YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

A Man Called God - 09 { CM}.mp4

623.79 MB N/A video/mp4 1259 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Right Now, Wrong Then
6.9

“Right Now Wrong Then” အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တို့ရဲ့ အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှ သူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။ နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။ အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။ အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။ ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျ ဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။ တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့ အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ ရွေးချယ်မှုသေးသေးလေးတွေပဲ ကွဲသွားတာ။ ဒါပေမယ့် အဲ့ဒီရွေးချယ်မှုသေးသေးလေးတွေကပဲ ဒီဇာတ်ကားမှာပါတဲ့ အပြိုင်ကမ္ဘာနှစ်ခုရဲ့ အေးစက်မှု၊နွေးထွေးမှု၊ရှုပ်ထွေးမှု၊ကြည်နူးမှုတွေကို လုံးဝကို ကောက်ပြောင်းသွားနိုင်တယ်။ ဒါကို ကျွန်တော် ပထမတစ်ခေါက်ကြည့်တုန်းကတော့ နားမလည်ဘူး။နောက်တစ်ခေါက် ထပ်ကြည့်တော့မှ ရေးရေးလေး မြင်လာတာ။ (ပြီးရင်လည်း ပြန်ကြည့်ဦးမှာ) ပြောစကားတွေ၊ကင်မရာအယူအဆတွေ၊ အလင်းအမှောင်တွေ၊ရှူထောင့်တွေ ပြောင်းထားတာမျိုးတော့ ရှိတာပေါ့။ ဟိုလျှောက်ပြော ဒီလျှောက်ပြောနဲ့ များနေပြီ။ ဇာတ်ကားအကြောင်း နည်းနည်းပြောကြတာပေါ့။ ဇာတ်ကားက ဘာမှ သိပ်ထူးဆန်းတာ မဟုတ်ဘူး။ လူလတ်ပိုင်းအရွယ် နာမည်ကြီး ဒါရိုက်တာ တစ်ယောက် သူ့ဇာတ်ကား screeningအတွက် မြို့လေးတစ်မြို့ကို ရောက်လာတယ်။ လာရမယ့်ရက်ထက် တစ်ရက်စောပြီး လာမိတယ်။ အဲ့တော့ အချိန်တွေပိုနေလို့ လျှောက်သွားတယ်။ အဲ့ဒီမှာ ပန်းချီဆရာ ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်ပေါ့။ ဒီဇာတ်ကားမှာ (Hong Sang-Soo ရဲ့ ထုံးစံအတိုင်း) သူတို့နှစ်ယောက်ကြားက တွေ့ဆုံမှုတွေ၊ပြောစကားတွေ၊ သောက်ကြစားကြတာတွေ၊ဘာပြောလို့ ပြောရမှန်းမသိတဲ့ ခပ်အမ်းအမ်းအခိုက်အတံ့တွေကို အများဆုံးတွေ့ရမယ်။ နောက်တစ်ပိုင်းက ရှေ့ပိုင်းထက်ပိုပြီး နွေးထွေးတယ်၊ ကြည်နူးဖို့ကောင်းတယ်၊ပျော်ဖို့ကောင်းတယ်။ အဲ့တာတွေကို ရွတ်လုပ်ယူတာမဟုတ်ဘဲ ရွေးချယ်မှု သေးသေးလေးတွေနဲ့ပဲ ပြောင်းပြသွားတာ။ ဒီကားက IMDb မှာ 7.1/10 ရထားပြီး Golden Leopard award,Critics award အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ ဆုပေါင်း(၁၆)ဆု ရထားတယ်။ အေးအေးဆေးဆေးလေး ခံစားကြည့်ကြပေါ့ဗျာ။ ပြီးရင်လည်း ထင်မြင်ယူဆချက်လေးတွေ ပြန်ဆွေးနွေးပေးသွားပေါ့။ ကျွန်တော်ကတော့ ဒီဇာတ်ကားအပြီးမှာ ငယ်ငယ်က ဘော်ဒါတစ်ကောင်ပြောဖူးတဲ့ စကားတစ်ခွန်း သွားသတိရတာပဲ။ ”ဟကောင်ရ စိတ်သွားတိုင်း ကိုယ်ပါတယ်ဆိုတာ အရူးတွေပဲ ရှိတာကွ။စိတ်သွားတိုင်း ကိုယ်ပါပါစေလို့ ဆုပေးတာ ရူးပါစေလို့ ဆုပေးတာနဲ့ အတူတူပဲ”တဲ့ ဒါပါပဲ။ ကိုယ့်အတွေးနဲ့ကိုယ် ခံစားကြည့်ကြပါ။ File size…  1.6 GB /  700 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 1m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Damien

Comedy • Crime • Mystery
6.9 2015 121 mins
Right Now, Wrong Then
Operation Seawolf
5.9

The Purge: Election Year, Hitman's Wife's Bodyguard နဲ့ Captain America: The Winter Soldier တို့ထဲပါခဲ့ပြီး မြန်မာနိုင်ငံကိုတောင် အလည်ခဏလာဖူးတဲ့ Frank Grillo နဲ့ The Expendables တို့၊ Rocky တို့၊ Creed တို့၊ Aquaman တို့ထဲပါဖူးပြီး ကျွန်တော်တို့ မြန်မာပရိသတ်တွေ ရုရှားအာနိုးလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ Dolph Lundgren တို့ တွဲဖက်ပါ၀င်ထားတဲ့ ရေတပ်ကားအသစ် အကြမ်းကြီးပါပဲ။ စစ်ကားထဲမှာမှ ကြည့်ရခဲလှတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ ရေတပ်ကားပေါ့။ ဒုတိယကမ္ဘာစစ်ကြီး ကန့်လန့်ကာပိတ်သိမ်းဖို့ နီးကပ်လာတဲ့အချိန်၊ အဘက်ဘက်က အင်အားနည်းလာတဲ့ ဂျာမန်တပ်တွေဟာ စစ်ပွဲချိန်ခွင်လျှာပြောင်းဖို့ ကြံရာမရ နောက်ဆုံးအားထုတ်မှုတွေထဲက တစ်ခုအဖြစ်နဲ့ မဟာမိတ်တပ်တွေရဲ့ အဓိကအချက်အချာနေရာဖြစ်တဲ့ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်း နယူးယော့ခ်က ကုန်သွယ်သင်္ဘောသွားရာ ရေလမ်းကြောင်းတွေကို ရေငုပ်သင်္ဘောတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ဖို့အတွက် ပင်လယ်ဝံပုလွေဆိုတဲ့ စစ်ဆင်ရေးတစ်ခုကို စတင်လာခဲ့တယ်။ ဒီစစ်ဆင်ရေးကိုဦးဆောင်ဖို့ သူတို့ရွေးချယ်လိုက်တာက ဝါရင့်သမ္ဘာရင့် ရေငုပ်သင်္ဘောတပ်မှူးဖြစ်တဲ့ ဟန်စ်ကတ်စ်လာပဲ။ ဒါပေမဲ့ သူ့ဘဝတလျှောက်လုံးနီးပါး တိုင်းပြည်အတွက် စစ်မှုထမ်းလာခဲ့တဲ့ ကတ်စ်လာမှာ တန်ဖိုးဖြတ်မရတဲ့ အတွေ့အကြုံတွေနဲ့ထပ်တူ ကုစားမရတော့တဲ့ ဒဏ်ရာဒဏ်ချက်တွေကလည်း ရှိနှင့်နေတယ်။ စစ်အတွင်း ဗုံးကြဲမှုတစ်ခုမှာ တစ်မိသားစုလုံးကို ဆုံးရှုံးထားရတဲ့ ကတ်စ်လာဟာ သူ့စစ်မှုထမ်းဘဝရဲ့ နေဝင်ချိန်တွေကို အရက်ပုလင်းထဲခေါင်းထိုးရင်း ဖြတ်သန်းနေသူတစ်ယောက်။ ဒီလိုလူက နဂိုရှိနှင့်ပြီးသား သင်္ဘောကပ္ပတိန်ကို အစားထိုးပြီး လာဦးစီးမှာကို ရေငုပ်သင်္ဘောတပ်သားတွေက ကလန်ကဆန်လုပ်ချင်ကြပေမဲ့ သူတို့ရဲ့ မယုံကြည်မှုတွေကြားကနေ ကတ်စ်လာတစ်ယောက် စစ်ဆင်ရေးတလျှောက်မှာ စံပြဦးဆောင်နိုင်စွမ်းကို ပြသရင်းနဲ့ ယစ်ထုပ်ဘဝကိုစွန့်ပြီး ဘဝရည်ရွယ်ချက်ကို ပြန်ရှာတွေ့သလို ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ အစတည်းက မျှော်လင့်ချက်နည်းခဲ့တဲ့ သူတို့ရဲ့စစ်ဆင်ရေး အောင်မြင်လုနီးပါး ဖြစ်လာကာမှပဲ ဒုတိယကမ္ဘာစစ်ကြီးက ပြီးဆုံးသွားတဲ့အခါမှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 880MB Quality - 1080p, 720p Format - mp4 Duration - 1H 27Min Genre - Action, Adventure, History Subtitle - Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Horror • Thriller
5.9 2022 86 mins
Operation Seawolf
The Last 10 Years
7.1

~ IMDb rating - 6.9/10, MyDramaList - 8.1/10 ~ " ကောင်လေးရယ် ကောင်မလေးရယ် ကမ္ဘာကြီးရယ် ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ။ တကယ်ဆို ဒီလိုအချိန်မျိုးမှာ လေပြင်းမုန်တိုင်းဟာ မတိုက်ခတ်ခဲ့သင့်ပါဘူး။ ခုတော့ လျှို့ဝှက်စွာတိုက်ခတ်သွားတဲ့ လေပြင်းမုန်တိုင်းကြောင့် ထင်းရှူးပင်ကြီးဟာ မျက်ရည်တောက်တောက်ကျနေရပေါ့။ ထင်းရှုးတောအုပ်ကလေးတစ်ခုလုံးဟာလည်း မျက်ရည်သစ်ပင်ကြီးရဲ့ငိုသံမှာ အံ့အားသင့်နေကြတယ်။ ဒါပေမယ့် ထင်းရှူးပဒေသာလမ်းပေါ်မှာ ကောင်လေးတစ်ယောက်ဟာ လျှောက်နေတုန်းပါပဲ။ (သူ့ကိုကြည့်ရတာ ဘာကိုမှ နောက်ဆံတင်းပုံမပေါ်ဘူး) လမ်းဘေးက အုတ်ခုံကလေးမှာတော့ အင်္ဂတေတွေကွာနေလေရဲ့... " - မောင်သိန်းဇော် (မျက်ရည်သစ်ပင်၊ ၁၉၈၇) ဒီဇာတ်ကားရဲ့မူရင်းဝတ္ထုကိုရေးသားခဲ့တဲ့ စာရေးဆရာမဖြစ်သူဟာ ၂၀၁၇ ခုနှစ်မှာပဲ ကွယ်လွန်ခဲ့ပါပြီ။ သူကိုယ်တိုင် နာတာရှည်ရောဂါကို ရင်ဆိုင်နေခဲ့ပြီး စွန့်ခွာမဲ့နေ့ကိုစောင့်နေရတဲ့ခံစားချက်ကို ဇာတ်ကားထဲမှာ ပုံဖော်ထားတာမို့ ဒီရုပ်ရှင်ဟာ လူတစ်ယောက်ရဲ့ သူ့ခံစားချက်အမှန်ကို ထုတ်ပြထားတဲ့ ရိုးသားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ပြောလို့ရတာမို့ အနုပညာစစ်သလို ရသလည်းမနုံနဲ့ပါဘူး။ IMDb rating - 6.9/10 ဟာလည်း ဒီလို Romance Drama ကားတစ်ကားအတွက် မနည်းလှတဲ့ rating ဖြစ်မှာပါ။ ဒီကပရိသတ်တွေ လူသိများတဲ့ မင်းသမီး Nana Komatsu ကလည်း အဓိကနေရာက ပါဝင်ထားပါတယ်။ ဇာတ်လမ်းထဲက မဆွတ်ရိ(Nana)က အသက်၂၀အရွယ်မှာပဲ အဆုတ်သွေးကြောနဲ့ပတ်သက်တဲ့ရောဂါကြောင့် ၂နှစ်ကျော် ဆေးရုံတက်ခဲ့ရသူပါ။ သူ့ရဲ့ရောဂါက ပျောက်ကင်းအောင်ကုသလို့ မရဘဲ နောက်၁၀နှစ်ထိသာ အသက်ရှင်နိုင်တော့မှာကို မဆွတ်ရိ သိသွားခဲ့ပါတယ်။ ဆေးရုံဆင်းတော့လည်း ပြင်းထန်တဲ့ လှုပ်ရှားမှုလုပ်ခွင့်မရှိတာကြောင့် အိမ်မှာပဲနားနေရပါတယ်။ သူငယ်ချင်းတွေကတော့ အလုပ်လုပ်ပြီး လက်တွဲဖော်ရှာဖို့ပြောပေမဲ့ လက်ကျန်သက်တမ်းကို သိနေတဲ့သူမကတော့ ဘယ်သူ့ကိုမှ ဘဝထဲမခေါ်ချင်တော့ပါဘူး။ ကျောင်းသားဟောင်းမိတ်ဆုံစားပွဲတစ်ခုကိုသွားတော့ ငယ်သူငယ်ချင်း ခဇုတိုနဲ့ပြန်ဆုံခဲ့ရပါတယ်။ ခဇုတိုကတော့ သူနဲ့ပြောင်းပြန်ပါပဲ။ သူ့မိဘတွေရဲ့ဖိအားပေးမှုနဲ့ အလုပ်အဆင်မပြေတာတွေကြောင့် သေကြောင်းကြံတဲ့အထိ ဖြစ်ခဲ့တဲ့သူပါ။ ဒီလိုနဲ့ အဖြစ်အပျက်တွေကြားမှာ မဆွတ်ရိနဲ့ ခဇုတိုတို့ ချစ်မိသွားကြတဲ့အခါ... ချစ်ခြင်းမေတ္တာဆိုတာ တစ်သက်လုံးအတူရှိရမှ ပန်းခင်းလမ်းကိုလျှောက်ရမှ ပြည့်စုံတာ မဟုတ်ဘူးဆိုတာ ဒီချစ်သူ၂ဦးက ပြောပြပါလိမ့်မယ်။ လက်တွဲဖော်ရဲ့စိတ်ခံစားချက်ကို ကိုယ်ပိုင်စိတ်ချမ်းသာမှုထက်ပိုပြီး ငဲ့ကွက်တာ၊ အရေးကြီးတဲ့အခါမှာ ချစ်သူကို ရှေ့တန်းတင် တွေးပေးတာတွေဟာလည်း နွေးထွေးမှုပါပဲ။ စကားဟောင်းလေးအတိုင်းပဲပေါ့။ လူဆိုတဲ့ သတ္တဝါဟာ အချစ်မရှိရင် တစ်ရည်လျော့တတ်တဲ့ အမျိုးမို့ လူဟာ အချစ်နဲ့ကင်းပြီးမနေနိုင်ကြဘူး။ မာယာတွေရစ်သိုင်းထားတဲ့ ဒီလောကဓံတရားအောက်မှာ ဘယ်လူသားကမှလည်း ဒဏ်ရာနဲ့ကင်းပြီးမနေနိုင်ကြဘူး။ အရှုံးတွေကပဲ ပိုချစ်တတ်အောင် သင်ပေးသွားရင်း ကံမဆုံပေမယ့် ချစ်ခြင်းတွေဟာ ဆက်လက်ရှင်သန်နေကြမှာပဲ။ ဒီရုပ်ရှင်ဟာ ဒီအချစ်တွေအကြောင်းပေါ့။ ~ Ref - မောင်သိန်းဇော်၊ သုခမိန်လှိုင်၊ တာရာမင်းဝေ ~ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 1.2GB, 661MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 2H 4Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Drama • Thriller
7.1 2022 124 mins
The Last 10 Years
Shanghai Grand
5.9

ဟောင်ကောင်ရုပ်ရှင်တွေကို ချစ်တဲ့လူတိုင်း ဟောင်ကောင်မင်းသားတွေကို သဘောကျကြမှာပဲ။ ကျွန်တော်လည်း ဟောင်ကောင်မင်းသား အတော်များများကို သဘောကျပါတယ်။ ဒီထဲ ကျွန်တော်အကြိုက်ဆုံးမင်းသားက လတ်စလီချောင်ပါပဲ။ ဒီတော့ လတ်စလီချောင်ကားဟောင်းတွေ စိတ်ပေါက်တိုင်းရှာကြည့်ဖြစ်တယ်။ သူ့မှာမာစတာပိစ်ကားတွေလည်း မနည်းပါဘူး။ ရိုးရိုးအချစ်ကားတွေလည်း မနည်းဘူး။ ရိုးရိုးအချစ်ကားတွေတောင် လတ်စလီချောင်ပါနေရင် အတော်လေးကြည့်ကောင်းပါတယ်။ သူ့ကိုချစ်တဲ့စိတ်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အခု ရှန်ဟိုင်းဂရန်းမှာတော့ လတ်စလီချောင်အပြင် Andy Lauလည်းပါပါတယ်။ ဟောင်ကောင်ရဲ့ဆရာတွေထဲက နှစ်ပါးပေါ့။ သူက ဂန်းကားဆိုပေမဲ့ ၁၉၃၀ကာလမှာ ဇာတ်အိမ်တည်ထားပြီး ထိုင်ဝမ်ရဲ့တော်လှန်ရေးအကြောင်းကိုလည်း ပါးပါးစွတ်ထားတယ်။ ဂန်းကားပီပီသသ ဂန်းကားတို့အခေါင်ကြီး Godfatherက ဇာတ်ဝင်ခန်းတစ်ချို့ကိုတောင် မှီးထားသေးတယ်။ နည်းနည်းမှီးထားတဲ့ကားဆိုတော့ မာစတာပိစ်တော့မဖြစ်လှပေမဲ့ တော်တော်ကြည့်ကောင်းတဲ့ ကားကောင်းစာရင်းတော့ဝင်ပါတယ်။ ဟောင်ကောင်ဂန်းကားကြိုက်တဲ့သူတွေအတွက် ရွှေလို့ပြောရမယ်။ သူ့ဇာတ်ဝင်တေးကလည်း အတော်များများရင်းနှီးပြီးသားသီချင်းဖြစ်သလို တကယ့်နာမည်ကြီး သီချင်းပါပဲ နားထောင်ကြည့်ရင်သိမှာပါ။ ဒီထဲကဗားရှင်းကိုတော့ Andy Lauကိုယ်တိုင် ပြန်ဆိုထားတယ်ထင်ပါတယ်။ ရှန်ဟိုင်းဂရန်းဟာ ဟောင်ကောင်ဂန်းကားကောင်းဖြစ်သလို လတ်စလီနဲ့ အန်ဒီတို့ကြားက Friendshipကို ကောင်းကောင်းပုံဖော်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဟောင်ကောင်ရုပ်ရှင်ပရိတ်တွေရော အန်ဒီနဲ့လတ်စလီပရိသတ်တွေရော ကြည့်ကို ကြည့်သင့်တဲ့ကားကောင်းပါပဲ။ ဇာတ်အိမ်ကိုအပထား အန်ဒီနဲ့လတ်စလီကို တွဲမြင်ရတာနဲ့တင်တန်နေပြီကို ဇာတ်လမ်းကလည်းမိုက်တော့ တကယ့်ရုပ်ရှင်ကောင်းပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.8GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__01:36:00 Type__Action, Crime , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Action
5.9 1996 96 mins
Shanghai Grand
Hush
6.7

မက်ဒီ ဟာ တောစပ်ကိုစာရေးဖို့ရောက်လာခဲ့ပါတယ် တောစပ်ဆိုပေမဲ့ အိမ်လေးတွေတော့ရှိပါတယ် အလှမ်းတော့ဝေးတာပေါ့ အိုကေ ဆက်ရအောင် အံဩစရာကောင်းတာက မက်ဒီဟာ ဆွံ့အနားမကြားသူ တစ်ယောက်ပါ သူစာရေးလို့ စာမူခရတာတွေကိုလည်း နားထိုင်းစောင့်ရှောက်ရေး ဝက်ဆိုဒ်အတွက် ကူညီပေးပါတယ်... "She is alone.... But She is not alone.... သူ့အတွက် ကံကြမ္မာဆိုးတွေစတင်ဝင်ရောက်လာပါပြီ သူ့ဆီကိုဖိတ်မခေါ်ပဲရောက်လာတဲ့လူတစ်ယောက်.... သူ့အသက်ကိုတစ်စစီခြွေမဲ့သူ...... အကူအညီအော်တောင်းလည်းမရနိုင် ...ပြေးလည်းမလွှတ်... မက်ဒီဟာ ထိုသူလက်ခုပ်ထဲကရေဖြစ်နေမလား.... ဒါမှမဟုတ်.... ဖိတ်မခေါ်ပဲရောက်လာတဲ့သူကိုမက်ဒီက ပြန်မလာနိုင်တဲ့လမ်းကိုပို့ပေးမလား..... လူတွေက သေခြင်းတရားနဲ့နီးကပ်လာရင် ဘယ်လိုတွေဖြစ်တက်ကြတာလဲ ပြင်းထန်တဲ့အခက်အခဲတွေကြုံလာတိုင်း အလျှော့မပေးပဲ အဖြေကိုရအောင်ရှာပါတဲ့..... ဒီကားကတော့ အင်းအားကြီးသူနဲ့ အားနည်းသူတို့ ယှဉ်ပြိုင်တိုက်ခိုက်တဲ့ပွဲပဲလို့ပြောရတော့မှာပဲ ကိုင်း ....အညွန်းကိုတော့ဒီမှာတင်တစ်ခန်းရပ် ကျွန်တော် John LaYaungဆိုတဲ့လူချောလေးနားပါရစေတော့လားခင်ဗျား File Size : (600 MB) and (230 MB) Quality : 720p WebRip  Running Time : 1hr 21minutes Format : Mp4 Genre : Horror, Thriller Translated By John La Yaung Encode By Thanhtike Zaw

Comedy • Drama • Romance
6.7 2016 82 mins
Hush
Still Walking
7.9

Still Walking (2008) =============== Directed By Hirokazu Koreeda IMDb Rating – 7.9/10 ဇာတ်အဖွင့်မှာ Koreedaဟာ မိသားစုတစ်စုရဲ့ သေသူ၊ ရှင်ကျန်သူတွေ ပြန်ဆုံစည်းကြတဲ့ နေ့တစ်နေ့ကို ခေါ်သွားတယ်။ နှစ်ပေါင်းများစွာ မပျက် မကွက် လမ်းလျှောက်နေတဲ့ လူတစ်ယောက်ဆီခေါ်သွားတယ်။ အဲဒီမိသားစုက လူတစ်ယောက်ချင်းစီရဲ့ စိတ်ထဲကို ခေါ်သွားတယ်။ သူတို့မိသားစုရဲ့မရှိတော့တဲ့ သူတို့အတွက်အဖိုးအတန်ဆုံး တစ်ယောက်ဆီ ခေါ်သွားတယ်။ သူတို့ရဲ့ဆန္ဒ တွေဆီ ခေါ်သွားတယ်။ ဒီလိုနဲ့နောက်တစ်နေ့ မိုးလင်းသွားတယ်။ တစ်ချို့ဆန္ဒ တွေက ဘယ်တော့မှမဖြစ်လာခဲ့ကြသလို တစ်ချို့က ဒီလမ်းကို ဆက်မလျှောက် နိုင်ကြတော့ဘူး။ ဒါပေမဲ့ ကျန်နေခဲ့သူတို့ကတော့ ဆက်လျှောက်နေရတုန်း။ Koreedaဟာ ကျွန်တော်တို့ကို ဒီမိသားစုက လူတစ်ယောက်ချင်းစီရဲ့ စိတ်အနေ အတိတ်တွေကို ပြတော့ပြတယ်။ ဒါပေမဲ့ ပေါ်လွင်အောင်တော့ မပြပါဘူး။ စကားတစ်ခွန်းနဲ့ အဲဒီစကားနောက်မှာ ဖြစ်သွားတဲ့ ဇာတ်ကောင်ရဲ့ အမူအရာနဲ့ကို ချိတ်ဆက်ပြီး ပြသွားတယ်။ Koreedaရဲ့ Still walkingဟာ ဟဲမင်းဝေးရဲ့ ရေခဲတုံးကြီးလိုပါပဲ။ Koreedaဟာ ကျွန်တော်တို့ကို သူပြချင်တဲ့အကြောင်းအရာကို ရိုးရိုးရှင်းရှင်းနဲ့ ရေခဲတုံးကြီးရဲ့ ပေါ်နေတဲ့အစွန်းကလေးကိုပဲ ရိုက်ပြသွားပေမဲ့ ကြည့်ရှုသူကိုတော့ အောက်က ရေခဲတုံးကြီးတစ်ခုလုံးကို ကိုယ်အသိနဲ့ကိုယ် ခံစားလို့ရအောင် ပြသသွားတယ်။ မရစရာလည်းမရှိပါဘူး။ ဇာတိ ဇရာ ဗျာဓိ မရဏ နဲ့ မကင်းတဲ့သူတွေပဲမို့လား။ Still Walkingဟာ တော်တော်ရိုးရှင်းပါတယ်။ သူ့ဇာတ်အိမ်ရဲ့ အချိန်ကလည်း တစ်နေ့အတိပဲ။ ‌သူ့နာမည်ကိုဖတ်ရင် ဒီဇာတ်အိမ် ဘယ်လိုလာမှာလဲ တွေးမိ ကောင်းတွေးမိလိမ့်မယ်။ ဒါပေမဲ့ Still Walkingက ဒီအတွေးအတိုင်း သိသာ မြင်သာစွာကြီး ပုံဖော်မသွားဘူး။ အစမှာ အိမ်ပြန်ရောက်ရတဲ့ အရသာမျိူးတောင် ရတယ်။ သူ့ခေါင်းစဉ်နဲ့ သူ့ဇာတ်ကို ချိတ်သွားပေးတဲ့အရာက ဂျိမ်းဂျွိုက်ပြောဖူးတဲ့ လင်းပွင့်မှု(Epiphany)လို့ခေါ်တဲ့ စိတ်သန္တာန်မှာ ရုတ်တရုတ် တစ်စုံတရာကို လင်းပွင့်သိရှိလိုက်မှုတစ်ခုနဲ့ပါပဲ။ ချစ်သောနေ့တွေ ချစ်သောလူတွေ ချစ်သောအရာတွေ ဒီလိုပဲ လွင့်ပြယ်သွားတယ်။ ကျွန်တော်တို့ကတော့ ဆက်လျှောက်နေရဦးမယ်။ စာကြွင်း – Koreedaဟာ 2000ခုနှစ်နောက်ပိုင်း အော်စကာဆန်ခါတင်၀င်ခဲ့တဲ့ ဂျပန်ရုပ်ရှင် ၃ကားထဲက တစ်ကားဖြစ်တဲ့ shopliftersရဲ့ ဒါရိုက်တာဖြစ်ပြီး Like Father Like son, Nobody Knows, After The Storm, Still Walking, Our Little sisterစတဲ့ ဂျပန်လူနေမှုဘ၀ ဂျပန်မိသားစုနဲ့ ဘ၀တွေကို ထင်ဟပ်တဲ့ မာစတာပိစ်ကားတွေ မနည်းရိုက်ကူးထားတဲ့သူပါ။ ဒီနှစ်လည်း ဆောင်းကန်ဟို၊ ဘဲ့ဒိုနာ၊ IUတို့နဲ့ Brokerဆိုတဲ့ ကိုရီးယားရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီး ကိန်းရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရခဲ့ပါတယ်။ Brokerနဲ့ ဆောင်းကန်ဟိုဟာ ကိန်းမှာ မင်းသားဆု ရသွားခဲ့ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size……….(1.45 GB) / (712 MB) / (480 MB) Quality…………BluRay 1080p / 720p / 480P Duration………1Hr 55mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….WiRa Aung Encoder……….SWM

Crime • Drama • Thriller
7.9 2008
Still Walking
Mood Indigo
6.5

အရမ်းချမ်းသာပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်တဲ့ သူဌေးလေးကိုလန်အကြောင်းကို ရိုက်ကူးထားတဲ့ကားလေးပါ။ ကုဋေရှစ်ဆယ်သူဌေးသားကိုမှ ပြင်သစ်ဗားရှင်းလေးလို့ ပြောလို့ရပါတယ်၊ ဒါပေမဲ့ ဒီကုဋေရှစ်ဆယ်သူဌေးသားက ကိုယ်တိုင်သုံးဖြုန်းလို့ကုန်တာမဟုတ်ဘဲ အချစ်ကြောင့်ကုန်တာမျိုးဆိုတော့ သူရဲကောင်းလေး‌ပေါ့… ကိုလန်က ဘဝမှာ အပူအပင်မရှိသက်သောင့်သက်သာနေနိုင်သလောက် ချစ်ရတဲ့သူတော့ရှိမနေပါဘူး၊ တစ်ရက် မိတ်ဆွေတစ်ယောက်ရဲ့ခွေးလေး မွေးနေ့ပါတီကိုသွားရင်း တွေ့ခဲ့တဲ့ ကလိုဝီကိုချစ်မိသွားပါတော့တယ်၊ နောက်ရက်မှာ ကလိုဝီနဲ့ အပြင်မှာတွေ့ပြီး အချစ်တွေကိုဝန်ခံလိုက်ချိန်မှာတော့ ကလိုဝီ့ဘက်ကလည်း လက်ခံခဲ့ပါတယ်။ ချစ်သူနှစ်ယောက် မင်္ဂလာဆောင်ပြီးတဲ့ညမှာပဲ ကလိုဝီ့အဆုတ်ထဲမှာပဒုမ္မာကြာပေါက်လို့ အိပ်ရာထဲလဲသွားပါတော့တယ်… မိန်းမကိုအရမ်းချစ်တဲ့ ကိုလန်တစ်ယောက် ဘယ်လိုမျိုး ကုပေးမလဲ… ကလိုဝီ့ရောဂါကရော သက်သာနိုင်ပါ့မလား ဆိုတာကို 2013 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb မှာ rating 6.5နဲ့ Rotten Tomatoes မှာ rating 61% ရရှိထားတဲ့ Mood Indigo ဆိုတဲ့ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင် File size… 2.84 GB / 1.24 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 10m Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

Thriller
6.5 2013
Mood Indigo
The Good Mother

၂၀၂၃ ခုနှစ်ထွက် အမေရိကန် crime/mystery ဇာတ်လမ်းအမျိုးအစားလေးပါ။ Academy award နှစ်ခါရရှိထားတဲ့ Hillary Swank နဲ့ House of Dragons က Olivia Cooke တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် မယ်ရီဆာဘန်းနင်း (Hillary Swank) ရဲ့သားအငယ်ဖြစ်တဲ့မိုက်ကယ်ဟာဇာတ်လမ်းရဲ့အစမှာအသတ်ခံလိုက်ရပါတယ်။ သူဟာမူးယစ်ဆေးသုံးစွဲသူဖြစ်ပြီး သူ့သူငယ်ချင်းဖြစ်တဲ့ဒက်ကီနဲ့‌ပေါင်းပြီးမူးယစ်ဆေးအရောင်းအဝယ်လုပ်နေတဲ့သူပါ။ မိုက်ကယ်ရဲ့အကိုဖြစ်တဲ့ တိုဘီကရဲတစ်ယောက်ပါ။ ညီဖြစ်သူအသတ်ခံရတော့ တိုဘီက မိုက်ကယ်ရဲ့စီးပွားရေးလုပ်ဖက်ဖြစ်တဲ့ ဒက်ကီရဲ့လက်ချက်ဖြစ်မယ်လို့ထင်ပါတယ်။ တစ်ဖက်မှာလည်း မိုက်ကယ်ရဲ့ကောင်မလေးဖြစ်တဲ့ ပေ့ဂ်ျ ကနေစရာမရှိလို့ မယ်ရီဆာနဲ့အတူလာနေရင်း မိုက်ကယ်ကိုသတ်သွားတဲ့သူကိုလိုက်စုံစမ်းပါတယ်။ ပေ့ဂ်ျနဲ့မယ်ရီဆာ အတူလိုက်စုံစမ်းရင် ဘာတွေဆက်ဖြစ်မယ်၊ ဘယ်လိုမြှုပ်ကွက်‌တွေကိုသွားတွေ့မလဲဆိုတာတော့ ရုပ်ရှင်ထဲမှာခံစားကြည့်ကြပါခင်ဗျာ။ File size…(1.2 GB)/(614 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Mystery, Thriller, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

0 2023
The Good Mother
My Husband’s Seven Wives
5.1

My Husband’s Seven Wives (2024) ========================== ဒီဇာတ်လမ်းကတော့ Maggie ဆိုတဲ့အမျိုးသမီးတစ်ယောက် အမှတ်မထင်ဘဲ အလုပ်ခရီးသွားနေတဲ့ သူ့ယောက်ျားAlanရဲ့ ကားကို သူစိမ်းအိမ်မှာတွေ့ရာကနေ အဲဒီအိမ်ရှင်အမျိုးသမီး Pamက သူ့ယောက်ျားနဲ့လက်ထပ်ထားတာကို သိလိုက်ရတာ ပါပဲ။ ပိုမဖြစ်နိုင်စရာကောင်းတာက Maggie နဲ့ Pam တို့ သူတို့ ပျောက်သွားတဲ့ပိုက်ဆံတွေအတွက် Alan ရဲ့ ဘဏ်ရှင်းတမ်းတွေ ကိုလိုက်ရှာလေ Alan မှာ တစ်ခြားလက်ထပ်ထားတဲ့ဇနီးသည်တွေ တစ်ယောက်ပြီးတစ်ယောက် ထပ်ပေါ်လာတာပါပဲ။ နောက်တော့ Maggie၊ Pamနဲ့ ကျန်တဲ့ Alanရဲ့ဇနီးသည်တွေအကုန် ပေါင်းပြီး Alan ကို လက်စားချေရင်း Alanခိုးသွားတဲ့ သူတို့ပိုက်ဆံ တွေကိုပြန်ရှာဖို့ ဘယ်လိုကြိုးစားကြမလဲကို စိတ်ဝင်စားဖွယ် ကြည့်ရှု ရမဲ့ Mystery ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.56 GB) / (600 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 40Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Thwal Htoo Zin Encoder……….SWM

5.1 2024 88 mins
My Husband’s Seven Wives
Fa Qiu Ling Zhong

ဒီကာလေးကတော့ဆွေမင်းဆကနှေင်းပိုင်း ခေတ်ကာလခြေနကို ရိုက်ပြထားတဲ့ တရုတ်စွန့်စားခန်းဇာတ်ကားတစ်ကားပါ စစ်ပွဲနဲ့ ဘေးဥပဒ်များအတွင်း ထိုင်ဝူတောင်သို့ နက်ရှိုင်းစွာဝင်ရောက်ဖို့ အမိန့်ပေးခံရတဲ့ Feng Shui ဆိုတဲ့သူတစယောက်ကြောင်းကို စွန့်စားခန်တွေ များစွာနဲ့ စိတ်၀◌င်စားဖွယ်ကြည့်ရှု့ကြရမှာပါ File size_(1.4GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Adventure Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by wai wai

0 2023
Fa Qiu Ling Zhong
Chances Are, You and I
8.4

Chances Are, You and I (2024) IMDb Rating (8.4) Sol Sikat ဟာဦးနှောက်ထဲမှာအကျိတ်တည်နေတဲ့ဝေဒနာကိုခံစားနေရပြီး လောကကြီးကိုစိတ်ကုန်အရွဲ့တိုက်နေတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်က မတော်တဆမှုတစ်ခုမှာ သူ့မိခင်ကိုဆုံးရှုံးခဲ့ရပြီး ဖခင်ဖြစ်သူကလည်း သူ့မိသားစုအသစ်နဲ့နိုင်ငံခြားမှာပျော်ရွှင်နေပြီဖြစ်တဲ့အတွက် သူ့အတွက်အသက်ဆက်ရှင်စရာအကြောင်းပြချက်မရှိတော့ဘူးလို့ ယူဆထားတာဖြစ်ပါတယ်။ Gabi Sinag ဆိုတဲ့ကောင်မလေးကလည်း သူနဲ့ထပ်တူဝေဒနာမျိုးခံစားနေရတဲ့သူဖြစ်ပြီး သူ့လိုပဲ မတော်တဆမှုတစ်ခုမှာ မိခင်ရောဖခင်ကိုပါဆုံးရှုံးခဲ့ရသူလည်းဖြစ်ပါတယ်။ဒါပေမယ့် သူနဲ့ဆန့်ကျင်စွာ လောကကြီးကိုအကောင်းမြင် လူတွေကိုအကူအညီပေးတတ် ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူတို့နှစ်ယောက် အတူဆုံဖြစ်ခဲ့ပြီး ရင်းနှီးမှုရလာ လောကကြီးအပေါ် ခံစားချက်တွေ အတွေးအမြင်တွေရင်ဖွင့်ဖလှယ်ရင်းကနေ ခရီးရှည်တစ်ခုထွက်ဖြစ်ခဲ့ပြီးဘ၀ရဲ့အပြောင်းအလဲတွေကို ရင်ဆိုင်တွေ့ကြုံရဖို့ဖြစ်လာပါတော့တယ်။ နာမည်ကျော်တက်သစ်စနှစ်ယောက်ဖြစ်တဲ့ Kelvin Miranda နဲ့ Kira Balinger တို့ခေါင်းဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားဟာပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Netflix ထုတ် ဖိလစ်ပိုင် romance/drama ဇာတ်ကားကောင်းလေးတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်) File size…(2.2 GB) / (985 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….02:13:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

8.4 2024
Chances Are, You and I
Scooby-Doo! and KISS: Rock and Roll Mystery
6.5

ဒီတစ်ခေါက်မှာတော့ စကူးဘီ အဖွဲ့ဟာ အပန်းဖြေခရီးတစ်ခုထွက်လာကြပါတယ် Kiss World ဆိုတော့ နာမည်ကြီး ရော့ခ်တီးဝိုင်း ကို အမှီပြုပြီးဖွင့်ထားတဲ့ ပန်းခြံကိုပေါ့ ဟောလိုးဝင်းညမှာ ဖျော်ဖြေမယ့် Kiss ရဲ့ ပွဲကို အမီ လာကြတဲ့ စကူးဘီအဖွဲ့ဟာ ထုံးစံအတိုင်း ဆန်းကြယ်ပဟေဠိကို ဖြေရှင်းရဖို့ ကြုံလာပါတော့တယ် စုန်းမနီ လို့ခေါ်တဲ့ မကောင်းဆိုးဝါးကို ဘယ်လိုရင်ဆိုင်ပြီး ဒီတခါလဲ စကူးဘီအဖွဲ့က ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ် ထူးခြားတာကတော့ ဒီတခါ ဇာတ်လမ်းမှာတော့ ဆန်းကြယ်ပဟေဠိကို ဖြေရှင်းကြမှာက စကူးဘီအဖွဲ့သာမကပဲ KISS တီးဝိုင်းကပါ ပါဝင်ပူးပေါင်းပြီး ဖြေရှင်းကြတာကို တွေ့ရှိရမှာပါ KISS ရဲ့ နာမည်ကြီး သီချင်းတချို့ကိုလဲ ဇာတ်ဝင်တေးအဖြစ် ထည့်သွင်းထားတာကြောင့် KISS ရဲ့ ဖန်တွေ အတွက်တော့ ကြည့်ရတာ အရသာရှိတဲ့ ဇာတ်ကားတစ်ခုဖြစ်မှာပါ ဒါ့အပြင် အသံသရုပ်ဆောင်တွေအနေနဲ့ KISS ရဲ့ တကယ့် တီးဝိုင်းအဖွဲ့ဝင်တွေက ပါဝင်ထားတာဖြစ်ပါတယ် ဒီဇာတ်လမ်းမှာလဲ စကူးဘီအဖွဲ့ဟာ ဘယ်လို ဟာသတွေ ဖြေရှင်းချက်တွေနဲ့ ဆန်းကြယ်မှုတွေကို ရင်ဆိုင်ရမလဲဆိုတာကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ File Size : 1.8 GB, 1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Nwe Hnin Thazin Encode by : Thit San Khant

6.5 2015 79 mins
Scooby-Doo! and KISS: Rock and Roll Mystery
Tom and Jerry’s Giant Adventure
6

ဒီဇာတ်လမ်းကတော့ ငယ်ငယ်ကကြားဖူးနေကျ မှော်ပဲစေ့နဲ့ နတ်တိုင်းပြည် ပုံပြင်လိုပါပဲ။ တွမ်နဲ့ဂျယ်ရီဟာ ပုံပြင်စာအုပ် မြို့တော်ဆိုတဲ့အပန်းဖြေကစားကွင်းပိုင်ရှင်တွေ မွေးထားတဲ့ကောင်လေးနှစ်‌ကောင်ပေါ့။ အဲဒီကစားကွင်းက လူမလာဘဲ အရှုံးပေါ်နေတာ‌ကြောင့် အကြွေးနဲ့သိမ်းခံရတော့မယ့်အထိအခြေအနေ ဆိုးနေခဲ့တာပါ။ ဒါကြောင့် ကစားကွင်းထဲက ပစ္စည်းတွေ၊ တိရစ္ဆာန်ရုံ‌‌ထဲက အကောင်တွေ ရောင်းထုတ်ပြီး ပိုက်ဆံရှာနေရတာပါ။ ရောင်းရင်းရောင်းရင်း နောက်ဆုံးမှာနွားမလေးတစ်ကောင်ပဲ ရောင်းစရာဆိုလို့ ကျန်တော့တာပါ။ ဒါပေမဲ့ ကစားကွင်းပိုင်ရှင်ရဲ့သား ဂျက်က အဲဒီနွားလေးကို ပိုက်ဆံမယူဘဲ မှော်ပဲစေ့ဆိုတာတွေနဲ့ လဲလိုက်မိသွားပါတယ်။ ဒီလိုနဲ့ စိတ်ဓါတ်ကျနေတဲ့ ဂျက်တို့အဖွဲ့ အဲဒီပဲစေ့တွေကိုပဲ စိုက်လိုက်ရင်း နောက်နေ့မှာတော့ ဧရာမပဲပင်ကြီးအဖြစ်နဲ့ ကောင်းကင်ပေါ်က နတ်သမီးတိုင်းပြည်ဆိုတဲ့ ထူးဆန်းတဲ့ နေရာတစ်ခုအထိ ရောက်အောင် ပေါက်နေတာကို သိလိုက်ရပါတယ်။ အဲဒီတိုင်းပြည်မှာ ဧရာမဘီလူးကြီးတစ်‌ကောင်ကပြည်သူတွေဆီက ရွှေငွေတွေကို အင်အားသုံး လုယူနေတာပါ။ ဒါကို လက်မခံနိုင်တဲ့ ဂျက် တွမ်နဲ့ ဂျယ်ရီတို့က အဲဒီဘီလူးကိုတားပြီး နတ်သမီးတိုင်းပြည်ကို ကယ်ဖို့ ကြိုးစားပါတော့တယ်။ File Size : 1.1 GB, 595 MB Quality : Blu-Ray 1080p / 720p Running Time : 57min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

Action
6 2013 57 mins
Tom and Jerry’s Giant Adventure
The Case of the Christmas Diamond
5.3

The Case of the Christmas Diamond (2024) IMDb Rating (5.3) ခရစ်စမတ်အချိန်မှာ ချစ်ခြင်းတွေ ၊ စွန့်စားမှု တွေ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ဇာတ်လမ်းမှာ Sarah Lydia Sophia ရဲ့ သရုပ်ဆောင်ကအတော်ကောင်းနေပြီးတော့ သူကြောင့်ဇာတ်လမ်းကပိုပြီးတော့ဆွဲဆောင်မှုရှိလာစေပါတယ်။ ခရစ်စမတ်အချိန်ရဲ့ အဓိပ္ပာယ်နှင့် အနုပညာလက်ရာ ကိုတစ်နေရာထဲမှာပေါင်းထည့်ထားတာပါ ။ ဒီကားက ဒါရိုက်တာရဲ့ လှုပ်ရှားမှု တွေကို လည်းသေချာပြထားပြီးတော့ ၊ ဇာတ်လမ်းရဲ့ ခရစ်စမတ်နှင့် စွန့်စားခန်းတွေ အကြောင်း ကို စိတ်လှုပ်ရှားဖွယ် မြင်ရမှာပါ။ ဇာတ်လမ်းကတော့ ခရစ်စမတ်အချိန်တွင်းမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ နဲ့ မိသားစုချစ်ခြင်းမေတ္တာနဲ့ ရိုးရာထုံးတန်းတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(1.6 GB) / (860 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Mystery, Romance Duration….01:23:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

5.3 2024 90 mins
The Case of the Christmas Diamond
Beauty in the Struggle II

ဒီဇာတ်ကားလေးကတော့ အပြင်လောကမှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ အနီးစပ်ဆုံးတူအောင် ရိုက်ပြထားတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ အမေတစ်‌ယောက်ဖြစ်တဲ့ ဂျက်စမင်းဟာ သူ့သားအတွက် ဘ၀ကို ခက်ခက်ခဲခဲရုန်းကန်နေရပါတယ်။ ‌ယောကျာ်းဖြစ်သူ မိုဇီကလဲ သူ့နောက်ကွယ်မှာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ ကိစ္စတွေကို လုပ်ကိုင်နေပါတယ်။ အဲ့ဒီအချိန်မှာ သားဖြစ်သူဟာ လူသတ်မှုနဲ့ ဖမ်းဆီးခံလိုက်ရပါတော့တယ်။ ဂျက်စမင်းတစ်ယောက် လောကဓံကြားမှာ ဘယ်လို ကြံ့ကြံ့ခံသွားမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ မိသားစုဘ၀နဲ့ အခက်အခဲတွေကို ရိုးရိုးသားသားရိုက်ပြထားတဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ အဆင်ပြေပါတယ်။ File size…(775 MB)/(405 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ivy Noe

Horror • Drama • Thriller
0 2025
Beauty in the Struggle II