YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

A.Gentleman.in.Moscow.S01E08.1080p.WEBDL.YK(CM).mp4

681.4 MB N/A video/mp4 177 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
When Harry Met Sally...
7.4

ဆယ်လီနဲ့ဟယ်ရီရဲ့ဇာတ်လမ်းဟာ ၁၉၉၇ မှာ စခဲ့တယ်။ ချီကာဂိုတက္ကသိုလ်ကနေ ကျောင်းပြီးလို့ အိပ်မက်မြို့တော်ကြီး နယူးယောက်ကို လာတဲ့လမ်းမှာ သူတို့စတွေ့ခဲ့ကြတယ်။ ဒီနောက် ဘာမှဆက်မဖြစ်ခဲ့ကြဘူး။ ၁၉၈၂ ရောက်တော့ လေဆိပ်မှာ သူတို့ထပ်တွေ့ကြတယ်။ ၂ယောက်စလုံး အလုပ်အကိုင် ကိုယ်စီနဲ့ ဖြစ်နေကြပြီ။ အချင်းချင်းမှတ်မိလိုက်ပြီး စကားတွေပြောဖြစ်ကြပေမဲ့ ဘာမှဆက်မဖြစ်လိုက်ဘူး။ ၁၉၈၇ ကျ စာအုပ်ဆိုင်တစ်ဆိုင်မှာ ဟယ်ရီနဲ့ ဆယ်လီထပ်တွေ့ခဲ့ကြတယ်။ ဟယ်ရီက အိမ်ထောင်ကျပြီးလို့ သူ့မိန်းမက သူ့ကိုထားခဲ့တာတောင် ခံရပြီးပြီ။ ဆယ်လီကလည်း သူ့ရည်းစား ထားခဲ့တာ ခံခဲ့ရတယ်။ ဒီလိုနဲ့ ဒီတစ်ခေါက် သူတို့ပြန်တွေ့တဲ့အချိန်မှာ အသည်းကွဲနေတဲ့လူ၂ယောက် သူ့ဘဝအကြောင်းတွေ ကိုယ့်ဘဝအကြောင်းတွေပြောရင်း သူငယ်ချင်းတွေ ဖြစ်လာကြတယ်။ ဒီနောက် အဆင့်ထက်တက်ရင်း တစ်ယောက်အကြောင်းတစ်ယောက်သိနေတော့ ပြဿနာတွေတက်ပြီး ထပ်ကွဲသွားတယ်။ နောက်ဆုံးအနေနဲ့ ၁၉၈၈ နှစ်သစ်ကူးညမှာ ဟယ်ရီနဲ့ဆယ်လီ ပြန်တွေ့ကြတယ်။ ဟယ်ရီနဲ့ ဆယ်လီရဲ့ ဇာတ်က ဖြစ်ရပ်ပမာဏထက် အချိန်ခြားတဲ့ပမာဏက ပိုများနေတဲ့၊ ကျွန်တော်တို့ကြည့်ဖူးနေကျ အချစ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ အချစ်ဇာတ်လမ်းလို့ပြောလို့ရတယ်။ သူတို့၂ယောက်ရဲ့ဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းတော့ မဟုတ်ပေမဲ့ စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ဘူး။ ဒီဇာတ်ကြောင်းကို ဒါရိုက်တာဟာ အိမ်ထောင်သက်ကြာပြီဖြစ်တဲ့ အတွဲတွေ ဘယ်လိုစတွေ့ကြလဲ အင်တာဗျူးရင်း အဲဒီအင်တာဗျူးတွေကို ပေါင်းစပ်ပြီး ဒီဇာတ်လမ်းကို အသက်သွင်းထားတယ်။ ဇာတ်ရဲ့သက်ဆိုင်ရာ အခန်းမစခင်မှာလည်း အဲဒီအင်တာဗျူးတွေကို အရင်ပြပေးသွားတယ်။ ဆိုတော့ ဒီကားဟာ အဖြစ်မှန်တွေများစွာကို အလှပဆုံးပေါင်းစပ်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ ပြောရလိမ့်မယ်။ နောက် ဒါရိုက်တာကိုယ်တိုင်ရဲ့ စိတ်ကူးကနေလာတဲ့ Iconic ဖြစ်တဲ့ ဇာတ်ဝင်ခန်းလှလှလေးတွေလည်း တော်တော်များတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ကို ရှားပါး A+ ကလပ်စစ်ဖလင်စာရင်းထဲ ထည့်ထားကြတယ်။ သရုပ်ဆောင်တွေအနေနဲ့တော့ Meg Ryan တို့၊ Carrie Fisher တို့လို တစ်ချိန်က သိပ်လှခဲ့တဲ့ မင်းသမီးကြီးတွေ၊ Billy Crystal လို ဝါရင့်သရုပ်ဆောင်တွေကို သုံးထားတယ်။ ဘာမှထူးထူးခြားခြားမဟုတ်ပေမဲ့ လူတစ်ယောက်ရဲ့စွန့်လွှတ်မှုကြောင့် စိတ်ထဲနည်းနည်းတော့ အမြစ်တွယ်နေမိမယ့် ဒီလိုနေ့မျိုးမှာ When Harry Met Sally... ဟာ ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပေါ့။ When Harry Met Sally... ဟာ ရိုမန့်ကားဖြစ်ပေမဲ့ ကျွန်တော်တို့ဘဝတွေကိုကျော်ပြီး အရမ်းခမ်းနားမနေသလို ကျွန်တော်တို့ ဘဝတွေအောက်လည်း မသိမ်နုပ်တဲ့၊ ကျွန်တော်တို့ဘဝတွေကို ပြန်မြင်နေရမယ့် ရုပ်ရှင်မျိုးပါပဲ။ ဟယ်ရီနဲ့ဆယ်လီဟာ ရိုမီရို ဂျူးလိယက်လိုလည်း အသက်ပေးမချစ်ဘူး။ ငြိမ်းချမ်းစွာနဲ့လည်း မပေါင်းဖက်ကြဘူး။ မတူတဲ့အမြင်တွေ မတူတဲ့အတ္တတွေနဲ့ အမြဲတမ်းပြဿနာတက်နေတဲ့ သာမန်လူတွေသက်သက်ပဲ။ ကျွန်တော်တို့တွေလိုပဲ... ဟယ်ရီက ကမ္ဘာကြီးကို ယောက်ျားလေးအမြင်နဲ့ပဲမြင်သလို ဆယ်လီက ကမ္ဘာကြီးကို မိန်းကလေးအမြင်နဲ့ပဲ မြင်တယ်။ ဒါပေမဲ့လည်း ဘာမဆိုပြောပြလို့မရတဲ့ ကမ္ဘာကြီးမှာ တစ်ယောက်အတွက်တစ်ယောက် ဘာမဆိုပြောပြနိုင်တဲ့တစ်နေရာ ဖြစ်ပေးခဲ့ကြတယ်။ တစ်ယောက်က တစ်ယောက်အတွက် လဲပြိုရာ ဖြစ်ပေးခဲ့ကြတယ်။ တစ်ယောက်အတွက် တစ်ယောက်က ခြောက်ပြစ်ကင်းနေတာမျိုးလည်း မဟုတ်ဘူး။ ဒါပေမဲ့လည်း တစ်ယောက်ရဲ့ ခွင့်လွှတ်လို့မရတဲ့အမှားမျိုးကိုလည်း တစ်ယောက်က မမြင်ခဲ့ကြဘူး။ ဟယ်ရီနဲ့ ဆယ်လီမှာ ကျွန်တော်တို့အားလုံးလိုပဲ ပြဿနာတွေရှိတယ်။ ကွာခြားချက်တွေရှိတယ်။ ပြန်ညှိရမယ့်ကာရန်တွေရှိတယ်။ ညှိလို့မရတဲ့ ပုစ္ဆာတွေရှိတယ်။ ဟယ်ရီနဲ့ ဆယ်လီရဲ့ ဇာတ်လမ်းဟာ ကျွန်တော်တို့ အချစ်တွေ ကျွန်တော်တို့ဘဝတွေကို ထောင်ပြထားတဲ့ မှန်တစ်ချပ်လို့ ဆိုလည်းမမှားဘူး။ ကျွန်တော်တို့ အဖြေကိုမတွေ့ခဲ့ကြသလို သူတို့လည်းမတွေ့ခဲ့ကြဘူး။ ဒါမှမဟုတ် အစကတည်းက တွေ့ပြီးသားဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဝူဒီအယ်လန်ပြောသလိုပေါ့... " ကဗျာဆရာတွေ မှန်ကောင်းမှန်ခဲ့ပါလိမ့်မယ်။ အချစ်ဟာ တစ်ခုတည်းသောအဖြေ ဖြစ်ကောင်းဖြစ်နိုင်တာပါပဲ။ " သာမန်နေ့တွေမှာတော့ သာမန်အတိုင်းပဲ ကျွန်တော်တို့ရှင်သန်နေရင်း သတိမရမိတဲ့လူတွေ ရှိကောင်းရှိမှာပါပဲ။ နည်းနည်းထူးခြားသွားတဲ့နေ့တွေမှာတော့ သာမန်ပဲလို့ ကိုယ့်ကိုယ်ကိုယ် ပြောနေရင်းတောင် တစ်ကိုယ်ရေတည်းဆို သတိရမိလောက်တဲ့လူတွေ ရှိကောင်းရှိကြမှာပဲ။ ဟယ်ရီဟာ နာတာလူးပွဲတော်နေ့ကို သာမန်နေ့တစ်နေ့လို့ပဲ ကြိုးစားမြင်ရင်း ဆယ်လီ့ကို သတိရလာသလို ချစ်တဲ့လူတွေကို သတိရမိတဲ့ လူတွေ ရှိကောင်းရှိကြမှာပဲ။ ဒီလိုပဲ ဒီမဆန်းပြားနေတဲ့ ရုပ်ရှင်ကိုကြည့်ပြီး ချစ်တဲ့လူတွေကို သတိရမိကောင်း ရမိကြမှာပဲ။ ဒါကြောင့်မို့ပဲ ဒီရုပ်ရှင်ဟာ နှစ်ခြမ်းကွဲနေခဲ့တယ်။ ရုပ်ရှင်ရဲ့ ပထမခြမ်းကတော့ ဒါရိုက်တာနဲ့ အင်တာဗျူးခံရတဲ့ စုံတွဲတွေဆီက လာပြီး ဒုတိယခြမ်းကတော့ ခင်ဗျားဆီကိုယ်တိုင်ဆီက လာပါလိမ့်မယ်။ ရုပ်ရှင်ဆိုတာလည်း အနာအဆာအပြည့်နဲ့ အသည်းတွေကို တစ်စစီခွဲပြီး ပိုချစ်တတ်လာအောင် တစ်စချင်း ပြန်ဆက်ပေးတဲ့အရာမျိုးပေါ့။ ဒီလိုနဲ့ ကျွန်တော်တို့ ဘဝတွေဟာ ရုပ်ရှင်ကို လိုခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 740MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 35Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
7.4 1989 96 mins
When Harry Met Sally...
Mystery Magic Figure

CM ရဲ့ တရုတ်ဇာတ်ကားချစ်သူများအတွက် အခုတစ်ခေါက်လည်း တရုတ် Joker ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... တရုတ်ရိုးရာ မျက်လှည့်ဆိုတာလည်း ရှိတယ်ဆိုတာ ဒီကားလေးကနေ သိသွားနိုင်မှာပေါ့ ဒီဇာတ်ကားလေးက တရုတ်ရိုးရာမျက်လှည့်နဲ့ အနောက်တိုင်း မျက်လှည့်ပညာ တိုက်ပွဲကြားမှာ တရုတ်ရိုးရာ မျက်လှည့်ပညာရဲ့ အထွတ်ထိပ်ပစ္စည်းကို ဆက်ခံသူတွေက နောက်လာနောက်သားတွေကို လက်ဆင့်ကမ်းဖို့အတွက် ရှာဖွေပုံ အဆင့်ဆင့်လေးကို ရိုက်ကူးပြထားတာပါ... အဲ့ အထွတ်ထိပ်ပစ္စည်းက ဘာဖြစ်မှာလဲ နောက်ပြီး ဘာအတွက်ရှာဖွေတာလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်ထားတာမို့ ပြောပြရင် ပေါ့သွားလိမ့်မယ် ဇာတ်ကားလေးသာ ကြည့်လိုက်ကြပါတော့... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Science-Fiction Runtime : 1h 22 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Romance
0 2022 82 mins
Mystery Magic Figure
The Minute You Wake Up Dead
5.6

"မင်းသေဆုံးပြီး နိုးထလာတဲ့အချိန် ဘယ်နေရာမှာ ရှိနေမလဲ " ဇာတ်ကားထဲက စာသားလိုပဲ တချို့လူတွေ တခါတလေ တွေးမိကြမှာပါ။ ကျွန်တာ်တို့တွေ သေပြီးရင် ဘယ်နေရာကို ရောက်မှာလဲ ပေါ့။ ကောင်းတာလုပ်ရင် ကောင်းတဲ့နေရာ မကောင်းတာလုပ်ရင် မကောင်းတဲ့နေရာ အဲလိုမျိုး ရိုးရိုးရှင်းရှင်းလေးပဲလား။ ဒီသ‌ဘောတရားကို ဒီဇာတ်ကားက ပါးပါးလေးပုတ်ပြသွားပါတယ်။ လူသူမသိ နယ်မြို့လေးတစ်မြိုမှာ လူတစ်စုဟာ Russ ကြောင့် ရင်းနှီးမြှုပ်နှံငွေတွေ ဆုံးရှူံးလိုက်ရလို့ သူ့ကို တော်တော်များများကချဉ်နေကြပါတယ်။ ဒီတော့ Russ ဟာ မျက်စိကို နောက်စေ့မှာကပ်ပြီး နေရတဲ့ အခြေအနေရောက်နေလေရဲ့။ တစ်ညမှာတော့ ရက်စ်ရဲ့ ဘေးအိမ်က Delaine နဲ့ Carl တို့ သားအဖရဲ့အိမ်ကို ဖောက်ထွင်းပြီး အဖိုးကြီး Carl ကို သတ်သွားပါတယ်။ အစောကတည်းက နီးရာဓါးကြောက်နေရတဲ့ Russ တစ်ယောက်ဟာ သူ့ကို ဦးတည်တာလို့ထင်ပြီး အိမ်မှသတ်သွားတာလို့ သောကတွေများပါတော့တယ်။ ဒါပေမယ့် အပ်ချည်မျှင်တစ်စဆွဲထုတ်လိုက်သလိုပဲ နှာခေါင်းပေါက်လောက်မြို့လေးမှာ လူသတ်မှုတွေဟာ မီးခိုးကြွက်လျှောက် လိုက်လာတဲ့အခါမှာတော့...။ မှုခင်းရုပ်ရှင် ကြိုက်တတ်သူတွေအဖို့ ကြည့်ပျော်တဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး Morgan Freeman ကလည်း ရဲမှူး Thurmond အနေနဲ့ပါ၀င်ထားတာမို့လို့ ကြည့်ရှုလိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ File size…(1.89GB)  / (924MB) / (445MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:30:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chuck

Drama
5.6 2022 90 mins
The Minute You Wake Up Dead
Darkness Falls
5.5

ဒါကတော့ ၂၀၀၃ ခုနှစ်က ထွက်ခဲ့တဲ့ ဟော်ရာရုပ်ရှင်ကောင်းတစ်ခုပါပဲ ဇာတ်ကားလေးရဲ့ နာမည်အတိုင်းပဲ "Darkness Fall"ဆိုတဲ့ မြို့လေးမှာ မတ်တေလ်ဒါဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်.သူမကို ကလေးတွေအားလုံးချစ်ခင်ကြတယ်.ဒါပေမဲ့ တစ်နေ့တော့ သုူ့အိမ်မီးလောင်တဲ့ အချိန် သူ့မျက်နှာပါ မီးလောင်ဒဏ်ရာ ရသွားတယ်.တစ်နေ့ မြို့မှာ ကလေးနှစ်ယောက်ပျောက်သွားတော့ မြို့က သူတွေက သူ့ကို ကလေးတွေ သတ်တယ်ဆိုပြီး မှားယွင်းစွပ်စွဲ သတ်ပစ်လိုက်ကြတယ်.မတ်တေလ်ဒါက သူမသေခင်မြို့လေးကို "သူမ မျက်နှာကို မြင်တဲ့ ဘယ်သူကိုမဆို လက်စားချေမယ်" ဆိုပြီး ကျိန်စာတိုက်ခဲ့တယ်.နှစ်တွေအများကြီး ကြာပြီးတော့ ကိုင်းလ်ဆိုတဲ့ ကလေးလေးနဲ့ ကျိန်စာဟာ ပြန်အသက်ဝင်လာခဲ့တယ်.ကိုင်းလ်ကရော ကျိန်စာကို ဘယ်လိုရင်ဆိုင်မလဲ. ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဇာတ်ကားကြည့်ရင်း အဖြေရှာလိုက်ပါ File size…(1.7 GB)/(779MB)/(362MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:26:00 Genre...Fantasy, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hein Zayar Kyaw

5.5 2003 86 mins
Darkness Falls
Crawlspace
6.2

အပ်ကျသံကအစအကုန်သိနိုင်တဲ့မြို့ငယ်လေးတစ်မြို့က ရောဘတ်ဆိုတဲ့ပိုက်ပြင်သမားလေးတစ်ယောက်... သူ့ရဲ့သဘောမနောကောင်းမှုတွေကို မိန်းမဖြစ်သူကနားပူနားဆာလုပ်လို့ ပိုက်ပြင်ဖို့ဆိုပြီးထွက်သွားခဲ့ပါတယ်။ သူပြင်ရတဲ့ပိုက်နေရာက အိမ်ရဲ့အောက်မြေအောက်ခန်းငယ်လေးထဲမှာ..တွားသွားပြီးသွားမှရတဲ့နေရာလေးပေါ့။ ဒီလိုနေရာထဲဝင်ပြီးပိုက်ပြင်နေရာက မထင်မှတ်ထားတဲ့ပြဿနာတစ်ခုနဲ့ကြုံတွေ့သွားရတဲ့အခါမှာတော့... ဒီကားလေးကတော့ စိတ်လှုပ်ရှားသဲထိပ်ရင်ဖိုကားတွေကြိုက်သူတွေအတွက် ရွှေးချယ်လို့ကောင်းမယ့် Rated R , Thriller ကားသစ်လေးပဲဖြစ်ပါတယ် ။ File Size__(1.6GB) / (800MB) Quality__WEBRip_1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:30:00 Type__Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt

Fantasy
6.2 2022 90 mins
Crawlspace
Ain’t Them Bodies Saints
6.4

ဘော့ပ်နဲ့ ရုဆိုတဲ့ကောင်လေးနဲ့ ကောင်မလေးဟာ တက္ကဆက်ပြည်နယ်က Bonnie & Clydeပေါ့. သိပ်ကိုချစ်ကြတဲ့ချစ်စုံတွဲလေးဖြစ်သလို သူတို့လုပ်တဲ့မကောင်းမှုတွေက သူတို့ကို ဝေးကွာစေနိုင်တယ်ဆိုတာကိုလဲ သူတို့သိကြမယ်မထင်သေးတဲ့အရွယ်ပေါ့. တစ်နေ့မှာရဲတွေဝိုင်းထားတာခံရချိန် ရုပစ်လိုက်တဲ့ ကျည်ဆန်ကြောင့် ရဲတစ်ယောက်မှန်သွားတော့ ဘော့ပ်က ပြစ်ဒဏ်တွေအားလုံးကို သူ့ဆီပဲပုံချဖို့ ဆုံးဖြတ်ခဲ့တယ်။ ရုမှာကချစ်စရာသမီးလေးကိုကိုယ်ဝန်လွယ်ထားရတယ်ဆိုတာလဲ အဲ့အချိန်မှာပဲ သိခဲ့ရတယ်လေ. သူပြန်လာခဲ့ပ့ါမယ် စောင့်နေပေးပါဆိုတဲ့စကားအတိုင်း ရုကလဲသမီးလေး၄နှစ်ပြည့်တဲ့အထိကို နေ့တိုင်းမျှော်နေခဲ့ပြီးရှင်သန်နေထိုင်ခဲ့တယ်။ ဒါပေမယ့် တစ်ရက်တော့ ဘော့ပ်တစ်ယောက်ထောင်ဖောက်ပြေးပြီး ရုတို့သားအမိကိုခေါ် ဒီနဲ့အဝေးဆုံးကိုထွက်သွားဖို့ ကြိုးစားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ ကိစ္စတွေဖြစ်လာခဲ့တယ်။ ချစ်ခြင်းမေတ္တာက ဘယ်လိုမျိုး အလုပ်လုပ်လဲ ဘယ်လောက်ထိတာရှည်ခံနိုင်မလဲ ? ဘော့ပ်နဲ့ရုတို့ရဲ့ ဒီကနေအဝေးဆုံးကိုထွက်သွားဖို့အတွက် အကြံအစည်တွေကရော အဆင်ပြေနိုင်ပါ့မလား ရိုမန်တစ်ဒရာမာဇာတ်ကားလေးဖြစ်ပြီး ဘော့ပ် ရဲ့ ကွဲအက်အက်အသံနဲ့ ထောင်ထဲကပေးပို့တဲ့စာတွေကိုဖတ်ပြတဲ့အခန်းတွေက တကယ့်ကို ကြေကွဲစရာကောင်းခံစားစေရမှာပါ. ဒီလိုဇာတ်ရုပ်မျိုးကိုသရုပ်ဆောင်တဲ့သူကလဲ တခြားသူတော့မဟုတ်ပါဘူး. အော်စကာဆုရှင် Casey Affleckဖြစ်ပြီး အထင်ရှားဆုံးပြောရရင် Manchester By the Seaထဲက မင်းသားပါပဲ. ဆန်ကာတင်စာရင်းတွေထဲမှာလဲ ပါဝင်ခဲ့သလို IMDB scoreလဲကောင်းတဲ့ ဇာတ်ကားမလို့ ကြွေကွဲရင်းနဲ့ ခံစားလိုက်ရအောင်။. File size… 1.7 GB / 430 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Drama, Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. XCode Translated by Charm

6.4 2013
Ain’t Them Bodies Saints
Never Too Late to Celebrate
6.7

စပိန်လူမျိုးတွေရဲ့ ဓလေ့ထုံးစံမှာ မိန်းကလေးတွေ အသက် ၁၅ နှစ်ပြည့်တဲ့မွေးနေ့ပွဲကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပေးတတ်ကြပါတယ်။ အရွယ်ရောက်ပြီဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ပေါ့။ အဲအခမ်းအနားလေးကို quinceañera or quince လို့ခေါ်ပါတယ်။ စပိန်လူမျိုးဖြစ်ပေမယ့် အမေရိကမှာ ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့ရတဲ့ အဖေဖြစ်သူနဲ့ အမေရိကန်သူဖြစ်တဲ့ အမေဆီက မွေးဖွားလာတဲ့ ကပြားလေး ကာမီလာ လိုပက်ဇ်ကတော့ အဖေဖြစ်သူကို ဆုံးရှုံးထားရတဲ့အတွက် အဖေ့ကို တသသဖြစ်ပြီး လွမ်းဆွတ်နေသူပါ။ အဲလိုဖြစ်တာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် မအားလပ်အောင်ထားဖို့အတွက် အလုပ်တွေပဲ ဖိလုပ်နေတဲ့ အလုပ်ကြမ်းပိုးလေးပေါ့။ အဲလို နိစ္စဓူဝ အပ်ကြောင်းထပ်နေတဲ့ ကိုယ်ပိုင်အချိန်ဇယားမှာ အသားကျနေတဲ့ ကာမီလာတစ်ယောက် အမေဖြစ်သူအလုပ်လုပ်တဲ့ကျောင်းကို သွားတွေ့ရင်းနဲ့ အချိန်ပိုင်းဆရာလေး ဟာဗီနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။ စတွေ့ကတည်းက ဟာဗီပြောခဲ့တဲ့ စကားလေးတစ်ခွန်းကြောင့် အဖေဖြစ်သူကို သတိရပြီး သူစိမ်းရှေ့မှာ ငိုကြွေးခဲ့မိရာကနေ ကာမီလာတစ်ယောက် ရှေ့ဆက်ပြီး ဘယ်လိုဆုံးဖြတ်ချက်တွေ ချမိမလဲ အဖေဖြစ်သူ မရှိဘူးဆိုတဲ့ အတွေးကြောင့် ၃၀ နှစ်ပြည့်မွေးနေ့ကိုပါ မကျင်းပဖို့ ဆုံးဖြတ်ထားပေမဲ့ ဘယ်အရာတွေကြောင့် Double quince လုပ်ဖို့ဖြစ်လာမလဲဆိုတာကို အရိုတစ်လိုင်း ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ အရိုကားလေးဆိုပေမယ့် အဖေနဲ့သမီးကြား၊ သားအမိကြား မေတ္တာတွေကိုပါ ပေါ်လွင်အောင်ပုံဖော်ထားတာမလို့ တစ်ရှူးလေး ကြိုဆောင်ထားကြစေချင်ပါတယ်။ ပြုံးပြုံးကြီး ကြည့်မိရင်း နောက်ခံသီချင်းလေးတွေကိုပါ ကြိုက်နှစ်သက်မိမှာဖြစ်လို့ အချစ်ဇာတ်လမ်းကြိုက်နှစ်သက်သူတွေ Down ပြီးရင် နောင်တမရမယ့် ဇာတ်လမ်းလေးဖြစ်ကြောင်း အသိပေးလိုက်ချင်ပါတယ်။ မင်းသားနဲ့မင်းသမီးက လက်တွေ့လောကမှာ တကယ့်လင်မယားတွေဖြစ်ပြီး သားသမီး ၃ ယောက်ပါ ထွန်းကားထားသေးတာမလို့ Chemistry မိချက်ကတော့ ပြောစရာမလိုသလို စပိန်ရိုးရာဓလေ့စရိုက်တွေကို သီချင်းလေးတွေ စားစရာတွေနဲ့အတူ မရိုးရအောင် တင်ဆက်ပြသထားတာမလို့ စိတ်ဝင်တစားကြည့်ရှုရမှာ ဖြစ်ပါတယ်နော်။ File size…1.86GB / 719MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 24m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

Romance
6.7 2023 84 mins
Never Too Late to Celebrate
American Hustle
7.2

ဒါရိုက်တာကြီး David O. Russell ရိုက်ကူးထားပြီး Christian Bale, Amy Adams, Bradley Cooper, Jeremy Renner, Robert DeNiro နဲ့ Jennifer Lawrence တို့ သရုပ်ဆောင်ထားတဲ့ ၂၀၁၃က ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ…… IMDb – 7.2, RT – 92% ထိရရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ကားပါ။ အဲဒီလောက်ရလို့ ဆုအနေနဲ့ကြည့်ရင်လည်း အော်စကာ နိုမီက ၁၀ခု တကယ်ရရှိသွားတဲ့ ဆုက ၇၀ နဲ့ နိုမီချည်းပဲကို စုစုပေါင်း ၂၂၇ခုထိ ရရှိခဲ့တဲ့ကားလေးပါပဲ….. ဇာတ်လမ်းလေးကတော့ မာဖီးယားဂိုဏ်းနဲ့ ရဲတွေရဲ့အရှုပ်တော်ပုံအကြောင်းပါပဲ ဇာတ်လမ်းကို သိပ်ညွှန်းစရာမလိုလောက်အောင် ဒါရိုက်တာတွေနဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကိုကြည့်လိုက်တာနဲ့ “မီးလက်ဝါး”လိုကားတောင် ကြည့်ကောင်းသွားမယ်ဆိုတာ ရဲရဲကြီးအာမခံရင်းနဲ့ပဲ စောင့်မျှော်နေသူတွေရော တကယ့် ရုပ်ရှင်ကားကောင်းကိုကြည့်ချင်သူတွေရောပါ လက်မလွှတ်တမ်းကြည့်လိုက်ကြပါဦးလို့…………. File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:18:00 Genre…Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield

Action • Comedy • Science Fiction • Drama
7.2 2013 138 mins
American Hustle
Crossing Over

ဒီတစ်ခါကတော့ IMDb 6.7ရရှိထားတဲ့ Indiana Jonesမင်းသားကြီး Harrison Fordရဲ့ Crime, Dramaကားလေးတစ်ကားပါပဲ ဇာတ်လမ်းအညွှန်းကတော့ မင်းသားကြီး Harrison Ford ဟာ Max Brogan ဆိုတဲ့ ရဲတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ရဲ့တပ်ဖွဲ့နဲ့ အမေရိကန်နိုင်ငံအတွင်းမှာ တရားမဝင်‌ဘဲနေနေတဲ့ လူတွေကို လိုက်လံဖမ်းဆီးတဲ့နေရာမှာ ဖမ်းမိတဲ့မိန်းကလေးတစ်ယောက်က သူ့သားလေးကို ကူညီဖို့အကူအညီတောင်းတဲ့အခါ သူက သဘောကောင်းလွန်းနေသူဖြစ်တာကြောင့်ကူညီဖို့ကြိုးစားပါတော့တယ်။ တစ်ခုပြောချင်တာက ဒီဇာတ်ကားမှာ Harrison Fordဟာ အဓိကပါဝင်ပေမဲ့ သူ့တစ်ယောက်တည်းအကြောင်းမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံထဲမှာနေနေကြတဲ့ တခြားနိုင်ငံကလာတဲ့လူတွေရဲ့ အခက်အခဲတွေ အတွေ့အကြုံတွေကိုလဲ ၄, ၅မျိုးခွဲပြီးတစ်ခါတည်း ရိုက်ပြထားပါတယ် ပြီးတော့လည်း ထိုအကြောင်းတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်နေတာမို့ ပုံမှန်မဟုတ်တဲ့ ခံစားချက်တစ်မျိုးနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားထဲမှာ ၁၈ယောက်ရှိမှကြည့်လို့ရတဲ့ အခန်းအချို့လဲပါဝင်တာမို့လို့ မိသားစုနဲ့တော့ အတူမကြည့်ပါနဲ့လို့ ပြောချင်ပါတယ်ခင်ဗျာ။ File size…(1.8 GB)/(881 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero

Action • Crime • Drama • Thriller
0 2009
Crossing Over
Shinjuku incident
6.9

ဒီဇာတ်ကားလေးကတော့ ကျွန်တော်တို့အချစ်တော်မင်းသားကြီး ဂျက်ကီချန်း ရိုက်ကူးထားတဲ့ ဂျပန်ရောက် တရုတ်ဇာတ်ကားကောင်းပါ။ “ဘဝမှာ သုံးဆယ်ရာခိုင်နှုန်းက ကံတရား၊ ကျန်တာက တိုက်ပွဲပဲ” တဲ့။ ဒီဇာတ်ကားလေးမှာတော့ သံခေါင်းတစ်ဖြစ်လည်း ဂျက်ကီချန်းဟာ သူ့ကောင်မလေးတစ်ယောက် သူ့အဒေါ်ရှိရာ ဂျပန်ကိုလိုက်သွားပြီး သတင်းအစအန မရတော့တဲ့အတွက် ဂျပန်ကို တရားမဝင်မှောင်ခိုလိုက်လာပါတော့တယ်။ ဂျပန်ရောက်တော့ သူ့တို့ တရုတ်ညီနောင်တွေနဲ့အတူ တရားမဝင်လုပ်သားအဖြစ်နဲ့ ရရာအောက်ခြေအလုပ်တွေကို ကျပန်းလုပ်ရင်းနဲ့ သူ့ကောင်မလေးကို လိုက်ရှာပါတော့တယ်။ သူဟာ ဂျပန်ရောက်တရုတ်တွေ တရားဝင်နေထိုင်ခွင့်ရရှိရေးကို ကြိုးပမ်းရင်း သူ့ကောင်မလေးကို ရှာရင်းနဲ့ ဂိုဏ်းအဖွဲ့တွေနဲ့ ပတ်သက်မိလာပါတော့တယ်။ ဒီအချိန်မှာ သမာအာဇီဝကျကျ လုပ်စားချင်တဲ့ သူ့ခမျာ ဒီဂိုဏ်းပြဿနာတွေဆီကရော သူ့ညီနောင်တွေ လမ်းမှားမရောက်အောင်ရော ဘယ်လိုကြိုးပမ်းမလဲ သူ့ကောင်မလေးကိုရောရှာတွေ့နိုင်ပါ့မလား ဆိုတာကို စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.3 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:59:00 Genre…Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

6.9 2009
Shinjuku incident
Human Animals
5.6

တစ်ခါတုန်းက တိရစ္ဆာန်ရုံတစ်ခုမှာ “ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး တိရစ္ဆာန်” ဟု ပြသထားတဲ့နေရာမှာ မှန်တစ်ချပ် ချိတ်ဆွဲထားရှိခဲ့ဖူးပါတယ်။ ဆင့်ကဲပြောင်းလဲလာမှုကနေတစ်ဆင့် ဖြစ်တည်လာတဲ့ လူသားတွေဟာ ကမ္ဘာပေါ်မှာ အသိဉာဏ်အရှိဆုံး သတ္တဝါဖြစ်သလိုပဲ အရက်စက်ဆုံး၊ အကောက်ကျစ်ဆုံး သတ္တဝါအဖြစ်နဲ့ ကမ္ဘာကြီးကို အန္တရာယ်အပေးနိုင်ဆုံး သတ္တဝါလို့ ဆိုရမှာလည်း ဖြစ်ပါတယ်။ ရွိုင်း နဲ့ ချာဗာတို့ မိသားစုနှစ်စုမှာ ယောက်ျားသားတွေဖြစ်တဲ့ ရွိုင်းနဲ့ချာဗာတို့က ပုလဲနံပသင့်ပေမယ့် ရွိုင်းရဲ့ဇနီး ဖာဘီရိုလာ နဲ့ ချာဗာရဲ့ဇနီး အန်နာဟီးတို့ကတော့ သူတို့ကြားထဲက ကွဲပြားမှုကို သတိထားမိနေကြပါတယ်။ ခွေးကြောက်တတ်တဲ့ ရွိုင်းတို့ရဲ့သမီးလေး တယ်ရစ်ဆာ နဲ့ ခွေးချစ်သူဇနီးမောင်နှံဖြစ်တဲ့ ချာဗာနဲ့အန်နာဟီးရဲ့ သားလိုချစ်ရတဲ့ ခွေး. ဂျက်ဂါတို့ကြောင့် မိသားစုနှစ်စုကြားက အတားအဆီး တစ်ခုသဖွယ် ဖြစ်နေပါတယ်။ တစ်ရက်မှာတော့ ချာဗာတို့က ရွိုင်းတို့မိသားစုကို ထမင်းစားဖိတ်ခဲ့ပြီးတော့ ခွေးကြောက်တတ်တဲ့ တယ်ရစ်ဆာအတွက်လည်း သူတို့ခွေးကို ပိတ်လှောင်ထားပေးဖို့ သဘောတူညီခဲ့ကြပါတယ်။ ထမင်းစားဝိုင်းမှာပဲ ချာဗာနဲ့အန်နာဟီးတို့ဟာ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေ ဖြစ်ခဲ့ဖူးကြောင်း စကားစပ်မိရင်းနဲ့ ရွိုင်းတို့ကို ပြောပြခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပိတ်ထားခဲ့တဲ့ ဂျက်ဂါက လွတ်လာခဲ့ပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်သွားခဲ့ပါတယ်။ တယ်ရစ်ဆာရဲ့ ခွေးကြောက်တတ်တဲ့အကျင့်ကို ဖျောက်နိုင်ဖို့ ဂျက်ဂါ့ကို ပွတ်သပ်ခိုင်းခဲ့ပေမယ့် ဂျက်ဂါကလည်း တယ်ရစ်ဆာ့အပေါ်မှာ ရန်လိုနေခဲ့ပါတယ်။ တစ်ခုခုကို ကြောက်ရွံနေရင် အဲဒီအရာက မလွဲမသွေဖြစ်လာတတ်တဲ့ နိယာမအတိုင်းပဲ ရွိုင်း နဲ့ ချာဗာတို့ မိသားစုနှစ်ခုကြားထဲမှာ အရုပ်ဆိုးတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားလာခဲ့ပါတယ်။ ရွိုင်းတို့ခြံဝင်းထဲကို ကျူးကျော်နေတတ်တဲ့ ဂျက်ဂါဟာ တယ်ရစ်ဆာရဲ့ အရုပ်ကို ဖျက်ဆီးနေတာ တွေ့တာကြောင့် တယ်ရစ်ဆာက ရန်မူခဲ့ပါတယ်။ ဂျက်ဂါကလည်း စိတ်ရိုင်းဝင်ပြီး တယ်ရစ်ဆာရဲ့ လက်မောင်းကို ကိုက်ဆွဲခဲ့ပါတယ်။ အပြင်းအထန်ဒဏ်ရာရသွားတဲ့ တယ်ရစ်ဆာကို ဆေးရုံကို ပို့အပြီးမှာ ချာဗာတို့ဇနီးမောင်နှံက ခွေးရုပ်ကလေးလက်ဆောင်ပေးဖို့ ကြိုးစားခဲ့တာကြောင့် ရွိုင်းနဲ့ချာဗာတို့ မိသားစုနှစ်စုကြားမှာ ပိုပြီး တင်းမာလာခဲ့ပါတယ်။ မီးစလေးကနေ တငွေ့ငွေ့လောင်ကျွမ်းပြီး မီးတောက်ကြီးဖြစ်လာခဲ့သလို ကိစ္စတွေက ထင်ထားတာထက် ပိုပြီး ပြင်းထန်လာခဲ့ပြီးတော့ ရွိုင်းရဲ့ဆိုင်ရာပိုင်ရာတွေကို တိုင်ကြားခဲ့မှုကြောင့် ဂျက်ဂါကို တိရစ္ဆာန်ထိန်းချုပ်ရေးကနေ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဂျက်ဂါမရှိတော့တဲ့နောက်ပိုင်း မိသားစုနှစ်ခုဆက်ဆံရေးက နောက်ပြန်လှည့်လို့မရတဲ့ အခြေအနေရောက်သွားခဲ့ပြီး ရွိုင်းတို့မိသားစုအတွက် ခြောက်ခြားထိတ်လန့်ဖွယ်ကိစ္စတွေ ဆက်တိုက်ဖြစ်ပွားလာပါတယ်။ နောက်ပိုင်းမှာ ချာဗာနဲ့အန်နာဟီးတို့ရဲ့ နောက်ကြောင်းကို စုံစမ်းမိပြီး နာမည်တုနဲ့နေထိုင်နေသူတွေဖြစ်ကြောင်း သိရှိသွားချိန်မှာတော့ ရွိုင်း၊ ဖာဘီရိုလာနဲ့ သမီးဖြစ်သူ တယ်ရစ်ဆာတို့အတွက် အရမ်းနောက်ကျနေခဲ့ပြီ ဖြစ်ပါတယ်။ အန္တရာယ်အများဆုံး၊ အကောက်ကျစ်တတ်ဆုံး လူသားသတ္တဝါတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို မျက်ဝါးထင်ထင် ကြုံတွေ့ဖို့ အကြောင်းဖန်လာခဲ့ပြီဖြစ်ပါတော့တယ်…။ File size… 1.3 GB / 511 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. Drama / Horror / Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Science Fiction • Drama • Romance
5.6 2020 89 mins
Human Animals
Crows Zero II Kurôzu zero II
7.2

Crows Zero II (2009) IMDb Rating (7.2) / Rotten Tomatoes (77%) ဂျပန်ရဲ့ high school delinquent မန်ဂါတွေရဲ့ စတိုင်ကိုလည်း ဒီနေ့ခေတ် ကိုရီးယားမန်ဟွာတွေ ဇာတ်လမ်းတွဲတွေက ယူသုံးကြ အောင်မြင်ကြတာပဲ။ Crowsကတေ့ high school delinquent မန်ဂါတွေထဲ မန်ဂါ အန်နမဲပရိသတ်တွေကြား တော်တော်အောင်မြင်ခဲ့သလို အဆက်တွေ အတွဲတွေပေါင်းများစွာလည်း ထွက်ခဲ့တယ်။ ရုပ်ရှင်မှာဆိုလည်း High and Low တွေနဲ့ပါ ချိတ်ထားခဲ့သေးတယ်။ ပြီးခဲ့တဲ့လတွေက နာမည်ကြီးခဲ့တဲ့ Study Groupတို့ဆိုလည်း ဒီ Crowsတွေနဲ့ ကျောရိုးတော့ တော်တော်ဆင်တယ်ပြောရမယ်။ Crowsဟာ မန်ဂါအနေနဲ့ တော်တော်အောင်မြင်ခဲ့ပြီး ရုပ်ရှင်အနေနဲ့တော့ Crows Zeros 1, 2 ပြီးတော့ Crows Explode ဆိုပြီး သုံးကားထွက်ခဲ့တယ်။ Crowsရဲ့ ဇာတ်လမ်းမတိုင်ခင် အဓိကဇာတ်ကောင် Bōyaမတိုင်ခင် ဖြစ်ခဲ့တာတွေကို ပြထားတာပါပဲ။ မူရင်းမန်ဂါဇာတ်ကို တိုက်ရိုက် ရိုက်ပြထားတာမဟုတ်ဘူး။ ဒါကြောင့်လည်း Crows: Episode 0 လို့ ပေးထားတာနေမယ်။ ဒီ၂ကားက တော်တော်တော့ ကြမ်းတဲ့ လန်းတဲ့ထဲတော့ ပါတယ်ပြောရမယ်။ လန်းဆို ရိုက်တာကလည်းTakashi Miike။ Auditionလို ကားမျိုးရဲ့ ဒါရိုက်တာကိုး။ ၃ကတော့ သူရိုက်တာမဟုတ်တော့သလို အဓိကဇာတ်ကောင်တောင်မတူတော့ဘူး။ ဒီ၂ကားလောက်လည်း မအောင်မြင်ခဲ့ပါဘူး။ Crows Zero ရဲ့ ဒုတိယကားမှာတော့ ပထမကားမှာ ဆုဇူရန်ကျောင်းရဲ့ ခေါင်းဆောင်နေရာကို သိမ်းလိုက်နိုင်ပြီဖြစ်တဲ့ ဂန်ဂျိရဲ့ ခေါင်းဆောင်မှုအပိုင်း အားသာချက် အားနည်းချက်တွေနဲ့ သူတို့ကျောင်းနဲ့ အတိတ်ကရန်ညှိုးရှိတဲ့ ဟိုစန်ကျောင်းက သူတို့ကျောင်းနဲ့ ပြဿနာထပ်ဖြစ်လာတာကို ပြထားတယ်။ပြောရရင် နယ်တော့ကျယ်သွားတယ်ပေါ့။ ပထမကကျောင်းတွင်း အခုက တခြားကျောင်းနဲ့။ တခြားကျောင်းနဲ့ဖြစ်သွားပေမဲ့ သူတို့ရဲ့ ပြိုင်ဘက်ကို လေးစားစိတ်တွေ မျှတတဲ့တိုက်ပွဲ ဖြစ်ချင်စိတ်တွေကတော့ မပြောင်းဘူးလို့ပြောရမယ်။ ဂန်ဂျိရဲ့ ခေါင်းဆောင်ကောင်းပီသတဲ့စိတ်ကိုတော့ ဒီမှာ ပိုထင်ရှားအောင် ပြသွားသလို သူ့ကိုခေါင်းဆောင်အဖြစ် လက်ခံကြခြင်း လက်မခံကြခြင်းတွေကိုလည်းပြသွားတယ်။ ဇာတ်ကတော့ အများကြီးဆက်လာစရာရှိသေးသလိုလို နောက်မျိုးဆက်သစ်တွေရဲ့ခေတ်ဖြစ်သွားသလိုသလို သိမ်းသွားပြီး အဆက်လာချင်လည်းရ မလာချင်လည်းရတဲ့ ပုံစံနဲ့သိမ်းသွားပေမဲ့ ကြည့်လို့တော့ တော်တော်မဝအောင်လုပ်သွားခဲ့တယ်။ ၃တော့ ဆက်ထွက်ပေမဲ့ အဓိကဇာတ်ကောင်တော့ မတူတော့ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(3.3 GB) / (1.5 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Adventure,Comedy,Crime Duration….02:13:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Comedy
7.2 2009 133 mins
Crows Zero II Kurôzu zero II
Final Destination 5
5.9

Final Destination 5 (2011) ************************** IMDb…..5.9 Horror ကားကြိုက်နှစ်သက်သူတို့အဖို့ ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ ဇာတ်ကားများကို ပြောပါဆိုရင် Final Destination တွေကို ပြောကြမှာသေချာသလောက်ပါပဲ…. ယခု နောက်ပိုင်းထွက်တဲ့ horror ကား တော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲ ဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့အဖို့ ကြာလာတော့ အနည်းငယ်ရိုးအီလာသလိုပါပဲ……. Final Destination လို horror မျိုးကျတော့လည်း တကယ့်ကို သွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင် ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး… မင်း horror ဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5) ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ… ယခုလည်း New Line Cinema က Final Destination Reboot ကို စတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။ ဒီတော့ စဆုံးလေးကို ပြန်လည် ခံစားချင်သူများအတွက် အရည်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်….. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ War Dog/ Baby Chit ပဲဖြစ်ပါတယ်) File Size : 5.53GB / 1.61GB/ 740MB Quality : 4K/ Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…01:30:00 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by War Dog/ Baby Chit Encoded by Aaron, Tiff

History • Action • Drama
5.9 2011 91 mins
Final Destination 5