YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

A Diamond In The Rough.2019.WEB-DL.720P.PP.mp4

858.08 MB N/A video/mp4 984 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Burn Notice: The Fall of Sam Axe
6.5

2011 ခုနစ်ကထွက်ရှိခဲ့တဲ့ စစ်ဟာသကား တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ The Last of Us မှဘဲကြီး Pedro Pascal ကလူဆိုးနေရာက ပါဝင်သရုပ်ဆောင် ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆမ်အက်ဇ်လို့ခေါ်တဲ့ SEAL ရေတပ်မှူးက မိန်းမပွေတဲ့နေရာမှာ သူမတူဘဲ အထက်အရာရှိ ရဲ့မိန်းမတစ်ယောက်နဲ့ သွားမှားမိရာကစပါတယ်။အဲ့တာနဲ့ သူ့အထက်ဗိုလ်မှူးယောကျ်ားလည်း မိရော သူ့ကို ကိုလံဘီယာဆီ စစ်ဆင်ရေးအနေနဲ့အပို့ခံလိုက်ရပါတယ်။ ကံဆိုးလို့ပွေရှုပ်ရာကနေ ချောင်အပို့ခံလိုက်ရပေမဲ့လည်း ဆမ်ရဲ့ကံအကြောင်းမတိုက် ဆိုင်မှုက ဒီမှာတင်မရပ်သေးပါဘူး။ ဖြစ်ချင်တော့ သူရောက်သွားတဲ့ လက်နက်ကိုင်တပ်ဖွဲ့က ထင်သလို လူကောင်းတွေ မဟုတ်နေပြန်ဘဲ သူတို့ကယ်ထုတ်ရမဲ့ လူတွေကို ကိုယ်တိုင်ပြန်တိုက်ခိုက်ဖို့အစီ အစဉ်ဆွဲနေမှန်း သိလိုက်ရပါတယ်။ဒါတင်မကဘဲ သူ့ကိုပါလုပ်ကြံ နှုတ်ပိတ်မဲ့အကြောင်းကိုလည်းကြားရော ဆမ်ဟာ ထိုကနေထွက်ပြေးပြီး ဆေးခန်းကသူတွေရှိရာကို သတိပေးဖို့ဉီးတည်လာခဲ့ပါတယ်။ အဲ့မှာ ဆန့်ကျင်သူပုန်အဖွဲ့ဖြစ်တဲ့ အယ်စပါဒါ အယ်ဒီယန်တဲ ကလည်း သူတို့နဲ့ဝိုင်းဝန်းပြီး ကူညီခဲ့ပြန်ပါတယ်။ အပြစ်မရှိသူတွေကို ကိုယ့်ကိုယ် ကျိုးအတွက် ယုတ်မာပြီး တပ်ကူနဲ့ ဒေသဆိုင်ရာ ချုပ်ပိုင်နိုင်ခွင့်ရဖို့ ကြိုးစားနေတဲ့ ဗယ်ရာခရူစ်တို့အဖွဲ့ကလည်း အခြေအနေတွေ မလွယ်ကူတော့ဘဲ အရင်ကထက် အများကြီးရှုပ်ထွေးလာရော သူတို့အကြံအစည်အောင်မြင်ရေးအတွက် ဆမ်တို့ကို ရှင်းလင်းနှုတ်ပိတ် ဖို့ မြေလှန်ရှာပါတော့တယ်။အဲ့မှာ လယ်သမားတွေနဲ့ဖွဲ့စည်းထားတဲ့ ဆမ်တို့ရဲ့တပ်ဖွဲ့က လက်နက်ကိုင်တပ်မကြီးကို ဘယ်လိုခုခံ တွန်းလှန်သွားမလဲ။ ခုမှတွေ့ရတဲ့သူတွေ အတွက်ဆမ်ရဲ့ အနစ်နာခံမှုက ဘယ်လိုရှိမှာလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရူလိုက်ပါ။ နယ်စပ်ဒေသတွေ မှာဖြစ်လေ့ဖြစ်ထ ရှိတဲ့ဖြစ်ရပ်တွေကို ထင်ဟပ်ရိုက် ပြထားတာဖြစ်တဲ့အတွက် ဗဟုသုတလည်း အတော်ရမဲ့ဇာတ်လမ်းပါ။ သရုပ်ဆောင်တွေအနေနဲ့ကတော့ ဆမ်အဖြစ် Bruce Campbell နဲ့ RonReaco Lee၊Kiele Sanchez၊ Ilza Ponkoတို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ File size…2.47GB / 1.09GB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 30m Genre ..... Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nwe Hnin Thazin

Thriller
6.5 2011 120 mins
Burn Notice: The Fall of Sam Axe
True and False Jigong
9

“မိစ္ဆာတွေကို နှိမ်နင်း / အားနည်းသူတွေကိုကူညီပေးပြီး ပြည်သူတွေရဲ့ အချစ်ကို ရရှိနေသူ ၊ မသေမျိုးကျင့်စဥ်ရရှိဖို့ ကျင့်ကြံနေသူ ၊ တောင်ပေါ်မှာပဲ သီတင်းသုံးနေထိုင်တတ်သူ ဘုန်းတော်ကြီး - ကျိကုန်း” “ရုပ်ဆိုးလွန်း၍ အားလုံးက မိစ္ဆာတစ်ကောင်လိုသတ်မှတ်ခြင်းခံနေရသူ ၊ ဆိုးဝါးလွန်းတဲ့ မျက်နှာကြောင့် အားလုံးရဲ့ အပယ်ခံဖြစ်ပြီး အ ထီးကျန်နေရသူ ၊ ပြည်သူတွေရဲ့ ချစ်ခြင်းကို ခံရဖို့ ကြိုးစားနေသူ - ဟွမ်ယွမ်” လွန်ခဲ့တဲ့ အနှစ် ၂၀ က ဘုန်းတော်ကြီး ကျိကုန်းဟာ မြွေမိစ္ဆာမောင်နှမကိုနှိမ်နှင်းရင်း အစ်ကိုဖြစ်သူကို သတ်ပစ်ခဲ့မိပါတယ် ။ ကျန်တဲ့ မိစ္ဆာညီမလေးကိုတော့ အမှားတွေပြန်လည်ပြင်ဆင်ပေးဖို့ လွှတ်လိုက်ပေမဲ့ တကယ်တမ်းမှာတော့ အဲဒီမိစ္ဆာမဟာ အစ်ကိုဖြစ်သူအတွက် လက်စားပြန်ချေဖို့ ကြိူးပန်းနေခဲ့ပါတယ် ။ ဒီလိုနဲ့ နှစ် ၂၀ ကုန်ဆုံးလာခဲ့ပြီး ပိုင်ရွှိန်မြို့တော်မှာထူးဆန်းတဲ့ ကိစ္စတွေဖြစ်ပေါ်လာခဲ့ပါတော့တယ် ။ ဒါတွေကို ဖြေရှင်းဖို့ အတွက် ဘုန်းတော်ကြီး ကျိကုန်းဟာ ပိုင်ရွှိန်မြို့တော်ကိုရောက်လာခဲ့ပေမဲ့ ၎င်းမြို့တော်မှာ သူနဲ့ ချွတ်စွပ်တူတဲ့ နောက်တဲ့ ကျိကုန်းတစ်ယောက်ကိုတွေ့လိုက်ရပါတော့တယ် ။ ❏ ဘုန်းတော်ကြီး ကျိကုန်းတစ်ယောက်ဘယ်လိုရင်ဆိုင်မလဲ ? ❏ ကျိကုန်းတစ်ယောက် အညှိုးအတေးတွေ အာဃာတတွေကြားမှာ ပိတ်မိနေတဲ့ ပြည်သူတွေကိုဘယ်လို ကယ်တင်သွားမလဲဆိုတာ ? ကြည့်ရှုရလိုက်ရအောင်ပါနော် ။ ဒီဇာတ်ကားလေးကိုကြည့်ရှုပြီး လူတစ်ယောက်ကို အပေါ်ယံ ကြည့်ယုံနဲ့ မဆုံးဖြတ်သင့်တဲ့အကြောင်း နားလည်သဘောပေါက်သွားစေမှာ အသေချာပါပဲရှင် ။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Comedy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Horror
9 2023 80 mins
True and False Jigong
Laddaland
6.3

ထီဆိုတဲ့သူဟာ သူ့ယောက္ခမအထင်သေးပြောဆိုမှုတွေကိုမခံနိုင်တဲ့အတွက် လတ်ဒါလန်အိမ်ရာက အိမ်တစ်အိမ်ကိုအရစ်ကျနဲ့ပေးဝယ်ခဲ့ပါတယ် ဘန်ကောက်ကနေ လတ်ဒါလန်ကို ပြောင်းရွှေ့ပြီး သူတို့အိမ်ပိုင်တစ်လုံးရှိရင် သူတို့မိသားစုပျော်ရွှင်ကြမယ်လို့ထင်ခဲ့ပေမဲ့ ထီထင်သလို မဖြစ်ခဲ့ပါဘူး တစ်နေ့မှာ သူတို့အိမ်နားက အိမ်တစ်အိမ်မှာအမျိုးသမီးတယောက်သေဆုံးပြီးနောက်ပိုင်း အခြေနေတွေကပိုပိုဆိုးလာပြီး ခြောက်ခြားစရာတွေဖြစ်လာပါတော့တယ်... လူတိုင်းက အဲ့ဒီအိမ်မှာသရဲရှိတယ်လို့ပြောနေကြပေမဲ့ ထီကတော့ သူတို့ရဲ့ ပထမဆုံးပိုင်ဆိုင်ရတဲ့ အိမ်လေးမို့ မယုံခဲ့ပါဘူး အဲ့ဒီအိမ်မှာသရဲတကယ်ရှိရဲ့လား...လတ်ဒါလန်အိမ်ရာမှာရော ဘယ်လိုခြောက်ခြားစရာဖြစ်ရပ်တွေကြုံရဦးမလဲဆိုတာ ဇာတ်ကားမှာကြည့်ရှူလိုက်ရအောင်နော် ။ ဒီကားထဲမှာတော့ May Who ဆိုတဲ့ထိုင်းကားထဲက မင်းသမီးချော Sutatta Udomsilp ပါ၀င်ထားပြီး ဒီကားနဲ့ Best Supporting Actress ဆုကို ရရှိခဲ့ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Nang Mwe Kham ပါ ) File Size__(2GB) / (970MB) Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__01:52:00 Type__Drama, Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt

Comedy • Crime • Drama
6.3 2011 117 mins
Laddaland
Touching Gold Captain
10

အုတ်ဂူဖောက်တဲ့ရတနာသိုက်ရှာပုံတော်တွေကိုကြိုက်နှစ်သက်တဲ့ ပရိသတ်တို့အတွက် ဒီတခါမှာလည်း လျို့ဝှက်ဆန်းကြယ်မှုတွေ၊ ကျိန်စာတွေ၊ မိစ္ဆာတွေ နဲ့အတူ အုတ်ဂူဖောက်ကြမယ့် စွန့်စားခန်းဇာတ်လမ်းကိုတင်ဆက်ပေးလိုက်ပါတယ်။ ချောင်ရွှင့်ဆိုတဲ့လူငယ်လေးဟာ မောကျင်းရဲ့ ၄၆ မြောက်မျိုးဆက်ဖြစ်ပါတယ်။ မောကျင်းဆိုတာကတော့ အုတ်ဂူဖောက်တဲ့နေရာမှာဆရာတစ်ဆူလို့ သတ်မှတ်ခံထားရသူတွေဖြစ်ပါတယ်။ ချောင်ရွှင့်ဟာမောကျင်းမျိုးဆက်ဖြစ်သော်ငြားလည်း၊ ငယ်ကတည်းကအဖေကစွန့်ပစ်သွားပြီးအမေကလည်းဆုံးပါးသွားတာမို့ အုတ်ဂူဖောက်ပညာမပြောနဲ့ ဘာပညာကိုမှတောင်မသင်လိုက်ရပါဘူး။ သူတတ်တာကတော့ လိမ်လည်လှည့်ဖြားတာပါပဲ။ ဒါပေမဲ့လည်း တစ်နေ့မှာ ဆိုက်ဆိုက်မြိုက်ဆိုက် အန္တရာယ်ကရောက်ရှိလာပါတယ်။ အေးအေးချမ်းချမ်းနေနေတဲ့သူတို့ရွာလေးကို တိုင်းတစ်ပါးသားတွေရောက်ရှိလာပြီး၊ ထိုသူတွေရဲ့ရည်ရွယ်ချက်ကတော့ အုတ်ဂူဖောက်ပြီးရတနာသိုက်တူးဖို့ မောကျင်းမျိုးဆက်ဖြစ်တဲ့ ချောင်ရွှင့်ကိုလာရှာတာပါပဲ။ တစ်ရွာလုံးရဲ့အသက်နဲ့ခြိမ်းခြောက်တဲ့အခါမှာတော့ ချောင်ရွှင့်ဟာ အုတ်ဂူဖောက်သူအဖြစ်နဲ့ ရှေးခေတ်ဘုရင်များရဲ့ ဂူသင်္ချိုင်းထဲကို လိုက်ပါသွားရတဲ့အခါမှာတော့.... စောင့်ကြိုနေတဲ့ကျိန်စာတွေနဲ့ မကောင်းဆိုးဝါးမိစ္ဆာတွေကိုကျော်ဖြတ်နိုင်ပါ့မလား ဂူထဲကရော အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres: Action , Adventure , Mystery Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo , Nu Mon , Hnin Wutt Hmone Encoded by LK

Horror • Mystery • Thriller
10 2022 84 mins
Touching Gold Captain
The Wave
7.5

2008ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဂျာမန်ဇာတ်ကားက IMDb 7.6/10 နဲ့ Rotten Tomatoes 100% ရထားတာပါ။ Drama/Thriller genreဖြစ်ပြီးတော့ 1981ခုနှစ်က ထွက်ရှိခဲ့တဲ့ Todd Strasserရဲ့ The Wave စာအုပ်ကို မှီငြမ်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းကိုပြောရရင် ဂိုင်နာဗန်ဂါဆိုတဲ့ ဆရာတစ်ယောက်က ကျောင်းသားတွေကို သက်ဦးဆံပိုင် အာဏာရှင်စနစ်ဖြစ်တဲ့ အော်တိုကရေစီစနစ်ကို တစ်ပတ်သင်ပေးဖို့အတွက် တာဝန်ကျပါတယ်။ ကျောင်းသားတွေရဲ့ favourite ဆရာ ဂိုင်နာက ကလေးတွေကို ကိုယ်ပိုင်အော်တိုကရေစီစနစ်တစ်ခုတည်ဆောက်ဖို့တာဝန်ပေးလိုက်တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ကြည့်ကြရမှာပါ။ ဒီရုပ်ရှင်က ဂျာမနီမှာ အာဏာရှင်စနစ်ထပ်ပြီးပေါ်ပေါက်လာနိုင်ခြေ ရှိ မရှိစမ်းသပ်တဲ့ experiment တစ်ခုလိုလည်းပြောလို့ရပါတယ်။ ဒီအဖြစ်အပျက်ကလည်း 1969 Palo Alto,California မှာ တကယ်ဖြစ်ပျက်ခဲ့လို့ပါပဲ။ ဒီရုပ်ရှင်ကားရဲ့ messageကတော့ လူတစ်ယောက် သို့မဟုတ် အယူဝါဒတစ်ခုကို မလိုက်နာခင်မှာ သေသေချာချာဆင်ခြင်သုံးသပ်ကြဖို့ ပြောချင်တာပါပဲ။ပြီးတော့ အရှိန်အဝါကြီးတဲ့ ခေါင်းဆောင်တွေက လူတွေအများကြီးကိုလွယ်လွယ်နဲ့ ဘယ်လိုစိုးမိုးခြယ်လှယ်သွားကြသလဲဆိုတာလည်းပါ ပါတယ်။ အချစ် အလွမ်း အဆွေးတွေကနေသွေဖည်ပြီး ဖြစ်ရပ်မှန် နိုင်ငံရေးစမ်းသပ်မှုတစ်ခုအကြောင်းကို ရိုက်ထားတာမို့လို့ ကြည့်ပြီးရင် တွေးတောစရာတစ်ခုရသွားမှာပါ။ File size…(2.2GB)/(1.25 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyann Ni

Crime • Drama • Mystery
7.5 2008 107 mins
The Wave
The Recipe
6.6

Genre – Drama, Romance, Mystery IMDB – 6.6/10 အမြီး ၉ ချောင်း မြေခွေးအလန်းစားကြီး Lee Dong-Wook ရဲ့ ၂၀၁၀ ခုနှစ်တုန်းက လွမ်းဆွတ်ကြည်နူးဖွယ်ရာ ဇာတ်လမ်းလေး တစ်ပုဒ် တင်ဆက်ပေးလိုက်ချင်ပါတယ်။ အတိအကျ ပြောရမယ်ဆို ပဲပိစပ်ဟင်းရည် ဒွမ်ဂျန်ဆိုတဲ့ ရိုးရာ ဟင်းတစ်ခွက်ကို အသုံးချပြီး Marketing ကောင်းကောင်းထည့်ပြီး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း အစပိုင်းမှာ စိတ်လှုပ်ရှားဖွယ် မှတ်တမ်းရုပ်ရှင်အထာနဲ့ တဖြည်းဖြည်းချင်း ဇာတ်ကို ပံ့ပိုးထားပြီး နောက်ပိုင်းမှ လျှို့ဝှက်ချက်တွေကို ဇာတ်ထုပ်ပြန်ဖြည်တဲ့ စတိုင်မျိုးပါ။ ဇာတ်လမ်းလေးကတော့ တောင်ကိုရီးယားမှာ လူ ၁၂ ယောက်ကို သွေးအေးအေးနဲ့သတ်ဖြတ်ပြီး အာဏာပိုင်တွေလက်အောက်က နှစ်ပေါင်းကြာရှည်စွာ ထွက်ပြေးတိမ်းရှောင်နေတဲ့ လူသတ်သမားကြီးက တောထဲတောင်ထဲက စားသောက်ဆိုင်လေးထဲ ရဲတွေလာဖမ်းတာကို အသာတကြည်နဲ့ ပြန်မခုခံပဲ အေးဆေး အဖမ်းခံခဲ့ပါတယ်။ အဲဒါနဲ့ သေဒဏ်ပေးခါနီး နောက်ဆုံးဆန္ဒကို ပြောပါဆိုတော့ ဘာပြောတယ် ထင်လဲ…”အဲဒီဆိုင်က ဒွမ်ဂျန်ဟင်းရည် သောက်ချင်တယ်” တဲ့ဗျာ။ အဲဒါနဲ့ သေခါနီးလူတစ်ယောက်ရဲ့နောက်ဆုံးဆန္ဒက ထူးထူးခြားခြား ဒီဒွမ်ဂျန်ကို သောက်ချင်ရအောင် ဘာတွေများ ထူးခြားနေလို့လဲဆိုပြီး သတင်းထောက်ကြီးဟာ အဖြေကိုလိုက်ရှာတဲ့အချိန် နောက်ကွယ်က လွမ်းဆွေးဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ ထူးခြားတဲ့ ဟင်းအမယ်တွေကို သိရှိလိုက်ရပါတော့တယ်…..။ သရုပ်ဆောင်တွေဆိုလည်း အများနဲ့မစိမ်းလောက်ဘူးထင်ရတဲ့ နာမည်ကြီး ဇာတ်ပို့မင်းသားကြီး Seung-ryong Ryu က သတင်း ထောက်နေရာက သရုပ်ဆောင်ထားပြီး Goblin သေမင်းတွေ အမြီး ၉ ချောင်းမြေခွေး စသဖြင့် အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ အာဂျီးရှီး Lee Dong-Wook နဲ့ တည်ငြိမ်တဲ့အလှပိုင်ရှင် မင်းသမီး Lee Yo-Won တို့ ပါဝင် သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ ကြည့်ရင်းနဲ့ ပဲပိစပ်ဟင်းရည်လေး သွားရည်ကျပြီး မျက်ရည်သုတ်ကြရတာပေါ့ဗျာ။ File size…1.85 GB / 871 MB Quality…WEB-Rip 1080p 5.1 CH / 720p Format…mp4 Duration….1h 47m Genre ….. Drama , Mystery , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama • Comedy • Romance
6.6 2010
The Recipe
Joji
7.8

ဒီဇာတ်လမ်းကတော့ စိတ်ဝင်စားရတဲ့ India Murder/ Thirller ကားပါ IMDB မှာ 7.8/10 ရထားပါတယ် မိသားစု family ဇာတ်လမ်းကို ဦးတည်ရိုက်ထားပြီးဇာတ်အိမ်ကို covid အတွင်းတည်ဆောက်ထားပါတယ်.. မြို့တစ်မြို့က မျက်နှာဖုံးသူဌေးမိသားစုတခုရဲ့ဘဝအဖြစ်အပျက်ပေါ့ သန်မာပြီးအာဏာရှိတဲ့ အဖေရယ် သား ၃ ယောက်ရယ် ပထမသားရဲ့သား ဆယ်ကျော်သက်အရွယ်တစ်ယောက်ရယ် ဒုတိယသားရဲ့မိန်းမရယ် တစ်အိမ်တည်း အားလုံး၆ယောက်အတူနေကြတယ် အိမ်ထဲ ခြံထဲမှာတော့ အလုပ်သမားတွေအများကြီးရှိကြတယ်. Joji ကတော့ ၃ယောက်တည်းကအငယ်ဆုံးသားပါ သူက ညီအကိုထဲမှာ အိမ်ထောင်မရှိ လူလွတ်တစ်ယောက်။ တစ်အိမ်လုံး သားအားလုံးက အဖေကို အရမ်းကြောက်ရတယ် တနေ့တော့ သူတို့အဖေက အလုပ်တခုလုပ်ရင်း ဦးနှောက်သွေးကြောပေါက်သွားပါတယ် covid အတွင်းဆိုတော့ ဆေးကုရခက်ပေမဲ့ ဆေးရုံအမြန်ပို့ပေမဲ့ လေဖြတ်သွားပါတယ် အဖေဒီလိုဖြစ်ချိန်မှာ Jojiက အခွင့်အရေးတွေ ယူလာတယ် အဖေပိုင်တဲ့အရာတွေကို မျက်စိကျပြီး ရအောင်လုပ်ရာက ဘာဖြစ်မလဲ လူသတ်မှုကရော ဘယ်လိုဖြစ်မလဲကို ကြည့်ရမှာပါ.. File size…1.93 GB / 729MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Drama , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mal Ei

Family • Drama • Adventure
7.8 2021
Joji
Leave the World Behind
6.7

Leave the World Behind (2023) ~ IMDb – 6.7/10, RT – 74%, Meta – 68% ~ ကမ္ဘာပျက်နေချိန်မှာ အသက်ရှင်ဖို့ကြိုးစားရတဲ့ ရုပ်ရှင်အမျိုးအစား နောက်တစ်ကားပါပဲ။ ဒီကားကတော့ အက်ရှင်မဟုတ်ဘဲ ဆိုက်ကို သည်းထိပ်ရင်ဖိုအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအဆုံးမှာတောင် အဖြေကို ရှာတွေ့သလို မတွေ့သလိုနဲ့ ပဟေဠိဆန်ဆန်ရိုက်ထားတဲ့ကားမျိုးပါ။ Mr. Robot စီးရီးရဲ့ ဖန်တီးရှင် Sam Esmail က ရိုက်ကူးထားပြီး နာမည်ကြီး မင်းသားမင်းသမီးတွေဖြစ်တဲ့ Julia Roberts, Mahershala Ali, Ethan Hawke တို့လို ဆရာကြီးတွေ ပါဝင်ထားပါတယ်။ Kevin Bacon ကတောင် ဝင်ပြီးအားဖြည့်ပေးထားပါသေးတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ လင်မယားနှစ်ယောက် သားတစ်ယောက်နဲ့ သမီးတစ်ယောက်ဟာ ကျေးလက်အိမ်တစ်လုံးငှားပြီး အပန်းဖြေဖို့ထွက်လာကြပါတယ်။ အငယ်ဆုံးသမီးလေးက FRIENDS တီဗီစီးရီးကို အသည်းအသန်စွဲလမ်းနေတဲ့သူဖြစ်ပြီး ဇာတ်သိမ်းပိုင်းကို အားလပ်ရက်မှာ ကြည့်ဖို့ အားခဲ့ထားတာပါ။ ဒါပေမဲ့ အပန်းဖြေအိမ်ကိုရောက်ရောက်ချင်းမှာပဲ ဖုန်းလိုင်းတွေ အင်တာနက်တွေအကုန်ပြတ်တောက်သွားပြီး ညအချိန်မတော်ကြီးမှာ အိမ်ရှင်သားအဖကပါ မြို့ပေါ်ကနေ သူတို့အိမ်ကို ပြေးလာခဲ့ပါတယ်။ အိမ်ငှားတွေနဲ့ အိမ်ရှင်တွေ တစ်ယောက်ကိုတစ်ယောက် သံသယတွေနဲ့ မီးပျက်တာတွေ လိုင်းပျက်တာတွေကို အဖြေရှာဖို့ ကြိုးစားရင်း အသက်ရှင်ဖို့ ကြိုးစားကြရပါတော့တယ်။ အငယ်ဆုံး သမီးလေးကတော့ FRIENDS ဇာတ်သိမ်းပိုင်းကို ကြည့်ဖို့ပဲ တလျှောက်လုံး ကြိုးစားနေပါတော့တယ်။ ချန်နယ်မြန်မာမှာ ကြည့်လို့ ရတဲ့အကြောင်းတောင် ပြောချင်သွားပါတယ်။ ကျန်တာကတော့ ဇာတ်လမ်းအဆုံးမှာ အဖြေတွေပေါ်လာသလို ကိုယ့်အတွေးနဲ့ကိုယ်လည်း ဆက်ပြီးစဉ်းစားလို့ရတဲ့အကြောင်းပဲ ပြောချင်ပါတယ်။ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1.1GB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 2H 18Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

6.7 2023
Leave the World Behind
Say Anything…
7.3

Say Anything… (1989) ~ IMDb – 7.3/10, RT – 98%, Meta – 86% ~ Say Anything က Ghostတို့ Titanicတို့ 10 Things I Hate About You တို့လို When Harry Met Sally… တို့လို Classic Romance ကားပဲ။ အနီးစပ်ဆုံးအရသာတူတာကတော့ When Harry Met Sally… နဲ့လို့ ပြောရမယ်။ တစ်နှစ်တည်းထွက်တဲ့ ရိုမန့်ဟာသကားချင်းအတူတူကိုး။ သူ့ဇာတ်ကတော့ အထက်တန်းကျောင်း ကျောင်းဆင်းပွဲနေ့ကနေစတယ်။ ကျောင်းက အရာရာတော်နေတဲ့ ထက်မြက်တဲ့ကျောင်းသူလေးကို သွားကြိုက်မိတဲ့ ပေတေတေနေတဲ့ကောင်လေးတစ်ယောက်က သူအဲဒီကောင်မလေးကို ချစ်မိနေတဲ့အကြောင်း သူ့ဘော်ဒါနှစ်ယောက်ကို ပြောရာကစတယ်။ သူ့ဘော်ဒါမတွေကတော့ သူ့ကို မဖြစ်နိုင်တာတွေ မလုပ်နဲ့ ဘာညာ တားကြပေမဲ့ သူကတော့ ရအောင်လိုက်မယ်ဆိုပြီး လိုက်လေရဲ့။ ကောင်မလေးက သူ့ကို စိတ်ဝင်စားပေမဲ့လည်း အဖေတစ်ခုသမီးတစ်ခုနေနေတဲ့ သူတို့ဘဝမှာ သူ့အဖေရဲ့ အတွေးတွေက သူ့ကို လွှမ်းမိုးထားတော့ သူ့စိတ်အတိုင်းသွားရခက်နေခဲ့တယ်။ ဒီလိုနဲ့ကောင်လေးကပဲ ကောင်မလေးကို ပြောင်းလဲပေးနိုင်မလား။ ကောင်မလေးကပဲ ကောင်လေးကို ပြောင်းလဲပေးသွားမလားဆိုတဲ့ ဇာတ်ပေါ့။ A Walk to Remember နဲ့တောင် နည်းနည်းခပ်ဆင်ဆင်ပဲ။ ဒါပေမဲ့ Say Anything ကတော့ ကလပ်စစ်ပိုဖြစ်သလို သူ့ထဲက ကတ်ဆတ်ကြီးအကျယ်ကြီးဖွင့်ပြီး မ,လာပြီး ကောင်မလေးအိမ်ရှေ့ရောက်လာတဲ့အခန်းကတော့ ရိုမန့်ရုပ်ရှင်သမိုင်းရဲ့ Iconic အခန်းတွေထဲပါသလို သူ့ဇာတ်ကလည်း Reality တော်တော်ဆန်တဲ့ဘက်ကို သွားတယ်။ ဇာတ်ကြောင်းက Romanceကားပေမဲ့ Reality မတရားဆန်နေတော့ ဇာတ်ကြောင်းသစ်သလိုဖြစ်နေတယ်။ ရုပ်ရှင်ကတော့ ဆယ်ကျော်သက်ရုပ်ရှင်ဆန်ပေမဲ့ အတွင်းမှာ ပိုနက်နဲခါးသက်တဲ့အရာတွေကိုလည်း ထည့်ထားတဲ့ရုပ်ရှင်လို့ ပြောကြပေမဲ့လည်း တကယ်တမ်း ဒီရုပ်ရှင်ကြည့်ဖို့ ဒါတွေမလိုပါဘူး။ Say Anything ဟာ အတန်းထဲက ကိုယ်ကြိတ် Crushနေတဲ့ ကောင်မလေးကို ရဲရဲတင်းတင်းလိုက်ပိုးရင်း ကောင်မလေးဘက်က အခြေအနေပေးလာတဲ့ အချစ်ဇာတ်လမ်းလေးရဲ့ အခင်းအကျင်းမှာ ဘဝတွေအတိုင်း မိသားစု ကျောင်းစတဲ့ လွမ်းစရာဆွေးစရာ အဖြစ်တွေပေါ်လာတဲ့ ဇာတ်ပါပဲ။ တစ်ခါတလေ ဒါတွေက ကျွန်တော်တို့ငယ်ဘဝတွေပေါ့။ တစ်ခါတလေ လွမ်းစရာအတိနဲ့ ဇာတ်တွေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.5GB, 930MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 40Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.3 1989
Say Anything…
The New Legend of Shaolin
6.3

ရှောင်လင်သိုင်းကားတွေကို ကြိုက်တဲ့ပရိသတ်ကြီးအတွက် 1994 ခုနှစ်က ထွက်ခဲ့တဲ့ မင်းသားကြီး ဂျက်လီပါဝင်သရုပ်ဆောင်ထားတဲ့ New Hero Of Shaolin ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ချင်မင်းဆက် ခန်းရှီးခေတ်မှာ ရှောင်လင်တပည့်ဖြစ်သူ ဟုန်ရှီးကွမ်းဟာ အစိုးရရဲ့လိုက်လံဖမ်းဆီးခြင်းကို ခံနေရပါတယ်။ ဂိုဏ်းတူညီလေး မာနင်အာက သစ္စာဖောက်သွားတဲ့အတွက် ဟုန်ရှီးကွမ်းတို့ တစ်မိသားစုလုံး အသတ်ခံလိုက်ရပြီး သားငယ်လေး ဝိန်တင့်တစ်ယောက်သာ ကျန်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစ ဟုန်ရှီးကွမ်းဟာ သားငယ်လေးနဲ့ အတူ ခြေဦးတည့်ရာ လေလွင့်နေခဲ့ပါတော့တယ်။ ၈ နှစ်ကြာသောအခါ ရှောင်လင်ကျောင်းမှ ဆရာဦးလေးကျစ်ရှန့်ဟာ ရတနာမြေပုံတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီရတနာမြေပုံကို ချင်မင်းဆက်အစိုးရအဖွဲ့ရဲ့ လုယူခြင်းရန်က ကင်းအောင် မာရှောက်ရှင်း၊ ဟူသယ်တိ၊ ချိုင့်သယ်ကျုံး၊ လီရှစ်ခိုင်းနဲ့ ဖန်းတာ့ဟုန် စတဲ့ တပည့်လေး ၅ ယောက်ရဲ့ ကျောပေါ်မှာ ခွဲပြီး ရေးဆွဲထားခဲ့ပါတယ်။ ပြီးတော့ ဟုန်ရှီးကွမ်းကို ကလေး ၅ ယောက်ကို ထျန်းတိဂိုဏ်း ဂိုဏ်းချုပ်ကြီးချန်ကျင့်နန်ထံပို့ဖို့ လျှို့ဝှက်အကြောင်းကြားခဲ့ပါတယ်။ ကျူးရှောင်ချန့်နဲ့ ဟုန်တို့ သားအမိဟာ နာမည်ကြီးနေတဲ့ လူလိမ်သားအမိနှစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ မာရှောက်ရှင်းနဲ့ အဖေဖြစ်သူမာတာ့ရှန့်နဲ့ တွေ့ခဲ့ပြီး ဟုန်တို့က အမေ့ကို သင်္ဂြိုလ်ဖို့ ကိုယ့်ကိုယ်ကိုယ်ရောင်းမယ်ဆိုတဲ့အတွက် မာတာ့ရှန့်က ဟုန်တို့ကို ပြန်ခေါ်သွားခဲ့ပါတယ်။ အဲဒီမှာပဲ ဟုန်ရှီးကွမ်းတို့ သားအဖနှစ်ယောက်ရဲ့ သိုင်းပညာကျွမ်းကျင်မှုကို တွေ့ပြီး သူ့ရဲ့ ကိုယ်ရံတော်လုပ်ဖို့ မာတာ့ရှန့်က ခေါ်သွားခဲ့ပါသေးတယ်။ ဟုန်တို့သားအမိဟာ သူတို့ လိမ်လည်မှုကို ဟုန်ရှီးကွမ်းက သတိထားမိပြီး နှောင့်ယှက်မှာ စိုးတဲ့အတွက် ဟုန်ရှီးကွမ်းကို သတ်ဖို့ကြိုးစားခဲ့ပါတယ်။ ဟုန်တို့သားအမိနှစ်ယောက် သူဌေးကြီးမာတာ့ရှန့်ကို အောင်မြင်စွာ လိမ်လည်နိုင်ပါ့မလား…… ဟုန်ရှီးကွမ်းကလည်း ကလေး ၅ ယောက်နဲ့ ဘယ်လိုဆက်သွယ်မိမလဲ…… ချင်မင်းဆက် အစိုးရကရော ဟုန်ရှီးကွမ်းတို့ကို ဘယ်လို လိုက်လံနှောင့်ယှက်မလဲ …… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။

6.3 1994
The New Legend of Shaolin
My New Partner
8

My New Partner (2008) ************************** ပြည်တွင်းရေးရာဌာနမှာ အလုပ်လုပ်နေတဲ့ ဂန်ယောင်းဂျွန်းဟာ အဖေဖြစ်သူရဲ့ ရဲဖြစ်ပြီး အကျင့်ပျက်ခြစားမှုတွေ၊ မိန်းမပွေရှုပ်ပြီး အမေဖြစ်သူကို သေအောင်လုပ်ခဲ့တာတွေကြောင့် အငြှိုးအကြီးကြီးထားပြီး သူ့အဖေလိုလူတွေကို ထောင်ထဲရအောင်ထည့်ဖို့အတွက် ရဲဖြစ်လာသူတစ်ယောက်ပါ။ ၈နှစ်ကြာ သားအဖသံယောဇဥ်ဖြတ်ပြီး နေနေရာမှ မူးယစ်ဆေးမှုတစ်မှုကြောင့် ဘူဆန်ဆင်းပြီး ဒေသခံစုံထောက်တွေနဲ့ အတူပူးပေါင်းဖို့ဖြစ်လာတဲ့အခါမှာတော့ မေ့မေ့ပျောက်ပျောက်နေနေခဲ့တဲ့ သားအဖနှစ်ယောက်ဟာ တစ်ဖွဲ့တည်းမှာ အတူတူဆုံစည်းရဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ သားအဖနှစ်ယောက်ကြား ဘုနဲ့ဘောက် တစ်မျိုးစီ စုံစမ်းစစ်ဆေးကြရင်း မူးယစ်ဖောက်ကားနေတဲ့ အကောင်အကြီးကြီးနဲ့ သွားပတ်သတ်မိကြတဲ့အခါမှာတော့… သွေးဆိုတာရေထက်ပျစ်တယ်ဆိုတဲ့အတိုင်း အဲဒီအမှုနဲ့ဆက်စပ်ပြီး အရင်က သူ့အဖေအပေါ် အထင်လွဲခဲ့မိတာတွေ၊ သူ့အဖေရဲ့မေတ္တာတရားတွေကို နားလည်လာပြီး ပြန်ပေးဆွဲခံလိုက်ရတဲ့ အဖေကို ဒုစရိုက်ကောင်တွေဆီက ကယ်တင်ဖို့ကြိုးစားပါတော့တယ်။ ဒီကားလေးထဲမှာတော့ သားအဖနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေတင်မကဘဲ ဇာတ်ပို့ဇာတ်ရံတွေရဲ့ အလွမ်းအဆွေးဟာသတွေကပါ ပံ့ပိုးမှုအားမြိုင်ဆိုင်လွန်းတာမို့ သေချာပေါက်ကြည့်ပြီး နောင်တမရမယ့်ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းပေးချင်ပါတယ်ရှင်။ (ဇာတ်လမ်းအကျဉ်းကို Hsu Pyae မှ ရေးသားပေးထားပါတယ်။) File size…2.16GB / 910MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 48m Genre ….. Action, Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Hsu Pyae

Action • Thriller • Comedy • Drama
8 2008 110 mins
My New Partner
Gifted Hands: The Ben Carson Story
7.5

ဒီဇာတ်လမ်းက အမေရိကန်က နာမည်ကျော် အာရုံကြောခွဲစိတ် ဆရာဝန်ဘန်ကာဆင်ရဲ့အတ္ထုပ္ပတ္တိကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး IMDb 7.5နဲ့ RT 85%ထိ rating ကောင်းတွေ ရရှိထားတာပဲ ဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်ကြီး ဘင်ကာဆန်တစ်ဖြစ်လဲ ဘင်ဂျမင်ကာဆန်ဟာ တစ်ကိုယ်တော်မိခင်ရဲ့ ပျိုးထောင်မှုနဲ့ ကြီးပြင်းလာခဲ့ရသူဖြစ်ပြီး ငယ်စဉ်က အတန်းထဲမှာ နောက်ဆုံးကရေရင် ထိပ်ဆုံးရတဲ့အထိ ပညာရေးပိုင်းမှာအားနည်းခဲ့သူပါ။ ဒါပေမဲ့ ကိုယ်တိုင် ပညာမတတ်လို့ ရုန်းကန်ခဲ့ရတဲ့ မိခင်ဖြစ်သူက သူ့သားနှစ်ယောက်ကို ပညာတတ်ဖြစ်စေချင်တာကြောင့် ငယ်ငယ်ကတည်းက ပုံသွင်းလေ့ကျင့်ရင်း တဖြည်းဖြည်းနဲ့ ထူးချွန်တဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မိဘအစုံအလင်မရှိတဲ့ သားသမီးတွေရဲ့ ထုံးစံအတိုင်း ဘင်မှာ ဒေါသမထိန်းနိုင်တဲ့ ဉာဉ်ဆိုးတစ်ခုရှိသလို အဲဒီစိတ်ကြောင့်ဘဝပျက်နိုင်တဲ့အထိ ဖြစ်သွားတဲ့ အခြေအနေတွေလည်းအများကြီးကြုံခဲ့ရတဲ့သူပါ။ ဒီလိုမျိုး ငွေကြေးပိုင်း လူမျိုးရေးပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ ပြဿနာပေါင်းစုံ ကြုံတွေ့ခဲ့ရတဲ့ ဘင်ကာဆန်ဘဝကနေ တစ်ချိန်မှာခေါင်းချင်းဆက်အမြွှာနှစ်ဦးကို အသက်ရှင်လျက် အောင်မြင်စွာခွဲစိတ်ပေးနိုင်ခဲ့တဲ့ ခွဲစိတ်ဆရာဝန်ကြီး ဘင်ကာဆန် ဖြစ်လာတဲ့အထိဘဝဇာတ်ကြောင်းကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ အားကျအတုယူစရာ ကောင်းလောက်အောင် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မိဘမေတ္တာတွေ၊ မိသားစုကြားကချစ်ခြင်းမေတ္တာတွေကို ပေါ်လွင်ထင်ရှားအောင် ရိုက်ကူးထားသလို မှတ်သားစရာ ဆေးပညာဆိုင်ရာ ဗဟုသုတ‌တွေလည်းပါတာမို့ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ File Size : 1.8 GB, 777 MB Quality : WEB-DL 1080p / 720p Running Time : 1hr 30min Format : Mp4 Genre : Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

7.5 2009
Gifted Hands: The Ben Carson Story
Blood Promise Janji Darah
5.3

Janji Darah (2024) IMDb Rating (5.3) ဒီတစ်ခါမှာတော့ suspenseကောင်းကောင်းနဲ့ ကြည့်လိုကောင်းတဲ့ အင်ဒိုနီးရှားသရဲကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ပထမဆုံးကိုယ်ဝန်ရလို ပျော်နေတဲ့ လင်မယားနှစ်ယောက် Sheren နဲ့ Rayhan က ကလေးရပြီးမကြာခင်မှာပဲ သူတိုအိမ်ကို သရဲခြောက်လှန့်တာတွေ ကြုံလာရတယ်။ ခင်ပွန်းဖြစ်သူ Rayhan က ငယ်ငယ်က သရဲတွေမြင်နိုင်တဲ့သူဖြစ်ပြီး အခုအချိန်မှာတော့ အဲဒီစွမ်းအင်ပျောက်သွားတာမို သူတိုအိမ်ကို ခြောက်လှန့်တဲ့သရဲကဘယ်သူလဲ သိရအောင်ကြိုးစားခဲ့တယ်။ အစပိုင်းမှာ သာမန်သရဲခြောက်ရုံလောက်ပါဆိုပြီး ငြိမ်နေခဲ့ပေမဲ့ နောက်ပိုင်းမှာ သူတိုအိမ်က ဇနီး Sheren ကို အဓိကလိုက်ခြောက်နေတဲ့သရဲက Rayhan ရဲ့အရင်က အဆက်ဟောင်းဖြစ်နေပြီး Rayhan ပေးခဲ့တဲ့ အတိတ်ကကတိတည်ဖို လာခေါ်ဖိုလုပ်နေတာကို သိပြီးနောက်မှာတော့ Rayhan ဘယ်လိုတွေ ဖြေရှင်းရမလဲ၊ သူ့မိန်းမနဲ့ကလေးကို ကာကွယ်နိုင်ပါ့မလားဆိုတာကို ကျောချမ်းချမ်းနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.5 GB) / (730 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Horror, Thriller Duration….01:44:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

5.3 2024 104 mins
Blood Promise Janji Darah
Partners
6.5

Partners (2024) အမှန်တရား ဘယ်ဆီ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိပါတဲ့။ အခုချိန် ဖုံးကွယ်ထားလို့ရရင်တောင် နောင်တစ်ချိန်ပေါ်ပေါက်လာရမှာပါ။ ဘာလို့လဲဆိုတော့ လိမ်ညာ ဖုံးကွယ်မှုဟာ တစ်ခါတည်းနဲ့ပြီးပြတ်တယ် မရှိဘဲ ဒီတစ်ခုမပေါ်အောင် ဆက်လက် လိမ်လည် ဖုံးကွယ်နေရတဲ့အတွက်ပါပဲ။ ဒီလိုမကောင်းမှု ရာဇဝတ်မှုတွေဖြစ်စေတဲ့ အကြောင်းရင်းရဲ့ ၈၀% က‌ ငွေကြေးကြောင့်ပါတဲ့။ လူတွေဟာ ငွေကြောင့် သူစိမ်းက‌ နေမိတ်ဆွေ ဖြစ်လာနိုင်သလို မိတ်ဆွေကနေ သူစိမ်းလည်း ဖြစ်သွားနိုင်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာလည်း ရွာတွေရဲ့ထုံးစံအတိုင်း ငွေတိုးချေးစား ခေါင်းပုံဖြတ်နေတဲ့သူတွေကိုကြောက်နေရချိန် အဲဒီရွာလေးမှာ ဘဏ်တစ်ခုလာဖွင့်ပါတယ်။ ရွာသားတွေကတော့ သူတို့ရွာမှာ ပထမဆုံးဖွင့်တဲ့ဘဏ်မို့ ပျော်နေလေရဲ့။ ဒါပေမဲ့ဒီဘဏ်က ရိုးရိုးသာမန်ဘဏ်မဟုတ်ဘဲ နောက်ကွယ်မှာ မကောင်းမှုကိုကြိုးကိုင်သူတွေရှိနေပါတယ်။ ဘဏ်ဝန်ထမ်းယောင်ဆောင်ပြီး ရွှေတွေငွေတွေကို ပမာဏများစွာ ခိုးယူဖို့ သူတို့ဘယ်လိုအလုပ်ဝင်လာကြမလဲ၊ ဘယ်လိုလှုပ်ရှားကြမလဲ၊ ရွာသားတွေကဘယ်လိုဖြေရှင်းကိုင်တွယ်မလဲ၊ ဘဏ်လုပ်ငန်းရှင်တွေရော ဒီအမှုမှာပါဝင်နေမလားဆိုတာ ကြည့်ရှုခံစား အဖြေထုတ်ကြည့်ရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

6.5 2024
Partners
Arthur Christmas
7.1

Merry Christmas ပါ CM ပရိတ်သတ် ကြီးရေ။ ခရစ္စမတ် ပိတ်ရက်မှာ အေးဆေးကြည့်ရအောင် ခရစ္စမတ်နဲ့ ဆိုင်တဲ့ ကာတွန်းကားလေး တစ်ကားတင်ဆက်ပေးလိုက်ရပာတယ်ခင်ဗျား။ မိသားစု သားသမီးတွေနဲ့ ပေါ့ပေါ့ ပါးပါး ရယ်ရယ်မောမော ကြည့်လို့အဆင်ပြေတာပေါ့ဗျာ။ ဒီကား လေးကတော့ IMDB 7.1 အထိရထားတယ်ဆိုတော့ သိပ်တော့ ပြောစရာ လိုမယ် မထင်ပါဘူး။ ခရစ္စမတ် ညမှာ ခလေးတိုင်း ရဲ့ အိမ်ကို ဆန်တာက လက်ဆောင်လေးတွေ လိုက်ပို့ တက်တယ် လို့ အယုံအကြည်ရှိကြပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က ဒီလောက်များတဲ့ကလေးတွေကို ဆန်တာ တစ်ယောက် ဘယ်လိုများ ပို့လဲ ပေါ့။ ဒီကားထဲမှာ အဲ့ အကြောင်းပြောပြထားပါတယ်။ တကယ်တော့ မြောက်ဝင်ရိုးစွန်းရဲ့ အောက်မှာ ဆန်တာ တို့က ခေတ်မှီ မြန်နှုန်းမြင့် စွပ်ဖားတွေ သုံးတာပေါ့။ ဒီနှစ်မှာလည်း လက်ဆောင် စုစုပေါင်း ၂ ဘီလီယံကို သယ်ပို့ပေးရမှာဆိုပါတော့။ ဒီလိုနဲ့ သယ်ပို့ ရေးလုပ်နေစဉ်မှာ မမျှော်လင့်တဲ့ အကြောင်းတစ်ခုကြောင့် လက်ဆောင်လေးတစ်ခုက ကျန်ခဲ့ပါတယ် အဲ့လက်ဆောင်လေးကို နတ်သူငယ်လေး တစ်ယောက်က တွေ့ပြီး အာသာ ကို အကြောင်းကြားတဲ့ အချိန်မှာ အာသာ တစ်ယောက် အဲ့လက်ဆောင်ကို အချိန်မှီ ပို့ပေးပို့ လုပ်ရပါတော့တယ်။ ခေတ်မှီ မြန်နှုန်း မြင့် စွပ်ဖား မရှိတော့တဲ့အချိန်မှာ ယခင်က ဒရယ်အိုတွေနဲ့ စွပ်ဖား အို ကြီး ပဲ ရှိပါတော့တယ် အဲ့စွပ်ဖား အိုကြီး နဲ့အတူ အာသာတစ်ယောက် လက်ဆောင် ကို အမြန်ဆုံး ဘယ်လို ရောက်အောင် ပို့မလဲ။ ဘယ်လို အလွဲလွဲ အချော်ချော် တွေဖြစ်မလဲ ဆိုတာကို ရယ်ရယ် မောမော ပေါ့ပေါ့ ပါးပါး နဲ့ ကြည့်ရှု့ရမှာပါ။ File Size : 2.3 GB / 1.1 GB Quality : WEB DL 1080p HEVC / 720p Running Time : 1h 37min Format : Mp4 Genre :Animation, Comedy, Adventure Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264 Subtitle by Gurelia Encoded by Tariq L Walker

7.1 2011 97 mins
Arthur Christmas