YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

24 - [4x16] - 10.00 PM - 11.00 PM.mkv

123.8 MB N/A video/x-matroska 5 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sliding Doors
6.6

ကျွန်တော်တို့ရဲ့ဘ၀မှာ ဒီလိုမျိုးအခိုက်အတန့်လေးတွေလူတိုင်းမှာရှိခဲ့ကြတယ်။ ငါဒီလိုမျိုးလုပ်ခဲ့ရင်/မလုပ်ခဲ့ရင်, ဒီကားကိုမှီခဲ့ရင်/မမှီခဲ့ရင်, ငါဒီလမ်းကြောင်းကိုရွေးချယ်ခဲ့ရင်/မရွေးချယ်ခဲ့ရင် ငါသူ့ကိုခွင့်လွှတ်ခဲ့/ခွင့်မလွှတ်ခဲ့ရင် ငါ့ဘ၀ကြီးကအခုလိုမဟုတ်ပဲဘာတွေဆက်ဖြစ်မလဲဆိုတာကိုတွေးမိ စိတ်ကူးယဉ်မိကြသေးတာပဲ။ ဒီဇာတ်ကားလေးရဲ့ အဓိကအချက်ကလည်း ဒါလေးကိုပါပဲ။ ဟယ်လန်ဆိုတဲ့ ကောင်မလေး အလုပ်ပြုတ်ပြီး အိမ်အပြန် ရထားကိုမှီမမှီဆိုတာကနေစဉ်းစားကြည့်ရအောင်။ ရထားမှီလို့အိမ်ကိုစောစောပြန်ရောက်ပြီး ရည်းစားကဖောက်ပြန်နေတာမိလိုက်ရင် ဟယ်လန်ရဲ့ဒီဘ၀အချိုးအဆစ်ကဘယ်လိုဖြစ်သွားမလဲ။ အကယ်၍ရထားမမှီခဲ့လို့ နောက်ကျမှပြန်ရောက်ပြီး ရည်းစားရဲ့မပိရိတဲ့ အလိမ်အညာတွေအောက်မှာပဲ သံသဃတွေနဲ့ သူမရဲ့ဒီဘ၀အချိုးအဆစ်ကဘယ်လိုဖြစ်ဦးမှာလဲ ရထားကြီးရဲ့ လျှောတံခါးနှစ်ချပ်လိုဖြစ်နေတဲ့ ဒီအခြေအနေနှစ်ခုက ဟယ်လန့်အတွက်အဆုံးသတ်မှာ ဘယ်လိုဖြစ်မလဲဆိုတာကို Sliding doorsဆိုတဲ့ဇာတ်ကားလေးမှာ ခံစားကြည့်ရှုပေးကြပါဦး File size…  3.25GB / 1.12GB Quality…  Blu-Ray 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Romance , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman

Comedy
6.6 1998 99 mins
Sliding Doors
Ranga Ranga Vaibhavanga
4.6

ရီရှီနဲ့ ရာဒါဆိုတဲ့ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ဟာ တစ်ရက်တည်း အချိန်အတူတူမွေးလာကြတဲ့သူတွေပေါ့ သူတို့ရဲ့အဖေတွေကလည်း ငယ်ပေါင်းကြီးဖော် သူငယ်ချင်း အရင်းခေါက်ခေါက်တွေ သူတို့ကလည်း ငယ်ငယ်ကတည်းက တပူးပူးတတွဲတွဲ ကြီးပြင်းလာခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက်လည်း သူငယ်ချင်းထက်ပိုတဲ့ သံယောဇဉ်တွေနဲ့ အရမ်းချစ်ကြတဲ့သူတွေပေါ့ ဒါပေမယ့် ချစ်ကြပေမယ့် မာနချင်းပြိုင်ရတဲ့ နေ့တစ်နေ့ကို ရောက်လို့လာခဲ့တယ် အဲဒါကတော့ သူတို့ အလယ်တန်းမှာ ကိစ္စတစ်ခုကြောင့် တစ်ယောက်ပါးတစ်ယောက် ရိုက်လိုက်မိရာက နင်စကားမပြောရင် ငါလည်းမပြောဘူးဆိုပြီး ဖြစ်သွားကြပြီး ကြီးတဲ့အထိ စကားမပြောဘဲ နေလာကြတာ ကောလိပ်ရောက်တဲ့အထိပါပဲ ရင်ထဲမှာတော့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်တဲ့အချစ်တွေနဲ့ ရှိကြပေမယ့် မာနတွေကြောင့်သာ သူတို့ဝေးကွာနေခဲ့ကြတာပေါ့ အဲဒီလိုနဲ့ အဲဒီလိုအရမ်းချစ်ကြတဲ့ သူတို့နှစ်ယောက်ရဲ့ မာနတွေ ပြိုကွဲသွားစေမယ့်အရာက ဘာဖြစ်မလဲ အခေါ်အပြောမလုပ်ကြတဲ့ သူတို့နှစ်ယောက်မှာ ဘယ်သူက အရင်စကားစပြောတဲ့သူ ဖြစ်မလဲဆိုတာ ဒီကားလေးထဲမှာ မိသားစုဘဝ ဟာသလေးတွေနဲ့ပါ အချစ်ရိုမက်တစ်ရသကို အပြည့်ခံစားပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…2.9GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & BpL & Sora

Horror • Science Fiction
4.6 2022 122 mins
Ranga Ranga Vaibhavanga
The Running Man
6.5

ဒီဇာတ်ကားက ၁၉၈၇ မှာထွက်ခဲ့တယ်။ ဇာတ်လမ်းက အဲဒီအချိန် ၁၉၈၇ ကနေ အနာဂတ်နှစ်ပေါင်းသုံးဆယ်ကို ကြိုမှန်းပြီး ၂၀၁၇ မှာ ဇာတ်အိမ်တည်ထားတယ်။ ဒါပေမဲ့ အခုလက်ရှိဖြစ်ပျက်ကြုံတွေ့နေရတဲ့ ကာလံဒေသံနဲ့တော့ အင်မတန်ကိုက်ညီတဲ့ ဇာတ်ကားပါပဲ။ ၂၀၁၇ မှာ တကမ္ဘာလုံးစီးပွားပျက်ကပ်ကြီးဖြစ်ပြီး စားနပ်ရိက္ခာထုတ်လုပ်မှုတွေလျော့ကျ၊ သံယံဇာတတွေ ရေနံ သဘာဝဓာတ်ငွေ့တွေလည်း နည်းပါးပြတ်လပ်လာခဲ့တာ တကမ္ဘာလုံးမှာပါပဲ တဲ့။ အဲလိုအချိန်မှာ အမေရိကန်နိုင်ငံမှာ အကြွင်းမဲ့အာဏာရှင်အစိုးရတစ်ရပ်က အုပ်ချုပ်နေပါသတဲ့။ စာရေးဆရာနှယ် စိတ်ကူးမှယဉ်တတ်‌သေးတယ်ဗျာတယ်။ (တကယ်တော့ အဲဒီဇာတ်လမ်းဟာ စာရေးဆရာ Stephen Kingက ကလောင်ခွဲတစ်ခုနဲ့ ရေးသားထုတ်ဝေခဲ့တဲ့ ဝတ္ထု The Running Manကိုပဲ အခြေတည်ပြီး ရိုက်ကူးထားတာလို့ သိရပါတယ်။) တနိုင်ငံလုံးကို စစ်နယ်မြေဇုန်တွေခွဲပြီး သံမဏိစည်းကမ်းနဲ့ အုပ်ချုပ်ပါသတဲ့။ စာပေ ဂီတအပါအဝင် အနုပညာအားလုံးကို ဆင်ဆာပိတ်ထားတယ်။ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းလို့ မရှိစေရ။ တစ်နေရာနဲ့တစ်နေရာ စာရေး၊ဖုန်းဆက်ခွင့် မပြု။ ခရီးသွားချင်ရင် အစိုးရထုတ်ပေးထားတဲ့ ခရီးသွားလက်မှတ်ရှိမှ သွားခွင့်ရှိတယ်။ အိမ်ပြင်ထွက်ရင်တောင်မှ သွားလာခွင့်လက်မှတ်ဆိုတာကို အမြဲဆောင်ထားရမတဲ့။ ညမထွက်ရအချိန်ကျော်မှထွက်လို့မိရင် ထောင်ဒဏ်တသက်တကျွန်းဆိုပဲ။ ရုပ်မြင်သံကြားကို အစိုးရက လုံးဝထိန်းချုပ်ထားတယ်။ ရုပ်မြင်သံကြားနဲ့ပဲ နာရီမလပ် ဝါဒဖြန့်တယ်။ လူတွေဆန္ဒပြဆူပူဖို့ အာရုံမရောက်အောင် ရုပ်မြင်သံကြားကနေ The Running Man ဆိုတဲ့ ဂိမ်းရှိုးတစ်ခု အမြဲပြပေးတယ်။ အဲဒီရှိုးကလည်း အလွန်လူကြိုက်များတဲ့အစီအစဉ်ဖြစ်လာခဲ့ပါတယ်။ ထောင်ကျနေတဲ့ရာဇဝတ်သားတွေကို ငလျင်ကြောင့်ပျက်စီးနေတဲ့နယ်မြေတစ်ခုထဲကို သွင်းပြီး သူ့နောက်ကနေ ကြေးစားလူသတ်သမားတွေက လိုက်သတ်တယ်။ သုံးနာရီပြည့်လို့မှ အသတ်မခံရသေးရင် သူနိုင်တယ်ပေါ့လေ။ နိုင်ရင် လွတ်ငြိမ်းချမ်းသာခွင့်ရပြီပေါ့။ အဲဒီအစိုးရတီဗီက အမြဲပြောလေ့ရှိတာကတော့ ကိုယ်တိုင်မျက်မြင်ဖြစ်မှယုံကြပါ တဲ့။ ဟုတ်ကဲ့ သူတို့တီဗီမှာပြနေတဲ့ဟာတွေအားလုံးကတော့ အမှန်တရားကို ပုံဖျက်ပြီး editing လုပ်ထားတဲ့ဟာတွေချည်းပါပဲ။ လူတွေကလည်း ကာလကြာလာတော့ ယုံလာကြတာပါပဲ။ ကလေးတွေအတွက် ကျောင်းဆိုတာ မရှိတော့ပါဘူး။ ကလေးတွေကို စစ်သင်တန်းပဲတက်ခိုင်းပြီး ဦးနှောက်ဆေးတယ်။ မိဘ၊မိသားစုဝင်တွေထဲက တော်လှန်ရေးသမားတွေရှိရင်၊အစိုးရမကောင်းကြောင်းပြောတဲ့သူတွေရှိရင် သတင်း‌ပို့ရမယ်လို့ သင်ပေးတယ်။ အဲလိုသတင်းပေးရင် မုန့်ဖိုးနှစ်ဆပေးသတဲ့။ Gorge Orwell ရဲ့ 1984 ထဲက အငွေ့အသက်တွေကိုပါ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့လည်း ဖိလွန်းရင်ကြွ ထိလွန်းရင်ချ ဆိုသလိုပဲ အဲဒီအာဏာရှင်အစိုးရကို တော်လှန်နေသူတွေလည်း ရှိပါသေးတယ်။ လူအရေအတွက်အနည်းငယ်သာရှိတဲ့ မြေအောက်တော်လှန်ရေးအဖွဲ့လေးတစ်ခုပေါ့။ အဲလိုကာလမှာ ရဲအရာရှိတစ်ဦးဖြစ်တဲ့ ဘန် ရစ်ချတ် (Arnold Schwarzenegger) ဟာ သူတကယ်မကျူးလွန်ဘဲ အကွက်ဆင်ခံလိုက်ရတဲ့ အမှုကြီးတစ်ခုအတွက် ထောင်ကျခံနေရာကနေ သူငယ်ချင်းတစ်စုနဲ့အတူ ထောင်ဖောက်ပြေးပြီး လွတ်မြောက်လာခဲ့ပါတယ်။ လွတ်မြောက်လို့ရက်သိပ်မကြာသေးခင်မှာပဲ ကံမကောင်းအကြောင်းမလှစွာနဲ့ ပြန်အဖမ်းခံရပြီး the Running Man အစီအစဉ်ထုတ်လုပ်သူ ၊ နာမည်ကျော်အစီအစဉ်တင်ဆက်သူကြီး ဒေမွန် ကီလီယံ ရဲ့လက်ထဲကို ရောက်သွားပါတော့တယ်။ မင်းသားကြီး အာနိုး ရဲ့ နုစဉ်အခါက သရုပ်ဆောင်ပုံဘယ်လိုရှိခဲ့တယ်ဆိုတာ အကဲဖြတ်ခံစားရင်း၊ ဒီဇာတ်ကားထဲက လူတွေရဲ့ အခြေအနေတွေကို ကိုယ်ချင်းစာစိတ်နဲ့ ကြည့်ရှုရင်း နဲ့ စိတ်ကူးယဉ်မဆန်တဲ့ စိတ်ကူးယဉ်ဇာတ်ကားလေးကို အားပေးကြည့်ရှုကြပါဦး လို့ တိုက်တွန်းလိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ တင်ဆက်ထားတာပါ။) File size…(10 GB)/(2.6 GB)/(999 MB) Quality….BluRay 4K HEVC/1080p HEVC / 720p Format…mkv/mp4 Duration….01:40:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thaman Myint

Science Fiction • Thriller
6.5 1987 101 mins
The Running Man
The Rental
5.5

ဒီတစ်​​ခေါက်မိတ်ဆက်​ပေးချင်တာက​တော့ ညဘက်မှာ ​ကျောခြမ်းစရာ Thriller ​လေး​တွေမှ ကြည့်ချင်တယ်ဆိုတဲ့ ​လူ​တွေအတွက် အကြိုက်ဖြစ်ပါလိမ့်မယ် ။ ခရီး​တွေသွားတဲ့အခါ ငှားလို့ရတဲ့ လုံးချင်းအိမ်​လေး​တွေကို သိကြမယ်မလား ။ အခုဇာတ်အိမ်ကလည်း အဲ့လိုအိမ်​လေးအ​ပေါ် အ​ခြေခံထားခဲ့တာပါ ။ ချာလီနဲ့ ​ဂျော့ရှ်က ညီအစ်ကို နှစ်ဦးဖြစ်ပြီး သူတို့ရဲ့ ချစ်သူ​တွေဖြစ်တဲ့ မီရှယ် ၊ မီနာ တို့နဲ့အတူ ပိတ်ရက်မှာ ကမ်း​ခြေကို ခရီးထွက်ဖို့အတွက် ပြင်ဆင်ခဲ့ကြပါတယ် ။ ငှားထားတဲ့ အိမ်ကို ​ရောက်လာတဲ့အခါမှာ​တော့ အိမ်ပိုင်ရှင်က နည်းနည်း ထူးဆန်းပြီး ​လူမျိုး​ရေးခွဲခြားတတ်တဲ့ သူတစ်​ယောက်လည်း ဖြစ်​နေပြန်တာမလို့ မီနာက သ​ဘောမကျခဲ့ပါဘူး ။ ဒီလိုနဲ့ပဲ ညဘက်​​ရောက်တဲ့အခါမှ ​သောက်စားမူးယစ်ရင်း မီနာက သူ့ရည်းစားရဲ့ ညီဖြစ်သူ ချာလီနဲ့ မှားယွင်းမိပြီး နောက်တစ်​နေ့မှာ​တော့ သူတို့ရဲ့ ​ရေချိုးခန်း​တွေထဲမှာ ကင်မရာ ဆင်ခံထားရတာကို သိလိုက်ရပါ​တော့တယ် ။ ဒါတင်မက တခြားရှုပ်​ထွေးတဲ့ကိစ္စကပါ ထပ်ပြီး ထွက်​ပေါ်လာတဲ့အချိန်မှာ​တော့ သူတို့​လေး​ယောက်က ဒါ​တွေက ဘယ်လိုမျိုး ​ဖြေရှင်းကြမလဲ ဆိုတာကို ဇာတ်ကွက်အလှည့်အ​ပြောင်းကြမ်းကြမ်း ၊ အသည်းတယားယားနဲ့ ကြည့်ရမှာ ဖြစ်သလို ချစ်သူ​တွေကြားက က​တောက်ကဆကိုပါ မြင်သာ​အောင် ရိုက်ကူးပြထားတဲ့ ရုပ်ရှင်ကား​ကောင်း တစ်ခုလည်း ဖြစ်ပါတယ် ။ File Size - 954 mb Quality - web-dl 1080p Subtitle -  burmese Translator - Floria Encoder - Thit San Khant

Drama
5.5 2020 88 mins
The Rental
Iron Mask
8

Iron Mask (2023) ဝူယောင်းဝူတို့ ဇာတ်ကားထဲက ရှေ့နေဂွမ်မင်ဝူးကို ကာရိုက်တာအသစ်တစ်မျိုးနဲ့ကြည့်ရှုရမယ့် Iron Mask (2023) ထွက်ရှိလာပါပြီ။ Kendo အားကစားလောကကို အခြေတည်ပြီး အစ်ကိုဖြစ်သူရဲ့ သေဆုံးမှုအတွက် လက်စားချေမယ့် ကောင်လေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ နိုင်ငံ့လက်ရွေးစင် Kendo ကစားသမားဖြစ်လာဖို့ ယှဉ်ပြိုင်ခွင့်ရမယ့် Survival ပွဲစဉ်တစ်ခုကို ဂင်ဂျယ်ဝူ ရောက်ရှိလာခဲ့တာဟာ သဘောရိုးနဲ့မဟုတ်ဘဲ အစ်ကိုဖြစ်သူရဲ့သေဆုံးမှုအတွက် ဟွမ်ထယ်ဆူဆိုတဲ့ ကစားသမားကို လက်စားချေဖို့ပါ။ ဒါပေမဲ့ သူ့ရဲ့စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘဲ တဖြည်းဖြည်း သူ့ရဲ့အရည်အချင်းတွေပါ ကျဆင်းလာခဲ့တဲ့အခါမှာတော့ ဂျယ်ဝူတစ်ယောက် အဲဒီအခြေအနေကို ကျော်ဖြတ်ပြီး လက်စားချေသွားနိုင်ပါ့မလား ဒါမှမဟုတ် သူ့ဘဝကြီးကပဲ ရေစုန်မြောသွားမလား ဆိုတာကိုတော့ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလိုက်ကြပါဦးနော်။ အညွှန်းကိုတော့ Hmwe က ရေးးသားထားပြီးးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre….. Action, Drama, Fantasy Quality…. 1080p | 720p File size… 890MB | 348MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe and Joyz Encoder ….. Aaron

8 2023 100 mins
Iron Mask
Ashkal: The Tunisian Investigation
6

Ashkal: The Tunisian Investigation (2023) IMDB: 6.0 / Rotten Tomatoes: 80% မှုခင်းစုံထောက်ဇာတ်ကားကောင်းတွေကိုကြိုက်နှစ်သူတွေအတွက်ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ အာရပ်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Ashkal ဖြစ်ပြီး IMDb Rating 6.0 အထိရရှိထားတဲ့အတွက်ကြည့်ရတာတကယ်စိတ်ဝင်စားစရာကောင်းမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ လူသူကင်းမဲ့တဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာကိုယ့်ကိုယ်ကိုယ်မီးရှို့ပြီးသေဆုံးခဲ့တဲ့ အစောင့်တစ်ယောက်ကိုရဲတွေစုံစမ်းစစ်ဆေးနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ လိုက်လံမေးမြန်းကြည့်တော့ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံတာလို့ပဲပြောနေကြပြီး တကယ်လည်းအဲ့လိုပုံစံပေါက်နေခဲ့ပါတယ်။ ဒါပေမယ့်အဲ့ဒီအမှုကိုလိုက်နေတဲ့ဖက်မာဆိုတဲ့စုံထောက်မလေးကတော့သေကြောင်းကြံတယ်လို့မထင်ခဲ့ပါဘူး။ ဒီလိုနဲ့သိပ်မကြာခင်မှာပဲ အဲ့ဒီအစောင့်သေဆုံးခဲ့တဲ့ပုံစံအတိုင်း မီးလောင်သေဆုံးသူတွေတစ်ယောက်ပြီးတစ်ယောက်တွေ့လာတဲ့အခါမှာတော့ ဒီအမှုရဲ့နောက်ကွယ်မှာဘယ်လိုနက်နဲရှုပ်ထွေးတဲ့အရာတွေရှိနေမလဲဆိုတာကိုဖက်မာတစ်ယောက်စုံစမ်းရင်းနဲ့တရားခံကိုဖမ်းမိသွားနိုင်မလား တရားခံဆိုတာကရောတကယ်ရှိရဲ့လားဆိုတာတွေကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…(1.6 GB) / (735 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Duration….01:36:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Saw Lay

Comedy • Romance
6 2023
Ashkal: The Tunisian Investigation
Demonte Colony 2
7.6

Demonte Colony 2(2024)”ဒီမွန့် စံအိမ်ကြီး အပိုင်း ၂” ============================================= IMDb 7.7 ရရရှိထားတဲ့ တမီလ်စကားပြော ရုံတင်ရုပ်ရှင်ကားတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့Demonte Colony ရုပ်ရှင်ရဲ့ တိုက်ရိုက်အဆက်ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုလည်း ပထမ Demonte Colony ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ အာဂ်အဂျေးဂါနန်နာမူသူကပဲ ဆက်လက်ရိုက်ကူးထားတာဖြစ်ပဲ ပထမရုပ်ရှင်မှာရခဲ့တဲ့ သည်းထိတ်ရင်ဖိုသရဲကားဆိုတဲ့အရသာကို ဆက်လက်ပေးစွမ်းနိုင်ဆဲပါပဲ။ ဒီ နံပါတ် ၂ မှာတော့ ဆုံးပါးသွားတာ ခြောက်နှစ်ရှိပြီဖြစ်တဲ့ ခင်ပွန်းအတွက် ဖြေမဆည်နိုင်သေးတဲ့ ဒယ်ဘီဆိုတဲ့မိန်းကလေးဟာ သဘာဝလွန်အစီအရင်တွေသုံးကာ ခင်ပွန်းဖြစ်သူနဲ့ ဆက်သွယ်ဖို့ကြိုးစားရင်း လူတစ်ယောက်နဲ့တွေ့ကာ ဒီမွန့်စံအိမ်ကြီးရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ကြပုံကို မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7.6 2024 145 mins
Demonte Colony 2
The Unexpected Man
5.2

ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့… ချန်ကျန်းဟာ အရမ်းတော်တဲ့သင်္ချာ ပညာရှင်တစ်ယောက်ဖြစ်ပါတယ် သူဟာ ဘဏ်မှာ စာရင်းသွင်းဖို့သွားရင်း ဘဏ်ဓားပြတိုက်မှုတစ်ခုကို ကြုံခဲ့ရပါတယ် အဲ့ဒီနောက်မှာ ရဲတွေကို လုယက်သူတွေကိုဖမ်းဖို့ မျက်မြင်သက်သေ တစ်ယောက်အနေနဲ့ သူ့ရဲ့သချာ်စွမ်းရည်ကိုအသုံးချကာ ကြီးမားစွာ အကူအညီပေးခဲ့ပြီး ကိန်းဂဏန်းဝိဇ္ဇာလို့ ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပါတယ် အဲ့ဒီအချိန်မှာ အကြမ်းဖက်သမားတစ်ယောက်က ကိန်းဂဏန်းဝိဇ္ဇာချန်ကျန်းကို ရည်ရွယ်ပြီး မြို့ထဲမှာ ဗုံးတွေဆင်ကာ ပညာစမ်းပါတော့တယ် အကြမ်းဖက်သမားလက်ထဲကနေ အပြစ်မဲ့သူတွေကို ချန်ကျန်းတစ်ယောက် ရဲအရာရှိတွေနဲ့ပူးပေါင်းပြီး သူ့ပညာတွေကို ဘယ်လိုအသုံးချ ဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်

5.2 2021
The Unexpected Man
Jai Bhim
9.7

v Jai Bhim (2021) IMDb Rating (8.7) ” မရှိခိုးနိုး မလှစုန်းမျိုး “ဆိုတဲ့စကားပုံထဲကလို မရှိလဲမရှိ မလှလဲမလှတဲ့ ကျောမွဲလူတန်းစားတစ်ရပ်။ ရုပ်မြင်တာနဲ့ ဘာများအလစ်သုတ်မှာလဲထင်ခံနေရရှာတဲ့ လူတန်းစားတစ်ရပ်။ ရုပ်ရှင်ထဲက စကားစုအတိုင်းဆို “အတန်းထဲမှာ ခဲဖျက်ပျောက်ရင်တောင် ကျွန်တော့် အိတ်ကအရင်ရှာခံရတယ်” “ဒီရှက်ရွံ့မှု့ကိုကြောက်တာနဲ့ ကျောင်းတောင်မသွားရဲတော့ဘူး” ဒီလိုလူတန်းစားတွေအပေါ်အဖိနှိပ်ဆုံးက ဘယ်သူတွေဖြစ်မှာလဲ။ ထုံးစံအတိုင်းပြည်သူ့ဆန်စားတဲ့ပြည်သူ့ “ရဲ”ဆိုတဲ့လူတွေပဲပေါ့။ ဒီဇာတ်လမ်းလေးထဲမှာလည်း ပြည်သူ့ရဲအမည်ခံ လူ့ဘီလူးတွေ ဘယ်လောက်တောင်လူမဆန်သလဲ .. လူချင်းတူပါလျက်နဲ့ ဆင်းရဲတဲ့သူတွေက ဘယ်လောက်တောင်လူ့အောက်ကျလည်းဆိုတာကို သနားစဖွယ်တွေ့ရမယ့်အပြင် လောကမှာ လူကောင်းလူဆိုးနှစ်မျိုးနှစ်စားရှိတာမို့ ဒီသနားစရာလူမျိူးစုကိုကယ်တင်ပေးမယ့် လူစွမ်းကောင်းရှေ့နေကြီးလည်း ရှိနေသေးပြန်တဲ့အခါ … အများကြီး spoilမိမှာမို့ အညွှန်းကို ဒီလောက်နဲ့တင်ရပ်လိုက်ပါရစေ။ ကြည့်ရတာတန်မယ့် .. အချိန်ကုန်ရကျိုးနပ်မယ့် Tamilကားကောင်းလေးဖြစ်ကြောင်းပဲလက်တို့လိုက်ပါတယ်နော်။

Action • Fantasy • Horror
9.7 2021 164 mins
Jai Bhim
A Matter of Interpretation

A Matter of Interpretation (2014) ********************************* အိပ်မက်တွေဟာ ကိုယ်ချိုးနှိမ်ဖိနှိပ်ထားတဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့နေရာလို့ လူတွေ ပြောလေ့ရှိတယ်။ ခံစားချက်တွေ၊ နက်ရှိုင်းစွာ တည်ရှိနေတဲ့ အာသီသတွေကို ထုတ်ဖော်ပေးတဲ့ နေရာတစ်ခုပေါ့… ပြဇာတ်မင်းသမီး ယွန်းရှင်းဟာ အိပ်မက်တွေအပေါ် အယုံအကြည်သိပ်မရှိပါဘူး။ လက်တွေ့ဆန်လွန်းလှတဲ့… သူမရဲ့ဘဝကြောင့် စိတ်ကူးယဉ်နိုင်စွမ်းတွေလည်း ကင်းမဲ့နေခဲ့တာ ကြာပါပြီ။ တစ်နေ့ သူမရဲ့ပြဇာတ်ကို… ပရိသတ်တစ်ဦးမှ မလာတဲ့အခါ ဘဝကြီးကို စိတ်ပျက်ငြီးငွေ့လာတဲ့ သူမအနေနဲ့ တစ်ခါကချစ်ခဲ့ရတဲ့ ပြဇာတ်ရုံထဲကနေ… ဒေါသမာန်နဲ့ ထွက်လာခဲ့တော့တယ်။ အဲဒီနောက် စိတ်မကြည်မလင်နဲ့ အနီးအနားက ပန်းခြံတစ်ခုကိုသွားပြီး… ဆေးလိပ်ဖွာနေတုန်း အိပ်မက်အဓိပ္ပာယ်ဖော်တတ်တဲ့ စုံထောက်တစ်ဦးနဲ့ တွေ့ဆုံတော့တယ်။ ဒီလိုနဲ့ ပြဇာတ်သရုပ်ဆောင်… ယွန်းရှင်းဟာ မှေးမှိန်သွားပြီဖြစ်တဲ့ သူမရဲ့စိတ်ပြင်းပြမှုတွေ၊ ပြတ်တောက်သွားတဲ့ ဆက်ဆံရေးတွေ၊ စိတ်ရဲ့အနက်ရှိုင်းဆုံးထဲက… ခံစားချက်တွေကို ပိုနားလည်သဘောပေါက်ဖို့ ကံအကြောင်းတိုက်ဆိုင်လာတော့တယ်။ အူကြောင်ကြောင်နဲ့… ဟာသလေးတွေနှောထားတဲ့ လွမ်းဆွေးစရာ ဒရမ်မာရုပ်ရှင်လေးဖြစ်တာမို့ ကြည့်တဲ့အချိန်… အထူးအဆန်းလေးဖြစ်နေမှာ သေချာပါတယ်။ Indie films တွေ နှစ်ခြိုက်သူအဖို့တော့ ဒါက hidden gem ပါပဲ။ ဇာတ်လမ်းအညွှန်းကို Esther Oo မှ ရေးသားပေးထားပါတယ် File Size : 1.4GB / 565MB Quality : WEB-DL 1080p / 720p Duration : 1 hr. 38 min. Genre : Life, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Esther Oo Encoded by Heather Oo

Action • Thriller • Science Fiction
0 2014 99 mins
A Matter of Interpretation
American Pie American Pie 1
7

American Pie ဇာတ်ကားတွေဆိုတာနဲ့ အူတက်အောင် ရယ်နေရတဲ့ ကျောင်းသားဟာသ အခွီကားတွေမှန်း သိကြမှာပါ။ ဒါပေမယ့် အဲ့လိုဟာသက်သက် အပြောင်အပျက်ဇာတ်ကားတွေမဟုတ်ဘဲ သူ့မှာ တခြားအဓိပ္ပါယ်ရှိတဲ့ ချစ်ခြင်းမေတ္တာ နွေးထွေးမှုတွေအကြောင်း အများကြီးပါဝင်နေပါတယ်။ ဒါကို ရှင်းပြဖို့ဆို American Pie ဇာတ်ကားတွေကို အပိုင်း (၂)ပိုင်းနဲ့ ရှင်းပြဖို့လိုပါတယ်။ American Pie ရဲ့ Original မူလဇာတ်ကြောင်းက ဇာတ်ကား (၄) ကားပဲရှိတယ်။ – American Pie (1999) – American Pie 2 (2001) – American Wedding (2003) – American Reunion (2012) ဒီရုပ်ရှင်ကား ၄ ကားသာလျင် သရုပ်ဆောင်တွေရော ဇာတ်လမ်းရောက တဆက်တည်းဖြစ်ပါတယ်။ လူငယ်သဘာဝ လူပျိုဖော်ဝင်စ အပျိုဖော်ဝင်စ ပြသနာတွေနဲ့ ကျောင်းသားဟာသတွေကို အစပြုထားပြီးတော့ သူငယ်ချင်းတွေကြားက ခင်မင်မှုတွေ၊ ချစ်သူတွေကြားက ကြင်နာယုယမှုတွေ၊ မိသားစုတွေကြားက နွေးထွေးတဲ့မေတ္တာတွေကို အဓိကထားတင်ဆက်ထားတာမလို့ ရယ်လဲရယ်နေရသလို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကိုလဲ ခံစားမိစေမှာပါ။ ဒီရုပ်ရှင်ကား ၄ ကားစလုံးရဲ့ ကုန်ကျစရိတ်က Budget $147 million ခန့်သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ Box office $989.5 million ပြန်ရတဲ့ထိ အောင်မြင်ခဲ့ပြီး Rating တွေလဲ ထိုက်သင့်သလောက်ကောင်းမွန်ခဲ့သလို ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ နောက်တပိုင်းကတော့ American Pie ရဲ့ Spin-off ဇာတ်ကားတွေဖြစ်တဲ့ American Pie Presents ဇာတ်ကားတွေပါ။ – American Pie Presents: Band Camp (2005) – American Pie Presents: The Naked Mile (2006) – American Pie Presents: Beta House (2007) – American Pie Presents: The Book of Love (2009) – American Pie Presents: Girls’ Rules (2020) ဒီ American Pie Presents ဇာတ်ကားတွေကတော့ ဇာတ်လမ်းတွေ ဆက်စပ်မှုသိပ်မရှိတော့ဘဲ ဆယ်ကျော်သက် ပါတီတွေ၊ နောက်ပြောင်မှုတွေ၊ လိင်မှုဆိုင်ရာ ဟာသတွေကိုသာ အသားပေး တင်ဆက်ထားပါတယ်။ မူလဇာတ်ကြောင်းထဲက Jim ရဲ့ အဖေဖြစ်သူနဲ့ Stifler ရဲ့မိသားစုကိုသာ အခြေခံထားပြီး Stifler ရဲ့ညီဝမ်းကွဲတွေက အဓိကဇာတ်ကောင်အဖြစ်ပါဝင်သွားပါတယ်။ ဒီ American Pie Presents ဇာတ်ကားတွေကတော့ direct-to-video(DVD)လိုအဖြစ်သာ ရိုက်ကူးထားတာဖြစ်လို့ Rating တွေလဲ သိပ်မကောင်းခဲ့ဘဲ ကျောင်းသားဟာသဇာတ်ကားတွေအဖြစ်သာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ +++++++++++++++ American Pie (1999) IMDb Rating (7.0) ဒီကားကတော့ American Pie ဇာတ်လမ်းတွေရဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်ပြီး အရယ်ရဆုံးနဲ့ အကြိုက်ဆုံးဇာတ်ကားဖြစ်ပါတယ်။ အထက်တန်းကျောင်းပြီးတော့မယ့် ကျောင်းသားအုပ်စုတစု ကောလိပ်မရောက်ခင် ကျောင်းနှုတ်ဆက်ပါတီမှာတင် လူပျိုဘဝကိုစွန့်လွှတ်နိုင်ရမယ်ဆိုတဲ့ သံဓိဌာန်တွေချပြီး ချစ်သူရည်းစားအသီးသီးရှာကြပါတယ်။ – ရည်းစားလဲမထားဖူး မိန်းကလေးတွေကို စကားတောင် ရဲရဲမပြောရဲသူဆိုပေမယ့် လုပ်ချင်တာလဲအလွန်ဖြစ်နေသူ ဝင်းနုသမားလေး Jim – ရည်းစားတော့ရှိပေမယ့် ခရီးအဆုံးထိမသွားဖူးလို့ အချိန်ကောင်းကိုစောင့်ဆိုင်းနေတဲ့ BJ သမားလေး Kevin – ရှိတဲ့ရည်းစားကို စောင်တလွဲတွေသွားပြောမိလို့ ဖြတ်ခံလိုက်ရပြီး လူမသိသူမသိကောင်မလေးကိုထပ်ကြိုးစားမယ့် ကဗျာသမားလေး Oz – လူနားမလည်တဲ့စကားတွေပြောလို့ အရင်က ဘယ်ကောင်မလေးမှစိတ်မဝင်စားပေမယ့် ဘယ်ကမှန်းမသိတဲ့ သတင်းတခုကြောင့်ကောင်မလေးတွေကြား ရေပန်းစားလာတဲ့ Finch – တွေ့သမျှချောက်တွန်း ရှိသမျှချကျွေး ကြုံသမျှဆော်တဲ့ သဘောကောင်းလူမိုက်ကြီး Stifler ဒီလို တကယ့်ကောင်တွေစုထားတဲ့ သူငယ်ချင်းအုပ်စုလိုက်ကြီး သူတို့ရည်မှန်းထားသလို ဖြစ်လာနိုင်ပါ့မလား ဘယ်လိုတွေအလွဲလွဲအချော်ချော်နဲ့ ခွီနေကြရမလဲဆိုတာ…….။ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီး CM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။ (American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)

Romance • Comedy
7 1999 95 mins
American Pie American Pie 1
Missing You
6.7

Missing You (2016) ******************* IMDb….6.7 ဒီတစ်ခါမှာတော့ ရင်တဖိုဖိုနဲ့ ကြည့်ရှုရမဲ့ Crime, Thriller အမျိုးအစား ရုပ်ရှင်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးပါရစေ။ ဒီကားမှာတော့ Sunny ဇာတ်ကားမှ Shim Eun-Kyung နဲ့အတူ အားလုံးနဲ့မစိမ်းတဲ့ ဇာတ်ရန်သရုပ်ဆောင်များဖြစ်ကြတဲ့ Yoon Je-Moon နဲ့ Kim Sung-Oh တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ – ဇာတ်လမ်းအကျဉ်း – ဟီဂျူ (Shim Eun-Kyung) ဆိုတဲ့ မိန်းကလေး အသက် ၇ နှစ်အရွယ်မှာ စုံထောက်တစ်ဦးဖြစ်တဲ့ သူ့အဖေက တာဝန်ထမ်းဆောင်ရင်း အသတ်ခံလိုက်ရပါတယ်။ လူသတ်သမား ဂင်ဂီဘုမ်း (Kim Sung-Oh) ဆိုသူကတော့ လူသတ်မှု ၇ ခုထဲမှာမှ တစ်မှုအတွက်ပဲ အပြစ်ရှိကြောင်း စီရင်ချက်ချခံခဲ့ရပြီး အပြစ်မရှိကြောင်း စီရင်ချက်ချခံရတဲ့ အမှု ၆ ခုထဲမှာ ဟီဂျူ့အဖေ အသတ်ခံရတဲ့အမှုလည်း ပါဝင်သွားပါတော့တယ်။ ၁၅ နှစ်ကြာပြီး ယခုလက်ရှိမှာတော့ ဟီဂျူက ကင်းထောက်လူငယ် ဂုဏ်ပြုဆုလက်မှတ်ကို ရရှိထားပြီး ဂင်ဂီဘုမ်းပြန်လွတ်လာမဲ့အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်မျှော်နေပါတယ်။ တစ်ဖက်မှာလည်း စုံထောက်ဂျိုဒယ်ယောင်း (Yoon Je-Moon) က သူ့ရဲ့ပါတနာဟောင်းဖြစ်သူ ဟီဂျူ့အဖေကိုသတ်မှုနဲ့ ဂင်ဂီဘုမ်းကို အပြစ်ရှိကြောင်း စီရင်ချက်ကျခံရစေဖို့အတွက် လက်မလျှော့ဘဲ ကြိုးပမ်းနေဆဲပေါ့။ အဲဒီလိုနဲ့ ဂင်ဂီဘုမ်း ထောင်က ပြန်လွတ်လာတဲ့အခါမှာတော့… ဟီဂျူတစ်ယောက် အဖေဖြစ်သူ အသတ်ခံရမှုအတွက် တရားမျှတမှုကို ဘယ်လို ပြန်လည်ရယူသွားမလဲ..။ စုံထောက်ဂျိုကရော ဂင်ဂီဘုမ်းကို ပြန်ပြီး ထောင်ထဲ ဖမ်းထည့်နိုင်မလားဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ ဒီကားလေးထဲမှာပဲ ဆက်လက် စောင့်ကြည့်ပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnin Wai Oo ပဲဖြစ်ပါတယ်…) File Size : 1.46GB/ 680MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo Encoded by Tiff

6.7 2016 108 mins
Missing You
Saving Private Ryan
8.6

Saving Private Ryan (1998) IMDb Rating (8.6) / Rotten Tomatoes (94%) အကောင်းဆုံးစစ်ကားတွေအကြောင်းပြောကြရင် Saving Private Ryan က ထိပ်ဆုံးကပါလာတတ်ပါတယ်။ နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Tom Hanks , Matt Damon , Vin Diesel တို့ပါဝင်သရုပ်ဆောင်ထားပြီး သရုပ်ဆောင်ချက်၊ ဇာတ်လမ်းပိုင်းတွေမှာ ပြောစရာမရှိကောင်းမွန်လှသလို ဒါရိုက်တာကလည်း နာမည်ကြီး Steven Spielberg ဖြစ်လို့ ပိုလို့တောက်ပြောင်ပါတယ်။ အော်စကာဆု ၅ခုကို ဆွတ်ခူးနိူင်ခဲ့သလို တစ်ခြားဆုပေါင်း ၇၀ကျော်ကိုလဲ ရယူနိူင်ခဲ့ပါတယ်။ IMDBမှာလဲ Rating 8.6 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ကာလက တကယ့်အဖြစ်အပျက်တချို့ကို ဇာတ်အိမ်တည်လို့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့အလှည့်အပြောင်းဖြစ်တဲ့ Normandy ကမ်းခြေ တိုက်ပွဲနဲ့ အစပြုထားပြီး Normandy ကမ်းခြေကို အမေရိကန်တို့ရဲ့ မဟာမိတ်တပ်တွေ ဝင်သိမ်းတဲ့ ရိုက်ကွက်ကိုလည်း ပီပီပြင်ပြင် ရှုစားရမှာဖြစ်တယ်။ ဒီကားအကြောင်းတော်တော်များများကြားဖူး သိဖူးနေလို့ထွေထွေထူးတော့မညွှန်းတော့ပါဘူး။ တကယ့် ဂန္တဝင်ကားမို့ အရည်အသွေးကောင်းကောင်းလေးနဲ့ ခံစားစေချင်တဲ့အတွက် 4K Quality နဲ့ထပ်မံဖြည့်တင်းတင်ဆက်လိုက်ပါတယ်။ File Size : (8.8 GB)/ (3.03GB) / (1.18 GB ) Quality : BluRay 4K HEVC/ 1080p HEVC/ 720p Format…mkv/mp4 Duration…02:50:00 Genre : Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by War Dog Encoded by Phyo Pyae/Ka Naung

Animation • Fantasy • Family • Adventure • Comedy
8.6 1998 169 mins
Saving Private Ryan
Pushpa: The Rise
8.1

Pushpa : The Rise (2021) ===================== IMDB- 8.1/10 ဒီဇင်ဘာလကမှ ရုံတင်ခဲ့ပေမယ့် 2021 မှာ အိန္ဒိယရဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်ပြီး ဟော့နေတဲ့ Pushpa Part1 ကို တင်ဆက်လိုက်ပါတယ်။ အင်တာနက်မှာတော့ ဒီနေ့မှ ပူပူနွေးနွေး ထွက်ရှိလာခဲ့တာပါ။ နာမည်ကြီး မင်းသား Allu Arjun ပါ၀င်သရုပ်ဆောင်ထားပြီး မင်းသမီးချော Rashmika Mandanna ကလည်း ပါ၀င်အားဖြည့်ထားပါသေးတယ်။ သာမန်ဆင်းရဲသား ကြုံရာကျပန်း လုပ်တတ်တဲ့ ပွတ်ရှ်ပါ ဟာ ဆင်းရဲသလောက် မာနကြီးသလို ဘုဘောက်လည်းကျပါတယ်။ တစ်ခွန်းတည်းစာဖွဲ့ရရင် လူ့ဂွစာပေါ့ဗျာ။ ကိုယ်မှန်တယ်ထင်ရင် ဘာကိုမှ အလျှော့မပေးတတ်သလို အမျှော်အမြင်လည်း အတော်ကြီးရှာတယ်။ အဲ့လိုလူတစ်ယောက်က အလွန်ရှားပါးသော သစ်တစ်မျိုးဖြစ်တဲ့ အနီရောင်စန္ဒကူးပင်ကို မှော်ခိုရောင်း၀ယ်ကူးလူးတဲ့ ဂိုဏ်းနဲ့ ချိတ်ဆက်မိသွားရာက CM ပရိသတ်ကြီးတို့ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီကားကို ဝေဖန်ရေးဆရာများက ချီးကျုးထားကြပြီး အထူးသဖြင့် မင်းသား Allu ရဲ့ ကာရိုက်တာဇာတ်ရုပ်အား ပီပြင်စွာ သရုပ်ဖော်နိုင်ခြင်းကို အထူးသဘောကျနှစ်သက်နေကြပါတယ်။ Box Office မှာလည်း ၀ငျငွေများစွာ ရရှိနေပြီး အောင်မြင်မှုအပေါင်း သရဖူဆောင်းထားတယ်လို့ ဆိုရမှာပါ။ ဘာပဲပြောပြော လူတစ်ကိုယ်အကြိုက်တစ်မျိူးဖြစ်တဲ့အတွက် တကယ်ကောင်းမကောင်း ကြိုက်မကြိုက်ကို ကိုယ်တိုင်ကြည့်ရှုခံစားပြီးမှသာ ဆုံးဖြတ်သင့်ကြောင်း တိုက်တွန်းလိုပါတယ်။ အခု ဇာတ်လမ်းဟာ Part 1 ဖြစ်ပြီး Part 2 ကိုတော့ February 2022 မှာ ရိုက်ကူးရေးစတင်မှာဖြစ်လို့ ပရိသတ်ကြီးတို့ အကြာကြီး မစောင့်ရမှာသေချာပါတယ်နော်။ (ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu က ရေးသားပေးထားပါတယ်)

8.1 2021 179 mins
Pushpa: The Rise