YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

2 Weeks.2013.EP4.WEB-DL720P.PP.mp4

551.85 MB 720p video/mp4 1366 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Worst Person in the World
7.6

မျိုးဥနဲ့ သုက် ပေါင်းစည်း ဖြစ်တည်လာပြီးတဲ့နောက် လောကဟာ လူကိုအသက်သွင်းပေးလိုက်တယ်။ ခန္ဓာဟာ အခွံသက်သက်ပဲမို့လား။ ခံစားချက်တွေ စရှိလာတဲ့အခါ လူအသက်ဝင်လာပြီလို့ပဲ ကျွန်တော် ယူဆလိုက်ပါတယ်။ မသိခြင်းနဲ့ သိချင်စိတ်အကြား နှစ်ပေါင်းများစွာကြာပြီးတဲ့အခါ လူဟာ "ငါ ဘယ်သူလဲ"ဆိုတဲ့ မေးခွန်းကို အချိန်တွေအကြာကြီး အဖြေရှာရင်း အိုမင်းလာခဲ့ပြီ။ တွေ့ချင်လည်းတွေ့ကြမယ်ပေါ့။ မတွေ့ချင်လည်း မတွေ့ပါဘူး။ ဇာတ်ကောင်ကတော့ ၃၀ကျော်အသက်မှာ သူ့ကိုယ်သူတွေ့သွားခဲ့တယ်။ " အချစ်၏ အစနဲ့အဆုံးကို မသိသေးသော်လည်းဟန်ဆောင်သော အရပ်ဒေသတစ်ခုကို မလွဲမသွေ ဖြတ်သန်းသွားရကြောင်း ကျွန်တော် ကောင်းကောင်းသိပါသည်။ " ယုဇနမခင်ပျိုထဲတော့ ဇော်ဇော်အောင်က ဟန်ဆောင်သောအရပ်ဒေသတစ်ခုကို ဖြတ်သန်းသွားရသည်လို့ ဆိုတယ်။ ဇာတ်ကောင်ဟာ ပင်လယ်နဲ့လွင်ပြင်ကြား ဟန်ဆောင်ခြင်းတောင်တန်းကြီးခြားပြီး လွင်ပြင်ကျယ်ဆီ ဆိုက်ရောက်လာခဲ့တယ်။ ပင်လယ်ရေတွေကတော့ တစိမ့်စိမ့်။ အချိန်ကြာလာတာနဲ့အမျှ ပင်လယ်ရေတွေစိမ့်ဝင် စုစည်းများပြားလာချိန်မှာ လွင်ပြင်ဟာ လွင်ပြင်မဟုတ်တော့လေတော့ ဇာတ်ကောင်ဟာ လွင်ပြင်သစ်ဆီ ကူးဖို့ အကြောင်းဖန်လာတယ်။ ကနဦးမှာတော့ သူတုံ့ဆိုင်းမိနေပေမဲ့ အဆုံးမှာတော့ လွင်ပြင်ကျယ်သစ်ဆီ ရောက်သွားခဲ့တာပါပဲ။ အလှပဆုံးဇာတ်ဝင်ခန်းလို့ဆိုရမယ်။ လောကကို မင်းဂရုစိုက်နေတဲ့အခါ လောကကြီးက ဆက်ရွေ့လျားနေပြီး မင်းကတော့ ရပ်တန့်နေရမှာပဲ။ လောကကို မင်းဂရုမစိုက်တော့တဲ့အခါ လောကကြီးက ရပ်တန့်ပြီး မင်းကတော့ ရှေ့ဆက်နေလိမ့်မယ်။ "ငါအမှားများလုပ်သည်။ ထို့ကြောင့် ငါရှင်သန်နေသည် " လား။ " ငါရှင်သန်နေသည်။ ထိုကြောင့် ငါအမှားများလုပ်သည်" လား။ ထားပါဦး။ ဇာတ်ကောင်ဟာ မမှန်ကန်ဘူးလို့ ဆိုလို့ရမှာပါ။ တစ်ပါးသူအတွက်ပေါ့။ သူ့အတွက်တော့ သူမမှားခဲ့ပါဘူး။ မှားခဲ့သည်ရှိစေ သူ့ရဲ့သက်ဝင်ရှင်သန်လာပုံကို မြင်ရတဲ့အချိန်မှာ အပြစ်လို့လည်း မမြင်နိုင်ပါဘူး။ ဇာတ်ကောင်ဟာ အမှားပေါင်းများစွာကြား ရှင်သန်နေတဲ့ လူသားတစ်ယောက်ပါပဲ။ အမှားကို ထပ်မှားပြန်တဲ့အခါ အမှားက အမှန်ဖြစ်ပြန်ဖြစ်သွားလားတော့ မသိနိုင်ဘူးပေါ့။ မှန်ခြင်းမှားခြင်းများကို ဖယ်ထားပါဦး။ ချစ်ခြင်းဟာ ဒီလိုပါပဲ။ ဒီလိုပဲ ကျော့ဆုံးရေ ဒီလိုပဲ။ ကမ္ဘာမှာ မကောင်းဆုံးလူလို့ ကိုယ့်ကိုယ့်ကိုယ် ခံစားနေရတောင်မှပဲ ချစ်ခြင်းကို ငါတို့ မရပ်တန့်နိုင်ခဲ့ကြရပါဘူး။ တိမ်တွေပဲလွင့်လွင့် လေပြေပဲ၀င့်၀င့်၊ အဓိပ္ပာယ်ရှိခြင်း မရှိခြင်းများ၊ ရှည်ကြာခြင်း တို‌တောင်းခြင်းများ၊ ဆင်ခြင်တုံတရား မောဟများ ဘယ်လိုဘယ်ပုံပဲရှိနေပါစေ၊ ချစ်ခြင်းကတော့ တည်နေဦးမယ်။ ဇာတ်ကောင်ရဲ့ လွတ်လပ်မှုကို ဒါရိုက်တာ Joachim Trier ဟာ ကြည့်ရှုသူပါ ပါဝင်စီးမျောနိုင်အောင် ပြသွားခဲ့တယ်။ ဇာတ်ကောင်ကို မုန်းမရခြင်းမှာ ဒါရိုက်တာရဲ့ စွမ်းရည်ကို အထင်းသား မြင်နိုင်တယ်။ မျက်စိပဒေသာဖြစ်တဲ့ စီနီမာတိုဂရပ်ဖီတွေ၊ နား၀င်လွယ်တဲ့သီချင်းချိုချိုတွေ၊ သိစိတ်အလျဉ်စာရေးနည်းဆန်တဲ့ တင်ဆက်ပြသပုံတွေနဲ့ ဒါရိုက်တာဟာ ရုပ်ရှင်ကို အလှပဆုံးအသက်သွင်းထားတာပါ။ မင်းသမီးကလည်း သူ့ရဲ့ လှပလွန်းတဲ့ ဇာတ်ကောင်ကို ပုံဖော်ရာမှာ တာ၀န်ကျေခဲ့ပါတယ်။ ဒါကြောင့်လည်း ကိန်းရုပ်ရှင်ပွဲတော်ရဲ့ Best Actress ဆုကိုတောင် ဆွတ်ခူးနိုင်ခဲ့တာပါပဲ။ ရုပ်ရှင်ဟာ Joachim Trier ရဲ့ Oslo Trilogy ရဲ့ နောက်ဆုံးဘိတ်ရုပ်ရှင်ပေမဲ့ Wong Kar Wai ရဲ့ Informal Trilogy လိုပဲ တစ်ကားတည်းကြည့်လည်း အဆင်ပြေတဲ့ Trilogy မျိုးပါ။ ပုဂ္ဂလိကအမြင်အရတော့ 2021 နှစ်ထွက်ခဲ့သမျှထဲ Drive My Car ပြီးရင် The Worst Person in the World ကို သဘောအကျမိဆုံးပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.34GB, 740MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 2H 7Min Type - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Mystery • Thriller
7.6 2021 128 mins
The Worst Person in the World
Lootera
6.9

IMDb Rating(7.4) မင်းသား ရမ်ဗီးဆင်းနဲ့ မင်းသမီး ဆိုနာရှီးတို့ရဲ့ ဒီဇာတ်ကားက အချစ်ဒရမ်မာ ဟဲဗီးကြိုက်သူတွေအတွက်ဖြစ်ပါတယ်။ ရုပ်ရှင်ထဲက လေးနက်တဲ့ ဇာတ်ဝင်ခန်းတချို့မှာ သရုပ်ဆောင်ချက်ပီပြင်ဖို့အတွက် ရမ်ဗီးဆင်းဟာ သူ့ကိုယ်သူ တွယ်ချိတ်နဲ့ ထပ်တလဲလဲ ထိုးပြီး သရုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ ကြုံဖူးကြလား။ ဧည့်သည်တစ်ယောက်အဖြစ် ကိုယ့်ဘဝထဲကိုဝင်ရောက်လာ..။အတူတူသွား အတူတူစား တစ်ချို့နေရာတွေမှာ အတူတူနားဖြစ်ကြရင်းက နှလုံးသားချင်းနားလည် မျက်လုံးချင်းစကားတွေ အပြန်အလှန်ပြောပြီးမှ..။ သူ့ဘက်က (ကိုယ်ဘာအမှားမှ မလုပ်မိပါဘဲ) ရုတ်တရက်စိမ်းကားအေးစက်သွားတဲ့အခါ..။ ဒီရုပ်ရှင်ဟာ ၁၉၅၃ ကိုအခြေခံပါတယ်။ ဗာရွန်ဆိုတဲ့ ရှေးဟောင်းသုသေသနသမားကောင်လေး တစ်ယောက် မဏိပူပြည်နယ်က ရွာလေးတစ်ရွာမှာရှိတဲ့ မြေပိုင်ရှင် တစ်ယောက်ဆီကို သူတို့ရွာက ရှေးဟောင်းဘုရားကျောင်းတစ်ခုအောက်မှာ ရှေးမျိုးနွယ်စုတစ်ခုရဲ့ အမွေအနှစ်တွေရှိတယ်။ လေ့လာတူးဖော် ချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရောက်လာခဲ့တယ်။ သူ့မှာစာရွက်စာတမ်းတွေ အခိုင်အမာ စကားပြောကြည့်ရင်း သူ့အသိဉာဏ် အပြုအမူတွေကို သဘောကျလာတော့ မြေပိုင်ရှင် အဘိုးကြီးဟာ တည်းခိုခန်းကနေ သူ့အိမ်ကို ပြောင်းလာဖို့အထိ ဖိတ်ခေါ်ရင်းနှီးလိုက်မိတယ်။ ဘယ်သူစိမ်းကိုမှ မတွေ့ကြုံဖူးတဲ့ သူဌေးသမီး ရိုးရိုးလေး ပါခီဟာ သူတို့အိမ်ကို လာတည်းတဲ့ သူစိမ်းဧည့်သည် ဗာရွန်ကို နှလုံးသား တစ်ခုလုံးရင်းနှီးမိလိုက်တော့တာပါပဲ။ တကယ်တမ်းတော့ ဗာရွန်ဟာ…… ကျွန်တော်တို့ ကျောင်းမှာသင်ခဲ့ဖူးတဲ့ The last leaf ကိုပြန်ရိုက်ပါတယ်ဆိုတဲ့ ဒီဇာတ်ကားဟာ နောက်ဆုံးခန်းမတိုင်ခင်အထိ ကြိုမပြောထားရင် သိရမှာမဟုတ်ပါဘူး။ သရုပ်ဆောင် နှစ်ယောက်ကြားက ပီပြင်လွန်းလှတဲ့ chemistry ညှပ်သုံးသွားတဲ့ ရှေးသီချင်းတွေ ဇာတ်လမ်းနဲ့ လိုက်ဖက်တဲ့ ဇတ်ဝင်သီချင်းတွေအရ ကျွန်တော်တို့ မမှီလိုက်တဲ့ ခေတ် ကျွန်တော်တို့ မကြုံလိုက်ရတဲ့ အချစ်ကို နက်နက်နဲနဲခံစားစေရမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားတာပါ။) File size…(1.7 GB) / (660 MB) Quality….WEB-DL 1080p HEVC /720p Format…mp4 Duration….02:18:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Crime • Drama • History
6.9 2013 136 mins
Lootera
Rebel Without a Cause
7.6

IMDb Rating (7.3) / Rotten Tomatoes (93%) James Dean ကို နှုတ်ခမ်းကြား ဆေးလိပ်ညှပ်ထားတဲ့ ခပ်မိုက်မိုက်ကောင်လေးအဖြစ် ပိုစတာပုံလေးတွေလောက်တော့ မြင်ဖူးကြမှာပါ…. သူဟာ လူငယ်ပရိတ်သတ်တွေရဲ့ Icon အဖြစ် ၁၉၅၅ ခုနှစ်ဝန်းကျင်က ဟောလိဝုဒ်မှာ တဟုန်ထိုးအောင်မြင်ခဲ့ပြီး အသက် ၂၄ နှစ်အရွယ်မှာပဲ ယာဉ်မတော်တဆမှုနဲ့သေဆုံးခဲ့ရတဲ့ လူတိုင်းကနှမြောရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်… ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊ လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သူ့ဘဝသက်တမ်းတိုတိုလေးမှာ ရုပ်ရှင်ကားကြီး ၃ ကားသာ ရိုက်ကူးခဲ့ရပြီး Rebel Without a Cause (1955) ကတော့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံးဇာတ်ကား East of Eden (1955) ကိုတော့ တင်ဆက်ပြီးသားဖြစ်ပါတယ်။ သူ့ရဲ့နောက်ဆုံးဇာတ်ကား Gaint (1956) ကိုတော့ အခွင့်ကြုံရင် တင်ဆက်ပါဦးမယ်။ ယခုဇာတ်လမ်းလေးမှာလဲ ဆယ်ကျော်သက် ခေတ်လူငယ်တွေ ကြုံရလေ့ရှိတဲ့ စိတ်ခံစားချက်တွေ ပြဿနာတွေကို ကွင်းကွင်းကွက်ကွက် ပုံဖော်ရိုက်ကူးထားတယ် ဇာတ်လမ်းကတော့… အချိန်တိုင်း တကျက်ကျက် စကားများနေကြတဲ့ မိဘ… တစ်ခုခုဆို ပြဿနာကိုရှောင်ပြေးပြီး အိမ်ခဏခဏပြောင်းတဲ့ အမေနဲ့ မယားကြောက်အဖေကို အားမလိုအားမရဖြစ်နေတဲ့ ဂျင်မ်… အပျိုဖော်ဖြစ်လာတော့ အရင်လို ကြင်ကြင်နာနာ မဆက်ဆံတော့တဲ့ အဖေရဲ့အာရုံစိုက်မှုကို သိပ်လိုချင်ရှာတဲ့ ဂျူဒီ… ကလေးဘဝကတည်းက အဖေ စွန့်ပစ်တာ ခံရပြီး အမေရဲ့ ဂရုစိုက်ခြင်းကို လုံးဝမခံရ အိမ်ဖော်မိန်းမကြီးနဲ့ပဲ အတူနေရတဲ့ ပလေတို… သူတို့ ၃ယောက်လုံးဟာ ပြဿနာကိုယ်စီနဲ့ ရဲစခန်းတစ်ခုမှ စဆုံမိကြတယ် နောက်နေ့ ကျောင်းစဖွင့်ချိန်မှာလည်း တစ်ကျောင်းတည်း အတူတက်ရပြန်တယ် ပလေတိုဟာ ဂျင်မ်နဲ့ သူငယ်ချင်းဖြစ်ဖို့ ကြိုးစားသလို ဂျင်မ်ကလည်း ဂျူဒီကို စိတ်ဝင်စားနေပြန်တယ်… ဂျင်မ်နဲ့ ဂျူဒီ စကားစမြည်ပြောရင်း သူမဟာ သူငယ်ချင်းအုပ်စုလို့ခေါ်တဲ့ အပေအတေ လူငယ်လေးတွေနဲ့ပဲ အချိန်ဖြုန်းလေ့ရှိတယ် သူတို့အုပ်စုနဲ့ ဂျင်မ်နဲ့ ညှိသွားကြချိန်မှာတော့ ကံကြမ္မာ အပြောင်းအလဲ တစ်ခုနဲ့ သူတို့ ၃ယောက်ကြား ဘာတွေဆက်ဖြစ်မယ်ဆိုတာ…..။ James Dean ရဲ့ ငယ်မူငယ်သွေးအပြည့်အဝနဲ့ ထီမထင် ခပ်ရွဲ့ရွဲ့ လူငယ်စတိုင်ကို သတိတရပြန်လည်မြည်းစမ်းကြပါဦးလို့။ (4K Quality ကို HDR version နဲ့တင်ဆက်ထားတာမလို့ HDR ကြည့်ရှုနိုင်တဲ့ VLC ကဲ့သို့ player များနဲ့ကြည့်မှသာ ကာလာစုံဖြစ်ရမှာဖြစ်ပြီး 1080p နဲ့ 720p ကိုတော့ ဘာနဲ့ကြည့်ကြည့်အဆင်ပြေမှာဖြစ်ပါတယ်။)

7.6 1955 111 mins
Rebel Without a Cause
WALL·E
8.4

ဒီတစ်ခါတော့ IMDb Rate 8.5 အထိရရှိထားတဲ့ Animated Film လေးတစ်ခုမိတ်ဆက်ပေးချင်ပါတယ် ကာတွန်းကားကိုကလေးတွေပဲကြည့်တဲ့ကားလို့ပြောတဲ့ခေတ်ကုန်ခဲ့ပါပြီ… ကာတွန်းကားတိုင်းကိုတော့မဆိုလိုပါ… ကမ္ဘာကျော် Animation ကုမ္မဏီတွေက နှစ်စဉ်အောင်မြင်မှုတွေများစွာရတဲ့ Animation ရုပ်ရှင်တွေကို အမြဲထုတ်ပေးခဲ့ပြီး အောင်မြင်ခဲ့တဲ့ရုပ်ရှင်တွေမှာလည်းပေးချင်တဲ့ Messageရည်ရွယ်ချက်တွေ..အများကြီးတွေ့ရပါတယ်.. ယူတတ်ရင်သင်ခန်းစာတောင်ရပါသေးတယ် ဥပမာပြောရမယ်ဆိုရင် Up ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်း ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့ မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။ ဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲက တင်ဆက်ပုံကောင်းကောင်းနဲ့ ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်…. အခုဒီ Wall-E ဆိုတဲ့ Animated Film ဟာ..2008 ခုနှစ်မှာထွက်ရှိခဲ့ပါတယ်.. IMDb မှာ Rating က 8.5/10 ထိရရှိထားပါတယ် Pixar၏ သမားရိုးကျ ဇာတ်လမ်းများမှ အသိသာဆုံး ခွဲထွက်ခဲ့သည့်WALL-Eသည် ထုတ်လုပ်မှု ကုန်ကျ စရိတ် ဒေါ်လာ သန်း(၁၈၀)ထိ ရှိခဲ့ပါတယ် ယင်းဇာတ်ကားသည် ကမ္ဘာမြေပေါ်မှ ညစ်ညမ်းမှုများကို လိုက်လံသန့်ရှင်းရန် ဒီဇိုင်းထုတ် ဖန်တီးထားတဲ့ အထီးကျန် စက်ရုပ်လေး၏ စွန့်စားခန်းကို ပုံဖော်ထားခြင်း ဖြစ်ပါတယ်.. ဇာတ်ကားအစ မိနစ်(၄၀)ခန့်ထိ ထူးခြားသော တင်ဆက်ပုံများကို တွေ့မြင်နိုင်ပြီး အပြန်အလှန် စကားပြောဆိုမှုပင် အလွန်နည်းပါးခဲ့တာကိုတွေ့ရပါမယ်..။ အစဉ်အလာဟောင်းများကို တော်လှန်ခဲ့သည့် Pixar ၏ ဇာတ်ကားသည် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ဒေါ်လာ သန်း(၅၂၀)ကျော်ထိ ရုံဝင်ကြေး ရရှိခဲ့ပါတယ်.. ယင်းဇာတ်ကားသည် အကယ်ဒမီ ဆုပေးပွဲတွင် ကဏ္ဍအတော်များများအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ထူးခြားမှု တစ်ရပ်အဖြစ် WALL-Eသည် TIME မဂ္ဂဇင်း၏ ဆယ်စုနှစ်အတွင်း အကောင်းဆုံး ရုပ်ရှင်များ စာရင်း၌ နံပါတ်(၁)နေရာ၌ သတ်မှတ်ခံခဲ့ပါတယ်.. ဒီလောက်ဆိုရင်ညွှန်းတာတော်လောက်ပါပြီ.. ဆက်လက်ခံစားကြည့်ရှုကြပါ File Size : (2.95 GB & 1.41 GB & 759 MB) Quality : Blu-Ray 4k & 1080P & 720P Running Time : 1hr 38min Format : Mp4 , MKV Genre :Animation, Adventure, Family Subtitle : Burmese Translated by : JimX Encoded by : Thit San Khant

Action
8.4 2008 98 mins
WALL·E
The Wings of the Dove
7.1

The Wings of the Dove (1997) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ မီလီ – “ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဆက်တိုက်ကို လွဲနေကြတယ်ထင်ပါရဲ့… ရှင်က တခြားလမ်းကို သွားလိုက်တဲ့အချိန် ကျွန်မက လမ်းချိုးကို ကွေ့လိုက်မိသလိုမျိုးပေါ့” မာတွန် – “ကိုယ်လည်း အဲ့ဒီလိုတွေးမိလို့ တစ်နေရာတည်းမှာပဲ နာရီနဲ့ချီပြီး နေ,နေခဲ့သေးတာ” မီလီ – “ဒါနဲ့တောင် ကျွန်မတို့အချင်းချင်း မတွေ့နိုင်ကြဘူးနော်” “ငါတို့ဟာ ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။” မဟုတ်တော့ဘဲ မီလီရေ ကိုယ်တို့ ဘယ်ရထားမှာ လွဲခဲ့လဲပေါ့။ တစ်ခါလွဲရင် ဘယ်လောက်ကြာမလဲဆိုတာကတော့… ဇာတ်လမ်အကျဉ်းလေးကို ပြောဖို့လိုလာပါပြီ။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်ကတော့ ကိတ်ဆိုတဲ့ မိန်းကလေးပါ။ ကိတ်ရဲ့ မိခင်ဖြစ်သူဟာ ဆွေကြီးမျိုးကြီး လူကုံထံအသိုင်းအဝိုင်းကဖြစ်ပေမယ့် အရာအားလုံးကို စွန့်လွှတ်လို့ ကိတ်ရဲ့ဖခင်ဖြစ်သူ နင်းပြားဘိန်းစွဲနဲ့ အကြောင်းပါပြီး ကိတ်လေးကို မွေးခဲ့ကာ ဆင်းရဲရာဘဝမှာ သက်ဆိုးမရှည်နိုင်ခဲ့ရှာပါဘူး။ ဒီလိုနဲ့ ကိတ်လေး အရွယ်ရောက်လာချိန်မှာတော့ သူ့အမေ စွန့်လွှတ်ခဲ့တဲ့ လူကုံထံဘဝကို ပြန်သွားဖို့ အခွင့်အရေးပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ အဒေါ်ဖြစ်သူက ကိတ်လေးကို “အားလုံးကို အဆက်ဖြတ်ပစ်ရမယ်” ဆိုတဲ့ ကတိတစ်ခုနဲ့အတူ မိသားစုထဲ ပြန်ခေါ်ပြီး ရှိသင့်တဲ့စည်းစိမ်ဥစ္စာနတွေကို အမွေပြန်ဆက်ခံစေဖို့ ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။ အဆက်ဖြတ်ပစ်ရမယ့်အရာထဲမှာ ဘိန်းစားဖခင်ကြီး ပါသလို အသပြာမဲ့ စာနယ်ဇင်းသမား ချစ်သူလည်းပါနေပါတယ်။ ကျောမွဲ သတင်းသမားတစ်ယောက်ဟာ ဆွေကြီးမျိုးကြီးက မိန်းမငယ်တစ်ယောက်အတွက် ခင်ပွန်းလောင်း ဖြစ်မလာနိုင်ပါဘူး။ ကိတ်ဟာ သူ့အမေလိုပဲ အရာအားလုံး စွန့်လွှတ်ပြီး ချစ်သူဆီ ပြန်သွားရင်သွား၊ မဟုတ်ရင် သူ့ချစ်သူဟာ သူနဲ့အခြေတူအောင် ချမ်းသာလာဖို့ လိုလာတာပါပဲ။ ဒီလိုအကြပ်ရိုက်နေတုန်းမှာပဲ ကိတ်ဟာ မီလီလို့ခေါ်တဲ့ ရောဂါသည် သူကြွယ်မလေးနဲ့ ခင်မင်ခွင့်ရလိုက်ပါတော့တယ်။ မီလီဟာတော့ သူ့ကျန်းမာရေးကလွဲလို့ သူ့ဘဝသူ သေချာပိုင်သူမို့ ချစ်ရသူဟာ အဆင့်မတူလည်း မေတ္တာသာကြည်ဖြူရင် တူ၂ကိုယ်ပေါင်းဖို့ ဝန်မလေးဘူးဆိုတဲ့ အချစ်ကို ရဲရဲဝံ့ဝံ့ရှေ့တန်းတင်တဲ့မိန်းကလေးမျိုးပါ။ လူလည်းလှသလောက် ဦးနှောက်လည်းကြီးတဲ့ ကိတ်ဟာ မီလီ့ရဲ့ချစ်ခြင်းကို အခွင့်ကောင်းယူပြီး သူ့ချစ်သူနဲ့ သူနဲ့ပေါင်းနိုင်ဖို့ ဇာတ်ကွက်တစ်ခုကို စပြီးခင်းပါတော့တယ်။ အော်စကာတို့ ရွှေကမ္ဘာလုံးဆုတို့အတွက် ဆန်ကာတင်ဝင်ခဲ့ဖူးတဲ့ တစ်ခေတ်တစ်ခါက ကားကောင်းတစ်ကားပါ။ နာမည်ကျော် စာရေးဆရာကြီး Henry James ရဲ့ ဝတ္ထုကို ပြန်ရိုက်ထားတာပဲ ဖြစ်ပါတယ်။ ကြေးငွေဓနကလွဲလို့ အားလုံးပြည့်စုံနေတဲ့ စုံတွဲနဲ့မေတ္တာကလွဲလို့ အားလုံးကို ဆက်ခံရရှိထားတဲ့ သူကြွယ်မလေးပေါ့… ကိတ်ကတော့ ပြောပါတယ်… “သူ ပြုံးလိုက်တိုင်းမှာ ကျွန်မက ရှင့်ကို ပိုချစ်မှန်းသာ သတိရပါ” တဲ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 845MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 42Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

7.1 1997 102 mins
The Wings of the Dove
My Wife Is a Gangster 3
6.4

My Wife Is a Gangster 3 (2006) မှာတော့ ရှေ့ကထွက်ရှိခဲ့တဲ့ ကိုရီးယားမင်းသမီး Eun-Kyung Shin ရဲ့ ဇာတ်ကားတွေနဲ့ မဆက်စပ်တော့ပါဘူး။ ဒီတစ်ခါ ဂိုဏ်းစတားမလေးကတော့ တရုတ်မင်းသမီးလေး ရှုကြည် Shu Qi ပါ။ မင်းသားကတော့ ကိုရီးယားက တလွဲကောင်ဖြစ်ပြီး သူ့ရဲ့လက်ထောက် လူမိုက်တလွဲကောင်တွေနဲ့ ရှယ်ရီနေရပါတယ်။ မင်းသမီးရှုကြည်က တရုတ်လိုပဲရတော့ တရုတ်-ကိုရီးယား ဘာသာပြန်ငှားရပြီး ငှားလိုက်တဲ့ ဘာသာပြန်ကလဲ တကယ့်ထွန်းထွန်းပေါက်ပေါက်မလို့ အလွဲလွဲအချော်ချော်တွေနဲ့ mission တွေကို ချီတက်ကြမှာပါ။ ဒီဇာတ်ကားက My Wife is a Gangster ဇာတ်ကားတွေထဲမှာ အရယ်ရဆုံးဇာတ်ကားဖြစ်ပြီး ဒရမ်မာဖက်မှာတော့ ရှေ့ကကားတွေလောက် မဖိစီးထားပါဘူး…အက်ရှင်ဟာသဖက်ပိုသွားပါတယ်။ Sequel အဖြစ်ထွက်ရှိခဲ့ပေမယ့် မတူကွဲပြားတဲ့တင်ဆက်မှုတွေကြောင့် IMDb Rating (6.4) ထိ ရရှိအောင်မြင်ခဲ့ပါတယ်။ ****My Wife is a Gangster ရုပ်ရှင်ကားတွေက ၃ ကားထွက်ရှိထားပြီး https://channelmyanmar.to/?s=my+wife+is+a+gangster မှာကြည့်ရှုနိုင်ပါတယ်။***

6.4 2006 115 mins
My Wife Is a Gangster 3
The Thin Red Line
7.6

The Thin Red Line (1998) IMDb Rating (7.6) / Rotten Tomatoes (80%) ဒီရုပ်ရှင်ကားကြီးကတော့ သရုပ်ဆောင်ပေါင်းများစွာနဲ့ စစ်ပွဲရဲ့အနိဌာရုံအကြောင်းတွေကို အသေးစိတ်အနုစိတ်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဂန္တဝင်ရုပ်ရှင်စစ်ကားကြီးဖြစ်ပါတယ်….. ကံဆိုးတာကတော့ တွမ်ဟန့်ရဲ့ Saving Private Pyan (1998) ရုပ်ရှင်ကားနဲ့တစ်နှစ်တည်းထွက်ခဲ့တာကြောင့် အော်စကာဆုတစ်ဆုမှမရခဲ့ဘဲ စကာတင်အဆင့်နဲ့တင်ကျေနပ်ခဲ့ရပြီး အခြားဆုပေးပွဲတွေမှာပဲ Won ခဲ့ရပါတယ်… ဒါပေမယ့် တချို့ဆိုရင် ဒီရုပ်ရှင်ကားကြီးကို Saving Private Pyan ထက် ပိုကြိုက်ခဲ့ကြပြီး အေးအေးလေးလေးခံစားတတ်သူများအဖို့တော့ TTRL က ခံစားစီးဝင်ဖို့ သိပ်ကောင်းတဲ့ရုပ်ရှင်ကားကြီးပါ….ရုပ်ရှင်ပြသချိန်ကလဲ ၃ နာရီလောက် ကြာရှည်ပြီး ကြည့်ရင်းကြည့်ရင်း ကိုယ်ပါရုပ်ရှင်ထဲရောက်ရှိသွားသလို နစ်မြောသွားမှာပါ။ TTRL ရဲ့ဇာတ်ကြောင်းကတော့ Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) စတဲ့နာမည်ကြီးစစ်ကားတွေလိုပဲ ရန်သူရဲ့ အဓိက အခြေချတပ်စွဲထားတဲ့နေရာတွေကို အသက်စွန့်ပြီး ဝင်သိမ်းတာကို အခြေပြုရိုက်ကူးထားပါတယ်… ဒီလိုခြေကုတ်ယူထားတဲ့နေရာဆိုတာနဲ့ ရန်သူက မိမိကို ရာနှုန်းပြည့် ပစ်ကွင်း မြင်ကွင်း အရာအားလုံးကို အသာစီးရနေပါတယ်…… ဒါ့ကြောင့် အဲ့ဒီနေရာလေး တစ်နေရာ ရဖို့အရေး အလောင်းတွေ တောင်လိုပုံခဲ့ရတာကို အနိဌာရုံတွေအဖြစ်မြင်တွေ့ကြရမှာပါ…. The Thin Red Line(1998) ဟာလည်း ဂျပန်တွေ သိမ်းထားတဲ့ ပစိဖိတ်စစ်မြေပြင်ရှိ Guadalcanal အရပ်က အော်စတန်တောင်ကုန်းကို အမေရိကန်တို့ ပြန်လည်သိမ်းယူတဲ့တိုက်ပွဲကို အဓိကထား ရိုက်ကူးထားတာပါ…. အော်စတန်တောင်ကုန်းက ကျယ်တဲ့အပြင် ချိုင့်ဝှမ်းတွေ ချုံတွေ များပြားလွန်းပါတယ်…ဂျပန်တွေဆိုတာကလည်း လာရောက်သိမ်းမယ့် အမေရိကန်တို့ရန်ကို ကြိုသိနေလို့ အခိုင်အမာ ခံစစ်ပြင်ဆင်ထားပါတယ်… ဒီစစ်ကားကိုမကြည့်ခင် ခင်ဗျားဟာယောင်္ကျားလေးတစ်ယောက်ဆိုရင် ကော်ဖီ၊ ဆေးလိပ်၊ ပြာခွက် ၊တစ်ရှူးစတာတွေကိုယူထားပါ…မိန်းကလေးဆိုရင်တော့ ဝါးရင်အသံမမည်တဲ့ အစားအစာမျိုး နဲ့ တစ်ရှူးကိုကြိုယူထားပါ…ဘာလို့ဆို ဇာတ်လမ်းစပြီး ၁၅မိနစ်မှာလောက်ကထဲက ဂျပန်တွေ အခြေချထားတဲ့ တောင်ကုန်းကို သွားသိမ်းတဲ့စစ်ကြောင်းနဲ့အတူ ခင်ဗျားဟာ မြောပါသွားလိမ့်မယ်… အမြှောက်ဆံတဝုန်းဝုန်း သေနတ်သံ တဒိုင်းဒိုင်းနဲ့ တကယ့်စစ်ပွဲထဲကို ကိုယ်တိုင်ရောက်နေသလိုမျိုးနဲ့ ဘယ်အချိန်များ ကျည်ဆံဖျားမှာ အသက်ပါသွားမလဲ….ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပါ။ တစ်ဖက်နဲ့တစ်ဖက်ရန်သူတွေလိုတိုက်နေပေမယ့် ဘာအတွက်တိုက်နေကြတာလဲဆိုတဲ့ ဝိဝါဒတွေနဲ့ တင်ဆက်ပုံရော ဇာတ်ကြောင်းရော သရုပ်ဆောင်တွေရော လုံးဝကို ဂန္တဝင်ဖြစ်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Megumi မှ တင်ဆက်ထားပါတယ်။)

TV Movie • Romance • Drama
7.6 1998 171 mins
The Thin Red Line
Bridgend
5.5

၂၀၀၇ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တုန်းကဘရစ်ဂျန့်ဆိုတဲ့ မြို့တစ်မြို့မှာ လူငယ်အနည်းဆုံး ၂၆ ခန့်ကကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့ကြတဲ့ဖြစ်ရပ်မှန်တစ်ခုရှိပါတယ်။ ပိုထူးဆန်းတာကတော့ အဲ့လိုသေကြောင်းကြံတဲ့ လူငယ်တွေအားလုံးထဲမှာတစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေအားလုံးဆွဲကြိုးချသေခဲ့ကြတာပါပဲ။ ရဲတင်ပြချက်တွေအရတော့ သေကြောင်းကြံတဲ့ ဂိုဏ်းတစ်ခုကို အပြစ်တင်ရမယ်ဆိုပေမဲ့ တကယ်တမ်း အမှုတွေနဲ့ ဆက်စပ်နေတဲ့သက်သေတွေကိုတော့ မတွေ့ခဲ့ ကြပါဘူး။အခုတင်ဆက်ပေးမဲ့ Bridgend ဆိုတဲ့ ဇာတ်ကားကအဲ့ဒီအဖြစ်အပျက်ကိုပဲအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။IMDb Rating 5.4 နဲ့ နိုင်ငံတကာကပေးအပ်ထားတဲ့ရုပ်ရှင်ဆုများစွာလည်း ရရှိခဲ့ပြီး အဲ့ဒီဖြစ်ရပ်မှန်ကိုသည်းထိပ်ရင်ဖိုပုံစံလေး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဆာရာဆိုတဲ့ ကောင်မလေးက အဖေဖြစ်သူနဲ့ အတူတူဘရစ်ဂျန့်မြို့ကို ပြောင်းရွှေ့လာခဲ့ပြီး အဲ့ဒီမြို့က ကျောင်းမှာပဲ သွားတက်ရောက်ခဲ့ပါတယ်။ အဲ့ဒီကျောင်းမှာဆာရာက ဂျိန်းမီဆိုတဲ့ကောင်လေးနဲ့ သူ့အဖွဲ့တွေနဲ့ အဖွဲ့ကျသွားခဲ့ကြပြီး။ရေကန်ထဲ ကိုယ်တုံးလုံး ရေဆင်းချိုးတာတွေအပြင် တခြားသောလူငယ်ဘ၀ ပေါက်ကရတွေများစွာလည်း အတူတူလုပ်ခဲ့ကြပြီး ပျော်ရွှင်နေခဲ့ကြပါတယ်။အဲ့လိုပျော်ရွှင်နေတာတွေက တစ်နေ့မှာတော့ အားလုံးအတွက် ပျောက်ကွယ်သွားတော့ ပါတယ်။ဘာလို့လဲဆိုတော့ သူတို့အဖွဲ့ထဲက ကောင်လေး တစ်ယောက်က ဆွဲကြိုးချပြီးသေသွားတဲ့ သတင်းကို ကြားလိုက်ရလို့ပါပဲ။ဒါပေမယ့်လည်း လူငယ်ပီပီပဲ ခဏကြာတော့ မေ့ပျောက်သွားခဲ့ပြီး အရင်လိုပဲပြန်ကဲ နေခဲ့ပါတယ်။ကဲလို့မကြာသေး သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက်ဆွဲကြိုးချပြီးသေကြောင်းကြံ နေကြတဲ့အခါမှာတော့ ဆာရာတို့လည်း ကြောက်လန့်လာပြီး အဲ့လိုဖြစ်ရပ်ဆိုးတွေကြားမှာ ရှင်သန်အောင်ဘယ်လို ကြိုးစားကြမယ်ဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.61GB / 635MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2015 104 mins
Bridgend
Clickbait: Unfollowed
5.2

ဆိုရှယ်ပလက်ဖောင်းတစ်ခုရဲ့ တီထွင်သူတစ်ဦးက နယ်ပယ်အသီးသီးမှာ followers 250k စီရှိတဲ့ Influencers ငါးယောက်ကို အိမ်ကြီးတစ်ခုထဲမှာ ဂိမ်းလာကစားဖို့ ဖိတ်ကြားလိုက်ပါတယ်။ သူချပေးတဲ့ ခေါင်းစဉ်နဲ့အညီ contents တွေကို မြန်မြန်ဆန်ဆန် ဗီဒီယိုရိုက်တင်ကာ ပြိုင်ဆိုင်ရတာဖြစ်ပြီး အိမ်ကြီးထဲကနေ အနိုင်ရသူတစ်ဦးတည်းကသာ ထွက်သွားနိုင်မှာဖြစ်ပါတယ်။ လာရောက်ပြိုင်ဆိုင်တဲ့ Influencers ငါးယောက်ထဲက ဘယ်သူက အနိုင်ရပြီး ဘယ်သူတွေကတော့ ကြောက်မက်ဖွယ် ပြစ်ဒဏ်တွေကို ခံရမလဲဆိုတာကို ဆက်လက်မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:30:00 Genre… Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

5.2 2024 90 mins
Clickbait: Unfollowed
Coffee With A Killer

Coffee with A Killer (2025) “လူသတ်သမားနဲ့ အတူသောက်မိတဲ့ ကော်ဖီတစ်ခွက်” ကော်ဖီဆိုင်ဆိုတာ လူမျိုးစုံက အကြောင်းပေါင်းစုံနဲ့ လာတတ်တဲ့နေရာမျိုးပါ။ ကော်ဖီဆိုင်တစ်ဆိုင်မှာထိုင်ရင်း လူတွေအကြောင်းလေ့လာကြည့်မယ်ဆိုရင် ဇာတ်လမ်းပေါင်းစုံကို တစ်နေရာတည်းမှာ တွေ့ရတတ်ပါတယ်။ ဒီလိုပါပဲ… ဒီဇာတ်လမ်းကလည်း ကော်ဖီဆိုင်တစ်ဆိုင်ကို အခြေခံပြီး ဇာတ်ကောင်မျိုးစုံကို ဖန်တီးထားမို့ ကြည့်နေကျပုံစံနဲ့ နည်းနည်းကွဲပြားနေမှာတော့ အမှန်ပဲ။ ‌ဇာတ်လမ်းထဲက ကော်ဖီဆိုင်မှာတော့ မန်နေဂျာဖြစ်သူက မြာပွေပြီး တစ်ချိန်လုံး ဖုန်းနဲ့ကြူနေတဲ့သူပေါ့။ ကော်ဖီဆိုင်တွေရဲ့ထုံးစံအတိုင်း စုံတွဲတွေ၊ အလုပ်ကိစ္စရှိသူတွေအပါအ၀င် လူပေါင်းစုံ လာနေတဲ့ထဲမှာ ထူးခြားတဲ့သူတစ်ယောက် ပါလာပါတယ်။ အဲဒါကတော့ ကြေးစားလူသတ်သမားတစ်ယောက်ပါ။ ဘယ်သူကမှတော့ လူသတ်သမားတစ်ယောက်နဲ့ တစ်ဆိုင်တည်း ကော်ဖီထိုင်သောက်ရမယ်လို့ တွေးကြည့်ဖူးမယ်တောင် မထင်ပါဘူး။ ပိုဆိုးတာက အဲဒီလူသတ်သမားဟာ ကော်ဖီဆိုင်ကို လူသတ်ဖို့ရောက်လာတဲ့ အဖြစ်ပါပဲ။ သူသတ်ရမဲ့သူဟာ ကော်ဖီဆိုင်ထဲမှာ ရှိနေပါတယ်။ အဲဒီလိုနဲ့ သူသတ်ရမဲ့သူက ဘယ်သူဖြစ်နေမလဲ၊ လူသတ်သမားရောက်နေတဲ့ ကော်ဖီဆိုင်က ဇာတ်လမ်းပေါင်းစုံကြားမှာ ဘယ်လိုဇာတ်ရှုပ်တွေ ဖြစ်လာဦးမလဲဆိုတာဟာသလေးတွေပါနှောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

Animation • Comedy • Family • Mystery
0 2025
Coffee With A Killer
Exposed
5.8

၂၀၁၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ မသိသူမရှိ John Wick မင်းသားကြီး Keanu Reeves နဲ့ ကျူးဘားသူမင်းသမီး ချောလေး Ana de Armas တို့ရဲ့ ဇာတ်ကားဟောင်းလေး ဖြစ်တဲ့ Exposed ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက် ပေးလိုက်ပါတယ်။ဇာတ်ကားအမျိုးအစားကိုပြောရ ရင်တော့ မှုခင်းလျှို့ဝှက်ဆန်းကြယ်အမျိုးအစားဖြစ်ပြီး သရုပ်ဆောင်တော်တော်များများကလည်း နာမည်ကြီးတဲ့ အပြင် ဇာတ်ညွှန်းလေးကလည်း စိတ်ဝင်စားစရာကောင်းတဲ့ အတွက် အတိတ်ကိုပြန်လည်လွမ်းဆွတ်ရင်း ဇာတ်လမ်း ကောင်းလေးတွေပြန်ကြည့်ချင်တဲ့သူတွေအတွက်တော့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းဘယ်ကစလဲဆိုရင်တော့ စကော့ဆိုတဲ့စုံထောက်ရဲ့ တွဲဖက်စုံထောက်တစ်ယောက် ရထားဘူတာမှာ ဓားထိုး အသတ်ခံရာကနေစတာပါပဲ။ဘယ်သူတွေလုပ်သွားသလဲ ဆိုတာ အရိပ်အယောင် အစအနတောင်မသိရဘဲ အဲ့ဒီ စုံထောက်ကိုယ်ပေါ်က ကင်မရာတစ်လုံးကိုသာ သဲလွန်စ အနေနဲ့တွေ့ခဲ့ရပါတော့တယ်။အဲ့ဒါကြောင့် စကော့က သူ့တွဲဖက်ကိုသတ်သွားတဲ့လူကိုသိရဖို့အတွက် အဲ့ဒီကင်မရာ ထဲမှာတွေ့တဲ့ ဓာတ်ပုံတွေထဲကအတိုင်း လိုက်စုံစမ်းပါ တော့တယ်။ဒါပေမယ့် ဖြစ်ချင်တော့ သူ့တွဲဖက်ကိုယ်တိုင် ကလည်း စံပြရဲမဟုတ်ဘဲ မူးယစ်ဆေးရောင်းတဲ့လူတွေ ဆီကနေ ငွေညှစ်တာတို့ ရဲတစ်ယောက်နဲ့မကိုက်ညီတဲ့ အပြုအမူတွေလုပ်ခဲ့တဲ့လူဖြစ်တဲ့အတွက် သူ့ကိုကြုံးချင် တဲ့လူတွေကလည်း ခပ်များများဖြစ်နေတော့ စုံစမ်းစစ်ဆေး ရတာတိုင်ပတ်နေခဲ့ပါတော့တယ်။ ဒီလိုနဲ့ စုံထောက်ကြီးစကော့ လိုက်လံစုံစမ်းရင်း သူ့တွဲဖက် အတွက် အမှန်တရားကိုဖော်ထုတ်ပေးသွားနိုင်မလား အမှန်တရားဆိုတာဖော်ထုတ်တိုင်းရော ကောင်းပါ့မလား ဆိုတာကို ရှုစားရမဲ့ Old But Gold ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ File size… (1 GB) / (539 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre …..Crime , Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2016 102 mins
Exposed
Sneaks
3.8

Sneaks (2025) ဒီဇာတ်ကားလေးကတော့ Sneaker ချစ်သူတွေ ဖြစ်ကြတဲ့ Sneakerhead တွေဆို ပိုလို့တောင်အကြိုက်တွေ့ဦးမယ့် Animation ကားလေးဖြစ်ပါတယ်။ တစ်နှစ်တစ်ခါ SneakerHead တွေစုပြီး ကျင်းပတဲ့ SneakerHead Gala ဆိုတဲ့ပွဲတစ်ခုရှိပါတယ်။ ဒီတစ်နှစ်ပွဲမှာတော့ အက်ဆွန်ဆိုတဲ့ ဘတ်စကတ်ဘောဝါသနာရှင် ဖိနပ်ချစ်သူ တစ်ယောက်လည်းဖြစ်တဲ့ အက်ဆွန်ဆိုတဲ့ကောင်လေးကလည်း သွားပါတော့တယ်။ ဒီပွဲမှာတော့ နာမည်ကြီးဘတ်စကတ်ဘောကစားသမားဟောင်းလည်းဖြစ် ကိုယ်ပိုင်ဖိနပ်တွေကိုထုတ်နေတဲ့ Chris Paul ကနေပြီး ဒီပွဲအတွက် သီးသန့်အနေနဲ့ Alchemy 24 ဆိုတဲ့ ဖိနပ်တစ်ရံကို မဲဖောက်ပေးပါတယ်။ ပွဲထဲမှာ ဖိနပ်စုဆောင်းတဲ့သူ အကြီးစားကြီးတွေကလည်း ဒီဖိနပ်အတွက်ရောက်လာကြပါတော့တယ်။ ဖြစ်ချင်တော့ အက်ဆွန်က ဒီဖိနပ်ကိုမဲပေါက်သွားပြီး ပိုင်ဆိုင်သွားတဲ့အခါမှာ ဖိနပ်စုဆောင်းတဲ့လူကြီးက အက်ဆွန့်ဆီကနေ လိုက်ဝယ်ပါတော့တယ်။ လိုက်ဝယ်လို့မရတဲအခါ်မှာတော့ သူက ဖိနပ်ကို ရတဲ့နည်းနဲ့ယူပါတော့တယ်။ ဒါက ဇာတ်လမ်းအညွှန်းသာဖြစ်ပြီး ဒီဇာတ်လမ်းရဲ့တကယ်ထူးခြားချက်ကတော့ ဖိနပ်တွေရဲ့ POV ကနေ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဖိနပ်လေးတွေအကုန်လုံးက ကိုယ်ပိုင်အတွေးအမြင်တွေရှိနေတဲ့ လူတစ်ယောက်လိုမျိုး ပုံဖော်ထားပါတယ်။ အက်ဆွန်အနိုင်ရသွားတဲ့ Alchemy24 ဖိနပ်တွေကလည်း တိုင်ဆိုတဲ့တစ်ဖက်နဲ့ မက်စင်းဆိုတဲ့ တစ်ဖက်ရှိနေပါတော့တယ်။ တိုင်ကတော့ သီးသန့်ထုတ်ထားတဲ့ဖိနပ် ဖြစ်တာကြောင့် အလှပြခံချင်နေတဲ့ကောင်လေးဖြစ်ပြီး မက်စီကတော့ သူတို့ကို တကယ့်လူတော်တစ်ယောက်က စီးနင်းပြီး အောင်မြင်မှုရစေနေချင်သူပါ။ အဲ့လိုနဲ့ ဖိနပ်ကို လာခိုးတဲစုဆောင်းသူဆီကနေ တိုင်နဲ့ မက်စင်းတို့နှစ်ယောက်က ထွက်ပြေးကြရင်း ကွဲကုန်ကြပါတော့တယ်။ သူ့ကိုယ်သူအထူးထုတ်လုပ်မှုပါဆိုပြီး ဂုဏ်မောက်နေတဲ့တိုင်တစ်ယောက် လမ်းဘေးရောက်သွားပါတော့တယ်။ တိုင်တစ်ယောက် လမ်းဘေးကနေ သူ့ရဲ့နောက်တစ်ဖက်ဖြစ်တဲ့ မက်စင်းဆီကို ဘယ်လိုပြန်လာနိုင်မလဲဆိုတာကို ဖိနပ်လေးတစ်ဖက်ရဲ့ ကြိုးစားအားထုတ်မှုအဖြစ် ကြည့်ရှုကြရမှာလည်းဖြစ်ပါတယ်….။ File size… 1.8 GB / 889 MB Quality… Webrip 1080p / 720p Format… mp4 Audio… AAC Duration…. 1h 33m Genre ….. Animation, Adventure, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Lwin

Drama
3.8 2025 93 mins
Sneaks