဆုံးက ဘာကားလဲ” လို့ သွားမေးလိုက်ရင် ဖန်အတော်များများ‌ဖြေကြမှာက The Last Crusade (1989) ပဲ ဖြစ်လိမ့်မယ်။ Raiders အလွန်မှာ အပြီးပြည့်စုံဆုံးဖြစ်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ အစအဆုံးကို မှတ်မှတ်ရရ ရှိနေလောက်အောင်ကို ကောင်းလွန်းခဲ့တဲ့ ဇာတ်ကားတစ်ကားပေါ့။ ကွန်နရီနဲ့ဖို့ဒ်တို့ရဲ့ သားအဖ Moments တွေ၊ ပြန်ပါလာတဲ့ အချစ်တော်ကြီး ဆာလာ၊ ရင်လည်းဖိုရသလို ခွီလည်းခွီရတဲ့ Action ခန်းတွေ၊ ဂျုံးစ်နဲ့ ဟစ်တလာ၊ ဂျုံးစ်ရဲ့ ငယ်ဘဝ တစေ့တစောင်း၊ နောက်ဆုံး ဘုရားသခင်ရဲ့ သောက်တော်ရေခွက်။ သိပ်ကို လှပလွန်းခဲ့တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ Original Trilogy အပြီးမှာတော့ အင်ဒီယာနာဂျုံးစ်ဆိုတဲ့ နာမည်နဲ့ ဇာတ်ကောင်ဟာ တစ်ကမ္ဘာလုံးစာ လွှမ်းမိုးသွားခဲ့တယ်။ သူ့ရဲ့ Trademark ဖြစ်တဲ့ ကျာပွတ် လယ်သာဂျက်ကတ် သက္ကလပ်ဦးထုပ်ပျော့ စတဲ့ဟာတွေကလည်း Lightsaber တွေနည်းတူ ရောင်းအားထိပ်ဆုံးရောက်ခဲ့တယ်။ Canon မဟုတ်တဲ့ အင်ဒီယာနာဂျုံးစ် ဂိမ်းတွေ ဝတ္ထုတွေ ကောမစ်တွေကလည်း အဆက်မပြတ်ထွက်လာခဲ့တယ်။ Indiana Jones ဇာတ်ကားတွေကလည်း နောင်လာမယ့် စွန့်စားခန်းရုပ်ရှင်တွေရဲ့ မီးရှူးတိုင် ပြဌာန်းစာအုပ်တွေ ဖြစ်သွားသလို One of the World’s Greatest Action Heroes အနေနဲ့လည်း အသိအမှတ်ပြုခံခဲ့ရတယ်။ Paramount နဲ့ ငါးကားစာ စာချုပ်ချုပ်ပြီးသားဖြစ်လို့ နောက်တစ်ကားအတွက် လူးကပ်စ်က ဇာတ်လမ်းရှာနေတဲ့အချိန်မှာ ဇာတ်လမ်းလည်းစဉ်းစား အပျင်းလည်းပြေ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ The Young Indiana Jones Chronicles စီးရီးကြီးကို ရိုက်ဖြစ်သွားတယ်။ ပရိသတ်တွေ သိချင်လှပါချည်ရဲ့ဆိုတဲ့ ဂျုံးစ်ရဲ့ ငယ်ဘဝ လူငယ်ဘဝ အဖြစ်အပျက်အကုန်ကို လူးကပ်စ်က ချပြခဲ့တယ်။ Star Wars ထဲမှာ Princess Leia အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Carrie Fisher တောင် တစ်ပိုင်းအတွက် ဇာတ်ညွှန်းဝင်ရေးပေးခဲ့သလို Harrison Ford ကိုယ်တိုင်လည်း အင်ဒီယာနာအနေနဲ့ တစ်ပိုင်း ဝင်ပါခဲ့ပါသေးတယ်။ ခရူးဆိတ်အလွန် 19 နှစ်အကြာမှာတော့ အင်ဒီယာနာဟာ ပိတ်ကားပေါ် ပြန်ရောက်လာခဲ့တယ်။ ဖို့ဒ်လည်း အိုနေပြီဖြစ်သလို ဂျုံးစ်လည်း အိုနေပြီ၊ စပီးဘာ့ဂ်နဲ့ လူးကပ်စ်ရောပေါ့။ ဒါပေမဲ့ The Kingdom of the Crystal Skull (2008) ဟာ ပရိသတ်အချစ်တော် ရှေးသုပညာရှင်ကြီးနဲ့ မာရီယွန်ရေဗန်ဝုဒ်တို့ကို ပြန်ပေါင်းစည်းစေပြီး ခုခေတ်ရဲ့ တိုးတက်လာတဲ့ နည်းပညာတွေသုံးပြီး အရင်ကားတွေရဲ့ အရသာ ပြန်ရစေ‌ဖို့ အတတ်နိုင်ဆုံးကြိုးစားထားတဲ့ ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ်။ ဇရာထောင်းလာပြီဖြစ်တဲ့ ဟယ်ရီဆင်ဖို့ဒ်အတွက် ဂျုံးစ်ဇာတ်ကောင်ကနေ အနားယူနိုင်အောင်လို့ လှလှပပသိမ်းထားတဲ့ ဇာတ်သိမ်းခန်းလေးနဲ့ပေါ့။ ဒါပေမဲ့ Shia LaBeouf ကြောင့် ဒီပလန် အလုပ်ဖြစ်မသွားဘူး။ 2012 မှာ Lucasfilm ကို ဒစ်စနေးက ဝယ်လိုက်လို့ Star Wars နဲ့ Indiana Jones ဟာ ဒစ်စနေးပိုင်ဆိုင်မှုအောက် ရောက်သွားတယ်။ အဲဒီနောက်မှာတော့ Star Wars တွေပဲ ပေါပေါလောလောထွက်လာပေမဲ့ အင်ဒီယာနာအတွက်တော့ ဇာတ်လမ်းရှာနေတာနဲ့တင် ဆယ်နှစ်ကြာသွားတယ်။ ကားအသစ်မှာသုံးဖို့ ဇာတ်ချိတ်ပစ္စည်း MacGuffin ကို လူးကပ်က စဉ်းစားထားပြီးပေမဲ့ ဇာတ်လမ်းကိုတော့ သူမရေးတော့ဘူး။ စပီးဘာ့ဂ်ကလည်း Kingdom of Crystal Skull အလွန်မှာ လူသစ်ဒါရိုက်တာတစ်ယောက်ယောက် ပြောင်းကိုင်စေချင်တယ်။ ဒီလိုနဲ့ပဲ အင်ဒီယာနာ ကားသစ်ဟာ Walk the Line, Logan နဲ့ Ford v Ferrari စတဲ့ ကားကောင်းတွေရိုက်ခဲ့တဲ့ James Mangold လက် ရောက်သွားတယ်။ The Dial of Destiny (2023) ဟာ Indiana Jones Franchise ကြီးအတွက် နောက်ဆုံးပိတ်ကားဖြစ်လာတယ်။ ပါရာမောင့်နဲ့ ငါးကား စာချုပ်ကလည်း ပြည့်ပြီကိုး။ Disney က လူပြောင်းပြီး ထပ်ညှစ်ထုတ်ရင် ထုတ်နိုင်လောက်သေးပေမဲ့ ဒီကားက Harrison Ford ရဲ့ Indiana Jones အတွက် ဇာတ်သိမ်းခန်းတစ်ခုခုကို ယူဆောင်ပေးရတော့မယ့်ကားတစ်ကားပါပဲ။ မထွက်သေးခင် Trailer အနေနဲ့ရော၊ ထွက်တဲ့အချိန်မှာရော Mixed Reviews တွေ အများကြီးရှိခဲ့တဲ့ နောက်ဆုံးကားဟာ ကောင်းမကောင်းဆိုတာ ကြည့်တဲ့သူအပေါ်အများကြီး မူတည်သွားပါလိမ့်မယ်။ သမိုင်းကြီးခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ရဲ့ ဇာတ်သိမ်းဟာ ဒီအတိုင်းပဲ ဖြစ်သင့်လား ဆိုတာက ကြည့်ပြီးရင်ဖြစ်လာမယ့် မေးခွန်းတစ်ခု‌ပေါ့။ ဘယ်လိုပဲဆိုဆိုပါ George Lucas, Steven Spielberg, John Williams နဲ့ Harrison Ford တို့ ဖန်တီးခဲ့ကြတဲ့ Indiana Jones Franchise ကြီးဟာ နှစ်ပေါင်း 40 ကျော်အကြာမှာ ရုပ်ရှင်ငါးကား စီးရီးတစ်ခုနဲ့ ဇာတ်သိမ်းသွားပါပြီ။ ဒါပေမဲ့ ကျွန်‌တော်တို့ အချစ်တော် ရှေးသုပညာရှင်ကြီးနဲ့ သူ့ရဲ့ စွန့်စားခန်းတွေကတော့ ဘယ်တော့မှ တိမ်ကော‌ပျောက်ပျက်မသွားမယ့် သမိုင်းတစ်ပုဒ်ပါပဲ။ “I am like a bad penny, I always turn up.” – Indiana Jones (Harrison Ford) #Y

Drama • Music
6.8 2023 155 mins
Indiana Jones and the Dial of Destiny
The Prince, The Witch, and The Mermaid
5.5

The Prince, The Witch, and The Mermaid (2002) အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုတဲ့ ရာဇဝင်ထဲကချစ်ရှုံးသမားဆို ကျွန်တော် ပထမဆုံးပြေးမြင်မိတာ ရာမဇာတ်ထဲက ဒဿဂီရိ ဒုတိယလိုက်တာကတော့ ပဒကုသလဇာတ်တော်ထဲက ဘီလူးမပေါ့။ ရာမ သီတာ ဒဿကတော့ လူတိုင်းကြားဖူး ရုပ်ရှင်တွေကြည့်ဖူးမှာဖြစ်လို့ စီအမ်ပရိသတ်‌တို့အတွက် သိပ်မရင်းနှီးလောက်မယ့် ပဒကုသလဇာတ်နဲ့ ခပ်ဆင်ဆင်တူတဲ့ ကြမ်းတမ်းတဲ့ဘီလူးမှာလည်း ချစ်တတ်တဲ့နူးနူးညံ့ညံ့နှလုံးသားနဲ့ပါဆိုတဲ့ ထိုင်းကားအ‌ဟောင်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။ နက်ရှိုင်းတဲ့ပင်လယ်ပြင်ကြီးရဲ့ ဝေးလံတဲ့ကျွန်းတစ်ကျွန်းပေါ်က ကျောက်ဂူကြီးထဲမှာ ဘီလူးမတစ်ကောင် နေထိုင်ပါတယ်။ ဘီလူးမဟာ အတော်လေးဆိုးသွမ်းတာကြောင့် တခြားရေနေသတ္တဝါတွေအပြင် ဒီရေပိုင်နက်တစ်ဝိုက်မှာ ကျက်စားတဲ့ ရေသူမတွေပါ ကြောက်ကြရတဲ့သူပေါ့။ ဒါပေမဲ့ လူသူမမြင်ကွယ်ရာအရပ်မှာ နေရတဲ့ဘီလူးမဟာလည်း တစ်ကိုယ်တည်းအထီးကျန်နေသူပေါ့။ ဒီလိုနဲ့တစ်နေ့ ရက်တနာတိုင်းရဲ့မင်းသား အာဖိုင်မာနီရဲ့ ညှို့ငင်နိုင်စွမ်းအပြည့်နဲ့ပုလွေသံကိုကြားလို့လာအကြည့်မှာ ချောမောတဲ့မင်းသားကို တပ်မက်သွားတဲ့ဘီလူးမဟာ အာဖိုင်မာနီကိုပြန်ပေးဆွဲလို့ လူယောင်ဖန်ဆင်းပြီးတော့ အကြင်လင်မယားအဖြစ်ပေါင်းသင်းနေထိုင်လိုက်တာ သားလေးတစ်ယောက်ရတဲ့အထိပါပဲ။ ဒါပေမဲ့ လူသားပီပီ လူသားတွေနဲ့ပဲနေချင်တဲ့ အာဖိုင်မာနီတို့သားအဖက အမြဲထွက်ပြေးဖို့ကြံစည်နေပေမယ့် မအောင်မြင်တာကြောင့် ရေသူမတွေရဲ့အကူအညီနဲ့ ဘီလူးမလက်ကလွတ်အောင်ကြံတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Fantasy, Romance, Action Quality…. 1080p | 720p File size… 2.1GB | 1.1GB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

5.5 2002
The Prince, The Witch, and The Mermaid
Missing in Action
5.4

Mission In Action (1984) ကတော့ နာမည်ကျော် မင်းသား Chuck Norris ရဲ့ အက်ရှင်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ Chuck Norris ဆိုတာကတော့ “ကိုယ်မွေးမယ့်ဆေးရုံကို ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့လူ” “မြွေကိုက်ရင်တောင် ၂ ရက်နေရင် မြွေ အနိစ္စရောက်သွားလောက်အောင်ကိုယ်ခံအားကောင်းတဲ့လူ” Stars War မှာလည်း Chuck Norris ပါပါတယ်။ “May the Force Be With You” မှာ Force ဆိုတာ Chuck Norris ကိုပြောတာဖြစ်ပါတယ်။ အဲဒီလိုမျိုး သုတ်မယ်၊ ပြုတ်မယ်၊ အရည်သောက်မယ်၊ အဖတ်စားမယ် မင်းသားသရုပ်ဆောင်ထားတာဖြစ်လို့ မကြမ်းမှာတော့မပူပါနဲ့။ ဇာတ်ညွှန်း ကာနယ် ဘရက်ဒေါ့ခ်ဟာ ဗီယက်နမ်စစ်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ စစ်ပြန်ကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ဗီယက်နမ်မှာ ၇ နှစ်ကြာ အဖမ်းခံခဲ့ရပြီးမှပြန်လွတ်လာတာဖြစ်ပါတယ်။ ဒါပေမယ့် ပြန်လွတ်လာသေးတဲ့ စစ်သုံ့ပန်းတွေအများကြီးရှိသေးကြောင်း သူထွက်ဆိုခဲ့ပေမယ့် တရားဝင်ဖြောင့်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် တစ်ရက်မှာတော့ စိတ်ပြောင်းသွားပြီး အထက်လွှတ်တော်အမတ်နဲ့ ဗီယက်နမ်ကိုလိုက်သွားပြီး ဒီကိစ္စကိုအပြီးသက်ဖြေရှင်းဖို့လုပ်ခဲ့ပါတယ်။ သို့သော်ငြား ဗီယက်နမ်ဖက်ကတော့ အဲလိုမျိုး ဖမ်းထားခြင်းမရှိဘူးဆိုပြီး ငြင်းခဲ့ပါတယ်။ ဒီလိုနဲ့ဘရက်ဒေါ့ခ်ဟာ တစ်ကိုယ်တော် အမေရိကန်သုံ့ပန်းတွေကို ကယ်တင်ဖို့လုပ်ပါတော့တယ်။ ဆက်လက်ခံစားကြည့်လိုက်ကြပါ။ File Size : 4.1 GB, 1.8 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 41min Format : Mp4 Genre : Action, Adventure, Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by : Lucifer Maximoff Encode by : Thit San Khant

5.4 1984 101 mins
Missing in Action
Old Man Jackson
7.5

Old Man Jackson (2023) IMDb Rating (7.5) Oldman Jackson ရုပ်ရှင်က စိတ်ဖိစီးတဲ့ရောဂါရနေတဲ့ သက်ကြီးပိုင်းတစ်ယောက်ရဲ့ ဘဝအမောတွေကို ဟာသနှောပြီးရိုက်ကူးထားတာပါ။ အလုပ်ကိုပဲ ဦးစားပေးလွန်းတဲ့အတွက် မိသားစုနဲ့ ဖြစ်စေ ၊ မိတ်ဆွေတွေနဲ့ဖြစ်စေ မဝင်ဆံ့တော့ဘဲ နောက်ဆုံး အထီးကျန်ပြီး စိတ်လေခြောက်ခြားလာတဲ့အကြောင်း ရိုက်ထားတာပါ။ ဒီဇာတ်ကားနဲ့ ဆုတစ်ခုရရှိထားပါတယ်။ မိသားစုနဲ့အတူကြည့်ဖို့ ကောင်းပါတယ်။ ဒါရိုက်တာ Johnny Ray Gibbs က စီစဥ်ရိုက်ကူးခဲ့ပြီးတော့ IMDb rating 7.5 ရရှိထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size…(2.2 GB) / (930 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….02:02:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thy Santa

7.5 2023 90 mins
Old Man Jackson
Space Cowboys
6.5

Space Cowboys (2000) IMDb Rating (6.5) / Rotten Tomatoes (78%) “Space Cowboys” ဇာတ်ကားမှာ အနားယူသွားတဲ့ NASA အဖွဲ့ဟောင်းတစ်ဖွဲ့ကို အာကာသဂြိုလ်တု Ikon ရဲ့ ပြုပြင်ရေးအတွက် တာဝန်ခေါ်ယူလာတဲ့အခါ စွန့်စားခန်းအသစ်တစ်ခု စတင်ခဲ့ပါတယ်။ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Clint Eastwood, Tommy Lee Jones, Donald Sutherland, James Garner တို့ရဲ့ သရုပ်ဆောင်တာတွေကတော့ ဇာတ်ကားကိုပိုကောင်းမွန်စေပါတယ်။ ဇာတ်လမ်းမှာ Ikon ကတော့ အန္တရာယ်များတဲ့ ရုရှားလက်နက်နဲ့ ပြည့်နေပြီး ကမ္ဘာပေါ်မှာ ထိခိုက်မှုတွေ ဖြစ်စေနိုင်တဲ့အခါ NASA က အာကာသစွန့်စားခန်းလုပ်ဖို့ အဖိုးကြီးတွေကို ပြန်ခေါ်ရပါတော့တယ်။ ဒီအဖွဲ့ဟောင်းဟာ ၄၀ နှစ်ကြာပြီးမှ အလုပ်ပြန်လုပ်ရတာကြောင့် အခက်အခဲတွေနဲ့ ကြုံရပေမယ့် သူတို့ရဲ့ အရင်အတွေ့အကြုံတွေကြောင့် အခက်အခဲကို အေးဆေးကျော်ဖြတ်နိုင်ခဲ့ပါတယ်။ Clint Eastwood ရဲသရုပ်ဆောင်ချက်က အဖွဲ့ခေါင်းဆောင်တစ်ဦးရဲ့ သတ္တိနဲ့ အစွမ်းအစကို ပြသနိုင်ခဲ့တယ် Tommy Lee Jones ရဲ့ ဟာသတွေက ဇာတ်ကားကို အပန်းဖြေစေပါတယ်။ ဇာတ်ကားဟာ အာကာသနည်းပညာနဲ့ လူ့စိတ်ခံစားမှုတို့ကို ပေါင်းစပ်ပြသပြီး သက်ကြီးသူတွေရဲ့ စွန့်စားမှုအသစ်တွေကို ပြထားပါတယ်။ ဟာသ၊ ဒရာမာနဲ့ အာကာသထဲ စွန့်စားခန်းတွေကို ပြတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး အာကာသနဲ့ စွန့်စားမှုကို စိတ်ဝင်စားသူတွေအတွက် “Space Cowboys” ဟာ မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(2 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Thriller Duration….02:11:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

Comedy • Drama
6.5 2000 130 mins
Space Cowboys
Na Tum Jaano Na Hum
4.9

Na Tum Jaano Na Hum (2002) ဒီဇာတ်ကားလေးကတော့ ပရိတ်သည်းစွဲ မင်းသားကြီးလက်ပွားမင်းသားအဖြစ်လည်း သိကြတဲ့ ရီသစ်က်ရောဝ်ရှန်းနဲ့ ဆေ့ဖ်အလီခန်းတို့က ပါဝင်သရုပ်ဆောင်ထားကြပြီးတော့ မင်းသမီးကြီး အီရှာဒီယိုလ်ကလည်း ပါဝင်အားဖြည့်ထားတဲ့ ဟင်ဒီဇာကားပြော Romance/Drama အမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရာဟုလ်ဟာ ရှင်မလာ့ ကိုယ်ပိုင်ကျောင်းမှာ တက်ရောက်ခဲ့စဉ်စာတစ်စောင်ကို အမှုမဲ့အမှတ်မဲ့ ရေးထားခဲ့ပါတယ်။ ၄နှစ် အကြာမှာ တော့ အီရှာက အဲဒီစာစောင်ကို အမှတ်မထင်ရှာတွေ့ခဲ့ပြီး ရေဒီယိုရုပ်သံလိုင်းကနေတဆင့် ဆက်သွယ်ဖို့ အခွင့်ရခဲ့ကြပါလေရော။ ဒါပေမဲ့လည်း အီရှာက သူ့အဖိုး လက်ခံနိုင်တဲ့သူကိုပဲ သူက အဆုံခံမယ်ဆိုကာ လောလောဆယ်ဆယ် စာနဲ့ပဲ ဆက်သွယ်ကြမယ်လို့ ပြောလာတော့ ရာဟုလ်ကလည်း ဒါကို လက်ခံလိုက်တာပေါ့။အီရှာနဲ့ လက်တွေ့ဘဝမှာ မဆုံရသေးတဲ့ရာဟုလ်ဟာ ဆိုရင် သူ့နဲ့အတူ ညီအစ်ကိုလို နေလာတဲ့ အက်ရှေးအတွက် မိန်းမရှာပေးဖို့ဆိုကာအီရှာ့ဆီ ရောက်လာတဲ့အခါမှတော့… ရာဟုလ်နဲ့ အီရှာတို့ရဲ့ အချစ်ဇတ်လမ်းက ဘယ်လိုအလှည့်အပြောင်းတွေဆီ ဆွဲခေါ်သွားမလဲ… အီရှာဟာ အပြင်မှာမမြင်ဖူးတဲ့ သူ့ချစ်သူနဲ့ ဆုံဆည်းခွင့်ရနိုင်မှာလား… ဟောင်းပေမဲ့ ကောင်းနေဆဲ ဇာတ်ကားလေးတစ်ကား ဖြစ်တာမလို့ ဘောလိဝုဒ် ပရိသတ်များ လုံးဝ လက်လွတ်မခံသင့်ပါကြောင်း… ဘာသာပြန်ကတော့ သိုက်ဆန်းပဲ ဖြစ်ပါတယ်။

Drama
4.9 2002 159 mins
Na Tum Jaano Na Hum