YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

9-1-1.Lone.Star.S04E09.1080p.CM.mp4

887.03 MB 1080p video/mp4 100 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Fault in Our Stars
7.6

IMDb Rating (7.6) / Rotten Tomatoes (81%) ဒီဇာတ်လမ်းခေါင်းစဉ်လေးကတော့ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲက စကားစုတိုလေးဖြစ်တဲ့ "the fault, dear Brutus, is not in our stars but in ourselves" "ဘရူးတပ်စ်ရယ် အပြစ်က ငါတို့ရဲ့ကြယ်တွေထဲမှာ မရှိပါဘူး ငါတို့ဆီမှာပါ" ဆိုတဲ့စကားစုလေးကနေ ယူသုံးလာတယ်ထင်ပါတယ်။ အဲဒီအဆိုဟာလဲ အမြဲမှန်နိုင်ပါ့မလား။ တခါတလေ ဘဝရဲ့ခါးသီးမှုတွေက ကိုယ်တိုင်ဘာမှ လုပ်မယူခဲ့ဘဲ ဘာအပြစ်မှမရှိဘဲ ကြယ်လေးတွေရဲ့အပြစ်(ကံကြမ္မာ)ပဲ ဖြစ်နေနိုင်မလား။ "ကျွန်မတို့ရဲ့ ကမ္ဘာကြီးထဲမှာ ဝမ်းနည်းဖွယ်ဇာတ်လမ်းလေးတွေကို ဘယ်လိုပုံစံနဲ့ပြောပြရမယ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။တနည်းအားဖြင့် ရှင်တို့ အဲဒီဇာတ်လမ်းကို သကာလောင်းပြီး ပြောပြနိုင်သေးတာပေါ့။ သူတို့ အချစ်စိတ်ကူးယဉ် ရုပ်ရှင်နဲ့ ဝတ္ထုတွေမှာ လုပ်နေကြပုံအတိုင်း လှပတဲ့လူသားလေးတွေက လှပတဲ့သင်္ခန်းစာလေးတွေရပြီး ပီတာဂေဘရီရယ်ရဲ့ သီချင်းလေးတစ်ပုဒ်နဲ့တောင်းပန်လိုက်ရင် မပြေလည်နိုင်လောက်အောင် ပျက်စီးသွားတဲ့ပြသနာမျိုးလဲ မရှိဘူးပေါ့။ ကျွန်မလဲ အခြားကောင်မလေးတွေလိုပဲ အဲဒီလို ဇာတ်လမ်းလေးတွေကိုကြိုက်ပါတယ်။ ဒါပေမယ့် ယုံလိုက်ပါ အဲဒါတွေဟာ အမှန်တရားမဟုတ်ဘူး။ အမှန်တရားကို အခုပြောပြမယ်။ စိတ်မကောင်းပါဘူး။ " ဇာတ်လမ်းလေးရဲ့ နိဒါန်းလေးကို ဒီလိုပြောပြီးဖွင့်လှစ်လိုက်ပါတယ်။ ၂၀၁၄ ခုနှစ်ထွက် Drama,Romance ရုပ်ရှင်လေးပါ။ IMDb 7.8 နဲ့ပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ကင်ဆာနောက်ဆုံးဆင့်နဲ့ ဆယ်ကျော်သက်ကောင်မလေး ဟေဇယ်ဟာ ကင်ဆာဝေဒနာသည်တွေအချင်းချင်းနှစ်သိမ့်တဲ့ အဖွဲ့လေးမှာ တခြားကင်ဆာနဲ့ ဆယ်ကျော်သက်ကောင်လေး အောဂက်စ်တက် နဲ့ သိကျွမ်းလာရပါတယ်။ သူတို့ ၂ ယောက်ရဲ့ တွေ့တွေ့ချင်း အငြင်းပွားစရာခေါင်းစဉ်ကတော့ အာဂတ်စ်တက်က သူသေဆုံးပြီးနောက်မှာ မေ့ပစ်ခံရပြီးအလုံးစုံပျောက်ကွယ်သွားရမှာကို ကြောက်ရွံ့နေပါတယ်။ သူ့အိမ်မက်က လူတွေ သန်းပေါင်းများစွာက သူ့ကိုမှတ်မိနိုင်လောက်အောင် အရေးပါတဲ့သူ သို့မဟုတ် သူရဲကောင်းတစ်ယောက်လို ရှင်သန်ချင်နေခဲ့တာပါ။ ဟေဇယ်ကတော့ လူသားအားလုံးဟာ တစ်ချိန်မှာ ပျောက်ကွယ်ခြင်းအဖြစ်ကို ရှောင်လွှဲမရဘူး ဒီတော့ အဲဒါကို ကြောက်ရင် ဥပက္ခာပြုထားလိုက်ဖို့ပဲတွေးပါတယ်။ ပြီးတော့ လူတွေအားလုံးက အမှတ်တရဖြစ်နေဖို့ထက် တစ်ယောက်ထဲကပဲ ထာဝရအမှတ်ရနေပေးရင် လုံလောက်ပြီဆိုတဲ့ အတွေးနဲ့ ကောင်မလေးပါ။ တစ်နေ့မှာတော့  ဟေဇယ်ရဲ့ အကြိုက်ဆုံးစာအုပ်ဖြစ်တဲ့ An Imperial Affliction ကိုရေးတဲ့ စာရေးဆရာဆီက သူအမေးချင်ဆုံးမေးခွန်းတွေကို ဖြေပေးဖို့    အမ်စတာဒမ်ကို ဖိတ်ခေါ်လာတဲ့အခါ။ ဒါပေမယ့် ဟေဇယ်မိဘတွေကဒီခရီးအတွက်ပိုက်ဆံမတတ်နိုင်ကြပါဘူး။ ဟေဇယ်ကိုယ်တိုင်လဲ သေလောက်တဲ့ ရောဂါသည်ကလေးတွေကို ဆန္ဒတစ်ခု ဖြည့်ဆည်းပေးတဲ့ ဖောင်ဒေးရှင်းတစ်ခုဖြစ်တဲ့ ဂျင်းနီတွေဆီမှာ ၁၃ နှစ်သမီးကတည်းက ဆန္ဒတစ်ခုတောင်းဆိုခဲ့ပြီးသား ဖြစ်နေတဲ့အခါ။ အောဂတ်စ်တက်ဟာ သူ့ရဲ့နောက်ဆုံးဆန္ဒတောင်းဆိုခွင့်လေးကို ဟေဇယ်နဲ့အတူ အဲဒီစာရေးဆရာဆီသွားဖို့ အသုံးချခဲ့ပြီး ဆယ်ကျော်သက်လေး နှစ်ယောက်ရဲ့ ခရီးစဉ်လေး စတင်လာတဲ့ခါ....... တခြားဇာတ်ကားတွေမှာ ဝမ်းနည်းစရာပြကွက်မှာ ဝမ်းနည်းပြီး ပျော်စရာပြကွက်မှာ ပျော်ရွင်ကြရပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီး အမြင်မျိုးစုံနဲ့ ခံစားနိုင်ကြပါတယ်။ ကျွန်တော့်အမြင်မှာ အထူးခြားဆုံးခံစားချက်ကတော့ ဒီဇာတ်ကားလေးမှာ အပျော်ရွှင်ရဆုံး အခိုက်အတန့်တွေမှာတောင် ဟေဇယ်ရဲ့ နှာခေါင်းက အောက်စီဂျင်ပိုက်ကလေး တစ်ခုတည်းကနေ ဝမ်းနည်းမှုတစ်ခုကို အချိန်ပြည့် ရောထွေးနေစေတဲ့အတွက် ထူးဆန်းတဲ့ ခံစားမှုတစ်ခုကို အမြဲရနေခဲ့ပါတယ်။ မိတ်ဆွေတို့လဲ ကြည့်ပြီးရင် တစ်ခုခု ပြန်လာမျှဝေကြပါဦး။မူရင်းရသကို မမှီပေမယ့် အတော်လေး ကြည့်လို့ကောင်း တွေးလို့ကောင်း ခံစားလို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပြီး လူတိုင်း တစ်ခေါက်လောက်တော့ ခံစားကြည့်သင့်တဲ့ဇာတ်ကားမျိုးပါပဲ။ ဒီအောက်မှာရေးထားတဲ့အကြောင်းအရာလေးတွေကတော့ ဇာတ်လမ်းအတွင်းမှာ သုံးသွားတဲ့ တစ်ချို့ နာမည်လေးတွေရဲ့ နောက်ခံကို ပြန်ရှင်း ပြပေးထားတာပါ။ သူတို့၂ယောက် လည်ပတ်ခဲ့တဲ့ Anne Frank House အန်းဖရန့်ခ် အိမ် ဆိုတဲ့နေရာက ဒုတိယကမ္ဘာစစ်မှာ နာဇီလက်ထဲနေ အန်း ရဲ့ မိသားစု နဲ့ လူ၄ ယောက်ပုန်းခိုနေခဲ့တဲ့နေရာပါ။ အန်း ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ သေဆုံးသွားခဲ့ပေမယ့် သူရေးခဲ့တဲ့ ဒိုင်ယာရီနဲ့အတူ အဲဒီအိမ်ကလေးဟာ ကမ္ဘာကျော်နေရာတစ်ဖြစ်လာခဲ့ပါတယ်။ နောက်ပြီးတော့ နောက်ဆုံးမှာ ဗန်ဟောင်တန်ပြောခဲ့တဲ့ Omnis cellula e cellula (လက်တင်-ပြင်သစ် ထင်ရပါတယ်) ဆဲလ်အားလုံးဟာ ဆဲလ်တွေကပဲ ဖြစ်ပေါ်လာတယ်ဆိုတာ ဂျာမန်ရောဂါဗေဒပညာရှင် Rudolf Virchow ရဲ့ ထင်ရှားတဲ့ သီအိုရီ တစ်ခုပါပဲ။ Trolley Problem ဆိုတဲ့ စကားစုလေးကလဲ  Philippa Foot က ၁၉၆၇ မှာ စတင်မိတ်ဆက်ခဲ့တဲ့ လူကျင့်ဝတ်ဆိုင်ရာ အတွေးအခေါ်မေးခွန်းတစ်ခုပါ။ မူရင်းကတော့ ရထားလမ်းအတိုင်း လိမ့်ဆင်းလာတဲ့လှည်းတစ်ခုရဲ့ လမ်းကြောင်းပေါ်မှာ လူ ၅ ယောက်ကို မလှုပ်နိုင်အောင် ကြိုးချီထားခဲ့ပါတယ်။ အဲဒီရထားလှည်းကို လမ်းကြောင်းပြောင်းပေးနိုင်တဲ့ လီဗာ အနီးမှာ လူတစ်ယောက်ရှိနေပါတယ်။ တကယ်လို့ သူဟာလီဗာကို ဆွဲလိုက်ရင် လမ်းကြောင်းပြောင်းသွားမှာပါ။ ဒါပေမယ့် ခင်ဗျားပြောင်းမဲ့လမ်းကြောင်းပေါ်မှာလဲ လူတစ်ယောက်ကို တွေ့လိုက်တဲ့အခါ။ (၁) လီဗာမဆွဲဘဲ လူ ၅ယောက်ကို အသေခံမယ် (၂) လီဗာဆွဲပြီး ဘေးလမ်းက လူကို အသေခံမယ် ဆိုရင် ဘယ်အရာက မှန်ကန်တဲ့ ရွေးချယ်မှုလဲ ဆိုတာပါပဲ။ File size…(2.8 GB)/ (1 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:12:53 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Littleneo

Drama • Romance
7.6 2014 126 mins
The Fault in Our Stars
Malik
7.4

Action, Drama, Biography IMDb 8.1/10 ဒီဇာတ်ကားလေးက အရမ်းကို ကြေကွဲဖို့ကောင်းတဲ့ လူမိုက်ကြီးတစ်ယောက်ရဲ့အကြောင်းပေါ့... လူမိုက်ဆိုတာနဲ့ ကျွန်တော်တို့ ရမ်းကားဆိုးသွမ်းနေတဲ့ လူတစ်ယောက်လို့ ပြေးမြင်မိကြတယ်မလား... မဟုတ်ပါဘူး..အများအကျိုးကိုသယ်ပိုးနေရင်းနဲ့ အခြေအနေနဲ့အချိန်အခါက သူ့ကိုလူမိုက်ကြီးတစ်ယောက်ဖြစ်စေခဲ့တာပါ... သူ့နာမည်က ဆိုလိုင်မန်အလီ ခေါ် အလီဘိုင် မာလစ်(ဂေ့ါဖားသား)လို့ ပြောစမှတ်တွင်ခဲ့တဲ့သူပေါ့... ရာမာဒါပက်လီဆိုတဲ့မွတ်စလင်ရွာလေးနဲ့ ယေဒါဗက်သရားလို့ခေါ်တဲ့ ခရစ်ယာန်ရွာလေးနှစ်ရွာရှိတယ် ပင်လယ်ပြင်နဲ့နီးစပ်တဲ့ ကမ်းနားရွာလေးတွေပေါ့ အဲ့ဒီရွာနှစ်ခုက ညီရင်းအစ်ကိုတွေပမာ သင့်မြတ်စွာနေထိုင်ကြလို့ ဘယ်နိုင်ငံရေးသမားကမှ အမြတ်ထုတ်လို့မရတဲ့ ရွာလေးတွေပေါ့.. အဲ့ဒီရွာတွေရဲ့ဆိုးကျိုးကိုလိုလားပြီး အမြတ်ထုတ်ချင်နေကြတဲ့လူတွေကို ကောင်းကောင်းပညာပေးတဲ့သူက အလီဘိုင်... ကိုယ့်ရွာ ကိုယ့်ပြည်သူ ကောင်းကျိုးအတွက်ဆို လူမျိုးရေးမခွဲခြားဘဲ အသက်ပေးရပေးရ လူပဲသတ်ရသတ်ရ အရဲစွန့်မယ့်လူစားမျိုး... အများအမြင်မှာတော့ လူမိုက်ကြီးပေါ့ တစ်မြို့နယ်လုံးကလည်း သူတစ်ခွန်းဆိုတစ်ခွန်း လေးစားချင်ခင်ကြတယ်... ဒီလိုလူမျိုးဆိုတော့လည်း မလိုတမာမုန်းထားတဲ့လူက များပြီပေါ့... လူရင်းတွေကပါ အကောက်ကြံလာတဲ့အခါ ဒီလူမှန်လူခါးကြီးရဲ့ ဘဝခရီးလမ်းက ဘယ်လိုဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ဖန်သားပြင်ထက်မှာ ရှုစားကြည့်ကြပါ..ဒီဇာတ်ကားလေးကို ကြည့်ပြီးသွားတဲ့အခါ ရင်ထဲတစ်ခုခုကျန်စေရပါမယ်လို့ ညွှန်းပေးလိုက်ပါတယ်နော်... File size…2.75GB / 1.34GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Action • Drama • Romance
7.4 2021 161 mins
Malik
The Place Beyond the Pines
7.3

ဒီတစ်ခါတော့ ပရိသတ်ကြီးကို ၂၀၁၂ခုနှစ်က ကားကောင်းလေးတစ်ကား တင်ဆက်ပေးပါတော့မယ် တကယ့်ကို သရုပ်ဆောင်ထားတာ ရသမြောက်ပြီးတော့ သူတို့ရဲ့ သရုပ်ဆောင်ချက်တွေထဲမှာ စီးမျောသွားရလောက်အောင်ကို ကောင်းတဲ့ကားကောင်းလေး တစ်ကားပါပဲ IMDP 7.3 အထိရရှိထားပြီး ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း Ryan Goslingရယ် Eva Mendesရယ် Bradley Cooperရယ်ဆိုတော့ ဘာပြောကောင်းမလဲပေါ့ဗျာ ဇာတ်လမ်းအကျဉ်း လုခ်ဆိုတဲ့ ဆိုင်ကယ်စတန့်မောင်းသမားက သူ့မှာကလေးရှိတာကိုသိသွားတဲ့အခါမှာတော့ ဘာကိုမှဂရုမစိုက်ဘဲ လေလွင့်နေတာကနေ သူ့သားလေးကို စောင့်ရှောက်ဖို့အတွက် သူ့သားလေးရှိတဲ့မြို့မှာပဲ နေမယ်ဆိုပြီး ဆိုင်ကယ်စတန့်မောင်းတဲ့ အလုပ်ကနေထွက်ခဲ့တာပါ အဲဒီမှာပဲ လူတစ်ယောက်နဲ့တွေ့ပြီးတော့ အဖော်ကောင်းတာနဲ့ ဘဏ်ဓားပြတိုက်ပါလေရော သူ့သားလေးရဲ့ အမေ သူ့ရည်းစားကလည်း သူက လေလွင့်နေတာဆိုတော့ တခြားတစ်ယောက်နဲ့ယူပြီး ဘဝအသစ်တစ်ခုဖြစ်နေခဲ့တာပေါ့ အဲဒီလိုနဲ့ ဓားပြတိုက်ရင်ရလာတဲ့ ငွေလေးနဲ့ သူ့သားအတွက် ပစ္စည်းလေးတွေသွားပို့ရင်း သူ့မိန်းမရဲ့ လက်ရှိယောကျာ်းနဲ့ ရန်ဖြစ်ရာကနေ အဖမ်းခံရပါလေရော အဲဒီလိုနဲ့ သူရဲ့ ဓားပြတိုက်ဖော်တိုက်ဖက် က သူ့ကို ဒေါ်လာ ၂၅၀၀နဲ့ အာမခံပေးပြီးထုတ်ခဲ့ရတာပေါ့ သူကလွတ်လာတာနဲ့ပဲ တစ်ရက်တည်းနဲ့ ဘဏ်နှစ်ကို ဓားပြတိုက်ဖို့ ကြိုးစားပါလေရော သူ့ရဲ့ တွဲဖက်ကတော့ မတိုက်တော့ဘူးဆိုပြီး ငြင်းလိုက်လို့ သူတစ်ယောက်တည်း တိုက်ရာကနေ ရဲနဲ့တွေ့ရာကနေ ဘာတွေဆက်ဖြစ်ကြမလဲ ရဲအရာရှိကရော ဘာလုပ်မှာလဲ နောက်ထပ်ရောဘာတွေဖြစ်မလဲဆိုတာကို တစ်ကားတည်းနဲ့ ဇာတ်လမ်း၃ခုကြည့်ရသလိုမျိုးရသမြောက်အောင်ရိုက်ထားပြီး သရုပ်ဆောင်တွေရဲ့ အနုပညာကိုလည်း တဝကြီးခံစားရမှာမို့ လက်မလွှတ်တမ်းသာ ကြည့်လိုက်ကြပါဦး File size…(2.46GB) / (1.47G604MBB) / (647MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:20:00 Genre…Crime / Thriller / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Action • Science Fiction • Thriller
7.3 2012 140 mins
The Place Beyond the Pines
The Sixth Secret

ဆုပေါင်း ၁၄ ဆုအထိရရှိထားတဲ့ Comedy/Horror/Mystery အမျိုးအစား ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဒါရိုက်တာ Mart Sander ရဲ့လက်ရာကောင်းတစ်ခုဖြစ်တဲ့ ဒီဇာတ်ကားလေးထဲမှာ ဇာတ်ကားရဲ့ နာမည်အတိုင်း လျှို့ဝှက်ချက် ခြောက်ခုကို တဖြည်းဖြည်းနဲ့ဖော်ထုတ်သွားတာမျိုးပေါ့ ဇာတ်အိမ်ကလေးကတော့ ဝိညာဉ်တွေနဲ့ဆက်သွယ်ပြီး ချိတ်ဆက်စကားပြောပေးတဲ့ အလုပ်ကိုလုပ်ကိုင်တဲ့ မဒမ်အော်လော့ဖ်စကီ ဟာ အမြဲတမ်း လူ ၁၂ ယောက်ပါဖို့ သတ်မှတ်ထားတဲ့စားပွဲပေါ်မှာ ကိုယ့်ရဲ့လျှို့ဝှက်ချက်ကို သိချင်တဲ့ လူတိုင်းရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပေးပြီးတော့ တမလွန်က ဝိညာဉ်တွေနဲ့ ဆက်သွယ်ပေးတာပေါ့။ ဒါပေမယ့် တစ်နေ့မှာတော့ အဲလို စုဝေးပွဲမှာ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေနဲ့ ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ တစ်ယောက်ချင်းစီရဲ့ လျှို့ဝှက်ချက်တွေက ဇာတ်လမ်းကြီးတစ်ခုလုံးကို အစကနေ အဆုံးထိ စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်ပြသပေးသွားမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်။ File size…(1.3 GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Comedy, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

Adventure • Action • Horror • Science Fiction
0 2022 90 mins
The Sixth Secret
Misty Creed
5.8

ဒီဇာတ်ကားမှာ Conjuring Curse ရဲ့ပုံစံအတိုင်းပဲ လျှို့ဝှက်ဆန်းကြယ်ပုံဆက်ပြီးသွားထားပါတယ်။ ထူးဆန်းသတ္တဝါကိုနှင်ဖို့ ရွာသားတွေက မြူနတ်ကို မျက်ကန်းမိန်းကလေးနဲ့ လက်ထပ်ပူဇော်ဓလေ့တစ်ခုရှိခဲ့တယ်။ ဝူရှဲ၊ ကျန်းချီလင်နဲ့ ဝတုတ်တို့က မြူတွေဆိုင်းနေတဲ့တောင်တစ်ခုမှာ ထူးဆန်းသတ္တဝါကဒုက္ခပေးနေတယ်ဆိုပြီး အကူအညီတောင်းလာတဲ့အတွက် မြူနှင်းတောင်ကိုရောက်လာခဲ့ကြတယ်။ တောင်ပေါ်ရောက်စမှာပဲ မြူတွေထဲမှာမျက်စိလည်ပြီးလမ်းပျောက်ကြတော့တာပဲ။ မြူနှင်းတွေကြားမှာဘယ်လို အန္တရာယ်တွေက စောင့်နေမလဲ …… ထူးဆန်းသတ္တဝါရဲ့နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ……

5.8 2023
Misty Creed
The Final Say
7.2

ဘလိုင်းဒိတ်တစ်ခုကနေ ချစ်ခြင်းမေတ္တာအပြည့်အ၀နဲ့ ထူထောင်ခဲ့တဲ့ အိမ်ထောင်ရေးတစ်ခု။ ဘုရားသခင်မှာ စိတ်ရင်းနဲ့ သက်ဝင်ယုံကြည်ကြတဲ့ သူတို့တွေ… သူတို့မိသားစုလေးမှာ ကလေးတွေအများကြီးနဲ့ဖြည့်တင်းဖို့ ဆုတောင်းမျှော်လင့်ထားခဲ့ကြပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ ခင်ပွန်းဖြစ်သူရဲ့ ရင်သွေးတွေအများကြီးယူဖို့ဆိုတဲ့ မျှော်လင့်ချက်ကြီးမားမှုကို သိနေ ခံစားနေရတဲ့ ဇနီးသည်တစ်ယောက်အတွက် ကလေးယူဖို့က သူ့ချို့ယွင်းချက်ဖြစ်နေတာမို့ အရမ်းချစ်ပေမဲ့ စွန့်လွှတ်ဖို့ ကွာရှင်းဖို့လမ်းကို ရွေးချယ်ခဲ့ပါတယ်။ အထက်ကဇာတ်လမ်းကို ပြောပြနေတာကတော့ အတ္တလန်တာကိုသွားနေတဲ့ လေယာဉ်ပေါ်က ဂျော်ဒန်ဆိုတဲ့သူ။ မုန်တိုင်းကြောင့် လေယာဉ်ဆင်းဖို့ကြန့်ကြာနေတဲ့အတွက် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ လက်ထရိစ်ဆိုသူ သူစိမ်းအမျိုးသမီးလေးကို စိတ်သက်သာရာသက်သာကြောင်း ပြောပြနေတဲ့ ဇာတ်လမ်းတပုဒ်ပေါ့။ သူတို့နှစ်ဦးလုံးက အတ္တလန်တာကို မင်္ဂလာပွဲအခမ်းအနားသွားတက်ကြမှာ။ဆိုတော့… သူတို့တွေ လိုရာခရီးကို အချိန်မှီရောက်နိုင်မှာလား။ သူပြောပြနေတဲ့ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို ကြည့်ရှုအားပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပါ) File size…(1.7 GB)/(830 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

Action • Comedy • Crime • Drama • Thriller
7.2 2023 93 mins
The Final Say
A Journey
6.1

ဒရာမာအဆွေး ဇာတ်ကားကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်သူတွေအတွက် A Journey ဆိုတဲ့ ဖိလစ်ပိုင်ဒရာမာကား ကောင်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဖိလစ်ပိုင်ဆိုပေမဲ့ Netflix တန်းဝင်ဖြစ်ပြီး IMDb Rating ကလည်းလက်ရှိ 6.1 အထိရရှိထားတဲ့အတွက်ပေးရတဲ့အချိန်နဲ့တန်စေမဲ့ Feeling မျိုးကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ချစ်သူနှစ်ဦး ကတကယ်တမ်းအရမ်းချစ်လာကြပြီး အဆင်ပြေနေကြပြီဆိုရင် လောကကြီးကမတရားတာများ ပါတယ်။ချစ်လျက်နဲ့ သေကွဲကွဲရသူတွေ ရှင်ကွဲကွဲရသူတွေ ကိုလည်းရေတွက်လို့တောင် မကုန်နိုင်ပါဘူး။ဒီဇာတ်ကား လေးထဲမှာလည်း ဘရိုင်ယန်နဲ့ ရှိန်းဆိုတဲ့အရမ်းချစ်တဲ့ ငယ်ချစ် လင်မယားရဲ့ ဘဝကိုကံကြမ္မာဆိုးက ဝင်မွှေပုံကိုစတင် တွေ့ရမှာဖြစ်ပါတယ်။ရှိန်းက ရင်သားကင်ဆာရှိသူ တစ်ယောက် ဖြစ်ပြီး သိပ်မကြာသေးခင်ကပဲ ကုသမှုတွေခံယူပြီး ကင်ဆာကို ကျော်ဖြတ်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ကံကြမ္မာကမျက်နှာသာ မပေးတဲ့အခါမှာတော့ ဒုတိယ တစ်ခေါက်ပြန်ဖြစ်လာခဲ့ပြီး အရင်ထက်တောင်ပို ဆိုးလာပါတော့တယ်။ ဒီလိုနဲ့ ရှိန်းလည်း ကိုယ်ချစ်တဲ့သူကို ထပ်မနာကျင်စေချင်တဲ့ အတွက်ဆေးမကုသပဲနဲ့ သူမသေခင် ဖြစ်ချင်တဲ့ဆန္ဒတွေကို စာရင်းတစ်ခုနဲ့ချရေးပြီး အဲ့ဒါတွေကို လိုက်လုပ်ဖို့ပဲ ဆုံးဖြတ်ခဲ့ပါတော့တယ်။ဘရိုင်ယန် ကလည်း ရှိန်းကို ဆေးကုသဖို့နားချလို့ မရတဲ့အတွက် သူ့ရဲ့စာရင်းထဲက ဟာတွေကို ပြီးမြောက်အောင်လိုက်ကူညီပေးဖို့ပဲ ဆုံးဖြတ်ခဲ့ပါ တော့တယ်။ဒါပေမယ့် အဲ့ဒါကိုသူတို့နှစ်ယောက်တည်း လုပ်မှာမဟုတ်ပဲ သူတို့နှစ်ယောက်နဲ့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ အခုအချိန်မှာမင်းသားဖြစ်နေတဲ့ သူငယ်ချင်း တူပဲကပါ အတူတူလိုက်လံကူညီပေးပါတော့တယ်။ ဒီလိုနဲ့ သူတို့ သူငယ်ချင်းသုံးယောက်ရှိန်းဖြစ်ချင်တဲ့ ဆန္ဒတွေကို အချိန်မှီ ပြီးမြောက်အောင်လုပ်ပေးနိုင်ပါ့မလား.. လင်မယားနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဇာတ်သိမ်းမှာ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာတွေကို လိုက်ပါစီးမြောပြီး ကြည့်ရှုရမဲ့ဒရာမာဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size…1.47GB / 697MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Animation • Family • Fantasy
6.1 2024 115 mins
A Journey
Agent Vinod
5.2

James Bond ဇာတ်ကားလို ကြည့်ရှုရမယ့် အိန္ဒိယအေးဂျင့် ဗီနွတ် အဖြစ် ဆစ်အလီခန်း နဲ့ မင်းသမီးချော ကရီနားကပူရ် တို့ရဲ့ သည်းထိတ်ရင်ဖို အက်ရှင်စပိုင်ဇာတ်ကြမ်းကား တစ်ကားဖြစ်ပါတယ်။ Agent Vinod ဟာ ဂျိမ်စ်းဘွန်းလို ရုပ်ချောစတိုင်ကျ လျင်မြန်သွက်လက် ဉာဏ်ကောင်းတဲ့အေးဂျင့်တစ်ယောက်ဖြစ်ပါတယ် သူဟာ သူ့ရဲ့သူငယ်ချင်းလုပ်ဖေါ်ကိုင်ဖက်ဖြစ်တဲ့ ရာဂျန်အသတ်ခံရတဲ့ကိစ္စမှာ အမှုမှန်ကိုဖေါ်ထုတ်ဖို့တာဝန်ပေးထားခြင်းခံရပါတယ် Vinod ဟာ တရားခံကိုဖေါ်ထုတ်ဖို့ကြိုးစားနေရင်းက အမှုကနက်နဲလာပြီး ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကနေတဆင့်ကြီးမားတဲ့ သဲလွန်စတွေကိုခြေရာခံမိပါတော့တယ်… ခြေရာအားလုံးက “424” ဆိုတဲ့အရာပေါ်မူတည်နေပြီး ဒီဇာတ်လမ်းရဲ့အသက် “၄၂၄” ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ အဖြေရှာရမှာပါ။ တစ်ကားလုံးမပျင်းရအောင် အပစ်အခတ်အက်ရှင်တွေနဲ့ ဆွဲဆောင်သွားမှာဖြစ်တဲ့အပြင် မင်းသမီးချော ကရီနားကပူရ်းကလဲ လန်ပျံနေအောင်မိုက်တာရှုစားရမှာပါ။

Drama
5.2 2012 157 mins
Agent Vinod
Hotel Belgrade
6.2

ဒီဇာတ်လမ်းလေးကတော့ ၂၀၂၀ ပြည့်နှစ်ကထွက်ရှိခဲ့တဲ့ ရုရှား-ဆာဘီးယန်း အချစ်/ဟာသ ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ပါဗန်က ချမ်းသာတဲ့သူဌေးတစ်ယောက်ဖြစ်ပြီး ဘဲလ်ဂရိတ်မြို့လယ်ခေါင်မှာ ခမ်းနားထည်ဝါလှတဲ့ ဟိုတယ်တစ်လုံးကိုပိုင်ထားသူပါ။ သူက တစ်နေ့မှာ လူမိုက်ခေါင်းဆောင်တစ်ယောက်နဲ့ ပြဿနာတက်ရာကနေ အဲ့ဒီလူရဲ့ သမီးက သူ့ကိုတစ်ဖက်သတ်ချစ်ကြိုက်စွဲလန်းနေသူတစ်ယောက်ဖြစ်နေတော့ ပြဿနာကိုလည်း မဖြေရှင်းနိုင်တဲ့ပါဗန်တစ်ယောက် လူမိုက်ခေါင်းဆောင်ရဲ့သမီးကို လက်ထပ်ဖို့ဖြစ်လာပါတော့တယ်။ မင်္ဂလာပွဲအတွက် ပြင်ဆင်နေစဉ်မှာပဲ ပါဗန်ရဲ့တစ်ချိန်က အဆက်ဟောင်းက သူ့ဟိုတယ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပါ။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:46:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

6.2 2020
Hotel Belgrade
Long Gone Heroes
5.7

အက်ရှင်ကားကောင်းကောင်းတွေကို မျှော်လင့်စောင့်စားနေတဲ့လူတွေအတွက် စိတ်ဝင်စားစရာကောင်းကောင်းနဲ့ Gun Fighting ခန်းတွေကိုရှယ်ကြည့်ရမဲ့ ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Long Gone Heroes ဖြစ်ပြီး လက်ရှိ IMDb Rating 5.7 အထိရရှိထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Five Nights At Freddy’s တို့ The Hunger Games တို့မှာပါဝင်သရုပ်ဆောင်ထားတဲ့ Josh Hutcherson နဲ့ Captain American တို့ The Purge တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အက်ရှင်မင်းသားကြီး Frank Grillo တို့အပြင်တခြားသောနာမည်ကြီး သရုပ်ဆောင်တွေပါ ပါဝင်ထားတာဖြစ်တဲ့အတွက်ရှယ်ကြည့်ကောင်းမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ဗင်နီဇွဲလားမှာရေနံတွေအများကြီးထွက်ရှိခဲ့တဲ့အတွက် ပြည်တွင်းကအာဏာရှိသူတွေနဲ့ အမေရိကန်ကအာဏာရှိသူတွေပူးပေါင်းပြီး ရေနံတွေကိုတရားမဝင်တင်ပို့တဲ့လုပ်ငန်းတွေလုပ်နေကြတဲ့အကြောင်း စတင် မိတ်ဆက်ထားပါတယ်။အထက်ကလူတွေကိုယ်ကျိုးအတွက်လုပ်နေကြပေမဲ့ အောက်ခြေကဗင်နီဇွဲလားပြည်သူတွေကတော့ ငွေကြေးဖောင်းပွမှုတွေ စီးပွားရေး ကျဆင်းမှုတွေကြောင့်ဒုက္ခများစွာကြုံတွေ့နေရပါတော့တယ်။ အဲ့ဒါကြောင့် ဒီမတရားမှုတွေကိုအဆုံးသတ်ဖို့ ဂျူလီယာဆိုတဲ့ သတင်းထောက်မလေး တစ်ယောက်က ဗင်နီဇွဲလားကိုသွားပြီးလိုအပ်တဲ့အချက်အလက်တွေကို စုံစမ်းပါတော့တယ်။အကုန်ပြည့်စုံပြီးဖွင့်ချလို့ရပြီဆိုမှ အမှန်တရားတွေ ပေါ်သွားမှာကိုကြောက်နေတဲ့လူတစ်စုက ဂျူလီယာ့ကိုဖမ်းခေါ်သွားပါတော့တယ်။ အဲ့ဒါကြောင့်ဂျူလီယာရဲ့အမေဖြစ်တဲ့ လွှတ်တော်အမတ်ကြီးက ဂျူလီယာ့ကို သွားကယ်ဖို့အဖွဲ့တစ်ခုစေလွှတ်ခဲ့ပြီး ဂျူလီယာ့ကိုကယ်ထုတ်တဲ့ခရီးစဉ် တစ်လျှောက်မှာ ကြုံတွေ့ရမဲ့အရာတွေများစွာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.84GB / 1.09GB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.7 2024
Long Gone Heroes
Jedna noc
6.8

IMDb Rating (6.8) (ပွင့်လင်းမြင်သာသော အဖော်အချွတ် ဇာတ်ဝင်ခန်းများ ပါဝင်သောကြောင့် ကလေးသူငယ်/မိသားစုနှင့် ကြည့်ရန်မသင့်ကြောင်းပါ) အာဒမ်ဆိုတာက တစ်ချိန်တုန်းက အောင်မြင်တဲ့ တီးဝိုင်းတစ်ခုက ရှေ့ထွက်အဆိုတော်တစ်ယောက်။ ကောင်မလေးတွေဆိုတာလည်း ဒီလိုဘဝမှာ အပေါအသောပဲပေါ့။ ဒါပေမဲ့ လူကတော့ အိမ်ထောင်သည်တစ်ယောက်ပါ။ ဒီလိုနဲ့ တစ်ညမှာတော့ ဖျော်ဖြေပွဲအပြီး ပွဲကြည့်လာတဲ့ မိန်းကလေးတစ်ယောက်နဲ့ အပြန်လမ်းမှာ သတိမမူ ဂူမမြင်ဆိုသလို အမှားတွေ ကျူးလွန်ပြီး ကားတိမ်းမှောက်ခဲ့ရာကနေ တစ်ဖက်မိန်းကလေးလည်း သေဆုံးပြီး အာဒမ်လည်း ထောင်ကျခဲ့တယ်။ ပြန်ထွက်လာချိန် မိန်းမဖြစ်သူလည်း ကလေးတစ်ဖက်နဲ့ Only Fan လို ဗီဒီယို ပြစားရင်း ငွေရှာနေရတယ်။ ပြစ်မှု မှတ်တမ်းဝင်သွားတဲ့ အာဒမ့်အတွက်လည်း အလုပ်အကိုင်က အခြေအနေမကောင်း။ အဲဒီမှာ တိုက်ခန်းလေးကလည်း နှင်ထုတ်တဲ့အချိန်မှာတော့….။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size…(990 MB) / (470 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:29:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thura Aung

6.8 2024
Jedna noc
Taken from Rio Bravo

Taken from Rio Bravo 2024 ‌ခါးကြားထဲသေနတ်လေးထိုးပြီး သက္ကလပ်ဦးထုပ်နဲ့ ဖိနပ်မှာဆူးလေးတပ်ထားတဲ့ ခပ်မိုက်မိုက်ကောင်းဘွိုင်ကြီးအဖြစ် ငယ်ငယ်က စိတ်ကူးယဉ်ဖူးခဲ့ကြလား သိတဲ့အတိုင်း ကောင်းဘွိုင်ဆိုတာမျိုးက ဘာမှန်းသာမသိပေမယ့် စတိုင်ကကျ အထာကလန်းနေတော့ မသိလည်း ကြိုက်ခဲ့ရတာပေါ့… အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကလည်း လုံးဝကောင်းဘွိုင်အရသာအပြည့်အဝနဲ့ ဖီလင်ကိုပေးမှာပါ ဇာတ်အိမ်တည်ထားတာက ၁၈၀၀ ပြည့်နှစ်ဝန်းကျင် အမေရိကန်ပြည်တွင်းစစ်ပြီးစပေါ့ တရားဥပဒေဆိုတာစိုးမိုးဖို့ ကြိုးစားနေကကြပေမယ့် ခါးကြားထဲကခြောက်လုံးပြူးနဲ့လူတိုင်း သောင်းကျန်းနေကြတဲ့ခေတ်ပေါ့ အဲ့အချိန် ဇာတ်လိုက်ကျော်ရဲ့မိတ်ဆွေရဲမှူးရဲ့ဇနီးလောင်းညီအမကို လူကုန်ကူးဖို့ ဂိုဏ်းတစ်ခုကဖမ်းသွားတဲ့အခါမှာ နောက်ကလိုက်ကယ်ဖို့ ကြိုးစားရပါတော့တယ် အပစ်အခတ်ကတော့ ပြောစရာမလို တဒိုင်းဒိုင်းနဲ့ကို ကောင်းဘွိုင်ကားအစစ်ပါပဲ ဇာတ်လိုက်ကျော်ကလည်း အပြင်ကတကယ့်လူကို မှီငြမ်းပြီးပုံဖော်ထားတာဖြစ်ပြီး သူကရုရှားနိုင်ငံသားကနေ အမေရိကန်ရွှေ့ပြောင်းလာပြီး ပြည်တွင်းစစ်မှာဗိုလ်ချုပ်ဖြစ်သွားတဲ့သူဆိုတော့ စိတ်ဝင်စားစရာဇာတ်ကောင်ပါပဲ… အဲ့တော့ ပရိသတ်ကြီးပဲအပန်းဖြေကြည့်ရှုကြဖို့ တင်ဆက်ပေးလိုက်ရပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ဖြစ်ပါတယ် Genre….. Action, Western Quality…. 1080p WEB-DL | 720p WEB-DL File size… 1.3GB | 628MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

0 2024
Taken from Rio Bravo
The Snow Sister
7

ဒီဇင်ဘာလကို ရောက်ရှိလာပြီဆိုတော့ CM ကနေ ခရစ္စမတ်ကားလေးတွေ ဘာသာပြန်တင်ဆက်ပေးဖို့ အချိန်ကို ရောက်လာပါပြီ ။ ဒီတစ်ခါ တင်ဆက်ပေးလိုက်တဲ့ ကားလေးကတော့ IMDb 7.1 ရရှိထားတဲ့ ခရစ္စမတ် ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ခရစ္စမတ်မှာ မပျော်တဲ့သူဆိုတာ မရှိဘူးလို့ လူတိုင်းက ထင်ချင်ထင်ကြပါလိမ့်မယ် ။ ဒါပေမဲ့ ယူလီယန်ဆိုတဲ့ ကောင်လေးကတော့ ခရစ္စမတ်ရောက်မှာကိုတောင် စိုးရိမ်မိပါသတဲ့ ။ ဒီလိုနဲ့ သူ တစ်သက်လုံး မပျော်ရွှင်ရ လောက်တော့ဘူးလို့ ထင်ခဲ့တဲ့ ခရစ္စမတ်ကာလမှာ ယူလီယန်ဟာ ဟက်ဗစ်လို့ ခေါ်တဲ့ ထူးထူးဆန်းဆန်း သူငယ်ချင်းမလေးတစ်ယောက် ရခဲ့ပါတယ် ။ ယူလီယန် ရေကူးတော်တာကို အရမ်းအားကျတဲ့ သူငယ်ချင်းမလေး ဟက်ဗစ်က သူကိုယ်တိုင်တော့ ရေကူးရမှာကြောက်ပါတယ်တဲ့ ။ မိသားစုဝင်လည်း တစ်ယောက်မှမတွေ့ရဘဲ အိမ်မှာ အမြဲတစ်ယောက်တည်းလိုလိုတွေ့ရတတ်တဲ့ ဟက်ဗစ်မှာ ဘာလျှို့ဝှက်ချက်တွေရှိနေမှာလဲ ။ အဲဒီလျှို့ဝှက်ချက်တွေက သူတို့ရဲ့ သူငယ်ချင်း ဆက်ဆံရေးကို ပြောင်းလဲစေမှာလား ။ ယူလီယန်ရဲ့ ခရစ္စမတ်ကရော ပြန်လည်အသက်ဝင်လာနိုင်မှာလား ဆိုတာကိုတော့ အားလုံးပဲ အတူတူ ကြည့်ရှုလိုက်ရအောင်ပါနော် ။ File size… (1.44GB) / (664MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Drama , Family , Holiday Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

Family • Adventure • Animation • Comedy • Fantasy • Mystery
7 2024 98 mins
The Snow Sister
Varsity Blues

Varsity Blues ဆိုတာ ၁၉၉၉ ခုနှစ်က ထွက်ခဲ့တဲ့ ဘောလုံးအကြောင်းနဲ့ လူငယ်ဘဝရဲ့ အလှည့်အပြောင်းတွေကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးတစ်ကားပါ ဇာတ်အိမ်က တက္ကဆက်ပြည်နယ်က မြို့ငယ်လေးတစ်မြို့မှာ တည်ထားတာ ဒီမြို့မှာ ဘောလုံးဆိုတာ ဘာသာတရားလိုပဲ အားလုံးက အထက်တန်းကျောင်းရဲ့ ဘောလုံးအသင်းကို အသက်သွင်းထားတဲ့ပုံစံပေါ့ အဓိကဇာတ်ကောင်ကတော့ ဂျွန်နီ မော့က်စ် ဆိုတဲ့ကောင်လေး (ဂျိမ်းစ် ဗန် ဒါ ဘိခ် သရုပ်ဆောင်ထားတာ) သူက အသင်းရဲ့ အရန် ကွာတားဘက် ပြီးတော့ ဒီဘောလုံးအရူးတွေနဲ့ ပြည့်နေတဲ့ မြို့မှာ သူ့ဘဝကို သူ ကိုယ်ပိုင်လမ်းနဲ့ သွားချင်တဲ့ ကောင်မျိုးဖြစ်နေတာ ဒါပေမယ့် ကံကြမ္မာက လှည့်စားတယ်လေ အသင်းရဲ့ စတားကစားသမား လန်စ် ဟာဘာ ဒဏ်ရာရသွားတော့ မော့က်စ်တစ်ယောက် မထင်မှတ်ဘဲ အဓိက ကွာတားဘက်ဖြစ်လာတယ် ဒီမှာ ပြဿနာက နည်းပြကြီး ဘတ်ကုန်း (ဂျွန် ဗွိုက်ထ် သရုပ်ဆောင်ထားတယ်) သူက အနိုင်ရဖို့ဆို ဘာမဆို လုပ်မယ့် လူမိုက်ပုံစံ ကစားသမားတွေကို စိတ်ရော ကိုယ်ပါ ဖိအားပေးတာ မော့က်စ်ကတော့ ဒီဖိအားတွေ မြို့သူမြို့သားတွေရဲ့ မျှော်လင့်ချက်တွေကြားမှာ သူဘာကို တကယ်လိုချင်လဲ ရှာဖွေရတော့တာပဲ ဇာတ်ကားထဲမှာ သူငယ်ချင်းတွေ အချစ်ရေး (အေမီ စမတ် သရုပ်ဆောင်တဲ့ ဒါစီနဲ့ ဇာတ်လမ်းလေး ပါသေးတယ်) မိသားစုပြဿနာတွေနဲ့ ဘဝရဲ့ ရွေးချယ်မှုတွေကို ဟာသလေးနှောပြီး ပြသွားတာ နောက်ဆုံး မော့က်စ်တစ်ယောက် အသင်းကို သူ့လမ်းနဲ့ ဦးဆောင်ပြီး သူ့ကိုယ်သူ ပြန်ရှာတွေ့သွားတဲ့ ပုံစံနဲ့ ဇာတ်သိမ်းထားပါတယ် ဘောလုံးပရိသတ်ဖြစ်ဖြစ် လူငယ်ဘဝ ဇာတ်လမ်းမျိုးကြိုက်တတ်သူဖြစ်ဖြစ် ဒီဇာတ်ကားက စိတ်ဝင်စားစရာပါပဲ File size… (2.3 GB) / (1.3 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

Comedy • Romance
0 1999
Varsity Blues