YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

31.mp4

78.36 MB N/A video/mp4 18 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
August: Osage County
6.8

Genre - Comedy, Drama IMDB Rating - 7.2/10 ဇာတ်ကားမကြည့်ခင် Cast list နဲ့တင် သေလို့ရပြီ မင်းသမီးကြီး Meryl Streep ပြီးတော့ မင်းသမီး Julia Roberts တို့ Ewan McGregor တို့အစုံအလင်နဲ့ ကျွန်တော်တို့ Benedict Cumberbatch တောင် အူကြောင်ကြောင်နဲ့ ပါထားသေးတယ်ဗျာ။ ဇာတ်လမ်းကလည်း ကိုရီးယား မိသားစုဇာတ်လမ်းတွဲတွေပဲ လောင်ရပြီထင်နေလား၊ ခင်ဗျားတို့ မှားသွားမယ် ဒီကားလောင်ရချက်က ပက်စက်တယ် စိတ်တွေပါမွန်းကျပ်လာမှာ ကြည့်နေရင်းနဲ့။ ဇာတ်လမ်းအကျဉ်းကတော့ အိုကလာဟိုးမားမှာ အရက်စွဲနေတဲ့ခင်ပွန်းဖြစ်သူရယ် ပါးစပ်ကင်ဆာဖြစ်လို့ စိတ်ငြိမ်ဆေးတွေ စွဲနေတဲ့ ဇနီးသည်ရယ် လင်မယားနှစ်ယောက် လျှာနဲ့သွားလိုမျိုး အတူတူနေကြတယ်။ တစ်ရက်ကျ ခင်ပွန်းဖြစ်သူပျောက်သွားတဲ့အတွက် သူတို့ရဲ့ သမီးသုံးယောက်ဟာ ငယ်စဉ်တုန်းက နေခဲ့ရတဲ့ အိမ်ကြီးကို ပြန်လာရဖို့ ဖြစ်လာပါတော့တယ်။ အဲဒီမှာပဲ အိမ်ထောင်ရေးအဆင်မပြေ ဖြစ်ပြီး ထိန်းမနိုင်သိမ်းမနိုင် ဆယ်ကျော်သက်လေး မွေးထားတဲ့ သမီးအကြီးရယ်၊ မိခင်ဖြစ်သူနားနေပြီး ယောက်ျားမရသေးလို့ ခဏခဏ ပွစိပွစိပြောခံရတဲ့ သမီးအလတ်ရယ်၊ ယောက်ျားပေါင်းစုံနဲ့တွဲပြီး အလှအပမက် စိတ်ကူးအသေယဉ်တတ်တဲ့ သမီးအငယ်ဆုံးရယ် ပြန်ဆုံကြပါတော့တယ်။ ဒီမှာ အဒေါ်မိသားစုလည်း ပါလာပါတယ်၊ အဒေါ်က ဦးလေးကို ပေါက်ပေါက် ဖောက်ပြီး ပြဿနာရှာနေကြ နောက်ပြီး သားမွေးထားတာကိုလည်း ကျပ်မပြည့်တာဆိုပြီး အမြဲနှိမ်နေကြ ဦးလေးကတော့ သားကိုချစ် ဒါမျိုးမကြိုက်ဘူးပေါ့။ ကဲ ဒါမျိုးတကယ့်ဆရာတွေချည်းပဲ ဒီအိမ်မှာ လာဆုံစည်းပြီး အမေနဲ့သမီးတွေကြားကပြဿနာ၊ ညီအစ်မတွေကြားက ပြဿနာ၊ လင်မယားတွေကြားကပြဿနာ၊ သားအမိကြားကပြဿနာ၊ မောင်နှမဝမ်းကွဲရဲ့ပြဿနာ စသဖြင့် မိသားစုပြဿနာပေါင်းစုံတက်ကြတာကို သရုပ်ဆောင်တွေကောင်းကောင်းနဲ့ ပျော်ပျော်ပါးပါးကြီး စိတ်ညစ်ညစ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကောင်းချက်ဆိုတာလည်း ကင်ဆာဖြစ်ဆေးစွဲနေတဲ့မိခင်နေရာက Meryl Streep ဆို ဆေးတွေကောင်းပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေ တည့်ပြောတာတွေ အမေနဲ့ အပြိုင် ရန်ဖြစ်ပေးရတဲ့ ပြဿနာပေါင်းစုံနဲ့ သမီးအကြီး Julia Robert တို့တွေက ဇာတ်ကို အဓိက သယ်ဆောင်သွားတယ်လို့ပဲ ပြောရမယ်။ ဒီဇာတ်ကားထဲက မိသားစုညစာစားကြတဲ့ အခန်းဆိုရင် ကြည့်နေရင်းနဲ့တောင် မွန်းကျပ်လွန်းလို့ ရုပ်ရှင်ကြီးပိတ် ထပြေးချင်တဲ့အထိ ဖြစ်လာရတယ်။ ဆက်ပြောနေရင် အရသာပေါ့သွားမှာစိုးလို့ ကိုယ်တိုင်ပဲ သွားကြည့်လိုက်ပါတော့ဗျာ...။ File size…1.31GB / 511MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 1m Genre ..... Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Fantasy
6.8 2013 121 mins
August: Osage County
Strange World
6.5

ဒီနှစ်ထဲမှာထွက်ရှိထားတဲ့ ဝေါ့လ်ဒ်ဒစ္စနေးရဲ့ သိပ္ပံစိတ်ကူးယဉ် animation ဇာတ်ကားကောင်းလေးတစ်ကားလာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျေဂါကလေ့ဒ်ဟာ အဗာလိုနီးယားဆိုတဲ့ပြည်က နာမည်ကြီးစူးစမ်းရှာဖွေသူတစ်ယောက်ပါ။ အဗာလိုနီးယားဟာ ‌တောင်အထပ်ထပ်ကာရံထားတဲ့ တိုင်းပြည်တစ်ခုဖြစ်ပြီး အဲ့ဒီတောင်တွေရဲ့ဟိုဘက်မှာ ဘာတွေရှိမလဲဆိုတာ ဘယ်အဗာလိုနီးယားပြည်သူမှမသိကြသလို သိရအောင်စူးစမ်းတဲ့ စူးစမ်းရှာဖွေသူတိုင်းဟာလည်း မအောင်မြင်ခဲ့ကြပါဘူး။ အဲ့လိုခက်ခဲကြမ်းတမ်းပြီး မရေရာတဲ့စိတ်ကူးအိပ်မက်ကို မက်နေသူကတော့ ဂျေဂါကလေ့ဒ်ပဲဖြစ်ပါတယ်။ ဂျေဂါကလေ့ဒ်ဟာ ဇွဲကြီးကြီးထားကြိုးစားပြီး တောင်တန်းတွေကို ဖြတ်ကျော်နိုင်ဖို့ ကြံစည်အားထုတ်ခဲ့ရမှာ တစ်နေ့မှာတော့ မထင်မှတ်ထားတာတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ‌တောင်တန်းတွေကိုကျော်နိုင်မယ့် မိုးကုပ်စက်ဝိုင်းကို လှမ်းမြင်ရချိန်မှာ သူ့ရဲ့လက်ထောက်လည်းဖြစ်၊ သားလဲဖြစ်တဲ့ ဆာချာကလေ့ဒ်ဟာ ထူးဆန်းပြီးလက်လက်ထနေတဲ့ အပင်တစ်မျိုးကိုတွေ့ခဲ့ပါတယ်။ အဲ့ဒီမှာပဲ ဂျေဂါရဲ့အိပ်မက်ကို အကောင်အထည်မဖော်သေးပဲ အဆိုပါအပင်ကို အဗာလိုနီးယားဆီပြန်ပို့သင့်၊ မပို့သင့် အငြင်းပွားရာကနေ သားအဖနှစ်ယောက် သဘောထားကွဲလွဲပြီး ဂျေဂါကတစ်ဘက်၊ သားဖြစ်သူ ဆာချာနဲ့ အဖွဲ့သားတွေကတစ်ဘက် ဖြစ်သွားကြပါတော့တယ်။ အဲ့ဒီမှာပဲ ခေါင်းမာတဲ့ဂျေဂါဟာသူတစ်ဦးတည်း ခရီးဆက်ထွက်ပြီး သားဖြစ်သူနဲ့အဖွဲ့သားတွေကို အိမ်ပြန်စေပါတယ်။ အဲ့နောက်ပိုင်း ဂျေဂါရဲ့သတင်းမကြားရတော့သလို သားဖြစ်သူဆာချာဟာလည်း သူတွေ့ရှိခဲ့တဲ့ အဆိုပါလက်လက်ထနေတဲ့ ပန်ဒိုအပင်ကို စိုက်ပျိုး၊ သုတေသနပြုပြီး ပန်ဒိုဆီကနေ စွမ်းအင်ထုတ်ယူနိုင်ခဲ့ပါတယ်။ အဲ့စွမ်းအင်ကိုပဲ လျှပ်စစ်လို အသုံးချပြီး အဗာလိုနီးယားကို လူနေမှူအဆင့်မြင့်မားစေခဲ့လို့ အထင်ကရပုဂ္ဂိုလ်တစ်ဦးအနေနဲ့ လေးစားခံရပါတယ်။ တစ်နေ့မှာ ဆာချာရဲ့အိမ်ရှေ့စိုက်ခင်းမှာ သူတို့အဗာလိုနီးယားပြည်သူတွေ သုံးစွဲနေကျလေသင်္ဘောအငယ်စားထက်ကြီးမားတဲ့ ယာဉ်တစ်ခုရောက်နေလို့ ထွက်ကြည့်လိုက်တဲ့အခါ အဗာလိုနီးယားသမ္မတဖြစ်သူ မောလ်ကိုတွေ့လိုက်ရပါတယ်။ မောလ်ဟာ ဂျေဂါရဲ့ခရီးစဉ်မှာ အဖွဲ့သားအဖြစ်လိုက်ပါဖူးသူပါ။ မောလ်ပြောပြချက်အရ အဗာလိုနီးယားပြည်ရဲ့ အဓိကစွမ်းအင်ထုတ်ကုန်ဖြစ်တဲ့ ပန်ဒိုပင်မှာ ဘေးအန္တရာယ်ကျရောက်နေကြောင်းသိလိုက်ရပြီး မောလ်ကလည်း ပန်ဒိုကိုကယ်တင်မယ့်ခရီးစဉ်တစ်ခုစီစဉ်ထားလို့ ဆာချာကိုလည်း လိုက်စေချင်ကြောင်း ပြောပါတယ်။ မငြင်းသာလို့ ဆာချာလိုက်ရမယ့်အချိန်မှာ စူးစမ်းလိုစိတ်ပြည့်နေတဲ့ ဆယ်ကျော်သက် သားဖြစ်သူ အီသန်လည်း အတင်းလိုက်ချင်နေတဲ့အခါ…။ ဆာချာတို့ရဲ့ခရီးစဉ်ထဲ အီသန်ပါသွားမလား…။ ပန်ဒိုကိုဒုက္ခပေးနေတဲ့ အရာရဲ့ဇာစ်မြစ်ကို မောလ်တို့အဖွဲ့ ဖော်ထုတ်တားဆီးနိုင်မှာလား…။ နောက်ထပ် ဘာအလှည့်အပြောင်းတွေရှိလာဦးမလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲ ရှုစားကြည့်ကြရအောင်ပါ။ ဒစ္စနေးအင်နီမေးရှင်းကားတွေရဲ့ ထုံးစံအတိုင်း အသက်ဝင်ပီပြင်အောင် ဖန်တီးရိုက်ကူးထားလို့ ရှုခင်းတွေ၊ စိတ်ကူးယဉ်သတ္တဝါဆန်းတွေ၊ လှုပ်ရှားမှုတွေကို ပီပီပြင်ပြင်ရသမြောက်‌စွာ ရှုစားကြည့်ရှုရမှာပါ။ အဖေနဲ့သားကြား၊ မြေးအဘိုးကြား သံယောဇဉ်တရားနဲ့ လူကြီး၊လူငယ်ကြား ပဋိပက္ခလွန်ဆွဲတတ်မှုတွေအကြောင်း ပညာပေးရိုက်ကူးပြသထားလို့ မိသားစုတွေနဲ့ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ တစ်ချို့ဇာတ်ဝင်ခန်းလေးတွေမှာတော့ gender orientation သဘောဆန်တဲ့ အကြောင်းလေးအချို့ပါလို့ စိတ်အနှောင့်အယှက်ရှိနိုင်ပါတယ် (ဟောလိဝုဒ်ရဲ့ ပထမဦးဆုံး LGBT တုတ်ထိုးအိုးပေါက်ဇာတ်ဝင်ခန်းပါတဲ့ဇာတ်ကားလို့‌တောင် ဝေဖန်ရေးသမားတွေကတော့ မှတ်ချက်ပြုထားပါတယ်) IMDb rating 5 ဖြစ်ပြီးတော့ Rotten tomatoes 74% ဖြစ်ပါတယ်။ File size…(2.5GB)  / (1.07GB) / (537MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:42:00 Genre...Animation / Action / Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ninja

Drama • Romance
6.5 2022 102 mins
Strange World
The Devil Conspiracy
6.4

The Devil Conspiracy (2022) ကမ္ဘာဦးအစ ဒုတိယနေ့ အာရုဏ်ဦးမှာ ဘုရားသခင်ဟာ ကောင်းကင်ဘုံနဲ့ မြေကြီးကို ဖန်ဆင်းတော်မူခဲ့ပါတယ်။ ပြီးနောက် ကြီးမြတ်တော်မူသော နတ်သားတွေကို ဖန်ဆင်းခဲ့တယ်။ အဲဒီနတ်သားတွေဟာ ကောင်းကင်မှာ စံပယ်ကြတယ်။ ဘုရားသခင်ရဲ့ ဖန်ဆင်းမှုတွေထဲ အရေးအပါဆုံးတစ်ခုဖြစ်ခဲ့တဲ့ လူစီဖာဟာ အဲဒီနတ်သားတွေထဲက တစ်ယောက်ပေါ့။ လူစီဖာဟာ မောနင်းစတားလို့အမည်တွင်တဲ့အထိ ကောင်းမြတ်ခြင်းတွေ ပြည့်နေသလို တစ်ချိန်တည်းမှာ မာနနဲ့အတ္တကလည်းကြီးပြန်တယ်။ ဒီတော့ လူစီဖာက ဘုရားသခင်ကို ပုန်ကန်ပြီး ကိုယ်ပိုင်အာဏာဖန်တီးဖို့ ဆုံးဖြတ်ခဲ့တယ်။ တခြားနတ်သားတွေကိုလည်း စည်းရုံးခဲ့တယ်။ ဒီနောက် မိုက်ကယ်နဲ့ တိုက်ခိုက်ခဲ့တယ်။ မိုက်ကယ်နဲ့လူစီဖာဟာ ကောင်းကင်တလင်းမှာ စီးချင်းထိုးကြတယ်။ ဒီဇာတ်လမ်းက လူစီဖာ ဘုရားသခင်ကို ပုန်ကန်လို့ မိုက်ကယ်နဲ့ လူစီဖာ စစ်ခင်းကြတဲ့အချိန်က စတယ်။ မိုက်ကယ်နဲ့ လူစီတိုက်ခိုက်ကြရင်း လူစီဖာ ကောင်းကင်ဘုံက ပြုတ်ကျလာတယ်။ ကမ္ဘာပေါ် သူပြုတ်ကျသွားတဲ့ကျင်းကြီးက ငရဲထိပေါက်တယ်။ မိုက်ကယ်က လူစီဖာကို ငရဲမှာ ချုပ်နှောင်ထားခဲ့တယ်။ ဒီနောက် နတ်ပြည်ကို ပြန်သွားတယ်။ နောက်တော့ ဒီဘက်ခေတ်ရောက်လာတယ်။ ယေရှု့ခြုံထည်အပိုင်းအစလေးကို ပြပွဲလုပ်ပြီး ပြသတဲ့ပွဲတစ်ခုမှာ တမန်တော်တွေကို မယုံတဲ့ မိန်းကလေးနဲ့ ဖာသာတစ်ပါး အတူတူရှိနေကြတယ်။ လူစီဖာ့တပည့်မကောင်းဆိုးရွားတွေက အဲဒီခြုံထည်ကို လာခိုးကြတယ်။ ခရစ်တော်ရဲ့ ဒီအန်အေကနေ ခရစ်တော်ကိုပြန်မွေးဖွားလာအောင်လုပ်ပြီး လူစီဖာရဲ့အခွံအဖြစ်အသုံးချမလို့ပေါ့။ မကောင်းဆိုးရွားတွေ ယေရှု့ခြုံထည်ကို လာခိုးတာနဲ့တိုးပြီး ဖာသာကသေပြီး ကောင်မလေးက အဖမ်းခံလိုက်ရတယ်။ အဖမ်းခံရတဲ့အကြောင်းရင်းက လူစီဖာဝင်ပူးဖို့အတွက် ဖန်ပြွန်သန္ဓေသားနဲ့ ယေရှု့ကို ကိုယ်ဝန်ပြန်ဆောင်ခိုင်းဖို့ပါတဲ့။ ယေရှု့ခြုံထည်က ဒီအန်အေနဲ့ သူက ယေရှု့ဒီအန်အေကိုသုံးပြီး ဖန်ပြွန်သန္ဓေသားလိုစနစ်နဲ့ ကောင်မလေးထဲထည့်ပြီး ကောင်မလေးကို ကိုယ်ဝန်ဆောင်ခိုင်းပြီး လူစီဖာအတွက်အခွံဖန်တီးကြမှာပါ။ ဖာသာဟာ နောက်ဆုံးထွက်သက်မှာ မိုက်ကယ်ကို ဆုတောင်းလိုက်တယ်။ ဖာသာ့ကိုယ်ထဲ မိုက်ကယ်ဝင်သွားပြီး ကောင်မလေးကိုပြန်ကယ်ဖို့ လူစီဖာကိုတားဖို့ လုပ်လာတယ်။ ဒီနောက် ကောင်းကင်နဲ့ငရဲ အမှန်တရားနဲ့ဆိုးယုတ်မှု အကောင်းနဲ့အဆိုး လူစီဖာနဲ့ မိုက်ကယ်ကြားက ဒီဘက်ခေတ်တိုက်ပွဲအစစ်ကို မျက်မြင်ကိုယ်တွေ့ မြင်ရမယ့်ကားအလန်းကြီးမို့ ကြည့်ကိုကြည့်သင့်ပါတယ်။ ဘာလို့ဆို ဒီလောက်ပေါက်တီးပေါက်ရှာဇာတ်ကိုမှ ဘုရားသခင်က ဂျင်းထည့်ပြီး ထပ်ပေါက်ပေါက်ရှာရှာလုပ်ထားသေးတော့ ဒီလောက်ပေါက်တီးပေါက်ရှာဇာတ်မျိုးကို ခင်ဗျားဘဝမှာ ထပ်မြင်ရဖို့ မသေချာလို့ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Lucifer မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.95GB, 880MB Quality - 1080p, 720p Format - mp4 Duration - 1H 51Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Sci-Fi & Fantasy
6.4 2023 111 mins
The Devil Conspiracy
The King
7.2

Rating 7.6 ရရှိထားတဲ့ ဒီရုပ်ရှင်ကိုတော့ ကမ္ဘာကျော် ရှိတ်စပီးယားရဲ့ Henry V ပြဇာတ်ကနေ ပြန်လည်ရိုက်ကူးထားတာပါ။ ဒီပြဇာတ်ကို ရုပ်ရှင်တွေထဲမှာ ခဏခဏ ဖော်ပြတတ်ကြပါတယ်။ ရှားလော့ဟုမ်းစီးရီးထဲမှာတောင် ရှားလော့ ဆေးကွဲပြီး ရွတ်သွားတာ ဟင်နရီဘုရင်ရဲ့ မိန့်ခွန်းပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ အင်္ဂလန်တိုင်းပြည်မှာ စကော့တွေ ဝေလတွေ သူပုန်ထပြီး ဖရိုဖရဲ ဖြစ်နေချိန်၊ စတုတ္ထမြောက်ဟင်နရီ ဘုရင် နတ်ရွာစံပြီး သူ့ရဲ့ သားဖြစ်သူ ပဉ္စမမြောက် ဟင်နရီ ဘုရင် နန်းတက်လာချိန်၊ တိုင်းပြည်ကို ငြိမ်သက်အောင် ကြိုးစားရပုံပါ။ Henry V ဟာ အဖေနဲ့အဆင်မပြေလို့ နန်းတော်မှာလည်းမနေ အရက်သောက် ပျော်ပါးပြီး နယ်ဖျားမှာ နေခဲ့သူဖြစ်လို့ ဘယ်သူမှ မထင်မကြီးထားကြပါဘူး။ ကြိုးစားနေဆဲမှာပဲ ပြင်သစ်နဲ့ ပဍိပက္ခဖြစ်ပြီး စစ်ဖြစ်လာခဲ့ပါတယ်။ ဒီစစ်ပွဲဟာပဲ ဟင်နရီဟာ အင်္ဂလန်ရဲ့ ထိုက်တန်တဲ့ ဘုရင်ဖြစ်ကြောင်း သက်သေပြဖို့ ဖြစ်လာပါတော့တယ်။

Action • Fantasy • Thriller
7.2 2019 140 mins
The King
[18+] Rusted Body: Guts of a Virgin III
4.4

Rusted Body: Guts of a Virgin 3 (Gômon kifujin) (1987) Female Inquisitor 1987 စစ်ကြီးပြီးသွားတော့ လူတွေက ဦးရာလူစနစ်နဲ့ ရသလောက်အနိုင်ကျင့်နေကြတဲ့အချိန် ပိုက်ဆံအများကြီးပိုင်ထားတဲ့သူတွေ မလုံခြုံတဲ့အချိန်… သူတပါးပိုင်ဆိုင်တဲ့ပိုက်ဆံတွေကို ငမ်းငမ်းတက်လိုချင်နေတဲ့ ဂိုဏ်းတဂိုဏ်းရှိနေပါတယ် အဲဒီဂိုင်းက ရက်စက်လွန်းလို့ နာမည်ကြီးလှပါတယ် အဓိက ဦးဆောင်နေတာက မထင်ရက်လောက်အောင် လှပချောမောတဲ့ အမျိုးသမီးနှစ်ဦး ဦးဆောင်ထားတယ် သူတို့နှစ်ယောက်က ညှင်းပန်းနည်းတွေက ကြောက်စရာကောင်းလှတယ် တနေ့ သူတို့ ယန်း သန်း ၁၄၀ အနံ့ရပြီးလိုက်ကြတဲ့အခါ သူတို့ရဲ့ ညှင်းပန်းမှုတွေက ခက်ထန်သလို နူးညံ့တာလေးတွေရော ရောယှက်နေတာ မမကြီးတစ်ယောက်နဲ့ အရွယ်ငယ်ကောင်မလေးတယောက်ရဲ့ အတိုင်ဖောက်ညီညီ သတင်းလိုက်တာလေးတွေက DS Fans တွေအကြိုက်ဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်

4.4 1987 70 mins
[18+] Rusted Body: Guts of a Virgin III
Cross the Line

Cross the Line (2022) ဟယ်ရစ် နဲ့ မာယာ တို့ ချစ်သူနှစ်ဦးက အိပ်မက်တွေကိုယ်စီနဲ့ သင်္ဘောကြီးပေါ်မှာ သန့်ရှင်းရေးလုပ်သားအနေနဲ့ လုပ်ကိုင်ဖို့ လာခဲ့ကြတာပါ။ နှစ်ယောက်သားကတော့ ဒီအလုပ်ကို ပိုက်ဆံများများ ရှာနိုင်ဖို့အတွက် ယာယီအနေနဲ့ပါ။ သူတို့ရဲ့ရည်မှန်းချက်ကတော့ နိုင်ငံခြားမှာ အလုပ်သွားလုပ်နိုင်ဖို့ပါပဲ။ မာယာက သူ့အမေရဲ့ကျန်းမာရေးစားရိတ်အတွက် ဝင်ငွေ ပိုရမလားရယ်လို့ လာလုပ်တာပါ။ ဒါပေမဲ့လည်း သင်္ဘောပေါ်မှာ လုပ်ကိုင်ကြရင်းနဲ့ ထင်သလောက် ဝင်ငွေမရကြတဲ့အခါ မာယာကို ခန္ဓာကိုယ် ရင်းပြီး အလုပ်လုပ်ဖို့ လာဆွယ်တဲ့လူရှိတဲ့အခါမှာ မာယာ ဘာလုပ်ဖြစ်မလဲ ဟယ်ရစ်ကလည်း မာယာအတွက် မှောင်ခိုကုန်ကူးလုပ်ငန်းမှာ ဝင်ပြီး လုပ်ရပါတော့တယ်။ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အချစ်လမ်းခရီးက သာယာဖြောင့်ဖြူးပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ SanDaKuu ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 645MB | 346MB Format… mp4 Duration…. 1h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ….. SanDaKuu Encoder ….. Aaron

0 2022
Cross the Line
Marrying the Mafia : Returns
7

Marrying the Mafias : Returns (2023) ဟာသကား မျှော်နေကြသူတွေအတွက် စိတ်အပန်းပြေစေမယ့် Marrying The Mafia: Returns (2023) ထွက်ရှိလာပါပြီ Marrying The Mafia ဟာဆိုရင် ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်တွေမှာ I & II ထွက်ရှိထားခဲ့ပြီးသားဖြစ်ပြီး ဝက်ဝက်ကွဲ ရယ်ခဲ့ရသလို အခု ၂၀၂၃ ခုနှစ်အတွက် ထွက်ရှိလာတဲ့အခါမှာလည်း ရယ်ရင်းမောရင်း စိတ်ပင်ပန်းစရာတွေကို ပြေပျောက်စေဦးမှာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ အောင်မြင်လှတဲ့ စာရေးဆရာတိုရီဟာ တစ်ညမှာတော့ အမှတ်မထင် မိန်းကလေးတစ်ယောက်နဲ့ အတူအိပ်မိသွားခဲ့ပါတယ်။ ဒီခေတ်ကြီးထဲမှာ One Night Stand မိတာဟာ အထွေအထူးမဟုတ်ပါဘူးလို့ တွေးထားခဲ့ပေမဲ့ တကယ်တမ်း အဲဒီမိန်းကလေးရဲ့မိသားစုဟာ နာမည်ကြီးလွန်းလှတဲ့ လူမိုက်ဂိုဏ်းတစ်ခု ဖြစ်နေတဲ့အခါမှာတော့ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေကြားက စာရေးဆရာတိုရီရဲ့ဘဝဟာ ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ ရယ်မောရင်း ကြည့်ရှုသွားကြရမှာပါ။ Casts တွေအနေနဲ့ဆိုရင်လည်း နာမည်ကြီးတွေပဲဖြစ်ကြတဲ့ မင်းသမီးကြီး Kim Soo-mi, မင်းသား Yoon Hyun-min နဲ့ Girls Day’s Yura တို့က အဓိက ပါဝင်ထားကြတာဖြစ်လို့ ရှယ်ပါပဲနော်။ အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe & Joyz ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Family Quality…. 1080p | 720p File size… 1.2GB | 545MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe and Joyz Encoder ….. Aaron

7 2023
Marrying the Mafia : Returns
Swordfish
6.5

Swordfish (2001) ” Nudity Scene အနည်းငယ်နှင့် ကြမ်းတမ်းသော အပြောအဆိုများ ပါ၀င်သောကြောင့် သတိထားကြည့်ရှုပါရန် “ ဒီကားလေးကတော့ 2001 ခုနှစ်ကထွက်ထားတဲ့ သည်းထိတ်ရင်ဖိုအက်ရှင် ကားကောင်းလေးပါ။ ဆုငါးဆုနဲ့ စံကာတင်ဆု (၁၀)ဆု၀င်ထားပြီး IMDb rating – 6.5/10 ရထားပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Wolverine မင်းသားကြီး Hugh Jackman ရယ်၊ X-Men ထဲမှာပဲ Storm အဖြစ်သရုပ်ဆောင်ခဲ့တဲ့ အော်စကာဆုရှင် Halle Berry ရယ်၊ 1970-80 ပြည့်နှစ်တွေက ဗီလိန်မင်းသားလို့မျက်မှန်းတန်းမိကြတဲ့ John Travolta ရယ်၊ Avengers ထဲက War Machine သရုပ်ဆောင် Don Cheadle နဲ့ဆိုတော့ Cast တွေနဲ့တင် စိတ်မပျက်စေရမယ့်ဇာတ်ကားမျိုးပါပဲ။ စတန်က ခံ၀န်နဲ့လွတ်နေတဲ့ ဟက်ကာတစ်ယောက်ပါ။ တစ်နေ့ သူ့ဆီကို ဂျင်းဂျားဆိုတဲ့အလှပဂေးလေးက လူတစ်ယောက်နဲ့လိုက်တွေ့ဖို့ လာခေါ်ပါတယ်။ တွေ့ခွင့်မရတဲ့ သမီးဖြစ်သူကိုပြန်ရစေမယ်လို့ မက်လုံးပေးတဲ့အတွက် စတန်လိုက်သွားရာကနေ ဂေဘရီရယ်ဆိုတဲ့သူနဲ့တွေ့ပြီး အရှုပ်တော်ပုံထဲရောက်သွားတဲ့အကြောင်းကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 875MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 39Min Genre – Action, Crime, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.5 2001
Swordfish
Tarot

နာမည်ကြီးနေတဲ့ တားရော့ သရဲကား လာပါပြီ။ ဒီကားကတော့ Final Destination ဆန်ပါတယ်။ သူငယ်ချင်းတစ်စု တောထဲကို အလည်ထွက်ရင်း အိမ်ဟောင်းကြီးထဲမှာ တားရော့ကတ်ထပ် အဟောင်းကြီးတစ်ခုကိုတွေ့သွားပါတယ်။ အဲဒီကတ်တွေက လက်နဲ့ ကိုယ်တိုင်ပုံဆွဲထားတဲ့ ကြောက်စရာပုံတွေနဲ့ ဖြစ်နေပါတယ်။ သူငယ်ချင်းအုပ်ထဲကတစ်ယောက်က တားရော့ ဟောတတ်တဲ့သူဆိုတော့ အားလုံးကို အပျော်တမ်းဟောပေးလိုက်ပါတယ်။ ဟောတဲ့အချိန်မှာ ရာသီခွင်တွေနဲ့ ကတ်တွေဆက်စပ်ပြီးဟောပေးလိုက်တာပါ။ မကြာခင်မှာပဲ ဟောကိန်းထဲကအတိုင်း ကတ်ထဲက ပုံတွေအတိုင်း ကြောက်စရာတွေ တစ်ခုခုပြီးတစ်ခုဖြစ်လာပြီး သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် သေလာတဲ့အချိန်မှာ အသက်ရှင်ကျန်နေတဲ့ သူငယ်ချင်းတစ်အုပ်က အဖြေရှာဖို့ကြိုးစားရင်း အသက်ရှင်အောင်လုပ်ရပါတော့တယ်…. ဒီဟော်ရာကားက ဇာတ်လမ်းစိတ်ဝင်စားဖို့ကောင်းသလို ဝုန်းခနဲခြောက်တာတွေလည်း ပါတာကြောင့် ဟော်ရာပရိသတ်တွေကြိုက်ကြမှာပါ။ ကတ်တွေရဲ့ကျိန်စာကို ပြန်ဖျက်ရတာကလည်း မိုက်ပါတယ်။ ကြည့်ကြည့်လိုက်ကြပါ။ File size…(2.2 GB) / (1.1 GB)/(550 MB) Quality….Webrip 4K HEVC / Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson and Thit San Khant Translated by Mr. Anderson

Drama • Romance
0 2024
Tarot
We Grown Now
7.1

We Grown Now ရုပ်ရှင်ကတော့ အမေရိကန်နိုင်ငံရဲ့ လူမည်းအိမ်ရာစီမံကိန်းမှာ မွေးပြီး ကြီးပြင်းလာကြတဲ့ ဆယ်ကျော်သက်သူငယ်ချင်းနှစ်ယောက်ရဲ့ သူတို့ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ရိုက်ကူးတင်ပြထားတာ ဖြစ်ပါတယ်။ မာလစ်နဲ့ အဲရစ်တို့သူငယ်ချင်းနှစ်ယောက်ဟာ ဘဝရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့အခါ ရိုးသားတဲ့ ကလေးတွေရဲ့ စိတ်နှလုံးသားတွေအကြောင်း၊ သူတို့ရဲ့ရုန်းကန်မှု၊ သူတို့ရဲ့စူးစမ်းလေ့လာလိုစိတ်နဲ့ ဘဝအိပ်မက်တွေအကြောင်း ထိထိမိမိမြင်တွေ့ လာရတာပါ။ လက်လုပ်လက်စားမိသားစုမှာ အရွယ်ရောက်လာတဲ့ တကယ့်လက်တွေ့ဘဝထဲက ကလေးငယ်တွေအကြောင်း သရုပ်ဖော်တင်ဆက် ထားတာဖြစ်ပြီး ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။ File size…1.20GB / 534MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

Drama • Thriller
7.1 2023
We Grown Now
Rooftop
5.5

Rooftop (2023) =========== မိုးအေးအေးလေးနဲ့စောင်ခြုံပြီးဇိမ်နဲ့ကြည့်ရမယ့် ရှယ်ကြမ်းတဲ့သရဲကားပါ။ အဆောင်ရဲ့အုပ်ထိန်းသူတွေကျောင်းအားလပ်ရက်ခရီးထွက်သွားတုန်း ပိတ်ရက်အိမ်မပြန်တဲ့အဆောင်နေကျောင်းသားတစ်စုကျန်ခဲ့ပါတယ်။ အဆောင်မှာသူတို့ချည်းပဲ လွတ်လွတ်လပ်လပ်ကျန်ခဲ့တာမို့ လူငယ်တွေပီပီ ခေါင်မိုးထပ်မှာသောက်ကြစားကြပျော်ကြပါးကြဖို့စီစဉ်ကြပါတယ်။ တကယ်တမ်းတော့ခေါင်မိုးထပ်ဟာ တာဝန်ရှိသူတွေကလွဲလို့ဘယ်သူမှမတက်ရတဲ့တားမြစ်နယ်မြေပါ။ အဲ့ဒါကြောင့် သူတို့နဲ့ရွယ်တူကျောင်းစောင့်ကောင်လေးကို သိမ်းသွင်းပြီး သူ့ကိုပါအတူတူခေါ်ပြီး သောက်စားမူးယစ်ကြပါတယ်။အသောက်များလာ ညနက်လာတာနဲ့အမျှ အသိစိတ်တွေလွတ်ပြီးစကြနောက်ကြရာကနေ ကျောင်းစောင့် ပေါလ်ဟာခေါင်မိုးပေါ်ကလိမ့်ကျသေဆုံးသွားပါတော့တယ်။ အဲ့ဒီကျမှ အမူးတွေပြေ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတဲ့ သူတို့တစ်စုဟာ အဆောင်မှာ မသိသလိုနေလိုက်ပြီး မနက်လင်းအလောင်းကိုရှာတွေ့တဲ့သူနဲ့ချော်လဲရောထိုင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါပေမယ့်လည်း အငြိုးကြီးလွန်း ဇပြင်းလွန်းတဲ့ ပေါလ်ကတော့ လိမ့်ကျသေတဲ့နေရာမှာမနေပဲ သူတို့တစ်အုပ်လုံးကိုကလဲ့စားချေတော့မှာပါ။ ခြောက်လှန့်ခန်းတွေ၊မိတ်ကပ်အထူးပြုလုပ်ချက်တွေ ပီပြင်ပြီး အစကနေအဆုံးအထိ ရင်မသည်းဖိုကြည့်ရမယ့် ဟော်ရာကားကောင်းတစ်ကားဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:24:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5.5 2023 84 mins
Rooftop
The Movie Emperor
6

မင်းသားကြီး Andy Lau ရဲ့ဒရာမာရုပ်ရှင်ဇာတ်ကားအသစ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အနုပညာသက်တမ်း နှစ်(၄၀)ကျော်ရှိတဲ့ အတ္တကြီးတဲ့ နာမည်ကြီးမင်းသားတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။ သူဟာအောင်မြင်မှုတွေရရှိခဲ့ပြီး လူကြိုက်များတဲ့မင်းသားတစ်ယောက်ဖြစ်ပေမယ့် သူလိုချင်တဲ့ဆုကိုမရခဲ့ပါဘူး။ ရုပ်ရှင်လောကကနေအနားယူဖို့ အသင့်ဖြစ်နေပြီဆိုပေမယ့် ဂုဏ်သိက္ခာရှိရှိ ဆုရပြီးမှအနားယူချင်တဲ့သူ့ရဲ့ဆန္ဒကြောင့် လယ်သမားဇာတ်ကောင်နဲ့ရုပ်ရှင်ရိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့ရဲ့ပြင်းပြတဲ့စိတ်ကြောင့် အကြိုးစားလွန်ရာကနေ ကမောက်ကမတွေဖြစ်သွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ နောက်ဆုံးမှာ သူလိုချင်တဲ့ပန်းတိုင်ကိုရောက်နိုင်ပါ့မလား…… ဒီဇာတ်ကားမှာ အင်တာနက်ခေတ်ကို လူကြီးတစ်ယောက်ရဲ့အသားမကျပုံနဲ့ ရုပ်ရှင်လောကရဲ့သဘောတရားတွေအများကြီးကို ချပြထားပါတယ်။ သရုပ်ဆောင်ဘက်ကရှုထောင့်နဲ့ ဝေဖန်သူပရိသတ်တွေရဲ့ရှုထောင့် နှစ်မျိုးလုံးကိုမြင်ရမှာဖြစ်ပါတယ်။

6 2024
The Movie Emperor
Kotee
6.5

Kotee (2024) “ကိုတီ” CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ ကန်နားဒါး သည်းထိပ်ရင်ဖို/ဒရာမာ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ရိုးသားမှုဆိုတာ မနည်းရှာဖွေယူရမယ့် ဂျာနာသာမြို့လို သူခိုးသူဝှက်ပေါများတဲ့နေရာမှာ အလုပ်မျိုးစုံလုပ်ရင်း အမေ၊ ညီလေး၊ ညီမလေးတို့ကို ရိုးရိုးသားသားလုပ်ကျွေးသူ ‘ကိုတီ’ ညီမ မင်္ဂလာဆောင်နိုင်ဖို့၊ ညီဖြစ်သူအတွက် လုပ်ငန်းထောင်ပေးနိုင်ဖို့၊ အိမ်လေးကို ပြုပြင်ဖို့ တစ်ကုဋေကို မခိုးမဝှက်ဘဲ ရှာမယ်လို့ ကြွေးကြော်ထားတဲ့ ကိုတီနဲ့ သူ့အလုပ်ရှင်တို့ ပြဿနာတက်ကြရာ … သူ့ကို ဒေါသထွက်သွာစေတဲ့ စကားတစ်ခွန်းကတော့ “လူတိုင်းရဲ့အတွင်းစိတ်မှာ သူခိုးတစ်ယောက်ကိန်းအောင်းနေတယ်” ဆိုတဲ့ စကားပါပဲ ဒါကို တစ်စက်လေးမှ လက်မခံတဲ့ ကိုတီတစ်ယောက် ပိုက်ဆံချေးဖို့လိုလာတော့ ဂိုဏ်းခေါင်းဆောင်တစ်ဦးနဲ့ ပတ်သက်မိတဲ့အခါမှာ ပင်ကိုရိုးသားမှုကို သူဆက်ထိန်းနိုင်ဦးမလားဆိုတာ ပရိသတ်ကြီး အားပေးကြည့်ရှုပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Linn Lunn ~ ToMo ~ Alex ~ Yunni တို့ ဖြစ်ပါတယ်

Comedy
6.5 2024 170 mins
Kotee
The Secret Lair of the Tibetan Flower
5.8

ထူးခြားဆန်းပြားတဲ့အရပ်ကို မခေါ်သွားနိုင်ပေမယ့်… ထူးခြားဆန်းပြားတဲ့ ဇာတ်ကားကိုတော့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… အလောင်းဖောက်တဲ့ ဇာတ်ကားတွေကို ကြည့်နေကြသူတိုင်းသိမှာပါ… ကျန်းမိသားစုက ထူးခြားတဲ့သွေးပိုင်ရှင်တွေ…. အဆိပ်မျိုး ၁ ထောင် မတိုးတဲ့ သွေးပိုင်ရှင်တွေမို့ အားလုံးက စမ်းသပ်ချင်နေတာ… ဒီကားလေးမှာလည်း ဒီအတိုင်းပဲ ကျန်းမိသားစုကိုမှ ဖမ်းပြီးတော့ သူတို့စမ်းသပ်ချင်တဲ့ အဆိပ်ရှိတဲ့ ပိုးကောင်ကို အရှာထွက်မယ့် ရှာပုံတော်ခရီးလမ်းအကြောင်းပေါ့… မတည့်အတူနေ ကြောင်နဲ့ ကြွက် ကျန်းညီအစ်ကို ၂ ယောက်က ရှေ့ဆင့်နောက်ဆင့် ပိုးကောင်အမဲလိုက်မုဆိုးတွေ ဖမ်းတာခံခဲ့ရပြီး… သူတို့မကြာသေးခင်ကမှ လွတ်မြောက်လာတဲ့ ကူလော့ရှေးဟောင်းဂူကို ပြန်လည် နည်းပြဖို့ဖြစ်လာခဲ့ပါတယ်… အဲ့မှာ သူတို့ဖမ်းချင်တဲ့ ပိုးကောင်ကတော့ ပါးစပ်ရာဇဝင်ထဲက လူအသွေးအသားအားလုံး စုပ်ယူစားသောက်တတ်တဲ့ အဆိပ်ရှိ အန္တရာယ်ကောင်ပါပဲ…. ဒီခရီးလမ်းအဆင်ပြေချောမွေ့ပါမလား… အရင်ခရီးလို ကျန်းညီအစ်ကိုနှစ်ယောက် သေဘေးကလွတ်မြောက်ပါ့မလား… နောက်ပြီး ဒီရာဇဝင်ထဲက ပိုးကောင်က တကယ်ရောရှိရဲ့လား…

5.8 2024
The Secret Lair of the Tibetan Flower
Tom and Jerry Snowman’s Land
5.4

ဒီဇာတ်လမ်းလေးမှာ ဂျယ်ရီက ဂွတ်ဘယ်ရီဆိုတဲ့မြို့လေးက အရုပ်ဆိုင်ရှင်ကြီးရဲ့ ကြွက်ကလေးပါ။ သူ့မှာ မျက်လှည့်ရူး တပ်ဖီဆိုတဲ့ တူတစ်ယောက်လည်း ရှိပါသေးတယ်။ အဲဒီမှာ တွမ်ကတော့ ပြိုင်ဖက်အရုပ်ဆိုင်ရှင် ဒက်ဗယ်ဗေးရဲ့ ကြောင်ပါ။ အဲဒီဂွတ်ဘယ်ရီမြို့‌မှာ မှော်အစွမ်းရှိတယ်လို့ နာမည်ကြီးတဲ့ အိုစမိုင်းလီဆိုတဲ့ တောင်တစ်လုံးလည်း ရှိပါတယ်။ တစ်နေ့ဂျယ်ရီရဲ့တူ တပ်ဖီတစ်ယောက် မျက်လှည့်ပြကွက်အသစ် ဖန်တီးရာကနေ နှင်းလူသားတစ်ယောက် ဖန်တီးမိသွားပါတယ်။ အဲဒီနှင်းလူသားက အိုစမိုင်းလီတောင်ရဲ့ မှော်အစွမ်းကြောင့်ဖြစ်လာတာလို့ ယုံကြည်ထားပြီး အဲဒီတောင်ပေါ်ကို ပြန်ပို့ပေးဖို့ ဂျယ်ရီနဲ့ တပ်ဖီတို့ ပြင်ဆင်နေကြပါတယ်။ ဒါကိုသိသွားတဲ့ တွမ်နဲ့ ဒက်ဗယ်ဗေးတို့က အရုပ်နည်းပညာအသစ်လို့ ယူဆပြီး နှင်းလူသားကို ဖမ်းဆီးစမ်းသပ်ဖို့ ကြိုးစားပါတော့တယ်။ ဂျယ်ရီတို့နှစ်ယောက် သူတို့လက်က လွတ်အောင် လုပ်ပြီး နှင်းလူသားကို အဲဒီမှော်တောင်ထိပ်ပေါ်ကို အရောက်ပို့ပေးနိုင်မလား၊ ကြောင်ကြီး တွမ်တို့က သူတို့ကို ဘယ်လောက်ထိ နှောင့်ယှက်သွားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ File Size : 1 GB, 472 MB Quality : WEB-DL 1080p / 720p Running Time : 1hr 16min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

Drama
5.4 2022 76 mins
Tom and Jerry Snowman’s Land