YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

200.Pounds.Beauty.2023.1080p.AMZN.WEB-DL.DDP5.1.CM.mp4

1.37 GB N/A video/mp4 186 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
She Said
7.3

2017 လောက်က ဟောလိဝုကိုရော ကမ္ဘာကြီးကိုပါ တုန်လှုပ်စေခဲ့တဲ့ အမှုအခင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဟာဗီဝိုင်းစတိန်းဆိုတဲ့ ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်သူကြီး၊ Miramax ကုမ္ပဏီကို တည်ထောင်သူကြီးရဲ့ လိင်အကြမ်းဖက်မှုနဲ့ မုဒိန်းမှုတွေအကြောင်းပဲဖြစ်ပါတယ်။ မီရာမက်စ်ကုမ္ပဏီဆိုတာ Pulp Fiction, Kill Bill လိုမျိုး ကမ္ဘာကျော်ရုပ်ရှင်တွေ မရေတွက်နိုင်အောင် ထုတ်လုပ်ခဲ့တဲ့အပြင် ဟောင်ကောင်ဌာနခွဲကနေပဲ Shaolin Soccer လို ရုပ်ရှင်မျိုးတွေထုတ်ခဲ့တာပါ။ ဒါကြောင့် ဧရာမကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ကမ္ဘာကျော် မင်းသား၊မင်းသမီး၊ ဒါရိုက်တာတွေအကုန် ဟာဗီနဲ့ ပတ်သက်နေရတာ များပါတယ်။ အဲဒီအမှုမီးပွားကို စတင်ခဲ့သူကတော့ တိုင်းမ်မဂ္ဂဇင်းရဲ့ စုံစမ်းဖော်ထုတ်ရေး သတင်းထောက် ဂျိုဒီကန်တာနဲ့ မီဂန်တူဟီတို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ဒီနှစ်ယောက်ကို အဓိက ဇာတ်ကောင်အနေနဲ့ ထည့်သွင်းထားပြီး ဟာဗီဝိုင်းစတိန်းရဲ့လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ကြိုးစားပုံကို ပြသထားတာပါ။ စုံထောက်ကားတစ်ကားကိုကြည့်ရသလိုပဲ အတော်ကို အရသာရှိပါတယ်။ သတင်းစာဆိုတာ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ကြတာလည်း ဒီလို သတင်းမျိုးတွေဟာ နိုင်ငံကိုရော ကမ္ဘာကိုရော ရိုက်ခတ်စေနိုင်တာမို့ပါ။ ဒီသတင်းအပြီးမှာ ဟာဗီဝိုင်းစတိန်းရဲ့ အနိုင်ကျင့်မှုခံရသူ အမျိုးသမီး ၈၀ ကျော်ထွက်ပေါ်လာပြီး စွပ်စွဲခဲ့ကြပါတယ်။ ဟာဗီလည်း အဖမ်းခံခဲ့ရပြီး ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ် ၂၃ နှစ်ချမှတ်ခံထားရပါပြီ။ ဒါတောင် စွဲချက်တွေမကုန်သေးဘဲ အကုန်လုံးအတွက်ဆို နှစ် ၁၄၀ လောက်ကျခံရမှာဖြစ်တာကြောင့် ထောင်ထဲမှာပဲ ဘဝဆုံးဖို့များသွားပါပြီ။ ဒီသတင်းနောက်ပိုင်းမှာ ကမ္ဘာအနှံ့ နာမည်ကြီးသွားတဲ့ #MeToo ဆိုတဲ့ လှုပ်ရှားမှုတစ်ခုပေါ်လာပြီး လုပ်ငန်းခွင်အတွင်း လိင်အနိုင်ကျင့်တာတွေ အသားယူတာတွေကို ထုတ်ဖော်ပြောကြားမှု အရမ်းအားကောင်းလာခဲ့ပါတယ်။ လုပ်ငန်းခွင်စည်းမျဉ်းတွေ ဥပဒေတွေကိုပါ ပြောင်းလဲစေခဲ့တဲ့အထိ ရိုက်ခတ်ခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့တာပါ။ ဒီသတင်းကိုလည်းလွယ်လွယ်ရခဲ့တာမဟုတ်ပါဘူး။ ဟာဗီဟာ သူ့ရဲ့သားကောင်တွေကို ငွေသန်းချီပေးတဲ့အထိ ကျေအေးပြီး လျို့ဝှက်ချက်မထုတ်ဖော်ရေး စာချုပ်တွေနဲ့ချုပ်ကိုင်ထားတာမို့ နာမည်တပ်ပြောကြားခံရဲတဲ့သူ တစ်ယောက်တောင် ရဖို့မလွယ်ခဲ့တာပါ။ ဒီအမှုဟာ မုဒိန်းကောင်တစ်ယောက်တည်းအတွက်တင်မဟုတ်ဘဲ ဒီလိုအရေးပါတဲ့ လူကြီးလူကောင်းတွေကို ဝိုင်းကာကွယ်ပေးနေတဲ့ ကုမ္ပဏီကြီးတွေရှေ့နေတွေနဲ့ စနစ်ကြီးတစ်ခုလုံးကိုပါ ဖော်ထုတ်လိုက်သလိုဖြစ်သွားတာပါပဲ။ ခု သတင်းထောက်နှစ်ယောက်ဆိုရင်လည်း ဟာဗီရဲ့ သားကောင်တွေကို နိုင်ငံထဲတင်မက လန်ဒန်၊ ဝေလလို အခြားနိုင်ငံတွေမှာပါ လိုက်ပြီး စုံစမ်းမေးမြန်းခဲ့ရတာပါ။ နောက်ပြီး တရားစွဲမခံရဖို့ ရှေ့နေတွေနဲ့ လုံခြုံရေးအကြံပေးတွေနဲ့ဆက်တိုက်တိုင်ပင်ပြီး စွန့်စားခဲ့ရတာမို့ အတော်ကို ကြီးမားတဲ့အတွေ့အကြုံနဲ့ ဘတ်ဆဲလား စာအုပ်တွေပါ ထွက်လာခဲ့တာပါ။ ဒီကားရဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေထဲမှာ မင်းသား ဘရက်ပစ်လည်း ပါဝင်ခဲ့ပါတယ်။ ဘရက်ပစ်ဟာ ဟာဗီရဲ့ သားကောင်ဖြစ်ဖူးတဲ့ မင်းသမီးတွေနဲ့ ဒိတ်ခဲ့ဖူးသူဖြစ်လို့ ဟာဗီအကြောင်းတွေကို အရင်ကတည်းက သိခဲ့ရသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ရုပ်ရှင် Inglourious Basterds လိုဟာတွေကို ဟာဗီဝိုင်းစတိန်းနဲ့အတူ ပူးပေါင်းပြီးထုတ်ခဲ့တဲ့သူဆိုတော့ ဒီအမှုပေါ်လာချိန်မှာ အတော်လည်း နာမည်ထိခဲ့သလို ဟာဗီရဲ့သားကောင်ထဲမှာ ဂျိုလီလည်း ပါဝင်ခဲ့တာမို့ လင်မယားပဋိပက္ခလည်း အတော်ကို ကြီးမားခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဟာဗီရဲ့ သားကောင်ဖြစ်ခဲ့သူ၊ တိုင်းမ် သတင်းစာတိုက်ကို ထုတ်ဖော်ပြောခဲ့သူတွေကိုယ်တိုင်လည်း သူတို့နေရာမှာသူတို့ ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။ အဓိကမင်းသမီးတွေဖြစ်တဲ့ Carey Mulligan ဟာလည်း Promising Young Woman (2020), An Education (2009) တို့နဲ့ အော်စကာဆန်ကာတင်ဝင်ခဲ့သူဖြစ်ပြီး။ နယူးယော့ခ်တိုင်းမ်ရဲ့ အယ်ဒီတာ Rebecca Corbett အနေနဲ့ သရုပ်ဆောင်ထားတဲ့ Patricia Clarkson ဆိုရင်လည်း Pieces of April (2003) နဲ့ အော်စကာဆန်ကာတင်ဝင်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်မှာလည်း သူတို့တွေ အော်စကာဝင်ဦးမလား ဆက်စောင့်ကြည့်ရမှာပဲ။ ဒီတော့ ကြည့်ကိုကြည့်ဖူးသင့်တဲ့ ရုပ်ရှင်ထဲမှာပါလို့ ချန်နယ်မြန်မာကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.2GB, 660MB Quality - 1080p, 720p, 480p IMDb Rating - 7.4/10 Format - mp4 Duration - 2H 9Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Drama • Romance
7.3 2022 129 mins
She Said
Ages of Love (2011) Manuale d’am3re
5.9

Ages of Love (2011) The Manual of Love 3(or) Manuale d’am3re အချစ်ကျမ်းစာ (Manual of Love) လို့အမည်ရတဲ့ အီတလီဇာတ်ကားဟာ စုစုပေါင်း ၃ ကားထွက်ရှိခဲ့ပြီး ဒါကတော့ နောက်ဆုံးဇာတ်ကားဖြစ်ပါတယ်။ Manual of Love 2 တုန်းက ပါဝင်ပွဲကြမ်းသွားတဲ့ ပုရိသတို့အသည်းစွဲ မင်းသမီးကြီး Monica Bellucci လဲထပ်မံပါဝင်ထားခဲ့ပြီးတော့ တခြားဇာတ်ဆောင်တွေနဲ့ မတူညီတဲ့ဇာတ်လမ်းတွေကို ပေါင်းစပ်တင်ဆက်ထားပါတယ်။ ဇာတ်လမ်းကတော့ မြှားနတ်မောင်ဇာတ်လမ်းပါ…မြင်နေကျ မြှားနတ်မောင်ဇာတ်လမ်းတွေနဲ့မတူတာက ဒီထဲမှာပါတဲ့ မြှားနတ်မောင်ကတော့ သောက်တလွဲပဲ ပစ်တတ်တဲ့ကောင်ပါ။ ဒီကောင်ပစ်လိုက်တာနဲ့ သောက်ပြသနာတသီကြီးတက်ပြီလို့ပြောရလောက်အောင် ချောက်ချတတ်တဲ့မြှားနတ်မောင်ပါ။ ရင့်ကျက်တည်ငြိမ်သူတွေတောင်မှ လဗြောင်းသတ်သွားတတ်တဲ့ မြှားနတ်မောင်ရဲ့မြှားသုံးချောင်းအကြောင်းကို ခံစားကြည့်ကြပါဦး။ Manual of Love ဇာတ်ကား ၃ ကားစလုံးကို channelmyanmar.to/?s=manual+of+love မှာကြည့်ပါ။ File size…(900 MB) Quality…BluRay 720p Format…mp4 Duration….02:07:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by BaBa Yaga

Action • Drama • History • Thriller
5.9 1900 125 mins
Ages of Love (2011) Manuale d’am3re
Drown

Drown (2022) ဒီတစ်ခေါက်တင်ဆက်ပေးမှာတော့ horror, thriller ကိုမှစိတ္တဇဆန်ဆန် ရုပ်ရှင်ပဲဖြစ်ပါတယ် မိဘတွေရဲ့အမွေကိုဆက်ခံပြီး မိုတယ်ဖွင့်ထားတဲ့ဒိုအူဟာ သူငယ်ပြန်နေတဲ့အမေကြီးကို စောင့်ရှောက်နေတဲ့သူဖြစ်ပါတယ် တစ်ရက်မှာအမေဖြစ်သူဟာ ရုတ်တရက်ပျောက်ဆုံးပြီးတော့ ရက်အတော်ကြာတဲ့အထိ ရှာမရဖြစ်နေပါတယ် ရပ်ကွက်ထဲမှာလည်း သူ့အမေကို သူသတ်တာပါဆိုပြီး သတင်းတွေပြန့်နေပါတယ် ရပ်ကွက်မှား လူသတ်မှုတစ်ခုဖြစ်ပေါ်တဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့မိုတယ်ကို ပဟေဠိဆန်တဲ့ လူငယ်တစ်ယောက်လာတည်းပါတယ် အဲလူငယ်ဟာ လူသတ်မှုနဲ့ပတ်သက်နေမလား ဒိုအူရဲ့အမေပျောက်ဆုံးတာနဲ့ ပတ်သက်နေမလား ဒိုအူကရော တကယ်ပဲ အမေဖြစ်သူကိုသတ်လိုက်တာလား၊ သူ့စိတ်ကိုရော သူနားလည်သွားမလားဆိုတာကို ဒီရုပ်ရှင်မှာကြည့်လိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Horror, Thriller Quality…. 1080p | 720p | 480p File size… 1.1GB | 459MB | 235MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. August

Comedy • Drama
0 2022
Drown
Night Shift
5.2

ဒီတစ်ခါမှာတော့ Night Shift ဆိုတဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့….. ဂွမ်တေလာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ မိုတယ်တစ်ခုမှာ ညဆိုင်းအလုပ်လာလုပ်ပါတယ် သူ့ရဲ့ပထမဆုံးအလုပ်လုပ်တဲ့ညမှာပဲ ထိပ်လန့်စရာကောင်းတဲ့ပုံရိပ်တွေကိုမြင်တွေ့နေရပြီး အဲ့မိုတယ်ဟာ သရဲခြောက်တယ်လို့ သံသယဝင်လာပါတယ် အဲ့ဒီမိုတယ်ကြီးကလည်း ဟောင်းနွမ်းနေပြီဖြစ်ပြီး အဲ့ကရေကူးကန်ကြီးမှာလည်းဘတွင်းနက်ကြီးပေါက်နေပါတယ် ပစ္စည်းတွေထားတဲ့ဂိုထောင်ကလည်း တံခါးကအပြင်ကနေပဲဖွင့်လို့ရပြီး အထဲကနေပြန်ဖွင့်လို့မရပါ အဲ့လိုထူးဆန်းပြီးခြောက်ခြားစရာကောင်းတဲ့မိုတယ်ကြီးမှာ မိန်းကလေးတစ်ယောက်တည်း ညပိုင်းအလုပ်လုပ်ရတဲ့အခါ…….. ​နောက်ပြီး လာတည်းခိုတဲ့ဧည့်သည်တွေကလည်း ထူးဆန်းပြီးကြောင်တောင်တောင်နိုင်တဲ့သူတွေနဲ့ပါကြုံတွေ့ရပါတယ် အဲ့ဒါတင်မကဘဲ ဂွမ်ရဲ့အတိတ်ကဖြစ်ရပ်ဆိုးကြီးက လူဆိုးတစ်ယောက်က သူ့နောက်ကိုလိုက်နေပါတယ်လို့ ဂွမ်တစ်ယောက်သံသယရှိနေတဲ့အခါ……… File size…(1.3 GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

5.2 2023
Night Shift
The Golden Compass

Fantasy Fiction ဇာတ်လမ်းကောင်း တစ်ကားကို မိတ်ဆက်ပေးပါရစေ။ Main characterတွေအနေဖြင့် ကျွန်တော်တို့ရဲ့ ဂျိမ်းစ်ဘွန်း မင်းသားကြီး Daniel Craigနဲ့ The Secret of Moonacre၊ Dustbin Babyနဲ့ Endeavourတိုရဲ့ မင်းသမီး Dakota Blue Richardsက ဦးဆောင် သရုပ်ဆောင် ပါဝင်ထားပါတယ်။ ဗီလိန်တွေအနေနဲ့လည်း အထူးတလည်မိတ်ဆက်ပေးစရာ မလိုတဲ့ Nicole Kidmanက ဇာတ်အိမ်ကို ပိုမိုခိုင်လုံအောင် အားဖြည့်ပေးထားပါတယ်။ ဒါ့အပြင် Eva Green, Sam Elliott, Freddie Highmore, Ian McKellenတို့နှင့် တခြားသော ဝါရင့် ပါရမီရှင် သရုပ်ဆောင်တွေ ပါဝင်ထားတော့ ယခု ရုပ်ရှင်ဟာ Castတွေနဲ့တင် တန်နေပါပြီ။ ကျွန်တော်တို့ စကြာဝဋ္ဌာတွေကြားမှာ အချင်းချင်းအပြိုင်ဖြစ်နေကြတဲ့ စကြဝဠာတွေ ကမ္ဘာတွေ အများကြီး ရှိနိုင်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာမှာဆိုရင် လူတွေရဲ့ဝိညာဉ်တွေက ခန္ဓာကိုယ်ထဲမှာ နေထိုင်ကြတယ်။ Parallel Universeထဲက ကမ္ဘာတစ်ခုမှာတော့ ဝိညာဥ်တွေက လူသားတို့နဲ့အတူတူ ရောထွေးနေထိုင်ကြပါတယ်။ သူတို့ကမ္ဘာမှာတော့ နတ်ဆိုးလို့ ခေါ်ကြပါတယ်။ သူတို့ရဲ့ကမ္ဘာမှာ စကော်လာတွေက အမှန်တရားကို တိုင်းတာ သိရှိနိုင်တဲ့ အလိသီအိုမီတာကို တည်ထွင်ခဲ့ပါတယ်။ ရွှေရောင်သံလိုက်အိမ်မြှောင်လို့လည်း ခေါ်ကြပါသေးတယ်။ အဲဒီသံလိုက်အိမ်မြှောင်က ဖုန်းကွယ်ထားတာမှန်သမျှကို ပြပေးတဲ့စက်ဖြစ်ပါတယ်။ ပြောရရင် လိမ်ချင်တိုင်း လိမ်လို့ မရတော့ဘူးပေါ့။ လူတွေကို ထိန်းချုပ်ဖို့ မှော်ဝင်ရေးရာဝန်ကြီးဌာနက နည်းမျိုးစုံ သုံးပြီး လိမ်လည်ကြရပါတယ်။ အဲဒီလို လိမ်လည်ခြယ်လှယ်နေရတဲ့ မှော်ဝင်ရေးရာဝန်ကြီးဌာနက သူတို့အလိမ်တွေ ပေါသွားမှာစိုးလို့ အလိသီအိုမီတာတွေကို ဖျက်စီးလာပါတော့တယ်။ အဲဒီလိုနဲ့ အလိသီအိုမီတာတွေကို ဖျက်စီးလာလိုက်တာ အ​ချိန် တစ်ခုထိ ရောက်လာပြီး လူငယ်မျိုးဆက်တွေဆိုရင် အလိသီအိုမီတာ ရှိမှန်းတောင် မသိကြတော့ပါဘူး။ လိုင်ရာဘယ်လာကွာက မိဘတွေမရှိတော့လို့ ဦးလေးဖြစ်သူ အက်စ်ရီရယ်က ပြုစုစောင့်ရှောက်ပေးထားတဲ့ ဂျော်ဒန်ကောလိပ်မှာ တက်ရောက်နေတဲ့ ကျောင်းသူလေးဖြစ်ပါတယ်။ လောဒ့် အက်စ်ရီရယ်က ဒက်စ်လို့ခေါ်တဲ့ စကြာဝဋ္ဌာတွေကြား ခုန်ကူးနိုင်မယ့် အမှုန်တွေကိုလေ့လာနေသူပါ။ မှော်ဝင်ရေးရာဝန်ကြီးဌာနက အဆိုပါ ဒက်စ်တွေရဲ့အကြောင်းကို လူတွေ မသိအောင် ဖျောက်ဖျက်ထားတာ ကြာပါပြီ။ ဒက်စ် အမှုန်တွေကလည်း ပျောက်ကွယ်သွားတာ ကြာလှပါပြီ။ အဲဒီလိုနဲ့ တနေ့ကြတော့ ရုတ်တရပ် မြောက်ဝင်ရိုးစွန်းမှာ ဒက်စ်တွေ ပြန်လည်ပေါ်ပေါက် လာပါတယ်။ အဲဒီလိုနဲ့ အက်စ်ရီရယ် တစ်ယောက် မြောက်ဝင်ရိုးစွန်းကို သွားရောက်လေ့လာပါတော့တယ်။ လိုင်ရာကလည်း စူးစမ်းချင်သူပီပီ မစ္စ ကော့တလာနဲ့အတူတူ ဦးလေးဖြစ်သူ သွားရာ မြေက်ဝင်ရိုးစွန်းဘက်ကို လိုက်သွားပါတော့တယ်။ ဒက်စ်အကြောင်း သွားရောက်လေ့လာတဲ့ အက်စ်ရီရယ်က ဘယ်လိုအခက်ခဲတွေ ကြုံရမလဲ …. ဦးလေးနောက် လိုက်သွားတဲ့ လိုင်ရာလေးကိုရော မကောင်းတဲ့လူတွေက ဘယ်လိုဒုက္ခပေးကြမလဲ ….ဂေါ်ဘလာလို့ခေါ်တဲ့ ကလေးဖမ်းတဲ့လူတွေကရော ဘယ်သူတွေလဲ ….ဘာကြောင့် ကလေးတွေကို လိုက်ဖမ်းနေတာလဲ ….. လက်ကျန် အလိသီအိုမီတာကိုရော ဘယ်လိုအသုံးချကြမလဲ … ဒီဇာတ်ကားရဲ့ ဉာဏ်ကွန့်နိုင်စွမ်းကတော့ အင်မတန်မှ လှပလွန်းပါတယ်။ Battle scene တွေဆိုရင်လည်း တော်တော်မိုက်ပါတယ်။ ဇာတ်လမ်းကလည်း ၂နာရီမပြည့်တပြည့်လေးမှာကိုတင် ပြည့်ပြည့်စုံစုံနဲ့ တင်ပြထားနိုင်ပါတယ်။ နိဂုံးချုပ်ပြောရရင် ကလေးလူကြီးမရွေး စိတ်ကူးဉာဏ် ကွန့်မြူးချင်သူတွေ ဒီရုပ်ရှင်ကို အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.8 GB)/(951 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre…Adventure, Fanasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2007
The Golden Compass
Cry_Wolf
5.8

Supernatural ထဲက ဆမ်အဖြစ် လူသိများတဲ့ Jared Padalecki ပါဝင်ထားပြီး You Give Love A Bad Name သီချင်းရဲ့ အဆိုရှင် Jon Bon Jovi တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မကြာသေးခင်ကမှ တောထဲမှာ လူသတ်မှုတစ်ခုဖြစ်ထားတဲ့ မြို့က ဝက်စ်လိတ်ကျောင်းကို ကျောင်းသားသစ်တစ်ယောက်ရောက်လာပါတယ်။ အဲဒီကျောင်းမှာ ညဘက်ဆို ဘုရားကျောင်းထဲမှာ လူစုပြီး အလိမ်ဖော်တဲ့ ဂိမ်းတစ်ခုဆော့လေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ ကျောင်းသားသစ်နဲ့ သူငယ်ချင်းတစ်စုဟာ လတ်တလောဖြစ်ပျက်ထားတဲ့ လူသတ်မှုနဲ့နွယ်ပြီး ဂိမ်းကိုပိုစိတ်ဝင်စားဖို့ကောင်းအောင်ဖန်တီးဖို့ ကြိုးစားရင်း မျှော်လင့်မထားတဲ့ အရာတွေဖြစ်လာတဲ့အခါမှာတော့…. ဒီဇာတ်လမ်းက သွေးထွက်သံယိုတွေ၊ ခြောက်လှန့်တာတွေအစား မြေခွေးက ဘယ်သူဖြစ်မလဲစသဖြင့် ပဟေဠိဆန်ဆန် ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(760 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre…Drama, Horror, Mystry Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Bonsai

Comedy • Romance • Drama
5.8 2005
Cry_Wolf
Quantum Cowboys

Criticsနဲ့Audienceတွေရဲ့တခဲနက် အားပေးမှုတွေ ရထားတဲ့ animation ကိုမှ live actionနဲ့ပေါင်းစပ်ကာ ပုံစံအဆန်းနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း Killers of the Flower Moon, Fancy Dance, The Last Manhunt, The Walking Outတို့ထဲက Lily Gladstoneအပြင် Twilight saga ရုပ်ရှင်ထဲက Kiowa Gordonနှင့်အတူ Geoff Marslett၊ David Arquette၊ Patrick Pageတို့လို သရုပ်ဆောင်တွေနဲ့ ဇာတ်ကိုကွန့်မြူးအောင် ပုံဖော်ထားပါတယ်။ ဇာတ်လမ်းကို မပြောခင်မှာ အချိန်နဲ့ အပြိုင်စကြာဝဠာအကြောင်းကို နည်းနည်းတော့ ပြောဖို့လိုမယ်။ အချိန်ဆိုတာက ဘာလဲ၊ ကျွန်တော်တို့ သိထားသလို အမြဲတသတ်မတ်တည်း သွားနေတဲ့အရာလား ဒါမှမဟုတ် အချိန်ဆိုတာက ဖန်တလဲလဲ ပြန်ဖြစ်တတ်တဲ့ loopလိုမျိုးလား၊ အချိန်ဆိုတာက ဘာလဲ၊ အချိန်ကို အသွားပြန်လုပ်လို့ရလား၊ အချိန်က ကွေးနိုင်ဆန့်နိုင်တဲ့အရာလား။ အပြိုင်စကြာဝဠာတွေကရော အချိန်နဲ့ပတ်သက်နေလား၊ အချိန်ကြောင့် အပြိုင်စကြာဝဠာတွေဖြစ်လာတာလား၊ အပြိုင်စကြာဝဠာတွေကြောင့် အချိန်တွေက ဖြစ်လာတာလား။ အချိန်စီးကြောင်းကရော ဘယ်သူက သတ်မှတ်ပေးတာလဲ။ Marvelက He who remains လို လူတစ်ယောက် ရှိနေလား။ အပြိုင်စကြာဝဠာတွေ အချင်းချင်းတိုက်မိကုန်ရင် ဘယ်လိုဖြစ်လာမလဲ၊ ပင်မ အချိန်စီးကြောင်းကို မတိုက်မိ၊ မထိခိုက်အောင် ဘယ်သူက လုပ်ပေးတာလဲ။ ဒီရုပ်ရှင်က ဇာတ်ကြောင်းထက်စာရင် အချိန်နဲ့အပြိုင်စကြာဝဠနဲ့ ပတ်သက်နေတော့ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းသွားတယ်။ ဖရန့်နဲ့ ဘရူနိုနဲ့က မြင်းချီးကြုံးဖော်ကြုံးဖက်သူငယ်ချင်းတွေ။ သူငယ်ချင်း ၂ယောက်ထဲမှာ ဖရန့်ဆိုတဲ့ တစ်ယောက်က နည်းနည်းလောဘကြီးတယ်။ တနေ့ မြို့ထဲမှာ ဘလက်ကီလို့ခေါ်တဲ့ အဆိုတော်ဖျော်ဖြေနေတာကို တမြို့လုံးက သွားကြည့်ကြတယ်၊ အဲအချိန်မှာ ဖရန့်က လူမရှိတဲ့ဆိုင်ကို ဓားပြဝင်တိုက်ရင်း ဖမ်းမိသွားတယ်။ ဖရန့်ကို ဖမ်းရင်း မတော်တဆ ဘလက်ကီက ကြားထဲက ဆုံးသွားရရှာတယ်။ ဒီလိုနဲ့ ၃နှစ်ကြာတော့ ဖရန့်က ထောင်ထဲကလွတ်လာပြီး ဘရူနိုနဲ့ပြန်တွေ့တယ်။ အဲအချိန်မှာ ဘရူနိုက ဘလက်ကီ သေပြီလို့ပြောပေမယ့် ဖရန့်ကတော့ မဟုတ်ဘူး မသေသေးဘူးပဲငြင်းတယ်။ ပြောမရတဲ့အဆုံး ဖရန့်နဲ့ဘရူနိုက ဘလက်ကီကို လိုက်ရှာကြတယ်။ အဲဒီလိုနဲ့သေပြီးသားလူကိုပြန်ရှာသလိုဖြစ်ပြီး paradoxတွေဖြစ်လာပြီး အချိန်ကမောက်ကမတွေဖြစ်လာရင်း အချိန်စီးကြောင်းကြီးကို ထိခိုက်မိလာတယ်။ ဒီလိုနဲ့ ဆက်လက်ပြီး ဇာတ်လမ်းက ဆက်တည်သွားတာပါ။ ဘလက်ကီက တကယ်သေပြီလား၊ ဖရန့်တို့ ဘလက်ကီတို့ ပြန်ရှာလို့တွေ့မှာလား၊ paradox ကရော ဘယ်လိုတွေကြောင့်ဖြစ်သွားတာလဲ၊ အချိန်က ဒီဇာတ်လမ်းထဲမှာ ဘယ်လိုအလုပ်လုပ်တာလဲ၊ HWRလိုမျိုး ပုဂ္ဂိုလ်ကရော အချိန်စီးကြောင်းတွေ မတိုက်မိအောင် ဖရန့်နဲ့ဘရူနိုကို ဘယ်လိုတားမလဲ။ ဒီလိုမျိုးအရာတွေကို တင်ပြပုံအဆန်းလေးကိုမှ လိုက်ပြီးစဥ်းစားစီးမြောလို့ရမယ့် ရုပ်ရှက်ကားကောင်း တစ်ခုဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(2.1 GB)/(941 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre… Animation, Adventure, Western, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Winn

0 2023
Quantum Cowboys
71: Into the Fire
7.3

71: Into the Fire (2010) *********************** နာမည်ကြီး ရုပ်ရှင်မင်းသားကြီးတွေဖြစ်တဲ့ Cha Seung-won၊ Kwon Sang-woo၊ Kim Seung-woo နဲ့ T.O.P တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာ တောင်-မြောက်ကိုရီးယားစစ်ပွဲကာလအတွင်း ၁၉၅၀ ခုနှစ် သြဂုတ် ၁၁ ရက် ဖိုဟန်တိုက်ပွဲမှာ ကျဆုံးသွားခဲ့ကြတဲ့ တောင်ကိုရီးယားကျောင်းသားလေး ၇၁ ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း- ယုံးဒေါ့နယ်က အူတူတူအတတ စစ်သင်တန်းသား အိုဂျန်ဘုံးဟာ လက်တိုလက်တောင်းအကူအညီပေးရတဲ့ စစ်သားလေးပဲဖြစ်ပါတယ်။ တိုက်ပွဲပြင်းထန်လာတဲ့တစ်ရက် အသက်အန္တရာယ်နဲ့ ကြုံလာရချိန်မှာ သူ့ရဲ့ဗိုလ်မှူးဟာ သူ့ကိုကာကွယ်ပေးရင်း အသက်ပေးလိုက်ရတဲ့အတွက် စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီးနေနေတဲ့သူပါ။ တောင်-မြောက် စစ်ပွဲတွေ ပြင်းထန်လာပြီး စစ်သားမလုံလောက်မှုတွေ ဖြစ်လာတဲ့အခါမှာ အမိမြေကိုကာကွယ်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ကျောင်းသားလေးတွေဟာ ကိုယ့်ဆန္ဒနဲ့ကိုယ် တပ်ထဲကို ဝင်‌ရောက်လာကြပါတယ်။ ထိုအချိန်မှာ အလယ်တန်းကျောင်းမှာ စခန်းချနေတဲ့ တောင်ကိုးရီးယားတပ်မဟာအနေနဲ့ နက်ဒုံမြစ်ဘက်မှာ စစ်ပွဲရင်ဆိုင်ဖို့သွားရချိန် ဝင်ရောက်လာတဲ့ စစ်သင်တန်းသားသစ်တွေကို ဦးဆောင်ဖို့နဲ့ စခန်းကိုစောင့်ကြပ်ရေးတာဝန်ကို တောင်စစ်တပ်စု (၃)ရဲ့ ခေါင်းဆောင်ဗိုလ်ကြီးဟာ အိုဂျန်ဘုံးကို ပေးအပ်လိုက်ပါတော့တယ်။ မိမိစီနီယာသေဆုံးသွားလို့ ယုံကြည်ချက်မဲ့နေတဲ့ အိုဂျန်ဘုံးတစ်ယောက်ဟာ အသစ်ဝင်ရောက်လာတဲ့ စစ်သင်တန်းသားသစ်ထဲမှာ ကျောင်းသားဟန်ဆောင်ထားတဲ့ လူမိုက်ဂိုဏ်းဝင် ဂပ်ဂျိုတို့အုပ်စုရဲ့ မထီမဲ့မြင်ဆက်ဆံခြင်းတွေကိုလည်း ခံရပါသေးတယ်။ အိုဂျန်ဘုံးဦးဆောင်တဲ့ တိုက်ပွဲအတွေ့အကြုံမရှိတဲ့ ကျောင်းသားလေး ၇၁ ယောက်ဟာ မြောက်ကိုရီးယားရဲ့ ကြောက်စရာအကောင်းဆုံး အမှတ် (၇၆၆) ခြေလျင်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့… ကျောင်းသားလေးတွေ ဘယ်လို ရွပ်ရွပ်ချွံချွံနဲ့ မြောက်ကိုရီးယားကို ခုခံသွားမလဲဆိုတာ ရင့်နင့်ဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…3.01GB / 1.24GB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 2m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Thinn & Theint

7.3 2010
71: Into the Fire
Not Safe for Work
5.8

ဂျွန်ဖာဂူဆန်ဟာ ဒန်နင်းဆိုတဲ့ ထိပ်သီးဆေးကုမ္ပဏီကြီးတစ်ခုရဲ့မသမာမှုတွေကိုဖွင့်ချခဲ့သူဖြစ်ပြီး ကုမ္ပဏီအပေါ် ထိရောက်တဲ့အရေးယူမှုတွေရှိမလာတာကြောင့် အလုပ်အမှုဆောင်တစ်ချို့ကိုပစ်သတ်ပြီး သူ့ကိုယ်သူပါ သေကြောင်းကြံသွားခဲ့ပါတယ်။ တွမ်မီလာဆိုတာကတော့ တရားရေးလက်ထောက်တစ်ယောက်ဖြစ်ပြီး ဒန်နင်းအမှုကို ကိုင်တွယ်နေတဲ့ Law Firm တစ်ခုမှာအလုပ်လုပ်နေပါတယ်။ တစ်ညနေမှာတော့ အလုပ်ကအပြန်မသင်္ကာစရာပုဂ္ဂိုလ်တစ်ချို့ကို တွေ့လို့ရုံးခန်းပေါ်ပြန်အတက်မှာ လူသတ်သမားတစ်ယောက်ဟာ သူတို့ရုံးခန်းထဲမှာအလုပ်ချိန်ကျော်လွန်ပြီး ကျန်နေသေးတဲ့ လူတွေကိုလုပ်ကြံသတ်ဖြတ်နေကြောင်းသိလိုက်ရပါတော့တယ်။ လူသတ်သမားဟာ အချိန်ပိုဆင်းတဲ့လူတွေကိုကြည့်မရတာကြောင့်လား? ဘယ်သူတွေနဲ့ရန်ညှိုးရန်စရှိနေမလဲ? ဒါမှမဟုတ် နူတ်ပိတ်သတ်ဖြတ်မှုတစ်ခုခုလား ဆိုတာဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရမယ့် thriller ကားတစ်ကားဖြစ်ပါတယ်။ File size_(1.3GB)/(650MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_0::00 Genre_Action, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5.8 2014 74 mins
Not Safe for Work
Gintama: The Movie
7.6

IMDB – 7.6/10, MyAnimeList – 8.5/10 Anime လောကမှာတော့ Gintama ဆိုရင် မသိကြတဲ့လူ တော်တော်ကို ရှားပါတယ်။ ဒီကောင်က သူများ Anime တွေကို ခဏခဏ Reference ယူယူပြီး ဟာသလုပ်လေ့ရှိတဲ့အပြင် Deadpool တို့လိုလည်း 4th Wall Breaking လုပ်ပါသေးတယ်။ နောက်ပြီး သူ့ရဲ့ဟာသတွေက တော်တော်ကို ရယ်ရတဲ့ထဲမှာ ပါဝင်တာပါ။ ဟာသဆိုလို့ ဟာသတွေပဲပါတာမဟုတ်ပါဘူး ချကြပြီဆိုရင် တကယ်ဖိုက်ကြပါတယ်။ ဒါကတော့ သူတို့ရဲ့ ပထမဆုံး ထွက်ရှိလာတဲ့ Movie ပဲ ဖြစ်ပါတယ်။ အစမှာတင် ဇာတ်လမ်းက မစသေးဘူး ဟောလိဝုဒ်က Warner Bros ကို ထိုင်ဖြုတ်နေကြတာ အခွီတစ်လိုင်းပါ။ ဒီ Movie မှာတော့ Series မကြည့်ဖူးလည်း ဇာတ်လမ်းက သီးခြားလေးဖြစ်နေတော့ အဆင်ပြေပါတယ်။ Gintama ဆိုတာက အနာဂတ်ခေတ်လွန်ကာလ Edo က ဆာမူရိုင်းတွေအကြောင်းကို ဇာတ်တည်ထားတာပါ။ MC လုပ်တဲ့ ခေါင်းဖြူကြီး Gintoki ဆိုတာက Yorozuya ဆိုတဲ့ဆိုင်လေးဖွင့်ထားတာပါ အခကြေးငွေယူပြီး ဘာအလုပ်နေနေ လုပ်ပေးတာပေါ့။ သူ့လက်အောက်မှာတော့ Shinpachi ဆိုတဲ့ မှန်ကြောင်လေးရယ် Kagura ဆိုတဲ့ ကောင်မလေးရယ် ရှိပြီး အဓိကဇာတ်ကောင် ၃ ယောက်ပေါ့လေ။ ဒီ Movie ရဲ့ ဇာတ်အိမ်ကကျ သူတို့မြို့မှာ ထူးဆန်းတဲ့ ဓားတစ်လက်နဲ့ လူသတ်မှုတွေ ဖြစ်နေကြတယ်။ သူတို့ဘော်ဒါတစ်ယောက်ကလည်း ထူးထူးဆန်းဆန်း အတိုက်ခိုက်ခံရပြီး သေတာလိုလို ပျောက်တာလိုလို ဖြစ်နေတဲ့အချိန်။ မသမာသူလူတစ်စုကလည်း ခိုးကြောင်ခိုးဝှက် တစ်ခုခု ကြံစည်နေကြတဲ့အချိန်။ Gintoki တစ်ယောက် အဲဒါ ထူးဆန်းတဲ့ ကျိန်စာသင့်ဓားအကြောင်း အလုပ်လက်ခံရရှိလို့ လိုက်လံစုံစမ်းရာကနေ အကုန်လုံး ဘယ်လိုဆက်စပ်သွားပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမယ်ဆိုတာတော့…..။ File Size : 1.3 GB, 591 MB Quality : WEB-DL 1080p / 720p Running Time : 1hr 36min Format : Mp4 Genre : Action, Animation, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant

Adventure • Drama
7.6 2010
Gintama: The Movie
Listen Carefully
5

ခင်ဗျားက အလုပ်မှာ ရာထူးတိုးတယ်ဗျာ။ ကောင်းတာပေါ့။ ခင်ဗျား သမီးဦးလေးရတယ်ဗျာ။ အတိုင်းထက်အလွန်ပေါ့။ လက်ထောက် ဘဏ်မန်နေဂျာ အန်ဒီမက်နေရီက အဲ့လိုလူ။ လတ်တလောမှာ ရာထူးလည်းတိုး သမီးဦးလေးလည်းရတဲ့ ဘဏ်မန်နေဂျာ အန်ဒီမက်နေရီ တစ်ယောက် ဖြစ်ချင်တော့ သူ့အမျိုးသမီးက သူ့သူငယ်ချင်းတွေနဲ့ နိုက်အောက်ထွက်ပြီး သူ ကလေးထိန်း တာဝန်ကျတဲ့ညကျမှ သူ့သမီးကို လူဆိုးတွေက ပြန်ပေးဆွဲသွားပါလေရော။ ရဲတိုင်ဖိုကျတော့လည်း သူ့မှာ လူသိခံလိုမရတဲ့ ကိစ္စတစ်ခုရှိနေတယ်။ ဆိုတော့ သူ့ရဲ့ လျှိဝှက်ချက်က ဘာလဲ… သူ့သမီးကို လူဆိုးတွေလက်ကနေ ဘယ်လို ကယ်မှာလဲ…. ကလေးကိုရော တကယ်ကယ်နိုင်မှာလား….. အသည်းတယားယားနဲ့ ကြည့်ရမယ့် ထိတ်လန့်သည်းဖို ဇာတ်ကားလေး ဖြစ်ပါတယ်…. (အညွှန်းနဲ့ ဘာသာပြန်ကတော့ Lazum David ဖြစ်ပါတယ်) File size… (1.27GB) / (429MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 21m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lazum David

Comedy • Crime • Mystery • Thriller
5 2024
Listen Carefully
The Visitors Les Visiteurs
7

The Visitors (1993) IMDb Rating (7.0) / Rotten Tomatoes (31%) စစ်သူရဲကောင်းတစ်ယောက်က စုန်းမဆီက ဆေးမိသွားခဲ့ပြီး သူ့ချစ်သူရဲ့ အဖေဖြစ်သူကို ၀က်ဝံလို့ထင်ကာ သတ်မိခဲ့ပါတယ်။ ချစ်သူက လက်မခံတော့တာကြောင့် ကြံမိကြံရာနဲ့ မှော်ဆရာတစ်ယောက်စီကို သူမသတ်မိခင်အချိန်ကို ပြန်ပို့ခိုင်းပေမဲ့ အမှားအယွင်းဖြစ်ပြီး အနာဂတ်ကို ရောက်လာခဲ့အခါမှာတော့ လက်ရှိကာလက သူ့မျိုးဆက်တွေနဲ့ တွေ့ဆုံခဲ့ပြီး အတိတ်ကို ပြန်သွားနိုင်ဖို့ နည်းလမ်းရှာရပါတော့တယ်။ ကူညီမယ့်မှော်ဆရာလည်းမရှိ တိုးတက်နေတဲ့ မျက်မှောက်ခေတ်ကာလမှာ ရှေးခေတ်ကမြို့စားကြီးတစ်ယောက် ဘယ်လိုအိမ်ပြန်လမ်းရှာမလဲဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ကြည့်လိုက်ကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(3.7 GB) / (1.6 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Fantasy Duration….01:48:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phu Thet Khin

Adventure • Action • Science Fiction
7 1993 107 mins
The Visitors Les Visiteurs