YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

23.5 S01E02 720p CM.mp4

220.31 MB N/A video/mp4 150 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Phantoms
5.4

မြို့ငယ်လေးတစ်ခုက ရှိသမျှ‌လူတွေအားလုံးကို နာရီပိုင်းလောက်နဲ့ အသက်ဇီဝိန်ချွေသွားတဲ့ အဖြစ်အပျက်ကြီး အမေရိကားမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဇာတ်ကားကိုပြောတာနော်။ တကယ်မဟုတ်ဘူး။ မနက်ခင်းကြီး မြို့ငယ်ကနေထွက်၊ ရည်းစားတစ်ကောင်နဲ့ ပရောပရည်လုပ်နေတဲ့ အယ်လ်အေက ညီမကို အတင်းအကျပ်ပြန်ခေါ်လာတဲ့ အစ်မကြီးလုပ်သူ ညနေခင်းအချိန် မြို့ထဲအရောက်မှာ လူတွေအားလုံး ပျောက်သူပျောက် သေ‌သူသေဖြစ်ကုန်ကြပါတယ်။ ညီအစ်မနှစ်ယောက်သား မြို့ထဲကပြန်ထွက်ဖို့ နည်းမျိုးစုံကြိုးစားပေမဲ့ ပိတ်မိသွားတဲ့အခါ... လူသားမျိုးနွယ်ရဲ့ မျိုးတုံး‌ပျက်သုဉ်းခြင်းကို ယူဆောင်လာနိုင်တဲ့၊ လူတွေလိုပဲ စဉ်းစားဉာဏ်အသိပညာနဲ့ Stranger thing (လူထူးသူစိမ်း) ကြီးကို အဏုဇီဝပညာရှင်တစ်ယောက်၊ ရဲအရာရှိတစ်ယောက်၊ ဆရာဝန်မတစ်ယောက်နဲ့ မနူးမနပ်အပျိုပေါက်မလေးတို့ လေးယောက်သား ဘယ်လိုရင်ဆိုင်ခဲ့သလဲဆိုတာ အထိတ်ထိတ်တလန့်လန့်ကြည့်ရှုရမယ့် ၁၉၉၈ က ဇာတ်ကားတစ်ကားပါ။ တစ်ခါတစ်ခါကျ ဇာတ်ကား Rating တွေထက် သရုပ်ဆောင်တွေက အလေးပိုသာသွားတဲ့အချိန်ရှိတတ်သလိုပဲ ဒီကားထဲပါတဲ့ သရုပ်ဆောင်များကတော့ နှယ်နှယ်ရရ မဟုတ်ပါဘူး။ ပထမဆုံး သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းဆရာ Ben Affleck ကို မြင်တွေ့ရပါမယ်။ Pearl Harbor (2001) ရဲ့ မင်းသားကြီး၊ Good Will Hunting (1997) ရဲ့ သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းရေးဆရာ၊ ရွှေကမ္ဘာလုံးဆု သုံးဆုရှင်ကြီးက ဦးဆောင်ပါဝင်ထားပါတယ်။ မင်းသမီးကတော့ Horror Films Queen ဖြစ်တဲ့ သရဲကားထိပ်ခေါင်တင် Rose McGowan ပါပဲ။ Scream (1996) နဲ့ Devil in the Flash (1998) တို့ရဲ့ အကြီးအကျယ်အောင်မြင်ခဲ့သူ မင်းသမီးကြီးပါ။ အခြား သရုပ်ဆောင်များအနေနဲ့ Lawrence of Arabia (1962) ရဲ့ မင်းသားကြီး Peter O'Toole ရယ်၊ Joanna Going တို့လိုသရုပ်ဆောင်များနဲ့ ဝေဝေဆာဆာရိုက်ကူးထားလို့ ကြည့်ရှုအားပေးသင့်တဲ့ ဇာတ်ကားဟောင်းလေးပါလို့... (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 840MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 36Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Drama
5.4 1998 91 mins
Phantoms
God's Country Song
7.5

God's Country Song (2023) ဒီကားလေးကတော့ အရက်အလွန်အကျွံသောက်ပြီး ဒုက္ခရောက် ရုန်းကန်နေရတဲ့ နိုင်ငံကျော် အဆိုတော်တ်ယောက်အကြောင်းပါ။ ကန်ထရီးစတား နိုအာဘရိုင်ယန် တစ်ယောက် နာမည်ကြီးလာတာနဲ့အမျှ အတိတ်က အခြေအနေ နဲ့ အရက်စွဲလမ်းမှုက သူ ပန်းတိုင် ရောက်ဖို့ အတားအဆီးဖြစ်နေတာပါ။ ဒါပေမဲ့ သူ့အတွက် ရွေးချ့အတွကရှိသော ကိစ္စတခကိစကိုတော့ အရေးတကြီး လုပ်ရမှာပါ။ အဲဒီဆုံးဖြတ်ချက်တွေကိုတော့ သူ့ရအနီးအနားက လူတွေက စောင့်မျှော်နေပါတယ်။ သူ မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်နိုင်ပြီး ဘဝကို အောင်မြင်အောင် ဖြက်သန်းသွားနိုင်မလား ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်ပြီး ကြည့်လိုက်ကြရ‌အောင်ဗျာ။ ဒီဇာတ်ကားက ကန်ထရီးသီချင်းကြိုက်တဲ့သူ တော်တော်များများအတွက်တော့ တော်တော့်ကြိုက်ပါလိမ့်မယ်။ romance ကားကြိုက်တဲ့သူတွေလည်း အသေအချာ အကြိုက်တွေ့ပါလိမ့်မယ်။ ဇာတ်ကားက ကန်ထရီးသီချင်းတွေရယ် စွဲလမ်းမှုအကြောင်းတွေရယ် ဘာသာရေးရယ် အချစ်ရယ်ကို သေချာရောစပ်ချယ်မှုန်းပြသသွားလို့ ရင်ထဲ ထိမယ့် ကားကောင်း တစ်ကား ဖြစ်ပါလိမ့်မယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hetang ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p File size… 1.2GB | 639MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hetang Encoder ..... Aaron

Action • Crime • Drama
7.5 2023
God's Country Song
[18+] Fumiko’s Legs
5

ဒီကားကို ခေါင်းစဉ်တပ်ရရင် “စွဲလန်းကြသူများ”လို့ရေးလို့ရမယ်ထင်တယ်။ ဘာတွေများစွဲလန်းနေကြတာလဲဆိုတော့ ခြေထောက်တဲ့။ ဟုတ်ပါတယ်… စာပြန်ဖတ်မနေပါနဲ့ ခြေထောက်ကိုစွဲလန်းကြတာပါ။ ယောကျ်ားလေးတွေအများကြီး ချဉ်းကပ်တာကိုခံရတဲ့ | ဖူမီကိုက သူ့ခြေထောက်ကိုပဲ စွဲလန်းကြမှန်းသိတော့ တကယ်စိတ်ရှုပ်ခဲ့ရတာပေါ့… ဖူမီကိုက မိသားစုကံမကောင်းပါဘူး။ အမေကလည်း အမေကောင်းမပီသတဲ့အပြင် သူ့ခန္ဓာကိုယ်ကိုပါရောင်းစားဖို့ အမြဲလုပ်နေတာပါ။ ဒီလိုနဲ့ အသက် ၇၀ အရွယ်ရှိတဲ့ ဆူကာဂိုရှီအဘိုးအိုတစ်ဦးနဲ့ ဖူမီကို ဆုံမိပါတော့တယ်။ ဆူကာဂိုရှီက အနုပညာကိုရူးသွပ်ပြီး ဖူမီကိုရဲ့ခြေထောက်က | အနုပညာပဲဆိုပြီးချဉ်းကပ်ပါတော့တယ်။ ကင်ဆာရောဂါနဲ့မကြာခင်သေရတော့မှာမို့ သူ့ဘေးနားမှာ ခြေထောက်လေးနဲ့ပဲ ပြုစုပေးပါ… အမွေတွေအကုန်ပေးပါမယ်လို့ပြောတာနဲ့ ဖူမီကိုလည်း လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဆူကာဂိုရှီက ပိုပိုပြီးကျန်းမာလာတော့ ဖူမီကိုတစ်ယောက်လည်း ပိုပိုပြီးနေရခက်လာပါတယ်။ အိမ်ကြီးတစ်လုံးတည်းမှာ သေမလိုဖြစ်ပြီးမှ ကျန်းမာရေးဇွတ်ကောင်းနေတဲ့ ဆူကာဂိုရှီရယ် သူ့တူရယ် ဖူမီကိုရယ် သုံးယောက်စုံကြတဲ့အခါ ဘယ်လိုဆက်ဖြစ်မလဲ? ဆွဲဆောင်မှုရှိတဲ့ခြေထောက်တစ်စုံက လူတွေကို ဘယ်လောက်တောင် ရူးသွပ်သွားစေလဲဆိုတာ ကြည့်လိုက်ပါတော့နော်…. (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။

Drama • Romance
5 2018 81 mins
[18+] Fumiko’s Legs
Driving Madeleine
7

ဒီဇာတ်ကားလေးက အဘိုးအဘွားကိုချစ်တတ်တဲ့သူတွေအတွက် ကြည့်ပြီးရင် ရင်ထဲတစ်ခုခုကျန်ခဲ့စေမယ့် ကားမျိုးပဲဖြစ်ပါတယ်။ IMDb-7/10 နဲ့ Rotten Tomato-100%အထိ ရရှိထားတဲ့ဇာတ်ကားဖြစ်လို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ချားလ်ဟော့မန်းဟာ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ မိသားစုအတွက် ရုန်းကန်နေရတဲ့ တက္ကစီသမားတစ်ဦးပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ မက်ဒလိန်းကယ်လာဆိုတဲ့ အသက်၉၂နှစ်အရွယ် အဖွားအိုတစ်ယောက်ကို လူအိုရုံကိုပို့ဖို့ သူ့ရဲ့ကားကိုငှားခဲ့ပါတယ်။ ပို့ရမယ့်နေရာက ပဲရစ်မြို့ရဲ့တစ်ဖက်ခြမ်း ဖြစ်တော့ မလိုက်ချင်ပေမယ့်လည်း ငွေကြေးအခက်အခဲကြောင့် လိုက်ပို့မိတဲ့အခါမှာ ဒီအဖွားအိုနဲ့ စကားပြောမိရင်း မက်ဒလိန်းရဲ့အတိတ်ကအဖြစ်အပျက်တွေကို ပြန်လည်တူးဖော်ကြပါတော့တယ်။ ဒီခရီးစဉ်တိုလေးတစ်ခုအတွင်းမှာပဲ ချားလ်နဲ့ မက်ဒလိန်းတို့ကြားမှာ ဘယ်လိုသံယောဇဉ်တွေဖြစ်သွားမလဲ။ မက်ဒလိန်းရဲ့အတိတ်မှာရော ဘယ်လိုကြမ်းတမ်းမှုတွေနဲ့ကြုံတွေ့ခဲ့ရလဲဆိုတာကို ကရုဏာသက်စွာ ကြည့်ရှုခံစားကြရမှာပဲ ဖြစ်ပါတယ်။ File size…1.23 GB / 607 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 31m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Paing Phyoe

7 2022
Driving Madeleine
[18+] She Cat Meneko
4.6

She Cat (1983) မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ ဂျပန် Pink Film လေးတွေဘက်ပြန်လှည့်ကြရအောင်ပါ။ အခုတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ နာမည်ကျော် Roman porno series ထဲက နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ She Cat ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ဒေါက်တာ ကတ်ကာဂါမီဟာသူ့ရဲ့အတိတ်ဆိုးတွေကိုပြည်ဖုံးကားချပြီး လက်ရှိဘ၀မှာ အနိုင်ကျင့်ခံအားကိုးရာမဲ့အမျိုးသမီးတွေကို ကူညီပေးနေသလို သားဖွားမီးယပ်ဆေးခန်းလည်းဖွင့်ထားပါတယ်။ သူနဲ့အတူလက်တွဲလုပ်ဆောင်နေတဲ့သူကတော့ သူ့ရဲ့လိင်တူချစ်သူလည်းဖြစ် ဆရာဝန်တစ်ဦးလည်းဖြစ်ပေမယ့် နောက်ကြောင်းကိုမသိရတဲ့ ကိုတိုဟီရတ်ဆုကာ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့နှစ်ယောက်အတူသွားတက်တဲ့ပါတီတစ်ခုမှာ ပစ်ခတ်လုပ်ကြံမှုဖြစ်ပွားခဲ့ပြီး အသက်ဘေးက သီသီလေးလွတ်ခဲ့ပေမယ့် အမည်မသိတစ်ဖက်ဂိုဏ်းသားတွေက သူတို့ကို ပစ်မှတ်ထားလာချိန်မှာတော့ ဒေါက်တာ ကတ် တစ်ယောက် သူ့အရည်အချင်းတွေကိုထုတ်ပြဖို့ဖြစ်လာပါတော့တယ်။ Pink Film ဆိုပေမယ့် အဖော်အချွတ်သက်သက်မဟုတ်ပဲ ဇာတ်လမ်းဇာတ်အိမ်လှည့်ကွက်အပြည့်ကိုမှ ခေတ်ဟောင်း ဂန္ဓဝင်မမတွေရဲ့ ဂန္ဓဝင်အလှကို ကွက်ကွက်ကွင်းကွင်းရှုစားရမယ့် ကားကောင်းတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2.2 GB) / (785 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Crime, Thriller Duration….01:27:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.6 1983 86 mins
[18+] She Cat Meneko
Aye Zindagi
7.3

Aye Zindagi (2022) “ရှင်သန်ခြင်းအဓိပ္ပာယ်” ဒီတစ်ခါမှာ ဟင်ဒီဒရာမာကောင်းတစ်ပုဒ်ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်ပါတယ် ဗီနေးက liver cirrhosis (အသည်းခြောက်ရောဂါ) နောက်ဆုံးအဆင့်ရောက်နေတဲ့ လူနာတစ်ယောက် ခြောက်လခုနစ်လထက် ပိုမနေရတော့တဲ့ အခြေအနေမှာ သူကိုယ်တိုင်က မိသားစုဝင် သူငယ်ချင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဖုံးကွယ်ထားတယ် ဟိုက်ဒရာဘတ်မှာ အသည်းအစားထိုးကုပေးနေပြီဖြစ်ကြောင်း ဖတ်ရတော့ အလုပ်ကခွင့်လေးရက်ယူပြီး ဘယ်သူမှမသိအောင် လာခဲ့တယ် တစ်ချိန်တော့ လုပ်ဖော်ကိုင်ဖက်၊ မိသားစုဝင်တွေသိသွားတဲ့အခါမှာ ဘယ်လိုဆက်ဖြစ်မလဲ နောက်ပြီး ရီဗာသီဆိုတဲ့နှလုံးလှအမျိုးသမီးရဲ့ အကူအညီနဲ့ မျှော်လင့်ချက်တွေကို ပြန်အသက်သွင်းနိုင်မှာလား ရှင်သန်ခြင်းအဓိပ္ပာယ်ကို ရှာတွေ့နိုင်မှာလား အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Linn Lunn ~ ToMo ~ Yunni ~ V တို့မှ ဖြစ်ပါတယ်

7.3 2022 103 mins
Aye Zindagi
You Gotta Believe
5.8

ဒါကတော့ ဒါရိုက်တာ Ty Roberts ရိုက်ကူးထားပြီး မင်းသားကြီး Luke Wilson နဲ့ Greg Kinnear တို့ အဓိကပါဝင်ထားတဲ့ ဘေ့စ်ဘောအသင်းတစ်သင်းရဲ့ ဖြစ်ရပ်မှန် အားကစားဇာတ်လမ်း ကောင်းပါ All-Stars ဘေ့စ်ဘော့အသင်းဟာ ရာသီပွဲတွေမှာ ရှုံးပွဲတွေ ဆက်နေခဲ့ပြီး နည်းပြဂျွန်ကလဲ ရှေ့နေအလုပ်နဲ့ပဲ အလုပ်တွေရှုပ် နေခဲ့ပါတယ်။ အသင်းသားတွေဟာလဲ စည်းလုံးမှုမရှိပဲ အချင်းချင်း ရန်ဖြစ်နေကြပြီး ရာသီနောက်ဆုံးပွဲကိုပါ ရှုံးနိမ့်သွားပါတော့တယ်။ ပြဿနာကိုယ်စီနဲ့ အသင်းသားတွေဟာ ပန်းတိုင်မရှိပဲလမ်းပျောက် နေကြတဲ့ချိန်မှာ နည်းပြဂျွန်က ဘေ့စ်ဘောလူငယ်အသင်းကမ္ဘာ့စီးရီး ပြိုင်ပွဲ ဝင်ပြိုင်ဖို့ ကမ်းလှမ်းချက်ရခဲ့ပါတယ်။ ငြင်းဖို့ပြင်နေချိန် နည်းပြ‌လဲဖြစ် ကစားသမား ရောဘတ်ရဲ့ အဖေလည်း ဖြစ်တဲ့ နည်းပြဘော်ဘီက ကင်ဆာနောက်ဆုံးအဆင့်လို့ သိလိုက်ရတဲ့အခါ….. ပန်းတိုင်ပျောက်နေတဲ့ လူငယ်လေးတွေဖို့ နည်းပြဘော်ဘီအတွက် နိုင်ပွဲယူဖို့က ပန်းတိုင်ဖြစ်လာတဲ့အခါ….. အကောင်းဆုံးသူငယ်ချင်းရဲ့ အိပ်မက်တွေဖြစ်လာဖို့ နည်းပြဂျွန်ဟာ မိတ်ဆွေတွေရဲ့အကူအညီနဲ့ အသင်းကိုလေ့ကျင့်ပေးပြီး ပြိုင်ပွဲဝင်ဖို့ ဖြစ်လာပါတော့တယ်။ All-Starsအသင်းရဲ့ ပြိုင်ပွဲတစ်လျှောက် အတွေ့အကြုံတွေ ၊ လူငယ်လေးတွေရဲ့ ရင့်ကျက်လာမှုတွေ တွေ့ရမဲ့အပြင် ကမ္ဘာ့စီးရီးမှာ ဘယ်အဆင့်ထိ တက်လှမ်းနိုင်မလဲ….. ဘော်ဘီကရော ဘာဆက်ဖြစ်မလဲ…… အိပ်မက်အတွက်တိုက်ပွဲနဲ့ ဘဝအတွက်တိုက်ပွဲ နှစ်ခုလုံးမှာ အောင်မြင်သွားမလား ရှုံးနိမ့်သွားမလားဆိုတာကိုတော့…..။ File size…(1.71GB) / ( 932MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 44m Genre ….. Family , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

5.8 2024 104 mins
You Gotta Believe
River of Ghosts
5

Horror, Thriller အမျိုးအစားတွေ ကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ River of ghosts ဆိုတဲ့ movie လေးကို တင်ဆက်လိုက်ပါ တယ်… ဇာတ်လမ်းအညွှန်း +++++++++ Stanford တက္ကသိုလ်ရဲ့ စိတ်ရောဂါအထူးပြု ကျောင်းသားတစ်ယောက် ဖြစ်တဲ့ ရှောန် ဟောလ်တန်က သူ့ရဲ့မွေးရပ်မြေမြိုလေးကို ပြန်ပြီး အိပ်မွေ့ချကုထုံး ဆရာဝန်တစ်ယောက်အနေနဲ့ လူတွေရဲ့နာကျင်မှု တွေကို ကုစားဖို ကူညီပေးနေခဲ့တယ် ကတ်သီကတော့ နှစ်ရှည် လပေါင်းများစွာ ကုသလိုမရနိုင်တဲ့ ခါးနာကျင်တဲ့ဒဏ်ကို ခံစားနေရပြီး သူမရဲ့သူငယ်ချင်းရဲ့ ညွှန်ပေးမှုကြောင့် ဒေါက်တာရှောန် ဟောလ်တန်ဆီ ရောက်လာခဲ့တယ်… ခါးနာတာလိုမျိုး ကိုယ်ခန္ဓာနာကျင်တဲ့ ရောဂါကိုရော အိပ်မွေ့ချ ဆရာဝန်တစ်ယောက်က ကုသပေးနိုင်မှာလား တစ်ဖက်မှာလည်း ဘရိုင်ယန်ကတော့ သူ့ဇနီးဖြစ်သူ ပျောက်နေပြီး မြိုအနှံမှာ လိုက်ရှာနေခဲ့တယ်… ထူးဆန်းတာတစ်ခုကတော့ ဘရိုင်ယန်ရဲ့ အိမ်မှာညတိုင်း သရဲခြောက်တဲ့ ဖြစ်ရပ်တွေကို ကြုံတွေ့နေရတယ်… အဲဒါကြောင့် ဘရိုင်ယန်လည်း ဆွေးနွေးမှုလုပ်ဖို ဒေါက်တာရှောန် ဟောလ်တန်ဆီကို သွားခဲ့တယ် ဘရိုင်ယန်ရဲ့ ဇနီးကရော ဘယ်ကို ရောက်နေတာဖြစ်မလဲ… သရဲခြောက်တဲ့ဖြစ်ရပ်ကရော ဘယ်လိုကြောင့် ဖြစ်နေရတာလဲ… မြိုထဲကလူတွေ အိမ်မွေ့ချဆရာဝန်ဆီမှာ လာရောက်စုံကြပြီး ဘယ်လိုဖြစ်ရပ်တွေဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားစရာကောင်းစွာ ကြည့်လိုက်ကြပါဦးနော်…. ( ဇာတ်လမ်းအညွှန်းကို Vanessa မှ ရေးသားထားပါတယ် ) File size… (1.37GB) / (756MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre ….. Fantasy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Vanessa

5 2024 102 mins
River of Ghosts
Margot at the Wedding
6

ဒီဇင်ဘာအားလပ်ရက်တွေထဲ ပေါ့ပေါ့ပါးပါးကြည့်စရာ ဟာသဒရာမာ ဇာတ်လမ်းရှာနေသူတို့အဖို့ (၂၀၀၇)ခုနှစ်က ထွက်ရှိထားတဲ့ “Margot at the Wedding” ဆိုတဲ့ ဇာတ်လမ်းလေးကို CM ကနေ တင်ဆက်ပေးလိုက်ပါပြီ။ ပရိတ်သတ်တွေ အကြိုက် ဟာသသရုပ်ဆောင် Jack Black လည်း ပါဝင်သရုပ်ဆောင်ထားပါတယ် မာဂေါ့တစ်ယောက် သူ့သားလေး ကလော့နဲ့ သူ့ညီမလက်ထပ်ပွဲကို သွားရာကနေ အစပျိုးလိုက်တဲ့ အဖြစ်အပျက်တွေကို ကြည့်ရှုခံစားနိုင်မယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ညီအစ်မတွေဖြစ်ကြတဲ့ မာဂေါ့နဲ့ ပေါလ်လင်းတို့ဟာ ပြဿနာတွေကြောင့် အချင်းချင်း စကားမပြော၊ အဖတ်မလုပ်ကြတာ နှစ်တော်တော်ကြာနေပြီ ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ယောင်လို့တောင် မခေါ်ကြပေမယ့်လည်း ညီအစ်မစိတ်ဆိုတာ ရှိသေးတာကြောင့် မာဂေါ့တစ်ယောက် ပေါလ်လင်းလက်ထပ်ပွဲ ကျင်းပမယ့်ဆီကို သွားပါတော့တယ်။ တစ်ယောက်နဲ့တစ်ယောက် အမြင်စောင်းနေကြပေမယ့်လည်း အစ်မဖြစ်သူ မာဂေါ့ဟာ ပေါလ်လင်းလက်ထပ်မယ့်သူကို အဖြစ်မရှိသူလို့ သတ်မှတ်ထားပြီး မျက်မုန်းကျိူးနေပါတော့တယ်။ ဒါတင်မကသေး ဒီလက်ထပ်ပွဲကို အစပြုပြီးတော့ မထင်မှတ်ထားတဲ့ ဇာတ်ကောင်းတွေရဲ့ ပြဿနာတွေကလည်း ပေါ်လာပါတော့တယ်။ ညီအစ်မကြား၊ သားသမီးတွေနဲ့ မိဘတွေကြား စတဲ့ ဆက်ဆံရေးတွေကြားက နားလည်မှုမရှိတာ၊ ပြဿနာဖြစ်တာတွေအပြင် သူတို့တွေကြားမှာ ချစ်ခြင်းမေတ္တာဆိုတဲ့အရာဟာ ရှိပါကြောင်းကို တမျိုးတဖုံသွယ်ဝှိုက်ဖော်ပြထားနိုင်တဲ့ ဇာတ်ကားကောင်းလေး တစ်ခုလည်းဖြစ်ပါတယ်။ ဖြစ်လုဆဲဆဲ ဒီလက်ထပ်ပွဲကို မာဂေါ့တစ်ယောက် သွားရာကနေစပြီးတော့ ညီအစ်မနှစ်ယောက်ကြား မိသားစုဝင်တွေကြား နားလည်မှုတွေပဲ တိုးလာမလား၊ ပြဿနာတွေပဲ တက်လာမလားဆိုတာကိုတော့ ခံစားချက်အမျိုးမျိုးနဲ့ “Magot at the Wedding” ဆိုတဲ့ ဇာတ်ကားလေးထဲမှာ ခံစား ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ File Size : 2 GB, 814 MB Quality : WEB-DL 1080p / 720p Running Time : 1hr 31min Format : Mp4 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : Doros Encode by : Thit San Khant

Mystery • Thriller • TV Movie
6 2007 91 mins
Margot at the Wedding
Bat War
7.5

Bat War (2024) *************** နာမည်ကြီးမင်းသားတွေဖြစ်တဲ့ မမထုန်ဒီ ဇာတ်ကားထဲက ဖီဆွတ်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Kao Jirayu La-ongmanee နဲ့ ရေညှိရောင်းပြီး သူဌေးဖြစ်အောင် လုပ်ခဲ့တဲ့ဇာတ်ကား(Billionaire)ထဲက မင်းသား Peach Pachara Chirathivatတို့နဲ့အတူ မင်းသမီးချောလေး orin Khumpiraphanလည်း ပါဝင်ထားတဲ့ ဟာသဒရာမာ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ************** ကဲအိုတာ, ချတ်နဲ့ ပေါင်တို့ဟာ ငယ်ငယ်လေးတုန်းက ဂီတကျောင်းမှာ အတူတူ ပညာ သင်ကြားခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်။ ကဲအိုတာတစ်ယောက် ချင်းရိုင်ကိုထွက်သွားခဲ့ပြီး ပေါင်ကလည်း ဂီတကျောင်းက ဆရာခေါင်ကြောင့်နဲ့ စိတ်ဒဏ်ရာတွေရခဲ့ကာ စစ်တပ်ထဲကို ဝင်ရောက်သွားခဲ့ပါတယ်။ ကျန်ခဲ့တဲ့ ချတ်ကတော့ ဆရာခေါင်ရဲ့ သားဖြစ်ပြီး အဖေ့အမွေကို ဆက်ခံဖို့ဝေး လူငယ်ပီပီ ဘဝကို ပျော်ပျော်ကြီးကို နေနေခဲ့ပါတယ်။ ဒီလိုနဲ့ သူငယ်ချင်း ၃ယောက် အရွယ်တွေရလာပြီးတဲ့နောက်မှာတော့ ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုကို မြှင့်တင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းဂီတကို ခွင့်ပြုချက်မရှိဘဲ ဆိုကြတီးကြတာတွေကို တားမြစ်ဖို့ လုပ်ဆောင်ကြပါတော့တယ်။ ဒီအမိန့်ကို မနာခံတဲ့သူတွေကိုလည်း သေဒဏ်အထိ ချမှတ်နိုင်ပြီး နိုင်ငံအတွင်းမှာရှိတဲ့ ထိုင်းဂီတကျောင်းတွေအကုန်လုံးကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။ ငယ်ငယ်က ဆရာခေါင်ကို စိတ်နာပြီး စစ်တပ်ထဲဝင်သွားတဲ့ပေါင်ဟာ ဗိုလ်မှူးဖြစ်လာခဲ့ပြီး ဒီအမိန့်အတွက် တာဝန်ပေးအပ်ခြင်းခံရတဲ့အခါမှာတော့ .. ဆရာခေါင်ရဲ့ ပြိုင်ဘက်ဖြစ်သူ ဆရာဒမ်နဲ့ပေါင်းပြီးတော့ ဆရာခေါင်တို့ကို ထိုင်းဂီတနဲ့ ပတ်သတ်တာတွေ မလုပ်နိုင်ဖို့ လုပ်ဆောင်ပါတော့တယ်။ ဒီအချိန်မှာပဲ ဆရာခေါင်ရဲ့ သားဖြစ်သူ ချတ်ဟာ သူ့အဖေရဲ့ ကိုယ်စား ထိုင်းဂီတကို ဘယ်လို နည်းလမ်းတွေနဲ့ ပြန်လည်ကယ်တင်ပေးမလဲ ……. ချတ်, ပေါင်နဲ့ ကဲအိုတာတို့ရဲ့ ၃ပွင့်ဆိုင်ဇာတ်လမ်းမှာရော ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ …… ဆိုတာကို ဟာသလေးနှော ကြည့်ရှုရမယ့် ထိုင်း ဒရာမာဟာသဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းကို Char Ou မှ ရေးသားထားပါတယ်) File size…2.01GB / 870MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 55 min. Genre ….. Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Char Ou, Kim & DaoPhyo Encoded by AHtet

7.5 2024
Bat War
Rekhachithram
7.4

Rekhachithram (2025) အတိတ်ရဲ့ပဲ့တင်သံ မှုခင်း သည်းထိတ်ရင်ဖို ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီနေ့ရဲ့သတင်းဌာနတိုင်းမှာ Facebook live တစ်ခုက နေရာတိုင်းမှာ ကြားနေရပါတယ်။ လူတစ်ယောက်က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူကျူးလွန်ခဲ့တဲ့အမှုကို ဝန်ခံပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခြင်းပါ။ ၁၈ တောင်မပြည့်သေးတဲ့ကလေးမလေးကို ဖျာလိပ်နဲ့ပတ်လို့ မြေမြှုပ်ခဲ့တဲ့နေရာမှာပဲ သူ့ဘဝကို အဆုံးသတ်သွားပါတယ်။ သူက သူနဲ့အတူ ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေကိုပါ ဖော်ထုတ်သွားလေရဲ့။ ဒီလိုနဲ့ရဲတွေက သူဖော်ထုတ်သွားတဲ့သူတွေကို လိုက်လံစုံစမ်းရင်း အလောင်း‌မြှုပ်ခဲ့တဲ့နေရာကိုတူးဖော်ရာမှာ‌တော့ အရိုးစုနဲ့အတူ ခြေချင်းဝတ်လေးတစ်ခုကို တွေ့ပါတော့တယ်။ Live မှာပြောခဲ့တဲ့နာမည် ရှိသူတိုင်းကို နေရာအနှံ့လိုက်လံမေးမြန်းရင်း တူးဖော်ရတဲ့အရိုးနဲ့အတူ ခြေချင်းဝတ်ပိုင်ရှင်ကိုပါလိုက်ရှာရာမှ ဖခင်တစ်ဦးက သူ့သမီးခြေချင်းဝတ်ပါလို့ ပြောလာတဲ့အချိန်မှာတော့…….. သူတို့ကျူးလွန်ခဲ့တာ ဘာပြစ်မှုပါလဲ၊ ကောင်မလေးကရော ဘာဖြစ်ခဲ့တာလဲ၊ အတူကျူးလွန်ခဲ့တဲ့သူတွေက ဘယ်လိုဆက်စပ်လို့ ဘယ်သူတွေလဲဆိုတာ ရုပ်ရှင်လေးကိုကြည့်ရှုရင်း အဖြေထုတ်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

7.4 2025 139 mins
Rekhachithram
Empty Nets Leere Netze
6.5

Empty Nets (2024) IMDb Rating (6.5) / Rotten Tomatoes (100%) ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Behrooz Karamizadeဟာ အီရန်သားပေမဲ့ ၁၉၈၄ သူ့အသက်၆နှစ်သားမှာ မိသားစုလိုက် ဆိုဗီယက်ကို ပြောင်းရွှေ့အခြေချခဲ့ပြီး ၁၉၈၅ကနေ အခုထိတော့ ဂျာမန်မှာ အခြေချနေတယ်။ ဒီတော့ ဒီရုပ်ရှင်ဟာ ဂျာမနီထုတ်လုပ်ရေးပေမဲ့ အီရန်ဒါရိုက်တာ အီရန်သားတွေနဲ့ အီရန်စကားသုံးပြီး ရိုက်ထားတဲ့ အီရန် ရုပ်ရှင်လို့ပြောလို့ရပါတယ်။ ဒါရိုက်တာရဲ့ပွဲဦးထွက်ရုပ်ရှင်လည်းဟုတ်တယ်။ ပွဲဦးထွက်မှာ Rt- 100ရထားတော့ ဒါရိုက်တာက အထင်တော့ သေးမရဘူးပေါ့။ ချစ်ပြီးရင်တော့ အားလုံးပေါင်းဖက်ချင်ကြမှာပဲ။ ဒီဇာတ်လမ်းရဲ့ ဇာတ်ဆောင်က ချစ်ပြီးမှတော့ ညားချင်ခဲ့တဲ့ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ပါပဲ။ ဒါပေမဲ့ ဒီကာလမှာ သူတို့နိုင်ငံမှာ သူလိုကိုယ်လိုပဲ ငွေကြေးဖောင်းပွမှုကလည်း ပိုပိုဆိုးလာသလို အလုပ်အကိုင်တွေကလည်း ရှားပါးလာတဲ့နောက် အာမာဆိုတဲ့ကောင်လေးဟာ သူ့ကောင်မလေးနဲ့ လက်ထပ်ဖို့ တော်တော်လေး အကြပ်ရိုက်နေခဲ့တယ်။ ဒီနောက် မှန်တာတစ်ခုခုဘက်ကနေမိတဲ့အတွက် ကောင်လေးက ရှိနေတဲ့အလုပ်လေးကပါ ပြုတ်သွားတယ်။ ဒီအနေမှာ မဖြစ်နိုင်တော့တဲ့ တည်ချင်တဲ့ကမ္ဘာအတွက် ရင်ကွဲရသူ သုံးယောက်တော့ ရှိခဲ့တယ်။ ကောင်လေးရယ် ကောင်မလေးရယ် ကောင်လေးအမေရယ်ပေါ့။ ဒီဇာတ်မှာ ကောင်လေးအမေက အခန်းကဏ္ဍနည်းပေမဲ့ ဇာတ်တစ်ခုလုံးရဲ့အကြောင်းအရာကို ပြောင်းလဲပစ်နိုင်တဲ့ မေတ္တာပါပဲ။ ဒီလိုနဲ့ ကောင်လေးက အလုပ်ကြမ်း ငါးဖမ်းလှေထွက် သွားလုပ်တယ်။ ဒါပေမဲ့လည်း ဒါကလည်းမဖူလုံလောက်ခဲ့ပါဘူး။ သူ့ဘဝဟာ “ချစ်တိုင်းလည်းညားကြရင် ကိုယ့်လိုလူ ဘယ်လိုလုပ်ရမှာလဲ” ဆိုတဲ့ စိုင်းခမ်းလိတ်စာသားအတိုင်းပေါ့။ ဒီလိုနဲ့ မှန်နေတဲ့လမ်းတွေက ဘယ်တော့မှမဖြောင့်တဲ့နောက် ကောင်လေးက လွယ်ကူကွေ့ကောက်တဲ့ လမ်းတစ်ခုနောက် လိုက်သွားခဲ့တယ်။ အဲဒီလမ်းက ကောင်လေးကို ဘယ်ဆီဘယ်ခေါ်သွားမလဲလို့ ဆွေးရမယ့်ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(1.8 GB) / (930 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:38:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Comedy • Drama • Mystery • Thriller
6.5 2024 98 mins
Empty Nets Leere Netze
Drishyam Hindi Version
8.2

Drishyam (2015) Hindi Version IMDb Rating (8.2) / Rotten Tomatoes (78%) လေးတန်းအောင်ဇာတ်ကားလို့ ပြောတာနဲ့ မသိတဲ့လူမရှိတဲ့ အဂျေးရဲ့ Old but Gold ‌ဇာတ်ကားလေးကို အသစ်တစ်ဖန်မွမ်းမံပြီး ပြန်လည်တင်ဆက်ပေးထားပါတယ် အတန်းပညာတွေမသင်ယူခဲ့ရပေမဲ့ မိသားစုကို ပညာနဲ့မဟုတ်ဘဲ သင်ညာနဲ့ ကာကွယ်သွားပုံတွေက ထိုင်ရာကမထ ကြည့်ချင်စိတ်ပေါက်အောင် လုပ်ပေးနိုင်မှာ အမှန်ပါပဲ ရုံတင်ချိန်တုန်းကလည်း 197 ကုဋေထိရရှိခဲ့တဲ့ ဝက်ဝက်ကွဲပေါက်ကားလေးကို ပြန်လည်ခံစား ကြည့်ရှုလိုက်ပါဦးရှင် ဗီဂျေးဆိုတာက ဇာတ်ကားတွေကြည့်ရတာ အလွန်နှစ်သက်တဲ့လူပေါ့ ရပ်ကွက်ထဲက လူတစ်ယောက် အခက်အခဲရှိရင် သူ့ဆီပဲ အကူအညီသွားတောင်းကြပါတယ် ဗီဂျေးက ဇာတ်ကားတွေကြည့်ပြီး ဇာတ်ကားထဲကအတိုင်း ဖြေရှင်းချက်ပေးလိုက်ရင် အဆင်ပြေသွားတာက များပါတယ် ဒီလိုအဆင်ပြေပြေ ဖြတ်သန်းနေကြတဲ့ သူတို့မိသားစုဘဝထဲ ကံဆိုးမိုးမှောင်ကျရောက်လာတဲ့နေ့မှာတော့ ပုံမှန်နဲ့မတူ မိုးတွေသည်းကြီးမည်းကြီးရွာနေခဲ့တာပေါ့ ဒီမိုးကြောင့် အိမ်ပြန်မအိပ်ဖြစ်တဲ့ရက်ကျမှ အိမ်မှာကျန်နေခဲ့တဲ့မိသားစုက လူသတ်မှုကို ပူးပေါင်းကျူးလွန်မိပါတယ် သတ်လိုက်မိတဲ့လူကလည်း ကြမ်းပေ့ ရက်စက်ပေ့ဆိုတဲ့ အမျိုးသမီးရဲချုပ်ရဲ့ တစ်ဦးတည်းသောသားပါ ခုခံရင်းလက်လွန်သွားပေမဲ့ မနိုင်လောက်တဲ့အမှုဆိုတာသိလို့ အလောင်းဖွက်ရပါတော့တယ် ဒီကနေစပြီး ဗီဂျေးကရုပ်ရှင်တွေထဲကနေ သူရရှိထားတဲ့ ဉာဏ်ပညာနဲ့ သူ့ရဲ့လိမ္မာပါးနပ်မှုကို အသုံးချပြီး ရဲတွေရဲ့စစ်ဆေးမေးမြန်းမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ သူ့မိသားစုကို ဘယ်လိုကာကွယ်မလဲဆိုတာကို အသည်းတယားယား စောင့်ကြည့်ရမှာပါ ပညာတတ်မဟုတ်ပေမဲ့ သာမန်အဖေတစ်ယောက်ရဲ့ မယုံနိုင်လောက်စရာ ဉာဏ်ပညာနဲ့ မိသားစုကို ကာကွယ်ဖို့အတွက် သူဘယ်အထိ လုပ်ဆောင်နိုင်မလဲဆိုတာကို ပြသထားပါတယ် တစ်ခဏလေးတောင် မျက်စိလွှဲလို့မရအောင် ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့အတူ ကြည့်ရှုသူကို အဆုံးအထိ စိတ်လှုပ်ရှားစေမဲ့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်ရှင် ( အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Alex~ Star ~ Zwe Yan ~ KKKZ တို့ပဲဖြစ်ပါတယ် ) ဒီဇာတ်ကားက သိပ်ကောင်းပေမယ့် မူရင်းတော့ မဟုတ်ခဲ့ဘဲ တောင်ပိုင်းက မလာယမ်စကားပြောရုပ်ရှင်ကို Remake ပြန်ရိုက်ထားတာဖြစ်ပါတယ်။ မူရင်း Malayalam Version ဖြစ်တဲ့ Drishyam (2013 ) က ၂၀၁၃ မှာ စတင်ထွက်ရှိခဲ့ပြီး တောင်ပိုင်းရဲ့နာမည်ကျော် မင်းသားကြီး မိုဟာလာနဲ့ရိုက်ကူးခဲ့ပေမယ့် လူသိပ်မသိခဲ့ဘဲ ဘောလိဝုဒ်က အဂျေးနဲ့ရိုက်မှပဲ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ မူရင်း Malayalam Version က ၂၀၂၁ ခုနှစ်မှာ Drishyam 2 ကိုဆက်ရိုက်ခဲ့ပြီး ဘောလိဝုဒ်ကလဲ Drishyam 2 (2022) ဆိုပြီး ထပ် Remake ခဲ့ပါတယ်။ ဆိုတော့ Hindi Version နဲ့ ၂ ကားရှိပြီး Malayalam Version နဲ့ ၂ ကားရှိပါတယ်။ ဘယ်မင်းသားကိုကြိုက်လဲပေါ်မူတည်ပြီး ကြည့်လို့ရပါတယ်။ Version ၂ ခုစလုံးက ဇာတ်လမ်းသွားလာအကုန်တူတာမလို့ ၄ ကားလုံးကြည့်ဖို့ မလိုအပ်ပါဘူး။

Comedy
8.2 2015 163 mins
Drishyam Hindi Version
Lion
8

Lion (2016) IMDb Rating (8.0)/ Rotten Tomatoes ( 84%) Nominated for 6 Oscars. Another 59 wins & 98 nominations ဆိပ်ကမ်းမဲ့တဲ့မြစ် (Lion – 2016) ====================== အိန္ဒိယနိုင်ငံရဲ့ ကျေးလက်ဒေသလေးမှာ Saroo လို့ ခေါ်တဲ့ ငါးနှစ်သား ကလေးငယ်လေးအဖို့တော့ ဘဝဟာ ပျော်စရာအတိပါပဲ။ အကိုဖြစ်သူ Guduu နဲ့အတူ ရထားပေါ်တက်၊ကျောက်မီးသွေးတွေခိုး၊ အစောင့်တွေ့သွားရင် ရထားပေါ်က ခုန်ချ၊ မုန့်ဆိုင်ကို မီးသွေးပြန်ရောင်း၊ ရတဲ့ ငွေက မုန့်ဖိုးပဲဖိုးပေါ့။ အမေက ကျောက်ထုတ်လုပ်ငန်းတစ်ခုမှာ လုပ်တယ်။ ညီမအငယ်ဆုံးလေး တစ်ယောက်လည်း ရှိသေးရဲ့။ ဆင်းရဲပေမယ့် အရမ်းချစ်ကြတဲ့ စိတ်ချမ်းသာစရာ မိသားစုလေးပါ။ အကို Guduu က ညဘက်ဆိုလည်း ရထားဘူတာမှာ ကုန်ထမ်းတဲ့ အလုပ်,လုပ်ရသေးတယ်။ ယောကျ်ားလေးပီပီ Saroo ကလည်း အကိုနဲ့ လိုက်ချင်တယ်။ အကိုက တားပေမယ့် ဇွတ်လိုက်ချင်တယ် လုပ်နေတာနဲ့ ခေါ်သွားရတယ်။ ညီလေးကို ချစ်တာကိုး။ ပိုက်ဆံရရင် မင်းကြိုက်တဲ့ စလေဘီမုန့် ဝယ်ကျွေးမယ်တဲ့။ ရွာနဲ့နီးတဲ့ မီးရထားဘူတာလေးကို ညီအကို နှစ်ယောက် ရောက်လာခဲ့ကြတယ်။ ဘူတာရုံလည်းရောက်ရော ညီလေး Saroo က အိပ်ချင်ပြီ ဆိုပြီး ခုံတန်းလျားပေါ် လှဲအိပ်တော့တာပဲ။ အကိုက ထပါ ခေါ်လည်း မရတော့ဘူး။ အဲဒါနဲ့ ”ညီလေး ဒီမှာ အိပ်စောင့်ဦး အကို အလုပ်သွားလုပ်မယ်၊ အကို ပြန်လာရင် စလေဘီ ဝယ်ခဲ့မယ်” ဆိုပြီး ခဏထားခဲ့တယ်။ Saroo တရေးနိုးလာတော့ ညသန်းခေါင်အချိန်..ဘူတာထဲမှာ လူသူမရှိ တိတ်ဆိတ်လို့။ အကိုလည်း ပြန်မလာသေးဘူး။ ဘူတာစင်္ကြန်မှာ ဘယ်အချိန်က ရောက်နေမှန်း မသိတဲ့ ရထားတစ်စင်းက ထိုးစိုက်ထားတာလည်း တွေ့တယ်။ ကလေးပီပီ စူးစမ်းစိတ်နဲ့ ရထားတွဲပေါ်တက်၊ ဟိုဟိုဒီဒီကြည့်ရင်း တရေးအိပ်ပျော်သွားပြန်ရော။ Saroo ခုတခါ နိုးလာတော့ ရထားက အရှိန်နဲ့ ခုတ်မောင်းနေပြီ။ ဖြစ်ချင်တော့ သူတက်အိပ်နေတဲ့ ရထားဟာ ခရီးသည်မတင်ဘဲ တွဲအလွတ်တွေချည်းပဲ ဆွဲပြီး ထွက်လာတဲ့ ရထားပါ။ ကလေး ပါလာမှန်းလည်း ဘယ်သူမှ မသိဘူး။ အပြင်ကနေ lock ချပြီး ဘူတာစဉ် မရပ်နားဘဲ ခုတ်မောင်းနေတဲ့ ရထားပေါ်က Saroo အဖြစ်ဟာ ကူရာမဲ့ကယ်သူမဲ့ပါပဲ။ ရထားခရီးစဉ်က နှစ်ရက်ကြာမြင့်ခဲ့ပြီ။ မျက်ရည်စက်လက်နဲ့ Saroo ခင်မျာတော့ ခုံအကြိုအကြားက စားကြွင်းစားကျန်တွေ ရှာစားပြီး အိပ်လိုက်၊ ဘယ်နေရာမှန်း မသိတဲ့ ရထား အပြင်ကို ငေးမောလိုက်နဲ့ လိုက်ပါလာရတယ်။ ဒါနဲ့ ရထားဟာ ကာလက္ကတားမြို့ ဘူတာကြီးကို ဆိုက်ရောက်တော့မှ Saroo လည်း ရထားပေါ်က ဆင်းလို့ ရတော့တယ်။ ဘယ်အရပ်ဒေသမှန်းမသိ၊ လူတွေ ပျားပန်းခတ်မျှ ရှုပ်ထွေးနေတဲ့ ဘူတာရုံ၊ ဒေသမတူလို့လည်း ဘာသာစကားကလည်း မတူ၊ အမေ နဲ့ အကိုကို တမ်းတရင်း ငိုနေတဲ့ ၅ နှစ်သား ညစ်ထေးထေး ကလေးငယ်ကို ဘယ်သူကမှ အရေးတယူလုပ် မလုပ်ကြ။အမှန်တော့ Saroo တစ်ယောက် အိမ်နဲ့ မိုင်ထောင်ချီဝေးရာ အရပ်ကို ရောက်နေပါပြီ။ အိမ်မဲ့ယာမဲ့ကလေးတွေ ကြားမှာ ရောအိပ်၊ ကလေးဖမ်းသူတွေနဲ့ တွေလို့ ထွက်ပြေး၊ လူပွဲစားတွေ လက်က ထွက်ပြေး၊ ဘူတာနားမှာပဲ အငတ်ငတ်အပြတ်ပြတ်နဲ့ အမှိုက်ကောက်စား။ ရဲနဲ့တွေ့တော့လည်း Saroo ပြောတဲ့ သူ့ရွာနာမည်ကို ရဲက နားမလည်။ ငါးနှစ်သားဆိုတော့လည်း ပြည်နယ်တွေ၊ ခရိုင်တွေ၊ မြို့တွေ မပြောတတ်၊ သူပြောတဲ့ရွာနာမည်ဆိုတာလည်း သူ ခေါ်တတ်သလို ခေါ်တာ၊ မှန်ချင်မှ မှန်မယ်။ လူမှုဝန်ထမ်းက သတင်းစာမှာ ကြော်ငြာထည့်ပေးပေမယ့် ပြည်နယ်တွင်းဖြန့်တဲ့ သတင်းစာဟာ မိုင်ထောင်ချီဝေးတဲ့ Saroo တို့ ဒေသကို ဘယ်ရောက်ပါ့မလဲ။ ရောက်ရင်လည်း ဇနပုဒ်မှာ နေတဲ့ စာမတတ် ပေမတတ်အမေက ဘယ်ဖတ်တတ်မတုန်း။ နောက်တော့ မိဘမဲ့ဂေဟာမှာ ဆင်းဆင်းရဲရဲနေရတဲ့ Saroo ရဲ့ ဘဝကြမ္မာအလှည့်အပြောင်းတစ်ခု ပေါ်လာပြန်ပါတယ်။ သြစတေးလျမှာနေတဲ့ Brierly ဇနီးမောင်နှံက Saroo ကို မွေးစားဖို့ ကမ်းလှမ်းလာပါတယ်။ မိသားစုနဲ့ ပြန်တွေ့ဖို့ သမုဒ္ဒရာထဲ အပ်ပျောက်ရှာသလို ခဲယဉ်းသွားပြီဖြစ်တဲ့အတွက် Saroo လည်း အိမ်နဲ့ ဝေးသထက်ဝေးရာ တိုင်းတပါးက မိဘအသစ်တွေဆီ ရောက်ရှိလာပါတော့တယ်။ အနေအေးပြီး ညဏ်ကောင်းတဲ့ Saroo ကို မွေးစားမိဘနှစ်ပါးက သားအရင်းနဲ့ မခြား ချစ်ခင်ကြပြီး လိုလေသေးမရှိအောင် စောင့်ရှောက်ပေး ပြုစုပျိုးထောင်ပေးခဲ့တယ်။ မိသားစုနဲ့ ကွဲကွာအပြီး ၂၅ နှစ်အကြာ Saroo လည်း အရွယ်ရောက်၊ Brierly မိသားစုရဲ့ သားလိမ္မာတစ်ယောက် ဖြစ်နေပါပြီ။ မဲလ်ဘုန်းက တက္ကသိုလ်တစ်ခုမှာ ပညာသင်ယူရင်း အိန္ဒိယနိုင်ငံက ကျောင်းလာတက်သူ သူငယ်ချင်းတွေနဲ့ ဆုံမှ နှစ်ပေါင်းများစွာ ဝေးနေရတဲ့ သူ့အိမ်၊ သူ့ မိသားစုကို ပြန်ရှာဖို့ လမ်းစကို စဉ်းစားမိပါတော့တယ်။ သူမှတ်ထားတဲ့ ရွာနာမည်ကလည်း လွဲနေတော့ အိမ်ကို ရှာဖို့က အရမ်းခဲယဉ်းတယ်။ သူမှတ်မိတာ သူ့ကို အရမ်းချစ်တဲ့ အမေ၊ သူ့ကို အရမ်းဂရုစိုက်အလိုလိုက်တဲ့ အကို၊တောတန်းလေးကို ဖြတ်ပြန်ရတဲ့ သူ့ရွာလေး၊ အမေနဲ့အတူ ကျောက်သယ်ရတဲ့ ကျောက်တောင်ကုန်းတွေ၊ ညီအကိုနှစ်ယောက် ရေချိုးကြတဲ့ ရထားလမ်းဘေးက ဆည်လေး။ တကယ်တော့ Saroo ဟာ ၂၅ နှစ်လုံးလုံး တစ်ရက်မှ မပျော်ခဲ့ရဘူး။ ဘယ်ဆီရောက်နေမှန်း မသိတဲ့ မိသားစုကို လွမ်းဆွတ်စိတ်ကြောင်း တမြေ့မြေ့ခံစားနေရတယ်။ အိပ်မက်ထဲမှာ အမေ့ဆီ ပြန်ရောက်နေတယ်လို့ပဲ မက်တယ်။ အရွယ်ရောက်လာလေ စိတ်ထိခိုက်ကြေကွဲရလေပဲ။ သူ့နာမည်ကို တကျော်ကျော်အော်ခေါ်ပြီး ရှာနေမယ့် အကို၊ သေလားရှင်လား မသိတဲ့ သားအတွက် သောကဖိစီး ငိုကြွေးနေမယ့် အမေ တို့ကို မြင်ယောင်ရင်း ကြေကွဲဝမ်းနည်းမိရတယ်။ အထူးသဖြင့် မွေးစားမိဘများ ကျေးဇူးကြောင့် ရပ်ဝေးမှာ ကောင်းကောင်း နေထိုင်၊စားသောက်နေရချိန်မှာ ဆင်းရဲတဲ့ သူ့ မိသားစုကို အတွေးထဲမှာ ပုံဖော်ကြည့်ပြီး စိတ်ထိခိုက်ရပြန်တယ်။ Saroo တစ်ယောက် ကောက်ရိုးပုံထဲ အပ်ရှာသလို လူဦးရေ သန်းထောင်ချီရှိတဲ့ အိန္ဒိယက မွေးရပ်မြေ၊ မိသားစုကို ပြန်တွေ့ဖို့ ကြိုးပမ်းရတဲ့ ရှာပုံတော်ခရီးဟာ………… ====================================== လူဦးရေ သိပ်သည်းဆ များပြားပြီး ဆင်းရဲနွမ်းပါးသူပေါများတဲ့ အိန္ဒိယမှာ နှစ်စဉ် ကလေးပျောက်မှု ၈၀၀၀၀ လောက် ပျမ်းမျှ ဖြစ်ပွားလေ့ရှိသတဲ့။ Saroo ရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်ဟာ အဲဒီလို ဖြစ်စဉ်ပေါင်းများစွာထဲက တစ်ခုပါ။ ဒီရုပ်ရှင်ဟာ ကာယကံရှင် Saroo Brierly ရေးတဲ့ A long way home စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ရုပ်ရှင်အစအဆုံး ဇာတ်ဝင်ခန်းတွေ တစ်ခန်းချင်း ကြည့်နေရင်း တကယ့် ဖြစ်ရပ်ပါလားဆိုတဲ့ အသိကြောင့် ကာယကံရှင်တွေရဲ့ သောကဗျာပါဒမီးဟာ ကြည့်ရှူသူကိုပါ အရှိန်ဟပ်စေပါလိမ့်မယ်။ မိသားစုနဲ့ခွဲနေရလို့ အိမ်လွမ်းသူ ကျွန်တော့်အဖို့လည်း သေမှန်းမသိ၊ ရှင်မှန်း မသိ ရှင်ကွဲကွဲနေရတဲ့ သူတို့မိသားစုထက်စာရင် တော်ပါသေးလားလို့ ဖြေတွေးတွေးရပါတယ်။ ကိုယ်တွေရဲ့ အလွမ်းဟာ Saroo နဲ့ ယှဉ်ရင် ကလေးကစားစရာလောက်ပဲ ဖြစ်နေမလားဘဲ။ Dev Patel၊ Rooney Mara၊ Nicole Kidman စတဲ့ သရုပ်ဆောင်ကောင်းများ ပါဝင်ထားပြီး အော်စကာတစ်ကြို ၆ ဆု စာရင်းပါခဲ့တဲ့ကားပါ။ ကလေးသရုပ်ဆောင်များရဲ့ သဘာဝကျကျ သရုပ်ဆောင်မှုများကလည်း ချီးကျူးထိုက်ပါတယ်။ ဝတ္ထုပုံပြင်တွေထက် ဆန်းကြယ်တဲ့ တကယ့် ဘဝဖြစ်ရပ်မှန် ဇာတ်လမ်းကောင်တစ်ကားမို့ ကြုံကြိုက်ရင် ကြည့်ဖြစ်အောင် လက်တို့ညွှန်းဆိုလိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းကို Phyo Myint Wai FB မှ ကူးယူဖော်ပြပါသည်။)

Comedy • Drama
8 2016 118 mins
Lion