YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

22.mp4

419.32 MB N/A video/mp4 8 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
(18+) A Good Lawyer's Wife
6.1

ဒီကားကို 2010 မှာ The Housemaid နဲ့တစ်‌ခေါက်၊ 2012 မှာ The Taste of Money နဲ့တစ်ခေါက် ကိန်းမှာ ပြိုင်ဖို့ အဖိတ်ခံခဲ့ရတဲ့ Im Sang-soo က ရိုက်ထားတာပါ။ ကိုရီးယားရဲ့ ပါချီပါချက်မဟုတ်တဲ့ A+ မင်းသားစာရင်း၀င် Hwang Jung Min က အဓိက ပါ၀င် သရုပ်ဆောင်ထားပါတယ်။ Hwang ဟာ Ode to My Father, Veteran, New World, Deliver us from Evil စတဲ့ ကားတွေမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ မင်းသမီးကတော့ တောင်ကိုရီးယားရဲ့ အတော်ဆုံးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ လီချန်းဒုံရဲ့ လက်စွဲတော် မင်းသမီး Moon So Ri ပါ။ ကိုရီးယားမင်းသမီးပေမဲ့ Minari နဲ့ အော်စကာပါရဖူးတဲ့ မင်းသမီးကြီး Youn Yuh-jung ကလည်း အားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ ရှေ့နေနဲ့ သူ့မိန်းမကြားက အိမ်ထောင်ရေး အရှုပ်အရှင်းတွေ၊ ရှေ့နေမိသားစုရဲ့အကြောင်းတွေ၊ သူတို့မွေးစားထားတဲ့ ကလေးရဲ့ အကြောင်းတွေကို ပြသထားတာဖြစ်ပြီး ရှေ့နေကားနဲ့ တိုက်မိတဲ့ စာပို့သမားရဲ့အကြောင်းကိုပါ အရန်အနေနဲ့ ပုံဖော်ထည့်ထားပြီး သူ့အခန်းကတော့ တော်တော်လေး အသက်၀င်လွန်းပါတယ်။ သူ့ဇာတ်ကောင်ဟာ ဘာမှဆုံးရှုံးစရာမကျန်တော့တဲ့ သူတစ်ယောက်က ဘယ်လောက်ထိ လုပ်နိုင်လဲနဲ့ လူတစ်ယောက်ရဲ့ အငုံ့စိတ်က ဘယ်လိုမျိုးလဲ သေချာပုံဖော်သွားတဲ့ ဇာတ်ကောင်ပါပဲ။ Hwang Jung Min ဟာ A+ စာရင်း၀င် မင်းသားပီပီသသ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့သလို မင်းသမီးကြီး၂ယောက်ကလည်း ပြောင်မြောက်အောင် ပုံဖော်နိုင်ခဲ့ကြပါတယ်။ ဒီလိုသရုပ်ဆောင်တွေနဲ့တင် ကြည့်သင့်တဲ့ ကားကောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB Quality - 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 28Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by 6 9 Encoded by RGB

Action • History
6.1 2003 106 mins
(18+) A Good Lawyer's Wife
(18+) Last Cannibal World
5.6

(ကြမ်းကြမ်းတမ်းတမ်းပြကွက်တွေနဲ့ ကိုယ်လုံးတီးအခန်းတွေကြောင့် ကလေးငယ်တွေနဲ့ ရွံတတ်သူများအတွက် မဟုတ်ပါကြောင်း သတိလေးပေးလိုက်ပါရစေ) မြန်မာ-အင်္ဂလိပ်ကပြား မင်းသမီး Me Me Lai ရဲ့ နောက်ထပ် လူသားစားကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ ရေနံရှာဖွေသူ ရာ့ဖ်နဲ့ ရောဘတ်တို့ ၂ဦးဟာ မင်ဒါနာအိုကျွန်းမှာရှိတဲ့ ကင်းစခန်းကို လာရောက်ခဲ့ကြပါတယ်။ လေယာဥ်ဟာ အဆင်းကြမ်းတမ်းတာကြောင့် အနည်းငယ်ပျက်စီးသွားပါတယ်။ ရောဘတ်တို့ ၂ယောက် ကင်းစခန်းကို သွားကြည့်ချိန်မှာတော့ ပစ္စည်းရော လူတွေပါပျောက်ဆုံးနေကြတာကို သိလိုက်ရတယ်။ တောထဲမှာ အနည်းငယ် လှည့်ပတ်ရှာဖွေရင်း အလောင်းတစ်လောင်းကို တွေ့လိုက်ရချိန်မှာ သူတို့လူတွေကို လူရိုင်းမျိုးနွယ်စုက သတ်ဖြတ်သွားတယ်လို့ ယူဆလိုက်ကြပါတယ်။ လေယာဥ်မောင်းသူ ချာလီက ပြင်လို့ပြီးသွားပေမယ့် မှောင်တော့မှာမို့ မိုးလင်းမှ ထွက်ခွာဖို့ပြောပါတယ် ညအခါမှာ အတူပါလာသူ မိန်းကလေး စွမ်းဟာ အပေါ့သွားရင်း ပျောက်ဆုံးသွားတဲ့နောက်... ပရိသတ်တို့ ကိုယ်တိုင်သာ ဆက်လက်ကြည့်ရှုပေးကြပါဦးလို့... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 723MB Quality - 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 28Min Genre - Adventure, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Crime • Drama • Romance • Thriller
5.6 1977 92 mins
(18+) Last Cannibal World
Lovers' Concerto
6.8

IMDb 7.2/10 မကြာသေးခင်ကမှ အပျိုကြီး ဘဝကို စွန့်လွှတ်သွားခဲ့တဲ့ မင်းသမီး Son Ye-Jin ရဲ့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ အချစ်ဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားလေးနဲ့ Son Ye-Jin ရယ်လို့ လူသိများလာခဲ့ပြီး “Best New Actress” ဆုကိုလည်း ရရှိခဲ့ပါတယ် My Sassy Girl ဇာတ်လမ်းနဲ့ လူသိများခဲ့တဲ့ မင်းသား Cha Tae-hyun နဲ့ The Scarlet Letter ဇာတ်ကားက မင်းသမီး Lee Eun-ju တို့ ပါဝင် သရုပ်ဆောင်ထားပြီး မင်းသမီး Moon Geun-young ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ် ဇာတ်လမ်းလေးကတော့ သူငယ်ချင်းသုံးယောက်ကြားက ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတာပဲ ဖြစ်ပါတယ် တစ်နေ့မှာ အီဂျီဟွမ်း(Cha Tae-hyun)ဆီကို နာမည်မပါ လိပ်စာမပါတဲ့ စာတစ်စောင်ရောက်လာခဲ့ရာကနေ သူငယ်ချင်းသုံးယောက်ရဲ့ အတိတ်ဇာတ်လမ်းကို ပြန်ပြောင်း သတိရဖို့ဖြစ်လာပါတယ် လွန်ခဲ့တဲ့ ၅ နှစ် ကောလိပ်ကျောင်းသား ဘဝတုန်းက ကော်ဖီဆိုင်မှာ အချိန်ပိုင်း အလုပ်လုပ်နေရင်းနဲ့ ဂျီဟွမ်းတစ်ယောက် ရှင်းဆူးအင်(Son Ye-Jin) နဲ့ ဂင်ဂယောင်ဟီး(Lee Eun-ju) ဆိုတဲ့ မိန်းကလေးနှစ်ယောက်နဲ့ သိကျွမ်းခဲ့ရပါတယ် နှစ်ကိုယ့်တစ်စိတ်လို့ ဆိုရလောက်အောင် ရင်းနှီးချစ်ခင်ကြတဲ့ ကောင်မလေးနှစ်ယောက် နဲ့ ဂျီဟွမ်းတို့ အကြား ချစ်ခြင်းမေတ္တာ ပေါက်ဖွားလာတဲ့အခါမှာတော့ အခြေအနေတွေက တမျိုးတဖုံပြောင်းလဲသွားခဲ့ပြီး ကောင်မလေးနှစ်ယောက်လုံး ဂျီဟွမ်းရဲ့ ဘဝထဲကနေပျောက်ကွယ်သွားကြပါတယ် ငါးနှစ်ကြာမှ ရောက်လာတဲ့ နာမည်မပါ လိပ်စာမပါတဲ့ စာလေးတစ်စောင်ကနေတဆင့် သူတို့နှစ်ယောက်နဲ့ ပြန်ဆက်သွယ်ဖို့ ကြိုးစားကြည့်တဲ့အခါမှာတော့ မထင်မှတ်ထားတဲ့ အကြောင်းအရာတွေကို သိခွင့်ရလိုက်ပါတော့တယ် သုံးပွင့်ဆိုင်ဆိုပေမဲ့ ဗီလိန်ရယ်လို့ မပါဘဲ သူငယ်ချင်း သံယောဇဉ်နဲ့ အချစ် ကြားက လှပတဲ့ အနှောင်အဖွဲ့တွေကို ငြိမ့်ငြိမ့်ညောင်းညောင်းလေး တင်ဆက်ပေးထားတဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် ရင်ထဲတသသ စွဲထင်ကျန်ရစ်စေမယ့် အချစ်ဇာတ်လမ်းကောင်းကောင်းလေးတွေကိုမှ ကြိုက်နှစ်သက်ကြတဲ့ သူတွေအတွက်တော့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Romance Quality….WEB-DL 1080p and 720p and 480p File size…1.9GB and 765MB and 276MB Format…mp4 Duration….1h 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... Roman NoX Encoder .....August

Adventure • Animation • Comedy • Family • Mystery
6.8 2002 106 mins
Lovers' Concerto
The Fight Machine
6

ဒီတစ်ခါတော့ Boxing ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးမယ်နော် Boxing ဆိုတဲ့အတိုင်း အတိုက်အခိုက် အသတ်အပုတ် Scene တွေအမိုက်စားနဲ့ဇာတ်ကားတစ်ကားပါ Boxing သမားတစ်ယောက်ဖြစ်လာဖို့ မလွယ်သလို Fighter တစ်ယောက်ဖြစ်လာဖို့ဆိုတာ ပိုလို့မလွယ်ပါဘူး တရားမဝင်ကြေးစား လက်ဗလာနဲ့ ထိုးသတ်ကြတယ်ဆိုရင်ရော.......... ဇာတ်ကားလေးကတော့ နောက်ခံ Background မတူတဲ့ မိသားစုကနေ ဆင်းသက်လာကြတဲ့ လူငယ်လေးနှစ်ယောက်ရဲ့ Boxing ကို ဘယ်လို သဘောထားပြီးတော့ဘဝအတွက် ဘယ်လိုတွေရုန်ကန်ကြသလဲဆိုတာနဲ့ Fighter တွေအဖြစ်နဲ့ ကြိုးဝိုင်းထဲမှာဘယ်လိုတွေ ယှဉ်ပြိုင်သတ်ပုတ်ကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဦး ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်

Action • Adventure • Comedy • Drama
6 2022 104 mins
The Fight Machine
The Little Things
6.3

စိတ္တဇလူသတ်သမား တစ်ယောက်ကို အတူတူလိုက်ရှာလိုက်ကြပါစို့။ ဒန်ဇယ်ဝါရှင်တန်ရဲ့ ဝါရင့် သွေးအေး စုံထောက် ဟောင်းကြီးစတိုင်၊ ရာမီမာလက်ရဲ့ ထက်မြက်တဲ့ လူငယ်စုံထောက်စတိုင်၊ ဂျာရက်လယ်တိုရဲ့ အေးစက်စက် နဲ့ တရားခံ လိုလို တရားမခံလိုလို ပဟေဠိတွေနဲ့ ငြိမ့်ငြိမ့်လေး ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ဒိခ် ဒီကန်ဟာ နာမည်ကျော်စုံထောက်ကြီး ဘဝကနေ နယ်မြို့လေးက ရဲအဖြစ် ပြောင်းသွားခဲ့တဲ့သူ၊ သူ့နေရာကို ဝင်လာတဲ့ ဂျင်မီကတော့ ထက်မြက်ပြီး လူကြိုက် များတဲ့ စုံထောက်တစ်ယောက်၊ သူတို့ ၂ ယောက်ရဲ့ အမှုတွေဟာ လူတစ်ယောက်ထဲက ကျူးလွန်သလို တိုက်ဆိုင်နေတဲ့အခါ၊ ဘာသဲလွန်စမှ ရှာမရဘဲ မိန်းကလေးငယ် ၆ ယောက်လောက် ဆက်တိုက် သေဆုံးလာတဲ့အခါ စုံထောက်ဟောင်းနဲ့စုံထောက် သစ်တို့ပေါင်းပြီး တရားခံကို ခြေရာကောက်ကြတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration - 2h 7min Subtitle – Myanmar Hardsub Format – Mp4 Genre : Crime, Drama, Thriller Source : 1080p.WebRip Translator – Littleneo Encoder – SWM

Comedy • Drama • Romance
6.3 2021 128 mins
The Little Things
A Perfect Getaway
Daylight
5.9

Daylight ရုပ်ရှင်ကားကို ၁၉၉၆ခုနှစ်မှာ ပြသခဲ့တာဖြစ်ပြီး ရမ်ဘိုမင်းသားကြီး စတားလုံး ပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်လှုပ်ရှားဖွယ်ရာ ကပ်ဘေးရှင်သန်ရေး thriller disaster ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ဒေါ်လာသန်း၈၀ အကုန်ကျခံရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ဟာ သန်း၁၆၀နီးပါး ပြန်လည်ရရှိခဲ့လို့ အောင်မြင်တဲ့ရုပ်ရှင်တစ်ခုလို့ ပြောလို့ရပါတယ်။ ဇာတ်လမ်းအကျဥ်းဟာဆိုရင်ဖြင့် New York မြို့ကနေ တရားမဝင် အဆိပ်သင့်စွန့်ပစ်ပစ္စည်းတွေကို နယူးဂျာဆီပြည်နယ်ကိုခိုးပြီး စွန့်ပစ်ဖို့လုပ်ရာကနေ ဇာတ်လမ်းစပါတယ်။ အဲဒီစွန့်ပစ်ပစ္စည်းတွေကို သယ်ဆောင်လာတဲ့ထရပ်ကားတွေက ဥမင်လှိုဏ်ခေါင်းတစ်ခုကိုအဖြတ်မှာ ယာဥ်ဓားပြတိုက်လာတဲ့ သူခိုးအုပ်စုကားနဲ့ ဝင်တိုက်မိပြီး ပေါက်ကွဲမှူအကြီးစားတွေ​ဖြစ်ကာ လှိုဏ်ခေါင်းကြီးလည်း ပြိုကျသွားပါတော့တယ်။ အဲဒီမှာ ပြိုကျသွားတဲ့လှိုဏ်ခေါင်းထဲကလူတွေ အသက်ရှင်သန်အောင်ဘယ်လိုကြိုးစားကြမလဲ။ အသက်ရှင်လျက်ရော ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစား လိုက်လံကြည့်ရှု စီးမျောလို့ရတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အသက်ရှင်သန်ရေး ကြိုးပမ်းတဲ့ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူတွေရဲ့အတ္တတွေ မာနတွေ ကြိုးစားမှုတွေ မျှော်လင့်ချက်ကုန်ခမ်းသွားတာတွေ စိတ်ဓာတ်လုံးဝကျသွားတာတွေကိုကြည့်ရင်း ကိုယ်ပါ ရင်ထဲအလုံးကြီး ဆို့ထားသလို အောင့်သက်သက် ခံစားရဦးမှာပါ။ ဒါကြောင့် Survival Thriller ရုပ်ရှင်ကြိုက်နှစ်သက်သူများအတွက် ဒီရုပ်ရှင်ကို ကြည့်ရှုကြဖို့ နှိုးဆော်လိုက်ရပါတယ်။ File size…(1.72GB) / (1.06GB) /498MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre…Action / adventure / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wallace

5.9 1996
Daylight
Bel Ami
5.4

Bel Ami (2012) နှုတ်ခမ်းနီမလေးတို့ရဲ့အသည်းကျော် Twilight ဗမ်ပိုင်းယားမင်းသားအဖြစ်လူသိများပြီး လတ်‌တ‌လောမှာလည်း Batman ကာရိုက်တာအဖြစ်နဲ့ အားလုံးရဲ့အာရုံကိုဖမ်းစားထားနိုင်တဲ့ ရောဘတ်ပတ်တင်ဆန်ရဲ့ ရှေးခေတ်နောက်ခံ ဒရာမာကားဟောင်းလေး‌တစ်ခုကို တင်ဆက်ပေးပါရစေ။ ဒီကားလေးထဲမှာ ရောဘတ်ပတ်တင်ဆန်က ဂျော့ဂ်ျစ်ဒူရွိုင်ဆိုတဲ့ ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ ၂၆နှစ်အရွယ် ဆင်းရဲသားစစ်သားဟောင်းတစ်ဦးအဖြစ်ကနေ ပဲရစ်က လူကုံထဲအသိုင်းအဝိုင်းကြားကို တစ်စတစ်စဘယ်လိုတိုးဝင်မလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ပဲရစ်လူကုံထံအသိုင်းအဝိုင်းမှာ ယောက်ျားတွေထက် မိန်းမတွေက လည်လည်ဝယ်ဝယ်အချက်အချာကျနေတာဟာ ဂျော့ဂ်ျစ်တစ်ယောက်အတွက် သူရဲ့နှစ်လိုဖွယ် ညှို့ဓာတ်ကို ကောင်းကောင်းအသုံးချစရာဖြစ်လာခဲ့တယ်။ သူဟာ ခြစ်ကုပ်နေထိုင်ရတဲ့ မီးရထားဝန်ထမ်းဘဝကနေ စာနယ်ဇင်းအယ်ဒီတာ၊ အတင်းအဖျင်းတို့ရဲ့ဥက္ကဌ၊ နိုင်ငံရေးသမားဆိုတဲ့ ရာထူးဂုဏ်သိမ်တွေကို စာကောင်းကောင်းလည်း မတတ်ပါဘဲနဲ့ ဘယ်လိုရောက်လာခဲ့လဲ… ဘယ်သူတွေကို ဘယ်လိုအသုံးချပြီး ဘယ််သူတွေဆီက ဘယ်လိုသတင်းတွေကိုရယူခဲ့လဲ… ဘယ်လိုအတက်အကျတွေ ရင်ဆိုင်ခဲ့ရလဲ… ဘယ်အမျိုးသမီးကို တကယ်ချစ်လျက်နဲ့ ဘယ်သူတွေနားပဲဝဲခဲ့ရလဲ… အစရှိတာတွေကို စောင့်စားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ တစ်ခုထူးတာက ဒီကားထဲမှာ Cast ကြမ်းကြမ်းဆိုလို့ ရောဘတ်ပတ်တင်ဆန်တစ်ယောက်တည်းတင်မဟုတ်ဘဲ Kill Bill, Pulp Fiction တို့နဲ့ လူတိုင်းသိကြမယ့် Uma Thurman အပြင် Original Wednesday Addams နေရာကနေသရုပ်ဆောင်ခဲ့တဲ့ Christina Ricci ကိုပါ ရှူစားကြရဦးမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 555MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 55Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

5.4 2012 102 mins
Bel Ami
The Three Musketeers Part II : Milady
6.5

The Three Musketeers Part II : Milady ( 2023 ) ပြင်သစ်စာရေးဆရာနဲ့ ပြဇာတ်ရေးဆရာ အလက်ဇန္ဒားဒူးမားရဲ့ ဝတ္တုတွေဟာ ကမ္ဘာကျော်သလို ရွှေဥဒေါင်းရဲ့ မြန်မာမူ ဘာသာပြန်လိုက် လက်ချက်တွေနဲ့ တော်တော်မစိမ်းကြဘူး။ သူရေးခဲ့သမျှထဲ ဒီထဲ ရုပ်ရှင်အဖြစ် အသက်သွင်းမှုအများဆုံးက The Three Musketeers ပါပဲ။ ဇာတ်လမ်းအမျိုးမျိုးပေါင်းပြီး တစ်ဖုံ ချိတ်ပြီးတစ်ဖုံ သူ့ဘာသာတစ်ဖုံ အဖုံဖုံ ရိုက်ကူးခဲ့ကြတာ ကားပေါင်း ၅၀လောက်ရှိပါတော့မယ်။ ဒီထဲကမှ အနုပညာအရ အအောင်မြင်ဆုံး Ratingအမြင့်ဆုံးလို့ပြောရမှာကတော့ မနှစ်ကနှစ်လယ်လောက်မှာထွက်ခဲ့တဲ့ The Three Musketeers: D’Artagnan ပါပဲ။ ကောင်းဆို ပြင်သစ်ကပဲ ထုတ်တာကိုး။ ပြင်သစ်စာရေးဆရာ ဝတ္တုကို ကမ္ဘာအရပ်ရပ်က ပတ်ထုတ်လို့ဝမှ ပြင်သစ်က ပြန်ကောက်ထုတ်လိုက်တာပါ။ ဒါပေမဲ့လည်း အကောင်းဆုံးဖြစ်နေတုန်းပါပဲ။ ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က သူ့ဇာတ်ကွန့်တွေက တခြားကားလိုတွေလို မဟုတ်ဘဲ တစ်သားတည်းဖြစ်ပြီး တော်တော်လေး သေသပ်တာပါပဲ။ ကောင်းဆို ဒါရိုက်တာအပါအဝင် ဒီကားထဲပါကြတဲ့လူအတော်များများက The Three Musketeersနဲ့ ရေစက်မကင်းတဲ့လူတွေ The Three Musketeersကို တန်ဖိုးထားတဲ့လူတွေချည်းပါပဲ။ ဒါရိုက်တာ Martin Bourboulonဆို Revenge of the Musketeersကို သူ့အဖေက ပရိုဂျူဆာလုပ်ခဲ့သလို ငယ်ငယ်ကတည်းက ဒီရိုက်ကွင်းကို ရိုက်ခဲ့ပြီး တော်တော်လေး အထင်ကြီးခဲ့တဲ့လူပါ။ ဒီထဲက နာမည်ကျော် ပြင်သစ်သရုပ်ဆောင် Vincent Casselဆိုလည်း သူ့အဖေက ပထမဆုံး1973ကားမှာ သရုပ်ဆောင်ဖူးသလို ဒါးတညံနေရာက သရုပ်ဆောင်တဲ့ François Civilဆိုလည်း ဒါးတညံနေရာက သရုပ်ဆောင်ဖို့က သူ့ငယ်ဘဝအိပ်မက်ဖြစ်ခဲ့ပါတယ်။ နောက်Louis Garrelနဲ့ Eva Greenတို့လို နာမည်ကျော်ပြင်သစ်သရုပ်ဆောင်တွေလည်းပါတယ်။ Eva Greenကတော့ ညှို့ဓာတ်ပြင်းသလို အဆိပ်လည်းပြင်းတဲ့ မိန်းမနေရာက သရုပ်ဆောင်တဲ့နေရာမှာ သက်ရှိထင်ရှားတဲ့သူ့ထက်သာတဲ့လူမရှီဘူးလို့ ပြောစမှတ်ပြုကြုတဲ့လူဆိုတော့ ဒီကားထဲက ဇာတ်ရုပ်ဟာ သူနဲ့အံကိုက်ပေါ့။ Part 2 မှာတော့ Part 1 မှာဖြစ်ခဲ့တဲ့ ဘုရင်ကို လုပ်ကြံဖို့ ပေါင်းကြံခဲ့တဲ့လူတွေကို ဖော်ထုတ်ပြီး ဒီပုန်ကန်မှုရဲ့ ကြိုးကိုင်သူကိုရှာဖို့ လုပ်နေကြပါပြီ။ ဇာတ်လမ်းနာမည်ကို Milady လို့တပ်ထားတဲ့အတိုင်းပဲ အီဗာဂရင်းရဲ့ဇာတ်ကောင် Miladyဟာ မွှေနည်းပေါင်းစုံနဲ့ ပတ်မွှေကောင်းတုန်းပါပဲ။ ဘုရင်ကိုလုပ်ကြံဖို့လုပ်ရဲမှာက ဘုရင့်အတွင်းစည်းထဲက လူတွေပဲလို့ Musketeerတွေက ယူဆပြီး ဒီလူကို ရှာဖို့လုပ်ကြတယ်။ ဘုရင့်ရဲ့ အတွင်းစည်းထဲက ဒီလိုသစ္စာဖောက်မှုကို Musketeerတွေ အာဏာချင်းမမျှပေမဲ့ ဘယ်လို သတ္တိတွေနဲ့ သက်သေပြကြမလဲကြည့်ကြရမှာပါ။ Part 2မှာလည်း ဇာတ်လမ်းဟာ အဆုံးမသတ်သေးဘဲ Part 3 ကို ဦးတည်ထားပါတယ်။ Part 3 ထွက်မထွက်တော့ မသိရသေးပေမဲ့ ထွက်ချင်လည်းထွက်လို့ရသေးတဲ့ အခြေအနေပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Action, Adventure, History Quality…. 1080p | 720p File size… 1.7GB | 822MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

Drama
6.5 2023
The Three Musketeers Part II : Milady
3391 Kilometers
4.2

3391 Kilometers (2024) အထီးကျန်ဆန်ပြီး အပေါင်းအသင်းမရှိတဲ့ တူရကီကကောင်မလေးတစ်ယောက်နဲ့ ပြင်သစ်က နယ်မြို့လေးတစ်မြို့မှာ ကျောင်းတက်နေတဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ဇာတ်လမ်း။ သူတို့ကြားထဲမှာ ဝေးနေကြရတဲ့အကွာအဝေးက ၃၃၉၁ကီလိုမီတာအတိ။ တစ်ယောက်နဲ့တစ်ယောက် ရုပ်မမြင် အသံမကြားခင်ကတည်းက ခင်မင်ရင်းနှီးခဲ့ကြ။ စကားတွေအပြန်အလှန်ပြောရင်း ခင်မင်ရင်းနှီးမှုထက် တဆင့်တက်ဖို့ ကောင်လေးဘက်ကကြိုးစားချိန်မှာ အကွာအဝေးတွေခြားနားလွန်းတဲ့အတွက် ကောင်မလေးဘက်ကငြင်းဆန်ခဲ့ပါတယ်။ ဘယ်လောက်ပဲ ငြင်းဆန်နေပါစေ ရင်ထဲကခံစားချက်ကိုမလွန်ဆန်နိုင်တဲ့အတွက် LDRSဆိုတဲ့ ခရီးတစ်ခုကို နှစ်ယောက်တူလျှောက်လှမ်းကြတဲ့နောက်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ဖြစ်ပါတယ်) File size…(1.6 GB) / (690 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:49:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by V

Drama • History • War
4.2 2024
3391 Kilometers
Leafie, a Hen Into the Wild (aka) Daisy, a Hen Into the Wild
7

“ကိတ်မုန့်သုံးလုံးရှိတယ်၊ လူကလေးယောက် ရုတ်တရတ်ကြီး အမေက ပြောတယ် သူကိတ်မုန့်မကြိုက်ဖူး သားတို့ပဲစားလိုက်ပါတဲ့” အမေဆိုတာအဲလိုလူမျိုးပါ။ ဒီကားလေးက အဲဒါကိုအကောင်းဆုံး အမြင်အသစ်နဲ့ဖော်ကြူးသွားတဲ့ ရုပ်ရှင်တစ်ကားပါ။ အရမ်းကိုကောင်းမွန်လှတဲ့ မိခင်မေတ္တာကိုဖော်ကြူးသွားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်သလို လူ့လောကမှာဖြစ်နေတဲ့ မိဘနဲ့ သားသမီးကြားက ဆက်ဆံရေးတွေကို ထင်ဟပ်အောင်ပြသွားတဲ့ ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ “အမြင့်ကိုပျံသန်းလိုက်ပါ အောက်ခြေကနေ ဂုဏ်ယူနေပါ့မယ်” ဆိုတဲ့စိတ်မျိုးက လူတိုင်းမထားနိုင်ပါဘူး။ မိဘမှာပဲရှိတဲ့ စိတ်မျိုးပါ။ ဒီ Leafie, a Hen Into the Wild ဆိုတဲ့ animation ရုပ်ရှင်ဟာ တောင်ကိုရီးယားက နာမည်ကြီး animation ဒါရိုက်တာ Oh Sung-yoon (အို ဆွန်းယွန်း) ရဲ့ ပထမဆုံး full-length Animation လက်ရာဖြစ်ပြီး အောင်မြင်မှု များစွာ ရရှိခဲ့ပါတယ်။ အို ဆွန်းယွန်းက သဘာ၀ကျတဲ့ လူသားဆန်မှုတွေကို တိရစ္ဆာန်ဇာတ်ကောင်လေးတွေ အသုံးပြုပြီး ဖော်ပြလေ့ရှိပြီး ဒီဇာတ်ကားလေးမှာလည်း လွတ်လပ်မှုလိုချင်တဲ့ ကြက်မလေး Leafie ကို အဓိက ဇာတ်ဆောင်အဖြစ်နဲ့ ပုံဖော်ထားပါတယ်။ ဒီဇာတ်ကားက တောင်ကိုရီးယားမှာ အကောင်းဆုံး Animation ဆု အပါအဝင် ဆုပေါင်းများစွာ ရရှိထားတာဖြစ်ပြီး မိသားစုတွေအတွက် သင်ခန်းစာကောင်းတွေနဲ့ ကလေးတွေတင်မကပဲ လူကြီးတွေပါ ကြည့်ရှုနိုင်မယ့် အရည်သွေးမြင့် Animation ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ ဇာတ်ညွှန်း လီဖီဆိုတဲ့ ကြက်မလေးဟာ စိုက်/မွေး ခြံတစ်ခုထဲက ဥစားကြက်မတစ်ကောင်ဖြစ်ပါတယ်။ သူ(မ)ဟာ ခြံဝန်းကြီးထဲကိုစိုက်ကြည့်ပြီး အပြင်ကိုသွားမယ်၊ ကမ္ဘာကြီးကိုထိတွေ့မယ်ဆိုတဲ့ စိတ်ကူးအမြဲရှိတဲ့ ကြက်မလေးတစ်ကောင်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ(မ)တောင်းဆုပြုသလိုမျိုး အပြင်ဖက်ကိုရောက်သွားပါတော့မယ်။ လောကကြီးကို ပထမဦးဆုံးရောက်သွားတဲ့အချိန်မှာ သူ(မ)အသက်ကို အန္တရာယ်ပြုမယ့် အသားစားဖျံကောင်နဲ့ကြုံလိုက်ရပါတယ်။ သို့သော်လည်း ဘဲရိုင်းတစ်ကောင်က သူ(မ)ကိုလာကယ်ခဲ့ပါတယ်။ ဒီလိုနဲ့ လီဖီတစ်ယောက် တောထဲကိုရောက်သွားပြီး လောကကြီးရဲ့ အလှအပကိုတစ်ဝကြီးခံစားနေပါတော့တယ်။ တစ်ဖက်မှာလည်း ဘဲရိုင်းက ဘဲမလေးတစ်ကောင်နဲ့ အကြောင်းပါပြီး ဥလေးတစ်ဥ ဥခဲ့ပါတယ်။ ကံဆိုးချင်တော့ မိဘနှစ်ပါးကွယ်လွန်ခဲ့ပြီး ဘဲလေးဟာ ကြက်မလေးကို အမေလို့မှတ်ယူခဲ့ပါတယ်။ ဒီလိုနဲ့ မျိုးစိတ်မတူတဲ့ အကောင်နှစ်ကောင်၊ နေထိုင်မှုပုံစံက လုံးဝမတူတဲ့ သားအမိ နှစ်ယောက်လောကကြီးထဲမှာ ဘယ်လိုများရပ်တည်မှာလဲ လွတ်လပ်မှုအတွက် ဘယ်လိုတွေ ရုန်းကန်သွားမလဲဆိုတာတွေအပြင် မိခင်တစ်ယောက်ရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေကို လှပတဲ့ Animation တွေနဲ့ ကြည့်ရှု ခံစားနိုင်မှာပါ။ (တစ်ခု ကြိုတင်အသိပေးချင်တာက ဒီဇာတ်လမ်းဟာ Ending နှစ်မျိုးရှိပါတယ် 1080p Version ကတော့ Sad Ending ဖြစ်ပြီး 720p ကတော့ ပုံမှန်အတိုင်းဖြစ်ပါတယ် ကိုယ့်စိတ် အခြေအနေပေါ် မူတည်ပြီး ကြည့်ရှုနိုင်ပါတယ်) File Size : 1.7 GB, 843 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Animation, Adventure, Family Subtitle : Myanmar Subtitle (Hard Sub) Translated by : Lucifer Maximoff Encode by : Thit San Khant

Comedy
7 2010 93 mins
Leafie, a Hen Into the Wild (aka) Daisy, a Hen Into the Wild
Kali Jotta
7.4

Kali Jotta 2023 (ဆရာမလေး ရာဘီယာ) IMDb- 7.4/10 ရှေ့နေဖြစ်ဖို့အတွက် ကျောင်းတက်နေဆဲဖြစ်တဲ့ အာနန့်သ်ဆိုတဲ့ ကောင်မလေး၊ သူဟာ ဒေါသကို မထိန်းနိုင်လို့ ဒေါသကြီးလေးအဖြစ် အကုန်လုံးက လန့်နေရသူတစ်ယောက်ပါ။ တစ်နေ့တော့ ကျောင်းကနေ အပြန် သုံးဘီးစီးရင်း ငယ်ငယ်တုန်းက တက်ခဲ့တဲ့ကျောင်းက အစ်ကိုကြီးမာ့ခ်ခမ်းနဲ့ တွေ့ပါတော့တယ်။ အဲဒီမှာ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ငယ်ငယ်က စာသင်ကြားပေးတဲ့ အင်္ဂလိပ်ဆရာမ ရာဘီယာကို သတိရပြီး မေးဖြစ်တဲ့အခါမှာတော့ ဆရာမဟာ ကျောင်းမှာ စာမသင်တော့ဘူးဆိုတာကို သိလိုက်ရပါတယ်။ ဒီထက်ပိုပြီးတော့ သိလိုက်ရတာက ဆရာမရာဘီယာဟာ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်ပြီးတော့ လူအများက ရူးသွားတယ်လို့ပြောနေကြတာကိုပါ။ အဲဒီမှာပဲ သူ့အရင်ဆရာမအကြောင်းကို ပိုသိချင်လာတဲ့ အာနန့်သ်တစ်ယောက် လိုက်ပြီးတော့ စုံစမ်းခဲ့ပါတော့တယ်။ ထူးဆန်းတာက အစ်ကိုကြီးမာ့ခ်ခမ်းကလည်း ဆရာမရာဘီယာအကြောင်းကို သေချာမပြောပြခဲ့သလို ဆရာမရဲ့ အရင်အိမ်နေရာနားမှာ သွားစုံစမ်းတော့လည်း သူ့အိမ်ကတောင် မရှိဘူး မသိဘူးဆိုတာမျိုးကိုပဲ ပြောလွှတ်လိုက်တာပါပဲ။ ဒီလိုနဲ့ အစ်ကိုကြီးမာ့ခ်ခမ်းကို သေချာသွားမေးကြည့်တဲ့နောက်မှာ အာနန့်သ်ကို စာအုပ်လေးတစ်အုပ် ပေးလိုက်ပါတယ်။ အဲဒီစာအုပ်ထဲမှာတော့ ဆရာမလေးရာဘီယာရဲ့ အကြောင်းတွေကို ရေးသားထားတာဖြစ်ပြီးတော့ အာနန့်သ်တစ်ယောက် ဒီစာအုပ်ကနေ ဆရာမကို လိုက်ရှာဖို့ လုပ်ပါတော့တယ်။ ဒီလိုနဲ့ စာအုပ်ထဲမှာပါတဲ့ ဆရာမရာဘီယာရဲ့ အချစ်ဇာတ်လမ်းအကြောင်းလေးက ဘယ်လိုဖြစ်မလဲ …….. လူအများပြောကြသလို ရူးသွားတယ်ဆိုတာကရော ဘယ်လိုအကြောင်းကြောင့်လဲ …… အခုလက်ရှိမှာရော ဆရာမရာဘီယာတစ်ယောက် ဘယ်ကိုရောက်နေလဲ …. ဆိုတာတွေကို ကြည့်ရှုရမယ့် ရိုမန့်ဒရာမာမှုခင်းကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

7.4 2023
Kali Jotta
Under the Skin
6.3

Under the Skin (2013) IMDb Rating (6.3) / Rotten Tomatoes (83 %) Under the Skin (2013) ကို ပထမဆုံးစကြည့်ချင်တဲ့ အကြောင်းအရင်းက Scarlett Johansson ကြောင့်ဆို ဒုတိယအကြောင်းအရင်းက ဇာတ်ကားရဲ့ Genre က Mystery Sci-Fi ဖြစ်တာကြောင့်။ ဒါ့အပြင် Movie Critics တွေရဲ့ ကောင်းပါတယ်ဆိုတဲ့ အသံကြောင့်လည်းပါတယ်။ ဒီဇာတ်ကားက BBC ရဲ့ 21st ရာစုရဲ့ အကောင်းဆုံး ဇာတ်ကား 100 စာရင်းမှာလည်း ပါဝင်ထားတယ်။ ဘာတွေဒီလောက်ကောင်းသလဲပေါ့။ ကျွန်တော့်အမြင်အရ ဒီဇာတ်ကားက Sci-Fi Genre နဲ့ Mytho ဟန်တစ်ခုကို တွဲစပ်တင်ပြထားသလိုပါပဲ။ T.S Eliot ရဲ့ Modernist ဖန်ဆင်းခြင်းပုံစံမျိုးပဲ။ ကြားဖူးနေကျ ရိုးရာပုံပြင်တစ်ခုကို Ailen ဆန်ဆန်တွေနဲ့ Sci-Fi Genre တစ်ခုထဲ သွပ်သွင်းလိုက်တဲ့သဘော။ ဒါကြောင့်လည်း Under the Skin ဟာ Modernist ဟန်ရှိတဲ့ ဇာတ်ကားတစ်ခုအဖြစ်ရှိလာခဲ့တာ။ ဒါ့ပေမယ့် Under the Skin မှာ ရှုတ်ထွေးတဲ့ ဒွိဟသဘောတွေ တွေ့နေရပြန်တယ်။ ဇာတ်လမ်းရဲ့ အပိုင်းအစတစ်ချို့က Abstract ဟန် အရမ်းရှိနေသလို၊ တစ်ချို့အပိုင်းအစတွေကျတော့လည်း Reality အရမ်းဆန်လွန်းသွားပြန်တယ်။ Interview တစ်ခုမှာတော့ ဒါရိုက်တာ Jonathan Glazer က ဇာတ်ကားကို Reality ဆန်ဆန်ဖြစ်ချင်တာကြောင့် Hidden Camera တွေနဲ့ ရိုက်ရတယ်ပြောခဲ့တယ်။ ဒါ့ကြောင့်လည်း ပုံပျက်နေတဲ့ ဇာတ်ဆောင်နေရာမှာ Prosthetics မလုပ်ပဲ Reality ပိုဆန်စေချင်တာကြောင့် တကယ့်အပြင်က Neurofibromatosis ဝေဒနာရှင်တစ်ယောက်ကို ထည့်ရိုက်စေခဲ့တယ်။ Under the Skin မှာတွေ့ရတဲ့ နောက်ထပ် ဒွိဟသဘောတွေက Gender Experience တွေပဲ။ တစ်ချို့ Critics တွေကလည်း Reverse Rape Culture လို့ရည်ညွှန်းပြီး ချီးကျူးကြသလို၊ တစ်ချို့တွေကလည်း Naturally, men desires should be punished? ဆိုပြီး မေးခွန်းထုတ်ကြပြန်သေးတယ်။ Under the Skin ကို Critic Rating အနိမ့်ဆုံးပေးတဲ့ Plugged In ကတောင် ”A violent gender reversal of the modern rape culture” လို့တောင် အမည်တပ်ပြလိုက်သေးတယ်။ တစ်ချို့ကလည်း Scarlett ရဲ့ ဇာတ်ကောင်က Femanist အရမ်းဆန်လွန်းတဲ့ သဘောသဘာဝကို ရည်ညွှန်းတယ် ပြောကြပြန်သေးသလို တစ်ချို့ကလည်း Wings of Desire ထဲက အိန်ဂျယ်လို လူ့အဖြစ်ကို သဘောကျနှစ်ခြိုက်လာတဲ့ Alien တစ်ယောက်လို့ ညွှန်းဆိုကြပြန်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ဒါရိုက်တာ Glazer ကတော့ ”တစ်ချို့က ဒီဇာတ်ကားကို အရမ်းချစ်ကြတယ်။ တစ်ချို့ကတော့ ဒီဇာတ်ကားကို မနှစ်ခြိုက်ကြပါဘူး။ ဒါဟာ မျှတတဲ့ရလာဒ်တစ်ခုပါ” လို့ ဝေဖန်မှုတွေအကုန်လုံးကို တုံ့ပြန်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့တော့ Under the Skin ဟာ The Tree of Life တို့၊ Melancholia တို့လို ကောင်းမွန်တဲ့ Arthouse ဇာတ်ကားတစ်ကားဆိုတာ ငြင်းမရပါဘူး။ ပထမဦးဆုံးအခန်းမှာ ပြသတဲ့ Formication အခန်းနဲ့တင် ဒီဇာတ်ကားက ကျွန်တော့်ကို စိတ်ဝင်စားစရာအပြည့် ပေးခဲ့တယ်။ ကျွန်တော်တို့ ရုပ်ရှင်ထဲတွေက တွေ့ကြုံခံစားရမယ့် အနုပညာဆိုတာ ဒီလိုဇာတ်ကားတွေထဲက အနုပညာတွေပါပဲ။ Under the Skin ဟာ ဖုံးကွယ်ထားတဲ့ အနုပညာတစ်ခုမဟုတ်ပါဘူး။ ဖွင့်လှစ်ထားတဲ့ “modernist stylistic & thought provoking film” တစ်ခုပါ။ ကြည့်ရတာ လုံးဝထိုက်တန်ပါလိမ့်မယ်..။ (ရုပ်ရှင်အညွှန်းကို Ko Aung Tun Tun FB မှကူးယူဖော်ပြပါသည်။) စကားလက်ဂျိုရဲ့ ဝတ်လစ်စလစ်ခန်းတွေ Body Horror ခန်းတွေကြောင့် R-Rated ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါ။

Comedy • Drama
6.3 2013 108 mins
Under the Skin
Something Is About to Happen

IMDb – 5.9/10, Rt – 100% Awards – 6wins and 6 nomis ဒိီကားလေးက ဒါရိုက်တာ Antonio Méndez Esparzaရဲ့စတုတ္ထမြောက် ရုပ်ရှင်ဖြစ်ပြီး၊း သူရဲ့ဇာတိနိုင်ငံ စပိန်မှာ ရိုက်ကူးထားတာပါ ဇာတ်လမ်းကို Juan José Millásရဲ့ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားကာ၊ ဇာတ်ကောင် Lucía ၏ ဘဝကို အဓိကထားပြသထားတာဖြစ်ပါတယ်။ ဒီကားဟာ Lucía (Malena Alterio) ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို အဓိကအနေနဲ့နောက်ကွယ်ကဖော်ပြထားပါတယ်။ သူမဟာ အိုင်တီ အထောက်အပံ့အလုပ်လုပ်နေသူတစ်ဦးဖြစ်ပြီး၊ အလုပ်ထုတ်ခံလိုက်ရတဲ့အခါမှာ သူမဘဝတစ်လျှောက်မှာ မထင်မှတ်ထားတဲ့ ပြောင်းလဲမှုတွေဖြစ်လာပါတယ်။ သူမဟာ တက္ကစီမောင်းသူအဖြစ်အသစ်စတင်ပြီး၊ လူ ပေါင်းစုံနှင့်တွေ့ဆုံရင်း သူမရဲ့ဘဝဟာ မထင်မှတ်ပဲ ရူးသွပ်လာပါတော့တယ်။ သရုပ်ဆောင် Malena Alterio က Lucía အဖြစ် သဘာဝကျကျသရုပ်ဆောင်ထားပြီး သူမရဲ့စိတ်ခံစားမှုတွေက တကယ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ ဟာသ၊ ဒရာမာ၊ mystery စတဲ့ အမျိုးအစားတွေကို ချောချောမွေ့မွေ့ပေါင်းစပ်ထားလို့ ရုပ်ရှင်တစ်ခုလုံးကို သည်းထိတ်ရင်ဖိုနဲ့ ကြည့်ရမယ့် အခန်းတွေနဲ့တင်မက၊ ထိုင်တွေးစရာလည်းဖြစ်စေပါတယ်။ ဆုတွေလည်းခြောက်ခုလောက်ရထားပြီး RTကလည်း 100%အပြည့်နဲ့ကားကောင်းလေးမလို့ တင်ဆက်ပေးလိုက်ပါတယ်။ File size…(2.7 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Soe Thiri Nwe

Drama • Science Fiction
0 2024
Something Is About to Happen
Legends of the Condor Heroes: The Gallants
6.8

အားလုံးစောင့်မျှော်နေတဲ့ ရှောင်းကျန့် ရဲ့ ကောကျင့်ဗားရှင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်…. ဒီကားလေးအတွက် ရှောင်းကျန့်ဟာ အများကြီး ပြင်ဆင်ခဲ့ရပြီး… သူ့ဘဝအတွက် အမှတ်တရများစွာကို ဖန်တီးခဲ့တဲ့ ကားလေးထဲက တစ်ကားဖြစ်လို့ ဖန်တွေပါ အများကြီးမျှော်လင့်ခဲ့တဲ့ကားလေးပေါ့… သိုင်းကားချစ်သူတွေအတွက်ကတော့အထွေအထူးပြောစရာမလိုလှတဲ့ ဆရာကြီးကျင်းယုံရဲ့ မက်မွန်မြေကချစ်တေးတစ်ပုဒ် ဇာတ်လမ်းတွဲက အဓိက ဇာတ်ကောင် ကောကျင့်အကြောင်းကိုရိုက်ကူးတင်ဆက်ထားတာပါပဲ ဇာတ်လမ်းအကျဉ်းလေးကတော့ တခြားဗားရှင်းတွေနဲ့ မကွာခြားလှပါဘူး… ကျင်းလူမျိုးတွေခြယ်လှယ်မင်းပြုနေချိန်မှာ ဒေသအသီးသီးက ကိုယ်မြေ ကိုယ့်ရေကို ကာကွယ်ဖို့အတွက် ပုန်ကန် ကာကွယ် တိုက်ခိုက်လာကြတာပေါ့… ဒီမြေ ဒီရေနဲ့ ဒီလူမျိုးကို ကာကွယ်ဖို့ ဒီလူမျိုးပဲရှိတာကြောင့်… နေရာတိုင်းမှာ စစ်ပွဲတွေဖြစ်ပြီး… ရရာလက်နက်ဆွဲကိုင်ပြီး ကိုယ်ကျွမ်းကျင်ရာ လိမ်မာရာ နည်းလမ်းတွေနဲ့ တိုက်ခိုက်ခဲ့တာပေါ့… ကောကျင့်ကတော့ မူလ စုန့်လူမျိုးဖြစ်ပြီး စုန့်ပြည်ထောင် ပျက်သုဉ်းချိန်မှာ မွန်ဂိုမြေမှာ ကြီးပြင်းခဲ့သူတစ်ယောက်ပေါ့… မွန်ဂိုတို့ တတ်သင့်တဲ့ မြှားပစ်အစွမ်းကို သိကျွမ်းပေမယ့် မလုံလောက်တာကြောင့် အလယ်ပိုင်းဒေသမှာ သိုင်းပညာ လေ့လာဖို့အတွက် ရောက်လာခဲ့တာပေါ့…. ဒီလိုနဲ့ ကျန်းနန်လူထူးလူဆန်း ၇ ဖော်ရဲ့ တပည့်ဖြစ်လာခဲ့တယ်… တစ်ချိန်တည်းမှာ အကြောင်းကြောင့်ကြောင့် သိုင်းလောကထိပ်သီး ၅ ဦးထဲက တစ်ဦးဖြစ်တဲ့ အရှေ့ပိုင်း မိစ္ဆာသခင် ဟွမ်ယောင်ရှစ့်ရဲ့သမီး ဟွမ်ရုံနဲ့ အမှတ်တမဲ့ ဆုံဆည်းရာကနေ ဘဝမှာမမေ့နိုင်တဲ့ အမှတ်တရဖြစ်လာခဲ့တာပေါ့… ဒီလို ခင်မင်ရင်းနီးလာရာကနေ အားလုံးသိတဲ့ ကောကျင့်ကနေ ကျင့်ကိုကိုဖြစ်လာပြီး ဟွမ်ရုံကလည်း ရုံအာဖြစ်လာတာပေါ့… မငြိမ်သက်တဲ့ သိုင်းလောကကြောင့် သူတို့နှစ်ဦး နီးစပ်ခဲ့သလို ဒီသိုင်းလောကကြောင့်လည်း သူတို့နှစ်ဦး ဝေးခဲ့ရတယ်… အကြောင်းကတော့ မက်မွန်ကျွန်းအရှင် အရှေ့ပိုင်း မိစ္ဆာသခင် ဟွမ်ယောင်ရှစ့်က ကျန်းနန်လူထူးလူဆန်း ၇ ဖော်ကို သတ်လိုက်တယ်ဆိုတဲ့ ကောလဟလ သတင်းကြောင့်ပါပဲ… ဒီတော့ ဝေးကွာသွားတဲ့ ချစ်သူနှစ်ဦး ပြန်လည်ဆုံဆည်းနိုင်ပါ့မလား… နောက်ပြီး ကောကျင့်ကရော သူဆန္ဒအတိုင်း ပြည်သူကို ကာကွယ်နိုင်တဲ့ သိုင်းပညာရှင် သူရဲကောင်းဖြစ်လာမှာလား… ဒီလိုမျိုးမငြိမ်သက်တဲ့ စစ်မြေပြင်မှာ ငြိမ်းချမ်းရေးပန်းတွေ ပွင့်ဖို့ ဘာတွေပေးဆပ်ပြီး ဘာတွေကို ကျော်ဖြတ်ရဦးမှာလဲ… ဘယ်လိုတွေစိတ်ဝင်စားဖို့ကောင်းအောင် တင်ဆက်ထားတယ်ဆိုတာကို ကြည့်လိုက်ကြရအောင်နော်

Adventure • Comedy • Fantasy • Family • Drama
6.8 2025
Legends of the Condor Heroes: The Gallants