YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

9-1-1.lone.star.s02e08.Bad.Cal.1080p.CM.mp4

478.18 MB N/A video/mp4 2170 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rye Lane
7.2

IMDb Rating - 7.3/10 အသည်းကွဲနေတဲ့ကောင်လေးနဲ့ လမ်းခွဲပြီးစ ကောင်မလေး တို့ရဲ့ လန်ဒန်မြို့တောင်ဘက်ခြမ်းက လမ်းမထက်က အချစ် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ရှက်တတ်တဲ့ ဒွန်မ်နဲ့ တက်တက်ကြွကြွနေတတ်တဲ့ ရာ့စ်တို့နှစ်ယောက်ဟာ အကျင့်စရိုက်ချင်းမတူညီကြပေမယ့် အချင်းချင်းနှစ်သိမ့် ပေးရင်း အခက်အခဲတွေကို ကူညီပေးရင်း အချစ်ပန်းပွင့် ဖူးလာပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ များသောအားဖြင့် ဒီလိုကားမျိုးတွေဟာ ချိုသာတဲ့အပြော လေးတွေ အပြလေးတွေနဲ့ ကြည့်ရှုသူကို ချွဲမယ့်ကားဆို ပေမယ့် ဒီဇာတ်ကားလေးကတော့ ဟာသလေးတွေ အလွဲ လေးတွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် အချစ်ဟာသ ကားလေးဖြစ်ပါတယ်။ တစ်ချိန်ချိန်တစ်နေရာရာမှာ ကိုယ် နဲ့လိုက်ဖက်ညီမယ့်လက်တွဲဖော်ဆိုတာ စောင့်နေပါတယ် ဆိုတဲ့ အသိလေးကို ပေးထားတဲ့ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်) File Size..........(1.41 GB) / (588 MB) / (334 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 22Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Zaw Myo Thu Encoder..........SWM

7.2 2023 82 mins
Rye Lane
The Banshees of Inisherin
7.5

ဒီရုပ်ရှင်ကတော့ အတော်ကိုပြောင်မြောက်တဲ့ Dark Comedy အမျိုးအစားပါ။ Martin McDonagh ကိုယ်တိုင်ရေးသားရိုက်ကူးထားတာပါပဲ။ Martin McDonagh ဆိုတာ In Bruges, Seven Psychopaths, Three Billboards Outside Ebbing, Missouri တို့တို့ နာမည်ကြီးရုပ်ရှင်တွေကို ရေးသားပေးခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင်ဟာ တကယ်တော့ အိုင်းရစ်ပြည်တွင်းစစ်ကို သရော်တဲ့ သဘောလည်းပါပါတယ်။ အိုင်းရစ်ပြည်တွင်းစစ်အကြောင်း ပြောရမယ်ဆိုရင်တော့ ၁၉၁၉ ကနေ ၁၉၂၁ အတွင်း အိုင်းရစ် ရီပက်ဘလစ်ကန်တပ်မတော်နဲ့ ဗြိတိသျှတို့ တိုက်ခိုက်ခဲ့ကြတဲ့ အိုင်ယာလန်လွတ်လပ်ရေးစစ်ပွဲကနေ အစပြုခဲ့တာပါပဲ။ အိုင်ယာလန်တွေဟာ 1801 ခုနှစ်ကတည်းဆုံးရှုံးခဲ့တဲ့ လွတ်လပ်ရေးအတွက်ဗြိတိန်နဲ့တိုက်ခိုက်ရင်း ၁၉၂၁ မှာ စစ်ပွဲရပ်စဲဖို့အတွက် အင်ဂလို-အိုင်ယာလန် ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုဖို့ အကြောင်းဖန်လာပါတယ်။ ဒီစာချုပ်အရ အိုင်ယာလန်ဟာ တစ်နှစ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့နိုင်ငံဖြစ်လာမှာပေမဲ့ ဗြတိသျှအင်ပါယာထဲမှာ အကျုံးဝင်ကြောင်း သဘောတူညီချက်စာချုပ်ပါပဲ။ အဆိုပါစာချုပ်ကို လက်ခံတဲ့အဖွဲ့နဲ့ လက်မခံတဲ့အဖွဲ့ နှစ်ဖွဲ့ကွဲပြီး အိုင်ယာလန်ပြည်တွင်းစစ်ကြီးဖြစ်လာခဲ့တာပါ။ အဆုံးမှာတော့ စာချုပ်ကိုလက်ခံတဲ့အဖွဲ့က အနိုင်ရပြီး ပြည်တွင်းစစ်ပြီးဆုံးခဲ့တာပါ။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ် ကွမ်ဆိုတဲ့သူနဲ့ ပက်ဒရစ်ဆိုတဲ့သူဟာ အင်နီရှဲရင်ဆိုတဲ့ ကျွန်းကလေးပေါ်က ရွာလေးတစ်ခုမှာ အတူနေထိုင်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကွမ်ဟာ ရုတ်တရက်ကြီး ပေါ့ဒရစ်ကို အပေါင်းအသင်းမလုပ်ချင်တော့ဘူးဆိုပြီးအဆက်အသွယ်ဖြတ်သွားပါတယ်။ ဘာကြောင့်မှန်းလည်းမသိတဲ့ ပေါ့ဒရစ်က ကွမ်နဲ့စာရှင်းရှင်းဖို့ ကြိုးစားရင်း ပြဿနာတွေပိုပိုရှုပ်လာပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းကို မုန်းတီးလာပေမဲ့ အပြင်လူနဲ့ အရေးကြုံရင်လည်း ကူညီတတ်ကြသလို တစ်ယောက်ရဲ့ တိရစ္ဆာန်လေးတွေကိုလည်း တစ်ယောက်က ချစ်ကြပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အမုန်းတရားတွေကြောင့် ဘယ်လိုပျက်စီးရလဲဆိုတာကို Dark Comedyတွေရဲ့ ထုံးစံအတိုင်း ရယ်ရခက် ငိုရခက်နဲ့ ရိုက်ကူးပြသသွားတာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 710MB | 312MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Action • Crime
7.5 2022 114 mins
The Banshees of Inisherin
The Admiral: Roaring Currents
7.1

လီဆွန်းရှင်းဟာ ဂျိုဆွန်းတပ်မတော်မှာ အမှုထမ်းချိန်က စပြီး အောင်ပွဲတွေ အလီလီ ရခဲ့ပြီး ထင်ရှားလာခဲ့တယ်။ ၆လအတွင်းမှာ ထိပ်တန်းရာထူး သုံးဆင့်တက်တဲ့အထိ ထူးချွန်ခဲ့ပြီး ဂျပန်စစ်မင်း Toyotomi Hideyoshi ရဲ့ ကိုရီးယားကို ကျူးကျော်စစ် (Imjin War) စတင်ချိန်မှာ လီဆွန်းရှင်းဟာ ရေတပ်သေနာပတိဖြစ်နေပါပြီ။ ဂျပန်တွေရဲ့ကျူးကျော်တိုက်ခိုက်ချိန်မှာ ကြည်းတပ်တိုက်ပွဲတွေမှာ အသာစီးရခဲ့ပေမယ့် လီဆွန်းရှင်းဦးဆောင်တဲ့ရေတပ်ကိုတော့ မစိုးမိုးနိုင်ခဲ့ဘူး.... ကိုရီးယားကို ရေကြောင်းနဲ့ စိုးမိုးချင်ရင် လီဆွန်းရှင်းမရှိမှ ဖြစ်မယ်ဆိုတာကို ရိပ်စားမိလာတဲ့ ဂျပန်တွေဟာ ဂျိုဆွန်းရဲ့နန်းတွင်းရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သူလျျှိုသွင်းတဲ့အပြင် သစ္စာဖောက် အမတ်တွေနဲ့ ပေါင်းကြံပြီး ထောင်ချောက်တစ်ခု ဆင်ပါတယ်။ ဂျပန်ရေတပ်တွေရဲ့ သတင်းကို ကိုရီးယားသစ္စာခံအယောင်ဆောင် ဂျပန်သူလျှိုကနေ တစ်ဆင့်ပို့တဲ့အခါ ဘုရင်ဆွန်းဂျိုက လီဆွန်းရှင်းကို သွားတိုက်ခိုင်းတယ်။ ဒါဟာထောင်ချောက်မှန်း ရိပ်စားမိနေတဲ့ လီဆွန်းရှင်းက အမိန့်ကို ဖီဆန်ပြီး မတိုက်တဲ့အခါ ထီးနန်းကိုလုပ်ကြံမယ့်သူအဖြစ် စွပ်စွဲခံရတော့တယ်။ လီဆွန်းရှင်းကို စစ်သည်တွေနဲ့ ပြည်သူတွေက ကြည်ညို ကြတာကို မနာလိုတဲ့အပြင် သူ့ထီးနန်းကိုပါ စိတ်မချဖြစ်နေတဲ့ ဘုရင်ဆွန်းဂျိုဟာ လီဆွန်းရှင်းကို ဖမ်းပြီး ရာထူးချတဲ့အပြင် နှိပ်စက် စစ်မေးစေတယ်။ အထက်ကပြောခဲ့တာတွေဟာ ဒီဇာတ်ကားမှာ မပါပါဘူး...ဒီကားရဲ့အစကတော့ လီဆွန်းရှင်းမရှိတဲ့ရေကြောင်းကို ဂျပန်တွေအသာစီးရပြီးတဲ့အချိန်မှာမှ ဘုရင်ဆွန်းဂျိုကနေ လီဆွန်းရှင်းကို ပြန်လည်တာဝန်ပေးအပ်ပြီး ဂျပန်ရေတပ်ကိုခုခံတိုက်ခိုက်စေခဲ့တာနဲ့စပါတယ်... လီဆွန်းရှင်းအတွက် ပထမတိုက်ပွဲက လက်ကျန် သင်္ဘောအနည်းငယ်နဲ့သာတိုက်ဖို့ရှိနေတဲ့အပြင် ရေတပ်သားတွေလည်း ထွက်ပြေးသူပြေး စည်းလုံးမှုတွေလည်း တကွဲတပြားတွေဖြစ်နဲ့ဆိုတော့ ဒီတိုက်ပွဲက သူ့အတွက်အခက်အခဲဆုံးပါပဲ... ကိုင်းသူဘယ်လိုတွေပြင်ဆင်လဲ...ဘယ်လိုတွေတိုက်ခိုက်လဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး... The Admiral: Roaring Currents(2014) ရုပ်ရှင်ကတော့ တောင်ကိုရီးယား Box Officeရဲ့ သမိုင်းမှာ (135)သန်းကျော်နဲ့ ဝင်ငွေအများဆုံး ဇာတ်ကားအဖြစ်ရှိနေပါတယ်။ နှစ်စဉ်နှစ်တိုင်း ရုပ်ရှင်ကားကောင်း ရာဂဏန်းထွက်နေတဲ့ တောင်ကိုရီးယားရုပ်ရှင်လောကမှာ ၄ နှစ်ကြာအောင် ထိပ်ဆုံးနေရာ အပြောင်းအလဲမရှိသေးပါဘူး။ ဝေဖန်ရေးဆရာဝန်တွေ သမိုင်းပညာရှင်တွေ အကြိုက်တွေ့ခဲ့ပြီး ၆၁ မိနစ်ကြာ တိုက်ပွဲခန်း ရှည်ကြီးဟာ တစ်ချက်မှ မပျင်းရဘူးလို့ ဟောလိဝုဒ်ကဝေဖန်ရေးသမားတွေကလည်း ချီးကျူးကြပါတယ်။ နောက်ခံတေးဂီတနဲ့ တိုက်ပွဲပုံဖော်မှုတွေက သိပ်ကောင်းသလို ချွဲမင်ဆစ်ရဲ့ သရုပ်ဆောင်မှုကတော့ အထူးညွှန်းနေစရာတောင်မလိုပါဘူး။ (I saw the devil ကြည့်ဖူးရင် သူဟာဘယ်လိုသရုပ်ဆောင်လဲ ဆိုတာ သိသာပါတယ်။) File Size :(2.23GB) and (1.08GB) Quality : Blu-Ray 720p/1080p 5.1, Format…mp4 Duration…02:08:00 Genre :  Action, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by May Phyu Zaw Encoded by Phyo Pyae

Action • Crime
7.1 2014 126 mins
The Admiral: Roaring Currents
Civet Cat for Crown Prince

ဘဝအခြေအနေချင်း လားလားမှမအပ်စပ်တဲ့ လူနှစ်ဦး မထင်မှတ်ဘဲ နေရာချင်းလဲသွားတာကနေ ဇာတ်လမ်းကစပါတယ်။ ရွှီယိ ဟာအလုပ်ရောအချစ်ရေးမှာပါ ကံဆိုးမိုးမှောင်ကျနေတဲ့သူပါ။ အလုပ်ကလည်းငွေမရ၊ ချစ်သူကလည်းဖောက်ပြန်၊ အိမ်ငှားခလည်းပေးစရာမရှိ၊ လက်ထဲခြူးတစ်ပြားတောင်မူးလို့ ရှူစရာမရှိတဲ့ဘဝကြီးမှာ တိုက်ပေါ်ကခုန်ချဖို့ဖြစ်လာရင်း သူ့ဘဝဟာပြောင်းလဲဖို့ ကံကြမ္မာဖန်လာခဲ့ပါတယ်။ လုံရှန်း ကတော့နာမည်ကြီးဖောက်ထွင်းဝိဇ္ဇာဖြစ်ပြီး တကိုယ်တည်းလှုပ်ရှားနေပေမယ့်၊လူဆိုးဂိုဏ်းတွေကပါ ကြောက်ရတဲ့သူဖြစ်ပါတယ်။ တစ်ရက်မှာတာဝန်တစ်ခုကိုလုပ်ဆောင်ရင်း ထိခိုက်မှုဖြစ်ပြီး အတိတ်မေ့သွားခဲ့တယ်။ အဲ့ဒီမှာ လုံရှန်းနဲ့ရွှီယိတို့ နေရာချင်းလဲနေဖို့ အကြောင်းဖန်လာပါတော့တယ်။ လုံရှန်းဟာလူရွှင်တော်ဖြစ်တဲ့ ရွှီယိဘဝမှာနေထိုင်ရင်း၊ ရွှီယွိကလည်း လူဆိုးဂိုဏ်းတွေနဲ့ဆက်ဆံနေရတဲ့ လုံရှန်းဘဝမှာနေထိုင်ရင်း ဘယ်လိုအလွဲတွေနဲ့ကြုံတွေ့ရမလဲ။ ဘယ်လိုပြဿနာတွေရော ပါဝင်ပတ်သက်လာမှာလဲဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ခံစားကြည့်ရှုလိုက်ရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Comedy , Romance Runtime : 1h 25min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK

Drama
0 2022 85 mins
Civet Cat for Crown Prince
Ghost Town
2.5

"Ghost town" ဆိုတဲ့နာမည်နဲ့ဇာတ်ကားတွေအများကြီးရှိတဲ့အထဲကမှဒီဇာတ်ကားကတော့ horror သိပ်မဆန်တဲ့ horror/thriller အမျိုးအစားဖြစ်ပြီး ကြောက်စရာထက်ဆန်းကျယ်တာတွေပြည့်နေတဲ့ဇာတ်ကားတစ်ကားပါ ဆိုလိုမွန်မီလာဆိုတဲ့လူတစ်ယောက်ဟာ ခရီးသွားရင်းလူသူသိပ်မရှိတဲ့ခြောက်ကပ်ကပ်မြို့လေးတစ်မြို့ကိုရောက်လာခဲ့ပါတယ် အဲဒီမြို့လေးကအရက်ဘားမှာစားပွဲထိုးအဖြစ်လုပ်ကိုင်ရင်းအားလုံးကတစ်နေ့ထက်တစ်နေ့ထူးဆန်းသထက်ထူးဆန်းလာပါတော့တယ် ဆိုလိုမွန်တစ်ယောက်အဲဒီမြို့လေးမှာလူတွေနဲ့သင့်မြတ်အောင်နေထိုင်ရင်းဘာလို့ထူးဆန်းတဲ့ဖြစ်ရပ်တွေဆက်တိုက်ဖြစ်နေရလဲဆိုတာကိုအဖြေရှာမရဖြစ်နေပါတော့တယ် အဲဒီမြို့ကဘာလို့ထူးဆန်းနေရတာလဲ တကယ်တမ်းမြို့ရဲ့သရုပ်မှန်ကရောဘာလဲ ဆိုတာကိုဆန်းကျယ်မှုတွေအများကြီးနဲ့ကြည့်ရှုရမှာပါ

Comedy • Crime • Mystery • Romance • Thriller
2.5 2023 92 mins
Ghost Town
Brazen
4.9

အမေရိကန် New York Times Best Seller စာရင်းဝင် စာရေးဆရာမဖြစ်သူ Nora Roberts ရဲ့ “Brazen Virtue” ဟု အမည်ရသော Crime/Mystery Novel အား အခြေခံ ရိုက်ကူးထားတဲ့ Netflix ဇာတ်လမ်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ January 13 ရက်နေ့ကမှ ပူပူလောလော ထွက်ရှိလာတာဖြစ်ပြီး ရှုပ်ထွေးဆန်းပြားတဲ့ မှုခင်းဇာတ်လမ်းတွေကို စိတ်ဝင်စားသူများအဖို့ အကြိုက်တွေ့စေမှာ အသေအချာပါပဲ။ မှုခင်းဝတ္ထုရေးသားသော နာမည်ကြီးစာရေး ဆရာမအဖြစ် မင်းသမီးချော Alyssa Milano က သရုပ်ဆောင်ထားပြီး မင်းသား Sam Page ကလည်း ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ နာမည်ကြီး မှုခင်းဝတ္ထုစာအုပ်များ ရေးသားသော Grace Miller ဆိုတဲ့ စာရေးဆရာမဟာ အရေးအသားပြောင်မြောက်ပြီး လူသတ်မှုတွေကို ခရေစေ့တွင်းကျ ရေးပြနိုင်တဲ့အတွက် အများက သဘောကျနှစ်သက်ကြပါတယ်။ သူ့မှာ Kathleen ဆိုတဲ့ ညီမ တစ်ယောက်ရှိပြီး အိမ်ထောင်ရေး ပြသာနာများဖြင့် လုံးထွေးကာ ဆေးစွဲသည်အထိ ဖြစ်ပျက်နေရှာပါတယ်။ တစ်နေ့မှာတော့ ညီမဖြစ်သူက ဖုန်းဆက်ခေါ်တဲ့အတွက် Miller တစ်ယောက် အပြေးအလွှား သွားတွေ့ပြီး  နောက်ရက်မှာပဲ ညီမဖြစ်သူရဲ့ အိမ်နီးချင်း ကောင်လေးတစ်ယောက်နဲ့ ညှိကာ ညစားထွက်စားကြပါတယ်။ အဆင်ပြေပြေ ပြီးဆုံးခဲ့တဲ့ ဒိတ်လေးက အပြန် အိမ်ပြန်ရောက်တဲ့အခါ Miller ရင်ဆိုင်ကြုံတွေ့လိုက်ရတဲ့ အရာက…… ကျန်တာကိုတော့ CM ပရိသတ်ကြီးတို့ကိုယ်တိုင် ခံစားကြည့်ရှုရင် ပိုစိတ်ဝင်စားဖို့ကောင်းမယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကိုယ်ကျ အမှုလိုက်ရတဲ့ အရသာကို ခံစားရမှာဖြစ်ပြီး ဘယ်လို plot twist ကြီး ပေါ်ပေါက်လာမလဲဆိုတာကို အတူခေါင်းစားကြစို့လားဗျာ။ (ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu က ရေးသားပေးထားပြီး ဘာသာပြန်များကတော့ Chit Tee, Khaing Khin, Thet Hnin Hsu တို့ပဲဖြစ်ပါတယ်) File Size -(1.5 GB) / (920 MB) Quality – WebDL -(1080p) /  (720p) Duration - 1hr 36min Subtitle – Myanmar Hardsub Format – MP4 Genre : Crime, Drama, Mystery Translator – Chit Tee, Khaing Khin, Thet Hnin Hsu Encoder – San Win Maung

Drama
4.9 2022 94 mins
Brazen
Benediction
6.6

နာမည်ကျော်အင်္ဂလိပ်ကဗျာဆရာ Siegfried Sassoon ရဲ့ဘ၀အကြောင်းရိုက်ထားတဲ့ ကားလေးပါ။Siegfried ဟာပထမကမ္ဘာစစ်တုန်းက မျိုးချစ်စိတ်အပြည့်နဲ့ စစ်ထဲ၀င်ပြီးပြောင်မြောက်စွာ‌တာ၀န်ထမ်းဆောင်ခဲ့လို့ ဆုတံဆိပ်တွေရရှိခဲ့ပါတယ်။ဒါပေမယ့် သူဟာစစ်ရဲ့ အနိဋသာရုံတွေကိုမြင်အပြီးမှာ စစ်ကိုကြာရှည်အောင်လုပ်နေတဲ့ နိုင်ငံရေးသမားတွေကို စိတ်ပျက်ပြီး စစ်ဆန့်ကျင်ရေးကဗျာတွေကိုရေးသားပါတယ်။သူ့ရဲ့စစ်ဆန့်ကျင်ရေးဝါဒတွေကြောင့် သူ့ကိုစစ်ခုံရုံးမတင်ဘဲ စိတ်ကျန်းမာရေး‌မကောင်းဘူးဆိုပြီး ဆေးရုံကိုပို့ပါတယ်။အဲဒီမှာ သူဟာမိတ်ဆွေအသစ်တွေရပြီး သူ့ရဲ့လျှို့ဝှက်ထားတဲ့ လိင်ကိစ္စကိုစတင်တွေ့ရှိပါတယ်။ ဒီရုပ်ရှင်မှာ သူနဲ့တွဲခဲ့တဲ့ချစ်သူတွေနဲ့ ဆက်ဆံရေးအကြောင်းအပြင် သူ့ကဗျာပေါင်းများစွာလည်း ပါ၀င်ပါတယ်။Siegfried ရဲ့ငယ်ဘ၀နဲ့ ကြီးဘ၀ကိုတလှည့်စီပြထားပြီး လူသဘောသဘာ၀ကို ကဗျာတွေနဲ့အတူရိုက်ပြထားပါတယ်။ ဒါရိုက်တာ Terence Davis ရိုက်ကူးထားပြီး Jack Lowden,Calam Lynch,Peter Capaldi,Kate Phillips တို့ပါ၀င်ထားပါတယ်။ ဖြည်းဖြည်းအေးအေးလေးခံစားရမယ့် ကားမျိုးပါ။ Rotten tomatoes-94% Metacritic-75% File size…(1.5 GB)/(827MB)/(391MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:17:00 Genre...Drama, Biography, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Fantasy
6.6 2021 137 mins
Benediction
Species III
5.2

Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.org/?s=species မှာကြည့်လို့ရပါတယ်။ ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။ Species 3 (2004) ဇာတ်လမ်းအကျဉ်း.... ဂြိုလ်သားတွေနဲ့လူသားတွေကြား တစ်ဖက်နဲ့တစ်ဖက်သတ်ဖြတ်နေတဲ့တိုက်ပွဲတွေထဲက ကျန်ရှိနေတဲ့ ဂြိုလ်သားမျိုးကို စမ်းသပ်မွေးမြူဖို့ ဆုံးဖြတ်လိုက်ရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာ.... အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(4.5 GB)/(900 MB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:51:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Action • Comedy
5.2 2004 111 mins
Species III
Flux Gourmet
5.5

Flux Gourmet (2022) * သွေးထွက်သံယိုဇာတ်ဝင်ခန်းများနှင့် ညစ်ညမ်းပြကွက်များပါဝင်သောကြောင့် အသက်မပြည့်သူများကြည့်ရှုရန်မသင့်ပါ * ~ IMDb - 5.9/10, Rotten Tomatoes - 85% ~ ဒီရုပ်ရှင်ကို ဘာအကြောင်းလဲလို့မေးရင် နည်းနည်းဖြေရခက်မယ်။ အကြောင်းအရာတွေက ရှုထောင့်ပေါင်းစုံကနေ တစ်မျိုးစီပြထားတာကြောင့်ပေါ့။ ဟင်းချက်တာပါတယ်၊ အနုပညာပါတယ်၊ သီချင်းတွေအသံတွေပါတယ်၊ ဟာသတွေပါတယ်၊ စိတ်အနှောက်အယှက်ဖြစ်စရာတွေပါတယ်၊ ဘာညာကွိကွတွေပါတယ်။ မကြည့်ခင်မှာ အရင်ဆုံး သူတို့တည်တဲ့ ဇာတ်လမ်းနဲ့အလုပ်အကိုင်သဘောတွေအရင်ပြောရပါလိမ့်မယ်။ Sonic Catering ကို ဒီရုပ်ရှင်ထဲကအတိုင်းဆိုရင်တော့ မြန်မာလိုအဓိပ္ပာယ်ခြုံမိဖို့ "ဟင်းသံလုပ်သရုပ်ဆောင်ခြင်း" လို့ခေါ်နိုင်ပါတယ်။ ဒါရိုက်တာ Peter Strickland ကလည်း ဒီရုပ်ရှင်ဟာ သူ့ဘဝနဲ့ အနီးစပ်ဆုံးရုပ်ရှင်ဖြစ်မယ်လို့ပြောထားပါတယ်။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင် အဲဒီလို Sonic Catering Band တစ်ခုကို တည်ထောင်ခဲ့ဖူးလို့ပါတဲ့။ ASMR တွေနဲ့မတူတာက Sonic Catering ဟာ ပြဇာတ်ကသလို ပရိသတ်ရှေ့မှာပဲ ဟင်းချက်တယ်၊ ဟင်းချက်ရာကထွက်တဲ့အသံတွေကိုဖမ်းပြီး အသံညှိစက်တွေနဲ့ အမျိုးမျိုးချိန်ညှိတယ်။ ဓားနဲ့လှီးသံ၊ မီးဖွင့်သံ၊ ရေပွက်သံ အစရှိသဖြင့် အသံတွေကို အနီးကပ် တိုးသင့်တိုး ကျယ်သင့်ကျယ် ချိန်ညှိပြီး ကြည့်တဲ့သူတွေကို နားထဲပျားရည်လောင်းတာမျိုးပေါ့။ အပြင်လောကမှာဆိုရင်တော့ Sonic Caterer ဆိုတာ ဒီလောက်နဲ့ပြီးပေမဲ့ ဒီရုပ်ရှင်ထဲက ဟင်းသံလုပ်သမားတွေက စိတ္တဇဆန်ဆန် သရုပ်ဆောင်ချက်တွေနဲ့ပါ ထပ်တိုး အနုပညာတစ်မျိုး ဖန်တီးကြပါတယ်။ အနုပညာအဆန်လွန်တာလားတော့မသိပါဘူး။ အဲဒီလိုသရုပ်ပြပွဲတွေပြီးတိုင်း စင်နောက်မှာ ပရိသတ်တွေနဲ့အတူ သိုင်းပြိုင်ကြပါသေးတယ်။ ဝိုင်းလုပ်ဝိုင်းစား ဘဝသမားလေးတွေပေါ့လေ။ ရုပ်ရှင်အကြောင်းအကြမ်းပြောရရင် ဟင်းသံလုပ်သရုပ်ဆောင်အဖွဲ့တစ်ခုက သူတို့ကို ငွေကြေးထောက်ပံ့မယ့်အဖွဲ့အစည်းနဲ့အတူ ယာယီအတူနေထိုင်ကြရာ‌ကနေ စထားပါတယ်။ အချင်းချင်းရန်ပတ်ဖြစ်နေတဲ့အဖွဲ့သား ၃ ယောက်ရယ်၊ လေပွပြီး အီးပေါက်ရမှာရှက်တဲ့ အာပလာ စာရေးဆရာတစ်ယောက်ရယ်၊ အလွန်အကျွံဝတ်စားတတ်တဲ့ ဒါရိုက်တာမတစ်ယောက်ရယ်၊ လေကြီးလေကျယ်တအားပြောတဲ့ ဆရာဝန်တစ်ယောက်ရယ်၊ သူတို့ကိုလိုက်နှောက်ယှက်တဲ့ အဖွဲ့တစ်ခုရယ်၊ ဖလန်ဂျာလို့ခေါ်တဲ့ အသံညှိစက်ကလေးတစ်လုံးရယ်။ သူတို့အားလုံးရဲ့စရိုက်တွေကို သတ်မှတ်ထားပေးပုံက အတော်လေး အားရစရာကောင်းပါတယ်။ မထင်ပေါ်ချင်တဲ့လူ၊ အာဏာပြချင်တဲ့လူ၊ ဆရာကြီးလုပ်ချင်တဲ့လူ စသဖြင့် စသဖြင့် ပေါ့လေ။ ဒီရုပ်ရှင်ထဲမှာ အဓိကဇာတ်ဆောင်က ဘယ်သူလဲ၊ ဇာတ်ကိုသယ်တာက ဘယ်သူများလဲလို့ ‌အတိအကျပြောဖို့ခက်ပါတယ်။ အဲလ် ဆိုတဲ့ အဖွဲ့ခေါင်းဆောင်လား၊ နောက်ခံကနေ သူ့အမြင်တွေကိုပြောနေတဲ့ စာရေးဆရာလား၊ ဒါရိုက်တာမကြီးလား ဒါမှမဟုတ် ဖလန်ဂျာလေးလား။ ဇာတ်လမ်းတည်ပုံ၊ ဆင့်ပွားပုံ၊ ဇာတ်ရှိန်အတက်အကျက စလို့ ဒိုင်ယာလော့ခ်တွေအထိ အတော်လေးကောင်းပါတယ်။ ဝေဖန်တဲ့လူတွေကတော့ သူ့ရဲ့ပြကွက်အရစိတ်အနှောက်အယှက်ဖြစ်ဖို့ကောင်းတယ်တို့ဘာတို့ ပြောကြပေမဲ့ အဲဒီလောက်ကြီးစိတ်အနှောက်အယှက်ဖြစ်ရတာမျိုးတော့မဟုတ်ပါဘူး။ ရိုက်တဲ့လူနဲ့ ထုတ်တဲ့ကုမ္ပဏီဟန်ချက်ညီတယ်ဆိုတာ ဒီလိုရုပ်ရှင်မျိုးဖြစ်မှာပါ။ ပေါက်ကရဆို ကောင်းအောင်ရိုက်တတ်တဲ့ ဒါရိုက်တာ Peter Strickland နဲ့ ထုတ်ပေးတဲ့ကုမ္ပဏီက IFC Films ရဲ့ ထူးထူးဆန်းဆန်းရုပ်ရှင်တွေထုတ်ပေးတဲ့အပိုင်း IFC Midnight ကပါ။ Cast တွေအနေနဲ့ကလည်း ကျွန်တော်တို့နဲ့မစိမ်းတဲ့ Gwendoline Christie, Asa Butterfield နဲ့ Ralph Fiennes မတိုင်ခင်က Voldemort ကြီး Richard Bremmer တို့ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ နိုင်ငံတကာမှာအသံဒီဇိုင်းဆု ၂ ခုရထားပြီး ဒါရိုက်တာ၊ သရုပ်ဆောင်နဲ့ပတ်သက်တဲ့ အခြားဆန်ခါတင်စာရင်းများစွာဝင်ထားပါတယ်။ အနုပညာနယ်ပယ်သစ်တစ်ခုကို စူးစမ်းချင်ပြီး Dark Comedy သဘောကျတယ်ဆိုရင်တော့ ကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.2GB, 495MB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H 51Min Genre - Comedy, Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy
5.5 2022 112 mins
Flux Gourmet
Curious Caterer: Dying for Chocolate
6.4

Curious Caterer:Dying for chocolate ဆိုတဲ့ကားလေးကတော့ 2022မှာထွက်ရှိထားပြီး Crime ,Mystery အမျိုးအစားလေးဖြစ်ပါတယ်။ ဂိုးဒီဘယ်ရီဆိုတဲ့ အမျိုးသမီးက ဧည့်ခံပွဲတွေအတွက်အစားအသောက်တွေ တည်ခင်းဧည့်ခံပေးတဲ့စားဖိုမှူးတစ်ယောက်ဖြစ်ပါတယ်။တနေ့မှာ သူမရဲ့အချစ်ဆုံးသူငယ်ချင်းဟာ ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီးတော့ သေဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ မတော်တဆမှုမဟုတ်ဘဲ ကြံစည်မှုတစ်ခုဖြစ်နေပြီး သူမသူငယ်ချင်းဖြစ်သူဟာအသတ်ခံလိုက်ရတာလို့သိလိုက်ရတဲ့အချိန် အမှုရဲ့တာဝန်ခံစုံထောက်ဖြစ်သူနဲ့အတူ သူမကိုယ်တိုင်အမှု့ကို ပါဝင်စုံစမ်းပါတော့တယ်။ File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris

Drama • Comedy
6.4 2022
Curious Caterer: Dying for Chocolate
Nede Vidudala

Nede Vidudala (2023) အွန်လိုင်းမီဒီယာလောက စာရွက်တွေခေတ်ကုန်စပြုလာတဲ့ နည်းပညာခေတ်မှာ သတင်းစာ ဂျာနယ်မဂ္ဂဇင်းတွေထက် အွန်လိုင်းမီဒီယာက လူတွေအပေါ် ပိုပြီးတော့ လွှမ်းမိုးလာတော့တာပါ။ အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ ဒီအွန်လိုင်းမီဒီယာလုပ်ငန်းအကြောင်း တစေ့တစောင်းလေး‌ ဖော်ညွှန်းထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဆစ်ဒူဟာ သူ့ရဲ့သူငယ်ချင်းအဖွဲ့ထဲမှာ အမြဲထူးနေတဲ့သူ‌၊ ကျောင်းပြီးတော့မယ်ဆိုတော့ သူငယ်ချင်းတွေထဲမှာ အလုပ်တွက်စိတ်ပူတဲ့သူ၊ သူငယ်ချင်းတွေနဲ့ကွဲမှာစိတ်ပူတဲ့သူ၊ အရင်လိုမကဲ‌ရတော့မှာ ပူတဲ့သူနဲ့ ကိုယ်စီဗျာများနေပေမဲ့ စာကြမ်းပိုးကောင်ဆစ်ဒူကတော့ စာကြည့်တိုက်ကစာအုပ်တွေ ဖတ်လို့မပြီးမှာကိုစိုးရိမ်နေတဲ့ ဘုရားစူးလူသားလေးပေါ့။ ဒီလိုနဲ့ကျောင်းပြီးတော့လည်း သူများနဲ့မတူတဲ့အလုပ်ကိုမှ လုပ်ချင်တဲ့ဆစ်ဒူကို အဖေဖြစ်သူက သူ့အသိမီဒီယာလုပ်ငန်းတစ်ခုမှာလုပ်ဖို့ ဖျောင်းဖျပြီး အလုပ်သွင်း‌ပေးလိုက်ပါတယ်။ အဖေနဲ့ ဒီအလုပ်မှာ ရက်ပိုင်းလုပ်ကြည့်မယ်ဆိုတဲ့ကတိနဲ့ မီဒီယာလောကထဲ‌‌ ရောက်လာတဲ့ဆစ်ဒူ၊ အမြဲဆန်းသစ်နေတာကိုမှကြိုက်တဲ့ဆစ်ဒူတစ်ယောက် တစ်နေ့တစ်မျိုးမရိုးရတဲ့ မီဒီယာလောကရဲ့နောက်ကွယ်ကဖြစ်ရပ်စုံကိုကြုံတွေ့ရဖို့ ဖြစ်လာတဲ့အခါမှာတော့…. ဆစ်ဒူတစ်ယောက် သူလိုချင်တဲ့ အသစ်အဆန်းခံစားချက်ကို မီဒီယာလောကမှာ ရှာဖွေရင်း ဘယ်လိုတွေစွန့်စားခန်းဖွင့်မလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

0 2023
Nede Vidudala
Creep

မြေအောက်ရထားဘူတာမှာ ပျားပန်းခတ်လှုပ်ရှားနေတဲ့လူတွေကြားမှာ ဆေးစွဲနေသူ၊ အိမ်ခြေရာမဲ့တွေရှိသလို ဟိုးအောက်ကို ဆက်သွားလိုက်ရင် ရေဆိုးပိုက်မှာ နေတဲ့ ပုံပျက်ပန်းပျက်မကောင်းဆိုးဝါးတစ်ကောင်လည်း ရှိနေတယ် ခပ်လှလှကောင်မလေး Kate မှာတော့ ဘတ်မန်းမင်းသား ဂျော့ကလူနေး ရောက်နေတယ်ဆိုလို့ သူရှိတဲ့နေရာဆီသွားဖို့ရာအတွက် ညမြေအောက်ရထားဘူတာကို အပြေးကလေးလာရင်းမှ ရထားစောင့်နေတဲ့ ထိုင်ခုံတန်းလေးမှာ အိပ်ပျော်သွားလေရဲ့… နိုးလာတော့ ညဥ့်နက်သန်းခေါင် ဘယ်သူမှ မရှိတော့ဘူး ဂိတ်တံခါးတွေလည်း အားလုံးပိတ်နေပြီ ထွက်မရပြုမရ အိပ်မက်ဆိုးသဖွယ် တစ်ညတာကနေ Kate လွတ်မြောက်နိုင်မှာလား File size…(1.5 GB)/(819 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre… Horror, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Horror • Science Fiction • Thriller
0 2004
Creep
Sijjin 2 (or) Siccin 2
6.1

Siccin (2) IMDB: 6.1 Rotten Tomatoes: 80% Genre: Horror/Thriller Siccin (2) ဟာ Siccin ရုပ်ရှင် Series ရဲ့ နှစ်ကားမြောက်ကားဖြစ်ပါတယ်။ Siccin ဟာ တူရကီနိုင်ငံရဲ့ အကြမ်းဆုံး Horror ကားဇာတ်လမ်းတွဲဖြစ်ပါတယ်။ Jumpscarei တွေလည်းဖောဖောသီသီသုံးထားပြီး အတော်လေးလည်းကျောချမ်းဖို့ကောင်းပါတယ်။ ဒါ့အပြင် မှော်နက်ပညာနဲ့ ဂျင်းနတ်ဆိုးတွေအကြောင်းလည်းပါတာကြောင့် တော်တော်လေးကိုကြည့်လို့ကောင်းပါတယ်။ အဲထက်ပိုပြီးပြီးပြည့်စုံသွားတာကထင်မထားတဲ့ ဇာတ်လမ်းလှည့်ကွက်ပါပဲ။ ဇာတ်ညွှန်း ဟစ်ရန်မှာ သားလေးတစ်ယောက်ရှိပါတယ်။ ချစ်ဖို့ကောင်းတဲ့ သားလေး ဗီရိုလည်းရှိပါတယ်။ အိမ်ထောင်ရေးကတော်တော်လေးကိုသာယာခဲ့ပါတယ်။ ဒါပေမယ့်တစ်ရက်မှာ ဗီရိုဆုံးသွားခဲ့ပါတယ်။ အဲကိစ္စကြောင့် ဟစ်ရန်ဟာ သူ(မ)ကိုယ်သူ(မ) ခွင့်မလွှတ်နိုင်ခဲ့သလို သူ(မ)ယောကျ်ားကလည်း ခွင့်မလွှတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီကိစ္စနောက်ကွယ်မှာ မှော်နက်ပညာတွေရှိနေကြာင်း သိရှိသွားတဲ့နောက်မှာတော့… File size… 1.8 GB / 715 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

Drama • Romance
6.1 2015 93 mins
Sijjin 2 (or) Siccin 2
Zorawar Di Jacqueline

Zorawar Di Jacqueline (2024) တစ်ရက်တည်း တူတူသေရမယ့် ဇိုရာဝါနဲ့ ဂျက်ကလင်း ဇာတ်ကြမ်း ဖိုက်တင်ဘောလိဝုဒ်ကားတွေကိုပဲ ကြည့်နေရတာရိုးနေတဲ့လူတွေအတွက် ဘောလိဝုဒ် ဒရာမာဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်း ဇိုရာဝါနဲ့ ဂျက်ကလင်းတို့ဟာ အတော်လေးချစ်ကြတဲ့ချစ်သူစုံတွဲဖြစ်ပြီး မိဘတွေရော လူ့အသိုင်းအဝိုင်း ပတ်ဝန်းကျင်ကိုရော စွန့်ခွာပြီး ချစ်ခရီးနှင်ခဲ့ကြတဲ့ စုံတွဲလေးပါ။ ဇိုရာဝါကတော့ အိမ်မှာ ဘားပါထားပြီး တကီလာ ဂျက်ကာ ရေမီးအစုံနဲ့လေထီးခုန်တဲ့ ရှက်ကီသမားကြီးပါ။ သူ့ရဲ့ချစ်သူလေး ဇိုရာဝါကတော့ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက် ဝတ်ပြုတတ်တဲ့လူပေါ့။ ဒီလိုနဲ့ သာယာနေတဲ့သူတို့ဘဝကြီးမှာ ကိစ္စတစ်ခုဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ ဒါကလည်း ထူးထူးဆန်းဆန်း သူတို့ ၂ယောက်လုံး တစ်နေ့တည်းမှာပဲ အတူသေရမယ်ဆိုတဲ့ကိစ္စပါပဲ။ ၂ယောက်လုံးလည်း သူတို့ကံကြမ္မာကို လက်ခံပြီး ကျန်တဲ့ နာရီ ၂၀အတွင်းမှာ သူတို့ရဲ့လက်ကျန်အချိန်လေးကို ဘယ်လိုကုန်ဆုံး စွန့်စားခန်းဖွင့်ကြမလဲ သူတို့တကယ်ရော တစ်နေ့တည်းမှာ တူတူသေဆုံးသွားကြမှာလား ဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ)

0 2024
Zorawar Di Jacqueline