YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

A Journey To Love E14 1080p WEB-DL CM.mp4

911.19 MB N/A video/mp4 187 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Two Blue Stripes
7.2

Original Title – Dua Garis Biru Genre – Drama IMDB – 7.8/10 ရုပ်ရှင်နာမည်က အပြာရောင်မျဉ်းလေး ၂ ချောင်းတဲ့၊ ဒီ အပြာရောင်မျဉ်းလေး ၂ ချောင်းဆိုတာ တချို့အတွက် နိဗ္ဗာန်ဖြစ်သွားနိုင်သလို တချို့အတွက်လည်း ငရဲလိုမျိုး ဖြစ်သွားစေနိုင်တဲ့အရာတစ်ခုပါ၊ ဟုတ်ပါတယ် ကိုယ်ဝန်စစ် ဆေးတံက အပြာရောင်မျဉ်းလေး ၂ ချောင်းကို ပြောတာပါ။ ဒီ အင်ဒိုနီးရှားကားလေးက လိင်ကိစ္စပညာပေးအနေနဲ့ရော မိဘအုပ်ထိန်းမှုတွေကိုရော ပညာပေးချင်တဲ့ ကားကောင်းလေး တစ်ကားပါ။ သူတို့နိုင်ငံက ပေးအပ်တဲ့ ရုပ်ရှင်ဆုတွေလည်း တော်တော်များများ ရရှိထားတာကို တွေ့ရပါတယ်။ အသက် ၁၇ အရွယ် စုံတွဲလေးတစ်တွဲ အရာအားလုံးကို မေ့လျောပြီး ကမ္ဘာကြီးကို မမှုပဲ သိပ်ချစ်ကြတယ်ပေါ့ မိဘတွေရဲ့ မအားလပ်မှု အချိန်မပေးနိုင်မှုရဲ့ ပေါ့လျော့မှုအောက်မှာ ဒီကလေး နှစ်ယောက်ဟာ အရွယ်မတိုင်ခင် ချစ်သူရည်းစားတွေ ကြုံလာရမယ့် စည်းတစ်ခုကို ငယ်ငယ်ရွယ်ရွယ် အကာအကွယ်မရှိ ကျူးလွန် မိလိုက်ကြပါတော့တယ်။ နောက်ဆက်တွဲ ဘာဖြစ်မလဲဆိုတာ လူတိုင်းသိပါတယ် ကလေးမလေး ကိုယ်ဝန်ရှိလာမယ် အဲဒါကို နှစ်ဖက်မိဘတွေ သိသွားကြပြီး ပြဿနာတွေ ကြုံလာကြတယ်ပေါ့၊ ကောင်လေးဖက်က ဆင်းရဲတယ် ကောင်မလေးဖက်က ချမ်းသာ တယ်၊ ဒီလိုမျိုး မတူညီတဲ့ မိသားစုနှစ်ဖက်ကြားမှာ ဒီ ငယ်ရွယ်တဲ့ ကလေးနှစ်ယောက် ဘယ်လိုမျိုး တာဝန်ဝတ္တရားတွေယူပြီး ဘယ်လိုတွေ ဖြေရှင်းကြမလဲ၊ မိဘတွေကလည်း ဘယ်လိုဖြေရှင်း ကြမလဲ၊ ပြဿနာ ဘာတွေတက်မလဲဆိုတာကို ပညာပေးအနေနဲ့ရော လူမျိုးဘာသာ ယဉ်ကျေးမှုတွေနဲ့ရော ကောင်းကောင်းရိုက်ကူးထားတဲ့ ဒရမ်မာကားကောင်းလေးတစ်ကားပါ။ ဒီကားလေးကို ကြည့်ခြင်းအားဖြင့်လည်း ကလေးတွေကို လိင်ပညာ ပေးကိစ္စတွေ သင်ပေးရမှာတွေ မိဘတွေအနေနဲ့ အလုပ်များပြီး ကလေးကို မကြည့်ရှုနိုင်လို့ ဖြစ်လာနိုင်မယ့် နောက်ဆက်တွဲတွေ ဆယ်ကျော်သက်တွေရဲ့ စိတ်နေစိတ်ထား သဘာဝလေးတွေ စသဖြင့် ပညာလည်း ရစေနိုင်မယ့် အင်ဒိုနီရှား ကားကောင်းလေး ဖြစ်ပါတယ်၊ သရုပ်ဆောင်လေးတွေဆိုလည်း ငယ်ကြသေးပေမဲ့ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ထားကြပြီး ဇာတ်ပို့တွေကလည်း တော်တော်ကောင်း ကြပါတယ်။ ဇာတ်လမ်းကတော့ မြန်မာကားတွေလို ခပ်ဆင်ဆင်ဆိုပေမဲ့ သူ့နည်းသူ့ဟန်နဲ့ပဲ အာရှမိသားစုလောကကို ဖော်ကျူးထားတဲ့ပုံစံမျိုးပါ။ File size…1.89GB / 772MB Quality…NF  WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre ..... Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama
7.2 2019 112 mins
Two Blue Stripes
The Honeymoon
4.6

ဘတ်ဗ်နဲ့ အဒမ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ကလေးဘဝ ချာတိတ်အရွယ်ထဲက သွားအတူလာအတူ စားအတူပေါင်းလာခဲ့တဲ့ကောင်တွေ ဖြစ်တယ် အဲ့တော့ တစ်ကောင်နဲ့တစ်ကောင်က ပြောမနာဆိုမနာ အားမနာလျှာမကျိုးကောင်တွေပေါ့ သူတို့နှစ်ယောက်ဟာ ပုံပန်းသွင်ပြင်ရော စိတ်ထားချင်ပါ တစ်ယောက်နဲ့တစ်ယောက် တက်တက်စင်အောင်မတူပေမယ့် သိပ်ကိုချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်တယ် အရမ်းပူးကပ်လွန်းလို့တောင် ပတ်ဝန်းကျင်က ဒီနှစ်ကောင်ခွဲမရပါဘူးကွာလို့ ပြောကြတဲ့ထိပဲ ဒီလိုနဲ့ ၂ကောင်သားအသက်တွေကြီးလာပြီး အဒမ်တစ်ယောက် မိန်းမယူဖို့ဖြစ်လာတဲ့အချိန်မှာ ဘတ်ဗ်တစ်ယောက် ဘယ်လိုအူတိုမလဲဆိုတာ ကြည့်ရမှာပါ ဘယ်လောက်အူတိုလဲဆိုရင် အဒမ်နဲ့ သူ့မိန်းမရဲ့ ဟန်းနီးမွန်းခရီးစဥ်ထိပါ လိုက်ရှုပ်တဲ့အထိပဲ အဲ့လိုနဲ့ကြားထဲမှာသောက်တလွဲတွေလဲ အများကြီးဖြစ်တာပေါ့ ပြောရရင် Hangover ထဲကဖက်တီးရဲ့ vibe မျိုးတောင်ပြန်ရတယ်ပြောရမယ် တော်တော်လေးလဲရီရပြီး ကြည့်ပျော်တဲ့ကားတစ်ကားပါ ကျွန်တော်ကတော့ကြည့်ပြီးလို့ အတော်လေးကြိုက်ပါတယ် တကယ်မိုက်တဲ့ကားပါ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ ) File Size__(1.7GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5.2/10 Format__mp4 Duration__02:12:00 Type__Comedy, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hein That Naing Encoded by Naing Aung Latt

Action • Adventure • Comedy • Thriller
4.6 2022 97 mins
The Honeymoon
Pirates of the Caribbean: Dead Men Tell No Tales
6.6

ဟိုးအရင် အတိတ်တစ်ချိန်က ဂျက်စပဲရိုးပီပီ ဖျံကျခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် ကျိန်စာမိကပ္ပတိန် တစ်ယောက် ဂျက်ကို သတ်ဖို့ လိုက်ရှာတော့တယ်။ စာနာစိတ်ရယ်လို့ တစ်စက်မှမရှိတဲ့ သင်္ဘောသားတွေကို ဦးဆောင်တဲ့၊ သင်္ဘောကြီး ဆိုင်းလင့်န်မေရီရဲ့ ကပ္ပတိန် ဆလာဇာပေါ့။ ဒီတစ်ကြိမ်ကျ အထာနပ်သွားတဲ့ ဆလာဇာကို ဖျံကျလို့မရတော့တဲ့အတွက် သူ့ကိုနိုင်ဖို့ တစ်ခုတည်းသော လက်နက်ဖြစ်တဲ့ သမုဒ္ဒရာ ခုနှစ်စင်းလုံးကို ပိုင်စိုးသူ နတ်ဘုရား ပိုဆိုက်ဒန်ရဲ့ ခက်ရင်းခွကို လိုက်ရှာရတော့တယ်. ----------------------------------------------------------------------------------- . File Size : (2.5GB) and (1.3GB) Quality : HEVC 1080p 5.1, 720P Format…mp4 Duration…02:09:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae

Action • Romance
6.6 2017 128 mins
Pirates of the Caribbean: Dead Men Tell No Tales
Irresistible
6.1

Irresistible (2020) မှာ ဝင်စတန်လို့ခေါ်တဲ့ မြို့ငယ်ကလေးကို နိုင်ငံရေးပါတီကြီးတွေရဲ့ အာရုံစိုက်မှု ခံရတဲ့ခါ ဖြစ်လာတဲ့အရာတွေကို ဟာသဆန်ဆန်ရိုက်ကူးပြထားပါတယ်။ ဒီမိုကရက်တစ် ပါတီတင် ဂယ်ရီက အငြိမ်းစားယူသွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီးတ်၏ယောက်က အလုပ်သမားတွေဘက်ကနေ ရပ်တည်ပြီး ပြောဆိုတဲ့ ဗီဒီယိုကို အင်တာနက်မှာ တွေ့သွားပြီး သူတို့ပါတီ ပြန်လည်အနိုင်ရဖို့ သော့ချက်ကို တွေ့ပြီလို့ ယုံကြည်သွားပါတယ်။ ဒါပေမယ့် ရီပါ့ပလစ်ကန် ပါတီဘက်က သူနဲ့ယှဉ်ပြိုင်ဖို့ အတော်ဆုံးဖြစ်တဲ့ ရို့စ်ဆိုတဲ့ အမျိုးသမီးကို လွှတ်ပေးလိုက်တဲ့အခါ သူတို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုတွေ ပြင်းထန်လာပြီး နောက်ဆုံးမှာ ဘယ်ပါတီက အနိုင်ရသွားမလဲ... Irresistible (2020) ဟာ အမေရိကန်ရဲ့ နိုင်ငံရေးကို သရော်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ File Size : 732 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 41min Genre :   Comedy, Drama  Subtitle : Myanmar Subtitle (Hard Sub) Translated by Htet Wai Lwin, T Lone Encoded by Littleneo

Action & Adventure • Animation • Drama • Sci-Fi & Fantasy
6.1 2020 101 mins
Irresistible
Peter Rabbit
6.7

IMDb - 6.6/10_____Rotten - 63% ဖေဖော်ဝါရီလတုန်းကမှ ရုံတင်သွားတဲ့ Peter Rabbit ဇာတ်ကားကိုတော့ အများကြီးညွှန်းဆိုစရာ မလိုဘူးထင်ပါတယ်။ အမေရိကန်အင်္ဂလိပ် စာရေးဆရာမ Beatrix Potter ရဲ့ နာမည်ကျော် The Tale of Peter Rabbit စာအုပ်ကိုပြန်လည်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ IMDb score 6.6 တောင်ရရှိထားပြီးတော့ ဒေါ်လာသန်း ၅၀ နဲ့ရိုက်ကူးခဲ့တဲ့ကားဟာ ဒေါ်လာသန်း၃၀၀ နီးပါးပြန်လည်ရရှိခဲ့တဲ့အတွက် ငွေကြေးအရ အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ------------------ ယုန်ကလေး Peter ဟာ မိဘနှစ်ဦးသေဆုံးပြီးတဲ့ နောက်မှာ ညီမသုံးယောက် ဝမ်းကွဲအစ်ကိုတစ်ယောက်နဲ့အတူ နေထိုင်လျက်ရှိပါတယ်။ တခြားတိရစ္ဆာန်တွေလို အစားကိုပုံမှန်ရှာစားလည်းဖြစ်ပေမယ့် စွန့်စွန့်စားစားလုပ်လိုက်ရမှ ကျေနပ်တဲ့ Peter က Joe McGregor ဆိုတဲ့ ဒေါသအိုးအဘိုးကြီးရဲ့ ခြံထွက်သီးနှံတွေကိုသာ ခက်ခက်ခဲခဲခိုးစားလေ့ရှိပါတယ်။ တစ်ရက် အဘိုးကြီး McGregor ရုတ်တရက်သေဆုံးသွားတဲ့အချိန်မှာ Peter တို့မောင်နှမတစ်သိုက်ဟာ သူ့အိမ်ကြီးမှာ ပျော်ရွှင်စွာမင်းမူကြပါတော့တယ်။ သို့ပေမယ့် အဘိုးကြီးဟာ မသေခင် လန်ဒန်မြို့မှာနေထိုင်တဲ့ သူ့တူ Thomas McGregor ကို အမွေပေးခဲ့တယ်ဆိုတာကို ယုန်ကလေးတွေမသိခဲ့ပါဘူး။ လောလောလတ်လတ် အလုပ်ပြုတ်ထားတဲ့ Thomas McGregor ဟာ ရှိလို့ရှိမှန်းမသိခဲ့တဲ့ ဦးလေးဆီက တန်ဖိုးကြီးအိမ်ကြီးအမွေရလိုက်တာကြောင့် အိမ်ကိုရောင်းစားပြီး ဆိုင်ဖွင့်မယ်ဆိုတဲ့အကြံနဲ့ အဆိုပါအိမ်ကြီးဆီကိုရောက်လာပါတော့တယ်။ ထိုအိမ်ကြီးထဲမှာ အပြီကဲနေတဲ့ Peter တို့တစ်သိုက်နဲ့ အိမ်ပိုင်ရှင်အသစ် Thomas McGregor တို့ အဲဒီမှာပဲ ထိပ်တိုက်တွေ့ဆုံကြပါတော့တယ်။ Peter နဲ့ Thomas တို့ရဲ့ယှဉ်ပြိုင်မှုတွေကို ဟာသလေးတွေနှောပြီးရိုက်ကူးထားတဲ့အတွက် ပေါ့ပေ့ါပါးပါးပဲကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် တင်ဆက်လိုက်ပါတယ်။ File Size - 821 MB Qty - 720p Bluray Format - mp4 Duration - 1hr 35min Gern - Comedy Translator - Myo Thant Kyaw Encoder - Kyaw Ye Aung

Action & Adventure • Drama • Mystery • Sci-Fi & Fantasy
6.7 2018 93 mins
Peter Rabbit
Who Invited Them
5.5

ဒီရုပ်ရှင်က‌တော့ ထုံးစံအတိုင်း အချောင်ဈေးနဲ့အိမ်ဝယ်မိတဲ့ လင်မယားနောက်တစ်တွဲပါပဲ။ ကိုယ့်လူတို့ရေ အိမ်ဝယ်ဆိုရင် သေချာစုံစမ်းပြီးမှ ဝယ်ကြပါလို့ ဒီဇာတ်ကားလေး ပြောပြသွားမှာပါ လူကုံထံရပ်ကွက်က အိမ်ကြီးတစ်လုံးမှာ နှစ်ပေါင်းများစွာက လင်မယားနှစ်ယောက်သေခဲ့လို့ဆိုပြီး ဈေးအရမ်း လျှော့ရောင်းထားတာကို အယ်ဒမ်ဆိုတဲ့ တစ်ယောက်က သိသိနဲ့ အိမ်ပိုင်လေးလိုချင်လို့ ဝယ်ခဲ့တာပါ ပြီးတော့ သူက ကြွားလည်းကြွားတတ်တော့ အိမ်ကြီးမှာ အိမ်သစ်တက်ပွဲ ပါတီလေးလုပ်ပါလေရော အဲဒီမှာပဲ သူရော သူ့မိန်းမရောနဲ့ မသိတဲ့ စုံတွဲတစ်တွဲဟာ ရောက်လာခဲ့တာပါ အဲဒီမှာပဲ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရတော့တာပါပဲ သူတို့မဖိတ်ဘဲရောက်လာတဲ့သူတွေက ဘယ်သူတွေလဲ ဘာလို့ သူများအိမ်ရဲ့ပါတီကို မသိဘဲရောက်လာတာလဲ အိမ်ကြီးထဲကလူသတ်မှုကရော ဘာကြောင့်ဖြစ်ခဲ့ရတာလဲ ဆိုတာကိုရင်တထိတ်ထိတ်နဲ့ကြည့်လို့ကောင်းမဲ့ကားကောင်းလေးပါပဲ File size…(910MB)/(392MB)/(229MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:21:00 Genre…Comedy / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Comedy • Fantasy
5.5 2022 80 mins
Who Invited Them
Hoon Payon

Hoon Payon (2023) ထမ် အဖြစ် Phuwin Tangsakyuen တေး အဖြစ် Up poompat lam-samang ဂျိတ် အဖြစ် Nick Kunatip pinpradab “ဒွမ်ဆင်ထမ်း” ဆိုတဲ့ကျွန်းမှာ ဘိုးဘိုးကြီဆက်ထမ်းရုပ်တုတော်ကို အရမ်းယုံကြည်ကိုးကွယ်ကြပါတယ် တစ်နေ့မှာ ထမ်ဟာ သူ့အစ်ကိုဖြစ်တဲ့ ဘုန်းကြီးထီကို သူတို့မိဘဆုံးသွားကြောင်း သတင်းပြောဖို့ ဒွမ်ဆင်ထမ်းကျွန်းကိုရောက်လာခဲ့ပါတော့တယ် ဒါပေမဲ့ သူရောက်လာတော့ သူ့အစ်ကိုဖြစ်တဲ့ ဘုန်းကြီးထီဟာ ကျောင်းထိုင်ဆရာတော်ကိုသတ်တယ်လို့စွပ်စွဲခံရပြီး ပျောက်ဆုံးနေပါတယ် ထမ်ဟာ သူ့အစ်ကိုအကြောင်းစုံစမ်းဖို့ အဲ့ဒီဘုန်းကြီးကျောင်းမှာတည်းဖို့ ဘုန်းဘုန်းကိုခွင့်တောင်းလိုက်ပါတယ် အဲ့ဒီကျွန်းမှာ တစ်ခုထူးခြားတာက အရိုးပြာကို ရုပ်တုထဲထည့်တဲ့ဓလေ့ပါ သူတည်းတဲ့ပထမညမှာတင် ထူးဆန်းတဲ့အရာတွေဖြစ်ခဲ့တယ် အဲ့ကျွန်းမှာ ဂဝံရုပ်အစီအရင်လုပ်နေတဲ့သူရှိပါတယ် ဂဝံရုပ်လုပ်နည်းတွေမျိုးစုံရှိတဲ့ထဲမှာ လူသေအလောင်းနဲ့ဂဝံရုပ်သရဲတွေလုပ်ပြီး လူတွေကိုလိုက်ခြောက်တာပါ။ ဆိုတော့ အဲ့ဒီဂဝံရုပ်သရဲလုပ်တဲ့သူကဘယ်သူလဲ ထမ်တို့ဘယ်လိုကိုင်တွယ်မှာလဲ ထမ် သူ့အစ်ကိုကိုရော ရှာတွေ့မလား ဇာတ်ကားထဲကြည့်လိုက်ရအောင်နော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Nang Mwe Kham ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 1.4GB | 715MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Nang Mwe Kham Encoder ….. Aaron

Horror • Drama • Thriller
0 2023
Hoon Payon
Check the Store Next Door 2
7.6

Check the Store Next Door 2 (2022) Comedy, Drama, Romance ရုပ်ရှင်ကောင်းကောင်းလေးနဲ့ chill ချင်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်လိုက်ပါ။ IMDb rating 7.6 ရရှိထားတဲ့ အင်ဒိုနီးရှား ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နာတာလီဆိုတဲ့ ကောင်မလေးဟာ ဘာလီမှာ ကားဘီးပေါက်နေရင်း အာဝင်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံဖြစ်ပါတယ်။ အာဝင်လည်း ဘီးပေါက်နေတဲ့ နာတာလီ့ကို ကူညီပေးရင်း သူတို့ နှစ်ယောက် ရင်းနှီးသွားခဲ့ပါတယ်။ ဒီလိုကနေ သူတို့ ချစ်သူတွေဖြစ်သွားကြပြီး ၂ နှစ်လောက် လက်တွဲလာခဲ့ကြပါတယ်။ အဲဒီနောက် သူတို့လည်း လက်ထပ်ပြီးကြတော့ ဘဝတစ်ခုကို ထူထောင်ဖို့ လုပ်ကြပါတယ်။ သို့သော် သာမန်လူတန်းစား အာဝင်တို့မိသားစုနဲ့ လူချမ်းသာ နာတာလီတို့ မိသားစုကြား မတူညီတာတွေ များကြသလို၊ စိတ်ဒဏ်ရာကိုယ်စီတွေနဲ့မို့ အချစ်တစ်ခု ဆက်ပြီး ရှင်သန်ဖို့ရာ ရုန်းကန်ကြရပါတော့တယ်။ Drama အမျိုးအစားဖြစ်တာမို့ အများကြီး ညွှန်းမနေတော့ပါဘူး။ ဇာတ်လမ်းအချိုးအကွေ့တွေကို ဝမ်းသာတစ်လှည့် ဝမ်းနည်း တစ်လှည့်နဲ့ ကြည့်ရှုလိုက်ပါဦး။ အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ပဲဖြစ်ပါတယ် Genre….. Comedy, Drama, Family Quality…. 1080p | 720p File size… 1.11GB | 620MB Format… mp4 Duration…. 1h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

7.6 2022
Check the Store Next Door 2
Pushing Hands
7.2

Pushing Hands ( 1991 ) ====================== Pushing Handsဟာ အန်းလီရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်သလို “Father Knows Best” trilogyထဲက ပထမဆုံးကားလည်းဟုတ်တယ်။ ဒီtrilogyက ရိုးရာမပျက်သေးတဲ့ မျိုးဆက်က အဖေတွေရယ် ပြောင်းလဲတဲ့ကမ္ဘာကြီးက ကလေးတွေရယ်ကြားက ပဋိပက္ခတွေကို ပြထားတဲ့ရုပ်ရှင်တွေပေါ့။ ဒီtrilogyမှာ ဒီကားအပြင် The Wedding Banquet (1993) နဲ့ Eat Drink Man Woman (1994)လည်း ပါတယ်။ ဒီသုံးကားလုံးဟာ မတူတဲ့ဇာတ်တွေပေမဲ့ သူတို့အဖေနေရာက သရုပ်ဆောင်တဲ့ သူကတော့ ထိုင်ဝမ်မင်းသားကြီး Sihung Lungတစ်ယောက်တည်းပဲ။ အန်းလီဟာ ဒုတိယ ထိုင်ဝမ်နယူးဝေ့ရဲ့ ထင်ရှားတဲ့ ဒါရိုက်တာတွေထဲ ပါနေတာလည်း ဒီသုံးကားကြောင့်ပဲလို့ ပြောရမယ်။ ဒီသုံးကားနောက်ပိုင်းမှာ အန်းလီဟာ ဟောလိဝုဒ်မှာပဲ ရုပ်ရှင်အရိုက်များခဲ့တယ်။ ပြောရရင် နောက်ပိုင်း Crouching Tiger, Hidden Dragonတို့ Lust, Cautionတို့လို ကားမျိုးတွေကို သူပြန်ရိုက်ခဲ့သေးပေမဲ့ ဒီ Trilogyလို ထိုင်ဝမ်အရသာစစ်စစ် ပေးနိုင်တဲ့ ရုပ်ရှင်တွေတော့ သူအခုထိ လုံးဝထပ်မရိုက်ခဲ့ဘူး။ ဒါပေမဲ့လည်း ဒီသုံးကားဟာာ ထိုင်ဝမ်စီနီမာက အန်းလီရဲ့ နေရာတစ်နေရာကို အခုထိ မှတ်ကျောက်တင်ပေးနိုင်တုန်းပါပဲ။ တရုတ်ယဉ်ကျေးမှုကိုလည်းပြသလို အနောက်ပိုင်းယဉ်ကျေးမှုကိုလက်ခံလာပုံကိုလည်း ပြထားတဲ့ “Father Knows Best” trilogy သုံးကားဟာ သူ့နာမည်အတိုင်း ဖခင်တွေရဲ့ ဇာတ်ကြောင်းတွေဆိုလည်းဟုတ်တယ်။ အသက်၂၅နှစ်မှာ ထိုင်ဝမ်ကနေ အမေရိကန်ကိုသွားခဲ့တဲ့ အန်းလီရဲ့ အတွေ့အကြုံတွေ အမြင်တွေအပေါ် အခြေခံထားတယ်ဆိုလည်းဟုတ်တယ်။ သူ့လိုလူတွေအကြောင်းဆိုလည်း ဟုတ်တယ်။ ဇာတ်ကတော့ အမေရိကမှာ အလုပ်လုပ်ရင်း အမေရိကန်သူနဲ့ အိမ်ထောင်ကျနေတဲ့ သားဖြစ်သူဆီ သွားနေတဲ့ ထိုက်ကျိသိုင်းဆရာတရုတ်အဘိုးကြီးတစ်ယောက်နဲ့ မိန်းမနဲ့အဖေရဲ့ ပဋိပက္ခတွေကြား ဗျာများရတဲ့ သားတစ်ယောက်အကြောင်းပဲ။ အဘိုးကြီးက အမေရိကကို လာနေတာ တစ်လပဲရှိသေးပေမဲ့ ဘာသာစကားလည်းမတူတော့ စကားလည်းပြောမရသလို ယဉ်ကျေးမှုမတူတော့ တစ်ယောက်လုပ်ရပ်တွေဟာ တစ်ယောက်အမြင်မှာ ထောင့်မကျိုးဖြစ်နေတော့ သူ့ချွေးမနဲ့ သူက မတည့်အတူနေဆိုသလိုဖြစ်နေတယ်။ အိမ်ကလည်း ကျဉ်းတော့ သူ့ချွေးမရဲ့အလုပ်ခန်းထဲ သူဝင်နေရတော့ အခြေအနေက ပိုဆိုးသွားတယ်။ သူ့မြေးကို သူချစ်သလို သူ့အမေကလည်း သူ့သားကိုချစ်တော့ နှစ်ယောက်ရဲ့ မတူညီတဲ့ပျိုးထောင်ချင်ပုံတွေကလည်း ပြဿနာဖြစ်လာတယ်။ ဒီလိုနဲ့ ပြဿနာက တစ်စတစ်စကြီးလာတဲ့အခါ သားဖြစ်သူက ဘယ်ဘက်ကိုရွေးပြီး ဘာတွေဆက်လုပ်မလဲ။ အဖိုးကြီးကပဲ အလျှော့ပေးမလား ချွေးမကပဲ အလျှော့ပေးမလား ကြည့်ရမယ့်ဇာတ်ပါပဲ။ ဇာတ်ကတော့ ရိုးရိုးလေးပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကြုံနေမြင်နေရတာတွေနဲ့ ခပ်ဆင်ဆင်ဖြစ်နေတဲ့ဇာတ်ဆိုတော့ ကြည့်ရတာအရသာရှိသလို အဖိုးကြီးရဲ့ ထိုက်ကျိသိုင်းတစ်ဖက်ကမ်းခတ်ကျွမ်းခြင်းကလည်း ဒီဇာတ်လမ်းရဲ့ အဆင်တန်ဆာတစ်ခုအဖြစ် ပိုကြည့်လှစေခဲ့တယ်။ Pushing Hands ( 1991 )ဟာ နေ့သစ်တွေမှာ နေ့ဟောင်းတွေကို မမေ့ဖို့ အကြောင်းလို့ ပြောလည်းရမယ် ထင်တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File size_(1.1GB) Quality_Blu-Ray 720p Format_mp4 Duration_0::00 Genre_Comedy, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung

7.2 1991
Pushing Hands
Sunny Sisters
5.8

ဒီတစ်​ခါမှာ CMကနေ ထပ်မံပြီးတော့ ကိုရီးယားကား ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပါ ဇာတ်လမ်းလေးကတော့…. ကျန်းလီကျွင်းဟာ လက်ထပ်ပြီးသမီးတစ်ယောက်နဲ့ အိမ်ထောင်မှုတွေကြားမှာ ပိတ်မိနေတဲ့ မိန်းမတစ်ယောက်ပါ တစ်နေ့ သူ့အမေဆေးရုံတတ်ရတာကို သွားကြည့်ရင်း အထက်တန်းဘဝက ညီအစ်မတွေလို ရင်းနှီးတဲ့ လင်ချင်တစ်ယောက် ကင်ဆာဖြစ်ပြီးဆေးရုံတတ်နေရတာကို သိလိုက်ရပါတယ် လင်ချင်ဟာ အထက်တန်းတုန်းက sunny sisters အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ကျန်းလီကျွင်းအပါအဝင်အဖွဲ့သားခြောက်ယောက်နဲ့ အရမ်းကို ချစ်ကြတဲ့ သူငယ်ချင်းတွေပါ ဒါပေမဲ့ သူတို့တွေ အကြောင်းအမျိုးမျိုးကြောင့်ကွဲသွားပြီး နှစ်လပဲ အသက်ရှင်ရတော့မယ့် လင်ချင်အတွက် အဖွဲ့ဝင်ငါးယောက်ကို ကျန်းလီကျွင်းတစ်ယောက် ရှာပုံတော်ဖွင့်မဲ့ ပုံစံလေးနဲ့ ဇာတ်လမ်းလေးကို အစချီထားတာပါ သူတို့ရဲ့ ငယ်ဘဝတွေကိုလည်း တဖြည်းဖြည်းချင်းပြန်လည်ပြသထားတာဖြစ်တဲ့အတွက် ဒီကားလေးထဲမှာ ငယ်စဉ်အထက်တန်းဘဝက သူတို့တစ်တွေ အရူးထခဲ့ ပျော်ရွှင်ခဲ့ရတာတွေ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီခဲ့တာတွေ စတဲ့ သူတို့ကြားက ဖြူစင်တဲ့ သံယောဇဉ်လေးတွေကို ကြည်နူး နွေးထွေးဖွယ် ဆက်လက် ကြည့်ရှုကြကြရမှာဖြစ်ပါတယ်

Romance • Drama • Action
5.8 2021
Sunny Sisters
American Psycho
7.6

American Psycho (2000) ********************************* IMDb….7.6,,,,Rotten…69% အမေရိကန် ပြည်ထောင်စု ၉၀နှစ်ဝန်းကျင်မှာ ကုမ္ပဏီ လူကြီးမင်းတွေကြားက အချင်းချင်းပြိုင်ဆိုင်မှုတွေ မနာလိုမှုတွေ အဆင့်အတန်းခွဲ ခြားမှုတွေပြည့်နှက်နေခဲ့တယ် .. ..ရယ်မောစကားပြောနေပေမဲ့ အတွင်းစိတ်က မုန်းတီးနေကြတဲ့ ပတ်ဝန်းကျင်တစ်ခု…. . ဒီလိုအနေအထားမှာ ပက်ထရစ် ဘိတ်မန်း တစ်ယောက် သူကြည့်မရတဲ့ လုပ်ဖော်ကိုင်ဘက်ကို သတ်ပစ်ခဲ့တယ် .. .သူ့လုပ်ရပ်တွေက အကုန်အဆန်းတွေကြီးပဲ… ဒီကားဟာ TOP IMDB ထဲမှာပါသလို ရုပ်ရှင်ဝေဖန်ရေးသမားတွေအသိအမှတ်ပြုဇာတ်ကားတစ်ကားဖြစ်တယ်… .ဒီကားကိုကြည့်တဲ့သူတွေအဖို့ ဘိတ်မန်းရဲ့ စရိုက် အမူအကျင့်တွေ ပတ်ဝန်းကျင်ကို ဆက်ဆံပုံတွေ အသေးစိတ် မျက်ခြေမပြတ်လိုက်ရပါ့မယ်.. ….သူလုပ်ရပ်တွေဟာ အမှန်တကယ်ဖြစ်ခဲ့တာလား…စိတ်ကူးယဉ်သက်သက်လား….သူစီစဉ်ခဲ့တာတွေဟာ ဘာအတွက်လဲ…. ဘာကြောင့်လဲ…ဒီကားက အတော်ကို ခေါင်းစားပါတယ်.. .နောက်ပြီးအဖော်အချွတ်အခန်းတစ်ချို့ ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..ဒီကားရဲ့ အဓိကသရုပ်ဆောင် Christian Bale ကိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်.. .ဒီကားဟာ ကျွန်တော့်အမြင်ပြောရရင် ကြည့်ရှူသူကို အဖြေတွေရှာခိုင်းတာ ဒါမှမဟုတ် ခံစားဆုံးဖြတ်နိုင်စွမ်းဘယ်လောက်ရှိသလဲ စမ်းသပ်နေတာနဲ့ပိုတူပါတယ်. ..ဆိုတော့ကား ဒီကားကြည့်ပြီး ခံစားသိမြင်တာလေးတွေကို ကျွန်တော်တို့ channel myanmar group မှာ လာရောက်ဆွေးနွေး မျှဝေပေးဖို့ဖိတ်ခေါ်အပ်ပါတယ်… File Size : 1.39GB/ 680MB Quality : Blu-Ray 1080p/720p Format…mp4 Duration…01:44:00 Genre : Thriller, Drama, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Thet Htet Oo

7.6 2000 102 mins
American Psycho
Ode to the Goose
8.4

Ode to the Goose (2018) *************************** 2018 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Ode to the Goose ရုပ်ရှင်ဇာတ်ကားကို ကိုရီးယား-တရုတ်ကပြား ဒါရိုက်တာ Zhang Lu ရိုက်ကူးထားပြီးတော့ အဓိက သရုပ်ဆောင်တွေအနေနဲ့ Moon So-ri, Park Hae il တို့နဲ့ အတူ Park So-dam,Jung Eun-chae နဲ့အခြားနာမည်ကြီးသရုပ်ဆောင်တွေမှလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ ဒီဇာတ်ကားလေးဟာ မြင်နေကျ ဇာတ်ကားလေးတွေနဲ့ မတူဘဲနဲ့ လူတွေရဲ့ခံစားချက်ကို ကဗျာဆန်ဆန် အနုပညာဆန်ဆန်ဖော်ပြချက်တွေနဲ့အတူတူ သွယ်ဝိုက်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း **************** မသာယာတဲ့ အိမ်ထောင်‌ရေးကနေ လတ်တလောမှလွတ်မြောက်လာတဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဆုန်းဟျွန်း (Moon So-ri) နဲ့ သူ့ရဲ့ခံစားချက်တွေကို ဖုံးကွယ်ထားလေ့ရှိတဲ့ကောင်လေး ယွန်းယောင်း (Park Hae il)တို့ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ယွန်းယောင်းဟာ သူ့ရဲ့မရီးဖြစ်သူ ဆုန်းဟျွန်းကို သဘောကျနေခဲ့သူဖြစ်ပါတယ်။ ဆုန်းဟျွန်းတစ်ယောက်ကွာရှင်းပြီးတဲ့နောက် သူတို့နှစ်ဦးပိုပြီးရင်းနှီးလာကြပြီး တစ်နေ့ မူးမူးရူးရူးနဲ့ ဂွန်းဆန်းမြို့ကို နှစ်ယောက်သား ခရီးထွက်လာခဲ့ပါတယ်။ အော်တစ်ဇင်သမီးလေးတစ်ယောက်ရှိတဲ့ သူဌေး ဦးစီးတဲ့ တည်းခိုခန်းငယ်လေးမှာ သူတို့ တည်းခိုကြရင်းနဲ့ ပေါ်ပေါက်လာတဲ့ အထင်လွဲမှုတွေ, ခံစားချက်တွေ, ဖြစ်ချင်တဲ့ဆန္ဒတွေကို ကဗျာဆန်ဆန်ဖော်ပြထားပါတယ်။ ဒီဇာတ်ကားဟာ မြင်နေကျဇာတ်ကားတွေနဲ့ မတူဘဲနဲ့ စကားနဲ့ပြောပြလို့မရနိုင်‌တဲ့ ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ပုဒ်ဖြစ်တဲ့အတွက် ပရိသတ်ကြီး အနေနဲ့ ကိုယ်တိုင်ကြည့်ရှု့ပြီး စုံလင်တဲ့ရသမျိုးစုံကို ဝင်ခံစားကြည့်လိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Pan Hsuက ရေးသားထားပါတယ်) File Size – 1.89 GB/ 615 MB Quality – WEB-DL 1080p/ 720p Duration – 2h 2m Format – mp4 Genre – Drama, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Pan Hsu Encoded by – Treasure Htet

Drama • Thriller • Science Fiction
8.4 2018 122 mins
Ode to the Goose
Monkey King: Hero Is Back
6.7

Fengshen Cinematic Universe (FCU) ဆိုတာကတော့ တရုတ်ဒဏ္ဍာရီလာ “Fengshen Yanyi” (封神演义) ဇာတ်လမ်းအပေါ်အခြေခံထားပြီး၊ ဒဏ္ဍာရီဇာတ်ကောင်များနှင့် ဇာတ်လမ်းများကို Animation အဖြစ်ရိုက်ကူးထားသော ရုပ်ရှင်တွေဖြစ်ပါတယ်။ ဒါ့အပြင် ” Chinese Mythology Universe ” (သို့) Nezha ရဲ့အောင်မြင်မှုကြောင့် “Nezha Universe” လို့လည်း တစ်ချို့က ခေါ်ဆိုကြပါသေးတယ်။ အရင်ကတည်းက ကျုံးကော်မြေက Donghua တွေဟာ တစ်မူထူးခြားပြီး လှပတဲ့ဇာတ်ကောင်ရေးဆွဲမှုတွေကြောင့် ကြည့်ရတာမျက်စိပသာဒဖြစ်ပြီး လူကြိုက်များရေပန်းစားပါတယ်။ ဒါကိုမှ ကြီးမားကျယ်ပြန့်လှတဲ့ တရုတ်ဒဏ္ဍာရီရဲ့ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းတွေကို ဆွဲထုတ်ပြီး ပြန်လည်ပုံဖော်လိုက်တဲ့အခါမှာတော့ လက်ရှိ Hot ဖြစ်နေတဲ့ နီကျားတို့လို ရုပ်ရှင်တွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒါဆို FCU မှာ ဘယ်ရုပ်ရှင်တွေ ပါတာလဲဆိုရင်တော့ အောက်ကရုပ်ရှင်တွေပါ။ – Nezha (2019) – Jiang Ziya (2020) – Monkey King: Hero is Back (2015) – Nezha II ( 2025 ) ဒီနေရာမှာ မင်းသားကြီးဂျက်ကီချန်းအသံသရုပ်ဆောင်ထားတဲ့ Monkey King: Hero is Back ( 2015 ) က အရင်ထွက်ရှိတာဆိုပေမယ့်လည်း FCU ရဲ့ ပထမဆုံးရုပ်ရှင်က Nezha (2019) ဖြစ်ပါတယ်။ Monkey King: Hero is Back ထဲက ဇာတ်ကောင်တွေကိုတော့ Jiang Ziya (2020)ရုပ်ရှင်မှာမှ ပြန်လည်ထည့်သွင်းပြီး Universe ထည့်ထားတာဖြစ်ပါတယ်။ (အညွှန်းကို Once Upon In China FB Page မှကူးယူဖော်ပြပါသည်။) +++++++++++++++++++++ Monkey King: Hero Is Back (2015) IMDb Rating (6.7) နာမည်မြင်တာနဲ့ စွန်းဝူခုန်းမှန်း သိကြမယ်လို့ထင်ပါတယ်… ဟုတ်ပါတယ်.. 2015 July 10 ရက်နေ့တုန်းက ရုံတင်ခဲ့ပြီး Kung fu panda 2 ကိုတောင် ကျော်ပြီး ဝင်ငွေအများဆုံးကာတွန်းအဖြစ်နဲ့ အဲ့ဒီကာလမှာ အသိအမှတ်ပြုခံခဲ့ရပါတယ် ဟိုးအရင် ဝူခုန်းဇာတ်လမ်းတွေနဲ့ မတူဘဲ.. လူသားပိုဆန်ပြီး ပိုနွေးထွေးအောင် ဖန်တီးထားတဲ့ဇာတ်ကားတကားပါ ရန်သူတွေကိုပဲ သတ်ပုတ်နေတဲ့ စွန်းဝူခုန်းကိုမြင်ရမှာမဟုတ်ဘဲ အကျဉ်းချခံထားရာက လွတ်ကာစ. အမိန့်တော်ခတ်နှိပ်ထားတာ လုံးဝမလွတ်ကင်းသေးတဲ့အတွက် သာမန်မျောက်ထက် အနည်းငယ်သာ ပိုစွမ်းတဲ့ anti-hero character နဲ့ ဇာတ်လမ်းဆင်ထားပါတယ်… အဲဒါကြောင့် တန်ခိုးရှင်ပုံစံပျောက်ပြီး ဝူခုန်းရဲ့ တွေ့ရခဲတဲ့ လူသားအဆန်ဆုံး ၊ နွေးထွေးပျော့ပျောင်းဆုံး ပုံစံကို မြင်တွေ့ခံစားရမှာပါ… ဇာတ်လမ်းအကျဉ်းကတော့ ဝူခုန်းကို လွှတ်ပေးမယ့် ကျန်းလျူအာ(ရေမျောကမ်းတင်ကလေးငယ်) ဆိုတဲ့ ကိုရင်ပေါက်စလေးဟာ ငယ်စဉ်ကတည်းက မိစ္ဆာတွေကြောင့် မိဘမဲ့ဖြစ်ခဲ့ရပြီး လေလွင့်နေတဲ့ ဘုန်းကြီးတစ်ပါးက ရေထဲကနေ ကောက်ယူမွေးစားခဲ့တာပါ… တနေ့မှာ သူတို့ရဲ့ရွာကို မိစ္ဆာတွေဝင်ပြီး ကလေးတွေကို ဖမ်းတဲ့အခါ ဝင်ပြီးကူညီပေးရင်းနဲ့ အမှတ်မထင် ဝူခုန်းအချုပ်ခံထားရတဲ့ ဂူထဲရောက်ပြီး လွှတ်ပေးမိသွားတာပါ… အစွမ်းတွေရုပ်သိမ်းခံထားရလို့ စိတ်ပျက်နေတဲ့ ဝူခုန်းနဲ့… ကလေးပီပီ အင်မတန်စကားများပြီး တရစပ် မေးခွန်းထုတ်တတ်တဲ့ ကိုရင်ငယ်လေးတို့ဟာ ရွာကို ပြန်ရင်းနဲ့ လမ်းမှာ ပါကျဲတို့လိုဘော်ဒါတွေ Hun Dun မိစ္ဆာကောင်တွေနဲ့ပါကြုံတွေ့ရပါတော့တယ်။ ကိုရင်လေးကယ်လာတဲ့ ကလေးမလေးဟာ Hun Dun မိစ္ဆာရဲ့ ယစ်ပူဇော်ပွဲအတွက်အရေးပါတဲ့စတေးခံတယောက်ဖြစ်တာမလို့ ကိုရင်လေးနဲ့ကလေးမလေးနောက်ကို မိစ္ဆာတွေက တောက်လျှောက်လိုက်ပါတော့တယ်။ ကလေးတွေနဲ့ ကိုရင်လေးကို အစွမ်းထက်တဲ့ မိစ္ဆာရဲ့လက်ထဲကနေ ကယ်တင်ချင်ပေမယ့် စိတ်ပဲရှိပြီး အရင်လို မစွမ်းဆောင်နိုင်တဲ့ ဝူခုန်းက ဘယ်လိုကယ်ထုတ်မလဲ… ကြမ်းတမ်းမောက်မာတဲ့ ဝူခုန်းကို ဘယ်လိုအကြောင်းတွေကြောင့် ပြောင်းလဲသွားစေလဲဆိုတာကိုတော့…..။

Drama
6.7 2015 89 mins
Monkey King: Hero Is Back