YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

24 (2001) S05E01 720p.(CM).mp4

670.07 MB 720p video/mp4 142 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Slumdog Millionaire
7.7

ဗြိတိန်ဇာတ်ကားလေးတစ်ခုကို ပြန်လည်အသက်သွင်းချင်ပါတယ်။ ငွေကြေးအရရော၊ အနုပညာအရပါ အကြီးအကျယ် အမြတ်ရခဲ့တဲ့ လက်ရာကောင်းတစ်ခုပါ။ ရုပ်ရှင်ချစ်ပရိသတ်တိုင်း ကြည့်ဖူးပြီးသားမလို့ အညွှန်းကို မိတ်ဆက်အနေနဲ့ မရေးတော့ဘဲ ထဲထဲဝင်ဝင်ရေးချင်ပါတယ်။ မကြည့်ရသေးသူများကတော့ ဇာတ်လမ်းကို အရင်ကြည့်ဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ ဇာတ်လမ်းအကျဉ်းက တစ်ကြောင်းနှစ်ကြောင်းလောက်ပဲရှိပါတယ်။ ဆင်းဆင်းရဲရဲကြီးပြင်းလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်ကဆုံခဲ့ပြီး သံယောစဉ်ဖြစ်ရတဲ့ မိန်းကလေးကို အစဉ်တစိုက်လိုက်ရှာရင်း မိန်းကလေးနဲ့ဆုံမယ့်အခွင့်အရေးရနိုင်မလားတွေးပြီး မိန်းကလေးကြိုက်နှစ်သက်တဲ့ တီဗီအစီအစဉ်မှာဝင်ပြိုင်ခဲ့တာပါ။ မေးခွန်းတိုင်းဟာ သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဖြစ်လို့ ကောင်းမွန်စွာ ဖြေနိုင်တယ်ဆိုတဲ့အကြောင်းပေါ့။ သူလိုလူက ဖြေနိုင်နေလို့ မသမာလုပ်တယ် မသင်္ကာဖြစ်ခံရပြီး နောက်ဆုံးမေးခွန်းမရောက်ခင်မှာ ရဲစခန်းကိုဖမ်းခေါ်ပြီး စစ်မေးခံရတဲ့ ဇာတ်ကွက်နဲ့ ဇာတ်လမ်းကိုစပါတယ်။ အိန္ဒိယမြေက ဇာတ်လမ်းလေးတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး အိန္ဒိယသရုပ်ဆောင်များနဲ့ပဲ ရိုက်ကူးခဲ့တာမလို့ ဘောလိဝုဒ်နဲ့ မှားတတ်ကြပါတယ်။ ဗြိတိန်ဇာတ်ကားဖြစ်ပြီး စကားပြောများကို British Accent သံနဲ့ပဲ နားထောင်ရမှာပါ။ again ကို အဂိန်း (အနီးစပ်ဆုံး) လို့ကြားရပါလိမ့်မယ်။ အိန္ဒိယစာရေးဆရာရဲ့ ဝတ္ထုကိုပဲ ပြန်လည်ရိုက်ကူးထားတာပါ။ ၁၅ သန်း ကုန်ကျခဲ့တဲ့ ဒီဇာတ်ကားက Box Office မှာ ၃၇၈.၁ သန်းပြန်ရခဲ့တာပါ။ အကယ်ဒမီဆယ်ဆုစာ လျာထားခံရပြီး ရှစ်ခုရရှိခဲ့ပါတယ်။ ဘက်ဖ်တာ ဆု ခုနှစ်ခု၊ ဝေဖန်ရေးဆု ငါးခုနဲ့ ရွှေကမ္ဘာလုံးဆု လေးခု သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ထူးခြားတာကတော့ ဒီဇာတ်ကားကို sleeper hit အဖြစ် သတ်မှတ်ခဲ့တာပါပဲ။ စစချင်းမအောင်မြင်ဘဲ တဖြည်းဖြည်းနဲ့ အောင်မြင်မှုထိပ်ဆုံးရောက်လာတဲ့ဇာတ်ကားများကို ဆိုလိုပါတယ်။ IMDb 8 နဲ့ Rotten Tomato 90% ‌ရှိတဲ့ ဟောဒီဇာတ်ကားက Who wants to be a millionaire (မေးခွန်းဖြေစို့ သန်းကြွယ်ဖို့) အစီအစဉ်မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အိန္ဒိယသုံးငွေကြေး ရူပီးသန်းနဲ့ချီပြီး အနိုင်ရရှိခဲ့သူတစ်ယောက်အကြောင်းပါပဲ။ ဒါပေမဲ့ သူဟာ အသက် ၁၈ နှစ်သာရှိပြီး ပညာတတ်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပါဘူး။ ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ဆင်းဆင်းရဲရဲ ကြီးပြင်းလာရပြီး ဘဝရဲ့အထုအထောင်းကို အရွယ်နဲ့မလိုက် ခါးစည်းခံရသူပါ။ သူဟာ ဘာ့ကြောင့် ဒီပြိုင်ပွဲကို အခြားပညာတတ်တွေထက် ကျော်လွန်ပြီး ရှေ့ဆက်နိုင်ခဲ့တာလဲ။ စာရေးဆရာကတော့ It is written (သတ်မှတ်ပြီးသားကံကြမ္မာကြောင့်) လို့ ပြောသွားခဲ့ပါတယ်။ အရေးကြီးမေးခွန်းတိုင်းဟာ သူ့ဘဝရဲ့ ခါးသီးတဲ့အတွေ့အကြုံတွေ မျက်ရည်တွေ သွေးစက်တွေကိုရင်းပြီး သိခဲ့ရတဲ့အဖြေတွေဖြစ်လို့ အောင်မြင်မှုရခဲ့တာပါ။ အဓိကသရုပ်ဆောင်တွေကို အသက်အရွယ်သုံးပိုင်းခွဲပြီး သုံးယောက်စီအသုံးပြုပါတယ်။ ကျွန်တော်သဘောအကျဆုံးကတော့ ပထမဆုံးအရွယ် ကလေးငယ်သရုပ်ဆောင်တွေပါပဲ။ အပီပြင်ဆုံးလို့လည်း ခံစားရပါတယ်။ ညီအစ်ကိုနှစ်ယောက်ရဲ့ ဘဝခရီးကြမ်းဟာ အဲဒီအရွယ်မှာပဲ အခက်ခဲဆုံးကြုံတွေ့ခဲ့ရတာကို အတိအကျ လုပ်ပြသွားနိုင်တဲ့ ကလေးတွေပေါ့ဗျာ။ နောက်ဆုံးမေးခွန်းဖြစ်တဲ့ တတိယသေနတ်ကိုင်စစ်သားရဲ့အမည်ကို လူငယ်လေး သိသလား မသိဘူးလားဆိုတာကတော့ အဓိကဆွေးနွေးရမယ့်အကြောင်းလို့ထင်ပါတယ်။ စာသင်ခဲ့ရစဉ်အရွယ်က ပြဌာန်းစာအုပ်ဖြစ်လို့ သိမှာပေါ့လို့ဆိုနိုင်သလို ပညာတပိုင်းတစနဲ့ ကျောင်းထွက်ခဲ့ရသူတွေမလို့ မသိဘူးလည်းပြောနိုင်ပါတယ်။ ပွဲထဲမှာလည်း မသိဘူးလို့ပဲ ဖြေသွားတာပါ။ ဒါပေမဲ့ သူက သိနေတဲ့အဖြေကို မသိဘူးပြောတတ်သူမလို့ အဲဒီစကားကိုလည်း အတည်ယူလို့မရပြန်ပါဘူး။ ဘာသာရေးအဓိကရုဏ်းဖြစ်ပြီး ထွက်ပြေးလာရတဲ့ညမှာ အစ်ကိုဖြစ်သူရဲ့ပြောစကားကိုလည်း ထည့်စဉ်းစားရပါတယ်။ တို့တွေမှ တတိယသေနတ်ကိုင်စစ်သားရဲ့ အမည်ကို မသိဘဲ ဆိုတဲ့စကားက အဓိပ္ပာယ်နှစ်ခွထွက်ပြန်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ကို သူတို့ဆရာက သေနတ်ကိုင်စစ်သားနှစ်ယောက်ရဲ့အမည် ခေါ်လေ့ရှိတာမလို့ သူတို့ကိုယ်သူတို့လည်း အဲဒီလိုပဲ သက်မှတ်ထားကြပါတယ်။ မင်းသမီးဝင်လာတော့ သူ့ကို တတိယမြောက်သေနတ်ကိုင်စစ်သားအဖြစ် အဖွဲ့ထဲထည့်ချင်တဲ့ ဇာတ်ဝင်စကားကိုလည်း တွေ့မြင်ရပါတယ်။ ဒါ့ကြောင့် နာမည်မသိဘူးဆိုတာဟာ စာအုပ်ထဲက သေနတ်ကိုင်စစ်သားပဲလား။ တတိယမြောက်အဖွဲ့ဝင် မင်းသမီးရဲ့နာမည်ကိုပြောတာလားဆိုတာကိုတော့ ပရိသတ်အတွက်ပဲ ချန်သွားပေးတဲ့ပုံပါ။ အိန္ဒိယရဲ့ အောက်ခြေအနက်ရှိုင်းဆုံးက အကျည်းတန်အဖြစ်တွေကို ခရေစေ့တွင်းကျ ကွက်ကွက်ကွင်းကွင်းရိုက်ပြထားလို့ တကယ့် Drama မှ Drama ပါပဲ။ အိုဗာလုပ်ပြတတ်တဲ့ အိန္ဒိယသရုပ်ဆောင်တွေကို ဇွတ်အတင်း အနောက်ဆန်ပစ်လိုက်တော့ ပရိသတ်မှာ ဟိုဟာလိုသလို ဒီဟာလိုသလိုတွေလည်း ဖြစ်ကုန်တာပေါ့ဗျာ။ ဇာတ်ကား အဆုံးနီးလာချိန်မှ အသားကျပြီး နောက်တစ်ခေါက်ပြန်ကြည့်တဲ့အခါမှာ လုံးဝစီးမျောသွားပါတယ်။ ဇာတ်ဝင်သီချင်းကိုတော့ M.I.A ရဲ့Paper Plane ကို အသုံးပြုထားပါတယ်။ ဇာတ်လမ်းနဲ့ အနီးစပ်ဆုံးဖြစ်အောင် မြန်မာမှုပြုထားတာမလို့ စာသားနဲ့ အနည်းငယ်လွဲချော်တာလေးတွေ ရှိပါတယ်။ သည်းခံပြီး ကြည့်ပေးကြပါခင်ဗျာ။ အိန္ဒိယစကားပြောများကို အင်္ဂလိပ်ဘာသာပြန်စာတန်းအသေများကိုလည်း Trimming လုပ်ပြီး စာတန်းထိုးပေးထားပါတယ်။ မူရင်းစာဖိုင်မှာ မပါလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်လို့အဆင်ပြေအောင် အချိန်ယူလုပ်ပေးထားပါတယ်။ အားနည်းချက်များရှိရင် ချစ်သောမျက်စိနဲ့ ကြည့်ပေးကြပါခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ ခံစားတင်ဆက်ထားပါတယ်။) File size…(4 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:00:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Drama • War
7.7 2008 120 mins
Slumdog Millionaire
Smile
6.8

IMDb Rating - 6.9/10 ဒီဇာတ်ကားကတော့ ဒီနှစ်ထဲမှာ အတော်နာမည်ကြီးတဲ့ ဟော်ရာကားထဲ ပါပါတယ်။ သရဲကားစစ်စစ်ကြီးပါ။ ဝုန်းခနဲခြောက်တဲ့အကွက်တွေကလည်း အတော်ကိုကြမ်းလို့ ရုံမှာကြည့်တဲ့သူတွေ အတော်ကိုကြောက်ကြတယ် ပြောပါတယ်။ ဇာတ်လမ်းကလည်း ပဟေဠိဆန်ဆန်ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဟော်ရာတို့ရဲ့ ကောင်းခြင်းနဲ့ပြည့်စုံတယ်ပြောရမှာပေါ့။ ဇာတ်လမ်းအကျဉ်း -------------------- ဒေါက်တာ ရို့စ် ကော်တာဟာ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ်ပြီး အရေးပေါ်စိတ်ရောဂါကုသရေးဌာနမှာ တာဝန်ကျပါတယ်။ အရေးပေါ်ဆိုတဲ့ အတိုင်း အသည်းအသန်စိတ်ဖောက်နေတဲ့သူတွေပဲ ရောက်လာတာများပါတယ်။ ထူးဆန်းတာတွေလည်းအများကြီးပါပဲ။ တစ်နေ့မှာတော့ သူ့ဆီကို အရမ်းကြောက် လန့်ပြီး ရောက်လာတဲ့လူနာတစ်ယောက်က သူ့ရှေ့မှာတင်ပဲ ရက်ရက်စက်စက် ဆူဆိုက်လုပ်သွားပြီး သူ့ကို ပြုံးပြသွားပါတယ်။ အဲဒီနောက်မှာတော့ သူကိုယ် တိုင်လည်း ကြောက်စရာကောင်းတာတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အဲဒီလူနာသေဆုံး တာဟာ သွေးရိုးသားရိုးမဟုတ်နိုင်ဘူးဆိုပြီး လိုက်စုံစမ်းကြည့်လိုက်တဲ့အခါ ကြောက်စရာပေါ် ကြောက်စရာဆင့်စရာတွေ တွေ့လာရပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.5 GB) / (500 MB) / (200 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 55mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Mr.Anderson Encoder..........SWM

Action • Thriller
6.8 2022 115 mins
Smile
Good Time
7.2

IMDb - 7.4/10_____Rotten - 92% Rating 7.4 ထိရထားတဲ့ Crime/Thillerကားသစ်လေးညွန်းချင်ပါတယ်။ Twilightကားထဲကမင်းသားRobertPattison ရဲ့တမူထူးခြားတဲ့သရုပ်ဆောင်ဟန်ကိုခံစားရစေမယ့်ကားလေးပါ။ ဇာတ်လမ်းအကျဉ်လေးကတော့ အူတူတူညီတစ်ယောက်နဲ့အတူRobert တစ်ယောက်ဓားပြတိုက်ရာကစတာပါပဲ။ ဇာတ်လမ်းအစလေးမှာကိုပဲသူတို့ညီအစ်ကို၂ယောက်ရဲ့ကြားကသံယာဇဉ်ကိုသိရမှာပါ။ ညီဖြစ်သူကလည်းအစ်ကိုကိုအားကိုးယုံကြည်သလိုအစ်ကိုဖြစ်သူကလည်းညီဖြစ်သူကိုအမြဲဂရုစိုက်စောင့်ရှောက်ဖို့ကြိုးစားပါတယ်။ ညီအစ်ကို၂ယောက်ဘတ်ဓားပြတိုက်ပြီးနောက်ကိုယ်ယောက်ဖျောက်ဖို့ကြိုးစားနေစဉ်မှာပဲရုတ်တရက်ရဲတပ်ဖွဲ့ရဲ့မသင်္ကာမှုခံလိုက်ရပြီးညီဖြစ်သူအဖမ်းခံရပါတော့တယ်။ ဒီလိုတဲ့ညီကိုချစ်တဲ့အစ်ကိုတစ်ယောကအနေနဲ့တတ်နိုင်သလောက်တစ်ညလုံးညီကိုပြန်ထုတ်ယူကြိုးစားနေပုံကတော့တကယ်ကိုအသက်ဝင်ပြီးလက်တွေ့ကျပါတယ်။ ညီဖြစ်သူကိုကယ်နိုင်သွားမလား။ သသရောဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲဆိုတာလက်တွေ့ကျကျတွေ့ရမှာဖြစ်ပါတယ်။ Ratingလည်းမြင့်တာမို့ကားကောင်းလေးတစ်ကားဖြစ်မှအမှန်ပါပဲ။ (ဘာသာပြန်သူကတော့ မေသရဖီလွင်ပါ) File Size : (852 MB) Quality : Blu-Ray 720p Running Time : 1hr 42min Format : Mp4 Genre :Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by Thanhtike Zaw

Comedy
7.2 2017 102 mins
Good Time
[18+] A Girl on the Shore
6.7

***************************** 18+ ဖြစ်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါကြောင်း ကျောင်းသူလေးခိုအုမဲဟာ စီနီယာကျောင်းသား မိဆုခိနဲ့ ဒိတ်နေတယ်လို့ကျောင်းမှာသတင်းထွက်နေပေမယ့် မိဆိုခိဟာ ခိုအုမဲကို အပျော်ပဲကြံတယ်။စိတ်အလိုရှိရင်ခဏသုံးပြီးပစ်ထားလိုက်တယ်။ ဒါပေမယ့် ရုပ်ချောချောကောင်လေးတွေကိုသဘောကျတဲ့ ခိုအုမဲဟာ စိတ်မနာပါဘူး တစ်ဖက်မှာလည်း ပထမနှစ်ကတည်းတစ်တန်းတည်းအတူတူတက်တဲ့အိဆိုဘဲဆိုတဲ့ ကောင်လေးက တစ်သီးတစ်ခြားနေတတ်တော့ကျောင်းမှာသူငယ်ချင်းဆိုတာမရှိဘူး ဒါပေမယ့် အိုခုမဲတစ်ယောက်တည်းသာသူ့အတွက်သူငယ်ချင်းလို ဖြစ်နေတယ်။ အိဆိုဘဲကို အိုခုမဲတစ်ယောက်မကြိုက်ပေမယ့် ဆယ်ကျော်သက်တို့သဘာဝ လက်တည့်စမ်းရင်းနဲ့ပဲ…. File Size :(1.4 GB) and (582 MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:48:00 Genre : Adult,Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS

Adventure • Family • Fantasy
6.7 2021 108 mins
[18+] A Girl on the Shore
Marisol
5.6

Marisol (2023) ============ တစ်ရက်မှ ကျောင်းမပျက်တဲ့မာရီဆို။ Grade A တွေချည်းရတဲ့ မာရီဆို။ အပျော်အပါးမက်တဲ့ ဆယ်ကျော်သက်အရွယ်ဆိုပေမဲ့ ပါတီမတက် အပျော် အပါးမမက်ဘဲ မနက်ခင်းအလုပ်သွား နေ့လယ်ကျောင်းတက် ညကို စာကျက် ပြီး သူတက်ချင်တဲ့တက္ကသိုလ်ကို ဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့မာရီဆို။ သူလိုချင်တဲ့ Scholarship ရတဲ့နေ့မှာ မာရီဆိုတစ်ယောက် သူငယ်ချင်းရဲ့ အဆွယ် ကောင်းမှုကြောင့် ပါတီတစ်ခုတက်လိုက်ရာကနေ ဘဝတစ်ခုလုံး ဗြောင်းဆန်ကုန် ပါတယ်။ ထင်မှတ်မထားတဲ့ အမှန်တရားတွေ အကြောက်တရားတွေအောက်မှာ ထွက်ပြေးရင်း တိမ်းရှောင်ရင်း မာရီဆို့ဘဝ ဘယ်လိုဖြစ်သွားမလဲ။ မတော်တဆ လေးတစ်ခုက မာရီဆို့အနားကလူတွေကိုပါ ဘယ်လိုသက်ရောက်မှုရှိမလဲ။ တရား မဝင်နေထိုင်သူတွေဘဝကို ရိုက်ကူးတင်ဆက်ထားတဲ့ ကားလေးဖြစ်ပါတယ်။ ကြည့် ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size……….(3.21 GB) / (550 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator……EL Encoder……….SWM

Romance • Drama
5.6 2023
Marisol
Open Season: Scared Silly
5.2

စိတ်ညစ်စရာတွေ ပင်ပန်းတာတွေများနေလို့ ရယ်မောရတဲ့ ဇာတ်ကားကောင်းလေးတွေ ကြည့်ချင်သူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်ရှုရမယ့် ကာတွန်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားလေးက အသစ်တော့ မဟုတ်ပါဘူး။ ဘာသာပြန်သူ ငယ်ငယ်က ကလေးတွေကြား ရေပန်းစားခဲ့တဲ့ ဇာတ်ကားလေးပါ။ ဇာတ်ကားနာမည်လေးကတော့ Open Season Scared Silly လို့ ခေါ် ပြီးတော့ ၂၀၁၆ ကထွက်ခဲ့တဲ့ အပိုင်းပါ။ သူ့အရှေ့မှာတော့ အရင်အပိုင်းတွေ ရှိသေးတာပေါ့နော်။ ဇာတ်လမ်းလေးကို အကြမ်းဖျင်း ပြောပြရရင် ဝက်ဝံကြီးနဲ့ ချိုတစ်ဖက်ပဲပါတဲ့ သမင်လေးကြားက အလွဲအချော်တွေကို ဟာသစွက်ပြီး ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပါပဲ။ သမင်လေး အယ်လီယော့က တောထဲက တိရစ္ဆာန်တွေကိုပုံပြင်တွေ လျှောက်ပြောပြတတ်ပါတယ်။ အဲဒီထဲမှာမှ ရေပန်းအစားဆုံး ပုံပြင်ကတော့ ဝေးလင်းဝမ်းပက်သမန်းဝံပုလွေကြီးရဲ့ ပုံပြင်ပါပဲ။ ဖန်တီးပြောနေတဲ့ ပုံပြင်တွေကို တကယ်ထင်ပြီး ကြောက်နေတာကတော့ ဝက်ဝံကြီး ဘု ပါ။ ဝက်ဝံကြီးဘုက သမန်းဝံပုလွေကြီး တကယ်ရှိတယ်အထင်နဲ့ ပုန်းမယ် ပြေးမယ်တွေ လုပ်တော့တာပါပဲ။ အဲဒီအချိန်မှာ အယ်လီယော့က သူ့သူငယ်ချင်းကြီး မကြောက်တတ်အောင် ကြောက်တဲ့အရာတွေနဲ့ ရင်ဆိုင်ခိုင်းမယ်ဆိုပြီး တခြားတိရစ္ဆာန်တွေနဲ့ အကွက်ချစီစဉ်တော့တယ်။ အစပိုင်းမှာ အဆင်ပြေနေပေမဲ့ သမန်းဝံပုလွေပုံစံကို ထုတ်ပြမယ့်အချိန်မှာ အကုန်လွဲကုန်တော့တာပါပဲ။ အဲဒီအလွဲအချော်ကနေမှ အားလုံးက သမန်းဝံပုလွေရှိတယ်လို့ တကယ်ယုံသွားကြတယ်။ အဲဒီထဲမှာ မုဆိုးကြီး ရှောလည်း အပါအဝင်ပါပဲ။ မုဆိုးကြီးရှောက သမန်းဝံပုလွေကို ဖမ်းမယ်ဆိုပြီး အမဲလိုက်ခွင့်ကို ပြန်ဖွင့်ခိုင်းပါတယ်။ နောက်ပိုင်းမှာတော့ ဝက်ဝံကြီးနဲ့သမင်ကတစ်ဖက် မုဆိုးကြီးကတစ်ဖက် မရှိတဲ့ သမန်းဝံပုလွေကို အပြိုင်လိုက်ဖမ်းကြမှာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဆိုတော့ သမန်းဝံပုလွေကြီးကို လိုက်ဖမ်းတဲ့အချိန်မှာ ဝက်ဝံကြီးနဲ့ သမင်တို့ ဘာတွေကြုံတွေ့ရမလဲ၊ သမန်းဝံပုလွေအပြင် သူတို့ကိုပါ အပြတ်ရှင်းချင်နေတဲ့ မုဆိုးကြီးရှောကိုရော ဘယ်လိုကိုင်တွယ်မလဲ၊ သမင်လေး အယ်လီယော့ကရော ဘာတွေအလွဲလွဲအချော်ချော် လုပ်ဦးမလဲဆိုတာကိုတော့ ရုပ်ရှင်ချစ်သူတို့ကိုယ်တိုင် ဒီကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါနော်။ File size… 1.7 GB / 797 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 24m Genre ….. Adventure, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

5.2 2015
Open Season: Scared Silly
The Loch Ness Horror

ရေအောက်မှာရှိတဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးတွေအကြောင်းရိုက်ကူးထားတဲ့ Pirates of the Caribbean တို့ The Meg တို့လိုမျိုး ရုပ်ရှင်ကားသစ် တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Loch Ness Horror ဖြစ်ပြီး ဇာတ်ကားနာမည်အတိုင်းလော့ချ်နက်စ်ဆိုတဲ့ ပင်လယ်ရေအောက်နေ သတ္တဝါကြီးကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ သင်္ဘောတစ်စီးက ထူးဆန်းတဲ့အရာတစ်ခုကိုလိုက်ရှာနေပုံကို တွေ့ရမှာဖြစ်ပြီး ခဏအကြာမှာသူတို့ရှာနေတဲ့အရာကြီးကို တွေ့သွားခဲ့ပါတော့တယ်။ သူတို့လိုက်ရှာနေတဲ့သတ္တဝါကြီးကို ရှာတွေ့ခဲ့တာ ကံကောင်းတယ်လို့ပြောရမယ် ဆိုပေမဲ့ အဲ့ဒီသတ္တဝါကြီးရဲ့ တိုက်ခိုက်မှုကိုခံရပြီး နှစ်မြှုပ်သွားတာကတော့ ကံဆိုး တယ်လို့ပြောရမှာပါပဲ။ဒီလိုနဲ့ သိပ်မကြာခင်မှာအဲ့ဒီနှစ်မြှုပ်သွားပြီး အဆက်အသွယ် ပြတ်သွားတဲ့ သင်္ဘောကိုရှာပြီး အပျက်အစီးတွေကိုပြန်လည်ဆယ်ယူဖို့အတွက် လာရာနဲ့ ဘရိုက်စ်တို့ရဲ့အဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။စစချင်းကတော့ သူတို့ရဲ့တာဝန်က အပေါ်မှာပြောထားတဲ့အတိုင်း ရှာဖွေကယ်ဆယ်ရေးလို့ထင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဂျင်းထည့်ခံလိုက်ရတယ်ဆိုတာကို သိခဲ့ရပါတယ်။တကယ်တမ်းသူတို့ရဲ့ တာဝန်က ပထမနှစ်မြှုပ်သွားခဲ့တဲ့ သင်္ဘောအတိုင်း အဲ့ဒီလော့ချ်နက်စ်ဆိုတဲ့ သတ္တဝါကြီးကို လိုက်ရှာရမှာဖြစ်ပါတယ်။ဒီလိုနဲ့သင်္ဘောပေါ်မှာ အချေအတင်တွေဖြစ်ကြပြီး နောက်ဆုံးမှာတော့ သေနတ်နဲ့ချိန်ပြီး အတင်းအကြပ်ခိုင်းတာကိုခံခဲ့ရပါတော့တယ်။ ဒါပေမယ့် သူတို့တွေ့ချင်နေတဲ့ သတ္တဝါကြီးနဲ့တကယ်တမ်းရင်ဆိုင်လာရတဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ကြမလဲ ဘာတွေဖြစ်ကြမယ်ဆိုတာကိုကြည့်ရမဲ့သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်.. File size…1.10 GB / 523 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 19m Genre ….. Action , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2023 79 mins
The Loch Ness Horror
Club Dread
5.7

ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ရတယ့် အတော်လေးရယ်ရမယ့် comedy/horror ဇာတ်လမ်းမျိုးပါ “သုခဘုံကျွန်း”ဆိုတဲ့ ကျွန်းပေါ်က အပန်းဖြေစခန်းကို တစ်ချိန်က နာမည်ကြီးအဆိုတော် “Pete Coconut” က ပိုင်တယ် ကျွန်းပေါ်က ဝန်ထမ်းတွေကလည်း တစ်ယောက်တစ်မျိုးနဲ့ အဖောက်တွေချည်းပဲ တစ်နေ့ စော်နှစ်ဗွေနဲ့ ဘဲတစ်ဗွေ ကျွန်းဘေးက တောထဲကို သွားပြီး threesome ကြရင်း လူသတ်သမား သတ်တာခံလိုက်ရတယ် ဒီကနေ ဝန်ထမ်းတွေ တစ်ယောက်ပြီးတစ်ယောက် သေကုန်လို့ ကျွန်းပေါ်က ဝန်ထမ်းတွေအားလုံး လူသတ်သမားကို အဖြေရှာဖို့ လုပ်ရတော့တယ် ဖုန်းလိုင်းမမိ၊ လှေကလည်း ပျောက်သွားတဲ့အခါမှာ ကျွန်းပေါ်မှာ ပိတ်မိရင်း ဝရုန်းသုန်းကားတွေ ဖြစ်ကြတာကို ပရိသတ်ကြီး ခွီရမယ့်ကားလေးပါ လိင်ဆက်ဆံခန်းတွေများတာမို့ မိသားစုနဲ့ အတူကြည့်မယ်ဆိုရင်တော့ မျက်နှာပူနေရမှာ သေချာတယ်။ File size…(2.3 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Comedy, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

History • Drama
5.7 2004
Club Dread
The Dry 2 – Force of Nature
6.2

The Dry 2 – Force of Nature (2024) ======================= စုံထောက် Aaron Falk က တောထဲ ခရီးထွက်ရာကနေ လမ်းပျောက်ခဲ့တဲ့ အမျိုးသမီးလေးယောက်ကို ကယ်တင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ငါးယောက်မြောက်အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Alice ကတော့ ကယ်တင်ခံရတဲ့အထဲမပါဘဲ ကျန်တဲ့အမျိုးသမီးတွေနဲ့ အဖွဲ့ကွဲပြီး တောထဲကျန်ခဲ့တယ်လို့ပြောတယ်။ ရဲတွေလည်း ပျောက်သွားတဲ့အမျိုးသမီး Alice ကို ရှာဖို့ တောထဲမှာ ကယ်ဆယ်ရေးအဖွဲ့တွေလွှတ်ပြီး ရှာဖွေကြတော့တယ်။ ဒါပေမဲ့ ကယ်တင်ခံရတဲ့ အမျိုးသမီးတွေပြောတဲ့စကားက တစ်ယောက်နဲ့တစ်ယောက်မတူဘဲ အမျိုးမျိုးကွဲထွက်နေပြီး ယုံစားရခက်နေတာကြောင့် Alice ကို ရှာဖွေဖို့ ဘယ်လိုတွေအခက်အခဲဖြစ်မလဲ၊ တောထဲမှာ Alice ပါဝင်တဲ့ အမျိုးသမီးအဖွဲ့ရဲ့ တကယ်ဖြစ်ပျက်ခဲ့တဲ့ဇာတ်ကြောင်းအစစ်အမှန်က ဘာဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ Mystery ဆန်စွာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Fiona Gillen ပါ ) File size_( 1.7GB)/( 900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Crime, Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Fiona Gillen

Action • Thriller • Adventure • Crime
6.2 2024
The Dry 2 – Force of Nature
Maid in Manhattan

ဒီဇာတ်ကားလေးကတော့ 2002 ခုနှစ်ကထွက်ရှိထားတဲ့ Romance Drama အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Jennifer Lopez, Ralph Fiennes စတဲ့ နာမည်‌ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်း‌လေးကတော့ ဟိုတယ်အကူအမျိုးသမီးလေးတစ်ယောက်ကို လွှတ်တော်အမတ်လောင်းတစ်ယောက်က ချစ်ကြိုက်မိသွားတဲ့ ခေတ်သစ်စင်ဒရဲလားကားလို့ပြောရပါလိမ့်မယ်။ မာရီဆာဗန်တျူရာဆိုတဲ့ Single Mom တစ်ယောက်ဟာ နယူးရော့ခ်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ပြီး အဆင့်မြင့်ဟိုတယ်တစ်ခုမှာ အကူလုပ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ခရစ်မာရှယ်လို့ခေါ်တဲ့ ဆွေကြီးမျိုးကြီး နိုင်ငံရေးသမားတစ်ယောက်ဟာ ဟိုတယ်မှာအလုပ်လုပ်‌နေတဲ့မာရီဆာကို ဧည့်သည်အမှတ်နဲ့ သဘောကျနှစ်သက်သွားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ရင်ခုံစရာအချစ်ဇာတ်လမ်းကို ကြည်နူးဆွတ်ပျံ့ဖွယ် တင်ဆက်ပြသထားပါတယ်။ Romance ချစ်သူတို့အနေနဲ့ ကြည့်သင့်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.7 GB)/(919 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moon

0 2002
Maid in Manhattan
RĂŠveillon
7.3

ချက်ကိုစလိုဗက် နိုင်ငံကနေ ကတ္တီပါ တော်လှန်ရေးလို့ နာမည်ရတဲ့ Velvet Revolution ကို ၁၉၈၉ မှာ စတင်ခဲ့ပြီးတဲ့နောက်မှာ ၁၉၉၂ ခုနှစ် ကုန်ခါနီးပိုင်းမှာ ချက်ရီပတ်ဘလစ်နိုင်ငံနဲ့ စလိုဗက်ကီယား နိုင်ငံတို့ ငြိမ်းချမ်းစွာနဲ့ ခွဲထွက်ခဲ့ကြပါတယ်။ အဲဒီခေတ်ကာလ အတောအတွင်းကို အခြေပြုပြီး ရိုက်ကူးထားတဲ့ မိသားစု ဒရာမာ ဇာတ်ကားလေး တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ခွဲထွက်မှု မတိုင်ခင်က ကွန်မြူနစ်တွေ ကြီးစိုးတဲ့ ကာလဟာ ဘာသာရေး သက်ဝင်ယုံကြည်မှုတွေကို အပြင်းအထန်ရှုတ်ချပြီး ရိုမန်ကတ်သလစ် ဘာသာဝင်တွေကို နှိပ်ကွပ်ခံခဲ့ရတဲ့ ကာလဆိုရင်လည်း မမှားပါဘူး။ ဒီဇာတ်ကားမှာ နိုင်ငံခွဲထွက်မှုမတိုင်ခင် နှစ်သစ်ကူး ကာလကို မိသားစုစုံညီ အတူ ကျင်းပပျော်ရွှင်ဖို့ လုပ်နေကြရင်း ကွန်မြူနစ်အခြေပြု စုံစမ်း ထောက်လှမ်းရေး အဖွဲ့ STB လို့ခေါ်တဲ့ လျှို့ဝှက်တပ်ဖွဲ့ရဲ့ Informer သတင်းပေးအဖြစ် လုပ်ခဲ့ဖူးတဲ့ ဖခင်ဖြစ်သူအကြောင်းကို အထောက်အထားနဲ့ သိလိုက်ရတဲ့ အချိန်မှာ မိသားစုဝင်တွေအနေနဲ့ ဘယ်လိုမျိုး ခံစား ဖြေရှင်းကြမလဲ ဆိုတာကို ရိုက်ကူးတင်ဆက်ထားပါတယ်။ File size…1.34GB / 690MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Comedy , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Horror • Mystery
7.3 2023 101 mins
RĂŠveillon
The Zen Diary
6.7

တကယ်လို့ဖြစ်နိုင်ခဲ့ရင် တစ်နေ့မှာ ဟင်းချက်ဖို့ ကျွန်တော်တို့ ၃နာရီလောက်တော့ အချိန်ပေးသင့်တယ်။ စားခါနီးမှ ဟင်းတစ်ခွက်ကိုချက်ရတဲ့အရသာက ဘာနဲ့မှမတူဘူး။ ထမင်းကပူနေရင် ငရုတ်သီးကြော်နဲ့‌တောင် စားကောင်းသလို အခုမှကျက်တဲ့ ဟင်းတစ်ခွက်ကလည်း မနက်ကချက်တဲ့ဟင်းတစ်ခွက်ထက် အဆပေါင်းများစွာသာတယ်။ အားလုံးသိတဲ့ အားလုံးမလုပ်နိုင်တဲ့ အမှန်တရားတစ်ခုပါပဲ။ ဘယ်လိုပုံစံနဲ့ ဘာဟင်းချက်မလဲတောင် စဉ်းစားဖို့ အချိန်မပေးနိုင်တဲ့ ကျွန်တော်တို့ဘဝတွေမှာပေါ့။ အောင်မြင်တာတွေ ကြီးမြင့်တာတွေ ကျော်ကြားတာတွေထက် ချစ်တဲ့သူနဲ့ အတူစားရတဲ့ ထမင်းပူပူတွေက အဓိပ္ပာယ်ပိုရှိမှန်း ကျွန်တော်တို့သိပြီးကြပေမဲ့ ဘဝဟာ တစ်ခုမဟုတ်တစ်ခုလိုနေရင်း အဲဒီရွေးချယ်မှုကို ကျွန်တော်တို့ကို လုပ်ခွင့်မပေးခဲ့ဘူး။ အခိုက်အတန့်တစ်ခုအထိတော့ ဒီလိုအခြေအနေမျိုး ရကောင်းရနိုင်ပေမဲ့ အခြေအနေအကြောင်းကြောင်းတွေဟာ ဒီလိုဘဝတွေနဲ့ ကျွန်တော်တို့ကို အမြဲတမ်း ဝေးကွာစေတယ်။ မြေကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ကျေးလက်ဘက်တစ်နေရာမှာ သီးပင်စားပင်တွေ စားလောက်အောင်လေး မခမ်းမနားစိုက်။ ညနေမှာ စီးကရက်တစ်လိပ်နဲ့ လွမ်းစရာကောင်းအောင် တောင်စွယ်မှာ နေကွယ်တာကို ခင်ဖုန်းသက်ဝေ ၅ပုဒ်ကို ရွတ်တတ်သလိုရွတ်ရင်း ငေး ။ စိတ်လိုလက်ရမှောင်နေတဲ့ညတွေဆို ဆေးလိပ်တစ်လိပ် ကော်ဖီတစ်ခွက် ကိုနေဝင်းဆိုတဲ့ မောင့်လပြည့်ဝန်းနဲ့ အိပ်ရာဝင်။ အဲဒီကမ္ဘာမှာ ညနေခင်းလမ်းလျှောက်တဲ့အခါ တိမ်တွေကလည်း အမြဲတမ်းရှိနေလိမ့်မယ်။ တက်သုတ်ရိုက်မဟုတ်တဲ့ အလုပ်တစ်ခုခုလည်း ရှိနေလိမ့်မယ်။ ဘယ်သူ့အတွက်မှမဟုတ်တဲ့ ဆွဲတတ်သလိုဆွဲထားတဲ့ပန်းချီတစ်ကား ကဗျာတစ်ပုဒ်လောက်တော့ ကြုံရင်ကြုံသလို ရေးကောင်းရေးဖြစ်လိမ့်မယ်။ ချက်ပြုတ်ခြင်းဆိုတာလည်း ဘဝရဲ့အချိန်ပေးနိုင်တဲ့အရာတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါဟာ စိတ်ဓာတ်ကျစရာတွေမရှိတဲ့ ရုပ်ရှင်တစ်ခုဖြစ်ကောင်းဖြစ်လိမ့်မယ်။ The Zen Diaryက ဒီလိုတကယ်နေနေတဲ့ ဘဝတစ်ခုအကြောင်းကို ဇင်အတွေးအခေါ်တွေနဲ့ ရစ်သိုင်းထားတဲ့ရုပ်ရှင်လို့ပြောရမယ်။ သဘောကျစရာကောင်းတာက ပူစရာတွေ မရှိနေတာတော့ မဟုတ်ခဲ့ဘူး။ ဒါပေမဲ့လည်း သူ့ဘဝထဲရောက်လာတဲ့အပူတွေကို သူရင်ဆိုင်ဖြေရှင်းပုံတွေကိုပြထားတာလည်းလှတယ်။ ဇင်ဒိုင်ယာရီဟာ ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုထားတဲ့ ရုပ်ရှင်တစ်ကားလို့ပြောလို့ရတယ်။ ပြောလို့ပြောတာတော့မဟုတ်ပါဘူး။ ကျရှုံးမှုတွေနောက်ပိုင်းမှာ အေးချမ်းမှုကို ပြန်တွေ့သွားကြတဲ့ရုပ်ရှင်တွေကို ကျွန်တော်တို့သဘောကျကြတယ်မလား။ ကျွန်တော်တို့ဟာ အမြဲတမ်း ကျရှုံးနေတဲ့လူတွေပဲ။ ဇင်ဒိုင်ယာရီကတော့ တော်တော်လေးလက်တွေ့ကျတယ်။ ဇင်ဒိုင်ယာရီဟာ မမြဲခြင်းတရားတွေအောက်မှာပဲ တည်နေတယ် File Size : 2.2 GB / 1 GB Quality : WEB-DL 1080p / 720p Running Time : 1hr 51min Format : Mkv and Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

Science Fiction • Adventure • Action
6.7 2022 112 mins
The Zen Diary
The Crow: Salvation

ဒီကားကတော့ The crow ရဲ့ တတိယမြောက်ကားဖြစ်ပြီး Eric Mobius က The crow အဖြစ်ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ကျွန်တော်တို့ childhood ဖြစ်တဲ့ Spiderman Trilogy ထဲက မင်းသမီး Kristen Stewart လည်းပါ၀င်အားဖြည့်ပေးထားပါတယ်။ ဒီတစ်ကားမှာတော့ The crow ဖြစ်လာမယ့် Alex Corvis ရဲ့ ကောင်မလေးကို သူ့ကိုယ်တိုင်သတ်လိုက်တာပါလို့ စွပ်စွဲခံရပြီး သေဒဏ်ပေးခံရတာကနေ ဇာတ်လမ်းကို အစပြုထားပါတယ်။ (အဖော်အချွတ်နဲ့ သွေးထွက်သံယို ကြမ်းတမ်းတဲ့စကားတွေပါပါတယ်) IMDb 4.9 Rotten Tomatoes 18% File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre… Action, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wai Hlyan Phyo Pai

Family • Comedy • Action • Crime
0 2000
The Crow: Salvation
Death Wish 4: The Crackdown
5.4

ပေါလ်ကာဆင်ရဲ့ ဇာတ်လမ်းဟာ နယူးယောက်မှာတင် အဆုံးမတင်နိုင်သေးဘဲ City of Angels လို့ တင်စားခေါ်ဝေါ်တဲ့ လော့စ်အိန်ဂျလိကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ Vigilante ဘဝကနေ အနားယူခဲ့တာကြာပြီဖြစ်တဲ့ ပေါလ်ကာဆင်ရဲ့ဘဝထဲကို ကယ်ရန် နဲ့ အယ်ရစ်ကာတို့ သားအမိက ဝင်ရောက်လာခဲ့ပြန်ပါတယ်။ အရမ်းထူးချွန်ပြီး လိမ္မာလွန်းတဲ့ အယ်ရစ်ကာကို ဆုံးပါးသွားတဲ့သမီးလေးကို သတိရစိတ်နဲ့ ခင်တွယ်မိနေပြန်ပါတယ်။ လူငယ်သဘာဝ စူးစမ်းချင်စိတ်နဲ့ မူးယစ်ဆေးကို သုံးစွဲမိခဲ့တဲ့ အယ်ရစ်ကာတစ်ယောက် ကံမကောင်းအကြောင်းမလှဘဲ ဆေးလွန်ပြီး သေဆုံးသွားခဲ့ပြန်ပါတယ်။ အယ်ရစ်ကာ သေဆုံးရတဲ့ကိစ္စကို မကျေချမ်းနိုင်ဘဲ အယ်ရစ်ကာရဲ့ရည်းစားကို ခြေရာခံလိုက်ရင်း ဆေးအရောင်းသမား ဂျိုဂျိုရဲ့ လက်ချက်မှန်း သိခဲ့ပါတယ်။ ဂျိုဂျိုက ရန်ဒီကို သတ်နေတဲ့အချိန်မှာ မျက်မြင်တွေ့လိုက်ရပြီး ဂျိုဂျို့ကို တစ်ခါတည်း ပစ်သတ်ခဲ့ပါတယ်။ ထိုကိစ္စပြီးတဲ့အချိန်မှာ ပေါလ်တစ်ယောက် ထူးဆန်းတဲ့စာတစ်စောင်ကို အိမ်မှာတွေ့ရှိပြီး သူ့ကို ဖုန်းခေါ်ဆိုလာခဲ့ပါတယ်.။ သူ့ရဲ့နောက်ကြောင်းတွေကို သိရှိတဲ့သူဖြစ်ပြီး သူနဲ့တွေ့ဆုံဖို့ ငြင်းဆန်ပါက ရဲတွေကို သူ့ရဲ့ Vigilante ဘဝကို ထုတ်ဖော်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ပေါလ် သွားရောက်တွေ့ဆုံတဲ့အချိန်မှာ လူကုံတံသတင်းစာတိုက်ပိုင်ရှင် နေသန်ဝှိုက်ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။ အယ်ရစ်ကာ့လို အဖြစ်ဆိုးမျိုးကြုံခဲ့ရတဲ့ သူ့သမီးလီဆာအကြောင်းကိုပြောပြရင်း မူးယစ်ဆေးနဲ့ပတ်သက်ဆက်နွယ်သမျှ လူအားလုံးကို ခွင့်မလွှတ်သင့်ဘဲ အဆုံးသတ်ပေးသင့်ကြောင်း နှင့် သူ့လက်အောက်မှာ အလုပ်လုပ်ပေးရန် သိမ်းသွင်းခဲ့ပါတယ်။ လော့စ်အိန်ဂျလိမြို့မှာ သူပစ်သတ်ခဲ့တဲ့ ဂျိုဂျိုရဲ့နောက်ကွယ်မှာရှိတဲ့ မူးယစ်ရာဇာ အက်ဒ် ဇက်ခရိုင်းရက်စ် အပြင် ဂျက်ခ် နဲ့ တိုနီရိုမယ်ရို ညီအစ်ကိုနှစ်ယောက်တို့ မူးယစ်ဂိုဏ်း ၂ ဂိုဏ်းက ကြီးစိုးနေပါတယ်။ မူးယစ်ဆေးကြောင့် ခံစားရတဲ့ မိသားစုတွေရဲ့ ပူဆွေးမှုကို အပြီးတိုင်ဖြေဖျောက်ပေးနိုင်ရန် ရည်ရွယ်ပြီး ပေါလ်ကာဆင်ဟာ “Vigilante” ဘဝကို ပြန်လည်ခံယူခဲ့ရပြန်ပါတော့တယ်။ File Size : 2.2 GB, 1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 30min Format : Mp4 Genre : Action, Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Sai Sumali Encode by : Thit San Khant

5.4 1987
Death Wish 4: The Crackdown
Pariwar
7.8

Pariwar (2025) ‘လက်စွပ်တစ်ကွင်းပြဿနာ’ =============================== မလေယာလမ် ကျေးလက်ဟာသရုပ်ရှင်လေးတစ်ကားကို တင်ဆက်လိုက်ပါတယ် တစ်ချိန်က ဆင်တွေကိုတောင် ယဉ်အောင်လုပ်ပေးခဲ့တယ်ဆိုတဲ့ ဘာစကာရန်တစ်ယောက် အသက် ၉၉ နှစ်အရွယ်မှာ ပန်းနာနဲ့ အိပ်ရာထဲလဲနေပါတော့တယ် ဒီတော့မှပဲ သားလေးယောက် အိမ်ကိုရောက်ချလာပြီး လက်စွပ်တစ်ကွင်းကို လုကြတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် မကျေနပ်ချက်တွေပေါ်လာပြီး ဘာတွေဆက်ဖြစ်ကြမလဲ လူ့သဘာဝနဲ့ ရုပ်ဝတ္ထုစွဲလမ်းမှုအကြောင်းတိုကို ဟာသလေးနှောပြီး တင်ဆက်ထားတဲ့ ဒီမိသားစုဇာတ်လမ်းလေးမှာ ပရိသတ်တို ခံစားကြည့်ရှုပေးကြပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Romance • Drama
7.8 2025
Pariwar