YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

A Lonely Hero's Journey E27 1080p WEB-DL CM.mp4

590.99 MB N/A video/mp4 14 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Jingle All the Way
6

ခရစ္စမတ်နီးလာတိုင်း ကျွန်တော်တို့ကြည့်လေ့ကြည့်ထရှိတဲ့ကားလေးဆိုရင်တော့ Home Alone (1990) လေးပဲဖြစ်မယ်ထင်ပါတယ်။ ဘာလို့ကြည့်လဲဆိုရင်တော့ ငယ်ဘဝကို ပြန်ခံစားချင်လို့ ကြည့်တယ်ဆိုပါတော့ဗျာ။ 1990‌ ကျော်ခုနှစ်များဆီက အငွေ့အသက်တွေ၊ ထိုနေ့ခေတ်များဆီက ခရစ္စမတ်ကျင်းပပုံတွေ၊ ခေတ်‌တစ်ခေတ်ရဲ့ သဘောသဘာဝတွေရဲ့ ခံစားလို့ရတဲ့ ရုပ်ရှင်လေးတွေပဲဆိုပါတော့။ ဒီလိုရုပ်ရှင်လေးတွေထဲမှာ ကျွန်တော့်အတွက်တော့ Home Alone ပြီးရင် အကြိုက်ဆုံးခရစ္စမတ်ကားလေးဖြစ်တာကတော့ ဒီကားလေးပဲဗျ။ တကယ်ကောင်း၊ ရှယ်ကောင်း၊ တော်တော်ကောင်းပါတယ်။ တကယ်ကြည့်ထိုက်တယ်ဗျ။ ဇာတ်လမ်းလေးက အစ အလယ်ကနေ အဆုံးဇာတ်ဝင်ခန်းထိကို ကောင်းတာဗျ။ တကယ်လည်း တစ်ကားလုံးတောက်လျှောက် စိတ်လှုပ်ရှားမှုအပြည့်နဲ့ကို ကြည့်နေရတဲ့ကားပါ။ ပြီးတော့ ပိုထူးဆန်းတာကို ပြောပြပါဆိုရင်တော့ ဒီဇာတ်ကားလေးကို ကျွန်တော်တို့ရဲ့အက်ရှင်မင်းသားကြီး၊ Terminator မင်းသားကြီးအာနိုးလ်က သရုပ်ဆောင်ထားတာပါပဲ။ မင်းသမီးဟာလည်း ၉၀ ကျော်ခုနှစ်များရဲ့နာမည်ကျော်မင်းသမီး ရိတာဝေလ်ဆန်က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Comedy/ Family အမျိုးအစားမလို့ ဘယ်လိုကားမျိုးလေးလဲဆိုတာကိုတော့ ခန့်မှန်းလို့ရလောက်မယ်ထင်ပါတယ်။ သုံးခဲ့တဲ့ဘက်ဂျက်ရဲ့ နှစ်ဆကျော်ဝင်ငွေပြန်ရခဲ့တဲ့ ဒီရုပ်ရှင်ကားလေးဟာ ဒေါင်းကြည့်ဖို့တကယ်ထိုက်တန်လှတာမို့ ခရစ္စမတ်မှာ chill ဖို့ Jingle All the Way လေးကို ဒေါင်းကြည့်ကြပါဦး။ ပြောဖို့တစ်ခုကျန်ခဲ့တယ်ဗျို့။ ဇာတ်ဝင်သီချင်းတွေ တကယ်ရှယ်ကောင်းပဲဗျ။ ကဲ Jingle All the Way လေးကို ရှုစားအားပေးလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို San Thu Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 1.05GB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 29Min Genre - Adventure, Comedy, Family Subtitle - Myanmar Subtitle (Hardsub) Translated by San Thu Aung Encoded by Y

Crime • Horror • Thriller
6 1996 89 mins
Jingle All the Way
Aftersun
7.7

Aftersun ကို မထွက်ခင်ကတည်းက ကိန်းတို့ ဘာလို့လို ရုပ်ရှင်ပွဲတော်တွေမှာပြကတည်းက ဝေဖန်ရေးသမားတွေ သွားကြည့်ခဲ့တဲ့တချို့ဆီကနေ မှတ်ချက်ကောင်းတွေ ခဏခဏမြင်ရလို့ သတိထားမိခဲ့တယ်။ ဒီရုပ်ရှင်ထွက်တော့လည်း ဘာလာလာ A24 vibe ထထအော်နေကျ A24 ဖန်တွေဆီက A24 vibe လို့တော့ မကြားရပေမဲ့ ချီးကျူးတာတွေ ခဏခဏမြင်ရလို့ သတိထားမိခဲ့တယ်ပေါ့။ တကယ်ထွက်လာတော့လည်း Rating တွေက လန်ပျံနေတာပါပဲ။ ဒီလိုဆိုလို့ ဒီကားကို ဇာတ်အိမ် ထူးထူးခြားခြားကားတို့ A24 ကနေ မြင်ရနေကျ ကားတွေလိုလို့တော့ မမှတ်စေချင်ဘူး။ A24 ဟာ နည်းနည်းတမူထူးနေတဲ့ ကားတွေနဲ့ နာမည်ကြီးလာခဲ့တာပေမဲ့ တစ်ခါတလေလည်း Heart-warming ဖြစ်တဲ့ကားတွေ ကြုံတောင့်ကြုံခဲ ထုတ်တတ်တယ်။ Minari တို့၊ The Florida Project တို့ပေါ့။ သိပ်မဆင်ပေမဲ့ ခပ်ဆင်ဆင်ဆို 20th Century Women, Lady Bird, Mid90s တို့လည်းထုတ်ခဲ့တာပဲ။ ဒါပေမဲ့ ဒီကားက အဲဒီ A24 ဒရာမာကားတွေနဲ့ လုံးဝကွဲထွက်နေတယ်။ ကွဲထွက်ဆို သူ့ပြသပုံရော ဇာတ်အိမ်ရောက လှပေမဲ့ အရမ်းရိုးရှင်းတယ်။ ၁၁နှစ်အရွယ်ကလေးမလေးတစ်ယောက်ရဲ့ သူ့အဖေနဲ့ အတူဖြတ်သန်းခဲ့ရတဲ့ အားလပ်ရက်အခိုက်အတန့်လေးကို ပြထားရုံလေးပဲ။ အဲဒီလိုပြတာကလည်း အရွယ်ရောက်လာတဲ့ အဲဒီကလေးမလေးက သူ့အဖေနဲ့ သူအတူ ရိုက်ထားတဲ့ ဒီခရီးမှတ်တမ်း ဗီဒီယိုကို ပြန်ကြည့်နေတာကို ပြတာပါပဲ။ ဆိုတော့ကာ ဒီကားအစအဆုံးဟာ ကျွန်တော်တို့ဟာ ကျွန်တော်တို့နဲ့ ရွယ်တူလောက် မိန်းကလေးတစ်ယောက် သူ့အတိတ်က အပျော်ဆုံးဘဝကို ပြန်ကြည့်တာကို ကျွန်တော်တို့ လိုက်ကြည့်လိုက်ကြရုံသက်သက်ပါပဲ။ ဆိုပေမဲ့ သူ့မှာတင်ပဲ အပျော်ဆုံးဘဝရှိခဲ့ဖူးတာ မဟုတ်ဘဲ ကျွန်တော်တို့အားလုံးမှာလည်း ရှိခဲ့ဖူးတယ်မလား။ မြီးကောင်ပေါက်အရွယ်ဟာ ကျွန်တော်တို့ မိဘတွေနဲ့ ကျွန်တော်တို့ကြား အပြေလည်ခဲ့ဆုံး အချိန်တွေ ဖြစ်ကောင်းဖြစ်နိုင်ကြတာပဲ။ အပျိုဖော်လူပျိုဖော်နည်းနည်းဝင်လာကြပြီးတဲ့နောက် ကတောက်ကဆတ်တွေလည်း ရှိခဲ့ကြဖူးမှာပဲ။ ဒီထက်နည်းနည်းအရွယ်လွန်လာတဲ့အခါ ကျွန်တော်တို့ ဟိုးငယ်ငယ်တုန်းက ဘဝတွေကို ပြန်မြင်တွေးကြည့်ကြရတာလည်း အနည်းနဲ့အများတော့ လွမ်းမောဖို့တော့ကောင်းမှာပဲမဟုတ်လား။ ဒီရုပ်ရှင်ဟာ ကောင်မလေးတစ်ယောက်ရဲ့ ပျော်ခဲ့ဖူးတဲ့ အချိန်တွေကိုပြတာပေမဲ့ အဲဒီနောက်မှာလည်း နည်းနည်းခါးသီးတဲ့အရာတချို့တော့ရှိနေသေးတယ်။ ကောင်မလေးအတွက်တော့ အပျော်ဆုံးဖြစ်ခဲ့ပေမဲ့ သူ့အဖေအတွက် ဒီအချိန်က တစ်စုံတရာ အခက်အခဲရှိခဲ့တဲ့ ကာလတစ်ခုဖြစ်နေခဲ့တာပါပဲ။ ကလေးမလေးကတော့ သိခဲ့လိမ့်မှာမဟုတ်ဘူး။ ကျွန်တော်တို့ အားလုံးလိုပဲပေါ့။ ဒီဗီဒီယိုကို သူပြန်ကြည့်တဲ့အချိန်မှာတော့ သူလည်း အတိုင်းအတာတစ်ခုအထိ ဖြတ်သန်းခဲ့ပြီးပြီဆိုတော့ သူမသိခဲ့တာတွေကို ပြန်မြင်ရင်လည်း မြင်လာမှာပဲ။ ခင်ဗျားလည်း ကြည့်ရင်း ပြန်မြင်ယောင်မိရင်း ပြင်မြင်ရင်လည်းမြင်လာမှာပဲ။ နိဂုံးချုပ်ရရင် ဒီရုပ်ရှင်ဟာ ချစ်စရာကလေးမလေးနဲ့ အရောင်တွေလှပနေတဲ့ ရုပ်ရှင်တစ်ကားသက်သက်ပဲ။ လွမ်းမောစရာဖြစ်သွားမလား နာကျင်စရာဖြစ်သွားမလားကတော့ ခင်ဗျားအပေါ်ပဲ မူတည်ပါလိမ့်မယ်။ Aftersun ဟာ ကတိုက်ကရိုက်မဟုတ်ဘဲ အေးအေးဆေးဆေးရှိတဲ့ တစ်နေ့နေ့မှာ ခင်ဗျား ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပေါ့။ ဒီရုပ်ရှင်ဟာ ခင်ဗျားပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံကလေးရဲ့ ဝင်ပေါက်တစ်ခု ဖြစ်ကောင်းဖြစ်လာဖို့ များပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.81GB, 858MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 42Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Mystery • Thriller
7.7 2022 101 mins
Aftersun
Sonic the Hedgehog
7.4

အရင်လက ရုံတင်သွားတဲ့ သိပ္ပံစိတ်ကူးယဉ်ကားလေးပါ။ အခြားဂြိုလ်ကနေလာပြီး အမြန်နှုန်းနဲ့ ပါဝါတွေရှိတဲ့ ဆောနစ်ဆိုတဲ့ ဖြူကောင်လေးဟာ ရန်သူတွေလက်ကနေ ပြေးရင် ကမ္ဘာပေါ်ကို ရောက်လာပါတယ်။ ကမ္ဘာပေါ်မှာ ရဲတစ်ယောက်နဲ့မိတ်ဆွေဖြစ်ပြီး တစ်ချိန်တည်းမှာပဲ သူ့ကို ဖမ်းဖို့လိုက်လာတဲ့ သိပ္ပံပညာရှင် ရိုဘော့နစ် နဲ့ပါ ရင်ဆိုင်လာရပါတော့တယ်။ ဒီတော့ ရဲအရာရှိ သောမက် နဲ့ ဆောနစ်တို့ သူ့လက်ကလွတ်အောင်ပြေးရင် ဘေကင်းတဲ့ ဂြိုလ်တစ်ခုကို ဆောနစ်ကို ပြန်ပို့နိုင်ဖို့ ကြ်ိုးစားရပါတော့တယ်။ ဆာနစ်အဖြစ် ဘန် ရှဝက်က သရုပ်ဆောင်ထားပြီး ဗီလိန်နေရာကတော့ မတွေ့ရတော ကြာပြီဖြစ်တယ် မင်းသားကြိး ဂျင်မ် ကာရေးမို့ ကြည့်လို့သိပ်ကောင်းပါလိမ့်မယ်။ rating လည်း 6.8 ဆိုတော့ အားလုံးအပမ်းပြေကြမယ်ထင်ပါတယ် File Size : ( 930 MB) Quality : HDRip 720p Running Time : 1 hr 39 min Format : Mp4 Genre : Action , Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Thriller
7.4 2020 99 mins
Sonic the Hedgehog
First Man
7

အချိန်ကာလကတော့ ၁၉၆၉ ခုနှစ် ..... ဇူလိုင်လ ၁၆ရက် ၁၃:၃၂နာရီ ခန့်ပေါ့............ စိတ်ကူးယဉ်ခဲ့ရတဲ့ လမင်းကြီးဆီကို သမိုင်းရဲ့ ပထမဆုံးအနေနဲ့ ကျွန်တော် ထွက်ခွာသွားရတော့မှာ .... အောင်မြင်မှာလား ကျရှုံးမှာလား.. ...ကျွန်တော် ဆက်မတွေးတော့ပါဘူး....... ဆုံးသွားတဲ့ ကျွန်တော့်ရဲ့သမီးလေးကို ဝမ်းနည်းစွာ သတိရနေတာလား.... .... ကျွန်တော့်ထက်အရင် လကမ္ဘာကိုသွားရောက်ဖို့ ကြိုးစားခဲ့တဲ့ သူငယ်ချင်းတွေရော.. . ကောင်းမွန်တဲ့ဘုံဘဝမှာ ပျော်ရွှင်ကျေနပ်နေပြီလား..... ဒါမှမဟုတ် ကျွန်တော်ပဲ ဒီအခန်းကျဉ်းလေးထဲမှာ စက်နှိုးမဲ့အချိန်ကို စောင့်စားရင်း ခြောက်ခြားနေမိတာလား ... . ကျွန်တော်တို့ရဲ့ အမြင်အာရုံကလဲ အကန့်အသတ်နဲ့ပဲမြင်နေရတယ် လက်တစ်ဝါးသာသာလောက် မှန်ပြတင်းလေးကနေ ကောင်းကင်ကြီးကို မျှော်ကြည့်ရင်း ကမ္ဘာလောကကြီးကို နှုတ်ဆက်ထွက်ခွာရတော့မယ် ကျွန်တော်ချစ်ခင်တဲ့ မိသားစုလေးကတော့ ကမ္ဘာမြေပေါ်က အိမ်လေးထဲမှာ ကျန်နေခဲ့မှာလေ ဘယ်သူမှ မရှိတဲ့ လကမ္ဘာပေါ်မှာ ကျွန်တော်တို့ အထီးကျန်နေမှာလား ပြီးတော့ ကမ္ဘာမြေပေါ် ပြန်မရောက်လာနိုင်ခဲ့ရင်ရော....... အဲ့လိုတွေးနေရင်းနဲ့ပဲ......ခရီးစဉ်ထွက်ခွာဖို့အတွက် တဆယ်.....ကိုး....ရှစ်......ဆိုပြီး... .အချိန်မှတ်နေတဲ့အသံကို မိုက်ခရိုဖုန်းထဲကနေ ကြားလိုက်ရတယ်...... အတိတ်ကိုတွေးပြီး လွမ်းဆွေးနေလို့ မဖြစ်တဲ့အချိန်ကို ရောက်နေပြီလေ..... အာရုံကိုစုစည်းပြီး....လက်ရှိပစ္စုပ္ပန်ကိုပဲ ရင်ဆိုင်ဖြေရှင်းမှ ကျွန်တော်တို့ အသက်ရှင်နိုင်မှာပေါ့..... သူ့နာမည်က နေးလ် အမ်းစထရောင်း...တဲ့ ၁၉၃၀ ဩဂုတ်လ ၅ရက်နေ့မှာ အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်.. ဝါပါကိုနီတာမြို့မှာ မွေးဖွားခဲ့ပါတယ် လူသားတို့ရဲ့သမိုင်းမှာပထမဦးဆုံးသော လကမ္ဘာပေါ် ခြေချနိုင်ခဲ့သူလဲ ဖြစ်တယ် အဲ့အချိန်ကာလတုန်းက သိပ္ပံပညာရှင်တွေဟာအာကာသအကြောင်းကို အများကြီး သိပ်မသိကြသေးပါဘူး.... လေထဲပျံသန်းတဲ့ နည်းစနစ်ကိုလည်း သူတို့ခေတ်ကာလကနေ တွက်ကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ကျော်ခန့်ကမှ စတင်သိရှိခဲ့ကြတာပါ အမေရိကန်ဟာ ဆိုဗီယက်နိုင်ငံကို အနိုင်ရချင်တဲ့ဇောနဲ့သာ အချိန်တိုလေးအတွင်းမှာ ထွက်ခွာနိုင်ဖို့ ပြင်ဆင်ခဲ့ကြပေမယ့် အရမ်းလွယ်ကူတဲ့ အရာမျိုးတော့ မဟုတ်ခဲ့ပါဘူး လကမ္ဘာပေါ်ခြေချနိုင်ဖို့ ပေးဆပ်ခဲ့ရတဲ့ တန်ကြေးတွေလည်း မနည်းခဲ့ပါဘူး ငွေကြေးတစ်ခုတည်းတင် မကဘဲ အာကာသယာဉ်မှူးများစွာရဲ့အသက်တွေကိုလည်း စတေးခဲ့ကြရပါတယ် နိုင်ငံရေးအရ အဆင်မပြေခဲ့တာတွေလဲ ရှိခဲ့ပါသေးတယ် အောင်မြင်တော့မှသာ ဝိုင်းဝန်းလက်ခုပ်တီးခဲ့ကြတာဖြစ်ပြီး မအောင်မြင်ခင်မှာတော့ အဓိပ္ပါယ်မရှိဘူးလို့ လက်ညှိုးထိုးခံခဲ့ရတဲ့ ကိစ္စတစ်ခုပါ.... သူဟာ အဖက်ဖက်က ထိုးနှက်တိုက်ခိုက်တာတွေကို နာကျည်းစရာလို့မမြင်ဘဲ ခွန်အားအဖြစ်ပြောင်းလဲ အသုံးပြုခဲ့တဲ့သူတစ်ယောက်ပါပဲ ပြီးတော့နောက်တစ်ချက်က " အောင်မြင်တဲ့ ယောကျာ်းတစ်ယောက်ရဲ့ နောက်ကွယ်မှာ ထက်မြတ်တဲ့မိန်းမတစ်ယောက် ရှိတယ်"ဆိုတဲ့စကားအတိုင်းပဲ သူ့ရဲ့အမျိုးသမီးကလည်း အကောင်းဆုံးသော ပါရမီဖြည့်ဖက်တစ်ယောက်ဖြစ်ခဲ့ပါတယ် ကိုယ့်ယောကျာ်းအပေါ်ကို နားလည်မှု အပေးနိုင်ဆုံး မိန်းမတစ်ယောက်အဖြစ် ဒီရုပ်ရှင်လေးမှာ မြင်ရမှာပါ..... အနှစ်ချုပ်ပြောရရင်တော့ First Man ဇာတ်ကားဟာ IMDB 7.3ရရှိထားပြီး အနှစ်သာရပြည့်ဝတဲ့ လကမ္ဘာပေါ် ပထမဆုံးခြေချခဲ့သူ "နေးလ် အမ်းစထရောင်း"ရဲ့အတ္ထုပ္ပတ္တိကို ပြန်လည်ရိုက်ကူးထားတဲ့ ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် (ဒီဇာတ်ကားနဲ့အညွှန်းကို Mg King မှရင်နဲ့ခံစားပြီး ဘာသာပြန်ပေးထားပါတယ်...) File Size : (1.2 GB) Quality : BluRay 720p Running Time :2hr 21min Format : Mp4 Genre : Biography , Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Mg King Encoded by Moe Myint Lwin

Crime • Drama
7 2018 141 mins
First Man
The Wailing
7.3

တောင်ကိုရီးယားနိုင်ငံရဲ့တစ်နေရာမှာ တည်ရှိတဲ့ ကျေးရွာလေးတစ်ခုမှာ ဇာတ်လမ်းကို စတည်ထားတယ်။ ထိုရွာလေးနာမည်ကတော့ Goksung တဲ့။ ထိုမြို့လေးဟာ အတော်အတန်သင့် သာယာတဲ့ရွာလေးဆိုရင်လည်း မမှားဘူးပေါ့။ တောတွေ တောင်တွေနဲ့ကာရံထားပြီး မြစ် ချောင်း အင်းအိုင်လေးတွေလည်း ရှိတော့ ပိုအေးချမ်းတာပေါ့။ ဒါပေမဲ့ ခုရက်ပိုင်းမှာ ရွာထဲကို Japanese အဖိုးကြီးတစ်ယောက် ရောက်လာပြီးနောက်ပိုင်းမှာ ကောလဟာလတွေ ထွက်လာတယ်။ မိုးတွေစွေနေတဲ့ အေးချမ်းတဲ့ အာရုဏ်ဦးဟာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ရဲသား Jong-goo အတွက်တော့ စိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုပဲ။ မနက်စောစော ရွာထဲမှာ လူသေမှုဖြစ်လို့ဆိုပြီး သူအခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့သောအခါ မြင်ရတဲ့ မြင်ကွင်းက စိတ်ခြောက်ခြားစရာပါ။ သွေးတွေသံတွေနဲ့ရဲရဲနီနေတဲ့ လူ့အလောင်းတွေ နဲ့အရာရာကို သိနိုင်နားလည်နိုင်စွမ်းမရှိတော့တဲ့ မိသားစုဝင် လူသတ်သမားတစ်ယောက်။ အလားတူဖြစ်ရပ်မျိုးတွေဟာ သူတို့ရွာမှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာပါတော့တယ်။ ဆေးစစ်ချက်တွေအရနဲ့ဆရာဝန်တွေရဲ့ပြောကြားချက်အရဆိုရင်တော့ သူတို့ရွာမှာ အလေ့ကျပေါက်လေ့ရှိတဲ့ မှိုအမျိုးအစားတစ်ချို့ကို လူတစ်ချို့စားသုံးမိပြီး စိတ်ဖောက်ပြန်ကာ မိမိရဲ့မိသားစုဝင်တွေကို ရက်ရက်စက်စက်သတ်ဖြတ်ပစ်တယ်လို့ကောက်ချက်ချပစ်လိုက်ကြတယ်။ ရှေးဆန်တဲ့ လူတစ်ချို့ကတော့ မယုံကြည်ကြဘူးပေါ့။ ဒီကြားထဲ ရွာထဲက မုဆိုးတစ်ယောက်က သူတောထဲမှာ ထို Japanese အဖိုးကြီးက ကိုယ်တီးလုံးနဲ့သမင်တစ်ကောင်ရဲ့အသားကို အစိမ်းလိုက်စားနေတာကို တွေ့လိုက်ရတယ်လို့ပြောလာတဲ့ သတင်းတစ်ခုကလည်း ထွက်လာတယ်။ တစ်ချို့ကလည်း ပြောကြတယ်။ မြစ်ကမ်းဘေးမှာ အဝတ်လာလာလှမ်းလေ့ရှိတဲ့ အမျိုးသမီးတွေထဲက တစ်ယောက်ကို ထိုအဖိုးကြီးက မတော်မတရားကျင့်လိုက်ပြီး ရွာထဲမှာ ထိုကဲ့သို့သတ်ဖြတ်ခြင်း ဖြစ်ရပ်တွေ ဖြစ်လာတယ်လို့လည်း ဆိုလာကြပြန်တယ်။ ရဲသား Jong-goo ဟာ အခင်းတစ်ခုမှာ လာကြည့်နေတဲ့ ရွာသားတွေထဲမှာ ထိုအဖိုးကြီးကိုတွေ့လိုက်ရတဲ့အခါ သူဟာ သံသယဝင်လာတော့တယ်။ နောက်တစ်နေ့ထိုအခင်းကို စောင့်ကြပ်နေတဲ့ တာဝန်ချိန်မှာ အဝတ်ဖြူကို ဝတ်ဆင်ထားကာ ရူးကြောင်ကြောင်အပြုအမူနဲ့ ထူးထူးဆန်းဆန်း အမျိုးသမီးငယ်တစ်ယောက်ကို တွေ့ခဲ့ပြီး သူမကလည်း ထို Japanese အဖိုးကြီးကြောင့် ယခုလို ရွာထဲမှာ ရက်စက်သော မိသားစုဝင်အချင်းချင်းပြန်လည်သတ်ဖြတ်ကြတဲ့ ဖြစ်ရပ်တွေ ဖြစ်လာရတယ်လို့သူမကိုယ်တိုက် မျက်လုံးနဲ့မြင်ခဲ့တယ်လို့ဆိုလာတယ်။ သူ့ရဲ့သံသယတွေကို အဖြူအမဲသဲကွဲဖို့အတွက် သူ့ရဲ့အဖော်ဖြစ်သူ တစ်ခြားရဲသားနှင့် ထိုမုဆိုးနဲ့ပထမတစ်ခါသွားခဲ့ပေမဲ့ အဆင်မပြေမှုတစ်ခုကြောင့် ဒုတိယအခေါက်အနေနဲ့Japanese စကားပြော တရားဟောဆရာ တစ်ယောက်နဲ့နောက်တစ်ခေါက်ထပ်မံသွားတယ်။ တောအုပ်ကြီးထဲက ထို Japanese အဖိုးကြီးနေတဲ့အိမ်က အပြန်မှာ အဖော်ရဲသားဟာ တိတ်ဆိတ်နေခဲ့တယ်။ ထို့နောက်တော့ Jong-goo ကို ပြလိုက်တဲ့ ထိုအဖိုးကြီးအိမ်ကသူယူလာတဲ့ အရာလေးကတော့ Jong-goo ရဲ့သမီးဖြစ်သူရဲ့ဖိနပ်လေးတစ်ခုပဲ ဆိုတာ Jong-goo သိလိုက်ရတဲ့အခါ …. ? (ဇာတ်လမ်းအညွန်းကို  Movie we watch we feel မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော Chit The Nu Sweဖြစ်ပါတယ်) File size…(2.6 GB, 1.3 GB) Quality… 1080p, 720p bluray Format…mp4 Duration….02:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder…Thanhtike Zaw

Comedy
7.3 2016 156 mins
The Wailing
The Voyagers

ဒီဇာတ်ကားလေးက ၂၀၂၂ ကမှထွက်ရှိထားတဲ့ အီတလီဇာတ်ကားလေးပါ။ အချိန်​ခရီးသွား​တဲ့ Fantasy​ အမျိုးအစား​ဇာတ်​ကားဖြစ်ပြီး ခါတိုင်းလို အမေရိကန်​တွေက ကမ္ဘာ​ကြီး​ကိုကယ်တင်မဲ့အစား ဒီတစ်ခါ​တော့​ အီတာလျံတွေ ကမ္ဘာ​ကိုကယ်တင်မှာကို ကြည့်ရှုရမှာပါ။ ဇာတ်လမ်း​အကျဥ်း ကတော့ မက်စ် ဆိုတဲ့ကောင်လေးရဲ့ အစ်ကို​ဖြစ်သူ ဘီယိုက သိပ္ပံ​သုတေသန​ Lab တစ်ခုမှာ အလုပ်​လုပ်​နေတဲ့ သိပ္ပံ​ပညာရှင်​တစ်ယောက်​ဖြစ်ပြီး တစ်နေ့​မှာ ခြေရာ​လက်ရာမကျန်ဘဲ လုံးဝ​ပျောက်ဆုံးသွားပါတယ်။ တစ်နှစ်​အကြာမှာ အစ်ကို​ဖြစ်​သူပျောက်သွားတဲ့ Lab ကို မက်စ်နဲ့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ ဂရီတာ နဲ့ ဖလီဘိုတို့ သုံးယောက်​သား ဖောက်​ထွင်း​ဝင်ရောက်ရာကနေ စက်​တစ်ခုကို​ မတော်​တဆဖွင့်မိရင်း သူငယ်ချင်း​သုံး​ယောက်​လုံး အတိတ်​ကိုပြန်ရောက်သွားပါတော့တယ်။ ရောက်​သွားတဲ့အတိတ်က ဒုတိယ​ကမ္ဘာ​စစ်​ဖြစ်​ခါနီး မူဆိုလီနီ​အုပ်ချုပ်​နေတဲ့ ဖက်ဆစ်အီတလီနိုင်ငံကိုဖြစ်ပါတယ်။ အစ်​ကိုဖြစ်သူကိုစုံစမ်းရင်း Montanary Brigade ဆိုတဲ့​ ဖက်ဆစ်ဆန့်ကျင်ရေးအုပ်စုတစ်စုနဲ့ ဆက်သွယ်​မိပြီး မူဆိုလီနီက ဒုတိယ​ကမ္ဘာစစ်ကို အနိုင်​တိုက်​ပြီး သမိုင်း​ကို​ပြောင်းဖို့အတွက် ပြီး​ပြည့်စုံ​တဲ့ ကာလယန္တရားတစ်ခုကိုတည်ဆောက်နေပြီး မက်စ်​ရဲ့အစ်ကို ဘီယို​ကိုလည်း​ ဖမ်းဆီး​ထားတာကို သိလိုက်ရချိန်မှာတော့ ကလေး​သုံးယောက်​ မူဆိုလီနီ​ရဲ့အကြံကို တားဆီးရပါတော့တယ်။ ဇာတ်လမ်း​က ကြည့်ရတာပေါ့ပါးပြီး ဇာတ်​အိမ်​ရိုးရှင်းပေမဲ့ ဒရာမာ​ elements တွေလည်း​ ထည့်​သွင်း​ထားလို့ အားလုံး​ခြုံ​ကြည့်ရင် ကြည့်ပျော်မဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ Time Travel ဇာတ်​ကားဆိုပေမဲ့ ခေါင်း​စားစရာတွေမပါတာကြောင့် စိတ်​ချလက်ချကြည့်ရှုနိုင်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Fantasy, Adventure, TV Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein

0 2022
The Voyagers
War On Terror: KL Anarchy
6.7

War on Terror : KL Anarchy (2023) နိုင်ငံတကာက ရိုက်ကူးထားတဲ့ ရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ မီးသတ်တပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဂုဏ်ပြုဇာတ်ကားတွေရဲ့အားနည်းချက်က အရမ်းအမွှန်းတင်လွန်းတာပါပဲ။ ဘယ်လိုဖြစ်တယ် ညာလိုဖြစ်တယ် ပေါ်လစီတွေများနေတာကိုး။ ဒါပေမဲ့လဲ နိုင်ငံတိုင်းကလဲ သူတို့နိုင်ငံမှာရှိတဲ့ တပ်ဖွဲ့အသီးသီးကို အမွန်းတင်ပြီး ဂုဏ်ပြုဇာတ်ကားတွေ ရိုက်ပေးနေကြတုန်းပါပဲ။ ဒီလိုရိုက်ပေးတာကိုက သူတို့ရဲ့စိတ်ဓာတ်ကို မြင့်တင်ပေးတဲ့သဘောပါပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လူတွေက ပေါ်လစီတွေ အမွှန်းတင်တာတွေကို ကြည့်ရပါများလာတော့ သိပ်မကြိုက်ကြတော့လို့ လက်တွေ့နဲ့နီးစပ်လာတာတွေကို ပြောင်းရိုက်လာကြပါတယ်။ ဒါပေမဲ့ အနည်းကျဉ်းတော့ ပါနေကြတုန်းပါပဲ။ အဲ့လို ပေါ်လစီတွေ အမွှန်းတင်တာတွေလဲ မများဘဲ အရင်ခေတ်က ရဲအက်ရှင်ကားတွေလိုမျိုး အက်ရှင်ကြမ်းကြမ်းနဲ့ ဗီလိန်ကလည်း စောင်ငနုမဟုတ်တဲ့ အက်ရှင်ခပ်ကြမ်းကြမ်းကိုမှ ကြည့်ချင်သူတွေအတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကမှ ထွက်ရှိထားတဲ့ မလေးရှားရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း … ကာလစ်ဆိုတဲ့ ရဲဝန်ထမ်းတစ်ယောက်ဟာ မလေးရှားအကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူပါ။ အလုပ်မှာတော်တဲ့ရဲတစ်ယောက်ဖြစ်သလို သူစိတ်ထင်ရာကိုလုပ်တတ်တဲ့သူမို့လဲ အဖွဲ့ခေါင်းကကြည့်မရတဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့ခန့်မှန်းချက်တွေက အမြဲမှန်နေတတ်လို့ တပ်ဖွဲ့ကနေလဲ စွန့်လွှတ်လို့မရတဲ့သူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့မလေးရှားနိုင်ငံက လက်နက်ကုမ္ပဏီတစ်ခုရဲ့ လက်နက်နဲ့ဖောက်ခွဲရေးပစ္စည်းတွေကို တင်ပို့လာတဲ့ရထားကို ဓားပြတိုက်သွားပြီး လက်နက်ပစ္စည်းတွေအများပြားပျောက်ဆုံးပြီး ရထားပေါ်မှခရီးသည်တွေသေကြေထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ပျောက်ဆုံးသွားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေဟာ လဲပျောက်ချင်းမလှပျောက်သွားတဲ့အတွက် မလေးရှားရဲတပ်ဖွဲ့အတွက် ရတက်မအေးစရာဖြစ်လာခဲ့ပါပြီ။ ဒါဟာ အကြမ်းဖက်အဖွဲ့နဲ့သက်ဆိုင်နေတဲ့အမှုဖြစ်တဲ့အတွက် မလေးရှားအကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ကို တာဝန်ပေးခဲ့ရာမှ ကာလစ်တို့အဖွဲ့ ဘယ်လိုအကြမ်းဖက်သမားတွေနဲ့ ကြုံရမလဲ ပျောက်သွားတဲ့ဖောက်ခွဲရေးပစ္စည်းတွေကို ဘယ်လိုပြန်ရှာဖွေကြမလဲဆိုတာ အက်ရှင်ခပ်ကြမ်းကြမ်းနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ K.Hein ဖြစ်ပါတယ်) Genre….. Action, Crime, Thriller Quality…. 1080p | 720p File size… 1.3GB | 709MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

6.7 2023
War On Terror: KL Anarchy
Daddy Daughter Trip

လယ်ရီက တီထွင်ဉာဏ်ရင့်သန်သူဖြစ်ပြီး ဟိုစပ်စပ် ဒီစပ်စပ် အကုန်လုပ်တတ်ပေမဲ့ သူ့ရဲ့ တီထွင်မှုတွေက ကြီးကြီးမားမား ဖြစ်မလာသေးသူပါ။ သူ့ရဲ့သမီးငယ်လေး ၈ နှစ်အရွယ် မယ်ရာကတော့ ပုံဆွဲရာမှာ ထူးချွန်လှသူဖြစ်ပြီး လယ်ရီပြောပြတဲ့ပုံပြင်လေးတွေကို ပုံလေးတွေဆွဲပြီး ကြီးလာရင် ကာတွန်းရေးဆရာမ လုပ်မယ်ဆိုတဲ့ စိတ်ကူးအိပ်မက်ရှိသူလေးဖြစ်ပါတယ်။ ဒီလိုနဲ့ မယ်ရာ့ရဲ့နွေဦးကျောင်းပိတ်ရက်မှာ တခြားကလေးတွေလို ကျောင်းပိတ်ရက်ခရီးထွက်ချင်ပေမဲ့ အလုပ်မရှိဘဲ အချိန်ပိုင်းတွေသာလုပ်နေရတဲ့ လယ်ရီက ခရီးပို့ပေးမယ်လို့ အရင်နှစ်က ပေးခဲ့တဲ့ သူ့ရဲ့ကတိကို တည်အောင်ကြိုးစားရပါတော့တယ်။ လယ်ရီ တစ်ယောက် အစီအစဉ်မရှိဘဲ မယ်ရာ့ကို ခြေဦးတည့်ရာခေါ်သွားရင်း ဟိုဟိုဒီဒီလုပ်ပေးဖို့ ကြိုးစားခဲ့ပေမဲ့ အကြိမ်ကြိမ် အလွဲလွဲအချော်ချော်တွေဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ ကံကြမ္မာက သူ့အတွက် မျက်နှာသာပေးတဲ့အနေနဲ့ ခရီးသွားဘလော့ဂါ လင်မယားနှစ်ယောက်နဲ့ အမှတ်မထင် တွေ့ဆုံခဲ့ရာမှာတော့… သူတို့ကြား ပြဿနာတွေနဲ့ လွဲချော်မှုလေးတွေကို Comedy/Animation အဖြစ် ဟာသဆန်ဆန် ရိုက်ကူးထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ မိသားစုနဲ့အတူ ကြည့်နိုင်မဲ့ ဇာတ်ကားလေးမို့ ခံစားကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွန်းနဲ့ဘာသာပြန်ကတော့ Emily ပါ။) File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

0 2022 100 mins
Daddy Daughter Trip
Shri Swapankumarer Badami Hyenar Kobole
5.8

Shri Swapankumarer Badami Hyenar Kobole (2024) ==================================== ယခုတင်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ ဟာသစုံထောက်ဇာတ်လမ်းမျိုးကိုမှ စာရေးဆရာနဲ့ စုံထောက်ဇာတ်ကောင်ကြားထဲက ဆက်နွယ်မှုလေးတွေကို တင်ဆက်ပြသထားပါတယ်။ စုံထောက်ကြီး ဒီပက်ချာတာဂျီးရဲ့ ရန်သူတော်ကြီး ဘာဒါမီဟိုင်နာဟာဖြင့် နျူကလီးယားဗုံးကို တီထွင်ပြီး ဒီပက်ချာတာဂျီးတိုနေတဲ့မြိုကို ဖျက်ဆီးဖိုလုပ်ပါတော့တယ်။ ဒီမှာပဲ စာအုပ်တွေကြားပဲ သူ့ကိုယ်သူနစ်မြှုပ်ထားတဲ့ စုံထောက်ကြီးဟာ သူ့တပည်ကျော်ဖြစ်တဲ့ ရာတန်လာနဲ့အတူ ရန်သူတော်ကြီး ဘာဒါမီဟိုင်နာကို စာရေးဆရာကြီးဆွာပန်ကူမားနဲ့ အတူတူ ဘယ်လိုတွေ ရင်ဆိုင်တိုက်ခိုက်သွားမလဲ… စုံထောက်ဇာတ်လမ်းဆိုတဲ့အတိုင်း ဘယ်လို ပဟေဠိတွေပါဝင်သွားမလဲ …. အဆုံးသတ်မှာရော စုံထောက်ကြီး အနိုင်ရသွားမှာလား…. ဆိုတာတွေကို ဟာသလေးတွေနှောရင်း ကြည့်ရှုရမယ့် စုံထောက်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။ File size_(1.4GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:26:00 Genre_Action, Comedy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Char Ou

Horror • Thriller
5.8 2024
Shri Swapankumarer Badami Hyenar Kobole
Ash Is Purest White
7

ပြာဆိုတာ အသန့်စင်ဆုံး အဖြူရောင်ပါတဲ့။ အရမ်းကိုပူပြင်းတဲ့အခြေအနေတစ်ခုမှာ အရာဝတ္ထုတွေက စင်ကြယ်သွားတတ်ပါတယ်တဲ့။ အဲဒါကြောင့် အပူချိန်အများဆုံးကိုခံရတဲ့ ပြာရဲ့ အဖြူရောင်ကို အစင်ကြယ်ဆုံးပါလို့ပြောထားပါတယ်။ ဒီဇာတ်ကားမှာမြေအောက်လောက အဖွဲ့တစ်ခုက ခေါင်းဆောင်ရဲ့ ချစ်သူဖြစ်တဲ့ Zhao Qiao ရဲ့ လောကဓံကြားမှာ အပူပြင်းပြင်းပေးခံရပြီး သူ့ရဲ့ အကောင်းဆုံးအရည်အသွေးကို ရရှိလာတဲ့အကြောင်းရိုက်ကူးထားပါတယ်။ ပြီးတော့ သူ့ရဲ့ချစ်သူအပေါ်ထားတဲ့ အချစ်ကြီးပုံကို ကြည့်တဲ့သူတိုင်း ကူးစက်ခံစားစေမှာအသေအချာပါပဲ။ မျက်ရည်ဝဲရမယ့် ဇာတ်ကားမဟုတ်ပေမဲ့ မဲ့ပြုံးလေးတော့ ပြုံးဖြစ်မှာ သေချာပါတယ်။ဒီဇာတ်ကားကို Cannes Film Festival မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရထားပါတယ်။ IMDB Rating ကတော့ 7 ဖြစ်ပြီး အမှတ်ပေးကပ်စေးကုတ်တဲ့ Rotten Tomato ဆိုတဲ့ ခရမ်းချဉ်သီးတွေကတော့ 100% ပေးထားပါတယ်။ ဒီဇာတ်ကားလေးက ခပ်အေးအေး Drama ဖြစ်ပေမယ့် ဇာတ်ကားနဲ့အတူ စီးမျောသွားစေမှာ အသေအချာပါပဲ။ ကျွန်တော့်အမြင်ကတော့ Gone With the Wind ဇာတ်ကားကို Chinese Version နဲ့တွေ့လိုက်ရသလိုပါပဲ။ ဘာသာပြန်နဲ့ အညွှန်း d3mon ဖြစ်ပါတယ်

Drama • Crime
7 2018 136 mins
Ash Is Purest White
Dirty Pretty Things

IMDB …….. 7.2 အိုကွေးဟာ အာဖရိကကနေ လန်ဒန်ကို တရားမဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ယောက် ဖြစ်ပါတယ်။ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ထုံးစံအတိုင်း ရဲဖမ်းခံရမှာနဲ့ ပြည်နှင်ဒဏ်ပေးခံရမှာကို အမြဲ ကျီးလန့်စာစားဖြစ်နေရတဲ့သူပါ။ တစ်နေ့မှာတော့ သူအလုပ်လုပ်တဲ့ဟိုတယ်ရဲ့ မန်နေဂျာဟာ နိုင်ငံကူးလက်မှတ် နဲ့ ကျောက်ကပ်ကိုအရောင်းအဝယ်လုပ်တဲ့သူမှန်း အိုကွေးသိလိုက်ရပါတော့တယ်။ အိုကွေးဟာ နိုင်ဂျီရီးယားမှာ ဆရာဝန်ဆိုတာ သိသွားတဲ့ ဟိုတယ်မန်နေဂျာကလည်း သူ့ကို ခွဲစိတ်ဆရာဝန်လုပ်ပေးရင် ပတ်စ်ပို့အသစ်လုပ်ပေးမယ်လို့ ကမ်းလှမ်းလာပါတယ်။ တစ်ဖက်မှာလည်း သူ့ကို သဘောကျနေတဲ့ မိန်းကလေးက အမေရိကန်အိပ်မက်အတွက် ကျောက်ကပ်ရောင်းဖို့ လုပ်နေပါပြီ။ အိုကွေး ဘာလို့ သူ့နိုင်ငံကနေ ထွက်ပြေးလာတာလဲ ။ သူ ပတ်စ်ပို့အသစ် ဘဝအသစ်နဲ့ လွတ်မြောက်သွားမှာလား ။ ပိုဆိုးတဲ့ဒုက္ခတွေနဲ့ ကြုံတွေ့ရမှာလားဆိုတာကို ကြည့်ရှုရမှာပါ။ မင်းသားအနေနဲ့ 12 years a slave တို့လို့ oscar တန်းဝင်ရုပ်ရှင်တွေမှာပါဝင်ထားတဲ့ Chiwetel Ejiofor နဲ့ မင်းသမီးအနေနဲ့ Amelie, Davinci Code ရုပ်ရှင်တွေထဲက Audrey Tautou တို့သရုပ်ဆောင်ထားပါတယ်။ File size…(1.8 GB)/(900 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre… Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Marco

0 2002
Dirty Pretty Things
Deep Fear
5

Deep Fear (2022) IMDb Rating (5.0) / Rotten Tomatoes (93%) သဲထိပ်ရင်ဖို ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတို့အတွက် တကယ်စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကျောင်းပြီးသွားတဲ့ ကျောင်းသားသုံးယောက်ဟာ ဘားမှာဆိုရဲ့ ပဲရစ်ရောက်တုန်း ကြုံတောင့်ကြုံခိုက် ပဲရစ်ကိုသွားလည်ဖို့ ရွယ်ခဲ့ကြပါတယ်။ ဖြစ်ချင်တော့ သူတို့ရဲ့ လမ်းပြဟာ ပဲရစ်ရဲ့ နာမည်ကြီး မြေအောက်လိုဏ်ဂူဖြစ်တဲ့ “ကာတာကွန်း” ဆိုတဲ့နေရာကို ခေါ်သွားခဲ့ပါတယ်။ နှစ်ရာနဲ့ချီ ကမ္ဘာစစ်သက်တမ်းမှီတဲ့အထိ နာမည်ကြီးနေတဲ့ ပဲရစ်တစ်မြို့လုံးရဲ့ မြေအောက်ကို ဖုံးနေတဲ့ အဲဒီမြေအောက်လိုဏ်ဂူမှာ ဘာတွေရှိနေမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(950 MB) / (630 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:20:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Thriller • Crime • Action
5 2022
Deep Fear
We Were Soldiers
7.2

We Were Soldiers (2002) IMDb Rating (7.2)/ Ritten Tomatoes (63%) အကောင်းဆုံး စစ်ပွဲ‌နောက်ခံ ဇာတ်ကားတွေအကြောင်း ပြောကြတဲ့အခါ မင်းသားကြီး Mel Gibsonရဲ့ We were Soldiers ကလည်း မပါမဖြစ်တဲ့ ဇာတ်ကားတစ်ခုပါပဲ။ ဗီယက်နမ်နဲ့ အမေရိကန်တို့ စစ်မက်ဖြစ်ပွားခဲ့တဲ့ ၁၉၆၅ ကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဖြစ်ရပ်မှန်ကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအကြောင်းကို ပြောရရင် စစ်ဗျူဟာတွေ၊ အနိဋ္ဌာရုံတွေဦးစားပေးထားတာမျိုး မဟုတ်ဘဲ အမေရိကန်စစ်သားတွေရဲ့ ဘဝနဲ့ခံစားချက်၊ ခေါင်းဆောင်တစ်ဦးရဲ့တာဝန်နဲ့ ဝတ္တရား‌တွေ၊ အမိမြေမှာကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ ပူဆွေးသောကနဲ့ဂုဏ်ယူစိတ်တွေစတဲ့ စိတ်ခံစားချက်တွေကို အသားပေးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အကောင်းဆုံးစစ်ကားတွေဆိုတာ စစ်ပွဲအကြောင်းထက် စစ်ဆိုတာကို ကြောက်တတ်လာအောင် ဖန်တီးပေးစမြဲဆိုတဲ့ စကားအတိုင်းပဲ ဒီရုပ်ရှင်ကလည်း စစ်ရဲ့ဆိုးရွားပုံတွေကို ထင်ထင်ရှားရှား ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်-ဗီယက်နမ်စစ်ပွဲအတွင်း အမှတ်၇ လေသူရဲတပ်ကို ဦးဆောင်ရတဲ့ ဗိုလ်မှူးဟယ်မိုးနဲ့တပ်ဖွဲ့ဟာ မထင်မှတ်ထားဘဲ ဗီယက်နမ်နိုင်ငံရဲ့စစ်တပ်ကြီးတစ်ခုလုံး အခြေစိုက်ထားတဲ့ နယ်မြေထဲကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ပါတယ်။ အဲဒီနေရာကတော့ လွန်ခဲ့တဲ့၁၁နှစ်က ပြင်သစ်စစ်သားတွေ အစုပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ လာဒရောင်ဒေသ ဖြစ်နေတာပါ.. အင်အားချင်းမမျှသလို အဘက်ဘက်က ပိတ်ဆို့ခံရပြီး ညှပ်တိုက်ခံနေရတဲ့ ဗိုလ်မှူးကြီးဟယ်မိုးနဲ့ တပ်ဖွဲ့အနေနဲ့ ဒီလိုအကျပ်အတည်းကနေ ဘယ်လိုလွတ်မြောက်အောင်ရုန်းကန်ကြိုးစားသွားမလဲ၊ အဲဒီတိုက်ပွဲက ဘယ်လောက်ပြင်းထန်ခဲ့လဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို JimX မှ တင်ဆက်ထားပါတယ်။)

Action • Adventure • Thriller
7.2 2002 138 mins
We Were Soldiers