YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

A.Little.Chaos.2014.720p.BluRay.(CM).mp4

927.8 MB N/A video/mp4 160 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Narvik
6.8

နော်ဝေနိုင်ငံမှာရှိတဲ့ နားဗတ်မြို့ကလေးဟာ ကားလမ်း၊ ရထားလမ်း၊ သင်္ဘောဆိပ်တွေ ရှိပြီး သံရိုင်း တင်ပို့ရောင်းချရာမှာ အရေးပါတဲ့မြို့ ဖြစ်တဲ့အတွက် အချက်အချာမြို့လေးတစ်မြို့ပါ။ ဒုတိယကမ္ဘာစစ် စတင် ဖြစ်ပွားချိန်မှာ စစ်ထဲကိုဝင်မပါချင်တဲ့ အတွက် ကြားနေမူဝါဒကျင့်သုံးကြောင်း ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ဂရိတ်ဗြိတိန်နဲ့ နာဇီဂျာမန်တို့ရဲ့ အားပြိုင်မှု ကြားမှာ စစ်ထဲဝင်ပါရဖို့ဖြစ်လာပါတော့တယ်။ နားဗတ်တိုက်ပွဲဟာ ဒုတိယကမ္ဘာစစ်မှာ ဟစ်တလာပထမဆုံး ရှုံးနိမ့်ခဲ့တဲ့ တိုက်ပွဲဖြစ်ပြီး ဒီဇာတ်ကားလေးက အဲ့အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နော်ဝေစစ်တပ်က တပ်ကြပ်ဂန်နာဟာ မိသားစုရှိရာ နားဗတ်မြို့မှာ တာဝန် ထမ်းဆောင်ဖို့ပြန်ရောက်လာပါတယ်။ အဲ့ဒိညမှာပဲ ဂျာမန်တပ်တွေက နားဗတ်မြို့ကို သိမ်းပိုက်ပြီး နော်ဝေတပ် တွေကို လက်နက်ချခိုင်းပါတယ်။ တပ်ခွဲမှူး ဗိုလ်မှူးက တပ်ကြပ်ဂန်နာအပါအဝင် လက်နက်မချချင်တဲ့ ရဲဘော် တွေကို စုစည်းပြီး မြို့အထွက်က တံတားကိုဖေါက်ခွဲဖျက်စီးပြီး ပိတ်ဆို့ရေးလုပ်ဖို့ပြင်ဆင်ပါတယ်။ ဒါပေမယ့် မြို့ထဲကထွက်လာတဲ့ ရထားပေါ်မှာ ဂန်နာ့ရဲ့ မိန်းမနဲ့ကလေးအပါအဝင် နော်ဝေလူမျိုးတွေပါ ပါလာတဲ့အတွက် အခက်တွေ့နေရပါတယ်။ ဒီလိုအခြေအနေကို ဘယ်လိုဆက်ရင်ဆိုင်မလဲ၊ သူတို့နေထိုင်ရာ မြို့ကလေးကို သူတို့ ပြန်လည်ပိုင်ဆိုင်နိုင်မလားဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြပါခင်ဗျာ။ အချစ်၊ အလွမ်း၊ စွန့်စားခန်းနဲ့ စစ်ပွဲကြမ်းကြမ်းကြိုက်သူများ အကြိုက်တွေ့မှာပါ။ ရင်ထဲမှာ တစ်ခုခု စွဲပြီး ကျန်တာမျိုး ကြည့်ချင်သူအတွက် တွေးစရာများစွာပါ အပိုဆောင်းပေးစွမ်းနိုင်မယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Ko Myo (Kop) ပါ။) File Size          : 2GB, 871MB, 431MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 48mins Genre              : Drama, History, War Translated by Ko Myo (Kop) Encoded by Kinnov

Action & Adventure • Crime • Drama
6.8 2022 108 mins
Narvik
Love, So Divine
6.6

ဂင်ဂျူရှစ်ဆိုတဲ့လူငယ်လေးဟာ ခရစ်ယာန်ဘာသာကို အထူးယုံကြည်သက်ဝင်ပြီး ကျန်ရှိတဲ့သက်တမ်းတစ်လျှောက်ကိုလည်း မွန်မြတ်တဲ့ ဖာသာတစ်ဦးအဖြစ်နဲ့ ဖြတ်သန်းသွားဖို့ ရည်ရွယ်ထားတဲ့ သူတစ်ဦးပါ... ဒါ့ကြောင့် ခရစ်ယာန်ကျောင်းတော်မှာလည်း ကျင့်ဝတ်တွေကို သေချာလိုက်နာပြီး စာတွေလည်း အရမ်းကြိုးစားခဲ့ပါတယ်... ဒီလိုနဲ့ သူနေတဲ့ ခရစ်ယာန်ကျောင်းတော်ကြီးက ဖာသာကြီးရဲ့ သမီးဖြစ်သူဟာ အမေရိကားမှာ စာသင်ပြီး ကျောင်းပိတ်လို့ပြန်လာခဲ့ပါတယ်... ကောင်မလေးဟာ အမေရိကားမှာကျောင်းတက်လာတဲ့ခေတ်လူယ်ပီပီ ခေတ်ဆန်ပွင့်လင်းပြီး အရာရာကိုစူးစမ်းတဲ့သူတစ်ဦးပေါ့ ... ဒီလိုကောင်မလေးနဲ့ ရှေးရိုးစွဲ ဘာသာရေးသာ ပထမလို့ ယူဆထားတဲ့ လူငယ်လေးနဲ့တွေ့တဲ့အခါမှာတော့.... File Size :(1.4GB) and (654MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:45:00 Genre : Romance , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Nan D Lin Encoded by Phyo Pyae

Action • Comedy • Thriller
6.6 2004 105 mins
Love, So Divine
Kruty 1918
6.7

ယူကရိန်းကို ကမ္ဘာက လွတ်လပ်တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ အသင့်ဖြစ်နေပါပြီ။ ဒါပေမယ့် လွတ်လပ်ရေးလမ်းကြောင်းကို အနှောင့်အယှက်ပေးနေတဲ့ ရုရှားစစ်တပ်ဟာ ယူကရိန်းမြို့တွေကို တစ်မြို့ပြီးတစ်မြို့သိမ်းယူရင်း မြို့တော် ကီဗီ ကိုသိမ်းဖို့အထိစီစဉ် ထားခဲ့ပါတယ်။ နိုင်ငံရဲ့စစ်အင်အားချိနဲ့လာချိန်မှာ ယူကရိန်းမြို့တော်ကီဗီမှာပဲ အကြီး အကဲတွေဟာ ခြေကုပ်ပြီးခုခံဖို့ပြင်ဆင်လာခဲ့တယ်။ တစ်ဖက်မှာလည်း စစ်အင်အားလိုအပ်တဲ့အတွက် မြို့တွင်းစည်းရုံးရေးတွေ ဆက်တိုက် ဆိုသလိုလုပ်နေခဲ့ပါတယ်။ ၁၉၁၈ ခုနှစ်မှာ ရုရှားတွေကိုခုခံတိုက်ခိုက် ဖို့အတွက် ယူကရိန်းတက္ကသိုလ်ကကျောင်းသားအများစုဟာစစ်ထဲကို ဝင်ရောက်ခဲ့ပါတယ်။ စစ်ရေးလိုအပ်ချက်အရစစ်ပညာတစ်ပတ်သာ သင်ကြားပြီးရှေ့တန်းကို တက်ကြရမှာဖြစ်တဲ့အတွက်စိုးရိမ်မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ကျောင်း သားအင်အားစုဟာ ကရူတီရထားဘူတာရုံမှာ ခြေကုပ်ပြီး ရုရှားစစ်တပ် တွေကိုအောင်မြင်စွာခုခံတိုက်ခိုက်နိုင်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့အတွက်ကြောင့်ကြည့်ရှုပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size..........(1.53 GB) / (625 MB) / (357 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 50Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama, History Translator.......Tin Myo Lwin Encoder..........SWM

History • War
6.7 2019 110 mins
Kruty 1918
Bujji... Ila Raa
7

IMDb 8.3/10 ဒီတစ်‌ခေါက်မှာတော့ မှုခင်းရုပ်ရှင်တွေမှကြိုက်တယ်ဆိုသူတွေအတွက် နောက်ထပ်Teluguမှုခင်းဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ဝါရန်ဂယ်လို့‌ခေါ်တဲ့မြို့တစ်မြို့မှာ ပြန်ပေးဆွဲမှုတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ပြန်ပေးဆွဲခံရသူတွေကလည်း အသက်ရှစ်နှစ်အရွယ်မိန်းကလေးတွေချည်းပါပဲ။ စီအိုင်ရဲအရာရှိ ကီရှိုးနဲ့မိသားစုဟာလည်း အဆိုပါမြို့ကိုပြောင်းရွေ့လာရတဲ့အတွက် အရာရှိကီရှိုးတစ်ယောက် ပြန်ပေးဆွဲမှုတွေကိုစုံစမ်းစစ်ဆေးရပါတော့တယ်။ ပြန်ပေးဆွဲခံရတဲ့ကလေးအရေအတွက်ဟာလည်း တစ်စထက်တစ်စပိုများလာခဲ့ပြီး အလောင်းတွေကိုပါတွေ့ရှိလာရပါတယ်။ ရင်ခွဲစစ်ဆေးကြည့်တဲ့အခါ နှလုံးတွေကိုပဲထုတ်ယူထားတာတွေ့ရှိရတဲ့အတွက် ကိုယ်တွင်းကလီစာမှောင်ခိုမှုတွေနဲ့များ ဆက်စပ်လေမလားဆိုပြီး အရာရှိကီရှိုးတစ်ယောက် ဦးနှောက်ခြောက်ရပြန်ပါတယ်။ ပြန်ပေးသမားတွေရဲ့နောက်ကွယ်မှာ ဘာတွေများရှိနေတာလဲ ... မြို့ကကလေးတွေရဲ့အန္တရာယ်ကိုရော ဖယ်ရှားပေးနိုင်ပါ့မလား ... ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး ဇာတ်လမ်းရဲ့အလယ်လောက်မှာ မထင်မှတ်ထားတဲ့လှည့်ကွက်တွေနဲ့ အံ့အားသင့်စေဦးမှာပါ... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ရင်ခုန် ကြည့်ရှုပေးကြပါဦး။ File size…2.2GB / 1.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Thet Ko & OeliuJ & Hay Man

Action
7 2022 120 mins
Bujji... Ila Raa
Psycho Beach Party
5.9

၂၀၀၀ ၀န်းကျင်လောက်က ဇာတ်ကားတွေကို သိပ်သဘောကျမိတယ်။ အခုခေတ်လို CGI ကောင်းကောင်း မရှိသေးပေမယ့် စိတ်ကူးအသစ် အဆန်းတွေနဲ့ ဇာတ်ကားတစ်ကားနဲ့တစ်ကား မထပ်ရအောင် ဖန်တီး ရိုက်ကူးပြီး ရုပ်ရှင်လောကရဲ့ခေတ်တစ်ခေတ်ဖြစ်ခဲ့တယ်လို့ တစ်ဦးတစ်‌ယောက်တည်း အမြင်အရ ပြောချင်ပါတယ်။ အထူးသဖြင့် Psychological ဇာတ်ကားတွေဟာ အဲဒီနှစ်ပိုင်းတွေမှာ အများဆုံး ရိုက်ကူးခဲ့ပြီး အခုချိန်အထိ ပြောစမတ်တွင်နေကြတဲ့ထိ လက်စွမ်းပြ ရိုက်ကူးနိုင်ခဲ့ကြပါတယ်။ အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားဟာလည်း ၂၀၀၀ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ခေါင်းစဉ်ထဲကအတိုင်း ကမ်းခြေက ပါတီ တစ်ခုမှာ စိတ္တဇတစ်ယောက်ရဲ့ လူသတ်မှုအကြောင်းကို ရိုက်ကူး ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ၁၇နှစ်သမီး ဖလော်ရန့်စ် ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ သူနဲ့ရွယ်တူကောင်မလေးတွေ လူကြီးစိတ်၀င်‌လာကြတာကို စိတ်ပျက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့တော့ ကမ်းခြေမှာ ရေလွှာလျှောစီးနေတဲ့သူတွေကို တွေ့လိုက်ပြီး သူကိုယ်တိုင်ပါ ရေလွှာလျှောစီးချင်လာပါတယ်။ ဒီလိုနဲ့ ရေလွှာလျှောစီးတဲ့ ကောင်လေးတွေက သူ့ကို ကြက်ပေါက်လို့အမည်ပေးလိုက်ရာကစပြီး သူ့နာမည်က ကြက်ပေါက်ဖြစ်သွားပါတယ်။ ကြက်ပေါက်မှာ personality disorder ဆိုတဲ့ စိတ်ရောဂါတစ်မျိုးရှိနေပြီး တခါတလေမှာ အန်နီဘိုးမန်း ဆိုတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ တိုက်တိုက် ဆိုင်ဆိုင်ပဲ ကမ်းခြေမှာ လူသတ်မှုတွေ တစ်ယောက်ပြီးတစ်ယောက် ဖြစ်လာတဲ့အခါမှာ လူသတ်သမားက အသိစိတ်လွတ်နေတဲ့ ကြက်ပေါက် ဖြစ်နေမလား ဒါမှမဟုတ် တခြားတစ်ယောက်ယောက် ရှိနေဦးမလား ဆိုတာ စိတ်၀င်စားစရာကောင်းပါတယ်။ စိတ္တဇဇာတ်ကားဖြစ်ပေမယ့် ဟာသဆန်ဆန် ရိုက်ကူးထားတာကြောင့် horrorကြိုက်သူရော comdey ကြိုက်သူတွေပါ ကြိုက်နှစ်သက်မယ့် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းလိုက်ချင်ပါတယ်။ File size…2.21GB / 1.03GB Quality…Blu-Ray 1080P 5.1CH  / 720p Format…mp4 Duration….1h 35m Genre ..... Comedy , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Crime • Drama
5.9 2000 95 mins
Psycho Beach Party
Panama
5.2

ကြမ်းပေ့ဆိုတဲ့ အက်ရှင်တွေ ကြိုက်တဲ့ CM ပရိသတ်ကြီးတို့အတွက် မင်းသားကြီး Mel Gibson ပါ၀င်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ Iran-Contra အရေးအခင်းချိန်မှာ ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်လမ်းမှာ Gibson ကတော့ အမေရိကန် ကာကွယ်ရေးဌာနက ကန်ထရိုက်တာတစ်ဦးပါ။ ဒီအရေးအခင်းမှာ Contra တို့ဘက်ကို ပနားမားအခြေစိုက် အမေရိကန် ခံတပ်က စီအိုင်အေအကူအညီနဲ့ လက်နက်တွေ ထောက်ပံ့နေတာပါ။ ဒါပေမဲ့ ထုတ်ပြန်ချက်တစ်ခုကြောင့် လက်နက်ထောက်ပံ့ဖို့ မဖြစ်နိုင်တော့ချိန်မှာ တခြားနည်းလမ်းတစ်ခုကို စဉ်းစားရပါတော့တယ်။ ဒီမစ်ရှင်အတွက် ပထမဆုံး တာ၀န်ကတော့ ဆိုဗီယက် ရဟတ်ယာဉ်တစ်စင်း၀ယ်ပြီး တစ်ဖက်ကို ပို့ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။ ဒီတာ၀န်အတွက် တပ်ဖွဲ့၀င်ဟောင်းတစ်ယောက်ဖြစ်တဲ့ ဂျိမ်းစ် ဘက်ကာဆိုသူကို ရွေးချယ်လိုက်ပါတယ် သူဟာ သိပ်ကို ခေါင်းမာပြီး ထင်ရာစိုင်းတတ်သူမျိုးမလို့ တာ၀န်သာပေးရတယ် ခပ်လန့်လန့်ဆိုသလိုမျိုးပါ။ သို့ပေမဲ့ မစ်ရှင်အတွက် အသင့်တော်ဆုံးသူက သူဖြစ်နေတဲ့အခါ ဘက်ကာ့ကို ပနားမားကို လွှတ်ပြီး တာ၀န်ထမ်းဆောင်စေပါတော့တယ်။ တာ၀န်ထမ်းဆောင်ရင်းနဲ့မှ ပနားမားအတွင်း ယူအက်စ် ကျူးကျော်မှုကိစ္စမှာ ဘက်ကာတစ်ယောက် ၀င်ပါမိတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ ရဟတ်ယာဉ် မစ်ရှင်ကရော အောင်မြင်မလားဆိုတာ ကြည့်ရှုပေးကြပါဦး အညွှန်းကတော့ Yoon Sandi Aung ဖြစ်ပြီးတော့ ဘာသာပြန်ထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။ Genre.....Action, Thriller Quality….WEB-DL 1080p and 720p and 480p File size…1.3GB and 682MB and 344MB Format…mp4 Duration….1h 34min Subtitle….Myanmar Subtitle (Hardsub) Translator ..... JYJ Encoder ..... August

Horror • Thriller
5.2 2022 100 mins
Panama
Luther: The Fallen Sun
6.6

Luther: The Fallen Sun (2023) ======================= Rotten Tomatoes 65%, IMDb Rating 6.7/10 ၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာတဲ့ နာမည်ကြီးမင်းသား Idris Elba ရဲ့ စုံထောက်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Idris Elba နဲ့အတူ အပြိုင် သရုပ်ဆောင်ထားတဲ့ မင်းသားကတော့ Andy Serkis ဖြစ်ပါတယ်။သူဟာလည်း The Lord of the Ring Trilogy, Planet of the Apes, Black Panther ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီး တစ်ယောက်လည်း ဖြစ်ပါ တယ်။ ဇာတ်လမ်းအကျဉ်းဟာဆိုရင် Luther ဟာ စုံထောက်တစ်ယောက် ဖြစ်ပါတယ်။ ကယ်လန်ဆိုတဲ့ လူငယ်လေးတစ်ယောက် ပျောက်သွားတဲ့ အမှုအတွက် စုံစမ်းဖို့တာဝန်ပေးခြင်းခံရပါတယ်။ ဒါပေမယ့် ကယ်လန် ဟာ ပြန်ပေးဆွဲခံရရုံတင်မဟုတ်ခဲ့ဘဲ ကွင်းဆက် လူသတ်သမားတစ် ယောက်ရဲ့ သားကောင်ဖြစ်သွားခဲ့တာပါ။ ကွင်းဆက် လူသတ်သမားဟာ Luther ရဲ့ နောက်ကြောင်းကိုပါ လိုက်လံစုံစမ်းပြီး Luther ကိုထောင် ကျအောင် လုပ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ Luther ဟာ ထောင်ကျသွားပေမယ့် ကွင်းဆက်လူသတ်သမားကို လိုက်ရှာဖို့ အာသီသပြင်းထန်လွန်းနေခဲ့ပါတယ်။ အပြင်မှာ လွတ်နေတဲ့ ကွင်းဆက်လူသတ်သမားဟာလည်း လွတ်လပ်စွာပဲ လူတွေကို သတ်နေခဲ့ ပါတယ်။ မနေနိုင်တဲ့အဆုံး Luther လည်း ထောင်ဖောက်ပြေးပြီးတော့ လူသတ်သမားကို ဖမ်းဆီးဖို့ လုပ်တော့တာပေါ့။ ဒါကြောင့် Luther ဟာ ရဲတွေလက်ကလည်းလွတ်အောင်ပြေးရင်း လူသတ်သမားကိုလည်း လိုက် ဖမ်းရင်းနဲ့လှုပ်ရှားနေတာပေါ့။ Luther ရယ်၊ ရဲတပ်ဖွဲ့ရယ်၊ ကွင်းဆက် လူသတ်သမားကြား ဉာဏ်ချင်းပြိုင်ကြရင်း စိန်ပြေးလိုက်တမ်းဆော့ကြပုံ ကို စိတ်ဝင်စားဖွယ် အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းထဲမှာ ဆက်လက် ကြည့်ရှုလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Leonard Lin မှ ရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size……….(790 MB) / (450 MB) Quality…………WEB-RIP 720p / 480P Duration………2Hrs 09Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Mystery Translator…….CM Team Encoder……….SWM

6.6 2023 129 mins
Luther: The Fallen Sun
The Year Between
6

The Year Between (2022) ================= Bipolar disorder လို့ခေါ်တဲ့ စိတ်အတက်အကျမြန် စိတ်ဝေဒနာ အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာနဲ့ ဇာတ်လိုက်နေရာမှာ ဝင်သရုပ်ဆောင်ထားတဲ့ Alex Heller ကလည်း bipolar disorder ရှိနေတဲ့သူတစ်ယောက်ပါ။ စိတ်အတက်အကျမြန်ရောဂါက အရှင်းပျောက်အောင်ကုလို့မရပါဘူး။ ကိုယ့်မှာဖြစ်လာရင် တစ်သက်လုံး ဒီရောဂါနဲ့ပဲယှဉ်တွဲနေသွားရပါတယ်။ မကုဘဲထားရင်တော့ ပိုဆိုးလာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ထိ အန္တရာယ်များတတ်ပေမဲ့ ဆေးသောက်၊ စိတ်ကျန်းမာရေးဆရာဝန်နဲ့တွေ့၊ ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ရင် ပုံမှန်လူလိုနေနိုင်ပါတယ်။ Alex Heller က အင်တာဗျူးတစ်ခုမှာပြောပါတယ်။ စိတ်ရောဂါနဲ့ပတ် သက်တဲ့အကြောင်းအရာတွေမှာ များသောအားဖြင့်က ရောဂါအခြေအနေ အဆိုးရွားဆုံး အမှောင်မိုက်ဆုံးကာလတွေကိုပဲ ပြသလေ့ရှိကြတဲ့အတွက် ခုကားထဲမှာ သူလိုငါလိုမထူးခြားတဲ့အချိန်တွေ ရယ်ရတဲ့အခြေအနေတွေ ကိုပါထည့်ပြီး ရိုက်ကူးထားပါတယ်တဲ့။ ဒါ့အပြင် စိတ်ရောဂါဆိုတာ ကာယ ကံရှင်တင်မကဘဲ မိသားစုကိုပါ ထိရောက်မှုတွေရှိကြောင်းကိုလည်း သိစေ ချင်ကြောင်း ပြောပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ ကလမ်မန့်စ်မစ်လာဆိုတဲ့ ကောလိပ်ကျောင်းသူ လေးက သူ့မှာ bipolar ရှိမှန်း သိသွားတော့ ကျောင်းထွက်ပြီး သူ့မိဘတွေရှိ တဲ့မြို့ကို ပြန်လာနေတဲ့အချိန်မှာ အရှင်းပျောက်အောင် ကုသလို့မရတဲ့ ဒီရော ဂါက သူနဲ့သူ့မိသားစု သူငယ်ချင်းမိတ်ဆွေတွေကို ဘယ်လိုသက်ရောက်မှုရှိ ပုံတွေ၊ သူကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ကြိုးစားပုံတွေကို ကြည့်ရှုရမှာဖြစ် ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size……….(1.6 GB) / (620 MB) / (360 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 34Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….EL Encoder……….SWM

6 2022
The Year Between
The Haunting at Saint Joseph’s
5.5

လီလီခေါ် လီလယ်နာဟာ အများကချစ်ခင်ကြတဲ့ ဆရာဝန်မလေးတစ်ယောက်ပါ။ သူ့ရဲ့ချစ်သူ ကစ်တ်ဟာလည်း ဆရာဝန်တစ်ယောက်ဖြစ်ပြီး သူတို့နှစ်ဦးဟာ အရမ်းချစ်ကြတဲ့စုံတွဲဖြစ်ပါတယ်။ ကစ်တ်မှာတော့ ညီမတစ်ဦး ရှိပြီး ကစ်တ်ရဲ့ညီမဟာ သူ့အစ်ကိုရဲ့ရည်းစားတိုင်းနဲ့ သူ့အစ်ကိုပြတ်အောင် လုပ်တတ်လို့ အခုလို လက်ထပ်ခါနီး ကျမှ လက်ထပ်တော့မယ့်အကြောင်းကိုသိရသူပါ။ ဂျက်စ်ကတော့ လီလီရဲ့ အခင်ဆုံးကောင်းတူဆိုးဖက် သူငယ်ချင်း ဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့ ၄ယောက်နဲ့အတူ တခြားသူငယ်ချင်း ၂ဦးကိုပါ ခေါ်လာပြီး ရှေးခေတ်က စိန့်ဂျိုးဆက်ပ် ဘုရားကျောင်းနားမှာရှိတဲ့ စိန့်ဂျိုးဆက်ပ်တည်းခိုရိပ်သာကို အပျော် ခရီးထွက်လာကြပါတယ်။စိန့်ဂျိုးဆက်ပ်တည်းခိုရိပ်သာပတ်ဝန်းကျင်မှာ ကြောက်စရာကောင်းတဲ့ဇာတ်လမ်းတွေ ပုံပြင်တွေ မနည်း မနောရှိပေမယ့် သူတို့ကတော့ ဒါတွေကို သိပ်အယုံအကြည်မရှိပါဘူး။ ဒါပေမယ့် စိန့်ဂျိုးဆက်ပ်ကိုရောက်ပြီး သိပ် မကြာခင်မှာပဲ ထူးဆန်းတာတွေဖြစ်လာပါတော့တယ်။ ဝုန်းခနဲ ဒိုင်းခနဲ ခြောက်ခြားစရာတွေမဟုတ်ဘဲ တစိမ့်စိမ့်နဲ့ ကျောချမ်းစရာဖြစ်တဲ့ ဇာတ်လမ်းမျိုးကို ကြိုက် နှစ်သက်တွေ သဘောကျမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ File size…1.63GB / 813MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ko Myo

5.5 2023
The Haunting at Saint Joseph’s
Bicentennial Man
6.9

Bicentennial Man (1999) ဒီကားလေးကတော့ ၁၉၉၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ ခေတ်ဟောင်းစက်ရုပ်ကားလေးပါ။ အခုခေတ်ကားတွေလို စက်ရုပ်တွေ အကြမ်းဖက် လူသတ် ကမ္ဘာသိမ်းဇာတ်လမ်းမျိုးမဟုတ်ဘဲ စက်ရုပ်တစ်ရုပ်ရဲ့ ဘ၀ဇာတ်ကြောင်းကို အလွမ်းအဆွေး တွေးစရာတွေနဲ့တင်ဆက်ထားတာဖြစ်ပါတယ်။ ဟာသမင်းသားကြီး Robin Williams ရဲ့ အကောင်းဆုံးကားတစ်ကားလို့ရည်ညွှန်းကြတဲ့အတွက် အချိန်ပေးရတန်စေမယ့်ကား၊ သူ့အလွမ်းပြေကြည့်ရမယ့်ကားဆိုလည်း မမှားပါဘူး။ မာတင်မိသားစုက မီးဖိုချောင်သုံးစက်ရုပ်တစ်ရုပ်ကို၀ယ်ခဲ့ပြီး အန်ဒရူးလို့နာမည်ပေးခဲ့ပါတယ်။ အန်ဒရူးက သာမန်စက်ရုပ်မဟုတ်ဘဲ ခံစားချက်တွေ ကိုယ်ရည်ကိုယ်သွေးတွေရှိနေတဲ့အချိန်မှာတော့ မာတင်မိသားစုက မီးဖိုချောင်မှာမခိုင်းတော့ဘဲ သိသင့်သိထိုက်တာတွေသင်ပေးပြီးတဲ့နောက်မှာတော့ အန်ဒရူးတစ်ယောက် စက်ရုပ်အဖြစ်ကနေမှ လူသားအဖြစ်ကို တဖြည်းဖြည်းပြောင်းလဲလာပြီး အချစ်ကိုထိတွေ့ခံစားမိပုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.9GB, 1.15GB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 2H 12Min Genre – Drama, Romance, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.9 1999 131 mins
Bicentennial Man
Rhinegold

IMDb 6.8 || Rotten Tomatoes 71% ဂျာမန် rapper နဲ့ တေးသံသွင်းပိုင်ရှင် Xatar (Giwar Hajabi)ရဲ့ အထုပ္ပတ္တိကို ရိုက်ကူးထားတဲ့ Crime/Drama ဖြစ်ပါတယ် ရပ်ဂီတနဲ့ ဒုစရိုက်ဆိုတာ လိုက်ဖက်ညီတဲ့ အဓိပ္ပာယ်နှစ်ခုလို့ ပြောလို့ရမှာဖြစ်ပြီး ဒီဇာတ်ကားမှာဆိုရင် rap အပိုင်းထက် Xatar ရဲ့ ဘဝဇာတ်ကြောင်းနဲ့ ဝရမ်းပြေးဘဝ/ဒုစရိုက်လောကထဲ ပါဝင်ပတ်သက်မိပုံတွေ အဓိကအလေးပေးပြီး ဖော်ပြထားတာပါ G ရဲ့ အစောဆုံးမှတ်ဉာဏ်တွေက ထောင်ထဲမှာပါပဲ အီရန်-အီရတ် ပဋိပက္ခတွေရဲ့ အလယ် အကျဥ်းထောင် မွေးဖွားခဲ့ပြီး လွတ်မြောက်လာတော့ ဒုက္ခသည်စခန်း၊ ဒီကနေတစ်ဆင့် ဥရောပ ဂျာမနီကို ရွှေ့ပြောင်းလာခဲ့ရတယ် သူ့ရဲ့အဖေက သူတို့ Kurd မျိုးနွယ်တို့ လေးစားကြတဲ့ နာမည်ကြီး ဂီတဆရာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့သား G ကို ငယ်ငယ်လေးကတည်းက classical ဂီတကို လက်ဆင့်ကမ်းဖို့ရည်ရွယ်ချက်နဲ့ စန္ဒရားသင်ပေးခဲ့ပေမဲ့ သူတို့နေထိုင်ရာ ဂျာမန်ရပ်ကွက်လေးရဲ့ စရိုက်ဆန်မှု၊ လူနေမှုဘဝတွေက Giwar ကို rap ဂီတ ဝါသနာပါအောင် တွန်းပို့ခဲ့တယ် ငယ်ငယ်ကတည်းက အပေါင်းအသင်းကြောင့် ဆေးခြောက်ရောင်းခဲ့ပြီး မဟုတ်တာတွေလည်း အစုံတတ်ခဲ့တဲ့နောက် ကြီးလာတော့ အမှုတစ်ခုကြောင့် ဟော်လန်နိုင်ငံကို ထွက်ပြေးခဲ့ရတယ် ဟော်လန်မှာ ငယ်သူငယ်ချင်းရဲ့ကောင်းမှုနဲ့ ဒုစရိုက်ဂိုဏ်းတစ်ခုနဲ့ ပတ်သက်မိပြန်ပြီး ဂျာမနီကို ပြန်ရောက်တယ် သူချစ်ရတဲ့ ကောင်မလေးက သူ့ရဲ့စရိုက်ကို မကြိုက်ခဲ့ပေမဲ့ Giwar က စိတ်ရင်းကောင်းပြီး သူ့ရဲ့ ရည်ရွယ်ချက်က အခွေမထုတ်နိုင်တဲ့ rapper တွေကို တေးသံသွင်းကုမ္ပဏီထောင်ပြီး စင်တင်ပေးချင်တာပါ ဒီအတွက် ပိုက်ဆံရှာဖို့ လုပ်မိလုပ်ရာတွေ လျှောက်လုပ်မိရင်း သူ့ရဲ့အိပ်မက်ကို တက်လှမ်းနိုင်မှာလား သူ့ဘဝခရီးတစ်လျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့ လူနေမှုဘဝ ပုံစံ၊ သူတို့ဝန်းကျင်နဲ့ အသိုင်းအဝိုင်း ယဥ်ကျေးမှုတွေကို တဝကြီး ခံစားရမှာဖြစ်ပြီး ဖျော်ဖြေရေးဆန်အောင်လည်း တင်ဆက်ထားတာမို့ မပျင်းစေရမဲ့ ကားလေးပါ File size…(2.2 GB)/(1.85 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:18:00 Genre…Biography, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

0 2022
Rhinegold
The Heist Before Christmas
5.2

The Heist Before Christmas (2023) IMDb Rating (5.2) ငွေကြေးဆင်းရဲလို ခရစ္စမတ်ကိုမုန်းတီးနေတဲ့ Mikey Collins ဆိုတဲ့ 12 နှစ်အရွယ်ကောင်လေးက သူ့အမေနဲ့ရန်ခဏခဏဖြစ်တဲ့ ခပ်ဆိုးဆိုးကလေးလေးတစ်ယောက်ပါ။ သူက ခရစ္စမတ်မတိုင်ခင်မှာ ဆန်တာဝတ်စုံနဲ့ ဘဏ်ကိုဓားပြတိုက်သွားတဲ့ လူကြီးတစ်ယောက်ကိုလမ်းပြပြီး ခိုးသွားတဲ့ပိုက်ဆံဝေစုကို ယူဖိုကြံစည်ခဲ့တယ်။ ဒါပေမဲ့ ဘဏ်ဓားပြဆန်တာကို တောထဲမှာသွားရှာရင်း သူ့ကိုယ်သူ ဆန်တာပါလိုပြောတဲ့ ဆန်တာဝတ်စုံနဲ့ အဖိုးကြီးတစ်ယောက်ကိုတွေ့ခဲ့တယ်။ Mikey ကတော့ အဲဒီဆန်တာဖိုးဖိုးကို အတိတ်မေ့သွားတဲ့ ဘဏ်ဓားပြလိုထင်ခဲ့ပေမဲ့ သူ့ညီလေးကတော့ တကယ့်ဆန်တာအစစ်ဆိုပြီးယုံနေလေရဲ့။ Mikey ဘဏ်ဓားပြရဲ့ ခိုးထားတဲ့ငွေကိုရအောင် စွန့်စားရင်း ခရစ္စမတ်ရဲ့အဓိပ္ပါယ်၊ မျှော်လင့်ချက်နဲ့ မိသားစုချစ်ခြင်းတွေကို နားလည်သဘောပေါက်လာမဲ့အကြောင်း သရုပ်ဖော်ထားတဲ့ ခရစ္စမတ်ဟာသဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(680 MB) Quality….WEB-Rip 720p Format….mp4 Genre….Adventure,Family Duration….01:17:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Romance • Comedy • Drama
5.2 2023 77 mins
The Heist Before Christmas
In the Mood for Love
8.1

Romance/Drama Genre မှာ တကယ်တမ်း ရင်ထဲစွဲစွဲလမ်းလမ်းဖြစ်ပြီးအမြဲတမ်း သတိတရဖြစ်နေစေတဲ့ရုပ်ရှင်က တော်တော်လေးရှားတယ်လို့ ပြောလို့ရပါတယ်။ ဇာတ်သိမ်းမှာ ချစ်တာနဲ့ ကွဲတာနှစ်မျိုးပဲ နှစ်ပင်လိမ်ပြီး ဇာတ်အိမ်တွေ အက်ကြောင်းထပ်နေတဲ့ခေတ်ကာလမှာ Lost in Translation, Eternal Sunshine of the Spotless Mind, In the Mood for Loveလို ဇာတ်ကားမျိုးတွေဟာ သာမန်အချစ်ဇာတ်လမ်းတစ်ခုဆိုတာထက် အများကြီးပိုမိုပြသသွားနိုင်ခဲ့ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမယ့်ရုပ်ရှင်ကတော့ ဟောင်ကောင်ဒါရိုက်တာ ဝမ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့တင်စားခေါ်ဝေါ်ကြတဲ့ In the Mood for Love ဆိုတဲ့ဇာတ်ကားပါ။ ဝမ်ကာဝေဟာ အရှေ့တိုင်းရုပ်ရှင်လောကရဲ့ဆရာတစ်ဆူဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေဟာ မှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့ပါတယ်၊ အဲ့ဒီဇာတ်ကားတွေထဲမှာIn the Mood for Love ကတော့ သူရိုက်ကူးခဲ့တဲ့ တခြားရုပ်ရှင်ဇာတ်ကားတွေနဲ့ မတူပဲ သီးခြားပုံစံတစ်မျိုးအဖြစ်ကွဲထွက်နေခဲ့ပါတယ်။ In the Mood for Love ရဲ့ဇာတ်အိမ်က အရမ်းကိုရိုးရှင်းလွန်းပြီး ဇာတ်လမ်းစကြည့်တာနဲ့ ဘာဆက်ဖြစ်မယ်ဆိုတာခပ်ရေးရေးလေး တွေးလို့ရလောက်ပါတယ်။ တိုက်ခန်းတစ်ခန်းမှာ ငှားနေကြတဲ့ ဘေးချင်းကပ် အိမ်နီးချင်းလင်မယားစုံတွဲ ၂ တွဲမှာ မစ္စတာချန်နဲ့ မစ္စချောင်တို့က ဖောက်ပြန်နေကြတာကို ဆိုင်ရာလက်တွဲဖော်တွေဖြစ်တဲ့မစ္စချန် နဲ့ မစ္စတာချောင်တို့က သိသွားတဲ့အခါ သူတို့နှစ်ယောက်ကပါ ထပ်ပြီးဖောက်ပြန်တာကို ရိုးရိုးရှင်းရှင်းလေးရိုက်ကူးပြထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝမ်ကာဝေဟာ ရုပ်ရှင်အတတ်ပညာကို ကောင်းမွန်ပိုင်နိုင်စွာအသုံးချပြီးဒီရုပ်ရှင်ထဲက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ မစ္စတာချောင်နဲ့ မစ္စချန်ရဲ့ စိတ်တွင်းခံစားချက်တွေကို ရုပ်ရှင်ကြည့်ပရိသတ်တွေဆီ ယူဆောင်ပြလာခဲ့ပါတယ်။ သာမန်ရိုက်ချက်တွေနဲ့မတူပဲ သရုပ်ဆောင်တွေကို ဘောင်ကျဉ်းကျဉ်းလေးပဲ ပေးထားတာတွေ၊ ဇာတ်ဝင်ခန်းတွေတိုင်းလိုလိုမှာ အနှောင့်အယှက်ဖြစ်စေမယ့်အရာ တစ်ခုခုထည့်ထားတာတွေကြောင့် ဒီနှစ်ယောက်ကြားက ရှေ့မတိုးသာ၊ နောက်မဆုတ်သာတဲ့အခြေအနေတွေဟာ ပိုပြီးပေါ်လွင်လာခဲ့ပါတယ်။ In the Mood for Love ကို ရွေ့လျားနေတဲ့ကဗျာတစ်ပုဒ်လို့ တင်စားကြပြီး ဒီရုပ်ရှင်ဟာ စကားလုံးတွေထက် ဇာတ်ဆောင်နှစ်ယောက်ရဲ့အကြည့်တွေ၊ ဟန်ပန်အမူအရာတွေနဲ့ ဇာတ်လမ်းကိုတည်ဆောက်သွားခဲ့တာပါ။ သူတို့ရဲ့ လှုပ်ရှားမှုနောက်ကိုလိုက်ကြည့်နေရတာဟာကဗျာရှည်တစ်ပုဒ်ကို ဖတ်ပြီး ခံစားနေရသလိုပါပဲ။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ Nostalgia (အတိတ်ကပျော်စရာအခိုက်အတန့်တွေကို အောက်မေ့သတိရခြင်း) ဆိုတဲ့အချက်ကို ကောင်းကောင်းကြီးပုံဖော်သွားနိုင်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာရိုက်ကူးခဲ့တာဖြစ်ပေမယ့် ဝမ်ကာဝေဟာ ရုပ်ရှင်ရဲ့ အရောင်တွေကို ၁၉၆၀ ဝန်းကျင်ကထွက်ရှိတဲ့ရုပ်ရှင်ဆန်ဆန် အရောင်မျိုးအသုံးပြုသွားခဲ့ပြီး ဇာတ်အိမ်ကိုလဲ ၁၉၆၂ ခုနှစ် ဟောင်ကောင်မှာ အခြေတည်ထားလိုက်ပါတယ်။ ဒီဇာတ်ကားဟာ အချစ်ဇာတ်ကားကြည့်ပြီးမျက်ရည်လည်ရွှဲငိုချင်သူတွေ၊ ရိုမန်တစ်ဆန်ချင်သူတွေအတွက်တော့ ကိုက်ညီမယ့်ရုပ်ရှင်မဟုတ်ပေမယ့် တစ်ခါတစ်ခေါက်လောက်တော့ မြည်းစမ်းကြည့်သင့်တဲ့ အနုပညာလက်ရာမြောက်ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ကို အနုပညာလက်ရာတစ်ခု၊ ကဗျာစာပေတစ်ခုလို ခံယူထားတဲ့သူတွေအတွက်တော့ ဒီရုပ်ရှင်ဟာ တွေးလို့ကုန်နိုင်မှာမဟုတ်ပါဘူး။ အဖော်အချွတ်ဇာတ်ဝင်ခန်းမပြောပါနဲ့၊ နမ်းရှုတ်တဲ့အခန်းတောင် တစ်ကွက်မှမပါဝင်ပဲ အချစ်ဇာတ်လမ်းတစ်ခုကို လှလှပပလေးပုံဖော်သွားခဲ့တဲ့ဝမ်ကာဝေရဲ့ လက်ရာကို အခုပဲ ကြည့်ရှူလိုက်ကြပါ။ ဘဝအတွက် တွေးစရာတစ်ခုခုတော့ ကျန်ရစ်စေခဲ့ရမယ်ဆိုတာရဲရဲကြီးအာမခံရဲပါတယ်။ File size… 2 GB / 723 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Arkar Phyo

Action • Crime • Drama
8.1 2000 98 mins
In the Mood for Love
Love Child
7.6

Love Child (2024) IMDb Rating (7.6) အိုင်လာနဲ့ ပါလိုတို့ဟာ ကောလိပ်မှာတွေ့ဆုံချစ်ကျွမ်းဝင်ခဲ့သူတွေဖြစ်ပြီး မမျှော်လင့်ပဲ ကိုယ်ဝန်ရချိန်မှာ မိသားစုတွေကို ဆန့်ကျင်ပြီး အတူတူနေထိုင်ဖို့ကျောင်းထွက် လိုက်ကြပါတယ်။ နောက်လေးနှစ်အကြာမှာတော့ သူတို့ရဲ့သားလေး ကာလီဟာ အော်တစ်ဇင်ကလေးငယ်တစ်ယောက်ဖြစ်ကြောင်း မမျှော်လင့်ပဲသိခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့သားအတွက် အကောင်းဆုံးပေးဆပ်ဖြည့်ဆည်းဖို့ စိတ်ပိုင်းဖြတ်ပြီးသားဖြစ်ကြပေမယ့် ကလေးရဲ့ကျောင်းစရိတ်၊ကုထုံးဆရာတွေ၊ အထူးကုတွေရဲ့စရိတ်တွေဟာ ပညာရေးတစ်ပိုင်းတစ်နဲ့ကျောင်းထွက်လာကြတဲ့သူတို့နှစ်ယောက်အတွက် လုပ်လေမြုပ်လေဖြစ်လာခဲ့ရပါတယ်။ “Love Child” ဟာပညာပေးကားလို့ပြောလို့ရပေမယ့် အော်တစ်ဇင်ကလေးငယ်တစ်ယောက်ရဲ့မိဘတွေရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရိုးသားပွင့်လင်းစွာတင်ဆက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ကလေးနဲ့မိဘတွေကြား၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြားနေ့စဉ်ရင်ဆိုင်ကြုံတွေ့ရတဲ့ ဆက်ဆံပြောဆိုမှု၊ ရင်ဆိုင်ရတဲ့ဒုက္ခသုခတွေကို အားကောင်းတဲ့သရုပ်ဆောင်မှုတွေ၊ ပြေပြစ်တဲ့ဇာတ်လမ်းတင်ဆက်ပုံနဲ့ပျင်းစရာလုံး၀ မကောင်းပဲ တစ်ထိုင်တည်းမျောပါသွားစေမယ့် ဒရာမာကားကောင်းတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2.1 GB) / (910 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:41:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

7.6 2024 100 mins
Love Child