YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

A.Fairy.Tale.After.All.2022.720p.WEBRip.DD5.1.x264-NOGRP.mp4

439.84 MB N/A video/mp4 1442 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Stuck with You
4.7

နှစ်သစ်အချိန်အခါလေးမှာ ပူလောင်မှုတွေဝေးပြီး ပျော်ရွှင် စရာလေးတွေပဲ ကြုံတွေ့ရအောင်လို့ စိတ်ရွှင်လန်းရမယ့် ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အစအဆုံးကို ပြုံးနေရပြီး ကြည်ကြည်နူးနူးလေးနဲ့ စိတ်ကို ပေါ့ပါးသွားစေတာမို့  ဒီကားလေးကိုကြည့်ဖြစ်အောင်ကြည့် ပါလို့ပြောချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ်။ နှစ်သစ်အကြိုညမှာ ဓာတ်လှေကားထဲ ပိတ်မိသွားကြတဲ့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်အ ကြောင်းပါ။ ဂေလ်က သူ့အိပ်မက်တွေနောက်လိုက်ရင်း အလုပ်လက်မဲ့ဖြစ်နေရတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး ဟန်နာကတော့ အလုပ်မှာ အဆင်ပြေပေမဲ့ အချစ်ကံခေနေ ရတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ သူတို့နှစ်ယောက် နှစ်သစ်အကြိုညမှာ ပါတီတစ်ခုကို လာကြ ရင်း ဓာတ်လှေကားထဲ ပိတ်မိသွားပြီး နှစ်သစ်ကို ဓာတ်လှေ ကားထဲမှာတင် ဖြတ်သန်းရမဲ့ အခြေအနေလေးတစ်ခု ဖြစ်လာ ခဲ့ပါတယ်။ ဒီတော့ ဓာတ်လှေကားထဲမှာ နှစ်သစ်ကြိုကြမဲ့ သူတို့ နှစ်ယောက်ရဲ့ ကြုံရဆုံရလူ့ဘဝလေးတွေကို ခံစားကြည့်လိုက် ကြပါဦးဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.1 GB) / (440 MB) Quality............WEB-DL 1080p / 720p Duration.........59Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......May Thet Khine Soe Encoder..........SWM

Action • Thriller
4.7 2022 59 mins
Stuck with You
Devils
5

Oh Dae Hwan နဲ့ Jang Dong Yoon တို့လို နာမည်ကြီး သရုပ်ဆောင်(၂) ယောက်အဓိကပါဝင်တယ်... The Childe တို့လို vibe မျိုးတော့မဟုတ်ပေမဲ့ Crime ကိုမှ Plotက နည်းနည်းဆန်းကျယ်တယ်လို့ဆိုရမယ်... စုံထောက်ချွဲဂျယ်ဟွမ်ဆိုတာ ရဲလောကမှာတော့ လူမုန်းများလှပေမဲ့ တော်တဲ့အရည်အချင်းကိုတော့ အသိအမှတ်ပြုခံရတယ်...သူဟာ တွဲဖက်တစ်ယောက်နဲ့ ကွင်းဆက်လူသတ်မှုကိုစုံစမ်းနေတုန်း တရားခံလူသတ်သမားဖြစ်သူ ချာဂျင်းဟျော့ဟာ သူ့ရဲ့ တွဲဖက်ကိုသတ်လိုက်တယ်... လုပ်ဖော်ကိုင်ဖက်ကိုဆုံးရှုံးလိုက်ရတဲ့ စုံထောက်ချွဲဂျယ်ဟွမ်ဟာ ချာဂျင်းဟျော့ဆိုတဲ့ လူသတ်ကောင်နောက်ကို အငြိုးကြီးကြီးလိုက်ရာက‌နေ တစ်နေ့မှာတော့ အကြီးစားထိခိုက်မှုဖြစ်ပြီး လူသတ်ကောင်နဲ့ ဝိညာဉ်ချင်းလဲသွားပါတော့တယ်... ဆိုတော့ စုံထောက်မျက်နှာနဲ့လူသတ်ကောင် ၊လူသတ်ကောင်မျက်နှာနဲ့စုံထောက် တူမလိုလိုနဲ့ လုံးဝကွဲပြားသွားတဲ့ ၂ယောက်ဖြစ်သွားတယ်.. ဝိညာဉ်ချင်းလဲသွားတဲ့အနေအထားမှာ စုံထောက်နဲ့လူသတ်ကောင်တို့ ဘယ်လို တစ်ယောက်နဲ့တစ်ယောက်အနိုင်တိုက်ကြမလဲဆိုတာကိုတော့... File size…1.6GB/ 641MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 46min Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by  Miri,Treasure Htet & Stary

Science Fiction • Thriller
5 2023 105 mins
Devils
Bones of Crows
7.9

Bones of Corws (2022) (RT 94% , IMDb 6.6 ) ကနေဒါ‌‌မြေဟာ လူဖြူတွေမကြီးစိုးခင် ကနေဒါနိုင်ငံရယ်လို့ မဖြစ်လာခင်ကတည်းက ဌာနေတိုင်းရင်းသားတွေက နေထိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဥရောပသားတွေ ရောက်ရှိလာပြီး နောက်မှာတော့ ဥရောပပုံစံ ဖြစ်လာအောင်၊ သူတို့အုပ်ချုပ်မှုအောက်ထဲ ခိုဝင်လာအောင် လူဖြူတွေက မျိုးစုံကြံစည်ခဲ့ကြတာ အများအသိပါ။ ဒါတွေဟာ လွန်ခဲ့တဲ့ နှစ် 200၊ 300လောက်က ဖြစ်ခဲ့တာလို့ ထင်ရင် မှားပါမယ်။ ကနေဒါမှာ ဒီလို လူမျိုးစုတွေအပေါ် ဥပဒေကို အသုံးပြုပြီး နိုင်ထက်စီးနင်းပြုလုပ်ခဲ့မှုတွေဟာ 1990ဝန်းကျင်အထိ ရှိခဲ့ပါတယ်။ Bones of Crowsက‌‌ေတာ့ ဒီနည်းတွေထဲက တစ်ခုအပေါ် အခြေခံလို့ ရိုက်ကူးထားပါတယ်။ တိုင်းရင်းသားကလေးငယ်လေးတွေကို မူကြိုကျောင်းနေအရွယ်ကစလို့ မိဘရင်ခွင်ထဲကနေ ဥပဒေအရ ဆွဲခေါ်ပြီး ခရစ်ယာန်ဘုန်းတော်ကြီးတွေ ဦးစီးတဲ့ အဆောင်နေကျောင်းတွေဆီသို့ ပို့ဆောင်ပစ်ခဲ့ကြပါတယ်။ ကျောင်းကိုဦးစီးတဲ့ ဘုန်းကြီး သီလရှင်တွေဟာ ကလေးသူငယ်များကို ရည်ရွယ်ချက်ရှိရှိ အစာအာဟာရ မပြည့်ဝအောင် ကျွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ထိလက်ရောက်အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအထိ လုပ်ဆောင်ခဲ့ကြပြီး ဒါမျိုးဟာ တစ်ကျောင်း နှစ်ကျောင်း မဟုတ် တစ်နိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တာပါ။ ဒီထက်ပိုဆိုးတာကတော့ အဆောင်နေကျောင်းစနစ်‌ေကြာင့် ကလေးငယ်ပေါင်း ထောင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့အတွက် Genocide လို့ ခေါင်းစဉ်တပ်ရလောက်တဲ့ထိကို ဖြစ်ပျက်ခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ အယ်လင်းဟာ အဓိကဇာတ်ကောင်ဖြစ်ပြီး သူကြုံတွေ့ခဲ့ရတဲ့ တစ်ဘဝစာခွဲခြားနှိမ့်ချမှုများကို ပြသသွားမှာပဲ ဖြစ်ပါတယ်။ အမှန်တရားဟာ တနေ့‌ေန့တချိန်ချိန်မှာ ပေါ်ထွန်းအောင်မြင်စမြဲပါ... ကနေဒါက အင်ဒီးယန်းလူမျိုးစုတွေကရော အဆောင်နေကျောင်းစနစ်ကြီးက ပေါ်ပေါက်လာတဲ့ အဖြစ်ဆိုးတွေကို ကမ္ဘာသိအောင် ဘယ်လိုလုပ်ခဲ့လဲ... ဖိနှိပ်ခံ တိုင်းရင်းသားတွေဟာ လက်တွေ့ဘဝမှာ ဘယ်လောက်ဆိုးရွားစွာ ခါးစည်းခံခဲ့ကြရသလဲ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်... အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်

Crime • Documentary
7.9 2023 122 mins
Bones of Crows
The Falconer
6

The Falconer (2021) ~ IMDb – 6/10, Rotten Tomatoes – 100% ~ ခရမ်းချဉ်သီးအလုံးတစ်ရာအပြည့်နဲ့ Art Film ကားကောင်းတစ်ကားပါ။ ရုပ်ရှင်ပွဲတော်တွေမှာ ဆု ၁၂ဆုရထားပါတယ်။ ဝင်ပြိုင်တဲ့ပွဲ အားလုံးနီးပါး ဆုရသွားခဲ့တဲ့‌ ကားကောင်းတစ်ကားပေါ့။ ဇာတ်လမ်းကတော့ Falconer ဆိုတဲ့အတိုင်းပဲ ဖယ်ကွန်တစ်ကောင်ကို လေ့ကျင့်ပေးတဲ့ တိရိစ္ဆာန်ချစ်တဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ သားကောင်ကို စားတဲ့ သားရဲတွေဟာ လှောင်ချိုင့်ထဲကနေ အပြင်လောကကို လွှတ်ပေးခံလိုက်ရတဲ့အခါ ကြာကြာမနေနိုင်ပါဘူး။ သုံးလေးရက်နေ သေကြတာပါပဲ။ အရင်လိုသန်မြန်မှုတွေ မရှိတော့တာကြောင့်ပေါ့။ Falcon တွေလည်း ထိုနည်းလည်းကောင်းပါပဲ။ တိရိစ္ဆာန်ရုံထဲ လှောင်ထားခံထားရတာကြာတဲ့ ဖယ်ကွန်တစ်ကောင်ဟာ ရင်အုပ်ကြွက်သားတွေမရှိတော့ဘဲ ကောင်းကောင်းမပျံနိုင် သားကောင်ကိုဖမ်းဖို့မတတ်နိုင်ဖြစ်ကုန်ပါတယ်။ တိရိစ္ဆာန်ရုံစောင့်တဲ့ ကောင်လေးနှစ်ကောင်ဟာ အခြေအနေအကြောင်းကြောင်းနဲ့ ဖယ်ကွန်တစ်ကောင်ကို ခိုးပြီး အပြင်လောကမှာ ရှင်သန်နိုင်အောင် လေ့ကျင့်ပေးကြတဲ့ ဇာတ်လမ်းလေးပါပဲ။ တိရိစ္ဆာန်ချစ်တဲ့လူတွေအတွက်ရော Independent Film ကြိုက်တဲ့သူတွေအတွက်ရော အကြိုက်တွေ့မယ့် ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 850MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 40Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Adventure • Comedy • Fantasy
6 2021
The Falconer
Cemara’s Family 2
6

Cemara’s Family 2 (2022) =================== IMDb Rating – 6.0/10 အာရာရဲ့ မိသားစုဟာ တစ်ချိန်က ဖြစ်ခဲ့တဲ့ အခက်အခဲကြောင့် ကြိုးစား ရုန်းကန်နေရတယ်။ အာရာရဲ့အဖေဟာ နောက်ဆုံးမှာတော့ ကြက်ခြံမှာ အလုပ်အသစ်တစ်ခုရသွားတယ်။ အလုပ်ရသွားတဲ့အ‌တွက်ကြောင့် အာရာ ကို ကိုယ့်ဘာသာကိုယ်‌ ကျောင်းက‌နေ အိမ်ပြန်တတ်အောင်ကြိုးစားရမယ် လို့မှာထားပါတယ်။ အထက်တန်းကျောင်းသူဖြစ်လာတဲ့ အာရာရဲ့အစ်မဖြစ် သူ အီးစ်ဟာ လူငယ်သဘာဝ စိတ်ကစားတတ်တဲ့အရွယ်ရောက်လာပြီဖြစ် တဲ့အတွက် အာရာနဲ့ တစ်ခန်းတည်းအတူတူသုံးစွဲရတာ သူ့အတွက်စိတ်မ လွတ်လပ်ဘူးဖြစ်နေတယ်။ တစ်နေ့ထမင်းစားဝိုင်းမှာ အီးစ်က အာရာကို ကျောင်းအလုပ်တွေလည်းရှိတဲ့အတွက် အမြဲတမ်းကျောင်းလာမကြိုနိုင် ကြောင်း ပြီးတော့ သီးသန့်အခန်းလိုချင်ကြောင်းပြောတယ်။ ကလေးအရွယ် အာရာက သူ့ကိုကတိပေးထားတာတွေကိုဖျက်တဲ့အတွက် စိတ်မကောင်းဖြစ်နေတာပေါ့။ မိဘတွေလည်းအခန်းခွဲပေးလိုက်ပြီး အာရာရဲ့ အခန်းကို စနေနေ့မှာပြင်ပေးမယ်လို့ပြောထားတယ်။ ကျောင်းကအပြန်ကောက် ရလာတဲ့ကြက်ပေါက်လေးကပဲ စိတ်အားငယ်နေတဲ့အာရာအတွက်တော့ စိတ်ဖြေစရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် စိတ်မကောင်းဖြစ်နေတဲ့ အချိန်မှာ အဖေဖြစ်သူကပါ ကတိပျက်တဲ့အတွက် ပိုဆိုးသွား‌ေတာ့တယ်။ ဝမ်းနည်း နေတဲ့အာရာဟာ ကြက်ကလေးကို သူ့လိုမဖြစ်အောင် မိသားစုနဲ့ပြန်တွေ့အောင် ရှာပေးမယ်လို့ကတိပေးလိုက်ပါတယ်။ အခြားသူတွေလိုကတိမပျက်ချင်တာ ကြောင့် အာရာဟာကြက်လေးရဲ့မိသားစုကိုရှာဖွေပေးဖို့ကြိုးစားလာတဲ့အခါမှာတော့ . . . (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size……….(1.82 GB) / (802 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 54Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Family Translator……Tin Myo Lwin Encoder……….SWM

6 2022 114 mins
Cemara’s Family 2
Moon Garden
6.2

Moon Garden (2022) ~ IMDb – 6.2/10, Rotten Tomatoes – 86% ~ ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ ဆုတွေအများကြီးရထားပြီး ၅နှစ်အရွယ်ကလေးမလေးရဲ့ အံ့ဩစရာ သရုပ်ဆောင်ကောင်းပုံကို ချီးကျူးရမယ့် Fantasy ကားကောင်းဖြစ်ပါတယ်။ အမ်မာဆိုတဲ့ ကလေးမလေး ကိုမာဖြစ်နေတုန်း အိပ်မက်ဆိုးလိုနေရာထဲမှာ အပြန်လမ်းရှာဖွေတဲ့ခရီးစဉ်အနေနဲ့ ပုံဖော်ထားတာပါ။ အမ်မာရဲ့ဖခင်က အမြဲအလုပ်များနေပြီး မိခင်နဲ့ဖခင် တစ်ချိန်လုံးအချေအတင်ဖြစ်တာကို ကြုံတွေ့နေရသူလေး အမ်မာဟာ တစ်ညတော့ သူ့အဖေနဲ့အမေ အကြီးအကျယ်ရန်ဖြစ်စကားများတာကို တွေ့သွားပြီး လှေကားပေါ်က ပြေးဆင်းရာကနေ ချော်ကျပြီး ကိုမာ၀င်သွားပါတယ်။ ကိုမာ၀င်နေတုန်း Wonderland လို ထူးထူးဆန်းဆန်းနေရာမှာ ကြောက်စရာသတ္တဝါတွေလိုမျိုးတွေ့ရပြီး ရေဒီယိုကလာတဲ့သူ့အမေရဲ့ အသံကနေတစ်ဆင့် အိမ်အပြန်လမ်းကို ရှာဖွေရပါတော့တယ်။ မိဘတွေမသင့်မြတ်တဲ့ကြား နေရတဲ့ကလေးရဲ့ စိတ်ဒဏ်ရာတွေ ကြောက်ရွံ့မှုတွေကို အမ်မာရဲ့စိတ်ကူးပုံဖော်မှုအတိုင်း စီးမျောခံစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 790MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 37Min Genre – Drama, Fantasy, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

6.2 2022
Moon Garden
A Christmas Frequency

နာမည်ကြီး ရေဒီယိုတိုက်ရိုက်အသံလွှင့်တင်ဆက်သူ ဘရွတ်က ခင်ပွန်းနဲ့ကွဲပြီး ပုံမှန်တင်ဆက်နေကျ “ဘရွတ်နဲ့နံနက်စာ” ရေဒီယိုအစီအစဉ်မှာ လုပ်ငန်းစွမ်းဆောင်ရည်တွေကျဆင်းနေခဲ့တယ်။ ဘရွတ်ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ကန်ဇီကတော့ မကြာခင် “ဘရွတ်နဲ့နံနက်စာ” အသံလွှင့်အစီအစဉ်ဖျက်ချခံရပြီး အလုပ်ပြုတ်တော့မှာကို စိုးရိမ်နေခဲ့တာပေါ့။ ဒီလိုနဲ့ အစီအစဉ်တစ်ခုဆွဲပြီး “ဘရွတ်နဲ့နံနက်စာ”ရှိုးကို ကယ်တင်ဖို့ကြိုးစားခဲ့တယ်။ အစီအစဉ်ကတော့ ဘရွတ်ကို ဘလိုင်းဒိတ်ရှာပေးဖို့ပါပဲ။ ဘရွတ်ကို ဘလိုင်းဒိတ်ရှာပေးနေတဲ့ကန်ဇီရဲ့အ​ချစ်ရေးကရော ဘယ်လိုမျိုးဖြစ်နေလဲ နောက်ဆုံးမှာဘရွတ်နဲ့သင့်တော်တဲ့ဒိတ်ကိုရှာတွေ့ပြီး ရှိုးကိုကယ်တင်နိုင်ပါ့မလားနဲ့ အချစ်ရေးနဲ့ အလုပ်ကြား ပဋိပက္ခနဲ့ဦးစားပေးမှု ရွေးချယ်မှုတွေအကြောင်းကို ကြည့်ရှူရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra

0 2023
A Christmas Frequency
Jack Strong
7

ဒီ IMDB 7/10 ရတဲ့ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးတိုက်ပွဲအတွင်းက ပိုလန်သူလျှိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းကို ရိုက်ကူးထားပြီး ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၇၀ နဲ့ ၁၉၈၀ ကြားမှာ ဗိုလ်မှူးကြီးရစ်ဇာ့ဒ်ကူလင်စကီဟာ အရမ်းကိုအလုပ်ကြိုးစားပြီး မျိုးချစ်စိတ်ထက်သန်တဲ့ဗိုလ်မှူးတစ်ယောက်ပါ။ သူဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ကမ္ဘာစစ်ထပ်ဖြစ်အောင်ကြိုးစားနေတဲ့ စီမံချက်တွေ အကြံအစည်တွေကိုသိနေပြီး ကမ္ဘာစစ်ဖြစ်လာမှာကိုမလိုလာပါဘူး။ ဒါကြောင့်ကူလင်စကီဟာ သူ့တိုင်းပြည်ဖြစ်တဲ့ပိုလန်ရဲ့ အနာဂတ်အတွက်နဲ့ သူ့မိသားစုရဲ့လုံခြုံရေးအတွက် “Jack Strong” ဆိုတဲ့ လျှို့ဝှက်နာမည်ကိုသုံးပြီး အမေရိကန်စစ်ရေးသတင်းထောက်လှမ်းရေးအေဂျင်စီတွေနဲ့ လက်တွဲပြီးအလုပ်လုပ်လိုက်တယ်။ ဒီလိုတခြားနိုင်ငံကို ထိပ်တန်းလျှို့ဝှက်စစ်ရေးသတင်းတွေပေးခြင်းဟာ တရားမဝင်သလို သူရောသူ့မိသားစုပါ ဒုက္ခရောက်မယ်ဆိုတာ သူကောင်းကောင်းကြီးသိပါတယ်။ ဒီလိုမျိုး ကြီးလေးတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နိုင်ဖို့ ကူလင်စကီရဲ့စိတ်တွင်းမှာ ဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာကို ထင်ရှားအောင် ဒီဇာတ်ကားကဖော်ပြပေးသွားတာပါ။ စစ်အေးတိုက်ပွဲအတွင်းက ရက်စက်မှုတွေနဲ့ ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကိုပါ ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဗဟုသုတနဲ့ သည်းထိတ်ရင်ဖိုဖြစ်မှုကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… 2.1 GB / 895 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 8m Genre ….. Thriller , Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

7 2014 123 mins
Jack Strong
Folk Tales of Treasure
5.7

တုန်းပေ စန်းသောက်ရွာမှာ မိသားစုလေးတစ်စုရှိပါတယ် ။ သူတို့မိသားစုလေးက အစကတော့ အေးအေးချမ်းချမ်းနေထိုင်ကြပေမဲ့ တစ်နေ့မှာ သားဖြစ်သူက မြွေပါကတိုးဝါအသိုက်ကို မီးသွားရှို့ရာကနေ မြွေပါကတိုးဝါဆီက လက်စားချေခံရသလိုဖြစ်ပြီး အမေရောအဖေပါဆုံးပါးသွားပါတော့တယ် ။ အဲဒီကလေးကို ရတနာစုဂိုဏ်းက ဂိုဏ်းချုပ်ကခေါ်ပြီး ပညာသင်ပေးရာက ရတနာစုသူ ခုံကျောင်းစူးဖြစ်လာခဲ့ပါတယ် ။ သူတို့ရတနာစုသူတွေက ကောင်းကင်နဲ့မြေကြီးရဲ့ သန့်စင်တဲ့ဝိညာဉ်နဲ့ ဖြစ်တည်လာတဲ့ရတနာတွေကိုပဲစုစည်းရတာပါ ။ ဒီလိုနဲ့ ခုံကျောင်းစူးအရွယ်ရောက်တော့ တောင်အောက်ဆင်းပြီး ရတနာစုဖို့လုပ်ပါတော့တယ်။ သူနေရာအနှံ့သွားရင်း ရွာတစ်ရွာအရောက်မှ ာ ‌သူ့မိဘတွေကိုသတ်သွားတဲ့ ဟွမ်ဖိကျစ် ( မြွေပါကတိုးဝါ ) သောင်းကျန်းနေတယ်ဆိုတဲ့သတင်းကြားရပါတော့တယ် ။ တကယ်တမ်းသွားကြည့်လိုက်တော့ ပြဿနာတွေက ထင်သလိုမရိုးရှင်းမှန်းသိသွားချိန်မှာတော့.. ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ပြီး ဘာတွေဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ပါဦး

Comedy • Drama • Romance
5.7 2024
Folk Tales of Treasure
Enchanting Christmas
6.3

Enchanting Christmas (2024) IMDb Rating (6.3) ဘန်ဟာ ရေခဲပန်းပုထုသူတစ်ယောက်ဖြစ်ပြီး သမီးဖြစ်သူ အန်နီနဲ့အတူ မြို့လေးတစ်မြို့မှာ နေထိုင်သူပါ။ ခရစ္စမတ်နီးလာတဲ့တစ်နေ့မှာ ဘန်ဟာ သမီးဖြစ်သူအလိုကျ ရေခဲမင်းသမီးရုပ်လေးတစ်ရုပ်လုပ်ပေးခဲ့ပါတယ်။ ငယ်စဥ်ကတည်းက အမေဆုံးပါးသွားတဲ့ အန်နီဟာ သူ့အဖေထုဆစ်ပေးထားတဲ့ လှပလွန်းတဲ့ မင်းသမီးပန်းပုရုပ်ထုလေးကိုကြည့်ရင်း သူ့အဖေအထီးကျန်‌နေတာမကြည့် ရက်တာရယ် သူမလိုက်နိုင်တဲ့ သင်္ချာနဲ့ပတ်သက်လို့ ကူညီပေးဖို့ရယ် သူတို့သားအဖအတွက် သူငယ်ချင်းတယောက်အနေနဲ့လိုချင်ပါတယ်ဆိုပြီး ပန်းပုရုပ်ထုလေး အသက်ဝင်လာပါစေလို့ ဆုတောင်းမိလိုက်ပါတယ်။ နောက်တစ်နေ့မှာတော့ ပန်းပုရုပ်ထုလေးဟာ တစစီဖြစ်နေတာမြင်လို့ ဘန်က အန်နီကိုညကမုန်တိုင်းဝင်သွားလို့ဖြစ်ရမယ်ဆိုပြီး နှစ်သိမ့်ပေးခဲ့ရင်း အလုပ်ကိစ္စတခု အတွက် ထွက်သွားခဲ့ပါတယ်။ အဲဒီမှာ အန်နီဟာကျကွဲနေတဲ့ရေခဲတုံးတွေဘေးမှာ ခြေရာတွေရှိနေတာကိုသတိထားမိပြီး နောက်ယောင်ခံလိုက်ရင်း သူ့ဆုတောင်း ကတကယ်ဖြစ်လာတာကို မျက်ဝါး ထင်ထင်မြင်တွေ့ခဲ့ရပါတော့တယ်။ အဲဒီနောက်မှာတော့ အသက်ဝင်လာတဲ့မင်းသမီးလေးကို အန်နီက ဂျိတ်ဒ်ဖရော့စ်လို့အမည်ပေးရင်း အိမ်ကိုခေါ်လာခဲ့ကာ သူ့အဖေကိုတော့ ဂျိတ်ဒ်ဟာကျောင်းကဆရာ မတစ်ဦးဖြစ်ပြီး တိုက်ခန်းမှာရေယိုစိမ့်တဲ့ပြဿနာဖြစ်နေလို့ သွားစရာမရှိလို့ ခရစ္စမတ်ကာလမှာ ၃ ယောက်အတူတူယာယီနေရအောင်ဆိုပြီး သူ့အဖေကိုလိမ်လည် စည်းရုံးခဲ့ပါတယ်။ ခုချိန်မှာ အရာရာအဆင်ပြေချောမွေ့နေပေမယ့်လည်း ဂျိတ်ဒ်နဲ့ အန်နီတို့တွေ ခရစ္စမတ်စ်အပြီးမှာ ဘန်ကိုဘယ်လိုဆက်လိမ်ကြမလဲ ဒါမှမဟုတ် အမှန်အတိုင်းပဲပြောလိုက် ကြမလား။ ဂျိတ်ဒ်ကရော ဘန်တို့သားအဖနှစ်ယောက်နဲ့အတူ ဘယ်လိုတွေစခန်းသွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါးဇာတ်လမ်းသွားလေးနဲ့ ကြည့်ရှုခံစားပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Fiona Spalko ဖြစ်ပါတယ်။) File size…(1.8 GB) / (830 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Romance Duration….01:31:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Fiona Spalko

6.3 2024 90 mins
Enchanting Christmas
Ghosts of Red Ridge
5

ဒါရိုက်တာ Stefan Colson ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးဟာ သဘာဝလွန်အက်ရှင် ကောင်းဘွိုင်ဇာတ်ကားမျိုးဖြစ်ပြီးတော့ အဓိကသရုပ်ဆောင်တွေအဖြစ် Owen Williams, Trent Culkin, Griffin Wade တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ Texas ပြည်နယ် Red Ridge မြို့လေးမှာ ဇာတ်အိမ်တည်ထား ပြီးတော့ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် မြို့ရဲ့ရဲမှူးဟာ ဝရမ်းပြေးအုပ်စုတစ်စုနဲ့ပတ်သတ်နေတဲ့ သူစိမ်းတစ်ယောက်ကို ဖမ်းမိသွားခဲ့ပါတယ်။ အဲဒီအုပ်စုသတ်တာကိုခံခဲ့ရတဲ့ဝိညာဉ်တွေက ရဲမှူးဆီကိုရောက်လာပြီးတော့ သူတို့အတွက် လက်စားချေပေးဖို့ ပြောရင်း အဖမ်းခံလိုက်ရတဲ့သူနဲ့ပူးပေါင်းကာ ဝိညာဉ်တွေအတွက် တရားမျှတအောင်လုပ်ပေးပုံကို ကြည့်ရှုကြရမှာပါ။ ဂန္တဝင် အနောက်တိုင်းကောင်းဘွိုင်အငွေ့အသက်တွေကို ခြောက်ခြားဖွယ် Story နဲ့ ပေါင်းစပ်ထားပြီးတော့ ထူးခြားတဲ့ ရသတစ်ခုကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… (1.20GB) / (673MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 21m Genre …..Action , Westrn Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5 2024 81 mins
Ghosts of Red Ridge
Henry Danger: The Movie
6.2

Henry Danger: The Movie (2025) IMDb Rating (6.2) / Rotten Tomatoes (88%) ဒီကားလေးကတော့ ဟိုးငယ်ငယ်က ကြည့်ခဲ့ရတဲ့ Nickelodeon series ကို Movie ပြန်ရိုက်ထားပြီး nickelodeon သရုပ်ဆောင် Jace Norman ပြန်လည်ပါဝင် ထားပါတယ်။ မစ်စီမာတင်ဆိုတဲ့ ကစ်ဒိန်းဂျားရဲ့ အကြီးစားပရိတ်သတ်က စကြဝဠာတွေကြား ခုန်ကူးနိုင်တဲ့ စက်တစ်ခုကိုခိုးယူခဲ့ပါတယ်။ ပြီးတော့ မစ်စီက ဟန်နရီ့ကို သူ့ကမ္ဘာထဲကနေ ခေါ်ထုတ်လာပြီး သူ့လက်ထောက်အဖြစ်လုပ်ချင်ကြောင်းပြောလာတဲ့အခါ.. ဟန်နရီ့ရဲ့တကယ့်ကမ္ဘာကြီးထဲ ပြန်ရောက်သွားဖို့ ကြားမှာဘယ်လို အခက်အခဲတွေ ဘယ်လို ကမ္ဘာတွေကို ကူးရမလဲဆိုတာ စိတ်ကူးယဥ်ဆန်ဆန်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Kavil ဖြစ်ပါတယ်။) File size…(6.6 GB) / (2 GB) / (1.1 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Comedy, Family, Sci-Fi Duration….01:27:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Kavil

6.2 2025 86 mins
Henry Danger: The Movie
Revenge
6.3

Revenge (1990) IMDb Rating (6.3) တကယ့်ဒိတ်ဒိတ်ကြဲပါဆိုတဲ့ မင်းသားကြီးနှစ်ပါး၊ အကယ်ဒမီဆုများရှင်တွေ သရုပ်ဆောင်ထားတဲ့ ရှေးကားတစ်ကား တင်ဆက်လိုက်ပါတယ်။ Kevin Costner ဆိုတာ မင်းသားဘဝမှာလည်း အောင်မြင်ခဲ့သလို ဒါရိုက်တာဘဝမှာလည်း ဆရာကြီးပါပဲ။ သူက ခေါင်းဆောင်မင်းသား၊ လေတပ်ပိုင်းလော့မှူးဟောင်း ဂျေး ကော့ခ်ရန် အဖြစ် ပါဝင်ထားတာပါ။ Anthony Quinn ဆိုတာကလည်း ဆေးစက်ကျရာ အရုပ်ထင်တဲ့ မင်းသားကြီးတစ်လက်ပါ။ အကယ်ဒမီဆုတွေ အိမ်မှာ ဖုန်တက်နေတယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးလို့ ပြောရပါမယ်။ သူကတော့ မက္ကဆီကိုနိုင်ငံသားဖြစ်တာနဲ့အညီ မက္ကဆီကိုက ဩဇာရှိ ဂိုဏ်းခေါင်းဆောင်ကြီးအဖြစ် သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းသွားက ၉၀ ဝန်းကျင်ခေတ်က ပေါ်ပြူလာဖြစ်ခဲ့သလိုမျိုးပါပဲ။ အပစ်အခတ်ပါရမယ်။ အညှီအဟောက်ပါရမယ်။ အချစ်သူရဲကောင်းကြီးဆိုတာ ပါရမယ်။ ဒီလိုမျိုးကိုးဗျ။ ဟောလိဝုဒ်ကွာလတီရုပ်ရှင်ကြီးဆိုပေမဲ့ ၁၉၉၀ ခုနှစ်ဖြစ်တာနဲ့အညီ ဇာတ်လမ်းရဲ့ ယုတ္တိဗေဒမှာ အနည်းငယ် အားနည်းချက်တွေရှိပေမဲ့ ဖြည့်ကြည့်ပေးလို့ရတဲ့ ရုပ်ရှင်မျိုးပါ။ လေတပ်လေယာဉ်မှူးဟောင်း ဂျေး ဟာဆိုရင် အငြိမ်းစားယူပြီးနောက် သူ့ဘဝကို သူ့ရဲ့မိတ်ဆွေကြီး တီဘူရွန် မန်းဒက်ဇ် ဆီမှာ အခြေကျဖို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ မှောင်ခိုလက်နက်တွေကို လေယာဉ်နဲ့ ခိုးသွင်းရမယ့်သဘောတူညီမှုမျိုး ရှိမယ်လို့ အရိပ်အမြွတ် ခန့်မှန်းရပါတယ်။ ဒါပေမဲ့ ဘာလုပ်ငန်းမှ မစရခင်မှာ မက္ကဆီကိုရဲ့ သခင်ကြီး သူ့မိတ်ဆွေ တီဘူရွန် ရဲ့ ဇနီးချောလေးကို ဂျေး တစ်ယောက် စွဲလမ်းသွားခဲ့တာကနေ ကမောက်ကမတွေ ဖြစ်ကုန်တော့တာပဲ။ ဂျေး ရဲ့ တဖက်သက်စွဲလန်းမှုတင်မကဘဲ ဇနီးချောလေး မာရီယာ ကပါ လက်ခုပ်နှစ်ဖက်တီးပစ်လိုက်တော့ ချက်ဆို နားခွက်ကမီးတောက်တဲ့ တီဘူရွန် တစ်ယောက် ကြာခိုတဲ့ကောင်နဲ့ မျောက်မမွေးတဲ့မိန်းမကို အမိဖမ်းပြီး မိတ်ဆွေဖြစ်ပါရဲ့နဲ့ ကိုယ့်မိန်းမကို လာပစ်မှားတဲ့ကောင်ကို အသေရိုက်သတ်ပြီး တောင်တန်းတစ်နေရာမှာ စွန့်ပစ်လိုက်တယ်။ သစ္စာမဲ့တဲ့ ဇနီးလုပ်သူကိုလည်း မျက်နှာကို ဓားနဲ့ဆွဲဖြဲပြီး ပြည့်တန်ဆာအိမ် ပို့ပစ်လိုက်တာပေါ့။ ဒါပေမဲ့ ဂျေး တစ်ယောက် သေမင်းလက်မခံဘဲ မက္ကဆီကိုနိုင်ငံရဲ့ လမ်းတွေပေါ် ပြန်ရောက်လာတဲ့အခါ …။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

Drama • Thriller • Mystery
6.3 1990 123 mins
Revenge
Lion
8

Lion (2016) IMDb Rating (8.0)/ Rotten Tomatoes ( 84%) Nominated for 6 Oscars. Another 59 wins & 98 nominations ဆိပ်ကမ်းမဲ့တဲ့မြစ် (Lion – 2016) ====================== အိန္ဒိယနိုင်ငံရဲ့ ကျေးလက်ဒေသလေးမှာ Saroo လို့ ခေါ်တဲ့ ငါးနှစ်သား ကလေးငယ်လေးအဖို့တော့ ဘဝဟာ ပျော်စရာအတိပါပဲ။ အကိုဖြစ်သူ Guduu နဲ့အတူ ရထားပေါ်တက်၊ကျောက်မီးသွေးတွေခိုး၊ အစောင့်တွေ့သွားရင် ရထားပေါ်က ခုန်ချ၊ မုန့်ဆိုင်ကို မီးသွေးပြန်ရောင်း၊ ရတဲ့ ငွေက မုန့်ဖိုးပဲဖိုးပေါ့။ အမေက ကျောက်ထုတ်လုပ်ငန်းတစ်ခုမှာ လုပ်တယ်။ ညီမအငယ်ဆုံးလေး တစ်ယောက်လည်း ရှိသေးရဲ့။ ဆင်းရဲပေမယ့် အရမ်းချစ်ကြတဲ့ စိတ်ချမ်းသာစရာ မိသားစုလေးပါ။ အကို Guduu က ညဘက်ဆိုလည်း ရထားဘူတာမှာ ကုန်ထမ်းတဲ့ အလုပ်,လုပ်ရသေးတယ်။ ယောကျ်ားလေးပီပီ Saroo ကလည်း အကိုနဲ့ လိုက်ချင်တယ်။ အကိုက တားပေမယ့် ဇွတ်လိုက်ချင်တယ် လုပ်နေတာနဲ့ ခေါ်သွားရတယ်။ ညီလေးကို ချစ်တာကိုး။ ပိုက်ဆံရရင် မင်းကြိုက်တဲ့ စလေဘီမုန့် ဝယ်ကျွေးမယ်တဲ့။ ရွာနဲ့နီးတဲ့ မီးရထားဘူတာလေးကို ညီအကို နှစ်ယောက် ရောက်လာခဲ့ကြတယ်။ ဘူတာရုံလည်းရောက်ရော ညီလေး Saroo က အိပ်ချင်ပြီ ဆိုပြီး ခုံတန်းလျားပေါ် လှဲအိပ်တော့တာပဲ။ အကိုက ထပါ ခေါ်လည်း မရတော့ဘူး။ အဲဒါနဲ့ ”ညီလေး ဒီမှာ အိပ်စောင့်ဦး အကို အလုပ်သွားလုပ်မယ်၊ အကို ပြန်လာရင် စလေဘီ ဝယ်ခဲ့မယ်” ဆိုပြီး ခဏထားခဲ့တယ်။ Saroo တရေးနိုးလာတော့ ညသန်းခေါင်အချိန်..ဘူတာထဲမှာ လူသူမရှိ တိတ်ဆိတ်လို့။ အကိုလည်း ပြန်မလာသေးဘူး။ ဘူတာစင်္ကြန်မှာ ဘယ်အချိန်က ရောက်နေမှန်း မသိတဲ့ ရထားတစ်စင်းက ထိုးစိုက်ထားတာလည်း တွေ့တယ်။ ကလေးပီပီ စူးစမ်းစိတ်နဲ့ ရထားတွဲပေါ်တက်၊ ဟိုဟိုဒီဒီကြည့်ရင်း တရေးအိပ်ပျော်သွားပြန်ရော။ Saroo ခုတခါ နိုးလာတော့ ရထားက အရှိန်နဲ့ ခုတ်မောင်းနေပြီ။ ဖြစ်ချင်တော့ သူတက်အိပ်နေတဲ့ ရထားဟာ ခရီးသည်မတင်ဘဲ တွဲအလွတ်တွေချည်းပဲ ဆွဲပြီး ထွက်လာတဲ့ ရထားပါ။ ကလေး ပါလာမှန်းလည်း ဘယ်သူမှ မသိဘူး။ အပြင်ကနေ lock ချပြီး ဘူတာစဉ် မရပ်နားဘဲ ခုတ်မောင်းနေတဲ့ ရထားပေါ်က Saroo အဖြစ်ဟာ ကူရာမဲ့ကယ်သူမဲ့ပါပဲ။ ရထားခရီးစဉ်က နှစ်ရက်ကြာမြင့်ခဲ့ပြီ။ မျက်ရည်စက်လက်နဲ့ Saroo ခင်မျာတော့ ခုံအကြိုအကြားက စားကြွင်းစားကျန်တွေ ရှာစားပြီး အိပ်လိုက်၊ ဘယ်နေရာမှန်း မသိတဲ့ ရထား အပြင်ကို ငေးမောလိုက်နဲ့ လိုက်ပါလာရတယ်။ ဒါနဲ့ ရထားဟာ ကာလက္ကတားမြို့ ဘူတာကြီးကို ဆိုက်ရောက်တော့မှ Saroo လည်း ရထားပေါ်က ဆင်းလို့ ရတော့တယ်။ ဘယ်အရပ်ဒေသမှန်းမသိ၊ လူတွေ ပျားပန်းခတ်မျှ ရှုပ်ထွေးနေတဲ့ ဘူတာရုံ၊ ဒေသမတူလို့လည်း ဘာသာစကားကလည်း မတူ၊ အမေ နဲ့ အကိုကို တမ်းတရင်း ငိုနေတဲ့ ၅ နှစ်သား ညစ်ထေးထေး ကလေးငယ်ကို ဘယ်သူကမှ အရေးတယူလုပ် မလုပ်ကြ။အမှန်တော့ Saroo တစ်ယောက် အိမ်နဲ့ မိုင်ထောင်ချီဝေးရာ အရပ်ကို ရောက်နေပါပြီ။ အိမ်မဲ့ယာမဲ့ကလေးတွေ ကြားမှာ ရောအိပ်၊ ကလေးဖမ်းသူတွေနဲ့ တွေလို့ ထွက်ပြေး၊ လူပွဲစားတွေ လက်က ထွက်ပြေး၊ ဘူတာနားမှာပဲ အငတ်ငတ်အပြတ်ပြတ်နဲ့ အမှိုက်ကောက်စား။ ရဲနဲ့တွေ့တော့လည်း Saroo ပြောတဲ့ သူ့ရွာနာမည်ကို ရဲက နားမလည်။ ငါးနှစ်သားဆိုတော့လည်း ပြည်နယ်တွေ၊ ခရိုင်တွေ၊ မြို့တွေ မပြောတတ်၊ သူပြောတဲ့ရွာနာမည်ဆိုတာလည်း သူ ခေါ်တတ်သလို ခေါ်တာ၊ မှန်ချင်မှ မှန်မယ်။ လူမှုဝန်ထမ်းက သတင်းစာမှာ ကြော်ငြာထည့်ပေးပေမယ့် ပြည်နယ်တွင်းဖြန့်တဲ့ သတင်းစာဟာ မိုင်ထောင်ချီဝေးတဲ့ Saroo တို့ ဒေသကို ဘယ်ရောက်ပါ့မလဲ။ ရောက်ရင်လည်း ဇနပုဒ်မှာ နေတဲ့ စာမတတ် ပေမတတ်အမေက ဘယ်ဖတ်တတ်မတုန်း။ နောက်တော့ မိဘမဲ့ဂေဟာမှာ ဆင်းဆင်းရဲရဲနေရတဲ့ Saroo ရဲ့ ဘဝကြမ္မာအလှည့်အပြောင်းတစ်ခု ပေါ်လာပြန်ပါတယ်။ သြစတေးလျမှာနေတဲ့ Brierly ဇနီးမောင်နှံက Saroo ကို မွေးစားဖို့ ကမ်းလှမ်းလာပါတယ်။ မိသားစုနဲ့ ပြန်တွေ့ဖို့ သမုဒ္ဒရာထဲ အပ်ပျောက်ရှာသလို ခဲယဉ်းသွားပြီဖြစ်တဲ့အတွက် Saroo လည်း အိမ်နဲ့ ဝေးသထက်ဝေးရာ တိုင်းတပါးက မိဘအသစ်တွေဆီ ရောက်ရှိလာပါတော့တယ်။ အနေအေးပြီး ညဏ်ကောင်းတဲ့ Saroo ကို မွေးစားမိဘနှစ်ပါးက သားအရင်းနဲ့ မခြား ချစ်ခင်ကြပြီး လိုလေသေးမရှိအောင် စောင့်ရှောက်ပေး ပြုစုပျိုးထောင်ပေးခဲ့တယ်။ မိသားစုနဲ့ ကွဲကွာအပြီး ၂၅ နှစ်အကြာ Saroo လည်း အရွယ်ရောက်၊ Brierly မိသားစုရဲ့ သားလိမ္မာတစ်ယောက် ဖြစ်နေပါပြီ။ မဲလ်ဘုန်းက တက္ကသိုလ်တစ်ခုမှာ ပညာသင်ယူရင်း အိန္ဒိယနိုင်ငံက ကျောင်းလာတက်သူ သူငယ်ချင်းတွေနဲ့ ဆုံမှ နှစ်ပေါင်းများစွာ ဝေးနေရတဲ့ သူ့အိမ်၊ သူ့ မိသားစုကို ပြန်ရှာဖို့ လမ်းစကို စဉ်းစားမိပါတော့တယ်။ သူမှတ်ထားတဲ့ ရွာနာမည်ကလည်း လွဲနေတော့ အိမ်ကို ရှာဖို့က အရမ်းခဲယဉ်းတယ်။ သူမှတ်မိတာ သူ့ကို အရမ်းချစ်တဲ့ အမေ၊ သူ့ကို အရမ်းဂရုစိုက်အလိုလိုက်တဲ့ အကို၊တောတန်းလေးကို ဖြတ်ပြန်ရတဲ့ သူ့ရွာလေး၊ အမေနဲ့အတူ ကျောက်သယ်ရတဲ့ ကျောက်တောင်ကုန်းတွေ၊ ညီအကိုနှစ်ယောက် ရေချိုးကြတဲ့ ရထားလမ်းဘေးက ဆည်လေး။ တကယ်တော့ Saroo ဟာ ၂၅ နှစ်လုံးလုံး တစ်ရက်မှ မပျော်ခဲ့ရဘူး။ ဘယ်ဆီရောက်နေမှန်း မသိတဲ့ မိသားစုကို လွမ်းဆွတ်စိတ်ကြောင်း တမြေ့မြေ့ခံစားနေရတယ်။ အိပ်မက်ထဲမှာ အမေ့ဆီ ပြန်ရောက်နေတယ်လို့ပဲ မက်တယ်။ အရွယ်ရောက်လာလေ စိတ်ထိခိုက်ကြေကွဲရလေပဲ။ သူ့နာမည်ကို တကျော်ကျော်အော်ခေါ်ပြီး ရှာနေမယ့် အကို၊ သေလားရှင်လား မသိတဲ့ သားအတွက် သောကဖိစီး ငိုကြွေးနေမယ့် အမေ တို့ကို မြင်ယောင်ရင်း ကြေကွဲဝမ်းနည်းမိရတယ်။ အထူးသဖြင့် မွေးစားမိဘများ ကျေးဇူးကြောင့် ရပ်ဝေးမှာ ကောင်းကောင်း နေထိုင်၊စားသောက်နေရချိန်မှာ ဆင်းရဲတဲ့ သူ့ မိသားစုကို အတွေးထဲမှာ ပုံဖော်ကြည့်ပြီး စိတ်ထိခိုက်ရပြန်တယ်။ Saroo တစ်ယောက် ကောက်ရိုးပုံထဲ အပ်ရှာသလို လူဦးရေ သန်းထောင်ချီရှိတဲ့ အိန္ဒိယက မွေးရပ်မြေ၊ မိသားစုကို ပြန်တွေ့ဖို့ ကြိုးပမ်းရတဲ့ ရှာပုံတော်ခရီးဟာ………… ====================================== လူဦးရေ သိပ်သည်းဆ များပြားပြီး ဆင်းရဲနွမ်းပါးသူပေါများတဲ့ အိန္ဒိယမှာ နှစ်စဉ် ကလေးပျောက်မှု ၈၀၀၀၀ လောက် ပျမ်းမျှ ဖြစ်ပွားလေ့ရှိသတဲ့။ Saroo ရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်ဟာ အဲဒီလို ဖြစ်စဉ်ပေါင်းများစွာထဲက တစ်ခုပါ။ ဒီရုပ်ရှင်ဟာ ကာယကံရှင် Saroo Brierly ရေးတဲ့ A long way home စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ရုပ်ရှင်အစအဆုံး ဇာတ်ဝင်ခန်းတွေ တစ်ခန်းချင်း ကြည့်နေရင်း တကယ့် ဖြစ်ရပ်ပါလားဆိုတဲ့ အသိကြောင့် ကာယကံရှင်တွေရဲ့ သောကဗျာပါဒမီးဟာ ကြည့်ရှူသူကိုပါ အရှိန်ဟပ်စေပါလိမ့်မယ်။ မိသားစုနဲ့ခွဲနေရလို့ အိမ်လွမ်းသူ ကျွန်တော့်အဖို့လည်း သေမှန်းမသိ၊ ရှင်မှန်း မသိ ရှင်ကွဲကွဲနေရတဲ့ သူတို့မိသားစုထက်စာရင် တော်ပါသေးလားလို့ ဖြေတွေးတွေးရပါတယ်။ ကိုယ်တွေရဲ့ အလွမ်းဟာ Saroo နဲ့ ယှဉ်ရင် ကလေးကစားစရာလောက်ပဲ ဖြစ်နေမလားဘဲ။ Dev Patel၊ Rooney Mara၊ Nicole Kidman စတဲ့ သရုပ်ဆောင်ကောင်းများ ပါဝင်ထားပြီး အော်စကာတစ်ကြို ၆ ဆု စာရင်းပါခဲ့တဲ့ကားပါ။ ကလေးသရုပ်ဆောင်များရဲ့ သဘာဝကျကျ သရုပ်ဆောင်မှုများကလည်း ချီးကျူးထိုက်ပါတယ်။ ဝတ္ထုပုံပြင်တွေထက် ဆန်းကြယ်တဲ့ တကယ့် ဘဝဖြစ်ရပ်မှန် ဇာတ်လမ်းကောင်တစ်ကားမို့ ကြုံကြိုက်ရင် ကြည့်ဖြစ်အောင် လက်တို့ညွှန်းဆိုလိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းကို Phyo Myint Wai FB မှ ကူးယူဖော်ပြပါသည်။)

Comedy • Drama
8 2016 118 mins
Lion