YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

A Man Called God - 02 {CM}.mp4

660.65 MB N/A video/mp4 1920 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Symbol
6.7

ဒီတစ်ခေါက်မှာတော့ 2009 ခုနှစ်က ထွက်ရှိထားတဲ့ Symbol ဆိုတဲ့ ဂျပန်စိတ်ကူးယဉ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာ စပိန်မိသားစုလေးတစ်စုနဲ့ စတင်ထားပါတယ်။ ကလေးတွေက ကျောင်းသွား၊ မိဘတွေက အလုပ်လုပ်တဲ့ သာမန်မိသားစုလေးတစ်စုပေါ့။ အဲဒီနောက်မှာတော့ ရုတ်တရက်ကြီး အဖြူရောင်ဗလာအခန်းတစ်ခန်းထဲမှာ ပိတ်မိနေတဲ့ ဆံပင်ဂုတ်ဝိုင်းကေနဲ့ ညအိပ်ဝမ်းဆက်အစိမ်းရောင်ကွက်ကြားကိုဝတ်ထားတဲ့ ဂျပန်ဘဲကြီးတစ်ယောက်ဆီကို ရောက်သွားပါတယ်။ သိပ်မကြာပါဘူး။ အဖြူရောင်နံရံကြီးပေါ်မှာ မြားနတ်မောင်ဂွေးစိ သေးသေးလေးတွေ နံရံအနှံ့ ပေါ်လာတာပေါ့။ အဲဒီ ဂွေးစိသေးသေးလေးတွေကို ဖိလိုက်ရင် ကြုံရာပစ္စည်းတစ်ခုခု ကျလာပါတယ်။ ဆူရှီ၊ ပန်းအိုး၊ တူ၊ ဘောလုံး၊ မဂ္ဂဇင်း စသဖြင့် ကြုံရာပေါ့။ အဲဒီ ထူးဆန်းတဲ့အခန်းကြီးက ပစ္စည်းတွေ ချပေးရုံတင်မကဘဲ ညအိပ်အင်္ကျီနဲ့ဘဲကြီးကို အနုနည်းနဲ့ နှိပ်စက်ပါသေးတယ်။ အဲဒီအခန်းက ဘဲကြီးကို ဘယ်လိုအနုနည်းနဲ့နှိပ်စက်မလဲ။ ဘဲကြီးက ဘာလို့အဲဒီအခန်းထဲ ရောက်နေတာလဲ။ အဲဒီအခန်းထဲကနေ အပြင်ကို ဘယ်လိုထွက်မလဲ။ တကယ်ရော အပြင်ထွက်လို့ ရနိုင်ပါ့မလား။ ဗလာခန်းထဲကဘဲကြီးနဲ့ ဇာတ်လမ်းအစက စပိန်မိသားစုနဲ့ ဘာဆိုင်လို့လဲ။ စသဖြင့် "လဲ" ပေါင်းများစွာနဲ့ စောင့်ကြည့်ရမယ့်ကားဖြစ်ပါတယ်။ ဘာမှမဆိုင်တာကို မဆိုင်ဆိုင်အောင်လုပ်တာကိုက ဂျပန်တွေရဲ့ skill တစ်ခုမဟုတ်လား။ ဒီတော့ ဒီကားထဲမှာရော ဘယ်လိုသက်ဆိုင်မှုလေးတွေရှိမလဲ။ ဘာကို message ပေးချင်တာလဲ။ ဇာတ်လမ်းခေါင်းစဉ်ကိုရော ဘာလို့ Symbol လို့ပေးထားတာလဲဆိုတာကို တွေးရတာကြိုက်တဲ့သူတွေအနေနဲ့ ဇာတ်လမ်းနောက်ကို စီးမြောလိုက်ပါရင်း အတွေးပင်လယ်ထဲ စီးမြောနိုင်ဖို့ ဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ File size…1.8GB / 800MB Quality…1080p Blu Ray AAC5.1CH / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Tsukishiro

Western
6.7 2009 93 mins
Symbol
Married by Mistake
5.9

Married by Mistake (2023) IMDb - 5.8 ပူပူနွေးနွေး MBAဘွဲ့ရထားတဲ့ ရိုင်လီတစ်ယောက် ငယ်ငယ်တည်းက မျှော်မှန်းခဲ့ရာအလုပ်ကို လက်မတင်လေး ဆုံးရှုံးလိုက်ရပါတယ်။ စိတ်ညစ်ညစ်နဲ့ နိတ်လို့ခေါ်တဲ့ ကျောင်းနေဖက်သူငယ်ချင်းနဲ့အတူ မူးကွဲနေအောင်သောက်မိရာက မနက်လင်းတော့ ဘုရားတရပါပြီ။ ဝတ်လစ်စလစ်နဲ့ တစ်ကုတင်တည်းအတူ တက်အိပ်နေကြတဲ့အဖြစ်ကို တွေ့‌လိုက်ရတာပါ။ လက်သန်းကြွယ်မှာလည်း လက်စွပ်ကိုယ်စီနဲ့ပါပဲ။ ဆိုတော့ မည်သို့မည်ပုံဖြစ်သွားသည် မသိသော်ငြားလည်း နိတ်နဲ့ ခေါင်းချင်းရိုက်တိုင်ပင်ကြတော့ အကြံတစ်ခုထွက်လာပါတယ်။ စီးပွားရေးဘွဲ့လက်မှတ်ကြီးကိုင်ပြီး အလုပ်မရှိလို့ အနာဂတ်ပျောက်နေတဲ့ ရိုင်လီကတစ်ဖက်၊ မိသားစုစီးပွားရေးလုပ်ငန်းမှာ အရှုံးပေါပြီး ဒေဝါလီခံရလုနီးနီးဖြစ်နေတဲ့ နိတ်ကတစ်ဖက်မို့ နှစ်ဦးနှစ်ဖက် အကျိုးမယုတ်အောင် လက်ထပ်လျက်သား ဆက်နေပြီး နိတ်တို့စီးပွားရေးလုပ်ငန်းကိုပဲ ကူညီလုပ်ကိုင်ပေးဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ Romanceနဲ့ Comedy ပေါင်းထားပြီး ခေတ်ဆန်တဲ့ စကားအသုံးအနှုန်းတွေ ပါတာကြောင့် ဇာတ်လေးကြီးတွေ ကြည့်ရတာ ငြီးငွေ့လာသူတွေအဖို့ စိတ်ပြေလက်ပျောက် ပေါ့ပေါ့ပါးပါးကြည့်သင့်တဲ့ ဇာတ်လမ်းမျိုးပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hugo ပဲဖြစ်ပါတယ်။ Genre..... Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.6GB | 642MB | 305MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hugo Encoder ..... August

Drama • Romance
5.9 2023 88 mins
Married by Mistake
Bring Him Back Dead
4.3

Bring Him Back Dead (2022) ====================== အက်ရှင်မင်းသားကြီး Gary Danielsပါဝင် သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားလေးကတော့ အက်ရှင်ပရိသက်တွေ အကြိုက်တွေ့မယ့် ကားလေးပဲဖြစ်ပါတယ်။ ထရန့်ဆိုတဲ့လူက ဘဏ်တစ်ခုကနေ စိန် တွေခိုးဖို့အတွက် ဂိုဏ်းအဖွဲ့တစ်ခုကိုခိုင်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အဲလက်စ်က အဖွဲ့ကို သစ္စာဖောက်ပြီး စိန်တွေကိုယူသွားခဲ့ပါတယ်။ အဲ့တော့ထုံးစံအတိုင်း ဂိုဏ်းကနေ သူတို့စိန်တွေကိုပြန်ယူနိုင်မလား၊ အဲလက်စ်ကရော ဘာလို့သစ္စာဖောက်ရတာလဲ၊ ဇာတ်လမ်းဇာတ်အိမ်ရိုးရိုးရှင်းရှင်းလေးကို အက်ရှင်ကောင်းကောင်းနဲ့မြင်ရမဲ့ “Bring him back dead”ပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Moe Phway Cherry ဖြစ်ပါတယ်)

Crime • Drama
4.3 2022 85 mins
Bring Him Back Dead
Free Fire
7

Free Fire 2016 ဒီဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုကိုပြောပြပါဆိုရင်တော့ ပါသမျှသရုပ်ဆောင်တိုင်းက နာမည်ကြီးတွေဖြစ်နေတာပါပဲ။ Captain Marvel အဖြစ်လူသိများတဲ့ မင်းသမီးချော Brie Larson ရယ် Peaky Blinders ထဲက Thomas Shelby နေရာမှာ သရုပ်ဆောင်တဲ့ မင်းသားချောကြီး Cillian Murphy ရယ်၊ Call me by your name ထဲက မင်းသားအခန့်ကြီး Armie Hammer ရယ် အက်ရှင်ကားတွေနဲ့ဆို နာမည်ကြီးတဲ့သရုပ်ဆောင်တွေ အခြားရုပ်ရှင်ကားပေါင်းများစွာ ပါဝင်ထားတဲ့ အလန်းစားအက်ရှင်ဇာတ်ကြမ်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… ဂျက်စတင်ဆိုတဲ့ကောင်မလေးတယောက် ဒုစရိုက်ဂိုဏ်းနှစ်ဂိုဏ်းအရောင်းအဝယ်ကိစ္စမှာကြားဝင်စေ့စပ်ရင်း ပြဿသနာသေးသေးလေးကနေစပြီး ပစ်ခတ်ကြတဲ့အခါမှာတော့ သေနတ်ပစ်ရတာပျော်နေတဲ့လူတွေကြား သူ့ခမျာပတ်ပြေးရပါတော့တယ်။ ပတ်လည်ရိုက်အောင် ပစ်ကြခတ်ကြလွန်းလို့ ကြည့်ရတဲ့သူတောင်မောလာစေမယ့်ဇာတ်ကားပါ။ နောက်ဆုံးတော့ ဒီလိုအရှုပ်ထုပ်တွေကနေ ဂျက်စတင်တစ်ယောက်ဘယ်လိုလွတ်မြောက်လာမလဲ။ ဒီအရှုပ်အရှင်းတွေကြားမှာ တယောက်ယောက်ကများ အကျိုးအမြတ်ရသွားမလားဆိုတာ…..။ Action/Comedy/Crime အမျိုးအစားဖြစ်တာကြောင့် အက်ရှင်ကြမ်းကြမ်းတွေ အခွီတွေနဲ့ တကယ့်အလန်းစားဇာတ်ကားမျိုးပါပဲ။ File size…(1.5 GB)/(650 MB) Quality…BluRay 1080p / 720p Format…mp4 Duration….01:30:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung

Comedy • Drama
7 2016 90 mins
Free Fire
RDX: Robert Dony Xavier
7.8

RDX:Robert Don’t Xavier (2023) IMDb-7.8/10 တောင်ပိုင်းကားကြမ်းကြမ်းလေးမှကြိုက်တဲ့လူတွေအတွက် သူငယ်ချင်းသုံးယောက်ပေါင်းကြမ်းကြမဲ့ရုပ်ရှင်ကား‌ကောင်းလေးတင်ဆက်ပေးလိုက်ပါတယ် ဘတ်ဂျက်အနေနဲ့ ၈ ကုဋေပဲသုံးထားတဲ့ဒီကားဟာ ကုဋေ ၈၀ ကျော်ထိရအောင် ပြန်ရှာနိုင်ခဲ့တဲ့ကားပါ မလေးယားလမ်းရုပ်ရှင်တွေမှာ စတုတ္ထမြောက်ဝင်ငွေအကောင်းဆုံးကားလည်းဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း ဘုရားပွဲတစ်ခုက ဖြစ်လိုက်တဲ့ရန်စတစ်ခုက အိမ်ထဲထိဝင်ပြီး မိသားစုကိုပါ ဒုက္ခပေးတဲ့အချိန်… ဆိုးတူကောင်းဖက် သူငယ်ချင်း သူများအနိုင်ကျင့်ခံရတာသိလိုက်ရတဲ့အချိန်… ချစ်ရတဲ့သူနဲ့ သူငယ်ချင်း အချစ်နဲ့မေတ္တာ နှစ်မျိုးထိပ်တိုက်တွေ့ရွေးချယ်လာရချိန် ရောဘတ် ဒွန်နီ စေဗီဆိုတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ သံယောဇဉ် သူတို့တွေတန်ဖိုးထားကြတဲ့ အချစ်မေတ္တာတွေအတွက် ရန်သူတွေကို တိုက်ခိုက်ရင်ဆိုင်ကြတဲ့ဒီကားဟာ Action/Thriller ကြိုက် ပရိသတ်ကြီးတို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ် (အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Dee ~ Moon ~ ToMo တို့ပဲဖြစ်ပါတယ်)

7.8 2023
RDX: Robert Dony Xavier
Freedom’s Path

ဒီရုပ်ရှင်ကတော့ သမိုင်း၊ စစ်ပွဲနောက်ခံ ဒရာမာ လေးပါပဲ။ သမိုင်းကတော့ အမေရိကန် ပြည်တွင်းစစ် ( ၁၈၆၁ – ၁၈၆၅) ကို အခြေခံထားတာဖြစ်ပါတယ်။ ကျွန်စနစ်ဖျက်သိမ်းရေးကိုထောက်ခံတဲ့ မြောက်ပိုင်းတပ် (ယူနီယံတပ်) နဲ့ မထောက်ခံတဲ့ တောင်ပိုင်းတပ် (ကွန်ဖဒရေစီ) တပ်တွေ တိုက်ခိုက်ကြတဲ့ကာလပါ။ အဲဒီပြည်တွင်းစစ်မှာ လူမည်း ၁၈၀၀၀၀ လောက် ပါဝင်တိုက်ခိုက်ပေးခဲ့ပါတယ်။ အမေရိကန်မှာ ၁၇၆၀ ကျော်ကစပြီးနှစ် ၁၀၀ လောက်အမြစ်တွယ်နေတဲ့ ကျွန်စနစ်ကို တိုက်ဖျက်ရတာ မလွယ်ခဲ့ပါဘူး။ မြောက်ပိုင်းသား ယန်းကီးတွေတောင်မှ နိုင်ငံပေါင်းစည်းရေးအတွက်ပဲ တိုက်ပြီး ကျွန်တွေကိုအထင်သေးတဲ့သူတွေရှိတုန်းပါပဲ။ စစ်ပွဲကာလ တောင်ပိုင်းကနေ မြောက်ပိုင်းကိုထွက်ပြေးဖို့ ကြိုးစားကြတဲ့ ကျွန်တွေအကြောင်း၊ ကျွန်တွေကို ပြန်လိုက်ဖမ်းတဲ့မုဆိုးတွေအကြောင်း ပါပါတယ်။ နောက်ဆုံး စစ်ပွဲကြီးအပြီး မြောက်ပိုင်း ယူနီယံတပ်တွေနိုင်ပြီး ကျွန်စနစ် ဖျက်သိမ်းခဲ့တာတောင် လူမည်းတွေကို အကြီးအကျယ်နှိမ်တဲ့ နယ်မြေတွေရှိခဲ့တုန်းပါပဲ (Green Book ရုပ်ရှင်မှာတွေ့နိုင်ပါတယ်) ။ လူမျိုးရေးခွဲခြားမှုကတော့ ယနေ့ခေတ်အထိ ဥပဒေနဲ့ ထိန်းချုပ်ထားတာတောင် ဖြစ်ပျက်နေဆဲပါပဲ။ အခု ရုပ်ရှင်ကတော့ ယူနီယံစစ်သား ဝီလီယံ တစ်ယောက် ကွန်ဖဒရိတ်တွေနဲ့ ပထမဆုံးစစ်ပွဲမှာ ဒဏ်ရာနဲ့ ထွက်ပြေးလာပြီး တောင်ပိုင်းမှာ တစ်ယောက်တည်း သေဖို့ကျန်ခဲ့တဲ့အချိန်မှာ တောင်ပိုင်းကနေ ထွက်ပြေးလာပြီး ယူနီယံတပ်ထဲဝင်ဖို့ ထွက်လာတဲ့ လူမည်းတစ်စုက ကယ်တင်တာခံရပုံပဲ။ ဝီလီယံက ယူနီယံတပ်သားဖြစ်ပေမဲ့ ကျွန်စနစ်ကို ဘာလို့တိုက်ဖျက်ရမှန်းတောင် နားလည်တဲ့သူမဟုတ်ပါဘူး။လူမည်းတွေကို အထင်သေးပါသေးတယ်။ ဒါပေမဲ့ လူမည်းတွေကြားမှာ ရှင်သန်ရင်းနဲ့ ညီအစ်ကိုလို မိသားစုလိုဖြစ်လာပြီး တောင်ပိုင်းက ကျွန်မုဆိုးတွေနဲ့ ရင်ဆိုင်ရချိန်မှာတော့… File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:11:00 Genre…Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by Mr. Anderson

0 2022 131 mins
Freedom’s Path
[18+] Zack and Miri Make a Porno
6.5

ဂေါင်းကြီးတို့ လောကဓံတရားတွေ ရိုက်ခတ်လာလို့ စားဝတ်နေရေးမပြေလည်တော့ရင် အောကားရိုက်စားဖို့ တွေးဖူးကြလား??? ဒီဇာတ်ကားကတော့ ဂေါင်းကြီးတို့အကြိုက်ဖြစ်မယ့် ခွီလည်းခွီရ စိတ်လည်းကြွမယ့် ၁၈ ယောက်ပြည့်မှ ကြည့်လို့ရမယ့် ကားလေးဖြစ်ပါတယ်နော်။ တကားလုံးမှာ ပြောတဲ့စကားတွေက ထိမိလွန်းလို့ သောက်ရမ်းခွီနေရမယ့် ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်း ဇက်ခ်နှင့် မီရီဟာ အထက်တန်းကတည်းက ခင်မင်လာတဲ့ သူငယ်ချင်းတွေဖြစ်ပြီးတော့ အိမ်ငှားခ မတတ်နိုင်တဲ့အတွက် တိုက်ခန်းတစ်ခုကို နှစ်ယောက်စုငှားပြီးတော့ အိမ်ငှားခကို တစ်ယောက်တစ်လစီ ပေးကြပါတယ်။ မီရီကတော့ အရင်လက အိမ်ငှားခကို သူပေးပြီးပြီဖြစ်တဲ့အတွက် ဒီလမှာတော့ ဇက်ခ်ပေးရမယ့်အလှည့်ရောက်လာပါတယ်။ ဒါပေမဲ့ ဇက်ခ်က သူ့လစာကို မတု ဝယ်လိုက်လို့ အိမ်ငှားခပေးစရာ မရှိတော့တဲ့အပြင် မီတာခ ရေဖိုးပါ မဆောင်ထားတဲ့အတွက် အဲဒီညမှာပဲ မီးပျက် ရေမလာ ဖြစ်ပြီး လကုန်ကျရင်လည်း တိုက်ခန်းက ထွက်ပေးရမယ့်အနေအထားရောက်သွားပါတော့တယ်။ အဲဒီအချိန်မှာ ဇက်ခ်က မီရီကို သူ့ရဲ့ အောကားရိုက်စားမယ့်အကြံကို ပြောပြပါတော့တယ်။ ဇက်ခ်ရဲ့ အလုပ်ကသူငယ်ချင်းကလည်း တီဗွီဝယ်မယ့်ပိုက်ဆံကို ခဏချေးပေးလိုက်တော့ သူတို့ရဲ့ အောကားရိုက်မယ့် အကြံလေး စတင် အကောင်အထည်ပေါ်လာပြီး သရုပ်ဆောင်တွေ ထပ်ခေါ်ကာ Star Wars တို့လို နာမည်ကြီး ဇာတ်လမ်းတွေကို Parody porn အနေနဲ့ ရိုက်ကူးကြပါတယ်။ ဒီတော့ ကြားထဲမှာ ဘယ်လိုတွေ သောက်တလွဲဖြစ်ဦးမလဲ၊ သူတို့ရိုက်မယ့်ကားက ပေါက်ပါ့မလား၊ ဇက်ခ်နှင့် မီရီကရော ဘယ်လို chemistry လေးတွေ အစပျိုးလာမလဲဆိုတာကို ရသစုံ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (2.1 GB)/(1.1 GB) Quality…. Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre… Comedy, Romance Subtitle…. Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Matteo

Comedy • Drama
6.5 2008
[18+] Zack and Miri Make a Porno
Buya Hamka Vol. 1
6.8

Buya Hamka Vol. 1 (2023) ဒီကားလေးကတော့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် နိုင်ငံရေးသမား စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ရဲ့ ဘ၀ဇာတ်ကြောင်း အတ္ထုပ္ပတ္တိလေးဖြစ်ပါတယ်။ ကလောင်နာမည် ဟမ်ကာဆိုတဲ့နာမည်နဲ့ကျော်ကြားပြီး ဂျာကာတာမြို့မှာ တက္ကသိုလ်တစ်ခုကို သူ့နာမည်ပေးရတဲ့အထိ လေးစားခံပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူ့သူရဲကောင်းဘွဲ့ရထားသူပါ။ ဒီကားလေးထဲမှာ ဟမ်ကာရဲ့ ဘ၀ဇာတ်ကြောင်း အနိမ့်အမြင့် အချိုးအကွေ့ပေါင်းစုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ ဇာတ်လမ်းအစကို ဟမ်ကာထောင်ချခံရတဲ့အခန်းနဲ့စတင်ထားပြီး ဘ၀ဇာတ်ကြောင်းတစ်လျှောက်လုံး နောက်ကြောင်းပြန်ပြထားတာကိုက စိတ်၀င်စားဖို့ကောင်းပါတယ်။ ဟမ်ကာရဲ့ ဂျာနယ်လစ်သမားဘ၀ အယ်ဒီတာဘ၀ကနေ နိုင်ငံရေးသမားဘ၀ရောက်ရှိသွားပုံကို ကြည့်ရှုရင်း မြန်မာ့သမိုင်းနဲ့သိပ်မကွာခြားတဲ့ ဒတ်ခ်ျကိုလိုနီလက်အောက်ခံဘ၀ အင်ဒိုနီးရှားနိုင်ငံရဲ့သမိုင်းနဲ့ အစ္စလာမ်ဘာသာအကြောင်းကိုပါ လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒီကားက အပိုင်း(၁)ဖြစ်ပြီး အပိုင်း(၂)လည်း ထွက်ရှိလာဦးမှာပါ။ အားလုံးပဲ IMDb မှာ ရိတ်တင် 6.8/10 ရထားတဲ့ Drama, Biography ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 850MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 46Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.8 2023
Buya Hamka Vol. 1
Green Snake: The Origin
5.7

CM ကနေဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မြွေစိမ်းကားလေးပဲဖြစ်ပါတယ် ဇာတ်ညွှန်းလေးကို ပြောပြရမယ်ဆိုရင်တော့နှစ်၅၀၀ ကျင့်ကြံထားတဲ့ မြွေစိမ်းမလေးကို သူ့မျိုးနွယ်ကရော တခြားမကောင်းဆိုးဝါး မျိုးနွယ်စုတွေကရော ကျဉ်ဖယ်ထားကြပါတယ် အမှန်ကတော့ မြွေစိမ်းမလေးက မကောင်းဆိုးဝါးဆိုပေမယ့် စိတ်ထားကောင်းပြီး လူသားမစားတာမို့လို့ သူ့ကိုပစ်ပယ်ထားတဲ့အပြင် သူတို့မျိုးနွယ်စုရဲ့ ဝိညာဉ်ကျောက်တုံးပျောက်ရတာ သူ့ကြောင့်လို့ပါအစွပ်စွဲခံထားရသူပါ အဲ့လိုနဲ့တစ်နေ့မှာ လူသားအဖြစ်ပြောင်းထားတဲ့ ‌မကောင်းဆိုးဝါးမလေးရှောင်ကွေနဲ့ စုံစည်းခဲ့ပြီး အတူတူ ဒုက္ခတွေ ပြဿနာတွေကိုရင်ဆိုင်ကြတာပေါ့ ခဏခဏ ယုံကြည်မှုတွေ ချိုးဖောက်ခံရတဲ့ မြွေစိမ်းမလေးဟာ ရှောင်ကွေကို ယုံကြည်လာပါတော့တယ် အဆုံးမှာ ရှောင်ကွေက မြွေစိမ်းမလေးယုံကြည်ထိုက်တဲ့သူလား အရမ်းသိုဝှက်တဲ့ ရှောင်ကွေကရော ဘယ်သူဖြစ်နေမှာလဲဆိုတာကို ဇာတ်ကားလေးမှာ ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်

Comedy • Fantasy • TV Movie
5.7 2025
Green Snake: The Origin
Spy Puzzle
5.6

ရှေးခေတ်သူလျှိုတစ်ယောက်ရဲ့ဘဝခရီးတစ်ခုအကြောင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ရာဇဝတ်မှုဌာနရဲ့သူလျှိုတစ်ယောက်ဖြစ်တဲ့ ချိုးရှင်းကျစ်ဟာ တစ်ဦးတည်းသောညီမလေးကို မသမာသူတွေရဲ့လက်ကနေမကယ်နိုင်ခဲ့ပဲ ဆုံးရှုံးခဲ့ရတယ်။ ခက်ခဲတဲ့သူလျှိုဘဝကိုစွန့်လွှတ်ချင်ပေမယ့် စစ်ဆွေခရိုင်မြို့လေးမှာ ကလေးနဲ့ ယောင်္ကျားတွေပျောက်နေတာကိုသိရတဲ့အခါ ကိုယ်ချင်းစာပြီးတော့ စစ်ဆွေဂိုဏ်းမှာ သူလျှိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့ကိုကူညီဖို့အတွက် ရိုးသားဖြောင့်မတ်တဲ့ လူဆိုးထိန်းခေါင်းဆောင်ကိုလဲ ဌာနကလွှတ်ပေးလိုက်တယ်။ သူတို့နှစ်ယောက်ပေါင်းပြီးတော့ စစ်ဆွေခရိုင်ရဲ့လူပျောက်မှုကို စုံစမ်းတဲ့အခါ ဒါကလူကုန်ကူးမှုဖြစ်နိုင်ဆိုပြီးသိလိုက်ရပါတယ်။ လူတွေအများကြီးပျောက်နေတဲ့ဒီအမှုရဲ့နောက်ကွယ်ကတရားခံအစစ်ဟာဘယ်သူဖြစ်နေမလဲ…… ရှုပ်ထွေးလှတဲ့စစ်ဆွေခရိုင်လူပျောက်မှုကိုသူတို့၂ယောက်ဟာ အချိန်တိုအတွင်းမှာ ဖော်နိုင်ပါ့မလား……

Comedy • Drama • Romance
5.6 2025
Spy Puzzle
Chaalchitro
6.7

Chaalchitro: The Frame Fatale (2024) ပျံ့လွင့်ကုန်သော အမှန်တရားများ IMDb 6.7/10 မှုခင်း သည်းထိတ်ရင်ဖို ပရိသတ်တွေအတွက် ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရ‌စေ။ ကာနစ်ရှ်ကာက ရဲသားတစ်ဦးပါ။ သူက သူ့မိန်းမနဲ့ အိမ်ထောင်ရေးမပြေလည်လှပါဘူး။ အလုပ်ကိုဦးစားပေးတယ်၊ လူမှုရေးကိုဦးစားပေးတယ်နဲ့ စကားများနေကြရပါတယ်။ တစ်ည သူ့ကိုအလုပ်ကဖုန်းဆက်ခေါ်လို့ အိပ်နေရာက ထသွားရပါတယ်။ အမှုအခင်းဖြစ်တဲ့ဆီရောက်တော့ ဆူရှ်မိတဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ထားတာပါ။ သူ့ကိုဆာရီတွေ ပန်းကုံးတွေဆင်မြန်ပေးထားပြီး နဖူးမှာသွေးတွေသုတ်လိမ်းကာ နံရံမှာချိတ်ဆွဲထားပါတယ်။ အခင်းဖြစ်ရာနေရာကို အရင်ရောက်သူကတော့ ရီတေ့ရှ်ကူမာလို့ခေါ်တဲ့ အသစ်ဝင်လာတဲ့ရဲသားလေးပါ။ သူက အိန္ဒိယနည်းပညာတက္ကသိုလ်မှာ၊ ရဲတပ်ဖွဲ့ဝင်ခွင့်စာမေးပွဲမှာ ‌ နေရာတိုင်းပထမရလို့ အောင်မြင်ခဲ့ပေမဲ့ အလုပ်မှာတော့သူကို အရေးမပေးသလိုခံစားနေရပါတယ်။ သူ့ကောင်မလေးကို အလုပ်မှာအဆင်မပြေကြောင်း၊ သူ့တစ်ဝက်လောက်တောင် အရည်အချင်းမရှိသူတွေလောက် နေရာမရကြောင်း ရင်ဖွင့်‌ပြီးအားငယ်နေသူပေါ့။ အဲဒီလိုနဲ့ ကာနစ်ရှ်ကာက သူ့လုပ်ဖော်ကိုင်ဖက်ရဲ နာစီရာကို အသတ်ခံရသူကောင်မလေးမိဘတွေဆီ စုံစမ်းစစ်ဆေးဖို့ လွှတ်လိုက်ပါတယ်။ နာစီရာမှာ ကလေးဘဝတည်းက အထီးကျန်စိတ်ဝေဒနာခံစားနေရတဲ့ သမီးလေးတစ်ယောက် ရှိနေပါတယ်။ သူတစ်နေကုန်အလုပ်သွားချိန် သူ့သမီးလေးကို ကလေးထိန်းနဲ့ထားခဲ့ရတာမို့ နောက်ခြောက်လနေလို့ သူပင်စင်ယူ အလုပ်ထွက်ပြီးရင် သမီးလေးအနားနေပေးပါမယ်လို့ တစ်ဖွဖွပြောနေသူပါ။ သူက ဒီအမှုဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က သူတို့ဖြေရှင်းခဲ့ဖူးတဲ့ အမှုနဲ့များဆက်စပ်နေသလားလို့ တွေ့ရှိလာပါတယ်။ သံသယရှိသူတွေကို ဖမ်းဆီးဖို့ကိုတော့ ကာနစ်ရှ်ကာက သူတို့အဖွဲ့ထဲက ရဲနောက်တစ်ဦးဖြစ်တဲ့ ဘစ်ရှ်ဝါကို လွှတ်လိုက်ပါတယ်။ အနှိပ်ခန်းသွားရာက ပြည့်တန်ဆာမလေးနဲ့ ချစ်ကြိုက်မိသူ ဘစ်ရှ်ဝါ၊ သမီးတစ်ဖက် အလုပ်တစ်ဖက်နဲ့ ရုန်းကန်နေရသူ နာစီရာ၊ စာကြမ်းပိုး မာနခဲ‌လေးရီတေ့ရှ်နဲ့ ကာနစ်ရှ်ကူမာတို့ လေး‌ယောက်အဖွဲ့ ဒီအမှုကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ သူတို့ဘဝဇာတ်ကြောင်းအသီးသီးနဲ့အတူ စိတ်လှုပ်ရှားစွာ သိရှိရမှာမို့ ကြည့်ရှုအဖြေထုတ်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Action • Drama
6.7 2024 122 mins
Chaalchitro
Ride the Snake

ဒီ Horror/Thriller ကားကတော့ အခြား Horror ကားတွေနဲ့မတူပဲ Spirituality ပိုင်းလဲ ထည့်ရိုက်ထားပါသေးတယ်။ ကားမတော်တဆမှုကြောင့် ယောက်ျားနဲ့ အမြင်အာရုံကို ဆုံးရှုံးလိုက်ရတဲ့ ဟာပါတစ်ယောက် သူ့သမီးမဂန် နဲ့အတူ တရားခံကို အိမ်မှာကြိုးတုတ်ပြီး ထားထားပါတယ်။ တရားခံဖြစ်သူ ဆာဘက်ရှန်က Multiple personalities စိတ်ဝေဒနာ ခံစားနေရတဲ့သူတစ်ယောက်ပါ။ဒါကို ဟာပါတို့ သားအမိနှစ်ယောက်က ဟန်ဆောင်နေတယ်ထင်ပြီး တရားသူကြီးကပါ အပြစ်လျှော့ပေးလိုက်တာကြောင့် မတရားချုပ်နှောင်ထားတာပါ….. အဲ့ဒီနောက် ဆာဘက်ရှန်ရဲ့သမီးဖြစ်သူက ဟာပါတို့အိမ်ကို သူ့အဖေလာရှာတဲ့အခါမှာ အခြေအနေတွေက ဘယ်လိုဗြောင်းဆန်သွားမလဲဆိုတာ…….. File size… (830 MB) / (403 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Karmt

0 2025
Ride the Snake
Time Renegades
6.8

Time Renegades (2016) *********************** IMDb… 6.8 IMDb 6.8 ရှိတဲ့ Sci-fi thriller ကိုမှ Romance နဲ့ရောထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေကတော့ Hospital Playlist နဲ့ လူကြိုက်များတဲ့ မင်းသား Jo Jung Suk, Search WWW နဲ့ Low Life တို့မှာ ပါဝင်တဲ့ မင်းသမီး Im Soo Jung, Squid Game S2 S3 မှာ ပါဝင်ခဲ့တဲ့ Player 246 Lee Jin Wook တို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့…. ၁၉၈၃ခုနှစ်ရဲ့ နှစ်သစ်ကူး Countdown လုပ်တဲ့အချိန်မှာ အထက်တန်းပြဆရာ ဂျီဟွမ် (Jo Jung Suk) က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ် ချစ်သူလည်းဖြစ်တဲ့ ယွန်းဂျောင် (Im Soo Jung) ကို လက်ထပ်ခွင့်တောင်းလိုက်ပါတယ်။ ဒါပေမဲ့ လက်ထပ်ခွင့်တောင်းပြီး ခဏအကြာမှာပဲ ချစ်သူဖြစ်တဲ့ ယွန်းဂျောင်ရဲ့ ပိုက်ဆံအိတ် အခိုးခံရလို့ ဂျီဟွမ်က သူခိုးအနောက်ကို လိုက်ရာကနေ ဓားထိုးခံလိုက်ရပြီး ဆေးရုံရောက်သွားပါတော့တယ်။ အဲဒီလိုပဲ ၂၀၁၅ခုနှစ်ရဲ့ နှစ်သစ်ကူးအချိန်မှာ လူသစ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဂွန်းအူ (Lee Jin Wook) ကလည်း လူအုပ်ထဲမှာ တရားခံကို ဖမ်းဖို့ကြိုးစားရင်း သေနတ်ထိမှန်လိုက်ရပြီး ဆေးရုံကိုရောက်သွားခဲ့ပါတယ်။ ၃၂နှစ် အချိန်ကွာဟာမှုကြားမှာ တူညီတဲ့ရက်၊ တူညီတဲ့ အချိန်မှာပဲ ဂွန်းအူနဲ့ ဂျီဟွမ်က ဆေးရုံမှာ အသက်လုနေရတဲ့အချိန်ပေါ့… ဇာတ်လမ်းက အဲဒီမှာစတာပါပဲ… နှစ်ယောက်စလုံး သေရေးရှင်ရေး အချိန်ကို ဖြတ်ကျော်ပြီးနောက်မှာ ၁၉၈၃ခုနှစ်က ဂျီဟွမ်နဲ့ ၂၀၁၅ခုနှစ်က ဂွန်းအူတို့ဟာ တစ်ယောက်အကြောင်း တစ်ယောက်ကို အိပ်မက်ကနေတစ်ဆင့် မြင်လာရပါတော့တယ်။ ပြောချင်တာက ဂွန်းအူကလည်း အိပ်မက်ထဲကနေ ဂျီဟွမ်ကြုံတွေ့ရတာတွေကို မြင်ရသလို ဂျီဟွမ်ကလည်း အိပ်မက်ထဲကနေ ဂွန်းအူ ကြုံတွေ့ရတာတွေကို မြင်ရပါတော့တယ်… ဒါပေမဲ့ ဇာတ်လမ်းက အဲဒီမှာတင် ပြီးမသွားသေးဘဲ သူတို့အိပ်မက်တွေကနေတစ်ဆင့် ၁၉၈၃ခုနှစ် အတိတ်မှာ ဖြစ်ခဲ့တဲ့အမှုတစ်ခုကို ၂၀၁၅က ဂျီဟွမ်က စုံစမ်းဖို့ ဖြစ်လာပါတော့တယ်… Plot Twist တွေလည်း ပါမယ်.. ဇာတ်လမ်းဆန်းဆန်းလေးလည်း ကြည့်ချင်တယ်ဆို ဒီကားလေးကို ကြည့်ဖြစ်အောင် ကြည့်ကြည့်ပါနော်… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ M ပဲ ဖြစ်ပါတယ်။) File Size : 1.82GB/ 900MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:47:44 Genre : Thriller, Romance, Drama, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by M Encoded by Tiff

Adventure • Comedy
6.8 2016 107 mins
Time Renegades
Ne Zha 2
8.1

Ne Zha 2 ကြည်တောက်ရှင်း ထွက်ပါပြီ ? (ပိုအဆင်ပြေမယ့် Version ကို 4K ရော 1080p/720p တွေပါ ထပ်မံ Update လုပ်ပေးထားပါတယ်။) ===================== IMDb Rating (8.1) / Rotten Tomatoes (96%) ဝင်ငွေအများဆုံး နံပတ်တစ် Animation ရုပ်ရှင်ဖြစ်တဲ့ Nezha 2 ရုပ်ရှင်ဟာ ဒီနေ့ Digital ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Fengshen Cinematic Universe ထဲက နီကျား 2 ရုပ်ရှင်ဟာ ရုံတင်ရက် ( ၅၂ )ရက်မှာ စုစုပေါင်း $2.2 billion အထိ ရရှိခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုတွေကိုလည်း ရရှိထားပါတယ်။ Fengshen Cinematic Universe (FCU) ဆိုတာကတော့ တရုတ်ဒဏ္ဍာရီလာ “Fengshen Yanyi” (封神演义) ဇာတ်လမ်းအပေါ်အခြေခံထားပြီး၊ ဒဏ္ဍာရီဇာတ်ကောင်များနှင့် ဇာတ်လမ်းများကို Animation အဖြစ်ရိုက်ကူးထားသော ရုပ်ရှင်တွေဖြစ်ပါတယ်။ ဒါ့အပြင် ” Chinese Mythology Universe ” (သို့) Nezha ရဲ့အောင်မြင်မှုကြောင့် “Nezha Universe” လို့လည်း တစ်ချို့က ခေါ်ဆိုကြပါသေးတယ်။ အရင်ကတည်းက ကျုံးကော်မြေက Donghua တွေဟာ တစ်မူထူးခြားပြီး လှပတဲ့ဇာတ်ကောင်ရေးဆွဲမှုတွေကြောင့် ကြည့်ရတာမျက်စိပသာဒဖြစ်ပြီး လူကြိုက်များရေပန်းစားပါတယ်။ ဒါကိုမှ ကြီးမားကျယ်ပြန့်လှတဲ့ တရုတ်ဒဏ္ဍာရီရဲ့ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းတွေကို ဆွဲထုတ်ပြီး ပြန်လည်ပုံဖော်လိုက်တဲ့အခါမှာတော့ လက်ရှိ Hot ဖြစ်နေတဲ့ နီကျားတို့လို ရုပ်ရှင်တွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒါဆို FCU မှာ ဘယ်ရုပ်ရှင်တွေ ပါတာလဲဆိုရင်တော့ အောက်ကရုပ်ရှင်တွေပါ။ (အကုန်လုံးကို CM App နဲ့ Web မှာ တင်ပြီးသားမလို့ ရှာပြီးကြည့်လို့ရပါတယ်နော်။) – Nezha (2019) – Jiang Ziya (2020) – Monkey King: Hero is Back (2015) – Nezha II ( 2025 ) ဒီနေရာမှာ မင်းသားကြီးဂျက်ကီချန်းအသံသရုပ်ဆောင်ထားတဲ့ Monkey King: Hero is Back ( 2015 ) က အရင်ထွက်ရှိတာဆိုပေမယ့်လည်း FCU ရဲ့ ပထမဆုံးရုပ်ရှင်က Nezha (2019) ဖြစ်ပါတယ်။ Monkey King: Hero is Back ထဲက ဇာတ်ကောင်တွေကိုတော့ Jiang Ziya (2020)ရုပ်ရှင်မှာမှ ပြန်လည်ထည့်သွင်းပြီး Universe ထည့်ထားတာဖြစ်ပါတယ်။ နီကျား(၂)ရဲ့ စံချိန်တင်အောင်မြင်မှုဟာ FCU အတွက်တော့ ကြီးမားတဲ့လမ်းစဖြစ်သွားခဲ့ပြီး တခြားဇာတ်ကောင်တွေအတွက်ပါ အခွင့်အလမ်းရသွားစေခဲ့ပါတယ်။ လက်ရှိမှာ နီကျား (၃ ) ထပ်မံထွက်ရှိမှာဖြစ်ကြောင်း အတည်ပြုထားပြီး တခြားဘယ်ဇာတ်ကောင်တွေ ပွဲထုတ်လာဦးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်ပါ။ ( ရုပ်ရှင်အညွှန်းကို TOF Channel FB Page မှ ကူးယူဖော်ပြပါသည်။) တရုတ်စာမပါတဲ့ Clean Version ထွက်လာလို့ Update ထပ်တင်ပေးထားပါတယ်။

Drama • Romance • Adventure
8.1 2025 144 mins
Ne Zha 2