YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

A.Love.Song.2022.1080p.WEB-DL.DD5.1.CM.mp4

2.5 GB N/A video/mp4 195 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ghost Rider: Spirit of Vengeance
5

ဒီဇာတ်ကားကတော့ 2007 က ထွက်ရှိခဲ့တဲ့ Ghost Rider Origin Story ရဲ့ အဆက်ဖြစ်ပါတယ်။ Ghost Rider 1 Elements တွေနဲ့ တိုက်ပွဲအပြီးမှာ identity ပေါ်သွားတဲ့ Jhonny Blaze ဟာ သူ့ရဲ့အောင်မြင်ကျော်ကြားတဲ့ ဘဝကို ချန်ထားခဲ့ပြီး ဆိုင်ကယ်တစ်စီးနဲ့ နှစ်ပေါင်းများစွာ လေလွင့်သွားလာနေခဲ့ပါတယ်။အဲ့လိုသွားလာရင်းနဲ့ သူ့ကိုယ်ထဲက နတ်ဆိုးကျိန်စာကို ဖြေနိုင်ဖို့ နည်းလမ်းတွေလည်းရှာဖွေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူ့ဆီကို မော်ရူဆိုတဲ့ အရက်သမားဘုန်းတော်ကြီးတစ်ပါး ရောက်ချလာပါတယ်။ပြီးတော့ ကလေးတစ်ယောက်ကို ကယ်ပေးဖို့ အကူအညီတောင်းလာပါတယ်။အလဲအလှယ်အနေနဲ့ သူ့ကိုယ်ထဲက ကျိန်စာကို ဖြေပေးမယ်လို့လဲ ဆိုပါတယ်။ အဲ့ကလေးကလည်း တခြားသူမဟုတ်ပါဘူး။သူနဲ့ စာချုပ်ချုပ်ပြီး သူ့ကို လှည့်စားသွားတဲ့ နတ်ဆိုးရဲ့သားပါ။ဖြစ်ချင်တော့ အဲ့ကလေးဟာလည်း သူ့လို အပေးအယူတစ်ခုကြောင့် သဘာဝလွန် မွေးဖွားလာတာဖြစ်ပြီး နတ်ဆိုးရဲ့ အစွမ်းတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒီကားမှာတော့ Jhonny Blaze တစ်ယောက် နတ်ဆိုးရဲ့ ကလေးကို ကယ်ရင်း သူ့ကိုယ်ထဲက ကျိန်စာကိုဖြေနိုင်ဖို့ကြိုးစားပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Ghost Rider အဖြစ် မင်းသားကြီး Nicolas Cage နဲ့ Moreau အဖြစ် မင်းသားကြီး Idris Elba တို့ကသရုပ်ဆောင်ထားပါတယ်။ File size…(1.9 GB)/(1.1 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:35:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Damien

Comedy • Drama • Romance
5 2011 96 mins
Ghost Rider: Spirit of Vengeance
Making Wolf's Path

Independent Film ဆန်ဆန် အမေရိကန်မှာထုတ်တဲ့ အီတလီစကားပြော ရုပ်ရှင်လေးပါ။ ရုပ်ရှင်ပွဲတော် တစ်ချို့မှာလည်း ဆုရထားပါတယ်။ အင်ဒီဖလင်လိုဖြစ်နေတယ်ဆိုတော့ ကြည့်ရတာတော့ ပဒေသာမဖြစ်ပေမဲ့ ဇာတ်လမ်းကတော့ တော်တော်လေး အချိုးအကွေ့တွေနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူ့နာမည်နဲ့ဆက်စပ်ပြီး ခေါင်းစွပ်နီမလေးနဲ့ မြေခွေးပုံပြင်ကို ထည့်သုံးသွားတာလေးလည်း မဆိုးပါဘူး။ စစချင်း သူက ကလေးတစ်ယောက် ပြန်ပေးဆွဲခံရတဲ့အမှုအတွက် မှားယွင်းစွပ်စွဲခံရတဲ့သူနဲ့ အဲဒီအမှုကိုကိုင်ခဲ့တဲ့ရဲအကြောင်း ဒိုကူမန်ထရီရိုက်ပြတဲ့ ရုပ်ရှင်သက်သက်လိုမျိုး ခံစားရအောင်ပြတယ်။ တဖြည်းဖြည်းနဲ့ ဇာတ်ကရုပ်လုံးပေါ်လာပြီးတဲ့နောက် ဒိုကူလိုလို တကယ့်အဖြစ်လိုလို အခန်းဖြတ်လေးတွေထည့်၊ ပြီးမှ ၂ခုကိုပေါင်းပြီး ဟာခနဲဖြစ်အောင်လုပ်သွားတဲ့ ဇာတ်ကြောင်းပြောပုံလေးနဲ့ ဇာတ်လမ်းလေးက တော်တော်တော့မဆိုးပါဘူး။ စုံထောက်ကားလိုလို အငွေ့အသက်လည်းရပါတယ်။ ကြည့်ပျော်တဲ့ အင်ဒီကားကောင်းလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 710MB Quality - 1080p, 720p Format - mp4 Duration - 1H 19Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Comedy • Drama
0 2022
Making Wolf's Path
The Gold Rush
8

ဂန္တဝင်ဟာသသရုပ်ဆောင်ကြီး ချာလီချပ်ပလင်ရဲ့ ဇာတ်ကားတွေကို တင်ဆက်ပေးလာရာ အခုတစ်ခါ တင်ဆက်ပေးမှာကတော့ ၁၉၂၅က ထွက်ရှိခဲ့တဲ့ The Gold Rushဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ Ratingတွေ ဘာတွေ များများစားစား ပြောစရာမလိုပါဘူး။ IMDb 8.2နဲ့ Rotten Tomatoes 100%ပါ။ ချာလီချပ်ပလင်ရဲ့ ဇာတ်ကား ဆိုတဲ့အတိုင်း စ လယ် ဆုံး ရယ်မောနေရမှာပါ။ တစ်ခေတ်တစ်ခါက မြောက်အမေရိကတိုက်မှာ ရွှေကြောရှာခရီးတွေ အများကြီး ရှိခဲ့သလို တစ်ကမ္ဘာလုံးက ရွှေကြောရှာသမားတွေလည်း ဒုနဲ့ဒေး လာရောက်ခဲ့ကြတာပါ။ ချာလီချပ်ပလင်ကတော့ အလာစကာ ရွှေကြောရှာခရီးရှည်ကြီးထဲ ပါလာတဲ့သူပါ။ အလာစကာပြည်နယ်က အချိန်ပြည့် ဆီးနှင်းတွေ ကျဆင်းပြီး ရေခဲတောင်ကြီးတွေ ရှိတဲ့နေရာ ဖြစ်လို့ အင်မတန်ကြမ်းတမ်းခက်ခဲတဲ့ ခရီးစဉ်ကြီးပါ။ ဒီရွှေရှာခရီးကိုချာလီချပ်ပလင်တစ်ယောက် ကျော်ဖြတ်နိုင်ပါ့မလား၊ ရွေတွေတွေ့ပြီး သန်းကြွယ်သူဌေးကြီး ဖြစ်သွားမလား၊ဘယ်လိုမျိုး တလွဲတချော်တွေ ဖြစ်ဦးမလဲဆိုတာကို ရယ်မောခံစားကြည့်ရှုရမှာပါ။ File size…1.2GB Quality…720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by JimX

Thriller
8 1925 95 mins
The Gold Rush
An Unforgettable Year – Spring
6.5

ဒီတစ်ခါတော့ An Unforgettable Year ရာသီလေးခုထဲက Springမှာ ပေါက်ဖွားခဲ့တဲ့အချစ်ဇာတ်လမ်းလေးကို ရှုစားရမှာပါ...။ ပန်းတွေပွင့်ကြတဲ့ နွေဦးအလှဟာဆိုရင် ပန်းချီလေးဆွဲ ဘောင်လေးသွင်းထားသင့်တဲ့အလှလေးဗျ..။ ဒီဇာတ်လမ်းထဲမှာလည်း ဂျက်စမင်ဟာဆိုရင် ငယ်ငယ်လေးကတည်းက ပန်းချီပညာကို ရူးသွပ်သူ..၊ အချိန်ပြည့် ပန်းချီကိုရူးသွပ်သူပေါ့...။ သို့ပေမဲ့ ဂျက်စမင်ရဲ့ အမေဖြစ်သူကတော့ သမီးကို စီးပွားရေး ကောလိပ်သာဆက်တက်စေချင်ပြီး ပန်းချီပညာနောက်ကိုလိုက်ခွင့်မပေးပါဘူး...။ ဒီလိုနဲ့ ဂျက်စမင်တစ်ယောက် စာကိုသာကြိုးစားခဲ့ရပေမယ့် အထက်တန်းနှစ်မှာတော့ သင်္ချာကို တဗုန်းဗုန်းကျပါလေ‌ရော...။ ဘယ်လောက်ထိဆိုးသလဲဆိုရင် သင်္ချာစာမေးပွဲဖြေရင် စာမေးပွဲကိုစိတ်မပါနိုင်ဘဲ အဖြေလွှာမှာ ပုံတွေချည်း ဆွဲနေလို့ သုညရခဲ့သူလေးပါ..။ သူ့အတွက်က သင်္ချာအောင်မှ အထက်တန်းအောင်ပြီး အမေဖြစ်သူတက်စေချင်တဲ့ စီးပွားရေးကောလိပ်တက်နိုင်မှာပါ...။ ဒါမှမဟုတ် သင်္ချာမအောင်မယ့် အတူတူ အိမ်ကို ပုန်ကန်ပြီးပဲ အနုပညာသင်တန်းတက်လိုက်ရမလားနဲ့ဝေခွဲမရဖြစ်နေပြီပေါ့...။ ဒီလိုနဲ့ ဂျက်စမင်တစ်ယောက် သင်္ချာအောင်ဖို့ ဂိုက်ဆရာလေး ဒါဗီနဲ့ဆုံတွေ့ခဲ့ပြီး... ဒါဗီကပါ ပန်းချီပညာဘက်ကိုလိုက်သင့်ကြောင်း အားပေးအားမြှောက်ပြုလာတဲ့အခါ မှာတော့ Springကာလ မမေ့နိုင်တဲ့အချစ်ဇာတ်လမ်းတစ်ပုဒ် အစချီခဲ့ပါတော့တယ်...။ File size : 1.56GB / 583MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 19m Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Tiff

Drama • History
6.5 2023 80 mins
An Unforgettable Year – Spring
Army of Thieves
6.9

ဒီ​နေ့ပဲ ထွက်ရှိလာတဲ့ Army of the Thieves ဇာတ်ကားကို တင်ဆက်​ပေးလိုက်ပါပြီ၊ ဒီကားက ဒီနှစ်အ​စောပိုင်းမှာ ထွက်ရှိထားတဲ့ Army of the Deadရဲ့ တိုက်ရိုက် Prequelဖြစ်ပြီး Dieterအဖြစ် သရုပ်​ဆောင်ထားတဲ့ မင်းသား Matthias Schweighöfer ကိုယ်တိုင် ရိုက်ကူးထားတာပါ၊ ဒီဇာတ်လမ်းမှာ Zombie Apocalypse စစဖြစ်ချင်းအချိန်ကို timelineအ​ခြေခံထားပါတယ်၊ မီးခံ​သေတ္တာ​နဲ့ ​သော့ဝိဇ္ဇာ Youtuber တစ်​ယောက်ဖြစ်သူ Dieter ဟာ သူ့ရဲ့ Youtubeက​နေ အ​ပျော်တမ်း ​သော့ဖျက်နည်း​တွေ၊ မီးခံ​သေတ္တာသမိုင်း​ကြောင်း​တွေ ရိုက်ကူးပြီးတင်တဲ့သူပါ၊ သူ့ရဲ့ဗီဒီယို​တွေကို ​တွေ့သွားတဲ့ဂိုဏ်းတစ်ခုဟာ သူ့ရဲ့ကျွမ်းကျင်မှုကို အသုံးချပြီး ဘဏ်​တွေကို ​​ဖောက်ပြီးကြံစည်ပါတယ်၊ ဒါ​ပေမဲ့ Dieter​​​ဖောက်​ပေးရမယ့် မီးခံ​​သေတ္တာ​တွေက နှယ်နှယ်ရရမဟုတ်ဘဲ ခက်​ပေ့ဆိုတဲ့ နာမည်​ကျော် မီးခံ​သေတ္တာကြီး ၄လုံးဖြစ်​နေတဲ့အခါ... Army of Dead franchise ရဲ့ မူမပျက်​အောင် ​ သွေးသံရဲရဲနဲ့ အရွန်း​ဖောက်ဟာသ​တွေ၊ အ​​ပြောအဆိုခပ်ကြမ်းကြမ်း​တွေ သုံးထားလို့ အက်ရှင်ကားကြိုက်သူ​တွေအတွက်​တော့ အ​ထွေအထူးညွှန်း​နေစရာမလိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ် အညွှန်းကိုတော့ JimX က ရေးသားပေးထားပြီးတော့ ဘာသာပြန်ထားတာကတော့ CM Team ပဲ ဖြစ်ပါတယ်။ Quality….1080p HEVC and 720p File size… 2GB and 1.5GB Format…mp4 Duration…. 2h 7min Subtitle….Myanmar Subtitle (Hardsub) Translator ..... CM Team Encoder ..... August

Action • Crime • Thriller
6.9 2021 127 mins
Army of Thieves
The Top Secret: Murder in Mind
5.4

Top secret murder in mind တိုကျိုမြို့တော်ရဲဌာနရဲ့ လက်အောက်မှာ နည်းပညာသစ်ကိုအသုံးပြုပြီး ဆန်းသစ်တဲ့နည်းလမ်းနဲ့ အမှုလိုက်နေတဲ့ “ဌာန၉”ဆိုတာ ရှိပါတယ်။ ဌာန၉က စမ်းသပ်ဆဲဌာနတစ်ခုဖြစ်ပြီး တရားဝင်ဌာနအဖြစ် အသိအမှတ်ပြုမခံရသေးပါဘူး။ သူတို့ရဲ့အဓိကအလုပ်ကတော့ သေဒဏ်ကျခံရပြီး သေသွားတဲ့အပြစ်သားရဲ့ဦးနှောက်ကို လူတစ်ယောက်နဲ့ချိတ်ဆက်ကာ scanဖတ်ပြီး မှတ်ဉာဏ်ဟောင်းတွေကို ကြည့်ရှုတာပါ။ ဒီလိုကြည့်ပြီးတော့ ဒီအမှုမှာဘာတွေဖြစ်ခဲ့လဲ တရားခံဟာ ဘယ်လိုနည်းလမ်းတွေသုံးခဲ့လဲဆိုတာကို စမ်းသပ်စစ်ဆေးနေတဲ့ဌာနပါ။ ဒါမှ တရားခံနဲ့ဆက်စပ်ပြီး နောက်ထပ်ပေါ်လာနိုင်တဲ့ပြစ်မှုတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဆုယုဂုချိလို့ခေါ်တဲ့သိပ္ပံပညာရှင်က သူ့မိန်းမ၊ယောက္ခမနဲ့ သမီး၂ယောက်ကို ရက်စက်စွာသတ်ခဲ့တာကြောင့် သေဒဏ်ကျခံခဲ့ရပါတယ်။ သူ့ရဲ့ဦးနှောက်ကို ဌာန၉က လွှဲပြောင်းယူပြီး စစ်ဆေးလိုက်တဲ့အခါ တကယ့်လူသတ်သမားက သူမဟုတ်မှန်း သိလာရပါတယ်။ ဆုယုဂုချိရဲ့ သမီးအကြီးကလည်း တကယ်မသေဘဲ ပျောက်ဆုံးနေပါတယ်။ သမီးကြီးဖြစ်သူက ခိုင်နုမလို့ခေါ်တဲ့ သိပ်ကြောက်စရာကောင်းတဲ့ စိတ္တဇလူတစ်ယောက်နဲ့ပါ ပတ်သက်မှုရှိနေတဲ့အခါ တကယ့်လူသတ်သမားအစစ်ကို မှတ်ဉာဏ်တွေထဲကနေ အတိတ်ကအမှုကို လျှို့ဝှက်စွာ ပြန်လည်စစ်ဆေးဖော်ထုတ်ကြမဲ့ စုံထောက်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Ingyin San ပါ ) File Size__(2.6GB) / (1.3GB) Quality__WEB-DL_1080p, 720p IMDb Rating__5.4/10 Format__mp4 Duration__02:16:00 Type__Crime, Sci-Fi, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Drama
5.4 2016 148 mins
The Top Secret: Murder in Mind
The Passenger
5.9

The Passenger (2023) ~ IMDb – 5.9/10, Rotten Tomatoes – 76% ~ နာမည်ကျော် Horror ဇာတ်ကား‌တွေကို ထုတ်ထုတ်ပေးနေကျ Blumhouse ရဲ့ နောက်ဆုံးထွက်ကားပါ။ ခုဇာတ်ကားကတော့ ငယ်ငယ်ကတည်းက Introvert ဖြစ်ပြီးတော့ Neurodevelopmental Disorder ဆိုတဲ့ စိတ်ရောဂါရနေတဲ့ ဘရက်ဒ်လေဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတပါ။ ဘရက်ဒ်လေက သူငယ်ငယ်တုန်းက ကျောင်းမှာမတော်တဆမှု တစ်ခုဖြစ်ပြီးကတည်းက ဘယ်အရာမှာမဆို ဆုံးဖြတ်ချက်ချဖို့အတွက် တွန့်ဆုတ်နေတတ်ပါတယ်။ ကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီး ကိုယ့်ပေါ်ကိုယ် ရပ်တည်ရမယ့်အစား သူများပြောတာမှန်သမျှကို ခေါင်းညိတ်ပြီး အောက်ကျခံတဲ့လူစားမျိုးပေါ့။ တစ်နေ့ သူ့အလုပ်မှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ရန်ဖြစ်ရင်း လူသတ်မှုဖြစ်သွားပါတယ်။ အဲဒီလိုနဲ့ ဘန်ဆန်ဆိုတဲ့ ဘရက်ဒ်လေ့ လုပ်ဖော်ကိုင်ဖက်ဟာ ဘရက်ဒ်လေ့ရဲ့ စိတ်ဒဏ်ရာ(ရောဂါ) ကိုကုဖို့ဆိုပြီး ရှာပုံတော်ထွက်ပါတော့တယ်။ ဒီဇာတ်ကားဟာ Semi-Thriller နဲ့ Horror ဇာတ်ကားဖြစ်လို့ မိုးအေးအေးလေးမှာ Chill ချင်တဲ့ သူများအတွက် ရှယ်ပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.47GB, 555MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 34Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Action • Horror • Thriller
5.9 2023
The Passenger
Naked
5.4

Naked (2017) ============ Marlon Wayans နဲ့ Regina Hall တို့လို နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ထားတဲ့ comedy ရုပ်ရှင်ပါ။ ဇာတ်ကတော့ ဟာကဇာတ်ပေမဲ့ ထူးထူး ခြားခြား တော်စားတယ်ပြောရမှာပဲ။ Marlon Wayansကလည်း ဒီလိုဇာတ် ကြောင်တွေနဲ့ လိုက်တယ်ဆိုတော့ ဂျင်းစိမ်းနဲ့မိဿလင်လို လိုက်ဖက်နေရော ပေါ့။ ဇာတ်က ရော့အန်ဒါဆန်လို့ခေါ်တဲ့လူတစ်ယောက်ရှိတယ်။ သူက သူသိပ် ချစ်တဲ့ကောင်မလေးနဲ့ လက်ထပ်ဖို့ အရာရာအသင့်ဖြစ်နေပြီ။ နက်ဖြန် လက် ထပ်မယ်ဆိုတော့ ဒီည သူငယ်ချင်းနဲ့ ပျော်တယ်ပါးတယ်ပေါ့။ ဒီလိုနဲ့ နောက်နေ့မနက်မှာတော့ သူနိုးလာတော့ ဓာတ်လှေကားတစ်ခုထဲ ကိုယ် တုံးလုံးကြီးဖြစ်နိုးလာတယ်။ လက်ထပ်ပွဲနဲ့လည်း တော်တော်လှမ်းတယ်။ ဒီလိုနဲ့ သူဓာတ်လှေကားထဲက တုံးလုံးကြီးဘဝကနေ လက်ထပ်ပွဲဆီရောက်ဖို့ကြိုးစား ပေမဲ့ နောက်တစ်နာရီတိုင်းမှာ သူ ဒုံရင်းဓာတ်လှေကားထဲပဲ ကိုယ်လုံးတီးနဲ့ ပြန် ပြန်နိုးလာပါတယ်။ ဒီအခြေအနေကနေ လွတ်မြောက်အောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ထပ်ခါထပ်ခါဇာတ်ဝင်ခန်းတွေကို ပျင်းဖို့မကောင်းဘဲ စိတ်ဝင်စားစရာ ကောင်းအောင်ပြသွားပါတယ်။ father of time loopsရုပ်ရှင်ဖြစ်တဲ့ groundhog dayရဲ့ အငွေ့အသက်ကို နည်းနည်းယူထားတာမို့ time loopsကားကြိုက်တဲ့လူတွေ ရော groundhog dayဖန်တွေ ရော ကြိုက်ကြလောက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကိုရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size……….(1.77 GB) / (805 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 36Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Fantasy, Romance Encoder……….SWM

Drama
5.4 2017
Naked
One Summer Night
5.5

ဒါရိုက်တာ Kim Hunရိုက်ကူးပြီး သရုပ်​ဆောင် Kim Tae Hoon, Shin Won Ho, Choi Jae Sung တို့ အဓိကပါဝင်သရုပ်​ဆောင်ထားတဲ့ BL Romance Dramaဖြစ်ပါတယ်.. ဇာတ်လမ်းအကျဥ်းက​တော့ မြောက်ကိုရီးယားစစ်တပ်က စစ်သား​တွေဖြစ်တဲ့ ယောင်းဂျွန်းနဲ့ ဂျယ်​ဆောင်းတို့ ချစ်ကြိုးသွယ်​နေစဥ်မှာပဲ အထက်လူကြီးက သိသွားခဲ့တာ​ကြောင့် ​ယောင်းဂျွန်းတစ်​ယောက် ​တောင်ပိုင်းကို ​ထွက်​ပြေးလာခဲ့ပါတယ် ​​ အဲဒီ​နောက်မှာ ထယ်ဂယူဆိုတဲ့ ​သဝန်အရမ်းတိုတတ်တဲ့ ခပ်ဆိုးဆိုးကောင်​လေးနဲ့ ​ တွေ့ပြီး ချစ်မိသွားကြပါတယ် ​ယောင်းဂျွန်းက ထယ်ဂယူဆိုးသမျှ သည်းခံပြီး ထယ်ဂယူရှာသမျှ ပြဿနာ​တွေကို လိုက်​ဖြေရှင်း​ပေးရင်း ဒုက္ခ​များခဲ့ပါတယ် နှစ်နှစ်ကြာပြီးတဲ့​နောက်မှာ ဂျယ်​ဆောင်းတစ်​ယောက် ​တောင်ပိုင်းကို ထွက်​ပြေးပြီး ​ ယောင်းဂျွန်းကို လိုက်ရှာပါ​တော့တယ် ​ယောင်းဂျွန်းနဲ့ ​တွေ့ပြီး​​နောက်ပိုင်း ထယ်ဂယူရဲ့ အထင်လွဲမှု​တွေ ​ဖြစ်​ပေါ်လာခဲ့သလို ယောင်းဂျွန်းမှာလည်း ငွေ​ကြေးအခက်အခဲတစ်ချို့ ဖြစ်လာခဲ့ပါတယ် ​ဒီပြဿနာ​တွေကို ​​ ယောင်းဂျွန်းတစ်​ယောက် ဘယ်လို​ဖြေရှင်းသွားမလဲဆိုတာကို ​ကြည့်ရှူခံစား​​ပေးကြပါဦး File size…1.81GB / 771MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Stary

Drama
5.5 2016
One Summer Night
In the Land of Saints and Sinners
6.4

အငြိမ်းစားစစ်သား ကြေးစားလူသတ်သမားကြီးအဖြစ် လီယံနီဆန် သရုပ်ဆောင်ထားတဲ့ အိုင်ယာလန်ရုပ်ရှင်သစ်ထွက်လာပါပြီ။ ဒီရုပ်ရှင်ဟာ အိုင်ယာလန်တော်လှန်ရေးနဲ့ ပြည်တွင်းစစ်အပြီးကာလကို အခြေခံထားတာမို့ အိုင်ယာလန်သမိုင်းကို နည်းနည်းသိထားရင် ကြည့်ရအဆင်ပြေမှာပါ။ လက်ရှိရုပ်ရှင်ကတော့ ၁၉၇၂ နောက်ပိုင်းဖြစ်လို့ ဗုံးခွဲတဲ့သူတွေက Provisional IRA ပဲ ဖြစ်ပါတယ်။ သမိုင်းအကျဉ်း အိုင်ယာလန်ဟာ ၁၂ ရာစု အန်ဂလို-နော်မန် ကျူးကျော်စစ်အပြီးမှာ ယူကေ ခေါ် ဂရိတ်ဗြိတိန် လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ ၁၉၁၉ မှာတော့ အိုင်ယာလန် ရီပက်လစ်ကန် အာမီ (IRA) ကိုဖွဲ့စည်းပြီး အိုင်ယာလန်လွတ်မြောက်ရေးအတွက် ဗြိတိသျှတပ်တွေကို တိုက်ခိုက်ခဲပါတယ်။ တိုက်ပွဲက နှစ်နှစ်လောက်ပဲကြာခဲ့ပေမဲ့ အိုင်ယာလန်ပြောက်ကြားတွေ စစ်ရေးအရေးသာလာတာကြောင့် အန်ဂလို-အိုင်းရစ် သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒီမူရင်း IRA ကို မူလလက်ဟောင်း Old IRA လို့ခေါ်ပါတယ်။ အဲဒီစာချုပ်အရ ၂၆ ပြည်နယ်နဲ့ လွတ်လပ်သော အိုင်ယာလန်ကို တည်ထောင်နိုင်ခဲ့ပေမဲ့ အိုင်ယာလန်မြောက်ပိုင်းကတော့ UK လက်အောက်မှာပဲ ဆက်တည်ရှိနေပါတယ်။ ဒါကိုသဘောတူလိုက်တဲ့အချက်ကလည်း အိုင်ယာလန်မြောက်ပိုင်း ပရိုတက်စတင့်နဲ့ အခြားပြည်နယ်တွေက ကတ်သလစ်ဘာသာဝင်တွေကို အတူစည်းရုံးလို့မရမဲ့အတူတူဆိုပြီး သဘောတူလိုက်တာများပါတယ်။ ဒီစာချုပ်ကြောင့် IRA နှစ်ခြမ်းကွဲသွားခဲ့ပြီး စာချုပ်ကိုသဘောတူတဲ့ IRA နဲ့ သဘောမတူတဲ့ IRA ဆိုပြီး အချင်းချင်းထချကြလို့ အိုင်ယာလန်ပြည်တွင်းစစ် ၁၉၂၂ မှာဖြစ်သွားပါတော့တယ်။ အိုင်ယာလန်အကွဲအပြဲတွေကို သရော်တဲ့အနေနဲ့အလကားနေရန်ထဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်းကို ရိုက်ထားတဲ့ The Banshees of Inisherin ကိုလည်း ချန်နယ်မြန်မာမှာ တင်ပေးထားပါသေးတယ်။ ပြည်တွင်းစစ်မှာ စာချုပ်သဘောတူတဲ့အဖွဲ့က အစိုးရတပ်ဖွဲ့ Provisional Government of Irelandဖြစ်လာပြီး မတူတဲ့အဖွဲ့က anti-Treaty Irish Republican Army ဖြစ်လာခဲ့ပါတယ်။ စာချုပ်ဆန့်ကျင်ရေး IRA ၁၉၂၃ စစ်ရှုံးသွားခဲ့ပေမဲ့ လက်နက်မချဘဲ ၁၉၆၉ အထိ ဆက်လက်တည်ရှိခဲ့ပါတယ်။ ဒီဆန့်ကျင့်ရေးအဖွဲ့ကို အင်္ဂလန်ဗုံးခွဲမှုတွေနဲ့ ၁၉၃၁ မှာ တရားမဝင်အဖွဲ့အစည်းကြေညာခံခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဗြိတိန်ကိုတိုက်ချင်ဇောနဲ့ ဟစ်တလာဆီက အကူအညီတောင်းခံခဲ့လို့ IRA ခေါင်းဆောင် ၅ ယောက်ကြိုးပေးခံခဲ့ရပါတယ်။ ၁၉၆၉ မှာကျတော့ အဲဒီ ဆန့်ကျင်ရေး IRA က ထပ်ပြီး ကွဲသွားပါတယ်။ ရိုမန်ကတ်သလစ်၊ ပရိုတက်စ်တန့်ဘာသာအရေးအခင်းကြောင့်ပါပဲ။ ဆန့်ကျင်ရေး IRA ကိုမှ Official IRA နဲ့ Provisional IRA ဆိုပြီးကွဲသွားတာပါ။ Official IRA က နိုင်ငံရေးလိုင်းကနေ အိုင်ယာလန်ကို ပေါင်းစည်းဖို့ကြိုးစားပြီး Provs IRA ကတော့ အကြမ်းဖက်လိုင်းဖြစ်သွားပါတယ်။ IRA ဗုံးခွဲတဲ့ကိစ္စနဲ့ပတ်သတ်တဲ့ဇာတ်ကားကိုတောင် The Foreigner ဆိုပြီး ဂျက်ကီချန်းနဲ့ရိုက်ထားတာရှိပါတယ်။ ဒီလက်နက်ကိုင် Prov IRA ဟာ ၂၀၀၅ မှာမှ စစ်ရေးဆန့်ကျင်မှုတွေကနေ နိုင်ငံရေးအဖြစ် ပြောင်းလဲဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ စစ်ပြန်ကြီး ဖင်းဘားဟာ မိန်းမဖြစ်သူသေဆုံးသွားပြီးနောက်ပိုင်း ကြေးစားလူသတ်သမားအလုပ်နဲ့အသက်မွေးပါတယ်။ ဒီလိုနဲ့အသိဝင်လာပြီးအနားယူတော့မဲ့အချိန်မှာမှ IRAဖောက်ခွဲရေးသမား ဝရမ်းပြေးတစ်ယောက်က သူ့ရွာမှာ လာပုန်းနေရင် ကလေးမလေးတစ်ယောက်ကို နှိပ်စက်နေတာတွေလို့ သတ်လိုက်မိပါတယ်။ အဲဒီ IRA ရဲ့ အပေါင်းအပါတွေကို လက်စားချေဖို့ လိုက်ရှာတာကို ပြန်ရင်ဆိုင်ရတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းနာမည်ဖြစ်တဲ့ သူတော်စင်တွေနဲ့အပြစ်သားတွေရဲ့မြေဆိုတာက အများအားဖြင့် ဘာသာရေးကိုင်းရှိုင်းပြီး ညစ်ညမ်းတဲ့အပျော်အပါးတွေပေါတဲ့ မြို့တွေကို တင်စားခေါ်ကြတာများပါတယ်။ ဒီရုပ်ရှင်မှာတော့ နှလုံးလှတဲ့လူသတ်သမားရဲ့ ဝိရောဓိကိုလည်း တင်စားတာ ဖြစ်နိုင်ပါတယ်။ ကောင်းဘွိုင်ဆန်ဆန် ရွာလေးထဲကလူနည်းစု တိုက်ပွဲတွေကလည်း အရသာတစ်မျိုးမို့ ကြည့်လိုက်ကြပါဦး။ File size… 1.40GB / 625MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

6.4 2023
In the Land of Saints and Sinners
Love Lies Bleeding
7.3

Love Lies Bleeding (2024) [18+] ==================== IMDb Rating – 7.3/10 (မာတုဂါမအချင်းချင်း မေထုန်မှီဝဲတာတွေ၊ ပါဏာတိပါတာ ကျူးလွန်တာတွေ အရှင်းကြီးပြထားလို့ မိသားစုနဲ့ ကလေးတွေနဲ့ မကြည့်သင့်ပါဘူး။) မင်းသမီး Kristen Stewart ရဲ့ မှုခင်း အက်ရှင်အသစ်တစ်ကား ရပါပြီ။ Thelma & Louise 1991 တုန်းကလို ၉၀ အငွေ့အသက်တွေနဲ့ ပျော်စရာလေးကနေ တလွဲ တွေဖြစ်ကုန်ပြီး အကြမ်းပတမ်းတွေ ပါလာတဲ့ဇာတ်လမ်းမျိုးပါပဲ။ ဂျက်ကီဟာ ဗေးဂတ်စ်မှာ ကာယအလှမယ်သွားပြိုင်မဲ့သူပါ။ လူလူရဲ့မြို့လေးမှာ ခရီးတထောက်ဝင်နားရင်း လူလူနဲ့ ချစ်ကြိုက်မိသွားပါတယ်။ လူလူရဲ့အစ်မကို သူ့ယောက်ျားက ဆေးရုံရောက်တဲ့အထိ ရိုက်နှက်လိုက်လို့ စိတ်မထိန်းနိုင်တော့ဘဲ လူလူနဲ့ ပြဿနာဖြစ်ရာကနေ မီးခိုးကြွက်လျှောက် အမှုတွေ တသီတတန်းကြီး ဖြစ်လာပုံကို ပြထားတာပါ။ ၉၀ ကာလ မှုခင်းအက်ရှင်တွေရဲ့ Vibe မျိုးအပြည့် ရမှာမို့ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(4.1 GB)/ (1.41 GB) / (650 MB) Quality…………WEB-DL 4K HEVC/1080p / 720p Duration………1Hr 44Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Crime Translator…….Mr.Anderson Encoder……….SWM,Ka Naung

Adventure • Comedy • Drama
7.3 2024 104 mins
Love Lies Bleeding
Scooby-Doo 2: Monsters Unleashed

ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးမယ့်ကားလေးကတော့ ငယ်ငယ်တုန်းကနေ အခုထိ လူကြိုက်များဆဲဖြစ်တဲ့ Scooby Doo ရဲ့ Live action movie 2 လေးပဲဖြစ်ပါတယ်… ဖရက်၊ ဒက်ဖ်နီ၊ ဗဲလ်မာ၊ ရှက်ဂီနဲ့ စကူဘီတို့က လျှို့ဝှက်ဆန်းကြယ်တဲ့အမှုတွေကို ဖြေရှင်းရင်းနဲ့ နာမည်ကျော် လူသိများလာကြတဲ့ လူငယ်အဖွဲ့လေးတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့နှိမ်နင်းလာခဲ့သမျှ လူဆိုးတွေရဲ့ ဝတ်စုံတွေကို ပြတိုက်တစ်ခုမှ လှူဒါန်းခင်းကျင်းပြသဖို့ ဖြစ်လာပါတယ်။ ဒါပေမဲ့ ပြတိုက်ဖွင့်ပွဲရက်မှာပဲ ဖရက်တို့ရဲ့ ရန်သူဟောင်းကြီး တာရိုဒက်တိုင်လ်သရဲဟာ ပြန်ပေါ်လာပြီး ဝတ်စုံနှစ်ခုကို မျက်စိရှေ့တင် ခိုးသွားပါတော့တယ်။ နာမည်ကျော်စုံစမ်းရေးအဖွဲ့ဖြစ်တဲ့ ဖရက်တို့ရှေ့မှာပဲ ဖြစ်ပွါးသွားတဲ့အတွက် သတင်းထောက်တွေက ဖရက်တွေရဲ့ အမှုဖြေရှင်းနိုင်စွမ်းကို မေးခွန်းထုတ်လာပါတော့တယ်။ ဖရက်တို့အပေါ် ပြည်သူတွေရဲ့အားပေးမှုကကျဆင်းလာတဲ့အတွက် နာမည်ပြန်ရအောင် တရားခံဖမ်းဖို့ စုံစမ်းနေချိန်မှာပဲ ပြတိုက်ဟာ ဓားပြအတိုက်ခံရပြန်ပါတော့တယ်။ ဒီလိုနဲ့ နာမည်ပျက်ပြီးရင်း ပျက်လာတဲ့ဖရက်တို့အုပ်စုဟာ အရင်လို တရားခံကို တကယ်ပဲဖမ်းဆီးဖော်ထုတ်နိုင်ပါဦးမလား… တရားခံကရော ဘယ်လောက်အတိုင်းအတာအထိ ဆိုးသွမ်းဦးမလဲ… မြို့နေပြည်သူတွေရဲ့ ယုံကြည်မှုကို ပြန်လည်အရယူနိုင်ဖို့ ဖရက်တို့ငါးယောက်ရဲ့ ကြိုးပမ်းမှုတွေ အလွဲတွေကို ရယ်မောရင်း ဆက်လက်ကြည့်ရှုလိုက်ကြပါစို့ File Size : 1.9 GB, 1.1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Adventure, Comedy, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by : Benni Encode by : Thit San Khant

0 2004
Scooby-Doo 2: Monsters Unleashed
Dance Rivals
5.6

Dance Rivals (2024) IMDb Rating (5.6) Dance Rival ဟာ Sofia Reynolds ရဲ့ ရိုက်ကူးမှု အကနှင့် အချစ်ရဲ့ ပေါင်းစပ်မှုကို ဖော်ပြထားတဲ့ ဇာတ်လမ်းပါ။ Ethan Carter နဲ့ Mia Torres တို့က အဓိကဇာတ်ကောင်တွေဖြစ်ပြီး သူတို့ရဲ့ အကကျွမ်းကျင်မှု ကို အဓိကဖော်ပြပါတယ်။ ဒါပေမယ့် သူတို့အပြင်မှာတော့ ပြိုင်ဘက်တွေဖြစ်ကြပြီး အပြိုင်အဆိုင်နဲ့ အပြောအဆိုတွေက ပရိသတ်တွေကို တစ်ခါတစ်လေ ရယ်မိစေတတ်ပါတယ်။ ဇာတ်လမ်းက ပြိုင်ဘက်အကကျောင်းတွေက လူငယ်နှစ်ဦး ဘယ်လို အကပြိုင်ပွဲကြီးမှာ ရင်ဆိုင်ပြီး ဘယ်လို ပုံစံတွေနဲ့ သူတို့ရဲ့ သဘောထားတွေ ပြောင်းလဲလာမလဲဆိုတာကို ရိုက်ကူးပြထားတာပါ။ Mia ရဲ့ “ကျွန်မရဲ့ ခြေထောက်က သူ့ထက် ကောင်းတယ်” ဆိုတဲ့ စကားနဲ့ Ethan ရဲ့ “ဒါဆို ကျွန်တော့်ရဲ့ လက်တွေက အကောင်းဆုံးပေါ့” ဆိုတဲ့ ပြန်ဖြေပုံတွေက ပရိသတ်တွေကို ရယ်မိစေမှာ အမှန်ပါပဲ။ အကရဲ့ စွမ်းအား၊ အချစ်ဟာ အချိန်တစ်ချို့မှာ ဘယ်လို အရာတွေကို ပြောင်းလဲနိုင်သလဲဆိုတာကို အလွယ်တကူ ရင်ထဲထိစေပါတယ်။ Dance Rival ဟာ ရယ်စရာလေးတွေနဲ့ အတူ စိတ်ထဲမှာ ကျန်ရစ်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်လို့ ကြည့်ဖို့ လုံးဝ အကြံပြုချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(1.2 GB) / (700 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Family Duration….01:33:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

5.6 2024 93 mins
Dance Rivals
Moneyball
7.6

Moneyball (2011) ************************ IMDb….. 7.6/ Rotten…94% ဒီကားကတော့ ဘေ့စ်ဘောမန်နေဂျာ Billy Beane အကြောင်းကိုရိုက်ကူးထားတာပါ… Billy BeaneကOakland Aအသင်းရဲ့ ဘေ့စ်ဘောမန်နေဂျာ တစ်ယောက်ပါ…. ဘေ့စ်ဘောလောကမှာတော့ နည်းပြထဲမယ် သူရတဲ့လစာဟာ တခြားနည်းပြတွေနဲ့ယှဉ်ရင် အတော်ကိုနည်းပါတယ်… အသင်းဘုတ်အဖွဲ့ကလည်း ရေရှည်စီမံကိန်းတွေနဲ့ အသင်းအပေါ်ကိုင်တွယ်ပုံတွေက အနည်းငယ်ညံဖျင်းလို့နေပါတယ်… မန်နေဂျာ Billy အတွက်တော့ တကယ်ကိုအားမရချင်စရာပဲ..သို့ပေမဲ့ သူဟာ အသင်းကို အကောင်းဆုံးတည်ဆောက်ဖို့ ဘယ်တော့မှ ဇွဲမလျှော့ဘူး…ဘုတ်အဖွဲ့က လူတော်တော်များများကို အတိုက်အခံလုပ်ပြီး လမ်းကြောင်းတစ်ခုသူတည်ဆောက်ခဲ့တယ်… သူဟာ Word Series မှာ အသင်းကို အများအသိပြုတဲ့ အမြင့်ဆုံးနေရာမျိုးကို ရပ်တည်စေချင်တယ်… သူ့အသင်းအတွက် ကစားသမားတွေကို သူကိုယ်တိုင်သေချာစိစစ်ရွေးချယ်ခဲ့တယ် Billy Beaneနဲ့ သူ့ရဲ့လက်ထောက် Peter Brand တို့ရဲ့ ကြိုးစားမှုကြောင့် အသင်းဟာ ဘယ်လိုအခြေအနေမျိုးကိုရောက်သွားမလဲ… လူဝယ်တဲ့နေရာ လူရွေးချယ်တဲ့နေရာမှာ မန်နေဂျာတွေရဲ့ အခက်အခဲတွေ အားကစားသမားတွေရဲ့ ခံယူချက်တွေကို တွေ့ရမှာဖြစ်သလို အားကစားလောကရဲ့ အကြောင်းကိုလည်း ဇာတ်ကားကြည့်ရင်း အတော်လေးသိသွားနိုင်ပါတယ်… ပြီးတော့ ဒီကားမှာ အဓိကသရုပ်ဆောင်ထားတဲ့ Brad Pitt, Robin Wright, Jonah Hill တို့ကိုတော့အတော်များများသိကြမယ်ထင်ပါတယ်… IMDbနဲ့ Rotten ကလည်း အလန်းကြီးဆိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tinnilar Lwin ပဲဖြစ်ပါတယ်။) File Size : 2.95GB/ 1.27GB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…02:13:45 Genre : Biography, Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Tinnilar Lwin Encoded by Tiff

Crime • Thriller
7.6 2011 134 mins
Moneyball
N.E.S.T.

N.E.S.T (2025) “အသိုက်အမြုံ” မှုခင်း စုံထောက် ပရိသတ်တို့အတွက် ဆန်းကြယ်တဲ့ဇာတ်မြှုပ်ကွက်တွေနဲ့ စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ် ဗစ်ရှဝပ်က အဖြစ်မှန်မပေါ်‌ သေးတဲ့ အမှုတစ်ခုကို လိုက်ဖို့ကြုံလာပါတယ် ဒီအမှုရဲ့သဲလွန်စတွေက မသေချာမရေရာသလို သဘာဝလွန်ဆန်သလိုနဲ့ ဖြစ်ခဲ့စဉ်အချိန်ကလည်း ကောက်ချက်မချနိုင်ခဲ့ကြပါဘူး ဖြစ်စဉ်ကို နစ်နာသူဆတ်တယာရဲ့ ဇနီးဖြစ်သူ ဆာဗီက ပြောပြထားပါတယ်အဖြစ်ကဒီလိုပါ တစ်ည သူ့‌ခင်ပွန်းဖြစ်သူဆတ်တယာက အိမ်ပြန်နောက်ကျပါတယ် သူဖုန်းခေါ်တော့လည်း မကိုင်ပြန်ပါဘူးပြန်ရောက်လာချိန်မှ သူ့ကိုပြောတာက သူ့ကား လမ်းမှာပျက်လို့ အနီးနားက အိမ်တစ်အိမ်မှာ အကူအညီတောင်းရင်း ပြင်ဆင်ရင်း စကားစမြည်ပြောဆိုရင်း နောက်ကျသွားတာပါတဲ့ ဒီနေ့ခေတ်မှာ လူကောင်းတွေဟာ ရှားပါးလာ‌ပေမဲ့သဘောမနောကောင်းသူ သက်လတ်ပိုင်းအရွယ် လိုကီဆိုတဲ့သူက သူ့ကိုကူညီခဲ့ကြောင်း ဆတ်တယာက တစ်ညလုံးတစ်ဖွဖွပြောနေပါတယ် သူ့မိန်းမကတော့ သူကဆေးစွဲဖူးသူတစ်ဦးမို့ တစ်နေရာမှာ မူးယစ်ဆေးသုံးနေတယ်ပဲထင်တာပါတဲ့ သူ့ကိုမယုံရင် မနက်ဖြန် သူတို့ပျိူးခင်းက အပင်လေးတစ်ပင်ကိုသွားပေးရင်း လိုကီနဲ့မိတ်ဆက်ပေးပါမယ်ဆိုပြီး နောက်နေ့မနက်ကျ နှစ်ယောက်သား ထွက်လာပါတော့တယ် ရောက်မှသိလိုက်ရတာက အဲဒီနေရာမှာ ဘာအိမ်မှရှိမနေတာပါ အနီးနားကသူတွေကလည်း သူတို့တစ်သက်လုံး ဒီနေရာမှာ ဘာအိမ်မှမရှိခဲ့ပါလို့ပဲ ပြောနေကြပါတယ် သူတို့တွေ့ခဲ့တာဆိုလို့ အဲဒီညက အိမ်ထဲမှာ ဆတ်တယာတွေ့ခဲ့တဲ့ လိပ်ပြာပုံရှိတဲ့ ရင်ထိုးအရွယ် ပစ္စည်းလေးတစ်ခုပါပဲ အဲဒီညမှာ ဆာဗီက အသံတစ်သံကိုကြားလိုက်ပါတယ် အဲဒီညကစလို့ ဆတ်တယာအိမ်ပြန်မရောက်လာတာ သုံးရက်ရှိပါပြီ သူ့ဘာသာထွက်သွားတာလား တစ်ယောက်ယောက် သူ့ကိုပြန်ပေးဆွဲသွားတာလားဆိုတာလည်း ဆာဗီကမသိပါဘူး အဲဒီလိုနဲ့ စုံထောက်ဗစ်ရှဝပ်နဲ့သူ့ပါတနာစုံထောက်ဆီ ရောက်ရှိလာတာပါ အဲဒီတော့ ဆတ်တယာကပဲထင်ယောင်ထင်မှားဖြစ်တာလား သူတို့အိမ်ထောင်ရေးကပဲမပြေလည်မှုရှိနေခဲ့တာလား လိုကီဆိုတဲ့သူနဲ့ သူ့အိမ်ကရောဘယ်လိုလဲ……..…………………………………… စတဲ့မေးခွန်းတွေရဲ့အဖြေကိုသိရဖို့ ဒီဇာတ်လမ်းလေးထဲမှာ အဖြေထုတ်ကြည့်ကြရအောင်ပါ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Cym~Alexia~KKKZ~STAR တို့ပဲဖြစ်ပါတယ် )

0 2025
N.E.S.T.